← Chapters

အခန်း (၃၆၇-၃၆၉)

Vol. 25 Ch. 367-369

အခန်း (၃၆၇-၃၆၉)

Vol. 25 Ch. 367-369

အခန်း (၃၆၇) - အခွင့်အလမ်းများ၊ ပရမ်းပတာ (၆)

~တာအိုရုပ်သေး သည် မျက်လုံးများကို မှိတ်ထားပြီး ရွှီကျိန်း ၏ ဝိညာဉ် မှတ်ဉာဏ်များကို ပြန်လည် စီစစ်နေ၏။

ရွှီကျိန်း သည် ယွီချန်ချင်း နှင့် စုချီ တို့ကို ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က ဖမ်းဆီးသွားသည့် ကိစ္စနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရှိပေ။ သို့သော် ချီမြစ် မျိုးဆက် အကြောင်းကိုမူ အတော်လေး သိရှိထားသည်။

လွန်ခဲ့သော တစ်နှစ်ကျော်က ချီမြစ် အင်မော်တယ် မြို့တော် မှ လူများသည် ဓားတစ်ရာ အင်မော်တယ် မြို့တော် သို့ ရောက်ရှိလာကြပြီး တစ်ညတာ အနားယူကာ ပြန်သွားခဲ့ကြသည်။

“ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ချီမြစ် မျိုးဆက်... တစ်နည်းအားဖြင့် ချီမြစ် အင်မော်တယ် မြို့တော် ရဲ့ အသန်မာဆုံး အင်အားစုက ရှောင် မိသားစု ဖြစ်ပြီး... ချီမြစ် ခေါင်းဆောင်ကြီး ကိုယ်တိုင် နေထိုင်တယ်... ချီမြစ် ခေါင်းဆောင်ကြီးရဲ့ နာမည်ရင်းက ရှောင်ကျင်းထျန်... သခင်ကြီး ကျင်းထျန် လို့လည်း ခေါ်ကြပြီး... အဆင့် (၃) အဆင့်မြင့် လက်နက်သွန်းလုပ်သူ တစ်ဦး ဖြစ်တယ်”

တာအိုရုပ်သေး သည် ရွှီကျိန်း ၏ မှတ်ဉာဏ်များထဲမှ ဤ အသေးစိတ် အချက်အလက်များကို ရှာတွေ့လိုက်သဖြင့် အံ့အားသင့်သွား၏။

တာ့ယွဲ့ နယ်မြေ သို့ နှစ်ကြိမ်တိုင်တိုင် လာရောက်ခဲ့သော ချီမြစ် ခေါင်းဆောင်ကြီးသည် အဆင့် (၃) အဆင့်မြင့် လက်နက်သွန်းလုပ်သူ တစ်ဦး ဖြစ်နေသည် တဲ့လား။

ရွှီကျိန်း ၏ မှတ်ဉာဏ်များကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်ပြီးနောက်... တာအိုရုပ်သေး မျက်မှောင်ကြုတ်လိုက်မိသည်။

ချီမြစ် မျိုးဆက် ဆိုတာ... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ထဲမှာ နာမည်ကြီး လက်နက်သွန်းလုပ်သူ မျိုးဆက် တစ်ခု ဖြစ်နေတာကိုး။ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ရဲ့ မှော်လက်နက် အများစုက ချီမြစ် မျိုးဆက် ကနေ ထွက်ရှိတာ ဖြစ်မယ်။

ဤ အချက်အလက်သည် ယခင်က ကောင်းကင် အပျက်အစီး ခန်းမဆောင် မှ ဝယ်ယူခဲ့သော သတင်းအချက်အလက်များထဲတွင် မပါရှိခဲ့ပေ။

အကြောင်းမှာ ကောင်းကင် အပျက်အစီး ခန်းမဆောင် မှ သတင်းအချက်အလက်များသည် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ ယေဘုယျ စွမ်းအားနှင့် အာဏာ ခွဲဝေမှု အကြောင်းကိုသာ ဖော်ပြထားသောကြောင့် ဖြစ်၏။

“လွန်ခဲ့တဲ့ (၃) နှစ်လောက်ကတည်းက ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က ကျင့်ကြံသူတွေက ဓားတစ်ရာ အင်မော်တယ် မြို့တော် ကို ဖြတ်ပြီး တာ့ယွဲ့ နယ်မြေ ဘက်ကို သွားခဲ့ကြတယ်”

တာအိုရုပ်သေး သည် ရွှီကျိန်း ၏ မှတ်ဉာဏ်များထဲတွင် နစ်မြုပ်နေစဉ် သူ၏ မျက်နှာထား ရုတ်တရက် လင်းလက်သွားကသည်။

“လွန်ခဲ့တဲ့ တစ်နှစ်ကျော်က... ချီမြစ် မျိုးဆက် ရဲ့ ဒုတိယ ခေါင်းဆောင်၊ တုံ့ မိသားစု ခေါင်းဆောင် တာအိုဆရာ ရီကျန် က လူတွေကို ဦးဆောင်ပြီး ဓားတစ်ရာ အင်မော်တယ် မြို့တော် ကို ဖြတ်ကာ ချီမြစ် အင်မော်တယ် မြို့တော် ဆီ ပြန်သွားခဲ့တယ်”

“သူ့နဲ့အတူ ချီမြစ် အင်မော်တယ် မြို့တော် က နောက်ထပ် ရွှေအမြုတေ အဆင့် အရှင်သခင် တစ်ပါးနဲ့ အခြေခံတည်ဆောက်ခြင်း အဆင့် နှောင်းပိုင်း ကျင့်ကြံသူ (၆) ယောက် ပါလာခဲ့တယ်”

“ဂျူနီယာ ရွှီကျိန်း ကလည်း သူတို့ကို သွားရောက် နှုတ်ဆက်ခဲ့ပြီး... 'ဒီ အစီအစဉ် အောင်မြင်မလား မသေချာဘူး' ဆိုတဲ့ စကားသံကို ကြားခဲ့ရတယ်”

ချီမြစ် မျိုးဆက် ခေါင်းဆောင်ကြီးသည် ရွှေအမြုတေ အဆင့် (၉) ရှိသော ဝါရင့် အရှင်သခင်ကြီး တစ်ပါး ဖြစ်၏။

တာအိုဆရာ ရီကျန် ၏ စွမ်းအားမှာ သိပ်မကြီးမားလှဘဲ... ရွှေအမြုတေ အဆင့် (၅) သာ ရှိသည်။

နောက်ထပ် ပါလာသော ရွှေအမြုတေ အဆင့် ကျင့်ကြံသူမှာ အဆင့် (၁) သာ ရှိပြီး ဟန်ရှောင် ဟု အမည်ရကာ... တာအိုဆရာ ကျိုရှောင် ဟုလည်း ခေါ်ကြသည်။

ကျန်ရှိနေသော အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ (၆) ယောက်၏ အထောက်အထားကိုမူ ရွှီကျိန်း မသိရှိပေ။

ဤအချက်များကို သိရှိလိုက်ရသောအခါ တာအိုရုပ်သေး စနစ်တကျ ..အကွက်ချလိုက်တော့၏။

“ဒါဆိုရင် ငါ ချီမြစ် အင်မော်တယ် မြို့တော် ကို ရောက်ရင်... အရင်ဆုံး ဒီ တာအိုဆရာ ကျိုရှောင် ကို ရှာရမယ်... တကယ်လို့ သူ မသိဘူး ဆိုရင်တော့ တာအိုဆရာ ရီကျန် ကို ဆက်ရှာရမယ်”

ရွှီကျိန်း ၏ မှတ်ဉာဏ် အကူအညီဖြင့်... တာအိုရုပ်သေး သည် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ ချီမြစ် မျိုးဆက် အကြောင်း အနည်းငယ် နားလည်သွားပြီ ဖြစ်သည်။

နောက်ထပ် ဘာလုပ်ရမလဲ ဆိုတာလည်း ပစ်မှတ် ရရှိသွားပြီပင်။

ထို့နောက် သူသည် လက်ကို လွှတ်လိုက်သည်။ ရွှီကျိန်း ၏ ခန္ဓာကိုယ် မြေကြီးပေါ်သို့ ကျသွားသည်နှင့် တပြိုင်နက်... အစွမ်းထက်သော စွမ်းအားတစ်ခုကြောင့် ပျက်စီးသွားပြီး ပျောက်ကွယ်သွား၏။

တာအိုရုပ်သေး သည် ရွှီကျိန်း ၏ 'ချန်ခွန်းအိတ်'အား ကောက်ယူလိုက်ပြီး... စိတ်အာရုံကို အသုံးပြု၍ ရွှီကျိန်း ၏ တံဆိပ်ခတ်နှိပ်မှုကို ချိုးဖျက်ကာ အတွင်းပိုင်းကို စစ်ဆေးလိုက်သည်။

ဤ ချန်ခွန်းအိတ် အတွင်းတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းခန့်နှင့် အလယ်အလတ်စား ဝိညာဉ်ကျောက်တုံး တစ်ထောင်အောက် ရှိလေ၏။

ထို့အပြင် မှော်လက်နက် သွန်းလုပ်ရန်အတွက် ပစ္စည်းအပုံလိုက်လည်း ပါရှိသည်။

“ဟင်...”

တာအိုရုပ်သေး ရုတ်တရက် အာမေဋိတ် သံထွက်သွားပြီး... သူ၏ စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့် လက်မ အရွယ်အစား ရှိသော အပိုင်းအစ တစ်ခု လက်ထဲတွင် ပေါ်လာ၏။ လက်ထဲရှိ ကြေးညိုရောင် အပိုင်းအစကို ကြည့်ရင်း သူ၏ မျက်ဝန်းအိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားရသည်။

ဒါ ချီသန့်စင်အိုး ရဲ့ အပိုင်းအစ မဟုတ်ဘူးလား။

တာအိုဆရာ ထျန်ယို ဆီက ရခဲ့တဲ့ အပိုင်းအစရဲ့ သုံးပုံတစ်ပုံလောက်ပဲ ရှိပေမယ့်ပေါ့။

သူသည် ရွှီကျိန်း ၏ မှတ်ဉာဏ်ထဲမှ ဤ အပိုင်းအစနှင့် ပတ်သက်သော အကြောင်းအရာများကို ပြန်လည် ရှာဖွေကြည့်သော်လည်း... အချိန်ကြာမြင့်စွာ ရှာဖွေပြီးနောက် မတွေ့ရှိသဖြင့် လက်လျှော့လိုက်ရ၏။

ဝိညာဉ် ရှာဖွေခြင်း နည်းစနစ် ကို အသုံးပြုခြင်းသည် ရွှီကျိန်း ၏ မှတ်ဉာဏ်အားလုံးကို သိရှိနိုင်သည်ဟု မဆိုလိုပေ။ လတ်တလော မှတ်ဉာဏ်များကို ရယူရန် လွယ်ကူသော်လည်း... ဟိုးအရင်က မှတ်ဉာဏ်ဟောင်းများကို ရယူရန် ခက်ခဲလှသည်။

ဒါကြောင့် ဒီအပိုင်းအစ အကြောင်း မှတ်ဉာဏ် မရှိတာ ပုံမှန်ပါပင်။

သို့သော် ချီသန့်စင်အိုး ၏ အပိုင်းအစကို တွေ့လိုက်ရသဖြင့် တာအိုရုပ်သေး ဝမ်းသာအားရ ဖြစ်သွားပြီး မျက်လုံးများ အရောင်လက်သွား၏။

“ချီသန့်စင်အိုး က အခု အဆင့် (၃) အဆင့်မြင့် ဝိညာဉ်အရည် ကို သန့်စင်ပေးနိုင်နေပြီ... တကယ်လို့ ဒီအပိုင်းအစကိုပါ ပေါင်းစပ်လိုက်မယ် ဆိုရင်...”

“အဆင့် (၄) ဝိညာဉ်အရည် ကို သန့်စင်ပေးနိုင်မလား”

ပြီးတော့ ချီသန့်စင်အိုး က ဝိညာဉ်အရည် သန့်စင်ပေးရုံ သက်သက် မဟုတ်ဘဲ... အစွမ်းထက်သော တိုက်ခိုက်ရေး စွမ်းရည်လည်း ရှိပြီး ရန်သူကို ဟန့်တားခြင်း၊ ချုပ်နှောင်ခြင်းများ ပြုလုပ်နိုင်သည်။ ချီ စွမ်းအား လုံလောက်စွာ ရှိလျှင် ရန်သူကို သေသည်အထိ သန့်စင်ပစ်နိုင်စွမ်း ရှိသည်။

အကယ်၍ ချီသန့်စင်အိုး သာ ထပ်မံ အဆင့်တက်သွားခဲ့လျှင်... ရွှေအမြုတေ အဆင့် နှောင်းပိုင်း ကျင့်ကြံသူများကိုပင် သေသည်အထိ သန့်စင်ပစ်နိုင်ကောင်း ပြုလုပ်နိုင်ပေလိမ့်မည်။

ဒီအပိုင်းအစက တကယ့်ကို တန်ဖိုးရှိသော အခွင့်အလမ်း တစ်ခုပါပင်။

တာအိုရုပ်သေး သည် ပျော်ရွှင်စွာဖြင့် အပိုင်းအစကို သိုလှောင်လက်စွပ် ထဲသို့ သိမ်းဆည်းလိုက်ပြီး... ရွှီကျိန်း ၏ ချန်ခွန်းအိတ် ကို ဆက်လက် အာရုံစိုက်လိုက်၏။ ခဏအကြာတွင် ကျောက်စိမ်းပြား တစ်ခု လက်ထဲသို့ ရောက်ရှိလာပြီး သူ၏ စိတ်အာရုံဖြင့် စစ်ဆေးလိုက်သည်။

“ဝေါ…”

အဆင့် (၂) အဆင့်မြင့် လက်နက်သွန်းလုပ်သူ ၏ အမွေအနှစ် အပြည့်အစုံသည် သူ၏ စိတ်ထဲသို့ စီးဝင်လာ၏။

“သွေးရောင် ဓား လက်နက်သွန်းလုပ်ခြင်း မှတ်တမ်း”

ရှေးဟောင်း အင်မော်တယ် ဂိုဏ်း 'သွေးရောင် သွန်းလုပ်ရေး ဂိုဏ်း' မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ရွှီကျိန်း ၏ မှတ်ဉာဏ်အရ လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က ချီမြစ် မျိုးဆက် နယ်မြေအတွင်းရှိ ရှေးဟောင်း အပျက်အစီး နေရာများမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်၏။ အများဆုံး တွေ့ရှိရသော အမွေအနှစ်မှာ လက်နက်သွန်းလုပ်သူ များ၏ အမွေအနှစ်များ ဖြစ်သည်။ ဤ အမွေအနှစ် အများစုကို ယခုအခါ ချီမြစ် အင်မော်တယ် မြို့တော် ၏ ဂူစံအိမ်များတွင် ထိန်းသိမ်းထား၏။

ဤ အဆင့် (၂) အဆင့်မြင့် လက်နက်သွန်းလုပ်သူ အမွေအနှစ်ကို ရွှီ မိသားစု က အရင်းအမြစ် အမြောက်အမြား သုံးစွဲပြီး ချီမြစ် အင်မော်တယ် မြို့တော် နှင့် လဲလှယ် ရယူခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ရွှီ မိသားစု ၏ အဖိုးတန် အမွေအနှစ် တစ်ခု အဖြစ် သတ်မှတ်ထား၏။

နာရီဝက်ခန့် ကြာပြီးနောက်…၊

“သွေးရောင် ဓား လက်နက်သွန်းလုပ်ခြင်း မှတ်တမ်း” ၏ သတင်းအချက်အလက် အားလုံးကို လက်ခံရရှိပြီးနောက်... တာအိုရုပ်သေး သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ သက်ပြင်းချလိုက်ပြီး အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံ ရ၏။ ပထမဦးစွာ ရွှီကျိန်း ကို ဝိညာဉ် ရှာဖွေခြင်း ပြုလုပ်ခဲ့ပြီး၊ ယခု လက်နက်သွန်းလုပ်သူ အမွေအနှစ်ကို လက်ခံရယူလိုက်သဖြင့် သတင်းအချက်အလက်များ များပြားလွန်းကာ ဝန်ပိနေသည်။

“တည်းခိုခန်းကို အရင်ပြန်ပြီး ရက်နည်းနည်းလောက် နားလိုက်ဦးမယ်... ပြီးမှ ချီမြစ် အင်မော်တယ် မြို့တော် ကို သွားမယ်”

တာအိုရုပ်သေး စိတ်ထဲတွင် တွေးတောလိုက်သည်။

“ဝေါ…”

သူ့ပတ်ဝန်းကျင်တွင် ဟင်းလင်းပြင် အားလှိုင်းများ ပေါ်လာပြီး... သူ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်နှင့် သူ၏ ပုံရိပ်သည် လျှို့ဝှက်ခန်း အတွင်းမှ ချက်ချင်း ပျောက်ကွယ်သွား၏။

ရွှီ မိသားစု သည် ရွှီကျိန်း သေဆုံးသွားကြောင်း ယခုထိ မသိရှိကြသေးပေ။

နာရီအနည်းငယ် ကြာပြီးနောက်... ရွှီ မိသားစု ၏ အကြီးအကဲများသည် မိသားစု အတွင်း ထားရှိသော ရွှီကျိန်း ၏ ဝိညာဉ် ကျောက်တိုင် ကွဲကြေသွားသည်ကို တွေ့ရှိလိုက်ရသည်။

ရွှီ မိသားစု တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြရ၏။...

ရွှီကျိန်း တံခါးပိတ် ကျင့်ကြံနေစဉ် မတော်တဆမှု တစ်ခုခု ဖြစ်ပွားခဲ့သည်ဟု ထင်မှတ်နေကြသည်။

အခန်း (၃၆၈) - အခွင့်အလမ်းများ၊ ပရမ်းပတာ (၇)

~သို့သော် သူတို့ လျှို့ဝှက်ခန်းတံခါးကို ဖောက်ထွင်းဝင်ရောက်လိုက်သောအခါ ရွှီကျိန်း ၏ 'အလောင်း' ကို အတွင်း၌ မတွေ့ရပေ။

ခြေရာလက်ရာ အစအန တစ်ခုမျှပင် ကျန်ရစ်မနေခဲ့ချေ။ ရွှီ မိသားစုဝင်များ ကြောင်အ သွားကြသည်။

“ဘိုးဘေးကြီး... ဘိုးဘေးကြီး ဘယ်ရောက်သွားတာလဲ”

ရွှီ မိသားစုဝင်များ၏ ရင်ထဲတွင် ဝမ်းနည်းပူဆွေးမှုများနှင့် ဒေါသများ ပြည့်နှက်နေ၏။

ဓားတစ်ရာ အင်မော်တယ် မြို့တော် ရှိ ရွှီ မိသားစု ပိုင်ဆိုင်သော တည်းခိုခန်း တစ်ခုတွင် ဖြစ်သည်။

တာအိုရုပ်သေး သည် ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး ဒုတိယထပ် ဝရန်တာမှ ငြိမ်းချမ်းနေသော အင်မော်တယ် မြို့တော်ကြီးကို ငေးကြည့်နေ၏။ ရွှီ မိသားစု ဘိုးဘေးကြီး သေဆုံးသွားပြီ ဖြစ်သော်လည်း... ရွှီ မိသားစု သည် သူ မည်ကဲ့သို့ သေဆုံးသွားသည်ကို မသိရှိကြပေ။ ထို့ကြောင့် လက်စားချေရန် မည်သူ့ကို ရှာရမည်မှန်း မသိဘဲ ဖြစ်နေကြသည်။

ခဏကြာသောအခါ...

သူ ပြတင်းပေါက်ကို ပြန်ပိတ်လိုက်သည်။

ဤ တည်းခိုခန်းတွင် ရက်အနည်းငယ်ကြာ အနားယူပြီးနောက်... သူသည် အခန်းခ ရှင်းလိုက်ပြီး ချီမြစ် အင်မော်တယ် မြို့တော် သို့ ဦးတည် ထွက်ခွာသွား၏။

(၁၀) ရက် ကြာပြီးနောက်...

ဆက်တိုက် ဖြစ်ပေါ်နေသော အနီရောင် တောင်တန်းကြီး တစ်ခု တာအိုရုပ်သေး ၏ ရှေ့တွင် ပေါ်ထွက်လာသည်။ ထို တောင်တန်းကြီး အတွင်း၌ လခြမ်းကွေး အင်မော်တယ် မြို့တော် ထက်ပင် ပိုမို ကြီးမားသော မြို့တော်ကြီး တစ်ခု တည်ရှိနေ၏။

အဝေးက မျှော်ကြည့်လျှင်ပင်... မြို့တော် အတွင်း၌ ပုန်းအောင်းနေသော ကြောက်မက်ဖွယ် သေစေနိုင်သည့် အခင်းအကျင်းများကို တာအိုရုပ်သေး အာရုံခံမိနိုင်သည်။

ဤ အင်မော်တယ် မြို့တော် သည် သေချာပေါက် ဘေးကင်းသော နေရာတစ်ခု မဟုတ်ပေ။

မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါးပင်လျှင် ဝင်ရောက်နိုင်ကောင်း ဝင်ရောက်နိုင်မည် ဖြစ်သော်လည်း... အလွယ်တကူ ပြန်ထွက်လာနိုင်ရန် မသေချာပေ။

ချီမြစ် အင်မော်တယ် မြို့တော် နှင့် နီးကပ်လာသောအခါ... တာအိုရုပ်သေး ရပ်တန့်လိုက်သည်။ လူသူကင်းမဲ့သော တောအုပ်တစ်ခုကို ရှာဖွေပြီး မြေအောက် ပေရာချီ အနက်တွင် ဂူတစ်ခု တူးလိုက်သည်။ မိမိကိုယ်ကို ဖုံးကွယ်ရန် အခင်းအကျင်း အများအပြား ခင်းကျင်းလိုက်၏။

ထို့နောက် ကောင်းကင် မိုးကြိုး ကြွက် ဘုရင် နှင့် ၎င်း၏ မျိုးနွယ်စုများကို လွှတ်ပေးလိုက်ပြီး... ချီမြစ် အင်မော်တယ် မြို့တော် အကြောင်း သတင်းအချက်အလက်များကို တတ်နိုင်သမျှ စုဆောင်းခိုင်းလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ချီမြစ် အင်မော်တယ် မြို့တော် တွင် စည်းကမ်းချက် တစ်ခု ရှိသည်။ ပြင်ပလူများကို ဝင်ခွင့်မပြုဘဲ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ဝင်များသာ အထောက်အထား အမိန့်ပြား ပြသပြီး ဝင်ရောက်ခွင့် ရှိသောကြောင့် ဖြစ်သည်။

ရှေ့တွင် ရန်သူ၏ ဌာနချုပ် ရှိနေ၏။

*.

ချီမြစ် အင်မော်တယ် မြို့တော်။

ဤ အင်မော်တယ် မြို့တော် သည် ချီမြစ် တောင်တန်း ဝိညာဉ်သွေးကြော ပေါ်တွင် တည်ဆောက်ထားပြီး... ချီမြစ် မျိုးဆက် ၏ အစွမ်းထက် ကျင့်ကြံသူ အများစုနှင့် ပါရမီရှင်များ စုဝေးရာ နေရာ ဖြစ်သည်။ ချီမြစ် အင်မော်တယ် မြို့တော် ပတ်လည်တွင် အဆုံးမရှိသော ဝိညာဉ်စိုက်ခင်းများ ရှိနေ၏။

ချီစုစည်းခြင်း အဆင့် ကျင့်ကြံသူ အများအပြားသည် ဤ ဝိညာဉ်စိုက်ခင်းများတွင် နေ့စဉ် ပင်ပန်းကြီးစွာ အလုပ်လုပ်ကြရပြီး... ဝိညာဉ်ဆန်နှင့် ဝိညာဉ်ပစ္စည်းများကို စိုက်ပျိုးကာ အရင်းအမြစ်များ ရှာဖွေနေကြရသည်။

ဤသည်မှာ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ အောက်ခြေအဆင့် ကျင့်ကြံသူ အများစု၏ ဘဝ ဖြစ်သည်။

အတွင်းစည်း ဂိုဏ်းသားများသာလျှင် ချီမြစ် အင်မော်တယ် မြို့တော် ၏ အတွင်းမြို့တော် သို့ ဝင်ရောက်ခွင့် ရှိကြပြီး... ကုန်ထုတ်လုပ်မှု လုပ်ငန်းခွင်မှ လွတ်မြောက်ကာ အောက်ခြေအဆင့် ကျင့်ကြံသူများ၏ ပူဇော်ပသမှုများကို ခံစားစံစားနိုင်ကြသည်။

မကြာသေးမီက အခြေအနေများ ရုတ်တရက် ပြောင်းလဲသွား၏။ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ သည် တိုက်ခိုက်ရေး စွမ်းရည်ရှိသော အောက်ခြေအဆင့် ဂိုဏ်းသားများကို စတင် ဆင့်ခေါ်နေ၏။

ဤ အခြေအနေကြောင့် အောက်ခြေအဆင့် ကျင့်ကြံသူ အများအပြားသည် တီးတိုး ဆွေးနွေးနေကြပြီး... ဘာကြောင့် ဤသို့ လှုပ်ရှားနေရသလဲ ဆိုတာကို ခန့်မှန်းနေကြသည်။

ထိုအချိန်တွင်...

ချီမြစ် အင်မော်တယ် မြို့တော် ၏ ဗဟိုချက်မတွင်... ပေ ရာချီ မြင့်မားသော တောင်တစ်လုံး ရှိနေ၏။ ထိုတောင်ပေါ်တွင် ဝိညာဉ်အပင် တစ်ပင်မျှ မရှိဘဲ... အနီရောင် ဝိညာဉ်သတ္တုရိုင်းများဖြင့် ဖွဲ့စည်းထားသကဲ့သို့ ထူးဆန်းပြီး ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်နေ၏။ တောင်ထိပ်တွင် ခမ်းနားထည်ဝါသော အင်မော်တယ် နန်းတော်ကြီး တစ်ခု တည်ရှိသည်။

“ဝုန်း…”

ချီမြစ် ခေါင်းဆောင်ကြီး သည် လျှို့ဝှက် ဟင်းလင်းပြင် အတွင်းမှ ထွက်ခွာလာပြီး ခန်းမဆောင်ကြီး အတွင်းသို့ ချက်ချင်း ရောက်ရှိလာ၏။ ထိုအချိန်တွင် ခန်းမဆောင်ကြီး အတွင်း၌ လူအများအပြား စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။

“လူရွေးပြီးပြီလား”

ချီမြစ် ခေါင်းဆောင်ကြီး၏ အေးစက်သော အသံ ထွက်ပေါ်လာ၏။

မိုးပျံပူဖောင်းသဖွယ် ဝဝတုတ်တုတ်နှင့် ဆံပင်အနီရောင် အမျိုးသား တစ်ဦးသည် ရိုသေလေးစားမှု အပြည့်ဖြင့် ရှိနေ၏။ ချီမြစ် ခေါင်းဆောင်ကြီးကို မြင်လိုက်ရသောအခါ... သူသည် ချီမြစ် မျိုးဆက် ၏ ဒုတိယ ခေါင်းဆောင် တစ်ဦး၏ ဂုဏ်သိက္ခာနှင့် အရှိန်အဝါ လုံးဝ မရှိတော့ဘဲ ချက်ချင်း ဦးညွှတ်လိုက်သည်။

တာအိုဆရာ ရီကျန် သည် ပြုံးလိုက်ပြီး သူ၏ အဆီယစ်သော မျက်နှာကြီး တုန်ခါသွားကာ မြှောက်ပင့် ပြောဆိုလိုက်သည်။

“မဟာမိတ် ခေါင်းဆောင်ကြီး ကို သတင်းပို့ပါတယ်... လူရွေးပြီးပါပြီ ခင်ဗျာ... တာ့ယွဲ့ နယ်မြေ ကို အချိန်မရွေး သွားရောက်နိုင်ပါပြီ”

ချီမြစ် ခေါင်းဆောင်ကြီး က သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။

“ဒီတစ်ခေါက် မင်း သူတို့ကို ခေါ်သွားပြီး နယ်မြေထဲမှာ ခဏလောက် ပုန်းနေလိုက်”

တာအိုဆရာ ရီကျန် တွန့်ဆုတ်သွားသော်လည်း မနေနိုင်ဘဲ ချီမြစ် ခေါင်းဆောင်ကြီး ကို မေးမြန်းလိုက်သည်။ သူ၏ အသံတွင် ကြောက်ရွံ့မှုများ ပါဝင်နေ၏။

“မဟာမိတ် ခေါင်းဆောင်ကြီး... ကျွန်တော်တို့ တကယ်ပဲ တာ့ယွဲ့ နယ်မြေ ကို စစ်တိုက်တော့မှာလား”

ချီမြစ် ခေါင်းဆောင်ကြီး က တည်ငြိမ်စွာ ပြန်ဖြေသည်။

“ဒါက ဆုံးဖြတ်ပြီးသား ကိစ္စပါ... တာ့ယွဲ့ နယ်မြေ တိုက်ပွဲတုန်းက မင်း မရှိလို့ မမြင်လိုက်ရဘူး... တကယ်လို့သာ မဟာမိတ် ခေါင်းဆောင်ကြီး (မူလဝိညာဉ် အဆင့်) ဝင်မပါခဲ့ရင်... ငါတို့ ငါးပွဲမှာ လေးပွဲလောက် ရှုံးပြီး တစ်ဖက်လူရဲ့ သတ်ဖြတ်ခြင်းကိုတောင် ခံလိုက်ရနိုင်တယ်”

“ဒါ့အပြင်... အဲ့ဒီတိုက်ပွဲမှာ စုယွီ ရဲ့ ရွှေပုစဉ်း နည်းစနစ် အပြင်... အနည်းဆုံး မှော်ရတနာ နှစ်ခုလောက် ပေါ်ထွက်လာခဲ့တယ်”

“ပါရမီလည်း ရှိတယ်... မှော်ရတနာတွေလည်း ပိုင်ဆိုင်ထားတယ်... ဒါ ဘာအဓိပ္ပာယ်လဲ မင်း သိလား”

မှော်ရတနာတွေ ဟုတ်လား...

အနည်းဆုံး နှစ်ခု တောင်မှလား...

တာအိုဆရာ ရီကျန် ၏ မျက်ဝန်းအိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားပြီး မျက်နှာတွင် ထိတ်လန့်မှုများ ပေါ်လာ၏။

ဘိုးဘေးကြီးက စစ်တိုက်ဖို့ ဘာအတွက်.. ဒီလောက် စိတ်အားထက်သန်နေလဲ ဆိုတာ အံ့ဩစရာ မရှိတော့ပါချေ။

အကယ်၍ အိမ်နီးချင်း မိသားစုက ပါရမီရှင်လေး ကြီးပြင်းလာပြီး နောက်ထပ် မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါး (သို့မဟုတ်) ထို့ထက် ပိုသည့် အဆင့်ကို ရောက်သွားလျှင်... ယခုချိန်မှာ တာ့ယွဲ့ နယ်မြေ ကို စစ်မတိုက်ထားလျှင်...

ထိုအချိန်ကျလျှင် ခံရမှာက သူတို့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ပဲ ဖြစ်လိမ့်မည်။

ချီမြစ် ခေါင်းဆောင်ကြီး က တိုးတိုးလေး ပြောလိုက်၏။

“ဒီတစ်ခေါက် လှုပ်ရှားတာ ငါတို့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ တစ်ခုတည်း မဟုတ်ဘူး”

အခန်း (၃၆၉) - အစပြုခြင်း၊ လူသူကင်းမဲ့သော နယ်မြေကဲ့သို့ (၁)

~အချိန်များ ဖြည်းညှင်းစွာ ကုန်ဆုံးသွား၏။

ချီမြစ် အင်မော်တယ် မြို့တော် နှင့် မိုင်တစ်ရာကျော် ဝေးကွာသော လူသူကင်းမဲ့သည့် တောအုပ်တစ်ခု၏ နက်ရှိုင်းသော မြေအောက်ထဲတွင် ဖြစ်သည်။

တာအိုရုပ်သေး ၏ မျက်နှာထားသည် တည်ကြည်လေးနက်နေပြီး မျက်မှောင်ကြုတ်ထားသည်။ ကောင်းကင် မိုးကြိုး ကြွက် ဘုရင် နှင့် ၎င်း၏ မျိုးနွယ်စုများသည် ချီမြစ် အင်မော်တယ် မြို့တော် ၏ အောက်ခြေတွင် ပုန်းအောင်းကာ သတင်းအချက်အလက် အမျိုးမျိုးကို စုဆောင်းနေကြ၏။ ရရှိလာသော သတင်းများအရ... စိုးရိမ်ဖွယ်ရာ ကောက်ချက်တစ်ခုကို သူ ချလိုက်မိသည်။

ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ ချီမြစ် မျိုးဆက် သည် ၎င်း၏ ဂိုဏ်းသားများကို စုစည်းနေပြီး... တာ့ယွဲ့ နယ်မြေ သို့ တဖြည်းဖြည်း ပို့ဆောင်ကာ စစ်ပွဲအတွက် ပြင်ဆင်နေ၏။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း... ကောင်းကင် မိုးကြိုး ကြွက် အုပ်စု၏ စာရင်းအရ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ချီမြစ် မျိုးဆက် မှ ဂိုဏ်းသား (၃၀၀၀) ကျော်သည် တိတ်တဆိတ် ထွက်ခွာသွားကြပြီး... အဆင့်နိမ့် ပျံသန်းရေး သားရဲများကို စီးနင်းကာ တာ့ယွဲ့ နယ်မြေ ဘက်သို့ ဦးတည်သွားနေကြသည်။

ချီမြစ် မျိုးဆက် တစ်ခုတည်းမှာပင် ဂိုဏ်းသား (၃၀၀၀) ကျော် ရှိနေလျှင်... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ အဖွဲ့ခွဲ (၁၈) ခုလုံး ပေါင်းလိုက်ပါက ကျင့်ကြံသူ အရေအတွက် မည်မျှ ရှိမည်နည်း။

သို့သော် သူ..မလှုပ်ရှားသေးပေ။

အကြောင်းမှာ ထို ကျင့်ကြံသူ အုပ်စုထဲတွင် ရွှေအမြုတေ အဆင့် အရှင်သခင် တစ်ဦးတစ်ယောက်မျှ မပါဝင်သောကြောင့် ဖြစ်၏။

ထိုအခြေအနေအရ... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ မှ အရှင်သခင်များသည် တာ့ယွဲ့ နယ်မြေ တွင် ကြိုတင် ရောက်ရှိ စောင့်ဆိုင်းနေခြင်း သော်လည်းကောင်း... သို့မဟုတ် ချီမြစ် မျိုးဆက် ၏ ရွှေအမြုတေ အဆင့် ကျင့်ကြံသူများ ခရီးမထွက်သေးခြင်း သော်လည်းကောင်း ဖြစ်နိုင်သည်။

ချီမြစ် မျိုးဆက် ၏ ရွှေအမြုတေ အဆင့် ကျင့်ကြံသူများသည် ချီမြစ် အင်မော်တယ် မြို့တော် မှ ထွက်ခွာလာလိမ့်မည်ဟု တာအိုရုပ်သေး ယုံကြည်ထား၏။

အမှန်ပင်။

တာအိုရုပ်သေး လဝက်ခန့် စောင့်ဆိုင်းပြီးနောက်... ကောင်းကင် မိုးကြိုး ကြွက် ဘုရင် သည် အပြင်ဘက်မှ ပြေးဝင်လာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“သခင်... အင်မော်တယ် မြို့တော် ထဲကနေ ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက် ထွက်လာပါပြီ... ပျံသန်းရေး လွန်းပျံယာဉ် တစ်စင်းကို စီးပြီး တာ့ယွဲ့ နယ်မြေ ဘက်ကို ဦးတည်သွားနေပါတယ်”

“ယာဉ်ပေါ်မှာ ကျင့်ကြံသူ (၁၀) ယောက်ကျော် ပါပါတယ်... အဲ့ဒီအထဲမှာ (၂) ယောက်က ရွှေအမြုတေ အဆင့်တွေပါ... တစ်ယောက်က ရွှေအမြုတေ အဆင့် (၅) ဖြစ်ပြီး... နောက်တစ်ယောက်က ရွှေအမြုတေ အဆင့် (၃) ပါ... ကျန်တဲ့သူတွေ အားလုံးက အခြေခံတည်ဆောက်ခြင်း အဆင့် (၈) နဲ့ (၉) တွေပါပဲ”

“ကောင်းတယ်”

“ပြန်ရောက်ရင် ဝိညာဉ်အရည် အစက် (၁၀၀) ဆုချမယ်”

ထိုစကားကို ကြားသောအခါ တာအိုရုပ်သေး အလွန် ဝမ်းသာသွား၏။

သူ၏ စိတ်ခံစားချက်များ တက်ကြွလာပြီး... ဖိနှိပ်ထားသော စိတ်ခံစားမှုများ ပေါက်ကွဲထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ မနေနိုင်တော့ဘဲ ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ရက်ရက်ရောရော ဆုချလိုက်၏။

ကောင်းကင် မိုးကြိုး ကြွက် ဘုရင် သည် ထိုစကားကို ကြားလိုက်ရသဖြင့် ချက်ချင်း မြှောက်ပင့် ပြောဆိုလိုက်သည်။

“သခင်က တကယ့်ကို အစွမ်းထက်ပါပေတယ်... သခင်က တကယ့်ကို ခန့်ညားပါပေတယ်”

ကောင်းတယ်... သိပ်ကောင်းတယ်။

ဒီခရီးစဉ်မှာ ဝိညာဉ်အရည် အစက် (၂၀၀) ရရှိမည့် အလုပ်ကို လုပ်ဆောင်နိုင်ခဲ့ပြီ။ ပြန်ရောက်ရင် ဆုလာဘ်တွေကို ကောင်းကောင်း ခံစားရတော့မယ်။ တကယ့်ကို ကျေနပ်စရာပဲ။

သို့သော် ထိုအချိန်တွင် တာအိုရုပ်သေး မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ပြောလိုက်သည်။

“ရွှေအမြုတေ အဆင့် (၅) တစ်ယောက် နဲ့ ရွှေအမြုတေ အဆင့် (၃) တစ်ယောက် ဟုတ်လား”

“ရွှေအမြုတေ အဆင့် (၅) ဆိုတာက ချီမြစ် မျိုးဆက် ရဲ့ ဒုတိယ ခေါင်းဆောင် တာအိုဆရာ ရီကျန် ဖြစ်လောက်တယ်... နောက်ထပ် ရွှေအမြုတေ အဆင့် (၃) က ဘယ်သူလဲ”

သူ မသေချာပေ။ သို့သော် ကိစ္စမရှိပါ။

ရွှေအမြုတေ အဆင့် နှစ်ယောက်ပဲ ရှိသည်လေ။

ဒီ အနီရောင် ရုပ်သေး ခန္ဓာကိုယ်နှင့် ဆိုလျှင် တာအိုဆရာ ရီကျန် ကို ပြဿနာ မရှိဘဲ ကိုင်တွယ်နိုင်လောက်၏။

ကောင်းကင် မိုးကြိုး ကြွက် ဘုရင် ကတော့ အဆင့် (၃) အလယ်အလတ်စား မိစ္ဆာဘုရင် ဖြစ်ပြီး... အစွမ်းထက်သော မိုးကြိုး စွမ်းအားကို ပိုင်ဆိုင်ထား၏။ သူသာ လှုပ်ရှားမည် ဆိုလျှင်... ရွှေအမြုတေ အဆင့် (၃) အရှင်သခင် ကို သိပ်မခက်ခဲဘဲ ကိုင်တွယ်နိုင်သင့်သည်။

“ဒီမှာ မင်းအတွက် အဆောင် နှစ်ခု... တကယ်လို့ အဲ့ဒီ ရွှေအမြုတေ အဆင့် (၃) ကျင့်ကြံသူကို မသတ်နိုင်ဘူး ဆိုရင်... ဒီ အဆောင် စွမ်းအားကို ထုတ်သုံးလိုက်”

တာအိုရုပ်သေး သည် သစ်သားလက်စွပ် ထဲမှ အဆောင် နှစ်ခုကို ထုတ်ယူပြီး ကောင်းကင် မိုးကြိုး ကြွက် ဘုရင် ကို ပေးလိုက်၏။

သို့သော် စဉ်းစားကြည့်လိုက်တော့... အဆောင် နှစ်ခုတည်းနှင့် မလုံလောက်မှာ စိုးရိမ်မိသည်။

ချက်ချင်းပင် သူသည် ချန်ခွန်းအိတ် တစ်လုံးကို ထုတ်ယူလိုက်ပြီး... သူ၏ စုဆောင်းမှုထဲမှ အဆင့် (၃) အဆင့်နိမ့် အဆောင် (၃၀) နှင့် အဆင့် (၂) ထိပ်တန်း အဆောင် (၁၀၀) ကို ထည့်သွင်းကာ... ချန်ခွန်းအိတ် တစ်ခုလုံးကို ကောင်းကင် မိုးကြိုး ကြွက် ဘုရင် ထံ ပေးအပ်လိုက်၏။

ကောင်းကင် မိုးကြိုး ကြွက် ဘုရင် သည် ချန်ခွန်းအိတ် ကို မြင်လိုက်ရသောအခါ မျက်လုံးများ နေမင်းကြီးထက်ပင် ပိုမို တောက်ပလာ၏။ ၎င်းသည် လက်သည်းများကို အမြန်ဆန့်ထုတ်ပြီး ချန်ခွန်းအိတ် ကို လှမ်းယူလိုက်သည်။ သစ္စာရှိကြောင်း ပြသရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

“စိတ်ချပါ သခင်... တကယ်လို့ ကျွန်တော် အဲ့ဒီ ရွှေအမြုတေ အဆင့် (၃) ကျင့်ကြံသူကို မသတ်နိုင်ရင်... ကျွန်တော်ရဲ့ မျိုးဆက်တွေ တစ်သက်လုံး တစ်ကိုယ်တည်း လူပျိုကြီး ဘဝနဲ့ပဲ နေသွားပါစေမယ်”

ကောင်းကင် မိုးကြိုး ကြွက် ဘုရင် ကျိန်ဆိုလိုက်၏။

“စကားများမနေနဲ့တော့... သွားကြစို့”

တာအိုရုပ်သေး သည် မြေအောက်မှ ထွက်လာပြီး ကောင်းကင် မိုးကြိုး ကြွက် ဘုရင် ကို သားရဲထိန်းအိတ် ထဲသို့ ထည့်လိုက်သည်။ ထို့နောက် အဆင့်မြင့် မှော်လက်နက် ပျံသန်းရေး လွန်းပျံယာဉ် ကို ဆင့်ခေါ်လိုက်ပြီး... အလင်းတန်း တစ်ခုအသွင် ပြောင်းလဲကာ ယာဉ်အတွင်းသို့ ဝင်ရောက်သွား၏။

“ဝှီး…”

သူ၏ ထိန်းချုပ်မှုအောက်တွင်... လွန်းပျံယာဉ် သည် ကောင်းကင် မိုးကြိုး ကြွက် ဘုရင် ညွှန်ပြသော လမ်းကြောင်းအတိုင်း အရှိန်အဟုန် ပြင်းစွာဖြင့် လိုက်လံ ပျံသန်းသွား၏။

*

ချီမြစ် အင်မော်တယ် မြို့တော် နှင့် မိုင်တစ်ထောင်ခန့် ဝေးကွာသော ကောင်းကင်ယံ တစ်နေရာတွင် ဖြစ်သည်။

ပျံသန်းရေး လွန်းပျံယာဉ် တစ်စင်းသည် ကောင်းကင်ကို ခွင်းလျက် ပျံသန်းနေ၏။

၎င်း၏ အမြန်နှုန်းသည် သာမန် အဆင့် (၃) အဆင့်နိမ့် ပျံသန်းရေး သားရဲ တစ်ကောင်ထက် မနှေးကွေးပေ။

လွန်းပျံယာဉ် အတွင်း၌...

အသားတောင်ကြီး တစ်ခုနှင့် တူသော တာအိုဆရာ ရီကျန် သည် မျက်လုံးများကို အစွမ်းကုန် ပြူးကျယ်အောင် ဖွင့်ပြီး... သေးငယ်သော မျက်လုံးအက်ကွဲကြောင်းလေးများမှတဆင့် ကြည့်ရှုရန် ကြိုးစားနေ၏။ သူသည် ဘေးနားရှိ အခြေခံတည်ဆောက်ခြင်း အဆင့် အမျိုးသမီး ကျင့်ကြံသူ တစ်ဦးဘက်သို့ လှည့်ပြီး မေးလိုက်သည်။

“ရှောင်လီ... ချီမြစ် ဂိုဏ်းသားတွေ ဘယ်ရောက်နေပြီလဲ”

သူ့ဘေးနားရှိ အမျိုးသမီး ကျင့်ကြံသူသည် အဝါရောင် ပါးလွှာသော ဂါဝန်ရှည်ကို ဝတ်ဆင်ထားသည်။.. သူမ၏ ဆွဲဆောင်မှု ရှိသော ခန္ဓာကိုယ် အချိုးအစားကို ဝါးတားတား မြင်နေရ၏။ သူမ၏ နာမည်မှာ ဟွမ်ရှီလီ ဖြစ်သည်။ မူလက သူမသည် တာအိုဆရာ ရီကျန် ၏ တပည့် ဖြစ်သော်လည်း... နောက်ပိုင်းတွင် တပည့် မဟုတ်တော့ပေ။

သူမက ရိုသေစွာ အစီရင်ခံလိုက်သည်။

“အရှင်သခင် ကို သတင်းပို့ပါတယ်... သူတို့ နယ်စပ် အင်မော်တယ် မြို့တော် ဖြစ်တဲ့ ဓားတစ်ရာ အင်မော်တယ် မြို့တော် ကို ရောက်နေပါပြီ”

စကားကို ခေတ္တ ရပ်နားပြီးနောက် ဟွမ်ရှီလီ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။

“အရှင်သခင်... မကြာသေးမီက ဓားတစ်ရာ အင်မော်တယ် မြို့တော် မှာ ပြဿနာလေး တစ်ခု ဖြစ်ခဲ့ပါတယ်... တာဝန်ရှိသူ တစ်ယောက် အကြောင်းမဲ့ ပျောက်ဆုံးသွားပြီး သူ့ရဲ့ ဝိညာဉ် ကျောက်တိုင် ကွဲကြေသွားပါတယ်... သူ့ရဲ့ မိသားစု ပြောကြားချက်အရ အဲ့ဒီ တာဝန်ရှိသူက မိသားစုထဲမှာ တံခါးပိတ် ကျင့်ကြံနေတာပါ”

“ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းက သူ့ရဲ့ ဝိညာဉ် ကျောက်တိုင် ရုတ်တရက် ကွဲကြေသွားတယ်... သူ့မိသားစုဝင်တွေ လျှို့ဝှက်ခန်းထဲ ဝင်ကြည့်တော့ အခန်းက ဗလာဖြစ်နေပြီး ဘာမှ မတွေ့ရဘူး တဲ့”

“အခုထိ အဲ့ဒီလူ ဘယ်လို သေသွားလဲ ဆိုတာ မသိရသေးပါဘူး”

“ဟေ... ဟုတ်လား”

တာအိုဆရာ ရီကျန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ မျက်နှာပေါ်မှ အဆီပြင်များကြောင့် မျက်လုံးများ လုံးဝ ပိတ်သွားသဖြင့် ပြန်လည် ပြူးကျယ်အောင် ဖွင့်လိုက်ရသည်။ သူ ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်၏။

“သဲလွန်စ တစ်ခုမှ မရှိဘူးလား”

ဟွမ်ရှီလီ ခေါင်းခါယမ်းလိုက်သည်။

“မရှိပါဘူး ရှင်”

တာအိုဆရာ ရီကျန် လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။

“မရှိရင်လည်း ထားလိုက်ပါတော့... ဒါပေမဲ့ ဓားတစ်ရာ အင်မော်တယ် မြို့တော် မှာ ဘာမှားယွင်းမှုမှ မရှိစေနဲ့... ထောက်ပံ့ရေး ပိုင်းအတွက် ဓားတစ်ရာ အင်မော်တယ် မြို့တော် က အရေးကြီးတယ်... လုံခြုံအောင် လုပ်ထားရမယ်”

All Chapters