အခန်း (၃၇၀-၃၇၂)
Vol. 25 Ch. 370-372
အခန်း (၃၇၀) - အစပြုခြင်း၊ လူသူကင်းမဲ့သော နယ်မြေကဲ့သို့ (၂)
~ဟွမ်ရှီလီ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“ဒီကိစ္စကို ကျွန်မ စီစဉ်လိုက်ပါ့မယ်”
တာ့ယွဲ့ နယ်မြေ ကို စစ်တိုက်ခြင်းသည် ပါးစပ်ဖြင့် ပြောသလောက် မလွယ်ကူပေ။
ရှေ့တန်းစစ်မျက်နှာတွင် ထောင်နှင့်ချီသော ကျင့်ကြံသူများ တိုက်ခိုက်နေကြမည် ဖြစ်ပြီး... သူတို့၏ နေ့စဉ် လိုအပ်ချက်များ ဖြစ်သော ဝိညာဉ်ဆန်၊ ဝိညာဉ်ကျောက်တုံး၊ အဆောင်၊ အခင်းအကျင်း နှင့် အခြား ထောက်ပံ့ရေး ပစ္စည်းများသည် အသေးအဖွဲ ကိစ္စများ မဟုတ်ပေ။
အခြေစိုက် စခန်း ခိုင်မာသော အင်အားစု တစ်ခုကို တိုက်ခိုက်ရန်အတွက် ရေရှည် စီမံကိန်းများ ရေးဆွဲရန် လိုအပ်ပြီး... နှစ်နှင့်ချီ၍ ကြာမြင့်နိုင်သည်။
အထူးသဖြင့် တိုက်ခိုက်ရမည့် အင်အားစုသည် တာ့ယွဲ့ နန်းတော် ဖြစ်နေသောအခါ... အနိုင်ရမလား ဆိုသည်မှာ မသေချာသေးပေ။
ထို့ကြောင့် သူတို့သည် ကာလရှည် စစ်ပွဲအတွက် ပြင်ဆင်ထားရမည် ဖြစ်သည်။
တာအိုဆရာ ရီကျန် က ထပ်မံ မေးမြန်းလိုက်သည်။
“တခြား အဖွဲ့ခွဲတွေက လူတွေ ဘယ်တော့ ရောက်မလဲ”
ဟွမ်ရှီလီ က တိုးညှင်းစွာ ပြန်ဖြေသည်။
“သူတို့ နည်းနည်း ကြာဦးမယ် ထင်တယ်... ကျွန်မတို့ အရင်သွားနှင့်ပြီး အချိန်အခါကောင်းကို စောင့်ဆိုင်းရင်း ပုန်းအောင်းနေကြတာပေါ့”
တာအိုဆရာ ရီကျန် မျက်လုံးများ မှေးကျဉ်းသွားပြီး ပြောလိုက်သည်။
“ငါတို့ ချီမြစ် အဖွဲ့ခွဲ က ပစ်မှတ်ထားနေတာ တာ့ယွဲ့ နယ်မြေ က ချင် ကျင့်ကြံခြင်း မိသားစု မဟုတ်လား... သူတို့ရဲ့ အင်အား အစစ်အမှန်ကို စုံစမ်းပြီးပြီလား”
ဟွမ်ရှီလီ ပြန်ဖြေသည်။
“စုံစမ်းပြီးပါပြီ... သူတို့က ရွှေအမြုတေ အဆင့် သာမန် ကျင့်ကြံခြင်း မိသားစု တစ်ခုပါပဲ... မိသားစု ခေါင်းဆောင်က ရွှေအမြုတေ အဆင့် (၄) သာ ရှိပြီး... ကျန်တဲ့သူတွေကတော့ ရွှေအမြုတေ အတုအယောင် အဆင့်၊ အခြေခံတည်ဆောက်ခြင်း အဆင့် နဲ့ ချီစုစည်းခြင်း အဆင့်တွေပါပဲ”
ထိုစကားကို ကြားသောအခါ တာအိုဆရာ ရီကျန် ဖြည်းညှင်းစွာ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“ဒါဆိုရင် ရလောက်ပါတယ်”
“ရွှေအမြုတေ အဆင့် (၄) ဆိုတော့... ခဏလောက် အင်အား ယုတ်လျော့အောင် လုပ်ပြီးရင် သူတို့ မြို့တော်ကို သိမ်းပိုက်နိုင်လောက်ပါတယ်”
“အဲ့ဒီကိစ္စ ပြီးသွားရင်... တာ့ယွဲ့ နယ်မြေ ထဲက တခြား အင်အားစုတွေကို တစ်ခုချင်းစီ ရှင်းလင်းပြီး... နောက်ဆုံးမှာ အားလုံး ပူးပေါင်းပြီး တာ့ယွဲ့ နန်းတော် ကို ဖြိုခွင်းကြတာပေါ့”
အင်အားစု တစ်ခုကို ကိုင်တွယ်ရာတွင် အကြီးမားဆုံး စိန်ခေါ်မှု နှစ်ခု ရှိသည်။ တစ်ခုမှာ သူတို့၏ အခြေစိုက် စခန်းကို သိမ်းပိုက်ခြင်း ဖြစ်ပြီး... နောက်တစ်ခုမှာ သူတို့၏ အရင်းအမြစ်များကို ကုန်ခမ်းစေခြင်း ဖြစ်သည်။
နှစ်ပေါင်းများစွာ တည်ထောင်ထားသော အခြေစိုက် စခန်း တစ်ခုကို သိမ်းပိုက်ခြင်းသည်... မိမိတို့၏ အင်အားက ချင်မိသားစု ထက် သာလွန်နေလျှင်ပင် လွယ်ကူသော ကိစ္စ မဟုတ်ပေ။
တစ်ဖက်လူကို လုံးဝ ချေမှုန်းပစ်နိုင်မှသာ လွယ်ကူပေမည်။
ထိုအချိန်တွင်...
တာအိုဆရာ ရီကျန် နှင့် သူ၏ ဘေးတွင် တရားထိုင်နေသော ရွှေအမြုတေ အဆင့် (၃) ကျင့်ကြံသူ တို့၏ မျက်နှာထားများ ရုတ်တရက် ပြောင်းလဲသွား၏။ လွန်းပျံယာဉ် အတွင်းရှိ တာအိုဆရာ ရီကျန် ၏ အနောက်ဘက်တွင် ဟင်းလင်းပြင် အားလှိုင်း တစ်ခု ပေါ်လာ၏။
ဘယ်ကမှန်း မသိဘဲ လူတစ်ယောက် ပေါ်ထွက်လာ၏။
“ဝုန်း…”
တုံ့ဆိုင်းမနေဘဲ တာအိုဆရာ ရီကျန် ၏ ကိုယ်ပေါ်မှ တောက်ပသော ရွှေရောင် အလင်းတန်း တစ်ခု ပေါက်ကွဲထွက်လာ၏။ သူသည် လွန်းပျံယာဉ် အလယ်တွင် ဧရာမ ခေါင်းလောင်းကြီး တစ်ခုသဖွယ် ရပ်နေပြီး... ပတ်ဝန်းကျင် တစ်ဝိုက်သို့ ကြောက်မက်ဖွယ် ဆွဲငင်အား ဖိအားများကို ထုတ်လွှတ်လိုက်သည်။
ရီကျန် ၏ ဝိညာဉ်ဖိအား နယ်ပယ်အတွင်းရှိ အရာအားလုံးသည် ပုံမှန်မဟုတ်ဘဲ လေးလံသွားပြီး... လေထုပင် ခဲသွားသကဲ့သို့ ဖြစ်နေ၏။
တစ်ချိန်တည်းမှာပင်...
တာအိုဆရာ ရီကျန် ၏ စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့်... သူ၏ လက်များသည် လျင်မြန်စွာ လက်သင်္ကေတ ပြုလုပ်လိုက်တော့၏။ ရွှေရောင် မှော်ဓား (၈) ချောင်းသည် ဓားအခင်းအကျင်း တစ်ခုအဖြစ် ဖွဲ့စည်းလာတော့သည်။ သူ့နောက်တွင် လူရိပ်ပေါ်လာသည်နှင့် တစ်ပြိုင်နက်... ဓားအခင်းအကျင်းသည် ထိုလူကို ဝိုင်းရံပိတ်ဆို့လိုက်၏။
“ငါ့ကို ချောင်းမြောင်းရဲတဲ့ ကောင်စုတ်... သေဖို့ ပြင်ထားလိုက်တော့”
တာအိုဆရာ ရီကျန် သည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး... သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲလာသည်။
အခြားတစ်ဖက်တွင်... ရွှေအမြုတေ အဆင့် (၃) ကျင့်ကြံသူသည် အခင်းအကျင်း အလံများကို အလျင်အမြန် ထုတ်ယူလိုက်သည်။... တာအိုဆရာ ရီကျန် က ကျူးကျော်သူကို ဖိနှိပ်ထားစဉ် သတ်ဖြတ်ခြင်း အခင်းအကျင်း တစ်ခု ခင်းကျင်းရန် ပြင်ဆင်လိုက်၏။
သို့သော် အခင်းအကျင်း အလံများ မပျံသန်းမီနှင့် သတ်ဖြတ်ခြင်း အခင်းအကျင်း မဖွဲ့စည်းမီမှာပင်... နောက်ရောက်လာသူ၏ လက်ထဲတွင် အဆင့် (၃) အဆောင် နှစ်ခု ပေါ်လာပြီး အသက်ဝင်သွားသည်။
“ဝုန်း…”
ဟင်းလင်းပြင် နှင့် ပုံရိပ်ယောင် စွမ်းအားများသည် လွန်းပျံယာဉ် အတွင်းသို့ ပျံ့နှံ့သွား၏။ တာအိုဆရာ ရီကျန် ၏ ရွှေရောင် မှော်ဓား (၈) ချောင်း အပါအဝင် အတွင်းရှိ အရာအားလုံး မလှုပ်မယှက် ဖြစ်သွား၏။
တစ်ခဏတာ အကြာတွင်... တာအိုဆရာ ရီကျန် နှင့် အခြားသူများသည် ကြေးမုံလမင်း ကာကွယ်ခြင်း
အဆောင် ၏ ချုပ်နှောင်မှုမှ လွတ်မြောက်လာကြသည်။
ရွှေရောင် မှော်ဓား (၈) ချောင်းသည် ကြီးမားသော စွမ်းအားဖြင့် ပေါက်ကွဲထွက်လာပြီး သူ့ကို သတ်ဖြတ်ရန် ကြိုးစားလိုက်၏။
“ငရဲကို သွားတော့...”
တာအိုဆရာ ရီကျန် သည် ဒေါသတကြီး လှည့်ကြည့်လိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွား၏။ သူ ပိတ်မိထားပြီဟု ထင်မှတ်ထားသော လူရိပ်သည် သူ၏ မြင်ကွင်းမှ ပျောက်ကွယ်သွား၏။
ထိုအချိန်တွင် တာအိုဆရာ ရီကျန် ၏ ဘေးမှ အသံတစ်သံ ကြားလိုက်ရသည်။
သူ၏ ချစ်စရာကောင်းပြီး ဆွဲဆောင်မှု ရှိသော 'တပည့်မလေး' ဟွမ်ရှီလီ ၏ မျက်နှာ ရုတ်တရက် ပေါက်ကွဲသွားသည်ကို သူ တွေ့လိုက်ရသည်။ အနီရောင် ရုပ်သေး ၏ ပုံရိပ်သည် ဟွမ်ရှီလီ ၏ နောက်တွင် ပေါ်လာ၏။ သူ၏ လက်ကို ဖြည်းညှင်းစွာ ဝှေ့ယမ်းလိုက်ပြီး... ပါးရိုက်လိုက်သကဲ့သို့ ဟွမ်ရှီလီ ၏ ခေါင်းကို ရိုက်ခွဲပစ်လိုက်သည်။
ဟွမ်ရှီလီ ၏ ခေါင်း ပေါက်ကွဲသွားသည့် အခိုက်အတန့်တွင်... သူမ၏ မျက်နှာပေါ်၌ ဖော်ပြ၍ မရနိုင်သော ကြောက်ရွံ့မှုများ ပေါ်လွင်နေ၏။
ခေါင်းကြေမွသွားသည်နှင့် တစ်ပြိုင်နက်... ဟွမ်ရှီလီ ၏ ဝိညာဉ်သည် ချိတ်ပိတ် ဖမ်းဆီးခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင်... အနီရောင် ရုပ်သေး သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ကောင်းကင် မိုးကြိုး ကြွက် ဘုရင် ကို သားရဲထိန်းအိတ် ထဲမှ လွှတ်ပေးလိုက်တော့၏။
“မြန်မြန် ရှင်းလိုက်... ဒီ ဝတုတ်တုတ် ကောင်ကို ငါ ကိုင်တွယ်မယ်... ကျန်တဲ့ကောင်တွေကို မင်း ရှင်းလိုက်”
အနီရောင် ရုပ်သေး က အမိန့်ပေးလိုက်သည်။
ကောင်းကင် မိုးကြိုး ကြွက် ဘုရင် သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“ဟုတ်ကဲ့ပါ သခင်”
တာအိုဆရာ ရီကျန် နှင့် သူ့ဘေးတွင် ရပ်နေသော ကျင့်ကြံသူ တို့သည် ကောင်းကင် မိုးကြိုး ကြွက် ထံမှ ထွက်ပေါ်လာသော အရှိန်အဝါကို အာရုံခံမိပြီး မျက်နှာထားများ ပြောင်းလဲသွားသည်။
“အဆင့် (၃) အလယ်အလတ်စား သားရဲထိန်းချုပ်သူ တစ်ယောက်ပါလား”
သူတို့ အံ့အားသင့်စွာ ရေရွတ်လိုက်ကြ၏။
တာအိုဆရာ ရီကျန် သည် စိတ်ကို တည်ငြိမ်အောင် ထားပြီး မေးလိုက်သည်။
“မင်း ဘယ်သူမို့လို့ ငါတို့ကို တိုက်ခိုက်ရဲတာလဲ”
အနီရောင် ရုပ်သေး က ပြန်မဖြေပေ။
ထိုအစား သူသည် ကြေးမုံလမင်း ကာကွယ်ခြင်း အဆောင် (၅) ခုနှင့် ဝိညာဉ် ချုပ်နှောင်ခြင်း အဆောင် (၃) ခု ပါဝင်သော အဆင့် (၃) အဆောင် တစ်ထပ်ကြီးကို ထုတ်ယူလိုက်သည်။
အနီရောင် ရုပ်သေး လက်ထဲမှ အဆောင် အထပ်လိုက်ကြီးကို မြင်လိုက်ရသောအခါ တာအိုဆရာ ရီကျန် နှင့် အခြား ကျင့်ကြံသူ တို့၏ မျက်နှာများ မည်းမှောင်သွားကြ၏။
သောက်ကျိုးနည်း...
နောက်ထပ် အဆင်မပြေမှု တစ်ခုပဲ။
“ငါ့မှာ အဆောင်တွေ ရှိ...”
တာအိုဆရာ ရီကျန် သည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး အဆင့် (၃) အလယ်အလတ်စား အဆောင် တစ်ခုကို ထုတ်ယူလိုက်သည်။ သို့သော် သူ၏ အဆောင်ကို အသက်မသွင်းနိုင်မီမှာပင်... အနီရောင် ရုပ်သေး သည် ကြေးမုံလမင်း ကာကွယ်ခြင်း အဆောင်များကို ပစ်လွှတ်လိုက်ပြီး ဖြစ်၏။
လက်ဦးမှု ရယူပြီး ထိန်းချုပ်လိုက်ပြီပင်။
“ဝုန်း…”
အဆင့် (၃) ကြေးမုံလမင်း ကာကွယ်ခြင်း အဆောင် (၅) ခု၏ ပေါင်းစပ် စွမ်းအားသည် တာအိုဆရာ ရီကျန် ကို ချက်ချင်း မလှုပ်ရှားနိုင်အောင် ချုပ်နှောင်လိုက်ပြီး... သူ၏ လှုပ်ရှားမှုများကို ရပ်တန့်စေလိုက်သည်။
အခန်း (၃၇၁) - အစပြုခြင်း၊ လူသူကင်းမဲ့သော နယ်မြေကဲ့သို့ (၃)
~ဤအတောအတွင်း... ဝိညာဉ် ချုပ်နှောင်ခြင်း အဆောင် (၃) ခုသည် တာအိုဆရာ ရီကျန် ၏ နဖူးပေါ်သို့ ကျရောက်သွား၏။
"ဝုန်း..."
အစွမ်းထက်သော ဝိညာဉ်စွမ်းအား (၃) ခုသည် တာအိုဆရာ ရီကျန် ၏ ဝိညာဉ်ပင်လယ်ကို ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။ သူ၏ ဝိညာဉ်ကို အထူး သန့်စင်ထားပြီး လျှို့ဝှက် ဝိညာဉ် နည်းစနစ်ကို လေ့ကျင့်ထားသော်လည်း... ချိတ်ပိတ် အဆောင် (၃) ခု၏ စွမ်းအားကြောင့် ကြောင်အ သွားရရှာသည်။ သူ၏ စိတ်အာရုံသည် ထိုအခိုက်အတန့်တွင် ထုံထိုင်းသွား၏။
ထို အချိန်တိုလေး အတွင်းမှာပင်... သူ၏ လက်ထဲမှ အဆင့် (၃) အလယ်အလတ်စား အဆောင်သည် အစအန မကျန် ပျောက်ကွယ်သွား၏။
တစ်ချိန်တည်းမှာပင်... ကြောက်မက်ဖွယ် ကောင်းသော အပြာရောင် ပုလဲတစ်လုံး ထွက်ပေါ်လာ၏။
တာအိုဆရာ ရီကျန် သည် သတိပြန်ဝင်လာပြီး ကြေးမုံလမင်း ကာကွယ်ခြင်း အဆောင် ၏ ဟင်းလင်းပြင် စွမ်းအား ချုပ်နှောင်မှုကို အတင်းအဓမ္မ ဖောက်ထွက်ရန် ပြင်ဆင်လိုက်သောအခါ... ရေခဲပုလဲ မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ရေခဲချုပ်နှောင်ခြင်း စွမ်းအားကို ခံစားလိုက်ရပြီး သူ၏ မျက်နှာထား လုံးဝ ပြောင်းလဲသွား၏။
ပထမဆုံး အကြိမ်အဖြစ် တာအိုဆရာ ရီကျန် သည် ကြောက်ရွံ့မှုကို ခံစားလိုက်ရပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“မှော်ရတနာ...”
“ဝုန်း…”
အနီရောင် ရုပ်သေး ၏ စွမ်းအားများသည် ရေခဲပုလဲ ထဲသို့ စီးဝင်သွား၏။ တာအိုဆရာ ရီကျန် သည် ကြေးမုံလမင်း ကာကွယ်ခြင်း အဆောင် (၅) ခု၏ ချုပ်နှောင်ခြင်း ခံထားရချိန်တွင်... ကြောက်မက်ဖွယ် ရေခဲစွမ်းအားများ ချက်ချင်း ပေါက်ကွဲထွက်လာပြီး မျက်တောင်တစ်ခတ် အတွင်း လွန်းပျံယာဉ် တစ်ခုလုံး ရေခဲဖုံးလွှမ်းသွားသကဲ့သို့ ဖြစ်သွား၏။
အခွင့်အရေးယူပြီး တိုက်ခိုက်ရန် ပြင်ဆင်နေသော ကောင်းကင် မိုးကြိုး ကြွက် ဘုရင် သည် ရုတ်တရက် တုန်လှုပ်သွား၏။ သူနှင့် တာအိုရုပ်သေး မှလွဲ၍ လွန်းပျံယာဉ် ပေါ်ရှိ အခြား ကျင့်ကြံသူ အားလုံးသည် ရေခဲလွှာများဖြင့် ဖုံးလွှမ်းခြင်း ခံလိုက်ရသည်။
ရေခဲပုလဲ ၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့် ၎င်း၏ မျက်လုံးများ ပြူးကျယ်သွား၏။
သို့သော် ၎င်းသည် လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ ကောင်းကင် မိုးကြိုး ကြွက် ဘုရင် သည် စူးရှသော အသံဖြင့် အော်ဟစ်လိုက်သည်။
“ကျွီ...”
"ဘုန်း..."
နောက်တစ်စက္ကန့်တွင်...
ရေတွက်၍ မရနိုင်သော မိုးကြိုးမုန်တိုင်းများသည် လွန်းပျံယာဉ် တစ်ခုလုံးကို လွှမ်းခြုံသွား၏။ အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများသည် ရေခဲရုပ်တုများ အဖြစ် ပြောင်းလဲသွားပြီး... ရေခဲပုလဲ ၏ စွမ်းအားအောက်တွင် ချက်ချင်း ကြေမွကာ ဖုန်မှုန့်များ အဖြစ်သို့ ပြောင်းလဲသွားကြသည်။ သူတို့၏ အသက်ဝိညာဉ်များ လုံးဝ ချုပ်ငြိမ်းသွားခဲ့ပြီ ဖြစ်သည်။
ရွှေအမြုတေ အဆင့် (၃) အရှင်သခင် သည်လည်း မိုးကြိုးမုန်တိုင်းအောက်တွင် သူ၏ ရေခဲရုပ်တု ခန္ဓာကိုယ် ကြေမွပျက်စီးသွား၏။ သူ၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး... သူ၏ စိတ်အာရုံသည် ကြောက်ရွံ့မှုကြောင့် အေးခဲသွားသကဲ့သို့ ဖြစ်နေ၏။
ကောင်းကင်အပြည့် ဖုံးလွှမ်းနေသော မိုးကြိုးမုန်တိုင်းများက သူ့ကို ဝါးမြိုသွားပြီး... သူ၏ ခန္ဓာကိုယ်ကို ခြေမွဖျက်ဆီးပစ်လိုက်သည်ကို သူ ကြည့်နေရုံသာ တတ်နိုင်တော့သည်။
တာအိုရုပ်သေး သည် သူ့ဘေးတွင် ချက်ချင်း ပေါ်လာ၏။ သူ၏ ခန္ဓာကိုယ် ပျက်စီးသွားသည့် အခိုက်အတန့်တွင်... ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအား တစ်ခု ပေါ်လာပြီး သူ၏ ဝိညာဉ်ကို ဖမ်းဆီး ချုပ်နှောင်လိုက်သည်။
ရွှေအမြုတေ အဆင့် (၅) သို့ ရောက်ရှိနေသော တာအိုဆရာ ရီကျန် သည်... သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ရေခဲများ ကွဲကြေသွားသည့် အခိုက်အတန့်တွင် ကောင်းကင် မိုးကြိုး ကြွက် ဘုရင် ၏ မိုးကြိုးပစ်ခတ်ခြင်းကို ခံလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်တွင်းရှိ အရှိန်အဝါများ လျင်မြန်စွာ ကျဆင်းသွားပြီး... သွေးများ အဆက်မပြတ် အန်ထွက်လာ၏။
“ဖူး... အဟွတ်... အဟွတ်...”
သို့သော် သူ မသေသေးပေ။ တာအိုရုပ်သေး အာရုံလွဲသွားသည်ကို အခွင့်ကောင်းယူပြီး... သူသည် အလင်းတန်း တစ်ခုအသွင် ပြောင်းလဲကာ ပြင်းထန်စွာ ဒဏ်ရာရနေသော ခန္ဓာကိုယ်ဖြင့် လွန်းပျံယာဉ် ပေါ်မှ ထွက်ပြေး လွတ်မြောက်သွား၏။
ထိုအခိုက်အတန့်တွင် တာအိုဆရာ ရီကျန် ၏ ရင်ထဲ၌ ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။ လွန်းပျံယာဉ် ပေါ်မှ လွတ်မြောက်သွားသည်နှင့် တစ်ပြိုင်နက်... သူသည် ချီမြစ် အင်မော်တယ် မြို့တော် ရှိရာဘက်သို့ ဦးတည် ပြေးလွှားရင်း အော်ဟစ်လိုက်သည်။
“ခေါင်းဆောင်ကြီး... ကျွန်တော့်ကို ကယ်ပါဦး”
သို့သော် သူ၏ အော်သံ မဆုံးမီမှာပင်... နောက်ထပ် ကြောက်မက်ဖွယ် ရေခဲချုပ်နှောင်ခြင်း စွမ်းအား တစ်ခု သူ့အပေါ် လွှမ်းခြုံလာပြန်သည်။
"ဝုန်း..."
တာအိုဆရာ ရီကျန် သည် လေထဲတွင် နောက်တစ်ကြိမ် ရေခဲရိုက်ခတ်ခြင်း ခံလိုက်ရပြီး တောင့်တင်းသွားပြန်သည်။
ထို့နောက် တောင်ပုံသဏ္ဍာန် ဓမ္မတံဆိပ်တုံး တစ်ခု ကောင်းကင်ယံသို့ ပျံတက်သွား၏။ ၎င်းသည် ပေရာချီ မြင့်မားသော ဧရာမ အင်မော်တယ် တောင်ကြီး တစ်လုံးအသွင် ပြောင်းလဲသွားပြီး... လေထုကို ဖြတ်သန်းကာ ရေခဲရိုက်ခတ်ခံထားရသော တာအိုဆရာ ရီကျန် အပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျ လာ၏။
"ဘုန်း..."
အင်မော်တယ် တောင်ကြီး ပြုတ်ကျလာပြီး တာအိုဆရာ ရီကျန် ကို မြေကြီးပေါ်သို့ ဖိချလိုက်ရာ... အရပ်မျက်နှာ အသီးသီးမှ မြေပြင်များ အက်ကွဲသွား၏။ ရိုက်ခတ်မှုကြောင့် အနီးနားရှိ သစ်ပင်များနှင့် ကျောက်တုံးကြီးများ အမှုန့် ဖြစ်သွားကြ၏။
တာအိုရုပ်သေး သည် သွေးရောင် နတ်ဘုရား လှံရှည် မှော်လက်နက် နှင့် တာအိုဆရာ ရီကျန် ထံမှ ရရှိသော ထိပ်တန်း မှော်ရတနာ တို့ကို အသုံးပြု၍ အကြိမ်ကြိမ် တိုက်ခိုက်ပြီးနောက်... နောက်ဆုံးတွင် တာအိုဆရာ ရီကျန် ၏ ခန္ဓာကိုယ် ပြိုလဲသွားပြီး သေဆုံးသွားလေတော့သည်။
တာအိုရုပ်သေး သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး တာအိုဆရာ ရီကျန် နှင့် အခြားသူများ ချန်ထားရစ်ခဲ့သော ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။
ထို့နောက် သူသည် ချီမြစ် အင်မော်တယ် မြို့တော် ရှိရာ ဘက်သို့ အကြည့်ပို့လွှတ်လိုက်၏။ မြို့တော် အတွင်းမှ အလွန်အမင်း အစွမ်းထက်သော အရှိန်အဝါ တစ်ခု ထွက်ပေါ်လာပြီး အလျင်အမြန် နီးကပ်လာနေသည်ကို သူ ဝါးတားတား အာရုံခံမိလိုက်သည်။
သူသည် ကောင်းကင် မိုးကြိုး ကြွက် ဘုရင် ကို သားရဲထိန်းအိတ် ထဲသို့ ပြန်ဝင်ခိုင်းလိုက်သည်။ ချီမြစ် အင်မော်တယ် မြို့တော် ဘက်သို့ တစ်ချက် ကြည့်လိုက်ပြီး အနည်းငယ် ပြုံးကာ ရေရွတ်လိုက်၏။
“ထွက်လာပြီလား”
သူ ထွက်ခွာရန် အလျင်မလိုပေ။ အဲဒီအစား သူသည် ယခုလေးတင် ဖမ်းဆီးထားသော အခြေခံတည်ဆောက်ခြင်း အဆင့် (၉) အမျိုးသမီး ကျင့်ကြံသူ၏ ဝိညာဉ်ကို လွှတ်ပေးလိုက်သည်။
ဟွမ်ရှီလီ သည် သူ့ကို ကြည့်ပြီး ငိုကြွေးကာ အရူးတစ်ပိုင်းဖြင့် တောင်းပန်သည်။
“ကျေးဇူးပြုပြီး ကျွန်မ အသက်ကို ချမ်းသာပေးပါ သခင်... ကျွန်မ သခင်ရဲ့ ကျွန်အဖြစ် တစ်သက်လုံး အလုပ်အကျွေး ပြုပါ့မယ်... သခင် ခိုင်းတာ မှန်သမျှ လုပ်ပေးပါ့မယ်... ကျွန်မ အသက်ကိုတော့ ချမ်းသာပေးပါ”
သို့သော် သူမကို စောင့်ကြိုနေသည်မှာ ကြီးမားသော ဝိညာဉ် ရှာဖွေခြင်း စွမ်းအားသာ ဖြစ်၏။
ဝိညာဉ် ရှာဖွေခြင်း...
တာအိုရုပ်သေး သည် လျှို့ဝှက် ဝိညာဉ် နည်းစနစ် ကို အသုံးပြုလိုက်သည်။ ခန္ဓာကိုယ် မရှိတော့သဖြင့် ဟွမ်ရှီလီ ၏ ဝိညာဉ်သည် ခုခံနိုင်စွမ်း လုံးဝ မရှိတော့ပေ။ တာအိုရုပ်သေး သည် သူမ၏ ဝိညာဉ်ကို အလွယ်တကူ ရှာဖွေ စစ်ဆေးလိုက်သည်။
သို့သော် ခန္ဓာကိုယ် မရှိဘဲ... ဟွမ်ရှီလီ ၏ ဝိညာဉ် စွမ်းအားသည် လျင်မြန်စွာ ကုန်ဆုံးသွား၏။
(၁၀) စက္ကန့်ခန့် အကြာတွင်... ဟွမ်ရှီလီ ၏ ဝိညာဉ်သည် လုံးဝ ပျောက်ကွယ်သွား၏။
သို့သော် ထိုအချိန်တွင် တာအိုရုပ်သေး ၏ မျက်နှာပေါ်၌ ဝမ်းသာသော အမူအရာ ပေါ်လာ၏။ ဟွမ်ရှီလီ ၏ ဝိညာဉ် မှတ်ဉာဏ်များထဲမှ ယွီချန်ချင်း နှင့် စုချီ တို့၏ သဲလွန်စများကို သူ ရှာတွေ့ခဲ့ပြီ ဖြစ်သည်။
သူမတို့ကို ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ ပင်မဌာနချုပ်သို့ ပို့ဆောင်ခြင်း မရှိဘဲ... ချီမြစ် အင်မော်တယ် မြို့တော် အတွင်းရှိ လျှို့ဝှက်နယ်မြေ တစ်ခုထဲတွင် ချုပ်နှောင်ထားခြင်း ဖြစ်သည်။
ဒီသတင်းကို ရရှိလိုက်သည့်အခါ တာအိုရုပ်သေး သက်ပြင်းချလိုက်နိုင်၏။
သူ၏ ကြိုးပမ်းအားထုတ်မှုတွေ အလဟဿ မဖြစ်ခဲ့ပါ။
ချီမြစ် အင်မော်တယ် မြို့တော် ဘက်မှ အရှိန်အဝါ ပြင်းပြင်းဖြင့် ပြေးထွက်လာနေသော အရာကို ပြန်ကြည့်လိုက်ရာ... မိုင်ရာချီ အကွာအဝေးတွင် ရှိနေသေးကြောင်း ခန့်မှန်းရသည်။ နည်းနည်းတော့ နှေးနေသေးသည်။
သူ နည်းနည်းလောက် ထပ်စောင့်ရဦးမည်။
ဟွမ်ရှီလီ သည် ချီမြစ် မျိုးဆက် ၏ ဒုတိယ အသန်မာဆုံး ပုဂ္ဂိုလ်၏ တပည့်ရင်း ဖြစ်သဖြင့်... မျိုးဆက်ပိုင် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ခွင့် ရရှိခဲ့ဖူးသည်။ ထိုနေရာတွင် အခွင့်အလမ်း များစွာ ရရှိခဲ့ပြီး... ဘဏ္ဍာတိုက် နှင့် ဆေးဖက်ဝင် စိုက်ခင်းများ တည်ရှိရာ နေရာများ အပါအဝင် ပတ်ဝန်းကျင် အနေအထားကို ကျွမ်းကျင်နေ၏။
သို့သော် တာအိုရုပ်သေး သည် ဟွမ်ရှီလီ နှင့် တာအိုဆရာ ရီကျန် တို့ကြားမှ အဖြစ်အပျက်များကို သူမ၏ မှတ်ဉာဏ်ထဲတွင် တွေ့လိုက်ရသောအခါ... ချက်ချင်း ကျိန်ဆဲလိုက်သည်။
“တိရစ္ဆာန် ကောင်... တပည့်မလေး ကိုတောင် မချမ်းသာပေးဘူး”
သူသည် ထိုမှတ်ဉာဏ်များကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။
အခန်း (၃၇၂) - အစပြုခြင်း၊ လူသူကင်းမဲ့သော နယ်မြေကဲ့သို့ (၄)
~ထိုအချိန်တွင် တာအိုရုပ်သေး သည် ချီမြစ် ခေါင်းဆောင်ကြီး နှင့် သူ၏ အကွာအဝေးကို ခန့်မှန်းကြည့်ရာ... မိုင်လေးငါးရာခန့် လိုသေးသည်ကို အာရုံခံမိလိုက်သည်။
"ဝုန်း..."
မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်များ ပြင်းထန်စွာ တုန်ခါသွား၏။ တာအိုရုပ်သေး သည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်နှင့် ချက်ချင်း မျက်စိရှေ့မှ ပျောက်ကွယ်သွား၏။
စက္ကန့် (၂၀) ခန့် ကြာပြီးနောက်...
"ဘုန်း..."
ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ ချီမြစ် ခေါင်းဆောင်ကြီး ကောင်းကင်မှ သက်ဆင်းလာ၏။ အောက်ဘက် အပျက်အစီးများကြားမှ ကြီးမားသော တွင်းနက်ကြီးနှင့် တာအိုဆရာ ရီကျန် ၏ ကြေမွပျက်စီးနေသော အလောင်းကို မြင်လိုက်ရသောအခါ... သူ၏ မျက်နှာသည် ရုပ်ပျက်ဆင်းပျက် ရှုံ့မဲ့သွား၏။
သူ၏ ရင်တွင်း ဒေါသတရားများ ပြင်းထန်လွန်းသဖြင့် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး အခြေအနေပင် ရုတ်ခြည်း ပြောင်းလဲသွား၏။ နေရာတစ်ခုလုံး ထူထပ်သော မိုးတိမ်မည်းကြီးများ ဖုံးလွှမ်းသွား၏။
ချီမြစ် ခေါင်းဆောင်ကြီး သည် ပတ်ဝန်းကျင်ကို ဆက်လက် စစ်ဆေးကြည့်ရှုလိုက်သည်။ မိုးကြိုး စွမ်းအားများ ပြည့်ဝနေသော မိစ္ဆာ အရှိန်အဝါ တစ်ခုနှင့်... တာအိုဆရာ ရီကျန် အပါအဝင် အခြား ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ဝင်များ၏ ဖျော့တော့သော အရှိန်အဝါ အကြွင်းအကျန်များကို အာရုံခံမိသည်။
သို့သော် အခြား မည်သည့် အရှိန်အဝါကိုမျှ သူ အာရုံမခံမိပေ။
“အဆင့် (၃) အလယ်အလတ်စား မိစ္ဆာဘုရင် တစ်ကောင်... ပြီးတော့ စောစောက အာရုံခံမိလိုက်တဲ့ အမည်မသိ အရှိန်အဝါ... ဘယ်သူလဲ”
ချီမြစ် ခေါင်းဆောင်ကြီး ၏ မျက်နှာသည် ရှုံ့မဲ့နေပြီး... စကားလုံးတိုင်းကို အံကြိတ်ကာ ရေရွတ်လိုက်သည်။
တာအိုဆရာ ရီကျန် သေဆုံးသွားပြီ။
သူတို့ ချီမြစ် မျိုးဆက် ၏ တစ်ဦးတည်းသော အဆင့် (၃) အဆင့်နိမ့် အခင်းအကျင်း ဆရာကြီး တာအိုဆရာ ချန်ယွီ လည်း သေဆုံးသွားပြီ။
ဤ နှစ်ယောက် သေဆုံးသွားခြင်းသည် ချီမြစ် မျိုးဆက် ၏ အင်အားကို ကြီးမားစွာ ထိခိုက်စေခဲ့သည်။
သူတို့၏ ယခင် စီမံကိန်းများပင်လျှင် တွေးကြည့်လို့ မရနိုင်လောက်အောင် ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ရပေတော့မည်။
ချီမြစ် မျိုးဆက် ၏ လူများကို ကွပ်ကဲရန် တာအိုဆရာ ရီကျန် မရှိတော့လျှင်... သူ ကိုယ်တိုင် ဝင်ရောက် စွက်ဖက်ရတော့မည်လား။
ဒါဆိုရင် အဲ့ဒီအချိန်ကျရင် ချီမြစ် အင်မော်တယ် မြို့တော် ကို ဘယ်သူ စောင့်ကြပ်မလဲ။
ပို၍ အရေးကြီးသည်မှာ...
ချီမြစ် မျိုးဆက် နယ်မြေအတွင်း အမည်မသိ အင်အားစု တစ်ခု ရုတ်တရက် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဒီလို အခြေအနေမျိုးမှာ သူ ဘယ်လို လုပ်ပြီး ထွက်ခွာသွားနိုင်မှာလဲ။ တကယ်လို့ သူ ထွက်မသွားနိုင်ရင်... တာ့ယွဲ့ နယ်မြေ ကို တိုက်ခိုက်မယ့် စစ်ပွဲမှာ ချီမြစ် မျိုးဆက် ကို ဘယ်သူ ဦးဆောင်မလဲ။
ဤ ပြဿနာများကို တွေးတောရင်း ချီမြစ် ခေါင်းဆောင်ကြီး ခေါင်းကိုက်လာ၏။
ပတ်ဝန်းကျင် တစ်ဝိုက်ကို အချိန်ကြာမြင့်စွာ ရှာဖွေပြီးနောက် ဘာမှ မတွေ့ရှိရသဖြင့်... ချီမြစ် ခေါင်းဆောင်ကြီး ပြန်လှည့်ရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင် သူ၏ ကိုယ်ပေါ်ရှိ အမိန့်ပြား တစ်ခုမှ သတင်းစကား တစ်စောင် ရုတ်တရက် ပေးပို့လာ၏။ ချီမြစ် ခေါင်းဆောင်ကြီး ၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားပြီး... ချီမြစ် အင်မော်တယ် မြို့တော် ရှိရာဘက်သို့ စူးစိုက်ကြည့်လိုက်သည်။
ချီမြစ် ခေါင်းဆောင်ကြီး စစ်မြေပြင်သို့ အပြေးအလွှား သွားရောက်နေစဉ်... ချီမြစ် အင်မော်တယ် မြို့တော် ၏ ဗဟိုချက်မ၊ ခမ်းနားထည်ဝါသော ခန်းမဆောင်ကြီး အတွင်း၌ ဟင်းလင်းပြင်များ ပြင်းထန်စွာ လှုပ်ရှားလာ၏။ တည်ငြိမ်နေသော ရေကန်ပြင်ကြီး ရုတ်တရက် လှိုင်းထန်လာသကဲ့သို့ ဖြစ်နေ၏။
နောက်တစ်စက္ကန့်တွင် တာအိုရုပ်သေး ပေါ်လာ၏။
သူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ မည်သူမျှ မရှိသည်ကို တွေ့ရသည်။
ထို့နောက် သူသည် ဂူစံအိမ် လျှို့ဝှက်နယ်မြေ ရှိရာဘက်သို့ ကြည့်လိုက်သည်။
လက်ကို ဝှေ့ယမ်းလိုက်ရာ အခင်းအကျင်း အလံ တစ်ထုပ် ထွက်ပေါ်လာ၏။ ၎င်းသည် သူ ကိုယ်တိုင် ပြင်ဆင်ထားသော အဆင့် (၃) အဆင့်နိမ့် ဖုံးကွယ်ခြင်း အခင်းအကျင်း ဖြစ်သည်။ သူသည် အခင်းအကျင်းကို တိတ်တဆိတ် အသက်သွင်းလိုက်ရာ... အတားအဆီး တစ်ခုသည် ထိုနေရာကို အသံတိတ် လွှမ်းခြုံသွား၏။
ထို့နောက် တာအိုရုပ်သေး သည် သူ၏ စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်လိုက်ရာ... သူ့ရှေ့ရှိ ဟင်းလင်းပြင်တွင် အားလှိုင်းများ ထပ်မံ ပေါ်ပေါက်လာ၏။
"ဝုန်း..."
ဟင်းလင်းပြင် စွမ်းအားကို ထိန်းချုပ်ထားသော တာအိုရုပ်သေး သည် လျှို့ဝှက် ဂူစံအိမ် နယ်မြေမှ ဖိအားကို သူ ထင်ထားသည်ထက် လျော့နည်းစွာ ခံစားလိုက်ရသည်။ သူ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး သူ့ရှေ့ရှိ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွား၏။
အဆုံးမရှိသော ဟင်းလင်းပြင် စွမ်းအားများသည် ပင်လယ်ကြီး တစ်ခုပမာ သူ့ကို ဖိနှိပ်လာသော်လည်း... တာအိုရုပ်သေး သည် လွယ်ကူစွာပင် တွန်းလှန်နိုင်ခဲ့သည်။
'ဒီ ဖိအားက... လော့ယွဲ့ မဟာမိတ်အဖွဲ့ လျှို့ဝှက်နယ်မြေ နဲ့ ယှဉ်ရင် (၁၀) ပုံ (၁) ပုံတောင် မရှိဘူး'
သူ စိတ်ထဲတွင် တွေးတောလိုက်သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင်... သူ့ရှေ့ရှိ ဟင်းလင်းပြင်သည် လင်းလက်သွားပြီး မြင်ကွင်းများ ပြောင်းလဲသွား၏။
တာအိုရုပ်သေး သည် လှပသော မြစ်ချိုင့်ဝှမ်း တစ်ခု၏ အထက် ကောင်းကင်ယံတွင် ပေါ်ထွက်လာ၏။ လျှို့ဝှက်နယ်မြေ သည် သိပ်မကြီးမားလှပေ။ (၂) မိုင်၊ (၃) မိုင်ခန့်သာ ရှိသည်။ ယွင်ကျန်းဂိုဏ်း ၏ လျှို့ဝှက်နယ်မြေ လောက် မကြီးမားပေ။
သူ၏ စွမ်းအားကို ပြန်လည် ဆန်းစစ်ကြည့်လိုက်ရာ... ဤနေရာသို့ ဝင်ရောက်လာရန်အတွက် သူ၏ စွမ်းအား တစ်လွှာခန့်သာ ကုန်ဆုံးသွားသည်ကို တွေ့ရသည်။
သို့သော် သူသည် သစ်သားလက်စွပ် ထဲမှ အလယ်အလတ်စား ဝိညာဉ်ကျောက်တုံး အများအပြားကို ထုတ်ယူလိုက်ပြီး... အနီရောင် အရိပ် ရုပ်သေး ၏ အဓိက ဟင်းလင်းပြင် အတွင်းသို့ ထည့်သွင်းလိုက်သည်။ ဝိညာဉ်ကျောက်တုံးများ၏ ဝိညာဉ်စွမ်းအင်ကို စုပ်ယူပြီး ပြန်လည် ဖြည့်တင်းစေလိုက်သည်။
ခဏကြာသောအခါ သူ၏ စွမ်းအားများ ပြန်လည် ပြည့်ဝသွား၏။
ထိုအခါမှသာ တာအိုရုပ်သေး သည် လျှို့ဝှက်နယ်မြေ ကို ဆက်လက် လေ့လာကြည့်ရှုလိုက်သည်။ ဤနေရာရှိ ဝိညာဉ်စွမ်းအင်များသည် အမှန်တကယ်ပင် ထူထပ်ကြွယ်ဝလှသည်။ သာမန် အဆင့် (၃) ဝိညာဉ်သွေးကြော ထက် ပိုမို သိပ်သည်းသည်။
သို့သော် ယွင်ကျန်းဂိုဏ်း ၏ အဆင့် (၄) ဝိညာဉ်သွေးကြော နှင့် ယှဉ်လျှင်တော့ မမီသေးပေ။
တာအိုရုပ်သေး သည် အောက်သို့ ဆင်းသက်ပြီး ဖမ်းဆီးချုပ်နှောင်ခံထားရသော ယွီချန်ချင်း နှင့် စုချီ တို့ကို ကယ်တင်ရန် ပြင်ဆင်လိုက်စဉ်... လျှို့ဝှက်နယ်မြေ အစွန်အဖျားရှိ နက်ရှိုင်းသော ဂူတစ်ခုထဲမှ အနီရောင် အကြေးခွံများ ဖုံးလွှမ်းထားသော ခေါင်းနှစ်လုံးပါ မြွေမိစ္ဆာကြီး တစ်ကောင် ဒုံးပျံသဖွယ် ပျံထွက်လာ၏။ ၎င်း၏ အရှည်မှာ ပေ (၂၀) ကျော် ရှိသည်။
မြွေမိစ္ဆာကြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက်... ကောင်းကင်ပေါ်ရှိ တာအိုရုပ်သေး ကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်ပြီး မေးလိုက်သည်။
“လူသား... မင်း ဘယ်သူလဲ... ဘာကိစ္စ ချီမြစ် မျိုးဆက် ရဲ့ မြင့်မြတ်နယ်မြေ ကို ကျူးကျော်ဝင်ရောက်လာတာလဲ”
"ဝုန်း..."
အဆင့် (၃) အလယ်အလတ်စား မိစ္ဆာဘုရင် တစ်ကောင်၏ စွမ်းအားကြီးမားသော အရှိန်အဝါသည် နေရာတစ်ခုလုံး ပြည့်နှက်သွားပြီး... လျှို့ဝှက်နယ်မြေ တစ်ခုလုံးသည် ထူထပ်သော အနီရောင် တိမ်တိုက်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေ၏။
သို့သော် ကောင်းကင်ပေါ်ရှိ တာအိုရုပ်သေး သည် စကားတစ်ခွန်းမှ မပြောပေ။ သူ၏ ပုံရိပ်သည် ရုတ်တရက် ပျောက်ကွယ်သွား၏။
နောက်တစ်စက္ကန့်တွင်... တာအိုရုပ်သေး သည် မြွေမိစ္ဆာကြီး၏ အထက်တွင် ပေါ်လာ၏။ ရေခဲဝိညာဉ် ပုလဲ မှော်ကိရိယာ သန္ဓေသားလောင်း သည် သူ၏ လက်ထဲတွင် တဖန် ပေါ်လာပြန်သည်။ တာအိုရုပ်သေး သည် သူ၏ စွမ်းအားများကို ရေခဲဝိညာဉ် ပုလဲ ထဲသို့ ထည့်သွင်းလိုက်ရာ... ရေခဲဝိညာဉ် ပုလဲ မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ရေခဲချုပ်နှောင်ခြင်း အရှိန်အဝါကြောင့် ဧရာမ စပါးအုံးမြွေ မိစ္ဆာကြီး တုန်လှုပ်သွား၏။
မူလက တာအိုရုပ်သေး ကို စောင့်ကြည့်နေသော မြွေမိစ္ဆာကြီး၏ အေးစက်သော မျက်လုံးများသည်... ထိုအခိုက်အတန့်တွင် ကြောက်ရွံ့မှုကြောင့် ရုတ်တရက် ပြူးကျယ်သွား၏။
၎င်း ထိန်းချုပ်ထားသော မီးဓာတ်ကြီး စွမ်းအားသည် လူသားမျိုးနွယ်စု၏ ရေခဲ ဝိညာဉ်အမြစ် စွမ်းအားကို အကြောက်ဆုံး ဖြစ်သည်။
ရေခဲဝိညာဉ် ပုလဲ ကဲ့သို့သော ရေခဲဓာတ်ကြီး မှော်ကိရိယာ ဆိုလျှင်တော့ ပြောစရာပင် မလိုတော့ပေ။
"ဝုန်း..."
ဧရာမ စပါးအုံးမြွေ မိစ္ဆာကြီး ပြန်လည် မတုံ့ပြန်နိုင်မီမှာပင်... တာအိုရုပ်သေး သည် ရေခဲဝိညာဉ် ပုလဲ ဖြင့် မြွေကြီး၏ အနီရောင် အကြေးခွံများပေါ်သို့ ရိုက်ချလိုက်ရာ... ကြောက်မက်ဖွယ် ရေခဲချုပ်နှောင်ခြင်း စွမ်းအား ပေါက်ကွဲထွက်လာ၏။ ထိုအခိုက်အတန့်တွင် ဧရာမ စပါးအုံးမြွေ မိစ္ဆာကြီး၏ ခန္ဓာကိုယ်သည် ထိုကြောက်မက်ဖွယ် စွမ်းအားကြောင့် အေးခဲသွားသည်။
တစ်ချိန်က အလွန်အမင်း ပူပြင်းခဲ့သော ခန္ဓာကိုယ်သည် နက်ပြာရောင် ရေခဲရုပ်တုကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွား၏။
ရေခဲဝိညာဉ် ပုလဲ ၏ စွမ်းအား ပေါက်ကွဲထွက်လာသည်နှင့် တစ်ပြိုင်နက်... ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအား တစ်ခုလည်း ပေါက်ကွဲထွက်လာသညခ။