← Chapters

အခန်း (၆၁၃-၆၁၅)

Vol. 41 Ch. 613-615

အခန်း (၆၁၃-၆၁၅)

Vol. 41 Ch. 613-615

Chapter 613: သူတော်စင်အင်းကျမ်း

ယွဲ့ရှင်းလူသည် လှည့်ကြည့်လိုက်ပြီး ခန်းမထဲရှိ အမြင့်ဆုံးအဆင့် သီးသန့်အခန်းဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုအခါမှသာ ရှန်မို သူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ယွဲ့ရှင်းလူသည် အလွန်အမင်း ခန့်ညားချောမောလှသော လူငယ်တစ်ဦး မဟုတ်ပေ။ ထိုအစား သူသည် ခိုင်မာပြတ်သားပြီး တည်ငြိမ်သော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ ရုပ်ရည်မျိုး ရှိသည်။ သူ၏ ရုပ်ရည်မှာ အလွန်ပင် သာမန်ဖြစ်သည်ဟုသာ ဆိုရပေလိမ့်မည်။

သို့သော် သူ၏မျက်ဝန်းများမှာမူ တောင်ကြီးများကဲ့သို့ တည်ငြိမ်ပြီး လျှပ်စီးများကဲ့သို့ လျင်မြန်လှသည်။ ၎င်းတို့သည် ဝိညာဉ်ကို တုန်လှုပ်စေနိုင်သော ဖိအားများကို ဆောင်ကြဉ်းပေး၏။ သူသည် ထိုနေရာတွင် ရပ်နေရုံမျှဖြင့် အနီးနားရှိ ကျင့်ကြံသူများကို အနားမကပ်ရဲလောက်အောင် ကြောက်ရွံ့သွားစေသည်။

ထိုနေရာတွင် ရပ်နေသည်မှာ ယွဲ့ရှင်းလူ မဟုတ်ဘဲ နတ်ဘုရား သို့မဟုတ် မသေမျိုးတစ်ဦး ရပ်နေသကဲ့သို့ပင်။

ရှန်မိုသည် ထိုသူ့ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး သူ၏ ကံကြမ္မာစနစ်ကို အမြန်ဖတ်ရှုလိုက်သည်။

[အမည်] ယွဲ့ရှင်းလူ

[အဆင့်] နိဗ္ဗာန်အဆင့်၊ ဓမ္မအမှတ်အသား ၈၃ ခု

[ကံကြမ္မာ လက္ခဏာများ] တံငါသည်မျိုးရိုး နှောင်းမှပွင့်သောပန်း အင်းကျမ်းလမ်းစဉ်၏ ဆက်ခံသူ အင်းကျမ်းဘုရင်လေး ကံကောင်းခြင်းကြယ်ပွင့်များ၏ စောင့်ရှောက်မှုကို ခံရသူ အလှူအတန်း ရက်ရောသူ ကောင်းကင်အင်းကျမ်းကျမ်းစာ၏ သန့်စင်သောခန္ဓာကိုယ်။

[ကံကြမ္မာ] ယခုမှ နှစ်ပေါင်းတစ်ထောင်အကြာတွင် သူသည် ကောင်းကင်အင်းကျမ်းဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးကို ဆက်ခံမည်ဖြစ်ပြီး အင်းကျမ်းဘိုးဘေး၏ တပည့် ဖြစ်လာလိမ့်မည်။ နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ကျင့်ကြံပြီးနောက် သူ အထွတ်အထိပ်အဆင့်၏ အထွက်အထိပ်သို့ ရောက်ရှိမည်ဖြစ်သော်လည်း သူတော်စင်အဆင့်သို့ ဝင်ရောက်ရန်မူ မအောင်မြင်ပေ။ သူသည် အိုမင်းရင့်ရော်ကာ သေဆုံးသွားလိမ့်မည်။

ရှန်မို ခေါင်းအသာငြိမ့်လိုက်သည်။

ယွဲ့ရှင်းလူသည် ထင်ရှားသော ပါရမီရှင်တစ်ဦး ဖြစ်သည်မှာ သေချာ၏။ သို့သော် နောက်ဆုံးတွင်မူ သူ ရှိထျန်းဟောက်နှင့် ယှဉ်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရှိထျန်းဟောက်၏ ကံကြမ္မာမှာ နတ်ဘုရားလျှို့ဝှက်လောကကို ကျော်လွန်ကာ စကြဝဠာတစ်ခုလုံးတွင် လွတ်လပ်စွာ လှည့်လည်သွားလာနိုင်သူ ဖြစ်သောကြောင့်ပင်။ ယွဲ့ရှင်းလူမှာမူ သူတော်စင်အဆင့်သို့ပင် မရောက်ရှိနိုင်ခဲ့ပေ။

ထိုစဉ် ယွဲ့ရှင်းလူသည် သီးသန့်အခန်းဘက်သို့ ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။

"ရွှေယင်ဂူရဲ့ ၁၈ ပါးမြောက် ဂူအရှင်သခင်... ဘာလို့ ကိုယ်ထင်မပြဘဲ စကားပြောနေရတာလဲ"

အေးစက်သော အမျိုးသမီးအသံတစ်သံ သီးသန့်အခန်းထဲမှ ထွက်ပေါ်လာသည်။

"ငါ ကိုယ်ထင်ပြပြ၊ မပြပြ… အဲဒါ မင်းနဲ့ ဘာဆိုင်လို့လဲ"

ယွဲ့ရှင်းလူ ပြုံးလိုက်ပြီး

"ဒါဆိုရင်လည်း ကျွန်တော် ကြက်သွေးရောင် နေမင်းကျမ်းကို အထွတ်အထိပ် ဝိညာဉ်ကျောက်တုံး တစ်တုံးနဲ့ ဝယ်လိုက်ပါ့မယ်… ဂူအရှင်သခင်ယင်း... ကျွန်တော်တို့ နောက်တစ်နေ့မှ ပြန်ဆုံကြတာပေါ့"

ထိုသို့ပြောပြီးနောက် သူ စင်ပေါ်ရှိ ကျိုးဟုန်းကို လှည့်ကြည့်လိုက်သည်။

"စီမံခန့်ခွဲသူကျိုး... တခြားသူတွေ ဈေးမပေးကြတော့ဘူး… ရလဒ်ကို ကြေညာနိုင်ပါပြီ"

ကျိုးဟုန်းမှာ ထိုအချိန်အထိ ငေးမောနေခဲ့ခြင်း ဖြစ်သည်။ ယွဲ့ရှင်းလူ၏ စကားကို ကြားလိုက်ရမှ သူ သတိပြန်ဝင်လာတော့သည်။ ထို့နောက် အမြန်ပင် ကြေညာလိုက်၏။

"အထွတ်အထိပ် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး… ပထမအကြိမ်… အထွတ်အထိပ် ဝိညာဉ်ကျောက်တုံး တစ်တုံး… ဒုတိယအကြိမ်… အထွတ်အထိပ် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး… တတိယအကြိမ်"

"ရောင်းချပြီး…"

သူ့ နောက်ဆုံးစကားလုံးကို မပြောနိုင်မီမှာပင် လေလံစင်မြင့်အောက်မှ ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသွားသည်။ ကျိုးဟုန်း၏ စကားများမှာ ပြတ်တောက်သွားပြီး ခန္ဓာကိုယ်မှာ လေထဲသို့ လွင့်စင်သွားတော့သည်။ သူ နံရံကို အရှိန်ဖြင့် ရိုက်မိသွားပြီး နံရံအတွင်းသို့ မြုပ်ဝင်သွားကာ အသားများမှာလည်း ကြည့်မကောင်းအောင် စုတ်ပြတ်သတ်သွား၏။

လေလံခန်းမအတွင်းတွင် ထူထပ်သော မီးခိုးများ ချက်ချင်းပင် ဖုံးလွှမ်းသွားတော့သည်။

စူးရှသော အော်ဟစ်သံများ၊ သရဲတစ္ဆေများ၏ ငိုကြွေးသံများ... အသံပေါင်းစုံ ရောထွေးနေ၏။ ၎င်းမှာ စိတ်ဓာတ် အခိုင်မာဆုံး ကျင့်ကြံသူကိုပင် နာကျင်စွာဖြင့် စိတ်ပျက်အားလျော့သွားစေရန် လုံလောက်လှသည်။

ဝမ်ချန်ဖူ တိုးတိုးလေး ဆဲရေးလိုက်သည်။

"တောက်... ကိစ္စကတော့ စပြီ… ပြေးကြဟေ့"

လေလံပွဲ ဆက်လက်လုပ်ဆောင်ရန် မဖြစ်နိုင်တော့ခြင်းမှာ ထင်ရှားလှသည်။

ရွှေယင်ဂူ နှင့် ကောင်းကင်အင်းကျမ်းဂိုဏ်း… ၁၈ ပါးမြောက် ဂူအရှင်သခင် နှင့် အင်းကျမ်းဘုရင်လေး။

နတ်ဆိုးလမ်းစဉ်နှင့် တရားသောလမ်းစဉ်မှ ဤအင်အားကြီး နှစ်ခုမှာ ထိပ်တိုက်တွေ့ကြတော့မည် ဖြစ်သည်။

လျိုယွန့်ထျန်း ကြောက်ကြောက်လန့်လန့်ဖြင့် တံတွေးမျိုချလိုက်ပြီး

"ငါတို့လည်း ပြေးသင့်ပြီ”

ကျန်းချန်ဟိန်း လေသံနှိမ့်ကာ

"တကယ် ပြေးသင့်တာ… ဒီနှစ်ယောက် သေချာပေါက် တိုက်ကြတော့မှာ… ငါတို့ ကြားညှပ်လို့ မဖြစ်ဘူး"

ဝေကျင်ချန်က ဘာမှမပြောသော်လည်း သူ၏ ခန္ဓာကိုယ်မှာ နေသွေးဓားဂိုဏ်း ရှိရာ သီးသန့်အခန်းဘက်သို့ တိတ်တဆိတ် ရွေ့လျားသွားသည်။ ရှိထျန်းဟောက်သည်လည်း တိတ်ဆိတ်နေပြီး တစ်ဖက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကာ အရပ်မျက်နှာ အနှံ့မှ အန္တရာယ်များကို အမြဲ သတိထားနေသည်။

ရှန်မိုကလည်း ဘာမှမပြောဘဲ တိုက်ပွဲဖြစ်မည့်နေရာကိုသာ စိုက်ကြည့်နေသည်။ ဤပေါက်ကွဲမှုမှာ ယင်းစန်းဟွာ၏ စီစဉ်မှုဖြစ်ဖို့ များပြီး အခြေအနေကို ရှုပ်ထွေးသွားစေကာ တိုက်ခိုက်ရန် အခွင့်အရေး ဖန်တီးလိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့သော် အင်းကျမ်းဘုရင်လေးဟု အမည်တွင်သော ယွဲ့ရှင်းလူကဲ့သို့သော သူသည် ဤမျှလွယ်လွယ်နှင့် ယင်းစန်းဟွာ၏ လက်ချက်ဖြင့် အဆုံးသတ်သွားမည်ဟု ရှန်မို မယုံကြည်ပေ။ သူ့တွင် သေချာပေါက် အားကိုးစရာ တစ်ခုခု ရှိနေပေလိမ့်မည်။

ဖောက်! ဒိုင်း!

ရုတ်တရက် မီးခိုးများထဲမှ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး မြူများမှာ ချက်ချင်းပင် လွင့်စင်သွားတော့သည်။ ထိုအခါမှသာ ရှန်မိုသည် ဘာဖြစ်နေသလဲဆိုသည်ကို မြင်လိုက်ရသည်။ ယွဲ့ရှင်းလူမှာ တစ်ချက်မျှပင် ထိခိုက်ဒဏ်ရာ ရခြင်း မရှိပေ။ သူသည် လက်ကို တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် အင်းကျမ်းဆယ်ခု ထွက်ပေါ်လာပြီး ချန်ယွီနှင့် လော့ယန်တို့၏ တိုက်ခိုက်မှုများကို အသာလေးပင် ခုခံလိုက်သည်။ သူ တကယ် သတိထားရမည့်သူမှာ ယင်းစန်းဟွာသာ ဖြစ်သည်။

"ငါးမိုးကြိုးတောင်ဂိုဏ်းက ကူညီပေးပါ့မယ်!"

ထိုစဉ်မှာပင် ငါးမိုးကြိုးတောင်ဂိုဏ်းမှ အဖွဲ့ဝင် ငါးဦးမှာ တပြိုင်နက်တည်း အော်ဟစ်ကာ တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာကြသည်။ သူတို့ အသုံးပြုသော သိုင်းပညာများမှာ အားလုံးနီးပါး လျှပ်စီးပညာရပ်များ ဖြစ်ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရတနာဆောင်တစ်ခုလုံးမှာ လျှပ်စီးများ၊ မိုးကြိုးများဖြင့် ပြည့်နှက်သွားပြီး မျက်စိကျိန်းလောက်အောင် လင်းထိန်သွားတော့သည်။ ချန်ယွီနှင့် လော့ယန်တို့သည် ထိုကျင့်ကြံသူ ငါးဦး၏ လက်ချက်ဖြင့် ချက်ချင်းပင် နောက်သို့ ဆုတ်သွားရပြီး မျက်နှာတွင် အရှက်ရမှုနှင့် ဒေါသတို့ ရောယှက်နေသည်။

"ကျားဖြူဂိတ်မှ လျိုယွီ... ကူညီဖို့ ရောက်လာပါပြီ!" "ရွှေနဂါးဂိုဏ်းမှ ရှုဖုန်း... ကောင်းကင်အင်းကျမ်းဂိုဏ်းရဲ့ အမိန့်ကို နာခံဖို့ အဆင်သင့်ပါပဲ"

"ဓားရူးမဟာမိတ်မှ လီကျိချွမ်း... နတ်ဆိုးဂိုဏ်းကို ကျင့်ကြံဖော်တို့နဲ့အတူ ဆန့်ကျင်ပါ့မယ်!"

ချန်ယွီနှင့် လော့ယန်တို့ အားနည်းသွားသည်နှင့် တစ်ပြိုင်နက် အရပ်မျက်နှာ အနှံ့မှ အသံများ ထွက်ပေါ်လာတော့သည်။ လူပေါင်း ဆယ်ဂဏန်းကျော်မှာ အရပ်ရပ်မှ ထွက်ပေါ်လာပြီး တိုက်ပွဲအတွင်း ပါဝင်လာကြသည်။ ဤဂိုဏ်းငယ်လေးများသည် လော့ရှင်းပင်လယ်ပြင်နှင့် မုန်တိုင်းမိုးကြိုးပင်လယ်ပြင်မှ ဖြစ်ကြပြီး အားလုံးနီးပါးမှာ တရားသောလမ်းစဉ်ဘက်မှ ဖြစ်ကြသလို ကောင်းကင်အင်းကျမ်းဂိုဏ်းနှင့်လည်း ရင်းနှီးကြသူများ ဖြစ်သည်။ ထို့အပြင် ရွှေယင်ဂူ၏ ဗိုလ်ကျစိုးမိုးတတ်သော အမူအရာကြောင့် သူတို့ဘက်က ရပ်တည်ပေးမည့်သူမှာ အလွန်ပင် ရှားပါးလှသည်။

ထို့အပြင် ကောင်းကင်အင်းကျမ်းဂိုဏ်းသည် ဂိုဏ်းငယ်အများစုနှင့် အမြဲတမ်း ရင်းနှီးသော ဆက်ဆံရေး ရှိထားသည်။ လူအများ၏ စိတ်ကို သိမ်းကျုံးယူထားသည်ဟုပဲ ဆိုဆို၊ သူတို့၏ နာမည်ဂုဏ်သတင်းကြောင့်ပင် လူအများက ကူညီကြခြင်း ဖြစ်သည်။ ဤအခြေအနေတွင် ကောင်းကင်အင်းကျမ်းဂိုဏ်းဘက်က ရပ်တည်ပေးခြင်းမှာ ကိစ္စရပ်များ ပြီးဆုံးသွားသည့်အခါ ရက်ရောသော ဆုလာဘ်များကို သေချာပေါက် ရရှိစေမည်။

သို့သော် ရွှေယင်ဂူကို ကူညီမည်ဆိုပါကမူ... ထိုသို့သော ဆုလာဘ်မျိုး ရဖို့ဆိုသည်မှာ စိတ်ကူးယဉ်ရုံသာ ရှိပေလိမ့်မည်။

ထို့ကြောင့် ဤကဲ့သို့သော အခြေအနေ ဖြစ်ပေါ်လာခြင်းပင်။

ယွဲ့ရှင်းလူက လှုပ်ရှားလိုက်သည်နှင့် တခြားသူများမှာလည်း ချက်ချင်းပင် သူ၏ ဘေးနားတွင် စုရုံးလာကြသည်။

"ကြည့်ရတာ ဒီဂူအရှင်သခင်အတွက် အခြေအနေက မကောင်းလှဘူးပဲ"

လျိုယွန့်ထျန်း တိုးတိုးလေး ပြောသည်။

ရှန်မို ပြုံးလိုက်ပြီး

"ဒါက ဒီလောက် မရိုးရှင်းဘူးလို့ ငါ ထင်တယ်… ရွှေယင်ဂူက သူတို့မှာ အင်အားအစစ်အမှန် ရှိလို့သာ ဤမျှ ဗိုလ်ကျနေတာ… ဒီလူက ဂူအရှင်သခင် ၁၈ ပါးထဲက တစ်ယောက် ဖြစ်နေတာပဲ… သူ့မှာ အားကိုးစရာ တစ်ခုခု ရှိနေမှာ အသေအချာပဲ"

သူ ပြောပြီးသည်နှင့် တစ်ပြိုင်နက် အမြင့်ဆုံး သီးသန့်အခန်းဆီမှ အေးစက်သော နှာခေါင်းရှုံ့သံတစ်သံ ထွက်ပေါ်လာသည်။

"သေချင်နေကြတာပဲ"

ထိုစကားလုံးများနှင့်အတူ အေးစက်သော အငွေ့အသက်များက နေရာလပ်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ ရတနာဆောင်အတွင်းရှိ အပူချိန်မှာ အနည်းဆုံး ၁၀ ဒီဂရီခန့် ချက်ချင်း ကျဆင်းသွား၏။ အသက်ရှူလိုက်လျှင်ပင် ရေခဲမှုန်များ ဖြစ်သွားလောက်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ လော့ရှင်းပင်လယ်ပြင်မှာ ပုံမှန်အားဖြင့် တစ်နှစ်ပတ်လုံး နွေးထွေးနေတတ်လေသည်။ ဆောင်းရာသီမှာပင် ရေခဲဆိုသည်မှာ မြင်ရခဲလှ၏။ သို့သော် ယင်းစန်းဟွာ တကယ်တမ်း မလှုပ်ရှားရသေးမီမှာပင် သူ၏ ပတ်ဝန်းကျင်မှာ ဤမျှအထိ ပြောင်းလဲသွားခြင်း ဖြစ်သည်။ ၎င်းမှာ သူ မည်မျှ အင်အားကြီးကြောင်းကို ပြသနေခြင်းပင်။

ယွဲ့ရှင်းလူသည် ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဉ်စွမ်းအားများကို စုစည်းကာ အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်ထားသည်။ ယင်းစန်းဟွာ၏ ကြောက်မက်ဖွယ် နာမည်ဂုဏ်သတင်းကို သူ ကြားဖူးသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သော်လည်း ယခုလို တိုက်ရိုက် ရင်ဆိုင်ရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ထို့ကြောင့် သူ အလွန်အမင်း သတိထားနေခြင်း ဖြစ်၏။

သူ၏ သတိထားနေသော အမူအရာကို မြင်ရသည့်အခါ တခြား ကျင့်ကြံသူများသည်လည်း အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားရပြီး စိတ်အစဉ်များမှာ တင်းမာနေကြတော့သည်။

"ပန်းပွင့်တွေ... ပန်းပွင့်တွေ ကြွေနေတယ်"

ရုတ်တရက် ကျင့်ကြံသူတစ်ဦးက အော်ဟစ်လိုက်သည်။

လူတိုင်း အပေါ်သို့ မော့ကြည့်လိုက်ကြရာ ကောင်းကင်တစ်ခုလုံးတွင် လွင့်မျောနေသော ရေခဲပြာရောင် ပန်းပွင့်များကို မြင်တွေ့လိုက်ရသည်။ အလွန်ပင် လှပလွန်းလှ၏။

ကျင့်ကြံသူတစ်ဦးမှ သိလိုစိတ်ဖြင့် ထိုပန်းပွင့်များကို ထိရန် လက်လှမ်းလိုက်သည်။

ယွဲ့ရှင်းလူ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး မျက်နှာပျက်ကာ အော်ဟစ်လိုက်သည်။

"ပန်းပွင့်တွေကို ရှောင်ကြ… အဲဒါတွေက အန္တရာယ်ရှိတယ်"

တခြားသူများမှာ ထိတ်လန့်သွားပြီး အမြန်ပင် ရှောင်တိမ်းလိုက်ကြသည်။

ကျင့်ကြံသူတစ်ဦးမှာ သူ၏လက်ကို ပြန်ရုတ်ရန် ကြိုးစားသော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။ ရေခဲပြာရောင် ပန်းပွင့်လေး တစ်ပွင့်မှာ သူ၏ လက်ထိပ်ပေါ်သို့ ကျရောက်သွားခဲ့ပြီ ဖြစ်လေ၏။

နောက်တစ်ခဏမှာပင် ထိုပန်းပွင့်လေးမှာ ကွဲအက်သွားပြီး ရေခဲစပေါင်း များစွာအဖြစ် ချက်ချင်း ပြောင်းလဲသွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလူ၏ ခန္ဓာကိုယ်တစ်ခုလုံး ရေခဲများ ဖုံးလွှမ်းသွားသည်။ ပြန်ကြည့်လိုက်သည့်အခါ သူသည် ရေခဲရုပ်တုတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်နှာတွင် အနည်းငယ် ပြုံးနေသော အမူအရာမှာ သက်ရှိထင်ရှား ရှိနေသကဲ့သို့ပင် တည်ငြိမ်နေ၏။ သို့သော် ဝိညာဉ်အာရုံဖြင့် အသေအချာ စစ်ဆေးကြည့်ပါက သူ၏ အသက်ဓာတ်အားလုံးမှာ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်ကြောင်း သိနိုင်မည် ဖြစ်သည်။

လူအုပ်ကြီးမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ ထိုသူမှာ ကျားဖြူဂိတမ ဂိုဏ်းချုပ် လျိုယွီ ဖြစ်ပြီး ဓမ္မအမှတ်အသား ၁၃ ခု ရှိသော နိဗ္ဗာန်အဆင့် ကျင့်ကြံသူ ဖြစ်သည်။ ဆယ်ခုနှင့်အထက် ရှိသူများထဲတွင် သူသည် အတော်လေး နာမည်ကျော်သူ ဖြစ်၏။ ဘာပဲဖြစ်ဖြစ် သူ ထွက်ပြေးရန် အခွင့်အရေး ရလိမ့်မည်ဟု လူတိုင်း ထင်မှတ်ထားခဲ့ကြသည်။ သို့သော် ပေါ့ပေါ့ပါးပါး ထိတွေ့လိုက်ရုံမျှဖြင့် သူ၏ အသက် ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထိုပန်းပွင့်များအတွင်း ဖုံးကွယ်ထားသော သတ်ဖြတ်နိုင်စွမ်းမှာ မည်မျှအထိ ကြောက်စရာကောင်းကြောင်း စဉ်းစားကြည့်ရုံနှင့်ပင် သိနိုင်ပါသည်။

Chapter 614: အရိပ်မဲ့ နတ်ဝတ်ရုံ

ဝူး... ဝူး...

ရှန်မိုတစ်ယောက် လျှပ်စီးတန်းတစ်ခုကဲ့သို့ ကောင်းကင်ယံကို ဖြတ်သန်းကာ အရှိန်ပြင်းစွာ ပျံသန်းနေသည်။ သူ၏နောက်တွင်မူ ကျော့ရှင်းသော အမျိုးသမီးပုံရိပ် နှစ်ခု ထပ်ချပ်မကွာ လိုက်လံနေကြ၏။

ယင်းစန်းဟွာသည် မိမိထံတွင်ရှိသော ရွှေစာမျက်နှာ၏ တည်ရှိမှုကို အာရုံခံမိသွားမှန်း ရှန်မို အစကတည်းက သိထားပြီးသားဖြစ်သည်။ ယခုအခါ မဟာလေလံပွဲမှာ ရပ်တန့်သွားခဲ့ပြီဖြစ်သလို ရုတ်ရုတ်သဲသဲဖြစ်နေသည့်ကြားမှ ရှိထျန်းဟောက်တစ်ယောက် ကြက်သွေးရောင် နေမင်းကျမ်းကို ခိုးယူသွားခဲ့ပြီဖြစ်သည်။ ယင်းစန်းဟွာသည် ရှိထျန်းဟောက်နောက်သို့ သေချာပေါက် လိုက်သွားပေလိမ့်မည်။ ယွဲ့ရှင်းလူကို ဟန့်တားရန်အတွက် ဝဇီရရုပ်အလောင်းလက်နက် (၄) ခုကို ချန်ထားခဲ့ကာ ရှန်မိုကို ဖမ်းဆီးရန် တာဝန်ကိုမူ ချန်ယွီနှင့် လော့ယန်တို့ထံ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ အရာအားလုံးမှာ သူ ကြိုတင်မြင်တွေ့ထားသည့်အတိုင်း ဖြစ်ပျက်နေခြင်းပင်။

မြေပြင်ပေါ်တွင်မူ လျိုယွန့်ထျန်းနှင့် ကျန်းချန်ဟိန်းတို့သည် ရှန်မို အလိုက်ခံနေရသည်ကို ကြည့်ရင်း စိုးရိမ်တကြီးဖြင့် ခေါင်းကုတ်နေကြတော့သည်။

"ဘာတွေဖြစ်နေတာလဲ… ရွှေယင်ဂူကလူတွေ ဘာလို့ ကျင့်ကြံဖော်ရှန်ကို ပစ်မှတ်ထားနေရတာလဲ"

ကျန်းချန်ဟိန်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

လျိုယွန့်ထျန်းမှာ ခေါင်းခါပြရင်း

"ငါလည်း မသိဘူး… ဒါပေမဲ့ ငါတို့နှစ်ယောက်စလုံးက ရွှေယင်ဂူကို ရန်မလုပ်ရဲဘူးလေ"

ထိုစဉ် တစ်ကိုယ်လုံး သွေးချင်းချင်းနီနေသော ဝေကျင်ချန်မှာ ဘယ်ကထွက်လာမှန်းမသိ ပေါ်လာပြီး ခြောက်ခြားဖွယ်ရာ ရယ်မောလိုက်ရင်း "လွယ်လွယ်လေးပါ... ငါတို့က ဘယ်သူလဲဆိုတာ မသိအောင် လုပ်လိုက်ရင် ရပြီပဲကို"

"သူတို့ကို ခဏလောက် ဟန့်တားပေးနိုင်ရင်ပဲ ငါတို့ သူငယ်ချင်းဝတ္တရား ကျေပွန်ပါပြီ"

"မင်းပြောတာ ဘာကိုဆိုလိုတာလဲ"

ကျန်းချန်ဟိန်း မျက်ခုံးပင့်ကာ မေးလိုက်သည်။

"နေသွေးဓားဂိုဏ်းက သူငယ်ချင်းဟောင်းအချို့ဆီ ခဏသွားလည်ပြီး သူတို့ကို ငရဲမင်းဆီ ပို့ပေးလိုက်တာလေ"

ဝေကျင်ချန်သည် သူ၏ဖြူဖွေးသော သွားတန်းကြီးများကို ပေါ်အောင် ပြုံးပြလိုက်၏။

လျိုယွန့်ထျန်းလည်း အံ့ဩသွားမိသည်။ ဝေကျင်ချန်သည် ထိုက်ဖိန်ပင်လယ်ပြင်ရှိ နေသွေးဓားဂိုဏ်းမှ ဖြစ်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။ ယခု သူ ဤအခွင့်အရေးကို အသုံးချကာ ကလဲ့စားချေရန် ရဲတင်းနေခြင်း ဖြစ်သည်။

"ဒါကို အရိပ်မဲ့နတ်ဝတ်ရုံလို့ ခေါ်တယ်… ဒါက ငါတို့ရဲ့ အငွေ့အသက်တွေကို လုံးဝဖုံးကွယ်ပေးနိုင်သလို အသံနဲ့ ရုပ်ရည်ကိုပါ ပြောင်းလဲပေးနိုင်တယ်"

ဝေကျင်ချန်မှ ပါးလွှာသော ဝတ်ရုံသုံးခုကို ပစ်ပေးလိုက်ရင်း

"ဒါကို ဝတ်ပြီးတာနဲ့ ငါတို့ စတိုက်ကြမယ်"

"နတ်ဘုရားလက်နက်လား"

လျိုယွန့်ထျန်းနှင့် ကျန်းချန်ဟိန်းတို့ လန့်သွားကြသည်။

ဝေကျင်ချန် ရယ်မောရင်း

"ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက် အထွက်အထိပ်လို့ပဲ ဆိုရမှာပေါ့… နေသွေးဓားဂိုဏ်းက တပည့်အငယ်အချို့ဆီက လုလာတာလေ… စိတ်မပူပါနဲ့... သူတို့ ဘယ်သူလုပ်မှန်းတောင် မသိလိုက်ဘူး"

လျိုယွန့်ထျန်းနှင့် ကျန်းချန်ဟိန်းတို့သည် ဝေကျင်ချန်ကို တစ်ချက်ကြည့်လိုက်ပြီး သူတို့မှာ ရန်သူမဟုတ်ဘဲ မိတ်ဆွေဖြစ်နေခြင်းမှာ ကံကောင်းလှသည်ဟု တွေးလိုက်မိကြသည်။ ထို့နောက် သူတို့ သုံးဦးစလုံး '

အရိပ်မဲ့နတ်ဝတ်ရုံကို ဝတ်ဆင်လိုက်ကြ၏။ လျိုယွန့်ထျန်း ကျန်းချန်ဟိန်းကို ကြည့်လိုက်ရာ အဖြူရောင်ဝတ်စုံနှင့် ယဉ်ကျေးသိမ်မွေ့သော သခင်လေးတစ်ဦးအဖြစ် မြင်တွေ့လိုက်ရသည်။ ကျန်းချန်ဟိန်းမှ လျိုယွန့်ထျန်းကို ပြန်ကြည့်လိုက်သည့်အခါတွင်မူ ထွားကျိုင်းသော ထိပ်ပြောင် စစ်သည်တော်ကြီးတစ်ဦးအဖြစ် တွေ့လိုက်ရ၏။ ဝေကျင်ချန်ကိုမူ သူတို့နှစ်ဦးစလုံးက နုနယ်လှပသော မိန်းမပျိုလေးတစ်ဦးအဖြစ် မြင်နေရတော့သည်။

"ကျင့်ကြံဖော်ရှန်ကို သွားကူကြရအောင်"

သူတို့ သုံးဦးစလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။

"သခင်လေး... မပြေးပါနဲ့ဦး… ဂူအရှင်သခင်ယင်းရဲ့ အာရုံစိုက်မှုကို ခံရတယ်ဆိုကတည်းက မင်းဆီမှာ အဖိုးတန်ပစ္စည်းတစ်ခုခု ရှိနေမှာ အသေအချာပဲ"

ချန်ယွီ တခိခိ ရယ်မောလိုက်သည်။

"ဟုတ်တယ်... မင်းသာ ပြေးမနေတော့ဘူးဆိုရင် မင်း ကြိုက်တာလုပ်ဖို့ ငါတို့ ခွင့်ပြုမှာပါ"

လော့ယန်ကလည်း သာယာသောအသံဖြင့် ထပ်လောင်း ပြောဆိုလိုက်သည်။

ရှန်မိုကတော့ မည်သည့်အမူအရာမျှ မရှိပေ။ သူတို့ စကားပြောနေစဉ်အတွင်း ထိုအမျိုးသမီးနှစ်ဦးမှာ ဝိညာဉ်ဖမ်းစားခြင်း ပညာရပ်ကို တိတ်တဆိတ် အသုံးပြုနေခြင်း ဖြစ်သည်။ စိတ်ဓာတ်ပျော့ညံ့သူများဆိုပါက သူတို့၏ စကားကို ကြားရုံနှင့်ပင် မိန်းမောသွားကာ ရုပ်ရောစိတ်ပါ အညံ့ခံမိပေလိမ့်မည်။ သို့သော် ရှန်မိုကမူ အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိပေ။

သူတို့၏ ဘဝမှတ်တမ်းများကို ဖတ်ရှုပြီးနောက် ရှန်မို တစ်ခုခုကို သတိရသွားသည်။ ချန်ယွီနှင့် လော့ယန်တို့မှာ ဒုတိယဂူအရှင်သခင်က ယင်းစန်းဟွာ၏ ဘေးနားတွင် သူလျှိုအဖြစ် ထားခဲ့သူများ ဖြစ်သည်။ ယင်းစန်းဟွာမှာလည်း ထိုနှစ်ယောက်ကို ယွဲ့ရှင်းလူ၏ လက်ဖြင့် ရှင်းပစ်ရန် ကြံစည်ထားပြီးသား ဖြစ်လေ၏။ သို့သော် အစောပိုင်း တိုက်ပွဲတွင် ထိုနှစ်ယောက်မှာ ပါးနပ်စွာဖြင့် ရှေ့တန်းသို့ လုံးဝ မထွက်ခဲ့ကြပေ။ ရှန်မိုအနေဖြင့် ဤအချက်ကို အခွင့်ကောင်းယူနိုင်သည်။

သူ သိထားသည်မှာ ရွှေစာမျက်နှာပေါ်က ဝိညာဉ်အာရုံ အမှတ်အသားသည် အလွယ်တကူ ဖျက်ဆီး၍ ရသောအရာ မဟုတ်ပေ။ ယင်းစန်းဟွာ သူ့နောက်ကို မလိုက်လာလျှင်ပင် နောက်ပိုင်းတွင် အခြားဂူအရှင်သခင်များ သေချာပေါက် လိုက်လာပေလိမ့်မည်။ ထိုအခါတွင် ပို၍ အစွမ်းထက်သော ရန်သူများနှင့် ရင်ဆိုင်ရပေလိမ့်မည်။ ထို့ကြောင့် ၎င်းကို ရှောင်လွှဲရန်အတွက် ယင်းစန်းဟွာနှင့် ပြန်လည် စေ့စပ်ညှိနှိုင်းနိုင်မည့် အခွင့်အရေးကို သူ ရှာဖွေရပေမည်။

ချန်ယွီနှင့် လော့ယန်တို့မှာ ထိုသို့ စေ့စပ်ရန်အတွက် အကောင်းဆုံးသော အပေးအယူ ပစ္စည်းများ ဖြစ်လာပေလိမ့်မည်။

ချန်ယွီနှင့် လော့ယန်တို့မှာလည်း အတော်လေး အံ့ဩသွားကြ၏။ သူတို့ ကျင့်ကြံထားသော ဝိညာဉ်အရည်ပျော် အနုပညာမှာ အမျိုးသားကျင့်ကြံသူများအပေါ် အထူး ထိရောက်သည်။ ရွှေယင်ဂူထဲမှ အမျိုးသားများပင်လျှင် ၎င်းကို တွန်းလှန်နိုင်ခဲလှ၏။ သို့သော် ဤလူမှာ ဘာကြောင့် သူတို့၏ ဆွဲဆောင်မှုအောက်တွင် လုံးဝ သက်ရောက်မှု မရှိဘဲ ဖြစ်နေရသနည်း။

ထိုစဉ်မှာပင် အလင်းတန်းအချို့ ကောင်းကင်ယံသို့ ပျံတက်လာပြီး ချန်ယွီနှင့် လော့ယန်တို့ဆီသို့ ပစ်လွှတ်လိုက်သည်။ ထိုအမျိုးသမီးနှစ်ဦးမှာ အမြန်ပင် ရှောင်တိမ်းလိုက်ကြပြီး ရောက်ရှိလာသူ သုံးဦးကို သံသယဖြင့် ကြည့်လိုက်ကြသည်။

"ရွှေယင်ဂူက အလုပ်ကိစ္စ လုပ်နေတာ… ပြင်ပလူတွေ ဝင်မပါနဲ့"

လော့ယန်မှ အေးစက်စွာ သတိပေးလိုက်သည်။

ရှေ့ဆုံးမှ ထိပ်ပြောင်လူကြီးသည် ရယ်မောရင်း

"ငါကတော့ ရွှေယင်ဂူကို ကြည့်မရဆုံးပဲ… ညီအစ်ကိုတို့... ချလိုက်ကြစို့”

သူ၏နောက်မှ အဖြူရောင်ဝတ်စုံနှင့် သခင်လေးကလည်း သူ၏ ယပ်တောင်ကို ခပ်ဖွဖွ ခတ်လိုက်ရင်း ပြုံးလျက်

"ကျုပ်မျိုးရိုး 'ပိုင်' ကတော့ အမြဲတမ်း တရားမျှတမှုကို မြတ်နိုးသူပါ… ရွှေယင်ဂူလို နတ်ဆိုးဂိုဏ်းက ကျင့်ကြံဖော်တစ်ယောက်ကို လိုက်ဖမ်းနေတာ မြင်ရတာကိုတော့ ကျုပ် ဘယ်လိုမှ လက်ပိုက်မကြည့်နိုင်ဘူး"

ထို့နောက် သိမ်မွေ့သော အမျိုးသမီးငယ်လေးက ရှန်မိုဘက်သို့ မျက်စိတစ်မှိတ် ပြလိုက်ရင်း "အသည်းလေး... ငါတို့ မင်းအသက်ကို ကယ်ပေးရင် ငါနဲ့အတူ တစ်ညလောက် အတူကျင့်ကြံမလား"

ထိပ်ပြောင်လူကြီးနှင့် သခင်လေးတို့မှာ မှင်တက်သွားကြပြီး အနေရခက်စွာဖြင့် နှုတ်ခမ်းကို သပ်လိုက်ကြသည်။

ရှန်မိုလည်း ဆွံ့အသွားမိ၏။

သူကတော့ ဤလူများကို မသိဟုပင် ထင်နေမိသည်။

ဘာကြောင့် သူတို့က သူ့ကို ရုတ်တရက် ကူညီကြရသနည်း။

သူတို့ သုံးဦး၏ ဘဝမှတ်တမ်းများကို ဖတ်ရှုလိုက်သည့် အခါမှသာ ရှန်မို တအံ့တဩ ဖြစ်သွားတော့သည်။

ဘုရားသခင်!

သူတို့မှာ ကျန်းချန်ဟိန်း၊ လျိုယွန့်ထျန်း နှင့် ဝေကျင်ချန် တို့ပင် ဖြစ်ကြသည်။ တစ်စုံတစ်ခုသော အကြောင်းကြောင့် သူတို့၏ ရုပ်ရည်မှာ လုံးဝ ပြောင်းလဲသွားပြီး အငွေ့အသက်များမှာလည်း ဖုံးကွယ်ထားကြ၏။ အထူးသဖြင့် ဝေကျင်ချန်၏ သရုပ်ဆောင်မှုမှာ အလွန်ပင် ပီပြင်လှသဖြင့် တကယ့် အတူကျင့်ကြံခြင်း ပညာရပ် ကျွမ်းကျင်သော အမျိုးသမီးတစ်ဦးနှင့်ပင် မခြားပေ။

ပြန်လည် စဉ်းစားကြည့်သည့်အခါတွင်မူ ရှန်မို ဘာဖြစ်ခဲ့သလဲဆိုသည်ကို အကြမ်းဖျင်း သိလိုက်ရသည်။ နေသွေးဓားဂိုဏ်းတွင် အရိပ်မဲ့နတ်ဝတ်ရုံဟု ခေါ်သော ရတနာတစ်ခုရှိကြောင်း သူ ကြားဖူးသည်။

ဤရတနာမှာ လုပ်ကြံခြင်း၊ ချောင်းမြောင်း တိုက်ခိုက်ခြင်းနှင့် ခိုးယူခြင်းတို့အတွက် အကောင်းဆုံး ဖြစ်သည်။ သို့သော် ၎င်းကို ပြုလုပ်ရန် အလွန်ခက်ခဲလှသည်။ ဝတ်ရုံတစ်ခုကို သုံးကြိမ်သာ အသုံးပြုနိုင်ပြီး နောက်ပိုင်း ပျက်စီးသွားတတ်သည်။ ထိုကန့်သတ်ချက်ကြောင့် ၎င်းကို အမြောက်အမြား မထုတ်လုပ်နိုင်ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက နေသွေးဓားဂိုဏ်းမှာ ဤရတနာကို အသုံးပြုကာ လော့ရှင်းပင်လယ်ပြင်နှင့် မုန်တိုင်းမိုးကြိုးပင်လယ်ပြင် တစ်ခုလုံးကို သိမ်းပိုက်ပြီးသား ဖြစ်ပေလိမ့်မည်။

ရှန်မို၏ နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။

ဤလူမျိုးများမှာ အမှန်တကယ်ပင် ခင်မင်ထိုက်သော သူများ ဖြစ်ကြသည်။ သူငယ်ချင်း အန္တရာယ်ကြုံတွေ့နေသည်ကို မြင်ရသည့်အခါ သူတို့သည် တွန့်ဆုတ်မနေဘဲ အရိပ်မဲ့နတ်ဝတ်ရုံကို ဝတ်ဆင်ကာ ဝင်ရောက် ကူညီခဲ့ကြသည်။ သစ္စာရှိသလို ပါးလည်း ပါးနပ်ကြသူများ ဖြစ်၏။

အခြေအနေကို ကြည့်ပြီး ရှန်မိုကလည်း သူတို့နှင့်အတူ ဟန်ဆောင် ကစားပေးရန် ဆုံးဖြတ်လိုက်သည်။

သူ ကျေးဇူးတင်သော အမူအရာဖြင့်

"ကျင့်ကြံဖော်တို့ကို ကျေးဇူးအများကြီး တင်ပါတယ်”

ထို့နောက် ဝေကျင်ချန်ကို ကြည့်ကာ အနေခက်သော အမူအရာဖြင့်

"အတူကျင့်ကြံဖို့ကတော့... မလိုတော့ပါဘူး… ကျုပ်မှာ လက်တွဲဖော် ရှိပြီးသားမို့လို့ပါ"

ဝေကျင်ချန်က စိတ်ပျက်သွားဟန်ဖြင့်

"နှမြောစရာပဲ... တကယ် နှမြောစရာပဲ"

"ချကြစို့ ညီအစ်ကိုတို့!"

ကျန်းချန်ဟိန်းမှာ ရယ်မောလိုက်ရင်း သူ၏ စိတ်ဝိညာဉ်စွမ်းအားများကို စုစည်းကာ လက်ဝါးကြီးတစ်ခုဖြင့် ရိုက်ချလိုက်သည်။ လျိုယွန့်ထျန်းကလည်း ထပ်ချပ်မကွာ လိုက်ပါကာ သူ၏ ဝိညာဉ်ပုံရိပ်ကို အသုံးမပြုဘဲ သိုင်းပညာများကိုသာ အသုံးပြု၍ တိုက်ခိုက်သည်။ ၎င်းက သူတို့၏ တိုက်ခိုက်နိုင်စွမ်းကို သိသိသာသာ လျော့နည်းစေသော်လည်း ချန်ယွီနှင့် လော့ယန်တို့ကို ဒုက္ခပေးရန်နှင့် ရှန်မိုနောက်ကို မလိုက်နိုင်အောင် ဟန့်တားထားရန်အတွက်မူ လုံလောက်လှသည်။

ထိုအမျိုးသမီးနှစ်ဦးမှာ ဒေါသထွက်နေကြသော်လည်း ပြန်လည် ခုခံရန်မှတစ်ပါး အခြားမရှိပေ။ ခဏအကြာတွင် ကျန်းချန်ဟိန်းသည် ထူးဆန်းစွာ ရယ်မောလိုက်ရင်း

"သွားကြစို့… သွားကြစို့!"

ထိုသို့ပြော၍ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ သုံးဦးစလုံး သဲလွန်စမရှိ ပျောက်ကွယ်သွားကြသည်။

ချန်ယွီနှင့် လော့ယန်တို့ လှည့်ကြည့်လိုက်သည့် အခါတွင်မူ ရှန်မိုမှာလည်း မရှိတော့ပေ။

"တောက်… ဒီလေးယောက်က တစ်ဖွဲ့တည်း ဖြစ်မှာပဲ! ဟိုသုံးယောက်က ငါတို့ကို တမင် အချိန်ဆွဲထားတာ” ချန်ယွီ အံကြိတ်ကာ ပြောလိုက်သည်။

"သူ့နောက်ကို ဆက်လိုက်ကြရအောင်… သူ့ဆီမှာ ရွှေစာမျက်နှာ ရှိနေဖို့ များတယ်… လေလံဆောင်ထဲမှာတုန်းက ယင်းစန်းဟွာက သူရှိနေတဲ့ ကောင်းကင်အဆင့် သီးသန့်အခန်းကို အထူးတလည် ကြည့်နေတာ"

လော့ယန်မှ လေသံနှိမ့်ကာ ပြောလိုက်သည်။

ချန်ယွီသည် အသက်ပြင်းပြင်း ရှူလိုက်ရင်း

"ကောင်းပြီ... သွားကြမယ်"

ထို့နောက် သူတို့နှစ်ဦးစလုံး မြားတစ်စင်းကဲ့သို့ အရှိန်ပြင်းစွာ ထွက်ခွာသွားကြတော့သည်။ သူတို့ ဖြတ်သန်းသွားသော နေရာတိုင်းတွင် ပင်လယ်ရေမျက်နှာပြင်မှာ ကွဲအက်သွားပြီး အချိန်အတော်ကြာသည့်တိုင် ပြန်မစေ့နိုင်ဘဲ ဖြစ်နေတော့သည်။

Chapter 615: မင်းတို့ ဘာလုပ်နိုင်လဲ

ခြောက်ကပ်နေသော ပင်လယ်ကျွန်းစုတစ်ခု။ မြေပြင်ပေါ်တွင် ဟောင်းလောင်းဖြစ်နေသော ကျောက်ဆောင်အချို့သာ ငေါထွက်နေသည်။ စိမ်းလန်းစိုပြည်သော သစ်ပင်ပန်းမန်ဟူ၍လည်း များများစားစား မတွေ့ရပေ။ အပေါ်ယံကောင်းကင်တွင်မူ အမည်မသိ မီးခိုးရောင် ပင်လယ်ပြင်ငှက်အချို့ ဝဲပျံနေကြသည်။ ၎င်းတို့၏ အော်ဟစ်သံများမှာ အက်ကွဲကာ နားမခံသာလှပေ။ သားကောင်ရှာနေသည်လား သို့မဟုတ် အဖော်ရှာနေသည်လား ဆိုသည်မှာလည်း မသေချာပေ။

ဝူး... ဝူး...

ကျော့ရှင်းသော ပုံရိပ်နှစ်ခုသည် တစ်ခုပြီးတစ်ခု ဆင်းသက်လာကြသည်။ သူတို့ ပတ်ဝန်းကျင်ကို သံသယစိတ်ဖြင့် အကဲခတ်လိုက်ကြ၏။ ၎င်းတို့မှာ အခြားသူမဟုတ်၊ ချန်ယွီနှင့် လော့ယန်တို့ပင် ဖြစ်သည်။

"ထူးဆန်းတယ်… ဒီကို ဆင်းသက်လိုက်တာနဲ့ အဲဒီလူရဲ့ အငွေ့အသက်က ပျောက်သွားတာပဲ"

ချန်ယွီ ခက်ထန်စွာ ပြောလိုက်သည်။

"ဒီနေရာက တစ်ခုခုတော့ မှားနေသလိုပဲ… ဒါက ဘာကျွန်းလဲ"

လော့ယန်မှ လေသံနှိမ့်ကာ မေးလိုက်သည်။

ချန်ယွီ ခေါင်းခါပြ၏။ သူတို့သည် အတွင်းပင်လယ်ပြင်တွင်သာ အကြာကြီး ကျင့်ကြံခဲ့ကြသူများဖြစ်ပြီး ပြင်ပပင်လယ်ပြင်သို့ ထွက်လာခဲလှသည်။ ပြင်ပပင်လယ်ပြင်တွင် အနည်းဆုံး နယ်မြေပေါင်း တစ်ဆယ့်ရှစ်ခု ရှိသည်။ ကျွန်းပေါင်းများစွာမှာ ကောင်းကင်က ကြယ်များကဲ့သို့ ပြန့်ကျဲနေသဖြင့် ရေတွက်၍ပင် မကုန်နိုင်ပေ။ အထွတ်အထိပ်အဆင့် ပညာရှင်တစ်ဦးပင်လျှင် ကျွန်းအားလုံးကို မှတ်မိရန် မဖြစ်နိုင်ပေ။ ဓမ္မအမှတ်အသား ၄၀ စီသာရှိသော နိဗ္ဗာန်အဆင့် ကျင့်ကြံသူများဖြစ်သည့် သူတို့အတွက်မူ ပြောနေစရာပင် မလိုတော့ပေ။

"သူ ငါတို့ကို တမင် သွေးဆောင်ခေါ်လာတာများလား"

ချန်ယွီ မျက်မှောင်ကြုတ်လိုက်သည်။

လော့ယန်မှာ တခိခိ ရယ်မောလိုက်ပြီး

"မင်း အတွေ့အကြုံ များနေပါပြီ… သူက လော့ရှင်းပင်လယ်ပြင်က အဆင့်နိမ့် ကျင့်ကြံသူတစ်ယောက်ပဲဟာကို… ငါ့အထင်တော့ သူ့ရဲ့ ဓမ္မအမှတ်အသားက ၂၀ တောင် ပြည့်ပါ့မလားပဲ… သူ ငါတို့ကို ဒီလိုနေရာမျိုး ခေါ်လာခဲ့ရင်တောင် ဘာဖြစ်လဲ… ဓမ္မအမှတ်အသား ၂၀ ပဲရှိတဲ့ နိဗ္ဗာန်အဆင့် ကျင့်ကြံသူက ငါတို့ကို သတ်ချင်လို့လား"

ချန်ယွီ အသာအယာ ခေါင်းငြိမ့်လိုက်သည်။ ၎င်းမှာ ယုတ္တိရှိပေ၏။ ပြင်ပပင်လယ်ပြင်မှ ကျင့်ကြံသူများသည် ယေဘုယျအားဖြင့် အားနည်းကြသည်။ ထိုလူမှာလည်း ရင့်ထျန်းဟောက်၊ ယွဲ့ပိုင်ဖုန်း သို့မဟုတ် ဝမ်ချန်ဖူ တို့ကဲ့သို့ ဂိုဏ်းချုပ်အဆင့် ပုဂ္ဂိုလ်မျိုး မဟုတ်သည်မှာ ထင်ရှားသည်။ ထို့ကြောင့် သူ၏ ကျင့်ကြံမှုမှာ အလွန်အမင်း မြင့်မားနိုင်ခြေ မရှိပေ။ ဖြစ်နိုင်ခြေ အရှိဆုံးမှာ သူသည် အသည်းအသန်ဖြစ်နေပြီး ဤကျွန်းတွင် ပုန်းအောင်းကာ လွတ်မြောက်ရန် ကြိုးစားနေခြင်းပင် ဖြစ်လိမ့်မည်။

ထိုစဉ်မှာပင် သူတို့ပတ်ဝန်းကျင်ရှိ မြေပြင်မှာ တုန်ခါလာတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အလင်းတိုင်တစ်ခု အပေါ်သို့ ထိုးတက်လာပြီး သူတို့နှစ်ဦးစလုံးကို ပိတ်ဆို့ထားသည့် မြင့်မားသော အလင်းတံတိုင်းကြီး ဖြစ်ပေါ်လာ၏။

သူတို့နှစ်ဦး သတိပြုမိချိန်တွင် အစီအရင် တစ်ခုအတွင်း ပိတ်မိနေခဲ့ပြီ ဖြစ်သည်။

"ဒါက ဘာအင်းကွက်လဲ”

ချန်ယွီ၏ မျက်နှာမှာ အလွန်ပျက်သွားသည်။ သူ၏ ဓားပျံကို ထိန်းချုပ်ကာ တိုက်ခိုက်လိုက်သော်လည်း အလင်းတံတိုင်းက အလွယ်တကူပင် ပြန်လည် တွန်းကန်လိုက်၏။

လော့ယန် ခေါင်းခါလိုက်ပြီး

"ဒါက ကောင်းကင်အဆင့် အထွက်အထိပ် မြေပြင်တားဆီး ကောင်းကင်ပိတ်ဆို့ခြင်း အင်းကွက်ပဲ… ဒါက တိုက်ခိုက်တဲ့ အင်းကွက်မဟုတ်ဘူး… သက်ရှိအားလုံးကို အတွင်းထဲမှာပဲ ပိတ်လှောင်ထားတဲ့ အင်းကွက်မျိုးပဲ"

ချန်ယွီ၏ မျက်နှာမှာ ပို၍ ခက်ထန်သွားသည်။ ဤလူသည် ခြောက်ကပ်နေသော ကျွန်းပေါ်သို့ ကြိုတင်ရောက်ရှိနေပြီး ကောင်းကင်အဆင့် အထွက်အထိပ် အင်းကွက်ကိုပင် ခင်းကျင်းထားနိုင်သည်ဆိုကတည်းက သာမန်ကျင့်ကြံသူ မဟုတ်သည်မှာ သိသာလှသည်။

"ငါတို့ကို ပိတ်မိအောင် လုပ်နိုင်ရင်ရော ဘာဖြစ်လဲ… သူက ငါတို့ကို သတ်နိုင်လို့လား"

ချန်ယွီ နှာခေါင်းရှုံ့လိုက်သည်။

ဤအင်းကွက်မှာ ဖျက်ဆီးရန် ခက်ခဲလှသည်မှာ မှန်သော်လည်း သူတို့သာ ဖြည်းဖြည်းချင်း တိုက်ခိုက်သွားမည်ဆိုပါက နောက်ဆုံးတွင် အင်းကွက်၏ စွမ်းအင်ကုန်ခမ်းသွားပြီး ပြိုလဲသွားမည်သာ ဖြစ်သည်။

"ငါ ခင်ဗျားတို့ကို သတ်မှာမဟုတ်ဘူး"

ရှန်မို၏ သာယာသောအသံမှာ ရုတ်တရက် ထွက်ပေါ်လာသည်။

သူသည် လေထဲတွင် ပေါ်လာပြီး သူတို့နှစ်ဦးကို အထက်မှနေ၍ ငုံ့ကြည့်နေ၏။

"ခင်ဗျားတို့ကို သတ်ဖို့က လွယ်ပါတယ်… မသတ်ဘဲ ထားတာကမှ ငါ့အတွက် ပိုအသုံးဝင်လိမ့်မယ်"

ရှန်မို ခပ်ပါးပါး ပြုံးလိုက်သည်။

သူ့တွင် ယခုအခါ ဓမ္မအမှတ်အသား ၄၂ ခု ရှိပြီး ဤအမျိုးသမီးနှစ်ဦးမှာလည်း ထိုပမာဏဝန်းကျင်တွင်သာ ရှိကြပေလိမ့်မည်။ သို့သော် သူ၏ ဝိညာဉ်ပုံရိပ်၊ ကျင့်စဉ်၊ သိုင်းပညာနှင့် စိတ်ဝိညာဉ်လက်နက်များမှာ အားလုံး ထိပ်တန်းအဆင့်များ ဖြစ်ကြသည်။ ထို့ပြင် သူ့တွင် လောက၏ နတ်ဘုရားပစ္စည်းဖြစ်သော ထာဝရမီးလျှံလည်း ရှိနေသေးသည်။ အဆင့်တူ ကျင့်ကြံသူနှစ်ဦးကို တစ်ပြိုင်တည်း ရင်ဆိုင်ရန်မှာ သူ့အတွက် စိန်ခေါ်မှု မဟုတ်ပေ။ အကယ်၍ ဤမျှကိုပင် သူ မလုပ်နိုင်ပါက သူ ရရှိခဲ့သမျှသော ကံကောင်းမှုများမှာ ခွေးကျွေးလိုက်သည်နှင့် မခြား ဖြစ်ပေလိမ့်မည်။

"ရယ်စရာပဲ"

"ပြင်ပပင်လယ်ပြင်က ကျင့်ကြံသူလေးက ငါတို့ကို ဒီလို စကားကြီးစကားကျယ်တွေ ပြောရဲတယ်ပေါ့"

ချန်ယွီမှ လှောင်ပြောင်လိုက်သည်။

သူ ရှန်မိုကို အနည်းငယ်မျှပင် အလေးမထားပေ။

လော့ယန်၏ မျက်လုံးများထဲတွင်မူ အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး

"မင်းမှာ သတ္တိရှိရင် အထဲကို ဝင်ခဲ့လေ"

၎င်းမှာ ရန်စနေခြင်းဖြစ်ကြောင်း ရှန်မို သိပါသည်။ သို့သော် သူ ဝင်ရန်သာ ဆုံးဖြတ်ထား၏။

"ငါ ဝင်လာပြီ ခင်ဗျားတို့ ဘာလုပ်မလဲ"

သူက လေထဲတွင် ဝဲပျံနေရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်းကို သတ်မှာပေါ့"

ချန်ယွီနှင့် လော့ယန်တို့ တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြသည်။

ဓားပျံ နှစ်လက်… တစ်လက်က အေးစက်ပြီး တစ်လက်က မီးလျှံများ တောက်လောင်နေသည်မှာ ဒေါသထွက်နေသော နဂါးနှစ်ကောင်ကဲ့သို့ အရှိန်ပြင်းစွာ ပြေးထွက်သွားကြသည်။ ဓားပျံများမှာ လေထုကို ဖြတ်သန်းသွားသဖြင့် စူးရှသောအသံများ ထွက်ပေါ်လာ၏။ ရှန်မိုထံသို့ မရောက်မီမှာပင် ပြင်းထန်သော ဖိအားများက ထိုနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။ သာမန် နိဗ္ဗာန်အဆင့် ကျင့်ကြံသူသာဆိုပါက ထိုဓားပျံ နှစ်လက်၏ ပူးပေါင်းဖိအားအောက်မှာတင် လဲပြိုသွားပေလိမ့်မည်။

သို့သော် ရှန်မိုကမူ တည်ငြိမ်နေပြီး ကြောက်ရွံ့ခြင်း မရှိပေ။ ထိုအမျိုးသမီးနှစ်ဦး၏ ညှပ်ပိတ်တိုက်ခိုက်မှုကို ရင်ဆိုင်ရန် သူ လက်သီးကိုသာ အသာအယာ မြှောက်လိုက်သည်။

"ကောင်းပြီ… ဒီသိုင်းပညာသစ်ကို ခင်ဗျားတို့နဲ့ပဲ စမ်းသပ်ကြည့်ရတာပေါ့"

ရှန်မို ပြုံးလိုက်သည်။

ကောင်းကင်ယံသို့ ဟိန်းဟောက်နေသော ရှေးဦးဆင်ရိုင်းကြီး တစ်ကောင်၏ ဝိညာဉ်ပုံရိပ်သည် သူ၏နောက်တွင် ရုတ်တရက် ပေါ်လာ၏။ နောက်တစ်ခဏမှာပင် ကောင်းကင်ကြီးကို အပိုင်းပိုင်း ချေမှုန်းနိုင်လောက်သော ကြီးမားလှသည့် လက်သီးကြီးတစ်လုံး အရှိန်အဟုန်ဖြင့် ကျဆင်းလာတော့သည်။ ထိုလက်သီးကြီး၏ မျက်နှာပြင်ပေါ်တွင် စိမ်းမြသော နဂါးအကြေးခွံများ စိပ်စိပ်လေး ဖုံးလွှမ်းနေ၏။ အတွင်းမှလည်း နဂါးဟိန်းသံသဲ့သဲ့ ထွက်ပေါ်နေသည်။

ထိုလက်သီး၏ တိုက်ခိုက်နိုင်စွမ်းမှာ အလွန်ပင် ကျယ်ပြောလှသည်။

ချန်ယွီနှင့် လော့ယန်တို့မှာ မီတာငါးရာကျော် ကွာဝေးနေကြသော်လည်း သူတို့နှစ်ဦးစလုံး ပြင်းထန်သော အသက်အန္တရာယ်ကို တစ်ပြိုင်တည်း ခံစားလိုက်ရသည်။

"ဒါက ဘာသိုင်းပညာလဲ"

သူတို့၏ နှလုံးသားများ ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။

ရွှေယင်ဂူတွင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း ဤမျှအထိ ဗိုလ်ကျစိုးမိုးနိုင်သော သိုင်းပညာမျိုးကို သူတို့ တစ်ခါမျှ မကြုံဖူးပေ။ မီးလျှံနဂါးဆောင်မှ နဂါးမျိုးနွယ်စုဝင်များ တိုက်ခိုက်သည်ကို သူတို့ မြင်ဖူးသော်လည်း ဤမျှအထိ ပြင်းထန်လှသော နဂါးအာဏာမျိုးကိုမူ မတွေ့ဖူးပေ။ ယခုအခါတွင် သူတို့မှာ တကယ့် သက်ရှိထင်ရှား နဂါးစစ်စစ်တစ်ကောင်က လက်သီးဖြင့် ထိုးလိုက်သကဲ့သို့ ခံစားနေရခြင်း ဖြစ်သည်။

နဂါးစစ်စစ်... နဂါးစစ်စစ်...

ချန်ယွီ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး သူ ထိတ်လန့်တကြီး အော်ဟစ်လိုက်သည်။

"ဒါက နဂါးစစ်စစ် သိုင်းပညာလား"

လော့ယန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး "မဖြစ်နိုင်ဘူး… နဂါးစစ်စစ် သိုင်းပညာတွေက နဂါးမျိုးနွယ်စုရဲ့ အမြင့်ဆုံး လျှို့ဝှက်ချက်တွေလေ… အပြင်ကို ဘယ်လိုလုပ် ပေါက်ကြားမှာလဲ… ပြီးတော့ လူသားကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ် သင်ယူနိုင်မှာလဲ"

နဂါးမျိုးနွယ်စု၏ ပညာရပ်များကို အမျိုးအစား နှစ်မျိုး ခွဲခြားထားသည်။ ပထမအမျိုးအစားမှာ သာမန်နဂါးပညာရပ်များ ဖြစ်သည်။ ၎င်းတို့မှာ နဂါးသွေးပါသူများ သို့မဟုတ် သွေးမသန့်သော နဂါးများအတွက် သင့်တော်၏။ ဒုတိယအမျိုးအစားမှာမူ နက်နဲဆန်းကြယ်သော ပညာရပ်များ ဖြစ်သည်။ ၎င်းတို့မှာ အလွန်မြင့်မားသော သွေးမျိုးဆက် သန့်စင်မှုနှင့် နားလည်နိုင်စွမ်း ရှိရန် လိုအပ်ပြီး နဂါးစစ်စစ်များသာ ကျင့်ကြံနိုင်လေသည်။ ထို့ကြောင့် ထိုပညာရပ်များကို နဂါးစစ်စစ် ကျင့်စဉ် နှင့် နဂါးစစ်စစ် သိုင်းပညာ ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။

သာမန်နဂါးများ သို့မဟုတ် တခြားမျိုးနွယ်စုများမှာ ၎င်းကို နားလည်ရန်ပင် မဖြစ်နိုင်ပေ။ နဂါးစစ်စစ် ဆိုသော နာမည်ကိုယ်တိုင်ကပင် လောကတစ်ခုလုံး၏ ရိုသေမှုကို ခံရသော အမည်ဖြစ်သည်။ သို့သော် သူတို့ရှေ့က လူမှာ နဂါးစစ်စစ်များသာ ကျင့်ကြံနိုင်သော သိုင်းပညာကို အသုံးပြုနေသည် မဟုတ်ပါလား။

သူတို့ မည်သို့မျှ မအံ့ဩဘဲ မနေနိုင်ကြပေ။

"ခင်ဗျားတို့ သိတာ နည်းနည်း နောက်ကျသွားပြီ"

"ဒီလက်သီးကို ခံနိုင်ရည် ရှိ၊ မရှိ ကြည့်ကြရအောင်"

ရှန်မို ခပ်ပါးပါး ပြုံးလိုက်ပြီး လက်သီးမှာ ကျဆင်းလာခဲ့ပြီ ဖြစ်သည်။

၎င်းမှာ အခြားမဟုတ်။

သူတော်စင်အဆင့် နဂါးစစ်စစ် သိုင်းပညာဖြစ်သော စိမ်းမြနဂါးလက်သီးပင် ဖြစ်သည်။

ဒိုင်း— ဒိုင်း— ဒိုင်း။

ပြင်းထန်သော နဂါးအာဏာမှာ အောက်သို့ ဟိန်းဟောက် ကျဆင်းလာသည်။ မိုးသည်းထန်စွာ ရွာသွန်းနေသကဲ့သို့ပင်။ အင်းကွက်အတွင်းရှိ မြေပြင်လက်မတိုင်းမှာ နဂါးအာဏာ၏ ဖိအားနှင့် ကြောက်မက်ဖွယ် လက်သီးလေလှိုင်းများအောက်တွင် ဖုံးလွှမ်းသွားတော့သည်။

ဂွပ်!

ဓားပျံ နှစ်လက်မှာ စိမ်းမြနဂါးလက်သီး၏ လက်ချက်ဖြင့် လွင့်စင်သွားတော့သည်။ ၎င်းတို့မှာ လေထဲတွင် အက်ကွဲသံသဲ့သဲ့ ထွက်ပေါ်လာပြီးနောက် အလင်းတံတိုင်းကို အရှိန်ဖြင့် ရိုက်မိကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။ မြေပေါ်ကျသွားသည့်အခါ ၎င်းတို့၏ တောက်ပမှုမှာလည်း မှေးမှိန်သွားခဲ့ပြီ ဖြစ်သည်။ ဓားများ ပြင်းထန်စွာ ထိခိုက်သွားသည်မှာ ထင်ရှားလှသည်။

ဝူး— ဝူး!

စိမ်းမြနဂါးလက်သီး၏ အရှိန်အဟုန်မှာ မရပ်တန့်ဘဲ ချန်ယွီနှင့် လော့ယန်တို့ဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။ ရှန်မို၏ ထံသို့လည်း အဆုံးမရှိသော သက်ရှိဓာတ် လှိုင်းလုံးကြီးများမှာ စီးဝင်လာကြသည်။ ခဏအတွင်းမှာပင် ထိုအမျိုးသမီးနှစ်ဦးမှာ

ဤတိုက်ခိုက်မှုသည် သူတို့ ပေါ့ပေါ့ပါးပါး ရင်ဆိုင်နိုင်သော အရာမဟုတ်ကြောင်း သိလိုက်ရ၏။ သူတို့ အော်ဟစ်လိုက်ကြရင်း ဝိညာဉ်ပုံရိပ်များကို ချက်ချင်းပင် ဆင့်ခေါ်လိုက်ကြသည်။

ချန်ယွီ၏ ခေါင်းပေါ်တွင် ဟင်းလင်းပြင်ထဲ၌ ကူးခတ်နေသော ကြီးမားသော ငါးကြီးတစ်ကောင် ပေါ်လာသည်။ လော့ယန်၏ ခေါင်းပေါ်တွင်မူ ကောင်းကင်ယံသို့ ပျံသန်းကာ အော်ဟစ်နေသော ပျံလွှားငှက်တစ်ကောင် ပေါ်လာသည်။ ဝိညာဉ်ပုံရိပ် နှစ်ခုစလုံးတွင် ဓမ္မအမှတ်အသား ၄၀ စီ ရှိကြ၏။ သူတို့တွင် ရှိသမျှ အင်အားအကုန် ထုတ်သုံးကာ ဝိညာဉ်ပုံရိပ်များကို ဆင့်ခေါ်ပြီး ခုခံရေးသိုင်းပညာများကို အသုံးပြုလိုက်ကြသည်။

သို့သော် ထိုလက်သီး ကျရောက်လာသည့်အခါ သူတို့ အားကိုးအားထားပြုရသော ခုခံမှုများမှာ အမှိုက်စများကဲ့သို့ပင် အပိုင်းပိုင်း ပြတ်တောက်သွားတော့သည်။ ပြင်းထန်သော အက်ကွဲသံကြီးလည်း ထွက်ပေါ်လာ၏။ စိတ်ဝိညာဉ်စွမ်းအင်များမှာ ကြယ်စင်များကဲ့သို့ လွင့်စင်သွားပြီး ပျောက်ကွယ်သွားတော့သည်။ ထိုအမျိုးသမီးနှစ်ဦးမှာ သွေးများ အန်ထုတ်လိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များမှာ နောက်သို့ လွင့်စင်သွားကာ အင်းကွက်၏ အလင်းတံတိုင်းကို ပြင်းထန်စွာ ရိုက်မိသွားကြသည်။ မျက်နှာများမှာလည်း သွေးဆုတ်ဖြူလျော့ကာ ချက်ချင်းပင် အရောင်မဲ့သွားကြတော့၏။

All Chapters