အခန်း (၇၁၂-၇၁၄)
Vol. 48 Ch. 712-714
အခန်း (၇၁၂) တကယ်လို့သာ ရှစ်စွမ်းသာ ဒီမှာရှိရင် မင်းတို့ တစ်ကြိမ်တောင် ခံနိုင်မှာမဟုတ်ဘူး
ဝူဝူနှင့် ကျီဖုန်းရှင်းတို့က နှစ်ယောက်သားကို တိတ်တဆိတ် ကြည့်နေကြသည်။ သူတို့က ထိုနှစ်ဦးသည် စုံစွမ်စိ ကစားနေသည်ကို အံ့အားသင့်နေမိ၏။ အကယ်၍ သူတို့သာ စိတ်မပူမိလျှင် အတော်လေးကို အံ့အားသင့်မိလိမ့်မည်။
အကယ်၍ ကြယ်ပျံအိမ်တော်က ပြဿနာ လာရှာလျှင် မိုးမခတစ်ထောင်ဘုရားကျောင်းက မည်သို့ ကျော်လွှားနိုင်မည်နည်း။
ထိုစဥ် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က ကစားနေကြသည်။ သုံးကြိမ်ပြီးသည့်နောက်တွင် ယွီရှန်းရုန်က အနိုင်ရရှိသွား၏။ သူက ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်” ကျေးဇူးပါ "
ယွီကျန့်ဟိုင်က လက်နောက်ပစ်လိုက်ပြီး ပြောလိုက်သည်” ငါက မင်းရဲ့ တာ့ရှစ်ရှိုးဆိုတော့ မင်းကို ဒီအခွင့်အရေးပေးတာ ပုံမှန်ပါပဲ "
ယွီရှန်းရုန်က သူအနိုင်ရရှိမှုနှင့် ကျေနပ်နေသည့်အတွက် ယွီကျန့်ဟိုင်နှင့် ဘာမှပြိုင်မပြောတော့ပေ။ သူက တိမ်အလင်းတောအုပ်အတွင်း တိုက်ပွဲဖြစ်စဥ်အခါကထက် ယခုအခါ ပိုမိုပျော်ရွှင်မိသည်။
ဝူဝူနှင့် ကျီဖုန်းရှင်းတို့က နှစ်ယောက်သားကို ကြည့်နေရင်း ဆွံ့အနေမိသည်။
ယွီကျန့်ဟိုင်က ဤနေရာတွင် စနေကတည်းက နှစ်ယောက်သားသည် စကားများလေ့ရှိသော်လည်း တခါမှ မတိုက်ခိုက်ကြပေ။ တစ်ယောက်က ကျွမ်းကျင်သည့် ဓားသမားတစ်ယောက် ဖြစ်စဥ် တစ်ယောက်ကမူ ကျွမ်းကျင်သည့် ဓားမော့ပညာရှင် တစ်ယောက် ဖြစ်၏။ သူတို့က မည်မျှပင် စကားများစေကာမူ အနိုင်ရရှိသူကို ဆုံးဖြတ်နိုင်ကြသည်။ ထိုကြောင့် သူတို့သည် ကျီဖုန်းရှင်းအား ဓားနှင့် ဓားမော့ကို သင်ပေးဖို့ ဆုံးဖြတ်လိုက်ကြသည်။
တခါတရံတွင် တခြားသူများက ထိုနှစ်ဦးသားသည် ဂိုဏ်းတူ ညီအစ်ကိုလား၊ သို့မဟုတ် ရန်သူလားဟုပင် ပြန်လည်စဥ်းစားမိလိမ့်မည်။
...
ရထားလုံးပျံပေါ်ရှိ ကျင့်ကြံသူများက မိုးမခတစ်ထောင်ဘုရားကျောင်းဆီ ရောက်ရှိလာကြသည်။
ထိုစဥ် မိုးမခတစ်ထောင်ဘုရားကျောင်း၏ တရားမျှတရေးခန်းမဆောင် အကြီးအကဲ ထျန်းပုကျိက တပည့်များကို ဦးဆောင်လျက် ပျံသန်းလာသည်။ သူတို့က အဆောက်အဦငယ်အား ကြည့်ကာ ရထားလုံးပျံဆီ ဦးညွတ်လိုက်ကြ၏။
" ကြယ်ပျံအိမ်တော်ကို ဘယ်ဆီနေရာကများ လာရောက်တာပါလဲ။ ကျုပ်တို့ဘက်က လစ်ဟာမှုရှိရင် နားလည်ပေးပါ"
ရထားလုံးပျံ၏ ပဲ့ထိန်းပေါ်တွင် ခါးကုန်းကုန်း လူတစ်ယောက်က လျှောက်လှမ်းလာသည်။ သူ့ဆံပင်များက မီးခိုးရောင်ဖြစ်နေပြီး အရပ်သိပ်မရှည်ပေ။
ထျန်းပုကျိက ဦးညွတ်လိုက်ပြီး " အော် … ဒါက အကြီးကဲလျန်ကိုး "
ရထားလုံးပျံ တည်ငြိမ်သွားသည့်အခါ ခါးကိုင်းနေသည့် လူအိုကြီးက ရထားလုံးပျံမှ ဆင်းသက်လာသည်။
ကြယ်ပျံအိမ်တော်မှ တပည့်ဒါဇင်ချီကလည်း ပျံသန်းလာကြပြီး လျန်ကျစ်တောက် နောက်တွင် တန်းစီရပ်လိုက်ကြသည်။
လျန်ကျစ်တောက်က လက်နောက်ပစ်ကာ အဆောက်အဦငယ်အား ကြည့်လိုက်ပြီးနောက် ထျန်းပုကျိဆီ အကြည့်ရောက်ရှိလာသည်။ ထို့နောက် သူကပြောလိုက်၏” ငါ ရှားချန်းချိုးနဲ့ စကားပြောချင်တယ် "
အကြီးကဲနှစ်ဦးက အသံလှိုင်းနည်းစနစ်ကို အသုံးပြု၍ ပြောနေသည့်အတွက် အဆင့်နိမ့် ကျင့်ကြံသူများက သူတို့၏ စိတ်အတွင်း ဆူဆူညံညံအသံများသာ ကြားနေရသည်။ ဤသည်က မသက်မသာ ဖြစ်လှ၏။
ထျန်းပုကျိက ပြုံလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်” အကြီးကဲလျန်က အဝေးကြီးက လာခဲ့ရတာ။ ဒီကို ဘာကိစ္စများ ရှိလို့ပါလဲ။ ကျောင်းထိုင်ဆရာတော်က သီးသန့်ကျင့်ကြံနေတုန်းဆိုတော့ ဧည့်သည်လက်မခံနိုင်သေးပါဘူး။ ကျုပ်ကို ကိုယ်စား ပြောခဲ့လို့ ရပါတယ်”
" အဲဒါက မတူဘူး "
" ဘယ်လိုလုပ် မတူတာလဲ "
" မင်းက အားနည်းလွန်းတယ် " လျန်ကျစ်တောက်က ပြောလိုက်သည်။
ထျန်းပုကျိက ပြောလိုက်၏” အကြီးအကဲလျန် ကျုပ်တို့နှစ်ယောက်လုံးက ကျင့်ကြံသူတွေပဲ။ စော်ကားနေဖို့ လိုလို့လား”
လျန်ကျစ်တောက်က ခေါင်းခါကာ " ကြယ်ပျံအိမ်တော်က မိုးမခတစ်ထောင်ဘုရားကျောင်းဆီမှာ တပည့်တွေအများကြီး ဆုံးရှုံးလိုက်ရတယ်။ အဲ့ဒါတောင် ဒီလိုကောင်းကောင်းမွန်မွန် ပြုမူဖို့ မျှော်လင့်နေတာလား။ ငါ့ဆီ အများကြီး တောင်းဆိုနေတာ မဟုတ်ဘူးလား”
" သူတို့ရဲ့ သေဆုံးမှုက မိုးမခတစ်ထောင်ဘုရားကျောင်းနဲ့ ဘာမှမဆိုင်ဘူး” ထျန်းပုကျိက ပြောလိုက်သည်။
" မင်းပြောချင်တိုင်း ပြောမနေနဲ့ " လျန်ကျစ်တောက်က ညာဘက်လက်ကို မြှောက်လိုက်၏။
တပည့်နှစ်ဦးက ရှေ့တက်စဥ် သူတို့၏ စိတ်ဝိညာဥ်သဏ္ဌာန်များကို ဆင့်ခေါ်လိုက်ကြသည်။
ဝှစ်
ဝှစ်
ပွင့်ချပ်ခုနစ်လွှာ အနီရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန်နှင့် ပွင့်ချပ်ရှစ်လွှာ အနီရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန်တို့ ထွက်ပေါ်လာသည်။
ထျန်းပုကျိနှင့် တခြားသူများက မျက်မှောင်ကြုတ်လိုက်ကြ၏။
" ငါက လုစုန့်နဲ့ ရွှမ်းမင် မဟုတ်ဘူး။ ငါတို့က အသိဉာဏ်ရှိတယ်။ ကွေ့ဝိုက်ပြောနေတော့ဘူး”
လျန်ကျစ်တောက်က သူ့ရည်ရွယ်ချက်အား ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။
" ကြယ်ပျံအိမ်တော်က မိုးမခတစ်ထောင်ဘုရားကျောင်းကို ပြဿနာလာရှာချင်တာလား "
" အဲ့လိုဆိုတော့ ဘာဖြစ်လဲ "
ထျန်းပုကျိက သူတို့ ရောက်ရှိနေသည့် အခြေအနေကို ကောင်းကောင်းသိထားလေသည်။ မြင့်တက်လာသည့် အင်အားစုကြီးများက အင်အားစုငယ်များကို သိမ်းပိုက်လေ့ရှိ၏။ ဝူဝူ၊ လုစုန့် သို့မဟုတ် ရွှမ်းမင် မရှိဘဲ ဖြစ်ပျက်လာမည့်ကိစ္စသာ ဖြစ်သည်။ သူက အနှေးနဲ့ အမြန် ရင်ဆိုင်ရမည်မှန်း သိထားလေ၏။
ထျန်းပုကျိ အနေနှင့် မမျှော်လင့်ထားသည့် တစ်ခုတည်းသောအရာမှာ ကြယ်ပျံအိမ်တော်က လျန်ကျစ်တောက်ကို လွှတ်လိုက်ခြင်းဖြစ်သည်။
လျန်ကျစ်တောက်က သက်ညှာခြင်းကင်းမဲ့ကာ ရက်စက်သည့်လူ ဖြစ်သည့်အတွက် နာမည်ကျော်ကြားသည်။ သူက တည့်တိုးသာ ပြုမူလေ့ရှိ၏။
ကြယ်ပျံအိမ်တော်က လျန်ကျစ်တောက်ကို ပို့ဆောင်လိုက်သည့်အချက်မှာမူ သူတို့က ရည်ရွယ်ချက်ကို ဖုံကွယ်တော့မည် မဟုတ်ကြောင်း သိသာလေသည်။
ထိုစဥ် ယွီရှန်းရုန်က အသာပျံသန်းလာသည်။ သူက ငှက်မွှေးလို ပေါ့ပါးစွာ ပျံသန်းလာရင်း ရပ်တန့်လိုက်ပြီး ယဥ်ယဥ်ကျေးကျေးပြောလိုက်၏။
” အားနာပါရဲ့။ တကယ်လို့ ကျုပ်ကို ဝင်ပြောခွင့်ပြုမယ်ဆိုရင်..."
ဝူဝူနှင့် ကျီဖုန်းရှင်းတို့က စိတ်လှုပ်ရှားနေကြသည်။ ထိုစဥ် ယွီရှန်းရုန်က ဤသို့ အပြုအမူမျိုးဖြင့် မည်သို့ ပြောနိုင်သနည်း။
မည်သို့ပင်ဆိုစေကာမူ လျန်ကျစ်တောက်က ယွီရှန်းရုန်အား တစ်ချက်ပင် ကြည့်မလာခဲ့ပေ။ သူက လက်တစ်ချက်သာ ဝေ့ရမ်းလိုက်၏။
ထိုအချက်မှုဖြင့် ပွင့်ချပ်ခုနစ်လွှာ ကျင့်ကြံသူက ကောင်းကင်မှ ဆင်းသက်လာသည်။
" မင်းကို ပြောထားပြီးပြီ။ ရှားချန်းချိုးကလွဲရင် မင်းတို့တွေက ငါနဲ့ပြောဖို့ အရည်အချင်း မပြည့်မီဘူး”
လျန်ကျစ်တောက်၏ အသံက ပျောက်ကွယ်သွားလေသည်။ ထိုစဥ် ပွင့်ချပ်ခုနစ်လွှာ အနီရောင်ကြာ ကျင့်ကြံသူက ကောင်းကင်မှ ဆင်းသက်လာပြီး စိတ်ဝိညာဥ်သဏ္ဌာန်ကို ဆင့်ခေါ်ကာ ယွီရှန်းရုန်ဆီ ရောက်ရှိလာသည်။ ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ ပြုံးနေပြီး မလှုပ်မယှက်နေနေသည်ကို မြင်ရသည်မှာ ထူးဆန်းလှသည်။ ထိုစဥ် သူ့စိတ်ထဲ ဖြစ်နိုင်ချေ မြောက်များစွာ ဖြတ်ပြေးသွား၏။
အဆုံးသတ်တွင် သူက ဖြစ်နိုင်ချေတချို့ကို တွေးလိုက်မိသည်။ တစ်ဖက်လူက လက်နက်ဖြင့် သူ့ကိုယ်သူ ကာကွယ်ခြင်း၊ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဆင့်ခေါ်ခြင်း သို့မဟုတ် လှည့်ကာ ထွက်ပြေးခြင်းတို့ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူက တစ်ဖက်လူအား သတ်ဖို့ သို့မဟုတ် ဒဏ်ရာ အပြင်းအထန်ပေးဖို့ရာ ပြင်ဆင်ထား၏။ ဤသည်က သူ့အနေနဲ့ တစ်ဖက်လူကို ခြေမွပစ်ဖို့ အခွင့်ကောင်း ဖြစ်ပေသည်။ ထိုလူက အတွေးများဖြင့် ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ပြောလိုက်သည်” ငါ လာပြီ။ သေလိုက်တော့ "
ယွီရှန်းရုန်က မလှုပ်ရှားပေ။
အနီရောင်ကျင့်ကြံသူက မျက်မှောင်ကြုတ်လိုက်သည်။ သူ မြင်တွေ့ရသည်က ယွီရှန်းရုန်နောက်တွင် တုန်ခါနေသည့် ဓားတစ်ချောင်းသာ ဖြစ်၏။ ထိုစဥ် သူက ယွီရှန်းရုန်အပေါ် ကျရောက်လာသည်။
ဝုန်း
ဓားက ဓားအိမ်မှ ထွက်လာစဥ် အနီရောင်အလင်းတန်းတစ်ချက်သာ ဖြတ်ပြေးသွားသည်။
ယွီရှန်းရုန်က သူ့ဓားကို ညာဘက်လက်ဖြင့် ကိုင်စွဲထားပြီး ဘယ်ဘက်ပုခုံးမှ ညာဘက်ဆီ ဝေ့ယမ်းလိုက်သည်။ သူ့ညာဘက်လက်မောင်းက ယခုအခါ ဘေးဘက်သို့ ကျရောက်သွားပြီ ဖြစ်၏။
ဘန်း
တိုက်ပွဲက အဆုံးသတ်သွားလေပြီ။ မကြာမြင့်ဘဲ တိုက်ပွဲက အဆုံးသတ်သွား၏။
ကြီးကြီးမားမား လှုပ်ရှားနေခြင်းမရှိသလို စွမ်းအင်များ ထုတ်သုံးထားခြင်းမျိုး မရှိပေ။ မလိုလားအပ်သည့် နည်းစနစ်မျိုးလည်း မရှိပေ။
အနီရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန်က နှစ်ပိုင်းပြတ်သွားသည်။
ပွင့်ချပ်ခုနစ်လွှာ ကျင့်ကြံသူက မျက်လုံးအပြူးသားဖြင့် သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို တုန်တုန်ယင်ယင်ဖြင့် ကြည့်နေလေသည်။ သူ့စိတ်ထဲ ဖြစ်နိုင်ချေမျိုးစုံ ဖြတ်ပြေးသွားသော်လည်း ဤသို့ ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု ထင်မထားမိပေ။
သူ့စိတ်ဝိညာဥ်သဏ္ဌာန်က ကြေမွသွားပြီး သူက ပြုတ်ကျလာသည်။ သူအနေနဲ့ သေစေလောက်သည့် ထိချက်မျိုး မဟုတ်သော်လည်း ဒဏ်ရာအပြင်းအထန် ရရှိသွားလေသည်။
...
တခြားသူများက ယွီရှန်းရုန်အား ကြည့်ရင်း အံ့အားသင့်နေကြသည်။
ယွီရှန်းရုန်က သူ့ညာဘက်လက်ကို နဂိုအနေအထားအတိုင်း ပြန်ထားလိုက်ပြီး ဓားအိမ်အတွင်း ပြန်လည်ထည့်သိမ်းလိုက်သည်။ သူက ညင်ညင်သာသာပြောလိုက်၏။
” ကျုပ်က ဒီဓားတစ်ချက်နဲ့ ကိုယ့်အသက်ကို ကာကွယ်လိုက်တယ်ဆိုတော့ နားလည်ဖို့ မျှော်လင့်ပါတယ်”
လျန်ကျစ်တောက်က ယွီရှန်းရုန်အား စူးစိုက်ကြည့်လိုက်သည်။ ပွင့်ချပ်ခုနစ်လွှာ ကျင်ကြံသူအား ဓားတစ်ချက်ဖြင့် နှိမ်နှင်းနိုင်သူမှာ မည်သို့ အားနည်းမည့်သူ ဖြစ်မည်နည်း။
" မင်းက ဘယ်သူလဲ "
ယွီရှန်းရုန်က လျန်ကျစ်တောက်၏ မေးခွန်းကို ပြန်မဖြေပေ။ ထို့အစား သူက ပြောလိုက်သည်။
” ကြယ်ပျံအိမ်တော်က ပြဿနာ လာရှာချင်တယ်ဆိုရင် မိုးမခတစ်ထောင်ဘုရားကျောင်းရဲ့ ဧည့်သည်ဖြစ်တဲ့ ကျုပ်က ဘာမှမလုပ်ဘဲ ဘယ်လိုလုပ် ထိုင်နေရမှာလဲ”
" အဲ့ဆိုတော့ အဲ့ဒီလူအိုကြီး ရှားချန်းချိုးက အကူအညီ ခေါ်ထားတာဘဲ။ မင်းက န၀မဘုံကျောင်းကလား” လျန်ကျစ်တောက်က မေးလိုက်သည်။
ယွီရှန်းရုန်က ခေါင်းခါလိုက်ပြီး " အဲ့ဒါက အရေးမကြီးပါဘူး။ ခင်ဗျားအတွက် အကြုံပြုချက် ရှိတယ်။ ဒါကို လိုက်နာမယ်လို့ မျှော်လင့်ပါတယ်”
" ဘာများလဲ " လျန်ကျစ်တောက်က သိချင်သည့်အမူအရာဖြင့် မေးလိုက်သည်။
" ခင်ဗျားတို့ လာရာကို ပြန်ပြီးတော့ မိုးမခတစ်ထောင်ဘုရားကျောင်းကို ပြဿနာမပေးတာ ကောင်းလိမ့်မယ်” သူက ခေတ္တမျှ ရပ်လိုက်ပြီးနောက် အတွေးတချို့ ထပ်တွေးကာ ပြောလိုက်၏။
” မိုးမခတစ်ထောင်ဘုရားကျောင်း ကိုယ်စား ကျေးဇူးတင်ပါတယ်”
" ... "
ဝူဝူနှင့် ကျီဖုန်းရှင်း " ... "
ယွီကျန့်ဟိုင်က ယွီရှန်းရုန်၏ အပြုအမူသည် ထူးဆန်းသည်ဟု မထင်မိပေ။ သူက ပျင်းရိစွာဖြင့် ခေါင်းအသာယမ်းလိုက်၏။
လျန်ကျစ်တောက်က ယွီရှန်းရုန်အား စိုက်ကြည့်ကာ " မင်း .. မင်းက ဘယ်သူလဲ "
တာ့ထန်တွင် ကြယ်ပျံအိမ်တော်ကို စိန်ခေါ်ရဲသည့်သူ များများစားစားမရှိပေ။
" ကျုပ် တစ်ယောက်တည်းက လုံလောက်နေပြီ " ယွီရှန်းရုန်က တည်ငြိမ်စွာ ပြောလိုက်၏။
" ... "
ကြယ်ပျံအိမ်တော်ရှိ တပည့််များက ယွီရှန်းရုန်၏ စကားကို ကြားသည့်အခါ ဒေါသထွက်လာကြသည်။
" ကောင်းပြီ " လျန်ကျစ်တောက်က ထျန်းပုကျိအား လုံးဝလျစ်လျူရှုထားသည်။ သူ့အာရုံအားလုံးက ယွီရှန်းရုန်အပေါ်သာ ရှိ၏။ ယွီရှန်းရုန်၏ ယဥ်ယဥ်ကျေးကျေး အပြုအမူကြောင့် သူက ပိုမိုဒေါသထွက်နေမိသည်။ သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်ငွေ့များလည်း ထွက်ပေါ်နေ၏။
" န၀မဘုံကျောင်းရဲ့ ကျောင်းတိုင်သခင် ရောက်နေရင်တောင် ကြယ်ပျံအိမ်တော်ကို လက်လွတ်စပယ် မရင်ဆိုင်ရဲဘူး။ အခု အငြိုးတရား မျိုးစေ့ကို စိုက်ပျိုးလိုက်ပြီးသား ဖြစ်သွားပြီ” လျန်ကျစ်တောက်က လက်ဝေ့ကာ ပြောလိုက်သည်။
" ခင်ဗျား ကျုပ်အကြံပေးတာကို နားထောင်သင့်တယ် " ယွီရှန်းရုန်က ခေါင်းအသာယမ်းကာ ပြောလိုက်၏” တကယ်လို့ ကျုပ်ရှစ်စွမ်းသာ ဒီရောက်လာရင် ခင်ဗျားတို့ တစ်ကြိမ်တောင် ခံနိုင်မှာ မဟုတ်ဘူး”
စကားဝိုင်းအပြီးတွင် လျန်ကျစ်တောက်၏ သတ်ဖြတ်ငွေ့များက ပိုမိုပြင်းထန်လာ၏။
………….
အဆောက်အဦငယ်အတွင်း
ဝူဝူက ယွီကျန့်ဟိုင်အား ကြည့်ကာ ပြောလိုက်သည်။
” အစ်ကိုကြီး … အစ်ကိုကြီးရဲ့ ဆရာက အဲ့လောက်တောင် အားကောင်းတာလား”
ယွီကျန့်ဟိုင်က ခေါင်းအသာညိတ်ကာ ပြောလိုက်သည်။
” ငါ့ရှစ်တိက အံ့သြဖွယ်စွမ်းရည်တွေ ရှိထားပေမဲ့ သူက နှိမ့်ချလွန်းတယ်”
" နှိမ့်ချလွန်းတယ်တဲ့လား " ကျီဖုန်းရှင်းက သူသည် မိုးကြိုးချက်ထိမှန်သလို ခံစားလိုက်ရသည်။ ယွီကျန့်ဟိုင်က လျှောက်ပြောနေတာလားဟု စဥ်းစားနေမိ၏။
" တကယ်လို့ ငါ့ရှစ်စွမ်းသာ ဒီမှာရှိရင် စကားပြောနေစရာတောင် မလိုဘူး။ ဒီလူတွေ လှုပ်ရှားဖို့ အခွင့်အရေးတောင် ရလိုက်မှာ မဟုတ်ဘူး” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
" ... "
…
အခန်း (၇၁၃) သတ်ဖြတ်လိုစိတ်ဖြင့် ဓားကို ဆွဲထုတ်ခြင်း
ထျန်းပုကျီသည် သူ၏ ယုံကြည်ချက် ချို့တဲ့မှုကြောင့် ချွေးစေးများပြန်နေသည်။ ယွီရှန်းရုန်၏ ကြွားဝါမှုက ချဲ့ကားရာရောက်လွန်းသည်ဟု သူ ခံစားမိသည်။ သူသည် ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်နှင့် ဘုရားကျောင်းသခင် ရှားချန်းချိုးတို့ကြား လက်ရည်ယှဉ်တာကို မျက်မြင်တွေ့ခဲ့ဖူး၏။ သူတို့လက်ရည်ယှဉ်ပုံအရ သူတို့နှစ်ယောက်သည် ဘုရားကျောင်းသခင်နှင့် လက်ရည်ညီတူမျှတူ ရှိသည်။ သူတို့နှစ်ယောက်လုံးက ပွင့်ချပ်ရှစ်လွှာအဆင့်တွင် ရှိ၏။
တကယ်ပင် သူတို့၏ ကျင့်ကြံဆင့်များဖြင့် သူတို့နှစ်ယောက်သည် ဂုဏ်ယူဝင့်ကြွားရန် အကြောင်းရှိသည်။ ဆိုရလျှင် ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူများသည် ကျင့်ကြံခြင်းလောကထဲ၌ အဓိက ကစားသမားအနေဖြင့်လည်း သတ်မှတ်ထားသည်။ သို့သော် ယဲ့ကျန်းကဲ့သို့ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများနှင့် ယှဉ်လျှင် နိမ့်ကျသွား၏။
လျန်ကျစ်တောက်ကို ရင်ဆိုင်နေစဉ် ဘုရားကျောင်းသခင် ရှားချန်းချိုးကတောင် အနိုင်ရရန် ယုံကြည်ချက်မရှိပေ။ လျန်ကျစ်တောက်သည် သွေးဆာလောင်သည့် အရူးတစ်ယောက်အဖြစ် သိကြပေ၏။ သူသည် အတိတ်တုန်းက ကြယ်ပျံအိမ်တော်၏ ရဲစွမ်းသတ္တိအရှိဆုံး စစ်သည်တော် တစ်ယောက်ဖြစ်ခဲ့သည်။ ကြယ်ပျံအိမ်တော်၏ ပွင့်ချပ်ကိုးလွှာအကျော်အမော်များမှအပ သူသည် မည်သည့် ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူကိုမှ ရှုံးနိမ့်ခဲ့ခြင်း မရှိခဲ့ပေ။
ယခုအချိန်၌ လျန်ကျစ်တောက်၏ ဘယ်ဖက်ရှိလူက မီတာအနည်းငယ် နိမ့်ဆင်းလာတော့သည်။ ပြီးနောက် သူက ယွီရှန်းရုန်ကို ကြည့်ကာပြောလိုက်၏။
”ကြယ်ပျံအိမ်တော်က အမည်မရှိတဲ့သူကို မသတ်ဘူး။ မင်းရဲ့နာမည်က ဘာလဲ”
ခါတိုင်းလိုပင် ယွီရှန်းရုန်က အစဉ်အလာအတိုင်းပြုမူခြင်းမရှိပေ။ ထိုအစား သူက “မင်းတို့က ငါ့ရဲ့ အကြံပြုချက်ကို နားမထောင်ဘူးဆိုမှတော့ ငါလည်း ရွေးချယ်စရာမရှိဘဲ မင်းတို့ကို ရန်စမိဖို့ပဲ ရှိတော့တယ်” ထိုသို့ ပြောပြီးနောက် အမြင်အာရုံရှေ့မှ သူသည် ရုတ်တရက်ပျောက်ကွယ်သွားသည်။
ကြယ်ပျံအိမ်တော်မှ ပွင့်ချပ်ရှစ်လွှာအနီရောင်ကြာကျင့်ကြံသူသည် ထိတ်လန့်အံအားသင့်သွား၏။ သို့သော် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို မဆင့်ခေါ်ခဲ့ပေ။ သူ့ရဲဘော်၏ စိတ်ဝိညာဉ်သဏ္ဌာန် နှစ်ခြမ်းခြမ်းခံလိုက်ရတာ တွေ့လိုက်ရပြီးနောက် ယွီရှန်းရုန်က ကောင်းကင်အဆင့်လက်နက် ကိုင်ဆောင်ထားမှန်း သူ သိလိုက်သည်။
လျန်ကျစ်တောက်က ခေါင်းခါလိုက်၏။
”ယွင်ဟွမ် မြန်မြန်လှုပ်ရှား”
“နားလည်ပါပြီ” ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူ ယွင်ဟွမ်တောင် လျန်ကျစ်တောက်၏ အမိန့်ကို နာခံရ၏။ ယင်းကို ကြည့်လျှင် လျန်ကျစ်တောက် သန်မာပုံကို ရှင်းရှင်းလင်းလင်း သိစေ၏။
ထိုစဉ် ယွီရှန်းရုန်က ပြန်ပေါ်လာပြီး သူ့ဓားကို ဆွဲချလိုက်၏။
ဝှစ်
ယွင်ဟွမ်က ထိတ်လန့်သွားတော့သည်။ သူသည် အမြန်လှုပ်ရှားလျက် သူနှင့် ယွီရှန်းရုန်ကြား အကွာအဝေးတချို့ ခြားလိုက်တော့၏။
ယွီရှန်းရုန်က ခပ်ရေးရေးပြုံးလိုက်သည်။
ရှုမျှော်ဆောင်တွင် ယွီကျန့်ဟိုင်က ခေါင်းခါလျက်ပြောလိုက်သည်။
”အာ့ရှစ်တိ မင်း ပထမဆုံးအကွက်မှာ ရှုံးနေပြီ”
“ကျုပ် ရှုံးပြီလို့ ပြောဖို့က စောနေသေးတယ်”
“မင်းရဲ့ ရန်သူကို လျှော့မတွက်နဲ့။ အဲ့ဒီသက်ကြားအိုကြီးက သူ့ရဲ့ ကျင့်ကြံဆင့်ကို တမင်တကာ ဖုံးကွယ်ပြီး ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်အနေနဲ့ ရုတ်တရက် ထုတ်ပြလာခဲ့ရင် မင်း အငိုက်မိမှာပဲ” ယွီကျန့်ဟိုင်က ရွှင်မြူးရိပ် တစွန်းတစဖြင့်ပြောလိုက်၏။
ယွီရှန်းရုန်သည် ယွီကျန့်ဟိုင် နောက်နေမှန်း သိသော်ငြား ယွီကျန့်ဟိုင် ပြောတာမှန်ကြောင်း သိနေ၏။
‘အင်း ... ဒီနေရာမှာ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်အဖြစ် ပြောင်းလဲသွားမယ်ဆိုရင်တော့ ငါ ... ငါကတော့ လောင်စစ်လုပ်သလိုပဲ လုပ်မှာ’
ယွီရှန်းရုန်က ထပ်မံပျောက်ကွယ်သွားသည်။
နောက်တစ်စက္ကန့်၌ သူသည် ယွင်ဟွမ်ရှေ့၌ ပေါ်လာပြီး သူ၏ဓားဖြင့် ထိုးစိုက်လိုက်တော့၏။ သူ၏ မည်သည့်စွမ်းအင်ဓားကိုမှ အသုံးမပြုခဲ့ပေ။
ကျန်သည့်သူများက ဇဝေဇဝါ ဖြစ်ကုန်၏။ ထိုစဉ် ယွင်ဟွမ်သည် သူ့ရန်သူကြောင့် အရှက်ခွဲခံလိုက်ရ၏။ သူက လေထဲလက်ဝါးစည်းတံဆိပ်များစွာ ရိုက်ချလိုက်တော့သည်။
ယွီရှန်းရုန်သည် ခြေဖျားထောက်လျက် တိုက်ကွက်များကို ဘေးသို့လည်ကာ ကြော့ရှင်းစွာရှောင်လိုက်၏။
ကျီဖုန်းရှင်းက ချီးကျူးသံများဖြင့် ထုတ်ပြောလိုက်၏”မြန်ဆန်လှတဲ့ လှုပ်ရှားမှုပဲ။"
ထျန်းပုကျီက ဇဝေဇဝါဖြစ်သွား၏။
”သူ့ရဲ့စွမ်းအင်ကို ဘာကြောင့် မသုံးတာလဲ။ တမင်တကာ လုပ်နေတာလား”
ယွီရှန်းရုန်က အရှိန်မြန်သည်။ လက်ဝါးစည်းတံဆိပ်များက ဝေဟင်ထဲတွင် ပြည့်နေ၏။ ထို့သို့တိုင် သူက ၎င်းတို့ကို လွယ်လင့်တကူရှောင်နေသည်။ ပြီးနောက် သူ့ရန်သူနား ကပ်သွားကာ ဓားကို လွှဲယမ်းလိုက်တော့သည်။
ခြေရာမဲ့ဓား
ယွီရှန်းရုန်၏ သက်တော်ရှည်ဓားသည် အနီရောင်အလင်းဖြင့် တောက်ပလာပြီး ယွင်ဟွမ်၏ စိတ်ဝိညာဉ်သဏ္ဌာန်ဆီသို့ အိကျလာလေ၏။
“ဒါကို စောင့်နေတာ။ အသက်သွင်းတော့” အနီရောင်ကြာသည် ကနဦးချီလှိုင်းထုတ်ဖော်လိုက်ပြီး စွမ်းအင်စည်းမဟုတ်ဘဲ ရှေ့ဆက်တိုးသွား၏။
ယွင်ဟွမ်က ယွီရှန်းရုန်က တိုက်ခိုက်တာ ရပ်တန့်ပြီး နောက်ဆုတ်မည်ဟု ထင်ခဲ့သည်။ သူ၏ မှန်းဆချက်များ ပြိုကွဲသွားလေ၏။ သူသည် ယွီရှန်းရုန်အောက်တွင် မရှိပေ။
ယွင်ဟွမ်သည် ဓားနတ်ဆိုးယွီရှန်းရုန်က ဘယ်တော့မှ နောက်မဆုတ်ကြောင်း မည်ကဲ့သို့ သိမည်နည်း။ ဓားဆွဲထုတ်ပြီးသည် ဂရုမစိုက်ဘဲ ရှေ့ဆက်တိုးမှာပဲ ဖြစ်သည်။
ဘေးတိုက်ပိုင်းဖြတ်ခြင်း
ဓားသည် ယွီရှန်းရုန်၏ လက်ထဲမှ ထွက်သွားကာ လည်ပတ်သွားလေ၏။
ယွီရှန်းရုန်သည် သူ၏လက်ဖြင့် သူ့ကိုယ်သူ ကာကွယ်ကာ နောက်ပြန်လန်သွား၏။ သူသည် တည်တည်ငြိမ်ငြိမ် ကျော့ကြော့ရှင်းရှင်း နောက်ဆုတ်လိုက်လေ၏။
ဘန်း
သက်တော်ရှည်ဓားသည် အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ပိုင်းဖြတ်သွားတော့သည်။ ပြီးနောက် ၎င်းသည် သူတို့နား၌ တပတ်လည်သွားပြီးနောက် ယွီရှန်းရုန်၏ လက်ဝါးပေါ်သို့ ပြန်ရောက်လာ၏။
ယွင်ဟွမ်သည် ယွီရှန်းရုန်ကို ဒေါသတကြီး စိုက်ကြည့်ပြီးနောက် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို အနည်းငယ် အရှက်ရမှုဖြင့် ကြည့်လိုက်သည်။ သူ၏ ရန်သူသည် စွမ်းအင်ကို အသုံးမပြုဘဲ သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ထိခိုက်စေခဲ့၏။ ပြတ်ရာသည် မနက်ရှိုင်း သေစေနိုင်လောက်သည် မဟုတ်သော်ငြား ပြတ်ရာတစ်ခုဖြစ်နေသေးသည်။ အကျော်အမော်တစ်ယောက်အတွက် ယင်းက လက်မခံနိုင်စရာ အရှက်ကွဲမှုပဲဖြစ်သည်။
ယွင်ဟွမ်က ရှေ့ဆက်တက်တော့မည့်အချိန်တွင် လေထဲ၌ အသံတစ်သံက ပေါ်ထွက်လာ၏။
“ယွင်ဟွမ်”
“အကြီးအကဲလျှံ” ယွင်ဟွမ်က မော့ကြည့်ပြီး စိတ်ရှုပ်ထွေးသွားသည်။
“ပြန်ဆင်းလာခဲ့”
“ကျွန်တော် မပြီးသေးပါဘူး”
“မင်းက သူ့အတွက် ပြိုင်ဘက်မဟုတ်ဘူး။ သူသာ အစောတုန်းက သူ့ရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ကို သုံးခဲ့ရင် မင်း ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီးပြီ။" လျန်ကျစ်တောက်သည် သူတို့ တိုက်ကွက်ဖလှယ်တာကို ကြည့်ပြီးနောက် ကောက်ချက်ချလိုက်လေ၏။
လျန်ကျစ်တောက်သည် ဖြည်းဖြည်းချင်းဆင်းသက်လိုက်၏။
ယွင်ဟွမ်သည် ရွေးချယ်စရာမရှိတော့ဘဲ တလေးတစားနောက်ဆုတ်လိုက်ရတော့သည်။
လျန်ကျစ်တောက်က ယွီရှန်းရုန်ကို ကြည့်ပြီးပြောလိုက်၏။
”မင်းက အစွမ်းထက်တာပဲ”
“မပြောပလောက်ပါဘူး” ယွီရှန်းရုန်က ခပ်ရေးရေးပြုံးလိုက်သည်။
“ဒါပေမဲ့ မင်းက လုံလောက်အောင် အစွမ်းမထက်သေးဘူး” လျန်ကျစ်တောက်ပြောပြီးသည်နှင့် သူက လေထဲ စွမ်းအင်လက်သီးများ ထုတ်လိုက်လေ၏။ အနီရောင်လက်သီးချက်များသည် ယွီရှန်းရုန်ဆီ ကြယ်တံခွန်များပမာ တိုးဝင်သွားသည်။
ယွီရှန်းရုန်၌ တိုက်ခိုက်ရေး အတွေ့အကြုံများစွာ ရှိသည်။ လျန်ကျစ်တောက် ရုတ်တရက် တိုက်ခိုက်လာမှာကို သူ တွေးထင်ပြီးသား ဖြစ်၏။ ထို့ကြောင့် သူ၏ သက်တော်ရှည်ဓားကို မြှောက်လိုက်သည်။
ဘန်း
စွမ်းအင်လက်သီးများသည် ဓားပေါ်ကျရောက်သွား၏။
သူတို့နှစ်ယောက်လုံး နောက်ဆုတ်လိုက်ရသည်။ ယင်းက အစမ်းတိုက်ခိုက်မှုမျှသာ ဖြစ်သည်။
“ရှားချန်းချိုးက မင်းကို ဘာပေးထားလဲ။ ဘာကြောင့်များ မင်းလို အကျော်အမော်တစ်ယောက်က သူ့ကို ကူညီပေးချင်ရတာလဲ”
ယွီရှန်းရုန်က ဓားကို ချလျက် တည်ငြိမ်စွာပြောလိုက်၏။
”ကျုပ်က ဒီမှာ ဧည့်သည်တစ်ယောက်ပဲ ... ကျုပ် ထိုင်နေပြီး ဘာမှမလုပ်ဘဲ ထိုင်နေလို့ မရဘူးလေ”
“ဒါပဲလား”
“ဒါပလေ”
လျန်ကျစ်တောက်သည် သူ၏ဉာဏ်ရည်စော်ကားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်မှ အနီရောင်စွမ်းအင်ထုတ်ကာ သူ၏ရန်သူဆီသို့ အမြောက်ဆန်ပမာ တစ်ဟုန်ထိုး တိုးဝင်သွားလေ၏။
ယွီရှန်းရုန်သည် သူ၏ဓားကို လွှဲယမ်းလိုက်သည်။ သူသည် အရှိန်လျှော့ပြီးနောက် လမ်းကြောင်းကို တဖြည်းဖြည်းချင်း ရွေးကာ ဓားက ဝေဝါးလာသည်အထိ ရွေ့လိုက်၏။ ဤမြင်ကွင်းသည် သူသည် ချောက်နက်ပေါ်၌ စုန်းအတတ်လက်တံများကို ဖြတ်တောက်သည့် မြင်ကွင်းနှင့် ဆင်တူသည်။
ယွီရှန်းရုန်သည် ရေတံခွန်အောက်တွင် နေစဉ်က သူ၏ဓားကို လွှဲယမ်းခြင်းဖြင့် သူ၏ခန္ဓာကိုယ်ကို ခြောက်သွေ့အောင် လုပ်နိုင်ခဲ့သည်။ နှင်းကျချိန်တွင်လည်း သူ့ကို နှင်းပွင့်များ မထိအောင်ကိုလည်း ကာကွယ်နိုင်ခဲ့၏။ သူ၏ အရှိန်ပြင်းပြင်းဖြင့် လှုပ်ရှားချိန်တွင် သူ၏ လှုပ်ရှားမှုများကို ပကတိမျက်လုံးဖြင့် မမြင်နိုင်ပေ။ ယခုအခိုက်အတန့်တွင် မြင်နိုင်သမျှအရာအားလုံးသည် ဝေဝါးဝါးအရိပ်များဖြင့် ပြည့်နေသော ပတ်ပတ်လည် နေရာတစ်ခုသာဖြစ်သည်။
လျန်ကျစ်တောက်သည် ယွီရှန်းရုန်ကို လိုက်ကြည့်နေ၏။ သူသည် ယွီရှန်းရုန်ရှေ့ရှိ ဓားရိပ်များကို ထိုးဖောက်နိုင်ရန်အတွက် စွမ်းအင်လက်သီးများ ဆက်တိုက်ထိုးနှက်နေသည်။
“ဒီဓားသိုင်းက” ကျီဖုန်းရှင်းသည် သူ၏ မျက်နှာထက်တွင် ထိတ်လန့်သည့်အမူအရာပေါ်လာပြီး မျက်လုံးအပြူးသားဖြစ်သွား၏။
“သူ အားကုန်ထုတ်သုံးတာ မဟုတ်ဘူး။ ဒါ ဘာမှမဟုတ်ဘူး” ယွီကျန့်ဟိုင်က ခေါင်းခါလိုက်တော့သည်။
“ဒါက သူ့ရဲ့ အကောင်းဆုံးမဟုတ်ဘူးလား”
“ဆက်ကြည့်လိုက်”
ထိုစဉ် လျန်ကျစ်တောက်သည် နောက်ဆုံး၌ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်တော့၏။ အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်ပေါ်လာချိန်တွင် သူ၏အရှိန်က နှစ်ဆဖြစ်လာပြီး လေထဲ၌ စွမ်းအင်လက်သီးသည် ချက်ချင်းပင် စုဝေးသွားတော့၏။
ဘန်း
ယွီရှန်းရုန်၏ ဓားအရိပ်တို့ စုဝေးသွားသည်နှင့် စွမ်းအင်လက်သီးကို တန်ပြန် တိုက်ခိုက်လိုက်တော့သည်။ ပြီးနောက် သူ နောက်ပြန်လန်သွား၏။
“ငါ့ကို ယွင်ဟွမ်များ ထင်နေလား”
ဝှစ်
သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ပျံသန်းကာ အနီရောင်ကြာဖြင့် ယွီရှန်းရုန်ဆီ တဟုန်ထိုး ဝင်သွားတော့သည်။
ကျီဖုန်းရှင်းက စိတ်ထဲပျော်သွား၏။
”သူ့ရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ပိုင်းဖြတ်ဖို့ အခွင့်အရေးတစ်ခုပဲ”
ယွီရှန်းရုန်၏ သူ၏သက်တော်ရှည်ဓားကို ပြောင်းပြန်ဆုပ်ကိုင်လိုက်၏။ နောက်ဆုတ်မည့်အစား ရှေ့တိုးလိုက်သည်။ သူသည် အာရုံစိုက်လျက် သုံးကိုယ်ခွဲလိုက်တော့သည်။
“မောင်ရင် ... မင်းကို ဒီနေ့ သင်ခန်းစာ ပေးမယ်”
အနီရောင်ကြာ ပေါ်ထွက်လာပြီး ဖူးပွင့်လာကာ လည်ပတ်သွားတော့၏။
ယွီရှန်းရုန်၏ အရိပ်သုံးခုသည် တစ်ခုတည်းပေါင်းစည်းသွားပြီး သူ၏ဓားဖြင့် တိုက်ခိုက်လိုက်တော့သည်။
တချိန်တည်းတွင် လျန်ကျစ်တောက်သည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ခုန်ဝင်လာ၏။
“ဒါ ဘယ်လိုနည်းမျိုးလဲ။ သူက ကောင်းကင်အဆင့်လက်နက်ကို မကြောက်ဘူးလား”
ဘန်း
ယွီရှန်းရုန်၏ သက်တော်ရှည်ဓားသည် အနီရောင်ကြာကို ဆွဲချသွားသည်။
စွမ်းအင်ပွတ်တိုက်မှုတစ်ခု ပေါ်လာလေ၏။
သို့သော် ဓားသည် စိတ်ဝိညာဉ်သဏ္ဌာန်ကို မထိခိုက်စေခဲ့ပေ။ ယွီရှန်းရုန်သည် အနီရောင်ကြာပေါ်ရှိ အနီရောင်ပွင့်ချပ်များကို ကြည့်သောအခါ ပွင့်ချပ်ရှစ်လွှာနှင့် တဝက်ရှိတာ တွေ့လိုက်ရသည်။ နဝမမြောက်ပွင့်ချပ်၏ တဝက်က ဖူးပွင့်နေပြီဖြစ်သည်။
စွမ်းအင်တို့ စီးဆင်းသွားသည်။ လျန်ကျစ်တောက်သည် စွမ်းအင်လက်သီးဖြင့် ထိုးချလိုက်၏။
ယွီရှန်းရုန်၏ အံ့ဩဖွယ်ကောင်းသော တိုက်ပွဲတိမ်းညွှတ်မှုသည် ယခုအခိုက်အတန့်၌ ပေါ်ထွက်လာသည်။ သူ၏ ပွင့်ချပ်ရှစ်လွှာရွှေကြာ စိတ်ဝိညာဉ်သဏ္ဌာန်သည် လေထဲမြင့်မားစွာ ပေါ်ထွက်လာပြီး စွမ်းအင်လက်သီးနှင့် ဆုံတွေ့သွားသည်။
ဘန်း
စွမ်းအင်လက်သီးသည် ယွီရှန်းရုန်၏ စိတ်ဝိညာဉ်သဏ္ဌာန်ပေါ် ကျရောက်သွား၏။ ရွှေရောင်စွမ်းအင်ဓားသည် သက်တော်ရှည်ဓားပေါ်၌ ပေါ်လာသည်။
ဝှစ်
ယွီရှန်းရုန်သည် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူက တိုက်ကွက်ကို ရှောင်တိမ်းလိုက်သည်။ သူ၏ဓားဖြင့် ခါတိုင်းလိုပင် ဆက်လက်တိုက်ခိုက်သည်။
ဝှစ်
သက်တော်ရှည်ဓားက နေရာမှန်ကို ကျရောက်သွား၏။ ၎င်း၏ ဓားထိပ်ဖျားက လျန်ကျစ်တောက်၏ ပခုံးကို ထိုးဖောက်သွားတော့၏။
လေထုသည် တောင့်ခဲသွားပုံပေါ်သည်။
လူတိုင်းက ကြောက်လန့်တကြားကြည့်လိုက်၏။
လျန်ကျစ်တောက်၏ မျက်လုံးက ပြူးကျယ်သွားတော့သည်။ သူသည် သူ၏ပခုံးကို ကြည့်ပြီးနောက် ယွီရှန်းရုန်ကို ကြည့်လိုက်သည်”ရွှေကြာနယ်မြေက ကျူးကျော်သူ တစ်ယောက်လား”
ထျန်းပုကျီနှင့် ကျန်သည့်သူများ မျက်မှောင်ကျုံ့သွား၏။ ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ ပေါ်ပေါက်လာမှုသည် သူတို့ကို ထိတ်လန့်သွားစေသည်။
ရှားချန်းချိုးက ရွှေကြာနယ်မြေကလူတွေနဲ့ ပူးပေါင်းကြံစည်နေတယ်။ အံ့ဩစရာမရှိဘူးပဲ။ ဒီနေ့ ငါ သွေးကြွေးဆပ်ရမယ်။ လူတိုင်းတိုက်ခိုက်ကြ ... ဘယ်သူ့ကိုမှ အလွတ်မပေးနဲ့”
ကြယ်ပျံအိမ်တော်သည် ရေနက်ဆန်းကြယ်ဂူကို အချိန်အတော်ကြာ လေ့လာခဲ့တာပဲဖြစ်သည်။ ရွှေကြာနယ်မြေဆီသို့ ၎င်း၏ဂိုဏ်းသားများကို အစောဆုံးပို့ခဲ့သည့် ဂိုဏ်းလည်းဖြစ်သည်။
အစက လျန်ကျစ်တောက်သည် မိုးမခတစ်ထောင်ဘုရားကျောင်းကို ခြိမ်းခြောက်ရန် ရည်ရွယ်ခဲ့တာ ဖြစ်၏။ သို့သော် ရွှေကြာပေါ်ပေါ်က်လာမှုဖြင့် သူ၏ သွေးဆာလောင်မှုကို ဖောက်ထွက်ရန် နေရာရှာတွေ့သွားသည်။
ထိုစဉ် ကြယ်ပျံအိမ်တော်၏ ရထားလုံးပျံမှ တပည့်ဒါဇင်ချီ ပေါ်ထွက်လာ၏။ နေရာတွင် ရှိနှင့်ပြီးသော ကျန်သည့်သူများနှင့်အတူ သူတို့သည်လည်း ကနဦးချီများကို လည်ပတ်လိုက်တော့သည်။
ယွင်ဟွမ်သည် ထျန်းပုကျီကို ကြည့်ပြီးပြောလိုက်တော့၏။
”မိုးမခတစ်ထောင်ဘုရားကျောင်းက နယ်ခြားမျိုးနွယ်နဲ့ ပူးပေါင်းနေတယ်။ သူတို့ကို သတ်ကြ”
ကျီဖုန်းရှင်းနှင့် ဝူဝူက မှင်တက်သွားတော့သည်။
”ဘယ်လို ရွှေ ... ရွှေရောင်လား။ ဒါ ဘာကို ဆိုလိုတာလဲ” ဝူဝူသည် ယွီကျန့်ဟိုင်ကို ကြည့်လိုက်၏။
ယွီကျန့်ဟိုင်က ခေါင်းခါပြီးပြောလိုက်သည်။
”အာ့ရှစ်တိ မင်း ဒီလို အစွမ်းထက်တဲ့ရန်သူကို ရင်ဆိုင်တဲ့အချိန်မှာ ထိန်းချုပ်ထားဦးမှာလား”
ယွီရှန်းရုန်သည် သူ၏ သက်တော်ရှည်ဓားကို မြှောက်လိုက်သည်။
”ပွင့်ချပ်ရှစ်လွှာနဲ့တဝက် ... စိတ်ဝင်စားစရာပဲ” ပြီးနောက် သူ၏ လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်၏။ သက်တော်ရှည်ဓားသည် နှစ်ခု၊ လေးခု၊ ရှစ်ခု ကွဲထွက်သွား၏။
မူလပြန်လည်ရောက်ရှိခြင်း
စွမ်းအင်ဓားသွားထောင်ချီသည် ယွီရှန်းရုန်ပေါ်၌ ပေါ်လာသည်။
“ပွင့်ချပ်ရှစ်လွှာနဲ့ တဝက်လား” ယွီကျန့်ဟိုင်သည် ယွီရှန်းရုန်၏ စကားကို ကြားသောအခါ လျန်ကျစ်တောက်ကို ကြည့်လိုက်၏။
ကျင့်ကြံသူများ ပျံသန်းလာတော့သည်။
ယွီရှန်းရုန်က သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ထပ်မံဆင့်ခေါ်ကာ လေထဲ၌ စွမ်းအင်ဓားများ လည်ပတ်နေလေ၏။
ကျင့်ကြံသူများစွာက လေထဲကနေ ဆင်းသက်လာသည်။
ဓားနတ်ဆိုးကံကြမ္မာ
မဟာနည်းစနစ်ဖြင့် စွမ်းအင်ဓားထောင်ချီသည် ကြယ်ပျံအိမ်တော်၏ တပည့်များအပေါ် ရွာသွန်းကျလာပြီး သူတို့ကို အလွယ်တကူ ထိမိသွားတော့သည်။ စွမ်းအင်ဓားများသည် သူတို့ကို ဆက်လက်တိုက်ခိုက်၏။
ထျန်းပုကျီနှင့် ကျီဖုန်းရှင်းက တံတွေးမျိုချလိုက်သည်။
“ဒါက ဒုတိယမြောက် ဓားသိုင်းလား”
ကြယ်ပျံအိမ်တော်၏ တပည့်များသည် မရေမတွက်နိုင်သောစွမ်းအင်ဓားများကို တိုက်ခိုက်နေရသည်။ အနည်းငယ်စိတ်အာရုံသွေဖယ်သွားသည့်သူများက အသက်ဆုံးရှုံးသွား၏။
“မောင်ရင် ပြီးသွားပြီ”
ထိုစဉ် လျန်ကျစ်တောက်သည် ဓားနတ်ဆိုး၏ကံကြမ္မာထဲ ဝင်လာ၏။ လက်ရှိတွင် သူ၏ ပွင့်ချပ်ရှစ်လွှာနှင့် တဝက်စိတ်ဝိညာဉ်သဏ္ဌာန်သည် ပြောင်းပြန်ဖြစ်နေ၏။ ရွှေကြာက အထက် စိတ်ဝိညာဉ်သဏ္ဌာန်က အောက်တွင်ရှိနေသည်။ မရေမတွက်နိုင်သော စွမ်းအင်ဓားများကို ပိတ်ဆို့ထားပြီး သူ၏ရန်သူဆီ စွမ်းအင်အပြည့်ဖြင့် ထိုးချလိုက်၏။
“အစ်ကိုကြီး”
“ချန်းပေ့”
ယွီကျန့်ဟိုင်က မျက်မှောင်အနည်းငယ်ကျုံ့လိုက်၏။ သူ၏ နဂါးသွဲ့ကျောက်ဓားမော့ပေါ် လက်တင်လိုက်သည်။ သူ၏လက်ချောင်းများ အနည်းငယ်လှုပ်သွား၏”အာ့ရှစ်တိ
ယွီကျန့်ဟိုင် မလှုပ်ရှားနိုင်ခင် ယွီရှန်းရုန်၏ မျက်နှာထက်၌ အပြုံးတစ်ပွင့်ပေါ်လာသည်”ကျုပ် တောင်းပန်ပါတယ်။ ကျုပ်က အနီရောင်ကြာကို ရည်ရွယ်နေတာ”
ဝှစ်
ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန် ထပ်မံပေါ်လာ၏။ ၎င်း၏ လက်မောင်းနှင့် လက်ဝါးသည် ရွှေရောင်ရောင်ခြည်တို့ဖြင့် တောက်ပနေလျက် ကြီးမားသည့် စွမ်းအင်ဓားကို ကိုင်ဆောင်ထားကာ လွှဲယမ်းချလိုက်သည်။
“ဒါဘာလဲ။ စိတ်ဝိညာဉ်သဏ္ဌာန်က လှုပ်ရှားနိုင်တယ်လား”
“ရွှေကြာမရှိဘူးလား”
လျန်ကျစ်တောက်သည် နောက်ဆုံးတော့ ယွီရှန်းရုန်သည် သူ၏ သက်တော်ရှည်ဓားကို မကိုင်တော့တာကို သတိပြုမိလိုက်၏။ စွမ်းအင်ဓားတစ်ခုသာ ရှိသည်။
ကြီးမားလှသော စွမ်းအင်ဓားသည် ပိုင်းဖြတ်ချလာ၏။
“သေစမ်း”
လျန်ကျစ်တောက်သည် နာကျင်မှုကို ခံစားလိုက်ရ၏။ သူက အော်ညီးလျက် သူ၏ အနီရောင်ကြာ လေးပုံတစ်ပုံသည် ကြီးမားလှသော စွမ်းအင်ဓားကြောင့် ထိခိုက်သွား၏။
ယွီရှန်းရုန်က ခပ်နိမ့်နိမ့်လျှောဆင်းကာ သူ၏လက်ကို ကြော့ရှင်းစွာ မြှောက်လိုက်သည်။ သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ပျောက်ကွယ်သွားပြီး သက်တော်ရှည်ဓားသည် လေထဲတစ်ပတ်လည်ကာ သူ့ဆီ ပြန်ရောက်သွား၏။
လျန်ကျစ်တောက်၏ မျက်နှာက နီနေတော့သည်။ သူသည် မီတာတစ်ရာခန့် လွင့်ထွက်သွားကာ သွေးအန်တော့သည်။
ထျန်းပုကျီသည် ထိုနေရာကနေ ပါးစပ်အဟောင်းသား ကြည့်နေပြီး စိတ်လှုပ်ရှားဖွယ်တိုက်ပွဲကြောင့် သူသည် လက်ခုပ်တီးချင်စိတ် ပြည့်နေသော်ငြား အဆုံးတွင် သူ့ကိုယ်သူ ထိန်းထားသည်။
ပွင့်ချပ်ရှစ်လွှာနှင့်တဝက် ကျင့်ကြံသူကို အနိုင်ယူနိုင်သည့် ကျင့်ကြံသူရှိသည်လော။
ယွီရှန်းရုန်နှင့် အမြဲတမ်း စကားများနေကြ တာ့ရှစ်ရှိုး ယွီကျန့်ဟိုင်ကတောင် လက်မြှောက်ပြီး လက်ခုပ်မတီးဘဲ မနေနိုင်တော့ပေ။
“ဘယ်လိုထင်လဲ” ယွီရှန်းရုန်က ခပ်ရေးရေးပြုံးလိုက်၏။
…
အခန်း (၇၁၄) ယွီရှန်းရုန်က ဘယ်လောက်တောင် အားကောင်းနေတာလဲ
ယွီကျန့်ဟိုင်က သူ့အာ့ရှစ်တိသည် အလုပ်ကောင်းကောင်းမွန်မွန် လုပ်ခဲ့သည်ဟု တွေးမိကာ ချီးကျူးချင်မိသည်။ သို့သော်လည်း ယွီရှန်းရုန်၏ မေးခွန်းကို ကြားပြီးသည့်နောက်တွင် သူက ချက်ချင်းဆိုသလို စိတ်တိုသွား၏။ ထို့ကြောင့် သူ့အဖြေက စိတ်မပါတပါသာ ဖြစ်နေလေသည်။
" မဆိုးပါဘူး။ မင်းရဲ့ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူကို ဓားတစ်ချက်တည်းနဲ့ သတ်ချင်ရင် သတ်လို့ရပြီ”
" အဲ့ဒါက လွန်ပြီးမှ သိတဲ့ အရေးသာချက်ပဲ " ယွီရှန်းရုန်က ပြောလိုက်သည်။
" မင်းက ဘယ်လိုရင်ဆိုင်မလဲ ကြည့်ရတာပေါ့ "
ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူ ယွင်ဟွမ်က ရထားလုံးပျံ အနီးတွင် ပျံသန်းနေပြီး နာကျင်မှုကို တောင့်ခံထားရသည်။ သူက အဆင့်တူများကြား ပြိုင်ဘက်ကင်းသည့် လျန်ကျစ်တောက်သည် ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူကြောင့် ဒဏ်ရာရသွားသည်ကို မယုံကြည်နိုင် ဖြစ်နေမိ၏။ သူ့အား ပိုမို စိတ်အနှောင့်အယှက်ဖြစ်စေသည်က တစ်ဖက်လူသည် ဘာမှမဟုတ်သကဲ့သို့ စကားစမြည် ပြောနေခြင်း ဖြစ်သည်။
သူ့စိတ်ဝိညာဥ်သဏ္ဌာန်၏ ရွှေကြာ တစိတ်တပိုင်းကို ဖြတ်တောက်ပြီးသည့်နောက်တွင် လျန်ကျစ်တောက်က ပေ ၁၀၀ ကျော်လွင့်စဉ်သွားပြီးနောက် တည်ငြိမ်သွားသည်။ သူ့မျက်ဝန်းအထဲတွင် ဒေါသမီးတောက် တောက်လောင်နေပြီး ယွီရှန်းရုန်အား စိုက်ကြည့်နေလေ၏။ သတ်ဖြတ်ငွေ့နှင့် အမုန်းတရားတို့က မထိန်းချုပ်နိုင်လောက်အောင် မြင့်တက်လာသည်။ သို့သော်လည်း ဒေါသနှင့် အမုန်းတရားတို့က သူ့အား စိတ်မလွတ်သွားစေပေ။
လျန်ကျစ်တောက်က အမိန့်ပေးလိုက်၏။
” ယွင်ဟွမ် … ဒါကို အကြီးကဲ ယဲ့ကျန်းဆီ သွားပြီးတော့ အကြောင်းကြားလိုက် "
" နားလည်ပါပြီ " ယွင်ဟွမ်က ထွက်သွားဖို့ ပြင်လိုက်သည်။
ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ပြုံးကာ " အားနာပါရဲ့ … မင်းတို့ ထွက်သွားလို့ မရဘူး "
သူက မြင်ကွင်းက ပျောက်ကွယ်သွားပြီးနောက် ယွင်ဟွမ်၏ ရှေ့တွင် ပြန်လည်ပေါ်ထွက်လာသည်။ သူ့အသက်ရှည်ဓားက အနီရောင်အလင်းဖြင့် ခပ်မှိန်မှိန် တောက်ပနေသည်။ သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်ကတည်းက တစ်ယောက်မှ အသက်ရှင်ခွင့် မပေးနိုင်ကြောင်း သိထား၏။ သူ့ရွှေကြာ စိတ်ဝိညာဥ်သဏ္ဌာန်က နယ်ခြားတစ်ယောက်၏ သရုပ်ကို ဖော်ထုတ်ပြီးသား ဖြစ်သွားလေပြီ။ သူက ယုံကြည်ချက်ရှိသော်လည်း မတုံးအပေ။
လျန်ကျစ်တောက်က သူ့ဒဏ်ရာများအား တည်ငြိမ်အောင် လုပ်ပြီး အသက်ပြင်းပြင်းရှူကာ ရှေ့သို့ ပျံသန်းလာသည်။
ထိုစဥ် ကြယ်ပျံအိမ်တော်၏ တပည့်များက နောက်ဆုတ်လိုက်ကြ၏။
လျန်ကျစ်တောက်က အသံမြှင့်ကာ ပြောလိုက်၏။
” ယွင်ဟွမ် ထွက်သွား။ ဒါကို ငါ့ဆီ အပ်ထားလိုက်”
သူက အိတ်ကပ်ထဲမှ ပိုးအိတ်ငယ်တစ်ခုကို ထုတ်လိုက်သည်။ ထိုအရာမှ အနီရောင် ဆေးလုံးတစ်လုံးကို ထုတ်လာလေ၏။ ထိုနောက် သူက ဆေးလုံးကို ပါးစပ်ထဲထည့်ကာ မျိုချလိုက်သည်။ သူ့အနားရှိ ကမ္ဘာဦးချီက ပြောင်းလဲသွားသည်။ ယခင်နှင့် မတူဘဲ ပိုမိုပြင်းထန်လာလေ၏။ သူက ပတ်ဝန်းကျင်မှ ကမ္ဘာဦးချီများကို စုပ်ယူနေသည်မှာ သိသာလှသည်။
" ထျန်းပုကျိ … မင်းက ရွှေကြာ နယ်မြေက လူတွေနဲ့ ပူးပေါင်းနေတာလား။ သူတို့က နယ်ခြားမျိုးနွယ်တွေ။ ဒီအကြောင်းသာ ပျံ့နှံ့သွားရင် မိုးမခတစ်ထောင် ဘုရားကျောင်းကတော့ ပြီးဆုံးပြီပဲ” လျန်ကျစ်တောက်က ပြောလိုက်သည်။
ထိုရွှေရောင် စိတ်ဝိညာဥ်သဏ္ဌာန်ကို မမြင်ခင်က ထျန်းပုကျိသည် ယွီရှန်းရုန်ဘက်မှ ထောက်ခံပေးခဲ့သည်။ သို့သော်လည်း ရွှေရောင် စိတ်ဝိညာဥ်သဏ္ဌာန်က သူ့အား ဆွံ့အသွားစေသည်။ သူက တုန်ဆိုင်းနေမိ၏။
ယွီရှန်းရုန်က နယ်ခြားမျိုးနွယ် ဖြစ်နေလေသည်။
ဝူဝူက ထျန်းပုကျိ ရှေ့တွင် ပျံသန်းလာကာ ပြောလိုက်၏။
” အစ်ကိုကြီးက လူကောင်းပါ "
ထျန်းပုကျိ " ... "
ဤသည်က လူကောင်း လူဆိုးကိစ္စ မဟုတ်ပေ။
လျန်ကျစ်တောက်က ထျန်းပုကျိ၏ သဘောထားကို စိတ်ထဲ မထားဘဲ ကျယ်လောင်စွာ ပြောလိုက်၏။
” ယွင်ဟွမ် … မင်း ဘာဆက်လုပ်နေတာလဲ "
" ဟုတ်ကဲ့ " ယွင်ဟွမ်က တစ်ဖက်သို့ ပျံသန်းသွားလိုက်သည်။
လျန်ကျစ်တောက်က ယွီရှန်းရုန်သည် လိုက်ဖမ်းတော့မည်ကို မြင်သည့်အခါ သူ့ခန္ဓာကိုယ်မှ အနီရောင်စွမ်းအားများက ယခင်ထက် ပိုမိုသိပ်သည်းလာလေ၏။ ထို့နောက် အနီရောင်စွမ်းအားက သူ့လက်ကို ဖုံးလွှမ်းသွားသည်။
" မင်းက ငါတို့အားလုံးကို တားနိုင်မယ် ထင်နေလား " လျန်ကျစ်တောက်က ဟွီရှန်းရုန်ဆီ မြားတစ်စင်းကဲ့သို့ ဝင်ရောက်လာသည်။
ယွီရှန်းရုန်က စွမ်းအင်ဓား ခုနှစ်ဆင့်ကို ထုတ်ကာ လျန်ကျစ်တောက်နှင့် ရင်ဆိုင်လိုက်သည်။
တခြားသူများက လျန်ကျစ်တောက်သည် သူ့အနီရောင်ကြာ ဖြတ်တောက်ခံပြီးသည့်နောက်တွင်ပင် ဤသို့ အားကောင်းသည့် တိုက်ကွက်မျိုး ထုတ်လွှတ်နိုင်သည်ကို အံ့အားသင့်နေကြ၏။ ထို့အပြင် သူက ယခင်ထက် ပိုမို ပြင်းပြင်းထန်ထန် တိုက်ခိုက်နိုင်ဟန်ပေါ်သည်။
လျန်ကျစ်တောက်က ယွီရှန်းရုန်အား စိုက်ကြည့်ကာ " မင်းက အားကောင်းပေမဲ့ ကံဆိုးတာက မင်းက ပြိုင်ဘက်မှားရွေးမိတာဘဲ”
ယွီရှန်းရုန်က သူ့ဓား ဝေ့ယမ်းဖို့ အပေါ် အာရုံစိုက်ထားစဥ် ယွင်ဟွမ်က အဝေးတစ်နေရာဆီ ရောက်ရှိနေပြီကို မြင်လိုက်ရသည်။
လျန်ကျစ်တောက်က ယွီရှန်းရုန်၏ အကြည့်နောက်ကို လိုက်ကာ ကြည့်လိုက်စဉ် ယွင်ဟွမ်ကို မြင်လိုက်ရသည်။
ထို့နောက် ချက်ချင်းဆိုသလို မြစိမ်းရောင် အလင်းတန်းက ယွင်ဟွမ်ဆီ လျပ်စီးလို အလျင်ဖြင့် ရောက်ရှိသွားသည်။
ဒါက ဘာလဲ ...
ယွီရှန်းရုန်နှင့် လျန်ကျစ်တောက်သာ မြင်လိုက်ကြသည်။
မြစိမ်းရောင် အလင်းက ယွင်ဟွမ်အပေါ် ကျရောက်လာသည့်အခါ စွမ်းအင်ဓားမော့များအဖြစ် ပြောင်းလဲသွား၏။
ယွင်ဟွမ်က ကျောတစ်လျှောက် ကြက်သီးတဖျန်းဖျန်း ထသွားသလို ခံစားလိုက်ရသည်။ သူက လှည့်ကြည့်လိုက်သည့်အခါ သူ့မျက်နှာထံ ကြောက်ရွံ့သည့်အမူအရာမျိုး ပေါ်ထွက်လာသည်။
ဒါက ပြိုင်ဘက်ကင်းလက်နက်လား...
စွမ်းအင်ဓားမော့များက ထွက်ပေါ်လာပြီး ယွင်ဟွမ်အား သတ်ဖြတ်လိုက်သည်။
ရုတ်ချည်းအပြောင်းအလဲက လျန်ကျစ်တောက်အား မျက်မှောင်ကြုတ်သွားစေသည်။ သူက ပိုမိုခက်ထန်သည့်စွမ်းအင်ကို ထုတ်လွှင့်လိုက်ပြီး ယွီရှန်းရုန်ကို လက်သီးဖြင့်ထိုးချလိုက်သည်။
ထိုစဥ် နှစ်ယောက်လုံးက တစ်ယောက်နှင့် တစ်ယောက် အဝေးတနေရာမှ ရင်ဆိုင်နေကြ၏။
" ယွင်ဟွမ် " လျန်ကျစ်တောက်က ယွင်ဟွမ်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ကြယ်ပျံအိမ်တော်ရှိ တခြားတပည့်များကလည်း စွမ်းအင်ဓားမော့ ကျဆင်းရာဘက်သို့ တိတ်ဆိတ်စွာ ကြည့်နေကြသည်။
ဓားမော့က ရေတံခွန်ကဲ့သို့ ကျဆင်းလာ၏။
ယွင်ဟွမ်ကိုမူ အစရှာမတွေ့တော့ပေ။
ထျန်းပုကျိက ရုတ်ချည်းပေါ်ထွက်လာသည့် စွမ်းအင်ဓားမော့ကို သတိထားမိကာ " ရွှေရောင် စွမ်းအင်ဓားမော့ပဲ”
ဆိုလိုသည်မှာ ရွှေကြာ ကျူးကျော်သူတစ်ယောက်ထက်ပို၍ ရှိနေလေသည်။
ဤသည်က လျန်ကျစ်တောက်သည် ယွီရှန်းရုန်အား တွန်းကာ နောက်ဆုတ်လိုက်သည့် အကြောင်းရင်းလည်း ဖြစ်၏။
ထိုစဥ် စွမ်းအင်ဓားမော့များက ပျောက်ကွယ်သွားသည်။ မြစိမ်းရောင် လက်နက်က အဆောက်အဦငယ်ဆီ ပြန်ရောက်ရှိသွားပြီး ယွီကျန့်ဟိုင်၏ လက်အတွင်း ကျဆင်းသွားသည်။ သူက ခါးတွင် နေရာတကျ ပြန်ထားလိုက်ပြီးနောက် လက်နောက်ပစ်ကာ မော့ကြည့်ရင်း ပြောလိုက်သည်။
" ဒါက မျှတတဲ့ တိုက်ပွဲ ဖြစ်သင့်တာလေ။ မင်းကို တပ်ကူခေါ်ဖို့ ဘယ်လိုလုပ် ခွင့်ပြုရမှာလဲ”
ထိုစဥ် အားလုံး၏ အာရုံက ယွီကျန့်ဟိုင်အပေါ် ကျရောက်နေလေ၏။
လျန်ကျစ်တောက်က မေးလိုက်သည်” မင်းက ဘယ်သူလဲ "
ယွီကျန့်ဟိုင်က အဆောက်အဦငယ်ထဲမှ ထွက်လာပြီးနောက် ကောင်းကင်အထက် မြေပြင်ပေါ် လမ်းလျှောက်နေသလိုမျိုး ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ သူက အဆောက်အဦငယ်အထက် ဝေဟင်သို့ ရောက်ရှိသည့်အခါ လျန်ကျစ်တောက်၊ ထျန်းပုကျိ နှင့် တခြာသူများနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
" ခင်ဗျားက စကားအများကြီး ပြောနေတာပဲ " ယွီကျန့်ဟိုင်က ရှေ့တိုးလာ၏။
ယွီရှန်းရုန်က အသက်ရှည်ဓားကို မြောက်ကာ ပြောလိုက်သည်။
” တာ့ရှစ်ရှိုး ကျွန်တော် မပြီးသေးဘူး "
သူက ယွီကျန့်ဟိုင်သည် စိတ်မရှည်ဘဲ မဟာအမှောင်ကောင်းကင်အောက်မေ့ရာကို ထုတ်သုံးပြီး ယွင်ဟွမ်အား သတ်လိုက်အား သတ်လိုက်ကြောင်း သိလိုက်သည်။
ယွီကျန့်ဟိုင်က စုံစွမ်စိ ရှုံးနိမ့်ထားသည့်အတွက် သူ့အနေနဲ့ သူ့ဘာသာသူ ချုပ်ထိန်းထားရုံမှအပ ရွေးချယ်စရာ မရှိပေ။ သူက ပြောလိုက်သည်” ငါက ထွက်သွားဖို့ ကြိုးစားတဲ့ သူကိုပဲ သတ်လိုက်တာပါ။ ဒါက လက်ခံနိုင်လောက်တယ်မလား အာ့ရှစ်တိ "
ယွီရှန်းရုန်က သူ့အသက်ရှည်ဓားကို ချပြီး ခပ်ယဲ့ယဲ့ပြုံးကာ " ဒါပေါ့ "
" ... "
တခြားသူများက ဆွံ့အပြီး ထိုနှစ်ဦးကြားမှ ဆက်နွယ်မှုကြောင့် စိတ်ရှုပ်ထွေးနေကြသည်။
...
ထိုစဥ် ကုသိုလ်ရမှတ် ၅၀၀၀ သတိပေးချက်သည် လုကျိုး၏ တရားထိုင်မှုကို အနှောင့်အယှက်ဖြစ်သွားစေသည်။
သူက ပြတင်းပေါက်မှ တဆင့် ရှုခင်းအား ကြည့်ကာ ခေါင်းအသာယမ်းလိုက်သည်။
သူက ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့သည် အနီရောင်ကြာနယ်မြေတွင် မည်သို့ ရှိနေမည်မှန်း မသိရပေ။ သူသိထားသလောက် ဘုန်းကြီးဖာခုံထက် ပိုမိုအားကောင်းသည့်လူများ ရှိနေလေသည်။ တာ့ယန်နယ်မြေတွင် သူ့တပည့်နှစ်ယောက်က ပြိုင်ဘက်ကင်းဖြစ်သော်လည်း အနီရောင်ကြာနယ်မြေတွင် ကိစ္စများက မရိုးရှင်းပေ။ အကယ်၍ သူတို့သာ ပေါက်ကြားသွားပါက နယ်ခြားမျိုးနွယ်အဖြစ် နာမည်အတပ်ခံရမည်ဖြစ်ကာ တိုက်ခိုက်ခံရလိမ့်မည်။
သို့သော်လည်း ဤသည်က သူအစိုးရိမ်ဆုံး မဟုတ်သေးပေ။ သူ စိုးရိမ်မိသည်က သူ့တပည့်နှစ်ယောက်၏ မာနကြီးမှုကို ဖြစ်၏။ သူ့အမြင်တွင် သူတို့က မည်သည့်အချိန်တွင် နောက်ဆုတ်ရမည်ကို သိသည့်အစား အားကောင်းသည့် ရန်သူကို တိုက်ခိုက်ဖို့ရာ ဆင်ခြင်မဲ့စွာ ရှေ့တိုးသွားကြလိမ့်မည်။
သူ့အနေနှင့် ရွေးချယ်မှု နှစ်ခု ရှိထားပြီး သူတို့ကို အနီရောင်ကြာနယ်မြေတွင် သွားရောက်ရှာဖွေရမည်လား သို့မဟုတ် သူတို့ပြန်လာမည်ကို စောင့်နေရမည်လား။
သူက မည်သည်ကို ရွေးချယ်သင့်သနည်း။
...
လျန်ကျစ်တောက်က သူတို့နှစ်ယောက်အား အေးစက်စက် ကြည့်လိုက်သည်။ မဟာအမှောင် ကောင်းကင်အောက်မေ့ရာတိုက်ကွက်မှတဆင့် အသစ်ရောက်လာသူသည် အားမနည်းကြောင်း သိလိုက်၏။ ထိုသူနှစ်ဦးသည် သာမန် မဟုတ်ပေ။ သူ့အမူအရာက လေးနက်သွားပြီး " ဒီလိုဆိုမှတော့ သေတဲ့အထိ တိုက်ခိုက်ကြတာပေါ့ "
လျန်ကျစ်တောက်၏ ကိုယ်ပေါ်မှ အနီရောင်စွမ်းအားသည် ပိုမိုတောက်ပလာသည်။ သူ သောက်သုံးလိုက်သည့်ဆေးအာနိသင်က သက်ရောက်မှုရှိလာမှန်း သိသာလှ၏။ ပြင်ပအကူအညီ မပါဘဲ သူတို့၏ ကြာ ဖြတ်တောက်ခံရပြီးနောက်တွင် ဤသို့သော စွမ်းအားမျိုး ထုတ်မသုံးနိုင်ကြပေ။
လျန်ကျစ်တောက်က ယွီရှန်းရုန်ဆီ ဦးတည်လာသည်။
ထိုစဥ် ယွီကျန့်ဟိုင်က ရထားလုံးရှေ့တွင် ပေါ်ထွက်လာ၏။ သူက ပဲ့ထိန်း ကိုင်ထားသည့် ကျင့်ကြံသူအား ကြည့်ကာ ဘေးမှ ကုလားထိုင်ဆီ လျှောက်သွားပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ဝင်ထိုင်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏” ဘယ်သူမှ မလှုပ်နဲ့။ မဟုတ်ရင် မင်းတို့ အားလုံး သေရမယ် "
ယွီကျန့်ဟိုင်က သူသည် ဤနေရာတွင် ထိုင်ကာ ကုန်းမြေနှင့် တောင်တန်းများကို ရှုစားခဲ့ဖူးကြောင်း အမှတ်ရလိုက်သည်။
ကြယ်ပျံအိမ်တော်၏ တပည့်များက တုန်လှုပ်နေကြသည်။ အပြင်ဘက်တွင် ပျံဝဲနေကြသည့်အများစုက သူ့ကို မြင်သည့်အခါ ရှေ့တိုးလာကြသည်။
ယွီကျန့်ဟိုင်က ယွီရှန်းရုန်သည် အချိန်အတော်ကြာ တိုက်ခိုက်သည်ကို ကြည့်နေပြီး သူသည်လည်း ဝင်တိုက်ခိုက်ချင်မိသည်။ သူက ကြယ်ပျံအိမ်တော် ကျင့်ကြံသူများကို ကြည့်ပင်မကြည့်ဘဲ စွမ်းအားကို ထုတ်ဖော်လိုက်သည်။
ဝုန်း
ကြယ်ပျံအိမ်တော်၏ တပည့်များက လွင့်စဉ်သွားပြီး သွေးအန်သွားကြရသည်။
ယွီကျန့်ဟိုင်၏ အမူအရာက အေးစက်စက် ဖြစ်နေဆဲဖြစ်၏။
လျန်ကျစ်တောက်က မျက်မှောင်ကြုတ်လိုက်သည်။ ထိုဓားမော့ အသုံးပြုသူက သူ ထင်ထားသည်ထက် ပိုမိုအားကောင်းနေသည်။ ဓားမော့အသုံးပြုသူက သူ့ရှေ့မှ ဓားသမားနှင့်ပင် လက်ရည်ချင်းယှဥ်နိုင်လေသည်။ ကြည့်ရသည်မှာ သူ့အနေနှင့် ယခုပြဿနာကြား ကျရောက်နေပြီဖြစ်၏။
ထိုစဥ် ထျန်းပုကျိက တံတွေးမျိုချကာ ရွေရွတ်လိုက်၏။
” သူတို့က ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူဆိုပေမဲ့ သူတို့ရဲ့ အင်အားက ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူတွေထက် ဘာလို့အားကောင်းနေရတာလဲ "
သူက စိတ်ရှုပ်ထွေးနေမိသည်။
ထျန်းပုကျိ တစ်ယောက်တည်းသာ စိတ်ရှုပ်ထွေးနေခြင်း မဟုတ်ဘဲ အားလုံးက စိတ်ရှုပ်ထွေးနေကြခြင်း ဖြစ်၏။
လျန်ကျစ်တောက်က အော်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်ရှိ အနီရောင်စွမ်းအားများက ယခင်ထက် ပိုမိုတောက်ပလာသည်။
" မင်းက ငါ့တပည့်ကို သတ်ခဲ့တယ်။ ကြယ်ပျံအိမ်တော်က မင်းတို့ကို ဘယ်တော့မှ ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး”
လျန်ကျစ်တောက်က ပျံသန်းလာပြီး သူ့လက်သီးက မျက်ဝန်းမှ ဒေါသမီးတောက်အလား အနီရောင်တောက်ပနေသည်။
ယွီရှန်းရုန်က ဤတစ်ကြိမ် ဖိအားကို ခံစားမိလိုက်သည့်အတွက် ချုပ်တည်းမထားတော့ပေ။ သူက အသက်ရှည်ဓားကို လွှတ်ကာ လက်နှစ်ဖက်ကို ပူးကပ်လိုက်သည်။
ကမ္ဘာဦးပင်လယ် ဖွဲ့စည်းခြင်း
ယွီရှန်းရုန် အနားရှိ အပင်များက ဝေ့ရမ်းသွားကာ အဆောက်အဦငယ်ပေါ်ရှိ ကြွေပြားများက ပျံတက်လာသည်။
ကြယ်ပျံအိမ်တော်မှ တပည့်များ၏ လက်ထဲမှ ဓားများသည်လည်း ဆွဲယူခံလိုက်ရသည်။
ကျီဖုန်းရှင်း၏ ဓားမော့နှင့် ဓားသည်လည်း လေထဲမြင့်တက်လာ၏။
ထိုစဥ် စွမ်းအင်ဓားများစွာက ပေါင်းစပ်သွားကြသည်။
လျန်ကျစ်တောက်က သူ့လက်သီးချက်ဖြင့် တိုက်ခိုက်လာသည်။ သူက စွမ်းအင်ဓားများကို လက်သီးချက်ဖြင့် ထိုးနှက်လိုက်၏။
စွမ်းအင်ဓားများက အတောမသတ်ပေ။ သူတို့က ဝေ့ရမ်းရင်း ရှေ့ဆက်တိုးလာကြသည်။
ကောင်းကင်တစ်ခုလုံးတွင် ယွီရှန်းရုန်၏ စွမ်းအင်ဓားများနှင့် လျန်ကျစ်တောက်၏ အနီရောင် လက်သီးချက်များနှင့် ဖုံးလွှမ်းသွား၏။
ထျန်းပုကျိက ထိုအရာကို မြင်သည့်အခါ အမှန်တကယ် တုန်လှုပ်နေမိသည်” နောက်ဆုတ်ကြ "
ကျီဖုန်းရှင်းကမူ တအံ့တသြ ရေရွတ်မိလိုက်သည်” အစ်ကိုကြီးရဲ့ ဓားနည်းစနစ်က ဘယ်လောက်တောင် အားကောင်းတာလဲ "
သူ့အမြင်တွေ ယွီရှန်းရုန်က သူ တိုက်ခိုက်ဖူးသည့်အခေါက်ထက် ပိုမိုအားကောင်းကာ ရဲရင့်လာကြောင်း ခံစားမိသည်။ ယွီရှန်းရုန်အပေါ် သူ့နားလည်နိုင်စွမ်းက အသစ်ဖြစ်တည်လာ၏။