← Chapters

ကောင်းကင်ကြီးကို ပြောင်းပြန်လှန်ပစ်သည့် ရှောင်ချန်း

Vol. 10 Ch. 970

ကောင်းကင်ကြီးကို ပြောင်းပြန်လှန်ပစ်သည့် ရှောင်ချန်း

Vol. 10 Ch. 970

နတ်အဆင့်ကျင့်ကြံသူလေးယောက်က ပိုင်ရှောင်ချန်းအား ရေကုန်ရေခမ်း တိုက်ခိုက်ကြရန် ပူးပေါင်းနေကြ၏။ ရာဇသံတိမ်လွှာနှင့် ရာဇသံမိုးကြိုးမှ ကျင့်ကြံသူများအားလုံး မမှိတ်မသုန် စောင့်ကြည့်နေကြသည်။ လူတိုင်းပြောနိုင်သည့်အပေါ်အခြေခံ၍ ပိုင်ရှောင်ချန်းက ယခင်ကထက် ပို၍ စွမ်းအားကြီးကြောင်း သက်သေပြပြီးစေကာမူ အရေးမကြီးပေ။ သူ၏ အရှက်မရှိမျက်နှာပြောင်တိုက်မှုအတွက် သူ ပေးဆပ်ရလိမ့်မည်။

" ဒီကောင် ပိုင်ရှောင်ချန်းက အစွမ်းထက်ပေမဲ့ အရှေ့ပိုင်းမှာ မဟုတ်ဘူးဆိုတာ မေ့နေတာပဲ။ ဒါက မြောက်ပိုင်းကွ"

" ဟမ့်၊ သူ့မကျေနပ်ချက်တွေကို မြောက်ပိုင်းမှာ ပုံချရဲတယ်ပေါ့။ ငါတို့ သူ့ကို တစ်ခုနှစ်ခုလောက် ပြလိုက်ကြတာပေါ့ "

" လျှပ်စီးတိမ်တိုက်သခင်နဲ့ အခြားနတ်အဆင့်ကျင့်ကြံသူတွေ အကုန်ပေါင်းတိုက်တာက မလောက်လေးမလောက်စားပိုင်ရှောင်ချန်းကို မသတ်နိုင်ဘူးလို့ ငါ မယုံဘူး "

လူတိုင်း စိတ်တည်ငြိမ်စပြုလာကြကာ ပိုင်ရှောင်ချန်းထံ ပေါ်ပေါ်ထင်ထင် အထင်မြင်သေးစက်ဆုပ်ရွံရှာမှုများအား ပြသလာတော့သည်။ ထိုအချိန်တွင် လျှပ်စီးတိမ်တိုက်သခင်နှင့် အခြားနတ်အဆင့်ကျင့်ကြံသူများက တဟုန်ထိုး ချဥ်းကပ်လာကြ၏။

ပိုင်ရှောင်ချန်း၏ မျက်လုံးများထဲတွင် အေးစက်သောအလင်းတန်းများ ရိပ်ခနဲဖြတ်ပြေးသွားသည်။ သူ မြောက်ပိုင်းသို့ရောက်ကတည်းက သူ့ကိုယ်သူ ထိန်းချုပ်ထားခဲ့သော်လည်း ယခု နတ်အဆင့်ကျင့်ကြံသူလေးယောက်လုံးက သတ်ဖြတ်လိုစိတ်များအား ပွင့်ပွင့်လင်လင်းထုတ်ဖော်ပြသနေရာ သူ၏ဒေါသများ ပေါက်ကွဲသွားတော့သည်။

သူက နောက်ဆုတ်မည့်အစား လက်ကိုဝှေ့ယမ်းကာ ရွှယ်ကျဲကော်တုကို ဆင့်ခေါ်၍ ရှေ့တက်လိုက်သည်။ အရပ်ရှစ်မျက်နှာတခွင် ရေခိုးရေငွေ့များ တထောင်းထောင်းထလာပြီး ဧရာမလက်သည်းရှည်များနှင့်လက်ကြီးတစ်ဖက် ထိုးထွက်လာ၏။

အရာအားလုံး ပြင်းပြင်းထန်ထန်တုန်ခါလာသည့်အတွက် နတ်အဆင့်ကျင့်ကြံသူများအားလုံး လုံးလုံးလျားလျား အံအားသင့်သွားကြသည်။ လျှပ်စီးတိမ်တိုက်သခင်က လွန်လွန်ကဲကဲ မထိခိုက်သွားပါသော်လည်း အခြားနတ်အဆင့်ကျင့်ကြံသူသုံးယောက်မှာ ပင့်သက်ရှိုက်သွားပြီး တစ်ယောက်မှာ သွေးပင်အန်လိုက်ရသည်။

" ပိုင်ရှောင်ချန်း "

မြောက်ပိုင်း၏ ထိပ်သီးနတ်အဆင့်ကျင့်ကြံသူ လျှပ်စီးတိမ်တိုက်သခင်က ထိုအခြင်းအရာကြောင့် ဟိန်းဟောက် ကြုံးဝါးလိုက်သည်။ သူက အလင်းတန်းအသွင်ပြောင်း၍ ပိုင်ရှောင်ချန်းထံ တန်းတန်းမတ်မတ်ပြေးဝင်ကာ တစ်ဆက်တည်းမှာပင် အော်ဟစ်လိုက်သည်။

" လျှပ်စီးတိမ်တိုက်ဘိုးအေ၊ ခုနှစ်ကြိမ်မြောက် အသွင်ပြောင်းလဲခြင်း"

လျှပ်စီးတိမ်တိုက်သခင်က မီတာ ၂၁၀ အမြင့်သို့ လျင်မြန်စွာ ကြီးထွားလာသဖြင့် နားကွဲလုမတတ် ထစ်ခြုန်းသံများ ပျံ့နှံ့လာတော့သည်။ သူ့ကိုကြည့်ရသည်မှာ တဟုန်ထိုးမြင့်မားလာသော အတိုက်အခိုက်စွမ်းရည်ရှိသည့် လူသားမျိုးနွယ်အားလုံး၏ ဘိုးဘေးကြီးနှင့် အမှန်စင်စစ်တူပေသည်။ တခဏလေးအတွင်း သူက နှောင်းပိုင်းနတ်အဆင့်ကို ကျော်လွန်၍ လေမုန်တိုင်းကြီးအလား ပိုင်ရှောင်ချန်းထံ ဦးတည်လာေနသည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ မျက်လုံးများ လက်ခနဲဖြစ်သွားပြီး အော်ဟစ်လိုက်သည်။

" အထွတ်အထိပ်ဘိုးအေ ၊ ငါးကြိမ်မြောက် အသွင်ပြောင်းလဲခြင်း "

ဝုန်း

ပိုင်ရှောင်ချန်းသည်လည်း ကြမ်းတမ်းရက်စက်သော အရှိန်အဝါနှင့် ထွားကြိုင်းသောလူရိုင်းကြီးအသွင်ဖြင့် မီတာ ၁၅၀ အမြင့်ရောက်သည့်တိုင်အောင် အရွယ်အစားလျင်မြန်စွာ ကြီးလာတော့သည်။ သူ၏ ဘယ်ဘက်မျက်လုံးအတွင်း ငါးကြိမ်မြောက် အသွင်ပြောင်းလဲခြင်းကို ရှစ်ကြိမ်မြောက်အသွင်ပြောင်းလဲခြင်းအလား အစွမ်းထက်သွားစေသည့် တလက်လက်တောက်ပနေသော လသင်္ကတစ်ခုရှိသည်။

" မဖြစ်နိုင်ဘူး "

လျှပ်စီးတိမ်တိုက်သခင်၏ မျက်လုံးများမှာ ဦးခေါင်းခွံထဲမှ ထွက်ကျမတတ် ပြူးကျယ်သွား၏။ သူ ရှစ်ကြိမ်မြောက်ပြောင်းလဲခြင်းကို အသုံးမပြုခဲ့သည့် အကြောင်းရင်းမှာ အလွန်အားနည်းသွားစေသောကြောင့်ပင်။ ထို့အပြင် ပိုင်ရှောင်ချန်းသည် သူနှင့် တစ်ထပ်တည်းတူသော နတ်ဘုရားသိုင်းကို အမှန်တကယ်အသုံးပြုနိုင်လိမ့်မည်ဟု မည်သို့စိတ်ကူးနိုင်လိမ့်မည်နည်း။

သူတို့နှစ်ယောက်က တိုက်ခိုက်လိုက်ကြရာ ပြင်းထန်သော ပေါက်ကွဲသံကြီး အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်သွားလေသည်။ လျှပ်စီးတိမ်တိုက်သခင်မှာ ပါးစပ်မှ သွေးများပန်းထွက်သွားလျက် နောက်သို့လွင့်ထွက်သွားသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားတော့သည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသော်လည်း သူ့စိတ်အစဥ်မှာ ပို၍ တုန်လှုပ်သွားပြီး ရင်တဒိန်းဒိန်းခုန်နေတော့သည်။ လျှပ်စီးတိမ်တိုက်ဘိုးအေကျင့်စဥ်သည် မြောက်ပိုင်းနှင့်သက်ဆိုင်သော လျှို့ဝှက်မှော်ပညာတစ်ရပ်ဖြစ်သည်။ သို့ေသာ် လုံးဝမထင်မှတ်ထားသောအသွင်ဖြင့် ပိုင်ရှောင်ချန်းက သူ့ရှေ့မှောက်တွင် အသုံးပြုလိုက်သည်ဖြစ်၍ သူ ချက်ချင်းပင် သွက်သွက်ခါအောင် ဒေါသူပုန်ထသွားတော့သည်။

ပို၍ ဆိုးသည်က ပိုင်ရှောင်ချန်းက ငါးကြိမ်မြောက်အသွင်ပြောင်းလဲခြင်းကိုသာ အသုံးပြုခဲ့သည့်တိုင် သူ၏ခုနစ်ကြိမ်မြောက်ပြောင်းလဲခြင်းထက် အစွမ်းပိုထက်သောကြောင့်ပင်။ ၄င်းမှာ လုံးဝ ဒေါသထွက်စရာ ဖြစ်တော့သည်။

" ပိုင်ရှောင်ချန်း " သူက ဟိန်းဟောက်လိုက်သည်။

" မြောက်ပိုင်းရဲ့ လျှို့ဝှက်အမွေအနှစ်ကျင့်စဥ်ကို မင်း ဘယ်လိုတောင် ခိုးရဲတာလဲ "

သူက တစ်ချက်လေးပင်တုံ့ဆိုင်းမနေဘဲ ရှစ်ကြိမ်မြောက်အသွင်ပြောင်းလဲခြင်းကို သုံး၍ မီတာ ၂၄၀ အမြင့်သို့ရောက်စေလိုက်ပြီး ဒေါကြီးမောကြီးရှေ့တက်လာသည်။

" သောက်ရေးမပါတာ၊ မင်းသိသားပဲ " ပိုင်ရှောင်ချန်းက ပြန်အော်လေသည်။

" မင်းက လျှပ်စီးတိမ်တိုက်ဘိုးအေကျင့်စဥ်ကို သုံးနေတာ။ ငါက အထွတ်အထိပ်ဘိုးေအကျင့်စဥ်ကို သုံးနေတာ။ နာမည်တွေက လုံးဝကို မတူဘူးကွ။ ဘာလဲ မင်း ကန်းနေလား၊ ပင်းနေလား၊ နှစ်ခုလုံးပဲလား "

သူက အေးစက်စက်နှာမှုတ်၍ ရှေ့တက်ကာ လျှပ်စီးတိမ်တိုက်သခင်ကို တိုက်ခိုက်လိုက်သည်။

သူတို့နှစ်ယောက် လူပြန်ကွဲသွားစဥ် ပိုင်ရှောင်ချန်း၏ ချီနှင့်သွေးများကား တပွက်ပွက်ဆူနေလေပြီ။ သူ၏မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်များဖြင့် တလက်လက် တောက်ပနေပြီး သူက နောက်ပြန်ဆုတ်ကာ လက်နှစ်ဖက်ဖြင့်မန္တန်လက်ကွက်ဖော်လိုက်ပြီးနောက် အဆုတ်ကွဲထွက်လုမတတ် အော်ဟစ်ကြုံးဝါးလိုက်သည်။

" အသက်ဝင်တောင်ဂါထာ "

ဂျိန်းးးးးးး

မရေမတွက်နိုင်သော ကျောက်တုံးကျောက်ခဲ ကျောက်စိုင်များသည် လေပေါ်ပျံတက်လာပြီး ပိုင်ရှောင်ချန်း၏ မီတာ ၁၅၀ အသွင်ကြီးကို ဖုံးလွှမ်းသွားကာ သူ့ကို ကြီးသထက်ကြီး၍ မြင့်သထက်မြင့်မားလာစေသည်။ အချိန်တိုလေးအတွင်းမှာပင် သူသည် မီတာ ၃၀၀ အမြင့်ရှိ ကျောက်ဘီလူးကြီးတစ်ကောင် ဖြစ်သွားလေပြီ။

ဘိုးအေအသွင်ပြောင်းလဲခြင်းနှင့် အသက်ဝင်တောင်ဂါထာ၏ ပေါင်းစည်းခြင်းက တုန်လှုပ်ချောက်ချားဖွယ် ရလဒ်များကို ထုတ်ပေးပြီး အလွန်တရာ မှင်သက်ဖွယ်စွမ်းအားများကြောင့် ပတ်ဝန်းကျင်ရှိအရာအားလုံး တုန်ခါသွားတော့သည်။ မြောက်ပိုင်းသားများအားလုံး ပင့်သက်ရှိုက်သွားကြပြီး အထိတ်တလန့် အော်ဟစ်လိုက်ကြလေသည်။

ထို့အပြင် အသက်ဝင်တောင်ဂါထာ၏အစွမ်းကြောင့် ဧရာမလေပြင်းကြီးတိုက်ခတ်လာပြီး အလွန်အားကောင်းလှသည့်အတွက် ၄င်းကိုထိလိုက်သည့် ကျင့်ကြံသူများအားလုံး၏ မျက်နှာများ စပ်ဖျဥ်းဖျဥ်းဖြစ်သွားသည်။ လျှပ်စီးတိမ်တိုက်သခင်ပင် တအံ့တသြပင့်သက်မရှိုက်မိဘဲ မနေနိုင်တော့ပေ။

ပိုင်ရှောင်ချန်းကို ရင်ဆိုင်ရသည်မှာ ခက်ခဲလိမ့်မည်ဟူသော ရုတ်တရက် ပြင်းထန်သောအတိတ်နိမိတ်ကို သူ ရလိုက်သည်။

" သောက်ကျိုးနည်းကွာ။ ဒီကောင် ဘာလို့ ဒီလောက် အစွမ်းထက်နေရတာတုန်း။ နတ်အဆင့်ရဲ့ မဟာစက်ဝန်းကလူပဲ သူ့အတွက် ပြိုင်ဘက်ဖြစ်နိုင်လောက်မှာ။ ပြီးတော့ ဒီကောင် အခုထက်ထိ ဟိုဝှက်ဖဲလက်သီးချက်ကိုတောင် မသုံးရသေးဘူး "

ထိုအချိန်တွင် လျှပ်စီးတိမ်တိုက်သခင်၏ မျက်လုံးအိမ်များ ကျုံ့သွားပြီး တတ်နိုင်သမျှ မြန်မြန်နောက်ဆုတ်တော့သည်။ ထိုစဥ် ပိုင်ရှောင်ချန်းက ရှေ့သို့လှမ်းလာသည်။

သူက တန်ခိုးရှင်တစ်ဦးအလား ဟိန်းဟောက်၍ လျှပ်စီးတိမ်တိုက်သခင်နောက်သို့လိုက်စဥ် အခြားနတ်အဆင့်ကျင့်ကြံသူများမှာ မတတ်သာဘဲ သူတို့ကိုယ်သူတို့ အားတင်းပြီး တန်ပြန်တိုက်ခိုက်လိုက်ကြရလေသည်။

သူတို့ထဲမှ တစ်ယောက်က အနက်ရောင်လျှပ်စီးတန်းအသွင်ပြောင်းလိုက်ပြီး နောက်တစ်ယောက်က တိမ်အရိပ်ကိုးသွယ်ပြောင်းကာ တတိယတစ်ယောက်က ဧရာမမီးဖိုးကြီးတစ်လုံးကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် သုံးယောက်လုံး ပိုင်ရှောင်ချန်း၏လမ်းကို ပိတ်ရန် ပြေးဝင်လာကြတော့သည်။

ပိုင်ရှောင်ချန်းက သူတို့ကို လှည့်၍ပင်မကြည့်ချေ။

" ငါ့လမ်းကဖယ်စမ်း "

သူက ဟိန်းဟောက်၍ လက်ကိုဝှေ့ယမ်းလိုက်ရာ သူတို့ဆီသို့ လေပြင်းတစ်ချက် တိုက်ခတ်လာသည်။

အနက်ရောက်လျှပ်စီးတန်းက အစိတ်စိတ်အမြွှာမြွှာကြေမွသွားပြီး တိမ်အရိပ်ကိုးသွယ်မှာ အပိုင်းပိုင်းစုတ်ပြဲသွားကာ ဧရာမမီးဖိုကြီးကား အပိုင်းပိုင်းအစစကွဲထွက်သွားတော့သည်။ နတ်အဆင့်ကျင့်ကြံသူသုံးယောက်လုံး သွေးများအန်လိုက်ကြရပြီး ပိုင်ရှောင်ချန်းက သူတို့ကိုကျော်၍ ပျံထွက်သွားသည်တွင် မယုံကြည်နိုင်သော အမူအရာများက သူတို့မျက်နှာများကို လွှမ်းခြုံသွားလေသည်။

" အား… အားပြင်းလိုက်တာ "

ပိုင်ရှောင်ချန်းကား နည်းနည်းလေးပင် အရှိန်မလျှော့ချေ။ သူက လျှပ်စီးတိမ်တိုက်သခင်နှင့် နီးကပ်လာသည်နှင့်အမျှ လက်သီးဆုပ်လိုက်ရာ အနက်ရောင်လေပွေကြီးတစ်ခု ၄င်း၏ပတ်လည်တွင် ဝေ့တက်လာတော့သည်။

" နတ်မီးလျှံစမ်းသပ်ပွဲမှာ ခင်ဗျား ကျုပ်ကို အလစ်တိုက်ခဲ့တယ် လျှပ်စီးတိမ်တိုက်သခင်။ အဲဒီနောက် ခင်ဗျား လုံးဝ တရားလွန်လာတယ်။ အခုကျတော့ နှောင်းပိုင်းနတ်အဆင့်ကို အားကိုးပြီး ကျုပ်ကို သတ်ချင်တယ်ပေါ့လေ “

" ခင်ဗျားက ကျုပ် မြောက်ပိုင်းရောက်ကတည်းက မရပ်မနား ဒုက္ခပေးနေခဲ့တာ။ ကောင်းပြီ အခု ၊ ဒီနေ့ ကျုပ်တို့ရဲ့ ရန်ကြွေးရန်ငြိုးတွေ ချေကြတာပေါ့ "

လျှပ်စီးတိမ်တိုက်သခင်မှာ ခေါင်းတစ်ခုလုံး ချာချာလည်နေလေပြီ။ အထူးသဖြင့် ပိုင်ရှောင်ချန်း၏ လက်သီးကြီးနှင့် ၄င်းကိုလှည့်ပတ်နေသော အနက်ရောင်လေပွေကြီးကို ရှင်းရှင်းလင်းလင်း မြင်နေရသောကြောင့်ပင်။ သူက မျက်နှာကြီးရှုံ့တွလိမ်ဖယ်နေလျက် နောက်ဆုတ်ကာ စူးစူးဝါးဝါး အော်လိုက်သည်။

“ မင်းတို့ကောင်တွေ ဘာရပ်လုပ်နေတာလဲ။ ဂိုဏ်းရဲ့ မဟာမန္တန်အစီအရင်အကာအကွယ်ကို အသက်သွင်းကြပါဟ"

အခြားနတ်အဆင့်ကျင့်ကြံသူသုံးယောက်က အမိန့်များ အော်ပေးလိုက်ကြသည်။

" ဝင်္ကပါကို အသက်သွင်းလိုက် "

" မဟာမန္တန်အစီအရင်ကို အားဖြည့် "

အံ့သြမှင်သက်လျက် ရပ်ကြည့်နေသော ဘေးပတ်ဝန်းကျင်မှ မြောက်ပိုင်းသားများမှာ နောက်ဆုံးတွင် အသိပြန်ဝင်သွားကြတော့သည်။ သူတို့က ဖြူဖတ်ဖြူလျော်မျက်နှာများနှင့် ချက်ချင်းပင် သူတို့ ဂိုဏ်း၏ မဟာမန္တန်အစီအရင်ကို သွားရောက်အသက်သွင်းလိုက်ကြသည်။

၄င်းက အချိန်များစွာကြာသော ဖြစ်စဥ်တစ်ခုမဟုတ်ပေ။ ပိုင်ရှောင်ချန်းက လျှပ်စီးတိမ်တိုက်သခင်အပေါ် နီးကပ်လာချိန်မှာပင် ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းမှ အားကြီးတစ်ခု ရစ်ပတ်ထွက်ပေါ်လာကာ ပြင်းထန်သော တန်ပြန်အားတစ်ခုထုတ်လွှတ်နေသည့် ဝိုးတိုးဝါးတားဒိုင်းကြီးကို ဖန်တီးလိုက်သည်။ ပိုင်ရှောင်ချန်းမှာ သူ့လမ်းကြောင်းတွင် ရပ်သွားရရုံသာမက ဂိုဏ်းအပြင်ဘက်ပင် ပြန်တွန်းထုတ်ခံလိုက်ရ၏။

ပိုင်ရှောင်ချန်းက လုံးဝမထိန်းချုပ်နိုင်ဘဲ ဆန့်ကျင်ဘက်အရပ်သို့ တွန်းထုတ်ခံလိုက်သဖြင့် မျက်မှောင်ကြုတ်သွားသည်။

လျှပ်စီးတိမ်တိုက်သခင်နှင့် အခြားနတ်အဆင့်ကျင့်ကြံသူများမှာ ထိုသည်ကို မြင်သည့်အခါမှ စိတ်သက်သာရကာ သက်ပြင်းချလိုက်နိုင်တော့သည်။ တိုက်ပွဲက အချိန်များကုန်ဆုံးလာသည်နှင့်အမျှ သူတို့ကို တုန်လှုပ်လာေစပြီး လျင်မြန်စွာပင် ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့ရသည်။

သို့သော် သူတို့သက်ပြင်းချလိုက်ကြသည့်အချိန်မှာပင် ပိုင်ရှောင်ချန်း၏ မျက်လုံးများ တောက်ပသွား၏။

" မန္တန်အစီအရင်တွေက ငါ့အတွက် အလုပ်မဖြစ်ဘူး "

သူက ထာဝရပြုစားခြင်းသိုင်းကို ဆင့်ခေါ်၍ တန်ပြန်တွန်းကန်အားကို ကျော်ဖြတ်ကာ မန္တန်အစီအရင်အတွင်းထဲ ပြန်လည်ထိုးဖောက်ဝင်ရောက်လာသည်။ အံ့သြတုန်လှုပ်ဖွယ်ကောင်းစွာ သူ၏လမ်းတွင် တားဆီးနိုင်သည့်အရာဟူ၍ မရှိပေ။

တဂျိန်းဂျိန်းထစ်ခြုန်းသံများ ကြားလိုက်ရပြီး သူက လျှပ်စီးတိမ်တိုက်သခင်အရှေ့တွင် ပေါ်လာကာ သူ၏လက်သီးအားဝေ့ပတ်နေသော အနက်ရောင်လေပွေကြီးက ပတ်ဝန်းကျင်ရှိ စိတ်စွမ်းအင်များကို အလျင်အမြန် ဝါးမျိုနေသည်။ ဧရာမအရိပ်သဏ္ဍာန်ဧကရာဇ်ကြီးက သူ၏နောက်တွင် ပေါ်လာပြီးနောက် သူ၏လက်သီးထဲ ဝင်ရောက်ပေါင်းစည်းသွားလေသည်။ ၎င်းသည်ကား ထာဝရဧကရာဇ်လက်သီးပင်။

ထိုလက်သီးအား ပစ်သွင်းလိုက်ချိန်တွင် သက်ရှိသက်မဲ့အရာအားလုံးက ဖျက်စီးခံရနိုင်သည့်အလား ဖြစ်နေသည်။

လျှပ်စီးတိမ်တိုက်သခင်၏မျက်လုံးအိမ်များ ကျဥ်းမြောင်းသွားပြီး ေခါင်းတစ်ခုလုံးချာချာလည်နေတော့သည်။ မည်သို့ပြုလုပ်မည်ကို စဥ်းစားရန်အချိန်မရှိသည့်အပြင် မည်သည့်နည်းနှင့်မှ ရှောင်နိုင်မည်မဟုတ်ပေ။ သူက အဆုတ်ကွဲလုမတတ် အော်ဟစ်ပြီး အန္တရာယ်ကိုအမှုမထားတော့ဘဲ ကိုးကြိမ်မြောက် အသွင်ပြောင်းလဲခြင်းကို ထုတ်ဖော်ရန် သူ၏စွမ်းအင်ကို ဆင့်ခေါ်လိုက်တော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် မီတာ ၂၇၀ မြင့်သွားပြီး ပိုင်ရှောင်ချန်း၏ ထိုးနှက်ချက်အတွက် အားတင်းထားလိုက်သည်။

စောစောက မည်သည့်အရာမဆိုထက် သာလွန်သော ပေါက်ကွဲသံကြီး မြည်ဟည်းသွား၏။ ပတ်ဝန်းကျင်ရှိ အသံများအားလုံး ချေမှုန်းခံလိုက်ရကာ တိတ်ဆိတ်လုနီးပါး ဖြစ်သွားတော့သည်။

ထို့နောက် တုန်ခါလှိုင်းများထွက်ပေါ်လာကာ ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းမှာ အခြေခံအုတ်မြစ်တိုင်အောင် တုန်ခါသွားတော့သည်။ တချိန်တည်းမှာပင် လျှပ်စီးတိမ်တိုက်သခင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သွေးရူးသွေးတန်း အော်ဟစ်လိုက်လေသည်။

" မဟုတ်ဘူး "

သူသည် ကျွမ်းထိုးမှောက်ခုံလွင့်ထွက်သွားကာ သူ၏ပါးစပ်မှ သွေးများ ရေတံခွန်အလား စီးကျလာတော့သည်။ သူက အသွင်ပြောင်းထားသော ပုံသဏ္ဍာန်ကို ဆက်မထိန်းထားနိုင်တော့ဘဲ ပြန်ကျုံ့သွားပြီးနောက် လူနှစ်ယောက်ကွဲထွက်သွားသည်။ ထိုလူနှစ်ယောက်လုံး၏ ပါးစပ်များမှ သွေးများစီးကျနေလျက် နောက်သို့ ဆက်လက်ယိမ်းယိုင်သွားကြသည်။

ထိုလူနှစ်ယောက်အနက် အစ်ကိုကြီးဖြစ်သူက ညီငယ်ထက် တော်သေးသည်။ ညီငယ်မှာ အားကို မခံနိုင်သည့်အတွက် အပိုင်းပိုင်းပြတ်ထွက်သွားတော့သည်။

All Chapters