← Chapters

အခန်း (၇၂၁-၇၂၃)

Vol. 49 Ch. 721-723

အခန်း (၇၂၁-၇၂၃)

Vol. 49 Ch. 721-723

အခန်း (၇၂၁) နဝမဘုံကျောင်း၏ ရတနာ

အစောတုန်းက သူ ပြန်လာစဉ်အတောအတွင်း မင်ရှစ်ရင်သည် ၎င်းကို ဂရုတစိုက် စဉ်းစားခဲ့၏။ ဆိုရလျှင် ရွှေကြာဖြတ်တောက်သည့် ခေတ်က ကျရောက်လာခဲ့ပြီဖြစ်ရာ ဒီရေသည်လည်း ပြောင်းလဲလာလေပြီ။ သူက အမှန်တကယ် အကြပ်ရိုက်နေ၏။ နောက်ဆုံးတွင် သူက ပြောလိုက်သည်။

“ရှစ်စွင်း လျှိုရှစ်မေ့က ဒါကို သုံးလို့ရတာပဲ။ သူက ပွင့်ချပ်ရှစ်လွှာအဆင့်ကို ကျွန်တော့်ထက် ရောက်တာကြာပြီ။ သူ့ရဲ့အုတ်မြစ်က ခိုင်မြဲမှာပဲ”

“ယဲ့ထျန်းရှင်းက သူ့ရဲ့ဒဏ်ရာ အဟောင်းတွေ မသက်သာသေးဘူး။ သူ့ရဲ့ကျင့်ကြံဆင့်က အထွတ်အထိပ်ကို ဘယ်တော့မှ ရောက်မှာမဟုတ်ဘူး။ အချိန်ပိုလိုအပ်တယ်”

လက်နောက်ပစ်လျက် ပြောလိုက်သည်။

“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အကြီးအကဲလေးယောက်က အသက်ကြီးပြီ။ ပွင့်ချပ်ရှစ်လွှာအဆင့်ကို ပြန်လည်ကျင့်ကြံပြီးတဲ့နောက် သူတို့တွေက လူငယ်မျိုးဆက်နဲ့ယှဉ်နိုင်မှာ မဟုတ်ဘူး” လုကျိုးက ဆက်ပြောလိုက်သည်။

"မင်းရဲ့ တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးက အနီရောင်ကြာနယ်မြေမှာ ဒုက္ခတွေ့နေလောက်တယ်။ အခု ငါတို့ သိထားပုံအရ ကြာနယ်မြေက ရွှေကြာနယ်မြေထက်ပိုပြီး အစွမ်းထက်တယ်။ ဒီလောက် ကြာတာတောင် သူတို့ပြန်မလာဘူး။ သူတို့ ပြဿနာတချို့တွေ့နေတာ ကျိန်းသေတယ်။ ငါ သူတို့နှစ်ယောက်လုံးကို ပြန်သွားခေါ်ရမယ်။ ဒါပေမဲ့ ဒါမတိုင်ခင် တာ့ယန်မှာ ဒုတိယမြောက် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက်မရှိဘဲ ထွက်သွားလို့ မရဘူး။ မင်း နားလည်လား”

မင်ရှစ်ရင်သည် သူ့ရှစ်စွင်း၏ ပူပန်မှုကို သဘောပေါက်၏။ ထို့အပြင် သူ အထင်ကြီးသွားတော့သည်။

“မင်းရဲ့ ဆရာတူ တပည့်တွေထဲ မင်းက ငါ စိတ်ပူရတာ အနည်းဆုံးပဲ”

မင်ရှစ်ရင်သည် ထိုစကားများကို ကြားသောအခါ မျက်လုံးပြူးကြည့်လိုက်၏။ သူက မော့ကြည့်လိုက်ရာ သူ့ရှစ်စွင်းနှင့် အကြည့်ချင်းဆုံသွားတော့သည်။ သူ စိတ်ထင်တာ၊ သို့မဟုတ် အတွေးလွန်နေတာ ဖြစ်နိုင်၏။ သို့သော် သူ့ရှစ်စွင်းသည် ပိုမို အိုမင်းလာပုံပေါ်သည်။ အချိန်သည် လူကို မစောင့်ပေ။ အားကောင်းလှသည့် ရှစ်စွင်းကတောင် တစ်နေ့ကျ အိုမင်းရမည်။ လူငယ်မျိုးဆက်သည် အနှေးနှင့်အမြန် နေရာယူလာရတော့မည်။ အဆုံးကျ သူသည် အရိုအသေပေးလျက် ပြောလိုက်သည်။

"ရှစ်စွင်းရဲ့ ယုံကြည်မှုနဲ့ အကောင်းဆုံးလုပ်ပါ့မယ် ရှစ်စွင်း”

“ကောင်းတယ် ပြန်သွားပြီး ပြင်ဆင်တော့ ... အချိန်ကျတဲ့အခါ မင်းအတွက် ငါ စောင့်ကြည့်ပေးမယ်”

လုကျိုးက ပြောလိုက်သည်။

မင်ရှစ်ရင်က လှုပ်ရှားလိုက်၏”နားလည်ပါပြီ” ပြီးနောက် သူသည် အခန်းထဲမှ တလေးတစား ထွက်သွားတော့သည်။

ကမ္ဘာပေါ်ရှိ လူများစွာသည် မိစ္ဆာဝေဟင်မျှော်နန်း ကာကွယ်တာကို လိုချင်ကြ၏။ သို့သော် ယင်းသည် လကိုတောင်းဆိုနေခြင်းနှင့် ဆင်တူ၏။ သူရရှိလိုက်သော အခွင့်အရေးသည် အခြားသူတို့ မျှော်လင့်၍သာ ရပြီး ပိုင်ဆိုင်ခွင့် မရနိုင်ပေ။

အနီရောင်ကြာနယ်မြေရှိ ကောင်းကင်သိုင်းခုံရုံးတွင် ဖြစ်သည်။

မော့ပုရန်က ခန်းမထဲ ဝင်လာ၏။ သူသည် အကြီးအကဲချိုးကို အရိုအသေပေးပြီး ပြောလိုက်တော့သည်။

”အကြီးအကဲချိုး ရွှေကြာနယ်မြေထဲက နောက်ဆုံးလူ ကျန်း၀ူ သူ့ရဲ့အသက်ကျောက်တုံး ပြိုကွဲသွားပြီ”

အကြီးအကဲချိုးသည် ဤသတင်းကို ရချိန်၌ ယခင်ကထက် ပိုတည်ငြိမ်နေလေ၏။ ပါ့ခုံးသေဆုံးခြင်း သာဓကကြောင့် ကျန်းဝူ၏ ကျင့်ကြံဆင့်ဖြင့် တစ်စုံတစ်ယောက်သေသွားတာကို သူ မအံ့ဩတာဖြစ်နိုင်သည်။ သူသည် မျက်လုံးဖွင့်လျက်ပြောလိုက်၏။ သူက ရွှေကြာနယ်မြေထဲမှာ တစ်ယောက်ထဲလေ။ သူက တောထဲမှာ မနေသရွေ့ သူ့ရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ကို အကြာကြီးဖုံးကွယ်ထားဖို့က မဖြစ်နိုင်ဘူး။ ငါ ထင်ထားပြီးသား”

မော့ပုရန်က ခေါင်းညိတ်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်၏။

”ရွှေကြာနယ်မြေက ငါတို့ ထင်ထားတာထက် ပိုအစွမ်းထက်မဲ့ပုံပဲ။ ပြီးတော့ ကောင်းကင်ရထားလုံးပေါ် သုတေသနကလည်း ပြီးခါနီးပြီ။ အခု ဘာလုပ်သင့်တယ်ထင်လဲ”

“အခုအတွက် ထားလိုက်ဦး။ ရွှေကြာနယ်မြေရဲ့ ခွန်အားအစစ်အမှန်ကို နားလည်ဖို့ အစီအစဉ်သစ်တစ်ခု စီစဉ်ရမယ်။ ကောင်းကင်ရထားလုံးတစ်ခုက မလုံလောက်ဘူး။ သူတို့မှာ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူ တစ်ယောက်ရှိနေခဲ့ရင် ငါတို့တွေ ကောင်းကင်ရထားလုံးဆယ်လုံး လိုအပ်တယ်။ တာ့ထျန်ရဲ့ အကျော်အမော်တွေက ကိတ်မုန့်တစ်ပိုင်းထဲစားဖို့ စိတ်ထဲရှိမှာ မဟုတ်ဘူး ထင်တယ်”

မော့ပုရန်သည် အနည်းငယ်ထိတ်လန့်သွား၏။ ဤအစီအစဉ်သည် အနည်းငယ်ရဲတင်းသည်။ သူတို့ မလှုပ်ရှားသည့်အချိန်တွင် ဘာမှမလုပ်ခဲ့သော်ငြား လှုပ်ရှားခဲ့လျှင်လည်း ရွှေကြာနယ်မြေ၌ အုံလိုက်ကျင်းလိုက် ကျူးကျော်မည်။ ခဏအကြာတွင် သူက ပြောလိုက်၏။

”ပြီးတော့ ကြယ်ပျံအိမ်တော်ကလည်း သတင်းရထားတယ်။ သူတို့ရဲ့ အကြီးအကဲ လျန်ကျစ်တောက်နဲ့ သူ့ လက်အောက်ငယ်သား ယွင်လွမ်နဲ့ ယွင်ဟွမ်တို့က မိုးမခတစ်ထောင်ဘုရားကျောင်းဆီ တပည့်ရှစ်ဆယ်ခေါ်သွားတယ်။ အားလုံးသေကုန်ပြီ”

အကြီးအကဲချိုးသည် မျက်လုံးပြူးကျယ်သွားကာ သူက မျက်မှောင်အနည်းငယ်ကျုံ့လိုက်လေ၏။ ယခင်ကဆိုလျှင် ၎င်းသည် အသေးအမွှားကိစ္စတစ်ခုသာ ဖြစ်လိမ့်မည်။ ကြယ်ပျံအိမ်တော်အကြောင်း သူတို့စိုးရိမ်ရန် မလိုအပ်ပေ။ သို့သော် ကိစ္စရပ်များသည် သူတို့ထင်ထားသကဲ့သို့ မရိုးရှင်းပုံရသည်။

ကြယ်ပျံအိမ်တော်နှင့် ကောင်းကင်သိုင်းခုံရုံးသည် အနီးဆုံးမဟာမိတ်များဖြစ်၏။ ကြယ်ပျံအိမ်တော်ကို မည်သူကများ ဆန့်ကျင်မည်နည်း။

“မိုးမခတစ်ထောင်ဘုရားကျောင်းက အခု ဒီလောက်ရဲတင်းနေပြီလား”

“ရှုပ်ထွေးတယ်။ ဒါ့အပြင် နဝမဘုံကျောင်းက လှုပ်ရှားနေတယ်လို့ မထင်ဘူး” မော့ပုရန်က ပြော၏။

“ဘာကြောင့် အဲ့လိုပြောတာလဲ”

“နဝမဘုံကျောင်းရဲ့ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူ ခုံလုက ဓားမော့သိုင်းသမားတစ်ယောက် တိုက်ခိုက်တာ ခံရပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန်ရထားတယ်။ အဲ့ဒီ ဓားမော့ သုံးတဲ့သူက မိုးမခတစ်ထောင်ဘုရားကျောင်းမှာ။ နဝမဘုံကျောင်းက မိုးမခတစ်ထောင်ဘုရားကျောင်းဆီ သိုင်းပညာရှင်တွေ စေလွှတ်ခဲ့တာ” မော့ပုယွင်က ပြောလိုက်၏။

“စိတ်ဝင်စားစရာပဲ ... စိတ်ဝင်စားစရာပဲ” အကြီးအကဲချိုးသည် သက်ပြင်းချလိုက်တော့သည်။

”နဝမဘုံကျောင်း မဟုတ်သရွေ့”

ထိုစဉ် မိုးမခတစ်ထောင်ဘုရားကျောင်းထဲတွင် ဖြစ်သည်။

မျှတရေးခန်းဆောင်ရှေ့၌ ဘုရားကျောင်းခေါင်းဆောင် ရှားချန်းချိုးသည် ရွေးချယ်စရာ မရှိတော့ဘဲ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့နှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားရသည်။ အကြီးအကဲထျန်း သူ့ကို ပြောထားပုံအရ သူတို့နှစ်ယောက်၌ နက်နဲသော ကျင့်ကြံဆင့်ရှိ၏။ သူ သက်ပြင်းချလိုက်သည်။ သူတို့နှစ်ယောက်သည် ရွှေကြာနယ်မြေမှ ဆိုသည့် အချက်ကိုသာ စိုးရိမ်ပူပန်မိသည်။

ရှားချန်းချိုးသည် ကောင်းကင်ကနေ ရှုမျှော်ဆောင်ကို ငုံ့ကြည့်လိုက်၏။ ကျီဖုန်းရှင်းက ဓားမော့နှင့် ဓားကို ရှုမျှော်ဆောင်အပြင်ဖက်၌ လေ့ကျင့်နေ၏။

ရှားချိန်းချိုးက ခေါင်းခါပြီး သက်ပြင်းချလိုက်တော့သည်။

“ဒါက မှန်လား မှားလား သိချင်မိတယ်။ ငါ့ရဲ့ စွမ်းအားကင်းမဲ့မှုကြောင့် ဘိုးဘေးတွေကို ရင်ဆိုင်ဖို့ ရှက်မိပါရဲ့”

ထျန်းပုကျီသည် သူ့ဘေးသို့ ပျံသန်းသွားကာ ငုံ့ကြည့်ပြီးပြောလိုက်တော့သည်”ဘုရားကျောင်းသခင် ကျုပ်ထင်တာက ဒါက အခွင့်အရေးတစ်ခု ဖြစ်မယ်”

“ငါ မျှော်လင့်ရတာပဲ” ရှားချန်းချိုးက သက်ပြင်းချလိုက်၏။

”ငါ ရွေးချယ်မှု လုပ်ပြီးပြီဆိုမှတော့ နောင်တမရဘူး။ ရှေ့ဆက်တိုးရုံကလွဲ ရွေးချယ်စရာမရှိဘူးလေ”

ထျန်းပုကျီက လက်သီးကျစ်ကျစ်ဆုပ်လိုက်၏။

“အမှန်ပဲ ငါတို့ရှေ့ဆက်သွားရုံပဲ”

ရှုမျှော်ဆောင်အပြင်ဖက်တွင် ဖြစ်သည်။

ယွီကျန့်ဟိုင်က လက်နောက်ပစ်လျက် မတ်တတ်ရပ်ကာ ကျီဖုန်းရှင်း၏ ဓားမော့လေ့ကျင့်မှုကို လေ့လာနေ၏။

“အတော်တိုးတက်လာတာပဲ။ အခုဆို ဓားမော့နှင့် ပိုရင်းနှီးလာသလိုပဲ”

ယွီရှန်းရုန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

”မင်းရဲ့ ဓားရေးက အတော်လေးကောင်းလာပြီ။ ဆယ်စုနှစ်တစ်စုကြာ ဆက်လေ့ကျင့်မယ်ဆိုရင် တစ်ခုခု အောင်မြင်မှာ ကျိန်းသေတယ်”

“ဆယ်စုနှစ် တစ်စုလား” ကျီဖုန်းရှင်းသည် ငိုချင်သွားတော့၏။

ယွီကျန့်ဟိုင်သည် ကျီဖုန်းရှင်းကို မကြည့်တော့ပေ။ သူက ပြောလိုက်သည်။

”အာ့ရှစ်တိ ငါတို့တွေ ဘာမှမတွေးဘဲနဲ့ ကြယ်ပျံအိမ်တော်ရဲ့ အဖွဲ့သားတွေကို သတ်ခဲ့တာ။ သူတို့တွေက ငါတို့ဆီ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူ ပို့ခဲ့ရင် ဘယ်လိုရှင်းကြမလဲ”

“ကျွန်တော်တို့ ဘာလုပ်သင့်တယ်လို့ ထင်လဲ တာ့ရှစ်ရှိုး”

“ငါတို့နှစ်ယောက်လုံး ပွင့်ချပ်ရှစ်လွှာအဆင့်မှာ နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့တာ။ အထူးသဖြင့် မင်းပဲ။ မင်းက ပွင့်ချပ်ရှစ်လွှာနဲ့တစ်ဝက်အဆင့်ကို ပြန်ကျင့်ကြံပြီးပြီ။ အနီရောင်ကြာနယ်မြေမှာ အန္တရာယ်များတယ်။ ရေနက်ဆန်းကျယ်ဂူက သေဆုံးတဲ့စာရင်းများနေတာ။ ငါတို့ ဘေးကင်းကင်း ပြန်ချင်တယ်ဆိုရင် ပွင့်ချပ်ကိုးလွှာအဆင့် ရောက်မှ ရမယ်” ယွီကျန့်ဟိုင်က ပြောလိုက်၏။

“ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ဖို့ နည်းလမ်းရှိတာလား ... တာ့ရှစ်ရှိုး” ယွီရှန်းရုန်က မေးလိုက်သည်။

ယွီကျန့်ဟိုင်က သူ့ရဲ့အိတ်ကို ပုတ်ပြပြီးပြောလိုက်သည်။

”ရှစ်စွင်းက ငါ့ကို ချီယောင်ရဲ့နှလုံးသား ပေးထားတယ်။ ဒါက လူတစ်ယောက်ကို သက်တမ်းထောင့်နှစ်ရာ ချီးမြှင့်တယ်။ ဒါနဲ့သာဆိုရင် ငါ ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်နိုင်တယ်”

ယွီရှန်းရုန်သည် ပြောစရာစကားမဲ့လျက် သူ့ကို ဖျတ်ခနဲကြည့်လိုက်၏။

ယွီကျန့်ဟိုင်က ပြောလိုက်သည်။

”ရှစ်စွင်းက ငါ့ကို ပြိုင်ဖက်ကင်းအဆင့် နဂါးသွဲ့ကျောက် ဓားမော့လည်း ပေးထားတယ်။ ငါသာ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့ရင် မင်းကို တာ့ယန်ဆီ ဘေးကင်းကင်း ခေါ်သွားနိုင်လောက်တယ်” သူသည် ကြွားလုံးထုတ်ရန် သိသာ၏။ သို့သော် ယွီရှန်းရုန် တိတ်ဆိတ်နေတာ မြင်သောအခါ တွေးမိသွားသည်။ သူ ကြွားလုံးထုတ်တာ လွန်သွားတာ ဖြစ်နိုင်၏။ ဆိုရလျှင် သူ့၏အာ့ရှစ်တိသည် အစတည်းက သက်တမ်းတိုပြီး သူ၏ ရွှေကြာ ဖြတ်တောက်ထားရသည်။ သူ၏အာ့ရှစ်တိသည် သူ့ထက် ခက်ခဲမှုများကို ပိုခံစားခဲ့ရတာ ကျိန်းသေ၏။ ထို့အပြင် အခုဆို သူ၏ရှစ်တိသည် သူ၏ရှစ်စွင်း သူ့ကို မျက်နှာသာပေးတာကို ကြားပြီး စိတ်ခံစားချက်ကောင်းမှာ မဟုတ်ပေ။ အဆုံးကျ သူက ပြောလိုက်သည်။

”မင်း လိုအပ်ရင် မင်းကို ချီယောင်ရဲ့နှလုံးသား ပေးနိုင်တယ်”

ယွီရှန်းရုန်က တည်ငြိမ်စွာ ပြန်ပြောလိုက်၏။

”အဲဒါမရှိဘဲ ပွင့်ချပ်ကိုးလွှာအဆင့်ကို ဘယ်လိုတက်မလဲ။ ပြင်ပပစ္စည်းကို အားမကိုးဘဲ အဲ့ဒီအဆင့်ကို ကျွန်တော် ရောက်နိုင်တယ်” တနည်းအားဖြင့် သူ၏ရှစ်စွင်းသည် သူ၏ရှစ်ရှိုးကို ချီယောင်၏နှလုံးသား ပေးလိုက်ရခြင်းမှာ သူတို့ရှစ်ရှိုးက အားနည်းသည်ဟု သူ့ရှစ်စွင်း တွေးနေတာပဲ ဖြစ်သည်ဟု သွယ်ဝိုက်ပြီး ပြောလိုက်တာပဲဖြစ်သည်။

ယွီကျန့်ဟိုင် “...”

သူတို့ စကားပြောနေကြစဉ် ဝူဝူက ရှုမျှော်ဆောင်မှ ခုန်ချပြီးပြောလိုက်၏။

”အစ်ကိုကြီး ကြည့်ဦး”

အဖြူရောင်ကြိုးကြာကို စီးလာသည့် လူတစ်ယောက်သည် သူ့တို့ရှိရာဆီသို့ ပျံသန်းလာ၏။

မိစ္ဆာဝေဟင်မျှော်နန်းမှ တပည့်နှစ်ယောက်သည် အကြည့်ချင်း ဖလှယ်လိုက်တော့သည်။

ကျီဖုန်းရှင်းသည် ယင်းကို သတိပြုမိသွား၏။ သူက အထိတ်တလန့် ထုတ်ပြောလိုက်သည်။

”အစ်ကိုကြီး ... မြန်မြန်ပြေးတော့။ အဲဒါ နဝမဘုံကျောင်းရဲ့ ကျူးရွှမ်ပဲ”

ယွီကျန့်ဟိုင်သည် ရှုမျှော်ဆောင်အပြင်ဖက်သို့ ထွက်ကာ မေးလိုက်တော့သည်။

”နဝမဘုံကျောင်းရဲ့ ကျူးရွှမ်က ဘယ်သူလဲ” ကျီဖုန်းရှင်းက စိုးရိမ်ပူပန်လာပုံပေါ်၏။ သူသည် အမြန် သူတို့နှစ်ယောက်နားကပ်ကာ သူတို့အင်္ကျီလက်ကို ဆွဲလိုက်၏။

”ရှင်းပြနေဖို့ အချိန်မရှိဘူး။ ပြေး”

သို့သော် အဖြူရောင်ကြိုးကြာသည် လျှပ်စီးပမာ လှုပ်လာ၏။ ခဏအကြာတွင် ၎င်းသည် မိုးမခတစ်ထောင်ဘုရားကျောင်းသို့ ရောက်လာတော့သည်။

အဖြူရောင်ကြိုးကြာပေါ်၌ အသက်ခုနစ်ဆယ်ဝန်းကျင်ရှိပုံပေါ်သည့် အဖိုးအိုတစ်ယောက် ထိုင်နေသည်။ သူ၏ မျက်လုံးများက အသက်ဝင်နေ၏။ သူသည် အနက်ရောင်ပိုးထည် သေတ္တာကို ကိုင်ထား၏။ သူက ကျယ်လောင်စွာ မေးလိုက်တော့သည်။

”ရှားချန်းချိုး ဘယ်မှာလဲ”

မိုးမခတစ်ထောင်ဘုရားကျောင်းပေါ်တွင် ဖြစ်သည်။

ရှားချန်းချိုးသည် အစောတည်းက အဖြူရောင်ကြိုးကြာကို မြင်တွေ့ခဲ့ပုံရ၏။ ထျန်းပုကျီနှင့်အတူ သူသည် တပည့်တစ်ထောင်ကျော်ကို ဦးဆောင်လာ၏။

“အစ်ကိုကျူး ရောက်လာမယ်မှန်း မသိခဲ့ဘူး။ ဘာကိစ္စများ ဒီကို ရောက်လာတာလဲ”

ရှားချန်းချိုးသည် နဝမဘုံကျောင်း၏ သိုင်းပညာရှင်တစ်ယောက်က ကြယ်ပျံအိမ်တော်မှ ဂိုဏ်းသားများ မရောက်လာခင် ရောက်လာလိမ့်မည်ဟု မထင်ထားပေ။

ကျူးရွှမ်က “ခုံလုက အမှတ်မထင်တိုက်ခိုက်ခံရတယ်။ မိုးမခတစ်ထောင်ဘုရားကျောင်းမှာ ဓားမော့ အသုံးပြုတဲ့သူ တစ်ယောက်ရှိတယ်လို့ ကြားတယ်။ သူက ခုံလုကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့သူ”

ထိုစကားကို ကြားသောအခါ ရှားချန်းချိုးက မျက်မှောင်အနည်းငယ်ကျုံ့လိုက်၏။

ထျန်းပုကျီက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

”ကျုပ်တို့မှာ သူလျှိုရှိနေပြီ”

ရှားချန်းချိုး၏ မျက်ခွံက တွန့်သွားတော့သည်။ မိုးမခတစ်ထောင်ဘုရားကျောင်း၏ ထွန်းတောက်ခဲ့သည့် ကာလကို လွန်ခဲ့ပြီဖြစ်၏။ ထိုကဲ့သို့ ယုတ်မာကောက်ကျစ်သည့် နည်းလမ်းကို သုံးရန် လိုအပ်နေသေးသည်လော။

ယွီကျန့်ဟိုင်သည် ကောင်းကင်ထဲပျံသန်းကာ မေးလိုက်တော့သည်”ကျုပ်ကို ရှာတာလား”

“မင်းက အဲ့ဒီဓားမော့သိုင်းသမားလား” ကျူးရွှမ်၏ မျက်လုံးတို့သည် ယွီကျန့်ဟိုင်ကို လျင်မြန်စွာ ရှာတွေ့သွားသည်။ တစ်ချိန်တည်းတွင် ယွီကျန့်ဟိုင်၏ ခါးရှိ နဂါးသွဲ့ကျောက်ဓားမော့ကို မြင်သွားသည်။

ကျီဖုန်းရှင်းသည် ဘာမှ မပြောတော့ပေ။ သူသည် အမြန်ပျံကာ ယွီကျန့်ဟိုင်၏ လက်ကောက်ဝတ်ကို ဆွဲလျက် အရှေ့အရပ်ဆီသို့ ပျံသန်းတော့၏။

”ပြေး”

“နောက်ကျသွားပြီ” ကျူးရွှမ်သည် သူ၏လက်ဝါးကို တွန်းထုတ်လိုက်သည်။ သူ၏လက်ထဲရှိ ပိုးထည်သေတ္တာက ပျံထွက်လာ၏။

ထိုသေတ္တာသည် တလက်လက်တောက်ပသည့် အနီရောင်ကြာပွင့်ဖြင့် ထွန်းလင်းတောက်ပနေသည်။ ယင်းသည် အပြာရောင်ကြာပွင့်ပမာ ထွန်းလင်းနေ၏။

“နဝမဘုံကျောင်းရဲ့ ထိပ်သီးပြိုင်ဘက်ကင်း လက်နက် လေးထောင့်သေတ္တာ” ရှားချန်းချိုးက ထိတ်လန့်သွားတော့သည်။

…

အခန်း (၇၂၂) လေးထောင့် သေတ္တာ

လေးထောင့်သေတ္တာက ပုံသဏ္ဌာန်ကြောင့် ထိုနာမည် ရရှိထားခြင်း ဖြစ်၏။ အသက်သွင်းလိုက်သည့်အခါ ခံတပ်တစ်ခုလိုမျိုး မထိုးဖောက်နိုင်သည့် တစ်ကမ္ဘာလုံးကို လွှမ်းအုပ်နိုင်စွမ်း ရှိသည့် ဧရာမလှောင်ချိုင့်ကြီးအသွင် ပြောင်းလဲသွားလိမ့်မယ်။ ထိုအရာ၏ နယ်နမိတ်က ကျယ်ပြန့်လွန်းသည့်အတွက် လွတ်မြောက်ဖို့ ခက်ခဲလှသည်။ ချုပ်နှောင်ရေး လက်နက်များအကြား ထိုအရာက ပြိုင်ဘက်ကင်း၏။

ကျူးရွှမ်ပင် ထိုလေးထောင့်သေတ္တာကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။ သေတ္တာက န၀မဘုံကျောင်း၏ ဂုဏ်ယူဖွယ် ပိုင်ဆိုင်မှု ဖြစ်ပြီး ကျောင်းဆောင်၏ တစ်ခုတည်းသော ပြိုင်ဘက်ကင်းအဆင့် လက်နက်လည်း ဖြစ်ပေသည်။

ကျူးရွှမ်က လေးထောင့်သေတ္တာကို ပစ်လွှတ်လိုက်သည့်အခါ ယွီကျန့်ဟိုင်ဆီ ဧရာမတောင်ကြီးအလား ကျဆင်းလာ၏။

ယွီကျန့်ဟိုင်က ကျီဖုန်းရှင်းကို ဘေးဘက်သို့ အသာတွန်းလိုက်သည်။ ကျီဖုန်းရှင်းက ဗြဟ္မာပင်လယ် ချီသွေးကြော ၈ ခုအဆင့်သာ ရှိနေသေး၍ နတ်ဝိညာဥ်ဝဋ်ကြွေးချေ နှစ်ယောက်၏ တိုက်ပွဲကြားတွင် ဝင်ရောက်ပါသည်က သိပ်မကောင်းလှပေ။

ကျီဖုန်းရှင်းက လွင့်စဉ်သွားရင်း အော်ပြောလိုက်သည်။

" အစ်ကိုကြီး ကျွန်တော်ကို ယုံ။ အစ်ကိုကြီး ထွက်သွားသင့်ပြီ”

ယွီကျန့်ဟိုင်က ကျီဖုန်းရှင်း၏ ထွက်ပြေးဖို့ အကြံပြုချက်ကို မည်သို့ လိုက်လုပ်မည်နည်း။ သူက တခြားသူများကိုသာ အမြဲလိုလို အထင်သေးခဲ့သူ ဖြစ်၏။ ထို့ကြောင့် သူက ကျီဖုန်းရှင်း၏ စကားများကို မကြားသည့်အလား ပြုမူကာ လေးထောင့်သေတ္တာကိုသာ အာရုံစိုက်ထားလိုက်သည်။

" နောက်ဆုတ်နေ " ယွီကျန့်ဟိုင်က ခုန်တက်လိုက်သည်။ သူက ညာဘက်လက်ကို ဆန့်ထုတ်လိုက်သည့်အခါ နဂါးသွဲ့ကျောက်ဓားက သူ့လက်အတွင်း ကျရောက်လာသည်။

စွမ်းအင်ဖြင့် ရစ်ပတ်ထားသည့် နဂါးသွဲ့ကျောက်ဓားက ပစ်မှတ်ဆီ ပျံသန်းသွားသည်။ စွမ်းအင်ဓားမော့ ဒါဇင်ချီက သူတို့ဘာသာသူတို့ နဂါးတစ်ကောင်အလား အစီအစဥ်တကျ ဖြစ်ပေါ်လာကာ လေးထောင့်သေတ္တာဆီ ကျရောက်သွားသည်။

ကျူးရွှမ်က မျက်လုံးအပြူးသား ဖြစ်သွား၏။ သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

” ငါ သိနေတယ်။ ရွှေရောင်စွမ်းအားပဲ”

ထိုအရာကို မြင်ကာ ယွီရှန်းရုန်က အနည်းငယ် မော့ကြည့်လိုက်သည်။ ကျောပေါ်ရှိ သူ့အသက်ရှည်ဓားက တုန်ခါနေလေ၏။

ထိုစဥ် ကျီဖုန်းရှင်းက ယွီကျန့်ဟိုင်ကို ဆက်လက် မဖျောင်းဖျတော့ဘဲ ယွီရှန်းရုန်းအနား ရောက်လာကာ ယွီရှန်းရုန်အား ဖျောင်းဖျဖို့ ကြိုးစားလိုက်သည်။ သူက အသံတိုးတိုးဖြင့် တောင်းဆိုလိုက်၏။

” ကျေးဇူးပြုပြီး ထွက်သွားပါတော့။ ကျွန်တော်တို့တွေ န၀မဘုံကျောင်းကို မရင်ဆိုင်နိုင်ဘူး”

" ဘာလို့လဲ "

" န၀မဘုံကျောင်းက လောကီအရေးမှာ ဝင်ရောက်စွက်ဖက်ခဲတယ်။ ဒါပေမဲ့ ကောင်းကင်သိုင်းပညာခုံရုံးနဲ့ ကြယ်ပျံအိမ်တော်တို့နဲ့ ယှဥ်နိုင်တဲ့ ဂိုဏ်းကြီးတစ်ခု ဖြစ်နေတုန်းပဲ။ လွန်ခဲ့တဲ့ ရာစုနှစ်လောက်က န၀မဘုံကျောင်းက နယ်ခြားကမ္ဘာကို စိတ်ဝင်စားခဲ့ပြီးတော့ ရေနက်ဆန်းကြယ်ဂူထဲကို လူတချို့ ပို့လွှတ်ခဲ့တယ်။ ဒါပေမဲ့ သိုင်းပညာခုံရုံးက အဲဒီဂူကို ပိတ်ဆို့ပြီးတော့ အဝင်အထွက်ကို တားမြစ်ခဲ့တယ်။

နှစ်ကြာလာတဲ့အချိန်မှာ သူတို့ကြားထဲ ပဋိပက္ခတွေ ပိုဖြစ်လာတယ်။ အဲ့ကတည်းက ဆက်ဆံရေး မကောင်းကြတော့တာပဲ " ကျီဖုန်းရှင်းက အနည်းငယ် စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

ထိုစဥ် ယွီကျန့်ဟိုင်က ပေါ့ပါးသွက်လက်စွာ လှုပ်ရှားလိုက်ပြီး လေးထောင့်သေတ္တာအထက်တွင် ပေါ်ထွက်လာကာ နဂါးသွဲ့ကျောက်ဓားဖြင့် ခုတ်ချလိုက်သည်။

ပြိုင်ဘက်ကင်းအဆင့် နဂါးသွဲ့ကျောက်ဓားသည် ပြိုင်ဘက်ကင်းအဆင့် လေးထောင့်သေတ္တာနှင့် ထိပ်တိုက်တွေ့သွားသည်။

ဘန်းဘန်းဘန်း

ရွှေရောင်စွမ်းအားနှင့် အနီရောင်စွမ်းအားများက ထိပ်တိုက်တွေ့ကာ တန်ပြန်သက်ရောက်မှုက ပတ်ဝန်းကျင်ဆီ လှိုင်းလုံးများသဖွယ် ထွက်ပေါ်လာသည်။

မိုးမခတစ်ထောင်ဘုရားကျောင်းမှ တပည့်များက တန်ပြန်သက်ရောက်မှုကြောင့် လွင့်စဉ်သွားကြ၏။

ကြည့်ရှုနေသူအားလုံးကလည်း သူတို့၏ စွမ်းအားများကို အသက်သွင်းကာ ကာကွယ်လိုက်ရသည်။

ယွီရှန်းရုန်က ကျူးရွှမ်ကို ကြည့်လိုက်၏။

ထိုစဥ် ကျူးရွှမ်က ယွီကျန့်ဟိုင်ကို တည်ငြိမ်စွာ လေ့လာနေပြီး သူက လေးထောင့်သေတ္တာကို ထိန်းချုပ်လိုက်သည်။ သူ့အင်အားနှင့် ကျင့်ကြံဆင့်တို့က ပြိုင်ဆိုင်သင့်သည့် အရာတစ်ခု ဖြစ်၏။ သူက ကြယ်ပျံအိမ်တော်၏ လျန်ကျစ်တောက်ထက် အားမနည်းပေ။

" မိုးမခတစ်ထောင်ဘုရားကျောင်းက အားလုံးကို ရင်ဆိုင်လိုက်ပြီလို့ ဆိုလိုတာ မဟုတ်ဘူးလား "

ယွီရှန်းရုန်က တိုက်ပွဲကို ကြည့်ရင်း တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်သည်။

ကျီဖုန်းရှင်းက ခါးသီးသည့်အမူရာဖြင့် ပြန်ဖြေလိုက်၏။

” အစ်ကိုကြီးမှာ နက်နဲတဲ့ကျင့်ကြံဆင့်မျိုး ရှိတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ န၀မဘုံကျောင်းက ကြယ်ပျံအိမ်တော်နဲ့ မတူဘူး။ န၀မဘုံကျောင်းက လှုပ်ရှားခဲတယ်။ ရင်ဆိုင်ရမဲ့ အင်အားစုက ဘယ်တော့မှ အဆုံးသတ်သွားမှာ မဟုတ်ဘူး။ န၀မဘုံကျောင်းက လုပ်ကြံသတ်ဖြတ်မှုမှာလည်း ကျွမ်းကျင်တယ်။

လွန်ခဲ့တဲ့နှစ် ၅၀ က ပွင့်ချပ်ကိုးလွှာအဆင့်ကို ဝင်ရောက်ခါစ ကြယ်ပျံအိမ်တော်ရဲ့ ကျင့်ကြံသူတစ်ဦးက န၀မဘုံကျောင်းကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့တယ်။

အနီရောင်ကြာ ကံမီးတောက်ကို ရှားရှားပါးပါး ကျွမ်းကျင်တဲ့ သွေးနေမင်းကျောင်းတော်ရဲ့ ဘုန်းကြီးဖာ့ခုံးတောင် န၀မဘုံကျောင်းရဲ့ရှေ့မှာ သူ့ကိုယ်သူ ထိန်းချုပ်ထားရတယ်”

သူက ပြောရင်းဖြင့် ယွီရှန်းရုန်ကို အဝေးထုတ်ဖို့ ပြင်လိုက်သည်။ သူက အမှန်တကယ် စိုးရိမ်နေမှန်း သိသာလှ၏။

ယွီရှန်းရုန်က ကျီဖုန်းရှင်း၏ ပခုံးကို အသာပုတ်ကာ ပြောလိုက်သည်။

” ဘာမှစိုးရိမ်နေစရာမလိုဘူး။ လူတိုင်းရဲ့ ကျင့်ကြံရေးလမ်းစဥ်က အတားအဆီး မရှိဘဲ ချောမွတ်နေတာ မဟုတ်ဘူး။ အခက်အခဲကို ကျော်လွန်တာကသာ ငါတို့တွေ မြင့်တက်နိုင်တာ”

" ... "

မိုးမခတစ်ထောင်ဘုရားကျောင်း၏ ကျောင်းထိုင် ရှားချန်းချိုးက ယွီကျန့်ဟိုင်နှင့် ကျူးရွှမ်တို့ ကြားမှ တိုက်ပွဲကို ဆက်လက်စောင့်ကြည့်နေသည်။ တန်ပြန်လှိုင်းသက်ရောက်ခံရသည့်နေရာက ပိုမိုကြီးမားလာ၏။

" နောက်ဆုတ်နေကြ "

ထိုအမိန့်ဖြင့် တပည့်များက နောက်ဆုတ်လိုက်ကြသည်။

ကျူးရွှမ်က ယွီကျန့်ဟိုင် သူ့ရှေ့တွင် ပေါ့ပါးသွက်လက်စွာ လှုပ်ရှားနေသည်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

ယွီကျန့်ဟိုင်က နဂါးသွဲ့ကျောက်ဓားမှ စွမ်းအင်ဓားမော့များကို ထုတ်လွင့်ပြီး လေးထောင့်သေတ္တာဆီမှ ထွက်ပေါ်လာသည့် အနီရောင်စွမ်းအင်များကို ရင်ဆိုင်နေသည်။

" ခုံလု ရှုံးနိမ့်သွားတာ မထူးဆန်းတော့ဘူး။ သူက သာမန် ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူ မဟုတ်ဘူးပဲ”

သူတို့၏ ရင်ဆိုင်တိုက်ခိုက်မှုမှ ကျူးရွှမ်သည် ယွီကျန့်ဟိုင်၏ တကယ့်ခွန်အားအစစ်အမှန်ကို မှန်းဆမိလိုက်သည်။ သူက အချိန်မဖြုန်းတော့ဘဲ လက်ဟန်တချို့ ပြုလုပ်လိုက်၏။

ထိုစဥ် ရှားချန်းချိုးက ကျယ်လောင်စွာ အော်ပြောလိုက်၏။

” ခဏလေးနေပါဦး အစ်ကိုကျူး "

ဘန်း

ကျူးရွှမ်က နှေးကျသွားသည်။

လေးထောင့်သေတ္တာက မရပ်တန့်ခင်အထိ လည်နေလေသည်။

ယွီကျန့်ဟိုင်က နောက်လွင့်သွားကာ ကျူးရွှမ်အား ကြည့်လိုက်သည်။

ကျူးရွှမ်က ရှားချန်းချိုးအား ပြောလိုက်သည်။

” ရှားချန်းချိုး မင်းက နယ်ခြားမျိုးနွယ်နဲ့ ပူးပေါင်းနေတာပဲ။ အဲ့ဒီအတွက်တောင် ဘာမှမပြောရသေးဘူး။ မင်းက ငါ့ကို အခုတားဆီးဖို့ ကြိုးစားနေတာလား”

ရှားချန်းချိုးက ခေါင်းအသာရမ်းလိုက်ပြီး " ဒါက နားလည်မှုလွဲတာပါ။ တကယ်လို့ သူက ခင်ဗျားကို ရန်စမိတာဆိုရင် သူ့ကိုယ်စား ကျုပ် တောင်းပန်ပါ့မယ်”

" မလိုဘူး " ထို့နောက် ကျူးရွှမ်က ယွီကျန့်ဟိုင်အား ကြည့်ကာ ပြောလိုက်သည်။

” ငါ သူ့ကို ခေါ်သွားချင်တယ်။ ဘယ်သူက ငါ့ကို တားရဲလဲ”

နဂါးသွဲ့ကျောက်ဓားကို ကိုင်ထားသည့် ယွီကျန့်ဟိုင်က ပြောလိုက်သည်။

” မင်းက လုပ်ဆောင်နိုင်စွမ်းရှိလား အရင်ကြည့်ရမှာပဲ "

သူက ပေါ့ပါးသွက်လက်စွာ လှုပ်ရှားလိုက်ရင်း စွမ်းအင်ဓားမော့များကို ထပ်မံထုတ်လွှတ်လိုက်သည်။ ထိုအရာက ယခင်ထက် ပိုမိုကြမ်းတမ်းလေ၏။

" စိတ်ဝိညာဥ်သဏ္ဌာန် " ကျူးရွှမ်က သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။ ပွင့်ချပ်ရှစ်လွှာနှင့် တစ်ပိုင်း အနီရောင်ကြာက စိတ်ဝိညာဥ်သဏ္ဌာန်အောက်တွင် ပွင့်လန်းလာပြီး ကမ္ဘာဦးချီကို ထုတ်လွှတ်နေသည်။ ပေ ၁၄၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်က သူ့ကျင့်ကြံဆင့်၏ သရုပ်ပြမှု ဖြစ်သည်။

မိုးမခတစ်ထောင်ဘုရားကျောင်း၏ တပည့်များက ထိုအရာကို မြင်ကာ တအံ့တသြ ရေရွတ်လိုက်ကြသည်။ ဤသည်က ပွင့်ချပ်ကိုးလွှာအဆင့်ရောက်ဖို့ အနီးကပ်ဆုံး အခြေအနေ ဖြစ်၏။

ယွီကျန့်ဟိုင်အနေဖြင့် ကျူးရွှမ်၏ ကျင့်ကြံဆင့်သည် လျန်ကျစ်တောက်ထက် ပိုမိုကောင်းမွန်နေလိမ့်မည်ဟု ထင်မထားမိပေ။ အဓိကအချက်က ကျူးရွှမ်သည် ထိပ်တန်းပြိုင်ဘက်ကင်းအဆင့် ဖြစ်လုနီးပါး လေးထောင့်သေတ္တာကို ရှိထားလေသည်။

ယွီကျန့်ဟိုင်က တိုက်ခိုက်မှုကိုသာ အာရုံစိုက်ထားလိုက်သည်။ သူက ဓားမော့ကို လက်နှစ်ဖက်ဖြင့် ဝေ့ယမ်းလိုက်၏။ ဧရာမဓားမော့စွမ်းအားကြီးက လေးထောင့်သေတ္တာပေါ် ကျရောက်လာသည်။

ထိုစဥ် လေးထောင့်သေတ္တာက အရွယ်အစားအားဖြင့် မီတာအတော်အတန် ကြီးမားနေပြီဖြစ်၏။

ဘန်း

စွမ်းအင်ဓားမော့က လေးထောင့်သေတ္တာပေါ် ကျရောက်သွားသည်။ သေတ္တာက လွင့်စဉ်သွား၏။

ကျူးရွှမ်က အနီရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန်ဖြင့် ရှေ့တိုးလာသည်။

ထိုစဥ် ယွီကျန့်ဟိုင်က သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။

စိတ်ဝိညာဥ်သဏ္ဌာန်နှစ်ခုက မျက်နှာချင်းဆိုင် တွေ့ကြလေသည်။

ပေ ၁၀၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်က ပေ ၁၄၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်ရှေ့တွင် ရပ်နေသည်။

ဝုန်း

စွမ်းအင်လှိုင်းလုံးများက ဒေါင်လိုက်ထွက်ပေါ်လာ၏။

" ဖယ်နေကြ "

စွမ်းအင်ချက်က ရှုမျှော်ဆောင်ဆီ ကျရောက်မလာခင် ကျီဖုန်းရှင်းနှင့် ဝူဝူတို့က ရှုမျှော်ဆောင်မှ မြန်မြန် ဖယ်နေလိုက်ကြသည်။ အက်ကြောင်းတစ်ခုဖြင့် ရှုမျှော်ဆောင်သည် နှစ်ပိုင်းပြတ်သွားလေ၏။

ယွီရှန်းရုန်တစ်ယောက်တည်းကသာ မလှုပ်မယှက် ရပ်နေခြင်း ဖြစ်သည်။ သူကို ကာကွယ်ပေးထားသည့် စွမ်းအင်အကာအကွယ် တစ်ခုရှိနေလေသည်။

ယွီကျန့်ဟိုင်က သူ့ဓားမော့ကို ထပ်မံ ဝေ့ယမ်းလိုက်သည်။

ကျူးရွှမ်းက ပြိုင်ဘက်ကင်းအဆင့် လက်နက်ကို သူ့စိတ်ဝိညာဥ်သဏ္ဌာန်ဆီ ထိခွင့်မပေးဘဲ ပေ ၁၄၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်ကို ပြန်ရုပ်သိမ်းလိုက်၏။ ထိုစဥ် လေးထောင့်သေတ္တာက သူ့နောက်မှ ထွက်ပေါ်လာသည်။ ထိုအရာ၏ အရွယ်အစားက ယခင်ထက်ပိုမို ကြီးမားနေ၏။

ဘန်းဘန်းဘန်း

ထိုစဥ် လေးထောင့်သေတ္တာက စွမ်းအင်ဓားမော့များကို ပိတ်ဆို့လိုက်သည်။ ထိုအရာက ပြိုင်ဘက်နှစ်ယောက်ကြားမှ အကွာအဝေးကို ဖန်တီးပေးထားပြီး အရွယ်အစားအားဖြင့် ဆက်လက်ကြီးမားနေသည်။

ကျူးရွှမ်နှင့် ယွီကျန့်ဟိုင်တို့က ဆက်လက် တိုက်ခိုက်နေကြသည်။ တစ်ယောက်က လက်ဝါးစည်းတံဆိပ်ကို အသုံးပြုစဥ် တစ်ဖက်က စွမ်းအင်ဓားမော့ကို အသုံးပြုလာသည်။

သူတို့တိုက်ကွက်များက လေးထောင့်သေတ္တာအထက်တွင် ရင်ဆိုင်ထိပ်တိုက် တွေ့နေကြသည်။ တိုက်ကွက်တွေ့ဆုံမှုကြောင့် တန်ပြန်သက်ရောက်မှုက နှစ်ယောက်လုံးကို လွင့်စဉ်သွားစေ၏။

ရှားချန်းချိုးက တခြားသူများကို ဦးဆောင်ကာ သူတို့နှစ်ယောက်ဆီ လိုက်သွားသည်။

ယွီရှန်းရုန်ကလည်း ပျံသန်းကာ လိုက်ပါလာသည်။

ထိုစဥ် ကျီဖုန်းရှင်းနှင့် ဝူဝူတို့က တခြားသူများနှင့် မှီဖို့ အကောင်းဆုံး ကြိုးစားနေရ၏။

တောင်တစ်ခုကို ပျံသန်းပြီးသည့်နောက်တွင် တောင်ကြားအတွင်း တိုက်ပွဲဖြစ်နေသည်ကို မြင်လိုက်ရသည်။

" ငါတို့ရဲ့ မိတ်ဆွေက ကျူးရွှမ်နဲ့ ဒီလောက်ကြာကြာ ရင်ဆိုင်နိုင်မယ်လို့ ထင်မထားမိဘူး” ရှားချန်းချိုးက အမှန်တကယ် အံ့အားသင့်နေမိသည်။

ထျန်းပုကျီက ခေါင်းညိတ်လိုက်ကာ " ဒါပေမဲ့ ကျူးရွှမ်က အားအပြည့် ထုတ်မသုံးရသေးဘူး။ ပြီးတော့ လေးထောင့်သေတ္တာက ရင်ဆိုင်ရလွယ်ကူတဲ့ လက်နက်မျိုး မဟုတ်ဘူး”

ကျူးရွှမ်က ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူသည် လေးထောင့်သေတ္တာကို ရင်ဆိုင်နိုင်လိမ့်မည်ဟု ထင်မမိပေ။ သူက လက်ကို မြှောက်လိုက်၏။ လေထက်တွင် လွင့်မျောနေသည့် လေးထောင့်သေတ္တာက လှုပ်ရှားလာသည်။ အနီရောင် လေးထောင့်မီးအိမ်ကဲ့သို့ယွီကျန့်ဟိုင်၏ အပေါ်ဘက် လေဟာနယ်ဆီ ရောက်ရှိလာ၏။

ကျူးရွှမ်က လက်ဟန်များစွာ ပြုလုပ်လိုက်သည်။

" သဘာဝကမ္ဘာထဲ မသန့်စင်မှုတွေ ပြန့်ကျဲပြီးတော့ နက်နဲလှတဲ့ လျို့ဝှက်ဆန်းကြယ်မှုတွေက ပုန်းအောင်းနေတယ်။ အရပ်ရှစ်မျက်နှာက အားကောင်းတဲ့ နတ်ဘုရားတို့ သဘာဝနဲ့ တသားတည်းဖြစ်လာဖို့ စွမ်းရည်ကို ချီးမြှင့်ပေးပါ။ ချင်းလော့၊ တာ့နာ၊ သုံကန်၊ ထိုက်ရွှမ်း "

လေးထောင့်သေတ္တာက တောင်ကြီးသဖွယ် အရွယ်အစားကြီးမားလာပြီး ယွီကျန့်ဟိုင်အပေါ် ကျရောက်လာသည်။

ယွီကျန့်ဟိုင်က ထိုသေတ္တာကို တစ်ချက်ကြည့်လိုက်ပြီးသည့်နောက်တွင် သူစိတ်ဝိညာဥ်သဏ္ဌာန်ကို ကျင့်ခေါ်ကာ မဟာနည်းစနစ်ကို ထုတ်သုံးလိုက်သည်။

သို့သော်လည်း လေးထောင့်သေတ္တာက ပျံသန်းသွားပြီး ယွီကျန့်ဟိုင်၏ အပေါ်ဘက် ရောက်ရှိလာသည်။

ကျူးရွှမ်က လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်၏။ ပေ ၁၄၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်ဖြင့် သူသည် လေးထောင့်သေတ္တာကို ထိန်းချုပ်လိုက်သည်။

ယွီကျန့်ဟိုင်က သူ့နဂါးသွဲ့ကျောက်ဓားကို ပစ်လွှတ်လိုက်၏။

သူက တခြားလူ မထင်ထားသည့် နည်းလမ်ကို ရွေးချယ်လိုက်သည်။ သူက နောက်ဆုတ်မည့်အစား ရှေ့တက်ဖို့သာ ရွေးချယ်ခဲ့၏။ သူက လေးထောင့်သေတ္တာ၏ အောက်ခြေကို တိုက်ခိုက်လိုက်သည်။

ယွီကျန့်ဟိုင်က လက်ဝါးဆန့်ထုတ်လိုက်သည်။

မဟာအမှောင်ကောင်းကင် လက်ဝါးချက်

ဘန်း

ဧရာမလက်ဝါးကြီး၏ ရိုက်ခတ်မှုကို ခံရသည့် လေးထောင့်သေတ္တာက တွန်းလွတ်ခံလိုက်ရသည်။

ယွီကျန့်ဟိုင်က နောက်ထပ် လက်ဝါးတစ်ချက်ကို ထုတ်လိုက်သည်။

ဘန်း

ထိုစဥ် နဂါးသွဲ့ကျောက်ဓားက လက်ဝါးစည်းတံဆိပ်နားတွင် ဝေ့ပတ်နေပြီး စွမ်းအင်ဓားမော့များက ရွှေကြာဝန်းကျင်တွင် ဖြစ်ပေါ်လာသည်။

ကျူးရွှမ်က မျက်မှောင်ကြုတ်လိုက်၏။

ဒီကောင်လေးရဲ့ စွမ်းအားက ငါ ထင်ထားတာထက် ကျော်လွန်နေတာပဲ။ ခုံလု မင်းက အလကားရှုံးနိမ့်ခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ ငါက သူ့ကို မနှိမ်နင်းနိုင်ရင် န၀မဘုံကျောင်းရဲ့ ဂုဏ်သတင်းကို ညှိုးနွမ်းစေလိမ့်မယ်။

အနီရောင်ကြာက ပျံသန်းလာသည်။

ကျူးရွှမ်က အနီရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန်ဖြင့် လေးထောင့်သေတ္တာအပေါ်တွင် ပေါ်ထွက်လာ၏။

ဝုန်း

ထိုစဥ် ယွီရှန်းရုန်က မော့ကြည့်လိုက်သည်။ သူ့ဝတ်ရုံအထက် လေပြေတစ်ချက် တိုက်ခတ်သွားသည်။

ဝုန်း

အသက်ရှည်ဓားက ဓားအိမ်မှ ထွက်ပေါ်လာ၏။

ယွီရှန်းရုန်က ညာဘက်လက်ကို မြှောက်လိုက်သည်။ သူ့အသက်ရှည်ဓားက လက်အတွင်း ပျံသန်းရောက်ရှိလာ၏။ သူက တိတ်ဆိတ်လျက် လေးထောင့်သေတ္တာပေါ်မှ အနီရောင်ကြာ စိတ်ဝိညာဥ်ကို ကြည့်လိုက်သည်။ စက္ကန့်ပိုင်းလေးအတွင်း သူက လေထဲ ပျောက်ကွယ်သွား၏။

…

အခန်း (၇၂၃)နဝမဘုံကျောင်း၏ရပ်တည်ချက်

မိုးမခတစ်ထောင်ဘုရားကျောင်း၏ အဖွဲ့သားများသည် လေထဲ၌ ပျံဝဲကာ စိုက်ကြည့်နေကြလေ၏။

“ပွင့်ချပ်ကိုးလွှာအဆင့်ကို ခြေချဖူးတဲ့ နဝမဘုံကျောင်း အကျော်အမော်တစ်ယောက်ဖြစ်တဲ့ ကျူးရွှမ်ကတော့ တကယ်ပါပဲ သူက သူတို့နှစ်ယောက်လုံး တစ်ပြိုင်နက် တိုက်ခိုက်ရအောင် ဖိအားပေးနိုင်တာပဲ”

ယခုအချိန်တွင် သူတို့သည် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်ကို အခြေခံလောက်တော့ နားလည်သဘောပေါက်ထားပြီဖြစ်သည်။ သူတို့နှစ်ယောက်သည် ဆရာတူတပည့်များဖြစ်ပြီး တစ်ယောက်နှင့် တစ်ယောက် ယှဉ်ပြိုင်ရတာ နှစ်သက်ကြသူများဖြစ်သည်။ သို့သော်ငြား သိုသိုသိပ်သိပ်သာ ပြိုင်၏။ ထိုအရာမှအပ သူတို့သည် ရန်သူကို အတူတကွ ပူးပေါင်းတိုက်ခိုက်တာရှားသည်။ သူတို့၏ကျောင်းသားများကို ဓားမော့ သို့မဟုတ် ဓားသိုင်း သင်ပေးသည့်အချိန်တွင်တောင် တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်နေတတ်သည်။ မျှတရေးခန်းမဆောင်ရှေ့၌ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် နောက်တစ်နည်းဖြင့် ယှဉ်ပြိုင်ရန် မိုးမခတစ်ထောင်ဘုရားကျောင်းတပည့်များကိုလည်း လမ်းညွှန်ပြသပေးသည်။

ထိုဆရာတူတပည့်နှစ်ယောက် အတူတကွ ပူးပေါင်းတိုက်ခိုက်စေခဲ့ခြင်းဖြင့် ကျုးရွှမ်၏ခွန်အားကို သက်သေပြလိုက်ပြီဖြစ်သည်။

ယွီရှန်းရုန်၏ပုံရိပ်သည် အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်ဘေး၌ ပေါ်လာတော့သည်။ သူက ရှေ့သို့ ယိမ်းလျက် လေထဲလျှောက်လိုက်သည်။ သူပထမဆုံးထုတ်သုံးလိုက်သည့်ကျင့်စဉ်က ကွေ့ယွမ်ဓားသိုင်း၏ ဝင်ရောက်ခြင်းဝိညာဉ်သုံးပါးပင် ဖြစ်သည်။

ဝေဝါးဝါးပုံရိပ်သုံးခုပေါ် လာ၏။

အနီရောင်ကြာစိတ်ဝိညာဉ်သဏ္ဌာန်ရှေ့၌ပျံ ဝဲနေသော ကျူးရွှမ်သည် အကျော်အမော်၏ ပုံရိပ်သုံးခုကို မြင်သောအခါ မျက်မှောင်ကြုတ်သွား၏။ စစ်မှန်သောသိုင်းပညာရှင်များသည် သူတို့၏သိုင်းကွက်ဖလှယ်မှုကနေ သူတို့၏ရန်သူအစွမ်းထွက်ပုံကို အာရုံခံနိုင်သည်။

အောက်တွင်မူ ယွီကျန့်ဟိုင်က သူထိန်းထားသည့် လေးထောင့်သေတ္တာကြောင့် ပစ်မှတ်ထားခံနေရတာ ဖြစ်သည်။

ကျူးရွှမ်သည် ရွေးချယ်စရာမရှိတော့ဘဲ အာရုံနှစ်ခုခွဲကာ ယွီရှန်းရုန်ကို ဖြေရှင်းရတော့သည်။ ခြေတစ်ချက် ဖော့နင်းလျက် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်နှင့်အတူ လေထဲပျံတက်လိုက်၏။

ပေ၁၄၀ခန့် ရှိသည့် တောက်ပနေသော အနီရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် မမြင်မိဖို့ ခက်လှသည်။

ပျံသန်းရင်း ဖြတ်ကျော်သွားသော အနီရောင်ကြာကျင့်ကြံသူများသည် ထိုထိတ်လန့်ဖွယ်မြင်ကွင်းကို မော့ကြည့်လိုက်ကြ၏။

“ပေ၁၄၀အနီရောင်ကြာ ဒါက ဘယ်သိုင်းပညာရှင်လဲ”

“ငါတို့တစ်ချက်သွားကြည့်သင့်လား”

“ငါတို့တွေ ပွဲထဲ ဆွဲထည့်မခံရအောင် သိုင်းပညာရှင်တွေကြားက တိုက်ပွဲ‌နဲ့ ဝေးဝေးနေတာ ပိုကောင်းလိမ့်မယ်၊ ဒီတိုက်ပွဲက မိုးမခတစ်ထောင်ဘုရားကျောင်းရဲ့နယ်မြေနဲ့ နီးတယ်”

“အဲဒါဘာလဲ”

သူတို့သည် အဝေးသို့ ထပ်ကြည့်လိုက်၏။

ပေ၁၄၀ခန့် အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်အောက်၌ အနီရောင်ကုဗတုံးသည် ပဲစေ့အရွယ်အစားခန့်ရှိသော လူရိပ်တစ်ရိပ် မြှောက်တင်တာ ခံထားရ၏။ တွန်းတင်ခံလိုက်ရချိန်တိုင်း၌ မိုးခြိမ်းသံတစ်ခု လိုက်ပါလာသည်။

ဟုန်း ဟုန်း ဟုန်း

အပူချိန် မနိမ့်သွားသော်ငြား အသံသည် ကျန်သည့်သူများကို တုန်ရီစေ၏။

“အဲဒါက နဝမဘုံကျောင်းက ကျူးရွှမ်ရဲ့လက်နက် လေးထောင့်သေတ္တာပဲ”

“နဝမဘုံကျောင်းရဲ့အကျော်အမော် ကျူးရွှမ်လို သိုင်းပညာရှင်ဖြေရှင်းဖို့လိုတဲ့သူက မိုးမခတစ်ထောင်ဘုရားကျောင်းက တကယ်တစ်ခုခုပဲ”

“မိုးမခတစ်ထောင်ဘုရားကျောင်းက အရင်တုန်းကလို မဟုတ်တော့ဘူး။ နောက်ပိုင်းမှာ သူတို့ဘာဖြစ်သွားလဲ ငါမသိဘူး။ သူတို့တွေက အခေါက်တိုင်း ရန်စနေတာချည်းပဲ”

ပွဲကြည့်ပရိသတ်တို့သည် သူတို့ဘာသာ ဆွေးနွေးနေကြလေ၏။ သူတို့အားလုံးသည် အားနည်းသူများသည် အရိုက်ခံရခြင်းမှ ရှောင်ထွက်နိုင်မှန်း သိထားကြသည်။

ကျန်သည့်သူများက အမြင်ချင်းဖလှယ်ကြတော့၏။

ထိုစဉ် ယွီရှန်းရုန်၏ ကွေ့ယွမ်ဓားသိုင်းသည် အနီရောင်ကြာကို မှတ်သားထားပြီးသားဖြစ်သည်။ အရိပ်သုံးခုသည် သူတို့ပစ်မှတ်ဆီသို့ ဦးတည်သွားပြီး စွမ်းအင်ဓားတစ်ခုကပေါ်ထွက်လာ၏။

ကျူးရွှမ်သည် လက်ဖဝါးနှစ်ခုကို ပူးကပ်လိုက်သည်။

“ဈာနမုဒြာ”

အနီရောင်ဈာနမုဒြာသည် ရွှေကြာကို ရစ်ပတ်သွားတော့သည်။

ဘန်း

သက်တော်ရှည်ဓားသည် ဈာနမုဒြာကိုဖျက်ဆွဲချသွား၏။

ယွီရှန်းရုန်သည် ကျူးရွှမ်ဆီ တစ်ဟုန်ထိုးတိုးဝင်ကာ သူ၏လက်ထဲတွင်ဓားဖြင့် လေထဲပျံဝဲလိုက်တော့သည်။

ဈာနမုဒြာသည် ထိခိုက်သွား‌သော်ငြား စိတ်ဝိညာဉ်သဏ္ဌာန်က အထိအခိုက်မရှိ။ ယင်းက သရေဘဲဖြစ်သည်။

ကျူးရွှမ်သည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကိုရုတ်သိမ်းကာ ယွီရှန်းရုန်ကိုကြည့်လိုက်သည်။

“မင်းက ဘယ်သူလဲ”

“ခင်ဗျားကို သတ်မဲ့သူ” ယွီရှန်းရုန်၏လေသံသည် စကားပြောချိန်၌ပေါ့ပါးနေ၏။

“လေးထောင့်သေတ္တာက အသက်သွင်းပြီးသား ဒါက မင်းနဲ့ ဘာမှမဆိုင်ဘူး။ ဒီကိစ္စကနေ ဘေးထွက်နေဖို့ မင်းကို သတိပေးလိုက်မယ်”

ကျူးရွှမ်သည် တတ်နိုင်လျှင် ရန်သူနှစ်ယောက်ကို တစ်ပြိုင်နက်တည်း မတိုက်ခိုက်ချင်ပေ။

“ဒီကိစ္စက ခင်ဗျားရဲ့နည်းလမ်းအတိုင်းမဖြစ်မှာစိုးရိမ်မိပါရဲ့” ယွီရှန်းရုန်သည် လျှပ်တပြက် အရှိန်ဖြင့် လှုပ်ရှားလိုက်တော့သည်။

ခြေရာမဲ့ဓား

ကျူးရွှမ်က သူ၏ဈာနမုဒြာကို ထပ်မံထုတ်ဖော်လိုက်သည်။ တစ်ချိန်တည်းတွင် မရေမတွက်နိုင်သော လက်ဝါးစည်းတံဆိပ်များက လေထဲပေါ်ထွက်လာ၏။

“ကျူးရွှမ်က ဗုဒ္ဓသိုင်းနဲ့ တာအိုသိုင်းနှစ်ရပ်လုံးမှာ အရည်အချင်း ရှိတယ်”ရှားချန်းချိုးက တအံ့တဩဖြစ်နေလေ၏။

ယွီကျန့်ဟိုင်က လေးထောင့်သေတ္တာကို ထပ်မံတွန်းတင်လိုက်သည်။ သူ၏ပွင့်ချပ်ရှစ်လွှာရွှေကြာ စိတ်ဝိညာဉ်သဏ္ဌာန်က စွမ်းအင်တစ်ခု ပေါ်ထွက်လာတော့သည်။

အဝေးမှ ကျင့်ကြံသူတို့သည် ယင်းကိုမြင်သောအခါ အထိတ်တလန့် ထုတ်ပြောကုန်၏။

“ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန် နယ်ခြားမြို့နယ်တွေကျုးကျော်လာပြီ”

အဝေးရှိ ကျင့်ကြံသူများသည် ချက်ချင်းပျံသန်းလာကြ၏။ သို့သော် သူတို့သည် လမ်းတဝက်ရောက်ချိန်၌ ရပ်တန့်ကုန်သည်။

“ငါတို့ အဲဒီကို မသွားသင့်ဘူး။ ဒီမှာနဝမဘုံကျောင်းရှိနေတယ်ဆိုမှတော့ အနားကပ်တဲ့သူတိုင်းက သူတို့ရန်သူအနေနဲ့ သတ်မှတ်ခံရမှာပဲ”

“ဒီတော့ ကောင်းကင်သိုင်းခုံရုံးပြောတာ အမှန်ပဲကို”

ကျင့်ကြံသူများသည် လေးထောင့်သေတ္တာကိုကြည့်ပြီးလေထဲပျံဝဲနေကြ၏။

ခမ်းနားသောတိုက်ပွဲသုံးပွဲသည် နေဝင်ချိန်အထိဆက်လက်ဖြစ်ပွားနေ၏။ ပြိုင်ဘက်သုံးယောက်သည် ခြောက်နာရီကြာ တိုက်ခိုက်ခဲ့သည်။

ထိုစဉ် တောင်ကြားထဲရှိ တောအုပ်က ပြားကပ်သွားပုံပေါ်၏။

ရန်သူနှစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်ရန် ဖိအားပေးခံနေရသော ကျူးရွှမ်သည် ဖြည်းဖြည်းချင်း နောက်သို့တွန်းခံနေရသည်။

ကျီဖုန်းရှင်းက တံတွေးမျိုချပြီးနောက် ပြောလိုက်သည်။

“အစ်ကိုကြီးနှစ်ယောက်သာ ပူးပေါင်းတိုက်ခိုက်ခဲ့မယ်ဆိုရင် သူတို့တွေက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ကို ယှဉ်နိုင်မယ်လိုမြင်မိတယ်”

ထိုစဉ် ဝူဝူ ကလှမ်းအော်လိုက်သည်။

“ကြည့်ဦး”

သူမသည် သမုဒ္ဒရာထဲတွင် ကူးခပ်နေသော ငါးများနှင့် ဆင်တူသည့် မရေမတွက်နိုင်သော စွမ်းအင်ဓားများ ရစ်ဝဲနေသည့် ပေ၁၄၀ ခန့်မြင့်သော အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်ကို လက်ညှိုးထိုးပြလိုက်သည်။

ဝှစ်

ပေ၁၄၀သည် ဆက်လက်ကြီးထွားလာပုံရ၏။

“သူက ပွင့်ချပ်ကိုးလွှာအဆင့်ကို အဆင့်တက်တော့မယ်” ရှာချန်းချိုးက အထိတ်တလန့် ထုတ်ပြောလိုက်သည်။

ကျူးရွှမ်သည် တိုက်ခိုက်နေစဉ် ပွင့်ချပ်ကိုးလွှာအဆင့်သို့ တစ်နည်းနည်းနှင့်ရောက်သွားခဲ့လျှင် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်သည် သူ့ကို အနိုင်ယူနိုင်တော့မှာမဟုတ်ပေ။ သူတို့သည် သူတို့ရှစ်စွင်း၏ ပွင့်ချပ်ကိုးလွှာစွမ်းရည်ကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ဖူးသည်။ ခွန်အားကွာဟချက် ကြီးမားပုံကို သူတို့သိထား၏။

စွမ်းအင်ဓားများ လည်ပတ်နေစဉ် စွမ်းအင်ဓား‌မော့ပေါ်က အောက်ကနေ လေးထောင့်သေတ္တာကို တွန်းနေလေ၏။

ရုတ်တရက် လေးထောင့်သေတ္တာသည် အောက်သို့မီတာ၁၀၀ကျသွား၏။

ယွီရှန်းရုန်သည် လေးထောင့်သေတ္တာ၏ ချုပ်နှောင်မှုကနေ ရုန်းထွက်ပြီး မီးများတစ်စင်းကဲ့သို့ ပေါ်ထွက်လာ၏။ သူက လက်နှစ်ဖက်ကို ဖြန့်လိုက်ပြီး စွမ်းအင်ဓားမော့တို့သည် သူ့နား စုဝေးနေတော့သည်။ သူဘဝတွင် ပထမဆုံးအနေဖြင့် အ‌ခြားသူတစ်ယောက်နှင့် ပူးပေါင်းဆောင်ရွက်ရန် မရှက်မိတာပဲ ဖြစ်သည်။ ထို့အပြင် ထိုလူသည် သူ၏အာ့ရှစ်တိ ဖြစ်သည်။ သူက လှမ်းအော်လိုက်၏။

“ရှစ်တိ”

ဤနည်းဖြင့် ယွီရှန်းရုန်သည် ယွီကျန်ဟိုင်၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားတော့သည်။ သူ၏ ကွေ့ယွမ်ဓားသိုင်းဖြင့် သူသည် စွမ်းအင်ဓားမော့နှင့်အတူ ပျံသန်းနေသော သူ၏ စွမ်းအင်ဓားများကို ထိန်းချုပ်လိုက်၏။

ဆရာတူတပည့်နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် နီးကပ်စွာ ပျံသန်းနေကြ၏။ သူတို့နှစ်ယောက်လုံးသည် ပေ၁၅၀နီးပါးမြင့်သည့် စိတ်ဝိညာဉ်သဏ္ဌာန်၏ ဘေးတစ်ဖက်တစ်ချက်စီ၌ ရှိနေကြ၏။

ကျူးရွှမ်၏ မျက်နှာသည် သူ၏အားစိုက်ထုတ်မှုကြောင့် နီရဲနေသည်။ သူသည် နှစ်ယောက် ဖိအားပေးနေမှုကြောင့် အသက်မရှုနိုင်သလောက်ဖြစ်နေ၏။

ထိုစဉ် ရှားချန်းချိုးက လှုပ်ရှားလိုက်တော့၏။ “ကျုပ်တောင်းပန်ပါတယ် အကိုကျူး”

ရှားချန်းချိုးက သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်ပြီး လေးထောင့်သေတ္တာကို မြင်းမီးတုတ်ဖြင့် လွှဲရိုက်လိုက်သည်။

လေးထောင့်သေတ္တာသည် ထိန်းချူပ်မှုကင်းမဲ့စွာလည်ပတ်သွားတော့၏။

ရှားချန်းချိုးသည် သူ၏မဟာနည်းစနစ်ကို ထပ်မံ့ထုတ်ဖော်ပြီး ကျန်သည့်သူများပေါ်၌ ပေါ်လာလေ၏။ သူသည် ပေ၁၅၀နီးပါးမြင့်သော အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ငုံ့ကြည့်လိုက်သည်။ ပြီးနောက် သူ၏လက်နှစ်ချောင်းကို မြှောက်လိုက်ရာ သူ၏မြင်းမီးတုတ်က ပျံထွက်သွားတော့သည်။

တစ်ချိန်ထဲတွင် စိတ်ဝိညာဉ်သဏ္ဌာန်၏ နှလုံးဆီသို့ ရေနဂါးတစ်ကောင်ပမာ စွမ်းအင်ဓားမော့နှင့် စွမ်းအင်ဓားတို့သည် တိုးဝင်သွားတော့၏။ မြင်းမီးတုတ်သည်စိ တ်ဝိညာဉ်သဏ္ဌာန်၏ ခေါင်းကို ထိသွား၏။

ဘုန်း

ကျူးရွှမ်က ညည်းတွားလိုက်၏။ သူ၏နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့သည်။ သို့သော် သူ၏မျက်လုံး၌ ထူးဆန်းသောအလင်း ဖျတ်ခနဲပေါ်လာသည်။ အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်သည် လည်နေစဉ် စွမ်းအင်များ ပြင်းထန်စွာ ပေါ်ထွက်လာပုံပေါ်၏။ ၎င်းသည် စွမ်းအင်ဓားမော့နှင့် စွမ်းအင်ဓားကို ဝါးမျိုမည့်လေပွေတစ်ခု ချက်ချင်း ဖွဲ့တည်လိုက်သည်။

ဘန်း ဘန်း ဘန်း

ယွီရှန်းရုန်သည် သူ၏သက်တော်ရှည်ဓားကို မြှောက်ကာနောက်သို့ပျံသန်းလိုက်သည်။

ယွီကျန့်ဟိုင်က သူ၏နဂါးသွဲ့ကျောက်ဓားမော့ကို မြှောက်ကိုင်လျက် နောက်သို့ပြန်လိုက်၏။

ရှားချန်းချိုးက အခြေအနေဆိုသည် သူကကျူးရွှမ်တည့်တည့်၌ရပ်နေခဲ့တာဖြစ်သည်။ သူသည် အနီရောင်စွမ်းအင်ကြောင့် ရိုက်မိသွားပြီး နောက်သို့လွင့်ထွက်သွားသည်။ သူက ညည်းတွားလျက် သွေးများဆန်တက်လာ၏။

တိုက်ပွဲက အဆုံးတက်သွားတော့သည်။

“ပေ၁၅၀”

စွမ်းအင်များ လွင့်ပြယ်သွားသည်နှင့် အရာအားလုံးတိတ်ဆိတ်သွားတော့သည်။

ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်၏။

“ငါအဆင်ပြေတယ်”

“ကျွန်တော်ရောပဲ”

အနီရောင်ကြာစိတ်ဝိညာဉ်သဏ္ဌာန်၏ အလယ်၌ ကျူးရွှမ်ကလေထဲပျံဝဲနေစဉ် မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး ယွီကျန့်ဟိုင်နှ င့်ယွီရှန်းရုန်ကို သိမ်းကျူံးကြည့်သွားသည်။

“ဆိုးတာပဲ၊ ကျူးရွှမ်ကပွင့်ချပ်ကိုးလွှာအဆင့်ကိုရောက်သွားပြီ”

အဝေးက‌နေကြည့်နေသော ကျင့်ကြံသူများသည် သူတို့၏ခန္ဓာကိုယ် တုန်လှုပ်ကုန်၏။

“ဟေ့ ဒါက အောင်ပွဲခံသင့်တာလေ တာ့ထန်က နောက်ထပ် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက် ပေါ်လာပြီ”

“ဒါပေမဲ့ ငါတို့အခုပြောနေတာက နဝမဘုံကျောင်းလေကွာ၊ လွန်ခဲ့တဲ့အနှစ်၅၀တုန်း ကပွင့်ချပ်ကိုးလွှာအဆင့်နဲ့ အနီးစပ်ဆုံး ခမ်းနားတဲ့ကျင့်ကြံသူတစ်ယောက်အနေနဲ့ သတ်မှတ်ခံထားရတဲ့ကျူးရွှမ်က ထင်တဲ့အတိုင်းပဲ”

ကျူးရွှမ်သည် ထိုနှစ်ယောက်ကို ကြည့်ပြီးမေးလိုက်သည်။

“မင်းတို့ ဆက်တိုက်ခိုက်ချင်သေးလား”

ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“ခင်ဗျား ဆက်တိုက်ခိုက်ချင်ရင် ကျုပ်တို့ ဆက်တိုက်ခိုက်တာပေါ့”

“မင်းကရော” ကျူးရွှမ်သည် ယွီရှန်းရုန်ကို ကြည့်လိုက်၏။

“ခင်ဗျားတိုက်ခိုက်ချင်ရင် ကျုပ်တို့ဆက်တိုက်ခိုက်မယ်” ယွီရှန်းရုန်သည် သူ၏ညာလက်ကို သက်တော်ရှည်ဓားပေါ်တွင် တင်လိုက်သည်။

ကျူးရွှမ်သည် ရှားချန်းချိုးကို မမေးပေ။ ထိုအစား ခေါင်းခါပြီး မေးလိုက်၏။

“ဒါကို ထားလိုက်ဖို့အတွက် မင်းဘာပြောမှာလဲ”

ဆရာတူတပည့်နှစ်ယောက်သည် ထိုစကားများကြောင့်ဇဝေဇဝါဖြစ်သွား၏။

နှစ်ယောက်သား သဘောပေါက်သွားချိန်၌ ကျူးရွှမ်သည် ယွီကျန့်ဟိုင်ကို ကြည့်ကာပြောလိုက်သည်။

“ဒါပေမဲ့မင်းငါနဲ့လိုက်ခဲ့ရမယ်”

ယွီကျန့်ဟိုင်သည် သူ၏နဂါးသွဲ့ကျောက်ဓားမော့ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။ “ကျုပ်ငြင်းရင်ရော”

ကျူးရွှမ်သည် သူ၏ညာလက်ကို ဝှေ့ယမ်းလိုက်၏။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်က ပျောက်ကွယ်သွားသည်။

လေးထောင့်သေတ္တာက ကျုံ့သွားပြီးနောက် အိတ်တစ်ခုအသွင် ပြောင်းလဲသွား၏။ ကြိုးကြာဖြူက ပျံသန်းလာကာ သူ့ကိုသယ်ဆောင်သွားတော့သည်။ ပြီးနောက် သူ၏လက်ကိုကြည့်လိုက်၏။ သူ၏သွေးကြောများက လက်မောင်းပေါ်တွင် ဖောင်းကြွလာပြီး လက်မက ထုံကျဉ်လာကာ တုန်ယင်သေးဆဲ ဖြစ်သည်။ ဤတိုက်ပွဲသည် သူ၏မှန်းဆချက်ကို ကျော်လွန်ခဲ့၏။ သူက နှုတ်ခမ်းထောင့်မှ သွေးကိုသုတ်ကာ ပြောလိုက်တော့သည်။

“ကမ္ဘာပေါ်မှာ ထာဝရရန်သူဆိုတာမရှိဘူး ငါက ပွင့်ချပ်ကိုးလွှာအဆင့် ရောက်နေပြီးပြီ။ ဒီတိုင်းပွဲမှာငါသေသွားခဲ့ရင်နှစ်ဖက်လုံးဆုံးရှုံးမှုကိုခံစားရမယ်”

ဆိုရိုးစကားရှိသည့်အတိုင်း ရန်သူ၏ရန်သူကမိတ်ဆွေဖြစ်သည်။ သူတို့နှစ်ယောက်၏ စွမ်းရည်ကို မျက်မြင်တွေ့ပြီးနောက် ကျူးရွှမ်သည် စိတ်ပြောင်းသွား၏။ နဝမဘုံကျောင်းသည် ကောင်းကင်သိုင်းခုံရုံး၊ ကြယ်ပျံအိမ်တော်နှင့် ဆက်ဆံရေးမကောင်းခဲ့ပေ သို့သော် ထိုအကျော်အမော်နှစ်ယောက်သာ နဝမဘုံကျောင်းသို့ ဝင်ခဲ့လျှင် ဘုံကျောင်း၏ခွန်အားကို သေချာပေါက် မြှင့်တင်နိုင်လိမ့်မည်။

ယွီကျန့်ဟိုင်က ပြုံးလျက် ထပြောလိုက်သည်။

“ထာဝရရန်သူတွေမရှိဘူးလား”

“နဝမဘုံကျောင်းက ကောင်းကင်သိုင်းခုံရုံးရယ်၊ ကြယ်ပျံအိမ်တော်ရယ်နဲ့ ဆက်ဆံရေး မကောင်းဘူး၊ မင်းတို့နှစ်ယောက်မှာ နက်နဲတဲ့ကျင့်ကြံစိတ်ရှိမှတော့ နဝမဘုံကျောင်းဆီဝင်လိုက်ပါလား”

ယွီကျန့်ဟိုင်သည် သူ၏နဂါးသွဲ့ကျောက်ဓားမော့ကို သိမ်းလိုက်သည်။ သူက လက်နောက်ပစ်ကာ မတ်တတ်ရပ်လျက် ပြောလိုက်တော့၏။

“မိစ္ဆာဝေဟင်မျှော်နန်းက လွဲရင် တခြားဂိုဏ်းကို ဝင်ဖို့စိတ်မဝင်စားဘူး နဝမဘုံကျောင်းကို ဝင်ဖို့ ခင်ဗျားရဲ့ဖိတ်ကြားချက်ကို ငြင်းတယ်၊ ဒါပေမဲ့ ပူးပေါင်းမှုအနေနဲ့ သတ်မှတ်နိုင်တယ်”

သူ့ငရဲ‌ဂိုဏ်းကို ဦးဆောင်စဉ်က ထုတ်ဖော်ခဲ့သော အရှိန်အဝါတို့က ယခုအချိန်တွင်ရှိနေသည်။

ကျူးရွှမ်၌ နက်နဲသော ကျင့်ကြံဆင့် ရှိသော်ငြား သူသည် ရာထူးမြင့်သူမဟုတ်ပေ။ ထို့ကြောင့် ယွီကျန့်ဟိုင်၏ စကားအတိုင်း မပြောနိုင်ပေ။ မိစ္ဆာဝေဟင်မျှော်နန်းသည် မည်ကဲ့သို့အင်အားစုဆိုတာ သူသိချင်နေသည်။

ထိုစဉ် ယွီကျန့်ဟိုင်က ယွီရှန်းရုန်ကို လှမ်းကြည့်ပြီး မေးလိုက်၏။

“ဉာဏ်ရှိတဲ့လူတစ်ယောက်က အခြေအနေနဲ့ လိုက်လျောညီထွေရှိရတယ်။ မင်းရဲ့ဆန္ဒကို ဆန့်ကျင်ပြီးလုပ်ဖို့ ဘာမှ ဖိအားပေးမှာ မဟုတ်ဘူး၊ မင်းဘာပြောမလဲ”

ယွီရှန်းရုန်သည် ယွီကျန့်ဟိုင်ကို တစ်ချက်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

“ရှစ်ရှိုးပြောတာမှန်ပါတယ်”

“ကောင်းပြီ”

ကျူးရွှမ်သည် သူတို့နှစ်ယောက်နှင့် အဆင့်ညီသွားသည်အထိ ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။

“နဝမဘုံ‌ကျောင်းရဲ့မဟာအကြီးအကဲအနေနဲ့ မင်းတို့နှစ်ယောက် ငါ့နောက်လိုက်ခဲ့မယ်ဆိုရင် ဘုံကျောင်းဆီကို ဖိတ်တယ်”

All Chapters