အခန်း (၇၂၄-၇၂၆)
Vol. 49 Ch. 724-726
အခန်း (၇၂၄) ထိပ်တန်းကျင့်ကြံသူများ၏ ဆရာ
ယွီကျန့်ဟိုင်က လက်နောက်ပစ်လိုက်သည်။ သူက ကျူးရွှမ်၏ နှုတ်ခမ်းထောင့်မှ သွေးကို ကြည့်လိုက်ပြီးနောက် ယွီရှန်းရုန်အား လှည့်ကြည့်လိုက်သည်။ သူက ယွီရှန်းရုန်၏ အမြင်ကို စောင့်ဆိုင်းနေဟန်ပေါ်၏။
ထိုစဥ် မိုးမခတစ်ထောင်ဘုရားကျောင်း၏ ကျောင်းထိုင် ရှားချန်းချိုးက န၀မဘုံကျောင်း၏ ရုတ်ခြည်း သဘောထား အပြောင်းအလဲကြောင့် အံ့အားသင့်နေမိသည်။ အာလုံးက န၀မဘုံကျောင်းသည် မည်သို့ဖွဲ့စည်းထားကြောင်း သိထားကြ၏။ ကျူးရွှမ်၏ အင်အားက သိသာပြီး ခုံလုအတွက် လာရောက်လက်စားချေခြင်း ဖြစ်သည်။ သူက န၀မဘုံကျောင်း၏ ရုတ်ခြည်း သဘောထားအပြောင်းအလဲကြောင့် မည်သို့ အံ့အားမသင့်ဘဲ နေမည်နည်း။
ကျီဖုန်းရှင်းက ချက်ချင်းဆိုသလို အော်ပြောလိုက်သည်” မသွားပါနဲ့ "
သူက န၀မဘုံကျောင်း၏ အင်အားကို ကြောက်ရွံ့နေပြီး ကျူးရွှမ်လိုမျိုး လူနှင့် ရင်ဆိုင်ဖို့ရာ အမှန်တကယ် ကြောက်ရွံ့နေမိသည်။ သို့သော်လည်း ဤကိစ္စက ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့၏ ဘေးကင်းမှုနှင့် ဆက်နွယ်နေသည်။ သူက ဘာမှမလုပ်ဘဲ ထိုင်မနေနိုင်ပေ။
ကျူးရွှမ်က ကျီဖုန်းရှင်းကို ကြည့်လိုက်သည်။ သူက ကျီဖုန်းရှင်း၏ အတွေးကို သိ၏။ ထို့ကြောင့် သူက ပြောလိုက်သည်။
" ဧည့်သည်တော်တို့ ငါသာ မင်းတို့ကို ထိခိုက်စေချင်ရင် အခုထွက်သွားပြီးတော့ ပွင့်ချပ်ကိုးလွှာအဆင့် အခြေတည်သွားမှ ပြန်လာပြီး လက်စားချေလို့ရတယ်။ မင်းတို့ နှစ်ယောက်လုံးကို ဘာလို့ အခုလို ဖိတ်ကြားနေမှာလဲ”
ကျူးရွှမ် ပြောသည်က အချက်ကျ၏။
ယွီကျန့်ဟိုင်က ပြောလိုက်သည်” ငါ သူနဲ့တူတူ လိုက်သွားမယ်။ အာ့ရှစ်တိ မင်းနေခဲ့လိုက် "
ယွီရှန်းရုန်က မျက်မှောင်ကြုတ်ကာ ကျူးရွှမ်အား ကြည့်လိုက်ပြီး ပြောလိုက်သည်” ခင်ဗျားနဲ့တူတူ ကျုပ်လိုက်ခဲ့မယ်”
ထို့နောက် သူက ယွီကျန့်ဟိုင်အား ကြည့်ကာ ပြောလိုက်၏” တာ့ရှစ်ရှိုး ဒီမှာ နေခဲ့လိုက် "
နှစ်ယောက်လုံးက ရန်သူများနှင့် ရင်ဆိုင်ဖို့ရာ မိုးမခတစ်ထောင်ဘုရားကျောင်းတွင် နေထိုင်ဖို့ စီစဥ်ထားခဲ့သည်။ အကယ်၍ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ပေါ်ထွက်လာပါက သူတို့သည် ထွက်ပြေးရုံမျှ ဖြစ်၏။ သို့သော်လည်း န၀မဘုံကျောင်းနှင့် တွေ့ဆုံမှုက သူတို့၏ စိတ်ကို ပြောင်းလဲသွားစေသည်။ အကယ်၍ သူတို့သာ န၀မဘုံကျောင်းနှင့် လိုက်မသွားပါက ပြဿနာ ပိုမိုတက်လာမည်မှန်း သိလိုက်သည်။
ရှားချန်းချိုးနှင့် ကျီဖုန်းရှင်းတို့၏ သဘောထားပေါ် မူတည်၍ န၀မဘုံကျောင်းသည် ကြယ်ပျံအိမ်တော်နှင့် ကွဲပြားကြောင်း သိထားကြသည်။
ရှားချန်းချိုးက သူ့ရင်ဘတ်ကို ဖိကာ ခေါင်းအသာငုံ့ပြီး သက်ပြင်းချလိုက်သည်။
ကျူးရွှမ်က ထိုနှစ်ယောက်သည် ဆုံးဖြတ်ရခက်နေကြောင်း ပြောနိုင်လေ၏။ ထို့ကြောင့် သူက ရှားချန်းချိုးကို ပြောလိုက်သည်။
" မိုးမခတစ်ထောင်ဘုရားကျောင်းက လတ်တလော ကြယ်ပျံအိမ်တော်နဲ့ ပဋိပက္ခဖြစ်ထားတယ်လို့ကြားတယ်။ ကြယ်ပျံအိမ်တော်က ကောင်းကင်သိုင်းခုံရုံးနဲ့ အမြဲလိုလို ဆက်ဆံရေး ကောင်းနေခဲ့တာ။ သူတို့က ရေနက်ဆန်းကြယ်ဂူနဲ့ အဆုံးမဲ့ပင်လယ်ကို အပိုင်စီးဖို့ ကြိုးစားနေကြတာ။ ကြယ်ပျံအိမ်တော်က သေချာပေါက် လက်စားချေလိမ့်မယ်။ ကျုပ် ပြောတာ မှန်တယ်မလား ရှားချန်းချိုး "
သူက ရှားချန်းချိုးကို နာမည်အတိုင်း ခေါ်ဝေါ်လိုက်ပြီး ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့အပေါ် သဘောထားနှင့် အတော်လေး ကွဲပြားနေသည်။
ရှားချန်းချိုးက ခေါင်းညိတ်ကာ ပြောလိုက်၏” အမှန်ပါပဲ "
ထို့နောက် ကျူးရွှမ်က နှစ်ယောက်သားအား ပြောလိုက်သည်။
" မိတ်ဆွေတို့က မိုးမခတစ်ထောင်ဘုရားကျောင်းနဲ့ န၀မဘုံကျောင်းတွေရဲ့ ဂုဏ်ကျက်သရေရှိတဲ့ ဧည့်သည်တော်တွေ ဆိုတော့ ကြယ်ပျံအိမ်တော်က အကျိုးအကြောင်း မဆင်ခြင်ဘဲ လာပြီး လက်စားချေရဲမှာလား”
ရှားချန်းချိုး၏ အကြည့်များက တောက်ပသွားသည်။ ကျူးရွှမ် ပြောသည်က အချက်အလက်ကျ၏။ သို့သော်လည်း ဤအရာက ယွီရှန်းရုန်တို့ ယွီကျန့်ဟိုင်တို့အပေါ် မူတည်နေသည်။
ယွီကျန့်ဟိုင်က ကျယ်လောင်စွာ ပြောလိုက်သည်” အဲ့ဒါဆို ဆုံးဖြတ်ပြီးသွားပြီ”
ထို့နောက် သူက ယွီရှန်းရုန်သည် တစ်စုံတစ်ခု ပြောချင်သည်ကို မြင်သည့်အခါ သူ့အမူအရာကို ခပ်တည်တည် ထားလိုက်ပြီး လက်နောက်ပစ်ကာ ပြောလိုက်၏” ဘာမှ ဆက်ပြောနေစရာ မလိုဘူး။ ဒီနှစ်တစ်လျှောက်လုံးမှာ ငါက တာ့ရှစ်ရှိုးဆိုတဲ့ အဆင့်အတန်းကို တစ်ခါမှ အသုံးမပြုခဲ့ဖူးဘူး။ ဒါပေမဲ့ ဒီနေ့တော့ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ပထမတပည့်အနေနဲ့ မင်းကို ဒီမှာ နေခဲ့ဖို့ အမိန့်ပေးတယ်”
ယွီရှန်းရုန်က မျက်မှောင်ကြုတ်လိုက်သည်။
နှစ်၃၀၀ ကြာ ကြာမြင့်သွားသော်လည်း တပည့်နှစ်ယောက်က တိတ်တဆိတ် ယှဥ်ပြိုင်နေခဲ့ကြသည်။ တခါတရံတွင် သူတို့က ပွင့်လင်းမြင်သာ တိုက်ခိုက်လေ့ ရှိ၏။ သူတို့က တိမ်အလင်းတောအုပ်ထဲတွင်ပင် အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။ ယနေ့အချိန်အထိ ရလဒ်က မသည်းကွဲခဲ့ပေ။
သို့သော်လည်း ဝါစဉ်က အရေးကြီးလှသည်။ ထို့အပြင် ယွီကျန့်ဟိုင်က ယွီရှန်းရုန်အပေါ် သူ၏ဝါစဉ်ကြီးမှုကို တစ်ခါမျှ အသုံးမပြုဖူးသည်မှာ အမှန်တကယ် ဖြစ်၏။ ဤသည်က ပထမဆုံးအကြိမ် ဖြစ်ပေသည်။ အဆုံးသတ်တွင် သူက တိတ်ဆိတ်လျက်သာ နေလိုက်သည်။
ကျူးရွှမ်က ခေါင်းအသာညိတ်ကာ လက်ဟန်ပြပြီး ပြောလိုက်သည်” ကျုပ်တို့ သွားကြမလား "
ယွီကျန့်ဟိုင်က ပျံသန်းလိုက်သည်။
နှစ်ဦးသား ထွက်သွားပြီးသည့်နောက်တွင် ကျူးရွှမ်က ယွီရှန်းရုန်ကို လှည့်ကြည့်လိုက်၏။ သူက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်” ကျုပ်တို့ ထပ်တွေ့ကြတာပေါ့ "
ထိုသို့ ပြောပြီးသည့်နောက်တွင် သူက ကြိုးကြာဖြူကို စီးနင်းလျက် ထွက်သွားသည်။
ယွီကျန့်ဟိုင်နှင့် ကျူးရွှမ်တို့က တိမ်တိုက်အတွင်း ပျောက်ကွယ်သွားကြသည်။
ကျီဖုန်းရှင်းက ပျံသန်းလာကာ စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
" အစ်ကိုကြီး န၀မဘုံကျောင်းက အစ်ကိုကြီးကို ဖမ်းဖို့ အဲ့လိုစကားမျိုး ပြောခဲ့တယ်လို့ ထင်နေတယ်”
ဝူဝူကလည်း လျှောက်လှမ်းလာသည်။ သူမက ယွီရှန်းရုန်၏ အေးစက်စက် အမူအရာကို မြင်သည့်အခါ သူသည် စိတ်အခြေအနေ မကောင်းကြောင်း ပြောနိုင်လေ၏။ သူမက အလျင်အမြန် ပြောလိုက်သည်။
” အစ်ကိုကြီး ဒဏ်ရာရထားသေးလား။ ကျွန်မ ကုသပေးရမလား”
သူမက သူ့တုံ့ပြန်မှုကိုပင် မစောင့်ဘဲ အနီရောင် စွမ်းအားလုံးတစ်ခုကို ထုတ်ကာ ယွီရှန်းရုန်ဆီ ပို့ဆောင်ပေးလိုက်သည်။ အနီရောင်စက်လုံးက ယွီရှန်းရုန်အပေါ် ကျရောက်သွားပြီးနောက် ကြယ်တာရာအလင်းပျောက်များအဖြစ် ပျောက်ကွယ်သွားသည်။
ထိုစဥ် ယွီရှန်းရုန်က ပြန်ဖြေလာ၏။
” ငါ အဆင်ပြေပါတယ် "
ရှားချန်းချိုးက သက်ပြင်းချကာ ပြောလိုက်၏။
” မင်းတို့ နှစ်ယောက်လုံးက မိုးမခတစ်ထောင်ဘုရားကျောင်းအတွက် ပြဿနာတက်ခဲ့ရပြီ။ ဒါပေမဲ့ ဘုရားကျောင်းက ဘာမှလုပ်မပေးနိုင်ခဲ့ဘူး”
ဝူဝူက မျက်တောင်ခတ်ကာ မေးလိုက်၏” ကျွန်မတို့ အခုဘာလုပ်ကြမလဲ "
ယွီရှန်းရုန်က ယွီကျန့်ဟိုင် ထွက်သွားသည့်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။
” တကယ်လို့ န၀မဘုံကျောင်းက သူ့ဆံပင်တစ်မွေးကို ထိရဲရင် န၀မဘုံကျောင်းကို သွေးလွှမ်းသွားအောင် လုပ်ပစ်မယ်”
ထိုအရာကို ကြားပြီးသည့်နောက်တွင် ရှားချန်းချိုး၊ ထျန်းပုကျိ၊ ကျီဖုန်းရှင်းနှင့် ဝူဝူတို့က ဆွံအသွားကြသည်။ တစ်ဖက်တွင် မိုးမခတစ်ထောင်ဘုရားကျောင်း၏ တပည့်များက အပူဓာတ်ရှိသော်လည်း အေးစက်စက် တုန်ယင်သွားကြသည်။
ယွီရှန်းရုန်က စကားများပြောပြီးသည့်နောက်တွင် အောက်ဆင်းသက်လာ၏။
...
ထိုစဥ် ကျူးရွှမ်က ကြိုးကြာဖြူပေါ်မှ ဆင်းကာ ယွီကျန့်ဟိုင်လိုမျိုး လေထဲတွင် လမ်းလျှောက်လာသည်။ သူတို့၏ အမြန်နှုန်းက ကြိုးကြာဖြူနှင့် မယှဥ်နိုင်သော်လည်း မနှေးကွေးပေ။
ကျူးရွှမ်က ယွီကျန့်ဟိုင်၏ ခါးတွင် ချိတ်ဆွဲထားသည့် နဂါးသွဲ့ကျောက်ဓားကို ကြည့်လိုက်ကာ မေး၏။
” ခင်ဗျားရဲ့ နာမည်က ဘာလဲ "
" ယွီကျန့်ဟိုင် " ယွီကျန့်ဟိုင်က ဖြေလိုက်သည်။
" ကျုပ်ဘဝတစ်လျှောက်လုံးမှာ လက်နက်တွေ အများကြီးကို မြင်တွေ့ဖူးတယ်။ ကောင်းကင်၊ မြေကမ္ဘာ၊ နက်နဲ ၊ အဝါရောင် ၊ စကြဝဠာ၊ အာကာသ၊ ပြိုင်ဘက်ကင်းနဲ့ လွှမ်းမိုးရေးအဆင့်တွေလည်း အပါအဝင်ဘဲ။ ကောင်းကင်အဆင့်လက်နက်က ရှားပါးလှပြီ။ ပြိုင်ဘက်ကင်းအဆင့် လက်နက်တွေ ဆိုတာက နည်းနည်းပဲ ရှိတော့တာ။ ခင်ဗျားရဲ့ ဓားမော့က ပြိုင်ဘက်ကင်းအဆင့်လား” ကျူးရွှမ်က မေးလိုက်သည်။
" ဒါက ကျုပ်ရှစ်စွင်းက လက်ဆောင်ပေးထားတဲ့ လက်နက်ပါ။ ခင်ဗျားရဲ့ လေးထောင့်သေတ္တာကလည်း မဆိုးဘူးပဲ” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
" ဓားနဲ့ယှဥ်ရင်တော့ ဒီသေတ္တာရဲ့ တိုက်ခိုက်စွမ်းအားက လိုအပ်နေတုန်းပဲ။ ဒီနေ့တိုက်ပွဲပေါ် မူတည်ပြီးတော့ ကျုပ်က အရေးနိမ့်ခဲ့တယ်ဆိုတာ သိသာတယ်” ကျူးရွှမ်၏ လေးထောင့်သေတ္တာသည် နဂါးသွဲ့ကျောက်ဓားမော့နှင့် ရင်ဆိုင်ခဲ့သော်လည်း သူက အရေးမသာခဲ့ပေ။
" ကျုပ်က ကံကောင်းသွားလို့ပါ " ယွီကျန့်ဟိုင်က ချီးကျူးခံလိုက်ရ၍ သူ့ကိုယ်သူ မမေ့လျော့ဘဲ ပြန်ဖြေလိုက်သည်။
" ကျုပ်မှာ မေးချင်တဲ့ မေးခွန်းနှစ်ခု ရှိတယ်။ အဆင်ပြေပါ့မလား”
ယွီကျန့်ဟိုင်က နေဝင်နေသည်ကို လှမ်းကြည့်ရင်း ဖြေလိုက်သည်” ကျုပ် ဖြေနိုင်ရင် ဖြေပါ့မယ် "
" ခင်ဗျားတို့ နှစ်ယောက်က ရွှေကြာနယ်မြေကလား " ကျူးရွှမ်က မေးလိုက်သည်။
" ဟုတ်တယ် " ဤသည်က ဆက်လက် ဖုံးကွယ်စရာ မလိုတော့ပေ။ ယွီကျန့်ဟိုင်က သူ့ရွှေကြာစိတ်ဝိညာဥ်သဏ္ဌာန်ကို ပြသခဲ့ပြီးသား ဖြစ်၏။
ကျူးရွှမ်က တအံ့တသြဖြင့် ပြောလိုက်သည်။
” ကောင်းကင်သိုင်းခုံရုံးဆီက အရူးရဲ့ ခန့်မှန်းချက်က မှန်နေလိမ့်မယ်လို့ ထင်မထားမိဘူး”
" အရူးလား "
ကျူးရွှမ်က ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။
” အဲ့အရူးက နယ်ခြားကမ္ဘာတွေကို လေ့လာရတာကို သဘောကျတယ်။ သူမက အဆုံးမဲ့ပင်လယ်ရဲ့ အလွန်မှာ နောက်ထပ်ကမ္ဘာ တစ်ခုရှိနေတယ်လို့ ယုံကြည်ထားတာလေ”
ယွီကျန့်ဟိုင်က တိတ်ဆိတ်သွားပြီးသည့်နောက် ပြောလိုက်သည်။
” န၀မဘုံကျောင်းက အားကောင်းတဲ့ အုတ်မြစ်ရှိတာကို ကောင်းကင်သိုင်းခုံရုံးနဲ့ ကြယ်ပျံအိမ်တော်ကို ဘာလို့ အနိုင်မယူနိုင်တာလဲ”
" ခင်ဗျားက သူတို့ကို လျှော့တွက်လွန်းတယ်။ ကောင်းကင်ခုံရုံးက တာ့ယန်တိုင်းပြည်ကလေ … သူတို့ရဲ့ ပညာရှင်တွေက တိမ်တိုက်လို ပေါများတယ်”
ထိုသို့ပြောပြီးသည့်နောက်တွင် ကျူးရွှမ်က တစ်စုံတစ်ခုကို အမှတ်ရသွားသည့်အလား မေးလိုက်သည်။
” မိစ္ဆာဝေဟင်မျှော်နန်းကကော အားကောင်းလား "
ထိုသူနှစ်ဦး၏ သဘောထားပေါ် မူတည်၍ ကျူးရွှမ်သည် မိစ္ဆာဝေဟင်မျှော်နန်းက အလွယ်တကူ စွက်ဖက်လို့ရသည့် အင်အားစု မဟုတ်ကြောင်း ခန့်မှန်းမိလာ၏။
ယွီကျန့်ဟိုင်၏ အပြုံးက ပိုမိုထင်ရှားလာကာ ပြောလိုက်၏။
” တကယ်လို့ မိစ္ဆာဝေဟင်မျှော်နန်းသာ ဒီမှာရှိနေရင် ကောင်းကင်သိုင်းခုံရုံးတို့ ကြယ်ပျံအိမ်တော်တို့ကို ကြောက်ရွံစရာ မလိုဘူး”
တကယ်တော့ သူသည် မိစ္ဆာဝေဟင်မျှော်နန်း၏ သတင်းအချက်အလက်များစွာကို မထုတ်ဖော်မိဖို့ရာ သတိကြီးကြီးထားထား၏။ စကားတစ်ခွန်းနှင့်ပင် လုံလောက်နေလေပြီ။
ကျူးရွှမ်၏ အမူအရာက မပြောင်းမလဲ ကျန်ရှိနေသော်လည်း သူက စိတ်ထဲ၌ အံ့အားသင့်နေမိသည်။ မိစ္ဆာဝေဟင်မျှော်နန်းက ကောင်းကင်သိုင်းခုံရုံးနှင့် ယှဥ်နိုင်ကြောင်းတွေးကြည့်မိလျှင် အမှန်တကယ် အံ့အားသင့်စရာကောင်းလှသည်။
ကျူးရွှမ်က ထပ်မေးလိုက်သည်။
” ခင်ဗျားတို့ နှစ်ယောက်လုံးက ဒီအထိလာရတာ တကယ်ကို ခက်ခဲခဲ့မှာပဲ။ အနီရောင်ကြာနယ်မြေကို ခင်ဗျားတို့ပဲ ရောက်လာတာ မဟုတ်လောက်ဘူး။ ဒီကို ခင်ဗျားတို့က ဘာကိစ္စရှိလို့လဲ”
ဤသည်က သူ့စိတ်ထဲ ဖြစ်ပေါ်နေသည့် မေးခွန်းတစ်ခုဖြစ်ကာ စိတ်အဝင်စားဆုံးမေးခွန်းလည်း ဖြစ်သည်။
ယွီကျန့်ဟိုင်က ပြန်မေးလိုက်သည်။
” ကျုပ်တို့က ဒီကို မတော်တဆ ရောက်လာတာလို့ပြောရင် ယုံမှာလား "
ယွီကျန့်ဟိုင်၏ အမြင်အရ ယွီရှန်းရုန်သည် ဤနေရာသို့ မတော်တဆ ရောက်ရှိလာခြင်းသာ ဖြစ်၏။
ကျူးရွှမ်က ပြောလိုက်သည်။
” ခင်ဗျားကို ယုံပါတယ် "
ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်သည်။
ကျူးရွှမ်က သေသေချာချာ မေးလိုက်၏” ခင်ဗျားရဲ့ ဆရာကရော အနီရောင်ကြာနယ်မြေမှာပဲလား "
ယွီကျန့်ဟိုင်က ခေါင်းအသာယမ်းကာ " သူက ကျင့်ကြံရေးပေါ်မှာ အာရုံစိုက်ထားပြီးတော့ လောကီရေးရာတွေမှာ ဝင်ရောက်စွက်ဖက်ခဲတယ်။ ဒါပေမဲ့ ကိစ္စတွေက ဆိုးရွားလာရင် ဘာဖြစ်မလဲဆိုတာ အာမ မခံနိုင်ဘူး”
ထိုအရာကို ကြားပြီးသည့်နောက်တွင် ကျူးရွှမ်က သက်ပြင်းချလိုက်၏။
ဒီလူနှစ်ယောက်ရဲ့ ဆရာ ဖြစ်ဖို့ ဆိုရင် သူက အနည်းဆုံး ပွင့်ချပ်ကိုးလွှာအဆင့်ပဲ ဖြစ်ရမယ်။ ငါ သူတို့ကို မသတ်ခဲ့မိတာ ကံကောင်းတယ်။ တကယ်လို့ သူတို့ရဲ့အသက်ကျောက်တုံးသာ ကြေမွသွားရင် သေချာပေါက် ပြဿနာ တက်လိမ့်မယ်။ အဲဒီအချိန်ကျရင် န၀မဘုံကျောင်းက ရန်သူတော်ကြီးတစ်ယောက်ကို ရလိုက်လိမ့်မယ်...
...
ရွှေကြာနယ်မြေအတွင်း
ရွှေနန်းဥယျာဥ်တောင်ထိပ်မှ မနီးမဝေး တောအုပ်တစ်ခုအတွင်း
လရောင်က ကောင်းကင်အထက် တောက်ပနေသည်။
သစ်ပင်များ ပေါများသိပ်သည်းလွန်းသည့် တောအုပ်အတွင်း ကြယ်အလင်းရောင်က မှိန်ဖျဖျသာ မြင်နိုင်လေသည်။ သန့်စင်လွန်းသည့် ကမ္ဘာဦးချီက အပင်ကြားမှ စီးဆင်းပြီး လေထုထဲမှ ကမ္ဘာဦးချီနှင့် ပေါင်းစပ်သွားသည်။ ထိုအရာက မြက်ပင်နားတွင် စုစည်းနေလေ၏။
ခေတ္တမျှ ကြာမြင့်ပြီးသည့်နောက်တွင် ထိုမြက်ပင်ကြားမှ တအံ့တသြ ရေရွတ်သံသည် ထွက်ပေါ်လာ၏။ ထိုသူက ရုတ်ခြည်း သဘောပေါက်သွားသလိုမျိုး ဖြစ်၏။
" ခဏနေပါဦး … ပွင့်ချပ်ကိုးလွှာအဆင့်က နှစ် ၁၂၀၀ လိုတာလေ။ ဒါပေမဲ့ ရှုစစ်ရဲ့နှလုံးသားက နှစ် ၈၀၀ ပဲ ပေးနိုင်တာ။ အဲ့ဒီတော့ ငါက ငါ့သက်တမ်းနှစ် ၄၀၀ လောင်ကျွမ်းပစ်ရမှာလား။ ငါက အခု ငယ်ငယ်လေးပဲ ရှိသေးတာလေ။
ငါက ပွင့်ချပ်ကိုးလွှာအဆင့် ရောက်သွားတဲ့အခါ လူအိုကြီးဖြစ်သွားမှာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါက ချောမောတဲ့ ယောက်ျားတစ်ယောက်လေ... "
…
အခန်း (၇၂၅) မင်ရှစ်ရင်၏ လျှို့ဝှက်ချက်
“မဟုတ်ဘူး၊ ငါသာ ရှစ်စွင်းလို အိုမင်းလာခဲ့ရင် ဘယ်လောက်အကျည်းတန်နေလိမ့်မလဲ”
မင်ရှစ်ရင်သည် ထိုအတွေးကြောင့် တုန်ယင်သွားမိသည်။ သူသည် ကျင့်ကြံရာမှ ရပ်တန့်ကာ မြက်တောထဲမှ ထွက်လာလေ၏။
သူ၏ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ သူသည် ဤနေရာ၌ နှစ်အတော်ကြာ ကျင့်ကြံခဲ့၏။ သစ်သားပြာနှလုံးသားကျင့်စဉ်သည် သူနှင့် အသင့်တော်ဆုံးဖြစ်ကြောင်း သူ၏ ရှစ်စွင်းက ပြောခဲ့ဖူးသည်။ သို့သော် သစ်သားပြာနှလုံးသားကျင့်စဉ်ကို သင်ယူနိုင်ရန် သူ့ဘာသာသူ အားစိုက်ထုတ်ရမည်။ ဤနေရာကို ရှာတွေ့ခြင်းက ကံကောင်းခြင်းပဲ ဖြစ်၏။
သူသည် ဤနေရာကို အစောကတည်းက ရှာတွေ့ခဲ့ပြီး တခြားတစ်နေရာတွင် လေ့ကျင့်ချိန်ထက် တောအုပ်ထဲတွင် လေ့ကျင့်ရာ၌ တိုးတက်မှုနှုန်း ပိုရှိသည်။
သူ၏ဆရာတူတပည့်များကသာ သူ၏ကျင့်ကြံခြင်းနည်းလမ်းက တောအုပ်ထဲတွင်ရှိလျှင် အာနိသင်အကောင်းဆုံးဆိုတာ သိသည်။ သို့သော် တောအုပ်ထဲ၌ သူကျင့်ကြံချိန်၌ အကောင်းဆုံးရလဒ်ကိုရတာ သူတို့သတိမပြုမိပေ။
သူသည် ဤနေရာ၌ လွတ်မြောက်ခြင်းကျင့်စဉ်ကိုလည်း ကျင့်ကြံခဲ့သည်။ သူမြေအောက်ထဲသို့ ဝင်လိုက်သည်နှင့် ဘေးကင်းသွားမှာပဲ ဖြစ်သည်။
သူက စဉ်းစားနေပြီး မေးစေ့ပွတ်ကာ သူ့ဘာသာသူ ရေရွတ်ပြောလိုက်၏။
“ သက်တမ်း ၁၂၀၀ ရှစ်စွင်းက ဒါကို ဘယ်လိုကျော်ဖြတ်ခဲ့တာလဲ”
ခဏအကြာတွင် သူက မျက်လုံးပြူးကျယ်သွားပြီး ထုတ်ပြောလိုက်၏။
“ရှစ်စွင်းမှာ ချီယောင်ရဲ့ နှလုံးသားအများကြီး ရှိတာလား”
သူသည် လှည့်ပတ်လျှောက်နေပြီးမှ ရပ်တန့်လိုက်၏။ သူ့ဘာသာသူ ဆက်ပြီး ရေရွတ်ပြောလိုက်သည်။
“အရင်တုန်းက ဒီအကြောင်း ဘာလို့မတွေးခဲ့မိတာလဲ၊ ရှစ်စွင်းက ဉာဏ်ထက်လွန်းတယ် သူက ယုံကြည်ချက်မရှိဘဲ၊ ဘာမှလုပ်မှာ မဟုတ်ဘူး ငါပိုကြိုးစားပမ်းစား ကျင့်ကြံသင့်တယ်၊ ဒါမှ အတိုတောင်းဆုံးအချိန်အတွင်း ငါ့ရဲ့အထွတ်အထိပ်အခြေအနေကို ရောက်နိုင်မှာ”
ကျင့်ကြံခြင်းသည် ကောင်းကင်ဘုံ၏ ဆန္ဒကို သွေဖီနေခြင်းဖြစ်သည်။ အထွတ်အထိပ်တွင်တောင် ကျင့်ကြံသူများသည် အဆင့်ချိုးဖျက်တက်ရန် အကောင်းဆုံးအချိန်ကို ရွေးချယ်ရ၏။
စိတ်ထဲတွင် ထိုအတွေးဖြင့် သူသည် ကောင်းကင်များ၏ အလယ်သို့ ပြန်လာလိုက်၏။ သူက လက်ဝါးနှစ်ဖက်ကို ထပ်လျက် ကနဦးချီများ ပေါ်ထွက်လာတော့သည်။ သူ့နားတဝိုက်ရှိ ပေါင်းပင်များက ပိုကြီးလာပြီး ပိုမြင့်လာ၏။ သူတို့သည် သူလောက်နီးတူ အရပ်မြင့်မားလာပြီ ဖြစ်သည်။
မြက်ပင်များဖြင့် ပြုလုပ်ထားသော နံရံလေးခုသည် သူ့နား၌ ဖွဲ့တည်သွား၏။
မင်ရှစ်ရင်သည် တင်ပျဉ်ခွေချိတ်ထိုင်ကာ မျက်လုံးမှိတ်လျက် အသက်ရှုနှုန်းကို ထိန်းညှိလိုက်သည်။
ထိုစဉ် သူ့ထံမှ အသက်ဓာတ်တို့ ပေါ်ထွက်လာ၏။ သို့သော် တောအုပ်ထဲရှိ ကနဦးချီက လျင်မြန်စွာ စုဝေးလာပြီးနောက် သူ၏စွမ်းအားဗဟိုချက် ချီပင်လယ်ထဲသို့ စုပ်ယူလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း ရက်ပေါင်းများစွာ ကုန်ဆုံးသွားသည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ အရှေ့ဘက် မျှော်နန်းတွင် ဖြစ်သည်။
မနက်ခင်း၌ လုကျိုးသည် သူ၏ထူးကဲအံ့ဖွယ်စွမ်းအားကို အပြည့်ဖြည့်ပြီး သူ၏ပွင့်ချပ်ကိုးလွှာ ကျင့်ကြံဆင့်ကို တည်ငြိမ်အောင် လုပ်ထားသည်။
ကျန်ရှိသော သက်တမ်း= ၂၈၁၉၈၀ရက်
လုကျိုး၏ စိတ်ထဲ၌ မေးခွန်းတစ်ခုပေါ်လာသည်။
ပွင့်ချပ်ကိုးလွှာအဆင့်ပြီးရင် ပွင့်ချပ်ဆယ်လွှာအဆင့်ရှိမလား သိချင်မိတယ်။ ပွင့်ချပ်ကိုးလွှာအဆင့်နဲ့ ပွင့်ချပ်ဆယ်လွှာအဆင့်ကြား နောက်ထပ်ကျော်လွှားစရာ မဟာအကန့်အသတ်ရှိလာလား။
တာ့ယန်ရှိ လူသားကျင့်ကြံသူများသည် ပွင့်ချပ်ရှစ်လွှာအဆင့်၌ ယခုအချိန်ထိတိုင် ပတ်မိနေခဲ့ကြသည်။ သူတို့သည် ပွင့်ချပ်ရှစ်လွှာအဆင့်အောက် ကျင့်ကြံသည့်ဖြစ်စဉ်နှင့် အလွန်ရင်းနှီးနေပြီဖြစ်သည်။ သို့သော် ပွင့်ချပ်ကိုးလွှာအဆင့်နှင့်အထက် အရာအားလုံးကိုမူ မသိရပေ။ လုကျိုးသည် မီးပြတိုက်ပမာ လူတိုင်း၏လမ်းကြောင်းကို အလင်းပြပေးလျက် သူက အမှောင်ထဲတွင် လမ်းဖောက်နေသည်။
အဆုံးကျ ဤကိစ္စကို စဉ်းစားနေ၍ အကျိုးမထူးဟု သူဆုံးဖြတ်လိုက်သည်။ သူ၏ကျင့်ကြံဆင့်ကို ဖြည်းဖြည်းချင်း မြှင့်တင်ခြင်းဖြင့် အဖြေရလိမ့်မည်။
သူသည် ကုသိုလ်မှတ်ငါးသိန်းဖြင့် ဘုံတစ်ထောင်လေဗွေကို ဝယ်ယူနိုင်၏။ ဤနည်းဖြင့် သူသည် နယ်ပယ်အသစ်သို့ ဝင်ရောက်နိုင်လောက်မည်။
ကုသိုလ်မှတ် ၂၃၆၄၀
သူ၏ လက်ရှိအမှတ်သည် ကုသိုလ်မှတ် ငါးသိန်းနှင့် ဝေးလွန်းနေသည်။ ထိုအကြောင်းကို တွေးပြီး လုကျိုးက နောက်ထပ် အသေရိုက်ချက်ကတ်ဝယ်လိုက်တော့သည်။
သူ့ဆီမှ ကုသိုလ်မှတ် ၁၅၀၀၀နှုတ်သွားတော့၏။
ယခုအချိန်တွင် သူ့၌ အသေရိုက်ချက်ကတ် ၂ကတ်ရှိနေပြီ ဖြစ်သည်။ အနီရောင်ကြာနယ်မြေသို့ မသွားခင် သူသည် တတ်နိုင်သမျှ ပြင်ဆင်မှုများ ပြုလုပ်ထားရမည်။ အသေရိုက်ချက်ကတ်က သူ၏ ဝှက်ဖဲများထဲမှ တစ်ခုဖြစ်၏။ သူ့ကိုယ်သူ အသင့်ပြင်ထားရမည်။
သူသည် နောက်ဆုံးဝယ်ယူပြီးနောက် ကုသိုလ်မှတ်ငါးသိန်းသာ ကျန်တော့သောကြောင့် ယခုအချိန်တွင် အခြားသော အသုံးပစ္စည်းကတ်များကို မဝယ်နိုင်တော့ပေ။
“ရှစ်စွင်း ကျုးထျန်းယွမ်က တွေ့ခွင့်တောင်းပါတယ်”
အပြင်ဘက်ကနေ စီးဝူယာ့၏အသံက ပေါ်ထွက်လာ၏။
လုကျိုးသည် အနည်းငယ် တည်ငြိမ်သွားသည်။ ကျူးထျန်းယွမ်၏ အာရုံစိုက်မှုသည် ကျူးဟုန်ကုန်းဆီတွင်သာ ရှိသင့်၏။ ကျူးထျန်းယွမ် အဘယ်ကြောင့် ရောက်လာသနည်း။
“ဘာကိစ်စလဲ”
“ရှေးဟောင်းသူတော်စင်ဂိုဏ်းက သိုလှောင်ရုံကို သူစစ်ဆေးခဲ့ပြီး ပစ္စည်းတစ်ခုရှာတွေ့တယ်တဲ့ သူကိုယ်တိုင် ဒါကို ယူလာမယ်တဲ့ ဒါဆို ရှစ်စွင်းကြည့်လို့ရပြီ”
လုကျိုးသည် သူ၏ အခန်းထဲမှ ထွက်လာပြီးနောက် မျှော်နန်းအပြင်ဘက်သို့ လျှောက်သွားလိုက်သည်။ သူသည် စီးဝူယာ့ကို ကြည့်ပြီး အနည်းငယ် ဒွိဟဖြစ်နေသော လေသံဖြင့် ပြောလိုက်၏။
“မင်းရဲ့ ကျင့်ကြံဆင့်က တော်တော် တိုးတက်လာတာပဲ”
စီးဝူယာ့က ပြန်ပြောလိုက်၏။
“ရှစ်စွင်းရဲ့ ကြီးကြပ်မှုအောက်မှာ မပျင်းရိရဲပါဘူး၊ ကျွန်တော်နေ့တိုင်း ကြိုးစားပမ်းစား ကျင့်ကြံနေပါတယ်”
“ပွင့်ချပ်ရှစ်လွှာအဆင့်ကို မင်းဘယ်အချိန်ရောက်မှာလဲ”
“အင်း”
စီးဝူယာ့က ခေါင်းခါလိုက်သည်။ သူ့မှာ အကြံမရှိပေ။ ကျင့်ကြံခြင်းအကြောင်း မည်သူမျှ သေချာမသိနိုင်။
လုကျိုးသည် စီးဝူယာ့ဆီမှ အဖြေကို မတောင်းတော့ပေ။ သူဟာ လက်နောက်ပစ်လျက် တောင်ဘက်မျှော်နန်းဆီသို့ လျှောက်သွားလိုက်သည်။
စီးဝူယာ့သည် သူ့နောက်မှ နီးကပ်စွာ လိုက်ပါလာ၏။ခဏအကြာတွင် သူတို့နှစ်ယောက်သည် တောင်ဘက်မျှော်နန်းဆီသို့ရောက်သွားလေ၏။
တောင်ဘက်မျှော်နန်းရှေ့ရှိ ရင်ပြင်ပေါ်၌ လူများစွာ စုဝေးနေသည်။
မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲလေးဦးနှင့် အမျိုးသမီးတပည့်များစွာက အနက်ရောင်အရာဝတ္ထုနား၌ စုဝေးနေ၏။သူတို့က ၎င်းကို သိချင်စိတ်ဖြင့် ကြည့်နေကြတော့သည်။
ထိုစဉ် ကျူးထျန်းယွမ်နှင့် ကျူးဟုန်ကုန်းက ဘေးတွင် ရပ်နေလေ၏။
“နှုတ်ခွန်းဆက်ပါတယ် ရှစ်စွင်း”
ကျန်သည့်လူများက လှည့်လာပြီး အရိုအသေပေးလိုက်၏။
“ထကြ”
လုကျိုးသည် လက်နောက်ပစ်ထားလျက် ကျန်သည့်လူများရှေ့ လျှောက်သွားလိုက်သည်။ သူသည် ရင်ပြင်ရှေ့ရှိ အရာဝတ္ထုကို ကြည့်ပြီး ဇဝေဇဝါမေးလိုက်လေ၏။
“ကျူးထျန်းယွမ် ဒါဘာလဲ”
ယင်းသည် ယိုယွင်းနေသော လှေလေးတစ်စင်းနှင့်တူသည်။ ၎င်းက အနက်ရောင်ဖြစ်ပြီး ချေးညော်တစ်လွှာရှိနေလေ၏။
ကျူးထျန်းယွမ်က ပြောလိုက်၏။
“အစ်ကိုကျိ ဒါကို မသိလောက်ဘူး ကျဲခိုက်ရဲ့ ခန္ဓာကိုယ်ပေါ်က အသေးစိတ်ရုပ်ပုံတွေကို မှတ်မိလား”
လုကျိုးသည် ကျဲခိုက်ဆီ၌ အသေးစိတ်ရုပ်ပုံကို မြင်ခဲ့ဖူးသည်။ သို့သော် ကောင်းကင်လွန်း၊ ရေလွန်းနှင့် ကောင်းကင်ရထားလုံးသည် ဤအရာဝတ္ထုနှင့် မဆင်ပေ။ သူ၏ အသံက နက်သွားကာ ပြောလိုက်လေ၏။
“အဲဒါက ဒီပစ္စည်းနဲ့ ဘာဆိုင်လို့လဲ ကွေ့ဝိုက်ပြောမနေနဲ့”
ကျူးထျန်းယွမ်၏ အမူအယာက တည်ကြည်သွားလေ၏။ သူက အရိုအသေပေးကာ လူတိုင်းကို ထိတ်လန့်စေသည့် စကားတစ်ခွန်းပြောလိုက်၏။
“ ဒါက အဲဒီလော့အမျိုးသမီး ထားခဲ့တာပါ”
လုကျိုးက ထိတ်လန့်သွားလေ၏။
စီးဝူယာ့က ပထမဆုံးပြေးထွက်သွားသူဖြစ်သည်။ သူ၏ အင်္ကျီလက်ဖြင့် အရာဝတ္ထုပေါ်ရှိ ဖုန်မှုန့်များကို အမြန်ပွတ်တိုက်လိုက်၏။ အကြိမ်ရေအနည်းငယ် ပွတ်တိုက်ပြီးနောက် အစီအရင်သွေးကြောများကို မြင်ရသည်။ ကျန်သည့်လူများက ယင်းကို မမှတ်မိ၍ မထူးဆန်းသော်ငြား သူကတော့ မသိဘဲ မနေပေ။ သူက ကောင်းကင်လွန်း အသေးစိတ်ပုံများနှင့် လော့ရှစ်ယင်၏ မှတ်စုကို အချိန်အတော်ကြာလေ့လာခဲ့၏။ ထို့ကြောင့် အစီအရင်သွေးကြောများကို ချက်ချင်းမှတ်မိသည့် သူက ထုတ်ပြောလိုက်တော့သည်။
“ကောင်းကင်လွန်းပေါ်က အစီအရင်သွေးကြောမျိုး ရှိနေတယ်”
“ကောင်းကင်လွန်းလား”
ကျန်သည့်လူများက ထိတ်လန့်သွား၏။
စီးဝူယာ့က ချက်ချင်းအမိန့်ပေးလိုက်သည်။
“ဒါကို ရှင်းလိုက်”
“နားလည်ပါပြီ”
အမျိုးသမီးကျင့်ကြံသူများစွာသည် ထိုအရာဝတ္ထုကို သန့်ရှင်းရန်အတွက် ရေပုံးများ သယ်လာတော့၏။
ဤအရာဝတ္ထု၏ အရေးပါပုံကို ယခုသဘောပေါက်သွားသောကြောင့် သူတို့အချိန်မဆွဲတော့ပေ။ သူတို့သန့်ရှင်းပြီးသည်နှင့် လှေလေးနှင့် ဆင်တူသည့်အရာဝတ္ထုသည် တဖြည်းဖြည်းချင်း ၎င်း၏ မူလပုံ ပေါ်လာတော့သည်။ ၎င်း၏ကိုယ်ပေါ်ရှိ သွေးကြောများကိုလည်း ရှင်းရှင်းလင်းလင်း မြင်ရသည်။
တစ်ချိန်လုံးလေ့လာနေသော စီးဝူယာ့က သက်ပြင်းချပြီး ၎င်းကို ပွတ်သပ်လိုက်၏။သူ၏မျက်လုံးထဲတွင် လေးစားမှု တစ်စွန်းတစ်စကို မြင်ရသည်။
“ရှစ်စွင်း ဒီအရာဝတ္ထုပေါ်က အစီအရင်သွေးကြောတွေက ကောင်းကင်လွန်းထက် အနည်းငယ် အားနည်းတယ်၊ ဒါ့အပြင် သူ့ရဲ့ ပုံသက ကောင်းကင်လွန်းနဲ့ မတူဘူး၊ ကောင်းကင်လွန်းမှာ သန်မာတဲ့ ခုခံမှုရှိပြီး မြန်ဆန်တယ်၊ ဒါပေမဲ့ သူ့ရဲ့စွမ်းရည်က အကန့်အသတ်ရှိတယ် ဒီအရာက ကောင်းကင်ရထားလုံးလေးပဲ ဖြစ်မယ်”
ကျူးထျန်းယွမ်က ရယ်မောလိုက်၏။
“ဟ ဒါက သာမန်ပစ္စည်းမဟုတ်မှန်းသိသားပဲ၊ မင်းရဲ့ အဖေမှာ ဒီလိုမှတ်ဉာဏ်ကောင်းရှိတာ ဂုဏ်ယူနေသင့်တယ်”
ပြောပြီးသည်နှင့် ကျူးဟုန်ကုန်း၏ပခုံးကို ပုတ်ချလိုက်တော့သည်။
လုကျိုးကပြောလိုက်၏။
“ကောင်းကင်ရထားလုံးလေးလား ဒါက ကောင်းကင်လွန်းနဲ့တောင် မယှဉ်နိုင်ရင် သမုဒ္ဒရာကို ဘယ်လိုလုပ် ဖြတ်ကျော်နိုင်ပါ့မလဲ”
စီးဝူယာ့က ပြောလိုက်၏။
“တာ့ယန်ရဲ့ ကျင့်ကြံသူတေွက အဆုံးမဲ့သမုဒ္ဒရာကို စူးစမ်းသွားလာတဲ့ မရေမတွက်နိုင်တဲ့ အတွေ့အကြုံတွေ ရှိပါတယ် သမုဒ္ဒရာထဲက သားရဲတွေက သန်မာတယ် ဒါပေမဲ့ သူတို့တွေက သမုဒ္ဒရာထဲကနေ မထွက်သွားနိုင်သလို ခပ်မြင့်မြင့်မခုန်နိုင်ဘူး ဒါကြောင့် မြင့်မြင့်ပျံရင် သားရဲတွေကို ရေှာင်နိုင်တယ် ဒီမျက်နှာပြင်ပေါ်က အစီအရင်သွေးကြောတွေက မြင့်မြင့်ပျံနိုင်အောင် ပံ့ပိုးပေးတယ် အားနည်းချက်က သူ့ရဲ့ကနဦးချီက အမြင့်တစ်ခုထိ ရုတ်တရက်ကျသွားနိုင်တာပဲ ပျောက်တောင်ပျောက်သွားနိုင်တယ် ကျင့်ကြံသူတွေထိန်းချုပ်ဖို့ ခက်ခဲလှတယ်”
ကျူးထျန်းယွမ်က ဇဝေဇဝါမေးလိုက်၏။
“ဒီတော့ ဒါက အသုံးမဝင်တာလား”
“မဟုတ်ဘူး ကောင်းကင်လွန်းနဲ့ယှဉ်ရင် မကောင်းပေမဲ့ သူက နှေးပုံရပြီး အားနည်းတယ်ဆိုပေမဲ့ ကောင်းကင်လွန်းနဲ့ယှဉ်ရင် ပိုမြင့်မြင့်ပျံနိုင်တယ် ဒီအရွယ်အစားနဲ့ဆိုရင် ခရီးသည် သုံးယောက်ကနေ ငါးယောက်ကို သယ်သွားနိုင်တယ်”
စီးဝူယာ့က ပြောလိုက်၏။ ထိုစဉ်သူက လှေလေးကို တွန်းလိုက်သည်။
ဝှစ်
စီးဝူယာ့က အထိတ်တလန့်ပြောလိုက်၏။
“သုံးပြီးသားဖြစ်နေတာပဲ”
လုကျိုးက ကျူးထျန်းယွမ်ကိုကြည့်ပြီး ပြောလိုက်သည်။
“လော့ရှစ်ယင်က အရင်က ရှေးဟောင်းသူတော်စင်သိုင်းကို ရခဲ့သူပဲ သူအခုဘယ်မှာလဲ မင်းသိလား”
လော့ရှစ်ယင်သည် အသက်ရှင်လျက် ရှိနေနိုင်သေးသည်။ သူမသာ ဤကောင်းကင်ရထားလုံးလေးကို စီးပြီး အနီရောင်ကြာနယ်မြေနှင့် ရွှေကြာနယ်မြေကြား အသွားအပြန်လုပ်နေတာလည်း ဖြစ်နိုင်၏။ဤရှာဖွေတွေ့ရှိမှုက တစ်ကယ် အံ့ဩစရာပဲဖြစ်သည်။
ကျူးထျန်းယွမ်က ခေါင်းခါပြီးနောက် သက်ပြင်းချကာ ပြောလိုက်၏။
“ဒီအကြောင်းကို ကျုပ်မသိဘူး အရင်ဂိုဏ်းခေါင်းဆောင်က သူမကို သိတာ ရုတ်တရက်ကြီး ပျောက်သွားတာလေ၊ ဂိုဏ်းခေါင်းဆောင်နေရာကို ဆက်ခံပြီးတဲ့နောက် ကျုပ် ဒီမှတ်စုနဲ့ ဒီကျိုးပဲ့နေတဲ့လှေကို အမွေဆက်ခံလိုက်တာ”
ကျန်သည့်လူများသည် ထိုစကားကို ကြားသောအခါ စိတ်ပျက်သွားပုံရသည်။
စီးဝူယာ့က ၎င်းကို စစ်ဆေးပြီးနောက် ပြောလိုက်၏။
“ရှစ်စွင်း ဒီကောင်းကင်ရထားလုံးလေးက သုံးလို့ရနိုင်သေးပေမဲ့ သူ့ရဲ့ခုခံမှုက အားနည်းနေတယ်”
လုကျိုးက ခေါင်းငြိမ့်ပြီးပြောလိုက်သည်။
“လောင်စစ်ကို ခေါ်လိုက် သူ့ကို အရှေ့ဘက်မျှော်နန်းမှာ စောင့်ခိုင်းထား သူ့အတွက် တာဝန်တစ်ခုရှိတယ်”
“ဟုတ်ကဲ့ ရှစ်စွင်း” စီးဝူယာ့က လှည့်ထွက်သွားတော့သည်။
ပြီးနောက် လုကျိုးက ပြောလိုက်၏။
“ကောင်းကင်ရထားလုံးကို ကာကွယ်၊ ဘယ်သူမှ ကပ်လို့မရဘူး ဒီအမိန့်ကို မနာခံတဲ့လူတိုင်း မိစ္ဆာဝေဟင်မျှော်နန်းကနေ နှင်ထုတ်ခံရမယ်”
….
အခန်း (၇၂၆) ထင်မှတ်မထားသည့် ဒုတိယမြောက်ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ
လုကျိုးက ကောင်းကင်ရထားလုံးကို လေ့လာနေမိသည်။ ထိုအပေါ်တွင် ရေးထွင်းထားသည့် သင်္ကေတများက ပျံသန်းထိန်းချုပ်မှု၌ အသုံးပြုသည့် လက်ရာမြောက် အစီအရင် ဖြစ်ပေသည်။ ထိုအရာတွင် အမှားအယွင်း မရှိကြောင်း အတည်ပြုပြီးသည့်နောက်တွင် သူက တောင်ဘက် မျှော်နန်းဆောင်မှ ထွက်လာခဲ့လိုက်၏။
ကျူးဟုန်ကုန်းက ကျူးထျန်းယွမ်အား တံတောင်ဖြင့် တွတ်ကာ ပြောလိုက်သည်။
” အဖေက ကျွန်တော်နဲ့ မခွဲနိုင်ဘူးလို့ ထင်နေတာ။ အခုတော့ လက်ဆောင်လာပို့တာပါ့ရော”
" မင်းရဲ့ဆရာကို လက်ဗလာနဲ့ လာတွေ့တာ ရူးမိုက်တာပဲလေ " ကျူးထျန်းယွမ်က ပြောလိုက်သည်။
ကျူးဟုန်ကုန်းက ခေါင်းကုတ်ကာ ပြောလိုက်၏။
” အဖေ ပြောတာ မှန်တယ် "
" သား …မင်းရဲ့ ကျင့်ကြံရေးအခြေအနေ ဘယ်လိုလဲ။ တစ်မိုးအောက်က လူတွေ အားလုံးက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူဖြစ်လာဖို့ ပြိုင်ဆိုင်နေကြတာ။ မင်းရဲ့ လူအိုကြီးက သူ့အသက်ကို ချစ်လွန်းတဲ့ ငကြောက် ဖြစ်နေပြီ။ ငါက ရွှေကြာကို ဖြတ်တောက်ဖို့ သတ္တိမရှိဘူး။ မင်းက သတ္တိရှိတဲ့အတွက် ဂုဏ်ယူမိတယ်။ မင်း ပွင့်ချပ်ကိုးလွှာအဆင့်ကို တက်လှမ်းရင် ငါကိုယ်တိုင် သေချာစောင့်ကြည့်ပေးမယ်" ကျူးထျန်းယွမ်က ပြောလိုက်သည်။
ကျူးဟုန်ကုန်းက လည်ချောင်းရှင်းကာ ပြောလိုက်၏။
” ရွှေကြာကို ဖြတ်တောက်တာက အသေးအဖွဲ့ကိစ္စပါ။ ပြောဖို့တောင် မထိုက်တန်ပါဘူး”
ထိုစဥ် တွမ့်မူရှန်းက နယ်ရှင်လှံကို ပခုံးပေါ် သယ်ဆောင်ကာ ထွက်ပေါ်လာသည်။ သူက ပြောလိုက်၏။
” ပါ့ရှစ်တိ ဘယ်သူက ရွှေကြာဖြတ်ချင်လို့လဲ "
" အာာ ဘယ်သူကမှ ရွှေကြာမဖြတ်ပါဘူး” ကျူးဟုန်ကုန်းက တုန်ယင်သွားပြီး လက်ရမ်းကာ ပြောလိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက သူ့အဖေနောက်တွင် ဝင်ရပ်လိုက်၏။
" ... "
တွမ့်မူရှန်းက သားအဖဖြစ်သူအား ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
” ဒီလိုဆိုရင် ငါနဲ့လာပြီး လေ့ကျင့်ပေးလှည့်အုံး။ ငါ လှံနည်းစနစ် တချို့ကို ပြောင်းလဲမှုတချို့ လုပ်ထားတယ်”
ကျူးဟုန်ကုန်း၏ မျက်နှာအထက် ခါးသီးသည့် အမူအရာမျိုး ပေါ်ထွက်လာကာ ချက်ချင်းဆိုသလို နောက်ဆုတ်လိုက်သည်။
ကျူးထျန်းယွမ်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
” လှံနဲ့ လေ့ကျင့်တာ ကောင်းတယ် မဟုတ်ဘူးလား။ သား မင်း ကြည့်ရတာ အခြေအနေ မကောင်းပါ့လား။ ထားလိုက်ပါတော့။ မင်းအစ်ကိုကြီးနဲ့ ငါ လေ့ကျင့်ပေးလိုက်မယ်”
သူက မိစ္ဆာဝေဟင်မျှော်နန်းသို့ ရောက်ရှိနေပြီဖြစ်၍ ဘာမှလုပ်စရာ မရှိပေ။
" ဦးလေးကို ကျေးဇူးတင်ပါတယ် " တွမ့်မူရှန်းက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏။
" ထည့်ပြောဖို့ မလိုပါဘူးကွာ " ကျူးထျန်းယွမ်က ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူ ဖြစ်၏။ အကယ်၍ သူက ပွင့်ချပ်ငါးလွှာအဆင့်ထိ ပြန်လည်ကျင့်ကြံထားသော မိစ္ဆာဝေဟင်မျှော်နန်းတပည့်ကို မဖိနှိပ်နိုင်လျှင် သူသည် ရှေးဟောင်းသူတော်စင်ဂိုဏ်းချုပ် နေရာကို နုတ်ထွက်ပြီး လယ်စိုက်သည်က ပို၍ ကောင်းပေမည်။
" အဖေ မသွားသင့်ဘူးနော် "
" ကိစ္စမရှိပါဘူး။ မင်းအဖေက အလကားလူ မဟုတ်ပါဘူး " ကျူးထျန်းယွမ်က ရှေ့တိုးကာ တွမ့်မူရှန်း လက်ကောက်ဝတ်ကို ဆွဲကိုင်ရင်း ပြောလိုက်သည်။
” သွားကြစို့။ မင်းနဲ့ လေ့ကျင့်ပေးမယ်။ ဒီနေ့ တစ်ရက်လုံးဆိုရင်တောင် ကိစ္စမရှိဘူး”
ကျူးဟုန်ကုန်း " ... "
တွမ့်မူရှန်းက အမှန်တကယ် စိတ်လှုပ်ရှားမိသည်။
” ဒီလိုဆိုရင် အရေထူထူနဲ့ပဲ တောင်းဆိုရတော့မှာဘဲ။ ကျွန်တော်တို့ ဒီလို နေ့စဥ် လေ့ကျင့်နိုင်ရင် ပိုတောင်ကောင်းသေးတယ်”
သူက ပြောပြီးသည့်နောက်တွင် ကျူးထျန်းယွမ်အား ဆွဲခေါ်သွားတော့သည်။
ကျူးထျန်းယွမ်၏ စိတ်ထဲ မကောင်းသည့် ခံစားချက်တချို့ ထွက်ပေါ်လာ၏။ သူက ရေရွတ်လိုက်၏။
” နေ့ နေ့တိုင်းလား "
တွမ့်မူရှန်းက ခေါင်းညိတ်ကာ ပြောလိုက်၏။
” အရင်တုန်းက အကြီးအကဲဟွားက ကျွန်တော်ရဲ့ လေ့ကျင့်ရေးတွဲဖက်လေ။ ကျွန်တော်တို့တွေ စလေ့ကျင့်တုန်းက သုံးရက်ကို တစ်ကြိမ် လေ့ကျင့်ကြတယ်။ ဒါပေမဲ့ နောက်ပိုင်း သူက ကျွန်တော်ကို ရှောင်နေတယ်လေ။ ကျွန်တော်က အကြီးအကဲဟွားကို အမှားလုပ်မိလို့လား မသိဘူး။
“ဦးလေး ဦးလေး အဆင်ပြေရဲ့လား။ ဦးလေး ကြည့်ရတာ ကြည့်မကောင်းပါ့လား။ အဆင်ပြေရဲ့လား”
" ငါ အဆင်ပြေပါတယ်”
" ကောင်းတယ်။ အချိန်က လူကို မစောင့်ဘူး။ သွားကြစို့”
သူက ကျူးထျန်းယွမ်အား သူ့လေ့ကျင့်ရေးကွင်းပြင်သို့ ဆွဲခေါ်သွားတော့သည်။ သူက ဤသို့ အဆင့်မြင့် လေ့ကျင့်ရေးတွဲဖက် ပျောက်ဆုံးသွားမည်ကို စိုးရိမ်နေသကဲ့သို့ ဖြစ်၏။
မဖြစ်သေးဘူး။ ငါတော့ ထောင်ချောက်အတွင်း ကျမိပြီ ထင်တယ်...
...
လုကျိုးက အရှေ့ဘက်မျှော်နန်းဆောင်ဆီ ပြန်ရောက်လာသည့်အခါ မင်ရှစ်ရင်က ရိုရိုကျိုးကျိုး စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသည်။
သူက သူ့ရှစ်စွင်း ပြန်ရောက်လာသည်ကို မြင်သည့်အခါ နှုတ်ဆက်လိုက်ပြီး သူ့ရှစ်စွင်းနောက်မှ လိုက်ဝင်လာခဲ့သည်။
သူတို့ အခန်းအတွင်း ရောက်ရှိပြီးသည့်နောက်တွင် မင်ရှစ်ရင်က ဦးညွှတ်ကာ ပြောလိုက်၏” ရှစ်စွင်း ကျွန်တော် အဆင်သင့်ဖြစ်ပြီ "
လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်၏။
” ကောင်းပြီ "
" ရှစ်စွင်း ကျွန်တော်တို့တွေ ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ဖို့ သက်တမ်း ၁၂၀၀ လိုအပ်တာလား” မင်ရှစ်ရင်က မေးလိုက်သည်။
လုကျိုးက ပြောလိုက်၏။
” ဟုတ်တယ်။ မင်း သက်တမ်း ၁၂၀၀ လိုအပ်လိမ့်မယ်”
" ဒီလိုဆိုရင် ကျွန်တော်ကို ချီယောင်နှလုံးသား ပေးပါ့လား။ ကျွန်တော် မစောင့်နိုင်တော့ဘူး” ၏မင်ရှစ်ရင်က အပြုံးလေးဖြင့် ပြောလိုက်သည်။
" ဟမ် " လုကျိုး၏ လေသံက မြင့်တက်လာသည့်အတွက် ခက်ထန်သည့်အငွေ့အသက်မျိုး ထွက်ပေါ်လာသည်။
မင်ရှစ်ရင်၏ စိတ်ထဲ မသက်မသာ ခံစားချက်မျိုး ထွက်ပေါ်လာ၏။ သူက အလျင်အမြန် ဦးညွှတ်ကာ ပြောလိုက်သည်။
” ကျွန်တော် စတာပါ”
" ဒီကိစ္စကို မစနဲ့။ မင်း ဒီဟာကို အလေးအနက် သဘောထားသင့်တယ် " လုကျိုးက ပြောလိုက်သည်။
" ကျွန်တော် နားလည်ပါတယ် "
" မင်းအဆင်သင့် ဖြစ်ရင် မနက်ဖြန် စမ်းကြည့်ကြမယ်” လုကျိုးက ပြောလိုက်သည်။
" ဟမ် ကျွန်တော်တို့ အလျင်လိုမနေဘူးလား” ဤသည်က မင်ရှစ်ရင်၏ ထင်မြင်ချက်နှင့် ကွဲလွဲနေလေသည်။ သူ့ရှစ်စွင်းက သူ့အား ပွင့်ချပ်ကိုးလွှာအဆင့် မြန်မြန်တက်လှမ်းဖို့ ပြောလာလိမ့်မည်ဟု ထင်မထားမိပေ။ သူက အမှန်တကယ် အံ့အားသင့်သွားမိ၏။
လုကျိုးက ပြန်ဖြေလိုက်သည်။
” မင်းရဲ့ တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးတို့က အနီရောင်ကြာနယ်မြေမှာ ဒုက္ခရောက်နေကြတာ။ ငါတို့တွေ ကြာကြာထားလို့ မဖြစ်ဘူး”
" ရှစ်စွင်း … အဲ့ဒါဆို ရှစ်စွင်း ထွက်သွားရင် တာ့ယန်ကို ဘယ်သူစောင့်ရှောက်မှာလဲ "
ယခုအချိန်ထိ တာ့ယန်တွင် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ တစ်ယောက်သာ ရှိ၏။
" အနီရောင်ကြာ နယ်မြေဆီ ထွက်မသွားခင် အရာအားလုံးကို ဖြေရှင်းခဲ့မယ်” လုကျိုးက ပြောလိုက်သည်။
" ကျွန်တော် နားလည်ပါပြီ "
ထိုစဥ် လုကျိုးက လက်ဆန့်ကာ ပြောလိုက်၏။
” ခွဲခွာချိတ်ကောက်ပေး "
" ဟမ် " မင်ရှစ်ရင်က အင်တင်တင် ဖြစ်သွားဟန်ပေါ်သည်။ သို့သော်လည်း သူက သူ့ရှစ်စွင်း၏ ခက်ထန်သည့် အမူအရာကို မြင်လိုက်ရသည့်အခါ သူ့လက်နက်ကို ထုတ်ပေးရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။
" ဒီလောက်ပဲ "
" နားလည်ပါပြီ "
မင်ရှစ်ရင် ထွက်သွားပြီးသည့်နောက်တွင် လုကျိုးက ထိုင်ခုံပေါ် ထိုင်လိုက်သည်။ သူက တောက်ပကျောက်တုံးကို ထုတ်ကာ ခွဲခွာချိတ်ကောက်ကို သန့်စင်လိုက်၏။
မီးတောက်နှင့် ခွဲခွာချိတ်ကောက်တို့ ပေါင်းစပ်သွားပြီးသည့်နောက်တွင် လုကျိုးက အာရုံမစိုက်တော့ပေ။ ဤသည်က တစ်ညအတွင်း အောင်မြင်သွားလိမ့်မည်။
ထို့နောက် လုကျိုးက သူ့ကုသိုလ်ရမှတ်ကို ကြည့်လိုက်၏။
ကုသိုလ်ရမှတ် - ၈၆၄၀
ယခု အသုံးပြုကတ်များ ဝယ်ယူဖို့ရာ လက်တွေ့မကျပေ။ ထိုအစားသူက ကံစမ်းမဲကို စမ်းကြည့်ဖို့သာ ဆုံးဖြတ်လိုက်၏။
" ကံစမ်းမဲ "
" တင် ... ကုသိုလ်ရမှတ် ၅၀ နှင့် ကံကောင်းမှတ် ၁၈ မှတ် ကျသင့်ပါတယ်။ အကြောင်းပြန်လှန်ကတ် ၁၀ ကတ် ရရှိပါတယ် "
" ကံစမ်းမဲ "
" တင် ... ကုသိုလ်ရမှတ် ၅၀ ကျသင့်ပါတယ်။ ပါဝင်ဆင်နွှဲတဲ့အတွက် ကျေးဇူးတင်ပါတယ်”
...
နောက်တစ်ရက် မနက်ခင်းတွင်
လုကျိုးက မျက်လုံးဖွင့်ကာ တရားထိုင်ရာမှ ထွက်လာသည်။
သူက ခွဲခွာချိတ်ကောက်ကို ကြည့်လိုက်၏။ လက်နက်၏ အဆင့်မြှင့်တင်မှုက ပြီးဆုံးသွားလေပြီ။
သူက လက်မြှောက်ကာ ချိတ်ကောက်ကို လက်ထဲတွင် ယူလိုက်သည်။ သူက ကမ္ဘာဦးချီ တချို့ကို လှည့်ပတ်ကြည့်လိုက်၏။ ချိတ်ကောက်၏ ဓားသွားအထက် မြင်နိုင်သည့် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ ထိုအရာက ယခုအခါ ပြိုင်ဘက်ကင်းအဆင့် လက်နက် ဖြစ်သွားလေပြီ။
ထိုစဥ် စီးဝူယာ့၏ အသံက တံခါးတစ်ဖက်မှ ထွက်ပေါ်လာ၏။
” ရှစ်စွင်း အရာအားလုံး အဆင်သင့်ဖြစ်ပါပြီ။ စစ်ရှစ်ရှိုးကလည်း တောင်ဘက်မျှော်နန်းဆောင်မှာ စောင့်နေပါတယ်”
" ငါ သိပြီ " လုကျိုးက ခွဲခွာချိတ်ကောက်ကို သိမ်းဆည်းလိုက်ပြီးသည့်နောက် အရှေ့ဘက်မျှော်နန်းဆောင်မှ ထွက်လာလိုက်သည်။
...
လုကျိုး တောင်ဘက်မျှော်နန်းဆောင်ဆီ ရောက်ရှိလာသည့်အခါ အပြင်ဘက်တွင် ဆောက်လုပ်ထားသော လေးထောင့်ကျကျ စင်မြင့်တစ်ခုကို မြင်လိုက်ရသည်။
ထိုစဥ် မင်ရှင်ရင်က စင်မြင့်ထက်တွင် ထိုင်နေလေသည်။ သူ့စိတ်က တည်ငြိမ်အေးချမ်းနေဟန် ပေါ်သည်။
" ... "
တခြားသူများက လုကျိုးကို မြင်လိုက်သည့်အခါ ဦးညွှတ်လိုက်ကြသည်။
” မျှော်နန်းသခင် "
" ရှစ်စွင်း " သူ့တပည့်များကလည်း ဦးညွှတ်လိုက်ကြသည်။
လုကျိုးက မင်ရှစ်ရင်အား ကြည့်ကာ " ဘာတွေလုပ်နေတာတုံး။ ဟာသလုပ်နေတာလား။ အောက်ဆင်းခဲ့စမ်း”
သူက ဒီလိုအရေးမပါတဲ့ ကိစ္စတွေမှာ အချိန်ဖြုန်းနေတာပဲ...
မင်ရှစ်ရင်က တုန်ယင်သွားပြီးနောက် စင်မြင့်ပေါ်မှ ဆင်းလာလေသည်။ သူက သက်ပြင်းချလိုက်၏။
ငါက ရှစ်စွင်းလိုမျိုး မိမိုက်တဲ့ ပုံစံကို ဖမ်းလို့မရဘူးပဲ...
လုကျိုးက တောင်ဘက်မျှော်နန်းဆောင်၏ ထောင့်တစ်နေရာကို ညွှန်ပြလိုက်၏။
မင်ရှစ်ရင်က ဦးညွှတ်ကာ ပြောလိုက်သည်။
” ဟုတ်ကဲ့ "
ထို့နောက် သူက ထိုနေရာသို့ နာနာခံခံသွားလိုက်၏။
အမျိုးသမီး တပည့်များက သူတို့၏ ပါးစပ်ကို ပိတ်ကာ ရယ်နေကြသည်။
ရှောင်ယွမ်အာ လက်ဝေ့လိုက်ပြီးသည့်နောက် " စစ်ရှစ်ရှိုး ကြိုးစားထား "
" စစ်ရှစ်ရှိုး ကြိုးစားထားနော် "
တွမ့်မူရှန်းက သက်ပြင်းချလိုက်သည်။ သူ့ထက် အမြဲလိုလို အားနည်းသည့် စစ်ရှစ်တိသည် ပွင့်ချပ်ကိုးလွှာအဆင့်ကို တက်လှမ်းတော့မည်ဟု မယုံကြည်နိုင်ဖြစ်နေမိသည်။ သူက လုံလုံလောက်လောက် မကြိုးစားမိသည့်အတွက် သူ့ကိုယ်သူသာ အပြစ်တင်နေမိ၏။
ထို့နောက် သူက ကျူးထျန်းယွမ်အား ဆုံးဖြတ်ချက် ပြတ်သားစွာ လှမ်းကြည့်လိုက်သည်။
” နောက်တစ်ကြိမ် လေကျင့်ပေးဖို့ ဦးလေးကိုပဲ ဒုက္ခပေးရတော့မှာပဲ "
ကျူးထျန်းယွမ်၏ လက်ချောင်းများက အနည်းငယ်တုန်ယင်သွား၏။ သူက သဘာဝမကျစွာ ပြောလိုက်သည်။
” ဒါ ဒါပေါ့ "
ထိုစဥ် မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲ လေးဦးကလည်း စိတ်လှုပ်ရှားနေကြသည်။ သူတို့က မင်ရှစ်ရင်၏ ကျင့်ကြံဆင့်သည် နက်နဲကာ အင်အားကို ဖုံးကွယ်ထားသည်ကို သဘောကျမှန်း သိထားသော်လည်း မင်ရှစ်ရင်သည် ပွင့်ချပ်ကိုးလွှာအဆင့်ကို ပထမဆုံး ရောက်ရှိမည့်သူဟု မထင်ထားမိပေ။ သူတို့က အတွေ့အကြုံရရှိဖို့ ပွင့်ချပ်ထွက်ပေါ်ခြင်း ဖြစ်စဥ်ကို လေ့လာဖို့ ဆုံးဖြတ်ထားကြသည်။ သူ့ကို စောင့်ကြည့်ခြင်းက ဘာမှ မထိခိုက်စေပေ။
လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်၏။
” စကြမယ် "
" ဟုတ်ကဲ့ " မင်ရှစ်ရင်က မိစ္ဆာဝေဟင်မျှော်နန်း၏ အဖွဲ့ဝင်များအကြည့်အောက်တွင် နေရာယူလိုက်ကြသည်။ သူက တင်ပျဉ်ခွေကာ ထိုင်လိုက်၏။
" လူအများကြီးက ဝိုင်းကြည့်နေတော့ နည်းနည်းတောင် ရှက်မိတယ်။ ကျွန်တော်တို့တွေ အခန်းထဲမှာ လုပ်လို့မရဘူးလား " မင်ရှစ်ရင်က တိတ်တဆိတ် ကျင့်ကြံလေ့ရှိ၏။ ဤသည်က လူအများကြီး သူ့ကိုကြည့်နေသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
သူ ရေချိုးနေစဥ် တစ်စုံတစ်ယောက် ချောင်းကြည့်နေသလိုမျိုး နေရခက်နေမိ၏။
လုကျိုးက မျက်မှောင်အသာကြုတ်လိုက်သည်။ သူက အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
" မင်း မလုပ်ဘူးဆိုရင် ဒီအခွင့်အရေးကို တခြားသူဆီ ပေးလိုက်မှာ "
ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ချင်တာ မင်းတစ်ယောက်တည်း မဟုတ်ဘူး...
" မ မဟုတ်ပါဘူး .. ရှစ်စွင်း ကျွန်တော် အခုချက်ချင်း လုပ်ပါ့မယ် " မင်ရှစ်ရင်က လက်ကို ဝေ့လိုက်သည်။ ထိုစဥ် သူ့လက်ဝါးအထက် အသေးစား ပွင့်ချပ်ရှစ်လွှာ ရွှေကြာ စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာသည်။
လုကျိုးက ပြောလိုက်၏။
” အာရုံစိုက်ထား .. အကြီးအကဲတို့က လေးဘက်လေးတန်ကို စောင့်ရှောက်ထားကြ "
အကြီးအကဲများက ပြိုင်တူဦးညွှတ်လိုက်ကြသည်” နားလည်ပါပြီ "
သူတို့က တောင်ဘက်မျှော်နန်းဆောင်၏ ခန်းမကျယ်ထိပ်တွင် နေရာယူလိုက်ကြသည်။
" ဟွားယွဲ့ရှင်း "
" ဒီမှာပါ "
" အမြင့်ဆုံးနေရာကို စောင့်ကြပ်ထားလိုက် "
" ဟုတ်ကဲ့ " ဟွားယွဲ့ရှင်းက လော့ယွဲလေးကိုင်းကို ကိုင်ဆောင်ရင်း မိစ္ဆာဝေဟင်မျှော်နန်းထိပ်သို့ ပျံသန်းသွားသည်။
" အားလုံးနောက်ဆုတ်ကြ "
တခြားသူများက ဦးညွှတ်ကာ နောက်ဆုတ်လိုက်ကြ၏။
မင်ရှစ်ရင်က အာရုံစိုက်ထားသည်။ စိတ်ဝိညာဥ်သဏ္ဌာန်ဝန်းကျင်မှ ရွှေကြာအလင်းစက်ဝန်း ထွက်ပေါ်လာသည်။
လုကျိုးက မုတ်ဆိတ်သပ်ကာ မင်ရှစ်ရင်အား စိုက်ကြည့်နေ၏။ သူက ယခုအခိုက်အတန့်တွင် မင်ရှစ်ရင်ရှေ့တွင် ရပ်နေသည်မှာ သူတစ်ယောက်တည်းသာဖြစ်၏။
...
ထိုစဥ် အနီရောင်ကြာနယ်မြေတွင်
မိုးမခတစ်ထောင်ဘုရားကျောင်းနှင့်မိုင်များစွာ ကွာဝေးသည့် တောင်ကြားတစ်ခုအတွင်း
ယွီရှန်းရုန်က သစ်ပင်ကြီးရှေ့တွင် ထိုင်နေသည်။ ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဥ်သဏ္ဌာန်က သူ့လက်အထက် ဝေ့ဝဲနေပြီး ကျန်တစ်ဖက်တွင် အသက်ရှည်ဓားကို ကိုင်ဆောင်ထား၏။ သူ့အမူအရာက ပုံမှန်အတိုင်း တည်ငြိမ်နေသည်။
သူက တုံ့ဆိုင်းခြင်း မရှိဘဲ ဘယ်ဘက်လက်ကို အသာမြှောက်လိုက်သည်။ အသက်ရှည်ဓားက အသံမြည်သွားပြီးသည့်နောက်တွင် ဓားအိမ်မှ ထွက်ပေါ်သွားသည်။ ထိုအရာက တောအုပ်အထက် ပျံသန်းနေသည့် သားရဲတစ်ကောာင်၏ နှလုံးသားကို ထိုးစိုက်မိသွားသည်။
ဘန်း
သားရဲပျံများက သစ်ပင်အထက် ကျရောက်လာ၏။
ထိုစဥ် စိတ်ဝိညာဥ်သဏ္ဌာန်ဝန်းကျင်တွင် အလင်းစက်ကွင်းက ထွက်ပေါ်လာသည်။