← Chapters

အခန်း (၇၂၇-၇၂၉)

Vol. 49 Ch. 727-729

အခန်း (၇၂၇-၇၂၉)

Vol. 49 Ch. 727-729

အခန်း (၇၂၇) သူ၏ကြာကို ပထမဆုံး ဖြတ်တောက်သောသူ

ကမ္ဘာပေါ်၌ အစက လမ်းများမရှိပေ။ လူတို့သည် တူညီသည့်လမ်းကြောင်းကို အမြဲတစေ လျှောက်လှမ်းပြီးနောက် လမ်းလေးများ ပေါ်လာတာ ဖြစ်သည်။ အမတလမ်းကြောင်းကို ပထမဆုံးစလျှောက်ခဲ့သူက မည်သူနည်း။ အဖြေက ယွီရှန်းရုန်ပဲဖြစ်သည်။

အနီရောင်ကြာနယ်မြေထဲတွင်တောင် ယွီရှန်းရုန်သိထားပုံအရ ပွင့်ချပ်ကိုးလွှာအဆင့်သို့ ရောက်ရန် သူတို့၏ရွှေကြာကို ဖြတ်တောက်သည့်သူ မရှိသေးပေ။ မှတ်တမ်းစာအုပ်များထဲ၌ ထိုကဲ့သို့ မှတ်တမ်းများ မရှိပေ။

မိစ္ဆာဝေဟင်မျှော်နန်း၏ ဒုတိယမြောက်တပည့် တာ့ယန်ရှိ နာမည်ကျော်ကြားသော ဓားနတ်ဆိုး ယွီရှန်းရုန်က ဤလမ်းစဉ်ကို ခြေလှမ်းခဲ့သော ပထမဆုံးလူဖြစ်သည်။

သူသည် ပြင်ပအကူအညီ မပါဘဲ သူ့ကိုယ်သူသာ အားကိုးခဲ့၏။ သူသည် ရှားချန်းချိုးကို မယုံကြည်ပေ။ ထို့ကြောင့် သူသည် လူသူကင်းမဲ့ပြီး တိတ်ဆိတ်သည့်နေရာကို ရွေးချယ်ခဲ့တာ ဖြစ်၏။

အနီရောင်ကြာနယ်မြေတွင် ကနဦးချီက ပိုသိပ်သည်းသည်။ ကံဆိုးသည်မှာ သားရဲများ ပိုမိုများပြား၏။ ထို့အပြင် သူနှောင့်ယှက်ခံရနိုင်သည်။ သို့သော် ထိုကိစ္စရပ်များသည် သူပွင့်ချပ်တစ်လွှာဖူးပွင့်မည့် သူ၏ဆုံးဖြတ်ချက်ကို ထိခိုက်မှု မရှိပေ။ ဤအတိုင်းအတာထိ လာပြီးဖြစ်သောကြောင့် သူသည် ခက်ခဲမှုများကို ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။

ပတ်လည်တွင် ပွင့်ချပ်ရှစ်လွှာ လှည့်ပတ်နေစဉ် အလင်းစက်ကွင်းများသည် စိတ်ဝိညာဉ်သဏ္ဌာန်ဆီသို့ ဆက်လက်လျှောကျသွားသည်။ စိတ်ဝိညာဉ်သဏ္ဌာန်က ရွှေရောင်အလင်းဖြင့် တောက်ပနေသည်။

ထိုစဉ် သားရဲပျံများသည် စတင်စုဝေးလာတော့၏။ သူတို့သည် စားကောင်းသောက်ဖွယ်၏ ရနံ့ကို ရသွားပုံပေါ်ကာ သစ်ကိုင်းများပေါ် ဆင်းသက်ပြီး လူသားကို ငုံ့ကြည့်နေကြသည်။

တောအုပ်ထဲ၌ လေတစ်ချက် ဝှေ့တိုက်သွားပြီး ယွီရှန်းရုန်၏ ဆံပင်ရှည်တို့ကို လေနှင့် လွင့်နေစေ၏။

ငှက်တချို့က ပျံသန်းလာပြီး အနားကပ်ရန် ကြိုးစားလိုက်သည်။

အသံတစ်ချက်ဖြင့် သက်တော်ရှည်ဓားသည် ပေါ်ထွက်လာကာ ငှက်များ၏ ရင်ဘတ်ကို တိတိကျကျ ထိုးဖောက်သွားတော့သည်။ ငှက်သေကောင်တို့သည် မြေပြင်ပေါ် ချက်ချင်းပြုတ်ကျလာ၏။

ယွီရှန်းရုန်က သက်ရောက်မခံရဘဲ သူ၏ပွင့်ချပ်ဖူးပွင့်ဖို့သာ အာရုံစိုက်နေသည်။

စွမ်းအင်ကွင်းတို့က ကျသည့်အရှိန်တိုးလာသည်နှင့် တောအုပ်ထဲရှိ ငှက်အရေအတွက်က တိုးလာပြီး အရွယ်အစားကလည်း ကြီးလာ၏။

ယွီရှန်းရုန်သည် သူ၏ခြေထောက်ပေါ် လက်နှစ်ချောင်းတင်လိုက်သည်။ သူ၏ သက်တော်ရှည်ဓားက တဝီဝီမြည်လာ၏။ ၎င်းက သားရဲများကို ထွက်သွားရန် သတိပေးတာဖြစ်သည်။

ဆိုရလျှင် သူသည် ပွင့်ချပ်ရှစ်လွှာနှင့်တစ်ဝက် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ ထိုကြောင့် ပွင့်ချပ်ဖူးပွင့်သည့်ဖြစ်စဉ်၏ ပထမတစ်ပိုင်းသည် ချောမွေ့ခဲ့သည်။ သူသည် ဘာဖိအားမှ မခံစားရသလောက်ဖြစ်သည်။

စွမ်းအင်ကွင်းတို့ အရှိန်မြင့်လာသည်နှင့် ပတ်ဝန်းကျင်ရှိ ကနဦးချီနှင့် အသက်စွမ်းအင်တို့သည် စတင်စုဝေးလာတော့သည်။

အသက်စွမ်းအင်ကို ဝါးမြိုခြင်းဖြင့် သားရဲများ ကြီးထွားလာကြသည်။ အားကောင်းသော လူသားများသည် သူတို့အနှစ်သက်ဆုံး စားစရာများထဲမှ တစ်ခုဖြစ်သည်။ သို့သော် အစွမ်းထက်သည့် လူသားများက သူတို့သတိအထားဆုံးရန်သူများထဲမှ တစ်မျိုးလည်းဖြစ်သည်။

စွမ်းအင်က ဆက်လက်စုဝေးနေ၏။

ယွီရှန်းရုန်သည် သူ၏မျက်လုံးထောင့်ကနေ သူနားရှိသားရဲများကို မျက်စိဒေါက်ထောက်ကြည့်နေ၏။

သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကလည်း ထွက်သွားသည်။ ရွှေကြာကင်းမဲ့မှုကြောင့် လှည့်ပတ်နေသော ရွှေကြာ မရှိပေ။ ၎င်းလည်နေစဉ် ပတ်ဝန်းကျင်ရှိ အသက်စွမ်းအင်တို့သည် လေပွေတစ်ခုထဲ ဆွဲယူခံလိုက်ရသည့်ပမာ စိတ်ဝိညာဉ်သဏ္ဌာန်ဆီသို့ လျင်မြန်စွာ စုဝေးလာ၏။

ယင်းက ယွီရှန်းရုန်၏ ပွင့်ချပ်ဖူးပွင့်သော နည်းလမ်းပဲဖြစ်သည်။

ဝှစ်

လေပြင်းတစ်ချက်ဝှေ့တိုက်သွားပြီး တောအုပ်သည် ၎င်းကို သိမ်းသွားပုံပေါ်သည်။

မိုးမခတစ်ထောင် ဘုရားကျောင်းရှေ့တွင်ဖြစ်သည်။

ဝူဝူနှင့် ကျီဖုန်းရှင်းက ကြောင်အနေသော အမူအယာနှင့် ရှေ့ကို ကြည့်လိုက်၏။

“အစ်ကိုကြီး ထွက်သွားတာလား”

ဝူဝူက ခွဲခွာရမှာ တွန့်ဆုတ်နေပုံပေါ်နေသည်။

“သူသွားမှာ မဟုတ်ဘူး၊ သူက ဒီနေရာမှာ သူရဲ့ တာ့ရှစ်ရှိုးပြန်လာတာကို စောင့်နေမှာ၊ ဒါ့အပြင် သူသွားစရာနေရာ မရှိဘူး”ကျီဖုန်းရှင်းက ပြောလိုက်၏။

“အဲဒါဘာလဲ” ဝူဝူသည် မိုးကုတ်စက်ဝိုင်းရှိ ဧရာမသားရဲတစ်ကောင်ကို လက်ညှိုးထိုးပြလိုက်၏။ ၎င်းသည် တောင်ပံကို တဖျတ်ဖျတ်ခတ်လျက် မိုးမခတစ်ထောင် ဘုရားကျောင်းဆီသို့ ပျံသန်းလာနေ၏။

“သားရဲပျံပဲ၊ အကြီးအကဲတွေနဲ့ ဘုရားကျောင်းသခင်ကို အကြောင်းကြားကြ၊ မြန်မြန်လေး”

“ဟုတ်”

ဝူဝူသည် တောင်ပေါ်အမြန် ပျံသန်းသွားပြီး ရှားချန်းချိုးနှင့် ထျန်းပုကျီကို ထိုအကြောင်း အကြောင်းကြားလိုက်၏။

ရှားချန်းချိုးသည် အပြည့်အဝ မပျောက်ကင်းသေးပေ။ ဝူဝူက သူ့ကိုကုသပေးသည့်တိုင် သူသည် အပြည့်အဝ ပျောက်ကင်းရန်အတွက် အချိန်ပိုလိုအပ်သည်။ ထိုသတင်းကို ကြားသောအခါ သူထိတ်လန့်သွား၏။

“သားရဲတွေက လူသားတွေကို လာတိုက်ခိုက်တတ်တာ မကြားမိတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ဒီအပိုင်းမှာ သားရဲတွေပေါ်လာတာ ရှားတယ်၊ မိုးမခတစ်ထောင် ဘုရားကျောင်းထဲ သူတို့ဘာကြောင့် ရုတ်တရက်ပေါ်လာတာလဲ”

ထျန်းပုကျီက မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။

“တစ်ယောက်ယောက်က ငါတို့ကို ထိခိုက်အောင်လုပ်ဖို့ ကြိုးစားနေတာလား”

လတ်တလော၌ ကိစ္စရပ်များစွာ ဖြစ်ပွားသွားသည်။ မိုးမခတစ်ထောင် ဘုရားကျောင်းသည် ကြယ်ပြာအိမ်တော်နှင့် ကောင်းကင်သိုင်းခုံရုံးကို ရန်စခဲ့မိ၏။ သူတို့သည် ထိုလှည့်ကွက်များကို ထုတ်မသုံးတာ မဖြစ်နိုင်ပေ။

ရှားချန်းချိုးက ခေါင်းခါပြီး ပြောလိုက်၏။

“အဲလိုမဖြစ်နိုင်လောက်ဘူး၊ သူတို့တွေက မိုးမခတစ်ထောင် ဘုရားကျောင်းကို ထိခိုက်အောင် လုပ်ချင်တယ်ဆိုရင် သူတို့လူတွေ လွှတ်လိုက်ရုံပဲ၊ ကွေ့ဝိုက်နေစရာမလိုဘူး၊ ဒါ့အပြင် နဝမဘုံကျောင်းနဲ့ ငါတို့ဆက်ဆံရေးကောင်းတဲ့သတင်းကိုသတင်းဖြန့်ဖို့ အမိန့်ပေးပြီးပြီ၊ ကြယ်ပြာအိမ်တော်က ကသိကအောက်ဖြစ်ပေမဲ့ နဝမဘုံကျောင်းနဲ့ ထိပ်တိုက်ရင်ဆိုင်မှာ မဟုတ်ဘူး”

ထျန်းပုကျီက ခေါင်းညိတ်လိုက်၏။ ရှားချန်းချိုး၏စကားများက အဓိပ္ပါယ်ရှိသည်။ ထို့ကြောင့် သူက ပြောလိုက်သည်။

“ဒီလိုဆိုမှာတော့ ဖြစ်နိုင်ခြေ တစ်ခုပဲရှိတယ်၊ တစ်ယောက်ယောက်က မိုးမခတစ်ထောင် ဘုရားကျောင်းထဲမှာ ပွင့်ချပ်ကိုးလွှာအဆင့်ကို တက်ဖို့ ကြိုးပမ်းနေတာ၊ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူက သားရဲကို သွေးဆောင်မိတာပဲ ဖြစ်မယ်”

“ကျူးရွှမ်လား”

ကျူးရွှမ်သည် လတ်တလော၌ မိုးမခတစ်ထောင် ဘုရားကျောင်းနှင့် နဝမမြောက်ပွင့်ချပ်ကို ဖူးပွင့်ခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။

“ငါတော့ အဲလို မထင်ဘူး၊ ကျူးရွှမ်က ပွင့်ချပ်ဖူးပွင့်ပြီး မိုးမခတစ်ထောင် ဘုရားကျောင်းကနေ ပြန်သွားပြီ၊ နဝမဘုံကျောင်းကို ရောက်နေပြီးပြီ၊ တခြားတစ်ယောက်လို့ ထင်တယ်”

ထိုစကားကို ကြားသောအခါ သူတို့နားတွင် ရပ်နေသော ဝူဝူသည် ထုတ်ဖော်ပြောလိုက်၏။

“အဲဒါက ကိုကြီးပဲ အစ်ကိုကြီးက ပွင့်ချပ်တစ်လွှာဖူးပွင့်နေတာ”

ရှားချန်းချိုးနှင့် ထျန်းပုကျီက အကြည့်ချင်း ဖလှယ်လိုက်သည်။ ဝူဝူက မည်သူ့ကို ရည်ညွှန်းပြောမှန်း သူတို့သိ၏။

“ငါ့အမိန့်ကို ပြောလိုက်၊ မိုင်သုံးဆယ်အတွင်း ဧရိယာကို ရှာဖွေ၊ ယွီရှန်းရုန်ကို တတ်နိုင်သမျှ မြန်မြန်ရှာရမယ်”

“ဘုရားကျောင်းသခင်၊ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာဖို့ အကြီးအကဲရွှီကို ဖိတ်သင့်လား”

ထျန်းပုကျီက မေးလိုက်၏။

“အဲလိုလုပ်ဖို့ မလိုဘူး၊ အကြီးအကဲရွှီက ရှေးရိုးစွဲတဲ့သူ၊ သူကနယ်ခြားသားကို လက်ခံမှာမဟုတ်ဘူး၊ သူကျင့်ကြံရာက ထွက်လာတော့မှပဲ အခြေအနေတွေကို ငါကိုယ်တိုင်ရှင်းပြလိုက်တော့မယ်”

“ဟုတ်ပြီလေ”

ထျန်းပုကျီက တပည့်တစ်ထောင်ကို ဦးဆောင်လျက် မိုးမခတစ်ထောင်ဘုရားကျောင်းကနေ ပျံသန်းသွားတော့သည်။

သူတို့သည် ဝေဟင်ထဲရှိ ဧရာမသားရဲကို မြင်သောအခါ အတူတကွစုဝေးလိုက်၏။

ထျန်းပုကျီသည် အဝေးရှိ တောင်ကြားထဲတွင်ရှိသော သိပ်သည်းသောတောအုပ်ကို ကြည့်ပြီး ပြောလိုက်သည်။

“ငါ့နောက်က လိုက်ခဲ့”

“နားလည်ပါပြီ”

ထျန်းပုကျီက ဦးဆောင်လျက် ဧရာမသားရဲများဆီ ပျံသန်းသွားသည်။

ယခုအချိန်တွင် ယွီရှန်းရုန်၏ ပွင့်ချပ်ဖူးပွင့်သောဖြစ်စဉ်က အရေးကြီးသည့်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်က အမြင့်ဆုံးအရှိန်ဖြင့် လှည်နေ၏။

သူ့နား၌ စုဝေးနေသော အသက်စွမ်းအင်တို့သည် တောအုပ်ပေါ်ရှိ သားရဲပျံများကို စိတ်လှုပ်ရှားမှုကြောင့် အော်မြည်စေ၏။

သားရဲပျံများသည် တောင်ပံခတ်လာရာ သစ်ရွက်များ ကြွေကျလာသည်။

ယွီရှန်းရုန်သည် သူ၏လက်နှစ်ချောင်းကို လှုပ်ရှားလိုက်သည်။

သူ၏သက်တော်ရှည်ဓားက နှစ်ခုကနေ လေးခု နောက်ဆုံးတွင် စွမ်းအင်ဓားတစ်ထောင်အထိ ကွဲထွက်သွားပြီးနောက် သားရဲပျံများဆီ တိုးဝင်သွားတော့သည်။

ဖုန်း ဖုန်း ဖုန်း

လေထဲကနေ သားရဲပျံများ ပြုတ်ကျလာပြီး နောက်ထပ်သားရဲများ စုန်ဆင်းလာ၏။

နားဆူလောက်သော အော်သံများသည် ယွီရှန်းရုန်ကို မျက်မှောင်အနည်းငယ်ကြုတ်သွားစေ၏။ သို့သော် သူ၏နှစ်ပေါင်းများစွာ ပွင့်ချပ်ဖူးပွင့်သော အတွေ့အကြုံနှင့် အန္တရာယ်များသည့်အခြေအနေတွင် ရှင်သန်နိုင်သည့် နည်းလမ်းက သူ့ကို ခြွင်းချက်မရှိ တည်ငြိမ်နေစေကာ ဆုံးဖြတ်ချက် ခိုင်မာစေ၏။

ဝှစ်

ယွီရှန်းရုန်က ထလိုက်သည်။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်က သူ၏လက်ဖဝါးထိပ်တွင် လည်နေပြီး သူက ကျန်လက်တစ်ဖက်ဖြင့် ဓားကိုကိုင်ထား၏။

ဝေဟင်ထဲတွင် ရွှေရောင်ဓားများသည် ငှက်များကို ပိုင်းဖြတ်မည့်စွမ်းအင်တစ်ခု ဖွဲ့တည်နေပုံရ၏။

“မြန်မြန်လေး”

ယွီရှန်းရုန်သည် သူ၏ပွင့်ချပ်ဖူးပွင့်မှုကို အာရုံစိုက်နေသည်။

စွမ်းအင်အလင်းကွင်းတို့က ပိုမိုသိပ်သည်းလာသည်။ သူ၏ပွင့်ချပ်ရှစ်လွှာက အမြင့်ဆုံးသို့ ရောက်နေပြီဟု ခံစားမိသည်။

အရွယ်အစားပိုသေးသော ငှက်များသည် ယွီရှန်းရုန်၏ စွမ်းအင်ဓားများကို ဘာမှမလုပ်နိုင်ပေ။

ဝှစ်

ယွီရှန်းရုန်က မော့ကြည့်လိုက်၏။

အတောင်ဖြန့်လိုက်လျှင် မီတာတစ်ရာခန့်ရှိသော တောင်ပံတစ်စုံသည် ကောင်းကင်ကို လွှမ်းထားသည်။

သာမန်လူများသည် ယင်းကိုမြင်သောအခါ ကြောက်လန့်မိလိမ့်မည်။ ယွီရှန်းရုန်သာလျှင် ပြုံးနေသေး၏။

“မင်းက ငါ့ကို ဒီလောက်အထင်ကြီးနေတာပေါ့၊ အထင်ကြီးနေတယ်ဆိုတော့ စိတ်ဝင်စားမိပြီလေ”

သူက လက်နှစ်ချောင်းကို တွန်းချလိုက်၏။

သူ၏သက်တော်ရှည်ဓားက လှုပ်ရှားသွားပြီး သစ်ပင်များလဲကျသွားသည်။

ခြေရာမဲ့ဓား

သူသည် ကျောမတ်မတ်ထားလျက် မြေပြင်ပေါ်ကနေ ခုန်တက်လိုက်သည်။ သူသည် မြန်ဆန်သောအရှိန်ဖြင့် နောက်သို့ ကြော့ရှင်းစွာ ပျံသန်းနေလေ၏။

သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်သည် ပွင့်ချပ်ဆက်လက်ဖူးပွင့်နေလေသည်။

ဧရာမသားရဲသည် တောင်ပံကိုခတ်လိုက်ရာ လေပြင်းတစ်ချက်ဖြစ်ပေါ်လာသည်။ လေထဲ၌ ကျောက်စရစ်ခဲများ ပျံ့လွင့်လာ၏။

ဘန်း ဘန်း ဘန်း ဘန်း

ကျောက်စရစ်ခဲတို့သည် လေနှင့်အတူ မျောနေလျက် လေနှင့်အတူ တောအုပ်ကို သိမ်းကျုံးဖြတ်တိုက်သွားတော့သည်။

ယွီရှန်းရုန်သည် သူ၏ခြေထောက်ကို ထပ်မံဖော့နင်းကာ ကာကွယ်ရေးစွမ်းအင်ကို အသက်သွင်းလိုက်သည်။ စွမ်းအင်ဓားတို့က သူ့ရှေ့၌ နံရံတစ်ခု ဖွဲ့တည်လိုက်သည်။

ဧရာမသားရဲသည် မြင့်တက်လာသော အသက်စွမ်းအင်ကို အာရုံခံမိပုံပေါ်၏။ ၎င်း၏မျက်လုံးက စူးရဲသွားကာ တောက်ပသည့် အနီရောင် လက်သည်းများဖြင့် စုန်ဆင်းလာတော့သည်။

ထိုစဉ် စွမ်းအင်စည်းတံဆိပ်သည် ယွီရှန်းရုန်၏နောက်ကနေ ဖြတ်သွားတော့၏။

မကြာခင်၌ စွမ်းအင်ဓားမှ စွမ်းအင်များ လက်ဝါးစည်းတံဆိပ်နှင့် သင်္ကေတစည်းတံဆိပ်တို့ လေထဲပေါ်ထွက်လာ၏။ သူတို့အားလုံး အနီရောင်များဖြစ်သည်။

“ဟင်”ယွီရှန်းရုန်က မျက်မှောင်အနည်းငယ်ကြုတ်သွားသည်။

“ငါ့ရဲ့ ဒုတိယအစီအစဉ်ကို စတင်ပြီလား”

မိုးမခတစ်ထောင် ဘုရားကျောင်းမှလူများက ဤနေရာသို့ ရောက်လာ၏။ သူတို့သာ အခွင့်အရေးကို အမိဖမ်းကာ သားရဲများနှင့် ပူးပေါင်းပြီး သူ့ကိုသတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ပါက သူအသက်ရှင်ရန် ခက်ခဲသွားလိမ့်မည်။

သူသည် ထိုဖြစ်နိုင်ခြေကို ယခင်ကစဉ်းစားခဲ့ဖူး၏။ ထို့ကြောင့် ကြိုတင်ပြင်ဆင်ပြီး ရောက်လာတာဖြစ်သည်။ သူသည် မိုးမခတစ်ထောင် ဘုရားကျောင်းရှိရာဘက်သို့ ရောက်လာ၏။

သူသည် ဤပွင့်ချပ်ဖူးပွင့်ရန် ကျရှုံးခဲ့လျှင်တောင် ဓားနတ်ဆိုးအနေဖြင့် သူ၏ဂုဏ်သိက္ခာကို ချနင်းခွင့် ပြုမှာ မဟုတ်ပေ။

သူထွက်သွားတော့မည့်အချိန်၌ လေထဲတွင် အသံတစ်သံပေါ်ထွက်လာသည်။

“ငါမင်းကို ကူညီပေးမယ်”

ထျန်းပုကျီက ဧရာမသားရဲကို စွမ်းအင်လှိုင်းဖြင့် တိုက်ခိုက်လိုက်သည်။

တပည့်ရာချီက နံရံတစ်ခုဖွဲ့စည်းလိုက်လေ၏။

ယွီရှန်းရုန်သည် နိမ့်နိမ့်ပျံသန်းလျက် သူ့နားတဝိုက်ကို ကြည့်လိုက်သည်။ ထျန်းပုကျီသည် သူ့ကို ကူညီသော်ငြား သူကသတိထားနေသေး၏။ သူသည် ဧရာမကျောက်တုံးကို ကျောပေးလျက် ရပ်နေကာ မြန်ဆန်သောအရှိန်ဖြင့် သူ၏ပတ်ဝန်းကျင်မှ အသက်စွမ်းအင်ကို စုပ်ယူနေသည်။

ဖုန်း

ထိုစဉ် ဧရာမသားရဲက ခုန်ဆင်းလာတော့သည်။

တပည့်ရာချီကလည်း ပျံသန်းလာ၏။

လင်းယုန်ကဲ့သို့ သားရဲသည် အရေးမပါသောနည်းများကို မကြောက်ရွံ့ပေ။ ထျန်းပုကျီ၏ အထွဋ်အထိပ်သိုင်းကွက်သည် ၎င်းကို အနည်းငယ်သာ ရပ်တန့်သွားစေ၏။ ရံဖန်ရံခါ၌ ငှက်မွေးများစွာ ကျွတ်ကျလာသည်။

“အစီအရင်ဖွဲ့တည်ကြ”

ထျန်းပုကျီက အမိန့်ပေးလိုက်သည်။

တပည့်များသည် လေထဲ၌ လျင်မြန်စွာ စုဝေးကာ အစီအရင်တစ်ခု ဖွဲ့တည်လိုက်၏။

တာအိုအစီအရင်စည်းတံဆိပ်သည် လေထဲ၌ မီတာတစ်ရာကို ကာထားလိုက်၏။

သားရဲက စူးရှစွာ အော်လိုက်သည်။ ၎င်း၏လက်သည်းများသည် အလင်းထဲတွင် လက်နေသည်။ ဧရာမ အစီအရင်ကို ဝင်တိုးတော့သည်။

ဖုန်း

နားစည်ထိခိုက်လောက်ဖွယ် အသံကျယ်ကြီး ပေါ်ထွက်လာပြီး အစီအရင်က ဖျက်ဆီးခံလိုက်ရသည်။

မိုးမခတစ်ထောင် တပည့်များသည် နောက်သို့လွင့်ထွက်ကုန်ကာ သွေးအန်ကုန်၏။

ထျန်းပုကျီက ညည်းတွားလိုက်သည်။ သူ၏သွေးအဆီအနှစ်များ ခန္ဓာကိုယ်ထဲတွင် ဆူပွက်လာတော့သည်။

အားကောင်းလိုက်တဲ့ သားရဲ

“နောက်ဆုတ်”

ထျန်းပုကျီသည် ရွေးချယ်စရာမရှိတော့ဘဲ နောက်ဆုတ်ရန် အမိန့်ပေးလိုက်ရတော့သည်။

တပည့်များသည် နာကျင်မှုကို တောင့်ခံကာ သူတို့ရင်ဘတ်များကို ဖိထားလျက် ယွီရှန်းရုန် မှီထားသည့် ဧရာမကျောက်ဆောင်၏ရှေ့သို့ ရောက်သည်အထိ လျင်မြန်စွာ နောက်ဆုတ်သွားသည်။

“ကျွန်မတို့ ဘာလုပ်သင့်လဲ”

ဝူဝူသည် နောက်ကနေ ပြန်လာ၏။ သူက လက်မြှောက်လိုက်ရာ ဧရာမအနီရောင် အလင်းစက်ကွင်းတစ်ခုကို ပစ်ထုတ်လိုက်သည်။ ယခုအချိန်၌ သူမသည် တောအုပ်၏ နတ်သမီးလေး တစ်ပါးနှင့် တူသည်။ အလင်းစက်ကွင်းက မြေပြင်ကို ထိသွားသည်နှင့် ၎င်းသည် တပည့်ရာချီကို လွှမ်းခြုံသွားတော့သည်။ လူတိုင်း၏ ဒဏ်ရာများသည် သိသိသာသာ ကုသပျောက်ကင်းသွား၏။

ဤကဲ့သို့ ကုသခြင်းကျင့်စဉ်သည် သူမကို ယိမ်းယိုင်စေကာ မောကြီးပန်းကြီး အသက်ရှုနေရ၏။

“အကြီးအကဲထျန်း မိုးမခတစ်ထောင် ဘုရားကျောင်းကိုပြန်တော့”

“မဟုတ်ဘူး ဧရာမသားရဲက ငါတို့ကို လိုက်နေတာ၊ ငါတို့အရံအတားက ဒီဧရာမသားရဲကို မတားနိုင်ဘူး”

“ဒါပေမဲ့ တစ်သက်လုံး မထိန်းထားနိုင်ဘူးလေ”

ဦးဆောင်တိုက်ခိုက်မည့် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်မရှိဘဲ ကျန်သည့်သူများသည် အမြှောက်စာအနေဖြင့် အဆုံးသတ်သွားလိမ့်မည်။

“ရပ်လိုက်တော့”

ထျန်းပုကျီက စိတ်ပြင်ဆင်လိုက်သည်။ သူသည် ကျောက်တုံးဘက်ကို ကြည့်လိုက်၏။

ထိုစဉ်လူတစ်ယောက်သည် ရှေ့တက်လာတော့၏။

“ငါ့မှာ အစီအစဉ်တစ်ခုရှိတယ် ကြိုးစားကြည့်သင့်လား”

“အကြီးအကဲရွှီစုလား”

“အကြီးအကဲရွှီစုက တောင်နောက်မှာ တံခါးပိတ်ကျင့်ကြံနေတာ မဟုတ်ဘူးလား၊ ဒါကောင်းတာပဲ၊ သူအချိန်မီရောက်လာတာ”

လူရွယ်သည် မိုးမခတစ်ထောင် ဘုရားကျောင်း၏ တတိယအကြီးအကဲရွှီစုပဲ ဖြစ်သည်။

အကြီးအကဲရွှီစုသည် သူ၏ဓားကို သယ်လျက် ရှေ့သို့ ပြေးလာသည်။ သူက မပျံသန်းပေ။ သူက ကျောက်တုံးဆီဝင်သွားပြီး သူ၏လက်ရှိ ဓားက တဝီဝီမြည်နေ၏။

“ဒီလူကို သတ်လိုက်ရင် ပြဿနာငြိမ်းသွားမှာပဲ”

ရွှီစု၏ ပစ်မှတ်က လေထဲရှိ ဧရာမသားရဲ မဟုတ်ဘဲ ကျောက်တုံးကို မှီထားသော ယွီရှန်းရုန်ပဲဖြစ်သည်။

ထျန်းပုကျီက ထိတ်လန့်သွား၏။

“ရပ်လိုက် အကြီးအကဲရွှီ၊ ဘုရားကျောင်းကို ထိခိုက်မဲ့ကိစ္စတွေ မလုပ်နဲ့”

“သူ့ကိုတား”

ယင်းကို မြင်သောအခါ တပည့်များက ထိတ်လန့်သွား၏။ ယခုအချိန်၌ ရွှီစုကို တားဖို့ မဖြစ်နိုင်ပေ။

ရွှီစု၏ လက်ထဲရှိဓားသည် အနီရောင် အလင်းဖြင့် တောက်ပလာပြီး ယွီရှန်းရုန်၏မျက်နှာဆီ တိုးဝင်သွား၏။

ကနဦးချီသည် ယွီရှန်းရုန်၏ မျက်နှာကို အေးစက်သော လေပြည်နှင့် ကျီစယ်ပွတ်သပ်သွား၏။ အခြေအနေ မည်မျှရှုပ်ထွေးစေကာမူ သူ၏ပတ်ဝန်းကျင် မည်မျှအန္တရာယ်များစေကာမူ ယွီရှန်းရုန်သည် သူ၏ သတိအနေအထားကို အမြဲတမ်းထိန်းထားသည်။ ယခုအချိန်တွင်လည်း တည်ငြိမ်နေပေ၏။

ယွီရှန်းရုန်က မရှောင်ခဲ့ပေ။ ထိုအစား သူ၏မျက်နှာထက်တွင် အပြုံးဖျော့ဖျော့ပေါ်လာ၏။ သူသည် ကျန်တစ်ဖက်ရှိ စိတ်ဝိညာဉ်သဏ္ဌာန်၏ ခါးနားတွင်ရှိသော စွမ်းအင်အလင်းကွင်းများကို ကြည့်လိုက်သည်။ သူကပြောလိုက်သည်။

“ကျုပ်သိပြီ”

အလင်းကွင်းတို့သည် ပြန်ကွေ့လာပြီး ခါးဆီပြန်ရောက်လာ၏။

ဤနည်းဖြင့် သူ၏ နဝမမြောက်ပွင့်ချပ် ဖူးပွင့်သွားပြီဖြစ်သည်။

…

အခန်း (၇၂၈) ဓားနတ်ဆိုး၏ ရွှေကြာမဲ့ စိတ်ဝိညာဥ်သဏ္ဌာန်

ယွီရှန်းရုန်က အလျင်အမြန် လှုပ်ရှားလိုက်သည်။ သူက တခြားသော ပွင့်ချပ်ရှစ်လွှာကဲ့သို့ ရွှေရောင်တောက်ပနေသည့် ကိုးခုမြောက် ပွင့်ချပ်ကို မြင်လိုက်သည်နှင့် လက်ကို ဆုပ်လိုက်သည်။ သူ့စိတ်ဝိညာဥ်သဏ္ဌာန်က ချက်ချင်းပျောက်ကွယ်သွား၏။

သူက ရွှေကြာ မရှိသည့် ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဥ်သဏ္ဌာန်ဖြစ်ကြောင်း တစ်ချက်ကြည့်ဖို့သာ လိုအပ်ပေသည်။ သူ့အနေနှင့် စိတ်ဝိညာဥ်သဏ္ဌာန်သည် တစ်ခုခု ထူးခြားနေကြောင်း ခံစားမိသော်လည်း ဤသည်က စိတ်ဝိညာဥ်သဏ္ဌာန်ကို လေ့လာဖို့အတွက် အချိန် မဟုတ်ပေ။ ထို့ကြောင့် သူက ပြန်ရုပ်သိမ်းလိုက်ခြင်း ဖြစ်၏။ ထို့အပြင် သူက သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို မဖော်ထုတ်လိုပေ။

သိပ်သည်းနေသည့် အသက်ဓာတ်စွမ်းအားက ချက်ချင်းဆိုသလို လွင့်ပယ်သွားသည်။

ထိုစဥ် အကြီးအကဲရွှီစုက သူ့အပေါ် ရောက်ရှိလာပြီး " မင်းကိုယ်မင်း အညံ့ခံလိုက် "

စွမ်းအင်ဓားတစ်ချက် ထွက်ပေါ်လာသည်။

ယွီရှန်းရုန်က သူ့ညာဘက်လက်ကို ဝေ့ယမ်းလိုက်၏။ သူ့က အားပြင်းပြင်း ဝေ့ယမ်းလိုက်သည့်အတွက် အသက်ရှည်ဓားက တုန်ခါသွားသည်။

စွမ်းအင်ဓားက ရေပြင်ညီအတိုင်း ထွက်ပေါ်လာသည်။

ဘန်း

ရွှီစု၏ စွမ်းအင်ဓားက ပျက်စီးသွားလေသည်။ သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ သူက အမှန်တကယ် အံ့အားသင့်သွားမိသည်။ သူက မြေပြင်မှ အသာပျံသန်းလိုက်ပြီး သားရဲများနှင့်အတူတကွ ပူးပေါင်းကာ ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းဖို့ ကြိုးစားနေသည့် ကျင့်ကြံသူကို အနိုင်ယူနိုင်မလားဟု ကြိုးစားကြည့်ချင်မိသည်။ သူက မြေပြင်မှ မီတာအနည်းငယ် အကွာအဝေးမျှသာ ရှိသေးသည့်အချိန် ယွီရှန်းရုန်၏ ပုံရိပ်က သူ့အား ဖြတ်သန်းသွားသည်။

ဤသည်က အလင်းတစ်ချက်သာ ရှိခဲ့၏။

ဝှစ်

ယွီရှန်းရုန်က ရွှီစုအား ကြည့်ပင်မကြည့်ပေ။ သူက အသက်ရှည်ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ဧရာမသားရဲကြီးဆီ ပြေးဝင်သွားသည်။

မိုးမခတစ်ထောင်ဘုရားကျောင်းရှိ တပည့်များက သူတို့အနားတွင် လေပြေတစ်ချက် ဝေ့တိုက်သွားသလို ခံစားမိလိုက်ပြီး ဓားအရိပ်များ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

ဓားချက်တိုင်းက သားရဲ၏ အရေးပါသည့် ချက်ကောင်းများကို ထိမှန်နေသည်။ မိုးမခတစ်ထောင်ဘုရားကျောင်းရှိ တပည့်များက အမှန်တကယ် အံ့အားသင့်နေကြသည်။

ထိုစဥ် တောအုပ်အတွင်း ရွှီစုက ဖြည်းဖြည်းချင်း မော့ကြည့်ကာ လေထဲမှ ခမ်းနားကြီးကျယ်ဖွယ် ကခုန်နေသည့် အရိပ်ကို ကြည့်လိုက်သည်။ ထို့နောက် သူက သူ့ဗိုက်ဘယ်ဘက်ရှိ ဒဏ်ရာကို ကြည့်လိုက်မိ၏။ ဓားချက်က သူ့အား ခွဲဟသွားပြီး သွေးများက စီးကျနေကာ သူ့ဝတ်ရုံကပင် အနီရောင်ပြောင်းသွားသည်။

" သူ သူက ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူလား " ရွှီစုက မျက်လုံးပြူး မျက်ဆံပြူးဖြင့် နောက်လဲကျသွားသည်။

ထျန်းပုကျီက ထိုမြင်ကွင်းကို မြင်ကာ တုန်ယင်သွား၏။

အကြီးအကဲရွှီစုက သေသွားပြီလား...

လက်ရှိရှိနေသူများအထဲ ယွီရှန်းရုန်ကသာ ရွှီစုကို အားစိုက်ထုတ်စရာမလိုဘဲ သတ်ကာ ဧရာမသားရဲကြီးများနှင့် တစ်ချိန်တည်း ရင်ဆိုင်နိုင်သူ ဖြစ်၏။

ထျန်းပုကျီက တုန်လှုပ်နေမိသည်။ သူက တံတွေးမျိုချလိုက်မိ၏။ တိုက်ပွဲက ပြင်းထန်လွန်းကာ သူ့အနေဖြင့် စဥ်းစားဖို့ အချိန်မရအောင် လုပ်နေသည်။

တခြားသော တပည့်များကလည်း ရွှီစု၏ သေဆုံးမှုအပေါ် စိုးရိမ်နေဖို့ အချိန်မရှိပေ။ သူတို့က သားရဲများကို တိုက်ခိုက်လိုက်ကြသည်။

ယွီရှန်းရုန်က သူ၏ ကွေ့ယွမ်ဓားနည်းစနစ်ကို ချုပ်တည်းခြင်းမရှိ ထုတ်လွှတ်လိုက်သည်။

သားရဲက သားရဲသာ ဖြစ်၏။ ဧရာမသားရဲကြီးက လူသားလောက် မသွက်လက်ပေ။

ထိုအရာက အတောင်ပံကို ခတ်လိုက်သော်လည်း ပစ်မှတ်ကို ထိဟန်မပေါ်ပေ။

ယွီရှန်းရုန်က တိုက်ခိုက်ရေး ပုံစံအားလုံးကို ထုတ်သုံးလိုက်သည်။ သူက ဓားများကို ဝေ့ယမ်းရင်း အဘက်ဘက်မှ တိုက်ခိုက်နေ၏။

ငှက်မွေးများက မြေပြင်ပေါ် ကြွေကျလာသည်။

ထျန်းပုကျီက အခွင့်အရေးကို မြင်သည့်အခါ အမိန့်ပေးလိုက်၏” အားလုံးတိုက်ကြ "

သူက လက်နှစ်ဖက်ပူးကာ မိုးမခတစ်ထောင်ဘုရားကျောင်း၏ တပည့်များကို လွှမ်းခြုံထားသည့် အကာအရံတစ်ခုကို ဖန်တီးလိုက်ပြီး သားရဲ၏ တောင်ပံကြောင့် ဖြစ်လာသည့်လေနှင့် ကျောက်တုံးများကို တားဆီးလိုက်၏။

တိုက်ကွက်ရာချီက တစ်ပြိုင်နက် ဖြစ်ပေါ်လာကြသည်။ ယွီရှန်းရုန်သည် ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ဖြစ်နေကြောင်း မည်သူကမျှ သတိမထားမိကြပေ။ လေကဲ့သို့ သူ၏ ပေါ့ပါးသွက်လက်သည့် ဓားချက်များက တခြားသူများကို အံ့အားသင့်စေသည်။

နောက်ဆုံးတွင် ယွီရှန်းရုန်၏ တိုက်ကွက်များဖြင့် စွမ်းအင်ဓားချက်များစွာက ဧရာမသားရဲကြီး၏ ဝမ်းဗိုက်အပေါ် ကျရောက်သွားသည်။

နားကွဲလုမတတ် အော်သံကြီးတစ်ခု ထွက်ပေါ်လာ၏။

ဧရာမသားရဲကြီးက တောင်ပံကို ခတ်ကာ ဦးတည်ချက်ကို ညှိလိုက်ရင်း အဝေးတစ်နေရာသို့ ပျံသန်းထွက်သွားသည်။

ယွီရှန်းရုန်က ခုန်ကာ လေထဲတွင် ပျံဝဲလိုက်၏။

မိုးမခတစ်ထောင်ဘုရားကျောင်း၏ တပည့်များက ယွီရှန်းရုန်၏ တိုက်ကွက် သက်ရောက်မှုကို မြင်သည့်အခါ စိတ်အေးသွားကြသည်။

ထျန်းပုကျီက အမိန့်ပေးလိုက်၏။

" လိုက်ကြ "

ယွီရှန်းရုန်က ခေါင်းခါကာ ပြောလိုက်၏” လိုက်ဖမ်းဖို့ မလိုဘူး "

" ဘာလို့လဲ " ထျန်းပုကျီက စဥ်းစားနေသည်။

"ဒီလို မြောက်ပိုင်းသိမ်းငှက်သားရဲက အသက်ဓာတ်နှလုံးသား ရှိနေနိုင်တယ်။ နှလုံးသားတစ်ခုက နှစ်၂၀၀ ကနေ ၈၀၀ အထိ တန်တယ်။ တကယ့်ကို ရတနာကောင်းပဲ"

" အသက်ဓာတ်နှလုံးသားလား " ယွီရှန်းရုန်က စဥ်းစားလိုက်သည်။

ထျန်းပုကျီက ရှင်းပြလိုက်၏။

" လူသားတွေရဲ့ နေထိုင်ရာ အလွန်မှာ အမည်မသိ အားကောင်းတဲ့ သားရဲတွေ အများကြီး ရှိတယ်။ လူသားတွေက သူတို့ဆီမှာ အရေးမပါတဲ့ ပုရွက်ဆိတ်တွေလောက်ပဲ။ သူတို့က လူသားတွေကို အမဲလိုက်ရတာ သဘောကျတယ်။ အထူးသဖြင့် အားကောင်းတဲ့လူတွေပေါ့။ အဲလိုလူသားတွေကို စားသုံးတာက သူတို့ရဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်တယ်။ တချို့သားရဲတွေက အသက်ဓာတ်နှလုံးသားကို ဖွဲ့စည်းနိုင်ကြပြီးတော့ လူသားတွေက အဲ့နှလုံးသားကို စားသုံးရင် အသက်ဓာတ်ကို ပြန်လည်ဖြည့်စည်းနိုင်တယ်”

ယွီရှန်းရုန်၏ စိတ်ထဲတွင် တစ်စုံတစ်ခု ဖြစ်ပေါ်လာသည်။ သူက ကိစ္စများစွာတွင် မထူးမခြားနား ဆောင်ရွက်လေ့ရှိသော်လည်း မုရှီးမျိုးနွယ်ဝင်တစ်ယောက်အနေနှင့် သူသည် ဤသို့သော အရေးပါသည့် သတင်းအချက်လက်အပေါ် မည်သို့ မတုန်မလှုပ် ကျန်ရှိနေနိုင်မည်နည်း။

မုရှီးတိုင်းသူပြည်သားများက သက်တမ်းတိုသည့် ကံကြမ္မာကို ရင်ဆိုင်တိုက်ခိုက်ဖို့ ကြိုးစားနေခဲ့ကြသည်။ ယွီရှန်းရုန်က ယခင်က ပွင့်ချပ်ရှစ်လွှာအဆင့် ဖြစ်သော်လည်း သူ့တွင် နှစ် ၅၀၀ မျှသာ ရှိ၏။ လက်ရှိသူက နှစ် ၃၀၀ ကျော်မျှ နေထိုင်ပြီးသွားလေပြီ။ သူ့ရှစ်စွင်း၏ အသက်ရှည်ဆေးလုံးဖြင့်ပင် သူသည် ကန့်သတ်ချက်ကို ကျော်လွန်နိုင်မည် မဟုတ်ပေ။ ယခု သူက နှစ် ၁၀၀ မျှသာ ကျန်ရှိတော့လေသည်။ ဤသို့သော ရတနာကို မည်သူက မလိုချင်ဘဲ နေမည်နည်း။

သို့သော်လည်း ယွီရှန်းရုန်က ပွင့်ချပ်ကိုးလွှာအဆင့်ကို တက်လှမ်းခါစ ဖြစ်၏။ ရွှေကြာလစ်ဟာမှုကြောင့် သူ့ပွင့်ချပ်ကိုးလွှာအဆင့်သည် အတော်လေး မတည်မငြိမ် ဖြစ်နေသည်။ သူ့ချီပင်လယ်ထဲရှိ ကနဦးချီက ဖရိုဖရဲ ဖြစ်နေ၏။ တစ်ချိန်တည်းဆိုသလို အသက်ဓာတ်လည်း လွင့်ပြယ်နေသည်။ သူက ယခုအခါ လိုက်ဖမ်းပါက ဆိုးဆိုးရွားရွား ထိခိုက်မိလိမ့်မည်။

" ဒီလိုဆိုရင် အားလုံးက သက်တမ်းရှည်ကြမှာ မဟုတ်ဘူးလား " ယွီရှန်းရုန်က မေးလိုက်သည်။

ထျန်းပုကျီက ခေါင်းခါကာ ပြောလိုက်၏။

"မဖြစ်နိုင်ဘူး။ လက်ရှိ လေ့လာထားသလောက် ကျင့်ကြံသူတွေက အများဆုံးနှစ် ၃၀၀၀ အထိပဲ နေနိုင်တယ်။ အသက်ဓာတ်နှလုံးသားက လူတစ်ယောက်ရဲ့ သက်တမ်းကို အဲ့တာထက် ကျော်လွန်အောင် မဆွဲဆန့်ပေးနိုင်ဘူး”

ယွီရှန်းရုန်က ထွက်ခွာသွားသည့် သားရဲကို တိတ်တဆိတ် ကြည့်လိုက်မိသည်။

အကယ်၍ ယွီရှန်းရုန်သာ လိုက်မဖမ်းပါက ထျန်းပုကျီက မည်သို့ လိုက်ဖမ်းရဲမည်နည်း။

ထျန်းပုကျီက လက်မြှောက်ကာ ပြောလိုက်၏” နောက်ဆုတ်ကြ "

သူ့တပည့်များက လေထဲတွင် ဦးညွတ်လိုက်ကြပြီး " နားလည်ပါပြီ "

ဝူဝူက နဖူးမှ ချွေးများကို သုတ်ကာ ယွီရှန်းရုန်၏ ဘေးနား ရောက်ရှိလာသည်။ သူမက မျက်တောင်ခတ်လိုက်ပြီး " အစ်ကိုကြီးက တကယ်ကို အံ့သြဖို့ကောင်းတယ် "

ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ဘာမျှပြန်မဖြေပေ။

ထိုစဥ် တပည့်တစ်ဦးက တုန်လှုပ်စွာ ပြောလိုက်၏။

” အကြီးအကဲရွှီက သေသွားပြီ "

မိုးမခတစ်ထောင်ဘုရားကျောင်းရှိ တပည့်များက ဆင်းသက်လာကာ ရွှီစု၏ အလောင်းကို ဝန်ရံလိုက်ကြသည်။

ထျန်းပုကျီက ထိုစကားများကို ကြားသည့်အခါ တပည့်ကို ချက်ချင်းဆူလိုက်သည်။

” ဘာလို့ ရုတ်ရုတ်သဲသဲ လုပ်နေတာလဲ။ သူ့အလောင်းကို ပြန်သယ်သွားကြ။ ဒီအကြောင်းကို ကျောင်းထိုင်ဆီ ငါကိုယ်တိုင်ရှင်းပြလိုက်မယ်”

သူက ယွီရှန်းရုန်ကို တစ်ချက်ကြည့်ပြီးသည့်နောက်တွင် လက်နှစ်ဖက်ယှက်ကာ မိုးမခတစ်ထောင်ဘုရားကျောင်းဆီ ပြန်လည်ဝင်ရောက်သွား၏။

...

"တင်း...ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်။ နယ်မြေအပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၀၀၀ ရရှိပါတယ်”

လုကျိုးက ထိုသတိပေးချက်ကို ရရှိသည့်အခါ မျက်မှောင်ကြုတ်လိုက်ပြီး အတွေးများကို စုစည်းလိုက်သည်။ သူက ပွင့်ချပ်အသစ်ထွက်ဖို့ ကြိုးစားနေသည့် မင်ရှစ်ရင်အပေါ် အာရုံစိုက်ထားလိုက်သည်။

ထိုစဥ် မင်ရှစ်ရင်၏ ပွင့်ချပ်ထွက်ပေါ်ရေး ဖြစ်စဥ်က အရေးကြီးသည့်အနေအထားသို့ ရောက်ရှိနေ၏။

သူ့အနေဖြင့် သူ့တပည့် ယွီရှန်းရုန်သည် ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ဖြစ်နေကြောင်း မသိသည်မှာ ပုံမှန်သာဖြစ်၏။ ထို့အပြင် သူ့ဒုတိယတပည့်က အခက်အခဲများကြားတွင် ကိုးလွှာမြောက်ပွင့်ချပ်ကို ထုတ်ဖော်နိုင်ခဲ့သည်။

မင်ရှစ်ရင်၏ ရွှေကြာက မြန်မြန်ဆန်ဆန် လည်ပတ်လာသည်။

ပွင့်ချပ်ထွက်ပေါ်ရေး ဖြစ်စဥ်က လုကျိုး၏ ဆုံးဖြတ်ချက်ကို ထင်ဟပ်နေ၏။

အလင်းစက်ကွင်းက ဆက်လက်၍ ကျဆင်းလာသည်။

မင်ရှစ်ရင် ထုတ်လွှတ်လိုက်သည့်စွမ်းအားက ကိုးလွှာမြောက် ပွင့်ချပ်မထွက်ခင် စွမ်းအင်စက်ကွင်းနောက် ပြန်ရောက်ပြီးသည့်နောက် ရွှေကြာမှ ထွက်ပေါ်နေသည့်စွမ်းအားနှင့် အသက်ဓာတ်စွမ်းအားကို လုပ်ဖို့ရာ မလုံလောက်ကြောင်း သိသာလှသည်။

မိစ္ဆာဝေဟင်မျှော်နန်း၏ အဖွဲ့သားများက ရွှေကြာကို စိုးရိမ်တကြီး ကြည့်လိုက်ကြ၏။ သူတို့က မင်ရှစ်ရင်ထက်ပင် စိတ်လှုပ်ရှားနေကြသည်။

ထိုစဥျ

မင်ရှစ်ရင်၏ ဆံပင်များက အဖြူရောင် သန်းသွားပြီး အရေပြားက ရှုံ့တွလာသည်။ ရွှေကြာက မင်ရှစ်ရင်၏ အသက်ဓာတ်ကို ဝါးမျိုနေပြီ ဖြစ်၏။

" ရှုစစ်ရဲ့ နှလုံးသား " လုကျိုးက သူ့ကို သတိပေးလိုက်သည်။

မင်ရှင်ရင်က သူစိုးရိမ်မှု အနည်းဆုံး တပည့်တစ်ယောက်ဖြစ်သော်လည်း ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းမှုအတွေ့အကြုံက လိုအပ်နေသေးသည်။

အမြန်အဆန် သက်တမ်းကြီးရင့်လာမှုေကြာင့် မင်ရှစ်ရင်၏ အာရုံက အနည်းငယ်ထွေးပြားနေ၏။ သူက သူ့ရှစ်စွင်း၏ သတိပေးချက်ကို တုံ့ပြန်လိုက်သည်။ ထို့နောက် သူက ရှုစစ်၏ နှလုံးသားကို ထုတ်ကာ ပိုင်းလိုက်ပြီး စားသုံးလိုက်သည်။

တခြားသူများက မင်ရှစ်ရင် သက်တမ်းရင့်လာသည်ကို ကြည့်နေရင်း စိတ်ရှပ်ထွေးနေကြ၏။

သူတို့၏ ရွှေကြာကို ဖြတ်တောက်ထားသည့်သူများက သူတို့သည် အနာဂတ်တွင် ထိုအရာနှင့် ပတ်သက်ပြီး စိုးရိမ်စရာ မလိုတော့ကြောင်း တွေးမိကာ စိတ်သက်သာရာ ရသွားကြသည်။

ထိုအရာက အထူးသဖြင့် ရှောင်ယွမ်အာအတွက် ဖြစ်၏။ သူမက သူမဘာသာ သူမ အသက်ကြီးကာ ရှုံ့တွနေသည်ကို စဥ်းစားမိသည့်အခါ နှလုံးခုန်မြန်လာမိသည်။

တစ်ဖက်တွင် စီးဝူယာ့နှင့် ယဲ့ထျန်းရှင်းတို့က ထိုအရာကို လက်ခံနိုင်ကြ၏။

ယဲ့ထျန်းရှင်းက သေမင်းခံတွင်းဝသို့ အကြိမ်များစွာ ရောက်ရှိခဲ့ဖူးသည်။ သူမက ပွင့်ချပ်ကိုးလွှာအဆင့် မတက်လှမ်းနိုင်လျှင်ပင် စိတ်ဓာတ်ကျမည် မဟုတ်ပေ။

ခရုလေးက ထိုအရာကို တစ်ခုမှ မမြင်တွေ့ဖူးသည့်အတွက် သူမ မြင်သမျှ အရာအားလုံးကို စိတ်ဝင်တစား ဖြစ်နေသည်။

ရှုစစ်၏ နှလုံးသားကို စားသုံးပြီးသည့်နောက်တွင် မင်ရှစ်ရင်၏ အသက်ဓာတ်က ချီပင်လယ်အတွင်း ဝင်ရောက်သွားသည်။ သို့သော်လည်း ရွှေကြာက ချက်ချင်းဆိုသလို ဝါးမျိုသွား၏။ သူတို့က တစ်ခုနှင့် တစ်ခု ထိပ်တိုက်ရင်ဆိုင်နေကြသည်။

မင်ရှစ်ရင်က နှလုံးခုန်မြန်လာပြီး အချိန်နှင့်အမျှ ပိုမိုတင်းကျပ်လာသလို ခံစားမိလိုက်သည်။

အသက်ဓာတ်ဖြင့် ထောက်ပံ့ပြီးသည့်နောက်တွင် ရွှေကြာက တုန်လှုပ်လာလေ၏။ ယခုအခါ ဖွဲ့စည်းခါနီးနေလေပြီ။

ထိုစဥ် လေးဘက်လေးတန်ကို စောင့်ကျပ်နေသည့် အကြီးအကဲလေးဦးက မော့ကြည့်လိုက်ကြသည်။

" သားရဲတွေ ရောက်လာပြီ "

" အားလုံး ကာကွယ်ဖို့ အဆင်သင့်ပြင်ထားကြ "

မိစ္ဆာဝေဟင်မျှော်နန်းအထက်တွင် ဟွားယွဲ့ရှင်း၏ အမူအရာက လေးနက်ကာ သူမက လော့ယွဲလေးကိုင်းကို ဆွဲလိုက်သည်။ သူမ၏ လေးနှင့် မြားက စွမ်းအင်ဖြင့် ရစ်ပတ်ထား၏။ ထိုအရာက သူမ၏ သေးသွယ်သွယ်ပုံရိပ်ဖြင့် လိုက်ဖက်ညီနေသည်။

ဖွဲ့စည်းထားသည့် စွမ်းအင်မြားက လေထဲမှ သားရဲတစ်ကောင်ဆီ ထိုးစိုက်သွားသည်။

လုကျိုးက ထိုအရာကို အာရုံစိုက်လိုက်မိ၏။

ဟွားဝူတောက်က ခေါင်းညိတ်ကာ ပြောလိုက်သည်” ထင်ထားတဲ့အတိုင်း ပွင့်ချပ်ငါးလွှာ ကျင့်ကြံသူရဲ့ စွမ်းအင်မြားက အားကောင်းတာပဲ”

ဟွားယွဲ့ရှင်းက ရှားရှားပါးပါး ပြုံးလိုက်သည်။ သူမက နောက်ထပ် စွမ်းအင်မြားကို ထုတ်ကာ ထပ်မံပစ်လွှတ်လိုက်၏။

ကျော့ယွီရှုက ပြောလိုက်သည်” ဧရာမသားရဲကြီး ပေါ်လာနိုင်တယ်။ အဲ့အချိန်ရောက်လာရင် ကျွန်မတို့ လေးယောက်လုံး အတူတူတိုက်ခိုက်မှ ရမယ်”

" ကောင်းပြီ "

ဟွားယွဲ့ရှင်းက သားရဲငယ်များကို သူမဘာသာသူမ ဖြေရှင်းနေ၏။

ထို့နောက် အကြီးအကဲလေးဦးက မင်ရှင်ရင်ကို ကြည့်လိုက်ကြသည်။

မင်ရှစ်ရင်က သူ့ရွှေကြာသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနေကြောင်း ခံစားမိလိုက်သည်။ သူ့တိုးတက်နှုန်းက သိသိသာသာ ကျဆင်းသွား၏။

" မင်းခေါင်းထဲက စိတ်ရှပ်ထွေးတဲ့ အတွေးတွေကို ဖယ်ပြီးတော့ စိတ်ကို ငြိမ်ငြိမ်ထား " လုကျိုးက ပြောလိုက်သည်။ သူ့စတုတ္ထမြောက်တပည့်က ငယ်ရွယ်သေး၏။

မင်ရှစ်ရင်က အသက်ပြင်းပြင်းရှူကာ သူ့စိတ်ခံစားချက်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။

လုကျိုးက ခေါင်းညိတ်လိုက်ကာ " အသက်ဓာတ် စီးဆင်းလာပြီ။ ပွင့်ချပ်ထွက်အောင် လုပ်ကြည့် "

" နားလည်ပါပြီ "

…

အခန်း (၇၂၉) မိစ္ဆာဝေဟင်မျှော်နန်း၏ ခွန်အားမြင့်တက်လာခြင်း

မင်ရှစ်ရင်သည် အသက်စွမ်းအင်တို့ စိမ့်ထွက်လာတာကို ခံစားမိသည်။ ထို့ကြောင့်သူသည် စွမ်းအင်ကွင်းနှင့် ဖိအားထုတ်ဖော်ရန် ကြိုးစားလိုက်သည်။ ထင်သည့်အတိုင်းပင် ရွှေရောင်အလင်းကွင်းများသည် ရွှေကြာပွင့်များနှင့် ဆင်းသက်လာပြီး စိတ်ဝိညာဉ်သဏ္ဌာန်၏ ခါးဆီသို့ ရွေ့သွား၏။ သူတို့လှုပ်ရှားသည့်အရှိန်နှင့် စိတ်ဝိညာဉ်သဏ္ဌာန်က ပိုမြင့်လာသည်။ ရွှေကြာက ကြီးလာလေ၏။

ပွင့်ချပ်ရှစ်လွှာအကြား နေရာလွတ်တစ်ခုရှိနေသည်။ စွမ်းအင်ကွင်းက ရွှေကြာ၏ အပြင်ဘက်အကျဆုံး အပိုင်းဆီသို့ ဦးတည်သွားချိန်၌ အသံတစ်သံ ပေါ်ထွက်လာလေ၏။

မင်ရှစ်ရင်သည် ရွှေကြာ၏အတွင်းဘက်မှ နဝမမြောက်ပွင့်ချပ် ဖူးပွင့်လာတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရသည်။

နဝမမြောက်ပွင့်ချပ် ဖွဲ့တည်လေပြီ။

လေထဲ၌ သားရဲပျံများစွာ ရှိနေသည်။ မြေပြင်ပေါ်ရှိသားရဲများက ရွှေနန်းဥယျာဉ်တောင်နား တစ်ဝိုက်၌ ပေါ်လာပုံပေါ်၏။

ကျန်သည့်သူများက ပျော်ရွှင်သွားကြသည်။

“ဧရာမသားရဲက ဒီမှာ” အကြီးအကဲလေးယောက်သည် တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်တော့၏။

မင်ရှစ်ရင်သည် နဝမမြောက်ပွင့်ချပ်ကို အပြည့်အဝ ဖွဲ့တည်ပြီးဖြစ်သည်။ ထို့ကြောင့် လုကျိုးသည် သူ့ကို မကြည့်တော့ပေ။ သူသည် မြေပြင်ပေါ်ကနေ ခုန်တက်ပြီး ဝေဟင်ထဲသို့ သွာလိုက်၏။ အမြင့်ကနေ သူသည် ဧရာမသားရဲများက သားရဲလေးတစ်အုပ်ကို ဦးဆောင်လာတာကို တွေ့လိုက်ရသည်။ အကွာအဝေးကြောင့် မည်ကဲ့သို့သော သားရဲဆိုတာ သူမပြောနိုင်ပေ။

သူတို့သည် တောအုပ်ကို ကျော်ဖြတ်လျက် တောအုပ်နှင့် တောင်ထွဋ်များကို ဖြတ်ကျော်ပျံသန်းလာသည်။

ရွှေနန်းဥယျာဉ်တောင်သည် အစကတည်းက သီးခြားတည်ရှိပြီးသား ဖြစ်၏။ ဤသားရဲများ မည်သည့်နေရာမှ လာသနည်း။ မဟာတောအုပ် လေးခုဆီမှ လာသည်လော။

လရောင်သစ်သားမြေသည် မြူတောနက်အတွင်း၌ ရှိသည်။ လရောင်သစ်သားမြေအတွင်းပိုင်းက အောက်ခြေမဲ့ ချောက်နက်တစ်ခုဖြစ်သည်။ ယဲ့ထျန်ရှင်းသည် ချောက်နက်ထဲ မရေမတွက်နိုင်သော သားရဲကို မြင်တွေ့ဖူးပြီး ထိုနေရာ၌ သူယောင်မျိုးနွယ်၏ အမွေအနှစ်ကို ရရှိခဲ့တာပဲဖြစ်သည်။

ဒီသားရဲတွေက လရောင်သစ်သားမြေက လာတာလား။

သူ၏မူလကိုယ် ကျိထျန်တောင်သည် ယခင်က မဟာတောအုပ်လေးခုဆီ ရောက်ခဲ့ဖူးသော်ငြား လရောင်သစ်သားမြေ၏ အတွင်းပိုင်းသို့ မရောက်ခဲ့ပေ။ ထိုနေရာ၌ အလွယ်တကူ လမ်းပျောက်နိုင်၏။ ယင်းက သေလမ်းရှာနေခြင်းဆိုတာ ကျိန်းသေသည်။

လုကျိုးသည် မုတ်ဆိတ်သပ်လျက် စောင့်ဆိုင်းနေစဉ် သားရဲပျံတစ်အုပ် ပျံသန်းလာတာကို မြင်လိုက်၏။

ထိုစဉ် စီးဝူယာ့က ထုတ်ပြောလိုက်သည်။

“အဲဒါက ဖေးယီငှက်ပဲ”

“ဖေးယီငှက်လား” လုကျိုးက ထပ်ပြောလိုက်၏။

စီးဝူယာ့က ရှင်းပြလိုက်သည်။

“အနောက်ဘက်မျှော်နန်းက စာအုပ်တွေထဲက တစ်အုပ်မှာ အဲဒီအကြောင်းမှတ်ထားတယ်၊ ဒီသားရဲက တိုက်ခိုက်နိုင်စွမ်းကြီးပြီး အလွန်ကြမ်းတမ်းတယ်”

သားရဲများပေါ်ပေါက်လာချိန်မှစပြီး စီးဝူယာ့သည် အနောက်ဘက်မျှော်နန်းတွင်ရှိသော သားရဲများအကြောင်း စာအုပ်များ လှန်လှောရှာဖွေပြီး အံ့ဖွယ်မြို့တော်၏ တော်ဝင်မြို့ရှိ စာအုပ်များကိုတောင် ကြည့်ခဲ့သည်။ ထို့ကြောင့် သူသည် ဗဟုသုတအတော်လေး ရရှိနေပြီဖြစ်သည်။

“သူ့မှာ နှလုံးသားရှိလား”လုကျိုးက မေးလိုက်လေ၏။

“သတ္တဝါတိုင်းမှာ နှလုံးသားတစ်ခုရှိတယ်၊ ဒါပေမဲ့ ဒီသားရဲက ကာယအားကိုးတာ၊ အသက်ဓာတ်နှလုံးသား ဖွဲ့တည်နိုင်စွမ်း ရှိမယ်မထင်ဘူး၊ သူတို့ကို အမျိုးအစားခွဲဖို့ နည်းလမ်းတစ်ခု ရှာနေတုန်းပဲ”

လုကျိုးသည် ခေါင်းညိတ်လိုက်၏။ ဒုက္ခတော်တော်လေးသက်သာစေသော စီးဝူယာ့ကဲ့သို့ တပည့်တစ်ယောက် သူ့တွင် ရှိနေတာကို ဝမ်းသာမိသည်။

ကူးပြောင်းလာသူ တစ်ယောက်အနေဖြင့် အတိတ်တုန်းက စာအုပ်ပေါင်းများစွာ၏ ညှဉ်းပန်းမှု ခံရပြီးဖြစ်သည်။ သူသည် စာအုပ်များကို ကြည့်နိုင်ဖို့ ခက်ခဲလှ၏။

အသက်ဓာတ်နှလုံးသားမရှိဘဲ သားရဲကို တိုက်ခိုက်လျှင် အကျိုးထူးမှာ မဟုတ်ပေ။ သူသည် အသေရိုက်ချက်ကတ်ကို အသုံးပြုခဲ့လျှင် ဆုံးရှုံးမှုတောင် ဖြစ်နိုင်၏။ သူ့ဘာသာသူ ခဏလောက် ရေရွတ်ပြောပြီးနောက် လေထဲမြင့်မြင့် ပျံသန်းလိုက်သည်။

ဝှစ်

ပွင့်ချပ်ကိုးလွှာ ရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်သည် ဝေဟင်ကနေ ဂုဏ်ယူဝင့်ကြွားစွာ ငုံ့ကြည့်လိုက်၏။

အလယ်တွင် မိစ္ဆာဝေဟင်မျှော်နန်း ရှိနေပြီး သူ၏ ပေတစ်ရာငါးဆယ် စိတ်ဝိညာဉ်သဏ္ဌာန်က ပြန့်ကားသွားတော့သည်။ ရွှေရောင်မီးလျှံရွှေကြာက ပတ်ဝန်းကျင်သို့ စွမ်းအင်ရောင်ခြည်များ ထုတ်လွှင့်နေ၏။ ပြီးနောက် ၎င်းက ကြုံ့သွားကာ ပျောက်ကွယ်သွားတော့သည်။

လုကျိုးသည် ဖေးယီလာနေသည့်ဘက်ကို ကြည့်လိုက်ပြီး သူ၏စိတ်ဝိညာဉ်သဏ္ဌာန် ပြသမှုသည် ကျန်သည့်တောင်ပံဖြင့် သားရဲများကို နောက်ဆုတ်သွားစေသည်။ ထင်သည့်အတိုင်းပင် ဖေးယီက လှည့်ပျံသွားတော့၏။ ချက်ချင်းပျောက်ကွယ်သွားတော့သည်။

မိစ္ဆာဝေဟင်မျှော်နန်း၏ တောင်ခြေ၌ သင်္ချိုင်းပမာ တိတ်ဆိတ်သွားတော့သည်။

ကျန်သည့်သူများက လုကျိုးကို လေးစားကြောက်ရွံ့မှုတို့ဖြင့် ကြည့်လိုက်၏။

အကြီးအကဲလေးယောက်နှင့် ဝါးရွက်ရှင်ကမူ အားကျမှုများ ပြည့်နေသည်။ သူတို့သည် ရွှေရောင်မီးလျှံ ရွှေရောင်မီးတောက် စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်ရခြင်းကို ဘယ်တော့မှ ငြီးငွေ့မှာ မဟုတ်ပေ။

မင်ရှစ်ရင်က ထရပ်လိုက်၏။

“ဟီးဟီးဟီး ငါ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက် ဖြစ်သွားပြီ”

မည်သူမှ သူ့ကို မပြောဖြစ်ကြ။ သူတို့အားလုံးသည် ရွှေရောင်မီးတောက် စိတ်ဝိညာဉ်သဏ္ဌာန်ကို ရင်သပ်ရှုမောဖြစ်နေသေးသည်။

“ရှောင်ရှစ် မင်း ငါ့ရဲ့ ပွင့်ချပ်ကိုးလွှာစိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်ချင်လား” မင်ရှစ်ရင်သည် ပွင့်ချပ်ကိုးလွှာအဆင့်ကို အောင်မြင်စွာ အဆင့်ချိုးဖျက်တက်နိုင်ခဲ့မှုကြောင့် ပျော်ရွှင်နေ၏။

ခရုလေးသည် သူ့ကို လျစ်လျူရှုထားသည်။ သူမသည် သူ့ကို အထင်ကြီးသွားပုံမပေါ်။ သူမသည် ကောင်းကင်ထဲရှိ သူတို့ရှစ်စွင်းကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

“ရွှေရောင်မီးတောက်တွေ”

ထိုစကားနှစ်ခွန်းဖြင့် မင်ရှစ်ရင်သည် ငိုက်စိုက်ကျသွားပုံပေါ်၏။

လုကျိုးက ဆင်းသက်လာ၏။

ကျန်သည့်သူများက အရိုအသေပေးလိုက်တော့သည်။

မင်ရှစ်ရင်သည် သူ၏စိတ်ပျက်မှုများကို ရှင်းထုတ်လိုက်တော့သည်။ ပြီးနောက် အရိုအသေပေးကာ ပြောလိုက်တော့၏။

“ရှစ်စွင်း တပည့်ကံကောင်းပြီး ရှစ်စွင်းကို စိတ်မပျက်စေခဲ့ဘူး၊ တပည့်အခု ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့ပြီ”

လုကျိုးသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်လေ၏။

“သိပ်ကောင်းတယ်၊ မင်းကအခု ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက်ဖြစ်နေပြီ၊ ဒါပေမဲ့ မင်းဘာကြောင့် ပျော်တဲ့ပုံ မပေါ်တာလဲ”

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ပါဘူး၊ အဲလို မဟုတ်ဘူး၊ ရှစ်စွင်းထွက်သွားတော့မှာကို ဝမ်းနည်းနေရုံပါ”

မင်ရှစ်ရင်သည် အင်္ကျီလက်ကို မြှောက်လျက် မျက်ရည်တစ်စက်ကို သုတ်လိုက်သည်။

မိစ္ဆာဝေဟင်မျှော်နန်း၏ ကျန်သည့်ဂိုဏ်းသားများက ဆွံ့အကုန်တော့သည်။

အတုအယောင်ဆန်လိုက်တာ

နောက်ကောက်မကျစေရေးအတွက် ကျူးဟုန်ကုန်းသည် အထိတ်တလန့်ပြောလိုက်သည်။

“ရှစ်စွင်းထွက်သွားတော့မှာလား”

လုကျိုးသည် ကျန်သည့်သူများကို ကြည့်ပြီး ပြောလိုက်လေ၏။

“တာ့ယန်မှာ နောက်ထပ်ပွင့်ချပ်ကိုးလွှာကျင့်ကြံသူရှိနေပြီ၊ မကြာခင်မှာ နောက်ထပ် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတွေ ထပ်ပေါ်ပေါက်လာမယ်ဆိုတာ ယုံတယ်၊ ငါတို့တွေ သားရဲတွေကို မောင်းထုတ်နိုင်တယ်၊ ဒါပေမဲ့ လူသားတွေရဲ့ နှလုံးသားက ငါတို့ကြောက်ရွံ့သင့်တဲ့ အရာပဲ၊ ဒီနေရာမှာ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက်ရှိနေရင် အနီရောင်ကြာနယ်မြေ ကျူးကျော်လာတာကို ကာကွယ်နိုင်ပြီလေ”

ကျန်သည့်သူများက ခေါင်းညိတ်လိုက်၏။

လုကျိုးသည် မင်ရှစ်ရင်ကို ကြည့်ပြီး ပြောလိုက်၏။

“အနီရောင်ကြာနယ်မြေက ရွှေကြာနယ်မြေကို ကျူးကျော်ဖို့ အချိန်အတိုင်းအတာတစ်ခုပဲ လိုတယ်၊ မင်းရဲ့ တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးကို ပြန်ခေါ်ဖို့ အနီရောင်ကြာနယ်မြေကို သွားမှာ၊ တခြားကိစ္စက ခရုလေးရဲ့ ဇာစ်မြစ်ကို ရှာဖွေဖို့ပဲ၊ ပြီးတော့ အနီရောင်ကြာနယ်မြေကို မကျူးကျော်လာအောင် ကာကွယ်ချင်တယ်”

ထိုအရာအပြင် သူ့၌ နောက်ထပ်တစ်ခုရှိသည်။ သူသည် သူ့မှတ်ဉာဏ်သလင်း၏ ကျန်တစ်ပိုင်းကို ရှာဖွေပြီး လေဟာနယ်မျိုးစေ့နှင့် ကျန်သည့်အကြောင်းကို သိရှိချင်၏။

“မင်းက အခု ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ဖြစ်နေပြီ၊ တာ့ယန်ကို ကြည့်ရှုစောင့်ရှောက်”

“စိတ်မပျက်စေရပါဘူး ရှစ်စွင်း” မင်ရှစ်ရင်သည် ဒူးတစ်ဖက်ထောက်လိုက်သည်။

ယခုအချိန်တွင် ကျန်သည့်သူများက မင်ရှစ်ရင်ကို ကြည့်လိုက်သည်။ သူတို့မသိလိုက်ခင်မှာပင် မင်ရှစ်ရင်က မိစ္ဆာဝေဟင်မျှော်နန်း၌ အသန်မာဆုံးလူတစ်ယောက် ဖြစ်လာ၏။

လုကျိုးက ဆက်ပြောသည်။

“မင်းက ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ခါစ၊ မင်းရဲ့အသက်စွမ်းအင်က စီးထွက်နေပြီး မကြာခင်မှာ အသက်စွမ်းအင်က မင်းအသက်ကို ပြန်လည်ဖွဲ့တည်ဖို့ ဝင်လာလိမ့်မယ်၊ ငါ့ကို မင်းရဲ့လက်ပေး”

မင်ရှစ်ရင်က ခေါင်းညိတ်ပြီး လက်ဆန့်ထုတ်လိုက်သည်။

လုကျိုးသည် မင်ရှစ်ရင်၏ လက်ကောက်ဝတ်ပေါ် လက်နှစ်ချောင်း တင်လိုက်၏။ မင်ရှစ်ရင်ကို စစ်ဆေးပြီးနောက် သူဇဝေဇဝါ ဖြစ်သွားတော့သည်။ ရှုစစ်၏နှလုံးသားသည် သက်တမ်းရှစ်ရာ ထောက်ပံ့ပေး၏။ ရွှေကြာသည် သက်တမ်း၁၂၀၀ကျော် လိုအပ်လျှင် မင်ရှစ်ရင်က သူ၏ကိုယ်ပိုင်သက်တမ်း အနှစ်ငါးရာကျော်ဖြင့် ဖြည့်ရန်လိုအပ်၏။ သို့သော် မင်ရှစ်ရင်သည် အနှစ်လေးရာသာ သုံးလိုက်ပုံပေါ်သည်။ ဤနည်းဖြင့် ရွှေကြာစုပ်ယူသည့် သက်တမ်းနှစ်ကို အတိအကျ မတွက်နိုင်တော့ပေ။ သူတို့က ၁၂၀၀ဝန်းကျင်တွင် ရှိသည်။

“ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ပြီးရင် မင်းသက်တမ်းနှစ်ရာ ရလိမ့်မယ်၊ ပွင့်ချပ်တစ်လွှာအဆင့်ကနေ ပွင့်ချပ်ရှစ်လွှာအဆင့်ထိ မင်းက အဆင့်တိုင်းအတွက် သက်တမ်းငါးဆယ်ရမယ်၊ စုစုပေါင်း မင်းက သက်တမ်းခြောက်ရာ ရလိမ့်မယ်” လုကျိုးက ပြောလိုက်သည်။

မင်ရှစ်ရင်က အပျော်လွန်သွားတော့၏”သင်ပြပေးတာ ကျေးဇူးတင်ပါတယ် ရှစ်စွင်း”

တော်ပါသေးရဲ့ ဒီအိုမင်းနေတဲ့ သွင်ပြင်နဲ့ နေရမယ်ဆိုရင် ငါတော့ စိတ်ထိခိုက်ကုန်မှာပဲ

“ရွှေကြာနဲ့ ပွင့်ချပ်ကိုးလွှာအဆင့်ကို တက်လှမ်းရတာ ဒီလောက်အကျိုးရှိမယ်မှန်း တစ်ခါမှ မသိခဲ့ဘူး”တွမ့်မူရှန်းသည် အားကျစွာ ပြောလိုက်၏။

စီးဝူယာ့က ခေါင်းခါလိုက်သည်။

“အတိအကျ မဟုတ်ဘူး၊ ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ပြီးတဲ့နောက် မဟာအကန့်အသတ်က မသက်ဆိုင်တော့ဘူး၊ သားရဲတွေက အသက်ဓာတ်နှလုံးသားတွေ ကျနိုင်တယ်ဆိုတော့ သူတို့ရွှေကြာတွေ ဖြတ်တောက်ထားတဲ့သူတွေက အသက်ပြန်ဖြည့်ဖို့ သားရဲတွေကို အမဲလိုက်လို့ရတယ်၊နှစ်ခုကြားမှာ ကွာဟချက် သိပ်ရှိတော့မှာ မဟုတ်ဘူး”

ရွှေကြာဖြင့် ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ရှိရန်က ပိုခက်ခဲသည်။ ပိုခက်ခဲသောကြောင့် အကျိုးအမြတ်တချို့ ပိုရှိတာ သဘာဝကျသည်။

ရွှေကြာကို ဖြတ်တောက်ပြီးနောက် ပွင့်ချပ်ကိုးလွှာအဆင့်သို့ ရောက်ရှိရန် ပိုလွယ်ကူသွားပြီး ကျင့်ကြံသူများသည် ပိုမြင့်သည့်တန်ကြေး ပေးဆပ်ရတာ သဘာဝကျ၏။

လုကျိုးသည် လက်ဖဝါးဖြန့်လိုက်သည်။ ခွဲခွာချိတ်ကောက်က သူ၏လက်ဖဝါးထဲ၌ ပေါ်လာ၏။ သူသည် ၎င်းကို မင်ရှစ်ရင်အား ပေးလိုက်တော့သည်။

“မင်းကို ပြိုင်ဘက်ကင်းအဆင့် ခွဲခွာချိတ်ကောက်ပေးမယ်၊ ကောင်းကောင်းအသုံးချမယ်လို့ မျှော်လင့်တယ်”

မင်ရှစ်ရင်သည် ခွဲခွာချိတ်ကောက်ကို လှမ်းဖမ်းလိုက်ချိန်တွင် သူ၏လက်နက်ပေါ်ရှိ ပြောင်းလဲမှုများကို အာရုံခံမိလိုက်သည်။ သူက ဝပ်တွားလျက် သူ၏ ရှစ်စွင်းကို အရိုအသေပေးကာ ပြောလိုက်သည်။

“ပြိုင်ဘက်ကင်းအဆင့် လက်နက်အတွက် ကျေးဇူးတင်ပါတယ် ရှစ်စွင်း”

ကျန်သည့်လူများသည် မျက်လုံးများ ပြုတ်ကျလုနီးပါး ဖြစ်သွားကြသည်အထိ အားကျနေကြသည်။

လုကျိုး၌ တောက်ပကျောက်တုံး သုံးခုရှိသေးသည်။ လက်နက်တစ်ခုကို အဆင့်မြှင့်တင်ခြင်းက ကုသိုလ်မှတ် တစ်ထောင် ဆုရရှိသည်။ ထို့ကြောင့် သူသည် လက်နက်များကို ဝမ်းမြောက်ဝမ်းသာ အဆင့်မြှင့်တင်မည်။ သူမထွက်သွားခင် အမြင့်ဆုံးတန်ဖိုးကို ရနိုင်ရန် ၎င်းကို အသုံးပြုမည့်လူအကြောင်း စဉ်းစားနေတာ ဖြစ်သည်။ သူတပည့်များ၏ ခွန်အားကို မြှင့်တင်ပေးရန် ဆုံးဖြတ်ထားသည်။

“မင်းအခုသွားပြီး မင်းရဲ့ရွှေကြာကို တည်ငြိမ်အောင် လုပ်သင့်ပြီ” လုကျိုးက ပြောလိုက်သည်။

“နားလည်ပါပြီ”

ကျန်သည့်သူများကလည်း မင်ရှစ်ရင်ဘက်လှည့်ကာ လက်သီးဆုပ်မိုးလိုက်ကြသည်။

“ဂုဏ်ပြုပါတယ် စစ်ရှစ်တိ”

“ဂုဏ်ပြုပါတယ် စစ်ရှစ်ရှိုး”

“ဂုဏ်ပြုပါတယ် စတုတ္ထသခင်လေး”

မင်ရှစ်ရင် လည်ချောင်းရှင်းလျက် ရင်ဘတ်ကော့ကာ ပြောလိုက်တော့သည်။

“တခမ်းတနား လုပ်နေဖို့ မလိုပါဘူး၊ ကျုပ်က လွယ်ကူတဲ့လူတစ်ယောက် ဖြစ်နေသေးတုန်းပါပဲ၊ ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခု မြင်ချင်တယ်ဆိုရင် ပြောသာပြောလိုက်၊ ဒါနဲ့ အစောတုန်းက ကောင်းကောင်းကြည့်လိုက်ရရဲ့လား၊ ထပ်ပြီး သရုပ်ပြရမလား”

လုကျိုးက မျက်မှောင်ကြုတ်လိုက်လေ၏။

“ရိုင်းလိုက်တာ”

ပုံမှန်ဆို သူသည် သူ၏စတုတ္ထတပည့်ကို စိုးရိမ်ပူပန်စရာမလိုပေ။ သို့သော် သူ၏စတုတ္ထတပည့်သည် အဆင့်ချိုးဖျက်တက်ပြီးနောက် သူ၏နေရာကို မေ့သွားပြီ ဖြစ်ပုံပေါ်၏။

“အင် ပြီးမှပြန်လာမယ်”

မင်ရှစ်ရင်က သူ့အခန်းထဲ အမြန်သွားလိုက်၏။

စီးဝူယာ့က အရိုအသေပေးကာ မေးလိုက်တော့သည်။

“ရှစ်စွင်း ဘယ်တော့လောက်သွားဖို့ စီစဉ်ထားလဲ”

လုကျိုးသည် မုတ်ဆိတ်သပ်လျက် ဖြေလိုက်သည်။

“သုံးရက်ကြာပြီးရင်”

“ဒီလိုဆိုရင် ကောင်းကင်ရထားလုံးကို ကျွန်တော်စစ်ဆေးကြည့်လိုက်မယ်”

လုကျိုးသည် ကျန်သည့်သူများကို ထပ်ကြည့်လိုက်၏။

မိစ္ဆာဝေဟင်မျှော်နန်းက လုံလောက်အောင် သန်မာနေပြီလား၊ သူတို့ခွန်အားသည် လုံလောက်ဖို့ ဝေးသေးသည်ဟု သူခံစားနေရသည်။

ကဲ့သို့ သိုင်းပညာရှင် ပေါ်လာခဲ့လျှင် ထိုလူကို ဖြေရှင်းဖို့ သူတို့အတွက် ခက်ခဲသွားလိမ့်မည်။

ကံကောင်းသည်မှာ စီးဝူယာ့နှင့် မင်ရှစ်ရင်က ကြည့်ရှု့စောင့်ရှောက်ပေးရန် ဤနေရာတွင် ရှိနေ၏။ ထိုကဲ့သို့ သိုင်းပညာရှင်ကို ထိပ်တိုက်ရင်ဆိုင်ရလောက်အောင် သူတို့ တုံးအမှာ မဟုတ်ပေ။

ကျန်သည့်သူများအတွက်မူ

“ဖန်ကျုံး”လုကျိုးက ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ မျှော်နန်းသခင်” ဖန်ကျုံးက ရှေ့သို့ တိုးလာလေ၏။

“မင်းကို အသက်ဖြတ်တောက်သူ ပေးမယ်၊ ကောင်းကောင်း အသုံးချမယ်လို့ မျှော်လင့်တယ်”

လုကျိုးသည် သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်၏။ အသက်ဖြတ်တောက်သူသည် သူ၏လက်ထဲ၌ ပေါ်လာကာ ဖန်ကျုံးဆီ ရောက်သွားတော့သည်။

ဖန်ကျုံးက တုန်ယင်သွား၏။ သူက မျက်လုံးပြူးလျက် ဒူးထောက်လိုက်တော့သည်။ သူက စိတ်လှုပ်ရှားစွာ ပြောလိုက်ကာ

“ဖန်ကျုံးက ကောင်းကင်အဆင့်လက်နက် လက်ဆောင်ပေးတဲ့အတွက် မျှော်နန်းသခင်ကို ကျေးဇူးတင်ပါတယ်”

အသက်ဖြတ်တောက်သူကို ရရှိပြီးနောက် သူသည် ၎င်းကို ပိုင်ဆိုင်နိုင်ရန်သွေးတိုက်ရမည်။ သူသည် အစစ်အမှန် ကောင်းကင်အဆင့်လက်နက်ကြောင့် စိတ်လှုပ်ရှားသွားလေ၏။

“တင် အသက်ဖြတ်တောက်သူက သူ့ပိုင်ရှင်ကို အသိအမှတ်ပြုပြီးပါပြီ ဆုလာဒ်ကုသိုလ်မှတ် တစ်ထောင်”

“ကျိုးကျစ်ဖုန်း”

“မင်းကို အဆင့်မြင့် လေဟာနယ်ပေးမယ်၊ ကောင်းကောင်းအသုံးချမယ်လို့ မျှော်လင့်တယ်”

လုကျိုးသည် သူ၏အင်္ကျီလက်ကို ထပ်မံဝှေ့ယမ်းလိုက်၏။

‘အဆင့်မြင့်လေဟာနယ်လား၊ ဒါက သာလွန်ကောင်းကင်အဆင့်လက်နက်ပဲ’

ကျိုးကျစ်ဖုန်းက နာမည်အခေါ်ခံလိုက်ရသည်နှင့် သူသည် ဓာတ်လိုက်သွားသည့်ပမာ ခံစားလိုက်ရသည်။ သူက ရှေ့တိုးလျက် ဒူးထောက်လိုက်တော့သည်။ လက်နှစ်ဖက်ကို မြှောက်လျက် ပြောလိုက်၏။

“ကောင်းကင်အဆင့်လက်နက်အတွက် ကျေးဇူးတင်ပါတယ် မျှော်နန်းသခင်”

“အဆင့်မြင့် လေဟာနယ်က တကယ်ကောင်းကင်အဆင့်လက်နက်ပဲ၊ အနီရောင် သင်္ကေတတွေကို ဖျက်ဆီးထားပြီးသား၊ သာလွန်ကောင်းကင်အဆင့် လက်နက်မဟုတ်တော့ဘူး၊ မင်းတို့ အချင်းချင်း မနှိုင်းယှဉ်သင့်ဘူး” လုကျိုးက ပြောလိုက်လေ၏။

All Chapters