← Chapters

အခန်း (၇၃၀-၇၃၂)

Vol. 49 Ch. 730-732

အခန်း (၇၃၀-၇၃၂)

Vol. 49 Ch. 730-732

အခန်း (၇၃၀) ပြင်ဆင်မှုနှင့် အဆုံးမဲ့ပင်လယ်

သူတို့လက်ထဲ ကောင်းကင်အဆင့်လက်နက် ရရှိဖို့ ဘာမဆိုလုပ်မည့်သူများစွာ ရှိလေသည်။ ကျင့်ကြံသူအမြောက်အများက ထိုသို့ကောင်းကင်အဆင့် လက်နက်မျိုးကို ပိုင်ဆိုင်ချင်ကြသော်လည်း မတတ်နိုင်ကြပေ။

ကျိုးကျစ်ဖုန်းနှင့် ဖန်ကျုံးတို့က မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်ဆယ်ယောက်ကို အားကျနေကြသော်လည်း ထိုအရာက သူတို့ အဆုံးအစွန် တတ်နိုင်သည့်အရာသာ ဖြစ်၏။ သူတို့အနေနှင့် တပည့်များကဲ့သို့ လက်နက်ပိုင်ဆိုင်ရဖို့ မမျှော်လင့်ရဲပေ။ သူတို့အနေနှင့် ထိုသို့လက်နက်မျိုးနှင့် အနီးကပ်ဆုံး ထိတွေ့မိသည့်အခေါက်က အံ့ဖွယ်မြို့တော်ကို သိမ်းပိုက်စဥ် တော်ဝင်မိသားစု၏ အတွင်းသိုလှောင်ခန်းကို ဝင်ရောက်စဥ်အခါက ဖြစ်သည်။ သို့သော်လည်း မိစ္ဆာဝေဟင်မျှော်နန်းတွင် လက်နက်များစွာ ရှိနေသည့်အတွက် သိုလှောင်ခန်းမှ လက်နက်များကို ယူဆောင်ဖို့ လိုအပ်မည်လား။

ကောင်းကင်အဆင့်လက်နက် ပိုင်ဆိုင်ထားခြင်းက ကိုယ့်ဘာသာကို ချီးကျူးထိုက်တန်သည့်အရာတစ်ခု ဖြစ်ပေသည်။

ကျိုးကျစ်ဖုန်းက အဆင့်မြင့်လေဟာနယ်ဓားကို လေးလေးစားစား လက်ခံယူလိုက်၏။ သူက စိတ်လှုပ်ရှားနေမိသည့်အတွက် စကားပြောဖို့ရာပင် မနည်းကြိုးစားနေရသည်။

”မျှော်နန်းသခင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဘဝတစ်လျှောက်လုံးကို မိစ္ဆာဝေဟင်မျှော်နန်းဆီမှာ အပ်ထားပြီးတော့ လိုအပ်လာရင်လည်း အသက်ကို စတေးပါ့မယ်”

သူတို့၏ သစ္စာရှိမှုက ၁၀ ရာခိုင်နှုန်းစီ မြင့်တက်သွားသည်။

ထိုအရာဖြင့် လူငယ်မျိုးဆက်၏ သစ္စာရှိမှုသည် ၈၀ ရာခိုင်နှုန်းအထက် မြင့်တက်လာကြသည်။

လုကျိုးက သက်တမ်းရင့်မျှော်နန်းဆောင်မှ အဖွဲ့ဝင်လေးယောက်ကို ကြည့်လိုက်၏။

တခြားသူများကလည်း သူ့အကြည့်အတိုင်း လိုက်ကြည့်လိုက်ကြသည်။

မျှော်နန်းသခင်က ဒီနေ့ဘာဖြစ်နေပါလိမ့်။ သူက လက်နက်တွေကို ခွဲဝေပေးနေတာပါလိမ့်။...

" လန်လော့ " လုကျိုးက ခေါ်လိုက်သည်။

လန်လော့က လူငယ်များလောက် အမူအရာဖော်ပြခြင်းမျိုး မရှိပေ။ သူ့ဘဝတစ်လျှောက်တွင် လက်နက်များစွာ ပိုင်ဆိုင်ခဲ့ဖူး၏။ သူက ကိုယ်ပျောက်နည်းစနစ်ကို ကျင့်ကြံသည့်အတွက် သူ တစ်ဖက်လူကို အနိုင်မယူနိုင်ကြောင်း ခံစားလာမိသည့်အခါ ထွက်ပြေးဖို့သာ ရွေးချယ်လေ့ရှိသည်။ သူ့အတွေ့အကြုံ ကြွယ်ဝမှုနှင့် ဗဟုသုတများပြားမှုတို့ဖြင့် ကိစ္စတစ်ခုခုကြောင့် သက်ရောက်ခြင်း ခံရဖို့ရာ သိပ်မဖြစ်နိုင်ပေ။

လုကျိုးက ကျန်ရှိနေသည့်လက်နက်များကို ကြည့်လိုက်သည်။ အမည်မဲ့၊ ကျောက်စိမ်းမြင်းမြီးတုတ်၊ အစက်အပြောက်မဲ့ ဓား၊ စီရင်ချက်စုတ်တံနှင့် ကြိုးမျှင်ကိုးသွယ် ဗျပ်စောင်းတို့ ဖြစ်ကြသည်။ သူက အမည်မဲ့ကို မပေးနိုင်ပေ။ ထိုအရာက သူ့ဝှက်ဖဲတစ်ခု ဖြစ်၏။ သူ့ကျင့်ကြံဆင့် တိုးမြင့်လာသည်နှင့်အမျှ လိုက်လံအားကောင်းလာမည့် တစ်ခုတည်းသော လက်နက်လည်း ဖြစ်ပေသည်။ ထို့အပြင် ထိုအရာကို အနက်ရောင်သင်္ကေတများဖြင့် ရေးထွင်းထား၏။ မထိုးဖောက်နိုင်သည့် ကောင်းကင်လွန်းပင် ထိုအရာ၏ ရှေ့တွင် စာရွက်လွှာကဲ့သို့ ဖြစ်သွားသည်။

ကျောက်စိမ်းမြင်းမြီးတုတ်က ဗုဒ္ဓဘာသာနှင့် တာအိုဂိုဏ်းများ အသုံးပြုသည့်အရာ ဖြစ်၏။ လန်လော့ကို သိထားသောကြောင့် သူက ထိုအရာကို လက်ခံမည် မဟုတ်ပေ။

အစက်အပြောက်မဲ့ ဓားကရော...

စီရင်ချက်စုတ်တံက ကွန်ဖြူးရှပ်ကျောင်းတော်မှ တစ်စုံတစ်ယောက်အသုံးပြုသည့်အခါ အကောင်းဆုံး ဖြစ်၏။ ထိုအရာက စာသားများရေးသားဖို့နှင့် သင်္ကေတအက္ခရာများကို ရေးသားရာတွင် အလုပ်ဖြစ်လေသည်။

ကြိုးမျှင်ကိုးသွယ် ဗျပ်စောင်းကရော...

ကျန့်ဝမ်ရွှီ ချန်ထားသည့်စာအရ ထိုလက်နက်သည် အမျိုးသမီးလော့ သို့မဟုတ် လော့ရှစ်ယင်၏ လက်နက် ဖြစ်ဖို့ များသည်။ သို့သော်လည်း ထိုလက်နက်က သူ့၏ ဆယ်ယောက်မြောက် တပည့် ခရုလေးနှင့် ပိုမိုသင့်တော်နေ၏။ လုကျိုးက ခရုလေးသည် လော့ရှစ်ယင် ဖြစ်လိမ့်မည်ဟု တစ်ခါက သံသယရှိခဲ့ဖူးသည်။ သူမတို့က တူညီချက်များစွာ ရှိနေသည် မဟုတ်ပါလော။

ထိုအရာက သူမ နိုးထသည့်အခြေအနေကိုလည်း ရှင်းပြပြီးသား ဖြစ်သွားလိမ့်မည်။

တော်ဝင်မင်းဆရာ ကျန့်ဝမ်ရွှီက ထိုအကြောင်းကို ငြင်းဆန်ခဲ့သည်။ ထို့အပြင် လန်လော့က ဗျပ်စောင်းတီးခတ်မည့်သူ မဟုတ်ပေ။ ထိုအရာများကို ဖယ်ရှားလိုက်ပြီးသည့်နောက်တွင် အစက်အပြောက်မဲ့ ဓားကသာ ကျန်ရှိလေ၏။

" မင်းကို အစက်အပြောက်မဲ့ ဓားကို ပေးမယ်။ ဒါကို ကောင်းကောင်း အသုံးပြုနိုင်ဖို့ မျှော်လင့်တယ်”

သူက အင်္ကျီလက်ကို ဝေ့ယမ်းလိုက်၏။

အစက်အပြောက်မဲ့ ဓားက လန်လော့လက်အတွင်း ကျရောက်သွားသည်။

" သာလွန် ကောင်းကင်အဆင့် အစက်အပြောက်မဲ့ ဓား " ဖန်လီထန်းက အားကျစွာ ကြည့်လိုက်သည်။

" သာလွန် ကောင်းကင်အဆင့် အစက်အပြောက်မဲ့ ဓားလက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်” လန်လော့က ဓားကို လက်ခံလိုက်ပြီးနောက် သူက သူ့အတွေ့အကြုံများစွာ ရှိသော်လည်း စိတ်လှုပ်ရှားနေမိသည်။

မိစ္ဆာဝေဟင်မျှော်နန်းမှ တခြားသူများက ထိုအရာနှင့် ပတ်သက်ပြီး တခြားအမြင် မရှိကြပေ။ မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲများက သာလွန် ကောင်းကင်အဆင့်လက်နက် ရရှိသည်မှာ ပုံမှန်သာ ဖြစ်၏။

ကျိုးကျစ်ဖုန်းနှင့် လန်လော့တို့က သူတို့၏ လက်နက်များကို သွေးတိုက်လိုက်ကြသည်။

လုကျိုးက ကုသိုလ်ရမှတ် ၂၀၀၀ ရရှိလိုက်၏။ ထို့နောက် သူက မုတ်ဆိတ်သပ်ကာ ပြောလိုက်၏” ဘာမှ မရှိရင် ဒီနေ့တော့ ဒီလောက်ပဲ "

သူက စကားအဆုံးတွင် လက်နောက်ပစ်လျက် ထွက်ခွာသွားသည်။

တခြားသူများက ဦးညွှတ်လိုက်ကြ၏။

ဟွားဝူတောက်က လက်မောင်းကို အသာရမ်းကာ သူ့ပါးစပ်ဖျားမှ စကားများကို မျိုသိပ်လိုက်ရသည်။

ကျုပ်ကရော ကျုပ်အတွက် လက်နက်မရှိဘူးလား...

သူက သက်ပြင်းချလိုက်၏။ လက်တွေ့ကို လက်ခံရုံမှအပ ဘာမှမတတ်နိုင်ပေ။

ဖန်လီထန်းက လန်လော့ဆီ အားကျသည့်အရိပ်အရောင်ဖြင့် လျှောက်လှမ်းလာ၏။

” မင်းက ကံကောင်းတာပဲ။ မင်းက သာလွန် ကောင်းကင်အဆင့်လက်နက်တောင် ရလိုက်တယ်။ ငါတော့ အခု ဖိအားခံစားနေရပြီ”

လန်လော့က ပြန်လည်ချေပလိုက်၏။

” အမြဲတမ်း ဖိအားခံစားနေရတာ မဟုတ်ဘူးလား”

" ငါက ငါ့ဆီမှာ သေရည်ဘူးသီးခြောက် ရှိတယ်။ ဘာလို့ ဖိအားခံစားရမှာလဲ။ မျှော်နန်းသခင်က မင်းကို သေချာစောင့်ကြည့်ပေးတာပဲလေ” ဖန်လီထန်းက ပြောလိုက်၏။

" တခြားအကြီးအကဲတွေကလည်း သူတို့ဘာသာသူတို့ လက်နက်တွေ ရှိကြတယ်။ မျှော်နန်းသခင်က ငါ့ကို ဒီလက်ဆောင်ပေးတာ ပုံမှန်ပါပဲ”

အနီးနားတွင် ကျော့ယီရှုက သူမ၏ ရစ်ပတ်နဂါးတုတ်ချောင်းကို ကိုင်ဆောင်ထား၏။ ဖန်လီထန်းနှင့် တူညီစွာ သူမကို တခြားလက်နက် ပေးလျှင်ပင် သူမက လက်ခံမည် မဟုတ်ပေ။

ဟွားဝူတောက်ကသာ တောင်ဘက်မျှော်နန်းဆောင်အပြင်ဘက်တွင် သက်ပြင်းချနေသည့် တစ်ဦးတည်းသော သူ ဖြစ်၏။

...

လုကျိုးက အခန်းအတွင်း ပြန်ရောက်ပြီးသည့်အခါ စနစ်ကို ခေါ်ကြည့်လိုက်ပြီး ကုသိုလ်ရမှတ်နှင့် သက်တမ်းကို စစ်ဆေးကြည့်လိုက်သည်။

ကုသိုလ်ရမှတ် - ၁၂၀၄၀

လက်ကျန်သက်တမ်း - ၂၁၈၉၈၅ ရက်

အသုံးပြုပစ္စည်းများ။ ။အသေရိုက်ချက်ကတ် ၂ ကတ်၊ အတိုက်အခိုက် ဒဏ်ပြင်းကာကွယ်ကတ် ၁၃၈ ကတ်(အလိုအလျောက်သုံး)၊ ချုပ်နှောင်ရေး လှောင်ချိုင့်ကတ် ၅ ကတ်၊ နတ်ခြင်္သေ့၊ ပိအန်း၊ ကျီလျန့်၊ ချုံးချီ၊ ရုပ်ဖျက်ကတ် ၂ ကတ်၊ ရွှေရောင်ထိုက်ရွီကြေးမုံ၊ အသွင်ပြောင်းကတ် ၃ ကတ်၊ တောက်ပကျောက်တုံး ၃ တုံး၊ အကြောင်းပြန်လှန်ကတ် ၂၈ ကတ်

လက်နက်။ ။ အမည်မဲ့၊ ကျောက်စိမ်းမြင်းမြီးတုတ်၊ စီရင်ချက်စုတ်တံ၊ ကြိုးမျှင်ကိုးသွယ် ဗျပ်စောင်း

သူ့ပွင့်ချပ်ကိုးလွှာ ကျင့်ကြံဆင့်ဖြင့် ထိုအသုံးပြုပစ္စည်းများသည် ယခင်လောက် မရှိတော့ပေ။

လုကျိုးဆီ ပြဿနာတစ်ခု ထွက်ပေါ်လာ၏။

သူက ကံစမ်းမဲဆီမှ ရရှိထားသည့် စီးတော်သားရဲများသည် စနစ်၏ စွမ်းအားကြောင့် ရရှိလာခြင်း ဖြစ်၏။ ကျီလျန့်နှင့် ပတ်သက်လာသည့်အခါ သူကိုယ်တိုင်အညံ့ခံလာခြင်း ဖြစ်၏။ ချုံးချီနှင့် ပတ်သက်လာသည့်အခါ သူကိုယ်တိုင် ယဥ်ပါးအောင် လုပ်ခဲ့ရသည်။ အနီရောင်ကြာနယ်မြေသို့ သွားရောက်သည့်အခါ သူက သူ့စီးတော်သားရဲများကို မည်သို့ ခေါ်ဆောင်သွားနိုင်မည်နည်း။

ဤသည်က ပြဿနာတစ်ခု ဖြစ်၏။

ကံဆိုးစွာဖြင့် စနစ်ဆီမှ ဘာအကြောင်းကြားချက်မှ မရရှိပေ။ ထိုအရာက သိပ်ဉာဏ်မကောင်းလှပေ။

" အချိန်ကျလာတဲ့အခါ တခြားဘက်ကနေ သူတို့ကို ဆင့်ခေါ်ကြည့်လိုက်မယ်”

ထိုကိစ္စကို ယခုအခိုက်အတန့်တွင် တွေးသည်က သူ့အတွက် အသုံးမဝင်ပေ။ သူက အနီရောင်ကြာနယ်မြေနှင့် ရင်ဆိုင်နေရင်း သူ့အရေးသာချက်များကို အသုံးပြုဖို့သာ တွေးထားလိုက်၏။

လုကျိုးက သူ့ရုပ်ဖျက်ကတ်ကို သတိထားမိလိုက်သည်။ ယခုသူက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ဖြစ်နေပြီဖြစ်ကာ အဘယ့်ကြောင့် ရုပ်ဖျက်ဖို့ လိုအပ်မည်နည်း။

သူက ညာဘက်လက်ကို ဆန့်ထုတ်လိုက်၏။

ရုပ်ဖျက်ကတ်က သူ့လက်အတွင်း ပေါ်ထွက်လာသည်။

ဤတစ်ကြိမ် စနစ်မှ သတင်းစကားတစ်ခု ထွက်ပေါ်လာ၏။

" စိတ်ဝိညာဥ်သဏ္ဌာန်ရဲ့ အရောင်ကိုလည်း ပြောင်းလဲလို့ ရတယ်”

" အရောင်လား "

လုကျိုးက ချက်ချင်းသဘောပေါက်သွားလေသည်။

ငါက နယ်ခြားဆိုတာကို သိသွားရင် ဝိုင်းဝန်းတိုက်ခိုက်ခံရမှာကို စိုးရိမ်နေတာလား။ အသုံးမဝင်တဲ့ ကတ်ပဲ။ အသွင်ပြောင်းကတ်နဲ့တောင် ယှဥ်လို့မရဘူး...

အသုံးပြုနိုင်သည့်ကတ် များများစားစားမကျန်ပေ။

မိုးကြိုးသွားကတ်သည် သူက တခြားသူများကို ခြိမ်းခြောက်သည့်အခါ အမြဲလိုလို အသုံးဝင်လေ့ရှိ၏။

ထိုအရာ၏ တန်ကြေးက ကုသိုလ်ရမှတ် ၅၀၀၀ ဖြစ်သည်။

" တစ်ခုဝယ်မယ် "

သူက လိုလိုမယ်မယ် မိုးကြိုးသွားကတ် ၁ ကတ်ကို ဝယ်ယူလိုက်သည်။

သူက ကုသိုလ်ရမှတ် ၇၀၄၀ သာ ကျန်ရှိတော့၏။

လုကျိုးက ကံစမ်းမဲကို စမ်းကြည့်ဖို့ စဥ်းစားလိုက်သည်။ သို့သော်လည်း သူက ကံကောင်းမှတ် ၁၀၀ ကို မြင်လိုက်သည့်အခါ ခေါင်းသာရမ်းလိုက်၏။

ငါ သူတို့ကို စုဆောင်းထားသင့်တယ်။ ဥရောပဧကရာဇ်တောင် ဒါကို ယှဥ်နိုင်မှာမဟုတ်ဘူး...

" ငါ့ဆီမှ တောက်ပကျောက်တုံး ၃ တုံး ကျန်သေးတယ်။ ဘယ်သူ့အပေါ် အသုံးပြုရင် ကောင်းမလဲ "

ယဲ့ထျန်းရှင်းက ယခုအခါ ပြိုင်ဘက်ကင်းအဆင့် မာယာကျော့ကွင်း ရရှိထားပြီဖြစ်ကာ မင်ရှစ်ရင်ကလည်း ပြိုင်ဘက်ကင်းအဆင့် ခွဲခွာချိတ်ကောက် ရရှိထားလေပြီ။

ကျန်ရှိနေသည့် သူ့တပည့်များကြား စီးဝူယာ့က အတည်ငြိမ်ဆုံး ကျင့်ကြံသူတစ်ယောက် ဖြစ်၏။

တွမ့်မူရှန်းက တခြားသူများလောက် ပါရမီ မကောင်းသော်လည်း သူ့အရေးသားချက်က လုံ့လ ဝီရီယ ဖြစ်သည်။ လုကျိုးက သူ ပွင့်ချပ်ခုနှစ်လွှာ သို့မဟုတ် ရှစ်လွှာအဆင့် ရောက်ရှိသည်နှင့် ပြိုင်ဘက်ကင်းအဆင့် လက်နက်ကို ပေးဖို့ ဆုံးဖြတ်ထား၏။

ကျောင်းယွဲ၏ ကျင့်ကြံဆင့်က အမြဲလိုလို နောက်ကျနေလေ့ရှိသည်။ သူမက တိုင်းပြည်ကို အုပ်ချုပ်ရင်း အလုပ်များနေလေ၏။ ထို့အပြင် သူမက အံ့ဖွယ်မြို့တော်အတွင်း အလှမ်းဝေးနေသည်။

ရှောင်ယွမ်အာလား...

လုကျိုးက ဆုံးဖြတ်ချက် ချလိုက်သည်။ သူက စီးဝူယာ့နှင့် ရှောင်ယွမ်အာကို ဆင့်ခေါ်လိုက်၏။ သူတို့နှစ်ဦးက အရှေ့မျှော်နန်းဆောင်သို့ ရောက်ရှိလာသည့်အခါ နားမလည်နိုင် ဖြစ်နေကြသည်။ သူတို့က အခန်းအတွင်း ဝင်ရောက်လိုက်သည့်အခါ သူတို့၏ ရှစ်စွင်းက ထိုင်ခုံပေါ်တွင် ထိုင်နေသည်ကို မြင်လိုက်ရ၏။ သူက မျက်လုံးမှိတ်ကာ အနားယူနေသည်။ သူ့လက်က ပေါင်ပေါ်တင်ထား၏။

" ရှစ်စွင်းကို ဂါရဝပြုပါတယ် " နှစ်ဦးသားက ဒူးထောက်လိုက်ကြသည်။

လုကျိုးက မျက်လုံးဖွင့်ကာ ပြောလိုက်၏။

” မင်းတို့ လက်နက်ကို ဒီမှာ ထားခဲ့ "

စီးဝူယာ့နှင့် ရှောင်ယွမ်အာက အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

" ရှစ်စွင်းက ဘာလုပ်မလို့လဲ " ရှောင်ယွမ်အာက မေးလိုက်၏။ သူမက တခြားသူများထက် သတ္တိကောင်းလေသည်။

" မနက်ဖြန်ကျရင် သိလိမ့်မယ် "

" ဟုတ်ကဲ့ပါ "

နှစ်ဦးသားက လက်နက်ကို ထားရှိပြီးသည့်နောက်တွင် အရှေ့မျှော်နန်းဆောင်မှ ထွက်လာလိုက်ကြသည်။

လုကျိုးက တုံ့ဆိုင်းမနေဘဲ တောက်ပကျောက်တုံး ၂ ခုကို အသုံးပြုလိုက်၏။

ဒေါင်းမြီးယပ်တောင်က မီးတောက်အတွင်း လောင်ကျွမ်းသွားကာ တောက်ပလာသည်။

နိဗာနခါးစည်းက အဝတ်ဖြင့် ပြုလုပ်ထားမှန်း သိသာသော်လည်း မီးတောက်အတွင်း ထိခိုက်မှု မရှိပေ။

အရာအားလုံးက အဆင်ပြေချောမွေ့နေ၏။ ထို့နောက် လုကျိုးက တရားထိုင်လိုက်သည်။

...

နောက်တစ်ရက် မနက်ခင်းတွင်

လုကျိုးက သတိပေးချက် ၂ ခုကို ကြားလိုက်ရ၏။

" တင်း...ပြိုင်ဘက်ကင်းအဆင့် ဒေါင်းမြီးယပ်တောင်ကို ရရှိပါတယ်။ ဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၀၀၀ ရရှိပါတယ်”

" တင်း...ပြိုင်ဘက်ကင်းအဆင့် နိဗာနခါးစည်းကို ရရှိပါတယ်။ ဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၀၀၀ ရရှိပါတယ်”

လုကျိုးက လက်နက်များကို စီးဝူယာ့နှင့် ရှောင်ယွမ်အာဆီ ပြန်ပေးလိုက်သည်။ ထို့နောက် သူက တရားပြန်ထိုင်လိုက်၏။

...

မျက်စိတစ်မှိတ်အတွင်း ၃ ရက်တာ ကုန်ဆုံးသွားလေသည်။

ဒေါင်းမြီးယပ်တောင်ကို ရရှိပြီးသည့်နောက်တွင် စီးဝူယာ့က အံ့အားသင့်နေမိ၏။ သူက ယပ်တောင်ကို ထိကြည့်ပြီးသည့်နောက်တွင် သူ့ဘာသာသူ ရေရွတ်လိုက်သည်” ရှစ်စွင်းက ငါတို့လက်နက်ရဲ့အဆင့်ကို ဘယ်လိုမြှင့်တင်လိုက်တာလဲ "

သူက ဒေါင်းမြီးယပ်တောင်အကြောင်းကို ယွီရှန်းရုန်က သူ့အသက်ရှည်ဓားကို သိထားသလိုမျိုး ကောင်းကောင်းသိလေသည်။ ထိုအရာကို ထိကြည့်ခြင်းဖြင့် ဒေါင်းမြီးယပ်တောင်သည် အဆင့်မြင့်သွားကြောင်း သိလိုက်၏။

" ရွှေရောင်မီးတောက်လား " စီးဝူယာ့က သူ့ရှစ်စွင်း၏ ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဥ်သဏ္ဌာန်ကို ပြန်လည်အမှတ်ရလိုက်သည်။

ကျင့်ကြံရေးလောကတွင် မြင့်မားသည့် စံနှုန်းနှင့် ကိုက်ညီသည့် မီးတောက်များမှလွဲ၍ အသုံးပြုပစ္စည်းများက အရေးကြီးလှသည်။ ပန်းပဲဆရာ၏ အရည်အချင်းနှင့် ကျင့်ကြံဆင့်က မြင့်လေလေ လက်နက်၏ အရည်အသွေးက ပိုမိုကောင်းမွန်လေလေ ဖြစ်၏။

တခြားရှင်းပြချက် မလိုအပ်ပေ။ စီးဝူယာ့က ထိုအရာသည် ရွှေရောင်မီးတောက်နှင့် သက်ဆိုင်နေရမည်ဟု ကောက်ချက်ချလိုက်သည်။

...

စီးဝူယာ့က အရှေ့ဘက်မျှော်နန်းဆောင်သို့ ရောက်လာသည့်အခါ ခေါ်လိုက်၏” ရှစ်စွင်း ကောင်းကင်ရထားလုံးက အဆင်သင့်ဖြစ်ပါပြီ "

အခန်းအတွင်းမှ အသံတစ်သံထွက်လာသည်” ကောင်းပြီ။ ရှောင်ယွမ်အာနဲ့ ခရုလေးကို ကောင်းကင်ရထားလုံးအနားမှာ စောင့်နေဖို့ ပြောလိုက် "

" ဟုတ်ကဲ့ "

…

အခန်း(၇၃၁) မြူထဲရှိဧရာမသတ္တဝါ

မိစ္ဆာဝေဟင်မျှော်နန်း၏ ရင်ပြင်‌တွင်ဖြစ်သည်။

မိစ္ဆာဝေဟင်မျှော်နန်း၏ ဂိုဏ်းသားများသည် ကောင်းကင်ရထားလုံးနားတွင် စုဝေးနေလေ၏။

သူတို့သည် အနီရောင်ကြာနယ်မြေဆီသို့ မျှော်နန်းသခင်ထွက်ခွာသွားမှုကိုမလွဲချော်ရဲချေ။

သူ၏ရှစ်စွင်းက ရှောင်ယွမ်အာနှင့် ခရုလေးကို ဆင့်ခေါ်ရန်ပြောသည့်အချိန်၌ သူ့ရှစ်စွင်း၏ ရည်ရွယ်ချက်ကို စီးဝူယာ့နားလည်သည်။ သူ၏ရှစ်စွင်းသည် ဤမိန်းကလေးနှစ်ယောက်ကို သူနှင့်အတူခေါ်သွားရန် ရည်ရွယ်ထား၏။

ရှောင်ယွမ်အာသည် နက်နဲသောကျင့်ကြံစဉ်ရှိပြီး သူတို့ရှစ်စွင်း၏ မျက်နှာသာပေးမှု ရရှိထားသည်။ သူမကို ခေါ်သွားခြင်းက အံ့ဩစရာမဟုတ်ပေ။ ကျန်သည့်သူများ၌ ထိုအတွက် အမြင်မရှိ။

ခရုလေးသည် အနီရောင်ကြာကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူတို့၏ရှစ်စွင်းက သူမကိုပါ ခေါ်သွားဖို့ ဆုံးဖြတ်တာ သဘာဝကျ၏။

ခဏစောင့်ပြီးနောက် လုကျိုးသည် သူတို့၏ရှေ့၌ ပေါ်လာတော့သည်။

“ကြိုဆိုပါတယ် မျှော်နန်းသခင်”

“ကြိုဆိုပါတယ် ရှစ်စွင်း”

လုကျိုးသည် သူတို့ကိုကြည့်ပြီးနောက် နောက်ဆုံးတွင် သူ၏အကြည့်က ကောင်းကင်ရထားလုံးလေးဆီ ရောက်သွား၏။

စစ်ဆေးရှင်းလင်းပြီး‌နောက် ကောင်းကင်ရထားလုံးဆီ ယခုဆိုအစွမ်းပျောက်ကင်းမဲ့နေ၏။ မျက်နှာပြင်ပေါ်ရှိ အစီအရင်သွေးကြောများက အနက်ရောင်မှင်တို့ဖြင့် ခြယ်ထားလေ၏။

“တခမ်းတနားလုပ်နေဖို့ မလိုဘူး”

စီး၀ူယာ့က ပြောလိုက်သည်။

”ရှစ်စွင်းကောင်းကင်ရထားလုံးကို ကျွန်တော် ကြိမ်ဖန်များစွာ စစ်ဆေးပြီး ပဲ့ပေါ်မှာ ကျန့်ဝမ်ရွှီထားခဲ့တဲ့ အနီရောင်သင်္ကေတတွေ ထွင်းထုထားပြီးပါပြီ။ သင်္ကေတအများစုက ပျက်စီးနေပေမဲ့ ဒါတွေက ရှစ်စွင်းကို အနီရောင်ကြာနယ်မြေဆီ ခေါ်သွားပေနိုင်မှာပါ”

“သိပ်ကောင်းတယ်” လုကျိုးသည်စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ သူသည် ရထားလုံးထဲ အလျင်စလို မဝင်ပေ။ ထို့အစား စီး၀ူယာ့ကို ကြည့်ပြီးမေးလိုက်သည်။

”တာ့ယန်ရဲ့စီရင်စုကိုးခုထဲမှာ အခြေအနေဘယ်လိုလဲ”

စီးဝူယာ့က ပြောလိုက်သည်။

”အခုဆို သားရဲတွေ‌ ပိုများလာပါပြီ။ သားရဲပျံတွေအများအပြားက လူသားတွေနေထိုင်ရာနေရာကို နှောင့်ယှက်နေပါတယ်။ ဒါပေမဲ့ အခုအစီအရင်အသစ်က အာနိသင်ထူးတယ်။ ဒါ့အပြင် ကျွန်တော်တို့မှာ လေးခွကြီးတွေ ရှိပါတယ်။ သားရဲပျံတွေနဲ့ ကုန်းတွင်းပိုင်းသားရဲတွေကို ဖြေရှင်းဖို့ ပြဿနာမရှိဘူး။ အခုတော့ ဧရာမသားရဲတွေ ရှားသွားပြီ။ ဒါပေမဲ့ ဒီနေရာမှာ စစ်ရှစ်ရှိုးရှိနေတော့ ပြဿနာမရှိလောက်ဘူး”

လုကျိုးသည် ခေါင်းညိတ်လျက် မင်ရှစ်ရင်ဘက် လှည့်ကြည့်လိုက်သည်။

မင်ရှစ်ရင်၏သွင်ပြင်သည် မူလပုံသဏ္ဌာန်သို့ အပြည့်အဝနီးပါး ပြန်ရောက်လာပြီဖြစ်သည်။ ဆိုလိုသည်က အသက်စွမ်းအင်စီးထွက်မှုနှင့် ရွှေကြာမှသက်တမ်းသည် သက်ရောက်မှုရှိသည်။

“မင်းရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ကိုပြ”

“ဟုတ်ကဲ့ပါရှစ်စွင်း” မင်ရှစ်ရင်က စိတ်ထဲရယ်မောလိုက်၏။ နောက်ဆုံးတော့ အထာကျမဲ့အချိန် ရောက်လာပြီ။

မင်ရှစ်ရင်က ရှေ့တိုးကာ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။

ဝှစ်

သူ၏ ပေ ၁၅၀ စိတ်ဝိညာဉ်သဏ္ဌာန်က အားလုံးရှေ့၌ ပေါ်လာ၏။

ကျန်သည့်သူများက မော့ကြည့်လိုက်သည်။

လုကျိုးသည် အစက မင်ရှစ်ရင်ကို သူ၏စိတ်ဝိညာဉ်သဏ္ဌာန်အသေးစားပိုင်ရှင်ကို ပြခိုင်းဖို့သာ ရည်ရွယ်ခဲ့သည်။ သို့သော် မင်ရှစ်ရင်က စိတ်ဝိညာဉ်သဏ္ဌာန်အရွယ်အစားအပြည့် ထုတ်ပြပြီဖြစ်နေသောကြောင့် မတက်နိုင်တော့ပေ။

မင်ရှစ်ရင်၏ရွှေကြာပွင့်ချပ်များ၌ မီးတောက်များမရှိတာကို သူသတိပြုမိသွားသည်။ ကံစွမ်းအား မရှိဘူးလား။

“ကောင်းပြီ။ ပြန်ရုပ်လိုက်တော့” လုကျိုးကပြောလိုက်သည်။ မင်ရှစ်ရင်က သူ့နားတစ်ဝိုက်ကို ခိုးကြောင်ခိုးဝှက်ကြည့်လိုက်၏။ ကျန်သည့်သူများသည် ခေါင်းမော့ကြည့်နေတာကြောင့် မြင်လိုက်သည်။ သူတို့ထဲမှ အချို့ကဆို အားကျနေပုံပေါ်၏။ ထို့ကြောင့် သူက ပြောလိုက်သည်။

“အဆင်ပြေပါတယ် ရှစ်စွင်း ကျွန်တော်ခဏထိန်း‌ထားနိုင်ပါသေးတယ်”

“ဟမ်” လုကျိုးသည် အသံတစ်သံသာ ထုတ်ပြောလျက် လက်မခံပေ။

“ဟုတ်” မင်ရှစ်ရင်သည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ရုတ်လိုက်သည်။

ကျန်သည့်သူများက သတိပြန်ကပ်သွားတော့၏။

လုကျိုးက ပြောလိုက်သည်။

”ပွင့်ချပ်ကိုးလွှာအဆင့်ကိုရောက်ပြီးရင် မင်းသိုသိုသိပ်သိပ်နေသင့်တယ်။ သွားသမျှနေရာတိုင်း ကြွားလုံးမထုတ်ရဘူး”

“သင်ပြပေးတာ မှတ်ထားပါမယ် ရှစ်စွင်း”

မင်ရှစ်ရင်က ပြောလိုက်သည်။

ထို့သို့ပြောသော်ငြား မင်ရှစ်ရင်သည် ဤနေရာ၌သာ ကြွားမည်မှန်း လုကျိုးသိနေသည်။ မင်ရှစ်ရင်က တာဝန်များ ဆောင်ရွက်ရာ၌ အမြဲတမ်းအားကိုးရ၏။ ထို့ကြောင့် သူ့ကို သိပ်ပြီး စိုးရိမ်စရာမလိုပေ။

“လောင်ချီ”

“ဟုတ်ကဲ့ ရှစ်စွင်း”

“ကျောင်းယွဲ့ကို မယ်တော်ကြီးက ကူညီပေးနေတယ် ဆိုပေမဲ့ သူ၏ကျင့်ကြံဆင့်က အားနည်းနေတယ်။ ငါထွက်သွားပြီးရင် သူ့ဘက်ကိုလည်း ကူညီပေးသင့်တယ်” လုကျိုးကပြောလိုက်၏။

“ဟုတ်ကဲ့ပါ ရှစ်စွင်း”

စီရင်စုကိုးခုသည် ငရဲဂိုဏ်း၏ထိန်းချုပ်မှုအောက်၌ရှိသည်။

ငရဲဂိုဏ်း၏တပည့်များအနက် စီး၀ူယာ့၏ ဂုဏ်သတင်းသည် ကျောင်းယွဲ့နှင့် ယှဉ်နိုင်သည်။ သူက ထိုတာဝန်အတွက် အကောင်းဆုံးလူဖြစ်သည်။

လုကျိုးက ကျန်သည့်သူများကို လှည့်ကြည့်ပြီး ကျယ်လောင်စွာပြောလိုက်လေ၏။

“ကျုပ် မိစ္ဆာဝေဟင်မျှော်နန်းကနေ သွားတော့မယ်။ ဂရုစိုက်ကြပါ”

ကျန်သည့်သူများက အရိုအသေပေးလိုက်၏။

“မျှော်နန်းသခင် ပြန်လာမှာကို ကျွန်တော်တို့စောင့်နေပါမယ်”

လုကျိုးသည် ကောင်းကင်ရထားလုံးပေါ် ခုန်တက်လိုက်၏”ယွမ်အာ၊ခရုလေး”

ရှောင်ယွမ်အာနှင့် ခရု‌လေးသည် ထို့အတွက် ပြင်ဆင်ထားပြီးသားဖြစ်သည်။ သူတို့က ကောင်းကင်ရထားလုံးပေါ် ခုန်တက်လိုက်ကြ၏။

ရှောင်ယွမ်အာက ပဲ့ပိုင်းနား ရပ်နေကာ ကျန်သည့်သူများကို တာ့တာပြနေသည်။ တောက်ပသောအပြုံးဖြင့် သူမက ပြောလိုက်သည်။

“နှုတ်ဆက်ပါတယ်”

...

ကောင်းကင်ရထားလုံးသည် လေထဲမြင့်တက်သွားပြီး အရံအတားထဲမှ ထွက်ခွာသွားတော့၏။

ကောင်းကင်ရထားလုံးသည် တိမ်ခွင်းရထားလုံးနှင့်ယှဉ်လျှင် ပိုသေးသည်။ ခရီးသည် လက်တစ်ဆုပ်စာသာ ခေါ်သွားနိုင်၏။ သို့သော် သူတို့သုံးယောက်သာ ရှိသောကြောင့် နေရာချောင်သည်။

လုကျိုးသည် ပဲ့ဘေးနားရပ်ကာ အောက်ရှိမြင်ကွင်းကို ကြည့်လိုက်သည်။

ကောင်းကင်ရထားလုံးသည် သင့်တင့်သောအရှိန်ဖြင့် ပျံသန်းနေ၏။ ၎င်းသည် တိမ်ခွင်းရထားလုံးနှင့် ယှဉ်နိုင်သည်။ ရွှေနန်းဥယျာဉ်တောင်၏နယ်ပယ်ထဲမှ ထွက်သွားပြီးမကြာမီ၌ မြောက်ပိုင်းနယ်စပ်ဆီသို့ ပျံသန်းသွားတော့သည်။

ငါးရက်ကြာပြီးနောက်

မိစ္ဆာဝေဟင်မျှော်နန်းသည် ရုန်ပေနှင့် သဲကန္တာရကို ‌ဖြတ်ကျော်သွားကာ မြောက်ဘက်နယ်စပ်ရှိ အဆုံးမဲ့သမုဒ္ဒရာနှင့် နီးကပ်လာပြီဖြစ်သည်။

“ရှစ်စွင်း တပည့်တို့အဆုံးမဲ့သမုဒ္ဒရာကို ရောက်ပြီ”

ပဲ့ထိန်းနေသော ရှောင်ယွမ်အာသည် သူ့ရှေ့ရှိ အကန့်အသတ်မဲ့ပင်လယ်ကို ကြည့်လိုက်၏။

ရိုးရိုးသားသားဆိုရလျှင် ကျယ်ဝန်းလှသောသမုဒ္ဒရာ၌ တစ်သက်လုံးသွားရမည့်ပုံပေါ်ကာ စိုးရိမ်ပူပန်စရာကောင်းလှပေ၏။

အမြဲတစေ သတ္တိရှိသော ရှောင်ယွမ်အာသည် အနည်းငယ်ကြောက်ရွံ့နေ၏။

လုကျိုးက ခေါင်းညိတ်လိုက်သည်။

”မြင့်မြင့်ပျံ”

“အင်း”

ကောင်းကင်ရထားလုံးသည် ယခုဆို ကနဦးချီ အနည်းဆုံးအနေအထား၌ ထိန်းထားသည်။ ပြီးနောက် ၎င်းသည် ထိုအခြေအနေကို ထိန်းလျက် ရှေ့သို့ ပျံသန်းလိုက်၏။

ခဏအကြာတွင် သူတို့နောက်၌ ရွှေကြာနယ်မြေ၏ ကမ်းရိုးတန်းမျဉ်းက ပျောက်ကွယ်သွားတော့သည်။ ယခုဆို ရေများဖြင့် ဝိုင်းနေပြီး မျက်စိဖြင့် မြင်တွေ့သမျှ ရေသာ ဖြစ်နေသည်။

“ရှစ်စွင်း အနီရောင်သင်္ကေတတွေ တောက်ပနေတယ်” ရှောင်ယွမ်အာသည် ပဲ့ပိုင်းကို လှည့်ကြည့်လိုက်၏။ သူမသည် ကနဦးချီကို လှည့်ပတ်ချိန်တွင် သင်္ကေတများက အနီရောင်အလင်းဖျော့ဖျော့ တောက်ပနေလေ၏။

“အရပ်မျက်နှာ ချိန်ညှိပြီး အရှိန်ကိုမြင့်လိုက်”

လုကျိုးက ပြောလိုက်သည်။

“အင်း” ရှောင်ယွမ်အာသည် ရထားလုံးမောင်းနှင်တာ အတွေ့အကြုံနည်းပါးသော်ငြား ပျံသန်းပြီး ထိန်းထားဖို့က ပြဿနာမရှိပေ။

“ကျိုးရှစ်ကျဲ ရှစ်ကျဲလုပ်နိုင်ပါတယ်။ ညီမ ခံစားမိတယ်။ ဒါကမှန်ကန်တဲ့ အရပ်မျက်နှာပဲ”

ခရုလေးက လက်ခုပ်တီးလိုက်၏။

မျက်စိတစ်မှိတ်အတွင်း နောက်ထပ်ငါးရက်တာ ကုန်လွန်သွားသည်။

ကောင်းကင်ရထားလုံးသည် အဆုံးမဲ့သမုဒ္ဒရာပေါ်၌ ဆက်လက်ပျံသန်းနေ၏။

သူတို့ ဘာမှမမြင်နိုင်ပေ။ ကောင်းကင်ရထားလုံးအောက်၌ ရံဖန်ရံခါ၌ တိမ်တိုက်များရှိနေပြီး ကောင်းကင်ရထားလုံးအောက်၌ သားရဲများကိုတွေ့ရသည်။ ထိုမှတပါး ကျန်သည့်အရာမရှိပေ။

အစ၌ ရှောင်ယွမ်အာသည် ဤအတွေ့အကြုံအသစ်ကို စိတ်လှုပ်ရှားခဲ့၏။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူမသည် စတင်ပျင်းရိလာတော့သည်။

ထိုစဉ် ရှေ့ကနေ ဆူညံသံတစ်သံ ပေါ်ထွက်လာလေ၏။

ရှောင်ယွမ်အာက ထိတ်လန့်သွားကာ ပြောလိုက်တော့သည်။

”ရှစ်စွင်း တပည့် တစ်ခုခုကြားလိုက်တယ်”

လုကျိုးသည် ထူးခြားသော အသံတိုးသဲ့သဲ့ကို ကြားလိုက်ရသည်။

အသံနက်နက်က နက်ရှိုင်းသည့်အသံသည် အတော်လေး ထူးကဲလှပေ၏။ ထိုနက်ရှိုင်းသော အသံသည် အတော်လေးထူးကဲပေ၏။ အဆုံးမဲ့သမုဒ္ဒရာထဲမှ လာပုံပေါ်သည်။ ထို့အပြင် ဂီတ တူရိယာတစ်ခုမှ ပေါ်ထွက်လာသည့် အသံနှင့်တူသည်။

“အရှေ့မှာ မြူတိမ်တိုက်တစ်ခုရှိနေတယ်။ ဘာမှမမြင်ရဘူး” ရှောင်ယွမ်အာက အနည်းငယ် စိတ်ပူသွားသည်။

လုကျိုးက သူမဘေးလျှောက်သွားကာ ပဲ့ထိန်းလိုက်လေ၏။ သူက ပြောလိုက်တော့သည်။

“ငါဒီမှာ ရှိနေတယ်။ စိတ်ပူဖို့မလိုဘူး”

ရှောင်ယွမ်အာနှင့် ခရုလေးက ငယ်ရွယ်သေးသည်။ ဤကဲ့သို့သော အခြေအနေတွင် သူတို့ကြောက်လန့်တာ နားလည်နိုင်၏။

ကောင်းကင်ရထားလုံးသည် မြူတိမ်တိုက်များထဲ ဝင်ရောက်သွားတော့သည်။

ကောင်းကင်ရထားလုံးသည် မြူတိမ်တိုက်ထဲ ဝင်သွားလေ၏။

သူတို့မျက်စိရှေ့၌ လက်ထောင်ထားလျှင်သာ လက်ကို မြင်နိုင်ဖို့ ခက်ခဲလိမ့်မည်။

လုကျိုးသည် ပဲ့ပေါ်ရှိ အနီရောင်သင်္ကေတများကနေ သူတို့သွားမည့်နေရာကိုသာ ဆုံးဖြတ်နိုင်၏။

အောက်ကနေ အသံတိုးသဲ့သဲ့ပေါ်ထွက်နေသည်။

ဗွမ်း

မြူသည် တွန့်ရှုံ့လာပုံပေါ်ပြီး အသံလှိုင်းတို့လိုက်ပါလာ၏။

ခရုလေးနဲ့ရှောင်ယွမ်အာသည် တစ်‌ယောက်ကိုတစ်ယောက် လက်ကိုင်ထားကာ စိုးရိမ်ပူပန်စွာ လှည့်ကြည့်လိုက်၏။

ယခုအချိန်၌ ဘိုးဘေလေးတစ်ယောက်ဟူသည့် ရှောင်ယွမ်အာ၏ဟန်ပန်သည် အပြည့်အ ဝမရှိတော့ပေ။

လုကျိုးက အနည်းငယ် မျက်မှောင်ကြုပ်သွားသည်။ သူက ဘယ်လက်ကို မြှောက်လိုက်၏။ သူ၏ လက်ချောင်းများသည် အပြာရောင် ရောင်ခြည်ဖြင့် တောက်ပနေသည်။ စွန့်ပစ်ခံဉာဏ်ပညာ၏ သင်္ကေတများက သူ၏လက်ချောင်းကြား၌ ပေါ်ထွက်နေသည်။

စွန့်ပစ်ခံဉာဏ်ပညာ

သူ အောက်သို့တွန်းလိုက်ချိန် ကောင်းကင်ရထားလုံးထက် အဆပေါင်းများစွာ ပိုကြီးသော လက်ဝါးစည်းတံဆိပ်များသည် အောက်ရှိ မြူကိုခွဲလိုက်သည်။

လက်ဝါးစည်းတံဆိပ် ကျရောက်သွားပြီး လက်ဝါးစည်းတံဆိပ်နောက်ရှိ မြူနောက်၌ မြူက စုဝေးကာ အမြင်အာရုံကို ဟန့်တားလိုက်သည်။

ဝမ်း

လုကျိုးက ဇဝေဇဝါဖြစ်သွား၏။

အဆုံးမဲ့သမုဒ္ဒရာပေါ် မြူတိမ်တိုက်ထဲ ဘာရှိတာလဲ။

သူသည် အောက်ဆင်းပြီး တစ်ချက်သွားကြည့်ချင်သည်။ သို့သော် မှောင်မည်းနေသော နယ်မြေထဲရှိ ဧရာမချီယောင် အကြောင်းတွေးမိသောအခါ သူသည် ထိုအတွေးကို လက်လျှော့လိုက်သည်။ သူသည် ချီယောင်ကို သတ်ခဲ့သည့် အကြောင်းမှာ သူသည် အသက်ရှင်ရန်အတွက် အလိုလိုအသိစိတ်ကြောင့်သာ ဖြစ်သည်။ အသေရိုက်ချက်ကပ်က အလုပ်မဖြစ်ခဲ့လျှင် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ဦးသည် ပင်လယ်ထဲရှိ ဤ အမည်မသိသတ္တဝါကို မဖြေရှင်းနိုင်လျှင် သူ သေတွင်းထဲရောက်မည်မဟုတ်ပါလော။

ထိုစဉ် သူတို့နားထဲ ပိုကျယ်လောင်သည့် အော်သံရောက်လာသည်။

“ရှစ်စွင်း အဲဒီမကောင်းဆိုးဝါးက တပည့်တို့နောက် လိုက်နေတဲ့ပုံဘဲ”

“ပျာယာမခတ်နဲ့” လုကျိုးက တည်ငြိမ်နေ၏။ သူ၏ သဘောထားသည် မိန်းကလေးနှစ်‌ယောက်၏ ယုံကြည်ချက်ကို မြှင့်တင်ပေးလိုက်သည်။ သူတို့က စိတ်တည်ငြိမ်သွားတော့သည်။

ကောင်းကင်ရထားလုံးသည် မြူကိုခွင်းကာ မြန်မြန် ပျံသန်းလိုက်တော့သည်။

ကျွီ

ကောင်းကင်ရထားလုံးက ထူးဆန်းသောအသံတစ်သံ ပေါ်ထွက်လာ၏။

လုကျိုးက မျက်မှောင်ကြုတ်မိသွားသည်။ စီး၀ူယာ့ ပြောတာကို မှတ်မိသွား၏။ ကောင်းကင်ရထားလုံးသည် အမြင့်သို့ တက်နိုင်သော်ငြား ခုခံမှုသည် ၎င်း၏အားနည်းချက်ဖြစ်သည်။

ကျိုးသွားတာလား။ လုကျိုးသည် အရှိန်လျှော့လိုက်၏။ ထူးဆန်းသောအသံက ရပ်တန့်သွားတော့၏။

သို့သော် ကောင်းကင်ရထားလုံးနား၌ ပိုကျယ်လောင်သည့် အော်သံက ပြည့်နေသည်။ ဧရာမသတ္တဝါသည် သူတို့၏ ညာဘက်ခြမ်း၌ ရှိနေသည့်ပမာ ဖြစ်နေသည်။

အရာအားလုံးကို ကြားရန် ကြားသိသောစွမ်းအားကို ရရှိနိုင်၏။ နယ်‌ပယ်အားလုံးရှိ အသံအားလုံးကို ဆန္ဒရှိသလို ကြားနိုင်သည်။ ယင်းက ကြည်လင်ကောင်းကင်နားပဲဖြစ်သည်။

လုကျိုး၏နားသည် အပြာရောင်အလင်းဖျော့ဖျော့ဖြင့် တောက်ပသွားကာ ၎င်း၏ပတ်ဝန်းကျင်ကို လင်းသွားစေသည်။

သူသည် ပင်လယ်ရေသံ၊လှိုင်းသံနှင့် သားရေများကူးခတ်သံကို ကြားလိုက်ရ၏။

လုကျိုးသည် သူ၏စွမ်းအားအသုံးပြုတာ ရပ်တန့်လိုက်သည်။

သူ၏ခြေထောက်၌ ပါးကွက်ပေါ်လာတော့သည်။ သင်္ကေတဆယ်ခုက သူ၏ခါးကနေ ပေါ်ထွက်လာ၏။ ကောင်းကင်၊မြေကြီး၊သေခြင်း၊ရှင်ခြင်း၊ရေ၊မီး၊ဒြပ်ရှိ၊ဒြပ်မဲ့၊ခွဲခွာခြင်း၊ပေါင်းစည်းခြင်း တောက်ပနေသော ရွှေရောင်သင်္ကေတဆယ်ခုသည် ၎င်း၏ပတ်ဝန်းကျင်ဆီ ပျံ့နှံ့သွားသည်။

၎င်းသည် လျို့ဟယ်တာအိုစည်း တံဆိပ်၊ ဟွား၀ူတောက် တီထွင်ခဲ့သည့် မူလကျင့်စဉ်ပဲဖြစ်သည်။

လျို့ဟယ်တာအိုစည်းတံဆိပ်သည် စက်ဝိုင်းတစ်ခု ဖွဲ့တည်လျက် ဆက်လက်ပြန့်ကားသွား၏။ ရည်ရွယ်ချက်က ထိခိုက်မှုဖြစ်စေရန်မဟုတ်ဘဲ သူတို့နားရှိ မြူကိုဖယ်ရှားရန်ဖြစ်သည်။ အကွာအဝေးက လုံလောက်ပြီဖြစ်၏။

လုကျိုး၏ ပွင့်ချပ်ကိုးလွှာခွန်အားဖြင့် လျို့ဟယ်တာအိုစည်း တစ်စိတ်၏ အကျယ်အဝန်းသည်

ရာချီ သို့မဟုတ် မီတာတစ်ထောင်တောင် ဖြစ်နိုင်သည်။

လုကျိုးက ‌အောက်ငုံ့ကြည့်လိုက်သည်။ သူသည် စူးတောင်တစ်ချောင်းကို တွေ့လိုက်ရ၏။

“ဝေလငါးလား” လုကျိုးက အံ့ဩသွား၏။

ရှောင်ယွမ်အာနဲ့ခရုလေးက ကြက်သေသေသွားသည်။ သူတို့အတော်ကြာပျံသန်းခဲ့၏။ သားရဲသည် သူတို့နောက်လိုက်နေတာမဟုတ်ပေ။ ၎င်းသည် ကြီးမားလွန်းသောကြောင့် ၎င်း၏အမြီးက‌ နေ ခေါင်းထိ သူတို့က ပျံသန်းမိနေတာပဲ ဖြစ်သည်။ ယခုအချိန်ထိတိုင် သူတို့သည် ဧရာမသားရဲကို ‌မကျော်သေးပေ။

…

အခန်း (၇၃၂) အနီရောင်ကြာနယ်မြေဆီ ရောက်ရှိခြင်း

လုကျိုးက နှစ် ၁၀၀၀ ထိုက်တန်သည့် မှတ်ဉာဏ်များနှင့် အသိပညာများဖြင့် ဗဟုသုတ ကြွယ်ဝသော်လည်း သူသည် ဤဧရာမသတ္တဝါကြီးကြောင့် အံ့သြမိနေဆဲ ဖြစ်သည်။

ထိုအရာက ဟိန်းဟောက်လာ၏။

ရှောင်ယွမ်အာနှင့် ခရုလေးတို့က တစ်ယောက်နှင့်တစ်ယောက် တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားလိုက်ကြသည်။ သူတို့၏ အကြည့်များကလည်း အံ့အားသင့်နေဟန် ပေါ်သည်။

လူအများက ကြိုတင်မပြင်ဆင်ထားသည့်အချက်ကို အမြဲလိုလို နောင်တရလေ့ ရှိ၏။ ထိုစဥ် လုကျိုးက သူသည် စီးဝူယာ့ကို ခေါ်ဆောင်လာခဲ့သင့်ကြောင်း တွေးနေမိသည်။ အကယ်၍ စီးဝူယာ့သာ ရှိနေပါက ဤပင်လယ်သားရဲကြီးအကြောင်းကို သိလောက်သည်။ သူက အဘယ်ကြောင့်များ ဤအတွေ့အကြုံ နည်းပါးသည့် မိန်းကလေးနှစ်ယောက်ကို ခေါ်ဆောင်လာရသနည်း။

လျို့ဟယ်စည်းတံဆိပ်က ပျောက်ကွယ်သွားသည်။ သူတို့အနားရှိ မြူက ထပ်မံဝိုင်းလာပြီး သူတို့၏ အမြင်အာရုံကို ကာဆီးထား၏။

ရှောင်ယွမ်အာက ကောင်းကင်ရထားလုံးလေးကို လွှမ်းခြုံဖို့ စွမ်းအားကို ထုတ်လွှင့်လိုက်သည်။ အနည်းဆုံးတော့ သူတို့ ဦးတည်ရာ မြင်ကွင်းသည် ရှင်းလင်းနေ၏။

လှိုင်း၏အသံများနှင့် ဟိန်းဟောက်သံတို့က သူတို့အနား ပဲ့တင်ထပ်နေသည်။

" အားအကောင်းဆုံးက အသက်ရှင်မှာပဲ။ ဒါက သဘာဝရဲ့ မပြောင်းလဲတဲ့ အမှန်တရားတစ်ခုပဲ”

ငါးကြီးက ငါးလေးများကို အမဲလိုက်စဥ် ငါးလေးများက ပုစွန်ဆိတ်ငယ်များကို အမဲလိုက်လေသည်။

လုကျိုးက ကောင်းကင်ရထားလုံးကို မောင်းနှင်ရင်း အရှိန်မြှင့်လိုက်သည်။

ဗွမ်း

လုကျိုးက လျို့ဟယ်စည်းတံဆိပ်ကို ထပ်မံ ထုတ်သုံးလိုက်သည်။

စက်ဝိုင်းတစ်ခု ပြန့်နှံ့သွား၏။ လုကျိုးက မော့ကြည့်လိုက်သည့်အခါ ဧရာမသတ္တဝါဝန်းကျင်တွင် တိုက်ပွဲပုံစံ ဖော်ဆောင်ထားသည့် ပင်လယ်သားရဲများစွာကို မြင်လိုက်ရသည်။

ဒါက ဝေလငါး မဟုတ်ဘူးမလား။ ကြည့်ရတာ ဝေလငါးနဲ့တော့ နည်းနည်းလေးမှ မတူဘူး။...

နှိုင်းယှဥ်ကြည့်လျှင် တခြားသားရဲများက ထိုဧရာမသတ္တဝါကြီး၏ သွားကြားပင် ညပ်ဖို့ မလုံလောက်ပေ။ လူသားများကမူ ထည့်ညွှန်းဖို့ရာအတွက်ပင် မလုံလောက်ပေ။

သားရဲများ ရာချီထောင်ချီကာ လေထဲတွင် ခုန်တက်လာသည့်အတွက် လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာစေသည်။

" သူတို့က တာတို ပျံသန်းနိုင်သားပဲ " လုကျိုးက တအံ့တသြဖြင့် ပြောလိုက်သည်။

တချို့သော ပင်လယ်သားရဲများက ခပ်မြင့်မြင့် ခုန်နိုင်သည့်အတွက် ပျံသန်းနေသလိုမျိုး ဖြစ်သည်။ သူတို့က ကောင်းကင်ရထားလုံးသည် မြူခိုးများကို ဖြတ်တောက်နေကြောင်း သတိထားမိသည့်အခါ အများစုက ကောင်းကင်ရထားလုံးဆီ ပြေးဝင်လာကြသည်။

ထိုစဥ် ဧရာမသားရဲကြီးက လေထုအတွင်း သက်တန့်ကွေးတစ်ခုလိုမျိုး ခုန်ထွက်လာသည်။

လုကျိုးက လက်ဝေ့လိုက်၏။ သူ့လက်ထဲတွင် အသေရိုက်ချက်ကတ် ၁ ခု ပေါ်ထွက်လာသည်။ ယခုအချိန်ထိ ထိုကတ်က ဘယ်သောအခါမှ မကျရှုံးဘူးပေ။

ဒီကတ်က ဧရာမသားရဲကြီးကို သတ်နိုင်မှာလား...

လုကျိုးက တုံ့ဆိုင်းနေစဥ် စနစ်မှ အသိပေးချက်ကို ကြားလိုက်ရသည်။

" ဒီပစ်မှတ်ကို မသတ်ဖို့ အကြံပြုပါတယ်။ ဒီပစ်မှတ်ကို သတ်နိုင်ခြင်းက စနစ်ရဲ့ စွမ်းအားကို ကုန်ဆုံးသွားစေပြီးတော့ ပြန်လည်အားဖြည့်နိုင်မှာ မဟုတ်ပါဘူး။ ဒီသားရဲကို သတ်လိုက်ခြင်းက ထင်မှတ်မထားတဲ့ ရလဒ်မျိုးကို ဖြစ်ပေါ်လာစေလိမ့်မယ်”

ထင်မှတ်မထားတဲ့ ရလဒ်မျိုးတဲ့လား။ အဲ့ဒါဆို ငါက ဒီသားရဲကို မသတ်နိုင်ဘူးလို့ပြောတာလား။ ...

ဧရာမသားရဲကြီးနှင့် တခြားသော ပင်လယ်သားရဲများက အနီရောင်ကြာနယ်မြေနှင့် ရွှေကြာနယ်မြေအတွင်း အတားအဆီးသဖွယ် ရပ်တည်နေသည်။

အကယ်၍ သူသာ ထိုသားရဲကြီးကို သတ်လိုက်ပါက အနီရောင်ကြာနယ်မြေသည် ရွှေကြာနယ်မြေသို့ လွယ်လွယ်ကူကူ ကျူးကျော်လာနိုင်လိမ့်မည်။ သို့သော်လည်း လုကျိုးက ထိုအရာသည် စနစ်ညွှန်းဆိုသော ထင်မှတ်မထားသည့် ရလဒ် ဟုတ်ရဲ့လားဟု မသေချာပေ။

ထို့အပြင် အကယ်၍ သူသာ ဤဧရာမသားရဲကြီးကို သတ်လိုက်ပြီး သားရဲများစွာကို ဆွဲဆောင်မိပါက သူ့အတွက် ဒုက္ခရောက်ပေမည်။ သူက အသေရိုက်ချက်ကတ် ၂ ကတ်သာရှိ၏။ သူ့အနေနှင့် သားရဲ၏ အသိုက်ကို သွားဆွ၍ မကောင်းပေ။

သူက ထိုအရာကို တွေးလိုက်ရင်း သူတို့အနားရှိ မြူများက ပိုမိုသိပ်သည်းလာသည်။ သူတို့၏ အမြင်အာရုံက ထပ်မံ အနှောင့်အယှက်ဖြစ်သွားလေ၏။

လုကျိုး၏ အတွေးများက လက်ရှိသို့ ပြန်ရောက်လာသည်။ သူက အသုံးပြုကတ်ကို ပြန်လည်ရုပ်သိမ်းလိုက်၏။

လုကျိုးက ပျံသန်းလုနီးပါးဖြစ်နေသည့် ပင်လယ်သားရဲများနှင့် ဝေးကွာဖို့ ကောင်းကင်ရထားလုံးကို ခပ်မြင့်မြင့် ပျံသန်းလိုက်သည်။

ကောင်းကင်ရထားလုံးက အမြင့်ဆုံးမရောက်ခင် အချိန်ထိ ဆက်လက် တက်လှမ်းလာသည်။ ကနဦးချီက အင်မတန်နည်းပါးနေ၏။

သူက လက်ဝါးချက်ကို ရိုက်လွှတ်လိုက်သည်။ လက်ဝါးက မြူများကို ကွဲကွာသွားစေ၏။

ထိုစဥ် သူတို့အနောက်မှ သားရဲကြီးဆီမှ အော်သံထွက်ပေါ်လာသည်။

ထိုအရာဖြင့် ကောင်းကင်ရထားလုံးသည် သားရဲကြီး၏ နယ်နိမိတ်အတွင်းမှ ထွက်လာခဲ့နိုင်သည်။

ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူက အားကောင်းသော်လည်း ထိုဧရာမသားရဲကြီးရှေ့မှောက်တွင် ညွှန်းဆိုဖို့ရာ မထိုက်တန်ပေ။

ဤကျယ်ပြောလှသည့် ကမ္ဘာကြီးအတွင်း အံ့ဖွယ်အမျိုးမျိုး ရှိ၏။ ကောင်းကင်နှင့် ကုန်မြေ ကျယ်ပြန့်လွန်းပြီး နေရောင်နှင့် လရောင်တို့၏ တောက်ပမှုကိုပင် ချီးကျူးရမည်။

အကယ်၍ ကောင်းကင်ရထားလုံးနှင့် သူ့ပွင့်ချပ်ကိုးလွှာ ကျင့်ကြံဆင့်ကြောင့်သာ မဟုတ်ပါက သူသည် ဤဧရာမသတ္တဝါကြီးကို မြင်တွေ့ဖို့ အခွင့်အရေးပင် ရမည်မဟုတ်ပေ။

" မြူခိုးတွေတော့ မရှိတော့ဘူး "

ကောင်းကင်ရထားလုံးက မြူအတွင်းမှ ထွက်လာခဲ့နိုင်သည်။ သို့သော်လည်း သူတို့က စိန်ခေါ်မှုအသစ်နှင့် ထပ်မံ ရင်ဆိုင်ရပြန်သည်။

ကောင်းကင်အထက် လျပ်စီးများစွာ လင်းလက်နေပြီး နားကွဲလုမတတ် မိုးကြိုးသံများစွာ ထွက်ပေါ်နေ၏။ ထူးထူးဆန်းဆန်း မြင်ကွင်းတွင် တိမ်တိုက်ဟူ၍ မရှိပေ။

သိပ်မကြာခင် နေဝင်သွားပြီး အမှောင်ထုကျရောက်လာသည်။

လုကျိုးက ပဲ့ထိန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီးသည့်နောက် ကောင်းကင်ရထားလုံးကို သူ့စွမ်းအားဖြင့် ရစ်ပတ်ထားလိုက်သည်။

ကောင်းကင်ရထားလုံးက ပျက်စီးသွား၍ မဖြစ်ပေ။ အကယ်၍ ပျက်စီးသွားပါက လုကျိုးသည် သူ့တပည့်နှစ်ယောက်ကို သယ်ဆောင်ကာ ပျံသန်းရမည် ဖြစ်၏။ လူသားများက ထိုအမြင့်တွင် ပျံသန်းဖို့ အခက်တွေ့ကြသည်။ ခပ်နိမ့်နိမ့် ပျံသန်းခြင်းက ပင်လယ်သားရဲများနှင့် တွေ့ဆုံနိုင်ချေရှိသည့်အတွက် အန္တရာယ်များပေသည်။

...

ကောင်းကင်ရထားလုံးက ၃ ရက်ကြာ လျှပ်စီးမိုးကြိုးများကြား ပျံသန်းလာခဲ့သည်။

အကယ်၍ လုကျိုးသာ နက်နဲသည့် ကျင့်ကြံဆင့်မျိုး မရှိဘဲ ယခင် ၃ ရက်အတွင်း ရထားလုံးကို သူ့စွမ်းအားနှင့် မကာကွယ်ထားခဲ့လျှင် ကောင်ကင်ရထားလုံးက တစစီ ဖြစ်သွားလောက်သည်မှာ ကြာမြင့်လောက်လေပြီ။

ကြမ်းတမ်းသည့် ရာသီဥတုကို ဖြတ်ကျော်ပြီးသည့်နောက်တွင် ကောင်းကင်ရထားလုံးက ယခုအခါ တိမ်တိုက်အနည်းငယ်ရှိသည့် ရှင်းလင်းနေသည့် ဝေဟင်အတွင်း ပျံသန်းနေပြီ ဖြစ်၏။

ကောင်းကင်အထက် နေမင်းကြီးက ရထားလုံးပျံအပေါ် ဖြာကျနေပြီး ခရီးသည်များ၏ စိတ်နှလုံးသားရှိ လေးလံမှုများကို လွင့်ပြယ်သွားစေဟန်ပေါ်သည်။

ထိုစဥ် ရှောင်ယွမ်အာက ပဲ့ထိန်းဖို့ ပြောလိုက်၏။

” ရှစ်စွင်း … တပည့် ပဲ့ထိန်းလိုက်မယ် "

လုကျိုးက သူမကို ခွင့်ပြုပေးထားလိုက်သည်။ သူ့ကျင့်ကြံဆင့်ဖြင့် သူသည် ကောင်းကင်ရထားလုံး၏ ပျံသန်းမှုကို အချိန်အတော်ကြာ ထိန်းသိမ်းထားဖို့ ပြဿနာမရှိပေ။ သို့သော်လည်း စိတ်အခြေအနေက သူ့အား အနည်းငယ် ထုံထိုင်းစေ၏။

လုကျိုးက ဘေးဘက်ရပ်ကာ မက်တတ်ရပ်လိုက်ပြီး မျက်လုံးကို မှိတ်ထားလိုက်သည်။

" ရှစ်စွင်း တပည့်တို့ အနီရောင်ကြာနယ်မြေနဲ့ ဘယ်လောက်ဝေးသေးလဲ " ရှောင်ယွမ်အာက ပဲ့ထိန်းရင်း မေးလိုက်သည်။

" ငါလည်း မသိဘူး " လုကျိုးက ပြန်ဖြေလိုက်၏။

" အနီရောင်ကြာနယ်မြေက တာ့ယန်လိုမျိုး လှပနေမှာလား "

" ငါ မသိဘူး " လုကျိုးက ပြန်ဖြေလိုက်သည်။

ရှောင်ယွမ်အာက လှည့်ကြည့်လိုက်ပြီးသည့်နောက် မေးလိုက်သည်။

” ရှောင်ရှစ်မေ့ရော သိလား "

" အဲဒါက တာ့ယန်လိုမျိုး လှပတယ် " ခရုလေးက ပြန်ဖြေလိုက်သည်။

" နင်က အနီရောင်ကြာ ကျင့်ကြံတာဆိုတာကို မေ့သွားတော့မလို့။ အဲလိုဆိုတော့ အနီရောင်ကြာ နယ်မြေက ဘယ်လိုပုံစံလဲဆိုတာကို မှတ်မိသေးလား” ရှောင်ယွမ်အာက မေးလိုက်သည်။

သူတို့က ကမ်းခြေကို မမြင်ရသေးသော်လည်း အမှောင်ထုထဲ သို့မဟုတ် မြူခိုးများကြား ပျံသန်းနေရသည်ထက်စာလျှင် ယခုအခြေအနေက ပိုမို သက်တောင့်သက်သာရှိ၏။

" ညီမ မမှတ်မိဘူး " ခရုလေးက ကျယ်ပြန့်လွန်းသည့် ပင်လယ်နှင့် အဆုံးမဲ့ဝေဟင်ကြီးအား ကြည့်ကာ ပြန်ဖြေလိုက်သည်။

" စိတ်မပူနဲ့ အစ်မ ဒီမှာ ရှိတယ်။ တကယ်လို့ တစ်ယောက်ယောက် အနိုင်ကျင့်ရင် အစ်မက မင်းဘက်ကနေ ရပ်တည်ပေးမယ်။ ပြီးတော့ ရှစ်စွင်းလည်း ဒီမှာ ရှိနေတာပဲလေ။ သူက မင်းအတွက် ရပ်တည်ပေးမှာပေါ့” ရှောင်ယွမ်အာက ပြောလိုက်သည်။

" ကျိုးရှစ်ကျဲကို ကျေးဇူးတင်ပါတယ်”

မိန်းကလေးနှစ်ဦးက စကားစမြည်း ပြောလိုက်ကြသည်။

...

ကောင်းကင်ရထားလုံးက နောက်ထပ် ၃ ရက်ကြာ ဆက်လက် ပျံသန်းလာသည်။

နေက မိုးကုတ်စက်ဝိုင်းအတွင်း တဝက်တပျက် ဝင်ရောက်နေသည့်အခါ ရှောင်ယွမ်အာက တည်နေရာကို မသိတော့ပေ။ သူမ၏ အမြင်၌ နေထွက်လာသည်က အရှေ့ဘက် ဖြစ်၏။ ကမ်းခြေက နေရှိရာဘက်တွင် သေချာပေါက် ရှိလိမ့်မည်။

ရှောင်ယွမ်အာက မျက်မှောင်ကြုတ်ကာ နဖူးပေါ် လက်တင်ပြီး အဝေးကို လှမ်းကြည့်လိုက်သည်။

ထိုစဥ် ခရုလေးက နိုးထလာ၏။ သူမက ရှောင်ယွမ်အာသည် အနည်းငယ် ပင်ပန်းနေသည်ကို မြင်သည့်အခါ ပြောလိုက်၏။

” ကျိုးရှစ်ကျဲ … ညီမ ပဲ့ထိန်းလိုက်မယ် "

" အင်း " ရှောင်ယွမ်အာက ဘေးဖယ်ပေးလိုက်၏။

ခရုလေးက နေရာယူလိုက်သည့်အခါ ကောင်းကင်ရထားလုံးက ချက်ချင်းဆိုသလို ပြုတ်ကျလာသည်။

ဝှစ်

ပြင်းထန်သည့် လှုပ်ခါမှုကြောင့် လုကျိုးက တရားထိုင်နေရာမှ နိုးထလာသည်။ သူက ကုန်းပတ်ပေါ် လက်တင်လိုက်ပြီး ကောင်းကင်ရထားလုံးကို စွမ်းအားများ ထုတ်လွှင့်လိုက်သည့်အခါ လေထဲတွင် တည်ငြိမ်သွား၏။

ရှောင်ယွမ်အာက လန့်ဖျပ်သွားသည့်အလား ရင်ဘတ်ကို ပုတ်လိုက်သည်။

ခရုလေးက အားနာစွာ ပြောလိုက်၏။

” ညီမ တောင်းပန်ပါတယ်။ ဒါတမင်လုပ်တာ မဟုတ်ပါဘူး”

" မင်းရဲ့ ကနဦးချီကို ပဲ့ထိန်းထဲ ထည့်သွင်းလိုက် " လုကျိုးက ပြောလိုက်သည်။

" အို့ " ခရုလေး၏ ကနဦးချီက ထွက်ပေါ်လာ၏။

လုကျိုးက သူ့ကနဦးချီကို ပြန်ရုပ်သိမ်းလိုက်ပြီးသည့်နောက်တွင် ကောင်းကင်ရထားလုံးဝန်းကျင်ရှိ စွမ်းအားက ပျောက်ကွယ်သွားသည်။

ခရုလေးက လျင်မြန်သည့် သင်ယူနိုင်စွမ်းကိုပြသခဲ့သည်။ အစပိုင်းတွင် ရထာလုံးပျံသန်းနေမှုက မငြိမ်သက်ပေ။ သို့သော်လည်း သူမက ရထားလုံးမောင်းနှင်မှုကို မြန်မြန်ဆန်ဆန် ကျွမ်းကျင်သွား၏။ ခဏအကြာတွင် သူမက ရထာလုံးပျံကို အကြိမ်များစွာ မောင်းနှင်းဖူးထားသကဲ့သို့ ဖြစ်လာသည်။

" ဒါက ဘာလဲ " ရှောင်ယွမ်အာက မိုးကုတ်စက်ဝန်းမှ အနက်ရောင် အစက်အပြောက်တစ်ခုကို လက်ညှိုးထိုးပြရင်း မေးလိုက်သည်။

လုကျိုးက ရက်အနည်းငယ်ကြာ အနားယူထားသည့်အတွက် ယခုအခါ လန်းဆန်းနေပြီဖြစ်၏။ သူက ပဲ့ထိန်းဘေး ရပ်ကာ ငုံ့ကြည့်လိုက်သည်။

" သားရဲပဲ "

ဤနေရာတွင် ပင်လယ်သားရဲအုပ်ကြီး ရှိနေသည်။ သူတို့က ကုန်းမြေပေါ်တွင် ပုရွက်ဆိတ်များကဲ့သို့ ဖြစ်၏။ ထို့နောက် ထိုပင်လယ်သားရဲကြီးများက လေထဲအတွင်း ခုန်ကာ ကောင်းကင်ရထားလုံးဆီ လှမ်းဟပ်ကြသည်။

" ရှစ်စွင်း... " ရှောင်ယွမ်အာ၏ အမူအရာက ပြောင်းလဲသွား၏။

" စိုးရိမ်နေဖို့ မလိုဘူး " လုကျိုးက သားရဲအား ကြည့်ကာ ပြောလိုက်၏” ခပ်မြင့်မြင့် ပျံလိုက် "

ကောင်းကင်ရထားလုံးက မြင့်တက်လာသည်။

သားရဲများက နီးကပ်လာသည်။ တချို့က ဆင်လောက် ကြီးမား၏။

ခရုလေးက သူမ၏ ခါးမှ ခရုခွံကို ထုတ်ကာ မှုတ်လိုက်ပြီး ကောင်းကင်ရထားလုံးကို ဆက်လက်မောင်းနှင်လိုက်သည်။ သူမ၏ ကနဦးချီ အကူအညီဖြင့် ခရုခွံအသံသည် ပြန့်နှံ့သွား၏။

ပင်လယ်သားရဲများစွာက ပင်လယ်ထဲ ပြန်ပြုတ်ကျသွားကာ ဗွမ်းခနဲ အသံထွက်လာသည်။ ထို့နောက် အားလုံးက ပင်လယ်ထဲ ပြိုင်တူခုန်ဆင်းသွားကြပြီး ရင်သက်ရှုမောဖွယ် လေးကိုင်းသဏ္ဌာန်မျိုး ဖန်တီးနေသည်။

" မင်းက သူတို့ကို ထိန်းချုပ်နိုင်တယ်လား " လုကျိုးက မေးလိုက်သည်။

" ရှစ်စွင်း တပည့်က သူတို့ကို နှုတ်ဆက်လိုက်ရုံပါ။ သူတို့က မကောင်းတဲ့ စိတ်မျိုး မရှိပါဘူး”

လုကျိုးက ခေါင်းညိတ်လိုက်ကာ လှမ်းကြည့်လိုက်သည်။

နေက ကောင်းကင်အထက် မြင့်တက်နေပြီ ဖြစ်၏။

" ရှစ်စွင်း ပဲ့ထိန်းပေါ်က အနီရောင်သင်္ကေတတွေက ပိုပြီးတော့ တောက်ပလာတယ်” ခရုလေးက အနီရောင်သင်္ကေတ အပြောင်းအလဲကို မြင်ပြီးသည့်နောက်တွင် ပြောလိုက်သည်။

လုကျိုးက သင်္ကေတများကို လှည့်ကြည့်ပြီးသည့်နောက်တွင် ရှေ့ကို လှမ်းကြည့်လိုက်၏။ ကမ်းခြေက နောက်ဆုံးတော့ ပေါ်ထွက်လာလေပြီ။ ကြည့်ရသည်မှာ သူတို့ ရှေ့ဆက်တိုးလာသောကြောင့် လိုင်းမျှင်မျှင်လေးက တဖြည်းဖြည်း ကြီးမားလာသလိုမျိုး ဖြစ်၏။

All Chapters