← Chapters

အခန်း (၇၃၃-၇၃၅)

Vol. 49 Ch. 733-735

အခန်း (၇၃၃-၇၃၅)

Vol. 49 Ch. 733-735

အခန်း (၇၃၃) ကောင်းကင်သိုင်းခုံရုံး၏ အနီရောင်ကြာကျင့်ကြံသူကို သတ်ဖြတ်ခြင်း

သူတို့ ဤနေရာသို့ ရောက်လာပြီဖြစ်သည်။ ရက်သတ္တပတ်နှစ်ပတ်ကြာ ပျံသန်းပြီး အဆုံးမဲ့သမုဒ္ဒရာကို ဖြတ်ကျော်ပြီးနောက် သူတို့သည် နောက်ဆုံး၌ တခြားတစ်ဖက်ကို ရောက်လာပြီဖြစ်သည်။

သို့သော် လုကျိုးသည် သူတို့လွှမ်းခြုံထားသည့် အကွာအဝေးကို မစစ်ဆေးနိုင်ပေ။

ရှောင်ယွမ်အာနှင့် ခရုလေးသည် စိတ်လှုပ်ရှားစွာ လက်ခုပ်လက်ဝါးတီးလျက် ပျော်ရွှင်မြူးကြွနေလေ၏။

လုကျိုးက သက်ပြင်းရှည်ကြီး ချလိုက်တော့သည်။ ခရီးနှင်နေစဉ် အန္တရာယ်များခဲ့သော်ငြား နောက်ဆုံး၌ ကျော်လွှားနိုင်ခဲ့သည်။

လော့ရှစ်ယင်ချန်ထားရစ်ခဲ့သော ကောင်းကင်ရထားလုံးက အတော်လေး အသုံးဝင်၏။ ပျံသန်းမှုက သိပ်မကြာခဲ့ပေ။

အနီရောင်ကြာနယ်မြေနှင့် ရွှေကြာနယ်မြေကြား အကြီးမားဆုံး အတားအဆီးများမှာ မြူနှင့် ဧရာမသားရဲပဲ ဖြစ်သည်။ ကောင်းကင်သိုင်းခုံရုံးသည် သမုဒ္ဒရာကို ဖြတ်ကျော်ရန် အနီရောင်ကြာ ကန့်မီးတောက်အကျော်အမော်ကို သယ်ဆောင်ဖို့ ကောင်းကင်လွန်းတီထွင်ခဲ့တာ အံ့ဩစရာမရှိပေ။ ကောင်းကင်လွန်း၏ ခုခံမှုက ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာနေတာလည်း အံ့ဩစရာမရှိပေ။

ယခုအချိန်၌ ကမ်းရိုးတန်းမျဉ်းက သူတို့အရှေ့၌ ပေါ်နေပြီဖြစ်သည်။ ထိုသို့တိုင် သူတို့သည် မရောက်သေးခင် အချိန်တချို့ကြာ ပျံသန်းရဦးမည်။

ကျောက်ကန်ဘောင်များ၊ နံရံမြို့ရိုးများ၊ သန္တာကျောက်တန်းများ၊ ကမ်းစပ်ရှိတောအုပ်တို့က သူတို့ရှေ့၌ ပေါ်လာ၏။

“ရှစ်စွင်း ကြည့်ကြည့်” ရှောင်ယွမ်အာသည် ညာဘက်ကို လက်ညှိုးထိုးပြလိုက်လေ၏။

သူမ ညွှန်ပြသည့်ဘက်ကို သူလှမ်းကြည့်လိုက်သည်။ ကမ်းစပ်၌ သစ်သားစင်မြင့်များစွာရှိ၏။

“နိမ့်နိမ့်ပျံ”

“အင်း”

ကောင်းကင်ရထားလုံးသည် ဖြည်းဖြည်းချင်း ဆင်းသက်ကာ ကမ်းရိုးတန်းဆီ ပျံသန်းသွားလေ၏။

ဝှစ်

ထိုစင်မြင့်များထဲမှ တစ်ခုစီမှ ဧရာမမုတ္တလက်နက်တစ်ခု ပေါ်ထွက်လာ၏။ ယင်းက လေကိုခွင်း၍ ပျံသန်းလာသည်။

“ရှစ်စွင်း တပည့်သွားလိုက်မယ်” ရှောင်ယွမ်အာသည် သူ၏ ကနဦးချီကို လှည့်ပတ်ကာ စွမ်းအင်အဖြစ် သိပ်သည်းပြီး ကောင်းကင်ရထားလုံးကို ကာလိုက်၏။

ဘန်း

သူမ၏ စွမ်းအင်သည် လက်နက်ကို ပိတ်ဆို့လိုက်သည်။

ဆိုရလျှင် ရှောင်ယွမ်အာက ပွင့်ချပ်ခုနှစ်လွှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူမသည် ထိုတိုက်ကွက်ကို ဖယ်ရှားနိုင်စွမ်းရှိတာ အံ့ဩစရာမရှိပေ။

လောက်လေးခွက အားမလျော့ပေ။ လေထဲ၌ နားစည်ထိခိုက်လောက်သည့် ဖုန်းဟူသော မြည်သံကျယ်ကြီး ပေါ်ထွက်လာသည်။

တောအုပ်ထဲရှိ စင်မြင့်ပေါ်၌ ကျင့်ကြံသူဒါဇင်ချီက သူတို့ကို တွေ့ရန် လေထဲ ပျံသန်းလာကြသည်။ သူတို့ထဲမှ နှစ်ယောက်က ကျန်သည့်သူများထက် ပိုမြန်ဆန်တာ သိသာ၏။ သူတို့က ရှေ့သို့ပျံသန်းလျက် အားလုံးသည် သူတို့နောက်မှ အတန်းလိုက် လိုက်ပါလာသည်။

“သူတို့တွေက ရွှေကြာနယ်မြေကပဲ၊ ဖြေရှင်းကြဟေ့”

“အကြီးအကဲပြောတာ မှန်တယ်၊ ရွှေကြာနယ်မြေက ငါတို့ထက် ပိုမြန်တယ်၊ ကျူးကျော်ဖို့အတွက် သူတို့ရဲ့လူတွေကို ပို့နေပြီပဲ”

လုကျိုးက ပဲ့ဘေးတွင် ရပ်နေကာ ဟိုနှစ်ယောက်ကို ကြည့်လိုက်သည်။ သူထင်သည့်အတိုင်းပင် အမှန်တရားမျက်လုံးက သူတို့၌ အလုပ်မဖြစ်ပေ။ သူတို့အကြောင်းအချက်အလက်ကို မမြင်နိုင်။ ထိုသို့ ဖြစ်ရသည့် အကြောင်းအရင်းကို သူ မသိသော်ငြား ၎င်းက အရေးမပါပေ။ သူ၏ ပွင့်ချပ်ကိုးလွှာကျင့်ကြံဆင့်ဖြင့် သူ၏ခွန်အားကို အလွယ်တကူ စစ်ဆေးနိုင်သည်။ ထို့အပြင် အကျော်အမော်များ ဖြစ်ပင်လျှင် သူက ကတ်တစ်ကတ်သာ လိုအပ်သည်။

“ငါက ကောင်းကင်သိုင်းခုံရုံးရဲ့ စုန့်ကန်းပဲ၊ ကျူးကျော်သူတွေ မင်းတို့အညံ့ခံလိုက်”

ဘယ်ဘက်ခြမ်းရှိလူက ပြောလိုက်သည်။

“လမ်းဖယ်လိုက်” ရှောင်ယွမ်အာအား ပြုံးလျက် ပြောလိုက်သည်။

စုန့်ကန်းက ကောင်းကင်ရထားလုံးပေါ်ရှိ ရှောင်ယွမ်အာကို ကြည့်လိုက်သည်။ ကျူးကျော်လာသူက ဤမျှငယ်ရွယ်လိမ့်မည်ဟု သူမထင်ထားပေ။

‘ရွှေကြာနယ်မြေမှာ တခြားလူတွေ မရှိတော့ဘူးလား၊ အကြီးအကဲတွေပြောတာ မှန်တယ်၊ ရွှေကြာနယ်မြေက မယုံနိုင်စရာ ကောင်းလောက်အောင် အားနည်းတာပဲ’

အထက်လူကြီးများကက ဖာ့ခုံးနှင့်ကုမင်တို့ သေဆုံးသည့်အကြောင်းကို လျှို့ဝှက်ထားသောကြောင့် သူတို့သေသွားတာကို သတိမပြုမိပေ။

၎င်းသည် တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုကို ထိန်းသိမ်းထားရန် ဖြစ်သည်။ ထို့ပြင် သူတို့ အမှားလုပ်ခဲ့ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံမှာ မဟုတ်ပေ။

“ကောင်မလေး ကောင်းကင်သိုင်းခုံရုံးကို သိလား”

“ရှင်တို့က ကောင်းကင်သိုင်းခုံရုံးပဲဖြစ်ဖြစ် မြေသိုင်းခုံရုံးပဲဖြစ်ဖြစ် ကျွန်မဂရုစိုက်ဘူး၊ ရှင်တို့ကို ဖယ်ဖို့ပြောနေတာ ကျွန်မပြောနေတာ နားမလည်ဘူးလား၊ ရှစ်စွင်းသူတို့က တပည့်ပြောတာ နားမလည်တဲ့ပုံပဲ” ရှောင်ယွမ်အာသည် စုန့်ကန်းကို လက်ညှိုးထိုးလျက် ပြောလိုက်သည်။

“စုန့်ကန်း” ညာလက်ရှိလူက ပိုယဉ်ကျေးသည်။ သူက လက်သီးဆုပ်မိုးလျက် ပြောလိုက်၏။

“ကျုပ်က ကောင်းကင်သိုင်းခုံရုံးရဲ့ စုန့်ချူးပါ၊ အဆုံးမဲ့ သမုဒ္ဒရာရဲ့ ကမ်းစပ်ကို စောင့်ကြပ်ဖို့ တာဝန်ယူထားတာ၊ ခင်ဗျားတို့တွေက ရွှေကြာနယ်မြေကလား”

လုကျိုးက လက်မြှောက်လျက် ရှောင်ယွမ်အာကို နောက်ဆုတ်ခိုင်းလိုက်သည်။ သူက စုန့်ချူးကို ကြည့်ပြီးနောက် မေးလိုက်လေ၏။

“မင်းတို့က ကောင်းကင်သိုင်းခုံရုံးကလား”

“အဟုတ်ပါပဲ ကျုပ်တို့က ကောင်းကင်သိုင်းခုံရုံးကပါ လူကြီးမင်း၊ ခင်ဗျားတို့တွေက အနီရောင်ကြာနယ်မြေကို ရောက်ခါစဆိုတော့ ကောင်းကင်သိုင်းခုံရုံးအကြောင်းမသိတာ သဘာဝပါပဲ၊ ကောင်းကင်သိုင်းခုံရုံးက တာ့ထန်မင်းဆက်ရဲ့ တိုက်ရိုက်လက်အောက်ငယ်သား၊ ဒီနေရာရဲ့ အသန်မာဆုံးဂိုဏ်းဖြစ်ပြီး တာ့ထန်မှဖြစ်စေ နယ်ခြားမြေမှဖြစ်စေ အသန်မာဆုံးပဲ၊ရွှေကြာနယ်မြေရဲ့ တည်ရှိမှုအကြောင်း ကျုပ်တို့သိထားပြီး အခြေခံအချက်အလက်တချို့ စုံစမ်းထားပါတယ်၊ ရွှေကြာနယ်မြေမှာ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူ တစ်ယောက်ပဲ ရှိတယ်၊ အမှန်တိုင်းပြောရရင် ကောင်းကင်သိုင်းခုံရုံးတစ်ခုတည်းမှာ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူ နှစ်ယောက်ရှိတယ်”

ပြောပြီးနောက် သူသည် လုကျိုးကို ကြည့်လျက် လုကျိုး၏ရင့်ရော်သော မျက်နှာပေါ်၌ ကြောက်ရွံ့လေးစားသည့် အမူအယာပေါ်လာမှာကို မျှော်လင့်နေမိသည်။ သူစိတ်ပျက်ရမည့်ကံ ပါလာလေ၏။

လုကျိုးသည် မျက်နှာသေဖြင့် ပြောလိုက်တော့၏။

“မင်းက သူတို့ထဲက တစ်ယောက်လား”

စုန့်ချူးက ခေါင်းခါလိုက်တော့သည်။

“ကျုပ်က ကောင်းကင်သိုင်းခုံရုံးထဲမှာ လက်ထောက်တစ်ယောက်ပါပဲ၊ ကျုပ်ကိုယ်ကျုပ် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက်နဲ့ မယှဉ်ရဲပါဘူး”

လုကျိုးက ခေါင်းခါလိုက်၏။ ယင်းက ရှက်စရာကောင်းလှပေသည်။ သို့သော်ငြား ပွင့်ချပ်ကိုးလွှာကျင့်ကြံသူများကို ကမ်းရိုးတန်းအစောင့်အနေဖြင့် မထားတာ သဘာဝကျ၏။ ယင်းက အဆင့်နိမ့်နေရာဖြစ်သည်။

“ငါတို့မြေပေါ် ဆင်းသက်တာကို တားမှာလား”လုကျိုးက မေးလိုက်သည်။

စုန့်ကန်းသည် စုန့်ချူးကဲ့သို့ စိတ်မရှည်ပေ။ သူက ခပ်ပြတ်ပြတ်ပြောလိုက်၏။

“ပြောတာတော်လောက်ပြီ၊ ကောင်းကင်သိုင်းခုံရုံးက ရွှေကြာနယ်မြေက လူတိုင်း အကျဉ်းချခံရပြီး အကြီးအကဲတွေရဲ့ စီရင်မှုကို စောင့်ရမယ်လို့ အမိန့်ပေးထားတယ်”

စုန့်ကန်းနောက်ရှိ ကောင်းကင်သိုင်းခုံရုံးတပည့်များက ရှေ့သို့ ပြန်တက်လာကာ သူ့နား၌ စီတန်းလိုက်တော့သည်။

စုန့်ချူးက ပြောလိုက်သည်။

“လူကြီးမင်း ဒုက္ခသက်သာစေဖို့ ကျုပ်တို့နဲ့ လိုက်ခဲ့ပါတော့လား”

သူတို့နား၌ ကျင့်ကြံသူ ဒါဇင်ချီစုဝေးနေကာ သူတို့၏ ဆယ်ကမ္ဘာစိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်ထားသည်။ လုကျိုးက ဇဝေဇဝါဖြစ်သွား၏။

အနီရောင်ကြာနယ်မြေရှိ ကျင့်ကြံခြင်းနည်းလမ်းများ၊ ကျင့်စဉ်များ၊ သဘောတရားများ၊ စိတ်ဝိညာဉ်သဏ္ဌာန်များသည် ရွှေကြာနယ်မြေနှင့် အဘယ်ကြောင့် တူနေရသနည်း။ ကမ္ဘာမြေပေါ်၌ ပစိဖိတ်သမုဒ္ဒရာ၏ အဆုံးနှစ်ဖက်ရှိ ဘာသာစကားနှင့် ယဉ်ကျေးမှုကတောင် ကွဲပြားလေရာ တစ်ဖက်နှင့်တစ်ဖက် ဤမျှဝေးကွာသည့် နေရာဆို ပိုကွဲပေလိမ့်မည်။ ရွှေကြာနယ်မြေနှင့် အနီရောင်ကြာနယ်မြေသည် နယ်မြေတစ်ခုတည်း ဖြစ်ခဲ့ဖူးသည်လော။

ကုန်းမြေတု မျောပါခြင်းသဘောတရားသည် လုကျိုး၏စိတ်ထဲ၌ ပေါ်လာ၏။ ပေတစ်သိန်းနက်သော ချောက်နက်၏အောက်ခြေ၌ သူတို့သည် ရေနက်ကနေ ခရီးနှင်ခြင်းဖြင့် အနီရောင်ကြာနယ်မြေကို ရောက်နိုင်သည်။ စီးဝူယာ့ရေးဆွဲထားသည့်မြေပုံနှင့် သားရေချပ်ဟောင်းကို အကဲဖြတ်ကြည့်လျှင် ရေနက်သည် နယ်မြေနှစ်ခုထပ်နေသည့်နေရာဖြစ်၏။ ထိုနေရာက ချိုင့်ဝင်နေပြီး မှောင်မည်းနေသောနေရာ ဖြစ်သည်။

“ဒီနည်းက”

အသံသည် လုကျိုးကို လက်ရှိဆီသို့ ဆွဲခေါ်လိုက်၏။

လုကျိုးသည် သူ့ရှေ့ရှိ မယုံနိုင်စရာကောင်းလောက်အောင် အားနည်းသော ဆယ်ကမ္ဘာစိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်လိုက်သည်။ သူက သူတို့နှင့် အချိန်ဖြုန်းရန် စိတ်မဝင်စားတော့ပေ။ ထို့ကြောင့် သူက မေးလိုက်၏။

“ကောင်းကင်သိုင်းခုံရုံးမှာ အမြင့်ဆုံး အာဏာရှိတာ ဘယ်သူလဲ”

စုန့်ကန်းက ကျယ်လောင်စွာ မေးလိုက်သည်။

“မင်းက ခုံရုံးသခင်နဲ့ စကားပြောနိုင်တဲ့လူလို့များ ထင်နေလား”

စုန်ချူးက ထပ်ပြောလိုက်၏။

“ဆရာကြီး အခုအဝိုင်းခံထားရပြီးပါပြီ၊ ရွှေကြာနယ်မြေရဲ့ တစ်ဦးတည်းသော ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ဒီမှာရှိနေရင်တောင် သူခင်ဗျားကို မကယ်နိုင်ဘူး”

လုကျိုးက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

ရှောင်ယွမ်အာပြောသည့်အတိုင်းပင် ဤလူများသည် သူတို့ပြောတာကို နားမလည်။

လုကျိုးက သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်၏။

“ယွမ်အာ”

“ဟုတ်ကဲ့ ရှစ်စွင်း”

“ဒါတွေကို ရှင်းလိုက်”

ရှောင်ယွမ်အာသည် ချက်ချင်းပင် တက်ကြွသွားတော့၏။ တာ့ယန်တွင် သူမက အမြဲတမ်း ထိန်းချုပ်ခံထားရသည်။ သူမရှစ်စွင်းက သူမကို ထိုကဲ့သို့အမိန့်ပေးတာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူမသည် ရထားလုံးပျံပေါ်မှ ပေါ့ပေါ့ပါးပါး ခုန်ဆင်းလျက် ပျံသန်းလိုက်တော့သည်။

စုန့်ချူးနှင့် စုန့်ကန်းက တစ်ပြိုင်နက်တည်း ခေါင်းခါလိုက်၏။

“ခင်ဗျားက ခင်ဗျားနေရာ မသိဘူးပဲ”

လေထဲ၌ အနီရောင်ကြာစိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုပေါ်လာသည်။ ပွင့်ချပ်သုံးလွှာနှင့် ပွင့်ချပ်ငါးလွှာစိတ်ဝိညာဉ်သဏ္ဌာန် ဖြစ်သည်။

စိတ်ဝိညာဉ်သဏ္ဌာန်များ ပေါ်ပေါက်လာချိန်၌ ရှောင်ယွမ်အာက ခိုးခိုးခစ်ခစ် ရီမောလိုက်၏။ သူမသည် နဂါးတစ်ကောင်ပမာ ကျင့်ကြံသူနှစ်ယောက်ဆီသို့ - ပစ်သွင်းကာ အာရုံစူးစိုက်လိုက်၏။ ပြီးနောက် သူတို့နှစ်ယောက်ကို ပြင်းထန်စွာ ကန်လိုက်တော့သည်။

ဘန်း ဘန်း

သူတို့နှစ်ယောက်လုံး ကောင်းကင်ပေါ်မှ ပြုတ်ကျသွားတော့သည်။ ကောင်းကင်သိုင်းခုံရုံး၏ ဂိုဏ်းသားများကြားထဲတွင် အထိတ်တလန့်သံများ ပေါ်ထွက်လာတော့သည်။

ဒီမိန်းကလေးက ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်ရတာလဲ

“သူ့ကို သတ်ကြဟေ့”

ကျင့်ကြံသူဒါဇင်ချီက တိုက်ခိုက်ရန် ရှေ့တက်လာကြသည်။

ရှောင်ယွမ်အာက သူမ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်၏။

သူမ၏ ပွင့်ချပ်ခုနှစ်လွှာ ရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်သည် ကြီးထွားလာပြီးနောက် စွမ်းအင်များ ပေါ်ထွက်လာတော့သည်။ သူမရှေ့ရှိ ဆယ်ကမ္ဘာစိတ်ဝိညာဉ်သဏ္ဌာန် ဒါဇင်ချီက လွင့်ထွက်သွားကြပြီး ကျင့်ကြံသူများ သွေးအန်ကုန်၏။ မည်သူကမှ ရှောင်ယွမ်အာနဲ့ မယှဉ်နိုင်ပေ။

ရှောင်ယွမ်အာသည် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်နှင့် နတ်ဒေဝါဦးတည်နယ်ပယ်နှင့်အောက် ကျင့်ကြံသူများဖြင့် ဒုက္ခခံမနေပေ။ ထိုအစား သူမသည် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူနှစ်ယောက်ဆီသို့ သွားလိုက်၏။ သူမ၏ ခြေထောက်၌ တိမ်ယံခြေလှမ်းဖိနပ်ကို စီးထားပြီး ခါးတွင် နိဗ္ဗာန်နခါးစည်းကို ချိတ်ဆွဲထားသည်။

ဖုန်း

ခဏအကြာတွင် ရှောင်ယွမ်အာသည် ပွင့်ချပ်သုံးလွှာစိတ်ဝိညာဉ်သဏ္ဌာန်ပေါ်၌ ပေါ်လာတော့သည်။ သူမက အနီရောင်ကြာစိတ်ဝိညာဉ်သဏ္ဌာန်ကို နင်းလိုက်၏။

“တင် ပစ်မှတ်တစ်ယောက် သတ်ပြီးပါပြီ၊ ဆုလာဘ် ကုသိုလ်မှတ်တစ်ထောင်၊ နယ်မြေအပို ကုသိုလ်မှတ်ငါးရာ”

“နောက်ဆုတ်”

“နောက်ဆုတ်ကြဟေ့၊ အကြီးအကဲတွေကို အကြောင်းကြား၊ ရွှေကြာနယ်မြေက ကျုးကျော်လာနေပြီ”

ယခုအချိန်၌ စုန့်ချူးသည် သူတို့၏ အန္တရာယ်များသော အခြေအနေကို သဘောပေါက်သွားပြီ ဖြစ်သည်။

“သူ့ကို တားကြ”

ထိုသို့ပြောပြီးနောက် သူက လှည့်ပြေးတော့၏။

ရှောင်ယွမ်အာသည်ကား ပွင့်ချပ်ခုနှစ်လွှာကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူမ၌ တိမ်ယံခြေလှမ်းဖိနပ်နှင့် ခုနှစ်စင်ကြယ်တိမ်ယံခြေလှမ်းသိုင်း ရှိနေသည်။ ပွင့်ချပ်ငါးလွှာ ကျင့်ကြံသူတစ်ယောက်သည် သူမဆီမှ မည်ကဲ့သို့ လွတ်မြောက်နိုင်မည်နည်း။

သူမ၏ နိဗ္ဗာန်နခါးစည်းဖြင့် ရွှေကြာဖူးပွင့်လာသည်နှင့် လျှပ်ပြက်သောအရှိန်ဖြင့် လှုပ်ရှားလိုက်တော့သည်။

ဆယ်ကမ္ဘာစိတ်ဝိညာဉ်သဏ္ဌာန်က စိတ်ဝိညာဉ်သဏ္ဌာန်များ ပင်လယ်ထဲ ပြုတ်ကျသွားသည်။ သမုဒ္ဒရာသားရဲများက ပေါ်လာပြီး ပြုတ်ကျသွားသော ကျင့်ကြံသူများကို အညှာအတာမရှိ ဝါးမြိုလိုက်၏။

ရှောင်ယွမ်အာက နေရာအနှံ့ရောက်သွားသည်။ ကျင့်ကြံသူဒါဇင်ချီက ကောင်းကင်ပေါ်မှ ချက်ချင်းပြုတ်ကျကုန်၏။ ပြီးနောက် သူမက စုန့်ချူးကို လိုက်သည်။ အကွက်ပေါင်းများစွာ လှုပ်ရှားပြီးနောက် သူမသည် စုန့်ချူးရှေ့၌ ပေါ်လာကာ သူ့လမ်းကြောင်းကို ပိတ်ဆို့လိုက်တော့သည်။

စုန့်ချူးက ထိတ်လန့်သွား၏။ ဒီမိန်းကလေးက ပွင့်ချပ်ခုနှစ်လွှာကျင့်ကြံသူတစ်ယောက်ဆိုလျှင် အဲဒီအဖိုးကြီးက ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူတစ်ယောက်လား။

ရှောင်ယွမ်အာက ပြုံးပြီး ခြေဆောင့်နင်းလိုက်၏။

ဘန်း

လုကျိုးက လက်မြှောက်လျက် ပြောလိုက်သည်။

“ငါသူ့ကို အသက်ရှင်လျက် လိုချင်တယ်”

“တင်း ပစ်မှတ်တစ်ယောက်သတ်ပြီးပါပြီ၊ ဆုလာဘ် ကုသိုလ်မှတ် ထောင့်ငါးရာ၊ နယ်မြေအပို ကုသိုလ်မှတ် တစ်ထောင်”

“…”

ဤမိန်းကလေးက အဟန့်အတား ကင်းမဲ့လွန်း၏။ သူမသည် ဘယ်သူ့ကိုမှ အသက်ရှင်ခွင့်ပေးရန် ရည်ရွယ်ချက်မရှိပေ။

“ရှစ်စွင်း တပည့် တပည့် တမင်တကာလုပ်လိုက်တာ မဟုတ်ပါဘူး၊ သူဒီလောက် အားနည်းမယ်မှန်း မသိခဲ့လို့”

ရှောင်ယွမ်အာသည် မဝင့်မရဲပြောလိုက်တော့၏။

…

အခန်း (၇၃၄) ကျူးကျော်သူက ဘယ်သူလဲ

လုကျိုးက အနီရောင်ကြာနယ်မြေ၏ ပုံကြမ်း၊ ဂိုဏ်းအရေအတွက် သို့မဟုတ် တခြားသူများကြား မည်သူက အုပ်ချုပ်သူလဲဟု စုံစမ်းဖို့ရာ နယ်မြေခံ ကျင့်ကြံသူတစ်ယောက်ကို စစ်ဆေးမေးမြန်းဖို့ ကြံရွယ်ထားသည်။ အကယ်၍ သူသာ ခေါင်းဆောင်ကို သိထားပါက ထိပ်ဆုံးခေါင်နှင့် တစ်ခါတည်း ဖြေရှင်းနိုင်သည်။ ဤသည်က ဘုရင်ကို အမြဲလိုလို ပစ်မှတ်ထားသည့် စစ်ပွဲပညာရပ်တစ်ခု မဟုတ်ပါလော။

အကယ်၍ တစ်ဖက်လူက ရန်သူ၏ ခေါင်းဆောင်ကို ဖမ်းယူခြင်း သို့မဟုတ် သတ်ဖြတ်နိုင်ခဲ့လျှင် ကျန်ရှိနေသည့် တပ်က သူတို့ဘာသာသူတို့ ပြိုလဲသွားလိမ့်မယ်။ ဤနည်းဖြင့် အနီရောင်ကြာနယ်မြေ၏ ရွှေရောင်ကြာနယ်အပေါ် ကျူးကျော်ခြင်းက ပျက်သုန်းသွားလိမ့်မည်။

ဤသည်က ဖြစ်နိုင်ချေရှိသည့် အစီအစဥ်တစ်ခုဟု တွေးမိလိုက်သည်။ သို့သော်လည်း သူတို့က မည်သူ့ကိုမှ အသက်ရှင်လျက် မဖမ်းဆီးမိခဲ့သည့်အတွက် တခြားတစ်ယောက်ကို ရှာဖို့ လိုအပ်လာသည်။

သူ ရယူလိုသည့် သတင်းအချက်အလက်များက လျှို့ဝှက်ချက်ကြီး မဟုတ်ပေ။ သူက လူသားနေထိုင်ရာသို့ ရောက်ရှိပြီးသည့်နောက်တွင် မေးမြန်းလိုက်ရုံမျှသာ ဖြစ်၏။

" ထားလိုက်ပါတော့။ လူသားနေထိုင်ရာမြို့ထဲ ဝင်သွားရင် ငါ့အမိန့်ကို နားထောင်ကြ။ ရုတ်ရုတ်သဲသဲ မလုပ်နဲ့”

လုကျိုးက ထိုစကားများသည် မလုံလောက်ကြောင်း ခံစားမိလိုက်သည်။ မိန်းမငယ်လေးက ခုန်ပျံကျော်လွှားကာ တိုးတက်လာခဲ့သော်လည်း သူမက ကမ္ဘာ၏ အလုပ်လုပ်ပုံ သို့မဟုတ် ရွှေကြာနယ်မြေနှင့် အနီရောင်ကြာနယ်မြေကြားမှ ပဋိပက္ခများနှင့် မရင်းနှီးပေ။

ထို့ကြောင့် သူက ထပ်ပြောလိုက်သည်။

” မင်းတို့တွေ စွမ်းအား ဒါမှမဟုတ် စိတ်ဝိညာဥ်သဏ္ဌာန်ကို မထုတ်ဖော်ရဘူး”

" အာ ဟုတ်ကဲ့ " ရှောင်ယွမ်အာက တောင်းဆိုသည့်ပုံစံဖြင့် လက်ဝါးခြင်း ပူးကပ်လိုက်စဉ်အခါ အမှားပြုလုပ်မိကြောင်း သိသွားဟန်ပေါ်သည်။

လုကျိုးက ရထားလုံးပျံကို လှည့်ကြည့်လိုက်သည်။ ဤသည်က ပြဿနာတစ်ခု ဖြစ်၏။ ကောင်းကင်ရထားလုံးကို ဘယ်နေရာတွင် ရပ်နားထားရမည်နည်း။ သူက လူသားနေထိုင်ရာသည် အနည်းငယ်မျှ ကွာဝေးကြောင်း မြင်သည့်အခါ ဘာမှမဆုံးဖြတ်ခင် တစ်ချက်အရင်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

" သွားကြစို့ "

...

ကောင်းကင်သိုင်းပညာခုံရုံး

မော့ပုယန်က ပင်မခန်းမအတွင်း အလျင်အမြန် ဝင်ရောက်လာသည်။ သူက ဦးညွတ်ကာ ပြောလိုက်၏” အကြီးအကဲချိုး အဆုံးမဲ့ပင်လယ်ကို စောင့်ကြပ်နေတဲ့ စုန့်ညီအစ်ကို သေသွားပြီ”

အကြီးအကဲချိုး၏ အကြည့်များက ထိပ်လန့်တကြား ဖြစ်သွားလေသည်။ သူက မေးလိုက်၏” တခြားသူတွေကရော "

" စုန့်ကန်းနဲ့ စုန့်ချူးတို့က အဖွဲ့ ၅ မှာပါ။ အဖွဲ့ ၁ ကနေ ၄ အထိက အနောက်မြောက်ကို စောင့်ကြပ်နေကြတာပါ။ အဖွဲ့ ၅ ကနေ ၈ အထိကတော့ အရှေ့တောင်ဘက်မှာ စောင့်ကြပ်နေကြတာပါ။ တခြားသူတွေက အဲဒီနေရာဆီ သွားတော့ စုန့်ကန်းနဲ့ စုန့်ချူးတို့က သေနေကြပြီ” မော့ပုယန်က ထိုအရာကို လက်ခံဖို့ အခက်တွေ့နေဟန် ပေါ်သည်။

" စစ်သူကြီးကျိုးရော မရှိဘူးလား " အကြီးအကဲချိုးက နားမလည်ဖြစ်နေမိ၏။

" ကျိုးရှင်းက နန်းတော်ကလေ။ သူက ဂိုဏ်းတွေအချင်းချင်း တိုက်ခိုက်ဖို့ မျှော်လင့်နေတာပဲနေမှာ။ နန်တော်က ဒီလိုအခွင့်အရေးမျိုးကို အမြဲတမ်းဖမ်းဆုပ်နေကြလေ။ တကယ်လို့ ကျွန်တော်တို့သာ သူတို့ကို လျှို့ဝှက်မထောက်ပံ့ပေးခဲ့ရင် ... "

အကြီးအကဲချိုးက မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ့အား ပြန်ပြောလိုက်သည်” အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့”

" ကျွန်တော် ပြောတာ မှားသွားတယ်”

" အချိန်တိုအတွင်း အဖွဲ့ ၅ ကို ဖြေရှင်းပြီး နန်းတော်နဲ့ ကောင်းကင်သိုင်းပညာခုံရုံးကို ပွင့်လင်းမြင်သာ စိန်ခေါ်ဖို့ဆိုတော့... ရွှေကြာနယ်မြေက ကျူးကျော်သူတွေအပြင် တခြားသူကို မတွေးမိဘူး။ ဒီအရာကို လျှို့ဝှက်ပြီးတော့ စုံစမ်းလိုက်။ ပြီးတော့ ဒီအကြောင်းကို နန်းတော်ဆီလည်း အကြောင်းကြားလိုက်။ မြို့ထဲ ဝင်ထွက်တဲ့ ကျင့်ကြံသူအားလုံးကို စစ်ဆေးရမယ်” အကြီးအကဲချိုးက ပြောလိုက်သည်။

" ကျွန်တော် ချက်ချင်းလုပ်လိုက်ပါ့မယ်” မော့ပုယန်က ခန်းမကျယ်ကြီးထဲမှ ထွက်ခွာသွားသည်။

အကြီးအကဲချိုးက သက်ပြင်းချလိုက်၏။ သူက တံခါးကို ကြည့်ကာ ရေရွတ်လိုက်သည်” ရွှေကြာနယ်မြေက ငါတို့ထင်ထားတာထက် ပိုမိုအားကောင်းနေပုံပဲ။ ဒီကျူးကျော်သူတွေက ဒီရောက်လာပြီ”

ကျူးကျော်သူက ဘယ်သူများလဲ...

...

လုကျိုးက စီးဝူယာ့ ရေးဆွဲထားသည့် မြေပုံကို အမှတ်ရလိုက်သည်။ ထိုအပြင် လော့ရှစ်ယင်၏ မှတ်စုများထဲ အနီရောင်ကြာနယ်မြေနှင့် ရွှေကြာနယ်မြေတို့သည် တူညီကြောင်း ဖော်ပြခဲ့ဖူးသည်။ အကယ်၍ ထိုသို့ ဖြစ်ပါက သူတို့သည် လူသားနေထိုင်ရာနှင့် တွေ့ရဖို့ သိပ်မလို့တော့ပေ။

ကောင်းကင်ရထားလုံးက ဝေဟင်အထက် ပျံသန်းလာသည်။

ထိုစဥ် ကောင်းကင်ရထားလုံးက သူ့အကြိုက်တွေ့ဖို့ အနည်းငယ် နှေးကွေးနေလေ၏။ ထို့အပြင် နေရာ ကျယ်ကျယ်ဝန်းဝန်းလည်း မရှိပေ။ အဆုံးမဲ့ပင်လယ်ကို ဖြတ်ကူးစဥ် အခါကလည်း အကောင်းဆုံး အတွေ့အကြုံမျိုး မရခဲ့ပေ။ သို့သော်လည်း ရွှေကြာနယ်မြေထံ ပျံသန်းဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်နေလေသည်။ သူတို့ကို ဖျက်စီး၍ မဖြစ်သလို သွားလေရာ သယ်သွား၍လည်း မဖြစ်ပေ။

လော့ရှစ်ယင်က ထိုပစ္စည်းကို လွန်ခဲ့တဲ့ နှစ် ၃၀၀ခန့်က ချန်ထားခဲ့သည့်အချက်ကို ထည့်စဥ်းစားလိုက်လျှင် အနီရောင်ကြာနယ်မြေတွင် အဆင့်မြင့် ကောင်းကင်ရထားလုံးများ ရှိဖို့များ၏။ ကောင်းကင်လွန်းကို တည်ဆောက်ရေး ခက်ခဲမှုသည် အသေးစားကောင်းကင်ရထားလုံးကို တည်ဆောက်သည်ထက် ပိုမိုခက်ခဲလာ၏။

သုံးယောက်သားက တောင်တန်းများ မြစ်များနှင့် တောအုပ်များကို ဖြတ်ကျော်ပြီးနောက် လူသားနေထိုင်ရာရွာများကို မြင်လိုက်ရသည်။

ခဏအကြာတွင် လုကျိုးက ဂူတစ်ဂူ တွေ့လိုက်၏။ သူက ကောင်းကင်ရထားလုံးအား ဂူထဲတွင် ထားကာ အဝင်ဝကို စည်းပိတ်လိုက်သည်။

သုံးယောက်သား စိတ်အေးလက်အေးဖြင့် မြို့ထဲသို့ ဝင်ကာ တည်းခိုဆောင် ရှာလိုက်ကြသည်။

ထို့နောက် လုကျိုးက ရှောင်ယွမ်အာအား မြို့နှင့် တည်နေရာအကြောင်း သတင်းအချက်အလက်များ ရယူဖို့ စေလွှတ်လိုက်သည်။

...

ရှောင်ယွမ်အာက နေဝင်ခါနီးလောက်တွင် ပြန်ရောက်လာသည်။

" ရှစ်စွင်း … တပည့် အကုန်လိုက်မေးပြီးသွားပြီ။ ခဏခဏ တပည့် ရေသောက်ပါရစေအုံး”

ရှောင်ယွမ်အာက သူမဘာသာသူမ ရေခွက်ထဲ ရေထည့် သောက်လိုက်သည်။ သူမ၏ ရေဆာဖြေပြီးသည့်နောက်တွင် ပြောလိုက်၏” ဒါက လုံယို့ပတ်လမ်းမှာ ရှိတဲ့ မြို့လေးတစ်ခုပဲ”

" လုံယို့လား " လုကျိုးက မုတ်ဆိတ်သပ်ကာ စဥ်းစားလိုက်၏။

" တပည့်တော့ နာမည်ကို မုန်းတယ်။ နယ်ခြားမျိုးနွယ်တွေအပြင် အရာအားလုံးက တာ့ထန်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်။ တာ့ထန်က ပတ်လမ်းဆယ်ခုအဖြစ် ခွဲခြားထားတယ်။ အဲ့ဒါက ကွမ်းနိုင်းပတ်လမ်း၊ ကျန်းတုံပတ်လမ်း၊ ကျန်းပေပတ်လမ်း၊ ကျန်းနန်ပတ်လမ်း... မြို့တော်က ကွမ်းနိုင်းပတ်လမ်းထဲမှာ ရှိပြီးတော့ ဒါက လုံယို့ပတ်လမ်းထဲမှာ " ရှောင်ယွမ်အာက ရေထပ်သောက်လိုက်သည်။

လုကျိုးက ခေါင်းညိတ်လိုက်၏။ သူက အကြမ်းဖျင်းသိလေပြီ။ သူက မေးလိုက်၏။

” ဒီမှာ ပင်မဂိုဏ်းတွေရော ရှိလား "

" တပည့် ကြားရသလောက်တော့ ကြယ်ပျံအိမ်တော်က အားကောင်းတဲ့ပုံပဲ။ သူတို့က လွမ့်ကို သတ်ခဲ့တယ်။ ပြီးတော့ ကြယ်ပျံအိမ်တော်ဆီ ဝင်ချင်တဲ့ လူတွေအများကြီးပဲ” ရှောင်ယွမ်အာက ပြန်ဖြေလိုက်၏။

ကြယ်ပျံအိမ်တော်တဲ့လား။ တကယ့်ကို ကမ္ဘာကြီးက ကျဥ်းကျဥ်းလေးပဲ ...

လုကျိုးက သူ သတ်ခဲ့သည့် ကုမင်သည် တာ့ယန်၏ တော်ဝင်မင်းဆရာ ကျန့်ဝမ်ရွှီသည် ကြယ်ပျံအိမ်တော်မှ ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ အကယ်၍ သူတို့သာ လွမ့်ကို သတ်နိုင်ပါက သူတို့သည် အမှန်တကယ် အားကောင်းလှ၏။ သို့သော်လည်း သူက ထိုကောလဟာလများကို သံသယရှိမိ၏။

တာ့ယန်တွင် ဂိုဏ်းကြီးဆယ်ဂိုဏ်းက အားကောင်းသည်ဟု ဆိုလိုရပေသည်။ သို့သော် သူတို့က ဂိုဏ်းသုံးဂိုဏ်းနှင့် ယှဥ်လိုက်လျှင် မှေးမှိန်နေဆဲ ဖြစ်၏။ မိစ္ဆာဂိုဏ်းမြင့်တက်လာမှုက ယွီကျန့်ဟိုင်၏ ငရဲဂိုဏ်းကိုပင် မယှဥ်နိုင်ပေ။

ထို့နောက် ရှောင်ယွမ်အာက သူမ သိခဲ့ရသမျှ အရာအားလုံးကို ပြန်လည်ပြောပြခဲ့သည်။

လုကျိုးက ခေါင်းညိတ်လိုက်ပြီးသည့်နောက် မှတ်ဉာဏ်ထဲ သတင်းအချက်အလက်တချို့ကို ထည့်သွင်းလိုက်သည်။

ခရုလေးက မေးထောက်ကာ ရှောင်ယွမ်အာ၏ စကားများကို နားထောင်နေသည်။ အစပိုင်းတွင် သူမက နိုးကြားနေခဲ့သော်လည်း နားထောင်နေရင်းဖြင့် ဖြည်းဖြည်းချင်း ခေါင်းငိုက်လာကာ အိပ်ပျော်သွားတော့သည်။

ရှောင်ယွမ်အာ၏ စကားများကို နားထောင်ပြီးသည့်နောက်တွင် လုကျိုးက အနီရောင်ကြာနယ်မြေအပေါ် အခြေခံနားလည်မှုတို့ ရှိလာလေပြီ။ ကောင်းကင်သိုင်းပညာခုံရုံးနှင့် ကြယ်ပျံအိမ်တော်တို့အကြောင်း သိထားသည့်အပြင် သွေးနေမင်းကျောင်းဆောင်၊ ဓားချက်တစ်ထောင် ဘုံကျောင်း၊ နဝမဘုံကျောင်းနှင့် တိမ်တောင် ဆယ့်နှစ်ဂိုဏ်းတို့အကြောင်းပါ သိခဲ့ရသည်။

နန်းတော်၏ အာဏာက တာ့ယန်လောက် မကြီးကျယ်ပေ။ သို့သော်လည်း ယနေ့အချိန်ထိ အာဏာကို ကိုင်စွဲထားနိုင်သည့်အချက်ကို လျော့တွက်၍ မရပေ။ ထိုအရာအပြင် တာ့ထန်ကို ဝိုင်းထားသည့် နယ်ခြားမျိုးနွယ်များစွာ ရှိနေသော်လည်း မည်သူကမှ တာ့ထန်ကို မကျူးကျော်ရဲကြပေ။ ကိစ္စများက ငြိမ်းအေးနေဟန်ပေါ်၏။

ပြဿနာက ... သူက ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကို ဘယ်နေရာတွင် သွားရှာရမည်နည်း။

" မင်းရဲ့ တာရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးနဲ့ သတင်းကို ကြားသေးလား” လုကျိုးက မေးလိုက်သည်။

ရှောင်ယွမ်အာက ခေါင်းခါလိုက်၏။

လုကျိုးက စိတ်ထဲမှာ တွေးလိုက်မိသည်။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က အနီရောင်ကြာ ကျင့်ကြံသူအများကြီးကို သတ်ခဲ့တာ။ ဒါပေမဲ့ သူတို့ကို အခုထိ မသိကြသေးဘူး။ ရွှေကြာနယ်မြေ ပြဿနာက လူတွေကြားမှာ သာမန်ခေါင်းစဥ်တစ်ခုတော့ မဟုတ်သေးဘူးပဲ ...

ဂိုဏ်းများကြားတွင် သွေးနေမင်းကျောင်းဆောင်က အနီးဆုံး ဖြစ်၏။ ထို့အပြင် သူတို့က ကံမီးတောက် ပညာရှင် တစ်ဦးကို ဆုံးရှုံးခဲ့ရပြီး ဘုန်းကြီးများများစားစား မရှိပေ။

သူတို့က လွယ်ကူသည့် ပစ်မှတ်တစ်ခု ဖြစ်နေသည်။

လုကျိုးက သူ့အသေရိုက်ချက်ကတ်ဖြင့် တစ်ဖက်လူသည် သူ့ထက်အားကောင်းသည့် ကျင့်ကြံဆင့်မျိုး ရှိနေမည်ကို မစိုးရိမ်ပေ။ ထိုအရာဖြင့် သူသည် အဆုံးမဲ့ပင်လယ်အတွင်းမှ ဧရာမသတ္တဝါကြီးကို အမှတ်ရလိုက်၏။ ထိုလူသားများက ကျင့်ကြံရေးမှ တစ်ဆင့် ထိုဧရာမသတ္တဝါကြီး ရောက်ရှိသည့်အဆင့်သို့ ရောက်ရှိပြီလားဟု မတွေးဘဲ မနေနိုင်တော့ပေ။

...

နောက်တစ်ရက် မနက်ခင်းတွင်

လုကျိုးနှင့် သူ့တပည့်များက တည်းခိုဆောင်မှ ထွက်လာလိုက်ကြသည်။ သူတို့က သွေးနေမင်းကျောင်းဆောင်၏ တည်နေရာကို ရှာတွေ့ပြီးသည့်နောက်တွင် မြို့မှ ထွက်လာကြ၏။ သူတို့ ဝင်ရောက်စဥ်အခါက ထွက်ခွာမှု ဖြစ်စဥ်သည် ပိုမိုတင်းကျပ်နေကြောင်း သတိထားမိလိုက်သည်။ သို့သော်လည်း သူတို့အတွက် ပြဿနာ မဟုတ်ပေ။

...

မြို့အပြင်ဘက်

လုကျိုးက သူ့စီးတော်သားရဲကို ဆင့်ခေါ်ဖို့ ကြိုးစားလိုက်သည်။

” နတ်ခြင်္သေ့ "

ခေတ္တမျှ စောင့်ဆိုင်းပြီးသည့်နောက်တွင် နတ်ခြင်္သေ၏ အရိပ်အရောင် မရှိသေးပေ။

လုကျိုးက ရှောင်ယွမ်အာနှင့် ခရုလေးအား နီးနီးကပ်ကပ်နေဖို့ ပြောလိုက်ပြီးသည့်နောက်တွင် စနစ်အား ခေါ်ကာ သူ့စီးတော်သားရဲ၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။

နတ်ခြင်္သေ့ ( အနီရောင်ကြာနယ်မြေသို့ အပြေးအလွှား လာနေပါပြီ )

" ချုံးချီ "

ချုံးချီ ( စွမ်းဆောင်ရည် မလုံလောက်၍ အနီရောင်ကြာနယ်မြေဆီ မလာရောက်နိုင်ပါ )

" ကျီလျန့် "

ကျီလျန့် ( အနီရောင်ကြာနယ်မြေဆီ အပြေးအလွှား လာနေပါပြီ )

လုကျိုးက ပိအန်းကို ဆင့်ခေါ်ဖို့ တွေးလိုက်မိသည်။ သို့သော်လည်း သူက သူတို့သည် ရွှေကြာနယ်မြေကို ဖြစ်ကြောင်း စဥ်းစားမိသည့်အခါ ပိအန်းကို ရွှေကြာနယ်မြေနှင့် ဤနေရာ သွားချည် ပြန်ချည် မဖြစ်စေဖို့ မဆင့်ခေါ်ဖို့သာ ဆုံးဖြတ်လိုက်သည်။

သူက ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကို စဥ်းစားပြီးသည့်နောက်တွင် သူ့ဆုံးဖြတ်ချက်ကို ချလိုက်သည်။ စီးတော်သားရဲ နှစ်ကောင်က လုံလောက်နေလေပြီ။ နတ်ခြင်္သေ့က လူသုံးယောက်ကို သယ်ဆောင်နိုင်ပြီး ကျီလျန့်က နှစ်ယောက်ကို သယ်ဆောင်နိုင်သည်။

လုကျိုးက သက်ပြင်းချလိုက်၏။

မိဘတွေကတောင် ဒီလောက်အခက်အခဲတွေ့မယ် မထင်ဘူး။ ဆရာဖြစ်ရတာ မိဘထက်တောင် ပိုပြီးတော့ ခက်ခဲပါ့လား။...

စီးတော်သားရဲ မရောက်ရှိသေး၍ သူတို့သည် ကိုယ်တိုင်ပျံသန်းရုံမှအပ ရွေးချယ်စရာ မရှိပေ။

လုကျိုးက မော့ကြည့်လိုက်သည့်အခါ ဝေဟင်အထက် ပျံသန်းနေသည့် သားရဲတချို့ကို မြင်လိုက်ရ၏။ သူက နားမလည်နိုင် ဖြစ်သွားသည်။

အနီရောင်ကြာနယ်မြေက ဒီသားရဲတွေကို အနီးကပ်လာတာကို တားဆီးဖို့ ဘယ်အရာနဲ့ ကာကွယ်ထားတာလဲ။ ညတုန်းက သားရဲတွေ ပိုပြီးတော့ များပေမဲ့ သူတို့က မြို့အကာအရံကို မချိုးဖောက်နိုင်တဲ့ပုံပဲ...

သူက မြို့တံတိုင်းကို လှည့်ကြည့်လိုက်သည့်အခါ မိုးထိလုမတတ် မြင့်မားသည့် တံတိုင်းများကို ကြည့်လိုက်၏။ ပေ ၁၀၀ မြင့်မား၍ သူက တခြားတစ်ဘက်ကိုပင် မမြင်နိုင်ပေ။ သူက မော့ကြည့်လိုက်သည့်အခါ နံရံအထက်တွင် ပင့်ကူအိမ်သဖွယ် ပုံစံကို မြင်လိုက်ရသည်။

အစီအရင်သွေးကြောလား...

သူ့အနေနှင့် မြင်တွေ့ဖို့ရာ အလှမ်းဝေးကွာလွန်းနေသည်။ အစီအရင်သွေးကြောများက လက်နက်များ၊ ရထားလုံးပျံများနှင့် မြေပြင်ပေါ်ရှိ ဝင်္ကပါများတွင် အသုံးပြုလေ့ရှိသည်။ မြို့တံတိုင်းပေါ်တွင် အသုံးပြုထားသည်ကို မြင်တွေ့ရခဲ၏။ ထိုအစား အနီရောင်ကြာ ကျင့်ကြံနယ်မြေသည် ရွှေကြာနယ်မြေထက် ပိုမိုဖွံ့ဖြိုးတိုးတက်မှန်း သိသာလှသည်။ သူက အနီရောင်ကြာနယ်မြေ၏ ကျင့်ကြံသူများနှင့် တတ်နိုင်သမျှ မြန်မြန်သဘောတူညီချက် ရယူရမယ်။

အကယ်၍ စစ်ပွဲ ဖြစ်ပွားခဲ့ပါက ရွှေကြာနယ်မြေသည် အနီရောင်ကြာနယ်မြေကို ခုခံဖို့ ခက်ခဲလိမ့်မည်။

" သွားကြစို့ " လုကျိုးက သွေးနေမင်းတောင်ဆီ ပျံသန်းလိုက်၏။

ရှောင်ယွမ်အာနှင့် ခရုလေးတို့မှာ နောက်မှလိုက်ပါလာကြသည်။

...

၂ ရက်ကြာမြင့်ပြီးသည့်နောက်

သုံးယောက်သားက သွေးနေမင်းတောင်ခြေသို့ ရောက်ရှိလာကြသည်။

စီးတော်သားရဲ မရှိဘဲ သူတို့က ပုံမှန်ထက် ကြာမြင့်နေ၏။ သူတို့က အနီရောင်ကြာနယ်မြေ၏ ပတ်ဝန်းကျင်ကို ကောင်းကောင်းလေ့လာခဲ့သည်။ အပင်များ၊ တောင်တန်းများနှင့် မြစ်များက အနီရောင်ကြာ နယ်မြေထဲတွင် ပိုမိုအသက်ဝင်နေသည်။ တောရိုင်းသားရဲများကလည်း ပိုမိုခက်ထန်နေ၏။ သူတို့က လူသားနေထိုင်ရာသို့ နီးကပ်ဖို့ ကြိုးစားနေသည့် သားရဲကြီးများကိုလည်း မကြာခဏတွေ့ရသည်။ သို့သော် သူတို့က လူသားကျင့်ကြံသူများ၏ သတ်ဖြတ်မှုကိုသာ ခံလိုက်ရ၏။

" ရှစ်စွင်း ဒါက သွေးနေမင်းတောင်လား " ရှောင်ယွမ်အာက တောင်တစ်ခုလုံးကို လွှမ်းခြုံထားသည့် အနီရောင်သစ်ရွက်များကို ကြည့်ရင်း မေးလိုက်သည်။

နေရောင်အောက်တွင် အနီရောင် မေပယ်ရွက်များက ဆေးချယ်ထားသည့် အနီတောက်တောက် မြင်ကွင်းလိုမျိုး ဖြစ်နေသည်။

သွေးနေမင်းတောင်က နာမည်နှင့် ကိုက်ညီလှသည်။

လုကျိုးက ခေါင်းညိတ်ကာ မုတ်ဆိတ်သပ်လိုက်ပြီး ပြောလိုက်၏” တောင်ပေါ် တက်ကြမယ် "

သုံးယောက်သားက လမ်းလျှောက်မည့်အစား ပျံသန်းလာကြပြီး သူတို့က တောင်တစ်ဝက်သို့ ရောက်သည့်အခါ ကိုရင်လေးတစ်ပါးက သူတို့အား လာရောက်တွေ့ဆုံ၏။ သူက လက်အုပ်ချီကာ ယဥ်ယဥ်ကျေးကျေး ဦးညွတ်ပြီး ပြောလိုက်၏။

” ဒကာလေးတို့ ကျေးဇူးပြုပြီး ရပ်ကြပါဦး။ သွေးနေမင်းကျောင်းဆောင်က အခုလက်တလောမှာ ဧည့်သည် လက်မခံနိုင်သေးပါဘူး။ အဲ့ဒါကြောင့် ထွက်သွားဖို့ တောင်းဆိုပါတယ်”

…

အခန်း (၇၃၅) ကံမီးတောက် အကျော်အမော်၏ အဆင့်အတန်း

လုကျိုးသည် ထိုကိုရင်လေးကို ကြည့်ပြီးပြောလိုက်တော့သည်။

“ဖာ့ခုံးအကြောင်း ဆွေးနွေးစရာရှိတယ်လို့ မင်းတို့ရဲ့ ကျောင်းထိုင်ကို အကြောင်းကြားပေး”

ကိုရင်လေးသည် ဗုဒ္ဓအကျော်အမော် ဖာ့ခုံး၏အမည်ကို သိပေ၏။ ဖာ့ခုံးသည် သွေးနေမင်းကျောင်းတော်မှ ပွင့်ချပ်ကိုးလွှာ ကံမီးတောက်သိုင်းပညာရှင်တစ်ယောက်ဖြစ်၏။ သူ၏ အမူအရာက ချက်ချင်းပြောင်းလဲသွားကာ ပြောလိုက်တော့သည်။

“ကျေးဇူးပြုပြီး ဒီမှာ စောင့်နေပေးပါ ဒကာတို့”

ကိုရင်လေးသည် သွေးနေမင်းကျောင်းတော်ဆီသို့ အမြန်ပြန်သွားလိုက်၏။ ခြံဝန်းပေါင်းများစွာကို ဖြတ်ကျော်ပြီးနောက် နောက်ဆုံးတွင် ကျောင်းထိုင်သတင်းသုံးရာနေရာသို့ ရောက်လာပြီဖြစ်သည်။ သူက တံခါးအပြင်ဘက်၌ ရပ်ကာပြောလိုက်၏။

“ကျောင်းထိုင်ဆရာတော်၊ တောင်ခြေမှာ ဒကာကြီးတစ်ယောက်ရောက်လာတယ်၊ သူက ဆရာတော်ဖာ့ခုံးနဲ့ ပတ်သတ်ပြီး ပြောစရာရှိတယ်လို့ ဆိုပါတယ်”

အတော်ကြာသွားပြီးနောက် အခန်းထဲမှ အကြောင်းပြန်မှုထွက်ပေါ်လာ၏။

“ဖာခုံးက ပျံလွန်တော်မူသွားပြီ၊ ငါတို့ ဘာကြောင့်ပြဿနာရှာရမှာလဲ၊ သူ့ကို မတွေ့ဘူးလို့ အဲဒီဒကာကို ပြောလိုက်”

“နားလည်ပါပြီ”

ကိုရင်လေးသည် တောင်ခြေသို့ပြန်သွားကာ ကျောင်းထိုင်၏သတင်းစကားကို လုကျိုးအား ပြန်ပြောပေးလိုက်သည်။

ရှောင်ယွမ်အာသည် ထိုစကားကို ကြားသောအခါ ဒေါသတကြီးဖြစ်လာချိန်၌ လုကျိုးက သူမကိုတားရန် လက်တစ်ဖက်မြှောက်လိုက်သည်။ ပြီးနောက် သူကအေးစက်စက်ပြောလိုက်၏။

“ဒီလိုဆိုမှတော့ မဖိတ်ခေါ်ိဘဲ တောင်ပေါ်တက်ဖို့က လွဲပြီး ရွေးချယ်စရာမရှိတော့ဘူးပဲ”

လုကျိုးသည် ကိုရင်လေး၏ ကန့်ကွက်မှုကို လျစ်လျူရှုကာ ပျံသန်းလိုက်လေ၏။

“ကိုရင်လေး နင်က သတိမပြုမိဘူးပဲ၊ တစ်မိုးအောက်မှာ ငါ့ရဲ့ရှစ်စွင်းကို ဘယ်သူမှ မဆန့်ကျင်ရဲဘူး”

ရှောင်ယွမ်အာက ပြုံးပြီးပြောလိုက်သည်။

“ဒကာတို့ ကျေးဇူးပြုပြီး ဒီမှာစောင့်နေပေးပါ” သို့သော် သူ၏ကျင့်ကြံဆင့်က အားနည်းနေရာ ကိုရင်လေးသည် သူတို့ကို မည်ကဲ့သို့ တားနိုင်မည်နည်း။

လုကျိုးက ဦးဆောင်တက်သွားလိုက်၏။ သူက လက်နောက်ပစ်ထားလျက် သွေးနေမင်းကျောင်းတော်၏ ဝင်ပေါက်ဆီသို့ ပျံသန်းသွားသည်။

ဝင်ပေါက်၌ တုတ်ချောင်းရှည်ဖြင့် ကိုယ်တော်အပါးတစ်ရာ စောင့်ကြပ်နေသည်။ သူတို့က အော်ဟစ်ပြီး လေ့ကျင့်နေကြသော်ငြား မည်သူကမျှ မပျံသန်းပေ။ သူစိမ်းများကို မြင်သောအခါ တုတ်ရှည်ဖြင့် ဘုန်းကြီးများက သူတို့နားတဝိုက် လျင်မြန်စွာ စုဝေးလာလေ၏။

“အောမီတော်ဖော ဒကာကြီး လမ်းပျောက်နေလို့လား”

ဘုန်းကြီးအိုတစ်ပါးသည် သူ့ရှေ့၌လက်ဝါးကို ထောင်ထားလျက် ကျန်လက်တစ်ဖက်က သစ်သားတုတ်ရှည်ကို ကိုင်ထားလေ၏။

လုကျိုးသည် သူ့ကို လျစ်လျူရှုထားကာ ရှေ့သို့ ပျံသန်းသွားသည်။

ဤနည်းဖြင့် တုတ်ချောင်းများဖြင့် ဘုန်းကြီးများသည် ရောက်လာသည့်လူများက ရန်လိုသည်ဟု ဆုံးဖြတ်လိုက်သည်။ သူတို့တွေဝေမနေတော့ဘဲ သူတို့၏တုတ်ချောင်းများဖြင့် တိုက်ခိုက်တော့သည်။

လုကျိုးသည်လေထုထဲ၌ ပျောက်ကွယ်သွားပုံရကာ ဘုန်းကြီးတစ်စုကို ဖြတ်ကျော်ပြီး လမ်ဖောက်လိုက်၏။

တိုက်ခိုက်လာသည့် ဘုန်းကြီးများက မြေပြင်ပေါ် ပြိုလဲကျကုန်၏။ ယင်းကို မြင်သောအခါ သူတို့ ကြောက်လန့်ကုန်သည်။ ဤလူ၌ ဤမျှနက်နဲသော ကျင့်ကြံဆင့်ရှိလိမ့်မည်ဟု သူတို့မသိခဲ့ပေ။

“သွေးနေမင်းကျောင်းတော်ရဲ့ ကျောင်းထိုင်က ဘယ်မှာလဲ” လုကျိုး၏ အသံက ကျယ်လောင်လှပေ၏။ ကောင်းကင်ကျမ်းစာ၏ ထူးကဲအံ့ဖွယ်စွမ်းအားဖြင့် ယင်းသည် နားစည်ကျိန်းလောက်သည် မဟုတ်သော်ငြား အင်မတန်ကြည်လင်သည်။ သူ၏အသံသည် ကောင်းကင်ဘုရင်ခန်းမကနေ မဟာခွန်အားခန်းမဆောင်၊ ဗုဒ္ဓတစ်ထောင်ခန်းမ၊ လက်ခံရာခန်းမနှင့် သင်တန်းကျောင်းနှင့် တိမ်မျှော်စင်တို့ထိအောင် ပျံ့နှံသွားသည်။

သွေးနေမင်းကျောင်းတော်၏ မီတာတစ်ထောင်အတွင်းတွင် ပျံသန်းနေသော သားရဲများနှင့် မြေပြင်ပေါ်ရှိ သားရဲများက ပြေးလွှားကုန်တော့သည်။

အုန်းမောင်းခေါက်နေသော ကျောင်းထိုင်ဆရာတော် ဖာ့ဟွာသည် မျက်လုံးဖွင့်လိုက်လေ၏။ သူသည် စွမ်းအင်ဖြင့် တံခါးကို တွန်းဖွင့်ပြီးနောက် ခြေချိတ်လျက်သားဖြင့် ပျံသန်းလာသည်။ ဤကဲ့သို့ အသံနည်းစနစ်ကို ထုတ်သုံးနိုင်သည့်လူက အားနည်းသူတစ်ယောက် မည်သို့ဖြစ်နိုင်မည်နည်း။

မဟာခွန်အားခန်းမဆောင်မှ ဘုန်းကြီးများ ပျံထွက်လာကြသည်။ ဆရာတော်သုံးပါးနှင့် မိုးကြိုးကိုယ်တော် ဆယ့်နှစ်ပါးသည် ဒုတိယတောင်ထွဋ်ရှိ သူတို့၏ကျောင်းဆောင်တစ်ဖက်ကနေ ပျံသန်းလာလေ၏။ သူတို့သည် ပင်မဝင်ပေါက်သို့ မရောက်ခင်၌ မုတ်ခုံကို လျင်မြန်စွာ ဖြတ်ကျော်လာ၏။

ရောက်လာသည့်သူများက သွေးနေမင်းတောင်၏ အဓိကတပည့်များနှင့် ကျင့်ကြံနေသော ကိုယ်တော်များဖြစ်သည်။ လေထဲ၌ အယောက်တစ်ထောင် ပျံဝဲနေသည်။

“ကျောင်းထိုင်” ဘုန်းကြီးများက အရိုအသေပေးလိုက်သည်။

ကောင်းကင်ဘုရင်ခန်းမဘက်ကနေ ကျောင်းထိုင်ဆရာတော် ဖာ့ဟွာက ပျံသန်းလာပြီး ဆင်းသက်လိုက်လေ၏။

ဖာ့ဟွာက မြေပြင်ပေါ်ဆင်းသက်လိုက်သည့်အချိန်တွင် ကျန်သည့်သူများကလည်း ဆင်းသက်လိုက်ကြသည်။ သူတို့သည် ကျောင်းထိုင်ဆရာတော် မြေပြင်ပေါ်ရောက်နေချိန် လေထဲ၌ မနေရဲချေ။

ဖာ့ဟွာသည် ရိုးရှင်းသော သင်္ကန်းကိုသာ ဝတ်ထားသော်ငြား သူ့မျက်လုံးများ ကြားထဲတွင် ကျန်သည့်သူများ၌ မရှိသည့် အရည်အသွေးတစ်ခုရှိသည်။ သူက လုကျိုးနှင့် မိန်းကလေးနှစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့က သူ့အတွက် စိမ်းသက်သော မျက်နှာများ ဖြစ်နေသည်။ သူက လက်ဖဝါးကို ဆန့်ထုတ်လျက် မေးလိုက်၏။

“အော်မီတော်ဖော ဒကာကြီးတို့ သွေးနေမင်းကျောင်းတော်ဆီ ဘာကြောင့်များ ရောက်လာတာပါလဲ”

လုကျိုးက ခေါင်းညိတ်လိုက်သည်။ သွေးနေမင်းကျောင်းတော်ရဲ့ ခေါင်းဆောင်က ဒီရောက်လာပြီပဲ။ ကိစ္စတွေက အခုပိုလွယ်သွားပြီ။ ယင်ကောင်လေးတွေနဲ့ အချိန်ဖြုန်းဖို့ မလိုတော့ဘူး။

“ခင်ဗျားက သွေးနေမင်းကျောင်းတော်ရဲ့ ကျောင်းထိုင်လား”

“ကျုပ်က ကျောင်းထိုင်ဖာ့ဟွာပါ” ဖာ့ဟွာက ပြန်ပြောလိုက်သည်။

“ခင်ဗျားကို မေးစရာရှိတယ်”

ဖာ့ဟွာက ခေါင်းခါပြီးပြောလိုက်တော့သည်။

“ဒကာကြီး ကိုယ်တော် ဒကာ့ကို မသိဘူး၊ ဗုဒ္ဓကို ကိုးကွယ်ဖို့ ဒီရောက်လာတာဆိုရင် လက်ကမ်းကြိုဆိုမယ်၊ ဒါပေမဲ့ လက်စားချေဖို့ ရောက်လာတာဆိုရင်တော့ မဖျော်ဖြေနိုင်တဲ့အတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

မိုးကြိုးကိုယ်တော် ဆယ့်နှစ်ပါးနှင့် ဆရာတော်သုံးပါးက ရှေ့သို့ အလိုအလျောက်တက်လာကြသည်။ သူတို့က အနီရောင်သင်္ကန်းကို ဝတ်ဆင်ထားကာ ပုတီးများ ကိုင်ထား၏။ သူတို့ရှေ့တိုးလာသည်နှင့် သူတို့၏ ပုတီးများက အနီရောင်ရောင်ခြည်ဖြင့် တောက်ပနေတော့သည်။

လုကျိုးက သူတို့ကို သာမန်ကာလျှံကာတစ်ချက် ကြည့်လိုက်၏။ သူ၏နက်ရှိုင်းသော မျက်ဝန်းများထဲတွင် လေပွေများ ပေါ်ထွက်နေပုံပေါ်၏။

မိန့်ခွန်းစွမ်းအားကို ရရှိချိန်တွင် မပြောပြနိုင်သော အမှန်တရားများတောင် သိရှိလာပြီး မတူညီသည့် ကမ္ဘာရှိသတ္တဝါများ၏ လျှာဖြင့်ပြောသော စကားကို နားလည်နိုင်လိမ့်မည်။

ယင်းက မိန့်ခွန်းစွမ်းအားဖြစ်ပေ၏။

“ကျုပ် ဒီနေ့စိတ်ကောင်းဝင်နေတယ်၊ ဘယ်သူ့ကိုမှ မသတ်ချင်ဘူး၊ ဗုဒ္ဓကို စောစောစီးစီး တွေ့ချင်တယ်ဆိုရင် စိတ်ပြောင်းလိုက်ရလည်း စိတ်မရှိဘူး”

လုကျိုးသည် ထိုသို့ပြောပြီးနောက် မိုးကြိုးကိုယ်တော် ဆယ့်နှစ်ပါးက သူတို့ခေါင်းများ လည်သွားသလို ခံစားလိုက်ရသည်။ သူတို့နောက်သို့ တောင့်တင်းစွာ ဆုတ်လိုက်ပြီး သူတို့သွေးများ ဆူပွက်လာ၏။

ကျန်သည့်ကိုယ်တော်များက နောက်ဆုတ်လိုက်သည်။

ကျောင်းထိုင်ဆရာတော် ဖာ့ဟွာတစ်ယောက်တည်း သူ၏နေရာ၌ ရပ်နေသည့် တစ်ဦးတည်သောသူဖြစ်ကာ မီးလျှံများ ထုတ်လွှင့်နေ၏။ ကံမီးတောက်က အသံနည်းစနစ်ကို ပယ်ဖျက်နိုင်သည်။ လုကျိုးသည် ကျန်သည့်သူများကို မကြည့်ပေ။ ဖာ့ဟွာကိုသာ ကြည့်လိုက်၏။ သွေးနေမင်းကျောင်းတော်၏ ခွန်အားက ထိုမျှဖြုံလောက်မည်ဟု သူမထင်ထားပေ။ သူတို့၌ ကံမီးတောက် အကျော်အမော်နှစ်ယောက်ရှိသည်။

မိန့်ခွန်းအသိအမှတ်ပြုခြင်းစွမ်းအားသည် ရေစီးဆင်းသကဲ့သို့ သိမ်မွေ့လှပေသည်။ ယင်းသည် ပေါက်ကွဲနိုင်စွမ်းရှိပုံမရသော်ငြား လူတစ်ယောက်ကို အသွေးအသားထဲထိအောင် ကြောက်ရွံ့သွားစေ၏။

ကျောင်းထိုင်ဆရာတော်က မျက်မှောင်ကြုတ်လိုက်သည်။ ဤလူက သူနှင့်ယှဉ်နိုင်စွမ်းရှိသော သိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။

အခုဖာ့ခုံးက သေသွားပြီ။ သူတို့တွေက သွေးနေမင်းကျောင်းတော်ကို ဖျက်ဆီးဖို့ ကြိုးစားနေတာလား။ ဂိုဏ်းကြီးတွေက သူတို့ရဲ့ ရွက်ပုန်းသီးသိုင်းပညာရှင်တွေကို လွှတ်ပြီး တာဝန်ဆောင်ရွက်ခိုင်းတာလား။

ဆရာတော်သုံးပါးက ရှေ့သို့ တက်လာလေ၏။

“နောက်ဆုတ်ကြ” ဖာ့ဟွာသည် ခပ်ပြတ်ပြတ်ပြောလိုက်သည်။

“ဆရာတော်”

“နောက်ဆုတ်” ဖာ့ဟွာက အသံမြှင့်လိုက်၏။

“နားလည်ပါပြီ”ဆရာတော်သုံးပါးက နာနာခံခံဖြင့် နောက်ဆုတ်သွားတော့သည်။

ဖာ့ဟွာက လုကျိုးကို ကြည့်လိုက်သည်။ သူက လက်ဝါးကို ထောင်ထားကာ ဦးညွှတ်လျက် ပြောလိုက်၏။

“အောမီတော်ဖော ရောက်လာတဲ့လူတွေက ဧည်သည်တွေပါပဲ၊ ကိုယ်တော်နောက်က လိုက်ခဲ့ပါ”

ဘုန်းကြီးများက ဧည်သည်များအတွက် လမ်းဖယ်ပေးလိုက်သည်။

ဖာ့ဟွာက လှည့်လာပြီး လုကျိုးကို မဟာခွန်အားခန်းမဆောင်ဆီသို့ ဖိတ်ကြားလိုက်သည်။

ကျန်သည့်ဘုန်းကြီးမျာသည် အခဲမကြေဖြစ်နေသော်ငြား သူတို့တတ်နိုင်တာ ဘာမှမရှိပေ။

လုကျိုးက အင်္ကျီလက်ကို ဝှေ့ယမ်းလျက် နောက်တင်ထားလိုက်သည်။ သူတို့သည် ဆင်ယင်ထားသော မုတ်ခုံးကို ဖြတ်ကျော်ပြီး သွေးနေမင်းကျောင်းတော်ထဲ ရောက်သွား၏။ သူတို့သွားနေစဉ် လုကျိုးက ရပ်တန့်ပြီး ပြောလိုက်သည်။

“ကျုပ်အကြံပေးစရာ တစ်ခုရှိတယ်”

“ဘာများလဲ ဒကာကြီး”

“ခင်ဗျားရဲ့ ကိုယ်ပိုင်အဆုံးသတ်အတွက် တခြားတစ်ယောက်ကို မသုံးရင် ပိုကောင်းလိမ့်မယ်၊ ဖာ့ခုံးအသက်ရှင်လျက် ရှိနေသေးရင်တောင် သူ့ကိုဘာမှ တွေးပေးဦးမှာ မဟုတ်ဘူး၊ ခင်ဗျားကို သတိမပေးဘူးလို့ မပြောနဲ့” လုကျိုးက ပြောလိုက်သည်။

“…”

ကျန်သည့်သူများက ကြက်သေသေသွားသည်။

သူက ဖာ့ခုံးကို ဘာကောင်မှ မဟုတ်ဘူးလို့ ထင်နေတာလား။ ဒီလူက ဘယ်သူလဲ။

ဖာ့ဟွာက လုကျိုးကို ထပ်ကြည့်လိုက်သည်။ ဤလူကို သူတစ်ကယ်မသိပေ။ တာ့ထန်၌ ကံမီးတောက်ရှိသည့် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူက ဆယ်ယောက်အောက်သာရှိသည်။ အားလုံးက လူသိများ ကျော်ကြား၏။ ထိုသို့ဆိုလျှင် ထိုလူကမည်သူနည်း။

သွေးနေမင်းကျောင်းတော်သည် ကံမီးတောက် ကျင့်ကြံသူတစ်ယောက် ဆုံးရှုံးခဲ့ပြီးဖြစ်၏။ သူတို့သည် ယခုအချိန်၌ အားကောင်းသော ရန်သူကို တွေ့ဆုံဖို့ မတတ်နိုင်ပေ။

“ဒီလမ်းပါ”

ဖာ့ခုံးသည် အတွေးများနေသော်ငြား သူ၏သတိတရားကို ထိန်းသိမ်းထားသည်။

သူတို့သည် မဟာခွန်အားခန်းမသို့ ဝင်လာ၏။

ကျန်သည့်ဘုန်းကြီးများက အပြင်ဘက်တွင် စောင့်နေကာ ဆရာတော်သုံးပါးနှင့် မိုးကြိုးကိုယ်တော် ဆယ့်နှစ်ပါးကသာလျှင်

လုကျိုးထိုင်ချလိုက်စဉ် ဖာ့ဟွာက မေးလိုက်၏။

“ဒကာကြီးရဲ့ နာမည်ကို သိလို့ရမလား”

လုကျိုးက မုတ်ဆိတ်သပ်လျက် မေးလိုက်သည်။

“ကျုပ်ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး၊ မေးခွန်တွေကို ရှင်းလင်းဖို့ ဒီရောက်လာရုံပဲ”

ဖာ့ဟွာက ခေါင်းညိတ်လိုက်၏။

”မေးပါ ဒကာကြီး”

“ငါ့ကို တိုက်ခိုက်ဖို့ ဖာ့ခုံးကို ဘယ်သူအမိန့်ပေးတာလဲ” လုကျိုး၏ အသံက တည်ငြိမ်ပြီး ငြိမ်သက်အေးချမ်း၏။

“…”

ဆရာတော်သုံးပါးက အကြည့်ချင်းဖလှယ်လိုက်၏။ သွေးနေမင်းကျောင်းတော်၌ အစ၌ ဆရာတော်လေးပါးရှိသည်။ သူတို့၏အဆင့်အတန်းသည် ကျောင်းထိုင်ဆရာတော်ပြီးလျှင် ဒုတိယဖြစ်၏။ ဖာ့ခုံးက လေးယောက်ထဲ၌ တစ်ယောက်အပါအဝင်ဖြစ်သည်။ သို့သော် ဖာ့ခုံးသည် ကျောင်းထိုင်နှင့် အဆင့်တူညီပေ၏။ တစ်ခါတစ်ရံတွင် ကျောင်းထိုင်ဆရာတော်ကတောင် ကောင်းကျိုးအတွက် ဖာ့ခုံးကို ထည့်သွင်းစဉ်းစားပေးရသည်။ ဖာ့ခုံးက တစ်ကိုယ်တည်း အမြဲတမ်း နေထိုင်တတ်၏။ ထို့ကြောင့် ကျန်သည့်သူများသည် သူလုပ်နေသည့်အရာကို သိနိုင်ရန်ခက်ခဲသည်။

ဖာ့ဟွာ၏ မျက်နှာထက်တွင် မျက်မှောင်ကြုတ်သည့် အမူအရာပေါ်လာပြီး သူ၏မျက်လုံးထဲ၌ အံ့ဩမှုအရိပ်အယောင် ပေါ်လာ၏။ သူသည် ကျောင်းထိုင်ဆရာတော်ဖြစ်၏။ ပြဿနာတစ်ခု ရှိလျှင်တောင် သူသတိတရားကို ထိန်းသိမ်းနိုင်ပေသည်။ ထို့အပြင် သူ၌ ထက်မြက်သောစိတ် ရှိနေပုံပေါ်၏။ သူက လုကျိုး၏ ဇစ်မြစ်ကို မဖော်ပဲ ပြောလိုက်သည်။

“ဖာ့ခုံးက အမြဲတမ်း အစိုးမရဘူး၊ သူက - ခန်းမရဲ့ ပထမဆရာတော်လေ၊ ဝိနည်းတွေ လိုက်နာတာရှားတယ်”

ထိုသို့ပြောပြီးနောက် သူက မေးလိုက်၏။

“ဖာ့ခုံးက ဒကာကြီးကို တိုက်ခိုက်ခဲ့တာလား”

ဖာ့ဟွာသည် အချက်အလက် မျှားထုတ်ရန် အကြောင်းအရာပြောင်းဖို့ ကြိုးစားနေတာ သိသာ၏။

လုကျိုးသည် ဖာ့ဟွာပြုလုပ်ဖို့ ကြိုးစားနေသည့်အရာကို မည်ကဲ့သို့ မသိဘဲ နေမည်နည်း။ သူပွင့်ပွင့်လင်းလင်း ပြောလိုက်၏။

“ဖာ့ခုံးက ကျူပ်ကို ချုံခို တိုက်ခိုက်ခဲ့တယ်၊ ဒီတော့ လက်စားချေဖို့ ရောက်လာတာပေါ့၊ ဘယ်လိုထင်လဲ”

ကျန်သည့်ဆရာတော်များသည် လုကျိုး၏စကားကို ကြားသောအခါ အသက်ပြင်းပြင်း ရှုမိသွား၏။

ဖာ့ဟွာက ရယ်မောလိုက်တော့သည်။ သူက စိတ်အေးလက်အေးရှိနေပြီး စိုးရိမ်ပူပန်ပုံ မပေါ်ပေ။ သူသည် ဖာ့ခုံး၏ သေဆုံးခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပုံလည်း မရ။ သူကပြောလိုက်သည်။

“ကျုပ်က ဒီဘုရားကျောင်းရဲ့ ခေါင်းဆောင်၊ တာ့ထန်မှာ ကံမီးတောက်ကို ထိန်းချုပ်နိုင်တဲ့ အနည်းစုထဲက တစ်ယောက်ပဲ၊ လက်စားချေဖို့ ရောက်လာတာဆိုရင် အစောကတည်းက လှုပ်ရှားရမှာပေါ့၊ ဘာကြောင့်အခုထိ စောင့်ရတာလဲ၊ ကံမီးတောက် အသုံးပြုတဲ့လူနှစ်ယောက် တိုက်ခိုက်တဲ့အချိန် အချင်းချင်း ဖျက်ဆီးမှုနဲ့ပဲ အဆုံးသတ်မှာ”

All Chapters