အခန်း (၇၄၂-၇၄၄)
Vol. 50 Ch. 742-744
အခန်း (၇၄၂) ယွီကျန့်ဟိုင်၏ ဆက်ဆံပုံ
ကျီဖုန်းရှင်းက တရားမျှတရေး ခန်းမဆောင်အတွင်း သူ့ဘာသာသူ ရေရွတ်နေသည်။ သူက ကျောင်းထိုင် ဆရာတော် ရှားချန်းချိုး စိတ်ခံစားချက် အတက်အကျဖြစ်နေသည်ကို သတိမမူမိပေ။
ရှားချန်းချိုးက ရေရွတ်နေဆဲဖြစ်သည့် ကျီဖုန်းရှင်းဘက် လှည့်ကြည့်လာကာ လည်ချောင်းရှင်းပြီး ခေါ်လိုက်သည်။
” ဖုန်းရှင်း "
" ဆရာတော် " ကျီဖုန်းရှင်းက အသိပြန်ဝင်လာ၏။
" မင်း ဘာတွေပြောနေတာလဲ "
" လောင်ချန်းပေ့က အမှန်တကယ် ပြိုင်ဘက်ကင်းတဲ့သူ ဖြစ်နေနိုင်တယ်” ကျီဖုန်းရှင်းက ရိုးရိုးသားသား ဖြေလိုက်သည်။
ရှားချန်းချိုးကမူ ပြန်လည်တုံ့ပြန်လိုက်၏။
” မင်း စကားကို ကြည့်ပြော။ လောကမှာ ပညာရှင်တွေ အများကြီး ရှိတယ်။ ဘယ်သူက အမှန်တကယ် ပြိုင်ဘက်ကင်းမှာလဲ။ မင်းက ငယ်ရွယ်လွန်းပြီးတော့ သိတာနည်းနည်းပဲ ရှိတယ်။ တစ်စုံတစ်ယောက်က ငါတို့ထက် အားကြီးပြီးတော့ ကြီးမြတ်တယ်ဆိုတာက ဖြစ်နိုင်တဲ့ အရာပဲ”
" ကျွန်တော် မှတ်သားထားပါ့မယ် " ကျီဖုန်းရှင်းက သူ့ကိုယ်သူ ကာကွယ်ဖို့ ဘာမှမပြောပေ။ သူက အတိတ်တုန်းက နာမည် မကျော်ကြားခဲ့ပေ။ နှစ်များစွာကြာသည့်အထိ မည်သူကမှ သူ့အား လေ့ကျင့်မပေးခဲ့ကြပေ။ သူ့ကို ဘုရားကျောင်းအတွင်း လက်ခံခံခဲ့သည်မှာ ရွာအတူတူဖြစ်သည့် ဝူဝူကြောင့်သာ ဖြစ်၏။ ဤနေရာသို့ ရောက်ရှိပြီးသည့်နောက်တွင် သူက အပြင်စည်း တပည့်တစ်ယောက် ဖြစ်လာခဲ့သည်။ သူက ဓားတစ်ချောင်းဖြင့် ကုန်းမြေအနှံ့သွားကာ ဓားပညာရှင်တစ်ယောက် ဖြစ်လာဖို့ အိပ်မက်မက်ခဲ့သည်။
သူက မိဘများ မရှိသည့်အတွက် သူ့ကို ဤမိုးမခတစ်ထောင်ဘုရားကျောင်းက လက်ခံခဲ့သည်မှာ ကံကောင်းလွန်းသည်ဟုသာ တွက်ဆမိသည်။ အကယ်၍ ကျောင်းထိုင် ရှားချန်းချိုးက သူ့အား သင်ပေးဖို့ လိုလားပါက သူသည် နားထောင်လိမ့်မည်။
ရှားချန်းချိုးက ကျီဖုန်းရှင်းအား ကြည့်ကာ ပြောလိုက်၏” မင်းက အဲဒီလောင်ချန်းပေ့ရဲ့ တပည့်တွေနဲ့ ဆက်ဆံရေးက ဘယ်လိုလဲ "
" ကျွန်တော်တို့က မိတ်တွေတွေ ...လို့ ထင်တယ် " ထိုသို့ ပြောပြီးသည့်နောက်တွင် ကျီဖုန်းရှင်း၏ မျက်နှာက အနီရောင်သမ်းသွားသည်။ သူက သူတို့၏ ကျင့်ကြံဆင့် ကွာဟချက်ကို အမှတ်ရလိုက်မိ၏။ သူက နည်းနည်းအရှက်မဲ့နေဟန် ပေါ်သည်။
" အဲလိုပေါ့။ အဲဒါဆိုရင် ကျင့်ကြံရေးမှာ ကြိုးစားထား။ တကယ်လို့ မေးစရာရှိရင် ငါ့ဆီ လာမေးလှည့် " ရှားချန်းချိုးက ပြောလိုက်သည်။
" နားလည်ပါပြီ "
ကျီဖုန်းရှင်း ထွက်သွားပြီးသည့်နောက် ခဏအကြာတွင် လုကျိုးနှင့် တခြားသူများကို သူတို့၏ အခန်းဆီ လိုက်လံပို့ဆောင်ပေးသည့် ထျန်းပုကျီက တရားမျှတရေး ခန်းမဆောင်အတွင်း ပြန်လည်ဝင်ရောက်လာသည်။ သူက ရှားချန်းချိုးက မျက်မှောင်ကြုတ်နေသည်ကို မြင်လိုက်သည့်အခါ ရှေ့တိုးလာပြီး မေးလိုက်၏။
” ဆရာတော် နဝမမြောက်ဘုံကျောင်းကို မသွားချင်ဘူးလား "
ရှားချန်းချိုးက ထိုင်ကာ ထိုင်ခုံလက်တန်းကို ရိုက်လိုက်ရင်း ပြောလိုက်သည်။
” ငါ့ဆီမှာ ရွေးချယ်စရာ ရှိလို့လား "
" ကျုပ်အမြင်အရတော့ ဒီခရီးစဥ်က ဘာမှအမှားအယွင်း ရှိမှာမဟုတ်ဘူး " ထျန်းပုကျီက အပြင်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်” လောင်ချန်းပေ့က ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူပဲ ဖြစ်ရမယ်။ ပုံမှန်အမျိုးအစားတော့ မဟုတ်ဘူး”
ရှားချန်းချိုးက ထျန်းပုကျီကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။
ထျန်းပုကျီက ပြောလိုက်၏။
” ဆရာတော် နဝမမြောက်ဘုံကျောင်းက အားကောင်းတဲ့ အင်အားစုဆိုတာ မှန်ပါတယ်။ လောင်ချန်းပေ့ကလည်း ရင်ဆိုင်ဖို့ လွယ်ကူတဲ့သူ မဟုတ်မှန်း သိသာတာပဲလေ။
ကျူးရွှမ်က ယွီကျန့်ဟိုင်ကို နဝမမြောက်ဘုံကျောင်းဆီ ဖိတ်ခေါ်ခဲ့တာက နဝမမြောက်ဘုံကျောင်းက ရန်သူလုပ်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာကို ပြသနေတာပဲ။ ပြီးတော့ စစ်ခုန်ပေချန်း ထွက်မလာတာ နှစ်သန်းချီနေပြီလေ။ တကယ်လို့ ကျုပ် ရဲရဲတင်းတင်းပြောရမယ်ဆိုရင် သူက နောက်ဘဝကူးသွားတာတောင် ဖြစ်နေနိုင်တယ်။
တကယ်လို့ သူ အသက်ရှင်သေးတယ်ဆိုရင်တောင် သူ့ဆီမှာ နှစ်ဘယ်လောက်များ ကျန်ရှိမှာလဲ။ တကယ်လို့ သူတို့သာ ဦးနှောက်ရှိရင် ရန်သူ လုပ်မှာ မဟုတ်ဘူး။ အဲဒီအစား သူတို့က သူတို့ဘက်ကို ဆွဲခေါ်ဖို့ပဲ ကြိုးစားကြလိမ့်မယ် "
ရှားချန်းချိုးက ပြုံးကာ ပြောလိုက်၏။
” အကြီးအကဲထျန်း မင်း ပြောတာ မှန်တယ်။ အခုကစပြီး နောက်ငါးရက်နေရင် နဝမမြောက်ဘုံကျောင်းဆီ သွားဖို့ အခမ်းအနားကြီး လုပ်ထားလိုက်။ ငါတို့တွေ ဒီအခွင့်အရေးကို အသုံးပြုပြီးတော့ ကြယ်တာရာအိမ်တော်ကိုလည်း စောင့်ကြည့်ရမယ်။ ကြယ်တာရာအိမ်တော်ရဲ့ ရထားလုံးပျံကို ရှင်းလင်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ဦး "
" နားလည်ပါပြီ "
...
အခန်းအတွင်း
လုကျိုးက ကောင်းကင်ကျမ်းကို ဆင်ခြင်ဖို့ ပြင်ဆင်နေသည်။ သူက ဖာဟွာနှင့် တိုက်ခိုက်ခဲ့စဥ်အတွင်း စွမ်းအားတချို့ကို သုံးစွဲခဲ့၏။ သူက ပြန်လည်အားဖြည့်ဖို့ အချိန်တချို့ လိုအပ်နေသည်။ သူ့ကျင့်ကြံဆင့် တိုးမြင့်လာမှုကြောင့် ထူးခြားအံ့ဖွယ်စွမ်းအား၏ သက်ရောက်မှုသည် ယခင်လောက် ကြီးမားဟန်မပေါ်ပေ။ ဖြစ်နိုင်သည်က သူ့ပြိုင်ဘက်များသည် ပိုမိုအားကောင်းလာဟန်ပေါ်၏။
သူက ချပ်ဝတ်အကြောင်း တွေးလိုက်မိသည်။ ထူးခြားအံ့ဖွယ်စွမ်းအား၏ စမှတ်က ပွင့်ချပ်ကိုးလွှာအဆင့် ဖြစ်ဟန်ပေါ်သည်။ ထိုအရာက ချပ်ဝတ်ကို အသက်သွင်းနိုင်၏။ ယခု သူ့ပြိုင်ဘက်က ပွင့်ချပ်ကိုးလွှာအဆင့် ဖြစ်နေပြီဖြစ်ကာ သူ့ထူးခြားအံ့ဖွယ်စွမ်းအားက ထပ်မံ မြင့်တက်လာဦးမည်လား။
အရာအာလုံးကို ကြားနိုင်မဲ့စွမ်းအင် ရဖို့ ငါတို့က နယ်မြေအားလုံးဆီက အသံတွေကို စိတ်တိုင်းကျ နားထောင်နိုင်တယ်...
ကောင်းကင်ကျမ်းစာစာလိပ်၏ နားထောင်ခြင်းစွမ်းအား
သူ့ထူးခြားအံ့ဖွယ်စွမ်းအားက ပတ်ဝန်းကျင်ထံ ပျံ့နှံ့သွားသည်။ သူ့ကျင့်ကြံဆင့် တိုးမြင့်လာပြီးသည့်နောက်ပိုင်း နားထောင်ရေး စွမ်းအား၏ နယ်နိမိတ်က ပိုမိုတိုးမြင့်လာခဲ့သည်။ သူ့နားထဲ အသံတချို့ ဝင်ရောက်လာ၏။
" လူအိုကြီးက တကယ့်ကို ပြပွဲကောင်း လုပ်နေတာပဲ။ သူက တော်တော်လေးကို အားကောင်းလွန်းတယ်။ ကျောင်းထိုင်တောင် သူ့ကို လေးလေးစားစား ဆက်ဆံရတယ်”
" ငါ မသိတာ တစ်ခုခုပြောစမ်းပါဦး။ သူ့တပည့်က ထိပ်တန်းအဆင့် ဓားပါရမီရှင်လေ။ သူက ကျူးရွှမ်ကိုတောင် ထိပ်တိုက်ရင်ဆိုင် တွေ့နိုင်တယ်။ ဒီလူအိုကြီးက အားနည်းမှာ မဟုတ်ဘူး”
သူက ထူးခြားအံ့ဖွယ်စွမ်းအားကို မြှင့်တင်လိုက်ပြီး နယ်နိမိတ်ကို တိုးချဲ့လိုက်သည်။
" အဲဒီ လူအိုကြီးက ပါရမီရှင်အတွက် အမြင်မရှိဘူးပဲ။ အဲဒီ အရူးကျီဖုန်းရှင်းကို ခေါ်ချင်နေသေးတယ်။ အခုက မိန်းကလေး ဝူဝူကို တစ်ယောက်ယောက်က မျက်စိလျှမ်းသွားတာ ပထမဆုံးအကြိမ်ပဲ”
" အဲလောက် မရိုးရှင်းဘူး။ သူ့ဘေးနားက ကောင်မလေးနှစ်ယောက်ကို မမြင်ဘူးလား။ အဲကောင်မလေးနှစ်ယောက်က အနီရောင်ကြာနယ်မြေအထိ လိုက်လာခဲ့တာလေ။ သူတို့က အသုံးမဝင်ဘူးများ ထင်နေလား။ ဝူဝူက ပါရမီရှိပေမဲ့ အဲဒီမိန်းကလေးတွေနဲ့ ယှဥ်လိုက်ရင် ဘာမှမဟုတ်သေးဘူး”
" ခင်ဗျား ပြောတာဟုတ်တယ် "
လုကျိုး၏ နားပေါ်ရှိ အပြာရောင်အလင်းတန်းက ပိုမိုတောက်ပလာကာ ကျန်ရှိနေသည့် ထူးခြားအံ့ဖွယ်စွမ်းအားကို ထုတ်သုံးလိုက်သည်။
ဝှစ်
အကြားစွမ်းရည်၏ နယ်နိမိတ်က မိုးမခတစ်ထောင်ဘုရားကျောင်းတစ်ခုလုံးကို လွှမ်းခြုံသွားပြီး မိုင်အတော်အတန် ပျံ့နှံ့သွားသည်။ မိုးမခတစ်ထောင်တောင်နှင့် မီတာဒါဇင်ချီအကွာတွင် ခိုးကြောင်ခိုးဝှက် ပြောနေသည့် အသံတစ်သံကို ကြားလိုက်ရ၏။
" ဒါကို သတင်းမပြန့်စေနဲ့။ ပြန်သွားပြီးတော့ အကြောင်းကြားလိုက် "
သူက စွမ်းအားအသုံးပြုမှု ရပ်တန့်လိုက်ပြီးနောက် မျက်လုံးကို ပြန်ဖွင့်လိုက်သည်။ သူက ပြတင်းပေါက်ကို ဖွင့်ကာ တောင်တွေဘက် လှမ်းကြည့်လိုက်၏။
တောင်များက တိတ်ဆိတ်နေသည်။ လေထဲတွင် ပျံသန်းနေသည့် သားရဲများ ဝဲပျံနေသည့်မှလွဲ၍ တခြားဘာမှမရှိပေ။ တိမ်တိုက်ကြား လေဟုန်ကွင်းသွားပြီး တောအုပ်ကြား မြူများက ဝေ့ဆိုင်းနေသည်။
လုကျိုးက တခြား ဘယ်သူ့ကိုမှ မမြင်မိပေ။ သူက မုတ်ဆိတ်သပ်လိုက်ပြီးနောက် အခန်းအတွင်း ဝင်ရောက်လိုက်၏။
” တစ်ယောက်ယောက်က မိုးမခတစ်ထောင်ဘုရားကျောင်းကို စောင့်ကြည့်နေတာလား”
နဝမမြောက်ဘုံကျောင်း၊ ကောင်းကင်သိုင်းခုံရုံးနှင့် ကြယ်ပျံအိမ်တော်တို့နှင့် ယှဥ်လိုက်လျှင် မိုးမခတစ်ထောင်ဘုရားကျောင်းက အင်မတန် အားနည်းလေသည်။
မည်သူကများ အားနည်းသည့် ဂိုဏ်းကို အာရုံစိုက်မည်နည်း။
" သူတို့က ငါ့အတွက် လာတာလား "
လုကျိုးက အသုံးပြုနိုင်သည့် ဝှက်ဖဲများစွာရှိလေသည်။ သူ့တွင် အသေရိုက်ချက်ကတ် ၂ကတ်ရှိထားသည့်အတွက် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ ၂ယောက်နှင့်ပင် ယှဥ်ပြိုင်ဖို့ ယုံကြည်ချက် ရှိသည်။ သို့သော်လည်း နဝမမြောက်ဘုံကျောင်း၏ ဆရာတော် ၅ပါးက အားမနည်းပေ။ သူက နဝမမြောက်ဘုံကျောင်းကို သွားဖို့ ဆုံးဖြတ်ထားပြီးပြီဖြစ်၍ အဆိုးဆုံးအခြေအနေကို ပြင်ဆင်ထားရမည်။ အဆိုးဆုံးအခြေအနေမှာ ပညာရှင်အားလုံးက သူ့အား တစ်ခါတည်း ဝိုင်းဝန်းတိုက်ခိုက်ခြင်း ဖြစ်၏။ အကယ်၍ ရွှေကြာကျင့်ကြံသူအနေဖြင့် သူ့ဇာစ်မြစ် ပေါက်ကြားသွားခဲ့လျှင် အဆိုးဆုံးအခြေအနေ ဖြစ်လာနိုင်သည်။
သူက စနစ်ကို ဖွင့်ကြည့်လိုက်သည်။
ကုသိုလ်ရမှတ် - ၁၆၅၄၀
ငါ နောက်ထပ် တစ်ကတ် ဝယ်လိုက်သင့်လား။ အခုက ကုသိုလ်ရမှတ်တွေ စုဆောင်းဖို့က သိပ်လွယ်တာ မဟုတ်ဘူး။ ...
ဤနေရာရှိလူများက ရွှေကြာ ထုတ်ပြရုံဖြင့် သူ့အား ကိုးကွယ်လာမယ်မဟုတ်ပေ။
" ကံစမ်းမဲ "
" တင် ကုသိုလ်ရမှတ် ၅၀ ကျသင့်ပါတယ်။ ပါဝင်ကံစမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှတ် ၁မှတ် "
ကောင်းပြီ။ အခု ငါ့ဆီမှာ ကံကောင်းမှတ် ၁၀၁မှတ် ရှိထားတယ်။ ငါက မှတ်တမ်းသစ် တင်နိုင်တော့မယ်လို့ ခံစားချက်ရနေတယ်။ ...
" ကံစမ်းမဲ "
" တင် ကုသိုလ်ရမှတ် ၅၀ နှင့် ကံကောင်းမှတ် ၁၀၂ မှတ် ကျသင့်ပါတယ်။ ပြစ်ချက်မဲ့ကတ် ၂ကတ်နှင့် တည်ငြိမ်မှု အနှောင့်အယှက် ရရှိပါတယ်”
လုကျိုးက ပြစ်ချက်မဲ့ကတ် ၂ကတ်တည်းဖြင့် ကံစမ်းမဲသည် ထိုက်တန်ကြောင်း ခံစားမိလိုက်သည်။ အကယ်၍ သူတို့ကို ဝယ်ယူပါက ကုသိုလ်ရမှတ် ၁၅၀၀၀စီ ကျသင့်လိမ့်မည်။ ထိုအရာက သွေးစုပ်နေသည့် သွေးစုပ်ဖုတ်ကောင်အလား ဖြစ်၏။
လုကျိုးက ရေရွတ်လိုက်သည်။
" ဒီစနစ်စုတ်က ဘာလို့ ကုသိုလ်ရမှတ် အများကြီး လိုနေတာလဲ "
သူက ရေတွက်လိုက်ပြီးသည့်နောက်တွင် အသုံးပြုပစ္စည်းကတ်အသစ် ဖြစ်သည့် တည်ငြိမ်မှုအနှောင့်အယှက်ကို အာရုံစိုက်ထားလိုက်သည်။
" တည်ငြိမ်မှုအနှောင့်အယှက်တဲ့လား "
" တည်ငြိမ်မှု အနှောင့်အယှက်ကတ်တွင် ဓားလမ်းစဥ်အသစ် ရရှိဖို့ ဖြစ်နိုင်ခြေ ပါဝင်ပါတယ်”
လုကျိုးက ဖော်ပြချက်ကို ကြည့်လိုက်ပြီးနောက် များများစားစား မတွေးဘဲ ပြောလိုက်သည်။
” အသုံးပြုမယ် "
တည်ငြိမ်မှု အနှောင့်အယှက် ပစ္စည်းကတ်က ကြေမွသွားပြီး ကြယ်တာရာအလင်းပျောက်များ ဖြစ်သွားကာ သူ့ဆီ ဝေ့ပတ်လာကြသည်။ သူတို့က ဝင်ရောက်သွားသည့်အခါ သူက မတ်မတ်ထားလိုက်၏။ သူက ထူးထူးခြားခြား အပြောင်းအလဲကို မခံစားမိပေ။
ကောင်းပြီ။ ဖြစ်နိုင်ချေပဲ ရှိတယ်ဆိုတော့ ငါက ကျရှုံးသွားတာနေမှာ။ ကံကောင်းတာက ငါ့ဆီမှာ ပြစ်ချက်မဲ့ကတ် ၂ကတ်ရှိနေသေးတယ် မဟုတ်ရင်တော့ ဆုံးရှုံးမှုကြီးပဲ။ ...
ခဏအကြာတွင် လုကျိုးက သူ့နေရာဆီ ပြန်လာပြီး ကောင်းကင်ကျမ်းစာလိပ်ကို ဆက်လက်ဆင်ခြင်လိုက်သည်။
အကယ်၍ တခြား မတော်တဆ ဖြစ်ရပ် မရှိပါက သူသည် ၅ရက်အတွင် ထူးခြားအံ့ဖွယ်စွမ်းအားကို အပြည့်အဝ ပြန်လည်ဖြည့်တင်းနိုင်လိမ့်မည်။
...
ထိုစဥ် နဝမမြောက်ဘုံကျောင်း တည်ရှိရာ ကျန်းနန်းပတ်လမ်းအတွင်း
လသာဆောင်၌
ကျူးရွှမ်က မြို့ထဲမှ ပင်မခန်းမဆောင်အား လက်ညှိုးထိုးကာ မေးလိုက်သည်” အဲဒီမှာ ကြိုက်တဲ့အရာ တစ်ခုခုများ တွေ့လို့လား "
ယွီကျန့်ဟိုင်က သူ ရောက်ရှိကတည်းက ကောင်းမွန်စွာ ဆက်ဆံခံခဲ့ရသည်။ သူ့အစားအသောက်နှင့် နေထိုင်မှုကိုပင် သေချာဂရုစိုက်ပေး၏။ သူအပြင်ထွက်လိုသည့်အခါ လိုက်လံစောင့်ကြပ်ခြင်းမှလွဲ၍ သူသည် တခြားသူများကဲ့သို့ နေထိုင်နိုင်သည်။
ယွီကျန့်ဟိုင်က ကျူးရွှမ်းဆီ လျှောက်လှမ်းလာသည်။ သူက လက်နောက်ပစ်ကာ ငုံ့ကြည့်လိုက်ပြီး မေးလိုက်သည်။
" ခင်ဗျားက ပူးပေါင်းဖို့ အလေးအနက် ဖြစ်နေတယ်ဆိုရင် တခြားဆရာတော်တွေကို ကျုပ်နဲ့တွေ့ဖို့ ဖိတ်ကြားသင့်တယ်။ မဟုတ်ရင် ကျုပ်က ဘာမှ ပြန်မပေးရဘဲ ခင်ဗျားဆီမှာ ကပ်နေတာ မျက်နှာပူမိတယ်”
နဝမမြောက်ဘုံကျောင်းကို ရောက်ရှိကတည်းက ယွီကျန့်ဟိုင်သည် ကောလာဟလ ဆရာတော် ၅ပါးနှင့် မတွေ့ဆုံရသေးပေ။
ကျူးရွှမ်က ပြုံးကာ ပြောလိုက်၏” နဝမမြောက်ဘုံကျောင်းက ပိုက်ဆံ မလစ်ဟာပါဘူး။ စိတ်ကြိုက်သုံးလို့ ရပါတယ်။ ကျုပ်က ဒီကို ဖိတ်ခေါ်ခဲ့မှတော့ ခင်ဗျားနဲ့ အတူတူ အလေးအနက် ပူးပေါင်းချင်တာ သေချာပါတယ်။
နဝမမြောက်ဘုံကျောင်းရဲ့ ဆရာတော်က အနေအထား မြင့်မားတယ်။ သူတို့က တွေ့ချင်တိုင်း တွေ့လို့ရတဲ့သူတွေ မဟုတ်ဘူး။ လျို့ဝှက်ဆန်းကြယ်ခန်းမရဲ့ ပထမဆရာတော်က ကျင့်ကြံရေးက ထွက်လာခါစပဲ ရှိသေးတယ်။ ကျုပ်က သူတို့ဆီ အကြောင်းကြားထားပြီးပြီဆိုတော့ ဆရာတော်ကျန်းက ကျုပ်တို့တွေ အလေးအနက်ဆိုရင် ပူပေါင်းနိုင်ကြောင်း ပြောခဲ့ပါတယ်”
ယွီကျန့်ဟိုင်က စကားကို ထပ်ပြောလိုက်၏။
” အလေးအနက်တဲ့လား "
" ခင်ဗျားက ရွှေကြာနယ်မြေကလေ။ တကယ်လို့ ကောင်းကင်သိုင်းခုံရုံးနဲ့ နန်းတော်က ဒီအကြောင်းကို သိသွားခဲ့ရင် နဝမမြောက်ဘုံကျောင်းက ခက်ခဲတဲ့ အခြေအနေကြား ကျရောက်သွားလိမ့်မယ်။ အဲဒါကြောင့် နဝမမြောက်ဘုံကျောင်းက ခင်ဗျားနဲ့ ခင်ဗျားဂိုဏ်းအကြောင်းကို ပိုမိုနားလည်ချင်ကြတယ်။ ရွှေကြာနယ်မြေအကြောင်းလည်း ပိုပြီးတော့ သိချင်ကြတယ်” ကျူးရွှမ်က ပြောလိုက်သည်။
ယွီကျန့်ဟိုင်က နဝမမြောက်ဘုံကျောင်းသည် သတင်းအချက်အလက် ပိုမိုရယူလိုသည်နှင့် ပတ်သက်၍ မအံ့သြမိပေ။ ငရဲဂိုဏ်းကို အချိန်အတော်ကြာ တာဝန်ယူပြီးသည့်နောက်တွင် သူသည် မည်သို့ မတွေးမိဘဲ နေမည်နည်း။
" ကျုပ် ငြင်းရင်ရော "
" ခင်ဗျား ကျုပ်ကို ပြောပြလာမှာပါ။ အခုတော့ နောက်ကျနေပြီဆိုတော့ အနားယူသင့်တယ်။ နောက်တစ်လနေမှ လာတွေ့လှည့်ပါ့မယ်” ကျူးရွှမ်က လှည့်ကာ ထွက်သွားသည်။
နောက်တစ်လတဲ့လား...
ယွီကျန့်ဟိုင်က လှည့်မကြည့်ပေ။ ထိုအစား သူက လသာဆောင်တွင် ကျန်ရှိနေပြီး နဝမမြောက်ဘုံကျောင်းကို ငုံ့ကြည့်နေသည်။
…
အခန်း (၇၄၃) အကြီးအကဲတစ်ယောက်က ငါ့ကို စကားပြောပိုင်ခွင့်မရှိဘူး
မျက်စိတစ်မှိတ်အတွင်း ငါးရက်တာ ကုန်လွန်သွား၏။
မိုးမခတစ်ထောင် ဘုရားကျောင်းထဲတွင် ဖြစ်သည်။
လုကျိုးသည် မျက်လုံးဖွင့်လျှက် ကောင်းကင်ကျမ်းစာ၏ ထူးကဲအံဖွယ်စွမ်းအားကို အပြည့်အဝပြန်လည် ဖြည့်တင်းလိုက်နိုင်ပြီဖြစ်သည်။ သူကလက်မြောက်လျှက် သူ၏ လက်ဖဝါးကို ကြည့်လိုက်သည်။ သူပိုပြီးအိုမင်းလာသည်ဟု ခံစားရသည်။ သူက လက်ဖဝါးကိုဖြန့်လိုက်ပြီး အကြောင်းပြန်လှန်ကတ် တစ်ကတ်ကို ချေမွလိုက်တော့၏။
မိုးမခတစ်ထောင် တောင်တန်းနား၌ တောအုပ်ထဲရှိ အသက်စွမ်းအင်တို့သည် သမုဒ္ဒရာထဲရှိ ရေဝဲအတွင်း ရေများစုပ်ယူခံရသည့်ပမာ စုဝေးလာတော့သည်။
တမူထူးကဲစွာ တိုးဝှေ့တက်လာသော စွမ်းအင်တို့သည် မိုးမခတစ်ထောင် ဘုရားကျောင်း တပည့်များ၏ အာရုံစိုက်မှုကို ရသွားတော့၏။
တရားမျှတရေး ခန်းမဆောင်ထဲတွင် ဖြစ်သည်။
မိုးမခတစ်ထောင်ဘုရားကျောင်း၏ ဘုရားကျောင်းသခင် ရှားချန်းချိုးက ခန်းမထဲမှ အမြန်ထွက်လာသည်။ သူအပြင်သို့ရောက်ချိန်၌ မော့ကြည့်လိုက်ရာ လုကျိုး၏ ခြံဝန်းပေါ်ရှိ အသက်စွမ်းအင်ကို မြင်လိုက်ရသည်။
ထိုစဉ် ထျန်းပုကျီကလည်း ပြေးထွက်လာပြီး ထိတ်လန့်နေတာ သိသာ၏။
"ဘုရားကျောင်းသခင် ဒါက "
ရှားချန်းချိုးက မျက်မှောင်ကျုံ့သွား၏။ သူက ခေါင်းခါပြီးပြောလိုက်တော့သည်။
"လောင်ချန်းပေ့က ဒီလိုအားကောင်းတဲ့ အသက်စွမ်းအင်ကို လှုပ်ရှားလှုပ်ကိုင်နိုင်စွမ်းရှိတာလား "
ထျန်းပုကျီက ပြောလိုက်သည်။
"ဒီလိုအရာကို ကျုပ်အရင်က တစ်ခါမှ မတွေ့ဖူးဘူး။ ဒါကရွှေကြာကျင့်ကြံသူတွေ ပိုင်ဆိုင်တဲ့ ထူးခြားတဲ့စွမ်းရည်များလား"
သူတို့နှစ်ယောက် စကားပြောနေစဉ် ခရုလေးနှင့်ရှောင်ယွမ်အာက လက်ချင်းတွဲလျှက် ခန်းမအပြင်ဘက်သို့ ရောက်လာ၏။
ရှားချန်းချိုးသည် သူ၏ အဆင့်အတန်းကို အမှုမထားဘဲ မိန်းကလေးနှစ်ယောက်ဆီ အမြန်သွားလိုက်သည်။ သူက ပြုံးပြီး မေးလိုက်တော့၏။
"မင်းတို့ရဲ့ ရှစ်စွင်း ဘာလုပ်နေလဲဆိုတာ သိလို့ရမလား"
ရှောင်ယွမ်အာသည် သူ့ရှစ်စွင်း၏ ခြံဝန်းပေါ်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ သူမက ပျင်းရိငြီးငွေ့စွာ ပြောလိုက်တော့၏။
"ရှင်တို့တွေက ဘာမှမဟုတ်တာကို ရေးကြီးခွင်ကျယ်လုပ်နေတာပဲ။ ကျွန်မရှစ်စွင်းက ဒါကိုတစ်ချိန်လုံး လုပ်နေတာပဲကို"
"....."
ရှားချန်းချိုးက ပြန်မပြောနိုင်တော့ပေ။
လုကျိုးသည် စနစ်မျက်နှာပြင်ကို ကြည့်လိုက်လေ၏။
ကျန်ရှိသောသက်တမ်း= ၂၁၉၄၇၀ ရက်
"ငါရက်ပေါင်း၆၀၀ အကြောင်းပြန်လှန်နိုင်လိုက်ပြီ"
သူသည် ရက်၆၀၀ကို စိတ်ကျေနပ်နေသော်ငြား သူ၏ မျက်နှာသည် ပြောင်းလဲမှုမရှိပေ။
လုကျိုးသည် သူ၏ ပတ်ဝန်းကျင်အသစ်၌ ပြောင်းလဲမှုများကို ခံစားမိသည်။ အနီရောင်ကြာနယ်မြေရှိ ကနဦးချီနှင့် အသက်စွမ်းအင်တို့သည် ပိုကြွယ်ဝပြီး ပိုအစွမ်းထက်ပုံရသည်။
မည်သို့ပင်ဆိုစေကာမူ သူအနည်းငယ်မွန်းကြပ်သွားသည်။ အနီရောင်ကြာနယ်မြေရှိလူများသည် အနီရောင်ကို တကယ်သဘောကျပုံရသည်။ လူတိုင်းက အနီရောင်ကြာ ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ ပန်းပွင့်များ၊ အရုပ်များ၊ အဆောင်များက အနီများဖြစ်နေ၏။ သူမြင်သမျှက အနီရောင်သာဖြစ်သည်။ သူစိတ်အနှောင့်အယှက်ဖြစ်လာတော့၏။
လုကျိုသည် နောက်ဆုံး၌ အခန်းထဲမှ ထွက်လာသောအခါ မိုးမခတစ်ထောင်ဘုရားကျောင်း၏ အကြီးအကဲများသည် ခြံဝန်းထဲ၌ သူ့ကိုစောင့်နေပြီဖြစ်သည်။
"လောင်ချန်းပေ့ ဘုရားကျောင်းသခင်က ရထားလုံးပျံ ပြင်ဆင်ထားပြီး လောင်ချန်းပေ့ကို စောင့်နေပါတယ်"
"ဟုတ်ပြီ" လုကျိုးသည် ဆင်းသက်လျှက် ခြံဝန်းထဲမှ ထွက်သွားတော့သည်။
မကြာခင်၌ သူသည် တရားမျှတရေး ခန်းမဆောင်စီသို့ ရောင်သွားလေ၏။
ရှောင်ယွမ်အာနှင့်ခရုလေးသည် သူ့စီချက်ချင်းပြေးလာကြသည်။
"ရှစ်စွင်း"
"လောင်ချန်းပေ့"
ရှားချန်းချိုးနှင့် ထျန်းပုကျီတို့က တစ်ပြိုင်နက်ထဲ အရိုအသေပေးလိုက်တော့သည်။
မိုးမခတစ်ထောင်ဘုရားကျောင်းမှ တပည့်များအားလုံးနီးပါးရောက်နေပြီ ဖြစ်သည်။ သူတို့က ဘေး၌ ရပ်နေလေ၏။ ကျီဖုန်ရှင်းနှင့် ဝူဝူက ဦးဆောင်နေကြသည်။
လုကျိုးသည် ရင်ပြင်ပေါ်၌ရပ်ထားသည့် ရထားလုံးပျံဆီသို့ လျှောက်သွားလိုက်၏။ ၎င်းသည် သူ့အကြိုက်နှင့် မတွေ့ပေ။ အလွန်ကျယ်ဝန်းခြင်းမရှိ။ သို့သော် ဘာမှမရှိတာထက် ပိုကောင်းသည်။ သူ၏ စီးတော်သားရဲများ မည့်သည့်အချိန်မှ ရောက်လာမည်ဆိုတာလဲမသိ။ သူတို့လမ်းပျောက်နေမည်လားဆိုတာ မည်သူက သိမည်နည်း။
"ရှစ်စွင်း တပည့်တို့ အခုသွားလို့ရပြီလား။ တပည့် မစောင့်နိုင်တော့ဘူး"
ရှောင်ယွမ်အာက စိတ်လှုပ်ရှားစွာပြောပြီး သူမနှင့်ခရုလေးသည် ရထားလုံးပျံပေါ် တက်လိုက်၏။
"လောင်ချန်းပေ့ ကျွန်တော်ကိုယ်တိုင် ဒီနေ့ ပဲ့ထိန်းပေးပါ့မယ်" ရှားချန်းချိုးက တလေးတစားပြောပြီး ရထားလုံးပျံဆီသို့ လျှောက်သွားလိုက်၏။
လုကျိုးသည် ရထားလုံးပျံပေါ်တက်ပြီး လူအုပ်ကြီးကို ကြည့်လိုက်၏။ သူရထားလုံးထဲ ဝင်ပြီးနောက် ပြောလိုက်တော့သည်။
"မင်းတို့နှစ်ယောက် လမ်းပြရင် အဆင်ပြေပါပြီ။ ကျန်တဲ့သူတွေက ငါတို့နဲ့လိုက်လာရင်တောင် အသုံးမဝင်ဘူး"
အကြီးအကဲက အနေခက်သွား၏။ နာကျင်စေတဲ့ စကားတွေပဲ။
"ဆန္ဒအတိုင်းပါ လောင်ချန်းပေ့"
ရှားချန်းချိုးနှင့် ထျန်းပုကျီက ရထားလုံးပျံပေါ် တက်လိုက်သည်။
ယွီရှန်းရုန်က ရထားလုံးပျံ၏ နောက်ကျောဘက်ရှိ ကုန်းပတ်ပေါ်သို့ ခုန်တက်လိုက်၏။
ရှောင်ယွမ်အာက ယွီရှန်းရုန်ကို ပြောလိုက်သည်။
"တာ့ရှစ်ရှိုး မရှိဘူးဆိုတော့ ရှစ်ရှိုးက ပဲ့ထိန်းသင့်တယ်မလား"
"....."
လုကျိုးက ရှောင်ယွမ်အာကို ခေါင်းခေါက်လိုက်၏။
"အပြုအမူကို သတိထား။ မင်းရဲ့တာ့ရှစ်ရှိုးက ဂိုဏ်းခေါင်းဆောင်ဆိုတာ သိလား။ သူ့ရဲ့အမိန့်အောက်မှာ ဂိုဏ်းသားတစ်သိန်းရှိတယ်။"
ရှောင်ယွမ်အာက ခေါင်းပွတ်လျှက် ပြောလိုက်တော့သည်။
"တပည့် မှားပြောမိပါတယ်။ ဒါပေမဲ့ ဒါ ဒါက အမှန်တရားပဲကို"
ရှားချန်းချိုး "...."
အစက သူသည် အဘိုးအိုအတွက် ပဲ့ထိန်းပေးမည်ဟု ကမ်းလှမ်းခြင်းဖြင့် သဘောထားကြီးမှု လက္ခဏာကို ပြသနိုင်မည်ဟု ထင်ခဲ့သည်။ ဆိုရလျှင် သူက မိုးမခတစ်ထောင်ဘုရားကျောင်း၏ ဘုရားကျောင်းသခင်ဖြစ်သည်။ သို့သော် မိန်းမငယ်လေး၏ စကားကိုကြားသောအခါ သူထိတ်လန့် အံအားသင့်သွား၏။ အဘိုးအို၏ တပည့်တစ်ယောက်က အဆင့်အတန်းမြင့်နေလျှင် ရွှေကြာနယ်မြေ၌ အဘိုးအိုသည် မည်သို့သော လူမျိုးဖြစ်မည်နည်း။
ရထားလုံးပျံသည် ဝေဟင်ထဲ ဖြည်းဖြည်းချင်းတက်သွားပြီးနောက် ကျန်းနန်ပတ်လမ်းစီသို့ အနောက်တောင်အရပ်မျက်နှာ၌ပျံသန်းသွားတော့သည်။
လုကျိုးသည် လမ်းတစ်ယောက်၌ မြင့်မားလှသောေတာင်တန်းများနှင့်သိပ်သည်းသော တောအုပ်များကို ကြည့်လိုက်သည်။ မြေမျက်နှာသွင်ပြင် အနေအထားက တရန်နှင့် ဆင်တူလှပေ၏။ အပင်တို့ကလည်း စိမ်းလန်းစိုပြေနေ၏။ သူတို့သည် လမ်းတစ်လျှောက်၌ သားရဲများစွာနှင့် တွေ့ခဲ့သော်ငြား ထျန်းပုကျီနှင့်ရှားချန်းချိုးတို့က ၎င်းတို့ကို လျင်မြန်စွာ ဖြေရှင်းလိုက်သည်။
နေ့ဝက်ခန့်ကြာပြီးနောက် ဖြစ်သည်။
ရှားချန်းချိုးသည် ပဲ့ပိုင်းရှိ သူ၏နေရာကနေ ရင်းနှီးနေသော ဝန်းဝိုင်းသောအကျယ်ဧရိယာကို တွေ့လိုက်ရ၏။
ဤရှုထောင့်အရ အနက်ရောင်အဝိုင်းချပ်ပြားနှင့်တူသည်။ အမှန်တကယ်တွင် အဆောက်အဦးများဖြင့် ဖွဲ့တည်ထားတာဖြစ်သည်။ ဗဟိုအဆောက်အဦးနား၌ အဆောက်အဦးကိုးခု တည်ဆောက်ထားပြီး တမူထူးကဲသော ခုခံခြင်းအစီအရင်ကို ဖွဲ့တည်ထားသည်။
"လောင်ချန်းပေ့ နဝမဘုံကျောင်းက အရှေ့မှာပါ"
ရှားချန်းချိုးသည် ဘုရားကျောင်းသခင်တစ်ယောက်ဖြစ်သော်ငြား ဤကဲ့သို့ ဂိုဏ်းကြီးသို့ ရောက်လာချိန်၌ စိတ်ပူပန်မှုမရှိဘဲ မနေပေ။
လုကျိုးက မျက်လုံးဖွင့်လိုက်၏။ သူသည် ပဲ့ပိုင်းဆီ လျှောက်သွားကာ လက်နောက်ပြစ်ထားလျှက် ငုံ့ကြည့်လိုက်၏။
"တာ့အိုရှစ်ပါး ဂိတ်အစီအရင်လား"
"လောင်ချန်းပေ့က တကယ်ဗဟုသုတရှိတာပဲ။ တကယ်ပဲ ဂိတ်ရှစ်ပါး အစီအရင်ပါ။ ဂိတ်ကိုပါ အစီအရင်အဖြစ် အဆင့်ပြောင်းထားတာပါ။ အဓိက ခန်းဆောင် ဂူးဂူးကလည်း ဂိတ်ဂူးဂူးလို့ ခေါ်ပါတယ်"
ရှားချန်းချိုးက ဂိတ်ကိုကြည့်ပြီး ရင်သပ်ရှုမောမှုများ ပြည့်နေသည်။
ရထားလုံးပျံက နီးသည်ထက်နီးလျှက် ပျံသန်းလာ၏။
လုကျိုးသည် မြို့ဂိတ်များကို တွေ့လိုက်ရသည်။ ဂိုဏ်းများစွာက ထောင့်တိုင်း၌ အခြေစိုက်ထားသည်။နဝမဘုံကျောင်းသည် လွင်ပြင်ပေါ်၌ အခြေစိုက်သည့် ရှားရှားပါးပါး ဂိုဏ်းများထဲမှ တစ်ခုဖြစ်၏။
ထိုစဉ် မြို့ဂိတ်ကနေ ဓားပေါ်တွင် တပည့်နှစ်ယောက်ပျံသန်းလာ၏။ သူတို့က ရထားလုံးပျံ၏ လမ်းကြောင်းကို ဟန့်တားလျှက် မေးလိုက်သည်။
"အဲ့ဒီမှာ ဘယ်သူတွေလဲ"
ရှားချန်းချိုးက ကျယ်လောင်စွာ အော်လိုက်သည်။
"မိုးမခတစ်ထောင် ဘုရားကျောင်းရဲ့ ဘုရားကျောင်းသခင် ရှားချန်းချိုးက အကြီးအကဲကျူးရွှမ်ကို တွေ့ခွင့်တောင်းပါတယ်"
"မိုးမခတစ်ထောင်ဘုရားကျောင်းလား"
တပည့်ကပြောလိုက်၏။
"အကြီးအကဲကျူးက တံခါးပိတ်ကျင့်ကြံနေပါတယ်။ ကျေးဇူးပြု၍ ပြန်သွားပြီး တစ်လကြာမှပြန်လာပေးပါ"
ရှားချန်းချိုးက ဘုရားကျောင်းသခင်တစ်ယောက်ဖြစ်သည်။ သူသည် တံခါး၌စောင့်ကြပ်သည့် ယင်ကောင်လေးများကို မည်သို့ဖြေရှင်းရမည်မှန်း သိ၏။ သူကပြောလိုက်သည်။
"ကျေးဇူးပြုပြီး သူ့ကိုအကြောင်းကြားပေးပါ။ ဒါက အရေးကြီးကိစ္စပဲ။ အကြီးအကဲကျူးက ကျုပ်ကို တွေ့မှာ ကျိန်းသေတယ်။ သူ့ကို အကြောင်းကြားလို့ ဘာမှမဆုံးရှုံးပါဘူး။ ဒါပေမဲ့ အကြောင်းမကြားလိုက်ရင် အကြီးအကဲကျူးက မင်းကို အပြစ်တင်လိမ့်မယ်"
ထိုသို့ပြောပြီးနောက် သူသည် တစ်စုံတစ်ခုကို ထုတ်လိုက်တော့၏။
တလက်လက်တောက်ပနေသော အရာဝတ္ထုသည် တပည့်၏လက်ထဲ ရောက်သွားသည်။ သူ့လက်ထဲရှိ ပစ္စည်းကို ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်၏။ ၎င်းကို အိတ်ထဲထည့်ကာ ပြောလိုက်တော့သည်။
"ခဏစောင့်"
သို့သော်ငြား ထိုတပည့် လှည့်ထွက်သွားတော့မည့်အချိန်တွင် လုကျိုးသည် လေသံအတက်အကျမရှိ ပြောလိုက်၏။
"ခဏ"
"ဘာရှိသေးလို့လဲ"
ဓားပေါ်ရှိတပည့်က ဇဝေဇဝါဖြစ်သွားသည်။
"အကြီးအကဲတစ်ယောက်လေးက ငါ့ကိုစကားပြောပိုင်ခွင့် မရှိဘူး။ ငါနဲ့တွေ့ဖို့ စစ်ခုန်ပေချန်းကို လွှတ်ပေးဖို့ ကျူးရွှမ်ကိုပြောလိုက်"
လုကျိုးကပြောလိုက်တော့သည်။
ရှားချမ်းချိုနှင့်ထျန်းပုကျီ-"…"
မိုးမခတစ်ထောင်ဘုရားကျောင်းမှ လူနှစ်ယောက်သည် တုန်ယင်မိသွား၏။ ယင်းက အဆိုးဆုံးရလဒ် ဖြစ်သည်။ စစ်ခုန်ပေချန်းသည် ဧည့်သည်များကို အလွယ်တကူတွေ့တက်မှန်း သူတို့သိသည်။ သူတို့က ကိစ္စရပ်များကို တိတ်တဆိတ်ဖြေရှင်းနိုင်၏။ သို့သော် ယခု သူတို့ ငိုချင်လာတော့သည်။
ဓားပျံပေါ်ရှိ တပည့်က မျက်မှောင်ကြုံ့လိုက်၏။ သူက ပြောလိုက်သည်။
"ကြယ်ပျံအိမ်တော်ရဲ့သခင် ဒီမှာရှိရင်တောင် သူက ဘုရားကျောင်းသခင်ကို တွေ့ဆုံပိုင်ခွင့်မရှိဘူး။ မိုးမခတစ်ထောင် ဘုရားကျောင်းရဲ့ ဘုရားကျောင်းသခင်ဆို ပိုဆိုးပေါ့။ ကျေးဇူးပြုပြီး ထွက်သွားပါ"
လုကျိုးက ထင်ထားပြီးသားဖြစ်၏။ သူက လက်ဝှေ့ယမ်းလိုက်သည်။
လုကျိုးနောက်ကနေ ယွီရှန်းရုန်က သူ့ရှစ်စွင်း၏အချက်ပြမှုကို မြင်ပြီး သူ့ရှစ်စွင်းဆိုလိုတာကို သိသွားသည်။ မြန်ဆန်သော လှုပ်ရှားမှုများဖြစ့် သူက လေထဲတွင် ပေါ်လာကာ လေသံအတက်အကျမရှိ ပြောလိုက်သည်။
"ငါ့ရှစ်စွင်းကို မင်းသိမယ်ဆိုရင် မင်းဘယ်လောက်ရူးလဲဆိုတာ သိသွားမှာပဲ"
ဘီး ဘီး ဘီး
သက်တော်ရှည်ဓားက တုန်လှုပ်လာတော့သည်။
ထိုစဉ် လေထဲ၌ ပလွေသံ ပျံ့လွင့်လာတောဘသည်။
ခရုလေးသည် လန်ထျန်ကျောက်စိမ်းပလွေကို မှုတ်နေသည်။ ရုတ်တရက်ကြီး သူမဘာလုပ်မှန်း မည်သူမှမသိ။ သို့သော် သူမ၏ ငြိမ့်ငြောင်းသော သံစဉ်များက ပတ်ဝန်းကျင်သို့ ပျံ့သွားသည်။ လေထဲ၌ ကနဦးချီများသည် စီးဆင်းသွားပြီး စွမ်းအင်ဖွဲ့တည်နေသော အနီရောင်အငွေ့များနှင့်တူ၏။
ကျန်သည့်သူများက လှည့်ကြည့်လိုက်ကြသည်။
ရှားချန်းချိုးနှင့် ထျန်းပုကျီက ထိတ်လန့်သွားတော့၏။ အစတည်းက သူတို့သည် ဤမိန်းကလေးကို အာရုံသိပ်မစိုက်ခဲ့ပေ။
ခရုလေးသည် တည်တည်ငြိမ်ငြိမ် ပလွေမှုတ်နေသည်။ ယင်းက ပေါ့ပါးပြီးသာယာသော သံစဉ်ဖြစ်သည်။ အနီရောင်စွမ်းအင်တို့သည် ငြင်သာသောစမ်းရေပမာ ပေါ်ထွက်လာ၏။ သူမစတင်ကျင့်ကြံချိန်မှစပြီး ယခုဆို သူမ၏ သံစဉ်ကို ထိန်းချုပ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ သူမ၏ချီကို စွမ်းအင်အဖြစ် သိပ်သည်းစေပြီးနောက် ပတ်ဝန်းကျင်ရှိ သားရဲများကို ခိုင်းစေနိုင်သည်။
သားရဲများသည် ပုန်းအောင်းနေရာမှထွက်လာပြီး ခမ်းနားစွာပျံသန်းလာ၏။ ကောင်းကင်ကို လွှမ်းမိုးနေသည့် သားရဲများစွာရှိသည်။
နဝမဘုံကျောင်း၏ ပင်မဂိတ်၌ လူတစ်ယောက်ပျံသန်းလာ၏။ သူသည် လေထဲရှိ အနီရောင်စွမ်းအင်ကို မြင်သောအခါ ထိတ်လန့်သွားတော့သည်။
"အကြီးအကဲက ခွင့်ပြုလိုက်ပြီ။ ကျေးဇူးပြုပြီး ကျုပ်နောက်လိုက်ခဲ့ပေးပါ"
…
အခန်း (၇၄၄) နဝမမြောက်ဘုံကျောင်းမှာ ဘယ်သူက ရုတ်ရုတ်သဲသဲလာလုပ်တာလဲ
လောက၌ ထိုသို့ ပါရမီရှိသည့်သူမျိုးက လက်တစ်ဆုပ်မျှသာ ရှိ၏။ အေးစက်စက်လေပြေက သံဇဥ်ကို ပိုမိုတိုးလျသွားစေဟန်ပေါ်၏။
သံဇဥ်က ရပ်တန့်သွားသည့်နောက်တွင်ပင် မိုးကုတ်စက်ဝန်းအတွင်း ပျံ့နှံ့သွားသလိုမျိုး လေထုထဲတွင် ကျန်ရှိနေသေး၏။
တိမ်တိုက်ထဲရှိ သားရဲပျံများက ပုလွေသံကြောင့် အော်မြည်လိုက်ကြသည်။ ပုလွေသံ ရပ်တန့်သွားပြီး အနီရောင်စွမ်းအား ပျောက်ကွယ်သွားသည့်အခါ သူတို့ကလည်း ပြန့်ကျဲသွားကြသည်။
နဝမမြောက်ဘုံကျောင်းဆီ နီးကပ်ဖို့ ကြိုးစားနေသည့် သားရဲတချို့သာ ကျန်ရှိ၏။ သူတို့က ရင်ပြင်ပေါ်ရှိ အဝေးတိုက်ကွက်ကြောင့် ကျရှုံးသွားရသည်။
ရှားချန်းချိုးနှင့် ထျန်းပုကျီတို့က သူတို့သည် ဦးဆောင်ဖို့ ရောက်လာကြောင်း မေ့လျော့နေကြသည်။ သူတို့က အံ့အားသင့်ကာ နားမလည်နိုင် ဖြစ်နေကြ၏။
သူတို့က ရွှေကြာနယ်မြေက ကျင့်ကြံသူတွေ မဟုတ်ဘူးလား။ သူတို့ကြားမှာ အနီရောင်ကြာ ကျင့်ကြံသူ ဘာလို့ရှိနေတာလဲ။ ပြီးတော့ သူမက သံဇဥ်ပါရမီရှင်တစ်ယောက်ပဲ။...
ယွီရှန်းရုန်က ခရုလေးအား ကြည့်ကာ ပြုံးလိုက်ပြီးပြောလိုက်သည်” ရှောင်ရှစ်မေ့က တကယ့်ကို တော်တာပဲ "
" အာ့ရှစ်ရှိုး ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် " ခရုလေးက ပျော်ပျော်ရွှင်ရွှင်ဖြင့် ပြောလိုက်သည်။ သူမက အချီးကျူးခံရသည်ကို ပျော်ရွှင်နေမှန်း သိသာလှ၏။
ယွီရှန်းရုန်က ရထားလုံးပျံဆီ လှည့်သွားလိုက်သည်။ သူက ရှားချန်းချိုးအား ကြည့်ကာ ပြောလိုက်သည်” ဆရာတော်ရှား "
ရှားချန်းချိုးက အသိပြန်ဝင်လာပြီး ခရုလေးဆီမှ အကြည့်ပြန်ရုတ်သိမ်းလိုက်သည်။ သူက နေရခက်စွာ ပြောလိုက်၏” ကျုပ် စိတ်လွတ်သွားမိတာ အားနာပါတယ် "
ထို့နောက် သူက ရထားလုံးပျံကို ပဲ့ထိန်းလိုက်သည်။ အဆုံးသတ်တွင် သူက သိချင်စိတ်ကို ထိန်းမထားနိုင်ဘဲ မေးလိုက်၏” လောင်ချန်းပေ့ ဒါတွေ အားလုံးက ခင်ဗျားရဲ့ တပည့်တွေလား "
သူက အဖြေကို သိထားသော်လည်း အတည်ပြုလိုသေးသည်။
ရှောင်ယွမ်အာက ရယ်ရယ်မောမောဖြင့် ပြောလာသည်” ဒါက ကျွန်မရဲ့ အငယ်ဆုံးလေးလေ "
" အငယ်ဆုံးလေးတဲ့လား "
" ဟုတ်တယ် ဒါက ဆယ်ယောက်မြောက် အငယ်လေးလေ "
ရှားချန်းချိုး " ... "
ဆယ်ယောက်မြောက်တဲ့လား။ အဲ့ဆို ဒီလောင်ချန်းပေ့ဆီမှာ ဒီလိုအံ့ဖွယ် တပည့်ဆယ်ယောက်ရှိနေတာပေါ့။
ရှားချန်းချိုးက တပည့်လေးယောက်နှင့် တွေ့ဆုံပြီးသား ဖြစ်ကာ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က ပွင့်ချပ်ကိုးလွှာအဆင့်နှင့် လက်ရည်တူယှဥ်နိုင်ပြီး အငယ်ဆုံးတပည့်လေးက သားရဲများကို ထိန်းချုပ်နိုင်နေသည်။ ထိုသို့ဆိုလျှင် တခြားသော တပည့်များကလည်း...
ရထားလုံးပျံက မြင့်တက်သွားသည်။
လုကျိုးက ရှားချန်းချိုးအား ကြည့်ကာ မုတ်ဆိတ်သပ်လိုက်ရင်း " တကယ်လို့ ခင်ဗျား ကြောက်နေတယ်ဆိုရင် အခုထွက်သွားလို့ရတယ် "
" လောင်ချန်းပေ့ ဒီမှာ ရှိနေသရွေ့ ကျုပ် မကြောက်ပါဘူး။ ကျုပ်ရဲ့ ပဲ့ထိန်း အရည်အချင်းက မလေ့ကျင့်တာကြာတော့ သံချေးတက်နေပြီ။ ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့” ရှားချန်းချိုးက ပြောလိုက်သည်။
ရှောင်ယွမ်အာက ပြောဖို့ လိုအပ်သည်ဟု ခံစားကာ ဝင်ပြောလိုက်၏” တာ့ရှစ်ရှိုးကတော့ အဲ့လိုပြဿနာ ရှိပုံမပေါ်ဘူး”
" ... "
ထိုမိန်းမငယ်လေးက ကြွားဝါတတ်သည့် ညဉ်ဆိုးလေး ရှိဟန်ပေါ်သည်။
ရှားချန်းချိုးက တိတ်ဆိတ်နေလျက် တွေးလိုက်မိသည်။
ရထားလုံးပျံက နဝမမြောက်ဘုံကျောင်း၏ နယ်နိမိတ်ထဲ ဝင်ရောက်သွားသည့်အခါ ခပ်နိမ်နိမ့် ပျံသန်းလိုက်သည်။
ရထားလုံးပျံပေါ်မှ လူများက ငုံ့ကြည့်လိုက်သည့်အခါ တအံ့တသြ ဖြစ်သွားကြသည်။ ထိုနေရာက ကိုယ်ပိုင်မြို့ဟု ဆိုရလောက်အောင် ကြီးမားလှသည်။ နေရာတစ်ခုလုံးက သူတို့၏ စိတ်ကူးယဥ်ထားသည်ထက်ပင် ကျော်လွန်နေ၏။ ထိုမတိုင်ခင် သူတို့က နေရာအကျယ်အဝန်းနှင့် အစီအရင်များသည် အံ့သြစရာကောင်းကြောင်း ခံစားမိခဲ့ကြသည်။ ယခု သူတို့က အထဲရောက်လာသည့်အခါ အဆောက်အဦးများ၏ ကြီးကျယ်ခမ်းနားမှုက သူတို့အား ရင်သက်ရှုမောဖွယ်အတိ ဖြစ်သွားစေသည်။
အဆောက်အဦးများက ပင်မအဆောင်အဦးကို ဝန်းရံလျက် စက်ဝန်းပုံစံ တည်ဆောက်ထားသည်။ ရင်ပြင်ကျယ်က မီတာ ၁၀၀၀ရှိပြီး ပင်မခန်းမ ၉ခုက ထိုအရာကို ဝန်းပတ်လျက် မားမားမတ်မတ် တည်ရှိနေသည်။
" ဆင်းသက်လိုက် " နန်းတော်မှ ကုန်းကုန်းနှင့် တူသည့် အသံမြင့်မြင့်တစ်သံ ထွက်ပေါ်လာသည်။
ရထားလုံးပျံက ဖြည်းဖြည်းချင်း ဆင်းသက်လိုက်သည်။
ကျင့်ကြံသူ နှစ်ယောက်က ရထားလုံးပျံဆီ ဓားများဖြင့် ချဉ်းကပ်လာ၏။ သူတို့က လက်နှစ်ဖက် ယှက်ကာ တစ်ပြိုင်နက် ပြောလိုက်ကြသည်” အကြီးအကဲခုံက ကြိုဆိုပါတယ် "
" အကြီးအကဲခုံလား... " ရှားချန်းချိုးက ရထားလုံးပျံမှ ထွက်လာကာ " လောင်ချန်းပေ့က အကြီးအကဲကျူးနဲ့ တွေ့ချင်တာ။ အကြီးအကဲခုံ မဟုတ်ဘူး”
ယွီရှန်းရုန်က ပြောလိုက်သည်။
” အားနာပါတယ် … အမှန်ပြင်ပေးရဦးမယ်။ ကျုပ်ရဲ့ ရှစ်စွင်းက စစ်ခုန်ပေချန်းနဲ့ တွေ့ချင်တာ။ အကြီးအကဲကျူး မဟုတ်ဘူး”
နဝမမြောက်ဘုံကျောင်း၏ တပည့်များ " ... "
ဒုက္ခကြား ရောက်နေသည့် ထျန်းပုကျီနှင့် ရှားချန်းချိုး " ... "
" ကျောင်းထိုင်ဆရာကို နာမည်တပ်ခေါ်ဖို့ ဘယ်သူကများ သတ္တိပေးလိုက်တာလဲ " ဓားကိုင်စွဲထားသည့် လူများက ရှေ့တိုးလာကြသည်။
သူတို့က လှုပ်ရှားတော့မည့်ဆဲဆဲတွင် လေထုထဲ အသံတစ်သံ ထွက်ပေါ်လာ၏” ရပ်လိုက်ကြ "
တခြားသူများက ထိုအသံလားရာကို လှည့်ကြည့်လိုက်ကြသည်။ သစ်သားဘီးတပ် ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် လူလတ်အရွယ် အမျိုးသားတစ်ဦးကို တခ ခြားတစ်ယောက်မှ တွန်းထုတ်လာသည်က သူတို့ မြင်ကွင်းအထက် ပေါ်ထွက်လာ၏။ ထိုသူက အပြင်းအထန် ဒဏ်ရာ ရရှိထားကာ ပြန်လည်မကောင်းမွန်သေးပေ။
တပည့်နှစ်ဦးက ဦးညွှတ်ကာ သူ့အား နှုတ်ဆတ်လိုက်ကြသည်” အကြီးအကဲခုံ "
ခုံလုက ရထားလုံးပျံပေါ်မှ ထိုလူများကို မော့ကြည့်လိုက်ပြီးသည့်နောက် ပြောလိုက်သည်” ရှားချန်းချိုး … မိုးမခတစ်ထောင်ဘုရားကျောင်းက ကျောင်းထိုင်လား "
" ဟုတ်ပါတယ် "
" ပုလွေတီးမှုတ်သွားတာ မင်းရဲ့တပည့်လား " ခုံလုက မေးလိုက်သည်။
ရှားချန်းချိုးက ဘေးထွက်ရပ်ကာ " ဒါက ချီသံဇဥ်တီးခတ်ပြီးတော့ သားရဲတွေကို ထိန်းချုပ်ခဲ့တဲ့ မိန်းကလေးပါ။ သူမက ဒီလောင်ချန်းပေ့ရဲ့ တပည့်တစ်ယောက်ပါ”
ဘီးတပ်ကုလားထိုင်ပေါ်တွင် ခုံလုက နာနာခံခံဖြစ်နေသည့် ခရုလေးအား ကြည့်ကာ ကျေကျေနပ်နပ် ပြုံးလိုက်သည်။ ထို့နောက် သူက ပညာရှင်အငွေ့အသက်မျိုး ရှိသည့် လူအိုကြီးထံ လှမ်းကြည့်လိုက်သည်။ ထိုလူအိုကြီးအား အကဲဖြတ်ပြီးသည့်နောက် ပြောလိုက်၏။
" လောင်ချန်းပေ့ … ကျုပ်က ဒီမိန်းကလေးဆီမှာ ပါရမီရှိတယ်ဆိုတာကို မြင်ရတယ်။ ကျုပ်ဆီ ပေးလိုက်ပါ့လား။ ခင်ဗျားရဲ့ တောင်းဆိုချက်ကိုပြော "
ရှောင်ယွမ်အာက ဒေါသထွက်တော့မည့်ဆဲဆဲတွင် လုကျိုးက လက်မြှောက်ကာ တားဆီးလိုက်၏။
လုကျိုးက ခုံလုအား လျစ်လျူရှုလိုသော်လည်း ခုံလုက စကားပြောလာပြီဖြစ်ကာ သူ့အနေနှင့် တုံ့ပြန်ဖို့ လိုအပ်လာသည်။
" မင်းက ငါ့တပည်ရဲ့ဆရာ ဖြစ်ချင်နေတာလား "
" ခင်ဗျား သဘောတူမယ်လို့ မျှော်လင့်ပါတယ် " ခုံလုက အလေးအနက် ပြောလိုက်သည်” သူမရဲ့ ပါရမီကို သဘောကျလို့ ဝင်ခွင့်ပေးလိုက်တာ "
လုကျိုးက လက်ကို အသာမြှောက်ကာ ရှေ့ကို တွန်းလိုက်သည်။ ထို့နောက် သူက လက်သီးဆုပ်ကာ ကမ္ဘာဦးချီကို စုဝေးလိုက်၏။ သူ့အတွက် တွန်းအားကို ထုတ်ဖော်ဖို့ စွမ်းအင်ကို စုစည်းနေစရာ မလိုအပ်ပေ။
ခုံလုက အံ့အားသင့်သွားပြီး သူ့အနေနှင့် တုံ့ပြန်နိုင်သည့်အချိန် မရလိုက်ပေ။
နဝမမြောက်ဘုံကျောင်းရှိ တပည့်များကလည်း ဓားများကို ချက်ချင်းဆွဲထုတ်လိုက်ကြသည်။
လုကျိုးက ခုံလုကို လက်ဝါးချက်ဖြင့် ရိုက်ကာ တွန်းထုတ်လိုက်သည်။
ဘန်း
ခုံလုက လွင့်စဉ်သွား၏။ သူက အလန့်တကြားဖြင့် အော်လိုက်ပြီး ဘီးတပ်ကုလားထိုင်ပေါ် ပြန်ရောက်သွားကာ သွေးအန်လိုက်ရသည်။
ရှားချန်းချိုးနှင့် ထျန်းပုကျီတို့က အံ့အားသင့်နေကြ၏။ သူတို့က လုကျိုးသည် သတိမပေးဘဲ တိုက်ခိုက်လိမ့်မည်ဟု ထင်မထားမိကြပေ။
လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်၏” မင်းက ငါ့လက်ဝါးတစ်ချက်တောင် ခံနိုင်ရည် မရှိဘဲနဲ့ တခြားတစ်ယောက်ရဲ့ ဆရာဖြစ်ချင်သေးတယ်လား”
" ခင်ဗျား ... " ခုံလုက ရင်ဘတ်ကို ဖိထားရင်း ချောင်းဆိုးလိုက်သည်။ သူက သွေးများအန်လိုက်၏။
" အကြီးအကဲခုံ "
လုကျိုးက ခေါင်းအသာယမ်းလိုက်သည်။
ငါက စစ်ခုန်ပေချန်းနဲ့ တွေ့ချင်ရင် တစ်စုံတစ်ခုခုတော့ လုပ်ဖို့ လိုနေပြီ။ ဒါက ဂိုဏ်းကြီးတွေ ပြဿနာပဲ...
ခုံလု၏ မျက်နှာက လက်ဝါးချက်ကြောင့် အနီရောင်သမ်းလာသည်။
တပည့်ဆယ်ယောက်ကျော်ကလည်း ဓားများကို ဆွဲထုတ်လိုက်ကြ၏။
စွမ်းအင်ဓားများက တဝှီဝှီ အသံထွက်လာသည်။
ရုတ်ရုတ်သဲသဲ ဖြစ်မှုက ကြီးမားလွန်းသည့်အတွက် လူများစွာ၏ အာရုံကို ဖမ်းစားသွား၏။ နဝမမြောက်ဘုံကျောင်း၏ တပည့်များက ထို့မြင်ကွင်းဆီ အလျင်အမြန် ရောက်ရှိလာကြသည်။
" ခုံလု …. မင်းက အစကတည်းက ဒဏ်ရာရပြီးသား ဘာလို့ မာကျောဖို့ ကြိုးစားနေတာလဲ "
အနောက်ဘက်တွင် လေးထောင့်သေတ္တာတစ်ခု ပေါ်ထွက်လာသည်။
တပည့်များက တစ်ပြိုင်နက် ဦးညွှတ်လိုက်ကြ၏” မဟာအကြီးအကဲ "
လေးထောင့်သေတ္တာက မျက်စိတစ်မှိတ်အတွင်း မီတာအတော်အတန်ကြီးထွားလာကာ ရထားလုံးပျံဆီ ပျံသန်းလာသည်။
ရှားချန်းချိုးက ချက်ချင်းအော်ပြောလိုက်၏။
” အကြီးအကဲကျူး သက်ညှာပေးပါ "
" မင်းကို သက်ညှာမပေးနိုင်ဘူး။ မင်းက ဘယ်လိုတောင် လုပ်ရဲတာလဲ” ကျူးရွှမ်က နဝမမြောက်ဘုံကျောင်း၏ ပိုင်နက်အတွင်း ရုတ်ရုတ်သဲသဲ ဖြစ်စေလိုသည့်သူများကို ခွင့်ပြုမည် မဟုတ်ပေ။ သူက ခုံလုကို သဘောမကျသော်လည်း ထိုကိစ္စက အရေးမကြီးပေ။
လေးထောင့်သေတ္တာ ပျံသန်းလာသည့်အခါ ယွီရှန်းရုန်က မြေပြင်မှ အသာပျံသန်းလိုက်သည်။ ပေါ့ပါးသွက်လက်သည့် လှုပ်ရှားမှုများဖြင့် သူသည် လေးထောင့်သေတ္တာအထက်တွင် ပေါ်ထွက်လာပြီး ခြေထောက်ဖြင့် တက်နင်းလိုက်သည်။
ဘန်း
ယွီရှန်းရုန်၏ ယခင်အတွေ့အကြုံများကြောင့် သူသည် လေးထောင့်သေတ္တာကို အလျင်အမြန်ရင်ဆိုင်ကာ ခြေထောက်ဖြင့် တွန်းလှန်နိုင်လိုက်သည်။
ဝုန်း
လေးထောင့်သေတ္တာက စကျင်ကျောက်ကြမ်းပြင်အပေါ် ပြုတ်ကျသွားသည်။
ယွီရှန်းရုန်၏ လက်မောင်းက ကြက်ခြေခတ် ခတ်ထားကာ မော့ကြည့်လိုက်ရင်း ပြောလိုက်သည်” ကျူးရွှမ် .. ကျုပ်တို့ ထပ်တွေ့ပြန်ပြီ "
" မင်းလား " ကျူးရွှမ်က ယွီရှန်းရုန်ကို မြင်လိုက်ရသည်။ သူ့ဒေါသတစ်ဝက်က ပျောက်ကွယ်သွားဟန်ဖြင့် ပြောလိုက်၏။
” အခု စဥ်းစားပြီးသွားပြီလား "
သူက ယွီရှန်းရုန်သည် ယွီကျန့်ဟိုင်နှင့် အတူတူဟု တွေးခဲ့သည်။
ယွီရှန်းရုန်က ခေါင်းခါကာ ပြောလိုက်၏” အားနာပါရဲ့ … ကျုပ် အဲဒီအကြောင်းကို လုံးဝမတွေးမိဘူး "
" ဒီလိုဆိုရင် နဝမမြောက်ဘုံကျောင်းဆီ ဘာလို့များ ရောက်လာတာလဲ " ကျူးရွှမ်က မေးလိုက်သည်။
" ကိစ္စနှစ်ခုကြောင့်ပါ။ ပထမတစ်ခုက ကျုပ်ရဲ့ တာ့ရှစ်ရှိုးကို ပြန်ခေါ်ဖို့။ ဒုတိယအချက်က ကျုပ် ရှစ်စွင်းက စစ်ခုန်ပေချန်းနဲ့ တွေ့ချင်လို့။ စစ်ခုန်ပေချန်းက သူ့မျက်နှာ ထွက်ပြသင့်တယ်”
ယွီရှန်းရုန်က နဝမမြောက်ဘုံကျောင်း၏ ကျောင်းထိုင်ဆရာကို နာမည်တပ်ကာ ခေါ်လိုက်ပြန်သည်။
ခုံလုက နာကျင်မှုကို အန်တုရင်း ပြောလိုက်၏” မင်းလား။ ယွီကျန့်ဟိုင်က နယ်ခြားမျိုးနွယ်ဝင်ပဲ။ သူက အစကတည်းက ငါ့ကို ရိုက်နှက်ခဲ့တာ။ အခု သူက နဝမမြောက်ဘုံကျောင်းလက်ထဲမှာဆိုတော့ သူ့ကို ကယ်နိုင်ဦးမယ်များ ထင်နေလား "
ယွီကျန့်ဟိုင်က အနီရောင်ကြာနယ်မြေသို့ ပထမဆုံးရောက်စဥ်အခါက သူဒဏ်ရာအပြင်းအထန် ပေးခဲ့သည့်သူမှာ ခုံလု ဖြစ်ပေသည်။
ယွီကျန့်ဟိုင် ရောက်ရှိလာကတည်းက ခုံလုသည် လက်စားချေဖို့ရာ ဦးနှောက်ကို ညှစ်ထုတ်စဥ်းစားခဲ့သည်။ သို့သော်လည်း ခုံလုကို ကျူးရွှမ်က တားဆီးခဲ့၏။ ကျူးရွှမ်အနေနှင့် ယွီကျန့်ဟိုင်ကို ဘေးကင်းအောင် ထားထားသည်မှာ ကျူးရွှမ်က ပထမဆရာတော် ၉ယောက်၏ ခေါင်းဆောင်ဖြစ်လိုလျှင် ယွီကျန့်ဟိုင်ကို ထိန်းသိမ်းထားဖို့ လိုအပ်လေသည်။ ခုံလုက သူ့လမ်းကြောင်းတွင် အတားအဆီးတစ်ခု ဖြစ်၏။
သူက ခုံလုကို ကြည့်ကာ " ပါးစပ်ပိတ်ထား "
ခုံလုက ကြောက်ကြောက်ရွံ့ရွံ့ဖြင့် နောက်ဆုတ်သွားသည်။
ကျူးရွှမ်က ဖျစ်ညှစ်ပြုံးကာ ယွီရှန်းရုန်အား ကြည့်လိုက်ပြီး ပြောလိုက်သည်” အဲဒီနေ့က ကတိစကားကို မေ့သွားပြီတူတယ်။ ခင်ဗျားရဲ့ တာ့ရှစ်ရှိုးက နေဖို့ သဘောတူခဲ့တာ။ သူ့ကို ထောက်ထားပြီးတော့ ခင်ဗျားတို့ အားလုံးကို ထည့်မတွက်တော့ဘူး။ ကျေးဇူးပြုပြီး ပြန်ကြပါ "
ယွီရှန်းရုန်က ထိုအရာနှင့် ပတ်သက်ပြီး မအံ့သြမိပေ။ ကျူးရွမ်ရှေ့တွင် သူက ပေါ်ထွက်လာ၏။ သူက လက်နှစ်ဖက် ပူးကာ စွမ်းအင်ဓားများက ပေါ်ထွက်လာသည်။ သူ့ပထမတိုက်ကွက်က ကွေ့ယွမ်ဓားနည်းစနစ်မှ အားအကောင်းဆုံး တိုက်ကွက်တစ်ခုဖြစ်ပြီး ကမ္ဘာဦးပြန်လည် ဖြည့်စည်းခြင်း ဖြစ်သည်။
ကျူးရွှမ်က များများစားစား မစဥ်းစားဘဲ " ငါက ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်နေပြီ။ အရင်ကလိုများ ဖြစ်နေဦးမယ်ထင်နေလား”
လေးထောင့်သေတ္တာက ယွီရှန်းရုန်၏ ကျောဘက်ဆီ ပြေးဝင်သွားသည်။
ထို့နောက် ရွှေရောင်စွမ်းအားများ ထွက်ေပါ်လာ၏။
အနီးနားရှိ ထိုမြင်ကွင်းကို မြင်သည့် နဝမမြောက်ဘုံကျောင်းရှိ တပည့်များက ချက်ချင်းပျံသန်းလာကြသည်။ ချက်ချင်းဆိုသလို ပြပွဲကို လာကြည့်သည့် ကျင့်ကြံသူ အယောက် ၁၀၀နီးပါး ရှိသွားလေပြီ။
ယွီရှန်းရုန်ဆီ စွမ်းအင်ဓားများက စုဝေးလာပြီး ဝေ့ပတ်နေ၏။
ဘန်း ဘန်း ဘန်း
လေးထောင့်သေတ္တာက စွမ်းအင်ဓားနှင့် ထိတွေ့သော်လည်း စွမ်းအင်ဓားက ကောင်းကင်အထက် ပျံတက်သွားကာ ကျူးရွှမ်ဆီ ကျဆင်းလာသည်။
လေးထောင့်သေတ္တာက ကျုံ့သွားပြီး ဒိုင်းကာအဖြစ် အသုံးပြုလိုက်၏။
ဘန်း ဘန်း ဘန်း
ကမ္ဘာဦးပြန်လည်ဖြည့်စည်းခြင်းမှ စွမ်းအင်ဓားများသည် လေးထောင့်သေတ္တာကို ထိရိုက်သွားကြသည်။ နောက်ဆုံးသော စွမ်းအင်ဓားတချို့က ယခင်ထက် ကြီးမားကာ ပိုမိုတောက်ပနေဟန်ပေါ်သည်။ သူတို့က လေးထောင့်သေတ္တာကို ဆက်လက်ကျရောက်နေကြ၏။
ကျူးရွှမ်နှင့် လေးထောင့်သေတ္တာတို့က မလှုပ်ရှားကြပေ။ သူက ပြောလိုက်၏။
” ဒါက ပွင့်ချပ်ရှစ်လွှာနှင့် ကိုးလွှာအဆင့်ကြားက ကွာခြားချက် … "
မပြီးသေးဘူးလား...
နောက်ဆုံးသော စွမ်းအင်ဓားများက လေးထောင့်သေတ္တာကို ထိုးစိုက်ခဲ့သည်။ သူတို့က ယခင်ဓားများထက် ပိုမိုအားကောင်းမှန်းသိသာလှသည်။
ဘန်း
လေးထောင့်သေတ္တာက ရုတ်ချည်းနောက်ဆုတ်လိုက်ရသည်။
ကျူးရွှမ်က သူ့လက်ဖြင့် တားဆီးလိုက်၏။ ဝုန်းခနဲအသံနှင့်အတူ သူက မီတာများစွာ လွင့်စဉ်ထွက်သွားသည်။
" ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "
သူက ပွင့်ချပ်ရှစ်လွှာနှင့်တစ်ပိုင်းအဆင့် ကျင့်ကြံသူဖြစ်စဥ်က ထိုသူနှစ်ဦးကို လက်ရည်တူ တိုက်ခိုက်ခဲ့သည်။ ယခုသူက ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ရှိသွားပြီဖြစ်ကာ ယွီရှန်းရုန်တစ်ယောက်တည်းဖြင့် ရင်ဆိုင်နေရင်း အဘယ်ကြောင့် အရေးနိမ့်နေရသနည်း။
" ဒါက ငါ့တပည့်တွေနဲ့ ယှဥ်နိုင်တယ်ဆိုတဲ့ ကျူးရွှမ်လား " လုကျိုးက လေးထောင့်သေတ္တာကြောင့် စိတ်ဝင်စားမိသည်။
ယွီရှန်းရုန်က ရပ်တန့်ကာ သူ့ကိုယ်သူ ဘေးတွင် ဝင်ရပ်လိုက်သည်။
ကျူးရွှမ်က လုကျိုးအား ကြည့်ပြီးသည့်နောက် ယွီရှန်းရုန်အား ပြန်ကြည့်လိုက်သည်” ဒါက မင်းဆရာလား "
" ငါ့ရှစ်စွင်းက လှုပ်ရှားတော့မှာဆိုတော့ မင်းဘာသာမင်း စောင့်ရှောက်တာ ကောင်းလိမ့်မယ်” ယွီရှန်းရုန်က ပြောလိုက်သည်။
ကျူးရွှမ်က အမှန်တကယ် အံ့အားသင့်နေမိ၏။ ထိုပညာရှင်နှစ်ဦး၏ ဆရာသည် သေချာပေါက် ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ဖြစ်ရမည်။ သူက ထပ်မတွေးတော့ဘဲ လက်ကို အလျင်အမြန် ဆန့်ထုတ်လိုက်၏။
လေးထောင့်သေတ္တာက ပျံသန်းလာကာ ရုတ်ချည်းဆိုသလို ကြီးမားလာသည်။ ထိုအရာက လုကျိုး၏ ခေါင်းအထက် ပျံသန်းလာ၏။
လုကျိုးက လေးထောင့်သေတ္တာကို စိတ်ဝင်စားနေမိသည်။ သူက လည်ပတ်နေသည့် သေတ္တာကို ကြည့်ရင်း မုတ်ဆိတ်သပ်ကာ ပြောလိုက်သည်” ပြိုင်ဘက်ကင်းအဆင့် ရတနာလား "
" အဟုတ်ပဲ ပြိုင်ဘက်ကင်းအဆင့်ရတနာ။ ဒါကို လေးထောင့်သေတ္တာလို့ ခေါ်တယ်။ လောင်ချန်းပေ့ သတိထားပါ” ရှားချန်းချိုးက စိတ်ပူစွာ ပြောလိုက်သည်။
လေးထောင့်သေတ္တာက ပွင့်ချပ်ရှစ်လွှာနှင့်တစ်ပိုင်းအဆင့် ကိုင်ဆောင်စဥ်အခါကပင် အလွန်အားကောင်းနေပြီ ဖြစ်၏။ ယခု ကျူးရွှမ်က ပွင့်ချပ်ကိုးလွှာအဆင့် ဖြစ်နေပြီဖြစ်ရာ ထိုအရာက မည်မျှ ပို၍ အားကောင်းလာမည်နည်း။
လေးထောင့်သေတ္တာက ကျဆင်းလာသည့် လေးထောင့် အခင်းကော်ဇောကြီးသဖွယ် ဖြစ်နေလေသည်။
" အကြီးအကဲကျူးက အလေးအနက်ဖြစ်နေပြီ "
လေးထောင့်သေတ္တာက သက်ဆင်းလာသည်။
ကျူးရွှမ်က ကမ္ဘာဦးချီကို လှည့်ပတ်လိုက်၏။ ထိုလှုပ်ရှားမှုဖြင့် သူသည် လေးထောင့်သေတ္တာအထက် ပေါ်ထွက်လာကာ နင်းချလိုက်သည်။
ဝုန်း
လေးထောင့်သေတ္တာက ပြုတ်ကျလာ၏။
လုကျိုးက လက်တစ်ဖက်ဖြင့် မုတ်ဆိတ်သပ်ကာ ကျန်လက်တစ်ဖက်ဖြင့် ဝေ့ယမ်းလိုက်သည်။
သေတ္တာက သူ့လက်ထဲ ပြုတ်ကျလာသည်။
မိစ္ဆာဘုန်းကြီးလက်ဟန်စည်းတံဆိပ်
ထိုအရာထဲတွင် ထူးခြားအံ့ဖွယ်စွမ်းအား ပါဝင်နေသည်။
ဝှစ်
လေးထောင့်သေတ္တာက လုကျိုးကို မဖိနှိပ်နိုင်ပေ။ တကယ်တော့ သူ သယ်ဆောင်ခြင်းကို ခံလိုက်ရသည်။
" ဟမ် " ကျူးရွှမ်က ထပ်မံ ခြေဆောင့်နင်းလိုက်ပြန်သည်။
လေထုထဲ အသံတစ်သံ ထွက်ပေါ်လာ၏။
ငါ့ထူးခြားအံ့ဖွယ်စွမ်းအား လေးပုံတစ်ပုံကုန်သွားတာပဲ...
လေးထောင့်သေတ္တာက လုကျိုး၏ လက်အတွင်း ပြုတ်ကျလာသည်။
လေးထောင့်သေတ္တာက ရုတ်ချည်းဆိုသလို ကျုံ့သွားကာ လုကျိုး၏ လက်အတွင်း ကျရောက်လာသည်။
ကျူးရွှမ်က ခြေဆောင့်နင်းလိုက်သော်လည်း သူက ဗလာကိုသာ နင်းမိသလို ခံစားမိလိုက်သည်။
သူက ပြုတ်ကျလာတာလား...
ကျူးရွှမ်က အမှန်တကယ် အံ့အားသင့်နေမိ၏။
ဒီနေရာမှာ ဘယ်လိုလုပ် ကံမီးတောက်ရှိနေတာလဲ...
လုကျိုး၏ လက်ဝါးက အထက်ကို ရွယ်ထားသည်။ ထိုနောက် ကံမီးတောက်တစ်ခု ထွက်ပေါ်လာ၏။
ဘန်း
ကျူးရွှမ်က လွင့်စဉ်သွားကာ သူ့ခြေထောက်များက လောင်ကျွမ်းသွား၍ အော်ဟစ်လိုက်ရသည်။
လုကျိုးက နည်းစနစ်နှစ်ခုကို တစ်ပြိုင်နက်ထုတ်သုံးလိုက်၏။ သူ့တစ်ဖက်လူက တုံ့ပြန်ဖို့ အချိန်ရှိသည်ဆိုရုံမျှ ဖြစ်သည်။
ကျူးရွှမ်အတွက် ကံကောင်းသွားသည်က သူသည် နောက်ဆုံးသော အခိုက်အတန့်တွင် ကံမီးတောက်ကို မိသွားခြင်းဖြစ်၏။
တခြားသူများက အံ့သြတုန်လှုပ်သွားကြသည်။
ပွင့်ချပ်ကိုးလွှာက ဒီလောက်တောင် ကျိုးပဲ့လွယ်တယ်လား...
ရှားချန်းချိုးက ကျီဖုန်းရှင်း၏ စကားကို ရုတ်ချည်းဆိုသလို အမှတ်ရသွားသည်။
သူက တကယ့်ကို ပြိုင်ဘက်ကင်းလား...
...
ထိုစဥ် ငြိမ်းချမ်းရေးခန်းမ၊ အဆုံးမဲ့ခန်းမ၊ အကျဉ်းသား နဂါးခန်းမ၊ လျို့ဝှက်ဆန်းကြယ်ခန်းမနှင့် စစ်ပြေငြိမ်းရေးခန်းမရှိ ပထမဆရာတော် ၅ပါးသည် အန္တရာယ်လှိုင်းကို ခံစားမိလိုက်ကြ၍ မျက်လုံးပွင့်လာကြသည်။
ထိုလူအိုကြီး ၅ယောက်က သူတို့၏ မဟာနည်းစနစ်များအား တစ်ပြိုင်နက် ထုတ်သုံးကာ ပေါ်ထွက်လာကြ၏။
" နဝမမြောက်ဘုံကျောင်းမှာ ဘယ်သူက ရုတ်ရုတ်သဲသဲ လုပ်နေတာလဲ "