အခန်း (၇၄၅-၇၄၇)
Vol. 50 Ch. 745-747
အခန်း (၇၄၅) ပွင့်ချပ်ဆယ်လွှာ၊ မြောက်ပိုင်း၏ စစ်သူကြီးချုပ်
ရှားချန်းချိုးက အလိုလိုနောက်တစ်လှမ်းဆုတ်ပြီးနောက် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ပထမဆရာတော်ငါးပါး ရောက်လာပြီ”
ကျူးရွှမ်က နောက်ဂျွမ်းပစ်သွားပြီးနောက် မီးဟပ်ခံရပြီး မြေပြင်ပေါ် ပြုတ်ကျသွားတော့သည်။ တပည့်များစွာက သူ့ကို အမြန်ကူတွဲကြ၏။
လုကျိုးသည် ရောက်လာနေသော ပထမဆရာတော်ငါးပါးကို လစ်လျူရှုထားသည်။ စစ်ခုန်ပေချန်းမှအပ မည်သူမျှ သူ့ကို ဘာမှမလုပ်နိုင်။ သူတို့ကို ရင်ဆိုင်ရန် အသေရိုက်ချက်ကတ်သုံးစရာမလိုပေ။
လုကျိုးသည် သူ၏ လက်ဖဝါးထဲရှိ လေးထောင့်သေတ္တာကို ကြည့်လိုက်သည်။
“လေးထောင့်သေတ္တာ ပြိုင်ဘက်ကင်းအဆင့် သခင်ကျူးရွှမ် သန့်စင်ပြီးနောက် အသုံးပြုနိုင်သည်”
လုကျိုးသည် ၎င်းကို သိမ်းလိုက်တော့သည်။
ယင်းကိုမြင်သောအခါ ကျူးရွှမ်က ကြောက်လန့်သွားပုံပေါ်၏။ သူ၏ဘယ်ဘက်ခြေထောက်ပေါ်ရှိ နာကျင်မှုသည် နောက်ဆုံး၌ ပေါ်လာပုံရကာ သူမေးလိုက်တော့သည်။
“ဒါ ဒါကတကယ် ကံမီးတောက်လား”
နဝမဘုံကျောင်း၏ တပည့်များက ရုတ်ရုတ်သဲသဲဖြစ်ကုန်၏။
ကံမီးတောက်လား
ရှားချန်းချိုးနှင့် ထျန်းပုကျီသည် သူတို့၏ဆွေးနွေးမှုများကို ကြားသောအခါ ထိတ်လန့်ကုန်၏။ တိုက်ကွက်ဖလှယ်မှုသည် စက္ကန့်ပိုင်းမျှသာ ကြာခဲ့သည်။ လောင်ချန်ဖေက လက်ဖဝါးကိုမြှောက်ပြီး လေးထောင့်သေတ္တာကို သိမ်းဆည်းကာ ကျူးရွှမ်ကို လွင့်ထွက်သွားအောင် လုပ်ခဲ့၏။ အရာအားလုံး ဖြစ်ပျက်သွားတာ မြန်ဆန်လွန်းသည်။ သူတို့သည် မည်သည့်ကံမီးတောက်ကိုမှ မတွေ့ခဲ့ပေ။
လုကျိုးသည် မုတ်ဆိတ်သပ်လျက် သူ့ဆီပျံသန်းလာနေသောလူများကို ကြည့်လိုက်သည်။
ခဏအကြာတွင် ပထမဆရာတော် ငါးပါးသည်လေထဲ ပျံဝဲလျက် လုကျိုးကို ငုံ့ကြည့်လိုက်ကြသည်။
ကျူးရွှမ်သည် ဘယ်ဘက်ခြေထောက်ပေါ်ရှိ နာကျင်မှုကို တောင့်ခံပြီးပြောလိုက်လေ၏။
“နှုတ်ခွန်းဆက်ပါတယ် ပထမဆရာတော်တို့”
“မင်းအဆင်ပြေလား”
“ကျုပ်”
ကျူးရွှမ်သည် နာကျင်နေပုံပေါ်သည်။ သို့သော်ငြား သူအဆင်မပြေဟု ဝန်မခံနိုင်ပေ။ သူက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ပထမဆရာတော်တစ်ပါးဖြစ်ရန် ရည်ရွယ်နေသူ ဖြစ်၏။ သူအရှက်ကွဲမခံနိုင်ပေ။
“ကျုပ် အဆင်ပြေပါတယ်”
အဘိုးအိုငါးယောက်က ဆင်းသက်လာတော့သည်။
လုကျိုးသည် ခန်းဆောင်သခင်ငါးဦးကို တစ်ချက်ကြည့်လိုက်သည်။ ငါးဦးတစ်ပြိုင်နက် တိုက်ခိုက်ရခြင်းက သူ့အတွက် များလွန်းနေမလားဟု တွေးမိ၏။ သို့သော် သူသည် အသေရိုက်ချက်ကတ်များကို အသုံးပြုခဲ့လျှင် သူတို့ထဲမှ နှစ်ယောက်ကို ရှင်းထုတ်နိုင်မည်။ သူ၏ထူးကဲအံ့ဖွယ်စွမ်းအားနှင့် ကံမီးတောက်ဖြင့် သူသည် သုံးယောက်ကို အနိုင်ယူရန် ယုံကြည်ချက်ရှိသည်။ စိတ်ပူရန် မလိုအပ်ပေ။
အဘိုးအိုငါးဦးသည် အသက်ရှင်နေထိုင်ခဲ့တာ အတော်ကြာပြီဖြစ်၏။ သူတို့၏ အကဲဖြတ်မှုက ကောင်းမွန်သည်။ အဘိုးအိုက ဖြေရှင်းရန် မလွယ်ကူမှန်း သူတို့ပြောနိုင်၏။ ထို့ပြင်သူသည် မဟာရတနာတစ်ခုကို ပိုင်ဆိုင်ထားသော ကျူးရွှမ်ကို အလွယ်တကူအနိုင်ယူခဲ့၏။ သူမည်ကဲ့သို့ အားနည်းမည်နည်း။
“ငြိမ်းချမ်းရေးခန်းမရဲ့ ယောင်ချင်းချွမ်”
“ရန်ပြေခန်းမရဲ့ ကျောက်ကျန်းဟယ်”
“အဆုံးမဲ့ခန်းမရဲ့ စွင်းဝမ်ချန်း”
“အကျဉ်းနဂါးခန်းမရဲ့ ဝမ်ယို့တောက်”
“ဆန်းကြယ်ခန်းမရဲ့ ကျန့်ရှောက်ချင်း”
အဘိုးအိုငါးယောက်သည် သူတို့အမည်ကို ကြေညာလိုက်သည်။
လုကျိုးက မုတ်ဆိတ်သပ်ပြီး ခေါင်းငြိမ့်လိုက်၏။ ဒီအဖိုးကြီးငါးယောက်က ကျူးရွှမ်နဲ့ ခုံလုထက် ပိုထက်မြက်တယ်
တကယ်ပဲ ငတုံးများကို ဖြေရှင်းရခြင်းသည် ဉာဏ်ရှိသည့်လူများနှင့် အပေးအယူလုပ်ရခြင်းလောက် အဆင်မပြေပေ။
ထိုအဘိုးအိုငါးဦးသည် လုံလောက်အောင် အစွမ်းထွက်သော်ငြား လုကျိုးသည် သူ၏အစီအစဉ်ကို စွန့်ပစ်မှာမဟုတ်။ သူတို့၏ ဘုရင်နှင့်ဖြေရှင်းရန် ဆုံးဖြတ်ပြီးသားဖြစ်သည်။
“စစ်ခုန်ပေချန်းဘယ်မှာလဲ” လုကျိုးသည် လက်နောက်ပစ်ထားလျက် ကျန်လက်တစ်ဖက်ဖြင့် မုတ်ဆိတ်သပ်နေ၏။
ရှားချန်းချိုးနှင့် ထျန်းပုကျီ
အစတွင် မိုးမခတစ်ထောင် ဘုရားကျောင်းမှ လူနှစ်ယောက်သည် လုကျိုးက ခပ်မိုက်မိုက်ဖြစ်အောင် ကြိုးစားနေသည်ဟု ထင်ခဲ့သည်။ ယခင်က သူတို့ခွန်အားအကြောင်းလည်း ကြွားလုံးထုတ်ခဲ့ဖူး၏။ အများရှေ့၌ ထိုစကားများကို ပြန်မပြောရဲရုံသာဖြစ်သည်။ လုကျိုးက နဝမဘုံကျောင်း၏ ပထမဆရာတော်ငါးပါးရှေ့၌ စစ်ခုန်ပေချန်းအကြောင်း ထည့်ပြောလိုက်လိမ့်မည်ဟု သူတို့မထင်ထားပေ။
အင်း သူက တကယ်ပြိုင်ဘက်ကင်းတာလား
ဆန်းကြယ်ခန်းမ၏ ပထမဆရာတော် ကျန့်ရှောက်ချင်းက ပြောလိုက်သည်။
“လူကြီးမင်း မင်းမှာ နက်နဲတဲ့ကျင့်ကြံဆင့်ရှိတယ်၊ မင်းက မိတ်ဆွေတစ်ယောက်ဆိုရင် နဝမဘုံကျောင်းက လက်ခံကြိုဆိုမယ်၊ ဘုရားကျောင်းသခင်က နေမကောင်းဘူး၊ အချိန်အများစုကို ပြန်လည်ကုစားရင်း သုံးနေရတာ၊ ခင်ဗျားကို တွေ့နိုင်လိမ့်မယ်လို့ မထင်ဘူး”
လုကျိုးက မုတ်ဆိတ်သပ်လိုက်သည်။ သူကစိတ်ပျက်နေသောပုံနှင့် ပြောလိုက်တော့၏။
“ခင်ဗျားတို့ ငါးယောက်ကို ဉာဏ်ကောင်းမယ်ထင်ခဲ့တာ”
“လောင်ချန်ပေ နဝမဘုံကျောင်းနဲ့ ဘာကိစ္စများရှိလို့လဲ”
နဝမဘုံကျောင်းသည် နောက်ပိုင်း၌ ယုတ်လျော့နေပြီဖြစ်၏။ သူတို့သည် ကောင်းကင်သိုင်းခုံရုံးနှင့် နန်းတော်၏ အပိုကြိုးပမ်းမှုများကို ဂရုစိုက်ရဦးမည်ဖြစ်သည်။
ထိုစဉ် ကျူးရွှမ်က အရိုအသေပေးပြီး ပြောလိုက်၏။
“ပထမဆရာတော်ကျန့် ဒီယွီကျန့်ဟိုင်က ဒီချန်ပေ့ရဲ့ တပည့်ကြီးပါ”
ထိုစကားကို ကြားသောအခါ ပထမဆရာတော်ငါးပါးက မျက်မှောင်အနည်းငယ်ကြုတ်သွားလေ၏။ သူတို့သည် ယွီကျန့်ဟိုင်အကြောင်း ကြားခဲ့ဖူးသည်။ သို့သော် ထိုကိစ္စကို ကျူးရွှမ်ဆီအပ်ထားကာ အသေးစိတ်မမေးခဲ့ပေ။ ယွီကျန့်ဟိုင်သည် ရွှေကြာနယ်မြေမှလာသည်ဆိုတာပဲ သူတို့သိခဲ့သည်။ ယခုဤကိစ္စက အရေးကြီးလာပြီဖြစ်၏။
“လောင်ချန်ပေ့က ရွှေကြာနယ်မြေကလား”ကျန့်ရှောက်ချင်းက မေးလိုက်တော့သည်။
သူတို့ ဤအကြောင်းကို ရှင်းရှင်းလင်းလင်း လုပ်ထားရမည်။ ယင်းက အရေးကြီးသည့် မေးခွန်းဖြစ်သည်။
လုကျိုးသည် ကျန့်ရှောက်ချင်း၏ အမေးကို မဖြေပေ။ သူကခေါင်းခါလျက် ပြောလိုက်တော့သည်။
“နဝမဘုံကျောင်းက ဒီလောက်ကြီးပေမဲ့ ဦးနှောက်ရှှိတဲ့လူ တစ်ယောက်မှ မရှိဘူးလား”
ငါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့သခင်၊ တာ့ယန်ရဲ့ ပထမဆုံး ပွင့်ချပ်ကိုးလွှာကျင့်ကြံသူ၊ မင်းကို ဘာလို့ဖြေရမှာလဲ၊ ငါ့သိက္ခာကိုမတွေးတော့ဘူးလား”
“ဟမ်”
ထိုလူငါးယောက်သည် လုကျိုး၏ ခြိမ်းခြောက်သောဟန်ပန်က ဖော်ပြရန် ခက်ခဲလှသည်ဟု ခံစားမိသည်။
ထိုစဉ်က လုကျိုးက ထိတ်လန့်ဖွယ်လှုပ်ရှားမှု လုပ်လိုက်လေ၏။ သူသည် မြေပြင်ပေါ် ခြေဆောင့်နင်းလျက် ပထမဆရာတော်ငါးပါးဆီသို့ ပျံသန်းသွားတော့သည်။
ရှားချန်းချိုး “…”
ထျန်းပုကျီ “…”
ကျူးရွှမ်နှင့် ခုံလု၏ အမူအရာက ဆင်တူသည်။ သူတို့သည် ပျံသန်းသွားသော လုကျိုးကို အထိတ်တလန့် ကြည့်လိုက်သည်။
သူစိတ်လွတ်သွားပြီ။ ရူးနေတာပဲ ဖြစ်ရမယ်။
ပထမဆရာတော်ငါးပါးသည် လူဖြန့်လျက် ညာဘက်လက်ဝါးကို တစ်ညီတစ်ညွတ်တည်း မြှောက်လိုက်သည်။
နောက်ဆုတ်မည့်အစား သူတို့ရှေ့တိုးလာ၏။
ယောင်ချင်းချွမ်၊ ကျောက်ကျန်းဟယ်နှင့် စွင်းဝမ်ချန်းတို့က သူတို့၏ စိတ်ဝိညာဉ်သဏ္ဌာန်များကို ဆင့်ခေါ်လိုက်သည်။
ပေတစ်ရာ့ငါးဆယ်ခန့်မြင့်သော စိတ်ဝိညာဉ်သဏ္ဌာန်သုံးခုသည် နေရာတစ်ခုလုံးကို လင်းထိန်သွားစေ၏။ တောက်ပသော အနီရောင်ကြာများသည် ကောင်းကင်၌ တည်ရှိနေသော တလက်လက်တောက်ပသည့် နေသုံးစင်းနှင့် တူသည်။ တစ်ဖက်တွင်မူ ဝမ်ယို့တောက်နှင့် ကျန့်ရှောက်ချင်းတို့က သူတို့၏ မဟာနည်းစနစ်များကို ထုတ်သုံးလိုက်သည်။
ငါးယောက်လုံးက လုကျိုးကို ဝိုင်းထား၏။
ယင်းက နှစ်ဖက်လုံး လိုချင်တာပဲဖြစ်သည်။
လုကျိုးသည် ယင်းကို မျှော်လင့်ထားပြီးသားဖြစ်ပုံပေါ်၏။ သူ၏ဝှက်ဖဲတစ်ခုကို သုံးလိုက်သည်။
အရာအားလုံးကို တိတ်ဆိတ်စေသော စွမ်းအားရရှိရန် သမာဓိရှိရှိနေရမည်။ အလင်းနှင့် အရိပ်ကဲ့သို့ အရာအားလုံးကို စိမ့်ဝင်ပျံ့နှံ့စေပြီး သမာဓိရှိရှိနေရမည်။ ယင်းက အရာအားလုံးကို တိတ်ဆိတ်စေသော စွမ်းအားပေးသည်။
လုကျိုးသည် ကောင်းကင်ကျမ်းစာ စာလိပ်ကို ဆင်ခြင်သုံးသပ်ပြီးနောက် ရလာသည့် ဒုတိယစွမ်းအားဖြစ်သည်။ သူ၏ခြေထောက်အောက်ရှိ အပြာရောင်ကြာပွင့်က ဖူးပွင့်နေလျက် သူ၏ခန္ဓာကိုယ်သည် အပြာရောင်အလင်းဖြင့် တောက်ပနေသည်။
လုကျိုးသည် ဆုံးဖြတ်ချက်ပြတ်သားပြီး ရဲတင်းကာ သူ့ထူးကဲစွမ်းအား၏ တစ်ဝက်ကို အသုံးပြုခဲ့သည်။
“အပြာရောင်ကြာပွင့်”
ရှားချန်းချိုးနှင့် ထျန်းပုကျီက အသံတိုးတိုးဖြင့် ထုတ်ဖော်ပြောလိုက်သည်။
နဝမဘုံကျောင်း၏တပည့်များသည် ဖူးပွင့်နေသော အပြာရောင်ကြာပွင့်ကို ကြည့်ပြီး သူတို့မျက်လုံးများ ပြူးကျယ်သွားသည်။ သူတို့သည် ရွှေကြာဖြစ်လိမ့်မည်ဟု ထင်ထားသော်ငြား ထို့အစား အပြာရောင်ကြာပွင့်ကိုသာ မြင်လိုက်ရ၏။ ယင်းက သူတို့ယခင်က တစ်ခါမှ မမြင်ဖူး မကြားဖူးသည့် အရောင်ဖြစ်သည်။
ယွီရှန်းရုန်သည် အနီရောင်ကြာနယ်မြေသို့ မလာခင် သူသည် သူ့ရှစ်စွင်း၏ အပြာရောင်ကြာသည် အရံအတားစွမ်းအားမှ ဖြစ်မည်ဟု တာ့ယန်၏ ကျင့်ကြံသူများကဲ့သို့ ထင်ခဲ့သည်။ အရံအတား၏စွမ်းအားသည် သူ့ရှစ်စွင်း၏ ကြာပွင့်အရောင်ကို မိစ္ဆာစင်က လူတစ်ယောက်၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို အနက်ရောင်ပြောင်းစေသည်နှင့် ပြောင်းသွားစေတာဟု ယူဆခဲ့သည်။
ယခုအချိန်၌ အပြာရောင်ကြာပွင့်သည် လူတိုင်း၏ နားလည်သဘောပေါက်မှုကို ကျော်လွန်နေသည်။
ယွီရှန်းရုန်က ရုတ်တရက် သဘောပေါက်သွားတော့သည်။ ၎င်းက သူ၏ရှစ်စွင်း ထိုမျှအစွမ်းထက်နေရသည့် အကြောင်းအရင်းဖြစ်ရမည်။ အစကတည်းက သူ့ရှစ်စွင်းသည် ရွှေကြာနယ်မြေနှင့် အနီရောင်ကြာနယ်မြေမှ လူများထက် ပိုသန်မာသော ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
ခရုလေးက ရှောင်ယွမ်အာ၏ လက်ကို တွဲထားလျက် မော့ကြည့်ကာ ပြောလိုက်တော့သည်။
“ရှစ်ကျဲ သိပ်လှတာပဲ၊ ညီမအဲဒါကို အရင်က တစ်ခါမှ မတွေ့ဖူးဘူး”
ရှောင်ယွမ်အာက ပြောလိုက်၏။
“အစ်မတော့ မြင်ရတာ ငြီးငွေ့သလောက်ပဲ၊ ဒါပေမဲ့ ရှစ်စွင်းဆီကဆိုမှတော့ လှတာသဘာဝပဲပေါ့”
အပြာရောင်ကြာပွင့်အပြည့်အဝ ဖူးပွင့်ချိန်၌ စွမ်းအင်လှိုင်းက အောက်သို့ရောက်ရှိလာ၏။
ကျူးရွှမ်၏ ချိသွားပြီး သူကဒူးထောက်ကျသွား၏။ မျက်နှာပေါ်၌ ချွေးစေးများ ပျံလာတော့သည်။ အပြာရောင်ကြာပွင့်နဲ့ ကံမီးတောက်လား
ပထမဆရာတော်ငါးပါးသည်လည်း အပြာရောင်ကြာပွင့်ကြောင့် ထိတ်လန့်သွား၏။ သူတို့သည် ထိုကြာပွင့်ကို တစ်ခါမှ မမြင်ဖူးသလို ထိုကဲ့သို့ တိုက်ခိုက်ရေးပုံစံကိုလည်း မတွေ့ဖူးပေ။
သူတို့၏ အနီရောင်စွမ်းအင်များနှင့် စိတ်ဝိညာဉ်သဏ္ဌာန်များသည် အပြာရောင်ကြာပွင့်ကြောင့် အတွန်းခံလိုက်ရသည်။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
ပထမဆရာတော်ငါးပါးသည် နောက်သို့လွင့်ထွက်ကုန်၏။ သူတို့က နာကျင်စွာ ငြီးတွားလိုက်ကြပြီး သူတို့သွေးအဆီအနှစ်များ ဆန်တက်လာသည်။ သူတို့ကသွေးအန်တာကို ရပ်တန့်ကာ သွေးများက လည်ပင်းထဲတွင် ရှိနေ၏။ သူတို့ထဲတွင် အားအနည်းဆုံး ပွင့်ချပ်ကိုးလွှာ ကျန့်ရှောက်ချင်းက ခံနိုင်ရည်မရှိတော့ပဲ သွေးတစ်ပွက်အန်တော့သည်။
အပြာရောင်ကြာပွင့်က လွင့်ပျယ်သွား၏။ လုကျိုးက လေထဲတွင် ပျံဝဲလျက် ပထမဆရာတော်ငါးပါးကို စိတ်ကျေနပ်စွာ ကြည့်လိုက်၏။
‘ငါ ဒီစွမ်းအားကို မသုံးတာ ကြာသွားပြီ၊ သက်ရောက်အားက ကြောက်မက်ဖွယ်ကောင်းသေးတာပဲ၊ ပုံမှန်ဆို ထူးကဲအံ့ဖွယ်စွမ်းအားတစ်ဝက်နဲ့ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူကို ချက်ချင်းသတ်နိုင်တယ်၊ ဒီငါးယောက်က ငါ့ထူးကဲအံ့ဖွယ်စွမ်းအားတစ်ဝက်နဲ့ ဒဏ်ရာရရုံပဲ ရတာ သဘာဝပါပဲ’
လုကျိုးသည် မယိမ်းမယိုင် ထိုက်တောင်တန်းကဲ့သို့ တည်ကြည်လှပေ၏။
ကျန်သည့်သူများ တိတ်ဆိတ်သွားတော့သည်။
အဘိုးအိုငါးဦးသည် ထိုအဘိုးအိုကို ဇဝေဇဝါကြည့်ပြီး မျက်နှာထက်၌ တည်တင်းသည့် အမူအရာရှိနေ၏။
ထိုစဉ် ခဏနားပြီးနောက် ဆန်းကြယ်ခန်းမ၏ ပထမဆရာတော် ကျန့်ရှောက်ချင်းက ပြောလိုက်သည်။
“တပည့်တို့”
“ဟုတ်ကဲ့ ခန်းမသခင်”
“ဘုရားကျောင်းသခင်ကို ဒီဖိတ်ခဲ့၊ မြန်မြန်”
“နားလည်ပါပြီ”
တပည့်များသည် နဝမဘုံကျောင်း၏ ဗဟိုဧရိယာသို့ သူ့ဓားဖြင့် ပျံသန်းသွားလေ၏။
ငါးယောက်က အပြည့်အဝလက်လျော့သွားပြီဖြစ်သည်။ ထိုစဉ် မထင်မှတ်ထားသည့် တစ်စုံတစ်ခု ဖြစ်သွား၏။
အစောင့်တစ်ယောက်က ပျံသန်းလာကာ ကြေညာလိုက်၏။
“မကောင်းတော့ဘူး၊ မြောက်ပိုင်းရဲ့ စစ်သူကြီးချုပ် ဒီရောက်လာနေတယ်”
ပထမဆရာတော်ငါးပါးသည် လုကျိုးကို ရှုံးနိမ့်သွားပြီးနောက် အနေရခက်နေပြီဖြစ်၏။ မြောက်ပိုင်း၏မဟာစစ်သူကြီး ပေါ်ပေါက်လာမှုသည် သူတို့အမူအရာကို ရုတ်ခြည်း ပြောင်းလဲသွားစေ၏။
“မြောက်ပိုင်းရဲ့ စစ်သူကြီးချုပ်လား” လုကျိုးက လှည့်ကြည့်လိုက်၏။
နန်းတော်မှ တစ်စုံတစ်ယောက် ရောက်လာပုံပေါ်သည်။ သူသည် မိုးမခတစ်ထောင် ဘုရားကျောင်း၌ အက်ကြားစွမ်းအားကို အသုံးပြုချိန် သူကြားခဲ့တာကို ပြန်တွေးလိုက်၏။ အလယ်ရှိ အမြင့်ဆုံးအဆောက်အဦကနေ ခမ်းနားသောအသံ ပေါ်ထွက်လာ၏။
“အားလုံးဝင်ခဲ့ကြ”
ပထမဆရာတော်ငါးပါးသည် ချက်ချင်းပင် နာခံသွား၏။ သူတို့က ဗဟိုအဆောက်အဦဘက်လှည့်ကာ အရိုအသေပေးလိုက်၏။
“နားလည်ပါပြီ”
အသံပိုင်ရှင်သည် ပွင့်ချပ်ဆယ်လွှာ စစ်ခုန်ပေချန်းပဲ ဖြစ်သည်။
ရှားချန်းချိုးက ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားသည့် ပထမဆုံးသူ ဖြစ်သည်။ သူက ယိမ်းယိုင်သွားကာ မတ်မတ်ရပ်နိုင်စွမ်း ဆုံးရှုံးလုနီးပါးဖြစ်နေ၏။ ကံကောင်းသည်မှာ ထျန်းပုကျီက သူ့ကို အချိန်မှီ ကူတွဲထားသည်။
“အကြီးအကဲထျန်း ငါ ငါ အိပ်မက်မက်နေတာလား၊ ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူနှစ်ယောက်၊ ငါတို့ကံဆိုးမိုးမှောင်ကျပြီပဲ”
…
အခန်း (၇၄၆) စစ်ခုန်ပေချန်း
ရှားချန်းချိုးနှင့် ထျန်းပုကျီတို့က မိုးမခတစ်ထောင်ဘုရားကျောင်းတွင် ရှိစဥ်အခါက စစ်ခုန်ပေချန်းသည် သူတို့နှင့် တွေ့ဆုံလိမ့်မည် မဟုတ်ကြောင်း ယုံကြည်ထားခဲ့သည်။ ပထမဆရာတော် ၅ပါးက လောင်ချန်းပေ့၏ အကြောင်းကို နားလည်ဖို့အတွက် ထိပ်တိုက်ရင်ဆိုင်ရုံက အများဆုံး ဖြစ်လိမ့်မည်။ နဝမမြောက်ဘုံကျောင်း၏ လက်ရှိအခြေအနေဖြင့် သူတို့သည် မဟာမိတ်ရရှိဖို့ ကြိုးစားနေဖို့ ဖြစ်နိုင်ခြေများသည်။ အနည်းဆုံးတော့ နဝမမြောက်ဘုံကျောင်းက ရန်သူအသစ် ဖန်တီးမည်ထက် ငြိမ်းငြိမ်းချမ်းချမ်း အတူတကွ နေထိုင်ဖို့သာ လိုလားလိမ့်မည်။
သို့သော်လည်း ...
ဤသည်က နေရခက်လှသည်။
ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူနှစ်ယောက်က အောင်အောင်မြင်မြင် ပေါ်ထွက်လာ၏။ ထိုအရာက ရှားချန်းချိုး၏ မျှော်လင့်ချက်ထက် ကျော်လွန်နေသည်။ ထိုအရာက နဝမမြောက်ဘုံကျောင်း၏ တခြားသော အဖွဲ့ဝင်များ၏ မျှော်လင့်ချက်ထက်လည်း ကျော်လွန်နေသည်။
မြောက်ပိုင်း စစ်သူကြီးချုပ်က ဘာလာလုပ်ရတာလဲ...
ရှားချန်းချိုးက တံတွေးမျိုချလိုက်သည်။ သူက သူ့ဘာသာသူ ထိန်းလိုက်ပြီးသည့်နောက်တွင် တည်ငြိမ်နေဆဲ ဖြစ်သည့် လောင်ချန်းပေ့အား လှည့်ကြည့်လိုက်သည်။ ဤသူက ပထမဆရာတော် ၅ပါးကို တစ်ချက်တည်းဖြင့် လွင့်စဉ်သွားစေသည့် လူအိုကြီး ဖြစ်၏။ အကယ်၍ လောင်ချန်းပေ့က ရုတ်တရက် လှည့်ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်မည်လားဟု စဥ်းစားနေမိသည်။ အကယ်၍ ထိုသို့ ဖြစ်ပျက်ခဲ့ပါက ကျန်ရှိနေသည့်သူများက နောက်တစ်ရက် နေရောင်ကို မြင်ရမည် မဟုတ်ပေ။
လုကျိုးက တည်တည်ငြိမ်ငြိမ် လှမ်းကြည့်လိုက်သည်။
ရှားချန်းချိုးက လုကျိုး၏ တည်ငြိမ်မှုကြောင့် အံ့အားသင့်နေမိ၏။ သို့သော် တစ်ချိန်တည်းဆိုသလို သူက စိတ်အေးမိသွားသည်။
လောင်ချန်းပေ့ဆီမှာ ဝှက်ဖဲတချို့ ရှိနေသေးတာလား...
လုကျိုးက လေထဲတွင် ဝဲပျံရင်း မြောက်ပိုင်းမှ စစ်သူကြီးချုပ် ပေါ်ထွက်လာမည်ကို စောင့်ဆိုင်းနေလိုက်သည်။ ဤသို့သော ပညာရှင်မျိုးနှင့် တွေ့ဆုံခွင့်ရမည်ကို မည်သူက မလိုချင်ဘဲ နေမည်နည်း။
ရှောင်ယွမ်အာနှင့် ခရုလေးတို့က ယွီရှန်းရုန်ဆီ သွားကာ သူတို့၏ ရှစ်စွင်းနှင့် အာ့ရှစ်ရှိုးကို သိချင်စွာ ကြည့်လိုက်ကြသည်။
ယွီရှန်းရုန်က အကြီးတစ်ယောက်အနေနှင့် တည်တည်ငြိမ်ငြိမ် ကျန်ရှိနေ၏။ သူက သူတို့အား ကြည့်လိုက်ပြီး နွေးနွေးထွေးထွေး ပြုံးကာ ပြောလိုက်သည်” ဘာမှ ကြောက်ဖို့ မလိုဘူး။ မင်းတို့ နှစ်ယောက်လုံးကို ကာကွယ်ပေးမယ်”
လုကျိုးက ယွီရှန်းရုန်သည် သူ့ညီမငယ်များကို ကာကွယ်ပေးဖို့ လိုလားသည့်အတွက် စိတ်အေးမိသွားသည်။ ဤနည်းဖြင့် သူသည် သူတို့ကို ဘေးကင်းအောင် ထားဖို့ အာရုံများမည် မဟုတ်တော့ပေ။
ဆရာတော် ၅ပါးကလည်း လေထဲ ပျံသန်းလာကြသည်။
မြောက်ဘက်ကောင်းကင် အဝေးတစ်နေရာမှာ စစ်မြင်းပျံသည် ရထားလုံးပျံတစ်ခုကို ဆွဲလာနေ၏။ ရထားလုံးပျံရှေ့တွင် ချပ်ဝတ်စစ်သည်တော် ၂ယောက်လည်း ပါလာသည်။ ဤသည်က ကြီးကျယ်ခမ်းနားသည့် ဝင်ရောက်မှုမျိုး ဖြစ်သည်။
" သူတို့ ရောက်လာပြီ "ဆန်းကြယ်ခန်းမ၏ ဆရာတော် ကျန့်ရှောက်ချင်းက ပြောလိုက်သည်။ သူက အနည်းငယ် အံ့အားသင့်နေ၏။
ခုံလုက ဒဏ်ရာအပြင်းအထန် ရရှိထားသော်လည်း သူ့ဘာသာသူ ထရပ်ဖို့ ကြိုးစားကာ ပြောလိုက်သည်” ကျုပ် သူတို့ကို သွားပြီးတော့ နှုတ်ဆက်လိုက်မယ် "
နဝမမြောက်ဘုံကျောင်း၏ တပည့်များက ခုံလုကို ကြည့်လိုက်ကြသည်။
သူက ဒီအခြေအနေမှာ ဘာလုပ်နိုင်မှာလဲ...
ငြိမ်းချမ်းရေးခန်းမ၏ ဆရာတော် ယောင်ချင်းချွမ်က ပြောလိုက်သည်။
" ကျောင်းထိုင်ဆရာက ခင်ဗျားတို့ကို ဖိတ်ခေါ်လိုက်ပါတယ်။ ခင်ဗျားတို့ ၄ယောက်သွားနှင့်။ ကျုပ်က စစ်သူကြီးကို ခေါ်ခဲ့မယ်”
တခြားသော ဆရာတော် ၄ယောက်က ခေါင်းညိတ်လိုက်ကြသည်။
ယောင်ချင်းချွမ်က မြောက်ဘက်သို့ ပျံသန်းသွား၏။
တပည့်အယောက် ၁၀၀ ကလည်း ဓားပေါ်တက်ကာ နောက်မှ လိုက်သွားကြသည်။
ကျန့်ရှောက်ချင်းက လုကျိုးအား လှည့်ကြည့်လိုက်သည်။ သူ့စိတ်ထဲ အကြောက်တရားတချို့ ရှိနေဆဲ ဖြစ်၏။ သူက လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည်” ခင်ဗျားက ကျောင်းထိုင်ဆရာကို တွေ့ချင်ရင် ကျုပ်နောက် လိုက်ခဲ့ပါ "
တခြားသော ဆရာတော် ၃ယောက်ကလည်း ဘေးရပ်ကာ ဖိတ်ခေါ်သည့် အမူအရာမျိုး ပြုလုပ်လိုက်ကြသည်။
လုကျိုးက မြောက်ဘက်သို့ လှမ်းကြည့်နေဆဲ ဖြစ်၏။ သူက မြောက်ဘက်မှ စစ်သူကြီးချုပ်နှင့် တွေ့ဆုံဖို့ အလျင်မလိုပေ။ သူတို့က မကြာခင် တွေ့ဆုံ မည်ဖြစ်ကြောင်း သေချာနေ၏။ ထို့ကြောင့် သူက ယွီရှန်းရုန်နှင့် တခြားသူများအား လက်ဝေ့ကာ ပြောလိုက်သည်။
" ငါ့နောက်လိုက်ခဲ့ "
" ဟုတ်ကဲ့ "
ရှားချန်းချိုးနှင့် ထျန်းပုကျီတို့က တခြားသူများနောက် လိုက်သွားရင်း အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။
ယွီရှန်းရုန်က ရှောင်ယွမ်အာနှင့် ခရုလေးအား ကြည့်လိုက်ပြီးသည့်နောက် ပျံသန်းသွားလိုက်ကြသည်။
...
နဝမမြောက်ဘုံကျောင်း၏ အလယ်တွင် ရင်ပြင်နှင့် ပင်မခန်းမတစ်ခု ရှိသည်။ သို့သော်လည်း စစ်ခုန်ပေချန်းက ပင်မခန်းမအတွင်း မရှိပေ။ သူက အရှေ့ဘက်တွင်ရှိသည့် နဝမမြောက် မြင့်မြတ်နန်းဆောင်တွင် နေထိုင်၏။ ဤသည်က သူ့ကိုယ်ပိုင်နေရာတစ်ခု ဖြစ်သည်။ ဤသည်က နေရာတစ်ခုလုံးတွင် ဇာတ်ကြောင်း ၉ခု ရှိထားသည့် တစ်ခုတည်းသော အဆောက်အဦး ဖြစ်သည်။
ပထမဆရာတော်များ ယူထားသည့် တခြားသော ခန်းမများက အနည်းငယ်နိမ့်ကျ၏။
မြင့်မြတ်နန်းဆောင်၏ ကိုးလွှာမြောက်တွင်
ကျောက်ကျန်းဟယ်၊ စွင်းဝမ်ချန်း၊ ဝမ်ယို့တောက်နှင့် ကျန့်ရှောက်ချင်းတို့က မြင့်မြတ်နန်းဆောင်အရှေ့ ပျံသန်းလိုက်ကြသည်။
" လောင်ချန်းပေ့ ဒီလမ်းပါ " ကျောက်ကျန်းဟယ်က ဖိတ်ခေါ်သည့် အမူအရာမျိုး ပြုလုပ်လိုက်သည်။
လုကျိုးက လေထဲတွင် လျှောက်လှမ်းလာပြီး မုတ်ဆိတ်သပ်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူက ဤမြင့်မြတ်နန်းဆောင်နှင့် ကြီးကျယ်ခမ်းနားသည့်နေရာကို မြင်လိုက်သည့်အခါ စိတ်ထဲ၌ တအံ့တသြ ဖြစ်သွားမိသည်။
တခြားသူများကလည်း အလျင်အမြန် ပြေးလာကြ၏။
ထိုစဥ် မြင့်မြတ်နန်းဆောင်မှ ပဝါကာထားသည့် အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်။ သူမက သူတို့ရှေ့တွင် ရပ်ကာ ဦးညွတ်လိုက်ပြီး " ကျောင်းထိုင်ဆရာက အထဲမှာ ရှိပါတယ်။ ကျွန်မနောက်ကို လိုက်ခဲ့ပါ "
ယောင်ချင်းချွမ်က မလှုပ်ရှားပေ။ ထို့အစား သူက ဖိတ်ခေါ်သည့်အမူအရာဖြင့် လုကျိုးအား အထဲသို့ ဝင်သွားဖို့ ပြောလိုက်သည်။
လုကျိုးက ပထမဆရာတော် ၄ပါးနှင့် မြင့်မြတ်နန်းဆောင်အတွင်း ဝင်ရောက်သွားသည်။
ယွီရှန်းရုန်နှင့် တခြားသူများက လိုက်လံဝင်တော့မည့်ဆဲဆဲတွင် ပဝါတပ်ထားသည့် အမျိုးသမီးက လက်မြှောက်ကာ ပြောလာသည်” မသက်ဆိုင်တဲ့သူတွေကို ဝင်ခွင့်မပြုပါဘူး။ စိတ်မကောင်းပါဘူး "
ယွီရှန်းရုန်က ခေါင်းအသာငုံ့လိုက်ပြီးနောက် ထိုအမျိုးသမီးအား မျက်လုံးထောင့်မှ ကြည့်ကာ " မသက်ဆိုင်တဲ့သူတွေတဲ့လား "
" သူတို့ကို ဝင်ခွင့်ပြုလိုက် " မြင့်မြတ်နန်းဆောင်အတွင်းမှ ခက်ထန်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။
" နားလည်ပါပြီ "
သူတို့က တိုင်လုံးများစွာ တစ်ဖက်တစ်ချက် ရှိထားသော စင်္ကြန့်လမ်းကို လျှောက်လှမ်းခဲ့ကြရသည်။ သူတို့၏ နေရာက အဆောင်အဦးတစ်ခု၏ ကိုးလွှာမြောက်ဟု ထင်ရဟန် မပေါ်ပေ။ နန်းတော်ပင် မြင့်မြတ်နန်းဆောင်လောက် ကြီးကြီးကျယ်ကျယ် ဆောက်လုပ်ထားမည် မဟုတ်ပေ။
လုကျိုးက မျက်တွင်းချောင်နေသည့် လူအိုကြီးတစ်ဦးကို တွေ့လိုက်ရသည်။ ထိုလူက ဆံပင်က ဖြူဆွတ်နေပြီး ကုလားထိုင်ပေါ်တွင် ထိုင်နေလေ၏။
လူအိုကြီး၏ သွင်ပြင်က သာမန်ဖြစ်ကာ နဖူးကို လက်တစ်ဖက်ဖြင့် ထောက်ထားရင်း ပင်ပန်းနေဟန်ပေါ်သည်။
လုကျိုးက ဆက်မသွားတော့ပေ။ သူက ကူးပြောင်းလာကတည်းက သူထက် အမှန်တကယ် အသက်ကြီးသည့်သူကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်၏။
သူက ရိုးသားတယ်ဆိုရင်တော့ သူကို မလှည့်ဖြားဘူး။ ဒါပေမဲ့ လူတွေက တူရာတူရာစုနေတာဆိုတော့ ငါက ဘယ်သွားသွား လူအိုကြီးနဲ့ တွေ့ဖို့ ကံကြမ္မာဖန်လာတာများလား...
ထိုစဥ် ခန်းမအလွန်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
"မြောက်ပိုင်းက စစ်သူကြီးချုပ် ရောက်ရှိလာပါတယ် "
တခြားသူများက အပြင်ဘက်ကို လှမ်းကြည့်လိုက်ကြသည်။
ထိုစဥ် စစ်ခုန်ပေချန်းက လက်အောက်ချကာ မော့ကြည့်လာသည်။ သို့သော်လည်း သူက လုကျိုးကို ကြည့်ခြင်း မဟုတ်ဘဲ သူ့ကို ကျော်ကာ ကြည့်ခြင်း ဖြစ်၏။
ချပ်ဝတ်နှင့် အနက်ရောင် ဝတ်ရုံရှည် ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။ သူ့အကြည့်များက တက်ကြွနေသည်။ သူ့အနားတွင် လူအများထက် သာလွန်သည့် လေထုမျိုးကို သယ်ဆောင်လာသည်။
ချန်ပေကျန်းက မြောက်ဘက်နယ်နိမိတ်ကို စောင့်ကြပ်ပြီး အောင်မြင်မှု မြောက်များစွာ ရရှိထားသူ ဖြစ်သည်။ ထို့နောက် နန်းတော်က သူ့အား ဆင့်ခေါ်ခဲ့၏။ ယခု သူက မည်သူမှ ပေါ့ပေါ့တန်တန် မဆက်ဆံရဲသည့် နန်းတော်အတွင်းမှ ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်နေလေပြီ။
ငြိမ်းချမ်းရေးခန်းမဆောင်၏ ဆရာတော် ယောင်ချင်ချွမ်းက ချန်ပေကျန်းနှင့်အတူ မြင့်မြတ်နန်းဆောင်အတွင်း ဝင်ရောက်လာသည်။
တခြားသော ဆရာတော်များက ချန်ပေကျန်းကို တစ်ပြိုင်နက်တည်း နှုတ်ဆက်လိုက်ကြ၏။
" စစ်သူကြီးချုပ် "
ချန်ပေကျန်းက ဆရာတော် ၄ပါးကို ကြည့်လိုက်ပြီး ဘာမှ မတုံ့ပြန်ပေ။ သူက စစ်ခုန်ပေချန်းကို ကြည့်လိုက်ပြီးသည့်နောက်တွင် ပတ်ဝန်းကျင်ကို တိတ်တဆိတ် လေ့လာလိုက်သည်။ ခဏအကြာတွင် သူက ပြောလိုက်၏” အစ်ကိုပေချန်း မတွေ့ရတာကြာပြီပဲ "
စစ်ခုန်ပေချန်းက ခေါင်းအသာခါကာ ပြောလိုက်သည်” စစ်သူကြီးချုပ်က ကောင်းကင်ကို စောင့်ကြပ်မဲ့အစား နဝမမြောက်ဘုံကျောင်းမှာ ဘာလာလုပ်တာလဲ "
" ကျုပ်က အမိန့်အရ လာတာပါ " ချန်ပေကျန်းက ဘယ်ဘက်တွင် ဝင်ထိုင်လိုက်သည်” ကျုပ်က နယ်ခြားမျိုးနွယ်ဝင်ကို ဖမ်းဖို့ ရောက်လာတာ "
" နယ်ခြားမျိုးနွယ်ဝင်တဲ့လား "
ဆရာတော် ၅ပါး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
စစ်ခုန်ပေချန်းက နဝမမြောက်ဘုံကျောင်း၏ ကိစ္စများနှင့် မပတ်သက်သည်မှာ အချိန်အတော်ကြာမြင့်ပြီဖြစ်၍ ထိုဆိုလိုရင်းကို မသိပေ။ သူက သက်ပြင်းချကာ ပြောလိုက်၏” ဒီနေ့ ငါတို့ဆီမှာ ဧည့်သည် ရှိတယ်။ နောက်တစ်ရက်မှ လာသင့်တယ် "
နဝမမြောက်ဘုံကျောင်းတစ်ခုလုံးတွင် စစ်ခုန်ပေချန်းက ချန်ပေကျန်းအား ဤသို့သော အပြုအမူဖြင့် ပြောရဲသည့် တစ်ဦးတည်းသောသူ ဖြစ်ပေသည်။
" ဧည့်သည်တဲ့လား "
ထိုစဥ် တခြားသူများက တိတ်တဆိတ်ရပ်ကာ မုတ်ဆိတ်သပ်နေသည့် လူအိုကြီးကို သတိထားမိသွားကြသည်။
စစ်ခုန်ပေချန်းက ခေါင်းအသာညိတ်ကာ ညာဘက်လက်ကို ဝေ့လိုက်ပြီး ပြောလိုက်သည်” ရောင်းရင်း ထိုင်ပါဦး "
လုကျိုးက မလှုပ်ရှားပေ။ ထို့အစား သူက စစ်ခုန်ပေချန်းအား မထူးမခြားနား အမူအရာဖြင့် ကြည့်လိုက်သည်။
နောက်ဆုံးတော့ ငါ့ကို သတိထားမိသွားပြီလား...
" အဲဒါတွေ မလိုပါဘူး။ ကျုပ်က ကျုပ်တပည့်ကို ခေါ်ဖို့ ရောက်လာတာ " လုကျိုးက တောင်ကြီးသဖွယ် မလှုပ်မယှက်ရပ်ရင်း ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ ၂ ဦးဖြင့် ရင်ဆိုင်လိုက်သည်။
ဆရာတော် ၅ပါးက တုန်လှုပ်နေကြ၏။
ဒီလူအိုကြီးက ခက်ထန်ပြီးတော့ အရှိန်အဝါကြီးတယ်လား...
သူတို့က လုကျိုး၏ တည်ငြိမ်မှုကြောင့် အံ့အားသင့်နေကြသည်။ ဤသည်က ညတွင်းချင်း ဖြစ်လာသည့်အရာမျိုး မဟုတ်ပေ။ ထိုစဥ် သူတို့က လူအိုကြီး၏ လေထုသည် သူတို့၏ ကျောင်းထိုင် ဆရာတော်နှင့် အနည်းငယ် ဆင်တူနေကြောင်း သတိထားမိသွားကြသည်။ သို့သော်လည်း လူအိုကြီးက ပိုမိုဆန်းကြယ်ဟန်ပေါ်၏။
ရှားချန်းချိုးနှင့် ထျန်းပုကျီတို့၏ ဗဟုသုတနှင့် အသိအမြင်များက လုကျိုးနောက် လိုက်လာပြီးသည့်နောက်တွင် ဆန်းသစ်သွားရသည်။ မိုးမခတစ်ထောင်ဘုရားကျောင်းအတွင်း သူတို့က အမိန့်ပေးကာ ဆောင်ရွက်နိုင်သော်လည်း ဤနေရာတွင် သူတို့ ပုရွက်ဆိတ်မှအပ ဘာမှမဟုတ်ပေ။ သူတို့က ကိုယ်ကို ကျုံ့ထားလိုက်ကြသည်။
မြင့်မြတ်နန်းဆောင်အထဲတွင် အင်မတန် တိတ်ဆိတ်သွား၏။
စစ်ခုန်ပေချန်းက လုကျိုးအား စိုက်ကြည့်လိုက်ပြီး လုကျိုး၏ အစစ်အမှန် အင်အားကို အကဲဖြတ်ဖို့ ကြိုးစားနေသည်။ သူတို့ အကြည့်ချင်း ဆုံသွားသည့်အခါ သူက အဆုံးမဲ့ပင်လယ်၏ အနက်ရှိုင်းဆုံးရှိ ဝဲဂယက်ကြီးကို ကြည့်လိုက်ရသလိုမျိုး ခံစားမိလိုက်သည်။ သူက ထိုအရာကြောင့် အနည်းငယ် အံ့အားသင့်သွားမိ၏။ သူ အသက်ရှင်နေစဥ်တစ်လျှောက်လုံး သူ့ရှေ့မှ လူအိုကြီးကဲ့သို့ လူမျိုးနှင့် တခါမျှ မတွေ့ခဲ့ဖူးပေ။
ထိုစဥ် ချန်ပေကျန်းက အမျိုးသမီးအစေခံ ယူဆောင်လာသည့် စားသောက်ဖွယ်ရာများကို နှစ်သက်နေသည်။ အရာအားလုံးက သူ့ထိန်းချုပ်မှုအတွင်း ရှိနေသလိုမျိုး ဖြစ်၏။ သူက အလျင်မလိုပေ။
စစ်ခုန်ပေချန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
"ရောင်းရင်း … ခင်ဗျားက ဆရာတော် ၅ပါးလုံးကို ကိုယ့်ဘာသာကို အနိုင်ယူခဲ့တာလား "
လုကျိုးက ပြန်မဖြေပေ။ ထို့အစား သူက အနည်းငယ် စိတ်မရှည်သည့် လေသံဖြင့် ပြောလိုက်၏” ကျုပ်က ဝေ့ပတ်ပြောမနေတော့ဘူး။ ယွီကျန့်ဟိုင်ကို ကျုပ်ဆီ ခေါ်ခဲ့"
တခြားသူများက အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။
" ယွီကျန့်ဟိုင်လား " စစ်ခုန်ပေချန်းက နားမလည်ပေ။
ဆန်းကြယ်ခန်းမ၏ ဆရာတော် ကျန့်ရှောက်ချင်းက အလျင်အမြန် လျှောက်လာကာ စစ်ခုန်ပေချန်း နားထဲ ကပ်ပြောလိုက်သည်။
ဝုန်း
ချန်ပေကျန်းက လက်ဖက်ရည်ခွက်ကို စားပွဲပေါ် ချလိုက်ပြီး ပြောလိုက်၏” အဲဒီယွီကျန့်ဟိုင်က ကျုပ် ဖမ်းဆီးရမဲ့ လူထဲက တစ်ယောက်ပဲ "
စစ်ခုန်ပေချန်းက သူ့အတွေးနှင့်သူ ရှိနေသည်။ သူက ပြောလိုက်၏။
" စစ်သူကြီးချန် ဒီမိတ်ဆွေတွေက နဝမမြောက်ဘုံကျောင်းရဲ့ ဂုဏ်သရေရှိ ဧည့်သည်တွေပါ။ ခင်ဗျား ပြောသလို နယ်ခြားမျိုးနွယ်ဝင် မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ထွက်သွားပေးပါ "
ဆရာတော် ၅ပါးက အံ့အားသင့်သွားကြသည်။ သူတို့က ကျောင်းထိုင်၏ ရည်ရွယ်ချက်ကို ချက်ချင်းသဘောပေါက်သွားကြ၏။
နဝမမြောက်ဘုံကျောင်း၏ အာဏာအရှိဆုံးပုဂ္ဂိုလ်အနေဖြင့် သူ့အမြင်၊ အတွေးများ၊ ရွေးချယ်မှုနှင့် ဆုံးဖြတ်ချက်တို့က လျင်မြန်လှသည်။
လုကျိုးကလည်း အဖြစ်အပျက်ကို နားလည်လေသည်။ သူ မသိခင် သူက မြေစာပင်အလား ကြားညှပ်သွားလေပြီ။ နန်းတော်နှင့် နဝမမြောက်ဘုံကျောင်း၏ ဆက်ဆံရေးက ရှုပ်ထွေးဟန်ပေါ်၏။
ချန်ပေကျန်းက ပြုံးကာ အေးစက်စက် ပြောလိုက်သည်။
" ကျူးရွှမ်က မိုးမခတစ်ထောင်ဘုရားကျောင်းမှာ ရွှေကြာ ကျင့်ကြံသူနှစ်ယောက်နဲ့ တိုက်ခိုက်ခဲ့တယ်။ အဲဒီမှာ မြင်တဲ့သူ အများကြီးပဲ။ အစ်ကိုပေချန်း နယ်ခြားမျိုးနွယ်ဝင်တွေနဲ့ ပူးပေါင်းနေတာလား"
စစ်ခုန်ပေချန်းက တည်ငြိမ်စွာ ပြောလိုက်၏” ငါ မမြင်ခဲ့ဘူး "
ချန်ပေကျန်းက လုကျိုးအား ကြည့်ကာ ပြောလိုက်သည်။
" တကယ်လို့ ခင်ဗျား မမြင်ဘူးဆိုလည်း နားလည်နိုင်ပါတယ်။ အစ်ကိုပေချန်း ဒါပေမဲ့ ဆရာတော် ၅ပါးက လက်တလော အဲဒီလူနဲ့ တိုက်ခိုက်ခဲ့တာဆိုတော့ သူတို့ ကောင်းကောင်းသိမှာပဲ”
ဆရာတော် ၅ပါးက ဦးညွတ်ကာ တစ်ပြိုင်နက် ပြောလာသည်” ကျုပ်တို့တော့ နယ်ခြားမျိုးနွယ်ဝင် တစ်ယောက်မှ မမြင်မိပါဘူး”
ရှားချန်းချိုးနှင့် ထျန်းပုကျီ " ... "
သူတို့က ဗြောင်လိမ်နေတာလား။ ဒါက အင်အားစု နှစ်ခုကြားက ပြိုင်ပွဲလား...
ချန်ပေကျန်းက ဆရာတော်များကို ကြည့်လိုက်သည်။ သူက အနည်းငယ် အံ့အားသင့်သွားမိသော်လည်း လုံးဝ အံ့အားသင့်သွားခြင်းတော့ မဟုတ်ပေ။
" ကောင်းပြီ ကောင်းပြီ … ကောလာဟလတွေက ယုံလို့မရဘူး။ အဲ့ဆိုတော့ ဒီကိစ္စကို ဖြေရှင်းဖို့ ခင်ဗျားရဲ့ စိတ်ဝိညာဥ်သဏ္ဌာန်ကို ပြလိုက်ပေါ့ "
လုကျိုးက မုတ်ဆိတ်သပ်ကာ ချန်ပေကျန်းအား လှည့်ပင် မကြည့်ပေ။
မင်းက ပြဆိုတာနဲ့ ငါက ပြရမှာလား...
ငြိမ်းချမ်းရေးခန်းမ၏ ဆရာတော် ယောင်ချင်ချွမ်းက ခေါင်းအသာယမ်းကာ ပြောလိုက်သည်။
” စစ်သူကြီးချန် ဒါက နဝမမြောက်ဘုံကျောင်းရဲ့ မြင့်မြတ်နန်းဆောင်ပါ။ တော်ဝင်နန်းတော် မဟုတ်သလို မြောက်ပိုင်း နယ်နိမိတ်လည်း မဟုတ်ဘူး။ ဒီနေရာမှာ ဘယ်သူကမှ စိတ်ကြိုက် ပြုမူခွင့်ပြုမထားဘူး။ တကယ်လို့ စိတ်ဝိညာဥ်သဏ္ဌာန်ကို မြင်ချင်ရင် အပြင်ထွက်သင့်တယ် "
ချန်ပေကျန်းက တောက်တောက်ပပ ပြုံးလိုက်သည်။ သူက သေရည်ခွက်ကို မြှောက်ကာ တစ်ခါတည်း သောက်သုံးလိုက်၏။ ထို့နောက် သူက စားပွဲပေါ် ချလိုက်သည့်အချိန် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသည်။ သူက လက်ဝါးချက်ဖြင့် စားပွဲပေါ် ရိုက်လိုက်ရင်း ပြောလိုက်သည်။
" သူ့ကို အထဲခေါ်ခဲ့ "
ချန်ပေကျန်း၏ စစ်သည်တော် နှစ်ယောက်က လူနာထမ်းစင်နှင့် လူတစ်ယောက်အား ခေါ်ဆောင်လာသည်။
ကျန့်ရှောက်ချင်းက နားမလည်နိုင်ဖြစ်နေမိသည်။
” သွေးနေမင်းကျောင်းတော်ရဲ့ ဟွေ့နန်လား "
လုကျိုးက ဟွေ့နန်အား ကြည့်ကာ ခေါင်းအသာယမ်းလိုက်သည်။
ဖာ့ဟွာက နူးညံ့လွန်းတယ်...
ဟွေ့နန်က ဒဏ်ရာအပြင်းအထန် ရရှိထားသော်လည်း စကားပြောနိုင်သေးသည်။ သူက လူနာထမ်းစင်ပေါ်မှ ထဖို့ ကြိုးစားရင်း ဒူးထောက်ကာ ပြောလိုက်သည်။
" ဒီလူအိုကြီးက ရွှေကြာနယ်မြေက လူဆိုတာကို သက်သေခံပေးနိုင်ပါတယ်။ သူက ဟွေ့ကျွယ်နှင့် ဟွေ့ရှန်းကို သတ်ခဲ့ပြီးတော့ ကျောင်းထိုင်ကိုတောင် ဒဏ်ရာရစေခဲ့တယ်။ သူက ပွင့်ချပ်ကိုးလွှာ ရွှေကြာ ကျင့်ကြံသူပါ။ စစ်သူကြီးချန် ဒီလူကို ခေါ်သွားပြီးတော့ သွေးနေမင်းကျောင်းတော်အတွက် တရားမျှတအောင် ဆောင်ရွက်ပေးပါ”
ချန်ပေကျန်းက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ သူက စစ်ခုန်ပေချန်းအား ကြည့်ကာ ပြောလိုက်၏။
" အစ်ကိုပေချန်း ကျုပ် အကျဉ်းသား ခေါ်မှာကို မတားနဲ့။ မဟုတ်ရင် ခင်ဗျားတောင် နဝမမြောက်ဘုံကျောင်းကို ကာကွယ်နိုင်မှာ မဟုတ်ဘူး။ နန်းတော်က နယ်ခြားမျိုးနွယ်ဝင် ဖမ်းဆီးဖို့ ကိစ္စနဲ့ ပတ်သက်လာတဲ့အခါ သက်ညှာမှု ရှိမှာမဟုတ်ဘူး”
…
အခန်း (၇၄၇) လူငယ်တွေက သူတို့နေရာမသိဘူး
သနားတတ်သောလူတို့သည် တပ်ဖွဲ့တစ်ဖွဲ့ကို အမိန့်မပေးသင့်ပေ။ ယင်းက ရှေးယခင်ကာလကတည်းက နည်းလမ်းတစ်ခုဖြစ်သည်။ မဟာစစ်သူကြီးတိုင်းက အရိုးတောင်ပေါ် ရပ်ခဲ့ရသည်။ သူတို့၌ အခွင့်အရေးရှိလျှင် တစ်ချက်မှ မတွေးပဲ နဝမဘုံကျောင်းကို ပိပြားသွားအောင် လုပ်လိမ့်မည်။
စစ်ခုန်ပေချန်းက မျက်မှောင်ကြုတ်သွား၏။
ပထမဆရာတော်ငါးပါးက ဆိတ်ဆိတ်သာနေသည်။
သန်မာသူများ တိုက်ခိုက်သည့်အခါ ကျန်သည့်သူများသည် ယိုးမယ်ဖွဲ့ခြင်းနှင့် အသုံးခံအဖြစ်သာ အသုံးချခံရသည်။
လုကျိုးသည် ယခင်က လက်ကိုင်တုတ်အဖြစ် တစ်ခါမှ အသုံးချမခံခဲ့ရပေ။
ထိုစဉ် ခုံလုက ရုတ်တရက် ဒူးထောက်ပြီးပြောလိုက်လေ၏။
“သူ့ရွှေကြာကို ကျုပ်မျက်လုံးနဲ့ ကိုယ်တိုင်တွေ့ခဲ့တာပါ၊ အဲဒီယွီကျန့်ဟိုင်က ရွှေကြာနယ်မြေကပဲ၊ ဘုရားကျောင်းသခင် ဒီသက်ကြားအိုကြီးကြောင့် အရူးလုပ်မခံပါနဲ့”
ကျန်သည့်သူများက ထိတ်လန့်သွားကြ၏။ ချန်ပေကျန်းက ရယ်မောလျက် ပြောလိုက်တော့သည်။
“ဟွေ့နန်က သွေးနေမင်းဘုရားကျောင်းကပဲ၊ သူ့ရဲ့စကားက မယုံကြည်ရလောက်တာ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ခုံလုက မင်းတို့ နဝမဘုံကျောင်းက၊ မင်းတို့သူ့ကို မယုံဘူးလား”
စစ်ခုန်ပေချန်းက မျက်မှောင်ကြုတ်သွားလေ၏။
ပထမဆရာတော်ငါးပါးသည် ခုံလုကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။
ကျူးရွှမ်သည် အကျိုးအမြတ်ရရေးအတွက် လောင်းကြေးထပ်ခဲ့သော်ငြား သူသည် ကိုယ့်ဂိုဏ်းနောက်ကျောကို ဘယ်တော့မှ ဓားနှင့်ထိုးမှာ မဟုတ်ပေ။ သူက ချက်ချင်းပင် ခုံလုကို ကန်ကျောက်ကာ ကျိန်ဆဲလိုက်၏။
“ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ”
ခုံလုသည် သွေးနီရောင်မျက်လုံးများဖြင့် ပြောလိုက်တော့၏။
“ကျုပ်အဓိပ္ပာယ်မရှိပြောနေတာ မဟုတ်ဘူး၊ သူတို့တွေက နယ်ခြားသားတွေ၊ ရွှေကြာကျင့်ကြံသူက သူရဲဘောကြောင်သူ မဟုတ်ဘူးဆိုရင် သူ့ရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြသင့်တာပေါ့၊ ကျုပ်က အရှက်မရှိတဲ့လူ မဟုတ်ဘူး၊ ကျုပ်လိမ်မှာ မဟုတ်ဘူး၊ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ကျုပ်တို့မလိမ်သင့်ဘူး၊ ကျုပ်တို့ နဝမဘုံကျောင်းက ကျုပ်ကို တရားမျှတမှုမပေးနိုင်ရင် စစ်သူကြီးချန်ဆီ လှည့်မယ်”
ခုံလုသည် ယွီကျန့်ဟိုင်ကို သတ်ရန် နည်းလမ်းတစ်ခုကို ရဖို့ကြိုးစားနေတာ ဖြစ်သည်။ သို့သော် သူသည် ကျူးရွှမ်တားတာ ခံလိုက်ရ၏။ သူက အခဲမကြေမှုများ၊ မကျေမချမ်းဖြစ်မှုများ ပြည့်နေသည်။ ပထမဆရာတော်ငါးပါးက သူ၏ခံစားချက်ကို ဂရုမစိုက်။ သူတို့သည် ကျူးရွှမ်ကိုကူညီပေးရန် ယွီကျန့်ဟိုင်ကို ကာထားပေးသည်။ သူက ၎င်းကို သည်းမခံနိုင်ပေ။
ချန်ပေကျန်းက ခုံလုကို ကျေနပ်သောအအမူအရာဖြင့် ကြည့်ပြီးပြောလိုက်လေ၏။
“ငါဒီမှာ ရှိတယ်၊ မင်းဘာမှကြောက်စရာမရှိဘူး”
“ကျေးဇူးပါ စစ်သူကြီးချန်” ခုံလုက ရွှင်ပြသွားကာ ချန်ပေကျန်းဆီပြောင်းသွား၏။
စစ်ခုန်ပေချန်းက ခုံလုကိုတစ်ချက်ကြည့်ပြီး အေးတိအေးစက်ပြောလိုက်သည်။
“ဘုရားကျောင်း အပြင်ဘက်မှာ သူ့ကို သေအောင်ရိုက်လိုက်”
ခုံလုက ထိတ်လန့်သွားတော့သည်။ သူက စတင်တုန်ယင်လာ၏။
ချန်ပေကျန်းက လက်တစ်ဖက်မြှောက်လျက် ပြောလိုက်တော့သည်။
“သူ့ကို ပါးစပ်ပိတ်ဖို့ ကြိုးစားနေတာလား အစ်ကိုပေချန်း၊ ခုံလုက ခင်ဗျားတို့ ဘုရားကျောင်းက လူလေ၊ သူ့ရဲ့ သေရေးရှင်ရေးကို ဝင်စွက်ဖက်ပိုင်ခွင့်မရှိဘူး၊ ဒါပေမဲ့ သူ့ကို နှုတ်ပိတ်နိုင်တယ်ဆိုရင်တောင် သွေးနေမင်းကျောင်းကို နှုတ်ပိတ်နိုင်မှာလား၊ မျက်မြင်သက်သေမရှိရင်တောင် သူတို့ရဲ့ စိတ်ဝိညာဉ်သဏ္ဌာန်ကို မဖွဲ့တည်ပြရင် အာမခံနိုင်မှာလား”
သူသည် မျက်လုံးထောင့်ကနေ လုကျိုးကို လှည့်ကြည့်လိုက်၏။
လုကျိုးသည် စိတ်အနှောင့်အယှက်ဖြစ်ပုံမရပေ။
ချန်ပေကျန်းက ဆက်ပြောလိုက်သည်။
“အစ်ကိုပေချန်း၊ အစ်ကို့အိမ်ထဲ ဝံပုလွေကို ဖိတ်ခေါ်မိမှာ မစိုးရိပ်ဘူးလား”
သူ၏စကားများအရ နဝမဘုံကျောင်းသည် ဤလူများနှင့် မဟာမိတ်ဖွဲ့ရန် ကြိုးစားနေတာကို သူသိနေတာ သိသာသည်။
စစ်ခုန်ပေချန်းက ကမ္ဘာပေါ်၌ ကျော်ကြားသည့် နဝမဘုံကျောင်း၏ ဘုရားကျောင်းသခင် ဖြစ်ခဲ့ဖူးသော်ငြား နန်းတော်နှင့် သူ့ဘုံကျောင်းနှင့်ဆက်ဆံရေးကို ဂရုတစိုက်စဉ်းစားရပေမည်။
ပထမဆရာတော်ငါးပါးသည် သူတို့ဘုရားကျောင်းသခင်၏ ဆုံးဖြတ်ချက်ကို စောင့်နေကြသည်။
စစ်ခုန်ပေချန်းက အတွေးနက်နေကာ သူ၏ရွေးချယ်မှုကို ချိန်ဆနေ၏။ သူသည်စားပွဲပေါ်၌ လက်ကို တင်ထားလျက် သူ၏လက်ချောင်းများ အနည်းငယ်တုန်ယင်နေတော့သည်။ လုကျိုး၏ ခံစားချက်နှင့် အတွေးများကို သူမစဉ်းစားခဲ့ပေ။ သူ၏ရွေးချယ်မှုနှစ်ရပ်ကြား တွေဝေနေတာ ဖြစ်၏။
သို့သော် ယခုအချိန်တွင် လုကျိုးက ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်၏။ သူ့၌ အသေရိုက်ချက်ကတ် နှစ်ကတ်သာ ရှိသည်။ သူသာ သူ့ရှေ့ရှိလူနှစ်ယောက်အပေါ် တစ်ပြိုင်နက်တည်း အသုံးပြုခဲ့လျှင် သူသည် နဝမဘုံကျောင်းနှင့် နန်းတော်ကို သေချာပေါက် ရန်စမိလိမ့်မည်။ ထို့အပြင် ပထမဆရာတော်ငါးပါးနှင့် သူရဲကောင်းနှစ်ယောက်ကလည်း အဆုံးထိ တိုက်ခိုက်ရလိမ့်မည်။ သူ၏အထောက်အထား နယ်ခြားသားဖြစ်နေခြင်းကလည်း ထိုလူများသူ့ကို ပူးပေါင်းတိုက်ခိုက်တာ ဖြစ်စေနိုင်၏။ ထို့ကြောင့် အသေရိုက်ချက်ကတ်သည် အကောင်းဆုံးရွေးချယ်မှုမဟုတ်ကြောင်း ကောက်ချက်ချလိုက်တော့သည်။
ကံကောင်းသည်မှာ လုကျိုးသည် သူစိတ်ကျေနပ်မည့် ရွေးချယ်မှုတစ်ခု ကျန်နေသေးတာ ဖြစ်သည်။ သူက ဖြည်းဖြည်းချင်း လှည့်လာလျက် ချန်ပေကျန်းကို အေးတိအေးစက် ကြည့်လိုက်၏။ သူက ပြောလိုက်တော့သည်။
“မင်းကို ငါ့ကို ဖမ်းဖို့ စီစဉ်နေတာလား”
တကယ်တော့ ချန်ပေကျန်းသည် လုကျိုးအကြောင်း များများစားစား မစဉ်းစားခဲ့ပေ။ သို့သော် လုကျိုး၏ မျက်လုံးများကိုမြင်သောအခါ သူ၏စိတ်ဝင်စားမှုတို့ ပေါ်လာသည်။ သူက
“ကျုပ်က ဒီကို အမိန့်အတိုင်းရောက်လာတာ၊ အစ်ကိုပေချန်းအတွက် တွေးပြီး မင်းကိုခက်ခဲတဲ့ အခြေအနေထဲရောက်အောင် တွန်းမပို့တော့ဘူး”
လုကျိုးသည် မြင့်မြတ်နန်းတော်၏ စည်းမျဉ်းများကို စိတ်ထဲမထားပေ။ သူက ဘယ်လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်၏။ သူလက်မြှောက်လိုက်ချိန်တွင် ရုပ်ဖျက်ကတ်က ကြေမွသွားပြီဖြစ်သည်။
သူ၏လက်ဖဝါးပေါ်၌ စိတ်ဝိညာဉ်သဏ္ဌာန်လေးတစ်ခု ပေါ်လာသည်။ တိတိကျကျဆိုရလျှင် လက်ဖဝါးပေါ်၌ အနီရောင် စိတ်ဝိညာဉ်သဏ္ဌာန်လေး ပေါ်လာတာဖြစ်သည်။ ပွင့်ချပ်ကိုးလွှာက လောင်ကျွမ်းနေပြီး ရောင်ခြည်တစ်ခု ဖြာထွက်နေ၏။
ပထမဆရာတော်ငါးပါးသည် ထိတ်လန့်မှုကြောင့် မျက်လုံးပြူးကျယ်ကုန်၏။ အဲဒါက အပြာရောင်ကြာ မဟုတ်ဘူးလား၊ ဘာကြောင့် အခုအနီရောင်ကြာဖြစ်နေတာလဲ။
ရှားချန်းချိုးနှင့် ထျန်းပုကျီက ထိတ်လန့်သွားတော့၏။ သူတို့မြင်လိုက်ရတာကို နားမလည်နိုင် ဖြစ်နေသည်။ အစောတုန်းက အပြာရောင်ကြာ ရုတ်တရက်ပေါ်ပေါက်လာပြီး ယခုအနီရောင်ကြာ ပေါ်ပေါက်လာခြင်းသည် သူတို့ကို စိတ်ရှုပ်ထွေးသွားစေ၏။ သူတို့မျက်လုံးပွတ်ပြီးနောက် ထပ်ကြည့်လိုက်ကာ သူတို့မျက်စိက လှည့်စားသလားဟု တွေးနေကြသည်။ သူတို့ဒုတိယတစ်ကြိမ် ကြည့်ပြီးနောက် ၎င်းက အနီရောင်ကြာဖြစ်နေသေးသည်။
ဟွေ့နန်က ထရပ်ရန် ရုန်းကန်လိုက်ရသည်။ သူ၏မျက်လုံးများက ရဲတွတ်နေကာ အော်ပြောလိုက်တော့၏။
“မဖြစ်နိုင်တာ၊ မဟုတ်ဘူး၊ ရွှေကြာပွင့်ကို တွေ့ခဲ့တယ်၊ ဒါက အတုပဲ၊ အတုပဲ”
သွေးနေမင်းကျောင်းတော်၌ ဖြစ်ခဲ့သည့်အရာကို ကျန်သည့်သူများထက် သူကောင်းကောင်းသိသည်။
ချန်ပေကျန်းကလည်း ထရပ်လိုက်ပြီး စိတ်ဝိညာဉ်သဏ္ဌာန်ကို မယုံနိုင်စွာ စိုက်ကြည့်နေ၏။ ဤနေရာ၌ မျက်မြင်သက်သေအနေဖြင့် ဟွေ့နန်းကို ခေါ်လာခဲ့တာ ဖြစ်၏။ ထို့မှသာ စစ်ခုန်ပေချန်းသည် သူ့ကို မငြင်းနိုင်တော့မှာ ဖြစ်သည်။ သူက ဤအခွင့်အရေးကို သုံးပြီး နဝမဘုံကျောင်းကို ရိုက်ချချင်၏။ သူ၏ အချက်အလက်နှင့် အရင်းအမြစ်များအရ ဤအဖိုးအိုသည် မိုးမခတစ်ထောင်ဘုရားကျောင်းမှ ရွှေကြာကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်း ပြောပြနေသည်။
ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ချန်ပေကျန်း၏ မျက်လုံးထဲ၌ ထိတ်လန့်မှုအရိပ်အယောင် ပေါ်လာသည်။ သို့သော်ငြား သူက ချက်ချင်းနီးပါး စိတ်တည်ငြိမ်သွားတော့၏။ တစ်ချိန်တည်းတွင် သူတစ်စုံတစ်ခုကို အတည်ပြုလိုက်၏။ ဤအဖိုးအိုက ပွင့်ချပ်ကိုးလွှာကံမီးတောက် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ယခုအချိန်တွင် ဤကိစ္စနှင့်ပတ်သတ်ပြီး သူ၌ အတွေးတချို့ရှိသည်။
စစ်ခုန်ပေချန်း၏ အကြည့်က ပွင့်ချပ်ကိုးလွှာ အနီရောင်ကြာဆီရောက်သွားသည်။ သူက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်တော့၏။ အဖိုးအိုသည် အနီရောင်ကြာကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် နဝမဘုံကျောင်းသည် သူ့ကိုခေါ်ယူနိုင်ရန်အရာအားလုံး လုပ်မှာပဲ ဖြစ်သည်။ ထို့အပြင် ဤအဖိုးအိုက ကံမီးတောက်ကို တတ်ကျွမ်းသည့် ပါရမီရှိသည့် လူတစ်ယောက်ဖြစ်နေသည်။ အမှန်တရားက မျက်စိဖြင့် မြင်နေရပြီဖြစ်သည်။ ထိုအဖိုးအိုသည် ရွှေကြာပိုင်ဆိုင်ကြောင်း ပထမဆရာတော်ငါးပါး ပြောခဲ့သည့်အကြောင်းအရာအားလုံးကို သူ့စိတ်ထဲမှ ထုတ်လိုက်ပြီဖြစ်သည်။
“စစ်သူကြီးချန် အမှန်တရားက မင်းရဲ့မျက်စိရှေ့ရောက်နေပြီ၊ ပြောစရာရှိသေးလား”
စစ်ခုန်ပေချန်းက တည်ငြိမ်စွာပြောလိုက်၏။ သို့သော် သူ၏လေသံ၌ တိတိကျကျ ညွှန်ပြနေသည်။ သူ့ကဲ့သို့ ရာထူးတွင်ရှိသော လူတစ်ယောက်က ဂုဏ်သိက္ခာကို အလေးထား၏။ သို့သော် ၎င်းက အရေးအကြီးဆုံးအရာမဟုတ်ပေ။
ချန်ပေကျန်းက လက်နှစ်ချောင်းကို မြှောက်လိုက်သည်။ အနီရောင်စွမ်းအင်ဓားက သူ၏လက်ချောင်းများကြား၌ ရေခဲပန်းဆွဲတစ်ခုပမာ ဖွဲ့တည်လာပြီး ရှေ့သို့ ပစ်လွှတ်လိုက်သည်။
ဘန်း
စွမ်းအင်ဓားက အင်မတန်ထက်သည်။ ၎င်းက ဟွေ့နန်၏ရင်ဘတ်ကို ထိုးစိုက်သွားတော့၏။
ဟွေ့နန်သည် ထိတ်လန့်ကာ ခုခံမှုအား ကင်းမဲ့နေသည်။ သူသည် ချန်ပေကျန်းကို လက်ညှိုးထိုးပြီးနောက် လုကျိုးကို လက်ညှိုးထိုးကာ နောက်ဆုံးတွင် စစ်ခုန်ပေချန်းကို လက်ညှိုးထိုးလိုက်၏။
ချက်ချင်းနီးပါး၌ သူ၏သွေးများသည် ရင်ဘတ်ကနေ စီးကျလာပြီးနောက် အသက်ထွက်သွားတော့သည်။
“ဘုန်းကြီးတွေက မသတ်ဘူး၊ မလိမ်ဘူး” သူက နောက်ပြန်လှန်ကျသွားကာ မျက်လုံးအပြူးသားဖြစ်နေလေ၏။ နောက်ဆုံးတစ်ခေါက် အသက်ရှုပြီးသည်နှင့် သူ၏ရင်ဘတ်က ကြာပြယ်ကျသွားတော့သည်။
လက်ချောင်းတစ်ချက် အလှုပ်ဖြင့် အသက်တစ်ချောင်း ဆုံးရှုံးသွားရသည်။ ယင်းက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူများက ကိစ္စများကို ဖြေရှင်းသည့်နည်းပေလော။
ဆယ်စက္ကန့်ခန့် ကြာပြီးနောက် လုကျိုး၏ စိတ်ဝိညာဉ်သဏ္ဌာန်က ပျောက်ကွယ်သွားသည်။ ချန်ပေကျန်းကို သတ်ဖြတ်ခြင်း၏ နောက်ဆက်တွဲကို သူစဉ်းစားလိုက်သည်။ ချန်ပေကျန်းက သူအလိုရှိလျှင် ရုတ်ရုတ်သဲသဲ သိပ်ဖြစ်စေနိုင်မှာ မဟုတ်ပေ။ လုကျိုးအဖို့ စစ်ခုန်ပေချန်း၏ ရပ်တည်ချက်က အရေးအကြီးဆုံးဖြစ်သည်။ သူ၏အနီရောင်ကြာကို ပြပြီးနောက် စစ်ခုန်ပေချန်းသည် ချန်ပေကျန်းကို ရင်ဆိုင်ရန် စီစဉ်နေတာကို သူရှင်းရှင်းလင်းလင်း ခံစားမိသည်။
လက်တစ်ချောင်းတည်းဖြင့် လူသတ်ခဲ့သော ချန်ပေကျန်းက နှာခေါင်းရှုံ့လိုက်သည်။ ပြီးနောက် သူက လက်သီးဆုပ်မိုးလျက် ပြောလိုက်သည်။
“ဟွေ့နန်ကလိမ်ပြီး ကျုပ်ကို လှည့်စားသွားတယ်၊ အစ်ကိုပေချန်း ဒေါသမထွက်ဖို့ မျှော်လင့်ပါတယ်”
“နားလည်နိုင်ပါတယ်၊ ကောက်ကျစ်တဲ့လူတွေက လွှမ်းမိုးနိုင်တဲ့နေရာတွေကို ရထားတဲ့အချိန် ဒါမျိုးဖြစ်တတ်တာပေါ့” စစ်ခုန်ပေချန်းက ပြောလိုက်၏။
“ကျုပ် ဒီနေ့ စော်ကားခဲ့မိတာ ဝန်ခံတယ်၊ တောင်းပန်ဖို့ နောက်ရက်မှ လာခဲ့ပါဦးမယ်”
ချန်ပေကျန်းသည် စစ်ခုန်ပေချန်းကို လက်သီးဆုပ်မိုးကာ နှုတ်ဆက်လိုက်၏။
“ကျုပ်အခုသွားပါတော့မယ်” သူ့၏ အအမူအရာက မည်းမှောင်သုန်မှုန်နေတော့သည်။
ချန်ပေကျန်းက ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးသည့်အချိန်၌ လုကျိုးက ပြောလိုက်သည်။
“နေဦး”
ချန်ပေကျန်းက ရပ်တန့်လိုက်၏။ သူက လှည့်လာကာ ဇဝေဇဝါဖြစ်သွားသည်။
“ကိစ္စရှိသေးလို့လား”
အခြားသော ပွင့်ချပ်ကိုးလွှာကျင့်ကြံသူဆိုလျှင် သူများများစားစား တွေးမှာမဟုတ်ပေ။ သို့သော် ကံမီးတောက်ဖြင့် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ဖြစ်၏။ ဤလူသည် နောက်ကျ သူ့အတွက် ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်လာနိုင်သည်။ ယနေ့ဤလူကို လွှတ်ပေးရန် ဆုံးဖြတ်လိုက်သည်။ သို့သော် နောင်ကျ ဤလူကို သတ်ရန် စဉ်းစားရမည်။
“ခင်ဗျားကို ထွက်သွားခွင့်ပေးလို့လား” လုကျိုးက လှည့်လာပြီး မုတ်ဆိတ်သပ်လိုက်သည်။ သူ၏ အကြည့်က တည်ငြိမ်နေလေ၏။
“…”
မြင့်မြတ်နန်းတော်ရှိ လေထုအခြေအနေက ပိုလေးလံလာတော့သည်။
စစ်ခုန်ပေချန်းတောင် ချန်ပေကျန်းကို ဤအတိုင်း စိန်မခေါ်ရဲပေ။ သူက မျက်မှောင်ကြုတ်မိသွား၏။
ချန်ပေကျန်း၏ မျက်လုံးက ချက်ချင်းပင် အေးစက်သွားတော့သည်။ သူက
“အစ်ကိုပေချန်းတောင် ဘာမှ မပြောတာ၊ ဒါတောင် မင်းက ငါ့ကို တားဖို့ ကြိုးစားနေတာလား”
လုကျိုးက သူ၏ပုံမှန်လေသံဖြင့်ပြောလိုက်သည်။
“ငါ့ရဲ့ဘဝမှာ မရေမတွက်နိုင်တဲ့ အင်အားကြီးတဲ့ရန်သူတွေကို ရင်ဆိုင်ခဲ့ဖူးတယ်၊ ငါ့ရှေ့မှာ ဘယ်သူမှ အကန့်အသတ်မမဲ့ခဲ့ဘူး၊ မင်းက မောက်မာထောင်လွှားပြီး ဆရာကြီးလုပ်လွန်းတယ်၊ အားလုံးရဲ့အထက်မှာ မင်းရှိသလိုမျိုး ပြုမူနေတာ”
“ငါ့အလုပ်ကိစ္စလုပ်နေတဲ့အချိန် မင်းရဲ့ခံစားချက်ကို ဂရုစိုက်ရမှာလား” ချန်ပေကျန်းက သတ်ဖြတ်ရန် ပြင်ဆင်လိုက်သည်။
“မောင်ရင်၊ မင်းက မင်းနေရာကို မသိဘူး၊ ဒီနေ့ကောင်းကင်က ဘယ်လောက်မြင့်လဲဆိုတာကို မင်းကိုပြမယ်”
လုကျိုးသည် ညာလက်ကို မြှောက်လိုက်၏။ အသုံးပစ္စည်းကတ်က သူ၏ လက်ဖဝါးထဲ ကြေမွသွားတော့သည်။
မျက်စိတစ်မှိတ်အတွင်း လေပွေတစ်ခုပေါ်ထွက်လာကာ နာရီလက်တံပြောင်းပြန်အတိုင်း လှည့်ပတ်နေလျက် သူ၏လက်ဖဝါးထဲ၌ ဖွဲ့တည်လာသည်။ ၎င်း၏ လှည့်ပတ်မှုက ပိုမြန်ဆန်လာတော့သည်။
လုကျိုးသည် ထိုက်တောင်တန်းပမာ တည်ငြိမ်နေလျက် သူ၏လက်ဖဝါးကို ရှေ့သို့တွန်းလိုက်၏။
ယင်းကိုမြင်သောအခါ ကျန်သည့်သူများက မျက်လုံးပြူးကျယ်ကုန်၏။
ဤလောင်ချန်ပေ့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ
ပထမဆရာတော်ငါးပါး၊ ရှားချန်းချိုး၊ ထျန်းပုကျီ၊ ရှောင်ယွမ်အာ၊ ခရုလေး၊ ယွီရှန်းရုန်တို့က ဇဝေဇဝါဖြစ်ကုန်သည်။
ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်က ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူကို တိုက်ခိုက်တော့မလို့လား
လုကျိုးသည် သူ၏လက်ဖဝါးကို ရှေ့သို့တွန်းထုတ်လိုက်ပြီး လက်ဝါးစည်းတံဆိပ် သုံးလိုက်သည်။
လုကျိုး၏ လက်ဝါးစည်းတံဆိပ်သည် သူ၏မှန်းဆချက်အတိုင်း သရုပ်ပေါ်လာ၏။
ကြောက်ရွံ့ခြင်းမဲ့ မဟာတံဆိပ်တော်သည် တည်ငြိမ်စေ၏။ အနီရောင်ရောင်ခြည်သည် မြင်းပျံနန်းဆောင်တစ်ခုလုံးက လင်းထိန်သွားစေပြီးနောက် ရှေ့သို့တိုးဝင်သွားသည်။
ချန်ပေကျန်းက မဲ့ပြုံးပြုံးလျက် ပြောလိုက်တော့သည်။
“မင်းက ပွင့်ချပ်ကိုးလွှာပုရွက်ဆိတ်တစ်ကောင်ပဲ၊ သစ်ပင်တစ်ပင်ကို ရွေ့အောင် လုပ်နိုင်တယ်လို့ ထင်နေတယ်လား” သူက တည်တည်ငြိမ်ငြိမ် ယုံကြည်ချက်ရှိရှိ လက်တစ်ဖက်မြှောက်ကာ တိုက်ခိုက်မှုကို ဖယ်ရှားရန် ပြင်လိုက်သည်။
ဖြန်း
ချန်ပေကျန်းသည် ကြောက်ရွံ့ခြင်းမဲ့ တံဆိပ်တော် ထိမှန်သွား၏။ သူသည် လက်ဝါးစည်းတံဆိပ်ကို ချက်ချင်း ဖျက်ဆီးနိုင်မည်ဟု ထင်ခဲ့သည်။ သူထိတ်လန့်ပြီး မယုံနိုင်ဖြစ်သွားသည်မှာ ၎င်းသည် မပျောက်ကွယ်သွားရုံသာမက သူ့ကိုပါ နောက်သို့တွန်းပို့လိုက်၏။
“ဟမ်” ချန်ပေကျန်းက သူ့အားကို တိုးလိုက်သည်။
ဒါအလုပ်မဖြစ်ဘူး၊ ငါရဲ့အားကို မြှင့်တာတောင် မလုံလောက်ဘူး၊ ဒါမဟုတ်လောက်ဘူး။
သူလျင်မြန်စွာ နောက်ဆုတ်လိုက်၏။
လက်ဝါးစည်းတံဆိပ်သည် ပိုကြီးလာပြီး လူတစ်ယောက်အရပ်အမြင့်နီးပါးဖြစ်လာတော့သည်။
ကြေးနီရောင် လက်ဝါးစည်းတံဆိပ်သည် ချန်ပေကျန်း၏ ရင်ထဲ အကြောက်တရားဖြင့် ရိုက်ခတ်သွားတော့သည်။
ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက်ကို နောက်ရောက်သွားအောင် တွန်းနိုင်တယ်လား
မြင့်မြတ်နန်းဆောင်ရှိ လူတိုင်းက ထိတ်လန့်ကုန်၏။
သို့သော် ၎င်းက အဆုံးမဟုတ်ပေ။
လက်ဝါးစည်းတံဆိပ်သည် ချန်ပေကျန်းက နောက်သို့ဆက်တွန်းနေ၏။ ဤအခိုက်အတန့်တွင် သူ့ဆီ ကြောက်မက်ဖွယ်အန္တရာယ်က ရောက်ရှိလာ၏။
ဝှစ်
ချန်ပေကျန်းသည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို အသက်သွင်းလိုက်၏။
ပေနှစ်ရာခန့်ရှိသော စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာ၏။
ချန်ပေကျန်းက ထိန်းချုပ်မထားပေ။ စိတ်ဝိညာဉ်သဏ္ဌာန်သည် မြင့်မြတ်နန်းဆောင်၏တံခါးကို ချက်ချင်းခြေမှုန်းသွားတော့သည်။
ကျောက်စကျောက်နများက နေရာအနှံ့လွင့်စင်သွား၏။
လက်ဝါးစည်းတံဆိပ်က မရပ်တန့်သွားပေ။ ချန်ပေကျန်းသည် နောက်ဆုတ်တာမရပ်တော့ သူသည် အဆောက်အဦးအပြင်ဘက် ရောက်နေပြီဖြစ်ကာ လေထဲ ဆက်ဆုတ်နေရ၏။ အားလုံး၏ မျက်စိရှေ့မှောက်၌ သူ၏ပေနှစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာသည်။
ထိုမြင်ကွင်းကို ကြည့်ရန်အတွက် လူတိုင်းက ပြေးလိုက်လာကြသည်။
စစ်ခုန်ပေချန်းက အာရုံစိုက်လျက် ကျန်သည့်သူများကို ကြည့်လိုက်၏။ သူက မြင့်မြတ်နန်းဆောင်ရှေ့၌ ရပ်လိုက်သည်ကို တာ့ထန်၏ ကျော်ကြားလှသော ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတစ်ယောက်သည်လည်း ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။
အနီရောင်ပွင့်ချပ်ဆယ်ခုသည် အနီရောင်ကြာနားတစ်ဝိုက် လျင်မြန်စွာ လှည့်ပတ်နေ၏။ ချန်ပေကျန်း၏ မျက်နှာက အားစိုက်ထုတ်မှုကြောင့် နီနေသည်။
ဘန်း
ချန်ပေကျန်း၏ လက်မောင်းကျိုးသွားတော့သည်။
ကြောက်ရွံ့ခြင်းမဲ့ မဟာတံဆိပ်တော်သည် ပေနှစ်ရာထိ ချက်ချင်းမြင့်လာသည်။ ၎င်း၏ ပစ်မှတ်ကြီးလာသည်နှင့်အမျှ တံဆိပ်တော်ကလည်း ကြီးလာသည်။ ၎င်း၏ စွမ်းအင်နှင့်အရွယ်အစားကို ပစ်မှတ်အတိုင်း ချိန်ညှိထား၏။
ဖုန်း
ပေနှစ်ရာ အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်သည် ကြောက်ရွံ့ခြင်းမဲ့ မဟာတံဆိပ်တော် ထိသွားတော့၏။ ၎င်းက အက်ကွဲသွားကာ ကြေမွသွားတော့မည့်ပုံပေါ်သည်။
ဤမြင်ကွင်းကို မျက်လုံးအပြူးသားနှင့် ကြည့်နေစဉ် ချန်ပေကျန်းက အကြောက်တရားတို့ ကြီးစိုးလာ၏။ သူ့ဘာသာသူ မယုံနိုင်စွာ တွေးလိုက်သည်။ သူကပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ပဲ၊ ကမ္ဘာလောကကြီးကို ဖျက်ဆီးဖို့ စွမ်းအားဘာကြောင့်ပိုင်ဆိုင်ထားမှာလဲ။
ကြောက်ရွံ့ခြင်းမဲ့ မဟာတံဆိပ်တော်သည် ကောင်းကင်မှ ရေတံခွန်ပမာ ရှေ့သို့ ဆက်လက်တွန်းကန်နေ၏။
ဖုန်း
ပေနှစ်ရာ အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်သည် မီးရှုးမီးပန်းပမာ ပေါက်ကွဲသွားတော့၏။ အနီရောင် အပိုင်းအစများက လေထဲတောက်ပနေကာ လွင့်ပျယ်သွားတော့သည်။
“…”
ကျန်သည့်သူများက ကျောစိမ့်ကုန်ပြီး ကြက်သီးများထကုန်၏။
အစ၌ ထိုလက်ဝါးစည်းတံဆိပ်သည် မထင်မရှားသာ ဖြစ်နေခဲ့၏။ သူသည် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်။ သို့သော် ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူကို နောက်ရောက်အောင် တွန်းနိုင်စွမ်းရှိသည်လော။
တကယ်ပင် ရှိခိုးကောင်က သူ့နေရာကိုသူ မသိသောကြောင့် သစ်ပင်ကို လှုပ်ခါအောင် ကြိုးစားနေချိန်မှာ အဟားခံသင့်သည်။ လောင်ချန်ပေ့ပြောတာမှန်တယ်၊ လူငယ်တွေက သူတို့နေရာကိုသူ မသိဘူး။