အခန်း (၇၅၁-၇၅၃)
Vol. 51 Ch. 751-753
အခန်း (၇၅၁) မင်း အသားကျသွားမှာပါ
စစ်ခုန်ပေချန်းက မေးလိုက်လေ၏။
“ မိုးနဲ့မြေရဲ့ အတားအဆီးကြောင့်လား “
“ ကောင်းကင်သိုင်းခုံရုံးက မိုးနဲ့မြေ အတားအဆီးကို အချိန်အတော်ကြာ သုတေသန လုပ်ခဲ့တယ်။ ဒါပေမဲ့ သူတို့တွေ အဖြေတစ်ခုမှ ရှာမတွေ့သေးဘူး။ ကောင်းကင်သိုင်းခုံရုံးရဲ့ ရည်ရွယ်ချက်က ရွှေကြာနယ်မြေကို ကျူးကျော်ဖို့ပဲ။ ဒါက ကိုယ်ကျိုးမဖက်ဘဲနဲ့လား၊ ဒါမှမဟုတ် မိုးနဲ့မြေအတားအဆီးကို ဖောက်ဖျက်ဖို့နည်းလမ်းတစ်ခု ကြိုးစားရှာနေတာလား"လုကျိုသည် မျက်နှာသေဖြင့်ပြောလိုက်၏။
“ လူသားတွေက လောဘကြီးတယ်။ နဝမဘုံကျောင်းရဲ့ အတွေးအကြံက ကောင်းကင်သိုင်းခုံရုံးနဲ့ ကြယ်ပျံအိမ်တော်တို့နဲ့မတူဘူး။ ဒီနှစ်တွေထဲမှာ ကောင်းကင်သိုင်းခုံရုံးနဲ့ ကြယ်ပျံအိမ်တော်က ထွန်းတောက်လာခဲ့တာ။ ဒါအပြင် သူတို့တွေက နန်းတော်ရဲ့ ပံ့ပိုးပေးမှုရှိတယ်။ နဝမဘုံကျောင်းက သူတို့ကို ဘာမှ မလုပ်နိုင်ဘူး”
စစ်ခုန်ပေချန်းက သက်ပြင်းချပြီးပြောလိုက်သည်။
“ အမှန်တကယ်ပင် နဝမဘုံကျောင်းသည် သူ့ကိုယ်သူထိန်းသိမ်းရန် ကြိုးစားခဲ့ပြီးဖြစ်သည်။သူတို့သည် ကောင်းကင်သိုင်းခုံ သို့မဟုတ် ကြယ်ပျံအိမ်တော်အကြောင်း စဉ်းစားဖို့ အချိန်မရှိပေ”
ထိုစဉ် စစ်ခုန်ပေချန်းက လက်သီးကျစ်ကျစ်ဆုပ်လိုက်ရာ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်သည် မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွား၏။ သူက ဝေ့ဝိုက်မနေပဲ ပြောလိုက်တော့သည်။
“ ဖြစ်နိုင်မယ်ဆိုရင် နဝမဘုံကျောင်းက အကူလူနဲ့ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။
မွေးဖွားဇယားချက်တို့သည် အရေးကြီးသောကြောင့် ထိုအကြောင်းကို သူအား လိုလိုလားလားပြောပြချင်သည့်သူကို ရှာတွေ့ရန်ခက်ခဲလှသည်။ ထို့ကြောင့်စစ်ခုန်ပေချန်းသည် ထိုအတွေးကို လက်လျော့ထားခဲ့တာဖြစ်၏။ သို့သော် အပေးအယူလုပ်ပြီး အတူတကွပူးပေါင်းဆောင်ရွက်ဖို့ကတော့မည်ဟု မထင်ပေ။
ပထမဆရာတော်ငါးပါးက လုကျိုးကို လှည့်ကြည့်လိုက်ကြသည်။ လုကျိုး၏တပည့်များကလည်း သူ့ကိုကြည့်လိုက်၏။
လုကျိုးအအမူအရာက အပြောင်းအလဲမရှိ သူကမေးလိုက်၏။
“ အတူပူးပေါင်းမှာလား”
“ ခင်ဗျားရဲ့ကျင့်ကြံဆင့်ကို နားလည်တယ်။ တခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့မလိုဘူး။ ဒါပေမဲ့ ချန်းပေ့ရဲ့ ပါရမီရှိတဲ့တပည့်တွေက နည်းနည်း အားနည်းနေတယ်။ ဒါအပြင်ရွှေကြာကျင့်ကြံသူတွေက နယ်ခြားသားတွေပဲ။ ဒီလိုဆိုရင် သူတို့တွေက ကျူးကျော်သူတွေအနေနဲ့ သက်မှတ်ခံရလိမ့်မယ်။ သူတို့ဒီနေရာမှာနေရင် နဝမဘုံကျောင်းက သူတို့ဘေးကင်းရေးကို အာမခံနိုင်တယ်” စစ်ခုန်ပေချန်းကပြောလိုက်၏။
ရှောင်ယွမ်အာနှင့် ခရုလေးက စစ်ခုန်ပေချန်းက သူတို့ကို အနည်းငယ်အားနည်းသည်ဟု ပြောခြင်းအကြောင်းကို ဘာမှ မခံစားရပေ။ သို့သော် ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်က အနည်းငယ်မကျေမနပ်ဖြစ်သွား၏။
ယွီရှန်းရုန်က ပြောလိုက်သည်။
ကျုပ်က အမြဲတမ်းတစ်ကိုယ်တည်းပဲနေချင်တာ။ အရင်တုန်း မရေမတွက်နိုင်အောင် သန်မာတဲ့ရန်သူတွေနဲ့ တွေ့ခဲ့တယ်။ ဒါပေမဲ့ ဘယ်သူ့အကူညီမှမလိုခဲ့ဘူး”
ယွီကျန့်ဟိုင်ကလည်း ဝင်ပြောလိုက်သည်။
“ ကျုပ်က ဂိုဏ်းသားတစ်သိန်းရှိတဲ့ ဂိုဏ်းရဲ့ ခေါင်းဆောင်ပဲ။ တခြားတစ်ယောက်ရဲ့ ကာကွယ်ပေးမှု ဘာကြောင့်လိုအပ်မှာလဲ။”
ထိုစဉ် စစ်ခုန်ပေချန်း၏ စကားအဓိပ္ပာယ်ကို ရှောင်ယွမ်အာက နောက်ဆုံး၌ သဘောပေါက်သွားသည်။ နောက်တော့သူမက အမြန်ပြောလိုက်လေ၏။
“ ရှစ်မေ့ခရုလေးနဲ့ တပည့်က ရှစ်စွင်းနောက် အမြဲတမ်းလိုက်နေမှာပါ”
“…… “
ထိုစဉ် ဆန်းကြယ်ခန်းမ၏ ပထမဆရာတော် ကျန့်ရှောက်ချင်းက ပြောလိုက်၏။
“ ဒီမိတ်ဆွေက ဓားရေးအတော်ကျွမ်းတယ်လို့ ကျူးရွှမ်ဆီကနေကြားမိတယ်။ သူနဲ့လက်ရေယှဉ်ချင်ပါတယ်။” သူကပြောလျက် ယွီရှန်းရှံကိုကြည့်လိုက်သည်။
လုကျိုးသည် ကျန်းရှောက်ချင်း၏ ရည်ရွယ်ချက်ကို သဘောပေါက်နားလည်၏။ ကျန်းရှောင်ချင်းသည် နဝမဘုံကျောင်း၏ ခွန်အားကို ပြသချင်နေတာ ဖြစ်သည်။
တကယ်တော့ နဝမဘုံကျောင်းသည် စစ်ခုန်ပေချန်းတစ်ယောက်တည်းဖြင့်လုံလောက်အောင် အစွမ်းထက်ပြီးသားဖြစ်သည်။ သို့သော်လူတစ်ယောက်သည် ဂိုဏ်း၏ အဆင့်မြင့်အဖွဲ့ဝင်များအတွက် လုံလောက်ဖို့ ဝေးနေသည်။ အဓိကဂိုဏ်း၏အရေးကြီးဆုံးခွန်အားမှာ ၎င်း၏ ပင်မတပည့်များပင် ဖြစ်သည်။ ယွီရှန်းရုန်သည် လက်ယားနေတာ အတော်ကြာပြီဖြစ်သောကြောင့် ခေါင်းညိတ်သဘောတူလိုက်သည်။
“ ရတာပေါ့ ”
စစ်ခုန်ပေချန်းက ဖိတ်ခေါ်သည့်သဏ္ဌာန် ပြုမူလိုက်သည်။
“ လူငယ်တွေက လက်ရည်ချင်း ယှဉ်တဲ့ အချိန် သူတို့ကိုယ်သူတို့ အလွန်အမင်း အပင်ပန်းမခံသင့်ဘူး။ အကိုလု ကြည့်ချင်လား”
လုကျိုးသည် အနည်းငယ်ဇဝေဇဝါ ဖြစ်သွားသည်။ ယွီရှန်းရုန်သည် ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူတစ်ယောက်သာ ဖြစ်၏။ အစောပိုင်းအဆင့် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ရာ၌ သူမည်ကဲ့သို့ ရပ်တည်နိုင်မည်နည်း။
ယွီရှန်းရုန်သည် မြင့်မြတ်နန်းဆောင်၏ တံခါးဝသို့ရောက်သောအခါ လုကျိုးကို အရိုအသေပေးလျက်ပြောလိုက်သည်။
“ စိတ်မပူပါနဲ့ ရှစ်စွင်း”
ယွီရှန်းရုန်၏ တည်ငြိမ်နေပြီး ယုံကြည်ချက်ရှိပုံကို မြင်ပြီး လုကျိုးက ပြောလိုက်၏။
“ သိပ်ကောင်းတယ် “
ခဏကြာပြီးနောက် လူတိုင်းသည် မြင့်မြတ်နန်းဆောင် အပြင်ဘက်၌ စုဝေးလာတော့သည်။ ခန်းမထဲ၌အလွန်ကျယ်ဝင်းသည့် နေရာတစ်ခုရှိ၏။ ယခုအချိန်တွင် အစောတုန်းက ဤနေရာ၌ရှန်ပေချန်းအသတ်ခံခဲ့ရတာကို သူတို့မေ့လျော့သွားပုံပေါ်သည်။
ယွီရှန်းရုန်နှင့် ကျန့်ရှောက်ချင်းက လေထဲပျံဝဲနေကာ တစ်ယောက်နှင့်တစ်ယောက် အကွာအဝေးတချို့ခြားထားလျက် တစ်ယောက်ကိုတစ်ယောက် လက်သီးဆုပ်မိုးကာ နုတ်ဆက်လိုက်သည်။ကျန့်ရှောက်ချင်းက ပြောလိုက်သည်။
“ လူကြီးမင်း မင်းက ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ယောက်ဆိုမှတော့ ပွင့်ချပ်ရှစ်လွှာအဆင့်ခွန်အားကိုပဲ သုံးပါမယ်”
“ မလိုအပ်ဘူး ။ မင်းရဲ့ပွင့်ချပ်ကိုးလွှာခွန်အားကိုသုံးရင်တောင် ရှုံးမှာပဲ”
“ ……. “
ယွီရှန်းရုန်သည် အမြဲတမ်းယုံကြည်ချက်ရှိနေ၏။
“ မင်းပြီးမှတိုက်မယ် “
ထိုစကားများပြောလိုက်ပြီးနောက် ပြိုင်ဘက်နှစ်ယောက်လုံးသည် ဓားကိုဆွဲထုတ်ကာ လှုပ်ရှားလိုက်တော့သည်။ သူတို့အလယ်တွင် ဆုံတွေ့ခိုက် ဓားများက ထိပ်တိုက်တွေ့သွားတော့သည်။
ဘန်း
သူတို့ပထမဆုံး တိုက်ခိုက်မှု၌ ချဲ့ကားမှု၊ ဝါကြွားသောစွမ်းအင်ဓားသွားများ၊ ကျင့်စဉ်များမပါရှိပေ။
ထိုစဉ် သူတို့နှစ်ယောက်လုံးက တစ်ယောက်ကို တစ်ယောက် ပြန်လှည့်ကြည့်လိုက်သည်။ အတွင်းလူသည် ကြိုးကိုသိပြီး အပြင်လူက စီးနင်းရန်အတွက်သိသည်။
“ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက်အားစမ်းနေကြတာ “
ယွီကျန့်ဟိုင်က မှတ်ချက်ချလိုက်၏။
စစ်ခုန်ပေချန်းက တစ်အံ့တဩမေးလိုက်တော့သည်။
“ မင်းကရော ဓားရေးကျွမ်းတာလား”
“ဓားအကြောင်းသိပ်မသိဘူး။ ဒါပေမဲ့ ကျုပ်က ဓားမော့ကျွမ်းတာ။ကျုပ်မြင်ပုံအရ ဓားက ကောက်လေးတွေအတွက်ပဲ။ ဓားမော့လောက်မခမ်းနားဘူး။ ယောက်ျားတွေက ပိုပြီးဝင့်ကြွားသင့်တယ်” ယွီကျန့်ဟိုင်ကပြောလိုက်သည်။
“ ……”
လုကျိုးသည် မုတ်ဆိတ်သပ်လျက် ရှေ့ကိုကြည့်ကာပြောလိုက်တော့သည်။
“ ကျုပ်ရဲ့ ဒီတပည့်က အမြဲတမ်း ဂုဏ်ယူဝင့်ကြွားတတ်တယ်။ ခင်ဗျားအသားကျသွားမှာပါ”
လူငယ်များသည် သွေးဆူလွယ်ပြီး များများစားစား မစဉ်းစားတတ်ဟုသာ စစ်ခုန်ပေချန်းခံစားမိလိုက်သည်။ သို့သော်သူတို့ရှစ်စွင်းက သူတို့၏ အပြုအမူကို အသားကျရလောက်အောင် ခွင့်ပြုထားသည်အထိ သူတို့သည် မည်သိုသော တပည့်မျိုးနည်းဆိုတာ သူသိချင်နေသည်။
ထိုစဉ် ပြိုင်ဘက်နှစ်ယောက်က လှည့်လာပြီး ထပ်မံတိုက်ခိုက်ကြပြန်၏။
အလင်းလျှက်တစ်ပြက်ပေါ် လာပြီး ရွှေရောင်စွမ်းအင်နှင့် အနီရောင်စွမ်းအင်က တိုက်မိသွားသည်။
ယွီရှန်းရုန်၏ သက်တော်ရှည်ဓားသည် အနီရောင်အလင်းမရှိတာကို လုကျိုးသတိပြုမိလိုက်၏။
ဘန်း ဘန်း ဘန်း
စွမ်းအင်ဓားရာချီသည် တိုက်မိသွားပြီးနောက် ပြိုင်ဘက်နှစ်ယောက်က နောက်ဆုတ်လိုက်ရသည်။
“ ဒါက ခြေရာမဲ့ဓားပဲ “ ယွီကျန့်ဟိုင် မှတ်ချက်ပြုသည်။
“ ကျုပ်သာ ကျုပ်ရှစ်တိရဲ့ ဒီကျင့်စဉ်ကို ဒီသိုင်းကို ရင်ဆိုင်ရမယ်ဆိုရင် သမုဒ္ဒရာရဲ့ အားနဲ့ ထောင်ချီဓား မော့ထိုးနှစ်ချက်ကိုသုံးပြီး သူ့ကိုပြန်တွန်းမှာ “
ရှောင်ယွမ်အာနဲ့ ခရုလေးက ယွီကျန့်ဟိုင်ကို အထူးတဆန်းကြည့်နေသည်။ သူတို့အအမူအရာများက ပြုံးနေသည်မှာ တာ့ရှစ်ချိုး ရှစ်ချိုးက ရန်သူတွေ လွှတ်လိုက်တဲ့ သူလျိုလား။
“ အမ်း ငါမတတ်နိုင်ဘူးလေ“
ယွီကျန့်ဟိုင်သည် ယွီရှန်းရုန်၏ ဓားသိုင်းကို အလွန်ကောင်းမွန်စွာ နားလည်သဘောပေါက်၏။ သူသည် ဒုတိယဟုဆိုလျှင် မည်သူကမှ ပထမဟု ဆိုရမှာ မဟုတ်ပေ။
စစ်ခုန်ပေချန်းကပြောလိုက်သည်။
“ ဓားအသိက ဖမ်းဆုပ်ဖို့ ခက်ခဲတယ်။ တကယ်တော့ လိုက်မှီဖို့ စွမ်းအင်ဓားမော့ရဲ့ ဒီရေလှိုင်းနဲ့ တန်ပြန်တိုက်ခိုက်တာ အကောင်းဆုံးပဲ “
ပထမဆရာတော်လေးပါးသည် ယွီကျန့်ဟိုင်၏ အဆိုကို သူတို့ဘုံကျောင်းသခင်သဘောတူသောကြောင့် ထိတ်လန့်သွားလေ၏။
ကျူးရွှမ်၏ မျက်နှာထက်တွင်လည်း မယုံနိုင်သော အအမူအရာရှိနေကာ မော့ကြည့်လိုက်၏။
ပွင့်ချပ်ကိုးလွှာကျင့်ကြံသူ ကျန့်ရှောက်ချင်းသည် ပွင့်ချပ်ရှစ်လွာကျင့်ကြံသူကို ရင်ဆိုင်
တိုက်ခိုက်ရာ၌ မနိုင်သေးသည့် အကြောင်းအရင်းကို သူအံ့ဩနေမိသည်။ယွီရှန်းရုန်သည် ယခင်ကထက်များစွာသန်မာလာကြောင်း သူပြောနိုင်ပေ၏။
ကျန်းရှောက်ချင်းက ကျူးရွှမ်နှင့် အတွေးတူသည်။
ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်သည် ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ယောက်ကို အချိန်တိုအတွင်း အနိုင်ယူသင့်သည်။ တိုက်ပွဲက ရှည်ကြာစွာ ဖြစ်ပွားနေခဲ့လျှင် သူအနိုင်ရလျှင်တောင် ဂုဏ်သိက္ခာရှိသည့် အောင်ပွဲဖြစ်မှာ မဟုတ်ပေ။ ထို့ကြောင့်သူက ကျယ်လောင်စွာပြောလိုက်၏။
“ လူကြီးမင်းဂရုစိုက်ပါ။ အနိုင်ရသူကို နောက်တစ်ကွက်မှာ ဆုံးဖြတ်ပေးပါလိမ့်မယ်”
ကျန့်ရှောက်ချင်းက ပြောပြီးနောက်သူသည် လက်နှစ်ဖက်ဖြင့်ဓားကို ကိုင်ကာ ကောင်းကင်ထဲ တက်သွားလေ၏။ သူ၏ ကနဦးချီသည် စွမ်းအင်အဖြစ်ပြောင်းလဲသွားပြီးနောက် တလက်လက် တောက်ပနေသည့် အနီရောင်စွမ်းအင်ဓားသည် သူ၏လက်ထဲ၌ ဆယ်မီတာကျော် ရှည်လာတော့သည်။ တစ်ချိန်ထဲတွင် အနီရောင်ကြာပွင့်က ပေါ်လာပြီး သူ့ခြေထောက်အောက်၌ ဖူးပွင့်လာ၏။ အနား၌ ပွင့်ချပ်ကိုးလွှာက လှည့်ပတ်နေသည်။သူက ထိန်းချုပ်မထားတော့တာ သိသာ၏။
ယွီရှန်းရုန်က မော့ကြည့်လိုက်သည်။သူက သက်တော်ရှည်ဓားကိုပြောင်းပြန်ဆုပ်ကိုင်လျက်မလှုပ်ရှားလိုက်ပေ။သူမလှုပ်ခဲ့ ။
ယွီကျန့်ဟိုင်သည် သူ့၏ ရှစ်တိကိုဇဝေဇဝါ အအမူအရာဖြင့် ကြည့်လိုက်သည်။ ယွီစီရင်စု၌ မာလုဖေးနှင့် ပြင်းထန်သော တိုက်ပွဲကို သူမှတ်မိသွားသည်။ ခဏအကြာတွင် သူယုံကြည်ချက်ရှိရှိ ပြောလိုက်၏။
“ ရှစ်တိနိုင်မှာ”
အတိအကျမသိသော်ငြား ယွီရှန်းရုန်၏ မျက်နှာပေါ်ရှိ အနိုင်ရသောအအမူအရာကို အခြေခံပြီး ယွီရှန်းရုန်အနိုင်ရမည်ဆိုတာကို သူသံသယ မရှိပေ။
စစ်ခုန်ပေချန်းသည် ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတစ်ယောက်ဖြစ်၏။ ထိုသို့တိုင် ယွီရှန်းရုန်အနိုင်ရမည့် အချက်ကို ညွှန်ပြနိုင်မည့်အရာများမတွေ့ခဲ့ရပေ။ လူငယ်တစ်ယောက်သည် ရလဒ်အကြောင်းမည်ကဲ့သို့ ယုံကြည်ချက်ရှိနေရသနည်း။
“ သေချာလား မိတ်ဆွေလေး “
“ ဒါက အာ့ရှစ်တိရဲ့ ဓားလမ်းစဉ်က အမြဲတမ်းဒီလိုပဲလေ။ ဓားလမ်းစဉ်က ဖြစ်နိုင်ခြေရှိတဲ့အရာကို မဖြစ်နိုင်အောင်လုပ်ပေးတယ်။ ပုတ်သိုးနေတဲ့အရာကို ဒဏ္ဍာရီ အဖြစ်ပြောင်းလဲပေးတယ်” ယွီကျန့်ဟိုင်က ပြောလိုက်သည်။ခဏကြာပြီးနောက်သူက ထပ်ထည့်ပြောလိုက်သည်။
“ ကျုပ်ဓားမော့ ထက်တော့ အားနည်းနေသေးတာပဲ”
ပထမဆရာတော်များ “ ……. “
ယွီကျန့်ဟိုင်၏စကားများသည် စိတ်တိုစရာကောင်းသည်။
လုကျိုးသည် မုတ်ဆိတ်သပ်လျက် လက်တစ်ဖက်နောက်ပစ်ထားကာ မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။
“ ခင်ဗျားတို့ အသားကျသွားမှာပါ “
စစ်ခုန်ပေချန်း “ ……. “
သူက သူ့ရဲ့မွေးဖွားဇယားချက်ကို အသက်သွင်းနိုင်ခဲ့တဲ့ သိုင်းပညာရှင်ရော ဟုတ်ရဲ့လား။
ထိုစဉ် လေထဲပျံဝဲနေသော ကျန့်ရှောက်ချင်းသည် ယွီကျန့်ဟိုင်၏စကားများကြားသက်ရောက်မခံရပေ။ သူ့အမြင်တွင် ယွီကျန့်ဟိုင်၏စကားသည် သူ့စိတ်ပိုင်းဆိုင်ရာကို သက်ရောက်စေဖို့ ရည်ရွယ်သည်။ သူက လက်နှစ်ဖက်ဖြင့် ဓားကိုကိုင်ထားလျက်ပြောလိုက်သည်။
“ ဆန်းကြယ်မှုအတွင်းက ဆန်းကြယ်မှုတို့၊ အံ့ဩမှုအလုံးစုံ၏ ဂိတ်တံခါးတို့ ဒါကို မင်းရှောင်နိုင်မှာ မဟုတ်ဘူး”
စွမ်းအင်ဓားက ကျရောက်လာ၏။
ပွင့်ချပ်ကိုးလွှာ ကျန်းရှောက်ချင်းသည် သူ၏ဓားကိုလွှဲချလိုက်စဉ် ယွီရှန်းရုန်သည် သူ့နား ချဉ်းကပ်လာသော အန္တရာယ်ကို ခံစားမိသည်။သူက ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ယောက်ဆိုလျှင် ရှုံးမည်ဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။ သူကပြုံးလျက်ညာလက်ကို ဆုပ်ကိုင်ထားတာ ဖြေလျော့လိုက်သည်။ သက်တော်ရှည်ဓားသည် သူ၏လက်ထဲမှ ပျံထွက်သွားပြီးနောက် သူသည် စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်၏။
ဝှစ်
ရွှေကြာမရှိသည့် စိတ်ဝိညာဉ်သဏ္ဌာန်သည် လက်ဝါးနှစ်ဖက်ပူးကပ်လျက် ပေါ်လာတော့၏။
ဘန်း
၎င်း၏လက်ဝါးကြား၌ စွမ်းအင်ဓားကိုဖမ်းလိုက်သည်။ ယွီရှန်းရုန်က ခုန်တက်ကာ သက်တော်ရှည်ဓားကို ပြန်ဆုပ်ကိုင်လိုက်သည်။သူ၏ကျန်သည့် ရွှေရောင်ပွင့်ချပ်လွှာများက သူ့နားတစ်ဝိုက် လှည့်ပတ်နေကြပြီး လျှတ်တပြတ်သောအရှိန်ဖြင့် သူ့ပြိုင်ဘက်ဆီ တိုးဝင်သွားသည်။
“ မဟုတ်ဘူး “
ကျန့်ရှောက်ချင်း၏ အအမူအရာက ရုတ်ချည်း ပြောင်းလဲသွားကာ စွမ်းအားဓားကို ပြန်ရုတ်လိုက်သည်။
သူကဓားကို ကိုင်မြှောက်ပြီးနောက် ယွီရှန်းရုန်၏ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။
မျက်စိတမှိတ်အတွင်း ယွီရှန်းရုန်က စွမ်းအင်ဓားဖြင့် ကျန့်ရှောက်ချင်းရှေ့၌ ပေါ်လာသည်။
“ ခင်ဗျားရှုံးပြီ “
ကျန်ရှိသော ရွှေရောင်ပွင့်ချပ်ရှစ်ခုသည် ကျန့်ရှောက်ချင်းကို ဖြတ်သန်းသွားလျက် ယွီရှန်းရုန်ဆီ ရောက်လာသည်။
နောက်ဆုံးသော ရွှေရောင်ပွင့်ချပ်သည် မပျောက်ကွယ်ခင် နှစ်ခြမ်းကွဲသွားလေ၏။
…
အခန်း (၇၅၂) အမြင့်မားဆုံး ဓားလမ်းစဥ်
တိုက်ပွဲက အားလုံးထင်ထားသလိုမျိုး မပြင်းထန်လိုက်ပေ။ ရလဒ်က အကြိမ်ရေအနည်းငယ် ပြီးသည့်နောက်တွင် ဆုံးဖြတ်ပြီးသား ဖြစ်သွားလေသည်။
ပွင့်ချပ်လွှာနှင့်တူသည့် စွမ်းအင်ဓားများက ကျန့်ရှောက်ချင်း၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားကြသည်။ အကယ်၍ သူတို့သာ လက်မဝက်လောက် နီးကပ်သွားပါက သူသည် ဒဏ်ရာရရှိသွားနိုင်သည်။ သူက ထိုရလဒ်နှင့် ပတ်သက်ပြီး လက်ခံနိုင်ဖို့ အခက်တွေ့နေ၏။
သူ့လို ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက်က ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူထံ ရှုံးနိမ့်သွားရခြင်းကို စိတ်ခုနေဟန်ပေါ်သည်။ ထိုအရာမှလွဲ၍ သူသည် သူ့အနေဖြင့် တစ်ဖက်လူတွင် ရွှေကြာကင်းမဲ့နေသည့်အချက်ကို နားမလည်ပေ။ မည်သို့ပင်ဆိုစေကာမူ ဤသည်က သူ့အတွက် အရှက်ရမှု ဖြစ်၏။ အကယ်၍ သူ့နေရာတွင် တခြားတစ်ယောက်သာဆိုပါက သူတို့သည် ထိုရလဒ်ကို လက်ခံနိုင်ကြမည် မဟုတ်ပေ။ ထို့ကြောင့် သူက ပြောလိုက်သည်။
" နောက်တစ်ခေါက် "
အသက်ရှည်ဓားက ဓားအိမ်အတွင်း ပြန်လည်ရောက်ရှိသွားသည်။
ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်၏။
” ကျုပ်က လက်ရည်စမ်းရတာနဲ့ အသားမကျဘူး။ တကယ်လို့ တကယ့်တိုက်ပွဲမှာဆိုရင် ခင်ဗျားက ကျုပ်ဓားအောက်မှာ အသက်ပျောက်သွားလောက်ပြီ။ နောက်ထပ် ဘာလို့ တိုက်နေဖို့လိုဦးမှာလဲ "
" မင်း... ငါ ဂရုမစိုက်ဘူး။ ငါ ထပ်ပြီးတော့ တိုက်ချင်တယ်” ကျန့်ရှောက်ချင်း၏ ဓားက တုန်ခါနေ၏။
ယွီရှန်းရုန်က ကျန့်ရှောက်ချင်းအား လျစ်လျူရှုထားပြီး တခြားသူများဆီ ပြန်သွားလိုက်သည်။ ရလဒ်က သိသာနေပြီဖြစ်ရာ ဆက်လက်တိုက်ခိုက်နေ၍ အဓိပ္ပာယ်မရှိပေ။
ယွီရှန်းရုန်၏ မထူးမခြားနား သဘောထားက ကျန့်ရှောက်ချင်းအား ဒေါသထွက်သွားစေသည်။ မျက်စိတစ်မှိတ်အတွင်း စွမ်းအင်ဓားထောင်ချီက သူ့အနားတွင် ပေါ်ထွက်လာပြီး ယွီရှန်းရုန်၏ ကျောဆီ တိုးဝင်သွားသည်။
" ရဲတင်းလိုက်တာ " စစ်ခုန်ပေချန်းက လက်ဝေ့လိုက်၏။ ထိုစဥ် လေဟုန်တစ်ချက် ထွက်ပေါ်လာပြီး စွမ်းအင်ဓားများကို ပျောက်ကွယ်သွားစေကာ ကျန့်ရှောက်ချင်းအား လွင့်ထွက်သွားစေသည်။
ကျန့်ရှောက်ချင်းက လေထဲ ကျွမ်းအနည်းငယ် ထိုးလိုက်ပြီးသည့်နောက်တွင် ပြန်ရပ်နိုင်သွားသည်။ ခဏအကြာတွင် သူ့မျက်နှာထက်တွင် ကြောက်လန့်သည့် အမူအရာမျိုး ပေါ်ထွက်လာ၏။ သူ့ကျောင်းထိုင်ဆရာတော်၏ လှုပ်ရှားမှုက ရေအေးအေးနှင့် လောင်းချလိုက်သလိုမျိုး ဖြစ်၏။ နောက်ဆုံးတွင် သူက အသိပြန်ဝင်လာခဲ့သည်။
ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက် အနေဖြင့် ဤသို့ တုံးအသည့် အမှားမျိုးကို အဘယ်ကြောင့် လုပ်ခဲ့သနည်း။
သူက အလျင်စလို ပြောလိုက်သည်။
” ကျောင်းထိုင် ကျွန်တော်ကို ခွင့်လွှတ်ပေးပါ "
သူက သူ့အပြုအမူကို ရှင်းပြဖို့ စကားလုံးများကို ရှာဖွေဖို့ ကြိုးစားနေသည်။
ဆရာတော် ၅ ပါးက မငယ်တော့ပေ။ သူတို့ထဲက တစ်ယောက်က သူ့ရှုံးနိမ့်ခြင်းအပေါ် ကလေးတစ်ယောက်လို ပြုမူသည်မှာ မဖြစ်သင့်ပေ။ ကျန့်ရှောက်ချင်းက ရှုံးနိမ့်မှုကို ဝန်ခံလိုက်လျှင် ကိစ္စ ကြီးကြီးမားမား ဖြစ်မည် မဟုတ်ပေ။ ယခု သူ့အပြုအမူဖြင့် သူသည် တိုက်ပွဲကို ရှုံးနိမ့်ရုံသာမက သူ့ဂုဏ်သိက္ခာလည်း ဆုံးရှုံးသွားရသည်။
ထိုသို့ပြောပြီးသည့်နောက်တွင် သူတို့၏ အသက်အရွယ်က မည်သို့ပင်ဖြစ်စေကာမူ လုကျိုးနှင့် စစ်ခုန်ပေချန်း၏ ရှေ့တွင် သူတို့က လူငယ်များနှင့် မကွာခြားပေ။
" မင်းကို တစ်လတာ အပြင်ထွက်ခွင့် ပိတ်ပင်တယ်။ မင်းအမှားကို သေချာသုံးသပ်ချည် "
စစ်ခုန်ပေချန်းက တည်ငြိမ်စွာ ပြောလိုက်သော်လည်း ခက်ထန်မှု မနည်းပါပေ။
လုကျိုးက ပြောလိုက်သည်။
" အနိုင်အရှုံးဆိုတာက စစ်သားတစ်ယောက် ဘဝရဲ့ အစိတ်အပိုင်းပဲ။ လူငယ်တွေက ယှဥ်ပြိုင်လိုစိတ် ရှိတာ ကောင်းတယ်။ သူတို့က အဲဒါကနေ တိုးတက်လာနိုင်တယ်။ ဒါပေမဲ့ အနိုင်လိုချင်တဲ့ စိတ်ဆန္ဒနဲ့ မျက်ကန်းဖြစ်သွားလို့ မရဘူး”
စစ်ခုန်ပေချန်းက ခေါင်းညိတ်ကာ " ဟုတ်တယ်။ မင်းက အစ်ကိုလုကို ကျေးဇူးမတင်သေးဘူးလား”
" လောင်ချန်းပေ့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျုပ် ကိုယ့်ဘာသာကိုယ် ရှက်မိပါတယ်”
ကျန့်ရှောက်ချင်းက အမှန်တကယ် ရှက်ရွံ့နေမိသည်။ သူက ပြန်ဆင်းသက်လာစဥ် စိတ်ခံစားချက် များပြားမှုကြောင့် အနည်းငယ် တုန်တုန်ယင်ယင် ဖြစ်နေလေ၏။
ယွီရှန်းရုန်၏ အကြည့်က မထူးမခြားနား ကျန်ရှိနေသည်။ သူက ဝေဟင်ကို မော့ကြည့်ရင်း ပြောလိုက်သည်။
" ဓားလမ်းစဥ်မှာ အဆင့်လေးခု ရှိတယ်။ သာမန်လူတွေရဲ့ ဓားက ဘယ်သူမဆို အသုံးပြုနိုင်တယ်။ အရှင်သခင်ရဲ့ ဓားက ရဲရင့်မှုနဲ့ ဆုံးဖြတ်ပေးတယ်။ ကောင်းကင်ဘုံသားတော်ရဲ့ ဓားကတော့ ကုန်းမြေကို ချိုးနှိမ်ပြီး လွှမ်းမိုးနိုင်တယ်။ နောက်ဆုံးအဆင့်ဖြစ်တဲ့ ဖန်ဆင်းခြင်းဓားက ဓားမဲ့လမ်းစဥ်တစ်ခုပဲ...
ခင်ဗျားရဲ့ ဓားချက်တွေက အားပြင်းပေမဲ့ ခင်ဗျားက တစ်ဖက်လူကို လျှော့တွက်တယ်။ တကယ်လို့ ကျုပ်သာ မမှားဘူးဆိုရင် ခင်ဗျားက ဘဝမှာ သေခြင်းရှင်ခြင်း အတွေ့အကြုံ အမျာကြီး ကျော်ဖြတ်ဖူးမှာ မဟုတ်ဘူး”
ကျန့်ရှောက်ချင်း၏ အဖြေကို မစောင့်ဘဲ သူက ဆက်ပြောလိုက်သည်။
” ခင်ဗျားရဲ့ ဓားချက်က သေခြင်းရှင်ခြင်း နားလည်နိုင်စွမ်း လစ်ဟာနေတယ်။ အဲဒီအရာက သတ်ဖြတ်ငွေ့ လစ်ဟာနေတယ်”
ဓားသွားပေါ်တွင် နေထိုင်ခဲ့သည့် ပညာရှင်များကသာ ဓားချက်တစ်ချက်ချင်းစီ၏ အင်အားကို နားလည်နိုင်လိမ့်မည်။
ထိုစကားများကို နားထောင်ပြီးသည့်နောက်တွင် ကျန့်ရှောက်ချင်းက သဘောပေါက်သွား၏။ သူက လက်နှစ်ဖက်ယှက်လိုက်ပြီးနောက် ပြောလိုက်သည်။
” ကျုပ် ဉာဏ်အလင်းပွင့်သွားပါပြီ "
သူက သေခြင်းရှင်ခြင်း အတွေ့အကြုံများစွာ မရှိသည်မှာ အမှန်ပင် ဖြစ်၏။ လက်ရှိ နဝမမြောက်ဘုံကျောင်း၏ ဆရာတော်တစ်ပါးအနေနှင့် သူသည် ဆန်းကြယ်ခန်းမကို တာဝန်ယူထားပြီး အပြင်ထွက်ခဲသည်။
ယွီရှန်းရုန်က ဘာမှဆက်မပြောတော့ပေ။
ထိုစဥ် စစ်ခုန်ပေချန်းက ထိုရှင်းပြချက်သည် စိတ်ဝင်စားဖို့ကောင်းသည်ဟု ထင်မိကာ ပြောလိုက်၏။
" ဓားလမ်းစဥ်ကို လေးဆင့်ခွဲထားတယ်ဆိုတာကို ပထမဆုံးကြားဖူးတာပဲ။ လူငယ်လေး မင်း ဓားအဆင့်က ဘယ်အဆင့်လဲ”
ယွီရှန်းရုန်က ပြန်ဖြေလိုက်သည်။
” ကျုပ်ရဲ့ ဓားလမ်းစဥ်က ဒုတိယအဆင့်မှာပါ။ ကျုပ်က ပြိုင်ဆိုင်မှုနဲ့ ရဲရင့်မှုကို သဘောကျတယ်။ ကျုပ်က ကျုပ်ဘာသာကိုယ် ချုပ်နှောင်ထားမိတော့ နောက်တစ်ဆင့် တက်လှမ်းနိုင်ပါ့မလား မသိဘူး”
လုကျိုးက ယွီရှန်းရုန်အား အမူအရာ အပြောင်းအလဲမရှိ ကြည့်လိုက်သည်။ သူက ခွေးအိုကြီးလို တည်ငြိမ်နေရင်း သူ့ဘာသာသူတွေးလိုက်မိ၏။
ငါ ဒါကို ဆက်တိုက်လုပ်ခဲ့တာဆိုတော့ ကြည့်ရတာ ဒီပုံစံအတိုင်းပဲ သွားရုံကလွဲပြီးတော့ ရွေးချယ်စရာမရှိတော့မဲ့ပုံပဲ...
စစ်ခုန်ပေချန်းက ခေါင်းညိတ်ကာ မေးလိုက်သည်။
” မင်းရဲ့ ဓားလမ်းစဥ်က ကျန့်ရှောက်ချင်းထက် သာလွန်နေတာတောင် ဒုတိယအဆင့်တဲ့လား "
ယွီရှန်းရုန်က ခေါင်းညိတ်လိုက်၏။ ”ဓားလမ်းစဥ်က အဆုံးသတ်ဆိုတာ မရှိပါဘူး”
ထိုစဥ် နေဝင်သွားပြီး ညလေညှင်းက တိုက်ခိုက်လာသည်။
ငြိမ်းချမ်းရေးခန်းမ၏ ဆရာတော် ယောင်ချင်းချွမ်က ဦးညွတ်ပြီး ပြောလိုက်၏။
” ကျောင်းထိုင်ဆရာ ကျွန်တော် တာအိုသွေးကြောကို ပြင်ဆင်ထားပြီးတော့ သန့်ရှင်းထားပါတယ်”
" မလိုဘူး " စစ်ခုန်ပေချန်းက လက်မြှောက်လိုက်၏။
" ကျောင်းထိုင် "
စစ်ခုန်ပေချန်းက မြေပြင်မှ ပျံသန်းလိုက်သည်။ ထို့နောက် ပွင့်ချပ်ဆယ်လွှာ ကြာပန်းက ပွင့်လန်းလာ၏။
ဝေဟင်ရှိ သားရဲများက အရသာရှိသည့် အစာကို မြင်လိုက်သည့်အလား ရုတ်ရုတ်သဲသဲ ဖြစ်လာကြသည်။ အားလုံးက ရှေ့တိုးလာကြ၏။
နဝမမြောက်ဘုံကျောင်း၏ အဖွဲ့သားများက စစ်ခုန်ပေချန်း၏ ဘေးကင်းမှုကို မစိုးရိမ်ကြပေ။ ပြောရလျှင် သူတို့၏ ဆရာတော်က သားရဲများ၏ အာရုံစိုက်မှုကို တမင်ဖမ်းယူလိုက်ခြင်း ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ သားရဲများ၏ အရေအတွက်က သူတို့၏ ထင်မြင်ချက်ထက် ကျော်လွန်နေသည်။ သူတို့က ကောင်းကင်ကို အုပ်မိုးလုမတတ် ဖြစ်နေလေ၏။
သားရဲများအတွက် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူသည် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူထက် ပိုမိုအရသာရှိလေသည်။ စစ်ခုန်ပေချန်းက ဆွဲဆောင်နိုင်သည့် သားရည်ကျစရာ သားကောင်ဖြစ်၏။
သားရဲများက စစ်ခုန်ပေချန်းဆီ ရောက်ရှိလာတော့မည့်ဆဲဆဲတွင် သူက လက်နှစ်ချောင်းကို မြှောက်လိုက်သည်။ ထို့စဥ် သူ့လက်ချောင်းကြားမှ စွမ်းအင်ဓား ဖွဲ့စည်းလာ၏။ မျက်စိတစ်မှိတ်အတွင်း စွမ်းအင်ဓားများစွာက နှင်းခဲသို့ ကျဆင်းလာကာ သားရဲများ၏ ခန္ဓာကိုယ်ကို ထိုးစိုက်သွားကြသည်။
သူတို့ ကျဆင်းလာသည့်အမြန်နှုန်းက မြန်လည်းမမြန်သလို နှေးလည်းမနှေးကွေးပေ။
လုကျိုးက စစ်ခုန်ပေချန်း၏ စွမ်းအင်ဓားသည် သိသိသာသာ နှေးထားကြောင်း ခံစားမိလိုက်၏။ သားရဲများ ပျံသန်းသည့် အမြန်နှုန်းနှင့် ဓားကျဆင်းသည့် အချိန်ကိုက်သည်မှာ ဓားအပေါ် တိကျသည့် ထိန်းချုပ်မှုကြောင့် ဖြစ်ဟန်ပေါ်သည်။
တခြားသူများကလည်း မြင်ကွင်းကြောင့် အံ့အားသင့်နေကြသည်။
ယွီရှန်းရုန်ပင် မနေနိုင်ဘဲ ပြောလိုက်၏။
” ဒါက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူရဲ့ ဓားလမ်းစဥ်လား "
စစ်ခုန်ပေချန်းက ပြောလိုက်သည်” မင်းအမြင်မှာ ငါ့ဓားလမ်းစဥ်က ဘယ်အဆင့်လဲ "
ယွီရှန်းရုန်က ချီးကျူးမှုကို ကပ်ဝေးမနည်းပေ။
” ကောင်းကင်ဘုံသားတော် ဓားအဆင့်ပါ "
ကမ္ဘာပေါ်တွင် ယွီရှန်းရုန်၏ ချီးကျူးမှုကို ရရှိသည့်သူများစွာ မရှိပေ။
စစ်ခုန်ပေချန်းက ပတ်ဝန်းကျင်မှ ကနဦးချီကို ဖွဲ့စည်းလိုက်ပြီး လက်နက်အသုံးမပြုဘဲ စွမ်းအင်အဖြစ် ပြောင်းလဲလိုက်သည်။ သို့သော် သူ့လက်နှစ်ချောင်းဖြင့်သာ ဖြစ်၏။ ထိုအပြုအမူတစ်ခုတည်းက ကမ္ဘာကြီးကို ဖိနှိပ်ဖို့ရာ လုံလောက်နေလေပြီ။ သူက ညာဘက်လက်ကို မြှောက်လိုက်ရင်း မေးလိုက်သည်။
" ငါက ဖန်ဆင်းခြင်းဓားအဆင့်မှာ ရှိသင့်တာ မဟုတ်ဘူးလား "
စစ်ခုန်ပေချန်းက နဝမမြောက်ဘုံကျောင်း၏ ကျောင်းထိုင် ဖြစ်၏။ သူက ပြိုင်ဘက်ကင်းသည်ဟု အမြဲလိုလို ချီးကျူးခံခဲ့ရသည်။ သူ့အနေဖြင့် သူ့ဓားလမ်းစဥ်သည် အမြင့်ဆုံးအဆင့် ဖြစ်မည်ဟု ထင်ထားခဲ့သည်မှာ သဘာဝကျ၏။ ယွီရှန်းရုန်က သူ့ဓားလမ်းစဥ်သည် တတိယအဆင့်သာ ရှိသေးကြောင်း ပြောသည့်အခါ မည်သို့ စိတ်မရှုပ်ထွေးဘဲ နေမည်နည်း။
လေဟုန်က ပိုပြင်းလာပြီး အော်သံများက ပိုကျယ်လောင်လာသည်။ မည်သို့ပင်ဆိုစေကာမူ ထိုအရာက သူတို့၏ စကားဝိုင်းအပေါ် သက်ရောက်မှု မရှိပေ။
ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်၏” ဓားမဲ့လမ်းစဥ်မှာ အားလုံးကို ဓားအဖြစ် အသုံးပြုနိုင်တယ်။ လက်ချောင်းတစ်ချောင်းနဲ့တောင် အသုံးပြုနိုင်တယ်”
လက်နက်မပါရှိဘဲ စွမ်းအင်ဓားကို ဖွဲ့စည်းဖို့ ခက်ခဲလှသည်။ အကယ်၍ ဘာမှအသုံးမပြုရပါက ပိုမိုခက်ခဲလိမ့်မည်။
စစ်ခုန်ပေချန်းက ခေါင်းညိတ်လိုက်၏။ သူက ထိုအရာသည် အကျိုးအကြောင်းသင့်သည်ဟု ထင်မိသည်။
" ကနဦးချီကို ခန္ဓာကိုယ်ထဲ ထည့်သွင်းပြီး ပြန်လည်ဖွဲ့စည်းပြီးတော့ ကျင့်ကြံရေးလမ်းစဥ်ကို အစပြုခဲ့တယ်။ ကနဦးချီက ပစ္စည်းတစ်ခုပဲ။ အဲ့လိုဆိုရင် ကမ္ဘာမှာ ဘယ်သူကမှ ဓားမဲ့လမ်းစဥ်ကို ရောက်ရှိနိုင်မှာ မဟုတ်ဘူး။ အစ်ကိုလု... "
စစ်ခုန်ပေချန်းက လုကျိုးဆီ ကြည့်လိုက်သည့်အချိန် လုကျိုးက တောက်ပနေသည့် မျက်လုံးများဖြင့် ဗလာလေဟာနယ်ကို စိုက်ကြည့်နေ၏။
ဆရာတော် ၅ပါး၊ ရှားချန်ချိုးနှင့် ထျန်းပုကျိတို့က စစ်ခုန်ပေချန်း၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်ကြသည်။
လုကျိုးက မုတ်ဆိတ်မသပ်နေတော့ဘဲ သူ့လက်တစ်ဖက်က ကျောနောက်ပစ်ထားကာ ကျန်လက်တစ်ဖက်ကမူ သူ့ရှေ့တွင် ရှိ၏။ သူက ရပ်တန့်နေဟန်ပေါ်သည်။
" ရှစ်စွင်း " ရှောင်ယွမ်အာက တစ်စုံတစ်ခု လွဲမှားနေကြောင်း သတိထားမိ၍ သူမ၏ ဆရာဖြစ်သူနား ချဉ်းကပ်လာကာ ဝတ်ရုံကို အသာဆွဲလိုက်သည်။
သို့သော်လည်း လုကျိုးက ရှောင်ယွမ်အာကို တုံ့ပြန်မလာပေ။
ရှောင်ယွမ်အာက လုကျိုး၏ ဝတ်ရုံကို ဆွဲရဲသည့် တစ်ဦးတည်းသော သတ္တိရှိသူဟု ပြောလို့ ရပေသည်။ သူမက အနည်းငယ် အရပ်ပုနေ၍ သူ့ရှေ့တွင် ရပ်ရင်း အနည်းငယ် ခုန်ကာ ခေါ်လိုက်၏။
” ရှစ်စွင်း "
ဝေဟင်ရှိ သားရဲများက နီးကပ်လာသည်။
ယောင်ချင်းချွမ်က ပြောလိုက်၏။
” ကျွန်တော် တာအိုသွေးကြောကို သွားပြီးတော့ အသက်သွင်းလိုက်မယ် "
စစ်ခုန်ပေချန်းက လေထုထဲမှ သားရဲများကို ခက်ထန်သည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ဖြည်းဖြည်းချင်းဆင်းသက်လာ၏။
" ညီအစ်ကိုလု " စစ်ခုန်ပေချန်းက ခေါ်လိုက်သည်။
" တင်း … တည်ငြိမ်မှု အနှောင့်အယှက်အမည်ရှိ ဓားလမ်းစဥ်အသစ်ကို နားလည်ခဲ့ပါပြီ "
…
အခန်း (၇၅၃) ပွင့်ချပ်ကိုးလွှာ ယွီကျန့်ဟိုင်
စာအုပ်များမှ သင်ယူခြင်း သို့မဟုတ် ဓားရေးလေ့ကျင့်ခြင်းမှ မည်သည့်ကောင်းကျိုး ရနိုင်မည်နည်း။ နယ်စပ်ရှိ ရဲရင့်သော စစ်သည်တော်များနှင့် ဘယ်တော့မှ ယှဉ်နိုင်မှာ မဟုတ်ပေ။ နယ်စပ်တွင် စစ်မီးလျှံတို့ ရုတ်တရက် ပေါ်ပေါက်လာချိန်တွင် ပညာတော်သင်သားများအနက် မည်သူကများ နှောင့်ယက်သူများကို သွားရောက်ချေမှုန်းရဲမည်နည်း။
ဝေဟင်ထဲရှိသားရဲများ ချဉ်းကပ်လို့သည့်အချိန်တွင် သူတို့သည် မြင့်မြတ်နန်းတော်ဘေး၌ လေဓာတ်တို့က ဓားအဖြစ်ပြောင်းလဲသွားတာကို တွေ့လိုက်ရသည်။ ခဏအတွင်း၌ ရေခဲဓားသွားတို့သည် သူတို့အသားကို ဖြတ်တောက်လျက် အရိုးထိအောင် ထိုးစိုက်သွားကြသည်။
ကျန်သည့်သူများသည် ယင်းကိုမြင်သောအခါ ထိတ်လန့်သွား၏။
“ဘာတွေဖြစ်နေတာလဲ”
မထွက်ခွာရသေးသော ယောင်ချင်းချွမ်သည် လေဓားကြောင့် သားရဲများ အသတ်ခံလိုက်ရတာကို မြင်ချိန်၌ အထိတ်တလန့် ထုတ်ပြောမိသွားသည်။
သားရဲများသည် ကောင်းကင်ပေါ်မှ တစ်ကောင်ပြီးတစ်ကောင် ကျလာတော့သည်။
လေပြင်းများက ဆက်လက်တိုက်ခတ်နေပြီး လေဓားတို့သည် အမျက်ဒေါသထွက်နေကြ၏။ သူတို့သည် သားရဲများကို နောက်သို့တွန်းပို့သော ဒီရေလှိုင်းပမာဖြစ်နေတာကို ကျန်သည့်သူများ နားမလည်ကောင်း နားမလည်နိုင်သော်ငြား စစ်ခုန်ပေချန်းက မည်ကဲ့သို့ မသိဘဲနေမည်နည်း။ လုကျိုးကို စိုက်ကြည့်နေစဉ်က သူကမျက်မှောင်ကြုတ်ထားမိ၏။ လုကျိုးနားတွင် လေပြင်းများကို ဖြစ်ပေါ်စေသော စွမ်းအင်ဖျော့ဖျော့ကို မြင်တွေ့နိုင်ပြီး သူကနဉီးချီ ထိန်းချုပ်နေတာကို မြင်ရသည်။ ယင်းသည် ခက်ခဲသောလုပ်ရပ်ဆိုတာ သိုင်းပညာရှင်ကြီးတစ်ယောက်သာလျှင် သိနိုင်သည်။ သူသည် လုကျိုးဘက်လှည့်လျက် ချက်ချင်းပင် လက်သီးဆုပ်မိုးကာ ပြောလိုက်တော့သည်။
“ဖန်တီးရာအားလုံးကို ဓားတစ်လက်အနေနဲ့ သုံးလို့ရတယ်၊ ဓားမဲ့လမ်းစဉ်၊ ကျုပ် ဉာဏ်အလင်းပွင့်သွားပါပြီ”
ထိုစကားများပြောလိုက်ရာ ပထမဆရာတော်ငါးပါးသည် နောက်ဆုံး၌ နားလည်သဘောပေါက်သွားတော့သည်။
“သိပြီ၊ လောင်ချန်ပေ့က လှုပ်ရှားလိုက်တာကိုး”
ယွီရှန်းရုန်သည် သူ၏ရှစ်စွင်းက ဓားသိုင်းအလွန်ကျွမ်းကျင်ပြီးသားမှန်း သိထား၏။ သို့သော်ငြား ဤဆောင်ရွက်ချက်သည် သူ့ကို ထိတ်လန့်စေသည်။
ဓားအကြောင်း သိပ်မသိသည့် ယွီကျန့်ဟိုင်ကတောင် ၎င်းသည် အံ့ဩဖွယ်ကောင်းသည့် ဆောင်ရွက်ချက်ဆိုတာ သိနေ၏။
“အံ့ဩစရာပဲ၊ တကယ်အံ့ဩစရာပဲ”
ကောင်းကင်နှင့် ရေသားရဲများသည် နောက်ဆုံး၌ ကြောက်ရွံ့သွားပုံပေါ်ကာ နဝမဘုံကျောင်းဆီကနေ လျင်မြန်စွာ ထွက်ပြေးကုန်၏။
ကောင်းကင်သည် ၎င်း၏တိတ်ဆိတ်မှု ပြန်လည်ရရှိသွားသည်နှင့် လူတိုင်းက ထိတ်လန့်နေသေးဆဲ ဖြစ်သည်။ ထိုစဉ် လုကျိုးသည် နောက်ဆုံး၌ သတိပြန်ထိန်းလိုက်နိုင်၏။ ဒါက ဓားလမ်းစဉ်အသစ်။ တည်ငြိမ်မှုအနှောင့်အယှက်လား။
လုကျိုးသည် သူရုတ်တရက် မတုံ့ပြန်နိုင်ရသည့် အကြောင်းအရင်းကို မသိပေ။ သူအိပ်ငွေ့ချခံနေရစဉ် သူသည်ဓားလမ်းစဉ်၏ အံ့ဩဖွယ်ရာများကို လျင်မြန်စွာ သဘောပေါက်သွား၏။ သူ၏စိတ်က နောက်ကျိနေစဉ် ဖန်တီးမှုရာအားလုံး တစ်ခုတည်းဖြစ်လာသည်ဟု ခံစားလိုက်ရ၏။ လေကိုယ်တိုင်က ကနဦးချီနှင့် လက်နက်တစ်ခုဖြစ်နေသည်။
စစ်ခုန်ပေချန်းက ပြောလိုက်၏။
“ညီအစ်ကိုလု ခင်ဗျားက ဓားမဲ့လမ်းစဉ်ကို ကျွမ်းကျင်တာပဲ၊ တစ်မိုးအောက်မှာ ညီအစ်ကို့လို အံ့ဩဖွယ်ကောင်းတဲ့အဆင့်ကို အောင်မြင်နိုင်တဲ့လူ ဒုတိယလူ မရှိလောက်ဘူးနဲ့ တူတယ်”
လုကျိုးသည် သူ့ဘာသာသူ မှတ်ချက်ပြုလိုက်၏။
နောင်ကျ ငါအိပ်မွေ့ချခြင်း အခြေအနေထဲထပ်မရောက်ခင် ငါ့ကိုယ်ပိုင်ဘေးကင်းရေးကို အရင်ဆုံးသေချာအောင်လုပ်ရမယ်။
ထိုသို့ပြောပြီးနောက် စစ်ခုန်ပေချန်းကို သူပြန်ပြောလိုက်သည်။
“ဒါဘာမှ မဟုတ်ပါဘူး”
စစ်ခုန်ပေချန်းက ပြောလိုက်၏။
“ညီအစ်ကိုလု တစ်ယောက်ရဲ့ အရည်အချင်းကို တစ်ယောက် အသိအမှတ်ပြုပြီးပြီဆိုတော့ မြင့်မြတ်နန်းတော်ထဲမှာ နေပါတော့လား၊ ဓားအကြောင်း သေရည်သောက်ရင်း အချိန်ကုန်ရင် မကောင်းဘူးလား”
“ကျုပ် လုပ်စရာကိစ္စတွေ ရှိသေးတယ်၊ နောက်တစ်ခေါက်မှ ဓားအကြောင်း ဆွေးနွေးကြတာပေါ့”
စစ်ခုန်ပေချန်းက စိတ်ပျက်သွားပုံပေါ်၏။ သူက
“ဒီလိုဆိုရင်တော့ နေဖို့ ဖိအားမပေးတော့ပါဘူး၊ ဒါပေမဲ့ အခုနောက်ကျနေပြီ၊ တောထဲမှာ သားရဲတွေ အများကြီးရှိတယ်၊ မနက်ဖြန်မှ သွားရင်အကောင်းဆုံးပဲ၊ ဒီည ကျုပ်နဲ့ စကားပြောရင်ရော ဘယ်လိုလဲ”
“…”
ဒီသက်ကြားအိုကြီးက တဏှာရူးလား၊ လုကျိုးက ခေါင်းထပ်ခါလိုက်၏။
“နဝမဘုံကျောင်းက အဆင်ပြေပါတယ်၊ ဒါပေမဲ့ မိုးမခတစ်ထောင်ဘုရားကျောင်းက ဘုရားကျောင်းကို ပိုသဘောကျသေးတယ်၊ သားရဲတွေက ကျုပ်ကို မခြိမ်းခြောက်နိုင်ပါဘူး”
စစ်ခုန်ပေချန်းသည် ထိုစကားများကို ကြားသောအခါ စိတ်ပျက်သွားလေ၏။ ဧရာမသားရဲတစ်ကောင် ပေါ်လာပေလျှင် မွေးဖွားဇယားချပ်ကို နိုးထစေနိုင်သော ကျင့်ကြံသူတစ်ယောက်သည် ၎င်းကို ဖြေရှင်းနိုင်မည်ဖြစ်ရာ ကျန်သည့်သားရဲများဆို ပြောရန် မလိုအပ်တော့ပေ။
“နှမြောစရာပဲ”
လုကျိုးသည် လက်ဝှေ့ယမ်းလျက်ပြောလိုက်သည်။
“မိုးမခတစ်ထောင် ဘုရားကျောင်းမှာပဲ တည်းပါဦးမယ်၊ နှုတ်ဆက်ပါတယ်”
စစ်ခုန်ပေချန်းက လက်သီးဆုပ်မိုးလိုက်သည်။
“လိုအပ်တာရှိရင် စာပို့လိုက်ပါ ညီအစ်ကိုလု၊ ခင်ဗျားပို့တဲ့စာတွေကို ကိုယ်တိုင်လက်ခံပါ့မယ်”
လုကျိုးသည် အချိန်ဆွဲမနေတော့ပဲ မြင့်မြတ်နန်းတော်ထဲမှ ထွက်သွားလေ၏။
ကျန်သည့်သူများကလည်း လက်သီးဆုပ်မိုး နှုတ်ဆက်ပြီးနောက် လုကျိုးနောက် လိုက်သွားကာ ရထားလုံးပျံ ရပ်ထားရာ နေရာဆီသို့ သွားလိုက်သည်။
ပထမဆရာတော်ငါးပါးသည်လည်း သူတို့ကို လိုက်ပို့ရင်း ပျံသန်းလာလေ၏။
သူတို့ထွက်သွားပြီးနောက် ကျူးရွှမ်သည် ယိုင်နဲ့နေကာ မြေပြင်ပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်မိ၏။ သူ့ကျော၌ ချွေးစေးများပျံနေသည်။
ကျူးရွှမ် အင်မတန် ကြောက်ရွံ့နေမှန်း စစ်ခုန်ပေချန်းသိသည်။ ထိုအကြောင်းအရင်းကြောင့် ကျူးရွှမ်သည် ကျန်သည့်သူများနောက် မလိုက်ခဲ့တာပဲ ဖြစ်သည်။ သူက လက်ဝှေ့ယမ်းလျက် ကျူးရွှမ်ကို အခဲမကြေစွာ ကြည့်ပြီးပြောလိုက်လေ၏။
“မင်းရဲ့ အသက်ကို လေးထောင့်သေတ္တာက ကယ်လိုက်တာ၊ ဒီနေ့ကိစ္စကို အပြစ်မတင်တော့ဘူး၊ တခြားတစ်ယောက်သာ ဖြစ်ခဲ့ရင် ရလာဒ်က ကွဲသွားလိမ့်မယ်”
ထိုစကားကို ကြားသောအခါ ကျူးရွှမ်သည် အမြန်ကန်တော့လျက် ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ် ဘုံကျောင်းသခင်၊ သက်ညှာပေးတာ ကျေးဇူးတင်ပါတယ်”
“ မင်းအတွက်မင်း နောက်ထပ် လက်နက်တစ်ခုသွားရွေးလိုက်”
“နားလည်ပါပြီ”
ကျူးရွှမ်သည် မြင့်မြတ်နန်းတော်ထဲမှ တလေးတစား ထွက်သွားလေ၏။
စစ်ခုန်ပေချန်းသည် ကျူးရွှမ်ထွက်သွားတာကို ကြည့်ပြီး စိတ်ထဲသက်ပြင်းချလိုက်သည်။ နဝမဘုံကျောင်း၌ ဆက်ခံသူများ ရှာဖွေရန် ပြဿနာများနေ၏။ သူကူကယ်ရာမဲ့မှုကို ခံစားရသည်။ ခန်းမထဲသို့ ပြန်လာပြီး ကျောမတ်မတ်ထိုင်ကာ အတွေးနစ်နေပုံပေါ်၏။ နာရီပေါင်းများစွာ ကြာမြင့်သွားသည်ဟု ထင်မှတ်ပြီးနောက် သူ့ဘာသာသူ ရေရွတ်ပြောလိုက်သည်။
“ငါ့ရဲ့ မွေးဖွားဇယားချပ်ကို အသက်သွင်းသင့်လား”
သွေးနေမင်းတောင်ပေါ်ရှိ သွေးနေမင်း ဘုရားကျောင်းတွင် ဖြစ်သည်။
ယခုအချိန်တွင် သွေးနေမင်းကျောင်းတော်၏ ကျောင်းထိုင်ဖာ့ဟွာသည် သစ်သားငါးကို တုံးခေါက်နေလေ၏။ ရုတ်တရက် စားပွဲပေါ်ရှိ ကျောက်စရစ်ခဲ အရွယ်အစားခန့်ရှိသော ကျောက်မျက်ကွဲသွားတာကို မြင်ချိန်၌ လှုပ်ရှားတာ ရပ်တန့်လိုက်၏။
“အောမိတောဖော” ဖာ့ဟွာက သက်ပြင်းချပြီးနောက် တုံးဆက်ခေါက်နေသည်။ ထိုစဉ် တာ့ထန်နန်းတော်ရှိ အမိန့်ပြန်တမ်း ခန်းမဆောင်တွင်ဖြစ်သည်။
“အရှင်မင်းကြီး မြောက်ပိုင်းရဲ့ မဟာစစ်သူကြီး ချန်ပေကျန်းက တာဝန်ထမ်းဆောင်နေတုန်း ကွယ်လွန်သွားပါပြီ”
တစ်ဖက်မှ အထိန်းတော် တစ်ယောက်သည် တလေးတစားပြောလိုက်သည်။ အချိန်အတော်ကြာပြီးနောက်တစ်ဖက်ကနေ အသံတစ်သံ ပေါ်ထွက်လာ၏။
“ဒီကိစ္စကို ကောင်းကင်သိုင်းခုံရုံးဆီ လွှဲထားလိုက်၊ ငါပင်ပန်းနေပြီ”
“နားလည်ပါပြီ”
ရထားလုံးပျံသည် နဝမဘုံကျောင်းမှ ထွက်ခွာသွား၏။
ပထမဆရာတော်ငါးပါးသည် တပြိုင်နက်တည်း အရိုအသေပေးလိုက်သည်။
“ဘေးကင်းလုံခြုံတဲ့ခရီးစဉ်ဖြစ်ပါစေ လောင်ချန်ပေ့”
လုကျိုးသည် ပဲ့ပိုင်းတွင် ရပ်ပြီးနောက် ရှေ့ကို ကြည့်လိုက်သည်။
ရှားချန်းချိုးက ပဲ့ထိန်းလျက် ပြောလိုက်တော့သည်။
“လောင်ချန်ပေ့က ချန်ပေကျန်းက လက်ဝါးရိုက်ချက်တစ်ချက်တည်းနဲ့ သတ်လိုက်နိုင်လိမ့်မယ်လို့ ကျုပ် မထင်ထားဘူး”
လုကျိုးသည် ဉီးနှောက်မရှိ မျက်နှာချိုသွေးမှုများကို ကြုံတွေ့ရတာ အသားကျနေပြီဖြစ်သည်။ ထို့ကြောင့် သူက သက်ရောက်မခံရပေ။
“ကျုပ်ကို ခွင့်ပြုပေး”
ယွီကျန့်ဟိုင်က ပြောပြီး ပဲ့ပိုင်းသို့သွားလိုက်၏။
“အမ်”
ရှားချန်းချိုးက အနည်းငယ် တွေဝေသွား၏။
“ခင်ဗျားသာ ရထားလုံးပျံကို ထိန်းနေရင် မိုးမခတစ်ထောင်ဘုရားကျောင်းကို ကျုပ်တို့ ဘယ်အချိန်မှ ရောက်မှာလဲ၊ ကျုပ်ရဲ့ရှစ်စွင်းက ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတစ်ယောက်နဲ့ တိုက်ခိုက်ပြီး စစ်ခုန်ပေချန်းကို အချိန်အတော်ကြာ ဖြေရှင်းခဲ့ရတာ သူပင်ပန်းနေပြီ၊ ကျုပ်တို့တွေမှာ ခင်ဗျားအတွက် ဖြုန်းစရာအချိန်မရှိဘူး”
ယွီကျန့်ဟိုင်သည် သက်ညှာပြီးမပြောပေ။
“…”ရှားချန်းချိုးက ဘေးထွက်ရပ်လိုက်၏။
ယွီကျန့်ဟိုင်က လက်လွှဲယူပြီးနောက် ချက်ချင်းပင် အရှိန်က အဆပေါင်းများစွာ တိုးလာတော့သည်။
ရှောင်ယွမ်အာက ပါးစပ်ပိတ်လျက် ခိုးခိုးခစ်ခစ် ရီမောလိုက်တော့သည်။
“တွေ့လား ကျွန်မပြောသားပဲ၊ ကျွန်မရဲ့ တာ့ရှစ်ရှိုးသာ ရှိနေရင် ရှင်ပဲ့ထိန်းဖို့ အခွင့်အရေးတောင် ရမှာ မဟုတ်ဘူးလို့၊ ဒါ့အပြင် ကျွန်မရဲ့ တာ့ရှစ်ရှိုးက ပဲ့ထိန်းတာမှာ ကျွမ်းကျင်တယ်”
ယွီကျန့်ဟိုင်က ရှောင်ယွမ်အာကို လှည့်ကြည့်လိုက်၏။ အခြားသောလူများက သူ့အကြောင်း ထိုသို့ပြောလျှင် သူဒေါသထွက်မှာဖြစ်သည်။ သို့သော် သူက ပြုံးရုံသာ ပြုံးပြီး ပြောလိုက်လေ၏။
“ရှောင်ရှစ်မေ့ ငါကိစ္စတွေ အများကြီးသိတယ်၊ ပဲ့ထိန်းတာက သူတို့တွေထဲက တစ်ခုပဲ၊ မျက်လုံးကို ဖွင့်ထား၊ ဒီဟာကို ပိုမြန်မြန်သွားလိုက်မယ်”
ဝှစ်
သူသည် ကနဦးချီကို ထုတ်သုံးလိုက်သည်။ ရထားလုံးတစ်ခုလုံးကို ချီက ရစ်ပတ်ထားလျက် စွမ်းအင်အဖြစ် ပြောင်းလဲသွားသည်။ ချက်ချင်းပင် ၎င်းက တောက်ပသည့် ဘဲဉချွန်ထဲ၌ ရထားလုံးပျံပါဝင်နေတာနဲ့ တူသွားပြီးနောက် ရထားလုံးပျံသည် ကျည်ဆန်တစ်ခုပမာ ရှေ့သို့ပျံသန်းသွားတော့၏။
ရှားချန်းချိုး၊ ထျန်းပုကျီ “…”
လုကျိုးသည် ယွီကျန့်ဟိုင်ကို တစ်ချက်ကြည့်ပြီးပြောလိုက်သည်။
“မင်းနဝမဘုံကျောင်းကို ရောက်နေတဲ့အချိန် မင်းရဲ့ကျင့်ကြံဆင့်က အတော်လေး တိုးတက်လာတာပဲ”
ယွီကျန့်ဟိုင်က ခေါင်းညိတ်ပြီးပြောလိုက်တော့သည်။
“နဝမဘုံကျောင်းမှာ ပျင်းဖို့ကောင်းတယ်၊ ကျင့်ကြံရုံကလွဲပြီး လုပ်စရာမရှိဘူး၊ ပွင့်ချပ်ကိုးလွှာအဆင့်ကို အစောကတည်းက ရောက်နိုင်လောက်ပြီ၊ ဒါပေမဲ့ အဲဒီလူတွေ နှောင့်ယက်မှာစိုးရိမ်နေတာ၊ ဒါကြောင့် ပွင့်ချပ်တစ်ဝက် ဖူးပွင့်ပြီးတော့ ရပ်လိုက်တာ”
ရှားချန်းချိုးက ဆွံ့အသွား၏။
“ပွင့်ချပ်ရှစ်လွှာနဲ့ တစ်ဝက်လား” လုကျိုးက မေးလိုက်သည်။
“အရှက်ရဖွယ်ဖြစ်စဉ်အတွက် တောင်းပန်ပါတယ် ရှစ်စွင်း”
“မင်းလုပ်တာ ကောင်းတယ်” လုကျိုးက ပြောလိုက်၏။
“နဝဘုံကျောင်းက ငါနဲ့ပူးပေါင်းချင်တယ်ဆိုပေမဲ့ ဒါက အကျိုးအမြတ်ပေါ် တည်ဆောက်ထားတဲ့ ဆက်ဆံရေးတစ်ခုပဲ၊ ငါရောက်မလာခင် စစ်ခုန်ပေချန်းနဲ့ နဝမဘုံကျောင်းက လူတွေက ငါ့ရဲ့ခွန်အားကို သတိမပြုမိဘူး။ တကယ်တော့ မင်းသာ အဲဒီမှာ ပွင့်ချပ်ကိုးလွှာအဆင့်ကို တက်ဖို့ ကြိုးပမ်းခဲ့ရင် သူတို့တွေက တမင်တကာ ဖျက်ဆီးတာ ဒါမှမဟုတ် မင်းကို သတ်တာတောင် လုပ်နိုင်တယ်”
ကျန်သည့်သူများက ခေါင်းညိတ်လိုက်၏။
“ရှစ်စွင်းပြောတာ မှန်ပါတယ်”
“ပြန်ရောက်တဲ့အချိန် ပွင့်ချပ်ကိုးလွှာအဆင့်ကို တက်ဖို့ ကြိုးပမ်းကြည့်၊ ရွှေကြာနဲ့ ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ဖို့ ခက်ခဲတယ်၊ မင်းဘာသာမင်း ပြင်ဆင်ထားသင့်တယ်” လုကျိုးက ပြောလိုက်၏။
“ရှစ်စွင်း ဆန္ဒအတိုင်းပါ”