← Chapters

အခန်း (၇၅၄-၇၅၆)

Vol. 51 Ch. 754-756

အခန်း (၇၅၄-၇၅၆)

Vol. 51 Ch. 754-756

အခန်း (၇၅၄) ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ရှိခြင်း

ယွီရှန်းရုန်က ထိုစကားများကို ကြားပြီးသည့်နောက်တွင် တည်တည်ငြိမ်ငြိမ်သာရှိနေ၏။ တကယ်တော့ သူသည် သာလွန်သည့် ခံစားချက်မျိုးကို ခံစားမိခဲ့သည်။ အားနည်းသူများကသာ အကူအညီ လိုအပ်လိမ့်မည်။ တစ်ဖက်တွင် သူက မည်သူ၏ အကူအညီ မပါရှိဘဲ ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ရှိခဲ့၏။ လူအများအပြားကလည်း ကိစ္စများစွာကို ရှင်းရှင်းလင်းလင်း မြင်နိုင်သင့်သည်။

ယွီရှန်းရုန်က လက်ပိုက်လျက် လှည့်ကြည့်လိုက်သည်။ သူက မြင်ကွင်းကို ရှုစားနေခြင်း မဟုတ်ပေ။ တကယ်တော့ သူ့ရှစ်စွင်း၏ စောစောလေးက လှုပ်ရှားမှုကို တွေးတောနေခြင်း ဖြစ်၏။ ထိုအရာက ဓားမဲ့လမ်းစဥ် ဖြစ်၏။

သူ့၏ ဓားရေးကျွမ်းကျင်မှုဖြင့် သူသည် သူ့ရှစ်စွင်း၏ လှုပ်ရှားမှုကို ပြန်လည် မဖန်တီးနိုင်လျှင်ပင် နားလည်သင့်ပေသည်။ သူ့ရှစ်စွင်း၏ လှုပ်ရှားမှုက သူ့ကိုယ်သူ သံသယကြီးစွာ ဖြစ်လာစေ၏။

သူက ရှစ်စွင်း၏ နည်းစနစ်ကို လုံးလုံး နားမလည်နိုင်ပေ။ သူက ဓားဖြစ်ဖို့ ဖန်ဆင်းခြင်းအသုံးပြုမှုကို နားလည်လေသည်။ အသက်ရှည်ဓားဖြစ်စေ၊ သစ်သားဓားဖြစ်စေ၊ သစ်ကိုင်းဖြစ်စေ သို့မဟုတ် သစ်ရွက်ဖြစ်စေ အားလုံးက လုံလုံလောက်လောက် အရည်အချင်းရှိသ၍ သတ်ဖြတ်ဖို့ အသုံးပြုနိုင်သည်။ ဓားလမ်းစဥ်၏ ဒုတိယအဆင့်ကမူ ကနဦးချီ တိတိကျကျ ထိန်းချုပ်မှု ရှိသ၍ ရောက်ရှိနိုင်သည်။ တတိယဓားလမ်းစဥ်က လူတစ်ယောက်သည် အသိပညာကြွယ်ဝပြီး ကြီးမြတ်သည့် အငွေ့အသက်၊ ကမ္ဘာကြီး၏ အမှန်တရားကို ရှာဖွေလိုစိတ်နှင့် ကုန်းမြေများကို အုပ်စိုးလိုသည့် စွမ်းရည် ရှိဖို့သာ လိုအပ်သည်။ သူ နားမလည်နိုင်သည့် တစ်ခုတည်းသော အဆင့်က လေးဆင့်မြောက် ဖြစ်၏။ ပင်လယ်ရေကဲ့သို့ ကနဦးချီသည် စွမ်းအားအရင်းအမြစ် ဖြစ်သည်။ ကျင့်ကြံသူများက ကနဦးချီကို အသုံးပြုစဥ် သူတို့ဘေးပတ်လည်ရှိ ရေများကို အသုံးပြုနေရင်း ပင်လယ်ထဲ ကူးခတ်နေသလိုမျိုး ဖြစ်၏။

ငါက အဝေးက ကနဦးချီကို ဘယ်လိုထိန်းချုပ်နိုင်မလဲ...

ရထားလုံးပျံက မြန်ဆန်လှသည်။ ယွီကျန့်ဟိုင်၏ စွမ်းအင်အကာ အပြင်ဘက်တွင် လေများက တိုက်ခတ်နေ၏။

ယွီရှန်းရုန်က မနေနိုင်ဘဲ မျက်လုံးပိတ်ထားလိုက်သည်။ သူက ထိုစွမ်းအားအကာအရံ အပြင်ဘက်မှ ကနဦးချီကို လှည့်ပတ်ဖို့ ကြိုးစားလိုက်၏။ သို့သော်လည်း နည်းနည်းလေးမှ လှုပ်ရှားမှု မရှိပေ။ စွမ်းအင်ထောက်ပံ့မှုက သူ့ဆီမှ ဖြတ်တောက်ခံထားရသလိုမျိုး ဖြစ်၏။ သူက ထပ်မံ ကြိုးစားကြည့်လိုက်သည်။ သူ့အနီးနားမှ ကနဦးချီမှလွဲ၍ အဝေးမှ ဘာမှကို မခံစားမိပေ။ သူက ထပ်မံ ကျရှုံးသွားပြန်သည်။

လုကျိုးက သူ့ကို လှမ်းကြည့်လိုက်ပြီး မုတ်ဆိတ်သပ်ကာ ပြောလိုက်၏။ " မင်းရဲ့ ဓားလမ်းစဥ်က အခုမှ အရှင်သခင်ဓားလမ်းစဥ်ပဲ ရှိသေးတယ်။ မင်းက တစ်ခါတည်းနဲ့ ကောင်းကင်ကို ကျော်တက်ဖို့ ကြိုးစားနေတာလား။ မင်းက ကောင်းကင်ဘုံသားတော်ရဲ့ဓားကို ကျော်ပစ်ချင်နေတာလား။ "

ယွီရှန်းရုန်က အသိပြန်ဝင်လာပြီး နေရခက်သည့် အမူအရာမျိုး ထွက်ပေါ်လာသည်။ သူက ဓားလမ်းစဥ်ကို စွဲလမ်းလွန်း၍ သူသည် ရထားလုံးပျံပေါ်တွင် ရှိသေးသည့်အချက်ကို မေ့လျော့သွားခဲ့သည်။

ယွီကျန့်ဟိုင်က ပြောလိုက်၏။ " မင်းက ဓားလမ်းစဥ်အပေါ် သဘောကျတယ်ဆိုတာကို နားလည်ပါတယ် "

လုကျိုးက ပြောလိုက်၏။ " တကယ်လို့ ငါသာ မမှားရင် မင်းက ပွင့်ချပ်ကိုးလွှာအဆင့် ရောက်နေပြီးသား ဖြစ်ရမယ် "

ယွီရှန်းရုန်က လုကျိုး၏ စကားများကို မငြင်းပေ။

တခြားသူများက ထိုစကားကို ကြားသည့်အခါ သိပ်မအံ့သြကြပေ။

ရှားချန်ချိုးနှင့် ထျန်းပုကျိတို့က ခေါင်းညိတ်လိုက်ကြသည်။ သူတို့က လုကျိုးကြောင့် အကြိမ်များစွာ အံ့အားသင့်ပြီးသားဖြစ်ကာ ဤထုတ်ဖော်မှုအကြောင်း ကြားသည့်အခါ တည်တည်ငြိမ်ငြိမ်သာ ကျန်ရှိနေကြ၏။ ယွီရှန်းရုန်က ကျန့်ရှောက်ချင်းကို အနိုင်ပိုင်းခဲ့သည် မဟုတ်ပါလော။ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူတစ်ယောက်အနေဖြင့် ပွင့်ချပ်ကိုးလွှာကို အနိုင်ယူဖို့ရာ အိမ်မက်တစ်ခုသာ ဖြစ်၏။ ထိုအကြောင်းအရင်းကြောင့် လုကျိုး၏ ထုတ်ဖော်မှုက သူတို့အား အံ့အားမသင့်စေပေ။

တစ်ဖက်တွင်မူ ယွီကျန့်ဟိုင်က အနည်းငယ် အံ့အားသင့်မိ၏။ အဆုံးသတ်တွင် သူက ပြောလိုက်၏။

" တကယ်လို့ ကျွန်တော်သာ နဝမမြောက်ဘုံကျောင်းဆီ မသွားရင် ပွင့်ချပ်ကိုးလွှာအဆင့် ရောက်နေလောက်ပြီ "

မည်သူကမှ ယွီကျန့်ဟိုင်ကို ပြန်မဖြေကြပေ။

လုကျိုးက ဆက်ပြောလိုက်၏။ " မင်းက အသက်ရှည်ဓားကြောင့် ကန့်သတ်ခံနေရတာ။ အဲဒီ အနှောင်အဖွဲ့က တကယ်ကို လေးလံလွန်းတယ်။ တကယ်လို့ မင်း မြင့်မားတဲ့ ဓားလမ်းစဥ်ကို တက်လှမ်းချင်ရင် ဒီအနှောင်အဖွဲ့ကနေ လွတ်မြောက်ဖို့ ကြိုးစားရမယ်။ မင်းက ဓားမဲ့လမ်းစဥ်နဲ့ အလှမ်းဝေးနေသေးတယ်။ စားနိုင်တာထက် ပိုမစားရဘူးဆိုတဲ့ စကားရှိတယ်မလား။ ကောင်းကင်ဘုံသားတော်ရဲ့ ဓားကို ကျင့်ကြံတာက အဲဒီအဆင့်ထက်မှာ ဘာမှမရှိဘူး။ အဲဒီလမ်းကိုလည်း ဘယ်သူမှ မတားဆီးနိုင်ဘူး။ အပေါ်ဘက်ကို ဝှေ့ရင် တိမ်တွေကို ဖြတ်တောက်ပြီး အောက်ဘက်ကို ဝှေ့ရင် မြေကြီးကို ဖြတ်တောက်လိုက်တာပဲ။ ဒီဓားက ကုန်းမြေကို ပြန်ပြုပြင်နိုင်တယ်။ "

ယွီရှန်းရုန်က သူ့အသက်ရှည်ဓားကို ကြည့်လိုက်၏။ သူက ထိုဓားအပေါ် မှီခိုခဲ့သည်မှာ အမှန်အကန်သာ ဖြစ်သည်။ သူ ကြာကြာနေထိုင်သည့် အကြောင်းအရင်းကလည်း ထိုဓားကြောင့်သာ ဖြစ်၏။ မဟာနွယ်တိုင်းပြည်၏ လူများက သဘာဝအားဖြင့် သက်တမ်းတိုကြသည်။ သူက ထိုအတားအဆီးကို မည်သို့ကျော်လွှားနိုင်မည်နည်း။ သူက သူ့ကိုယ်သူ ရေရွတ်လိုက်၏။

" ကောင်းကင်ဘုံသားတော်ရဲ့ ဓား "

လုကျိုးက အစပိုင်းတွင် အသက်ရှည်ဓားအပေါ် တောက်ပကျောက်တုံးသုံးဖို့ရာ ပြင်ဆင်ထားခဲ့၏။ သို့သော်လည်း ယွီရှန်းရုန်၏ ဓားအပေါ် မှီခိုမှုကို မြင်တွေ့ပြီးသည့်နောက်တွင် လက်လျော့လိုက်သည်။ သူက အသက်ရှည်ဓားကို သိမ်းဆည်းပြီး ယွီရှန်းရုန်ကို သစ်သားဓား ပြောင်းကိုင်ခိုင်းရမလားဟု စဥ်းစားလိုက်မိသည်။

ထိုစဥ် ယွီကျန့်ဟိုင်က မိုးမခတစ်ထောင်တောင်ကို ညွှန်ပြကာ ပြောလိုက်၏။ " ရှစ်စွင်း ကျွန်တော်တို့ ရောက်ပြီ "

ရှားချန်ချိုးနှင့် ထျန်းပုကျိတို့က ခရီးစဥ်တစ်လျှောက်လုံး တိတ်ဆိတ်နေကြသည်။ သူတို့က သတိပြန်ဝင်လာသည့်အခါ မိုးမခတစ်ထောင်တောင်ကို မြင်လိုက်ရ၍ အံ့အားသင့်သွားကြ၏။

" ညီအစ်ကိုယွီက ပဲ့ထိန်းတဲ့ အရည်အချင်းက ဒီလို အနေအထားတောင် ရောက်နေတာကို တွေးကြည့်ရင် တကယ်အံ့သြမိပါတယ် " ရှားချန်ချိုးက ယွီကျန့်ဟိုင်ကို ခေါ်ဝေါ်ပုံအား ပြောင်းလိုက်သည်။

ယွီကျန့်ဟိုင်က ရှားချန်ချိုးအား ကြည့်ကာ ပြောလိုက်၏။ " ဒါက ဘာမှမဟုတ်ပါဘူး "

ရထားလုံးပျံက အစီအရင်သွေးကြောများ၏ နယ်နိမိတ်အတွင်း ပျံသန်းလာသည်။

လုကျိုးက မိုးမခတစ်ထောင်ဘုရားကျောင်း၏ အစီအရင်သွေးကြောသည် နဝမမြောက်ဘုံကျောင်းထက် အားနည်းကြောင်း ခံစားမိလေ၏။

မိုးမခတစ်ထောင်ဘုရားကျောင်းရှိ တပည့်များက သူတို့ကို ကြိုဆိုဖို့ ထွက်လာကြသည်။

ရထားလုံးပျံ ဆင်းသက်ပြီးသည့်နောက်တွင် ရှားချန်ချိုးက သူ့တပည့်များအား ဧည့်သည်ကို ဧည့်ဝတ်ကျေဖို့ အမိန့်ပေးလိုက်သည်။ သူတို့က ဧည့်သည်ကို လျစ်လျူရှုမထားနိုင်ပေ။

တပည့်များက မိုးမခတစ်ထောင်ဘုရားကျောင်း၏ အကောင်းဆုံးနေရာများကို သူတို့အတွက် သန့်ရှင်းထားခဲ့သည်။ ထျန်းပုကျိက သူတို့သည် နဝမမြောက်ဘုံကျောင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ကာ ဤနေရာတွင် နေဖို့ ရွေးချယ်ခဲ့သည့် အကြောင်းအရင်းအတွက် များစွာစဥ်းစားထားမည်မှန်း နားလည်လေသည်။

ဝူဝူနှင့် ကျီဖုန်းရှင်းတို့က ယွီရှန်းရုန်ကို မြင်သည့်အခါ နှုတ်ဆက်လိုက်ကြသည်။ သူတို့က သူသည် စိတ်အနှောင့်အယှက်ဖြစ်နေသည်ဟုထင်ကာ သူ့အား မနှောင့်ယှက်ကြဘဲ ထွက်သွားကြသည်။

...

ညအခါကျရောက်လာ၏။

လုကျိုးက စနစ်ကို တစ်ချက်ကြည့်လိုက်သည်။

ကုသိုလ်ရမှတ် - ၂၃၄၄၀

" ချန်ပေကျန်းက ငါ့ကို ကုသိုလ်ရမှတ် ၇၀၀၀ ပဲ ပေးတာပဲ "

ဆုံးရှုံးမှုကြီးပဲ...

အသေရိုက်ချက်ကတ်နှင့် ရုပ်ဖျက်ကတ်တို့က တစ်ခုချင်းစီ ကုသိုလ်ရမှတ် ၂၅၀၀၀ ကျသင့်လေသည်။ ကံကောင်းစွာဖြင့် သူ့တွင် ကောင်းကင်ကျမ်း၏ ထူးခြားအံ့ဖွယ်စွမ်းအား ကျန်ရှိနေသေး၏။ မဟုတ်ပါက သူသည် နဝမမြောက်ဘုံကျောင်း၏ ဆရာတော် ၅ပါးကို ပွင့်ချပ်ကိုးလွှာ ကံမီးတောက်တစ်ခုတည်းဖြင့် အနိုင်ပိုင်းဖို့ရာ များစွာ အားစိုက်ထုတ်ရလိမ့်မည်။ ခရုလေး၏ အံ့အားသင့်ဖွယ် လုပ်ဆောင်မှုမှလွဲ၍ အားလုံးက သူ့မှန်းဆချက်အတွင်း ရှိ၏။

လုကျိုးက အသုံးပြုပစ္စည်းဇယားကို ထပ်မံ စစ်ဆေးကြည့်လိုက်သည်။ သူ ထင်ထားသည့်အတိုင်း ထောင်ချီကန့်သတ်လေပွေက ကုသိုလ်ရမှတ် ၅သိန်း ဖြစ်နေသော်လည်း မှေးမှိန်နေသေးသည်။

" ငါမဝယ်နိုင်သေးဘူးလား " လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။

ငါက ဆင်းရဲနေတာသိပေမဲ့ စစ်ဆေးကြည့်လို့တောင် မရဘူးပဲ...

ခဏအကြာတွင် သူက စစ်ခုန်ပေချန်း ပြောသည့် မွေးဖွားဇယားချပ်အကြောင်းကို ပြန်လည်အမှတ်ရလိုက်မိသည်။

ကြည့်ရတာ ငါက အရင်ဆုံး ပွင့်ချပ်ဆယ်လွှာအဆင့်ကို ရောက်ဖို့လိုတယ်တူတယ်...

သာမန်ကျင့်ကြံရေးဖြစ်စဥ်အရ ပွင့်ချပ်ဆယ်လွှာအဆင့် ရောက်ရှိပြီး ထောင်ချီကန့်သတ်လေပွေကို ဖွဲ့စည်းပြီးသည့်နောက် သူသည် လျို့ဝှက်ဆန်းကြယ် ကောင်းကင်နယ်ပယ်အဆင့်တွင် ရောက်ရှိသွားလိမ့်မည်။

ရှားချန်ချိုးက မွေးဖွားဇယားချပ်အကြောင်းကို များများစားစား သိတယ်လို့တော့ မထင်ဘူး။ စစ်ခုန်ပေချန်းလို လူမျိုးတောင် များများမသိဘူး။ စစ်ခုန်ပေချန်း ပြောစကားအရတော့ အနီရောင်ကြာနယ်မြေမှာ မွေးဖွားဇယားချပ်အကြောင်း အမှန်တကယ်နားလည်တဲ့သူ မရှိသလောက်ပဲတဲ့...

လုကျိုးက သူ့ဘာသာသူ ခေါင်းခါရင်း တွေးလိုက်မိသည်။ ကျင့်ကြံရေးလမ်းစဥ်က ရှည်လျားလွန်း၏။ တို့ဖူးပူပူ စားသကဲ့သို့ အလျင်လိုနေစရာ မလိုအပ်ပေ။

အဆုံးသတ်တွင် လုကျိုးက တရားထိုင်လိုက်သည်။

...

နောက်တစ်ရက်မနက်ခင်း၌

လုကျိုးက တရားထိုင်ခြင်းမှ ရပ်တန့်လိုက်သည်။ သူ့တရားထိုင်နှုန်းက မြင့်တက်လာဟန်ပေါ်၏။

နေ့ဖက်တွင် သူက ထူးခြားအံ့ဖွယ်စွမ်းအား၏ သုံးပုံတစ်ပုံကို ပြန်လည်ဖြည့်တင်းပြီးသွားပြီ ဖြစ်၏။ သူ အသုံးမပြုထားသော ထူးခြားအံ့ဖွယ်၏ စွမ်းအားကို ပေါင်းထည့်လိုက်လျှင် သူ့လက်ရှိက ထူးခြားအံ့ဖွယ်စွမ်းအား၏ တစ်ဝက်လောက် ရှိနေလေပြီ။

နောက်ဆုံးတွင် သူက တရားမထိုင်တော့ဘဲ ခြံဝန်းထဲမှ ထွက်လာလိုက်၏။

မိုးမခတစ်ထောင်ဘုရားကျောင်းမှ တပည့်များသည် ခြံဝန်းထဲတွင် အလုပ်ရှုပ်နေကြ၏။ သူတို့က သူ့ကို မြင်သည့်အခါ တစ်ပြိုင်နက် နှုတ်ဆတ်လာကြသည်။

" လောင်ချန်းပေ့ကို ဂါရဝပြုပါတယ် "

" လုပ်စရာရှိတာလုပ်ပါ " လုကျိုးက နေကို ကြည့်ပြီးသည့်နောက် ယွီကျန့်ဟိုင်၏ နေရာအကြောင်း မေးဖို့ ပြင်လိုက်သည်။

တပည့်လေးက ချက်ချင်းပြောလာ၏။ " လောင်ချန်းပေ့ကို ကျွန်တော် ခေါ်သွားပေးပါ့မယ်။ ကျေးဇူးပြုပြီး ကျွန်တော်နောက်က လိုက်လာပေးပါ "

လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်၏။

သူတို့က စင်္ကြံလမ်းတွင် ရှိသည့်အခါ တပည့်လေးက တုံ့တုံ့ဆိုင်းဆိုင်းဖြင့် မေးလာသည်။

" လောင် .. လောင်ချန်းပေ့ တပည့်လက်ခံသေးလား "

" ဟမ် "

ကျီဖုန်းရှင်းသည် အတွင်းစည်းတပည့် ဖြစ်လာကတည်းက နာမည်ကျော်ကြားလာခဲ့သည်။ တခြားတပည့်များက သူ့ကို မြင်သည့်အခါ ချီးကျူးကြ၏။ သူတို့က ကျီဖုန်းရှင်းတစ်ယောက် လောင်ချန်းပေ့ကို ငြင်းဆန်ခဲ့သည့် အဖြစ်အပျက်ကိုလည်း မကြာခဏ ပြောလေ့ရှိသည်။ ထို့အကြောင်းအရင်းကြောင့် တပည့်များစွာက သူ့ကို ချီးကျူးကြသည်။

မည်သို့ပင်ဆိုစေကာမူ ကျီဖုန်းရှင်းက လောင်ချန်းပေ့ကို ငြင်းဆန်လိုက်သော်လည်း လောင်ချန်းပေ့ဂိုဏ်းဆီ ဝင်ရောက်ချင်သည့်တပည့်များစွာ ရှိနေသေး၏။

" ကျွန် … ကျွန်တော်က မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ချင်လို့ပါ " တပည့်လေးက တောင့်တောင့်တင်းတင်းပြောလိုက်သည်။

လုကျိုးက တပည့်အား တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။ " မင်းက အရည်အချင်း ပြည့်မှီဖို့ ဝေးနေသေးတယ် "

" ... "

တပည့်လေးက စိတ်မပျက်ဘဲ မနေနိုင်တော့ပေ။ သူက ခေါင်းငုံ့လိုက်ပြီးသည့်နောက် လုကျိုးအား ယွီကျန့်ဟိုင်ဆီ ခေါ်သွားပေးလိုက်သည်။ သူက ကျီဖုန်းရှင်းအကြောင်း တွေးပြီးသည့်နောက်တွင် သူက ကျီဖုန်းရှင်းထက် မည်သို့ဆိုးရွားနေကြောင်း နားမလည်နိုင်ပေ။

...

ယွီကျန့်ဟိုင်၏ ခြံဝန်းအတွင်း

ရှောင်ယွမ်အာနှင့် ခရုလေးတို့က ခြံဝန်းအတွင်း ရှိနေကြသည်။

လုကျိုးကို မြင်တွေ့ပြီးသည့်နောက်တွင် ရှောင်ယွမ်အာက ပြောလိုက်၏။

" ရှစ်စွင်း အချိန်မှီရောက်လာတာပဲ။ တာ့ရှစ်ရှိုးက ပွင့်ချပ်ထွက်ဖို့ ကြိုးစားနေတာ။ သူက အကူအညီမလိုဘူးလို့ ပြောနေတုန်းပဲ။ သူက သူ့ဘာသာသူ မလုပ်နိုင်လောက်ဘူး။ "

ထိုစဥ် ရှားချန်ချိုး၊ ထျန်းပုကျိနှင့် တခြားသောအကြီးအကဲများက တရားမျှတရေး ခန်းမဆောင်မှ ပျံသန်းလာကြသည်။

ခြံဝန်းအထက် ကနဦးချီ ထွက်ပေါ်နေ၏။

လုကျိုးက မော့ကြည့်ကာ " သားရဲတွေကို ကာကွယ်ဖို့ ပြင်ဆင်ထားကြ "

ရှားချန်ချိုးက ခေါင်းညိတ်ကာ " မိုးမခတစ်ထောင်ဘုရားကျောင်းက အကြီးအကဲတို့ ငါ့နောက်လိုက်ခဲ့ကြ "

" ဟုတ်ကဲ့ "

ရှားချန်ချိုးနှင့် အကြီးအကဲများက မိုးမခတစ်ထောင်ဘုရားကျောင်း၏ အစွန်အဖျားဆီ ပျံသန်းသွားပြီး စောင့်ကြပ်ထားကြသည်။

လုကျိုးက အခန်းအတွင်းဝင်လိုက်သည်နှင့် ယွီကျန့်ဟိုင်က အခန်းအလယ်တွင် ထိုင်နေသည်ကို မြင်လိုက်ရ၏။ ယွီကျန့်ဟိုင်၏ ရှေ့တွင် ရွှေရောင် စိတ်ဝိညာဥ်သဏ္ဌာန်က ဖြည်းဖြည်းချင်း လှည့်ပတ်နေသည်။

ယွီကျန့်ဟိုင်က ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းဖို့ သူ့ရှစ်စွင်း၏ သရုပ်ပြမှုကို မကြည့်ခဲ့ရပေ။ သူက ပွင့်ချပ်ကိုးလွှာအဆင့်ကို ချောချောမွေ့မွေ့ တက်လှမ်းနိုင်မည်လား။

…

အခန်း (၇၅၅) သက်တော်ရှည်

“ ရှစ်စွင်း ရှစ်မေ့ခရုလေးကို ဘာကြောင့်များသားရဲတွေ မောင်းမထုတ်ခိုင်းတာလဲ “ ရှောင်ယွမ်အာက မေးလိုက်၏။

လုကျိုးသည် ခေါင်းခါပြီး ပြောလိုက်တော့သည်။

“ ခရုလေးက သားရဲတွေကို အလွယ်တကူထိန်းချုပ်နိုင်တယ်ဆိုပေမဲ့ အဲ့ဒီသားရဲတွေက လူသားကိုမြည်းစမ်းချင်တဲ့ သားရဲတွေနဲ့ မတူဘူး။ အဲ့သားရဲတွေက ပိုထိန်းချုပ်ဖို့ ခက်ခဲတယ်။ ခရုလေးရဲ့ ကျင့်ကြံစဉ်က သူတို့ကို ဖြေရှင်းရလောက်အောင်ထိ မနက်နဲသေးဘူး။ သူက သားရဲပျံတွေကို ပိတ်ဆို့နိုင်ရင်တောင် သူက ဧရာမသားရဲတွေကို ဖြေရှင်းချင်တယ်ဆိုရင် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ဖြစ်ဖို့လိုတယ်”

ငါးမန်းဖြစ်စေ၊ ချုံရှီဖြစ်စေ၊ ရှီယောင်ဖြစ်စေ သူတို့သည် ပွင့်ချပ်ရှစ်လွှာအဆင့်အောက် ကျင့်ကြံသူများဖြေရှင်းနိုင်သည့် ပစ်မှတ်များ မဟုတ်ပေ။

“ အော် “

ရှောင်ယွမ်အာက ခရုလေးဘက် လှည့်ပြောလိုက်၏။

“ရှစ်မေ့ခရုလေး ပိုကြိုးစားရမယ်နော်”

ခရုလေးက ခေါင်းညိတ်ပြီး ပြောလိုက်၏။

“ အင်း .. ကျိုးရှစ်ကျဲ ညီမ မနေ့ညကတုန်းက ပွင့်ချပ်သုံးလွှာအဆင့်ကိုရောက်သွားပြီထင်တယ်”

“ ……..”

လုကျိုသည် အနည်းငယ်ထိတ်လန့်အံ့ဩသင့်သွား၏။

သူသည် ခရုလေးကို ပြန်လှည့်ကြည့်ပြီးနောက် ယွီကျန့်ဟိုင်ကို အာရုံပြန်စိုက်လိုက်သည်။ သူ၏မျက်နှာပေါ်၌ မျက်မှောင်အနည်းငယ်ကျုံ့နေတာကို မြင်ရ၏။ သူသည် အရေးကြီးသော ပြဿနာတစ်ရပ်ကို မှတ်မိသွားသည်။

ယွီကျန့်ဟိုင်သည် ရှီယောင်၏ နှလုံးသားတစ်ဝက်နှင့် အနီရောင်ငါးနှလုံးသားကို သုံးစွဲခဲ့၏။ ဆိုလိုသည်က သူ၌ သက်တမ်း ခုနှစ်ရာ ရှိသည်။ ရှီယောင်၏ကျန်ရှိသောသက်တမ်းဖြင့် သူသည် စုစုပေါင်း သက်တမ်း တစ်ထောင့်သုံးရာရှိသည်။ သူက လုကျိုးနှင့်တူလျှင် ရွှေကြာက သူ့ထက်အသက်တစ်မျှပိုစုပ်ယူခဲ့လျှင် သူသေသွားမည် မဟုတ်ပါလော။

“ ရှီယောင်ရဲ့ နှလုံးသား “ လုကျိုးက သတိပေးလိုက်သည်။

ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်၏။

သူသည် ရှီယောင်၏ နှလုံးသားကိုထုတ်ကာ သုံးဆောင်လိုက်တော့သည်။

ရွှေကြာသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် လှည့်ပတ်နေ၏။

“ ရှားချန်းချိုး “ လုကျိုးက ခေါ်လိုက်၏။

ရှားချန်းချိုးက အမြန်ရောက်လာသည်။ အခြေနေကို မြင်တွေ့သောအခါ ၎င်းက အရေးကြီးမှန်း သိလိုက်၏။

“ ဘာများပါလဲ လောင်ချန်းပေ့ “

“ မင်းမှာ အသက်ဓာတ်နှလုံးသားရှိလား”

“ အမ် “

ရှားချန်းချိုးက တွေဝေနေသည်။

“ မင်းကို မမျှမတ မဆက်ဆံပါဘူး”

လုကျိုးက လက်မြှောက်လျက် ရှားချန်းချိုးရှေ့ ဆန့်ထုတ်လိုက်သည်။

ရှားချန်းချိုးက စဉ်းစားပြီးနောက် အံကြိတ်ကာ ပြောလိုက်တော့သည်။

“ ဟုတ်ပါပြီ ခဏလေးပါ လောင်ချန်းပေ့ “

တကယ်တော့ ရွှေကြာက စုပ်ယူသည့် သက်တမ်းအရေအတွက်သည် အတိအကျမရှိပေ။ အရေးပေါ်အခြေအနေအတွက် အသက်ဓာတ်နှလုံးသားကိုသာ လုကျိုး လိုချင်တာဖြစ်သည်။ ပွင့်ချပ်ကိုးလွှာအဆင့်သို့ ရောက်ရှိရန်အတွက် အဆင်ခြင်မဲ့၍မရပေ။ခဏအကြာတွင် ရှားချန်းချိုးက ပြန်ရောက်လာကာ ပိုးထည်သေတ္တာကို တလေးတစားပေးလိုက်၏။

“ ဒါက အောင်းယွီရဲ့ နှလုံးသားပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာတုန်းက ကြယ်ပျံအိမ်တော်နဲ့ ကောင်းကင်သိုင်းခုံရုံးနောက်လိုက်ပြီး ရေနက်ဆန်းကြယ်ဂူထဲသွားတုန်းက ကံကောင်းထောက်မပြီး ရလာခဲ့တာ။

“ ရေနက်ဆန်းကြယ်ဂူလား”

“ ပြောရရင် ဇာတ်ကြောင်းရှည်ကြီးပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဂူထဲကနေလပေါင်းများစွာ ထူးဆန်းတဲ့ အသံတွေ ထွက်လာတာလေ။ ဒါပေမဲ့ ငါးမန်းတွေကြောင့် ဘယ်သူမှ အနားမသွားရဲဘူး။ အဲ့ဒီအချိန် ကျုပ်က မိုးမခတစ်ထောင်ဘုရားကျောင်းမှာ ဘယ်သူကမှ ဂရုမစိုက်တဲ့ အတွင်းစည်းတပည့်တစ်ယောက်ပဲ ရှိသေးတာ။ ကျုပ်အသက်က မြင်းပေါ်မှာလေ။ ကျုပ်ဘာသာကျုပ် ရေနက်ဆန်းကြယ်ဂူဆီ စွန့်စားသွားလာခဲ့တယ်။ ဒါပေမဲ့ ဝေးဝေးလံလံလည်း မသွားရဲဘူး။ နောက်တော့ ကျုပ်ရဲ့ရှစ်စွင်းက ရေနက်ထဲမှာ ဒီပစ္စည်းကိုရလိုက်ပြီး ကျုပ်ဆီပေးလိုက်တာပဲ”

“ မင်းက တကယ်ကံကောင်းတာပဲ” ပွင့်ချပ်ရှစ်လွှာနှင့် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူများစွာသည် ထိုကဲ့သို့ ဆက်ဆံမှုမရခဲ့ပေ။

လုကျိုးသည် အောင်းယွီ၏ နှလုံးသားကို လက်ခံပြီးနောက် သူသည် ယွီကျန့်ဟိုင်၏ မူမမှန်ပြောင်းလဲမှု ရှိမရှိလေ့လာရင်းစောင့်ဆိုင်းနေသည်။

ရွှေကြာနယ်မြေ၏ မိစ္ဆာဝေဟင်မျှော်နန်း၏ တောင်ဘက်ပိုင်းတွင်ဖြစ်သည်။

စီး၀ူယာ့သည် စာအုပ်စာရွက်အပုံရှေ့၌ ထိုင်နေသည်။ သူသည် ယခုအချိန်၌ ပုံများကိုသာ အာရုံဝင်စားလွန်းနေပြီး ယခုဆို ဂူအောင်းလူသားတစ်ယောက်နှင့်တူနေပြီဖြစ်သည်။

မင်ရှစ်ရင်သည် ခွဲခွာချိတ်ကောက်နှင့် ဆော့ကစားနေပြီးနောက် ယုံကြည်ချက်ရှိရှိပြောလိုက်သည်။

“ မင်းအကြောင်းမဲ့ စိုးရိမ်ပူပန်နေတာပဲ။ ဘာမှကြောက်စရာမရှိဘူး ဒီမှာငါရှိနေတယ်”

“ ကျွန်တော်က အဆိုးဆုံးအတွက် ပြင်ဆင်ထားရုံပဲ။ စစ်ရှစ်ချိုးမှာ ခွန်အားရှိတဲ့ သားရဲတွေကို ရင်ဆိုင်တဲ့ အချိန် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ ချုံရှီလို သားရဲပေါ်လာခဲ့ရင် ဒါမှမဟုတ် ဖာ့ခုန်လို ကံမီးတောက် ကျင့်ကြံသူတစ်ယောက်ပေါ်လာခဲ့ရင်ရော “ စီး၀ူယာ့က မေးလိုက်၏။

“ ရှစ်စွင်းက အနီရောင်ကြာနယ်မြေကို သွားပြီ။ သူက အနီရောင်ကြာနယ်မြေက လူတွေကို ဟန့်တားဖို့ သူ့ရဲ့ ခွန်အားကိုသရုပ်ပြလိုက်ပြီဆိုတာနဲ့ အရာအားလုံးအဆင်ပြေသွားပြီ။ ရွှေကြာနယ်မြေကို လိုချင်တဲ့ စိတ်ကူးတွေရှိတော့မှာ မဟုတ်ဘူး”

“ အနီရောင်ကြာနယ်မြေက ဒီလောက်အလွယ်တကူဖြေရှင်းလို့ရမယ်ရင် ရှစ်စွင်းက အခုလောက်ဆို ပြန်လာလောက်ပြီ “

စီး၀ူယာ့သည် စာလိပ်တစ်လိပ်နှင့် မြေပုံကိုဆုပ်ကိုင်လိုက်၏။ သူသည် ၁၈၀ ဒီဂရီလှည့်ကာ ပြောလိုက်တော့၏။

“ ကျွန်တော် အသစ်တစ်ခုရှာတွေ့ထားတယ်”

မင်ရှစ်ရင်သည် ထိုအရာများကို သဘောမကျပေ။ သို့သော် သူ၏ဂုဏ်သိက္ခာကြောင့် တစ်ချက်ကြည့်ရဦးမည်။ သူသည် ကျယ်လောင်စွာ ဖတ်လိုက်၏။

“ တောက်ပတဲ့လရောင်က ပင်လယ်ပေါ်ဖြာကျနေလျှင် ဟိုးအဝေးကနေ ဒီအခိုက်အတံ့ကို အတူမျှဝေနိုင်မလား”

" ပထမဆုံး စကားလုံးကိုးလုံးက ကျွန်တော်တို့ နာမည်တွေကနေ ယူထားတာတွေပဲ” စီး၀ူယာ့က ပြောလိုက်၏။

မင်ရှစ်ရင်က မေ့စေ့ပွတ်လျက် ထပ်ကြည့်ကာပြောလိုက်သည်။ ပြီးနောက်သူက ခေါင်းညိတ်လျက် “ ရှစ်စွင်းမှာ ဒါမျိုးအကြိုက်ရှိမှန်း ငါမသိခဲ့ဘူး။ သူ တပည့်ဘယ်လိုရွေးရမလဲသိနေတာပဲ။ ဒီလိုဆိုရင် ကျန်တာက ရှစ်ဆိုတဲ့ စကားလုံးပဲ။ ဒါပေမဲ့ ရှစ်မေ့ခရုလေးရဲ့ နာမည်မှာ ရှစ်ဆိုတဲ့ စကားလုံးမရှိဘူး”

စီး၀ူယာ့က စာရွက်ကိုပြန်ကိုင်ကာရေးလိုက်၏။ လော့ရှစ်ယင်

မင်ရှစ်ရင်က ထိတ်လန့်သွားတော့၏။ သူကမေးလိုက်တော့သည်။

“ ဒါက တိုက်ဆိုင်တာလား။ ရှစ်မေ့ခရုလေးက လော့ရှစ်ယင်လို့ မင်းပြောနေတာလား”

စီး၀ူယာ့က ပြောလိုက်သည် “ မသေချာသေးဘူး။ ဒါပေမဲ့ လော့ရှစ်ယင်ချန်ထားခဲ့တဲ့ မှတ်စုတွေအရ လော့ရှစ်ယင်နဲ့ လော့ရွှမ်းက တစ်ယောက်တည်းမဟုတ်လောက်ဘူး။ မှတ်စုတွေကို လူတစ်ယောက်ထဲကရေးခဲ့တာ။ သူမရဲ့ သုတေသန ရှာဖွေဖော်ထုတ်မှုနဲ့ ရှာဖွေတွေ့ရှိချက်တွေက အတုလုပ်ဖို့ခက်တယ်။ သုံးရာစုကုန်လွန်သွားခဲ့ပြီ။ ခရုလေးက လော့ရှစ်ယင်ဆိုရင် သူမရဲ့ ကျင့်ကြံစဉ်အရ သူက အဖွားကြီးတစ်ယောက်ဖြစ်သင့်တယ်။ ရှစ်မေ့ခရုလေးက ဂီတမှာ ကျွမ်းကျင်တယ်။ ဂီတနဲ့ သားရဲလျှာကိုကျွမ်းကျင်ပြီး အချိန်တိုအတွင်း နတ်ဝိညာဉ်ဝဋ်ကြွေးကြေနယ်ပယ်ကို ဝင်ရောက်ခဲ့တာ။ ဒါ့အပြင် သူက အသက်ဆယ့်ရှစ်ပဲ ရှိသေးတယ်”

“ သူက တာ့ရှစ်ချိုးလို ဝူချီအန်းတစ်ယောက်လား”

မင်ရှစ်ရင်က မေးလိုက်သည်။

“ ကျွန်တော်တော့ အဲလိုမထင်ဘူး။ တာ့ရှစ်ချိုးနဲ့ နှစ်ပေါင်းများစွာ အတူရှိလာခဲ့တာ ဝူချီမျိုးနွယ်စုရဲ့ စွမ်းအင်က ဘာဆိုတာ ကျွန်တော်သိတယ်” စီး၀ူယာ့က ခေါင်းခါလိုက်သည်။

“ မကောင်းဆိုးဝါးလား”

“ ဖြစ်နိုင်ချေ သုံးခုရှိတယ်။ ပထမက ခရုလေးက ရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ ဒုတိယက လော့ရှစ်ယင်က လော့ရွှမ်းရဲ့ ဆက်ခံသူဖြစ်ပြီး လော့ရွှမ်းရဲ့ သုတေသနကို အမွေဆက်ခံထားတာ။ မှတ်စုထဲမှာ အရေးကြီးတဲ့ အချက်တစ်ချက်ရှိတယ်။ လော့ရွှမ်းက လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ရွှေကြာနယ်မြေကို ပြန်သွားခဲ့ဖူးတယ်။ ဒါပေမဲ့ နောက်ဆုံးဆယ်စုနှစ်ရဲ့ မှတ်တမ်းတွေကို လော့ရွှမ်းရဲ့နာမည်နဲ့ရေးထားတာ။ တတိယက အနီရောင်ကြာနယ်မြေဆီကနေ ပို့လိုက်တဲ့ သူလျိုတစ်ယောက်ပဲ”

“……. “

မင်ရှစ်ရင်သည် ထိုယူဆချက်များကြောင့် ခေါင်းအနည်းငယ်ကိုက်ခဲသွားသည်။ သူက ယုံကြည်ရန်ခက်ခဲနေ၏။

“ ဒုတိယဖြစ်နိုင်ခြေကို ငါယုံနိုင်ပေမဲ့ တတိယတစ်ခုကတော့ သိသိသာသာကြီးကို “

“ လူတစ်ယောက်ရဲ့ စိတ်ထဲဘာရှိလဲဆိုတာကို ပြောဖို့ခက်ခဲတယ်” စီး၀ူယာ့သည် မင်ရှစ်ရင်နှင့် အကြည့်ချင်းဆုံကာ ပြောလိုက်၏။

“ ထားလိုက်တော့ မင်းကညဏ်ကောင်းတာပဲ။ မင်းဆီအပ်ထားလိုက်မယ်။ ဒါပေမဲ့တစ်ခါတစ်လေ မင်းဘာသာမင်းအတွေးနဲ့ ပြည့်နေတတ်တာ ။ ငါလေကောင်းလေသန့်ရှူလိုက်ဦးမယ်” မင်ရှစ်ရင်က လှည့်ထွက်သွားပြီး သူ့နောက်ရှိတံခါးကို ပိတ်သွား၏။

မင်ရှစ်ရင်ထွက်သွားပြီးနောက် စီး၀ူယာ့သည် သက်ပြင်းချကာ ခေါင်းခါလိုက်တော့သည်။ သူသည် သူရှေ့ရှိ ကဗျာအောက်ရှိ ဇယားကိုအချိန်အတော်ကြာကြည့်ပြီးနောက်ရေရွတ်ပြီး ပြောလိုက်သည်။

“ တကယ်တော့နောက်ထက်ဖြစ်နိုင်ချေတစ်ခုရှိသေးတယ်။ ရှစ်မေ့ခရုလေးက ပိုကြောက်ဖို့ကောင်းတဲ့ တစ်နေရာရာကနေ လာတာဖြစ်နိုင်တယ်။ လော့ရှစ်ယင်က အစကတည်းက ဒီနေရာမှာ တစ်ခါမှ မရှိခဲ့တာလည်း ဖြစ်နိုင်တယ်”

ရွှေကြာနယ်မြေနှင့် အနီရောင်နယ်မြေသည် ဇယားကွက်ပေါ်၌သာ ရှိတာမဟုတ်ပေ။ သူ့သံသယကို ဖြစ်စေသည့် အခြားသောပုံများလည်း ရှိသည်။ သို့သော်အားလုံးက မှင်အခြစ်ခံထားရပြီ မမြင်ရပေ။

...

အနီရောင်ကြာနယ်မြေရှိ မိုးမခဘုရားကျောင်းတွင်ဖြစ်သည်။

ဖျက်ဆီးတတ်သည့် သားရဲအုပ်လိုက်ကြီးက ကောင်းကင်ထဲ၌ ပေါ်လာသည်။

ခြံဝင်းထဲတွင် ယွီကျန့်ဟိုင်၏တိုးတက်မှုသည် အချိုးအကွေ့ဘက်ရောက်နေပြီဖြစ်သည်။

ရှောင်ယွမ်အာက ယွီကျန့်ဟိုင်ကို လက်ညှိုးထိုးလျက် အော်ပြောလိုက်သည်။

“ ရှစ်စွင်း တာ့ရှစ်ချိုးရဲ့ ဆံပင်တွေက ဖြူကုန်ပြီ “

“ ရှီယောင်ရဲ့ နှလုံးသား”

လုကျိုးသည် သူ့ကိုသတိပေးလိုက်သည်။

ယွီကျန့်ဟိုင်က ခေါင်းညိတ်လျက် ကျန်ရှိသည့် ရှီယောင်၏နှလုံးသားကို သုံးစွဲလိုက်သည်။

လုကျိုးက သူ၏လက်ထဲရှိ ပိုးထည်သေတ္တာကို ဖွင့်လိုက်၏။ အောင်းယွီ၏နှလုံးသည် ရှီယောင်၏နှလုံးနှင့်ဆင်တာကို တွေ့လိုက်ရသည်။ သူက ယွီကျန့်ဟိုင်အား ပေးလိုက်သည်။

“ ဒါကိုစားလိုက် “

“ နားလည်ပါပြီ “

ရွှေကြာသည် ယွီကျန့်ဟိုင်၏သက်တမ်းကို ပိုလျင်မြန်သောအရှိန်ဖြင့် စားသုံးနေ၏။ အသက်ဓာတ်နှလုံးသားနှစ်ခုဖြင့် သူ၏ဆံပင်ဖြူများက ပြန်မဲမှောင်သွားသည်။

ထိုစဉ် ထျန်းပုကျီ၏ အသံက လေထဲ ပေါ်ထွက်လာတော့သည်။

" လောင်ချန်ပေ့ ဘုရားကျောင်းသခင် သားရဲကျုံးထျောင်က ဒီရောက်လာပြီ။ "

သားရဲများအလယ်တွင်ထိတ်လန့်နေသော သားရဲတစ်‌ကောင်ကိုမြင်ရသည်။

ရှားချန်းချိုးက ပြောလိုက်၏။

" ငါဖြေရှင်းလိုက်မယ် " သူက ခုန်ထွက်ပြီး မိုးမခတစ်ထောင်ဘုရားကျောင်းမှ အကြီးအကဲများက လိုက်ပါလာသည်။

ကျုံးထျောင်သည် ငှက်တစ်ပိုင်းနှင့်ဆင်တူပြီး လူသားများကို စားသုံးသော သားရဲတစ်‌ကောင်ဖြစ်၏။ ၎င်း၏ခေါင်း၌ ဦးချိုရှိသည့် အမဲလိုက်ငှက်နှင့်တူသည်။ ၎င်း၏ အော်သံသည် မွေးကင်းစကလေးအသံနှင့် တူပြီး အတော်လေးစိတ်ပျက်ဖွယ်ကောင်းသည်။

" အသံနည်းစနစ်လား "

ကလေးငိုသံနှင့် တူသော ကျုံးထျောင်၏အော်သံသည် မိုးမခတစ်ထောင် ဘုရာကျောင်းအထိတောင် ပျံ့လွင့်လာသည်။ ယင်းက အာရုံသွေဖည်စေ၏။

ယွီကျန့်ဟိုင်က မျက်မှောင်အနည်းငယ်ကျုံ့သွားသည်။

ရှားချန်းချိုးနှင့် မိုးမခတစ်ထောင်ဘုရားကျောင်း၏ အကြီးအကဲများသည် သားရဲကို ဖြေရှင်းရန် ပြဿနာမရှိပေ။ သို့သော်သားရဲက ဖန်တီးသည့် ဆူညံသံသည် တစ်ကယ့်ကို စိတ်ဒုက္ခရောက်စေ၏။

ရှားချန်းချိုးသည် သူ၏မြင်းမြှီးတုတ်ကို ဝှေ့ယမ်းလိုက်သည်။ စွမ်းအင်ပေါက်ကွဲမှုက သားရဲများ၏ အခင်းအကျင်းကို ဖျက်ဆီးလိုက်ကာ ကျုံးထျောင်ဆီသို့ ဦးတည်သွားသည်။

ဘန်း ဘန်း ဘန်း

ကျုံးထျောင်က တောင်ပံတစ်ဖျပ်ဖျပ် ခတ်လျက် သူ၏ခန္ဓာကိုယ်ကို ထိန်းထားလိုက်သည်။ ယင်းသည် နောက်ထပ်အရပ်မျက်နှာဆီပျံသန်းကာဆက်လက်အော်နေ၏။

" သေသင့်တဲ့ တိရစ္ဆာန်ကောင်"

ရှားချန်းချိုးသည် သူ၏မဟာနည်းစနစ်ကို ထုတ်ဖော်ပြီး များစွာသော တာအိုစည်းတံဆိပ်များကို သုံးလိုက်သည်။

တာအိုစည်းတံဆိပ်များသည် အပြင်ဘက်သို့လည်ထွက်သွား၏။ ကလေးငိုသံက ပိုကျယ်လောင်လာသည်။ သားရဲကြီးကို မဖြေရှင်းလျှင် ကျန်သည့်သားရဲများ ထွက်သွားမှာ မဟုတ်ပေ။

ထိုစဉ် ယွီရှန်းရုန်က ခေါင်းမိုးပေါ်ရှိသူ့နေရာကနေ မော့ကြည့်ပြီးပြောလိုက်သည်။

" ဒါကိုကျုပ်ဆီအပ်ထားလိုက်"

ရှားချန်းချိုးသည် သူ၏ခမ်းနားသော နည်းစနစ်ကိုထုတ်ဖော်ပြီးနောက် ကျုံးထျောင်သည် သူ၏ရည်ရွယ်ချက်ကို နားလည်သွားပုံပေါ်ကာ သူ၏ပျံသန်းမှုကို ထိန်းညှိလိုက်သည်။

"မဟုတ်ဘူး ဒီတိရစ္ဆာန်က ယဉ်ပါးအောင်လုပ်ပြီးသား " ရှားချန်းချိုးသည် ကျုံးထျောင်ကို လေ့လာပြီးနောက်ပြောလိုက်သည်။

လေထဲ၌ ပျံဝဲနေသော ယွီရှန်းရုံက မေးလိုက်သည်။

" ယဉ်ပါးပြီးသားလား "

"သားရဲတစ်ကောင်က ယဉ်ပါးပြီးသားဆိုရင် သခင်ရဲ့ အမိန့်အတိုင်းလိုက်နာပြီး ဘယ်အချိန် ဆုတ်ခွာရမလဲဆိုတာသိတယ်။ ဒီလို တိရစ္ဆာန်တွေက ဖြေရှင်းရသိပ်ခက်ခဲတာ" ရှားချန်းချိုးက ပြောလိုက်လေ၏။

ယွီရှန်းရုံက ခပ်ရေးရေးပြုံးကာ ပြောလိုက်တော့သည်။

"စိတ်ဝင်စားစရာပဲ " သူ၏ပစ်မှတ်က ရိုးရှင်းလွန်းနေလျှင် သူပျင်းစရာကောင်းသည်ဟု ထင်လိမ့်မည်။

ကျီ

သူ၏သက်တော်ရှည်ဓားက ဓားအိမ်ထဲမှ ထွက်ခွာသွားသည်။

ယွီရှန်းရုံသည် ပြန်လာဝင်ရောက် ဝိညာဉ်သုံးပါးကို ရွတ်ဆိုပြီးနောက် လေထုထဲ၌ ပျောက်ကွယ်သွားပုံရသည်။ ပြီးနောက် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်၏။

ပေတစ်ရာ့ငါးဆယ်ခန့်မြင့်သော ရွှေကြာဝိညာဉ်သဏ္ဌာန်သည် အရှေ့အရပ်သို့ပျံသန်းသွားသည်။ ၎င်း၏ရွှေရောင်လက်များက အံ့ဖွယ်စွမ်းအားများနှင့်ပေါင်းစည်းသွားပုံပေါ်ကာ ကျုံးထျောင်ကို ဆုပ်ကိုင်လိုက်သည်။

ယွီရှန်းရုံ၏ ကိုယ်ခွဲသုံးခုက တစ်ခုတည်းပေါင်းစည်းသွားချိန် သူသည် ကျုံးထျောင်ရှေ့၌ ပေါ်လာပြီဖြစ်၏။

လေထဲ၌ အေးစက်စက်အလင်းတန်းတစ်ခုပေါ်လာပြီး သက်တော်ရှည်ဓားက ကျုံးထျောင်၏ကိုယ်ထဲကို ထိုးဖောက်သွားတော့သည်။

ရှားချန်းချိုး " ........ "

အနီးရှိတောင်ထွတ်ပေါ်တွင် ဖြစ်သည်။

ခေါင်းစွပ်ဖြင့်လူ၏ လက်ချောင်းများသည် လက်ဖဝါးဖြန့်လိုက်ချင်း တုန်ရီနေတော့သည်။

" ပွင့်ချပ်ကိုးလွှားလား " ခေါင်းမော့လိုက်ချိန်တွင် မျက်နှာပေါ်၌ မုတ်ဆိတ်ကို မြင်တွေ့နိုင်သည်။ သူ၏မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်များပြည့်နေကာ ပြောလိုက်တော့သည်။

" ငါ့ရဲ့ကျုံးထျောင်ကိုသတ်တဲ့အတွက် မင်းရဲ့အသက်နဲ့ ပေးဆပ်ရမယ်။ "

ပြောပြီးသည်နှင့် တောင်ပေါ်က ခုန်ဆင်းလိုက်တော့သည်။ သူနားတစ်ဝိုက်၌ထူးဆန်းသောအလင်း စက်ကွင်းများပေါ်လာ၏။ သူတို့အရောင်သည် ခရမ်းရောင်ဖြစ်ပြီး ရင့်လွန်းသောကြောင့် အနက်ရောင်ဖြစ်လုနီးပါးထင်မှတ်ရသည်။

…

အခန်း (၇၅၆) သလင်းကျောက်၏ နောက်တစ်ဝက်

အမျိုးသားတစ်ယောက်က တောင်ထိပ်ပေါ်မှ ခုန်ဆင်းလာပြီးသည့်နောက်တွင် မိုးမခတစ်ထောင်ဘုရားကျောင်းဆီ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက ဆက်ကြည့်မနေတော့ဘဲ မြင်ကွင်းမှ ပျောက်ကွယ်သွား၏။

ယွီရှန်းရုန်၏ ဓားမှ ဆက်သွယ်မှု ဖြတ်တောက်ခံလိုက်ရကတည်းက ကျုံးထျောင်က အဆက်မပြတ် အော်ဟစ်နေသည်။ သူ၏ နှလုံးကွဲလုမတတ်အော်သံက မိုးမခတစ်ထောင်ဘုရားကျောင်းဆီ ပျံ့နှံ့နေ၏။

ကျုံးထျောင်ကို တတ်နိုင်သမျှ မြန်မြန်ရှင်းထုတ်ဖို့ရာ ယွီရှန်းရုန်က အားကောင်းသည့် အရိပ်အယောင်မဲ့ ဓားချက်ကို ထုတ်ဖော်လိုက်သည်။

ယွီရှန်းရုန်၏ ရွှေကြာက စွမ်းအင်းဓားတစ်ခုကို ထုတ်လွှတ်လာပြီး သူ့လှုပ်ရှားမှုနှင့် လိုက်ဖက်ညီနေသည်။ စိတ်ဝိညာဥ်သဏ္ဌာန်က စွမ်းအင်ဓားကို ယမ်းလာပြီး သက်ညှာခြင်းမရှိ ခုတ်ချလိုက်သည်။

ကျုံးထျောင်က လေထဲတွင် ဖြူဖျော့သွား၏။

ယွီရှန်းရုန်က ဆက်လက်တိုက်ခိုက်နေသည်။ ထိုအရာက တကယ့်ကို ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခု ဖြစ်၏။

ကျုံးထျောင်က ကြီးမားသော်လည်း မန်မန်း သို့မဟုတ် ထျန်းကို့နှင့် ယှဥ်လိုက်လျှင် သေးငယ်နေသည်။

ယွီရှန်းရုန်က ချုပ်တည်းမထားဘဲ ဓားလမ်းစဥ်ကို ထုတ်ဖော်လိုက်၏။ သူက လေဟုန်အလား ရွေ့လျားကာ အဆုံးမဲ့မုန်တိုင်းအလား ရိုက်ခတ်လိုက်သည်။ သူ့၏ ပုံရိပ်များက ကောင်းကင်အနှံ့ ပြည့်နှက်သွား၏။

ယွီရှန်းရုန်က ပွင့်ချပ်ရှစ်လွှာနှင့် တစ်ပိုင်းအဆင့် ဖြစ်စဥ်အခါက ရှားချန်ချိုးသည် ယွီရှန်းရုန်၏ အရည်အချင်းကို ကြုံတွေ့ခဲ့ဖူးသည်။ သူက ယွီရှန်းရုန်ကို အနိုင်မယူနိုင်ခဲ့ပေ။ ယခု ယွီရှန်းရုန်က ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ရှိနေပြီဖြစ်၍ သူ့အနေနှင့် အနိုင်ယူဖို့ရာ မည်သို့ဖြစ်နိုင်မည်နည်း။

စွမ်းအင်ထုတ်ဖော်ပြီးသည့်နောက် ထူးချွန်သည့် ဓားသမားတစ်ယောက်က ဓားလမ်းစဥ်နှင့် အချိန်တိုအတွင်း ရင်းနှီးလာနိုင်သည်။ သူ့ဓားအရည်အချင်းက သိသိသာသာ တိုးတက်လာလိမ့်မည်။ လက်ရှိ ယွီရှန်းရုန်က ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူတစ်ယောက်လို ဖြစ်ကာ လက်တလောလေးမှ တက်လှမ်းထားသည့်ပုံ မပေါ်ပေ။

ယွီရှန်းရုန်၏ စွမ်းအင်ဓားက ကျုံးထျောင်၏ သေစေလောက်သည့် နေရာများဆီ ထိမှန်သွား၏။

ပြန်လာဝင်ရောက် ဝိညာဉ်သုံးပါး

ယွီရှန်းရုန်က ထိုနည်းစနစ်၏ အနှစ်သာရကို နားလည်လေ၏။ ခန္ဓာကိုယ်ကို ဖျက်ဆီးမည့်အစား နှလုံးသားကို ဖျက်ဆီးသည်က ပိုမိုအကျိုးသက်ရောက်မှု ရှိသည်။ ကျုံးထျောင်လိုမျိုး သားရဲကြီးမျိုးအတွက် ဤသို့အားကောင်းသည့် လူသားနှင့် ရင်ဆိုင်ရသည်မှာ ကြောက်မက်ဖို့ ကောင်းနေသည်။ သူက ထွက်ပြေးဖို့ ကြိုးစားလိုက်၏။ သို့သော် သူ့သခင်၏ အမိန့်ကိုသာ နာခံလွန်းသည်ကို အသားကျနေသည့်အတွက် အသက်ရှင်သန်လိုသည့် အလိုလိုသိစိတ်တချို့ ပျောက်ဆုံးသွားရသည်။

ကျုံးထျောင်က အော်သံ မြည်တမ်းလာပြီးသည့်နောက် မိုးမခတစ်ထောင်ဘုရားကျောင်းက ပြန်လည်တိတ်ဆိတ်သွားသည်။

ထိုစဥ် မိုးမခတစ်ထောင်ဘုရားကျောင်းအထဲရှိ သာမန်သားရဲပျံများကို အကြီးအကဲများက မောင်းထုတ်နေကြသည်။ သူတို့ လုပ်ဆောင်ပြီးသွားသည်နှင့် သူတို့က ရှားချန်ချိုးနောက်တွင် ပြန်လည်ရောက်ရှိလာကြ၏။ သူတို့က ဝေဟင်အထက်မှ စွမ်းအင်ဓားများကို မြင်လိုက်ရသည့်အခါ အကြည့်မလွှဲနိုင်ကြတော့ပေ။

အကြီးအကဲတစ်ယောက်က လက်ကို ဖြန့်ကာ ပြောလိုက်၏။

" သူက တကယ့်ကို အံ့သြဖို့ကောင်းတာပဲ "

" မင်းက ဘာမှမဟုတ်ဘဲနဲ့ အရေးကြီးခွင်ကျယ် လုပ်နေပြန်ပြီ " ထျန်းပုကျိက သူ့အား တစ်ချက်ကြည့်လာသည်။

" အကြီးအကဲထျန်းက မအံ့သြဘူးလား "

" ထျန်းပုကျိက လေသံအတက်အကျမရှိ ပြောလိုက်သည်။ မင်းက ငါနဲ့ နဝမမြောက်ဘုံကျောင်းကို မလိုက်ခဲ့လို့ အံ့သြနေတာလေ။ "

တခြားသူများက နားမလည်ဖြစ်သွားကြ၏။ သူတို့က ထျန်းပုကျိ၏ စကားကို နားမလည်ပေ။

ထျန်းပုကျိက ထိုစကားများကို ပြောစဥ်အခါက ယုတ်ညံ့သည့် ရည်ရွယ်ချက်မျိုး မရှိပေ။ သူက လှိုင်းလုံးကြီးများကို မြင်တွေ့ပြီးသားဖြစ်၍ လှိုင်းလုံးငယ်များကြောင့် မအံ့သြတော့ပေ။

စွမ်းအင်ဓားများ ပျောက်ကွယ်သွားသည့်အခါ ကျုံးထျောင်က ဝေဟင်မှ ပြုတ်ကျလာ၏။

" တင် ကျုံးထျောင်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၃၀၀၀ ရရှိပါတယ်"

လုကျိုးက ယွီရှန်းရုန်ကို လှည့်ကြည့်လိုက်သည်။ သူက မုတ်ဆိတ်သပ်ကာ အသိမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်လိုက်၏။ သူ့ဒုတိယတပည့်က မာနကြီးသည့်အတွက် သူ့အနေနှင့် စိုးရိမ်ရသည်။ သို့သော်လည်း သူ့ဒုတိယတပည့်က ယခုအချိန်ထိ ပေးထားသည့် တာဝန်တိုင်းကို ရှုံးနိမ့်ဖူးသည်ဟူ၍ မရှိပေ။

ရှားချန်ချိုးနှင့် တခြားသူများကလည်း ဆင်းသက်လာကြ၏။

မိုးမခတစ်ထောင်ဘုရားကျောင်း၏ တပည့်များက ကျုံးထျောင်နားတွင် စုဝေးလိုက်ကြသည်။

ယွီရှန်းရုန်က သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ပြန်ရုတ်သိမ်းပြီးသည့်နောက် ကျုံးထျောင်ကို ငုံ့ကြည့်ကာ ပြောလိုက်၏။

" ဒီသားရဲက အသက်ဓာတ် နှလုံးသားရှိလား "

ရှားချန်ချိုးက ခေါင်းခါကာ ပြောလိုက်၏။ " ဒီလိုမျိုး သားရဲကြီးတွေက အသက်ဓာတ် သားရဲမရှိဘူး "

" အဲဒါက ဘယ်လိုပြောနိုင်တာလဲ " ယွီရှန်းရုန်က သိချင်နေမိသည်။

" အသက်ဓာတ်ကို အမြုတေအနေနဲ့ ဖွဲ့စည်းနိုင်တဲ့ သားရဲတွေက ပုံမှန်ဆိုရင် ကနဦးချီကို စုပ်ယူနိုင်ကြတယ်။ သူတို့ တိုက်ခိုက်တဲ့အခါ ကနဦးချီ အသုံးပြုတဲ့ အရိပ်အယောင်တွေ ရှိတယ်။

တချို့သားရဲတွေက အသိဉာဏ်ရှိပေမဲ့ လူသားတွေနဲ့တော့ အလှမ်းဝေးနေသေးတယ်။ သားရဲအများစုက ဘယ်လိုပုန်းအောင်းရမလဲဆိုတာတောင် မသိကြဘူးလေ" ရှားချန်ချိုးက ပြောလိုက်၏။

ယွီရှန်းရုန်က ခေါင်းညိတ်ကာ မေးလိုက်သည်။ " အဲဒါဆို ဒါကို ဘယ်လိုလုပ်ဖို့ စီစဥ်ထားလဲ "

ဤသားရဲတွင် အသက်ဓာတ် နှလုံးသားမရှိသည့်အတွက် တခြားကုန်ပစ္စည်း ဘာရှိမည်နည်း။

ရှားချန်ချိုးက ပြောလိုက်၏။ " သားရဲတွေရဲ့ အရိုးနဲ့ အမွေးကို ပိုက်ဆံနဲ့ လဲလှယ်လို့ ရတယ် "

ထို့နောက် ရုတ်ခြည်းဆိုသလို ဤသားရဲကို ယွီရှန်းရုန် သတ်ခဲ့ကြောင်း အမှတ်ရလာကာ အလျင်စလို ပြောလိုက်၏။ " ခင်ဗျား စိတ်ထဲမထားဘူးမလား "

" ခင်ဗျားတို့ စိတ်ကြိုက်လုပ်လိုက်ပါ " ယွီရှန်းရုန်က ထိုသို့ကိစ္စမျိုးတွင် စိတ်မဝင်စားပေ။

မိုးမခတစ်ထောင်ဘုရားကျောင်းက မိစ္ဆာဝေဟင်မျှော်နန်းနှင့် မတူပေ။ အကယ်၍ သူတို့တွင် ဝင်ငွေမရှိပါက ဘုရားကျောင်းက ဆက်လက်မရပ်တည်နိုင်သလို ဂိုဏ်းသားများကိုလည်း ကျွေးမွေးဖို့ မတတ်နိုင်ပေ။

ထိုစဥ် ယွီကျန့်ဟိုင်၏ ရွှေကြာက လည်ပတ်နှုန်း ဖြည်းဖြည်းချင်း နှေးကွေးလာ၏။

ရှားချန်ချိုးနှင့် တခြားသူများက စပ်စုလိုက်ကြသည်။

" ကျုံးထျောင်ကို သေချာဂရုစိုက်လိုက် " ရှားချန်ချိုးနှင့် ထျန်းပုကျိတို့က အမိန့်ပေးပြီးသည့်နောက်တွင် ပျံသန်းလာကြသည်။

သူတို့က ယွီကျန့်ဟိုင်၏ ရွှေကြာကို မြင်လိုက်ပြီး အသက်ဓာတ်ကို ခံစားမိသည့်အခါ အံ့အားသင့်သွားကြသည်။

" ရွှေကြာကျင့်ကြံသူအတွက် ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းဖို့ တကယ်ကို ခက်တာပဲလား "

အကယ်၍ အနီရောင်ကြာ ကျင့်ကြံသူဆိုပါက သူတို့က ယခုတွင် ပွင့်ချပ်များစွာ ထွက်ပြီးလောက်နေပြီ။

" ရှူး " ရှောင်ယွမ်အာက သူတို့ဆီ လှည့်ကာ တိုးတိုးနေဖို့ အချက်ပြလိုက်သည်။

တခြားသူများကလည်း စကားမပြောရဲကြတော့ပေ။

သားရဲများကို ဖြေရှင်းပြီးသည့်နောက်တွင် ငြိမ်ကျသွား၏။ ယွီကျန့်ဟိုင်က သူ့ရွှေကြာအပေါ် အာရုံစိုက်ထားလေသည်။

" ရွှေကြာရဲ့ စွမ်းအားကို ထုတ်လိုက် " လုကျိုးက ပြောလိုက်သည်။

တစ်ချိန်တည်းဆိုသလို ယွီရှန်းရုန်က ငှက်မွေးလေးအလား လှုပ်ရှားလာ၏။ သူက ထိုအရာကို မျှော်လင့်ထားပြီးသည့်အလား ပြုံးလိုက်သည်။

ယွီကျန့်ဟိုင်က သူ့ရှစ်စွင်းကို အကြွင်းမဲ့ ယုံကြည်လေသည်။ ထို့ကြောင့် သူက ရွှေကြာဆီ စွမ်းအားကို ပြန်လည်ထုတ်လွှတ်လိုက်၏။

အလင်းစက်ကွင်းက ပြောင်းလဲလာသည်။

ပွင့်ချပ်တစ်လွှာ ထွက်ပေါ်လာပြီးသည့်နောက်တွင် အရွယ်အစား ကြီးမားလာ၏။ ထိုအရာက ရွှေရောင်ဖြင့် တောက်ပနေလေသည်။

ထိုအရာကို မြင်တွေ့ပြီးသည့်နောက်တွင် လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်၏။

"သတိလက်လွတ်မထားနဲ့။ ရွှေကြာကနေ အသက်ဓာတ်လွင့်ပြယ်သွားလိမ့်မယ် "

ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်၏။

ရှားချန်ချိုးက ထိုအရာကြောင့် အံ့အားသင့်နေမိသည်။ ပုံမှန်အားဖြင့် ပွင့်ချပ်ထွက်ရေးဖြစ်စဥ်က ရွှေကြာထဲ စွမ်းအင်စုပ်ယူခြင်းသာ ဖြစ်၏။ ကျင့်ကြံသူတစ်ယောက်က စွမ်းအင်လုံလောက်ပါက ပွင့်ချပ်ထွက်လာနိုင်သည်။ ရွှေကြာအတွက်မူ အဘယ့်ကြောင့် ဆန့်ကျင်ဘက် ဖြစ်နေရသနည်း။

ဒါက ကျင့်ကြံရေးနည်းလမ်းအသစ်လား။

သူတို့က နောင်အခါတွင် ထိုအရာကို စမ်းကြည့်ဖို့ ဆုံးဖြတ်ထားသည်။

" အစ်ကိုယွီ ဂုဏ်ပြုပါတယ် "

" ချန်းပေ့ ဂုဏ်ပြုပါတယ် "

" တာ့ရှစ်ရှိုး ဂုဏ်ပြုပါတယ် "

ယွီကျန့်ဟိုင်က ပျော်ပျော်ရွှင်ရွှင် ခေါင်းညိတ်လိုက်၏။ သူက သူ့စွမ်းအင်ဗဟိုချက်မှ ထွက်ပေါ်နေသည့် စွမ်းအားများကို ခံစားမိလေသည်။ သူက အနည်းငယ် ဂုဏ်ယူသလို ခံစားရပြီးသည့်နောက်တွင် ဝေဟင်အထက် ပျံသန်းနေသည့် ယွီရှန်းရုန်အား ကြည့်လိုက်၏။ " အဲ့ဆိုတော့ "

ယွီရှန်းရုန်က အနည်းငယ် စိတ်ပျက်နေပုံပေါ်သော်လည်း ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ သူက ညာဘက်လက်ကို ခါကာ ကျဆင်းစေလိုက်၏။

ရွှေကြာဖြင့် ပွင့်ချပ်ကိုးလွှာက မြေပြင်ထဲ ချက်ချင်းဆိုသလို ထိုးစိုက်သွားသည်။

ထို့နောက် သူက ညာဘက်လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်ပြန်သည်။

ပွင့်ချပ်ကိုးလွှာက သူ့ဆီ ပြန်ရောက်လာပြီးသည့်နောက် ပျောက်ကွယ်သွား၏။ ဘာမှပြောစရာမရှိဘဲ သူက ငှက်မွေးလေးအလား ပေါ့ပါးသွက်လက်စွာ ထွက်ခွာသွားသည်။

တခြားသူများက ဆွံ့အနေကြ၏။

တစ်ဖက်တွင် ရိုးသားသည့် ခရုလေးက လက်ခုပ်တီးကာ ပြောလိုက်သည်။ " အာ့ရှစ်ရှိုးက တော်လိုက်တာ "

ရှောင်ယွမ်အာကမူ ယခင်ထက် အရိပ်အခြေ ကြည့်တတ်လာပြီဖြစ်၏။ သူမက အလျင်စလို ပြောလိုက်သည်။ " တာ့ရှစ်ရှိုးကလည်း တော်လိုက်တာ "

ရှားချန်ချိုးက သူတို့ထက် အသက်ကြီးလေသည်။ အကယ်၍ သူသာ အခြေအနေကို မဖတ်နိုင်ပါက မျက်စိကန်းနေ၍သာ ဖြစ်လိမ့်မည်။ ထို့ကြောင့် သူက ဝင်ပြောလိုက်သည်။ " နှစ်ယောက်လုံးက တကယ်ကို အံ့သြဖို့ ကောင်းတယ် "

ယခု ယွီကျန့်ဟိုင်က ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ဖြစ်သွားပြီဖြစ်ကာ ကျန်ရှိနေသည့် ဖြစ်စဥ်အတွက် တစ်ယောက်ယောက် စောင့်ကြည့်ဖို့ မလိုအပ်တော့ပေ။ ထို့ကြောင့် လုကျိုးက စိတ်ထဲ မထားတော့ဘဲ အခန်းဆီ ပြန်သွားကာ ကောင်းကင်ကျမ်းစာလိပ်ကို ဆက်လက် ဆင်ခြင်လိုက်၏။

ကံမီးတောက်အတွက်မူ ယွီကျန့်ဟိုင်၏ ကံကောင်းမှုပေါ် မူတည်နေ၏။ ယွီကျန့်ဟိုင်က ကံမီးတောက်ကို ကျွမ်းကျင်နိုင်ပါ့မလား မသေချာပေ။

ယခု သူက ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကို တွေ့ပြီဖြစ်ရာ စိတ်ထဲမှ တွေးလိုက်မိသည်။

ငါတို့တွေ ကောင်းကင်ရထားလုံးနဲ့ ရွှေကြာနယ်မြေဆီ ပြန်သင့်ပြီလား...

သူက ရွှေကြာနယ်မြေ၏ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး စိုးရိမ်နေမိသည်။

သူတို့က ခေတ်သစ်အချိန်ကာလကဲ့သို့ အဝေးဆက်သွယ်ဖို့ရာ နည်းလမ်းများမရှိသေးပေ။ ထို့အပြင် သူတို့ကြားရှိ အကွာအဝေးက ထိုပစ္စည်းများပင် အလုပ်မဖြစ်လောက်ပေ။

ကောင်းကင်ရထားလုံးက အလျင်အမြန် ပျံသန်းလာသောကြောင့် သူ့အနေဖြင့် အဆုံးမဲ့ပင်လယ်ပြင်သည် မည်မျှကျယ်ပြန့်ကြောင်း အတိအကျ မခန့်မှန်းနိုင်ပေ။

သူက ဤသို့ပြန်သွားရသည်မှာ နှမြောဖို့ ကောင်းသည်ဟု ခံစားမိနေသည်။ သူ မဖြေရှင်းရသည့် ကိစ္စတချို့လည်း ကျန်ရှိနေသေး၏။ သူတို့ ဖြတ်သန်းလာသည့် အဆုံးမဲ့ပင်လယ်ပြင်သည် စိတ်ကူးကြည့်ထားသည်ထက်ပင် ကျော်လွန်နေသည့် အကွာအဝေးမျိုး ဖြစ်သည်။ သူ့အနေဖြင့် မှတ်ဉာဏ်သလင်းကျောက်၏ တခြားတစ်ဝက်ကိုလည်း အာရုံမခံမိသေးပေ။ သူက ကြယ်ပျံအိမ်တော်တွင် ရှိလိမ့်မည်ဟု သေချာနေမိ၏။ နဝမမြောက်ဘုံကျောင်းက သတိထားရသည့် ဂိုဏ်းကြီးအနေဖြင့် အားနည်းမည် မဟုတ်ပေ။

" ယဲ့ကျန်း " လုကျိုးက မှတ်ဉာဏ်ထဲမှ ထိုနာမည်ကို ရေရွတ်လိုက်သည်။

သလင်းကျောက်က သူနဲ့ ရှိနေတာလား...

……….

ကျန်းတုံပတ်လမ်းရှိ မြင့်မြတ်မတ်စောက်တောင်ပေါ်ရှိ ကြယ်ပျံအိမ်တော်

တောင်က တိမ်တိုက်အတွင်း ထိုးခွင်းနေ၏။ အဘက်ဘက်က မတ်စောက်ကာ ဖြောင့်တန်းနေသည်။ တောင်ပတ်လမ်းကြောင်းဟူ၍ မရှိပေ။

တာ့ထန်၏ အမြင့်ဆုံးနေရာအဖြစ် မှတ်ယူ၍ ရပေသည်။ ထို့ကြောင့် အားနည်းသူများက ကြယ်ပျံအိမ်တော်တွင် ခြေချနိုင်ခွင့်မရှိပေ။ သူတို့က မြင့်မြတ်မတ်စောက်တောင်ခြေတွင် အားထုတ်ကြိုးပမ်းရသည်။

နှစ်တိုင်းနှစ်တိုင်း ဂိုဏ်းဆီ ပျံသန်းဖို့ ကြိုးစားကြသည့် ဗြဟ္မာပင်လယ် ချီသွေးကြော ရှစ်ခု ကျင့်ကြံသူများ ရှိခဲ့သော်လည်း လမ်းတစ်ဝက်တွင် ကျရှုံးကာ သေဆုံးသွားကြရသည်။

ထိုစဥ် အကြီးအကဲ မုန့်ချန်းသုံက ဦးညွတ်လိုက်၏။ " အကြီးအကဲယဲ့ လွမ့်နှလုံးသားကို ရရှိပြီး ပြန်လည်ကောင်းမွန်လာတဲ့အတွက် ဂုဏ်ပြုပါတယ်။ "

မုန့်ချန်းသုံရှေ့တွင် ရပ်နေသည့်သူက ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ယဲ့ကျန်း ဖြစ်၏။ သူက နေအခါမှာ နေမင်းကြီးသဖွယ် ဖြစ်နေလေသည်။ သူက ကျော့ရှင်းနေပြီး ပညာရှင်ဝတ်စုံလိုမျိုး ဝတ်ဆင်ထား၏။ ယဲ့ကျန်းက ပိန်ပါးသည့် ခန္ဓာကိုယ်တည်ဆောင်ပုံမျိုး ရှိထားသည်။

သူ့ဝတ်ရုံက ခန္ဓာကိုယ်အထက် ခပ်ပွပွဖြစ်နေ၏။ သူက ပညာရှင်ရုပ်ရည်ဖြင့် မွေးဖွားလာသူ ဖြစ်သည်။ သူက ကောလဟာလလောက် အသက်မကြီးသေးသလို မာနကြီးခြင်းမျိုး မရှိပေ။ ထို့အစား သူက လေးစားဖို့ ကောင်းဟန်ပေါ်သည်။

" အကြီးအကဲမုန့် ဒီလိုတွေ ပြောဖို့ မလိုပါဘူး။ ထိုင်ပါဦး။ "

ယဲ့ကျန်းက တင်ပျဥ်ခွေကာ ထိုင်ရင်း ပြောလိုက်၏။ ထို့နောက် သူက ထပ်ပြောလိုက်သည်။ " အကြီးအကဲမုန့်က အကြောင်းအရင်းမရှိဘဲ လာမဲ့သူ မဟုတ်ဘူး။ ပြီးတော့ ခင်ဗျားက ပြောနေတယ်ဆိုတော့ သလင်းကျောက်ကိစ္စများ ဖြေရှင်းပြီးသွားတာလား။ "

မုန့်ချန်းသုံက သက်ပြင်းချကာ ပြောလိုက်၏။ " ကျန့်ဝမ်ရွှီ ယူလာတဲ့ သလင်းကျောက်တစ်ဝက်က ထူးဆန်းတယ်။ ကြယ်တာရာ၊ မြေအနေအထား၊ ဂမ္ဘီရနဲ့ အကုန်စမ်းကြည့်ပြီးသွားပေမဲ့ အခုထိ ကောက်ချက်မချနိုင်သေးဘူး။ "

ယဲ့ကျန်းက လက်အသာဝှေ့ယမ်းလိုက်သည်။

စားပွဲပေါ်ရှိ အဖန်ရည်အိုးက ပျံသန်းကာ ဖန်ခွက်ထဲ အဖန်ရည် လောင်းထည့်ပေးလိုက်သည်။

ထို့နောက် ယဲ့ကျန်းက ပြောလိုက်၏။

" အကြီးအကဲမုန့်ရဲ့ အရည်အချင်းတွေကို ယုံပါတယ်။ တစ်ရက်ကျရင် ဖြေရှင်းနိုင်မှာပါ "

" အကြီးအကဲယဲ့ ကျွန်တော် နားမလည်တာ တစ်ခုရှိသေးတယ် "

" ဘာများလဲ "

" ကျန့်ဝမ်ရွှီက ကြယ်ပျံအိမ်တော်ရဲ့ သစ္စာဖောက်လေ။ သူက ရွှေကြာနယ်မြေမှာ ရာစုနှစ်ချီ နေလာပြီး တည်ရှိမှုကို ကျုပ်တို့ဆီကနေ လျို့ဝှက်ထားခဲ့တာလေ။ ကောင်းကင်သိုင်းခုံရုံး တွေ့ရှိသလောက်ကတော့ ရွှေကြာနယ်မြေက အဲ့လောက် အားမကောင်းဘူးတဲ့။ ဘာလို့များ ဒီသလင်းကျောက်ကို စိတ်ဝင်စားနေရတာလဲ။ "

All Chapters