← Chapters

အခန်း (၇၅၇-၇၅၉)

Vol. 51 Ch. 757-759

အခန်း (၇၅၇-၇၅၉)

Vol. 51 Ch. 757-759

အခန်း (၇၅၇) ကြယ်ပျံအိမ်တော်သခင်နှင့် ကတိ

ယဲ့ကျန်းက ပြုံးလိုက်လေ၏။ သူက လက်ဝှေ့ယမ်းကာ ပြောလိုက်တော့သည်။

“ ကျုပ်ကို စမ်းသပ်နေတာလား အကြီးအကဲ မုန့် “

“ မလုပ်ရဲပါဘူး ဉာဏ်အလင်းဖွင့်ပေးဖို့ တောင်းဆိုရုံပါပဲ။ ကြယ်ပျံအိမ်တော်ထဲက လူတိုင်းက အကြီးအကဲယဲ့က အကျော်အမော်တစ်ယောက်ဆိုတာ သိတယ်။ မင်ယဲ့ ကြယ်ပျံကောင်းကင်စွမ်းအင်နဲ့ ကောင်းကင်စည်းတံဆိပ်တွေနဲ့ လွမ့်ကို သတ်ခဲ့တာ”

ယဲ့ကျန်းက ပြောလိုက်၏။

“ လွမ့်ကို သတ်တာက ကြယ်ပျံအိမ်တော်ထဲက လူတိုင်းရဲ့ ပူးပေါင်းအားစိုက်ထုတ်မှုကြောင့်ပဲ “

မုန့်ချန်းသုံက ခေါင်းညိတ်လိုက်၏။

ယဲ့ကျန်းက သူလက်ထဲရှိ အဖန်ရည်ခွက်ကိုချကာ မေးလိုက်တော့သည်။

“ ကျန့်ဝမ်ရွှီကို သတ်ရလောက်အောင် ဘယ်သူက လုံလောက်အောင်အစွမ်းထက်မယ်လို့ထင်လဲ။ သူက ရွှေကြာနယ်မြေထဲမှာ ကိုယ်ပိုင်နယ်မြေတစ်ခုကို တည်ဆောက်နိုင်စွမ်းရှိပြီး ရာစုနှစ်သုံးစုစာ ထိန်းသိမ်းနိုင်ခဲ့တာ။ သူ့ကိုယ့်သူကာကွယ်ဖို့ နည်းလမ်းတွေမရှိဘူးလို့ထင်နေလား။ အဲ့ဒီသလင်းမှာ သူ့ကိုသတ်ခဲ့တဲ့လူအကြောင်းလျို့ဝှက်ချက်တစ်ခုပါရမယ်။ အဲ့ဒီလူက အနီရောင်ကြာနယ်မြေရဲ့ အကြီးဆုံးရန်သူတွေထဲက တစ်ယောက်လည်းဖြစ်လာလိမ့်မယ်”

“ တကယ်ပါပဲ။ ဒါပေမဲ့ အဲ့ဒီလူက သူ့ရဲ့မှတ်ဉာဏ်တွေကို သလင်းတစ်ခုထဲ ဘာကြောင့် ပိတ်ထားရတာလဲ”

မုန့်ချန်းသုံက တအံ့တဩ ကျယ်လောင်စွာမေးလိုက်သည်။

” လူတိုင်းမှာ အားနည်းချက်တစ်ခုရှိကြတယ်။ ကိုယ်ရှောင်လွှဲချင်တဲ့အရာတွေကို ချိပ်ပိတ်ကြတာပဲ”

ရွှေကြာနယ်မြေမှ သိုင်းပညာရှင်တစ်ယောက်၏ အားနည်းချက်က သလင်းထဲတွင်ရှိနေလျှင် သူတို့၏ ဦးစားပေးက ၎င်းကို ဖော်ထုတ်ရန်သာဖြစ်သည်။

မုန့်ချန်းသုံ၏ အမူအရာက အပြောင်းအလဲမရှိပေ။ သူက ခေါင်းညိတ်လိုက်သည်။

ယဲ့ကျန်းက သူကို ကြည့်ပြီးပြောလိုက်တော့သည်။

“ အကြီးအကဲ မုန့် တစ်ခြားမေးစရာမေးခွန်းရှိသေးလား “

“ ကောင်းကင်သိုင်းခုံရုံးက လွှတ်လိုက်တဲ့လူအကုန်လုံး အသတ်ခံလိုက်ရပြီ။ ကောင်းကင်းရထားလုံးနဲ့ ကျူးကျော်တဲ့ အစီစဉ်ကို အခုဘေးချိတ်ထားရမယ်။ ကံမီးတောက်ကိုတတ်ကျွမ်းပြီဖြစ်တဲ့ သွေးနေမင်းကျောင်းတော်ရဲ့ ဖာ့ခုန်းကလဲ သေသွားပြီ။ ရွှေကြာနယ်မြေက ငါတို့မှန်းဆထားသလို အားမနည်းဘူး” မုန့်ချန်းသုံက ပြောလိုက်၏။

ယဲ့ကျန်းသည် ဘာမှမပြောပေ။ ထို့အစား သူသည် လက်ကို ဝှေ့ယမ်းလိုက်ပြန်၏။ အဖန်ရည်အိုးမှ နောက်ထပ်အဖန်ရည်တစ်ခွက် ငှဲ့လိုက်သည်။

ခွက်ပြည့်သွားပြီးနောက် ယဲ့ကျန်းက ပြောလိုက်တော့သည်။

“ ကောင်းကင်သိုင်းခုံရုံးက ရွှေကြာနယ်မြေကို မျက်စိဒေါက်ထောက်ကြည့်ထားရမယ်။ ခင်ဗျားကို ခင်ဗျား ဒုက္ခခံဖို့ မလိုဘူး အကြီးအကဲမုန့်။ သလင်းရဲ့ လျို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ပဲ အားစိုက်ထုတ်သင့်တယ်”

မုန့်ချန်းသုံသည် ထိုစကားများကြားသောအခါ ထိတ်လန့်သွား၏။ သူသည်ဤအကြောင်းအရာကို ဆက်မပြောရဲတော့ချေ။ သူ၏အမြင်ကို ထုတ်ဖော်ပြသခဲ့ခြင်းကြောင့် ကြယ်ပျံအိမ်တော်၏ သခင်သည် သူ့ကိုဘေးထွက်နေရန် အမိန့်ပေးခဲ့၏။

ကြယ်ပျံအိမ်တော်၏သခင်သည် အချိန်အများစု၌ တံခါးပိတ်ကျင့်ကြံနေခဲ့သည်။ ထို့ကြောင့် ယဲ့ကျန်းက အမြင့်ဆုံးအာဏာရှိ၏။ မုန့်ချန်းသုံက အကြီးအကဲတစ်ယောက်ဖြစ်သော်ငြား သူ၏အဆင့်အတန်းသည် ယဲ့ကျန်းနှင့်မယှဉ်နိုင်။ ထို့အပြင်သူက ပိုအားနည်းသည်။ ထို့အ‌ကြောင်းခဏတာစဉ်းစားပြီးနောက် သူ၏အင်္ကျီလက်ထဲမှ စာရွက်တစ်ပိုင်းကိုထုတ်ကာ ၎င်းကိုစားပွဲပေါ်တွင်တင်ထားလိုက်သည်။

“ အကြီးအကဲယဲ့ ဒါကို တစ်ချက်ကြည့်ပါဦး”

ယဲ့ကျန်းသည် ၎င်းကိုကောက်ယူပြီး ဖတ်ကြည့်လိုက်သည်။ ကြုံရာကျပန်းသင်္ကေတများ ရေးခြစ်ထား၏။သင်္ကေတ တစ်ခုကိုမှ မသိပေ။ သူသည် စာအတော်လေးဖတ်ရူ့သူဖြစ်သည်။ ကောင်းကင်ထဲရှိ ကြယ်တာရာများမှ မြေကြီးအထိ အရေးအရာများအကြောင်းကို ဗဟုသုတ ကြွယ်ဝသူဖြစ်၏။ သို့သော်ထို သင်္ကေတများကိုမြင်သောအခါ သူမျက်မှောင်ကျုံ့သွားသည်။

“ မျက်ဉာဏ်သလင်းထဲက အတားအဆီးတွေကို လပေါင်းများစွာ ဝေဖန်စမ်းစစ်ခဲ့ပြီး ဒါတွေကို အဓိပ္ပာယ်မဖော်နိုင်ဘူး။ သင်္ကေတ‌‌ တေွကဘာကိုဆိုလိုမှန်းကျုပ်နားမလည်နိုင်ဘူး။ကျုပ်ပြောသလိုပဲ အားလုံးကြိုးစားကြည့်ပြီးပြီ။ ဒါပေမဲ့ အဲ့ သင်္ကေတ တာကိုမဖွင့်နိုင်ဘူး” မုန့်ချန်းသုံကပြောလိုက်သည်။

ယဲ့ကျန်းသည် များကိုစိုက်ကြည့်ပြီး အချိန်အတော်ကြာ အတွေးနက်သွားတော့၏။ သူသည် သလင်းကိုဖွင့်ရန် သော့ချက်ကို ဝှက်စာကိုမဖော်နိုင်ခဲ့လျှင် ကြယ်ပျံအိမ်တော်ထဲရှိ မည်သူကမှ ထိုသို့လုပ်ရန် မျှော်လင့်ချက်ရှိမှာ မဟုတ်ပေ။

နာရီပေါင်းများစွာ ကြာသွားသည်ဟုထင်ရပြီးနောက်သူသည် စာရွက်ပေါ်ရှိ သင်္ကေတများကို အမြီးမှန်း ခေါင်းမှန်းမသိသေးပေ။

မုန့်ချန်းသုံက ပြောလိုက်၏။

“ ဒါက သလင်းရဲ့ တစ်ဝက်ဆိုတော့ သင်္ကေတတွေက တစ်ခုလုံးရဲ့ တစ်ဝက်ပဲရှိမှာပဲ”

ယဲ့ကျန်းက စာရွက်ကို ချပြီး အနည်းငယ် စိတ်ပျက်နေသော လေသံဖြင့် ပြောလိုက်သည်။

“ လော့ရွှမ်းသာ ရှိနေသေးရင် သူက ဒီသလင်းရဲ့ လျို့ဝှက်ချက်ကို ဖော်ထုတ်နိုင်လောက်တယ်။ သလင်းကို ချိပ်ပိတ်ခဲ့တဲ့သူက သူတစ်ယောက်တည်းပဲသိတဲ့ နည်းလမ်းကို အသုံးပြုခဲ့တာ။ ငါတို့တွေ သူ့ကိုရှာရုံကလွဲ ရွေးချယ်စရာမရှိဘူး”

မုန့်ချန်းသုံက ခေါင်းညိတ်ပြီးပြောလိုက်သည်။

“ လော့ရွှမ်းက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကောင်းကင်သိုင်းခုံရုံးကနေ နှင်ထုတ်ခံလိုက်ရတာ။ အဆုံးမဲ့သမုဒ္ဒရာထဲမှာ အသက်ဆုံးရှုံးသွားပြီထင်ပါရဲ့”

ယဲ့ကျန်းက သက်ပြင်းချလိုက်သည်။

“ လူထူလူဆန်းနဲ့ ဉာဏ်ကြီးရှင်ကြား မျဉ်းတစ်ကြောင်းပဲခြားတာ။ ဒါပေမဲ့ ကောင်းကင်သိုင်းခုံရုံးက သူ့ရဲ့အလားအလာကို မမြင်နိုင်ခဲ့ဘူး။ သူအကြောင်းတော်လောက်ပြီ။ မိုးမခတစ်ထောင်ဘုရားကျောင်းက ကိစ္စတွေက ဘယ်လိုလဲ “

“လုခုံးနဲ့ တာအိုအကျော်အမော်ရွှမ်မင်တို့ သေသွားပြီ၊ အစက ကျုပ်ကိုယ်တိုင် ရှင်းပြချက်တစ်ခု တောင်းဖို့ မိုးမခတစ်ထောင်ဘုရားကျောင်းဆီ သွားဖို့စီစဉ်ထားတာ ။ ဒါပေမဲ့ “

“ ဒါပေမဲ့ ဘာဖြစ်လဲ “ ယဲ့ကျန်းက မေးလိုက်၏။

“မိုးမခတစ်ထောင်ဘုရားကျောင်းထဲမှာ ရွှေကြာကျင့်ကြံသူတွေ ရှိတဲ့ပုံပဲ။ သူတို့ကို ကာကွယ်ဖို့ မိုမခတစ်ထောင်ဘုရားကျောင်းနဲ့ ရွှေကြာကျင့်ကြံသူတွေက နဝမဘုံကျောင်းနဲ့ မဟာမိတ်ဖွဲ့ထားတယ်”

မုန့်ချန်းသုံက ပြောလိုက်၏။ ပြီးနောက်သူသည် ဘေးဘယ်ညာကိုကြည့်ကာ အသံတိုးလျက် ပြောလိုက်တော့သည်။

“ ကျုပ်လျို့ဝှက်သတင်းတချို့လဲရထားတယ်”

“ ဒါက ကျုပ်ရဲ့နေရာပဲ။ တစ်ခြားသူကြားသွားမှာ စိတ်ပူစရာမလိုဘူး။ ပြောရမဲ့ဟာကိုပြော” ယဲ့ကျန်းက ကျောမတ်မတ်ထားလျက် ပြောလိုက်သည်။

“ မြောက်ပိုင်းရဲ့ မဟာစစ်သူကြီး ချန်ပေကျန်းသေသွားပြီ” မုန့်ချန်းသုံက ပြောလိုက်၏။ ထိုစကားကို ကြားသောအခါ အမြဲတစေ တည်ငြိမ်နေကြ ယဲ့ကျန်းသည် သူ၏နှုတ်ခမ်းနား အဖန်ရည်ခွက်ကို မြှောက်နေချိန် တောင့်ခဲသွားလေ၏။ သူ၏ ညာလက်က အနည်းငယ်လှုပ်သွားကာ အဖန်ရည်များ စင်လာတော့သည်။ သို့သော် အဖန်ရည်စက် ကျသွားပြီးသည်နှင့် ကနဦးချီလှိုင်းက အစက်များကို ခွက်ထဲ ပြန်ဆွဲယူလိုက်တော့သည်။

“ အချက်အလက်က တိကျလား”

“ တိကျပါတယ်။ နန်းတော်က ဒီကိစ္စကို ဖုံးကွယ်ဖို့ ကြိုးစားနေတာ။ ဒါပေမဲ့ သူတို့တွေက ကောင်းကင်သိုင်းခုံရုံးဆီ အပ်ထားလိုက်တယ်။ ကျုပ်တို့က ကောင်းကင်သိုင်းခုံရုံးနဲ့ ဆက်ဆံရေး ကောင်းတယ်ဆိုတော့ ဒီအကြောင်းကျုပ်ဆီပြောပြလာတာ” မုန့်ချန်းသုံက ပြောလိုက်၏။

ယဲ့ကျန်းက ဇဝေဇဝါဖြစ်သွားတော့သည်။ သူစိတ်တည်ငြိမ်အောင်ထားပြီးနောက်ပြောလိုက်၏။

“ စစ်ခုန်ပေချန်းက အခုဆိုနန်းတော်ကို ဆန့်ကျင်ရလောက်တဲ့အထိ ရဲတင်းနေပြီလား”

“ စစ်ခုန်ပေချန်းရဲ့ အရည်အချင်းနဲ့ ရှန်ပေချန်းကို သတ်ဖို့က မလွယ်ပါဘူး။ ဒါပေမဲ့ နဝမဘုံကျောင်းထဲမှာဖြစ်သွားခဲ့တာ။ နဝမဘုံကျောင်းအတွက် ရှန်ပေချန်းကို သူတို့နယ်မြေမှာ သတ်ဖို့လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ဘူး”

“ ဒီကိစ္စကို အိမ်တော်သခင်ဆီ သတင်းပို့လိုက်မယ်”

“ ဟုတ်ပါပြီ “ ထို့သို့ပြောပြီးနောက် မုန့်ချန်းသုံသည် ထရပ်ကာ လက်သီးဆုပ်မိုးလျက် နူတ်ဆက်လိုက်သည်။

“ ကျုပ်သလင်းကို ဆက်ပြီးလေ့လာပါဦးမယ်။ နူတ်ဆက်ပါတယ်”

“ ဧည့်သည့်ကိုပို့လိုက် “ ကွန်ဖြူးရှပ်ပညာသင်သားတစ်ယောက်သည် ရောက်လာကာ မုန့်ချန်းသုံကို အခြားတောင်ထွတ်ဆီသို့ ခေါ်သွားပေး၏။

...

ခုနှစ်ရက်ကြာပြီးနောက် ရွှေကြာနယ်မြေတွင်ဖြစ်သည်။

မိစ္ဆာဝေဟင်မျှော်နန်း၏ မဟာခန်းမရှေ့တွင်ဖြစ်သည်။

စီးဝူယာ့သည် ရှေ့လျှောက်နောက်လျှောက် လျှောက်နေသည်။

“ ယွင်ဂိုဏ်းရဲ့ နန်ကုန်းဝေက ပွင့်ချပ်ကိုးလွှာအဆင့်ကို အောင်အောင်မြင်မြင်ရောက်သွားပြီ။ ဂိုဏ်းသုံးဂိုဏ်းက သားရဲတွေကို သတ်ဖို့ကြိုးစားခဲ့တယ်။ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီးတဲ့နောက် သားရဲကြီး ထွက်ပြေးသွားတာ “

“ ချီစီရင်စုထဲမှာ အမည်မသိ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ယောက်က ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်သွားပြီ။ ဘယ်သူကမှ သူ့ကို သွားမရှာကြဘူး။ ဒီတော့ သူက သားရဲတွေကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး ပျောက်နေသေးတုန်းပဲ”

“ အံ့ဖွယ်မြို့တော်ထဲမှာ ခုနှစ်စင်ကြယ်ကျောင်းတော်ရဲ့ ကျောင်းအုပ် ကျိုးယိုချိုက်က ပွင့်ချပ်ကိုးလွှာအဆင့်ကိုမရောက်ခဲ့ဘူး။ ဒါကလွဲရင် ၀ူရှစ်ကျဲက သားရဲတွေကို မောင်းထုတ်ဖို့ ကျင့်ကြံသူတွေကို အမိန့်ပေးထားတယ်”

“ ငရဲဂိုဏ်းရဲ့ မိုးပြာနဂါးခန်းမရဲ့ ဒုခေါင်းဆောင် ယွီဟုန်က ပွင့်ချပ်ရှစ်လွှာအဆင့်ကို ရောက်ပြီးတဲ့နောက် သူ့ဘာသာသူ ပွင့်ချပ်ကိုးလွှာအဆင့်တက်ဖို့ ကြိုးစားခဲ့တယ်။ သူသက်တမ်းသုံးရာဆုံရှုံးသွားပါတယ်။ ပိုင်ယွီချင်က ကြီးကြပ်သူမရှိဘဲ ပွင့်ချပ်ကိုးလွှာအဆင့်တက်ဖို့ ကြိုးပမ်းတာကို တားမြစ်ထားပါတယ်”

“ အဆိပ်တစ်သောင်းဂိုဏ်းက လုလျန်က ပွင့်ချပ်ကိုးလွှာအဆင့်ကိုရောက်ဖို့ကြိုးစားတာ မအောင်မြင်ခဲ့ပါဘူး”

“ ဖူးပွင့်အင်အားစုရဲ့ သခင်မကျန်းက ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ဖို့ ကြိုးပမ်းခဲ့တာ မအောင်မြင်ပါဘူး”

သတင်းပို့ချက်များကို ဖတ်ရှုပြီးနောက် မင်ရှစ်ရင်သည် လက်ဖြန့်ကာမေးလိုက်တော့သည်။

“ပွင့်ချပ်ကိုးလွှာအဆင့်ကို တက်ဖို့ကြိုးပမ်းတဲ့ တခြားကျင့်ကြံသူတွေက အဆင့်မတက်နိုင်ခင် ငါ့တို့ဆီကို အကြားမကြားခဲ့ဘူး။ ငါတို့လူတွေ မြင်တွေ့ပုံအရ သူတို့တွေက အခြေနေမကောင်းကြဘူး။ ချီရှစ်တိ သူ့တို့တွေက ငါမရှိဘဲ စီမံနိုင်မယ်လို့ မထင်ဘူး။ ငါသွားပြီး ကူညီသင့်လား”

စီး၀ူယာ့က ပြောလိုက်၏။

“ အစီအရင်က အကောင်းပကတိရှိနေသရွေ့ သားရဲတွေက ခြိမ်းခြောက်မှုတစ်ရပ် မဟုတ်ပါဘူး။ ဝူရှစ်ကျဲက မယ်တော်ကြီးရဲ့ ပံ့ပိုးမှုရှိတယ်။ ဒီတော့ အံ့ဖွယ်မြို့တော်မှာ ပြဿနာသိပ်ရှိမှာ မဟုတ်ဘူး။ သူတို့လုပ်ဖို့လိုတာက သင့်တော်သလို ကာကွယ်ဖို့ပဲ။ ကျရှုံးခဲ့တဲ့သူတွေက သူတို့ကိုယ်သူတို့ပဲ အပြစ်တင်ရမှာ။ စစ်ရှစ်ရှိုး မလိုအပ်ရင် ဒီနေရာကနေ မထွက်သွားသင့်ဘူး “

“ဘဝက ငြီး ငွေ့ဖို့ကောင်းလိုက်တာ။ ငါက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက် ဒါပေမဲ့ ငါ့ရဲ့ခွန်အားသုံးစရာ အခွင့်အရေးမရှိဘူး။ ချီရှစ်တိ ညဖက်မှာ ပုံတွေဆွဲနေတာ ရပ်လိုက်တော့ ငါနဲ့လက်ရည်ချင်း ယှဉ်မှာလား”

မင်ရှစ်ရင်က ပြောလိုက်၏။

မင်ရှစ်ရင်ပြောပြီးသည်နှင့် အပြင်ဘက်မှတောင်းဆိုသံတစ်သံပေါ်ထွက်လာ၏။

“ စ စတုတ္ထသခင်လေး ကျေး ကျေးဇူးပြုပြီးကူညီပါ”

ကျန်းထျန်းယွမ်က အမောတကောဖြင့်ပေါ်လာတော့သည်။

“ ကူညီရမှာလား ဘာဖြစ်လို့လဲ မျက်စိတစ်မှိတ်အတွ င်းဖြေရှင်းပေးမယ်” မင်ရှစ်ရင်က ရင်ဘတ်ကိုကော့လျက် လက်ဆန့်ထုတ်လိုက်တော့သည်။ သူ့လက်ထဲ၌ ခွဲခွာချိတ်ကောက် ပေါ်လာ၏။

ကျန်းထျန်းယွမ်က ပြောလိုက်၏။

“ ကျေးဇူးပြုပြီး တတိယသခင်လေးနဲ့ လက်ရည်ယှဉ်ပေးပါ “

ဝှစ်

လေပြင်းတစ်ချက်က မဟာခန်းမထဲ၌ တိုက်ခတ်သွားသည်။

ကျန်းထျန်းယွမ်က လှည့်ပတ်ကြည့်ပြီးစိတ်ရှုပ်သွားတော့သည်။

“ အမ် စတုတ္ထသခင်လေးဘယ်ရောက်သွားတာလဲ “

စီး၀ူယာ့က ဆွံ့အသွားတော့သည်။ မင်ရှစ်ရင်က ကလေးဆန်လွန်းသည်ဟု သူတွေးမိသွားတော့၏။ သူက လက်နောက်ပစ်ထားလျက် အခန်းထဲပြန်ကာ ပုံကြမ်းဆက်ဆွဲနေသည်။

ထိုစဉ် အနီရောင်ကြာနယ်မြေထဲ၌ဖြစ်သည်။

နေထွက်လာပြီဖြစ်၏။ နောက်ဆုံးတွင် လုကျိုး၏ ထူးကဲအံ့ဖွယ်စွမ်းအားများ ပြန်ပြည့်သွားတော့သည်။

ကောင်းကင်ကျမ်းစာ စာလိပ်ကို ဆင်ခြင်သုံးသပ်ခြင်းအပြင် လုကျိုးသည် သူ၏ကျင့်ကြံဆင့် တိုးတက်ရန် အသက်ရှူလေ့ကျင့်ခန်းများလုပ်ရမည်။ သူပွင့်ချပ်ဆယ်လွှာအဆင့်အတွက် ပြင်ဆင်ရမည်။

အနီရောင်ကြာနယ်မြေ၌ ကနဦးချီပိုကြွယ်ဝသောကြောင့်ဖြစ်ဟန်တူသည်။သူ၏ကျင့်ကြံစဉ်က ရွှေကြာနယ်မြေတွင် ရှိစဉ်ကနှင့် ယှဉ်လျှင်တိုးတက်တာပိုမြန်ဆန်၏။

ထိုစဉ် အပြင်ဘက်မှ အသံတစ်သံပေါ်ထွက်လာ၏။

“ ရှားချန်းရှိုးက တွေ့ခွင့်တောင်းပါတယ် “

“ ဘာလဲ”

“နဝမဘုံကျောင်းက စာတစ်စောင်ပို့လိုက်ပါတယ်။ အခုကစပြီးနောက်သုံးရက်နေလျှင် ကြယ်ပျံအိမ်တော်ရဲ့ သခင်က နဝမဘုံကျောင်းကိုလာလည်မယ်။ ဘုရားကျောင်းသခင် စစ်ခုန်ပေချန်းက ချန်ပေ့ကို ဖိတ်ချင်နေပါတယ်”

…

အခန်း (၇၅၈) ငါ့မှာ အဲဒီအတွက် အချိန်မရှိဘူး

အကယ်၍ တခြားကိစ္စသာဖြစ်နေပါက လုကျိုးက ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကို လုပ်ခိုင်းလိုက်မည်သာဖြစ်၏။ ယခု သူတို့နှစ်ဦးက ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ဖြစ်နေပြီဖြစ်ကာ အနီရောင်ကြာနယ်မြေတွင်ပင် သူတို့ကို ထူးချွန်သည့် ကျင့်ကြံသူများအဖြစ် မှတ်ယူ၍ ရသည်။ သို့သော်လည်း သူတို့က စစ်ခုန်ပေချန်းနှင့် အဆင့်တူ ရပ်တည်နိုင်စွမ်း မရှိသေးပေ။ ထို့အပြင် ကြယ်ပျံအိမ်တော်မှ အိမ်တော်သခင်၏ စွမ်းအားကို မသိရသေးပေ။ ယဲ့ကျန်း၏ ကျင့်ကြံဆင့်က ဖာ့ခုံးနှင့် အတူတူဖြစ်လောက်၏။

အကယ်၍ တစ်ယောက်ချင်းစီသာ ရင်ဆိုင်ရလျှင် လုကျိုးက ကြယ်ပျံအိမ်တော်ကို အနိုင်ပိုင်းဖို့ ယုံကြည်ချက် အပြည့်အဝ ရှိသည်။ ပြဿနာက သူတို့က တစ်ယောက်ချင်း တိုက်ခိုက်မည်ဟု သဘောတူမည် မဟုတ်ပေ။

ဤသို့သော အချိန်အခါမျိုး၌ အသေရိုက်ချက်ကတ်၏ ဆိုးကျိုးက သိသာလှသည်။

ကောင်းကင်ကျမ်းစာလိပ်၏ ထူးခြားအံ့ဖွယ်စွမ်းအားက သူ့ကို အဆင့်တူများကို အနိုင်ပိုင်းသည့် စွမ်းအား ပေးထားသည်။ သို့သော်လည်း ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူကို အနိုင်ပိုင်းဖို့ လွယ်ကူသည်ဟုတော့ မထင်ပေ။ ဤသည်က သေးငယ်သည့် တိုက်ပွဲတစ်ခု မဟုတ်ပေ။ ပွင့်ချပ်တစ်လွှာ ကွာခြားမှုက တခြားနည်းလမ်းများနှင့် အမှီလိုက်ဖို့ ခက်ခဲ၏။ သူ့အနေဖြင့် ထူးခြားအံ့ဖွယ်စွမ်းအား ကုန်ဆုံးပြီးသည့်နောက်တွင် ဖြစ်လာနိုင်သည့် ရလဒ်များကို ထည့်သွင်းစဥ်းစားရမည်။

အနီရောင်ကြာနယ်မြေမှာ ပွင့်ချပ်ကိုးလွှာ ဒါမှမဟုတ် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတွေက ဘယ်လောက်တောင် ရှိနေတာလဲ...

အရေးကြီးဆုံး သဘောထားက နဝမမြောက်ဘုံကျောင်း၏ ရပ်တည်ချက် ဖြစ်သည်။ လူများ၏ စိတ်နှလုံးသားက မှန်းဆဖို့ ခက်ခဲလှသည်။ မိစ္ဆာဝေဟင်မျှော်နန်းက ဝိုင်းဝန်းတိုက်ခိုက်မှု အကြိမ်များစွာ ကြုံတွေ့ခဲ့ဖူးသည်။ ထိုသို့သော ဖြစ်ရပ်မျိုးက အနီရောင်ကြာနယ်မြေတွင်လည်း ဖြစ်လာနိုင်ချေ ရှိသည်။

" စစ်ခုန်ပေချန်းက ဘယ်လို အထက်စီးဆန်ရမလဲဆိုတာကို သိတာပဲ " လုကျိုးက လေသံအတက်အကျမရှိ ပြောလိုက်သည်။

ရှားချန်ချိုးက အနည်းငယ် နားမလည်နိုင်ဖြစ်သွားသော်လည်း သဘောပေါက်ဖို့ အချိန်သိပ်မကြာလိုက်ပေ။ သူက အလျင်စလို ပြောလိုက်၏။ " လုချန်းပေ့ ပြောတာမှန်တယ်။ သူတို့က ဒီကို လာပြီးတော့ နှုတ်ဆက်သင့်တယ်။ "

ဝါစဉ်က အရေးကြီးလှသည်။ အဆင့်မြင့်သည့် လူတစ်ယောက်က အဆင့်နိမ့်သည့် လူတစ်ယောက်ထံ သွားရောက်တွေ့ဆုံခြင်းက အကျိုးအကြောင်း မသင့်ပေ။ စစ်ခုန်ပေချန်းက မြင့်မားသည့်အနေအထားတွင် တစ်ချိန်လုံးရှိခဲ့သည့်အတွက် ထိုသို့သော သေးငယ်သည့် အချက်အလက်ကို မေ့လျော့နေဟန်ပေါ်၏။

လုကျိုးက တစ်စုံတစ်ခုကို ရုတ်ခြည်း အမှတ်ရသွားသည်။ သူက မတ်တတ်ရပ်လိုက်ပြီးနောက် တံခါးပေါက်ဆီ လျှောက်လှမ်းသွား၏။ သူက ခြံဝန်းထဲတွင် ရှားချန်ချိုးက ရိုရိုကျိုးကျိုး မတ်တတ်ရပ်နေသည်ကို မြင်သည့်အခါ မေးလိုက်သည်။

" ကြယ်ပျံအိမ်တော်ရဲ့ အင်အားက ဘယ်လိုလဲ "

တကယ်လို့ သူတို့ အားနည်းနေရင် ဒီအခွင့်အရေးကို ယူပြီးတော့ မှတ်ဉာဏ်သလင်းကျောက်ကို ရယူရမယ် … ငါရဲ့ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံဆင့်အပေါ် မှီခိုတာက မလုံလောက်ဘူးဆိုတော့ ကုသိုလ်ရမှတ် များများရယူရမယ်။

တကယ်လို့ ငါ အသုံးပြုပစ္စည်းကတ်တွေကိုပဲ အသုံးပြုရမယ်ဆိုရင် အရှုံးကလွဲပြီး ဘာမှဖြစ်လာမှာ မဟုတ်ဘူး...

ရှားချန်ချိုးက ပြန်ဖြေလိုက်၏။

" လက်ရှိ ယဲ့ကျန်းနဲ့ အိမ်တော်သခင် ချန်ထျန်းတုတို့က အားအကောင်းဆုံး ကျင့်ကြံသူတွေပါ။ အနည်းဆုံးတော့ အပေါ်ယံပေါ့။ ချန်ထျန်းတုက ကြယ်ပျံအိမ်တော်ရဲ့ ကိစ္စအဝဝမှာ ဝင်မစွက်ဖက်တာ ကြာလှပြီ။ ပုံမှန်ဆိုရင် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူက မလိုအပ်သရွေ့ လှုပ်ရှားမှာ မဟုတ်ဘူးလေ။ "

ကံဆိုးစွာဖြင့် ဤသည်က သာမန်ဖြေရှင်းနည်းကဲ့သို့ ပေါ်သော်လည်း လှပလှသည်။

" ဒီလိုဆိုရင် ကြယ်ပျံအိမ်တော်ရဲ့ ယေဘုယျအင်အားက နဝမမြောက်ဘုံကျောင်းနဲ့ မယှဥ်နိုင်ဘူးပေါ့။ အဲ့ဆို နဝမမြောက်ဘုံကျောင်းဆီ သွားလည်ဖို့ ဘယ်သူကများ သူတို့ကို ယုံကြည်ချက် ပေးထားတာလဲ။ " လုကျိုးက နားမလည်နိုင်ဖြစ်နေမိသည်။

" ကျောင်းထိုင်စစ်ခုန်က အသက်ကြီးပြီးတော့ ခန္ဓာကိုယ်က အရင်တုန်းကလို မဟုတ်တော့ဘူး။ ကိစ္စတော်တော်များများကို ပထမဆရာတော် ၉ပါးကပဲ ကိုင်တွယ်နေတာ။ အဲဒီထဲမှာ လေးယောက်က ဆုံးသွားကြပြီ။ နဝမမြောက်ဘုံကျောင်းရဲ့ အင်အားက ယခင် အရိပ်တစ်ခုလောက်ပဲ ကျန်ရှိတော့တာ။ အပေါ်ယံမှာတော့ နဝမမြောက်ဘုံကျောင်းက အားကောင်းနေပုံပေါ်ပေမဲ့ အမှန်တရားကျတော့ နဝမမြောက်ဘုံကျောင်းက ကြယ်ပျံအိမ်တော်နဲ့ အရေးသာနိုင်မှာ မဟုတ်ဘူး။

ယဲ့ကျန်းက အနီရောင်ကြာနယ်မြေမှာ ထူးကဲတဲ့ ပါရမီရှင်လို့ မှတ်ယူလို့ ရတယ်။ သူက နှစ် ၈၀၀ မတိုင်ခင်ကတည်းက ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ရှိပြီးတော့ ကံမီးတောက်ကိုလည်း ကျွမ်းကျင်ထားတယ်။ သူက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူဖြစ်လာနိုင်ချေ အများဆုံး ကျင့်ကြံသူလို့ ပြောလို့ရတယ်။ အဲဒါအပြင် သူက စာပေလည်း ဖတ်ရှုတော့ ဗဟုသုတလည်း ကြွယ်ဝတယ်။ သူက ကမ္ဘာအသစ်ကိုတောင် လွှမ်းမိုးနိုင်စွမ်း ရှိတယ်။ "

ရှားချန်ချိုးက ပြောလိုက်သည်။

လုကျိုးက ပထမပိုင်းစကားကိုသာ လက်ခံလိုက်၏။ ဒုတိယအတွက်ကိုမူ ယုံကြည်ဖို့ အခက်တွေ့နေမိသည်။ သူက အခန်းမပြန်ခင် ပြောလိုက်၏။

" ငါသိပြီ။ စစ်ခုန်ပေချန်းဆီ အကြောင်းပြန်စာပို့လိုက်။ ငါ့ဆီမှာ အဲဒီအတွက် အချိန်မရှိဘူးလို့သာ ပြောလိုက်။ ဒါပဲ "

ရှားချန်ချိုးက ဦးညွတ်ကာ ထွက်ခွာသွား၏။

...

မြင့်မြတ်မတ်စောက်တောင်ပေါ်ရှိ ကြယ်ပျံအိမ်တော်

ယဲ့ကျန်းက ကြယ်ပျံအိမ်တော်အပြင်ဘက်တွင် ရပ်နေရင်း တောင်တန်းများနှင့် မြစ်များကို ကြည့်နေလေသည်။ နေမင်းက ကောင်းကင်အထက် တောက်ပနေ၏။

ယဲ့ကျန်း၏ ဘေးတွင် ရပ်နေသည့် မုန့်ချန်းသုံက မေးလိုက်သည်။ " အိမ်တော်သခင်က နဝမမြောက်ဘုံကျောင်းဆီ သွားဖို့ စီစဥ်နေတာက အကြီးအကဲယဲ့ကျန်းရဲ့ အစီအစဥ်များလား "

ယဲ့ကျန်းက မုန့်ချန်းသုံက မကြည့်ပေ။ သူ့အမူအရာက မပြောင်းမလဲ ကျန်ရှိနေပြီး ပြန်လည်မေးလိုက်၏။ " ပြဿနာရှိလို့လား "

မုန့်ချန်းသုံက ပြောလိုက်၏။

"နဝမမြောက်ဘုံကျောင်းကို သွားလည်တာနဲ့ ပတ်သက်ပြီး ငြင်းဆန်စရာမရှိပါဘူး။ ဒါပေမဲ့ မိုးမခတစ်ထောင်ဘုရားကျောင်းကို သုတ်သင်လိုက်တာက နည်းနည်း လူမဆန်ရာ မကျဘူးလား။ "

ယဲ့ကျန်းက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ " အဲဒီသုတ်သင်မှုကို ကောင်းကင်သိုင်းခုံရုံးက သဘောတူထားပြီးပြီ။ တကယ်လို့ ငါတို့တွေ မိုးမခတစ်ထောင်ဘုရားကျောင်းကို မသုတ်သင်ရင် နှစ်များစွာ တည်ဆောက်ခဲ့ရတဲ့ ကြယ်ပျံအိမ်တော်ရဲ့ ဂုဏ်ပုဒ်က တစ်ညတည်းနဲ့ ဖျက်ဆီးခံလိုက်ရလိမ့်မယ်။ တကယ်လို့ ငါတို့ သူတို့ကို ရှင်းမထုတ်ဘူးဆိုရင် လုစုန့်၊ ရွှမ်းမင်၊ လျန့်ကျစ်တောက်နှင့် တခြားတပည့်တွေက အလကားသေဆုံးရသလို ဖြစ်သွားလိမ့်မယ်။ နောင်ကြရင် ငါတို့က တပည့်တွေကို ဘယ်လိုလုပ် လက်ခံမှာလဲ။ "

" အဲ့ဆို အကြီးအကဲယဲ့က အဲဒီကို ဦးဆောင်သွားမှာလား " မုန့်ချန်းသုံက မေးလိုက်သည်။

ယဲ့ကျန်းက ခေါင်းခါကာ " ငါက အိမ်တော်သခင်နဲ့ နဝမမြောက်ဘုံကျောင်းဆီ သွားရမှာ "

" မိုးမခတစ်ထောင်ဘုရားကျောင်းမှာ ရွှေကြာကျင့်ကြံသူ ပုန်းအောင်းနေတယ်ဆိုတဲ့ ကောလဟာလတွေ ရှိတယ်။ အခုသူတို့က နဝမမြောက်ဘုံကျောင်းနဲ့ ပူးပေါင်းနေကြတာ။ ခင်ဗျား ဒါမှမဟုတ် အိမ်တော်သခင်က ကျုပ်တို့ အဖွဲ့တွေကို ဦးမဆောင်ရင် ဘယ်လိုလုပ် သူတို့ကို သုတ်သင်ပြစ်နိုင်မှာလဲ။ "

" မင်းက ဒီတာဝန်ကို ဦးဆောင်ရမယ် "

" ... "

မုန့်ချန်းသုံက အံ့အားသင့်နေမိသည်။

" မင်းက မလုပ်ချင်ဘူးလား " ယဲ့ကျန်းက လှည့်ကြည့်လိုက်ပြီးသည့်နောက်တွင် မုန့်ချန်းသုံအား အကဲဖြတ်သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

" ကျုပ်က ကြယ်ပျံအိမ်တော်ရဲ့ အကြီးအကဲဆိုတော့ ဒီတာဝန်ကို ဦးဆောင်ပါ့မယ်။ အကြီးအကဲယဲ့ စိတ်မပူပါနဲ့ "

" ကောင်းပြီ "

ယဲ့ကျန်းက အရှေ့ကို လှမ်းကြည့်လိုက်သည်။ သူက ထူးမခြားနား ပြောလိုက်၏။

" အိမ်တော်သခင်နဲ့ ငါက နဝမမြောက်ဘုံကျောင်းကို ထိန်းထားလိုက်မယ်။ မင်းက ဒီကိစ္စကို အေးဆေးနေရုံပဲ။

ပြီးတော့ ကောင်းကင်သိုင်းခုံရုံးက တိမ်တိုက်တောင် ဂိုဏ်း ၁၂ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ထားတာ။ သူတို့က နတ်ဒေဝါဦးတည်နတ် ဘယ်အဆင့်နဲ့အထက် ကျင့်ကြံသူ အယောက် ၁၀၀၀ ပို့ပေးလိမ့်မယ်။ ပြီးတော့ တိမ်တိုက်တောင်ရဲ့ ၁၂ ဂိုဏ်းပညာရှင် ရှဲ့ရွမ်းက မင်းကို ကူညီပေးလိမ့်မယ်။ "

" အကြီးအကဲယဲ့ကို ကျေးဇူးတင်ပါတယ် " သူက ထိုသို့ပြောလိုက်သော်လည်း သူ့မျက်နှာထက်တွင် စိုးရိမ်သည့် အရိပ်အရောင်ကို မြင်တွေ့နိုင်သည်။

နတ်ဒေဝါဦးတည်နတ် ဘယ်အဆင့်က ဘာများလုပ်နိုင်မှာမလို့လဲ...ရှဲ့ရွမ်းပါလို့ တော်သေးတယ်...

ယဲ့ကျန်းက ဖြည်းဖြည်းချင်း လှည့်လာလိုက်သည်။ သူက သိုင်းလေ့ကျင့်ရာကွင်းပြင်ဆီ လျှောက်လာလိုက်ပြီးနောက် ပြောလိုက်သည်။ " အကြီးအကဲမုန့် မမေ့နဲ့နော်။ သုံးရက်ပဲ "

" ကျုပ် သွားပြီးတော့ သေချာပြင်ဆင်လိုက်ပါ့မယ် " မုန့်ချန်းသုံက ထွက်ခွာသွားသည်။

မုန့်ချန်းသုံ ထွက်ခွာသွားပြီးသည့်နောက်တွင် ကွန်ဖြူးရှပ်ပညာရှင် တစ်ယောက်က ယဲ့ကျန်း၏ လေ့ကျင့်ရေးအခန်းအတွင်း ဝင်ရောက်လာသည်။ သူက ဦးညွတ်ကာ ပြောလိုက်၏။

" သူ့ကို ဆက်စောင့်ကြည့်ထားလိုက်ရမလား "

ယဲ့ကျန်းက ခပ်ယဲ့ယဲ့ပြုံးကာ " မလိုဘူး "

" မုန့်ချန်းသုံက အမြဲတမ်း မလှုပ်မယှက်နေတာ သိတယ်မလား။ သူက မိုးမခတစ်ထောင်ဘုရားကျောင်းကို သုတ်သင်ဖို့ ဘာလို့ဦးဆောင်ရတာလဲ "

" ဒီတာဝန်တွင် ရလဒ်နှစ်ခုပဲ ရှိတယ်။ အောင်မြင်မှုနဲ့ ကျရှုံးမှု။ တကယ်လို့ အောင်မြင်မယ်ဆိုရင် ကြယ်ပျံအိမ်တော်အတွက် အကျိုးအမြတ် ရှိမယ်။ တကယ်လို့ ကျရှုံးတယ်ဆိုရင် အိမ်တော်သခင်က သူ့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ "

" အကြီးအကဲယဲ့က တော်လိုက်တာ "

ယဲ့ကျန်းက သူ့ရှေ့မှ စာရွက်ကို လက်ညှိုးထိုးလိုက်ပြီးနောက် " ဒီစာရွက်ကို ကောင်းကင်သိုင်းခုံရုံးဆီ ပို့လိုက်။ သူတို့ကို သေချာလေ့လာပါစေ "

" ဟုတ်ကဲ့ " ကွန်ဖြူးရှပ်ပညာရှင်က ဦးညွတ်လိုက်ပြီးနောက် ခေါင်းမော့ကာ မေးလာသည်။ " ကောင်းကင်သိုင်းခုံရုံးရဲ့ ကောင်းကင်ရထားလုံး လေ့လာမှုက အောင်မြင်တယ်။ သူတို့က အဆုံးမဲ့ပင်လယ်ကို ဖြတ်ကျော်နိုင်ပြီးတော့ ခရီးစဥ်ကြာချိန်ကိုလည်း တစ်ဝက် လျော့ချနိုင်ခဲ့တယ်။ ကျွန်တော်တို့ လူတွေကို လွှတ်လိုက်ရတော့မလား။ "

" ရွှေကြာနယ်မြေက အနီရောင်ကြာနယ်မြေဆီကို ကျူးကျော်လာခဲ့ပြီ။ ရွှေကြာနယ်မြေထဲကို ဝင်စွက်ဖက်ဖို့ မလိုဘူး။ " ယဲ့ကျန်းက ပြောလိုက်၏။

" ဟုတ်ကဲ့ ကျုပ် အခုချက်ချင်း သေချာလုပ်လိုက်ပါ့မယ် " ကွန်ဖြူးရှပ်ပညာရှင်က စာရွက်များကို သိမ်းဆည်းကာ ကြုံရာကျပမ်း သင်္ကေများအား ကြည့်လိုက်၏။ သူက ထိုအရာကို နားမလည်နိုင်ပေ။ သူက သူ့အိတ်ကပ်အတွင်း ထည့်သွင်းပြီးသည့်နောက်တွင် ထွက်ခွာသွား၏။

"..."

၃ရက်ကြာပြီးသည့်နောက် နေ့ဘက်အခါတွင်

အနီရောင်သားရဲပျံများကို ဆွဲလာသည့် ရထားလုံးငယ်တစ်ခုက မြင့်မြတ်မတ်စောက်တောင်မှ ထွက်ခွာလာပြီးနောက် တိမ်တိုက်များကြား ပျောက်ကွယ်သွားသည်။

ထိုစဥ် မြင့်မြတ်မတ်စောက်တောင်ထက် အနည်းငယ်နိမ့်သော တောင်ထိပ်ပေါ်တွင် မုန့်ချန်းသုံနှင့် ကျင့်ကြံသူအယောက် ၁၀၀၀တို့က မိုးမခတစ်ထောင်ဘုရားကျောင်းဆီ ထွက်ခွာသွားကြ၏။

...

နေ့တစ်ဝက်ကြာမြင့်ပြီးသည့်နောက်

နဝမမြောက်ဘုံကျောင်း၌

" မဟာအကြီးအကဲ ကြယ်ပျံအိမ်တော်ရဲ့ ယဲ့ကျန်း ရောက်လာတယ် " တပည့်တစ်ယောက်က ဦးညွှတ်ကာ ပြောလိုက်၏။

ကျူးရွှမ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ " ယဲ့ကျန်းလား။ သူက ဒီမှာ ဘာလာလုပ်တာလဲ။ နဝမမြောက်ဘုံကျောင်းနဲ့ ကြယ်ပျံအိမ်တော်က အဆင်ပြေတာမှ မဟုတ်တာ။ ဆရာတော် ၅ပါးက သီးသန့်ကျင့်ကြံနေတယ်လို့ ပြောပြီးတော့ နောက်ရက်မှ တွေ့နိုင်မယ်လို့ ပြောလိုက် "

" ဒါပေမဲ့ ကြယ်ပျံအိမ်တော်ရဲ့ အိမ်တော်သခင်လည်း ပါလာတဲ့ပုံပဲ "

" ချန်ထျန်းတုလား " ကျူးရွှမ်က အံ့အားသင့်သွားကာ " ဆရာတော် ၅ပါးကို အခုချက်ချင်း အကြောင်းကြားလိုက် "

" ဟုတ်ကဲ့ "

တပည့်က အခန်းမှ ချက်ချင်းထွက်သွားပြီးသည့်နောက် မိုးကုတ်စက်ဝိုင်း၌ အသံတစ်သံ ထွက်ပေါ်လာသည်။ " ကြယ်ပျံအိမ်တော်ရဲ့ ယဲ့ကျန်းက စစ်ခုန်ချန်းပေ့နဲ့ တွေ့ခွင့်တောင်းပါတယ် "

အသံက ပဲ့တင်ထွက်နေ၏။ အားကောင်းသည့် အသံလှိုင်းက တောင်နှင့် တောအုပ်ဆီ ပျံနှံ့သွားသသည်။

လျို့ဝှက်ဆန်းကြယ်ခန်းမ၏ ကျန့်ရှောက်ချင်းက ထွက်မလာနိုင်ပေ။ အကြောင်းမှာ သူက အခန်းပိတ်ခံထားရ၍ ဖြစ်သည်။

ငြိမ်းချမ်းရေးခန်းမဆောင်၌ ယောင်ချင်းချွမ်ကမူ သေသေချာချာ ကြားလိုက်ရ၏။

တခြားနေရာတွင်လည်း အားကောင်းသည့် အစီအရင် သွေးကြောများဖြင့် လွှမ်းခြုံထားသည်။

ယောင်ချင်းချွမ်က မျက်လုံးဖွင့်ကာ ခန်းမမှ ပျံသန်းထွက်လာလိုက်သည်။ သူက လေထဲတွင် ပျံသန်းလာပြီးသည့်နောက် မော့ကြည့်လိုက်သည်။ သူက ရထားလုံးပျံကို ဆွဲလာသည့် အနီရောင်ငှက်ကို မြင်လိုက်ရသည်။ အနီရောင်ငှက်က သိပ်မကြီးလှသော်လည်း ကြယ်ပျံအိမ်တော်၏ အိမ်တော်သခင်တွင်သာ အနီရောင်ငှက်ကို အသုံးပြုသည့် ရထားလုံးပျံ ရှိကြောင်းသိခဲ့သည်။

သူက မျက်မှောင်ကြုတ်လိုက်ပြီးနောက် " ကြယ်ပျံအိမ်တော်ရဲ့ ချန်ထျန်းတုရဲ့ ရထားလုံးလား "

အရာရှိများက စည်းမျဥ်းများကို လိုက်နာရမည်ဖြစ်သည့်အတွက် ချန်ပေကျန်းကို ဖြေရှင်းဖို့ နည်းလမ်းများစွာ ရှိလေသည်။ သို့သော် ကြယ်ပျံအိမ်တော်ကမူ စည်းမျဥ်းမရှိပေ။ သူတို့က ဂိုဏ်းငယ်များစွာကို သုတ်သင်ခဲ့သည်မှာ အမှန်ပင်ဖြစ်၏။ ရေနက်ဆန်းကြယ်ဂူအတွင်း လွမ့်ကို သတ်ပြီးသည့်နောက် သူတို့၏ ဂုဏ်သတင်းက ကျော်ဇောလာခဲ့သည်။

ယောင်ချင်းချွမ်က ထိုအရာသည် ထူးဆန်းသည်ဟု ထင်မိ၏။

" ကောင်းကင်ဘုံအောက်မှာ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူက လက်တစ်ဆုပ်လောက်ပဲ ရှိတယ်။ သူတို့က လောကီရေးရာတွေနဲ့ ဝင်မစွက်ဖက်ကြဘူး။ သူက ဒီမှာ ဘာလာလုပ်တာလဲ။ "

ပွင့်ချပ်ဆယ်လွှာ ရောက်ရှိသည့်သူများက အသက်ကြီးရင့်နေကြပြီ ဖြစ်၏။

ထိုစဥ် တခြားသော ဆရာတော် ၃ ပါးကလည်း ပျံသန်းလာကြသည်။

" ကြယ်ပျံအိမ်တော်ရဲ့ ယဲ့ကျန်းက စစ်ခုန်ချန်းပေ့နဲ့ တွေ့ခွင့်တောင်းပါတယ် " အသံက ထပ်မံထွက်ပေါ်လာသည်။ ဤတစ်ချိန် ပိုမိုအားပြင်း၏။

ကျောက်ကျန်းဟယ်က စိတ်ခုကာ ပြောလိုက်သည်။ " ယဲ့ကျန်းက ဒီကို လာပြီးတော့ အင်အားလာပြနေတာပဲ "

" သူက ဘယ်လို လုပ်ရဲတာလဲ။ သူ့ကို လျစ်လျူရှုထားလိုက်တာပေါ့။ ဒါနဲ့ လုချန်းပေ့က အခုထိ ရောက်မလာသေးဘူးလား။ "

နောက်တစ်ဖွဲ့ကို အသံလှိုင်းဖြင့် စိန်ခေါ်ဖို့ရာက မလေးမစား ဖြစ်ရာကျသည်။

" အမျိုးသမီး အစေခံတစ်ဦးက လုချန်းပေ့ရဲ့ စာကို မြင့်မြတ်နန်းဆောင်ဆီ တိုက်ရိုက်ပို့လိုက်တယ်။ ဘာရေးထားမလဲတော့ မသိဘူး။ "

" လုချန်းပေ့ ဒီကို မြန်မြန်ဆန်ဆန် ရောက်လာဖို့ မျှော်လင့်တယ်။ အဲဒီကျမှ ကြယ်ပျံအိမ်တော်က မောက်မာမနေရဲမှာ "

လေးယောက်သားက အချင်းချင်းကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။

…

အခန်း (၇၅၉) ဂုဏ်သတင်းမြင့်တက်လာခြင်း

မိုးမခတစ်ထောင် ဘုရားကျောင်းအတွင်းရှိ လုကျိုး၏ခြံဝန်းထဲတွင် ဖြစ်သည်။

လုကျိုးက ကျင့်ကြံနေလေ၏။

ထိုစဉ် ရှားချန်းချိုး၏ အသံသည် အပြင်ကနေ ပေါ်ထွက်လာသည်။

“လုချန်ပေ့ နဝမဘုံကျောင်းရဲ့ ဘုရားကျောင်းသခင် စစ်ခုန်က အကြောင်းပြန်လာပါတယ်၊ သူနောက်ရက်ကျ လာရောက်လည်ပတ်မယ်လို့ ပြောပါတယ်”

“ငါသိပြီ”

လုကျိုး၏ပြန်ပြောချက်က ပြတ်သားသည်။

ရှားချန်းချိုးက အထင်ကြီးသွားသည်။ သူ၏အမြင်တွင် လုကျိုးသည် ထိုကဲ့သို့ အပြုအမူမျိုးဖြင့် စစ်ခုန်ပေချန်းကို ဆက်ခံရဲသည့် တစ်ဦးတည်းသောလူဖြစ်မည်။ လုကျိုးကဲ့သို့လူက မိုးမခတစ်ထောင်ဘုရားကျောင်းကို စောင့်ကြည့်ပေးနေလျှင် မည်သူကများ ဘုရားကျောင်းကို စိန်ခေါ်ရဲမည်နည်း။

“လုချန်ပေ့ ကြယ်ပျံအိမ်တော်ရဲ့ ယဲ့ကျန်းက နဝမဘုံကျောင်းကို သွားပြီ၊ သူပြင်ဆင်ထားတာပဲ ဖြစ်ရမယ်လို့ ထင်တယ်၊ တကယ်မသွားဘူးလား”

ရှားချန်းချိုးက မေးလိုက်၏။ ဆိုရလျှင် လုကျိုးသည် နဝမဘုံကျောင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားပြီးသား ဖြစ်၏။ လုကျိုးမသွားလျှင် သူတို့မဟာမိတ်များ ဖြစ်ပါဦးမည်လော။

“စစ်ခုန်ပေချန်းက ကြယ်ပျံအိမ်တော်ကိုတောင် မဖြေရှင်းနိုင်ရင် သူက ငါနဲ့တစ်တန်းတည်းနေဖို့တောင် မထိုက်တန်ဘူး”

လုကျိုးသည် သာမန်လေသံဖြင့် ပြန်ပြောလိုက်၏။

ရှားချန်းချိုးက ခေါင်းညိတ်လိုက်သည်။

“နားလည်ပါပြီ”

ခြံဝန်းထဲမှ ရှားချန်းချိုး ထွက်သွားသောအခါ မိုးမခတစ်ထောင် ဘုရားကျောင်းမှ တပည့်များသည် သက်ပြင်းချလိုက်၏။

အကြီးအကဲတစ်ယောက်က လျှောက်လာပြီး ပြောလိုက်တော့သည်။

“ဘုရားကျောင်းသခင်၊ စာတစ်စောင်ပို့ခွင့်ပေးပါ ဘုရားကျောင်းသခင် အနေနဲ့ - ”

“အဓိပ္ပာယ်မရှိတာ”

ရှားချန်းချိုးက ချက်ချင်း ဖြတ်ပြောလိုက်၏။

“စာပြန်ပို့ရတာက အသေးအမွှားကိစ္စလို့ ထင်နေလား၊ ဒီကိစ္စက မိုးမခတစ်ထောင် ဘုရားကျောင်းရဲ့ ရှင်သန်ရေးနဲ့ သက်ဆိုင်နေတယ်၊ ဂရုမစိုက်ဘဲ နေလို့မရဘူး၊ လုချန်ပေ့ကို စာပို့ခိုင်းရအောင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ၊ အဲဒီစာ တစ်စုံတစ်ခုဖြစ်သွားတာနဲ့ နောက်ဆက်တွဲကို မင်းခံနိုင်ရည် ရှိမှာလား”

ကျန်သည့်သူများက ပြန်မပြောတော့ပေ။

ရှားချန်းချိုးက လက်နောက်ပစ်ထားလျက် ပြန်လာတော့သည်။

လုကျိုး၏ အခန်းထဲတွင် ဖြစ်သည်။

လုကျိုးက လက်ဖဝါးဖြန့်လိုက်ပြီး မျက်လုံးမှိတ်လိုက်၏။ တစ်ချိန်တည်းတွင် သူသည် ကြယ်ပျံအိမ်တော်မှ သူ၏မှတ်ဉာဏ်သလင်းကို ပြန်ယူရန် နည်းလမ်းများ စဉ်းစားနေသည်။

‘ငါနဝမဘုံကျောင်းကို ပြန်သွားပြီး ယဲ့တျန်း ဒါမှမဟုတ် ချန်ထျန်းတုကို ဖြေရှင်းသင့်လား၊ ဒါက အခွင့်ရေးကောင်းတစ်ခုပဲလေ’ လုကျိုးသည် ဖြည်းဖြည်းချင်း ခြေကြွကာ နဝမဘုံကျောင်းသို့ သွားရန်ပြင်ဆင်လိုက်၏။ ထိုစဉ် ရှားချန်းချိုးသည် ခြံဝန်းထဲ အမြန်ပြေးဝင်လာသည်။ ပြာယာခတ်နေတာ သိသာ၏။ သူက အရိုအသေပေးလျက် ပြောလိုက်သည်။

“လုချန်ပေ့ မကောင်းတော့ဘူး”

“ဘာဖြစ်လို့လဲ၊ ဘာကြောင့်ဒီလောက်ပျာယာခတ်နေတာလဲ” လုကျိုးက စိတ်ရှုပ်ထွေးသွား၏။

“မုန့်ချန်းသုံက မိုးမခတစ်ထောင်ဘုရားကျောင်းဆီ ကျင့်ကြံသူတစ်ထောင်ကို ဦးဆောင်ပြီး ရောက်လာပါတယ်၊ သူတို့လေးနာရီအတွင်း ရောက်လိမ့်မယ်”

ရှားချန်းချိုးသည် ဤနှစ်များအတွင်း ရှင်သန်နေထိုင်ရေးအတွက် အလုံးစုံကို ဆောင်ရွက်ခဲ့သည်။ ကျင့်ကြံသူအုပ်လိုက်ကြီး လှုပ်ရှားမှုသည် သူ၏သတိပြုမိမှုမှ မလွတ်မြောက်နိုင်တာ သဘာဝကျသည်။

လုကျိုးက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

‘ငါကြယ်ပျံအိမ်တော်ကို လျှော့တွက်ခဲ့မိတဲ့ပုံပဲ၊ သူတို့တွေက နှစ်ဖက်လုံးကနေ တိုက်ခိုက်တော့မလို့လား၊ ငါနှစ်ကိုယ်မခွဲနိုင်တာကြောင့် ငါ့ကို အနိုင်ကျင့်နေတာလား’

စစ်ခုန်ပေချန်းသည် နဝမဘုံကျောင်းတွင်ရှိပြီး သူ့တွင် ပထမဆရာတော်ငါးပါးရှိ၏။ ထို့အပြင် နဝမဘုံကျောင်းကို အစွမ်းထက်သော အစီအရင်များက ကာကွယ်ပေးထားသည်။ ထိုနေရာ၌ ပြဿနာရှိမှာ မဟုတ်ပေ။ တစ်ဖက်တွင်မူ မိုးမခတစ်ထောင် ဘုရားကျောင်း၏ အခြေအနေသည် သူတို့နှင့် ဆန့်ကျင်ဘက်တွင် ရှိနေ၏။

ကြယ်ပျံအိမ်တော်သည် တစ်ပြိုင်နက်တည်း နှစ်ဖက်လုံးကို ဖိအားပေးရန် ကြိုးစားနေတာ သို့တည်းမဟုတ် မိုးမခတစ်ထောင်ဘုရားကျောင်းကို သုတ်သင်ရန် ရောက်လာတာ ဖြစ်နိုင်သည်။

ယဲ့ကျန်းက တကယ် တစ်ခုခုပဲ။

“လုချန်ပေ့ အခုကျွန်တော်တို့ ဘာလုပ်ကြမလဲ”

“စိတ်ပူစရာမလိုဘူး၊ ငါ့တပည့်နှစ်ယောက်ဆီသာ အပ်ထားလိုက်” လုကျိုးက ပြောလိုက်သည်။

“အမိန့်အတိုင်းပါ လုချန်ပေ့” ရှားချန်းချိုးသည် လှည့်ထွက်သွားတော့သည်။

လုကျိုးသည် တင်ပျဉ်ခွေချိတ်ထိုင်လိုက်၏။ သူ့အမူအရာက ပြောင်းလဲသွားပြီးနောက် စဉ်းစားလိုက်တော့သည်။ ဒီလိုဆိုမှတော့ သူတို့ကို ထိပ်တိုက်ရင်ဆိုင်ကြတာပေါ့။

နဝမဘုံကျောင်းတွင် ဖြစ်သည်။

ရထားလုံးကို ဆွဲသည့် အနီရောင်ငှက်သည် နဝမဘုံကျောင်းရှေ့၌ ရပ်တန့်သွား၏။

သူ၏အသံကို နှစ်ဆမြှင့်ပြီးနောက် ယဲ့ကျန်းသည် လှည့်ပတ်သွားကာ ကြယ်ပျံအိမ်တော်နား၌ ရပ်လိုက်ပြီး သူ့ကို မည်သူမျှ နှုတ်ဆက်ရန် ရောက်မလာပေ။

“ထင်တဲ့အတိုင်းပဲ ငါးယောက်လုံးက အားမကိုးရဘူး”

အိုမင်းပြီး နက်ရှိုင်းသော အသံတစ်သံသည် ရထားလုံးထဲမှ ထပ်မံပေါ်ထွက်လာ၏။

“ထပ်ခေါ်လိုက်”

“နားလည်ပါပြီ” ယဲ့ကျန်းက လှည့်ထွက်သွားပြီး နဝမဘုံကျောင်းဆီ သွားတော့၏။ သူက ကျယ်လောင်စွာ ပြောလိုက်သည်။

“ကြယ်ပျံအိမ်တော်ရဲ့ ယဲ့ကျန်းက ချန်ပေ့စစ်ခုန်နဲ့ တွေ့ခွင့်တောင်းပါတယ်” သူ၏ အသံသည် မိုးခြိမ်းသံပမာ ကျယ်လောင်လှပြီး ယခင်ထက် ပိုကျယ်၏။

နဝမဘုံကျောင်းပေါ်ရှိ တာအိုသွေးကြောများက စတင်ပြီး ထွန်းလင်းလာတော့သည်။ နောက်ဆုံးတွင် နဝမဘုံကျောင်း၏ ဝင်ပေါက်၌ ယောင်ချင်းချွမ်‌ပေါ်လာတော့သည်။ သူက ယဲ့ကျန်းကို စိမ်းစိမ်းဝါးဝါးကြည့်ပြီးနောက် ပြောလိုက်သည်။

“ယဲ့ကျန်း နဝမဘုံကျောင်းက မင်းစိတ်တိုင်းကျ ပြုမူနိုင်မဲ့နေရာလို့ မင်းထင်နေလား”

ယဲ့ကျန်းက လက်သီးဆုပ်မိုးလိုက်၏။

“ကျေးဇူးပြုပြီး ကျုပ်တို့ကျူးကျော်လာမိတာကို ခွင့်လွှတ်ပါ”

ယဲ့ကျန်းဘာတွေနေမှန်း မည်သူမျှ မသိနိုင်။

ယောင်ချင်းချွမ်က ပထမဆရာတော်များ၏ လက်ရှိခေါင်းဆောင်ဖြစ်သည်။ သူသည် ယဲ့ကျန်းကို မြင်သောအခါ ထိတ်လန့်သွားလေ၏။ ယဲ့ကျန်း၏ အကျင့်စရိုက်အကြောင်း သိရှိပြီးချိန်မှစပြီး သူက ယဲ့ကျန်းကို နှုတ်ဖြင့် ရန်စခဲ့၏။ အကြောင်းမှာ ယဲ့ကျန်း၏ အကျင့်စရိုက်အကြောင်း သိရှိအောင် သူ့ကို ကူညီပေးနိုင်သောကြောင့် ဖြစ်သည်။ သို့သော် ယဲ့ကျန်းက ပြောင်းလွယ်ပြင်လွယ်ပုံပေါ်၏။ ဆိုလိုသည်က ယဲ့ကျန်းသည် ဖြေရှင်းရ မလွယ်ကူပေ။

“ဘုရားကျောင်းသခင်က သူ့ရဲ့ဖိတ်ကြားချက်ကို ပြောပြထားပြီးသား” သူတို့သည် လွန်ခဲ့သည့် သုံးရက်က ကတိပေးခဲ့၏။ ထို့ကြောင့် ယောင်ချင်းချွမ်သည် သူတို့ကို အချိန်ကြာမြင့်စွာ မစောင့်ခိုင်းနိုင်ပေ။

ဝတ်ရုံဖြူဝတ်ထားသည့်အဖိုးအိုသည် မျက်နှာကို ကာထားလျက် ရထားလုံးထဲမှ ပျံထွက်လာသည်။ သူက ယောင်ချင်းချွမ်ကို ကြည့်တောင် မကြည့်ပေ။ လျှပ်ပြက်သော အရှိန်ဖြင့် နဝမဘုံကျောင်းထဲ ဝင်သွားသည်။

မြေပြင်ပေါ်ရှိ တပည့်များအားလုံးက မော့ကြည့်လိုက်၏။

ယင်းက ကြယ်ပျံအိမ်တော်၏သခင် ချန်ထျန်းတုပဲ ဖြစ်သည်။

ခဏအကြာတွင် ချန်ထျန်းတုနှင့် ယဲ့ကျန်းက မြင့်မြတ်နန်းဆောင်ရှေ့၌ ပေါ်လာသည်။

အမျိုးသမီး တပည့်နှစ်ယောက်က အရိုအသေပေးလိုက်၏။

ချန်ထျန်းတုက ခန်းမထဲ ဝင်သွားတော့သည်။

ဝှစ်

ချန်ထျန်းတုဆီသို့ သေရည်တစ်ခွက်လွင့်ပျံလာသည်။

“ကျုပ်ကို ခွင့်ပြုပေးပါ” ယဲ့ကျန်းက ရှေ့တိုးလျက် လက်မြှောက်လိုက်သည်။ သူ၏ သွယ်လျသော လက်ချောင်းများက လက်ဝါးယပ်တောင်ပမာ ဖြန့်ကားလိုက်ပြီး ရှေ့သို့တွန်းထုတ်လိုက်၏။

လေထဲ၌ သေရည်ခွက်က တန့်သွားတော့သည်။

ဗွမ်း

ခွက်ထဲမှ သေရည်များ လွင့်စင်သွားသည်။ သေရည်စက်များက ဆူးချွန်များအဖြစ် ပြောင်းလဲသွားပြီး ရှေ့သို့ ဦးတည်တက်သွားတော့သည်။

ဝှစ် ဝှစ် ဝှစ်

ဆူးချွန်များသည် မမြင်ရသည့်နံရံကို ထိမိသည့်ပမာ လေထဲ၌ ငွေ့ရည်ပျံသွားတော့၏။

“မင်းက ကြယ်ပျံအိမ်တော်ရဲ့ ယဲ့ကျန်းလား၊ လတ်တလောနှစ်တွေမှာ ပါရမီရှိတယ်လို့ ပြောကြတဲ့လူလား” အသံက တည်ငြိမ်ပြီး ခြိမ်းခြောက်နိုင်၏။

ယဲ့ကျန်းက အရိုအသေပေးလိုက်၏။

“နှုတ်ခွန်းဆက်ပါတယ် ချန်ပေ့စစ်ခုန်”

ဝှစ် ဝှစ် ဝှစ်

ဆူးချွန်များ ထွက်လာပြီးနောက် ယဲ့ကျန်း၏ မျက်နှာဆီ ပြန်လည်ထွက်သွားကာ ပစ်ထုတ်လိုက်တော့သည်။ ယဲ့ကျန်းက အနည်းငယ် စိတ်ပျက်သွား၏။ သူက လက်မြှောက်တော့မည့်အချိန်တွင် ချန်ထျန်းတုက လေသံအတက်အကျမရှိ ပြောလိုက်သည်။

“လုံလောက်ပြီ”

နွေးထွေးပြီး စိုစွတ်သော လေထုပေါ်ထွက်လာကာ ဆူးများကို ငွေ့ရည်ပျံသွားစေသည်။

“သက်ကြားအိုကြီး မင်းရဲ့ကျင့်ကြံဆင့်က ဒီလောက်နှစ်တွေ ကြာပြီးတော့ ထပ်တိုးတက်လာပြန်ပြီ”

ချန်ထျန်းတုက ဖြည်းဖြည်းချင်း လျှောက်လာလေ၏။

စားပွဲတစ်လုံး၊ အခင်းနှစ်ခုနှင့် အမျိုးသမီး တပည့်လေးယောက်ရှိနေ၏။ ရိုးရှင်းပြီး ကျော့မော့သည်။

စစ်ခုန်ပေချန်းက စားပွဲတစ်ဖက်တွင် တင်ပလ္လင်ခွေချိတ်ထိုင်နေသည်။ သူက ဖိတ်ခေါ်လိုက်၏။

ချန်ထျန်းတုကလည်း အာရုံမစိုက်တော့ပဲ စစ်ခုန်ပေချန်း မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ သူက လက်မြှောက်လိုက်ရာ ဝတ်ရုံဖြူက ဘေးသို့ ရောက်သွားသည်။

ယင်းကို ယဲ့ကျန်းမြင်သောအခါ သူသည်ရှေ့တိုးပြီးနောက် အမြန်ကောက်ယူလိုက်သည်။

စစ်ခုန်ပေချန်းနှင့် ချန်ထျန်းတုနှစ်ယောက်လုံးက ဆံပင်ဖြူပြီး ရင့်ရော်နေပြီဖြစ်သည်။

ချန်ထျန်းတုက လက်ဖက်ရည်ခွက်ကို မြှောက်ကာ တစ်ငုံသောက်လိုက်၏။ သူက မော့ကြည့်ပြီးပြောလိုက်တော့သည်။

“မင်း ချန်ပေကျန်းကို သတ်လိုက်တယ်လို့ ကြားမိတယ်၊ အဲဒါကို ကြားပြီးတော့ ငါဘယ်လိုလုပ် လာမလည်ဘဲ နေနိုင်မှာလဲ”

စစ်ခုန်ပေချန်းသည် ထိုစကားကြောင့် အံ့ဩသွားပြီး ထိုအစား သူကပြုံးလျက် ခေါင်းအနည်းငယ်ခါလိုက်၏။

“မင်းငါ့ကို ချီးကျူးနေတာ”

“အိုး”

“ချန်ပေကျန်းက အသက်တစ်ထောင်ပဲ ရှိသေးတယ်၊ ငါတို့နှစ်ယောက်လုံးက အသက်ကြီးနေပြီ၊ ငါသူ့ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ” စစ်ခုန်ပေချန်းက ပြောလိုက်၏။

ချန်းထျန်းတု၏ မျက်လုံးက စိမ်းတောက်သွားကာ ပြောလိုက်တော့သည်။

“မင်းဘာကြောင့် အမြန် တာဝန်ကို ရှောင်နေတာလဲ၊ မင်းကို စာရင်းရှင်းမှာ စိုးရိမ်လို့လား”

စစ်ခုန်ပေချန်းက ခေါင်းခါပြီးပြောလိုက်တော့၏။

“ချန်ထျန်းတု ငါသာ သူ့ကို တကယ်သတ်ခဲ့တယ်ဆိုရင် မင်းအသက်ကို လွှင့်ပစ်ဖို့အတွက် ဒီနေရာကို ရောက်လာတာကြောင့် ငါဝမ်းသာမိမှာ”

ယဲ့ကျန်းသည် ရှေ့သို့တစ်လှမ်းတိုးလိုက်၏။

ချန်ထျန်းတုက လက်တစ်ဖက်မြှောက်လိုက်သည်။

ထိုစဉ် ဆရာတော်ငါးပါးက တံခါးဝ၌ ပေါ်လာ၏။ စစ်ခုန်ပေချန်းသာ အမိန့်ပေးခဲ့လျှင် တိုက်ပွဲကြီးတစ်ပွဲ ချက်ချင်းဖြစ်ပွားလိမ့်မည်။

လေထုအခြေအနေက တင်းမာနေတော့၏။

ယဲ့ကျန်းက ပြုံးပြီးပြောလိုက်သည်။

“အိမ်တော်သခင် ဒီရောက်နေပြီဆိုတော့ ကျုပ်တို့ကြိုတင်ပြင်ဆင်ထားတာ သဘာဝပဲ”

စစ်ခုန်ပေချန်းက ယဲ့ကျန်းကို တစ်ချက်သာကြည့်ပြီးနောက် ချန်ထျန်းတုကို အာရုံပြန်စိုက်လိုက်၏။

ချန်ထျန်းတုက ပြုံးပြီး တည်ငြိမ်စွာ မေးလိုက်သည်။

“ချန်ပေကျန်းကို မင်းမသတ်ခဲ့ရင် ဘယ်သူသတ်တာလဲ”

စစ်ခုန်ပေချန်းက ထိုအမေးကို စောင့်နေတာဖြစ်သည်။ သူက ပြန်ဖြေလိုက်စဉ် လေးစားကြောက်ရွံ့သည့် အမူအရာ အထင်းသားပေါ်နေ၏။

“လုမျိုးရိုးအမည်ရတဲ့ ချန်ပေ့တစ်ယောက်ပဲ”

“လ ုလား”

ချန်ထျန်းတုနှင့် ယဲ့ကျန်းသည် လုမျိုးရိုးဖြင့် ကျင့်ကြံသူတစ်ယောက်ကို စဉ်းစားကြည့်သော်ငြား ဘာမှ ရှာမတွေ့ပေ။ သူတို့သိသည့် သိုင်းပညာရှင်များအနက် လုမျိုးရိုးဖြင့် လူမရှိပေ။

ထိုစဉ် စစ်ခုန်ပေချန်းက ဆက်ပြောလိုက်ရာ ကြယ်ပျံအိမ်တော်မှ နှစ်ယောက်လုံးကို ထိတ်လန့်သွားစေ၏။

“လုချန်ပေ့က မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်ပြီ”

All Chapters