အခန်း (၇၆၀-၇၆၂)
Vol. 51 Ch. 760-762
အခန်း (၇၆၀) ထိပ်သီးကျင့်ကြံသူကြားမှ ဖလှယ်မှု
ချန်ထျန်းတုက လိုအပ်သည့် ပြင်ဆင်မှုအားလုံးကို ပြုလုပ်ခဲ့သည်။ သူ ယုံကြည်ရသည် လက်အောက်ငယ်သား ယဲ့ကျန်းက ထိုအရာအားလုံးကို စီစဥ်ထားပြီးသား ဖြစ်၏။ မွေးဖွားဇယားအကြောင်း ကြားသည့်အခါ သူ့အမူအရာက တောင့်တင်းသွားသည်။ သူက စိတ်ရှုပ်ကာ လက်မခံနိုင်ဖွယ် ဖြစ်နေသည်။
" မင်းနဲ့ ငါနဲ့က နှစ်အကြာကြီး တိုက်ခိုက်ခဲ့တာ။ စစ်ခုန်ပေချန်း မင်းဒီလို လိမ်ညာတာကို တစ်ခါမှ မမြင်ဖူးပါဘူး။ မင်းရဲ့ ထင်ယောင်ထင်မှား ဖြစ်နေတာတွေကို ကြည့်နေဖို့ အချိန်မရှိဘူး”
ချန်ထျန်းတုက အဖန်ရည်တစ်ငုံ သောက်လိုက်သည်။
စစ်ခုန်ပေချန်းက မထူးမခြားနား ပြောလိုက်၏။
” မင်း ပြောသလိုပဲပေါ့ ငါတို့တွေ နှစ်အများကြီး သိလာကြတာ။ ငါ တစ်ခါမှ မလိမ်ခဲ့ဖူးဘူး။ ဒီလိုဆိုမှတော့ အခု ဘာလို့များ လိမ်နေတယ်လို့ ထင်နေရတာလဲ”
ချန်ထျန်းတုက အနည်းငယ် အံ့အားသင့်သွားသည်။
ယဲ့ကျန်းက ဝင်ပြောလိုက်၏” ကျုပ် ပြောခွင့်ရှိမလား "
" ပြောပါ "
" အဲဒီ လုချန်းပေ့က မွေးဖွားဇယားချပ်ကို အသက်သွင်းခဲ့တယ်ဆိုတာကို မျက်မြင်သက်သေများ ရှိလား” ယဲ့ကျန်းက မေးလိုက်သည်။
" ငါ့တပည့်တွေ အကုန်လုံး သက်သေခံပေးနိုင်တယ် "
ဆရာတော် ၄ပါးက တစ်ပြိုင်နက် ဦးညွတ်လိုက်ကြ၏။ သူတို့အနေဖြင့် စကားပြောနေဖို့ မလိုအပ်ပေ။ သူတို့က အပြုအမူက အဖြေကို ရှင်းရှင်းလင်းလင်း ပြသပြီးသား ဖြစ်၏။
နဝမမြောက်ဘုံကျောင်း၏ အဖွဲ့သားများက သူတို့ဘက်တွင်သာ နေကြသည်မှာ ပုံမှန်ဖြစ်၏။
ချန်ထျန်းတုက ရွံ့တွနေသည့် လက်ကို မြှောက်ကာ စားပွဲပေါ်တင်လိုက်သည်။
ဝှစ်
ကနဦးချီ ထွက်ပေါ်လာပြီးသည့်နောက် အဖန်ရည်ခွက်က လေထဲတွင် မြောက်တက်လာသည်။
" ငါတို့တွေက မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို နှစ်ယောက်လုံး သိကြတာပဲ။ မင်းက တခြားသူတွေနဲ့ မင်းကိုယ်မင်း ဘာလို့လှည့်ဖျားဖို့ ကြိုးစားနေရတာလဲ”
ချန်ထျန်းတု၏ ဖန်ခွက်က စစ်ခုန်ပေချန်းဆီ ပျံသန်းသွားသည်။
စစ်ခုန်ပေချန်းက စားပွဲပေါ် လက်တင်လိုက်ပြီး " မင်း ငါ့ကို မယုံကြည်ဘဲ နေလို့ရတယ် ချန်ထျန်းတု … တကယ်လို့ ဒီနေ့လာရောက်တဲ့ ရည်ရွယ်ချက်က ဒါကို အတည်ပြုဖို့ဆိုရင် အဓိပ္ပာယ်မရှိမှာပဲ စိုးမိတယ်”
အဖန်ရည်ခွက်က ချန်ထျန်းတုဆီ ပြန်လည်ပျံသန်းသွား၏။ ထို့အရာက သူ့နှာဖျားတစ်လက်မ အလိုတွင် ရပ်တန့်သွားသည်။
ချန်ထျန်းတုက မျက်လုံးပြူးသွား၏။
တုန်ခါမှုကြောင့် အသံများက ပိုမိုအားကောင်းလာသည်။
" မင်း အမှန်တိုင်း ပြောတယ်ပဲ ထားပါတော့။ အဲ့လိုဆိုရင်တောင် နဝမမြောက်ဘုံကျောင်းက ချန်ပေကျန်းရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး အပြစ်ကင်းနေတာတော့ မဟုတ်ဘူး”
အဖန်ရည်ခွက်ထဲရှိ အဖန်ရည်က ဖိတ်စင်သွားကာ အပ်များသဖွယ် ပြောင်းလဲသွားသည်။ သူတို့က အသေးစား စွမ်းအင်ဓားများသဖွယ် လက်ရာမြောက်လှ၏။
ယဲ့ကျန်းက အနည်းငယ် အံ့အားသင့်နေမိ၏။ သို့သော်လည်း သူက အမြန်အဆန် အသိပြန်ဝင်လာ၏။ ပါရမီထူးကဲသည့် ကျင့်ကြံသူတစ်ယောက် အနေဖြင့် သူ့ဆရာက အရာအားလုံးကို သင်ပေးနေဖို့ မလိုအပ်ပေ။ သူ လုပ်ဖို့လိုအပ်သည်က ဘေးမှ စောင့်ကြည့်ဖို့သာ ဖြစ်၏။
ဆံချည်နှင့်တူသည့် အပ်များက ယခုအခါ စစ်ခုန်ပေချန်းရှေ့ ရောက်ရှိနေသည်။ သူက မျက်မှောင်ကြုတ်ကာ လက်ကို မြှောက်လိုက်ပြီး စားပွဲပေါ် ပြန်တင်လိုက်သည်။
" အငြိုးအတေးတိုင်းအတွက် တစ်စုံတစ်ယောက်ကတော့ တာဝန်ရှိတာပဲ။ အကြွေးအားလုံးအတွက် အကြွေးရှင်ဆိုတာ ရှိတယ်။ တကယ်လို့ တရားခံကို ရှာချင်ရင် လုချန်းပေ့ကို သွားရှာသင့်တယ်။ နန်းတော်က ဘာမှမပြောတာတောင် ကြယ်ပျံအိမ်တော်က ဘာလို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး စွဲလမ်းနေရတာလဲ”
ဘန်း
အပ်များက ရေပေါက်များသဖွယ် ပြောင်းလဲသွားပြီး လေထဲမှ ကျဆင်းလာသည်။ သူတို့က စားပွဲပေါ် ကျဆင်းလာတော့မည့်ဆဲဆဲတွင် ပုံသဏ္ဌာန် ထပ်မံ ဖွဲ့စည်းသွား၏။
ချန်ထျန်းတု၏ အမူအရာက မပြောင်းမလဲ ကျန်ရှိနေသည်။ သူက လက်မြှောက်ကာ စားပွဲပေါ် တင်လိုက်သည်။
" ဒါက ကြယ်ပျံအိမ်တော် အမြဲလိုလိုလုပ်ခဲ့တဲ့ ပုံစံပဲ။ တရားခံက တခြားသူဖြစ်နေမှတော့ နဝမမြောက်ဘုံကျောင်းက ငါတို့ဆီ သူ့ကို ခေါ်လာသင့်တယ်”
မြင့်မြတ်နန်းဆောင်အထက် ကနဦးချီ ထွက်ပေါ်လာသည်။ ဝေဟင်အထက် အနီရောင်စွမ်းအားများက ရှေ့ချီနောက်ချီ ကူးသန်းနေ၏။ သိပ်မကြာခင် ကနဦးချီက စွမ်းအင်ဓားများအဖြစ် ပြောင်းလဲသွားသည်။
စစ်ခုန်ပေချန်းက သူ့လက်လေးချောင်းထဲ စွမ်းအားတချို့ ထည့်သွင်းလိုက်သည်။
မြင့်မြတ်နန်းဆောင်အထက် စွမ်းအင်ဓားများက ထိပ်တိုက်တွေ့ဆုံကြ၏။
ဘန်း ဘန်း ဘန်း
" နဝမဘုံကျောင်းက လုချန်းပေ့လို လူမျိုးနဲ့ ရင်ဆိုင်ဖို့ မတတ်နိုင်ဘူး။ တကယ်လို့ မင်းတို့ စိုးရိမ်နေတယ်ဆိုရင် မိုးမခတစ်ထောင်ဘုရားကျောင်းဆီ သွားပြီးတော့ ဖမ်းလိုက်ပါ့လား”
စစ်ခုန်ပေချန်းက ပြောလိုက်သည်။
လေထဲရှိ အပ်များက ရှေ့တိုးလာပြီး ချန်ထျန်းတု၏ လက်ထဲကို ထိုးစိုက်ဝင်လုမတတ် ဖြစ်နေဟန်ပေါ်သည်။
ဘန်း ဘန်း ဘန်း
ဝေဟင်အထင် စွမ်းအင်ဓားများ ထိပ်တိုက်တွေ့မှုက လက်ရည်တူနေ၏။ သူတို့က ဝင်္ကပါပုံသဏ္ဌာန် ဖွဲ့စည်းရင်း ဆက်လက်တိုက်ခိုက်နေကြသည်။ ကောင်းကင်အထက် မီးပန်းမီးပန်းများ ပြသနေသလိုမျိုး ဖြစ်နေ၏။
နဝမမြောက်ဘုံကျောင်း၏ တပည့်အယောက် တစ်သောင်းကျော်ကလည်း စုဝေးနေကြသည်။ ထိုအရာက အသေးအမွှား အင်အားစု မဟုတ်ပေ။ သူတို့က ကောင်းကင်ကို မော့ကြည့်လိုက်ကြ၏။
ချန်ထျန်းတုက ကျင့်ကြံသူအဖွဲ့၏ တည်ရှိမှုကို ခံစားမိလေသည်။ သူက အင်အားပြင်းပြင်းဖြင့် လက်ချလိုက်သည့်အခါ စားပွဲခုံပေါ်တွင် လက်ဝါးရာကြီး ချန်ထားခဲ့၏။
" စစ်ခုန်ပေချန်း မင်းရဲ့ အစီအစဥ် မအောင်မြင်မှာပဲ စိုးရတယ်။ အကြီးအကဲမုန့်က မိုးမခတစ်ထောင်ဘုရားကျောင်းဆီ ဦးတည်သွားနေပြီ။ နှစ်နာရီအတွင်းမှာ မိုးမခတစ်ထောင်ဘုရားကျောင်းက ဘာမှကျန်တော့မှာ မဟုတ်ဘူး”
ယခုအခါ အပ်များက စစ်ခုန်ပေချန်း၏ လက်ဆီ ဦးတည်နေကြသည်။
စစ်ခုန်ပေချန်းက လက်ကို စားပွဲပေါ် ချလိုက်ပြီးနောက် လှောင်ပြောင်သည့် အပြုံးဖြင့် ပြောလိုက်၏။
” လုချန်းပေ့ကို သတ်ဖို့ ကြိုးစားနေတာလား "
ချန်ထျန်းတုက မျက်မှောင်ကြုတ်ကာ " မင်းက ဘာလို့ ပြုံးနေတာလဲ "
" ကြီးကျယ်ခမ်းနားလှတဲ့ ကြယ်ပျံအိမ်တော်ရဲ့ အိမ်တော်သခင်က ဒီလို ရူးရူးမိုက်မိုက်လုပ်တာကို အံ့သြမိလို့ပါ။ မင်းက သီးသန့်ကျင့်ကြံနေတာ အချိန်တော်တော်ကြာသွားတဲ့ပုံပဲ။ ငါတို့တွေ ဘာလို့ အလောင်းအစား မလုပ်ရမှာလဲ” စစ်ခုန်ပေချန်းက စိတ်လှုပ်ရှားနေဟန်ပေါ်သည်။ သူက သူ့အသက်အရွယ်အတွက် စိတ်လှုပ်ရှားလွန်းနေ၏။
" ဘာပေါ်လဲ " ချန်ထျန်းတုက ပြောလိုက်သည်။
" မုန့်ချန်းသုံက အသက်ရှင်လျက် ပြန်လာမလား ပြန်မလာနိုင်ဘူးလား ဆိုတဲ့ ကိစ္စအပေါ်ပေါ့"
စစ်ခုန်ပေချန်းက ပြောလိုက်သည်။
ယဲ့ကျန်းက လက်နှစ်ဖက်ယှက်ကာ " ခင်ဗျား စိတ်ပျက်သွားမှာပဲ စိုးရတယ်။ အကြီးအကဲမုန့်ကို တိမ်တိုက်တောင်ရဲ့ ၁၂ဂိုဏ်းရဲ့ ပညာရှင် ရှဲ့ရွမ်းက အဖော်ပြုပေးထားတာ။ ကောင်းကင်သိုင်းပညာခုံရုံးနဲ့ ကြယ်ပျံအိမ်တော်ရဲ့ တပည့်တွေလည်း ပါသေးတယ်။ စုစုပေါင်း ကျင့်ကြံသူအယောက် ၁၀၀၀ရှိတယ်။ စစ်ခုန်ချန်းပေ့ကိုတော့ စိတ်မကောင်းပါဘူး။ မိုးမခတစ်ထောင်ဘုရားကျောင်းက ကျုပ်တို့ တပည့်တွေကို အများကြီးသတ်ခဲ့တာ။ အခု ဒါကို အဆုံးသတ်ဖို့ အချိန်ပဲ”
ဝှစ်
ဘန်း ဘန်း ဘန်း
ဝေဟင်ထက်ရှိ စွမ်းအင်ဓားများက မိနစ်ပိုင်းမျှဖြင့် ပိုမိုများပြားလာသည်။ တစ်ချိန်တည်းဆိုသလို သူတို့၏ အနေအထားက နိမ့်ကျလာ၏။ အကယ်၍ သူတို့သာ ထပ်ပြီး နိမ့်ကျမည်ဆိုလျှင် မြင့်မြတ်နန်းဆောင်၏ ထိပ်ကို ပိုင်းဖြတ်ပစ်နိုင်လောက်သည်။
" မင်းတို့တွေ အရူးထမှုအတွက် ပြန်လည်ပေးဆပ်ရမှာပဲ " စစ်ခုန်ပေချန်းက လက်ကို အောက်ချကာ ပြောလိုက်၏။ သူက ညာဘက်လက်ဝါးတွင် လက်ဟန်စည်းတံဆိပ် ပြုလုပ်ပြီးနောက် ပြန်လည်ရုတ်သိမ်းလိုက်သည်။
ချန်ထျန်းတုကလည်း အတူတူလုပ်ဆောင်လိုက်၏” ငါ အဲဒီအလောင်းအစားကို သဘောတူတယ်။ အရှုံးသမားက ကျင့်ကြံဆင့်ကို ဖျက်ဆီးပစ်ရမယ်”
" ကောင်းပြီ " စစ်ခုန်ပေချန်းက ချန်ထျန်းတု၏ စကားကို ကြားသည့်အခါ စိတ်လှုပ်ရှားလာမိ၏။
သူတို့နှစ်ဦးက လက်ဝါးများကို ပြန်ရုတ်သိမ်းလိုက်သည့်အခါ မြင့်မြတ်နန်းဆောင်အထက်ရှိ စွမ်းအင်ဓားများက ပျောက်ကွယ်သွားကြသည်။ သို့သော်လည်း ညာဘက်ရှိ စွမ်းအင်ဓားများက ပိုမိုအားကောင်းလာ၏။
စားပွဲပေါ်အထက် ပျံဝဲနေသည့် အပ်များက ရုတ်ချည်းဆိုသလို ရှေ့တိုးလာကြသည်။
ချန်ထျန်းတုက မျက်မှောင်ကြုတ်လိုက်၏။ သူက အသံအောအောဖြင့် ပြောလိုက်သည်” မဖြစ်နိုင်ဘူး "
သူက လက်မြှောက်လိုက်သည့်အခါ နောက်ကျလွန်းသွားပြီဖြစ်၏။ အပ်များက သူ့ရင်ဘတ်ဆီ ထိုးစိုက်သွားသည်။
ချန်ထျန်းတု၏ စွမ်းအားက ထွက်ပေါ်လာသည့်အခါ စစ်ခုန်ပေချန်းကလည်း စွမ်းအားကို ထုတ်ဖော်လိုက်သည်။
ဘန်း
ချန်ထျန်းတုက နောက်ပြန်လဲသွားသော်လည်း သူက တင်ပျဥ်ခွေလျက် အနေအထားသာ ကျန်ရှိနေသေး၏။ ထိုနောက် သူက သွေးတစ်ပွက် အန်လိုက်ရသည်။
မြေဆွဲအားကြောင့် သွေးက မြေပေါ်မကျခင် သွေးက လေထဲတွင် အေးခဲသွားဟန်ပေါ်၏။
ထိုစဥ် ယဲ့ကျန်း၏ လက်ဝါးချက်က အနီရောင် တောက်လာကာ သူ့သွေးအဆီအနှစ်ကို လှည့်ပတ်ပြီး ရိုက်ခတ်လိုက်သည်။
နဝမမြောက်ဘုံကျောင်း၏ ဆရာတော် ၄ပါးက တအံ့တသြဖြင့် ပြောလိုက်ကြသည်” ကျောင်းထိုင် "
သူတို့ကလည်း လှုပ်ရှားလိုက်ကြ၏။
ချန်ထျန်းတု ဆင်းသက်လာသည့်အခါ သူက လက်ဝါးချက်ဖြင့် ရိုက်ခတ်လိုက်သည်။ သူက ဆရာတော် ၄ပါးကို စွမ်းအားဖြင့် တွန်းလွှတ်လိုက်၏။
ယဲ့ကျန်းကမူ ဝံပုလွေ သို့မဟုတ် ကျားတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
စစ်ခုန်ပေချန်းက တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ပြီး " မိုက်မဲတဲ့ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူပဲ "
ယဲ့ကျန်း၏ နောက်ပေဒါဇင်ချီတွင် စွမ်းအင်ဓားများက ပစ်ခတ်လာသည်။
ယဲ့ကျန်းက ပြုံးကာ " သွား "
သူ့လက်ဝါးချက်က လင်းလက်လာပြီး ချန်ထျန်းတုဆီမှ ထွက်လာသည့် သွေးအဆီအနှစ်က ကံမီးတောက်ဖြင့် မီးလုံးသဖွယ် ပြောင်းလဲသွားပြီး ထွက်ပေါ်လာသည်။
ဘန်း
မီးလုံးက စစ်ခုန်ပေချန်း၏ ရင်ဘတ်ပေါ် ကျရောက်သွား၏။
သူက နောက်လဲကျသွားကာ နံရံဖြင့် ဝင်တိုက်မိသွားသည်။ သူကလည်း သွေးတစ်ပွက်အန်လိုက်ရသည်။
ယဲ့ကျန်းက အပြုံးဖြင့် ဆင်းသက်လာကာ ပြောလိုက်၏” စစ်ခုန်ပေချန်းရဲ့ ဓားလမ်းစဥ်က တကယ့်ကို အံ့သြဖို့ ကောင်းတာပဲ "
စစ်ခုန်ပေချန်းက ယဲ့ကျန်းအား စိုက်ကြည့်ကာ " ဒါက မင်းရဲ့ ပြစ်ချက်မဲ့ အစီအစဥ်လား "
" အိမ်တော်သခင်နဲ့ ကျုပ်က ကိုယ့်ဘာသာကိုယ် ကာကွယ်လိုက်ရုံပါ " ယဲ့ကျန်းက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏။
စစ်ခုန်ပေချန်းက ဆရာတော် ၄ပါးအား နောက်ဆုတ်နေဖို့ လက်ဟန်ပြလိုက်သည်။
လေးယောက်သား အချင်းချင်း အကြည့်ဖလှယ်လိုက်ကြ၏။ သူတို့ ကျောင်းထိုင်ဆရာ ဘယ်လိုကြံစည်နေမှန်း မသိကြပေ။
ချန်ထျန်းတုက စွမ်းအာကို ရုတ်သိမ်းလိုက်ပြီးသည့်နောက်တွင် စွမ်းအင်ဗဟိုချက်ဆီ လက်ဝါးဖြင့် ရိုက်ခတ်လိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်သည်။
" စစ်ခုန်ပေချန်း ငါ မင်းကို လျော့တွက်ခဲ့တာပဲ။ ငါ့မျက်လုံးနဲ့သာ မမြင်ရရင် ယုံမှာတောင် မဟုတ်ဘူး။ မင်းက ဓားလမ်းစဥ်အသစ် ရှာတွေ့သွားပြီကိုး "
ချန်ထျန်းတုက နှုတ်ခမ်းထောင့်မှ သွေးကို သုတ်ကာ ပြောလိုက်၏။
" ငါ့နားလည်နိုင်စွမ်းက အသေးအဖွဲ့ပဲ ရှိပါသေးတယ်။ လုချန်ပေ့နဲ့ ယှဥ်လိုက်ရင် ငါက ဘာမှမဟုတ်ဘူး။ ဖန်ဆင်းခြင်းအားလုံးကို ဓားအဖြစ် သုံးဖို့က ဓားမဲ့လမ်းစဥ်ပဲ။ ငါက ပထမပိုင်းကိုပဲ နားလည်သေးတယ်” စစ်ခုန်ပေချန်းက သက်ပြင်းချကာ ပြောလိုက်၏။
ထိုအကြောင်းကိုကြားကာ ချန်ထျန်းတုက မျက်မှောင်ကြုတ်သွားသည်။
ယဲ့ကျန်းက လက်နှစ်ဖက်ယှက်ကာ ပြောလာ၏” ဒီနေ့ ကျုပ်တို့ ကျူးကျော်မှုအတွက် တောင်းပန်ပါတယ်”
သူက ချန်ထျန်းတုဘေး ပြန်သွားကာ ကူတွဲလိုက်ပြီးသည့်နောက် မြင့်မြတ်နန်းဆောင်မှ ပျံသန်းထွက်ခွာသွားကြသည်။
ယောင်ချင်းချွမ်၊ ကျောက်ကျန်းဟယ်၊ စွင်းဝမ်ချန်းနှင့် ဝမ်ယို့တောက်တို့က နောက်မှ လိုက်ဖမ်းတော့မည့်ဆဲဆဲတွင် စစ်ခုန်ပေချန်း၏ စကားကို ကြားလိုက်ရ၏” သူတို့ နောက်မလိုက်နဲ့ "
" ကျောင်းထိုင် ဘာလို့ သူတို့နောက် မလိုက်ရမှာလဲ။ သူတို့က အနိုင်ကျင့်နေပြီးတော့ ကျုပ်တို့ ခေါင်းပေါ် တက်နင်းချင်နေတာလေ” ယောင်ချင်းချွမ်က ပြောလိုက်၏။
စစ်ခုန်ပေချန်းက ထပ်ပြောလိုက်သည်” ချန်ထျန်းတုက အဆင်ပြေနေတဲ့ပုံဆိုပေမဲ့ ငါ့ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်”
" အဲဒါဆိုရင် ကျွန်တော်တို့ ဒီအခွင့်အရေးကို ဖမ်းဆုပ်ပြီး သူတို့ကို လိုက်သတ်လိုက်တာ မကောင်းဘူးလား " ယောင်ချင်းချွမ်က နားမလည်နိုင် ဖြစ်နေမိ၏။
စစ်ခုန်ပေချန်းက အပြင်ဘက်ကို လှမ်းကြည့်လိုက်ပြီးနောက် ချောင်းဟန့်ကာ ပြောလိုက်သည်” ယဲ့ကျန်းက ဉာဏ်များတယ် "
………
ယဲ့ကျန်းက နဝမမြောက်ဘုံကျောင်းမှ ချန်ထျန်းတုနှင့် ထွက်လာပြီးသည့်နောက်တွင် ချန်ထျန်းတုက သူ့ရင်ဘတ်ပေါ် လက်တင်ကာ ပြောလိုက်သည်။
” အခွင့်အရေးရှိတုန်း ဘာလို့ သူ့ကို မသတ်လိုက်တာလဲ"
" ပညာရှင်တစ်ယောက်ရဲ့ အငွေ့အသက်ကို ခံစားမိလို့ပါ "
နှစ်ဦးသားက ရထားလုံးပျံပေါ်တက်လိုက်ကြသည်။
ယဲ့ကျန်းက လက်ဝှေ့လိုက်သည့်နောက် အနီရောင်ငှက်က စတင်ပျံသန်းလိုက်သည်။ သူက အောက်မှ တောအုပ်ကို ငုံ့ကြည့်လိုက်ပြီး " မိုးမခတစ်ထောင်ဘုရားကျောင်းဆီ မြန်မြန်သွား။ အကြီးအကဲမုန့်ကို တတ်နိုင်သမျှ မြန်မြန် နောက်ဆုတ်ဖို့ ပြောရမယ်”
" ဟုတ်ကဲ့ "
…
အခန်း (၇၆၁) အလေးအနက် မတိုက်ခိုက်ရသေးခင် အပြည့်အဝရှုံးနိမ့်သွားကြ
ရထားလုံးကို ဆွဲသည့် အနီရောင်ငှက်သည် တိမ်တိုက်များထဲ လျင်မြန်စွာ ပျံသန်းသွားပြီးနောက် ကြယ်ပျံအိမ်တော်ဆီ အရှိန်ဖြင့် နှင်တော့သည်။
ချန်ထျန်းတုက ချောင်းဟန့်လျက် ပြောလိုက်သည်။
“အဲဒီမိစ္ဆာကြီးရဲ့ ဓားလမ်းစဉ်က”
“ဒါက ဓားလမ်းစဉ်အသစ်ပဲ၊ ကျွန်တော် တစ်ခါမှ မကြားဖူးဘူး”
ယဲ့ကျန်းသည် သူ့ရှေ့ရှိ တိမ်တိုက်များကို ကြည့်နေစဉ် သူ၏အမူအရာက တည်ငြိမ်နေလေ၏။
“ကွန်ဖြူးရှပ်ကျောင်းက အပြုသဘော အသက်စွမ်းအင်ကို ကျင့်ကြံပြီး ကျယ်ပြန့်ကောင်းကင်စွမ်းအင်ကို ရရှိကြတယ်၊ ဗုဒ္ဓဂိုဏ်းက စည်းတံဆိပ်နဲ့ ဗြဟ္မာ့တေးတွေကို ကျင့်ကြံကြတယ်၊ တာအိုဂိုဏ်းတွေက သဘာဝနဲ့အသက်ကို ကျင့်ကြံတယ်၊ စစ်ခုန်ပေချန်း ထုတ်ပြလိုက်တဲ့ ဓားလမ်းစဉ်က အဆုံးကျ တကယ်ထူးဆန်းနေတာပဲ”
“ဒီလိုဆိုရင် မိစ္ဆာကြီးစစ်ခုန်ထည့်ပြောခဲ့တဲ့ အဲဒီလုချန်ပေ့က တကယ်ရှိနေတာလား”
ချန်ထျန်းတုက မေးလိုက်၏။
သူသည် ခေါင်းငြိမ့်ရုံမျှသာ ငြိမ့်ပြီး ဘာမှမပြောခဲ့ပေ။
အနီရောင်ငှက်က အရှိန်ဖြင့် ပျံသန်းနေတော့သည်။
...
မိုးမခတစ်ထောင်တောင်ပေါ်ရှိ မိုးမခတစ်ထောင်ဘုရားကျောင်းတွင် ဖြစ်သည်။
ရှားချန်းချိုးက ဧရာမသစ်ပင်အောက်၌ ရပ်နေ၏။ သူသည် ပင်စည်ကိုမှီနေသော ယွီရှန်းရုန်ကို မော့ကြည့်ပြီး ပြောလိုက်တော့သည်။
“ကြယ်ပျံအိမ်တော်ကလူတွေ ဒီရောက်လာပြီ”
ယွီရှန်းရုန်သည် သစ်ပင်ပေါ်မှ ပေါ့ပေါ့ပါးပါး ခုန်ဆင်းလျက် မိုးကုပ်စက်ဝိုင်းကို ကြည့်လိုက်သည်။
“ကျုပ်တွေ့တယ်”
ယွီရှန်းရုန်၏ အသံက ပျောက်သွားပြီး ယွီကျန့်ဟိုင်က ယွီရှန်းရုန်ဘေး၌ ပေါ်လာချိန်တွင်
“ငါတို့ပြိုင်သင့်လား”
“ကျုပ်ပြောမဲ့စကားကို ရှစ်ရှိုးပြောသွားတာပဲ”
ယွီရှန်းရုန်က လက်နှစ်ဖက် ဖြန့်ကားပြီးနောက် တောင်အောက်သို့ ဆင်းလိုက်သည်။ ယွီကျန့်ဟိုင်လည်း တောင်အောက် ဆင်းသွားတော့၏။
ရှားချန်းချိုးက ခေါင်းခါလိုက်တော့သည်။ သူတို့တွေက ဒီလိုအချိန်မှာ ယှဉ်ပြိုင်ဖို့ လုပ်နေတာလား။
အကြီးအကဲများကို ဦးဆောင်လာသည့် ထျန်းပုကျီ၊ ဝူဝူနှင့် တရားမျှတရေးခန်းမဆောင်မှ ကျီဖုန်ရှင်းတို့က ရောက်လာပြီး လှမ်းခေါ်လိုက်သည်။
“ဘုရားကျောင်းသခင်”
“အင်း၊ သူတို့ကို ကူဖို့ အောက်ဆင်းကြ”
ရှောင်ယွမ်အာနှင့် ခရုလေးသည်လည်း တောင်အောက်သို့ ဆင်းသက်သွားတော့သည်။
မကြာခင်၌ ကျန်သည့်သူများသည် ရှုမျှော်ဆောင်နား၌ စုဝေးလာတော့သည်။ ဤနေရာကနေ ကောင်းမွန်သည့်မြင်ကွင်း ရှိ၏။ သူတို့သည် ဤနေရာကနေ မိုးမခတစ်ထောင် တောင်တန်းတစ်ဝိုက် ဧရိယာအများစုကို မြင်နိုင်သည်။
ဝူဝူက မေးလိုက်၏” ရှစ်ရှိုး ဘယ်သူပိုသန်မာတယ်လို့ ထင်လဲ”
ကျီဖုန်ရှင်းက ပြုံးပြီးပြောလိုက်၏။
“အစ်ကိုကြီးယွီပေါ့ သူရပ်နေတဲ့ပုံနဲ့ လှုပ်ရှားမှုကိုကြည့်လေ၊ သူ့လှုပ်ရှားမှုတိုင်းက ယုံကြည်ချက်တွေ ပြည့်နေပြီး အနိုင်ယူမှုက သူ့ရဲ့လက်ထဲမှာ ရှိနေတဲ့အတိုင်းပဲ၊ သူက စစ်မှန်တဲ့ ဓားသမားတစ်ယောက်”
ထိုသို့ပြောပြီးနောက် ရှောင်ယွမ်အာနှင့် ခရုလေး ပျံသန်းလာတာကို တွေ့လိုက်ရ၏။ ပြီးနောက် သူက အမြန်ထပ်ထည့်ပြောလိုက်သည်။
“အကြီးဆုံး အစ်ကိုယွီက အစွမ်းထက်တယ်၊ သူ့ရဲ့ခါးမှာ ချိတ်ထားတဲ့ဓားမော့ကို ကြည့်လေ၊ တခြားတစ်ယောက်သာဆိုရင် ဒီလိုသွင်ပြင်နဲ့ ဓားမော့ကို သယ်ထားတဲ့အချိန် စုတ်ချာနေလိမ့်မယ်၊ ဒါပေမဲ့ အကြီးဆုံးအစ်ကိုကြီး အစ်ကိုကြီးယွီက ကိုင်ထားတဲ့အချိန်မှာ ခြိမ်းခြောက်နိုင်ပြီး လွှမ်းမိုးနိုင်စွမ်း ရှိတယ်”
ဝူဝူက ကျီဖုန်ရှင်းကို မျက်စောင်းထိုးလိုက်၏။ ပြီးနောက် ရှောင်ယွမ်အာကိုကြည့်ကာ မေးလိုက်တော့သည်။
“အစ်မယွမ်အာ သူတို့ထဲမှာ ဘယ်သူကပိုအစွမ်းထက်လဲ”
ရှောင်ယွမ်အာသည် မေးခွန်းကြောင့် အငိုက်မိသွား၏။ သူမက ခေါင်းကုပ်ပြီးနောက် သူတို့နှစ်ယောက်ကို တစ်လှည့်စီ လက်ညှိုးထိုးပြီး ရေရွတ်ပြောလိုက်သည်။
“တာ့ရှစ်ရှိုး၊ အာ့ရှစ်ရှိုး၊ တာ့ရှစ်ရှိုး၊ အာ့ရှစ်ရှိုး”
ကျီဖုန်ရှင်း “…”
ရှောင်ယွမ်အာသည် ရွေးချယ်မှုနှစ်ရပ်ကြား တွေဝေနေစဉ် မိုးမခတစ်ထောင် တောင်ပေါ်မှ ကျင့်ကြံသူများစွာ ပေါ်လာတော့သည်။
ယွီရှန်းရုန်က အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်တော့၏။
“အန္တရာယ် တကယ်မတွေ့သရွေ့ ငါတို့စိတ်ဝိညာဉ်သဏ္ဌာန်တွေကို မသုံးဘူး၊ စွမ်းအင်လည်း မသုံးဘူး၊ မင်းဘာပြောမလဲ”
“အကြံကောင်းပဲ”
“ဒါဆိုရင် ရှစ်ရှိုးကို ရင်ဆိုင်တဲ့အချိန် ကျွန်တော့်ရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ကို အမြတ်ထုတ်ရာ ရောက်တော့မှာမဟုတ်ဘူး” ယွီရှန်းရုန်က ခုန်ဆင်းသွား၏။
“အင်း ငါလည်း ပြိုင်ဖက်ကင်းအဆင့် ဓားမော့ရဲ့ အားသာချက် ရှိတော့မှာ မဟုတ်ဘူး”
ယွီကျန့်ဟိုင်ကလည်း ခုန်ဆင်းလိုက်သည်။
မုန့်ချန်းသုံနှင့် ရှဲ့ရွှမ်းသည် လေထဲ၌ ကျင့်ကြံသူတစ်ထောင်ကို ဦးဆောင်ပြီး ခပ်နိမ့်နိမ့် ပျံသန်းနေလေ၏။
ဂိုဏ်းအသီးသီးမှ တပည့်များရှိသောကြောင့် သူတို့ရထားလုံးပျံ မစီးခဲ့ပေ။ ခွန်အားကို ထိန်းသိမ်းရန်အတွက် သူတို့သည် အရှိန်ပြင်းပြင်းဖြင့် မပျံသန်းခဲ့ပေ။
မိုးမခတစ်ထောင်တောင်ကို မြင်ရချိန်၌ မုန့်ချန်းသုံက အော်ပြောလိုက်သည်။
“ရပ်တော့”
ရှဲ့ရွှမ်းက မကျေမနပ်ဖြစ်သွားတာ သိသာ၏။ သူက လက်မခံဘဲ ပြောလိုက်သည်။
“ဒါက မိုးမခတစ်ထောင်ဘုရားကျောင်းလေးပဲကို ငါတို့တွေ သတ္တိကြောင်နေသလို ဘာကြောင့် ပြုမူရမှာလဲ”
“သတိထားတာက ကာကွယ်မှု တစ်စိတ်တစ်ပိုင်းပဲ၊ လျန်ကျစ်တောက်က ပွင့်ချပ်ရှစ်လွှာနဲ့တစ်ဝက် ကျင့်ကြံသူတစ်ယောက်၊ ဒါပေမဲ့ သူက မိုးမခတစ်ထောင်ဘုရားကျောင်းသတ်တာ ခံလိုက်ရသေးတယ်၊ ငါတို့တွေ သူတို့ကို လျှော့မတွက်သင့်ဘူး”
အမှန်တကယ်ပင် သူတို့၏သန်မာလှသော ကျင့်ကြံသူတစ်ထောင်သည် အထင်ကြီးဖွယ်ကောင်း၏။ သို့သော် အများစုသည် ဗြဟ္မာ့ပင်လယ်နယ်ပယ် သို့မဟုတ် နတ်ဒေဝါဦးတည်နယ်ပယ်တွင်သာ ရှိသေးသည်။
ရှဲ့ရွှမ်းက ခေါင်းခါပြီး ပြောလိုက်တော့၏။
“မင်းက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်၊ ဒါပေမဲ့ ကြောက်နေတာလား”
“ဒါက ကြောက်တာ မဟုတ်ဘူး၊ သတိထားတာ”
တာဝန်မစတင်ခင်တောင် သူ၏စည်းမျဉ်းများက ရှဲ့ရွှမ်းနှင့် မကိုက်ညီမှန်း သူသိ၏။ ယဲ့ကျန်းသည် သူ့ကို အနှောင့်အယှက်ပေးရန် ဤလူကို တမင်တကာထည့်လိုက်မှန်း သူသိသည်။
ဤနေရာသို့ လာနေစဉ် သူတို့စကား သိပ်မပြောခဲ့ပေ။
ရှဲ့ရွှမ်းက မော့ကြည့်ပြီးပြောလိုက်၏။
“မင်းကြောက်တယ်ဆိုရင် အခုထွက်သွားလို့ရတယ်၊ ဖြစ်ခဲ့တာကို အကြီးအကဲယဲ့ဆီ ငါအကြောင်းကြားလိုက်မယ်” သူက တမင်တကာ ကျယ်လောင်စွာ ပြောလိုက်၏။
ထိုစကားများကို ကြားသောအခါ သူတို့နောက်ရှိ ကျင့်ကြံသူတစ်ထောင်က ရီမောလိုက်တော့၏။ မကြာမီ၌ တစ်စုံတစ်ယောက်သည် မိုးမခတစ်ထောင် ဘုရားကျောင်းကို လက်ညှိုးထိုးပြီး လှမ်းအော်လိုက်တော့သည်။
“အဲဒါ ဘာတွေလဲ”
“သူတို့က ကျင့်ကြံသူတွေထင်တယ်၊ သူတို့က ငါတို့ဆီလာနေတာ”
ရှဲ့ရွှမ်းက အေးတိအေးစက် ပြောလိုက်၏။
“သူတို့ကို သတ်”
ကျင့်ကြံသူဒါဇင်ချီက သူတို့ဆီ ပျံသန်းသွားတော့သည်။
သို့သော် ရှဲ့ရွှမ်းက ကျင့်ကြံသူနှစ်ယောက်၊ တစ်ယောက်က ဓားကိုင်လျက်၊ တစ်ယောက်က ဓားမော့ကိုင်ထားကာ သူတို့ရောက်လျှင်ရောက်ချင်း သတ်ဖြတ်လိမ့်မည်ဟု မထင်ထားပေ။
“တစ်”
“နှစ်”
“သုံး ရှစ်တိ မင်းက နှေးလွန်းတယ်”
ယွီကျန့်ဟိုင်က ကျင့်ကြံသူများကို ဖြတ်ကျော်လျက် ရိပ်ခနဲလှုပ်ရှားကာ နဂါးသွဲ့ကျောက်ဓားမော့ကို လွှဲယမ်းလိုက်သည်။ သူ၏ဓားလွှဲယမ်းမှုတိုင်းတွင် အလောင်းများ မြေပြင်ပေါ် ပြုတ်ကျလာ၏။
ယွီရှန်းရုန်သည် သူ၏ပစ်မှတ်များဆီ ဓားကို ချိန်ရွယ်လျက် လျှပ်ပြက်သောအရှိန်ဖြင့် ငါးယောက်သားကို လွင့်ထွက်သွားအောင်လုပ်လိုက်သည်။ သူကပစ်မှတ်ကို လှည့်တောင်မကြည့်ဘဲ ပြောလိုက်၏။
“တာ့ရှစ်ရှိုး ရှစ်ရှိုးကသာ နှေးနေတာ”
မုန့်ချန်းသုံက မျက်မှောင်ကြုတ်သွား၏။ ရှဲ့ရွှမ်းက မျက်မှောင်အနည်းငယ်ကြုတ်သွားကာ အော်ပြောလိုက်တော့သည်။
“အဲမှာ ဘယ်သူတွေလဲ၊ မင်းတို့နာမည်ပြောစမ်း”
ယွီရှန်းရုန်သည် ရှဲ့ရွှမ်း၏စကားကို အာရုံမစိုက်ပေ။ သူက ဆက်လက်သတ်ဖြတ်နေ၏။
ယွီကျန့်ဟိုင်လည်း ထိုအတိုင်းပင်ဖြစ်သည်။ နှစ်ယောက်သားက ဘေးချင်းယှဉ်တိုက်ခိုက်နေပြီး သတ်ဖြတ်နိုင်သည့် အမြင့်ဆုံးအရေအတွက်ကို ယှဉ်ပြိုင်နေကြပုံပေါ်သည်။
“အဲမှာ ရပ်မနေနဲ့၊ တစ်ခုခုလုပ်လေ”
မုန့်ချန်းသုံ၊ ရှဲ့ရွှမ်းတို့နှင့်ရပ်နေသော တပည့်ပေါင်းရာချီက တိုက်ခိုက်သူနှစ်ယောက်ဆီ စွမ်းအင်စည်းတံဆိပ်များ ပို့လွှတ်လိုက်၏။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်က သူတို့လက်နက်များကို လွှဲရမ်းလိုက်သည်။
သူတို့လက်နက်များနှင့် စွမ်းအင်စည်းတံဆိပ်များကို ဖယ်ရှားခြင်းက နေ့စဉ်နေ့တိုင်း အခြေခံလေ့ကျင့်ရေး တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သူတို့သည် ပြင်းထန်သည့်မိုးကြိုးကို အလွယ်တကူ ထိန်းထားနိုင်စွမ်းရှိရာ အားနည်းသော ကျင့်ကြံသူများဆို ပြောရန်မလိုအပ်တော့ပေ။ သူတို့စွမ်းအင်တောင် သုံးစရာမလိုပေ။
ဘန်း ဘန်း ဘန်း
ဘန်း ဘန်း ဘန်း
စွမ်းအင်စည်းတံဆိပ်များသည် သူတို့နှစ်ယောက်အပေါ် ကျရောက်လာပြီး ကောင်းကင်ထဲ၌ ပေါက်ကွဲသွားလေ၏။ သို့သော်ငြား တိုက်ကွက်များကို သူတို့၏ အင်မတန်မြန်ဆန်လှသော ဓားမော့နှင့် ဓားသိုင်းတို့ဖြင့် ဖယ်ရှားလိုက်သည်။
“သူတို့က စွမ်းအင်မသုံးဘူးလား” ရှဲ့ရွှမ်းက ဇဝေဇဝါဖြစ်သွားတော့သည်။
မုန့်ချန်းသုံက ပြောလိုက်၏။
“ညီအစ်ကိုရှဲ့ ပြန်ဆုတ်ဖို့ အမိန့်ပေးလိုက်၊ အဲဒီနှစ်ယောက်က လွယ်တဲ့လူမဟုတ်ဘူး”
“မင်းက တစ်ဖက်လူရဲ့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးပြီး ကိုယ့်လူတွေရဲ့ စိတ်ဓာတ်ခွန်အားကို လျှော့ချနေတာပဲ၊ ယဲ့ကျန်းက မင်းကို အထင်မကြီးတာ အံ့ဩစရာမရှိဘူး” ရှဲ့ရွှမ်းက ပြောလိုက်၏။
ထိုကဲ့သို့ ဖြုံလောက်သည့်ရန်သူများနှင့် ရင်ဆိုင်နေရချိန် မုန့်ချန်းသုံသည် ရှဲ့ရွှမ်းနှင့်စကားမများခဲ့ပေ။ ထိုအစား ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်ကို ကြည့်လိုက်၏။ သူတို့နှစ်ယောက်၏ လှုပ်ရှားမှုက ရိုးရှင်းတိကျကြောင်း သတိပြုမိလိုက်၏။ လှုပ်ရှားမှုနှင့် နည်းစနစ်များက မှန်ကန်သည်။ အပိုစွမ်းအင်များ ဖြုန်းတီးမှုမပါ။ သေခြင်းရှင်ခြင်း အခြေအနေများစွာကို တွေ့ကြုံခြင်းမရှိဘဲ၊ ဓားနှင့်ကြိမ်ဖန်များစွာ တွေ့ကြုံခြင်းမရှိဘဲ သို့တည်းမဟုတ် သွေးဖြင့်စွန်းထင်းနေသော ဘဝမရှိဘဲ ထိုကဲ့သို့သတ်ဖြတ်ခြင်းနည်းကို ထုတ်ပြနိုင်ရန် မဖြစ်နိုင်။ သူက တိုက်တွန်းပြီး ထပ်ပြောလိုက်၏။
“ညီအစ်ကိုရှဲ့ နောက်ဆုတ်ရအောင်”
ရှဲ့ရွှမ်းသည် မုန့်ချန်းသုံ၏စကားကို မကြားသည့်ပမာ ပြုမူနေ၏။ ထို့အပြင်သူသည် ဓားမော့၏ ဓားရိုးကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်လျက် ကောင်းကင်ထဲ ခုန်တက်သွား၏။ သူက အော်ပြောလိုက်တော့သည်။
“ငါ့အလှည့်ပဲ”
ဝှစ်
ရှဲ့ရွှမ်း၏ စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာသည်။ ပွင့်ချပ်ကိုးလွှာက အနီရောင်ကြာအောက်တွင် လှည့်ပတ်နေတာကို မြင်ရသည်။
“တောင်တန်းနှင့် မြစ်တို့ကို ဖြတ်စီးစေ”
ဧရာမစွမ်းအင်ဓားမော့ ပေါ်လာပြီးနောက် ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့ဆီ ခေါင်းဖြတ်စက်ပမာ လွှဲခုတ်လိုက်တော့သည်။ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က အကြည့်ချင်း ဖလှယ်လိုက်၏။ တစ်ယောက်စိတ်ထဲတွင် တစ်ယောက် ဘာရှိနေမှန်း နားလည်သဘောပေါက်သည်။
နဂါးသွဲ့ကျောက်ဓားမော့၏ စွမ်းအင်ဓားမော့က ပေါ်လာတော့သည်။ သက်တော်ရှည်ဓား၏ စွမ်းအင်ဓားက ပေါ်လာသည်။
နဂါးသွဲ့ကျောက်ဓားမော့၏ စွမ်းအင်ဓားမော့ကို ပစ်ထုတ်လိုက်သည်။
မဟူရာကောင်းကင် ကြယ်အလင်း
ထိုစဉ် ယွီရှန်းရုန်က သုံးကိုယ်ခွဲလိုက်တော့သည်။ သူ၏စွမ်းအင်ဓားက လျှပ်ပြက်သောအရှိန်ဖြင့် အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ထိုးဖောက်သွားတော့သည်။
“ရွှေရောင်စွမ်းအင်”
“နယ်ခြားသားတွေ”
ကျန်သည့်ကျင့်ကြံသူများသည် ထိုမြင်ကွင်းကြောင့် ကြောက်လန့်ကုန်၏။
အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်သည် စွမ်းအင်ဓားမော့နှင့် စွမ်းအင်ဓားကြောင့် ချက်ချင်းပင် ဖြိုခွဲခံလိုက်ရသည်။ ရလာဒ်ကို သံသယဖြစ်ဖွယ်မရှိပေ။
ယွီကျန့်ဟိုင်က သူ၏မဟာနည်းစနစ်ကို ထုတ်သုံးပြီးနောက် ရှဲ့ရွှမ်းရှေ့၌ ပေါ်လာသည်။ သူကရှဲ့ရွှမ်းကို ကန်ထုတ်ကာ ပြောရန်မမေ့ပေ။
“အာ့ရှစ်တိ ငါပိုမြန်တယ်”
ယွီရှန်းရုန်သည် ရှဲ့ရွှမ်းရှေ့၌ ပေါ်လာပြီး ရှဲ့ရွှမ်း၏ ရင်ဘတ်ကို ကန်လိုက်၏။
“တာ့ရှစ်ရှိုး သေချာကြည့် ဒါက ကျွန်တော့်ရဲ့ ဒုတိယကန်ချက်ပဲ”
ဘန်း
ရှဲ့ရွှမ်းက သွေးအန်တော့သည်။ သူစိတ်လေးသွားလျက် အသံတိုးတိုးဖြင့် ပြောလိုက်၏။
“သူတို့ ဒီလောက်အစွမ်းထက်သလား”
ထိုစဉ် မြင့်မားလှသော သစ်ပင်များရှိသည့် တောအုပ်ထဲမှ လူတစ်ယောက်သည် အရှိန်ဖြင့်ရောက်လာ၏။ သူက အော်ပြောလိုက်တော့သည်။
“အကြီးအကဲယဲ့ရဲ့ အမိန့်၊ အားလုံး ချက်ချင်းပြန်ဆုတ်ရမယ်၊ အမေးမထုတ်ရ”
ကျန်ရှိသည့်ကျင့်ကြံသူများသည် အစောကတည်းက ကြောက်လန့်နေပြီးသား ဖြစ်၏။ ဤအမိန့်ဖြင့် သူတို့သည် အရပ်မျက်နှာအနှံ့ချက်ချင်း ထွက်ပြေးကာ သူတို့အသက်ဘေးအတွက် ထွက်ပြေးကြတော့သည်။
ယွီကျန့်ဟိုင်သည် ခေါင်းခါလျက် ယင်းက နှမြောစရာကောင်းလှသည်ဟု တွေးလိုက်သည်။
“တွေ့လား အာ့ရှစ်တိ သူတို့တွေက ငါတောင် အလေးအနက် မတိုက်ခိုက်ရသေးခင် ကြောက်လန့်ကုန်ကြပြီ”
…
အခန်း (၇၆၂) ငါတို့ဆီ ရောက်လာပြီ
ယွီရှန်းရုန်က ယွီကျန့်ဟိုင်ကို မကြည့်ပေ။ သူက အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်၏။
"နောက်ဆုတ်မှာလား "
နှစ်ဦးသားက တစ်ချိန်လုံး သူတို့၏ အင်အားကို ချုပ်ထိန်းထားခဲ့ရသည်။ သူတို့က ရှဲ့ရွမ်းနဲ့ တွေ့မှသာ စွမ်းအင်ကို ထုတ်လွှတ်ခဲ့ခြင်း ဖြစ်၏။ သူတို့၏ ကြွယ်ဝလှသည့် တိုက်ပွဲအတွေ့အကြုံဖြင့် ရှဲ့ရွှမ်းကို သူတို့နှစ်ဦးကြား ဘောလုံးသဖွယ် ကန်လွှတ်ခဲ့ကြသည်။
ကျန်ရှိနေသည့် ကျင့်ကြံသူအများစုက လူစုကွဲသွားပြီဖြစ်ကာ သူတို့ စိတ်ဓာတ်ကလည်း ကြေမွသွားပြီ ဖြစ်၏။
နှစ်ဦးသားက သူတို့၏ အင်အားပြသမိလွန်းသွားလား သို့မဟုတ် အနီရောင်ကြာ ကျင့်ကြံသူများက ကြောက်တတ်လွန်းတာလားဟု စဥ်းစားနေကြသည်။
ရှဲ့ရွှမ်းက ဒဏ်ရာအပြင်းအထန် ရရှိထား၏။ သူ့အတွင်းအင်္ဂါများက ကြွေမွနေသလို ခံစားနေရသည်။ ဝေဟင်အထက် သွေးတစ်ပွက် အန်လိုက်ပြီးသည့်နောက်တွင် သူက မြေပေါ်သို့ ပြုတ်ကျလာသည်။
ဝုန်း
ရှဲ့ရွှမ်းက မြေပေါ်ကျရောက်လာ၏။
" တာ့ရှစ်ရှိုး သူ့ကို စောင့်ကြည့်ထားလိုက်။ ကျွန်တော် တခြားလူတွေနောက် လိုက်လိုက်မယ်”
ယွီရှန်းရုန်က ရှေ့သို့ ပြန်တက်လိုက်၏။
" အာ့ရှစ်တိ မင်း သူ့ကို ကြည့်ထားလိုက်။ ငါ သူတို့နောက်က လိုက်သွားလိုက်မယ် "
ယွီကျန့်ဟိုင်က သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်၏။
ပေ ၁၅၀ မြင့်မားသည့် ရွှေကြာစိတ်ဝိညာဥ်သဏ္ဌာန်က ထွက်ပေါ်လာသည်။ ပွင့်ချပ်တစ်ခုချင်းစီက တောက်ပကာ အသက်ဓာတ် ပြည့်ဝနေ၏။
ချီယောင်၏ နှလုံးသားကို စားသုံးပြီးသည့်နောက်တွင် ယွီကျန့်ဟိုင်က သက်တမ်းနှစ် ၁၂၀၀ ရရှိခဲ့သည်။ အောင်းယွီ နှလုံးသားက သူ့အတွက် နှစ် ၅၀၀ ထောက်ပံ့ပေးစဥ် အနီရောင်ငါးကမူ နှစ် ၁၀၀ ထောက်ပံ့ပေးသည်။ ပွင့်ချပ်ကိုးလွှာအဆင့်သို့ တက်လှမ်းစဥ် ရွှေကြာက နှစ် ၁၃၀၀ ကိုစုပ်ယူခဲ့၏။ ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ရှိပြီးသည့်နောက်တွင် သူက သက်တမ်းနှစ် ၆၀၀ ပြန်လည်ရရှိခဲ့သည်။ စုစုပေါင်း သူ့တွင် နှစ် ၁၁၀၀ ကျန်ရှိနေသေးသည်။
မဟာနွယ်တိုင်းပြည်၏ သက်တမ်းတိုသူ ယွီရှန်းရုန်အနေဖြင့် ဤသည်က အနည်းငယ် ရက်စက်လှသည်။
" တာ့ရှစ်ရှိုး သူ့ကိုပဲ စောင့်ကြည့်ထားလိုက် " ယွီရှန်းရုန်က ယွီကျန့်ဟိုင်၏ ရွှေကြာကို မကြည့်ဘဲ ပုံရိပ်ယောင်သာ ချန်ကာ ထွက်သွားတော့သည်။
ယွီကျန့်ဟိုင်က သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို တစ်ချက်ကြည့်လိုက်၏။ သူက အာ့ရှစ်ရှိုးရှေ့တွင် ထုတ်ပြမိခြင်းက အနည်းငယ် လွန်လွန်းသွားကြောင်း ခံစားမိလိုက်သည်။ ထို့ကြောင့် သူက သက်ပြင်းချကာ ပြောလိုက်၏။
" ကောင်းပြီ။ ဒီတစ်ခေါက်တော့ မင်း လုပ်ချင်တာ လုပ်လိုက် "
သူ့စကားအဆုံးတွင် ယွီကျန့်ဟိုင်က မြေပြင်ပေါ် လှဲနေသည့် ရှဲ့ရွမ်းအား လှည့်ကြည့်လိုက်သည်။ သူ့စိတ်ဝိညာဥ်သဏ္ဌာန် ဖျက်ဆီးခံထားရ၍ ထိချက်ပြင်းပြင်း ထိထားလေသည်။ သူက ယွီကျန့်ဟိုင်နှင့် ပွင့်ချပ်ကိုးလွှာ ရွှေကြာစိတ်ဝိညာဥ်သဏ္ဌာန်ကို ကြည့်လိုက်သည်။ ပွင့်ချပ်ကိုးလွှာက သူ့အထက် ဝဲနေပြီး သူ့ဆီ ကျရောက်လာကာ ခေါင်းကို ဖြတ်တော့လုမတတ်ဖြစ်နေသည်။
ယွီကျန့်ဟိုင်က ခေါင်းအသာခါကာ " ဒါပဲလား "
ယွီကျန့်ဟိုင်၏ စကားက ရှဲ့ရွှမ်းကို ပိုမိုဆိုးရွားသွားစေသည်။ သူက သွေးတစ်ပွက် အန်လိုက်ရ၏။ သူ့ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်သွားကာ လက်ခံဖို့ အခက်တွေ့နေမိသည်” ပွင့်ချပ်ကိုးလွှာ ရွှေကြာ … ယဲ့ကျန်း ဒီတစ်ခေါက် ငါ့ကို ဆွဲသွင်းခဲ့တာပဲ "
ရှဲ့ရွှမ်းက မြေပြင်ပေါ်လက်ထောက်ကာ ယွီကျန့်ဟိုင်ဆီ ပြေးဝင်လာသည်။ သူက ချီပင်လယ်အား လောင်ကျွမ်းကာ အနီရောင်မီးတောက်များဖြင့် လွှမ်းခြုံသွား၏။
ယွီကျန့်ဟိုင်က ခေါင်းအသာယမ်းလိုက်ပြီး " အသုံးမဝင်ဘူး "
နဂါးသွဲ့ကျောက်ဓားက သူ့လက်မှ ပျံသန်းထွက်သွားသည်။
ရှဲ့ရွှမ်းက လက်နှစ်ဖက်ကို ပူးလိုက်သည့်အခါ ဝေဟင်အထက် စွမ်းအားစည်းတံဆိပ်များ ပေါ်ထွက်လာ၏။ သူ့မျက်ဝန်းက သွေးဆာနေသည်။ ရန်သူနှစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ သူ့အနေနှင့် အနိုင်ရရှိဖို့ မျှော်လင့်ချက် မရှိပေ။ သို့သော်လည်း တစ်ယောက်ချင်း ရင်ဆိုင်ရသည့်အခါ အခွင့်အရေး မရဘူးဟု မယုံကြည်ပေ။ သူက စွမ်းအင်စည်းတံဆိပ်များကို ထုတ်လွှတ်ပြီး နဂါးပုံသဏ္ဌာန် ဖွဲ့စည်းကာ တစ်ဖက်လူဆီ ပစ်ခတ်လိုက်သည်။
ထိုအရာက ယွီကျန့်ဟိုင်အား သင်္ကေတစည်းတံဆိပ် ရွှေနဂါးကို အမှတ်ရသွားစေသည်။ အနီရောင်ကြာ ကျင့်ကြံသူတစ်ယောက်က ထိုနည်းစနစ်ကို ကျွမ်းကျင်လိမ့်မည်ဟု ထင်မထားမိပေ။ ထိုတိုက်ကွက်နှစ်ခုက တူညီနေသော်လည်း အနီရောင်စွမ်းအား၏ စည်းတံဆိပ်က ပိုမိုအားကြီးဟန်ပေါ်သည်။
ယွီကျန့်ဟိုင်က နဂါးသွဲ့ကျောက်ကို ပစ်လွှတ်လိုက်၏။ သူ ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ရှိကတည်းက နဂါးသွဲ့ကျောက်ကို အသုံးပြုဖို့ အခွင့်အရေး မရခဲ့ပေ။ ယခု သူက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူနှင့် စိတ်အလိုအရ တိုက်ခိုက်နိုင်လေပြီ။
အုပ်ချုပ်သူ သက်ဆင်းခြင်း
ယွီကျန့်ဟိုင်၏ နဂါးသွဲ့ကျောက်ဓားက ပေ ၁၅၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်ရှေ့တွင် ဝဲပျံနေသည်။
စွမ်းအင်ဓားမော့က ဘုံကိုးဘုံမှ ရေတံခွန်အလား ကျဆင်းလာကာ ရှဲ့ရွှမ်းနှင့် သူ့အနီရောင်စွမ်းအင် စည်းတံဆိပ်များကို လွှမ်းခြုံသွားသည်။
" ပြိုင်ဘက်ကင်းအဆင့် လက်နက်ပဲ "
...
" တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၀ မှတ် ရရှိပါတယ်။ နယ်မြေအပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၀၀ ရရှိပါတယ် "
" တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၀ မှတ် ရရှိပါတယ်။ နယ်မြေအပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၀၀ ရရှိပါတယ် "
" တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၄၀၀၀ ရရှိပါတယ်။ နယ်မြေအပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၀၀၀ ရရှိပါတယ် "
ထိုဆုလာဘ်များက လုကျိုးအား အနည်းငယ် အံ့အားသင့်စေသည်။ သူက ရေရွတ်လိုက်၏” ကြယ်ပျံအိမ်တော်ပဲ "
စနစ်ပေါ်မှ အရေအတွက် တိုးလာသည်ကို မြင်ရသည့်အခါ ပျော်ရွှင်နေမိသည်။
ကုသိုလ်ရမှတ် - ၅၀၉၄၀ အမှတ်
ငါ့မှာ အခု အမှတ် ၅သောင်း ရှိနေတဲ့အပြင် ရွှေကြာပွင့်ချပ်ကိုလည်း မဝယ်နိင်ဘူး။ မဟုတ်ရင် ငါက ပွင့်ချပ်ဆယ်လွှာအဆင့်ကို ချက်ချင်းရောက်သွားလောက်ပြီ...
" အခု အရေးကြီးဆုံးက အသုံးပြုပစ္စည်းကတ်ကို ပြန်လည်ဖြည့်တင်းဖို့ပဲ "
လုကျိုးက အသုံးပြုပစ္စည်းကို ဖွင့်ကြည့်လိုက်သည်။ သူက စျေးနှုန်းကို မြင်သည့်အခါ မျက်မှောင်ကြုတ်သွား၏။
” အမှတ် ၂သောင်းလား "
ဒါက နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာပဲ။ ငါက တစ်ဦးတည်းသော ဝယ်ယူသူလေ။ ငါ မဝယ်ဘူး။ မင်းတို့ ဒီစီးပွားရေး အလုပ်ဖြစ်မလား ကြည့်ရသေးတာပေါ့...
သူက စနစ်ကို ပိတ်လိုက်ပြီးနောက် ဆက်လက်ကျင့်ကြံလိုက်သည်။
သူက ပေနက်လွှာပေါ်ရှိ တတိယမြောက် ကျိုးရှင်းချန်ကို သတ်ဖို့ အသေရိုက်ချက်ကတ်များကို အသုံးပြုခဲ့စဥ်အခါက အချိန်ကို အမှတ်ရသွားသည်။ ထိုအဖြစ်အပျက်အပြီးတွင် သူက အသုံးပြုပစ္စည်းများကို မကြာခဏ အသုံးပြုခဲ့၏။ ထျန်းကျန့်မြစ်တွင် သူက တစ်ခါတည်းဖြင့် ၅ကတ်ကို အသုံးပြုခဲ့သည်။ ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ရှိပြီးသည့်နောက်တွင် အသုံးပြုပစ္စည်းကတ်၏ စျေးက ယခင်ထက် မြန်မြန်ဆန်ဆန် မြင့်တက်သွားခဲ့သည်။
သူက ထိုအကြောင်းကို တွေးကြည့်ပြီးသည့်နောက်တွင် အသေရိုက်ချက်ကတ်ကို များများစားစား မဝယ်ခဲ့သင့်ကြောင်း သိလိုက်၏။ အကယ်၍ သူသာ သူ့ကျင့်ကြံဆင့်ကို တိုးတက်ဖို့ အာရုံစိုက်ထားပြီး ယခုမှာ အသေရိုက်ချက်ကတ်ကို ဝယ်ပါက အမှန်တကယ် ပြိုင်ဘက်ကင်း ဖြစ်နေလိမ့်မည်။
လုကျိုးက မျက်လုံးဖွင့်လိုက်၏။
" ဝယ်မယ် "
" တင်း ကုသိုလ်ရမှတ် ၂သောင်း ကျသင့်ပါတယ်။ အသေရိုက်ချက်ကတ် တစ်ကတ် ရရှိပါတယ်”
လုကျိုးက ကတ်ကို ကြည့်လိုက်၏။ သူ ထင်ထားသည့်အတိုင်း ကတ်၏ စျေးနှုန်းက ၂၁၀၀၀ ကုသိုလ်ရမှတ် သို့ ပြောင်းလဲသွားသည်။
" ... "
တော်သေးတယ်။ စျေးတက်သွားတာက အရင်ကလောက် မဆိုးလို့။ ဒါနဲ့ ငါက အသုံးပြုပစ္စည်းကတ်တွေ အပေါ်အရမ်းကို မှီခိုလွန်းနေသလိုပဲ...
လုကျိုးက တစ်ဖန် မျက်လုံးပိတ်လိုက်သည်။ သူက အပိုနယ်မြေဆီမှ ဆုလာဘ်အကြောင်း အသိပေးသံများကို ကြားနေရသည်။
သူက ရုတ်ခြည်းဆိုသလို တွေးမိသွား၏။ သူ့နားက အပြာရောင်အလင်းတန်းဖြင့် တောက်ပလာသည်။
အရာအားလုံးကို ကြားနိုင်တဲ့ စွမ်းအားရလျှင် နယ်မြေအားလုံးရှိ အရာအားလုံးကို စိတ်တိုင်းကျ ကြားနိုင်မည်...
မိုးမခတစ်ထောင်ဘုရားကျောင်းရှိ အဘက်ဘက်မှ အသံများက သူ့နားထဲတွင် ရှင်းလင်းစွာ ကြားရသည်။
" လုချန်းပေ့ရဲ့ တပည့်တွေက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ဖြစ်နေမယ်လို့ ထင်မထားမိဘူး။ ကြယ်ပျံအိမ်တော်မှာတောင် ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ အဲ့လောက် မရှိဘူး”
" အဲဒီ ကောင်မလေးနှစ်ယောက်ကိုရော မြင်တယ်မလား။ ချစ်စရာကောင်းပြီးတော့ ကြမ်းတမ်းတဲ့ ကောင်မလေးက ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်တော့မယ်။ ပြီးတော့ လက်ထဲမှာ ပုလွေကိုင်ထားပြီးတော့ အပြစ်ကင်းတဲ့ပုံနဲ့ တစ်ယောက်က ပွင့်ချပ်သုံးလွှာအဆင့် ရောက်နေပြီ။ ငါ ကြားတာတော့ သူမက တပည့်ဆယ်ယောက်ထဲမှာ အငယ်ဆုံးတဲ့။
ဒီလေးယောက်ကလွဲရင် လုချန်းပေ့ဆီမှာ ပေါ်ထွက်မလာသေးတဲ့ တပည့်ခြောက်ယောက် ရှိနေသေးတယ်။ တကယ်ကို ကြောက်စရာပဲ"
" ကျီဖုန်းရှင်းကိုတောင် နည်းနည်းသနားမိသွားပြီ။ သူက မိစ္ဆာဝေဟင်မျှော်နန်းကို ငြင်းခဲ့တယ်ဆိုတော့ "
လုကျိုးက အရာအားလုံးကို ကြားနေရသည်။ ထို့အပြင် သူက သူ ကြားချင်သည့်အသံကို ရွေးချယ်ထားလို့ ရ၏။ သူက ထိုစကားဝိုင်းကို ပိတ်ထားလိုက်ပြီးသည့်နောက်တွင် ထူးခြားအံ့ဖွယ်စွမ်းအားကို ထပ်မံ မြင့်တင်လိုက်သည်။ ကောင်းကင်ကျမ်းစွမ်းအားက ချက်ချင်းဆိုသလို မိုးမခတစ်ထောင်တောင် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
လေသံ၊ ငှက်သံ နှင့် ရေကျသံများပင် ကြားနေရ၏။ သူက ထိုအရာများကိုလည်း အလျင်အမြန် ပိတ်ဆို့ထားလိုက်သည်။
ထိုစွမ်းအား၏ နယ်နိမိတ်က သိသိသာသာ ကျယ်ပြန့်လာဟန်ပေါ်သည်။ သူက ယခင်ထက် အသုံးပြုဖို့ ပိုမိုလွယ်ကူလာသည်ကို တွေ့လိုက်ရ၏။ ထူးခြားအံ့ဖွယ်စွမ်းအား ကုန်ဆုံးတုန်းက ယခင်လောက် မဆိုးရွားတော့ဘဲ စမ်းချောင်းငယ်သဖွယ်မျှသာ ဖြစ်၏။
သူ့ထူးခြားအံ့ဖွယ်စွမ်းအားက မိုးမခတစ်ထောင်တောင် တစ်ခုလုံးကို ဖုံးလွှမ်းထားရုံသာမက တောင်အနောက်ရှိ မိုင် ၁၀၀ အထိ ဖုံးလွှမ်းထားသည်။
မြက်နှင့် သစ်ရွက်သံကိုပင် ကြားနေရသည်။
ဒုတ် ဒုတ် ဒုတ်
နှလုံးခုန်သံ
လုကျိုးက ကောင်းကင်ကျမ်းစွမ်းအားအတွက် ထပ်မံ ရွတ်ဆိုလိုက်သည်။
...
မိုးမခတစ်ထောင်တောင် အနောက်ရှိ တောအုပ်အတွင်း
ထိုစဥ် လူတစ်ယောက်က မောပန်းစွာ ရှူရှိုက်နေသည်။ သူက အသက်ပြင်းပြင်းရှူလိုက်ပြီးသည့်နောက်တွင် အလျင်စလို ပြောလိုက်၏” အန္တရာယ်အများဆုံးနေရာက ဘေးအကင်းဆုံးပဲတဲ့ "
" ရှားချန်ချိုးက ဒီလိုအားကောင်းတဲ့ အကူအညီတွေ ရှိမယ်လို့ ထင်မထားမိဘူး။ ဒါပေမဲ့ လူငယ်တွေက အတွေ့အကြုံ မရှိပါဘူး။ ယဲ့ကျန်းတောင် ငါ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”
...
ထိုစကားများကို ကြားပြီးသည့်နောက်တွင် လုကျိုးက ချက်ချင်းဆိုသလို မျက်လုံးပွင့်လာသည်။ ထို့နောက် သူက မြေပြင်မှ အသာခြေထောက်ကာ ပျံသန်းလာလိုက်၏။တစ္ဆေတစ်ကောင်ကဲ့သို့ သူက ခြံဝန်းမှ ထွက်လာကာ မဟာနည်းစနစ်ကို ထုတ်သုံးပြီး တောင်အနောက်ဘက်မှ တောအုပ်အတွင်း ဝင်ရောက်လာခဲ့သည်။
မိုးမခတစ်ထောင်တောင် အနောက်တွင် တိတ်ဆိတ်နေ၏။
လုကျိုးက လှုပ်ရှားမှု မရှိပေ။ သူက ပတ်ဝန်းကျင်ကို လေ့လာနေရင်း နားကမူ အပြာရောင် လင်းနေသည်။
အားကောင်းသည့် ကျင့်ကြံသူများက သူတို့၏ အရှိန်အဝါကို ဖုံးကွယ်ကာ လျို့ဝှက်စွာ နေထိုင်နိုင်ကြသည်။ ဉာဏ်ကောင်းသည့်သူများက အားလုံးကို သေခြင်းတရားဖြင့် အရူးလုပ်ခဲ့၏။
မုန့်ချန်းသုံက သစ်ပင်ကို မှီနေရင်း သူ့အရှိန်အဝါကို ဖုံးကွယ်ထားသည်။ ယနေ့အထိ ကြယ်ပျံအိမ်တော်၏ အကြီးအကဲတစ်ယောက်အဖြစ် အသက်ရှင်နိုင်ခဲ့သည့် အကြောင်းအရင်းလည်း ရှိပေသည်။
ယဲ့ကျန်းအတွက် မုန့်ချန်းသုံ၏ ကြောက်စိတ်က အားနည်းချက်တစ်ခု ဖြစ်၏။ သို့သော်လည်း ကြယ်ပျံအိမ်တော်က ပါရမီရှင် လစ်ဟာနေသည်။ ထို့အပြင် သူက ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ဖြစ်နေသေးသည်။ ဤသည်က ယဲ့ကျန်းအနေဖြင့် သူ့ကို တာဝန်ပေးလိုက်သည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။
သူတို့က ဖျက်ဆီးဖို့ မကြိုးစားခင် သူတို့၏ တပ်က အပြည့်အဝ ချေမှုန်းခံလိုက်ရသည်။
မုန့်ချန်းသုံက ယွီရှန်းရုန်နှင့် တစ်ဦးတည်း ရင်မဆိုင်ရဲပေ။ သူက ထွက်ပြေးလာရင်းဖြင့် ထိုကြောက်မက်ဖွယ် ဓားသမားဆီမှ မည်သို့ ထွက်ပြေးရမည်ကို စဥ်းစားနေ၏။ သူက ထွက်ပြေးခြင်းမှ စွမ်းအားကုန်ဆုံးတော့မည့်ဆဲဆဲတွင် သူက ကံစမ်းကာ မိုးမခတစ်ထောင်တောင်ဆီ ပြန်လာဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
သူက သတင်းစကားပို့မည့် ကျင့်ကြံသူကိုပင် အမှတ်ရလိုက်သေးသည်။ ယဲ့ကျန်းနှင့် အိမ်တော်သခင်အပေါ် နားလည်ထားနိုင်စွမ်းအရ သူတို့က လမ်းတစ်ဝက်တွင် လက်လျှော့မည် မဟုတ်ပေ။ ထို့အပြင် မိုးမခတစ်ထောင်ဘုရားကျောင်းက နယ်ခြားမျိုးနွယ်နှင့် ပူးပေါင်းနေကြောင်း သက်သေရသွားပြီ ဖြစ်၏။ ဤသည်က ကြယ်ပျံအိမ်တော် အလိုရှိနေသည့် အရာမဟုတ်ပေဘူးလား။
နောက်ဆုံးတွင် သူက တည်ငြိမ်သွားကာ ခေါင်းအသာယမ်းလိုက်ပြီး " အခု အငြိမ်းစားယူရမဲ့ အချိန်တူတယ် "
သူ့စကားအဆုံးတွင် သူ့အနောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
" မင်းက ဘယ်နေရာမှာ အငြိမ်းစား ယူမှာလဲ "