အခန်း (၇၆၉-၇၇၁)
Vol. 52 Ch. 769-771
အခန်း (၇၆၉ ) အပြုံးတစ်ပွင့်နှင့်
လုကျိုးသည် ဖြည်းဖြည်းချင်း ရှေ့တက်လိုက်သည်။ သူ၏နားထဲ၌ ကြည်လင်နေသော အသိပေးသံလေသံကိုကြားလိုက်ရသည်။
“ ပစ်မှတ်တစ်ယောက် သတ်လိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၁၅၀၀ ၊ နယ်မြေအပိုကုသိုလ်မှတ် ၁၀၀၀”
ယခုအချိန်တွင်သူက ကုသိုလ်မှတ် ၁၀၀၀၀ကို ရလိုက်ပြီဖြစ်သည်။ သူ့ကို ဤအမှတ်များ လာပေးသည့်သူများကို မကြိုဆိုစရာအကြောင်း မရှိပေ။ သူပြုံးတော့လိုက်၏။
ကျင့်ကြံသူလေးယောက်သည် သေပြီဖြစ်သောကြောင့် သူသည် သူတို့ကို အာရုံမစိုက်တော့ပေ။ သူသည် တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူဆီ သွားလိုက်၏။ သူသည် မုတ်ဆိတ်သပ်လျက် ခေါင်းခါလိုက်တော့သည်။
“ ငါ့နောက်လိုက်ဖမ်းရတာပျော်နေတာလား “
“ ………. “
ထိုလူသည် ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူဟူသော ဂုဏ်သိက္ခာကို ချက်ချင်းပင် ဖယ်ရှားပစ်လိုက်သည်။ သူကမြေပြင်ပေါ် နဖူးချကန်တော့လျက် တောင်းပန်လိုက်၏။
”ချမ်းသာပေးပါ အကြီးအကဲမော့။ လောင်ချန်ပေ့လို့ ဆိုလိုတာပါ ကျေးဇူးပြုပြီးချမ်းသာပေးပါ လောင်ချန်ပေ့ “
“ ယဲ့ကျန်းက ဘယ်သူလဲ “ သူသည် ယဲ့ကျန်း၏သေဆုံးခြင်းအကြောင်း သတင်းရသောအခါ အသိပေးစာကို ပြန်တွေးမိလိုက်သည်။ ကြားရသည့်အသံကသူ့အတွက်ထူးဆန်းနေ၏။
ယဲ့ကျန်းသည် အနီရောင်ကြာစိတ်ဝိညာဉ်သဏ္ဌာန်ကိုသုံးနိုင်တာ သိသာသော်ငြား ယဲ့ကျန်းကို သတ်ပြီးနောက် လုကျိုးက နယ်မြေအပိုမရခဲ့ပေ။ သူသတ်ခဲ့သောသူလေးယောက်က နယ်မြေအပိုမှတ်များပေးသည်။ သူသည်ယဲ့ကျန်းကို သတ်ခြင်းအတွက် အဘယ်ကြောင့်ဘာမှမရသနည်း။
“ အကြီးအကဲယဲ့က ကြယ်ပျံအိမ်တော်ရဲ့ မဟာအကြီးအကဲပါ “ထိုလူသည် တုန်ယင်နေသောအသံဖြင့် ပြောလိုက်၏။
“ ငါလူလိမ်တွေကို အမုန်းဆုံးပဲ “ လုကျိုးက ရွှေရောင်ခြည်တို့ ဖြင့်တောက်ပနေသော သူ၏လက်ကို မြှောက်လိုက်သည်။
ထိုလူက သူ့လက်ကိုအလျင်စလိုဝှေ့ယမ်းကာပြောလိုက်၏။
“ ကျွန်တော် ကျွန်တော် တကယ်မသိတာပါ။ ကျွန်တော်သိသမျှက သူ့ရဲ့ကျင့်ကြံစဉ်က နက်နဲတယ်ဆိုတာပဲ။ အိမ်တော်သခင်ကတောင်သူ့ကို စဉ်းစားပေးရတယ်။ ဒီနှစ်တွေထဲမှာ အကြီးအကဲယဲ့ကြောင့် ကြယ်ပျံအိမ်တော်က လက်ရှိအမြင့်ထိရောက်လာခဲ့တာ”
လုကျိုးက လက်မခံသေးပေ။ သူကဆက်မေးလိုက်၏” မုန့်ချန်းသုံက ယဲ့ကျန်းရဲ့ ဆူးဆိုမှတော့ ယဲ့ကျန်းက သူ့ကို ဘာလို့မဖယ်ရှားတာလဲ”
“ အမ်... အကြီးအကဲယဲ့တွေးနေတာကို ကျွန်တော်ဘယ်လိုလုပ်သိပါ့မလဲ။ အကြီးအကဲယဲ့က အမြဲတမ်း ဖတ်ရခက်ခဲတာ” ထိုလူသည် စိုးရိမ်ပူပန်စွာပြန်ပြောလိုက်၏။
“ မင်းဘာမှမသိရင် ဘာကောင်းတာရှိလို့ အသက်ရှင်လျက်ထားပေးရမှာလဲ”
လုကျိုးသည် သူ့လက်ဖဝါးကို တွန်းထုတ်လိုက်၏။ နီးကပ်သော အကွာအဝေးတွင် လက်ဝါးစည်းတံဆိပ်တစ်ခုပေါ်ထွက်လာသည်။
ထိုလူ၏မျက်လုံးက ပြူးကျယ်သွား၏။ သူ၏ခန္ဓာကိုယ်က တောင့်တင်းသွားကာ အလိုလိုခုခံရန် ကြိုးစားလိုက်သည်။ သူ၏ကနဦးချီအားလုံးကို ထုတ်သုံးလိုက်လေ၏။
ဖုန်း
အပြာရောင်လက်ဝါးစည်းတံဆိပ်သည် ထိုသူ၏ခန္ဓာကိုယ်ပေါ် ကျရောက်သွားကာ သူ့ကို မြေပြင်ပေါ်ဖိချလိုက်သည်။
“ တင်း ပစ်မှတ်တစ်ယောက်သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၁၅၀၀ ၊ နယ်မြေအပိုကုသိုလ်မှတ် ၁၀၀၀ “
နောက်ဆုံးတွင်လည်း ထိုလူကပေါက်ကွဲသွားလေ၏။
အနီးပတ်ဝန်းကျင်ရှိ သစ်ပင်များသည် လဲပြိုသွားချိန်၌ ဖုန်တထောင်းထောင်း ထလာတော့သည်။ ဖုန်မှုန့်များလွင့်ပြယ်သွားချိန် မီတာတစ်ရာအတွင်း လွင်ပြင်တစ်ခုဖြစ်လာတော့သည်။
လုကျိုးသည် အပြာရောင်အလင်းဖျော့ဖျော့တောက်ပနေသေးဆဲဖြစ်ကာ ဖြည်းဖြည်းချင်း လှည့်လာသည်။ ခဏအကြာတွင် အပြာရောင်အလင်းက ပျောက်ကွယ်သွား၏။ မူမမှန်တာ ဘာမှမဖြစ်ခဲ့သည့်ပမာ သူ၏အမူအရာသည် ပြောင်းလဲမှု မရှိပေ။ သူသည် မြေပြင်ပေါ်ကနေ ခုန်တက်လျက် အဝေးသို့ပျံသန်းထွက်ခွာသွားတော့သည်။
တောအုပ်က အင်မတန်တိတ်ဆိတ်နေ၏။
ယခုအချိန်တွင် ယဲ့ကျန်း၏နဖူးက ချွေးများစို့နေတော့သည်။ သူက အသက်ရှူနူန်းကို ထိန်းညှိပြီးနောက် အတွင်းကလီစာများ အနည်းငယ်သက်သာလာ၏။ ယခုအချိန်တွင် သူ၏အသိစိတ်ကို ပြန်လည်ရရှိနေပြီဖြစ်သည်။ သူသည် ယခင်တုန်းကကဲ့သို့ ပြုံးနေကာ ကျက်သရေရှိပြီး တည်ငြိမ်သော ကွန်ဖြူးရှပ်စာသင်သား ဖြစ်လာ၏။
လုကျိုးနည်းတူ ယဲ့ကျန်းကလည်း လုကျိုး၏ အထောက်အထားကို သိချင်နေသည်။ သူတည်ငြိမ်နေသော်ငြား လုကျိုးက သူ့ကိုတစ်ကြိမ်သတ်ဖြတ်ခြင်းအတွက် သူဒေါသမထွက်ဟု မဆိုလိုပေ။
သူသည် လက်ဖဝါးကို ဖြည်းဖြည်းချင်းမြှောက်လိုက်ရာထူးဆန်းသော အနီရောင်ကြာက ပေါ်လာတော့သည်။ တောက်ပနေသော အနီရောင်နဂါးက ပေါ်လာပြီး မကြာမီ၌ ခေါင်းများစွာ ပေါ်လာ၏။ ပဉ္စမမြောက်ခေါင်းပေါ်လာပြီးနောက် စိတ်ဝိညာဉ်သဏ္ဌာန်သည် နောက်ဆုံး၌ အပြည့်အဝ ဖွဲ့တည်ပြီးသွားပြီဖြစ်သည်။
စိတ်ဝိညာဉ်သဏ္ဌာန်၏ ဘယ်ဘက်အဆုံး၌ ခေါင်းပြတ်တစ်ခုသာ ကျန်ရစ်သည်။ ကျန်သည့်ခေါင်းသုံးလုံးက နိမ့်နေ၏။ သူတို့က အားအင်ကုန်ခမ်းနေပုံပေါ်သည်။ သူတို့သည် အနီရောင်တောက်ပခြင်း မရှိသလို အသက်ရှင်သည့်ပုံလည်းမပေါ်။
ယဲ့ကျန်း၏ စိတ်ဝိညာဉ်သဏ္ဌာန်ထဲတွင် အခြေတည်စ ဝိညာဉ်ကိုးခုနှင့် အသက်ကိုးသက် ပါဝင်သည်။ လက်ရှိတွင် ခေါင်းကိုးလုံး၊ စိတ်ဝိညာဉ်သဏ္ဌာန်က ခေါင်းရှစ်လုံးသာ ကျန်တော့၏။ သူ၏မျက်လုံး၌ သတ်ဖြတ်လိုစိတ်များပေါ်လာကာ အံကြိတ်လျက် ပြောလိုက်တော့သည်။
“ မင်းဘယ်သူပဲဖြစ်ဖြစ် ငါ့အသက်တစ်သက်ကို ယူသွားတဲ့ဒီရန်ငြိုးကို ငါမှတ်ထားမယ်”
လူပုံစံစိတ်ဝိညာဉ်သဏ္ဌာန်သည် ဖြည်းဖြည်းချင်း မှိန်ဖျော့သွားတော့သည်။ ယခုအချိန်၌ ပွင့်ချပ်ကိုးလွှာထဲမှ တစ်လွှာက ကြွေကျလာ၏။
ယဲ့ကျန်းက လက်သီးကျစ်ကျစ်ဆုပ်လိုက်ပြီး သူ၏စိတ်ဝိညာဉ်သဏ္ဌာန်က ပျောက်ကွယ်သွားတော့သည်။ သူသည် အလယ်တောင်ထွတ်ဆီသို့ ပျံသန်းသွားစဉ် သူ၏ပုံရိပ်က မြင်ကွင်းထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။သူသည် သူသေသွားသည့်နေရာကို တမင်တကာ ကွေ့ရှောင်သွားပြီးနောက် အလယ်တောင်ထွတ်ရှိခြံဝန်းထဲသို့ပြန်ရောက်လာသည်။
လေ့ကျင့်ရေးအခန်းက လူမရှိပေ။ လုကျိုးသည် သူ့ဝတ်ရုံရှိဖုန်များကို မျက်နှာသေဖြင့် ဖယ်ရှားလိုက်တော့သည်။ သူ၏ပုံရိပ်သည် အတော်လေးမူမမှန်ဟုခံစားမိတာ ဖြစ်နိုင်သည်။ ထို့ကြောင့် သူ၏ဆံပင်များကို သပ်တင်ကာ အင်္ကျီလက်ရုံကို ဆန့်တန်းလိုက်၏။
ထိုစဉ် လေ့ကျင့်ရေးခန်းမ၏သစ်သားခန်းတံခါးကပွင့်လာတော့သည်။
ကျန့်ရှောင်ရှန်းက အမြန်ပြေးထွက်လာပြီးယဲ့ကျန်းရှေ့၌အမြန်လေးပြောလိုက်သည်။
“ရှစ်စွင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ။ အစောတုန်းက ရောက်လာတဲ့တပည့်တွေကို မောင်းထုတ်လိုက်တယ်။ ရှစ်စွင်းပြန်လာတာကိုစောင့်နေတာ”
ယဲ့ကျန်းသည် ကျန့်ရှောင်ရှန်းကို မျက်နှာသေဖြင့် ကြည့်ပြီး ပြောလိုက်လေ၏။
” ငါ့ဝတ်ရုံသွားယူပေး”
“နားလည်ပါပြီ”
ယဲ့ကျန်းသည် လေ့ကျင့်ရေးအခန်းထဲ ဝင်လိုက်သည်။ ကျိုးပဲ့နေသောနံရံကိုကြည့်ပြီး သူ၏မျက်နှာထက်တွင် မျက်မှောင်ကျုံ့နေသော အမူအရာပေါ်လာ၏။ ကျန့်ရှောင်ရှန်းက ဝတ်စုံအသစ်တစ်စုံယူလာပြီး သူ့နားကပ်လာစဉ်သူက ကျန့်ရှောင်ရှန်းကိုမကြည့်ပေ။ ထိုအစားလက်မြှောက်လျက် အေးတိအေးစက်ပြောလိုက်သည်။
“ ငါ့ကိုဝတ်ပေး “
“ နားလည်ပါပြီ “ ဤကမ္ဘာပေါ်၌ သူ့ရှစ်စွင်း၏ ဒေါသကို ကျန့်ရှောင်ရှန်းထက် မည်သူက ပိုသိနိုင်မည်နည်း။ သူသည် ယဲ့ကျန်းအတွက် ဝတ်စုံကို ဂရုတစိုက် ဝတ်ပေးလိုက်၏။ ဝတ်ရုံပေါ်၌ အရာတစ်ချက်တောင်မထင်။ သို့သော်ငြား စိုးရိပ်ပူပန်နေမှုကြောင့် သူသည် ဝတ်ရုံလက်ကို ဆန့်ပေးရာ၌ အားသုံးတာ များသွားပြီး သူ့ရှစ်စွင်း၏ဘယ်လက်ပေါ်ရှိဝတ်ရုံကို ဆွဲမိသွားသည်။
ယဲ့ကျန်းက သူ၏ညာလက်ကိုလျင်မြန်စွာမြှောက်လိုက်လေ၏။
ဖြန်း
ကျန့်ရှောင်ရှန်းက အရိုက်ခံလိုက်ရသည်။ သူသည် အမြန်တောင်းပန်လျက် ယဲ့ကျန်း၏ ဝတ်ရုံကို ပြင်ညှိပေးတာ မရပ်လိုက်ပေ။
“ ခွင့်လွှတ်ပေးပါ ရှစ်စွင်း “
ယခင်ဝတ်ရုံနည်းတူ ဤကွန်ဖြူးရှပ်ဝတ်ရုံသည် ယဲ့ကျန်း၏ခန္ဓာကိုယ်၌ လျော့ယဲ့ယဲ့ရှိနေ၏။ နောက်ဆုံးတွင် သူသည် ယခင်ယဲ့ကျန်းနှင့်တူသွားပြီဖြစ်သည်။
တစ်စုံတစ်ယောက်က အစောတုန်းက တိုက်ပွဲကို မျက်မြင်တွေ့ခဲ့လျှင်ယဲ့ကျန်းသည် တိုက်ပွဲထဲ ပါခဲ့သည်ဆိုတာကို ယုံကြည်ရန် ခက်ခဲနေလိမ့်မည်။ သူသည်လေ့ကျင့်ရေးခန်းမထဲမှ ထွက်သွားသည့်ပုံနှင့် မတူပေ။
“ ရှောင်ရှန်း လေ့ကျင့်ရေးအခန်းကိုသန့်ရှင်း၊ မူလပုံစံအတိုင်းပြန်ရအောင်ပြုပြင် “ ယဲ့ကျန်းသည် တည်ငြိမ်စွာ ပြောလိုက်၏။
“ နားလည်ပါပြီ။ အခုချက်ချင်းလုပ်လိုက်ပါ့မယ်”
ယနေ့နှစ်ချက်အရိုက်ခံလိုက်ရသော ကျန့်ရှောင်ရှန်းက အင်မတန်စိတ်လှုပ်ရှားနေသည်။
“ ရှောင်ချန်း “
“ ဟုတ်ကဲ့ ရှစ်စွင်း “
ကျန့်ရှောင်ရှန်းက တုန်လှုပ်သွား၏။
“ မင်းဒါကို မှတ်မိမယ်လို့မျှော်လင့်ပြီးမင်းကိုရိုက်လိုက်တာ။ တစ်မိုးအောက်မှာ ငါပဲ မင်းကို ရိုက်ခွင့်ရှိတဲ့သူ။ မုန့်ချန်းသုံကမင်းကိုရိုက်တယ်ဆိုတော့ မင်းအတွက်ရပ်တည်ပေးပြီး သူ့အသက်ကို ယူပေးမယ်” ယဲ့ကျန်းကပြောလိုက်၏။
ကျန့်ရှောင်ရှန်းသည် ထိုစကားများကိုကြားသောအခါ ပျော်ရွှင်သွားတော့သည်။
သူက ဝပ်တွားလျက် ပြောလိုက်၏။
”ကျေးဇူးပါရှစ်စွင်း “ခဏကြာပြီးနောက်သူသည် သတ္တိမွေးလျက် မဝံ့မရဲမေးလိုက်သည်။
”မုန့်ချန်းသုံက တကယ် သူ့နေရာသူမသိဘူး။ ရှစ်စွင်းကိုတောင် တိုက်ခိုက်ရဲတာ ။ ဘာ ဘာကြောင့်များ သူ့ကို မဖယ်ရှားရတာလဲ “
ယဲ့ကျန်းက ပြန်ပြောလိုက်၏။
”ငါ့မှာအကြောင်းပြချက်ရှိပြီးသား။ ဒါပေမဲ့ သူက ကြယ်ပျံအိမ်တော်ကို သစ္စာဖောက်လိမ့်လို့ ငါမထင်ထားဘူး”
“ ကြယ်ပျံအိမ်တော်ကို သစ္စာဖောက်တာလား “
“ မုန့်ချန်းသုံက ကြယ်ပျံအိမ်တော်ကို သစ္စာဖောက်ခဲ့တဲ့အကြောင်းတပည့်အားလုံးကို ကြေညာလိုက်။ ကောင်းကင်သိုင်းခုံရုံးနန်းတော်နှင့်ကျင့်ကြံခြင်းလောကထဲက ဂိုဏ်းတိုင်းကို အကြာင်းကြားလိုက်။ မုန့်ချန်းသုံကို ဖြေရှင်းနိုင်တဲ့သူတိုင်း၊ အသေဖြစ်ဖြစ် အရှင်ဖြစ်ဖြစ် ဆုရမယ်”
“ အခုချက်ချင်းလုပ်လိုက်ပါမယ်”
ညအချိန် ကျရောက်လာလေ၏။ ယနေ့ညတွင် လရောင်က ထွန်းလင်းတောက်ပနေပြီး ကြယ်များက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေကြသည်။ လုကျိုးသည် မိုးမခတောင်ပေါ်ပြန်ရောက်လာ၏။ ပြန်လာနေစဉ် စိတ်ထဲ၌ ညည်းတွားနေခဲ့သည်။ စီးတော်သားရဲနှစ်ကောင်က ဘာကြောင့် ဒီလောက် ကြာနေရတာလဲ။ သူတို့က နှေးလိုက်တာ။ အဆုံးမဲ့သမုဒ္ဒရာထဲများ ပြုတ်ကျသွားပြီလား။
ကံကောင်းသည်မှာ သူ့၌နက်နဲသောကျင့်ကြံစဉ်ရှိသည်။ သူပျံသန်းမှုအရှိန်ကလက်ခံနိုင်သေး၏။ သို့သော် ယဲ့ကျန်းနှင့် တိုက်ခိုက်ပြီးနောက် သူသည် ထူးကဲအံ့ဖွယ်စွမ်းအား၏ သုံးပုံတစ်ပုံအောက်သာ ကျန်တော့သည်။
ခြံဝန်းထဲ ဆင်းသက်ပြီးနောက် သူသည် ထူးခြားစွမ်းအား ထုတ်လွှင့်လိုက်သည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီး အနီး၌ မည်သူမှမရှိပေ။ အခန်းထဲ ဝင်သွားပြီးနောက် ထပ်ပြီးညည်းတွားပြန်သည်။
“ ငါ့မှာအံ့ဩစရာကောင်းတဲ့ တပည့်တွေရှိနေတာပဲ။ ငါပြဿနာ တက်နိုင်တာကိုတောင် ဘယ်သူမှ စိတ်မပူဘူး။ ကျေးဇူးမသိတတ်တဲ့ကောင်တွေ”
လုကျိုးသည် ချက်ချင်း အနားမယူပဲ သူသည် ဖယောင်းတိုင်ထွန်းပြီး မှတ်ဉာဏ်သလင်းကို ထုတ်လိုက်သည်။ ၎င်းကို ရယူပြီးနောက် သလင်းကိုကာကွယ်ရန် တတ်နိုင်သမျှ အကုန်လုပ်ခဲ့၏။
ဖယောင်းတိုင်မီးအလင်းအောက်တွင် သလင်းကို ထားလိုက်သည်။ အလင်းရောင်သည် သလင်းပေါ် ဖြာကျသည့်အချိန်၌ သလင်း၏ အစွန်းပေါ်ရှိအက်ရာများကိုတွေ့လိုက်ရသည်။ ယဲ့ကျန်း ပြောသည့်အတိုင်းပင်။
“ ဒီထိခိုက်မှုကြောင့် အရေးကြီးတဲ့ မှတ်ဉာဏ်တွေသက်ရောက်မခံရဖို့ မျှော်လင့်ရတာပဲ”
…
အခန်း (၇၇၀) မဟာလေဟာနယ်
လုကျိုးက မှတ်ဉာဏ်များကို ပြန်ယူဖို့ အလျင်မလိုပေ။ ညအခါဖြစ်နေသည့်အတွက် ပြတင်းတံခါးကို ဖွင့်ရင်း ညလေပြေညင်းကို ခံစားလိုက်သည်။
သူက ယခုအခါ ပိုမိုကောင်းသွားလေ၏။ ယနေ့အဖြစ်အပျက်က သူ့အား အနှောင့်အယှက်ပေးနေသည်။
ယဲ့ကျန်းက ဘယ်လိုလူမျိုးလဲ...
မြင့်မြတ်မတ်စောက်တောင်ပေါ်ရှိ ချယ်ရီပင်က တစ်နှစ်ပတ်လုံး ပွင့်လန်းနေ၏။ ထိုအရာက တာအိုသွေးကြောများ၏ စွမ်းအားကြောင့် ဖြစ်နေနိုင်သည်။ လေ့ကျင့်ရေးအခန်း၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပန်းချီကားများ၏ နေရာချထားပုံက ထူးဆန်းလှသည်။ ယဲ့ကျန်းနှင့် ပတ်သက်ပြီး အပေါ်ယံ မြင်ရသည်ထက် ပိုနေမှန်း သိသာလှ၏။
သူက အသေရိုက်ချက်ကတ်ကို အသုံးပြုခဲ့၍ နောင်တမရပေ။ ထိုသို့ အခြေအနေမျိုးတွင် ယဲ့ကျန်းက တခြားသော အစီအစဥ်များ ရှိနေမည်မှန်း သိသာလှသည်။ ယဲ့ကျန်းကို သတ်လိုက်ခြင်းက နောင်အခါ ပြဿနာကင်းသွားလိမ့်မည် ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ယဲ့ကျန်းကို သတ်ခဲ့သော်လည်း သူ့အနေဖြင့် တစ်ခုခုလွဲမှားနေသည်ဟု ခံစားမိနေသည်။
ကမ္ဘာတွင် ထူးဆန်းသည့် အရာများစွာ ရှိ၏။ မသေမျိုးခန္ဓာကိုယ် ရှိထားသည့် ဧကရာဇ်လျိုကော၊ လျိုကု အယောင်ဆောင်ထားသည့် ဝူချီအန်းမျိုးနွယ်ဝင် ဧကရာဇ်အတုနှင့် သူ့ပထမတပည့် ယွီကျန့်ဟိုင်တို့လည်း ရှိနေသည်။ ယဲ့ကျန်းလို ဉာဏ်များသည့်သူမျိုးက သူ့အသက်ကို ကယ်တင်ဖို့ နည်းလမ်းရှိမှာ သေချာလှသည်။ ထိုအတွေးဖြင့် သူသည် ထိုကတ်ကို အသုံးပြုခဲ့ရသည့်အတွက် ဆုံးရှုံးမှုတစ်ခုဟု စတင်ခံစားမိလာသည်။
သူက ဆုံးဖြတ်ချက်မချခင် သံသယကို အတည်ပြုဖို့ ဆုံးဖြတ်ခဲ့သည်။ ထိုကိစ္စများကို စဥ်းစားနေဖို့ စောနေသေး၏။
ညလေပြေညှင်းက သူ့အား ယခုအခိုက်အတန့်သို့ ပြန်လည်ခေါ်ဆောင်လာသည်။ သူက ပြတင်းတံခါးကို ပိတ်ကာ စားပွဲခုံဆီ ပြန်သွားလိုက်၏။ သူက လက်ကို ဆန့်ထုတ်ရင်း သလင်းကျောက်ကိုဖြည်းဖြည်းချင်း တင်လိုက်သည်။
ဝှစ်
ရင်နှီးသည့် ပဲ့တင်သံက လေထဲတွင် ထွက်ပေါ်လာသည်။
လုကျိုးက ရုတ်ခြည်းဆိုသလို သူ့စိတ်ထဲ မြူတစ်ခု ဝင်ရောက်လာသလို ခံစားမိလိုက်၏။ ထိုအရာကို သူ့ကို အဖြူရောင်ကမ္ဘာတစ်ခုအတွင်း ဆွဲခေါ်သွားသလိုမျိုး ဖြစ်သည်။ ဤအခြေအနေက ယခင်သလင်းကျောက်တစ်ဝက်ကို ရရှိစဥ်အခါနှင့် တူတူသာဖြစ်၏။ သူက ရှေ့ဆက်လျှောက်သွားစဥ် နံရံတစ်ခုရှေ့ ရောက်ရှိသွားသည်။ ထိုအပေါ်တွင် အက္ခရာ ၂၆ လုံး ရေးထွင်းထားပြီး အစီအစဥ်မရှိ နေရာချထားသည်။
လုကျိုးက သက်ပြင်းချလိုက်၏။ ကြည့်ရသည်မှာ ဤသလင်းကျောက်၏ လျှို့ဝှက်ချက်ကို သူ တစ်ယောက်တည်းကသာ ထုတ်ဖော်နိုင်ဟန်ပေါ်သည်။
ကျိထျန်းတောက်က ဘယ်လိုမှတ်ဉာဏ်တွေကို စည်းပိတ်ထားတာလဲ... သူက ဘာ့ကြောင့် စည်းပိတ်ခဲ့တာလဲ။ မကြာခင် အဖြေ ရပါစေလို့ပဲ မျှော်လင့်ပါတယ်...
လုကျိုးက ထိုအက္ခရာများကို ထိတွေ့ဖို့ ကြိုးစားလိုက်သည်။ သူက အများစုကို မှတ်မိသော်လည်း တချို့ သေးငယ်လွန်းနေ၏။ သူက အကြိမ်များစွာ ကြိုးစားကြည့်ပြီးသည့်နောက်တွင် အောင်မြင်သွားသည်။ ကံကောင်းစွာဖြင့် သူက ယခင်အတွေ့အကြုံရှိထားပြီးသားဖြစ်၍ သက်တောင့်သက်သာဖြစ်နေသည်။
လရောင်က ပင်လယ်ပြင်ပေါ် ဖြာကျနေပြီး အဝေးတစ်နေရာကနေ ငါတို့တွေက မှတ်ဉာဏ်တွေကို မျှဝေနေကြတယ်...
နံရံက သူ့အတွက် လမ်းကြောင်းတစ်ခု ဖွင့်လာသည်။
ပထမအပိုင်းတွင်
ကျိထျန်းတောက်၏ မှတ်ဉာဏ်က တခြားအချိန်စက်ဝန်းတွင် ဖြစ်ပုံပေါ်၏။
" စနစ်ရဲ့ တည်နေရာက မမှားနိုင်ဘူး။ ဒါပေမဲ့ ဒီနေရာမှာ အားလုံးက အန္တရာယ်များလွန်းနေတယ်။ ငါ ဒီနေရာကနေ တတ်နိုင်သမျှ မြန်မြန်ထွက်သွားဖို့ နည်းလမ်းရှာရမယ်”
" ငါ့ ကျင့်ကြံဆင့်က အရမ်းကို အားနည်းနေတယ်။ တကယ်လို့ ဖြစ်နိုင်ရင် ငါ ဒီနေရာကို မလာချင်ဘူး”
လုကျိုးက ခေါင်းမော့ကြည့်လိုက်သည့်အခါ မြင်ကွင်းက ထပ်မံပြောင်းလဲသွားသည်။
" ငါက ဆေးလုံး ၁၀လုံး ရပြီ။ ဒီနေရာကနေ မြန်မြန်ထွက်သွားသင့်ပြီ။ ငါများ အမြင်တွေ မှားနေလား။ ဒီနေရာကနေ အနက်ရောင်ကြာပန်းက ဘယ်လိုလုပ်ကျဆင်းလာတာကို မြင်လိုက်ရတာလဲ။ သူက မိစ္ဆာဇင် ကျင့်ကြံသူလား”
မြင်ကွင်းနှင့် အသံများက ထပ်မံ ဝေဝါးသွားပြန်သည်။
" ငါ့မျက်လုံးတွေကို အလုပ်ပေးတာ များသွားပြီ ထင်တယ် "
လုကျိုးက ကျိထျန်းတောက်သည် အန္တရာယ်ဇုံမှ ထွက်ခွာလာသည်ကို တွေ့လိုက်ရ၏။ သူနားထဲ ကျယ်လောင်သည့် ပဲ့တင်သံတစ်သံ ထွက်ပေါ်နေသည်။ သူ့ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ် သားရဲများက ပုန်းအောင်းနေကြ၏။
" ငါ ထူးထူးဆန်းဆန်း အခြေအနေမျိုးကို ဖြတ်ကျော်ပြီးတော့ လမ်းတစ်လျှောက်မှာ သားရဲအများကြီးနဲ့လည်း တိုက်ခိုက်ခဲ့ရတယ်။ အသက်ရှင်တာ တကယ်ကို ကောင်းတာပဲ”
" ငါ ဆက်ပြီးတော့ ထွက်ပြေးသင့်ပြီ။ တာ့ယန်ကို ဘယ်ချိန်ပြန်ရောက်ပါ့မလဲ မသိဘူး”
ရှည်ကြာသည့် ပျံသန်းမှု၊ ပင်ပန်းနွမ်းနွယ်မှု၊ ခက်ခဲမှု၊ အတွေ့အကြုံများစွာကို ရှာသည့် မြင်ကွင်းအားလုံးက လုကျိုး၏ စိတ်ထဲ ပေါ်ထွက်လာသည်။
ဒုတိယအပိုင်းတွင်မူ
" ငါက အင်မတန် ဉာဏ်ကောင်းပြီးတော့ ယဥ်ကျေးတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ခဲ့ရတယ်။ သူ့နာမည်က လော့ရွှမ်းတဲ့။ သူမက ကုန်းမြေတွေအကြောင်း တော်တော်သိထားတယ်။ သူမက သားရဲဘာသာစကားကို သိထားပြီးတော့ တေးဂီတမှာလည်း ကောင်းချီးပေးခံထားရတယ်”
လူနှစ်ယောက် လမ်းလျှောက်လာသည့် မြင်ကွင်းက ပေါ်ထွက်လာသည်။
" လော့ရွှမ်းကို အများကြီး မေးခဲ့တယ်။ ဒါပေမဲ့ ငါ့အကြောင်းကိုတော့ ဘာမှသိပ်မထုတ်ဖော်ခဲ့ဘူး။ သူမက ငါ့ကို မဟာလေဟာနယ်လို့ ခေါ်တဲ့ နေရာကနေ ထွက်လာတာလို့ ပြောတယ်။ သူမက လမ်းပျောက်သွားပြီးတော့ ပြန်လမ်းကို ရှာမတွေ့ဘူးလို့ သူမက ပြောတယ်။ သူမက ငါ့ကို တာ့ယန်ဆီ ခေါ်သွားခိုင်းနေတယ်။ ငါသဘောမတူခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် သတိထားဖို့ လိုတယ်လေ။ ဒါပေမဲ့ ငါ့နောက် လိုက်လာတာကို မတားဆီးနိုင်ခဲ့ဘူး”
တာ့ယန်ဆီ အပြန်ခရီးလမ်းက အင်မတန် ခက်ခဲခဲ့သည်။ သူ၏ အားနည်းသည့် ကျင့်ကြံဆင့်ပင် ပေါ်ထွက်သွားခဲ့ပြီး လော့ရွှမ်းက သားရဲဘာသာစကားကို ကောင်းကောင်းအသုံးချခဲ့သည်။ သူမ၏ ကျင့်ကြံဆင့်က တစ်ခါတစ်ရံတွင် နက်နဲသလို တစ်ခါတစ်ရံတွင် အထင်ကြီးဖို့ မကောင်းပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့က သားရဲများကို ရှောင်ရှားပြီး အန္တရာယ်များသည့် အခြေအနေများကို ကျော်ဖြတ်နိုင်ခဲ့သည်။
" လော့ရွှမ်းက ငါ မဟာလေဟာနယ်ကနေ ဘာတွေ ရလာခဲ့လဲလို့ မေးတယ်။ ငါ ဘာမှမပြောပြလိုက်ဘူး”
" လော့ရွှမ်းရဲ့ သိချင်စိတ်နဲ့ စူးစမ်းချင်တဲ့စိတ်က ပုံမှန်မဟုတ်ဘူး။ သူမကို ကျေနပ်စေဖို့ ဒီကမ္ဘာမှာ မဖြေရှင်းနိုင်တဲ့ ပုစ္ဆာတွေနဲ့ပဟေဠိတွေကို ပေးထားလိုက်တယ်။ သူမက ဖြေရှင်းဖို့ ကြိုးစားနေလေရဲ့။ ဒါပေမဲ့ တစ်ခုတောင် မဖြေရှင်းနိုင်သေးဘူး”
တတိယအပိုင်းတွင်မူ
" ငါ အမည်မသိ ကုန်းမြေကနေ ရလာတဲ့ ပစ္စည်းတွေအားလုံးကို စုစည်းပြီးသွားပြီ။ သာမန်ကျင့်ကြံရေး နည်းစနစ်တွေ ပါဝင်တဲ့ စာအုပ်တွေနဲ့ ဆေးလုံး ၁၀လုံး ရလာတယ်။ လော့ရွှမ်းက အဲဒါတွေ မြင်ပြီးတော့ စိတ်ဝင်စားတယ်လို့ ပြောတယ်။ သူမက ဆေးလုံးကိုတော့ မမှတ်မိဘူး။ အဲဒီအစား သူမက ကျင့်ကြံရေး နည်းစနစ်တွေကို သိချင်နေတယ်။ သူမရဲ့ အကူအညီကို ကျေးဇူးတင်ဖို့ သာမန်ကျင့်ကြံရေးနည်းစနစ်တစ်အုပ်ကို ပေးခဲ့တယ်။ သူမက အတော်လေးပျော်ရွှင်နေလေရဲ့”
တာ့ယန်ဆီ ပြန်လာဖို့ သူတို့က အဆုံးမဲ့တောအုပ်ကြီးကို ဖြတ်သန်းလာရဟန်ပေါ်သည်။ ကျိထျန်းတောက်၏ အားနည်းသည့် ကျင့်ကြံဆင့်ဖြင့် တစ်ချိန်လုံး သတိကြီးကြီးထားထားရ၏။ ထိုအရာက သူ့ရဲ့ တိုးတက်နှုန်းကို နှေးကွေးစေခဲ့သည်။
" လော့ရွှမ်းက ကျင့်ကြံရေးနည်းစနစ်တွေနဲ့ ပတ်သက်ပြီး အတော်လေး အံ့သြနေစရာပဲ။ ဒီလို အနီရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန်ကို မြင်ဖူးတာ ပထမဦးဆုံးအကြိမ်ပဲ ငါ အတော်လေး အံ့သြမိတယ်။ ငါ အမည်မသိ ကုန်းမြေမှာ မြင်ခဲ့ရတဲ့အရာကိုတောင် ပြန်သတိရလာသလိုပဲ”
" လော့ရွှမ်းက နေ့စဥ်နေ့တိုင်း ဖြေရှင်းမရတဲ့ ပုစ္ဆာတွေကို ခက်ခက်ခဲခဲ ကြိုးစားနေတုန်းပဲ။ သူမက တကယ့်ကို ပါရမီရှင်တစ်ယောက်ပါ။ သူမက ငါ့ရဲ့ ရှင်းပြချက်တွေကို တစ်ခါနားထောင်ပြီးတာနဲ့ သဘောတရားများစွာကို ဖမ်းဆုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ သူမက ပုစ္ဆာတွေ ဖြေရှင်းတာကတော့ တိုးတက်လာတဲ့ပုံ မပေါ်ဘူး။ သူမကို ဒါတွေက အပေါ်ယံပဲ ရှိသေးတယ်လို့ ပြောပြလိုက်တယ်”
" လော့ရွှမ်းက ငါ့တပည့် ဖြစ်လာချင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ငါ သူမကို ငြင်းဆန်ခဲ့တယ်။ လူတစ်ယောက်ချင်းစီက သူတို့ရဲ့ ကိုယ်ပိုင်လမ်းစဥ် ရှိတယ်လို့ ပြောပြခဲ့တယ်။ သူမက စူးစမ်းရှာဖွေရတာကို ကြိုက်ပေမဲ့ ငါက သူမကို အဲဒါနဲ့ ပတ်သက်ပြီး ဘာမှသင်ပြစရာ မရှိဘူး။ ဒါပေမဲ့ လော့ရွှမ်းက ငါ့ကို ရှစ်စွင်းလို့ တစ်ခါတစ်ရံ ခေါ်လေ့ရှိတယ်”
လေးပိုင်းမြောက်တွင်မူ
ကျိထျန်းတောက်က တစ်မနက်ခင်းတွင် နိုးထလာပြီးသည့်နောက် လော့ရွှမ်း မရှိတော့သည်ကို တွေ့လိုက်ရသည်။
လော့ရွှမ်းက စာတစ်စောင် ချန်ထားခဲ့၏။
" ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ လေ့လာလို့ရအောင် မဟာလေဟာနယ် မျိုးစေ့တစ်ခုကို ယူသွားခဲ့တယ်။ ကမ္ဘာရဲ့ လျှို့ဝှက်ချက်တွေကို ဆက်ပြီးတော့ လေ့လာချင်သေးတယ်။ ဒီခရီးစဥ်တစ်လျှောက်မှာ ကျွန်မကို အများကြီး သင်ပေးခဲ့တယ်။
ရှစ်စွင်း ပြောတဲ့အတိုင်း သင်ယူခြင်းမှာ အဆုံးသတ်မရှိဘူး။ ဒီအရာတွေကို နားလည်လာတဲ့အခါ ထပ်ပြီးတော့ လာတွေ့ပါ့မယ်။ ရှစ်စွင်းအကြောင်းကို ဘယ်သူ့ကိုမှ မထုတ်ဖော်ပါဘူးလို့ ကတိပေးပါတယ်။ ကျွန်မတို့ နောက်တစ်ခေါက် ပြန်တွေ့ရင် တပည့်အဖြစ် လက်ခံဖို့လည်း မျှော်လင့်ပါတယ်”
ကျိထျန်းတောက်က သူ့ပိုင်ဆိုင်သမျှအရာအားလုံးကို ပြန်လည်စုစည်းလိုက်သည်။ သူက ဆေးလုံး ၁လုံး ပျောက်ဆုံးနေ၏။ မဟုတ်ပါက တခြားပစ္စည်းအားလုံးက ရှိနေသေး၏။ သူက မဟာလေဟာနယ် မျိုးစေ့ဆိုသည့် အသုံးအနှုန်းကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားမိသည်။
" သူမကို အများကြီး သင်ပေးလျက်နဲ့ ငါ့ဆေးလုံးကို ခိုးသွားသေးတယ်ပေါ့။ ဒီဟာက ကျင့်ကြံရေးကို အတော်လေးမြင့်တင်ပေးနိုင်တဲ့ ဆေးလုံးလေးပဲ။ ဘာပဲဖြစ်ဖြစ် ငါ အခုကစပြီး သတိထားရမယ်။ ဒီတည်ရှိမှုအကြောင်းကို ဘယ်သူမှ သိလို့မဖြစ်ဘူး”
...
ငါးပိုင်းမြောက်တွင်မူ
ကျိထျန်းတောက်က နောက်ဆုံးတွင် တာ့ယန်ဆီ ပြန်ရောက်လာခဲ့သည်။
ဧကရာဇ်လျိုကောက တခြားမျိုးနွယ်များကို နှိမ်နင်းကာ ကုန်းမြေဆီ ငြိမ်းချမ်းရေး ဆောင်ကြဉ်းလာခဲ့သည်။
ဤသို့ဖြင့် နှစ် ၁၀၀ ကုန်ဆုံးသွား၏။
ကျိထျန်းတောက်က နောက်ဆုံးတွင် ကျင့်ကြံရေးအထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ သူက ပွင့်ချပ်ရှစ်လွှာ နတ်ဝိညာဥ်ဝဋ်ကြွေးချေအဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
" ငါ တပည့်တွေကို စတင်လက်ခံလိုက်ရမလား "
ကျိထျန်းတောက်က တပည့်များကို လက်ခံပြီး မိစ္ဆာဝေဟင်မျှော်နန်းတွင် သင်ကြားပေးဖို့ ဆုံးဖြတ်ခဲ့သည်။
ထို့နောက် ကျိထျန်းတောက်က တပည့်တချို့ကို လက်ခံခဲ့၏။
" ငါ သူ့တို့ရဲ့ နောက်ခံကို ဝှက်ထားရမယ်”
မှတ်ဉာဏ်များက ထပ်မံဝေဝါး သွားပြန်သည်။
ခြောက်ပိုင်းမြောက်တွင်မူ
" ပွင့်ချပ်ကိုးလွှာ အစီအစဥ်က နောက်ဆုံးအချိန်မှာ ကျရှုံးသွားတယ်။ ငါ သလင်းကျောက်ထဲ စည်းပိတ်ထားသင့်တယ်။ လော့ရွှမ်းက ငါအမည်မသိ ကုန်းမြေအကြောင်း ရောက်ဖူးတယ်ဆိုတာကို သိထားတယ်။ ဒီလိုဆိုတော့ အဲဒီမှတ်ဉာဏ်တွေကိုပါ စည်းပိတ်ထားလိုက်မယ်”
သလင်းကျောက်အတွင်း စည်းပိတ်ထားသည့် မှတ်ဉာဏ်မြင်ကွင်းများက လုကျိုး၏ စိတ်အတွင်း ပေါ်ထွက်လာသည်။ လုကျိုးက မိစ္ဆာဝေဟင်မျှော်နန်း၊ အဆောက်အဦးငယ်နှင့် အကာအရံများကိုပါ မြင်လိုက်ရ၏။
ဝှစ်
လုကျိုးက မျက်လုံးဖွင့်လိုက်သည့်အခါ လက်ရှိသို့ ပြန်ရောက်နေပြီ ဖြစ်၏။ အခန်းက တိတ်ဆိတ်နေကာ လမင်းက ညကောင်းကင်ယံတွင် ထွန်းလင်းတောက်ပနေဆဲ ဖြစ်သည်။
…
အခန်း (၇၇၁ ) ယဲ့ကျန်းရဲ့လှည့်ကွက်ထဲ ကျဆုံးသွားတာလား
လုကျိုးသည် နက်နဲစွာ အိပ်မောကျနေရာမှ နိုးထလာသည်ဟု ခံစားလိုက်ရသည်။ သူ၏ပတ်ဝန်းကျင်က ပြောင်းလဲသွားသောကြောင့် မျက်စိလည်လမ်းမှားမှုများ ရှိနေသည်။ မိုးမခတစ်ထောင်ဘုရားကျောင်း၏ စိမ်းသက်မှုနှင့် ညအမှောင်ယံကောင်းကင်က ထိုခံစားချက်ကို မြှင့်တင်ပေးနေ၏။ ခဏအကြာတွင်သူ တဖြည်းဖြည်းချင်း ပြန်ကောင်းလာပြီး ခံစားချက်က ပျောက်ကွယ်သွားတော့သည်။
အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်လာစဉ် သူက လက်မြှောက်လိုက်၏။
သလင်းကျောက်တစ်ဝက်သည် ချက်ချင်းပင် အမှုန့်ဖြစ်သွားတော့၏။
“တင်း ကျန်ရှိသော မှတ်ဉာဏ်သလင်းကို ရှာတွေ့သွားပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၅၀၀၀ “
လုကျိုးသည် သက်ပြင်းချပြီး လက်နှောက်ပစ်လိုက်ကာ သူရရှိလာသည့် မှတ်ဉာဏ်အသစ်များကို ပြန်တွေးပြီး မေးခွန်းများစွာပေါ်လာတော့၏။
“အမည်မသိမြေ၊ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပြောင်းလဲပေးနိုင်သည့် ဆေးလုံး၊ လော့ရွှမ်း “
လုကျိုးသည် သူ့ဘာသာသူ ရေရွတ်ပြောလိုက်သည်။
မှတ်ဉာဏ်များထဲ ပြန်ရှာဖွေပြီးနောက် ကျိထျန်းတောက်သည် တာ့ယန်၌ အကြီးမြတ်ဆုံး မိစ္ဆာ ဖြစ်လာနိုင်ခဲ့ရသည့် အကြောင်းအရင်းကို သူ ရှာတွေ့သွား၏။ သူသည်လည်း ကြာပန်းနက်၏ မှတ်ဉာဏ်ကြောင့် ထိတ်လန့်သွားသည်။ ကျိထျန်းတောက်သည်လည်း ထိတ်လန့်ခဲ့၏။ ထိုစဉ်က ကျိထျန်းတောက်သည် မိစ္ဆာဇင်အကြောင်း များများစားစား မသိခဲ့ပေ။ မိစ္ဆာဇင်ဖြစ်စေ၊ ဗုဒ္ဓဇင်ဖြစ်စေ ကျင့်ကြံမှု အသီးအပွင့်သည် မဟူရာရွှေခန္ဓာကို ရရှိစေပြီး စိတ်ဝိညဉ်သဏ္ဌာန်ကိုရစေတာမဟုတ်ပေ။ ကြာပန်းက အနက်ရောင်ဖြစ်နေ၏။ အမည်မသိမြေ၌ ၎င်းသည် အဘယ်ကြောင့် ပေါ်လာသနည်း။ ဤသည်က တိုက်ဆိုင်ခြင်းပေလော။ မည်မျှတွေးစေကာမူ သူသည် အဖြေရမလာခဲ့ပေ။ ထိုနည်းတူ ကျိထျန်းတောက်ကလဲ အဖြေမရခဲ့။
‘ထားလိုက်တော့ ငါရဲ့ကျင့်ကြံစဉ်ကို မြှင့်တင်သင့်ပြီ။ အနှေးနဲ့အမြန်အမှန်တရားပေါ်လာမှာပဲ’
လုကျိုးသည် တင်ပျင်ခွေချိတ်ထိုင်လိုက်သည်။ သူက ကျင့်ကြံသည့်အခြေနေထဲ ဝင်ရောက်တော့မည့်အချိန်တွင် ခြေသံများကို ကြားလိုက်ရ၏။
“အဲ့မှာ ဘယ်သူလဲ “
“ရှားချန်းချိုးပါ “
“ဘာကိစ်စလဲ “
“လုချန်ပေ့ရဲ့ ခြံဝင်းထဲမှာ ဖယောင်းတိုင်အလင်းတွေ့လိုက်လို့ပါ။ ဒါကြောင့်တစ်ချက်လာကြည့်တာ။ နဝမဘုံကျောင်းရဲ့ စစ်ခုန်ပေချန်းက စာတစ်စောင်ပို့ထားတယ်။ သူက မိုးမခတစ်ထောင်ဘုရားကျောင်းကို လာလည်ဖို့ ရည်ရွယ်ထားတယ်။ ဒါပေမဲ့ ချန်ပေ့ကမရှိဘူး။ ဒါကြောင့် နောက်ရက်မှ လာလည်ဖို့ အကြောင်းပြန်လိုက်ပါတယ်။ တောင်းဆိုချက်ကို ငြင်းချင်လား “
ရှားချန်းချိုးကမေးလိုက်၏။
“သူ့ကို မနက်ဖြန်လာခိုင်းလိုက် “လုကျိုးကပြောလိုက်သည်။
“ဟုတ်ပါပြီ။ ကောင်းကောင်းအနားယူပါ လုချန်ပေ့ “
ရှားချန်းချိုးက ပြောပြီးနောက် လှည့်ထွက်သွားတော့သည်။
လုကျိုးသည် စနစ်မျက်နှာပြင်ကို စစ်ဆေးလိုက်သည်။
ကုသိုလ်မှတ် -၂၅၉၄၀
ကျန်ရှိသောသက်တမ်း -၂၁၉၄၅၅ရက်
အသုံးပစ္စည်း- အသေရိုက်ချက်ကတ် ၁ကတ်၊ အတိုက်အခိုက်ဒဏ်ပြင်း ပိတ်ဆို့ကတ် -၁၃၈ကတ်၊ အလိုလျောက်သုံး ချုပ်နှောင်ခြင်းလှောင်ချိုင့်ကတ် ၅ ကတ်၊ နတ်ခြေင်္သ့-(အနီရောင်ကြာနယ်မြေသို့ ပြေးလာနေ)၊ ပိအန်း၊ ကျီလျန့် (အနီရောင်ကြာနယ်မြေသို့ပြေးလာနေ)၊ ချုံးချီ၊ ရုပ်ဖျက်ကတ်၊ ရွှေရောင်ထိုက်ရွှီကြေးမုံ၊ အသွင်ပြောင်းကတ်၊ တောက်ပကျောက်တုံး - ၃တုံး၊ မိုးကြိုးသွား- ၁ကတ်၊ ပြစ်ချက်မဲ့ကတ်- ၁ကတ် ၊ လက်နက်အမည်မဲ့၊ ကျောက်စိမ်းမြင်းမြီးတုတ်၊ စီရင်ရေးစုတ်တံ၊ ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်း၊ လေးထောင့်သေတ္တာ။
သူနောက်လိုက်သည့် နတ်ဝိညာဉ်ဝဋ်ကြွေးရှိ နယ်ပယ်ကျင့်ကြံသူများကြောင့်သာ မဟုတ်လျှင် ကြယ်ပျံအိမ်တော်သို့ သွားသည့် သူ၏ခရီးစဉ်က အရှုံးပေါ်လိမ့်မည်။ ကံကောင်းသည်မှာ သူ၏ မှတ်ညဏ်သလင်းကို ရအောင်ယူနိုင်ခဲ့၏။
“ဖြစ်နိုင်တာက ယဲ့ကျန်းကသူ၏ကျင့်ကြံစဉ်ကို ဖုံးကွယ်ထားတာပဲ “
လုကျိုးသည် ယဲ့ကျန်းအကြောင်း ထပ်စဉ်းစားလိုက်သည်။ အရာအားလုံး ချောမွေ့နေသောကြောင့် တစ်စုံတစ်ခု လွဲချော်နေသည်ဟု သူခံစားမိသွား၏။
လုကျိုးသည် လက်ဖဝါးဖြန့်လိုက်သည်။ ရွှေရောက်ထိုက်ရွှီကြေးမုံက သူ၏လက်ဖဝါးထဲ၌ပေါ်လာ၏။ ဤအသုံးပစ္စည်းသည် သတ္တဝါအားလုံး၏ သွင်ပြင်အစစ်အမှန်ကို ရောင်ပြန်ဟပ်စေနိုင်သည့်အစွမ်း ရှိသည်။ နောင်ကျတူညီသည့်အခြေအနေ ကြုံတွေ့လာလျှင် ယင်းကို အသုံးပြုရမည်။
ပြီးနောက်သူသည် တောက်ပကျောက်တုံးတစ်တုံးကို ထုတ်လိုက်၏။ ၎င်းကိုထုတ်လိုက်ချိန် မီးတောက်မီးလျှံများပါ ပေါ်ထွက်လာ၏။ ပြီးနောက် သူသည် ရွှေရောင်ထိုက်ရွှီကြေးမုံကို မီးညွန့်များထဲ ပစ်ထည့်လိုက်လေ၏။
ပြီးနောက် သူသည် ဆင်ခြင်သုံးသပ်သည့်အခြေအနေထဲကို ဝင်ရောက်သွားတော့သည်။
အာရုံတက်ချိန် ရောက်လာပြီဖြစ်သည်။
ရထားလုံးပျံသည် နဝမဘုံကျောင်းကနေ ပျံသန်းလာလေ၏။
ရထားလုံးပေါ်၌ ပထမဆရာတော်နှစ်ပါးက ပဲ့ထိန်းနေ၏။
ယောင်ချင်းချွမ်က မိုးမခတစ်ထောင်ဘုရားကျောင်းရှိရာဘက်သို့ လက်ညှိးထိုးပြပြီးပြောလိုက်၏။
“ဘုရားကျောင်းသခင် အဲဒါဘာလဲ “
ရထားလုံးပျံပေါ်ရှိ စစ်ခုန်ပေချန်းသည် မိုးကုပ်စက်ဝိုင်းကိုလှမ်းကြည့်လိုက်သည်။
မိုးမခတစ်ထောင်ဘုရားကျောင်းကနေ တိမ်တိုက်များဆီ အလင်းတန်းတစ်ခုပေါ်ထွက်နေသည်။
ကျောက်ကျန်းဟယ်က ပြောလိုက်၏။
“လက်နက်တစ်မျိုး ထင်ပါရဲ့။ သူတို့တွေက အကြောင်းအရင်းမရှိ လက်နက်တစ်ခု ဘာကြောင့်သုံးလဲ နားမလည်ပါဘူး။ ကနဦးချီဖြုန်းတီးနေတာပဲ “
စစ်ခုန်ပေချန်းက ချောင်းဟန့်လိုက်၏။ သူက လက်ဝှေ့ယမ်းကာ ပြောလိုက်တော့သည်”ဒါက လုချန်ပေ့ရဲ့ ရတနာ ဖြစ်လောက်တယ်။ ရောက်တဲ့အချိန် ငါတို့သိရမှာပဲ “
“နားလည်ပါပြီ “
နဝမဘုံကျောင်းသည် မနေ့ညက ရှားချန်းချိုး၏စာလွှာကို ရခဲ့သည်။ စစ်ခုန်ပေချန်း၏ စိတ်နေသဘောထားဖြင့် သူသည် လာရောက်လည်ပတ်ရန် နှောင့်နှေးနေမှာမဟုတ်။ သူသည် ရထားလုံးပျံပြင်ဆင်ရန် အမိန်ပေးပြီးနောက် ပထမဆုံးစတင်ထွက်ခွာလာတော့သည်။ သူသည် ရထားလုံးပျံကိုထိန်းရန် ပထမဆရာတော်နှစ်ပါးကိုတောင် ခေါ်လာခဲ့၏။ သို့မှသာသူတို့သည် မိုးမခတစ်ထောင်ဘုရားကျောင်းသို့တတ်နိုင်သမျှ မြန်မြန်ရောက်ရှိမှာဖြစ်သည်။
မိုးမခတစ်ထောင်ဘုရားကျောင်းထဲတွင်ဖြစ်သည်။
ခြံဝင်းအတွင်း၌ ရွှေရောင်ထိုက်ရွှီကြေးမုံကကြမ်းပြင်ပေါ်ပြုတ်ကျသွားစဉ် လုကျိုး၏အခန်းထဲ၌ ကျယ်လောင်သည့် အသံတစ်သံပေါ်ထွက်လာ၏။ သူ မျက်လုံးပွင့်ပြီး ကြေးမုံကိုကြည့်လိုက်၏။ လက်ဝှေ့ယမ်းလိုက်ရာ ရွှေရောင်ထိုက်ရွှီကြေးမုံသည် သူ့လက်ထဲရောက်လာ၏။
သူက ကနဦးချီကို လှည့်ပတ်လိုက်သည်။ ထင်သည့်အတိုင်းကြေးမုံ၏အစွန်းများက အလင်းဖြင့် တောက်ပနေ၏။ ဆိုလိုသည်က ရွှေရောက်ထိုက်ရွှီကြေးမုံသည် ယခုဆို ပြိုက်ဘက်ကင်းအဆင့်သို့ အဆင့်မြှင့်တင်ပြီးဖြစ်သည်။
“တင်း ပြိုင်ဘက်ကင်းအဆင့်ရွှေရောင်ထိုက်ရွှီကြေးမုံ ရရှိပါပြီ။ ဆုလာဘ်ကုသိုလ်အမှတ် -၁၀၀၀ “
လုကျိုးသည် စိတ်ကျေနပ်စွာခေါင်းညိတ်လျက် ကြေးမုံကို သိမ်းလိုက်သည်။
‘အဆင့်မြှင့်တင်ထားပြီးတဲ့အချိန် အခု တခြားလုပ်ဆောင်ချက်တွေရှိနေမလား။ တခြားသူတွေရဲ့ အရိုးကို ငါ မြင်နိုင်မလား’
ထိုစဉ် ရှားချန်းချိုး၏အသံသည် ခြံဝန်းအပြင်ဘက်မှပေါ်ထွက်လာ၏။
“လုချန်ပေ့ ဘုရားကျောင်းသခင်စစ်ခုန်က လာရောက်တွေ့ဆုံခွင့်တောင်းပါတယ်”
“ကောင်းပြီ “လုကျိုးသည် ခြံဝင်းထဲမှထွက်လာသည်။
သူတို့အပြင်ကို ရောက်သောအခါ ခြံဝင်းပေါ်၌ပျံသန်းနေသောရှောင်ယွမ်အာကို တွေ့လိုက်ရသည်။ သူက သူမကို ငေါက်ငမ်းကာပြောလိုက်၏။
“ဆင်းလာခဲ့ “
“ဟုတ် “ရှောင်ယွမ်အာသည် မြေပြင်ပေါ် လိမ်လိမ်မာမာဆင်းသက်ပြီး သူမရှစ်စွင်းဆီသွားလိုက်၏။ သူမ အဆူခံရတော့မည်ဟု ထင်ခဲ့သည်။ သို့သော် အံ့ဩစရာကောင်းလောက်အောင်ပင် လုကျိုးသည် ရွှေရောင်ထိုက်ရွှီကြေးမုံကို ထုတ်လျက် သူမကိုယ်ပေါ်လင်းထိန်သွားစေသည်။ ရွှေရောင်အလင်းသည် ရှောင်ယွမ်အာ၏ ခန္ဓာကိုယ်ပေါ် ကျရောက်ချိန်၌ နေအလင်းရောင်ကဲ့သို့ ဖြစ်နေ၏။
ကြေးမုံထဲတွင် ပွင့်ရှပ်ခုနှစ်လွှာရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်ပုံပေါ်လာသည်။
“ကွာဟချက်မရှိဘူးလား “လုကျိုးသည် ဇဝေဇဝါဖြစ်သွားတော့သည်။ သူသည် ရွှေရောင်ထိုက်ရွှီကြေးမုံကို ပြန်သိမ်းလိုက်၏။ ကွာဟချက် မရှိရင် ဒါကိုအဆင့်မြှင့်တင်တာ ဖြုန်းတီးရာ ရောက်တယ်မလား။ နှမြောစရာပဲ။
“ရှစ်စွင်း တပည့် အကောင်းဆုံး ကြိုးစားနေပါတယ်။ တပည့်က မပျင်းပါဘူး “
ရှောင်ယွမ်အာက ရေရွတ်ပြောလိုက်၏။
“ကောင်းကောင်းကျင့်ကြံ။ အဆင်ခြင်မဲ့ လျှောက်ပျံမနေနဲ့။ ဒီနေရာက မိုးမခတစ်ထောင်ဘုရားကျောင်း မိစ္ဆာဝေဟင်မျှော်နန်း မဟုတ်ဘူး” လုကျိုးက ပြောလိုက်၏။
“နားလည်ပါပြီ “ရှောင်ယွမ်အာက ခေါင်းညိတ်လိုက်၏။
လုကျိုးသည် သူ့ဘေးတွင် မှင်တက်သော အမူအရာဖြင့် ရပ်နေသော ရှားချန်းချိုးကို ကြည့်လိုက်သည်။ သူက လက်ဝှေ့ယမ်းလျက်ပြောလိုက်တော့၏။
“လမ်းပြပေး “
“အော် ဟုတ်။ လုချန်ပေ့ ကျေးဇူးပြုပြီး လိုက်ခဲ့ပေးပါ” ရှားချန်းချိုးက စိတ်ခံစားချက်များ လွှမ်းမိုးခံလိုက်ရသည်။
သူ့ရဲ့တပည့်လေးရဲ့ကျင့်ကြံစဉ်က သူ့အသက်အရွယ်အတွက်အတော်လေးနက်နဲနေသည်။ ဒါတောင်သူက တင်းကြပ်နေသေးတုန်းပဲ။ သူ့ရဲ့တခြားတပည့်တွေက ဒီတပည့်ထက် ပိုသန်မာတယ်လို့ ဆိုလိုတာလား။
ယခုအချိန်တွင် ဤအဖိုးအိုကို မျက်နှာချိုသွေးခြင်းက မှန်ကန်သည့်ရည်ရွယ်ချက်ဆိုတာ ပိုမို ကျိန်းသေလာတော့သည်။ ခဏအကြာ၌ သူတို့သည် တရားမျှတရေးခန်းမသို့ ရောက်လာ၏။
“စစ်ခုန်ပေချန်း၊ ယောင်ချင်းချွမ်၊ ကျောင်းကျန်းဟယ်တို့သည် လုကျိုးက သူတို့ဆီလက်နောက်ပစ်လျက် လျှောက်လာတာ မြင်သောအခါ တညီတညွှတ်တည်းနူတ်ဆက်လိုက်၏။
“ညီအစ်ကိုလု “
“နူတ်ခွန်းဆက်ပါတယ် လုချန်ပေ့ “
ပြီးနောက် စစ်ခုန်ပေချန်းသည် ချောင်းဟန့်လိုက်သည်။ သူသည် ကျန်းမာရေးကောင်းပုံမရ။ လုကျိုး၏ တုံ့ပြန်မှုကို မစောင့်ဘဲ သူသည် အနောက်သို့ ဆုတ်ကာထိုင်လိုက်သည်။ ပြီးနောက် သူက ပြောလိုက်၏။
“ကျုပ်တောင်းပန်ပါတယ်။ စော်ကားဖို့မရည်ရွယ်ပါဘူး လုချန်ပေ့ ”
လုကျိုးသည် သူ့ကိုကြည့်ပြီးမေးလိုက်တော့သည်။
“ကိစ္စမရှိဘူး ခင်ဗျားဒဏ်ရာရထားတာလား “
စစ်ခုန်ပေချန်းက သက်ပြင်းချလိုက်၏”ယဲ့ကျန်းရဲ့ ထောက်ချောက်ထဲကျုပ်မတော်တဆကျသွားတယ်”
“ယဲ့ကျန်းက ခင်ဗျားကို ထိခိုက်အောင်လုပ်နိုင်စွမ်းရှိတာလား” လုကျိုးသည် လျှောက်သွားကာ စစ်ခုန်ပေချန်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ စစ်ခုန်ပေချန်းသည် နဝမဘုံကျောင်းသို့ ချန်ထျန်းတုနှင့် ယဲ့ကျန်းလာရောက်လည်ပတ်မှုအကြောင်းပြန်ပြောပြသည်။
စစ်ခုန်ပေချန်းသည် သူတို့ဓားရေးယှဉ်သည့်ကြောင်းပြောသည့်အချိန်၌ လုကျိုးက မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်လိုက်သည်။
“ဖန်တီးမှုအားလုံးကို ဓားအဖြစ်အသုံးပြုတာ။ တိကျတဲ့ထိန်းချုပ်မှုနဲ့ ကမ္ဘာကြီးထဲကအရာအားလုံးက ဓားအဖြစ် ပြောင်းလဲနိုင်တယ်။ ခင်ဗျားရဲ့ဓားလမ်းစဉ်ကျွမ်းကျင်မှုက စိတ်ကျေနပ်စရာပဲ”
ရှားချန်းချိုးနှင့် ထျန်းပုကျိကခေါင်းညိတ်လိုက်၏။
ခန်းမအပြင်တွင်စောင့်နေသော အကြီးအကဲများသည် အံ့ဩဆွံ့အကုန်၏။ သူတို့သည် စစ်ခုန်ပေချန်း လာရောက်လည်ပတ်ကြောင်းကြားချိန်၌ အမြန်ရောက်လာကြသည်။ ဆိုရလျှင် ယခင်က သူတို့သည် စစ်ခုန်ပေချန်းကို တွေ့ရန်အခွင့်အရေးမရခဲ့ပေ။ သူတို့က လူသိများကျော်ကြားသည့် ဂုဏ်သရေရှိ သိုင်းပညာရှင်ကိုတွေ့ချင်ကြသည်။ သူတို့ပညာအဆင့်အတန်းကို စဉ်းစားပြီးနောက် ခန်းမထဲမဝင်ရဲပဲ အပြင်ဘက်၌လေးလေးစားစားစောင့်နေသည်။ လုချန်းပေ့သည် တစ်မျိုးအောက်၌ စစ်ခုန်ပေချန်း၏ ဓားလမ်းစဉ်အကြောင်း ဤပုံစံဖြင့်မှတ်ချက်ချနိုင်သည့် တစ်ဦးတည်းသောသူဖြစ်လောက်သည်ဟု သူတို့ထင်မိကြသည်။
“ယဲ့ကျန်းက ပွင့်ရှပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ပဲ။ ရှန်ထျန်းတုနဲ့ ခင်ဗျားလက်ရည်ချင်း ယှဉ်ရင်တောင် ရှန်ထျန်းတုက ခင်ဗျားကို ထိခိုက်အောင်လုပ်နိုင်မှာ မဟုတ်ဘူး။ ခင်ဗျားရဲ့ ကျင့်ကြံစဉ်နဲ့ သူရဲ့ထောက်ချောက်ထဲ ဘယ်လိုလုပ် ကျသွားတာလဲ“
လုကျိုးသည် မုတ်ဆိတ်သပ်လျက် မေးလိုက်တော့သည်။