← Chapters

အခန်း (၇၇၂-၇၇၄)

Vol. 52 Ch. 772-774

အခန်း (၇၇၂-၇၇၄)

Vol. 52 Ch. 772-774

အခန်း (၇၇၂) အပြာရောင်ကြာက မီးတောက်ကို ငြိမ်းသတ်နိုင်တယ်

စစ်ခုန်ပေချန်း၏ မျက်နှာအထက် စိတ်ရှုပ်ထွေးသည့် အမူအရာမျိုး ပေါ်ထွက်လာသည်။

" အစတုန်းက အဲလိုမျိုး တွေးခဲ့မိတယ်။ ယဲ့ကျန်းက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူပဲပေါ့။ သူ့ကို များများစားစား မတွေးမိခဲ့ဘူး။ ချန်ထျန်းတုအပေါ်ကိုပဲ အာရုံစိုက်ထားမိခဲ့တယ်။ ပြီးတော့ ယဲ့ကျန်းက ကံမီးတောက်ကို ကျွမ်းကျင်ထားတယ်ဆိုပေမဲ့ ဆရာတော် ၅ယောက်က သူ့ကို ထိန်းထားနိုင်တယ်လေ။ ဒါပေမဲ့ ထင်မထားတာက.... "

သူက ခေတ္တမျှ ရပ်ဆိုင်းလိုက်ပြီးသည့်နောက်တွင် သူတို့ တိုက်ခိုက်ခဲ့သည့် မြင်ကွင်းကို ပြန်လည်အမှတ်ရလာ၏။

သူ့မျက်ဝန်းအထက် မယုံကြည်နိုင်သည့် အရိပ်အယောင်မျိုး ပေါ်ထွက်လာကာ ပြောလိုက်သည်။

" သူက သာမန်ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတော့ မဟုတ်ဘူး။ ကျုပ် ချန်ထျန်းတုကို တွန်းလိုက်တုန်းက ယဲ့ကျန်း ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာကနေ မချုပ်ထိန်းနိုင်ခဲ့ဘူး။ သူက ကျုပ်ဓားနည်းစနစ်ကို အလွယ်တကူ ပယ်ဖျက်ပြီးတော့ ကံမီးတောက်နဲ့ တိုက်ခိုက်လိမ့်မယ်လို့ ထင်မထားမိဘူး”

" သူက ကံမီးတောက်ကို အသုံးပြုရင်တောင် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ ခင်ဗျားကို ဘယ်လိုလုပ် ဒဏ်ရာရအောင် လုပ်နိုင်ပါ့မလဲ” လုကျိုးက ပြောလိုက်သည်။

" သူ တိုက်ခိုက်လိုက်တုန်းက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူအများကြီး တစ်ခါတည်း တိုက်ခိုက်လိုက်သလိုမျိုး ခံစားလိုက်ရတာ။ ကျုပ်က သတိလက်လွတ်ဖြစ်သွားပြီးတော့ ကံမီးတောက်နဲ့ ထိသွားတာပဲ " စစ်ခုန်ပေချန်းက ပြောလိုက်သည်။

" ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ဘယ်လောက်ရှိလဲ " လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်၏။

စစ်ခုန်ပေချန်းက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်” လက်ရှိအနေနဲ့ နဝမမြောက်ဘုံကျောင်းက ချန်ပေကျန်းကို သတ်လိုက်တယ်လို့ ကမ္ဘာကြီးက ထင်နေကြတယ်။ နန်းဆောင်က ဒီအတွက် ပြန်ပြီး တုံ့ပြန်လာမှာ အသေအချာပဲ။ နဝမမြောက်ဘုံကျောင်းနဲ့ မိုးမခတစ်ထောင်ဘုရားကျောင်းတို့က အသက်ရှင်သန်ဖို့ တစ်ဦးနဲ့ တစ်ဦး မှီခိုရမယ်။ အစ်ကိုလုလည်း ကျုပ်တို့ကို ကူညီပေးပါ”

တစ်ချိန်တည်းဆိုသလို ဆရာတော် ၂ယောက်ဖြစ်သည့် ယောင်ချင်းချွမ်နှင့် ကျောက်ကျန်းဟယ်တို့က တစ်ပြိုင်နက် ဦးညွတ်လာကြသည်” လုချန်းပေ့ ကျွန်တော်တို့ကို ကူညီပေးပါ "

ချန်ပေကျန်းက နန်းတော်၏ အားအထားရဆုံးလူ တစ်ယောက် ဖြစ်၏။ သူ့သေဆုံးမှုဖြင့် နဝမမြောက်ဘုံကျောင်းက အကြီးမားဆုံး ပစ်မှတ်ဖြစ်သည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

ရွှေကြာကျင့်ကြံသူများအတွက်မူ လူအများကြား ကောလဟာလများ ရှိသည်။ ကြယ်ပျံအိမ်တော်က မိုးမခတစ်ထောင်ဘုရားကျောင်းကို သုတ်သင်ဖို့ ကြိုးစားရာ၌ ကျရှုံးသွားလေ၏။ သူတို့က နဝမဘုံကျောင်း၊ မိုးမခတစ်ထောင်ဘုရားကျောင်းနှင့်ရွေကြာကျင့်ကြံသူတို့က အတူတကွ တွဲလုပ်နေသည်ဟု တွေးထင်ထားကြသည်။

စစ်ခုန်ပေချန်း ပြောသည်က မှန်နေလေသည်။ တစ်ဦးနှင့် တစ်ဦး အသက်ရှင်ဖို့က တစ်ယောက်နှင့် တစ်ယောက် မှီခိုရမည်။

လုကျိုးနှင့် သူ့တပည့်နှစ်ယောက်က ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူများသာ ဖြစ်၏။ တာ့ထန်ကို ရင်ဆိုင်နိုင်မည့် အင်အားစုဖြစ်ဖို့ အလှမ်းကွာနေသေးသည်။ ကောင်းကင်သိုင်းပညာခုံရုံး၊ ကြယ်ပျံအိမ်တော်နှင့် တိမ်တိုက်တောင်၏ ၁၂ ဂိုဏ်းတို့ကို လျှော့တွက်၍ မရပေ။

ရှားချန်ချိုး၊ ထျန်းပုကျိနှင့် ခန်းမအပြင်ဘက်ရှိ အကြီးအကဲများက လုကျိုးကို ကြည့်ကာ သူ့တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြသည်။

လုကျိုးက ခေတ္တမျှရပ်လိုက်ပြီးသည့်နောက်တွင် စစ်ခုန်ပေချန်းအား ကြည့်ကာ မေးလိုက်၏” ခင်ဗျားရဲ့ အမြင်မှာ တာ့ထန်မှာ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ ဘယ်နှစ်ယောက် ရှိမယ်လို့ ထင်လဲ "

ထိုမေးခွန်းကို ကြားပြီးသည့်နောက်တွင် တခြားသူများက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။

စစ်ခုန်ပေချန်းက ထိုမေးခွန်းကို ဖြေဖို့ အသင့်တော်ဆုံးသူ ဖြစ်၏။ သူက နှစ် ၂၀၀၀ မျှ နေထိုင်ခဲ့သည် မဟုတ်ပါလော။ သူက ပညာရှင်များ၏ မြင့်တက်ခြင်းနှင့် ကျရှုံးခြင်း အပြောင်းအလဲများကိုပင် ကြုံတွေ့ခဲ့ရသူဖြစ်သည်။ သူက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူများကို အာရုံမစိုက်မိကောင်း မစိုက်မိဘဲ နေနိုင်သော်လည်း ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူများကမူ ကွဲပြားပေသည်။

စစ်ခုန်ပေချန်းက လုကျိုး၏ မေးခွန်းနောက်ကွယ်မှ အကြောင်းအရာကို မမေးပေ။ သူက ခေါင်းငုံ့လိုက်ပြီးနောက် မေးခွန်းကို ရေရွတ်လိုက်၏။ နောက်ဆုံးတွင် သူက ပြောလိုက်သည်။

" ကောင်းကင်သိုင်းပညာခုံရုံးရဲ့ ဂိုဏ်းချုပ် ယွီချန်းရှု၊ ကြယ်ပျံအိမ်တော်ရဲ့ အိမ်တော်သခင် ချန်ထျန်းတု၊ တိမ်တိုက်တောင် ၁၂ဂိုဏ်းရဲ့ ဂိုဏ်းချုပ် နျဲ့ချင်းယွင်နှင့် ဓားတစ်ထောင်ဘုံကျောင်းရဲ့ ကျောင်းထိုင် ကျန်းကျန့်၊ နန်းတော်မှာကတော့ ကောလဟာလအရ ၃ယောက်ရှိတယ်လို့ ပြောတယ်။ ချန်ပေကျန်း သေသွားတော့ သူတို့မှာ ၂ယောက် ကျန်နိုင်တယ်”

" အဲဒါဆိုတော့ စုစုပေါင်း ၅ယောက်ပေါ့ " လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်၏။

ငါက လိုလိုမယ်မယ် ကတ် ၅ကတ်တော့ လိုမှာပဲ...

" ကျုပ်က နှစ်များစွာ သီးသန့်ကျင့်ကြံနေခဲ့တာ အခုနှစ် ၂၀၀၀ ရှိသွားပြီဆိုတော့ ကျင့်ကြံရေးလောကက အမြဲတမ်း အပြောင်းအလဲ ဖြစ်နေတာ။ အဲဒါကြောင့် သူတို့ရဲ့ အင်အားကို ဖုံးကွယ်ထားတဲ့ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတချို့လည်း ရှိနေနိုင်တယ်” စစ်ခုန်ပေချန်းက ပြောလိုက်သည်။

ထိုစဥ် ငြိမ်းချမ်းရေးခန်းမဆောင်၏ ပထမဆရာတော် ယောင်ချင်းချွမ်က လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏။

" ကျောင်းထိုင်ဆရာပြောတဲ့ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ ၅ယောက်ထဲမှာ ကောင်းကင်သိုင်ပညာခုံရုံးရဲ့ ဂိုဏ်းချုပ် ယွီချန်းရှုက ကံမီးတောက်ကို ကျွမ်းကျင်ထားတယ်။ ကောင်းကင်သိုင်းပညာခုံရုံးက ဒီနှစ်တစ်လျှောက်မှာ ပါရမီရှင်များစွာကို ရွေးချယ်လက်ခံခဲ့တယ်။ သူတို့က ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူကို ပြုစုပျိုးထောင်ဖို့ ကြိုးစားခဲ့ကြပြီးတော့ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ မွေးထုတ်နိုင်ချေ အမြင့်ဆုံးသူတွေပဲ။

လွန်ခဲ့တဲ့ ရာစုနှစ် ၃ခုလောက်က ကောင်းကင်သိုင်းပညာခုံရုံးမှာ လော့ရွှမ်းလို့ အမည်ရှိတဲ့ အရူးတစ်ယောက် ရှိတယ်။ သူမက အချိန်တိုအတွင်း ပွင့်ချပ်ဆယ်လွှာအဆင့်ကို ရောက်ရှိခဲ့တယ်လေ။ ဒါပေမဲ့ သူမရဲ့ စွမ်းအားက မတည်ငြိမ်ဘူး။ အဲဒီနောက်မှာ ကောင်းကင်သိုင်းပညာခုံရုံးက သူမကို လူအများအမြင်ကနေ ဝှက်ထားခဲ့ကြတယ်။ သူမရဲ့ နေရာက ယနေ့အထိ မသိရသေးဘူး”

ယောင်ချင်းချွမ်က လော့ရွှမ်းအကြောင်း ပြောလိုက်သည့်အခါ လုကျိုး၏ စိတ်ထဲ ခေါင်းလောင်းသံများ ထွက်ပေါ်လာသည်။ သူက လော့ရွှမ်းသည် မဟာလေဟာနယ်မျိုးစေ့ကို ယူဆောင်သွားကာ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံဆင့်အထိ ဖြစ်လာကြောင်း ကောက်ချက်ချလိုက်၏။ ခဏအကြာတွင် သူက မေးလိုက်သည်။

" အဲ့မှာ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူရော ဘယ်နှစ်ယောက်ရှိလဲ "

စစ်ခုန်ပေချန်းအစား ယောင်ချင်းချွမ်က ဖြေလိုက်သည်” တစ်မိုးအောက်မှာ ဂိုဏ်းတွေ အများကြီး ရှိပါတယ်။ ဂိုဏ်းကြီးတွေ အနေနဲ့ကတော့ ဆယ်ယောက်ကျော် ရှိတတ်ကြတယ်။ တစ်ခုချင်းစီက အနည်းဆုံး ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတချို့တော့ ရှိလောက်တယ်။ တချို့ကတော့ သူများတွေထက် ပိုများနေနိုင်တယ်။ အဲဒါကြောင့် အတိအကျတော့ ပြောလို့မရဘူး။ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ မရှိဘဲနဲ့ သူတို့က ဂိုဏ်းကြီးဖြစ်မလာနိုင်ဘူးလေ”

" အဲ့ဆိုတော့ နဝမမြောက်ဘုံကျောင်းကိုလည်း ဂိုဏ်းကြီးအဖြစ် ယူဆလို့ ရတာပေါ့။ ခင်ဗျားတို့က ဘယ်လိုလုပ် ဒီလိုအခြေအနေထိ ဖြစ်လာတာလဲ”

စစ်ခုန်ပေချန်းနှင့် ဆရာတော် ၂ယောက်က ထိုမေးခွန်းကြောင့် မျက်နှာပူသွားကြသည်။

ထိုစဥ် လုကျိုးက သူ့ဘာသာသူ တွေးလိုက်မိ၏။

တာ့ထန်မှာ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ ၅ယောက်နဲ့ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတချို့ ရှိနေတာပဲ...

ထိုစဥ် စစ်ခုန်ပေချန်းက ချောင်းဆိုးလာပြီးနောက် သွေးအန်လိုက်သည်။

တခြားသူများက တုန်လှုပ်သွားကြ၏။

" ကျောင်းထိုင် "

သူတို့က ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ယဲ့ကျန်းသည် ပွင့်ချပ်ဆယ်လွှာအဆင့် စစ်ခုန်ပေချန်းအား ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်ကို အံ့အားသင့်နေကြ၏။

" ငါ ဒီလောက်နဲ့ မသေဘူး " စစ်ခုန်ပေချန်းက ခေါင်းယမ်းလိုက်သည်။

ထိုစဥ် လုကျိုးက စစ်ခုန်ပေချန်းအား ကြည့်ကာ ပြောလိုက်၏။

” မလှုပ်နဲ့ "

စစ်ခုန်ပေချန်းက အနည်းငယ် အံ့အားသင့်သွားမိ၏။

တခြားသူများက လုကျိုး လုပ်ချင်သည့် အရာကို မသိကြပေ။

လုကျိုးက ရွှေရောင်ထိုက်ရွှီ ကြေးမုံကို ထုတ်ကာ ကနဦးချီကို လှည့်ပတ်လိုက်သည်။

ရွှေရောင်အလင်းတန်းက စစ်ခုန်ပေချန်းအပေါ် ဖြာကျလာပြီးသည့်နောက်တွင် ပွင့်ချပ်ဆယ်လွှာ ပါရှိသည့် အသေးစား အနီရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခုကို ထုတ်ဖော်လိုက်၏။ ထိုအရာအပြင် ကြေးမုံက ကံမီးတောက်တစ်ခုကိုပါ ထုတ်ပြလာသည်။ မှိန်ဖျဖျ စည်းတံဆိပ်ကို ကံမီးတောက်အပေါ် မြင်တွေ့နေရ၏။

" သူ တိုက်ခိုက်ခဲ့တုန်းက ကံမီးတောက်ထဲမှာ စည်းတံဆိပ်ကို ဖုံးကွယ်ထားခဲ့တာပဲ " တခြားသူများက တအံ့တသြ ရေရွတ်လိုက်ကြသည်။

" ဘယ်လိုတောင် ဉာဏ်များတာလဲ။ ယဲ့ကျန်းက ဒီလောက် ဉာဏ်များမယ် ထင်မထားမိဘူး”

ယောင်ချင်းချွမ်က ကျိန်ဆဲလိုက်သည်။

စစ်ခုန်ပေချန်းက မျက်မှောင်ကြုတ်လိုက်ကာ " ကျုပ်က ဘယ်လောက်ပဲ အသက်ရှူနှုန်းကို ထိန်းညှိညှိ ကံမီးတောက်ကို မဖယ်ရှားနိုင်တာ အံ့သြစရာ မရှိတော့ပါဘူး”

လုကျိုးက ရွှေရောင်ကြေးမုံကို သိမ်းလိုက်သည်။

ရွှေရောင်ကြေးမုံက ကျင့်ကြံဆင့်နှင့် စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ဖော်ခြင်းအပြင် လျို့ဝှက်နည်းစနစ်များကိုပင် ထုတ်ဖော်နိုင်စွမ်း ရှိဟန်ပေါ်၏။

တခြားသူများက ရွှေရောင်ကြေးမုံ၏ အလင်းတန်းကြောင့် အံ့အားသင့်ကြဟန်မပေါ်ပေ။

ယောင်ချင်းချွမ်က မေးလိုက်သည်” ဒါက မိုးမခတစ်ထောင်ဘုရားကျောင်းကနေ ကောင်းကင်ဆီ ထွက်ပေါ်လာတဲ့ ရွှေရောင်အလင်းတန်းရဲ့ အရင်းအမြစ်ရတနာလား "

လုကျိုးက မငြင်းပေ။ သူက ပြောလိုက်၏။

” ကံကောင်းတာက ခင်ဗျားရဲ့ ကျင့်ကြံဆင့်က မြင့်မားနေတယ်။ မဟုတ်ရင် ဒီကံမီးတောက်ဒဏ်ရာကနေ တောင့်ခံနိုင်မှာမဟုတ်ဘူး”

" ယဲ့ကျန်းနဲ့ နောင်အခါများ တွေ့ခဲ့ရင် လုချန်းပေ့ သတိထားပါ” စစ်ခုန်ပေချန်းက ပြောလိုက်၏။

လုကျိုးက ခေါင်းညိတ်ကာ မုတ်ဆိတ်သပ်လိုက်သည်။ သူက သူ့အနေဖြင့် ရွှေကြာနယ်မြေက ပို၍ အားနည်းသည်လား သို့မဟုတ် အနီရောင်ကြာနယ်မြေက ပို၍ အားနည်းသည်လားဟု စဥ်းစားနေသည်။ လက်ရှိ အနီရောင်ကြာနယ်မြေက သံသယမရှိဖွယ် ပို၍ အားကောင်းနေသည်။

ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူများက ရွှေကြာနယ်မြေအတွင်း ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများလောက် များပြားလှသည်။ သို့သော်လည်း ကျင့်ကြံရေးက ရွှေကြာနယ်မြေအတွင်း ပွင့်ချပ်ရှစ်လွှာမျှ ကန့်သတ်ခံထားရခြင်း မဟုတ်တော့ပေ။ ရွှေကြာနယ်မြေက အနီရောင်ကြာနယ်မြေကို အမှီလိုက်နိုင်ဖို့ အချိန်တစ်ခုမျှသာ ကြာမြင့်လိမ့်မည်။

အကယ်၍ ရွှေကြာ ကျင့်ကြံသူနှင့် အနီရောင်ကြာ ကျင့်ကြံသူတို့က တူညီသည့် ကျင့်ကြံဆင့်မျိုး ရှိလျှင် မည်သည့် ကြာက ပို၍ အားကောင်းသနည်း။

ထိုအရာအပြင် ကောင်းကင်ကျမ်းက သူ့ကို ပေးအပ်ထားသည့် အပြာရောင် ကြာပွင့်လည်း ရှိသေးသည်။

ခဏအကြာတွင် လုကျိုးက ပြောလိုက်သည်” ဒါက ကံမီးတောက်ပါပဲ။ ငါ့အတွက် ဘာမှမဟုတ်ဘူး”

သူက လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီးသည့်နောက်တွင် သူ့လက်ဝါးအထက် အပြာရောင် ကြာပန်းတစ်ခု ထွက်ပေါ်လာသည်။

တခြားသူများက တအံ့တသြ ရေရွတ်လိုက်ကြ၏။

" အပြာရောင်ကြာလား "

အနီရောင်ကြာနယ်မြေက ရွှေကြာနယ်မြေလောက် မသိရှိမှု မများပေ။ ဤနေရာရှိ ကျင့်ကြံသူများက နယ်ခြားကမ္ဘာ၏ တည်ရှိမှုအကြောင်း သိထားကြ၏။ ထိုသို့ဆိုလျှင်ပင် သူတို့က အပြာရောင်ကြာကို မြင်လိုက်ရသည့်အတွက် အံ့အားသင့်သွားကြသည်။

စစ်ခုန်ပေချန်း၏ မျက်နှာအထက် အံ့အားသင့်သည့် အမူအရာပေါ်ထွက်လာ၏။ သူက လုကျိုးသည် အနီရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန်ကို ပြသတာ ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ လုကျိုးက အပြာရောင်ကြာကို မည်သို့ ထုတ်လွှတ်နိုင်သနည်း။

လုကျိုးအနားရှိ လူများ၏ မျက်နှာအထက်တွင် အမူအရာအမျိုးမျိုး ပေါ်ထွက်နေသည်။ အပြာရောင်ကြာက ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။ ထိုအရာ၏ အသက်ဓာတ်နှင့် စွမ်းအားတို့က စစ်ခုန်ပေချန်းဆီ ကျဆင်းသွားကာ သူက အလျင်အမြန် စုပ်ယူလိုက်သည်။

အချိန်ခဏအတွင်း စစ်ခုန်ပေချန်းက သူ့အတွင်းရှိ အနီရောင်ကြာ ကံမီးတောက်သည် အပြာရောင်ကြာကြောင့် ငြိမ်းသက်သွားကြောင်း ခံစားမိလိုက်သည်။ ယခင် ခံစားနေရသည့် သက်သောင့်သက်သာ မရှိသည့် အပူဓာတ်သည်လည်း ဖြည်းဖြည်းချင်း အအေးဓာတ်ဖြင့် အစားထိုးလာသည်။ အသက်ရှိုက်စာ အနည်းငယ်မျှ ကြာမြင့်ပြီးသည့်အချိန် သူက အနီရောင်ကြာ ကံမီးတောက်နှင့် စည်းတံဆိပ်သည် အေးစက်စက် ခံစားမှုကြောင့် ပယ်ဖျက်ခံလိုက်ရကြောင်း သိလိုက်သည်။

ထိုစဥ် အားလုံးက စစ်ခုန်ပေချန်းအား စိုက်ကြည့်နေကြ၏။

လုကျိုးက ရွှေရောင်ထိုက်ရွှီကြေးမုံအား ထပ်မံ ထုတ်ကာ ကနဦးချီကို လှည့်ပတ်လိုက်၍ အသံထွက်လာသည်။

…

အခန်း ( ၇၇၃ ) သူတို့ထဲက ဘယ်သူမဆို မင်းရဲ့ခေါင်းကို အလွယ်တကူ ရိုက်ခွဲနိုင်တယ်

ရွှေရောင်ထိုက်ရွှီကြေးမုံမှ ရွှေရောင်အလင်းတန်းပေါ်ထွက်လာလေ၏။ ၎င်းသည် စစ်ခုန်ပေချန်းအပေါ် နေအလင်းရောင်ပမာ ဖြာကျလာလေ၏။

ယခုအခေါက်တွင် ၎င်းကိုသူတို့တစ်ခါမြင်ပြီးပြီဖြစ်သောကြောင့် မည်သူကမှ မအံ့ဩသွားကြပေ။ ကြေးမုံ၏ လုပ်ဆောင်ချက်ကို သူတို့ ယခု သိပြီးဖြစ်သောကြောင့် သူတို့က အမြန်လှည့်ကြည့်လိုက်ကြသည်။ သူတို့သည် ပွင့်ချပ်ဆယ်လွှာ အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်ကို တွေ့သော်ငြား စစ်ခုန်ပေချန်း၏ ထူးကဲချီသွေးကြောရှစ်ကြောကို စည်းပိတ်ထားသည့် ကံမီးတောက်က ပျောက်ကွယ်သွားပြီဖြစ်သည်။

“လုချန်ပေ့ရဲ့ နည်းပညာက တကယ်မျက်စိပွင့်စေတာပဲ “

ယောင်ချင်းချွမ်နှင့် ကျောက်ကျန့်ဟယ်တို့က တစ်ပြိုင်နက်တည်း အရိုအသေပေးလိုက်သည်။

စစ်ခုန်ပေချန်းက ဖြည်းဖြည်းချင်း ထရပ်လိုက်၏။ သူက ခြေ၊ လက်ဆန့်ကာ ကနဦးချီကို လှည့်ပတ်ရန် ကြိုးစားလိုက်လေ၏။ သူသည် သူ၏လောင်ကျွမ်းသွားသော ချီသွေးကြောများကို ကုသရန် အချိန်ယူဖို့ လိုအပ်သော်ငြား ကံမီးတောက်နှင့်စည်းတံဆိပ် မရှိတော့သောကြောင့် ယင်းသည် အသေးစားပြဿနာတစ်ခုမျှသာ ဖြစ်သွား၏။ ထို့အပြင် သူ၏ချီသွေးကြောများသည် ပိတ်ဆို့မခံရတော့ပေ။ သူက လုကျိုးဘက်လှည့်ကာ လက်သီးဆုပ်မိုးလျက်ပြောလိုက်၏။

“ ညီအစ်ကိုလု ကျုပ် များများစားစား မပြောတော့ပါဘူး။ နောင်ကျ နဝမဘုံကျောင်းက ခင်ဗျားအတွက် လုပ်ပေးနိုင်တာ တစ်ခုခု ရှိခဲ့ရင် ပြောလိုက်ဖို့ပဲ လိုပါတယ်”

လုကျိုးသည် ကြေးမုံကိုသိမ်းလိုက်၏။ သူက မုတ်ဆိတ်သပ်ကာ ပြောလိုက်တော့သည်။

”လိုက်လျောညီထွေ နေရမယ်မှန်း သိတဲ့သူတွေကို ကျုပ်အမြဲတမ်း လေးစားတယ်”

“ယဲ့ကျန်းက အင်မတန်ကောက်ကျစ်တယ်။ မိုးမခတစ်ထောင်ဘုရားကျောင်းရဲ့ အရံအတားက အားနည်းလှတာ။ ဂရုစိုက်မှရမယ် လုချန်ပေ့ “စစ်ခုန်ပေချန်းက ပြောလိုက်၏။

လုကျိုးသည် သူယဲ့ကျန်းကို သတ်ခဲ့သည့်အကြောင်း စစ်ခုန်ပေချန်းကိုပြောပြနိုင်၏။ သို့သော် တစ်စုံတစ်ယောက်ကြောင့် သူထိန်းချုပ်လိုက်သည်။

လုံလောက်သွားချေပြီ။

ထိုစဉ် ခန်းမထဲသို့ အကြီးအကဲတစ်ယောက်က အမြန်ဝင်လာလေ၏။ သူက အရိုအသေပေးကာ ပြောလိုက်တော့သည်။

”မုန့်ချန်းသုံက ကြယ်ပျံအိမ်တော်ကို သစ္စာဖောက်ခဲ့တဲ့အကြောင်း ကြယ်ပျံအိမ်တော်‌ရဲ့ယဲ့ကျန်းက တရားဝင်ကြေညာလိုက်ပြီ။ မုန့်ချန်းသုံကို ဖမ်းဆီးနိုင်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် အသေရရ၊ အရှင်ရရ ကောင်းကင်အဆင့်လက်နက်တစ်ခု ဆုရရှိမယ်”

ကျန်သည့်သူများက မျက်မှောင်ကျုံ့လိုက်၏။

အကြီးအကဲသည် စာရွက်တစ်ရွက် လှမ်းပေးလိုက်သည်။

” ဒါက ကြယ်ပျံအိမ်တော်က ကြေညာစာပါ “

လုကျိုးသည် ၎င်းကို မကြည့်ခဲ့ပေ။

” ယဲ့ကျန်း အသက်ရှင်လျက် ရှိနေသေးတာလား “

“ လုချန်ပေ့ ယဲ့ကျန်းက အမြဲအဆင်ပြေနေပါတယ်။ ဘာကြောင့်အဲ့လိုပြောတာလဲ။ ဒီမနက်ကပဲ မြင့်မြတ်မတ်စောက်တောင်ပေါ်မှာ သူ့ရဲ့တပည့်တွေကို သူရဲ့ကံမီးတောက် ပြသခဲ့သေးတယ်။ ဒါနဲ့ဆိုရင်သူက ကျင့်ကြံသူတွေအများစုက ကြယ်ပျံအိမ်တော်ထဲကို ထပ်ဝင်ဖို့ ကြိုးစားကြမှာ ကျိန်းသေတယ်”

လုကျိုးက အလွန်အမင်း မကျေမနပ်ဖြစ်သွား၏။ ကံကောင်းလို့ သူ့ကိုသတ်ခဲ့တဲ့အကြောင်း ငါမကြွားမိတာ။ မဟုတ်ရင် အတော်အနေခက်မှာပဲ။ ဒီယဲ့ကျန်းက တကယ်ကောက်ကျစ်တာပဲ။ ‌ရွှေရောင်ကြေးမုံကို သူ့ဆီမှာ သုံးဖို့အခွင့်အရေးတစ်ခုရှာပြီး သူက ဘယ်လိုနတ်ဆိုးလဲဆိုတာ ဖော်ထုတ်ရမယ်။

ရှားချန်းချိုးက ပြောလိုက်၏။

“ မုန့်ချန်းသုံကို ဒီခေါ်လာခဲ့ “

“နားလည်ပါပြီ “

မကြာမှီ၌ မုန့်ချန်းသုံကို ခန်းမကျယ်ထဲသို့ တပည့်နှစ်ယောက်က ခေါ်ဆောင်လာ၏။

စစ်ခုန်ပေချန်းနှင့် ပထမဆရာတော်နှစ်ပါးသည် မုန့်ချန်းသုံကို မှတ်မိကြ၏။

”မုန့်ချန်းသုံလား “

မုန့်ချန်းသုံသည် ခန်းမထဲတွင်စုဝေးနေသောလူများကို ကြည့်လိုက်၏။ သူသည် စစ်ခုန်ပေချန်းကို မြင်သောအခါ ထိတ်လန့်သွားပုံပေါ်သည်။ ‘ဒီတော့ မိုးမခတစ်ထောင်ဘုရားကျောင်းနဲ့ နဝမဘုံကျောင်းက တကယ်ပူးပေါင်းဆောင်ရွက်နေတာပဲ’

ရှားချန်းချိုးသည် ထိုစဉ်၌ မုန့်ချန်းသုံအား ကြယ်ပျံအိမ်တော်၏အသိပေးစာ လှမ်းပေးလိုက်သည်။

၎င်းကို ဖတ်ရှု့ပြီးနောက် မုန့်ချန်းသုံသည် ဒေါသထွက်သွားတော့၏။ သူသည် ကြေညာစာကို ဆုတ်ဖြဲပြီးနောက် ကျိန်ဆဲလိုက်တော့သည်”အဲ့ဒီကောက်ကျစ်တဲ့ ယဲ့ကျန်းကတော့ “

လုကျိုးက တည်တည်ငြိမ်ငြိမ် မုတ်ဆိပ်သပ်လိုက်လေ၏။

“မုန့်ချန်းသုံ မင်းသွားစရာနေရာမရှိတော့ဘူး။ မင်းအပြင်ထွက်သွားရင် မင်းရဲ့သေခြင်းတရားတွေဆီ ကမူးရူးထိုး ဝင်ရာပဲ ရောက်မယ်။ မင်းရဲ့အသက်က ကောင်းကင်အဆင့်လက်နက်တစ်ခုပဲ တန်တာ “

ထိုဖော်ပြချက်က နာကျင်စရာကောင်းသော်ငြား အမှန်တရားဖြစ်သည်။

“မင်းအတွက်နေရာတစ်ခု ပေးနိုင်တယ် “

ကျန်သည့်သူများသည် လုကျိုး ဘာစီစဉ်နေလဲဆိုတာသိချင်သွား၏။

လုကျိုးသည် မျက်နှာသေဖြင့်ပြောလိုက်သည်”မိုးမခတစ်ထောင်ဘုရားကျောင်းက လူ့စွမ်းအား လိုအပ်နေတယ်။ မင်းအသက်ရှင်ချင်တယ်ဆိုရင် မိုးမခတစ်ထောင်ဘုရားကျောင်းကို ဝင်ဖို့က မင်းရဲ့တစ်ခုတည်းသော ရွေးချယ်မှုပဲ “

မုန့်ချန်းသုံက မျက်လုံးအပြူးသားဖြစ်နေကာ တွေဝေနေတာ သိသာ၏။

ယောင်ချင်းချွမ်က ဝင်ပြောလိုက်တော့သည်။

“လုချန်ပေ့ ပြောတာမှန်တယ်။ မင်းသွားစရာနေရာ မရှိတော့ဘူး။ မင်းကို ဘယ်သူမှ မရှာနိုင်တဲ့ နေရာတစ်ခုမှာ ပုန်းနေမယ်လို့ စဉ်းတောင်မစဉ်းစားနဲ့။ ယဲ့ကျန်းရဲ့အရည်အချင်းနဲ့ဆိုရင် မင်းကိုရှာဖို့ သူ့အတွက် ခက်ခဲမှာမဟုတ်ဘူး။ ပြီးတော့ ဒီကြေညာစာက ထုတ်ပြန်ထားပြီးသား။ မင်းရဲ့နာမည်ကောင်းကို ထိန်းသိမ်းနိုင်မယ်လို့ ထင်နေလား။ မင်းစွပ်စွဲမှုတွေအတိုင်း နေသင့်ပြီ။ ဘာပြောဦးမလဲ မုန့်ချန်းသုံ “

ယောင်ချင်းချွမ်၏ စကားက ချက်ကောင်းကို ထိသွား၏။

ထိုစဉ် လုကျိုးသည် လက်ကိုဝှေ့ယမ်းလျက် မုန့်ချန်းသုံ၏ ကျင့်ကြံစဉ်ကို ပြန်ပေးလိုက်သည်။ မုန့်ချန်းသုံက ဇဝေဇဝါဖြစ်သွားသည်။

လုကျိုးသည် ထူးမခြားနားပြောလိုက်တော့၏။ မင်းအသက်ကို ချမ်းသာပေးမယ်လို့ ငါကတိပေးခဲ့တယ်။ အခု မင်းထွက်သွားလို့ရပြီ”

မုန့်ချန်းသုံသည် မည့်သည့်နေရာကို သွားနိုင်ဦးမည်နည်း။ သူသည် ကြယ်ပျံအိမ်တော်သို့ ပြန်ခဲ့လျှင် အသက်ရှင်လျက်မညှာမတာ ဝေဖန်ခံရလိမ့်မည်။ သူပုန်းနေခဲ့လျှင်လည်း ဝရမ်းပြေးတစ်ယောက်ကဲ့သို့ နေထိုင်ရလိမ့်မည်။ သူ့အသက်ကျောက်တုံးက ကြယ်ပျံအိမ်တော်တွင်ရှိသေး၏။ သူ့ကိုယ်သူ သတ်သေလိုက်ရမည်လော။ ကြယ်ပျံအိမ်တော်တွင် နေထိုင်ခဲ့သည့်အချိန်ကို ပြန်တွေးမိပြီး သူစိတ်မကောင်းဖြစ်သွားသည်။ နာရီပေါင်းများစွာ ကြာသွားသည်ဟု ထင်မှတ်ရပြီးနောက် သူနောက်ဆုံးတွင် အရိုအသေပေးလျက် ပြောလိုက်သည်။

“ လုချန်ပေ့ ကျွန်တော် နေပါ့မယ်။ ဒါပေမဲ့ တစ်ခုတောင်းဆိုပါရစေ “

“ဘာများလဲ “

“မိုးမခတစ်ထောင်ဘုရားကျောင်းက သေးတယ်။ ဒီမှာ တပည့်များများစားစား မရှိဘူး။ ဒါ့အပြင် ဆက်ခံသူရှာဖို့က အခက်တွေ့နေတာ။ ဒီနေရာမှာ ကြီးမားတဲ့ ကိစ္စတွေ အောင်မြင်ဖို့က ခက်ခဲလှတယ်” မုန့်ချန်းသုံက ပြောလိုက်သည်။

ရှားချန်းချိုးနှင့် ထျန်းပုကျိ ”……… “

အမှန်တရားသည် တစ်ခါတစ်ရံ၌ ထိခိုက်နာကျင်စေသည်။

ယောင်ချင်းချွမ်က အမြန်ပြောလိုက်၏။

“ဒီလိုဆိုရင် နဝမဘုံကျောင်းကို မင်းဝင်လို့ရတာပဲ “

သူအားနည်းနေပင်လျှင် မုန့်ချန်းသုံက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက် ဖြစ်နေသေး၏။ အများစုက သူ့ကိုခေါ်ယူရန် ကြိုးစားနေသေးသည်။

“မဟုတ်ဘူး လုချန်ပေ့ကို ကျုပ် ခစားချင်စိတ် ရှိတယ်”မုန့်ချန်းသုံက အရိုအသေပေးလျက် ပြောလိုက်သည်။

ကျန်သည့်သူများက ထိတ်လန့်သွားကြ၏။

ယောင်ချင်းချွမ်က ချက်ခြင်းပင် လက်လျော့လိုက်တော့သည်။ သူက သက်ပြင်းချလိုက်၏။

လုကျိုးက စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်တော့သည်။

” အရေအတွက်ထက် အရည်အသွေးကို ကြည့်။ နေရာ၊ ရာထူးတွေအားလုံးပြည့်နေပြီဆိုတော့ အကြီးအကဲတွေကို မလိုအပ်ဘူး။ မင်းက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ဆိုမှတော့ ငါ့ရဲ့မျှော်စင်မှာ အစောက်အရှောက်ရာထူး ပေးမယ်။ နေမလား၊ ထွက်သွားမလားဆိုတာ မင်းရဲ့ရွေးချယ်မှုပဲ”

စိတ်တိုစရာကောင်းပြီး မောက်မာထောင်လွှားလိုက်တာ။ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်က အကြီးအကဲတစ်ယောက် ဖြစ်ဖို့တောင် အရည်အချင်းမမီဘူး။ ဒီအဘိုးကြီးရဲ့ ဂိုဏ်းက ဘယ်လောက် အစွမ်းထက်နေတာလဲ။

ရှားချန်းချိုးက အတော်အနေခက်သွားသည်။ ဆန့်ကျင်ဘက်အနေဖြင့် မိုးမခတစ်ထောင် ဘုရားကျောင်းသည် ပြသရန် သင့်လျော်ဖို့ ခက်ခဲနေပုံရသည်။

“ ကျွန်တော် ခစားနိုင်ပါတယ်“

“တင်း လက်အောင်ငယ်သားတစ်ယောက်ရပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၁၀၀၀ “

ပွင့်ချပ်ရှစ်လွှာနှင့်အောက် ကျင့်ကြံသူများကို ခေါ်ယူခြင်းအတွက် မည်သည့်ဆုလာဘ်မှ ရမှာမဟုတ်ပေ။

“ဂုဏ်ပြုပါတယ် စောက်ရှောက်သူမုန့် “

“ဂုဏ်ပြုပါတယ် လုချန်ပေ့ “

ကျန်သည့်သူများက လက်သီး ဆုပ်မိုးလိုက်ကြ၏။ မုန့်ချန်းသုံက သက်ပြင်းချလိုက်တော့သည်။ သူသည် ပိုသေးသည့်ဂိုဏ်းသို့ သွားခဲ့လျှင်တောင် အနည်းဆုံးတော့ သူ့အသက်ကိုထိန်းထားနိုင်လိမ့်မည်။

လုကျိုးက မုန့်ချန်းသုံကို ကြည့်ပြီး ပြောလိုက်၏။

“ မင်းက ကြယ်ပျံကို ကောင်းကောင်းသိတာပဲ။ မင်းရဲ့အမြင်မှာ ဒီလက်ရှိအခြေနေကို ငါတို့ ဘယ်လိုဖြေရှင်းသင့်လဲ “

မုန့်ချန်းသုံက ပြောလိုက်၏။

”ကြယ်ပျံအိမ်တော်ရဲ့ ယဲ့ကျန်းတစ်ယောက်တည်းတင် ဖြေရှင်းဖို့ ခက်ခဲနေပြီ။ ယဲ့ကျန်းက အကြံအစည်တွေ အများကြီးရှိတဲ့ လူတစ်ယောက်။ သူ့ဆီမှာ လှည့်ကွက်တွေ အများကြီးရှိတယ်။ အိမ်တော်သခင် ရှန်ထျန်တုကတောင် သူ့ကိုဘာမှ မလုပ်နိုင်ဘူး။ သူ့ကို ကောင်းကင်သိုင်းခုံရုံးကလည်း ထောက်ပံ့ပေးထားတာ။ မိုးမခတစ်ထောင်ဘုရားကျောင်းနဲ့ နဝမဘုံကျောင်းကလည်း သူတို့ကို မယှဉ်နိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်ပြောစရာတစ်ခုရှိပါတယ်”

“ဆိုစေ “လုကျိုးက လက်ဝှေ့ယမ်းလိုက်၏။

စစ်ခုန်ပေချန်းနှင့် ကျန်သည့်ဆရာတော်နှစ်ပါးက တိတ်တဆိတ် နားထောင်နေကြသည်။

မုန့်ချန်းသုံသည် ပွင့်ပွင့်လင်းလင်းပြောလိုက်၏။

”ကောင်းကင်သိုင်းခုံရုံးက အရင်တုန်းက ရွှေကြာနယ်မြေကို စစ်ဆေးခဲ့တယ်။ အဲ့ဒီနေရာမှာ အကြီးမားဆုံးအဖွဲ့အစည်းက မိစ္ဆာဝေဟင်မျှော်နန်းလို့ သိတာ။ မိစ္ဆာဝေဟင်မျှော်နန်းသခင်က အခုချိန်မှာ လူတိုင်းလိုက်ဖမ်းနေတဲ့သူပဲ။ ဒါပေမဲ့သူက မိစ္ဆာတွေကို အကြိမ်ပေါင်းများစွာတိုက်ခိုက်ပြီး သူ့ရဲ့လူတွေကို ပံ့ပိုးပေးပြီးတဲ့နောက် ဟမ် ဘုရားကျောင်းသခင်ရှား၊ အကြီးအကဲထျန်း ဒီလိုထူးခြားတဲ့အမူအရာနဲ့ ကျုပ်ကို ဘာကြောင့်ကြည့်နေတာလဲ”

ရှားချန်းချိုးက လက်ဝှေ့ယမ်းလျက် ပြောလိုက်၏။

” ဘာမှမဟုတ်ပါဘူး။ အရင်တုန်းက မိစ္ဆာဝေဟင်မျှော်နန်းဆိုတာကို ကြားခဲ့ဖူးတယ်လို့ ခံစားမိရုံပါ။ ဒါပေမဲ့ အချိန်ကို မပြောနိုင်ဘူး။ ဆက်ပြောလေ “

မုန့်ချန်းသုံက ဆက်ပြော၏။

” ကျုပ်သိထားပုံအရ ကောင်းကင်သိုင်းခုံရုံက ကောင်းကင်ရထားလုံးကို တီထွင်ပြီးနေပြီ။ ရွှေကြာနယ်မြေရဲ့ မိစ္ဆာဝေဟင်မျှော်နန်းကို ဆက်သွယ်ဖို့ တစ်စုံတစ်ယောက် လွှတ်လိုက်လို့ရတယ်”

လုကျိုး၏ အမူအရာက အပြောင်းအလဲမရှိ ပြောလိုက်လေ၏။

“မင်းက အနီရောင်ကြာနယ်မြေကပဲ။ သိုးအုပ်ထဲကို ဝံပုလွေ ဖိတ်ခေါ်မိမှာ မစိုးရိမ်ဘူးလား “

မုန့်ချန်းသုံက ခေါင်းခါပြီးနောက် ပြောလိုက်သည်” ကျွန်တော်သိထားပုံအရ ရွှေကြာနယ်မြေရဲ့ ကျင့်ကြံသူတွေက ပွင့်ချပ်ကိုးလွှာအဆင့်ထိပဲ ကန့်သတ်ခံထားရတာ။ ပြောရရင် သူတို့က အစွမ်းမထက်ဘူး။ သူတို့တွေ အနီရောင်ကြာနယ်မြေကို ကျူးကျော်လာဖို့ဆိုတာ လက်တွေ့မကျဘူး။ ဒါပေမဲ့ ဒီမိစ္ဆာဝေဟင်မျှော်နန်းကို လျှော့တွက်လို့မရဘူးလေ။ သွေးနေမင်းကျောင်းတော်ရဲ့ ပွင့်ချပ်ကိုးလွှာ အနီရောင်ကြာကတ်မီးတောက်သိုင်းပညာရှင်ကို အဲ့ဒီမိစ္ဆာကြီးက သတ်လိုက်တာ ဖြစ်နိုင်တယ်”

ထိုစဉ် ရှားချန်းချိုးက ရုတ်တရက် ထုတ်ပြောလိုက်သည်။ “ကျုပ်အခု မှတ်မိသွားပြီ “

“………… “

ကျန်သည့်သူများက ထိတ်လန့်၊ အံ့အားသင့်ကုန်၏။ သူတို့သည် သူ့ကို သိချင်စိတ်ဖြင့် ကြည်နေကြသည်။

“ ဘာကို မှတ်မိတာလဲ “

“ကျုပ် ကျုပ်ထင်တာ မိစ္ဆာဝေဟင်မျှော်နန်းရဲ့သခင်က လုချန်ပေ့ပဲ “

“……. “

တရားမျှတရေးခန်းဆောင်ထဲ၌ တိတ်ဆိတ်မှုက ကျရောက်လာသည်။ လုကျိုး၏ အမူအရာသည် အပြောင်းအလဲမရှိဘဲ သူသည် ဝန်ခံခြင်းလည်းမရှိ၊ ငြင်းပယ်ခြင်းလည်း မပြုခဲ့ပေ။ ထိုအစားသူက မတ်တတ်ထရပ်ပြီး ပြောလိုက်၏။

” ဆက်ဆွေးနွေးခဲ့ကြ၊ ငါပင်ပန်းနေပြီ”

ငါပြန်သွားပြီး ငါ့ရဲ့ ထူးကဲအံ့ဖွယ်စွမ်းအားကို ဖြေရမယ်။ လုကျိုးသည် လက်နောက်ပစ်လျက် ထွက်သွားတော့သည်။

ရှားချန်းချိုးသည် ကျီဖုန်းရှင်းကို ချက်ချင်းဆင့်ခေါ်ပြီးနောက် မေးလိုက်သည်။

”ဖုန်းရှင်း လုချန်ပေ့က မင်းကို ခေါ်ချင်တဲ့အချိန်တုန်းက သူက အဲဒါဘယ်ဂိုဏ်းလို့ ပြောခဲ့လဲ “

ကျီဖုန်းရှင်းက ခေါင်းကုပ်ပြီးနောက် ပြောလိုက်သည်

” ကျွန်တော်ထင်တာတော့ မိစ္ဆာ မိစ္ဆာဝေဟင်မျှော်နန်းလား တစ်ခုခုပဲ “

မုန့်ချန်းသုံ ”………. “

အနေခက်လိုက်တာ။

ဤနေရာထိ ကျီဖုန်းရှင်းအနောက်မှ လိုက်လာသော ဝူဝူက နှုတ်ခမ်းဆူလျက် ပြောလိုက်သည်။

”အဲဒါ မိစ္ဆာဝေဟင်မျှော်နန်း ။ အစ်မယွမ်အာက အဲ့ဒီအကြောင်း ကျွန်မကို အမြဲတမ်းပြောပြနေတာ”

ကျန်သည့်သူများက စိတ်ဝင်တစားဖြစ်ကုန်၏။ ပွင့်ချပ်ဆယ်လွှာ စစ်ခုန်ပေချန်းတောင် သိချင်သွားသည်။

“သူဘာပြောလဲ “

ဝူဝူသည် ရှောင်ယွမ်အာကို တုပရန် အကောင်းဆုံးကြိုးစားလိုက်၏။

“ငါ့မှာ ရှစ်ရှိုးရှစ်ယောက်နဲ့ ရှစ်မေ့တစ်ယောက်ရှိတယ်။ သူတို့ထဲက ဘယ်သူမဆို နင့်ခေါင်းကို အလွယ်တကူ ရိုက်ခွဲနိုင်တယ်”

“……… “

…

အခန်း (၇၇၄) တိမ်တိုက်တောင် ၁၂ဂိုဏ်း၏ အမျက်ဒေါသ

တကယ်လား။ သူတို့က အဲ့လောက်တောင် အားကောင်းတယ်လား...

ဝူဝူက အားလုံး၏ မျက်နှာအထက်မှ အမူအရာကို မြင်လိုက်သည့်အခါ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောလိုက်သည်။

” ကျွန်မက သူ ပြောတဲ့ဟာကိုပဲ ပြန်ပြောပြတာ "

ထိုလူများအကြား မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း အသိဆုံးသူမှာ မုန့်ချန်းသုံသာ ဖြစ်၏။ ကောင်းကင်သိုင်းပညာခုံရုံး ရရှိသည့် သတင်းအများစုကို ကြယ်ပျံအိမ်တော်ဆီ ပို့ဆောင်ပေးလိမ့်မည်။ ဂိုဏ်း ၂ဂိုဏ်းက လွန်ခဲ့သည့်နှစ် ၃၀၀ခန့်ကတည်းက အတူတကွ တွဲလုပ်ခဲ့ကြသည်။ မုန့်ချန်းသုံက ပထမဆုံးကျင့်ကြံသူအုပ်စုဖြစ်သည့် ရွှေကြာနယ်မြေဆီ သွားရောက်သည့် ကျန့်ဝမ်ရွှီပါဝင်နေသည့် အချိန်ကတည်းက စတင်ရှိခဲ့ခြင်း ဖြစ်သည်။

မုန့်ချန်းသုံက ဝူဝူအား ကြည့်ကာ မေးလိုက်၏” သေချာရဲ့လား။ မိစ္ဆာဝေဟင်မျှော်နန်းက ရွှေကြာနယ်မြေမှာ အတော်လေးနာမည်ကြီးတယ်။ တော်တော်များများက သူတို့ကို အတုခိုးနိုင်တယ်”

ရှာချန်းချိုးက မုန့်ချန်းသုံ၏ စကားများကြောင့် ဆွံ့အသွား၏။

သူက ဝင်ပြောလိုက်သည်။

" ဒီလုချန်းပေ့က မိစ္ဆာဝေဟင်မျှော်နန်းသခင်ကို အယောင်ဆောင်နေတယ်လို့ ပြောချင်တာလား”

" မဟုတ် … မဟုတ်ပါဘူး” မုန့်ချန်းသုံက သူသည် စကားမှားပြောသွားကြောင်း သဘောပေါက်သွား၏။

လုကျိုး၏ ခွန်အားနှင့် ကျင့်ကြံဆင့်အရ သူ့ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတပည့် ၂ယောက်ကိုပါ ထည့်ပေါင်းလိုက်လျှင် တခြားတစ်ယောက်ကို အယောင်ဆောင်ဖို့ မည်သို့လိုအပ်မည်နည်း။

ကျီဖုန်းရှင်းက အသိအမှတ်ပြုကာ ပြောလိုက်သည်။

” ဒါက သိုသိုသိပ်သိပ် နေတယ်လို့ ခေါ်တယ်။ အခုက အနီရောင်ကြာနယ်မြေထဲမှာ ရောက်နေတာဆိုတော့ သာမန်ရွှေကြာ ကျင့်ကြံသူတွေ အနေနဲ့ အမဲလိုက်မခံရရင်တောင် သူတို့ကိုယ်သူတို့ ကံကောင်းနေပြီ”

တခြားသူများက ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။ သူတို့အားလုံးက အနီရောင်ကြာ ကျင့်ကြံသူများ ဖြစ်သော်လည်း ရွှေကြာနယ်မြေ၏ အကြီးမားဆုံး မိစ္ဆာအိုကြီးနှင့် အတူတကွ အလုပ်တွဲလုပ်နေသည်လား။

ဤသည်က ကျားဂူထဲ ဝင်ပုန်းနေသလို ဖြစ်မနေဘူးလား …

သူတို့က မှန်ကန်သည့် ရွေးချယ်မှု လုပ်ခဲ့သည်လား မသေချာပေ။ သို့သော်လည်း သေခြင်းတရားနှင့် ရင်ဆိုင်ရသည့်အခါ အံကြိတ်ပြီး ရှေ့ဆက်တိုးရုံမျှသာ တတ်နိုင်၏။

စစ်ခုန်ပေချန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

” အစ်ကိုလုရဲ့ အနီရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန်ကို မြင်ဖူးတယ်။ အဲဒါကိုရော ဘယ်လို ရှင်းပြမှာလဲ”

ကျီဖုန်းရှင်းက ကြောင်အမ်းသွားသည်။ သူက ထိုအတွက် အဖြေမရှိပေ။

ရှားချန်ချိုးက ဖြည်းဖြည်းချင်း ပြောလိုက်၏။

” လုချန်းပေ့က အပြာရောင်ကြာကိုလည်း ဖွဲ့စည်းနိုင်ခဲ့တာ မဟုတ်ဘူးလား "

အားလုံးက အတွေးနက်သွားကြသည်။

အဆုံးသတ်တွင် ရှားချန်ချိုးက ပြုံးကာ ပြောလိုက်၏။

” ငါတို့တွေ အနေနဲ့ ဒီလို နက်နက်နဲနဲ စဥ်းစားနေစရာ မလိုဘူးလို့ ထင်တယ်။ တကယ်လို့ လုချန်းပေ့က အဲ့လို အပြုအမူတွေ လုပ်ဖို့ တုံ့ဆိုင်းနေတဲ့သူ မဟုတ်ဘူးဆိုရင် မိုးမခတစ်ထောင်ဘုရားကျောင်းနဲ့ စိတ်အနှောင့်အယှက် ဖြစ်နေစရာ မလိုဘူး”

သူက တခြားသူများ သူ့ကို ကြည့်နေသည်ကို မြင်သည့်အခါ ကျယ်လောင်စွာ ပြောလိုက်၏” အမှန်တိုင်းပြောရရင် ခင်ဗျားတို့ အားလုံးက ကျုပ်နဲ့ မိုးမခတစ်ထောင်ဘုရားကျောင်းကို အထင်သေးတယ်ဆိုတာ သိတယ်။ ကျုပ်က အားမကောင်းသလို ကျုပ် ကျင့်ကြံဆင့်ကလည်း အားနည်းတယ်။ ဒါပေမဲ့ ဒီမိုးမခတစ်ထောင်ဘုရားကျောင်းကို အသက်ရှင်သန်ဖို့ ဘာမဆိုလုပ်မယ်ဆိုတာ အာမခံနိုင်တယ်။ လူတိုင်းက သူတို့ ဘဝမှာ ဘာလိုချင်တယ်ဆိုတာကို သိသင့်တယ်”

ရှားချန်ချိုးက ဆက်ပြောလိုက်၏။

" အသိပညာဆိုတာက အသေးစိတ်ကျတယ်။ လုချန်းပေ့ မိုးမခတစ်ထောင်ဘုရားကျောင်းဆီ ရောက်လာတုန်းက ကျီဖုန်းရှင်းက လုချန်းပေ့ရဲ့ ဒုတိယတပည့်ဖြစ်တဲ့ ယွီရှန်းရုန်ကို ကာကွယ်ဖို့ သူ့အသက်ကို စွန့်စားလိုခဲ့တယ်။ အဲဒီအချိန်တုန်းက လုချန်းပေ့က ကျီဖုန်းရှင်းကို သဘောကျသွားပြီးတော့ သူ့ကို လက်ခံချင်ခဲ့သေးတယ်။ အားလုံး ကျုပ်က ဗဟုသုတအကြွယ်ဝဆုံးဆိုတာ မဟုတ်မှန်းသိပေမဲ့ ကျီဖုန်းရှင်းရဲ့ ပါရမီနဲ့ အုတ်မြစ်အရ လုချန်းပေ့က သူ့ကို ဘာလို့ခေါ်ယူချင်တယ် ထင်လဲ”

" ဘာလို့လဲ "

ခန်းမတစ်ခုလုံးက သုဿန်တစပြင်အလား တိတ်ဆိတ်သွား၏။

ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ စစ်ခုန်ပေချန်းပင် ခေါင်းငုံ့သွားသည်။ သူက ကြမ်းပြင်ကို ကြည့်နေရင်း အတွေးနက်နေ၏။

မုန့်ချန်းသုံက လုကျိုး၏ စကားများကို အမှတ်ရကာ နေရခက်လာမိသည်။ အကယ်၍ လူတစ်ယောက်က အသိစိတ်မရှိဘဲ ပြစ်မှု ကျူးလွန်နေပါက ထိုပညာရှင်များသည် သူ့နောက်ကို လိုလိုလားလား လိုက်ကြမည် မဟုတ်ပေ။

ရှားချန်ချိုးက ဆက်ပြောလိုက်သည်” အခု အခြေအနေက ရှင်းလင်းသွားပြီ။ အားလုံးကလည်း စိတ်ဆုံးဖြတ်ပြီးကြပြီလို့ ထင်တယ်။ အခု ဦးတည်ရာကို ဆုံးဖြတ်ပြီးမှတော့ ကျုပ်တို့တွေ တုံ့ဆိုင်းနေစရာ မလိုတော့ဘူး။ ဒီလောကမှာ ဘာမှနောင်တရစရာ မရှိဘူး။ တကယ်လို့ လုချန်းပေ့က ကျုပ်တို့ အားလုံးကို လက်ခံချင်တယ်ဆိုရင် ကျုပ်က မိုးမခတစ်ထောင်ဘုရားကျောင်းကို ဖျက်သိမ်းပြီးတော့ မိစ္ဆာဝေဟင်မျှော်နန်းကို အားလုံးကို ဝင်ခွင့်ပြုတယ်။ လုချန်းပေ့က ကျုပ်တို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ပဲ”

တကယ်တော့ ရှားချန်ချိုး၏ စကားများက နဝမမြောက်ဘုံကျောင်းမှ လူများ၏ အတွေးနှင့် ထပ်တူကျနေသည်။

တခြားသူများကလည်း ခေါင်းညိတ်လိုက်ကြသည်။

မုန့်ချန်းသုံက တစ်စုံတစ်ခုကို အမှတ်ရသွားကာ ကျီဖုန်းရှင်းကို ကြည့်ကာ မေးလိုက်၏” အဲဒီ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ၂ယောက်က လုချန်းပေ့ရဲ့ တပည့်တွေလား "

ကျီဖုန်းရှင်းက ခေါင်းညိတ်ကာ ပြောလိုက်၏” မိစ္ဆာဝေဟင်မျှော်နန်းမှာ တပည့်ဆယ်ယောက်ရှိတယ်။ ယွီကျန့်ဟိုင်က ပြိုင်ဘက်ကင်းအဆင့် နဂါးသွဲ့ကျောက်ဓားကို ကိုင်ဆောင်ပြီးတော့ လက်တလောလေးက ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်လာခဲ့တယ်။ သူက ဓားမော့ကို ကျွမ်းကျင်ပြီးတော့ သူ့တိုက်ကွက်တွေက ပင်လယ်ပြင်က လှိုင်းလုံးတွေလိုမျိုး ကြီးကျယ်ခမ်းနားတယ်။ မိန်းကလေးယွမ်အာ ပြောစကားအရတော့ သူက သူ့ဂိုဏ်းမှာ အဖွဲ့ဝင် ၁သိန်းကျော် ရှိပြီးတော့ ရွှေကြာနယ်မြေက စီရင်စု ကိုးစုကို အုပ်စိုးခဲ့တယ်တဲ့”

ယောင်ချင်းချွမ်က လက်နှစ်ဖက်ယှက်ကာ နေရခက်စွာ ပြောလိုက်၏။

” ကျောင်းထိုင် သူက ခုံလုကို ဒုက္ခဖြစ်စေခဲ့တဲ့ သူပါ”

ခုံလုက နဝမမြောက်ဘုံကျောင်း၏ အကြီးအကဲဖြစ်၏။ ယွီကျန့်ဟိုင်က အနီရောင်ကြာနယ်မြေသို့ ရောက်လာစဥ် သူတို့က ပဋိပက္ခတချို့ ဖြစ်ကာ တိုက်ခိုက်ခဲ့ကြသည်။ သို့သော်လည်း စစ်ခုန်ပေချန်းက ခုံလုအား ရိုက်နှက်ခြင်းဖြင့် သေဒဏ်ပေးလိုက်ပြီဖြစ်သည်။ ထို့ကြောင့် သူက ထိုအကြောင်းကို ဖော်ပြခဲသည်။ သို့သော်လည်း ယွီကျန့်ဟိုင်၏ အင်အားက သိသာလှသည်။

" မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဒုတိယတပည့် ယွီရှန်းရုန်က ကောင်းကင်အဆင့် အသက်ရှည်ဓားကို ကိုင်ဆောင်တယ်။ သူက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူပဲ။ ဓားရေးမှာ ကျွမ်းကျင်ပြီးတော့ သူ့တိုက်ကွက်တွေက မိုးလိုမျိုး အဆုံးအစ မရှိဘူး။ သူ မသတ်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူးလို့ ကြားတယ်”

စစ်ခုန်ပေချန်းနှင့် ယောင်ချင်းချွမ်တို့ က ယွီရှန်းရုန်၏ ဓားလမ်းစဥ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ကြဖူးသည်။

" သူ့ဓားလမ်းစဥ်က တကယ်ကို ပြိုင်ဘက်ကင်းတယ်လို့ ပြောလို့ရတယ် "

စစ်ခုန်ပေချန်းက ချီးကျူးလာပြီဖြစ်ရာ မည်သူကမျှ ယွီရှန်းရုန်ကို လျှော့တွက်ရဲမည်နည်း။

မုန့်ချန်းသုံက တံတွေးမျိုချကာ ပြောလိုက်၏” ဒီနှစ်ယောက်ရဲ့ ကျင့်ကြံဆင့်က ကြောက်ဖို့ကောင်းနေတာ အံ့သြစရာ မဟုတ်တော့ဘူး။ ကျုပ်တို့ မိုးမခတစ်ထောင်ဘုရားကျောင်းဆီ သုတ်သင်ဖို့ ရောက်လာတုန်းက တိမ်တိုက်တောင် ၁၂ဂိုဏ်းရဲ့ ကျင့်ကြံသူ ရှဲ့ရွှမ်းက သူတို့အတွက် ပြိုင်ဘက်မဟုတ်ခဲ့ဘူး”

ကျောက်ကျန်းဟယ်က ပြောလိုက်သည်” ဘာပဲဖြစ်ဖြစ် ကျင့်ကြံရေးလမ်းစဥ်မှာ ပထမကျွမ်းကျင်တဲ့သူက ကြီးမြတ်မှုကို ရရှိတာပဲလေ။ လေးစားသမှု အနေနဲ့ သူ့ကို အခုကစပြီး ဆရာကြီးလို့ ခေါ်သင့်တယ် "

" စစ်ခုန်ချန်းပေ့ကလွဲရင် ကျုပ်တို့ အားလုံးက ဒီနေရာကို လိုက်နာဖို့ ရောက်နေကြတာ "

သူတို့က သူတို့အချင်းချင်းကြားမှ ကွာဟချက်ကို လက်ခံကာ ဇစ်မြစ်များနှင့် ပတ်သက်ပြီး ရှင်းလင်းခဲ့သည်။

တခြားသူများကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။

စစ်ခုန်ပေချန်းက သူ့ဝန်ထုပ်ဝန်ပိုး ပေါ့သွားသလို ခံစားမိလိုက်သည်။ သူက ကံမီးတောက်နှင့် ပတ်သက်ပြီး စိုးရိမ်စရာ မလိုတော့သော်လည်း ပြန်လည်အနားယူဖို့ လိုအပ်နေ၏။ ထို့ကြောင့် သူက ထကာ ပြောလိုက်သည်” အစ်ကိုလုဆီ ကျေးဇူးတင်ကြောင်း ပြောပေးပါ။ အခုတော့ သွားလိုက်ဦးမယ် "

" စစ်ခုန်ချန်းပေ့ ကောင်းကောင်းအနားယူပါ "

တခြားသူများက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်ကြသည်။

ယောင်ချင်းချွမ်နှင့် ကျောက်ကျန်းဟယ်တို့က စစ်ခုန်ပေချန်း နောက်မှ လိုက်ကာ တရားမျှတရေးခန်းမဆောင်မှ ထွက်လာလိုက်ကြသည်။ ထိုသုံးဦးက ရထားလုံးပျံဖြင့် ထွက်ခွာသွားကြ၏။

....

မြင့်မြတ်မတ်စောက်တောင်၏ အလယ်တောင်ထိပ် လေ့ကျင့်ရေးခန်းအတွင်း အင်မတန် တိတ်ဆိတ်နေသည်။

ယဲ့ကျန်းက လက်ဝါးကို ဖြန့်ကာ ပေါင်ပေါ်တင်လိုက်သည်။ သူက ကျင့်ကြံနေသည့်အတွင်း မျက်လုံးများကို မှိတ်ထားလေ၏။

နံရံပေါ်ရှိ ရူ သင်္ကေတက အနီရောင်တောက်ပလာကာ သူ့အသက်ရှူနှုန်းနှင့် ရှေ့ဆင့်နောက်ဆင့် ဖြစ်နေလေသည်။

သိပ်မကြာခင် အက္ခရာစည်းတံဆိပ်များက ပေါ်ထွက်လာပြီး သူ့အနား ရစ်ဝဲလာ၏။

...

မြင့်မြတ်မတ်စောက်တောင်၏ တောင်ဘက် မိုင် ၂၀ အကွာ ကောင်းကင်အထက်တွင် အစိမ်းဝတ် ကောင်းကင်ကျင့်ကြံသူ အယောက် ၃၀က မြင့်မြတ်မတ်စောက်တောင်ဆီ ပျံသန်းလာနေကြသည်။

...

ထိုစဥ် ကျန့်ရှောင်ရှန်းက လေ့ကျင့်ရေးခန်းအပြင်ဘက်သို့ ရောက်ရှိလာသည်။ သူက သူ့ကိုယ်သူ ဦးညွတ်ကာ ပြောလိုက်သည်” ရှစ်စွင်း … တိမ်တိုက်တောင် ၁၂ဂိုဏ်းရဲ့ နျဲ့ချီက တွေ့ခွင့်တောင်းပါတယ် "

ယဲ့ကျန်းက မျက်လုံးဖြည်းဖြည်းချင်း ပွင့်လာကာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏” အထဲဝင်ခိုင်းလိုက် "

" ဟုတ်ကဲ့ "

သူက မျက်လုံး ပြန်မှိတ်သွားသည်။ အစိမ်ဝတ် ကျင့်ကြံသူ အယောက် ၃၀ က မြင့်မြတ်မတ်စောက်တောင်ဆီ ပျံလာပြီးနောက် အလယ်တောင်ထိပ်ရှိ လေ့ကျင့်ရေးအခန်းအတွင်း ဝင်ရောက်လာကြသည်။

ကျန့်ရှောင်ရှန်းက တံခါးဖွင့်ကာ ပြောလိုက်၏။

” ဒီလမ်းပါ "

အယောက် ၃၀က လေ့ကျင့်ရေးအခန်းအတွင်း ဝင်ရောက်လိုက်ကြသည်။

သူတို့က ယဲ့ကျန်းသည် ရူသင်္ကေတရှေ့ မျက်လုံးမှိတ်လျက် ထိုင်နေသည်ကို မြင်လိုက်ရသည့်အခါ စိတ်တိုသွားကြသည်။

" ယဲ့ကျန်း မင်းက ဒီလို အခြေအနေမျိုးမှာ ဘယ်လိုလုပ် ကျင့်ကြံနေနိုင်တာလဲ " ဦးဆောင်လာသည့် နျဲ့ချီက ပြောလိုက်သည်။

ယဲ့ကျန်းက မျက်လုံးဖွင့်မကြည့်ဘဲ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်” ကျုပ်က နှလုံးသားကနေ ချီကို ပြုစုပျိုးထောင်နေတာ။ ဒီနှလုံးသားက တည်ငြိမ်ဖို့ လိုအပ်တယ်လေ။ တကယ်လို့ ကျုပ်က မတည်ငြိမ်နေရင် ချီကို ဘယ်လိုလုပ် ပြုစုပျိုးထောင်နိုင်ပါ့မလဲ”

အစိမ်းဝတ် ကျင့်ကြံသူတစ်ယောက်က ပြောလိုက်၏” ခင်ဗျားနဲ့ ပြောလို့ရမယ်လို့ မထင်ဘူး။ အိမ်တော်သခင်ချန်က ဘယ်မှာလဲ။ သူနဲ့ပဲ တိုက်ရိုက်ပြောမယ်”

ယဲ့ကျန်းက မျက်လုံးဖြည်းဖြည်းချင်း ဖွင့်လာကာ ချီအားဖြည့်နေခြင်းကို ရပ်တည့်လိုက်၏။ သူ့က လက်မြှောက်ကာ ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။

" အိမ်တော်သခင်က အခုနေလို့ မကောင်းဘူး။ သူက ဧည့်သည်လက်ခံနိုင်တဲ့ အနေအထား မဟုတ်ဘူး။ ဒီကြယ်ပျံအိမ်တော်ရဲ့ ကိစ္စအဝဝကို ကျုပ်ပဲ တာဝန်ယူထားတာ”

" ခင်ဗျား မဖြစ်နိုင်တာ။ ခင်ဗျားက ၁၂ဂိုဏ်းရဲ့ အကြီးအကဲ ရှဲ့ရွှမ်း သေဆုံးမှုကို တာဝန်ရှောင်လို့ မရဘူး။ ဒါကို ဘယ်လို ဖြေရှင်းပေးမှာလဲ” နောက်ထပ် အစိမ်းဝတ် ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။

" ကြည်လင်နေတဲ့ ကောင်းကင်ကတောင် မုန်တိုင်းဖြစ်ပေါ်လာနိုင်သေးတာဆိုတော့ လူတစ်ယောက်ရဲ့ ကံကြမ္မာက ရာသီဥတုလိုမျိုး မှန်းဆလို့ မရဘူးလေ။ အကြီးအကဲ ရှဲ့ရွှမ်းရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး နှမျောမိပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ တိမ်တိုက်တောင် ၁၂ဂိုဏ်းဆီ ကျေနပ်လောက်တဲ့ ရှင်းပြချက်မျိုး ပေးပါ့မယ်” ယဲ့ကျန်းက ပြောလိုက်သည်။

နျဲ့ချီက ယခု တခြားသော ကျင့်ကြံသူများနှင့်စာလျှင် တည်ငြိမ်နေ၏။ သူက ပြောလိုက်သည်။

" ယဲ့ကျန်း … အကြီးအကဲရှဲ့က ကျုပ်တို့ ၁၂ဂိုဏ်းမှာ ရှားပါးတဲ့ ပါရမီရှင်ပဲ။ ဒီကြယ်ပျံအိမ်တော်ရဲ့ မုန့်ချန်းသုံက သူ့ဂိုဏ်းကို သစ္စာဖောက်ပြီးတော့ ရှဲ့ရွှမ်းကို လုပ်ကြံခဲ့တယ်။ နယ်ခြားမျိုးနွယ်ဝင်တွေက သူတို့ ရည်မှန်းချက်ကို လုပ်ဆောင်တဲ့ပုံလိုမျိုးပဲ။ ဒါကိုရော ဘယ်လိုရှင်းပြမှာလဲ”

ယဲ့ကျန်းက ပြုံးလိုက်ပြီး ပြောလိုက်သည်။

” အကြွေးအားလုံးအတွက် အကြွေးရှင်ဆိုတာ ရှိတယ်။ ခင်ဗျားတို့အားလုံးက ဒီကို ပြဿနာ ဖြေရှင်းဖို့ ရောက်နေကြတာ။ ပြဿနာ ဖန်တီးဖို့ မဟုတ်ဘူး။ တကယ်လို့ ဒေါသဖြစ်တာက တည်ငြိမ်စေမယ်ဆိုလည်း ဆက်လုပ်ကြပါ”

သူက ပြောလိုက်ပြီးသည့်နောက်တွင် မျက်လုံးမှိတ်ကာ ပေါင်ပေါ် လက်တင်ထားလိုက်သည်။

ယဲ့ကျန်း၏ လက်ဝါးကြားမှ သင်္ကေတစည်းတံဆိပ်များ ပေါ်ထွက်လာကာ သူအနား ရစ်ဝဲနေ၏။

စိတ်တိုနေပြီးသား အစိမ်းဝတ် ကျင့်ကြံသူများက ပိုမို စိတ်တိုလာကြသည်။

လူငယ် အစိမ်းဝတ် ကျင့်ကြံသူတစ်ယောက်က သူ့ဒေါသကို မထိန်းနိုင်ဘဲ ကြမ်းပြင်ပေါ် ခြေဆောင့်လိုက်၏။

ဘန်း

သစ်သားကြမ်းပြင်က ခြေဆောင့်ဒဏ်ကို မခံနိုင်ပေ။ ကျင့်ကြံသူ၏ ခြေထောက်က ကြမ်းပြင်ကို အလွယ်တကူ ထိုးဖောက်သွား၏။

" ယဲ့ကျန်း ခင်ဗျား ကျုပ်တို့ကို ရှင်းပြသင့်တယ်။ ခင်ဗျားက ကြက်ပျံတစ်ကောင်လောက် သတ်လိုက်ရုံနဲ့ အားလုံးကို လျှော့တွက်လို့ရမယ်လို့ ထင်မနေနဲ့။ ခင်ဗျားက အဲ့လောက်ကြီးကျယ်နေတာ မဟုတ်ဘူး”

တိမ်တိုက်တောင် ၁၂ဂိုဏ်း၏ အဓိက ရည်ရွယ်ချက်က ရှဲ့ရွှမ်းအတွက် တရားမျှတမှုကို လာရောက်ရှာဖွေခြင်းဖြစ်မှန်း သိသာလှသည်။

ယဲ့ကျန်းက တောင်တစ်ခုလို မလှုပ်မယှက် ကျန်ရှိနေ၏။

သူ့အနားတွင် သင်္ကေတများက မှေးမှိန်သွားသည်။

သူက ဆက်လက်ကျင့်ကြံနေ၏။

နျဲ့ချီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

” ယဲ့ကျန်း မင်းက ဘာကို သက်သေပြဖို့ ကြိုးစားနေတာလဲ”

ယဲ့ကျန်းက မျက်လုံးပွင့်လာ၏။ သူက ပျက်စီးနေသည့် ကျမ်းကို ကြည့်ကာ အကြည့်ရွေ့လျားလာသည်။ သူ့အကြည့်က အတွေးကို ထင်ဟပ်နေ၏။ ထို့နောက် သူက အသံခပ်တိုးတိုးဖြင့် ပြောလိုက်သည်။

” ကျုပ် ရှင်းပြချက်က ရိုးရှင်းတယ်။ ခင်ဗျားတို့လည်း ရှဲ့ရွှမ်းနောက် လိုက်ကြပေါ့ "

ဝုန်း

လေ့ကျင့်ရေးအခန်း၏ သစ်သားတံခါးများက ရုတ်ချည်းဆိုသလို ပိတ်သွားလေသည်။ သူတို့အနားရှိ ရှုခင်းပန်းချီကားချပ်များက ပင်လယ်သဖွယ် ဖြစ်လာ၏။ သင်္ကေတစည်းတံဆိပ်များက ယဲ့ကျန်း၏ ခန္ဓာကိုယ်အတွင်း ဝှေ့ဝဲနေသည်မှလွဲ၍ အနီရောင်စွမ်းအားများလည်း ပေါ်ထွက်လာသည်။

" ယဲ့ကျန်း မင်းလုပ်ရဲတယ်လား "

ဝှစ် ဝှစ် ဝှစ်

အစိမ်းဝတ် ကျင့်ကြံသူအယောက် ၃၀က သူတို့၏ စိတ်ဝိညာဥ်သဏ္ဌာန်များကို ချက်ချင်းထုတ်ဖော်လိုက်ကြသည်။

ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူ ၃ယောက်၊ ပွင့်ချပ်ခြောက်လွှာ ကျင့်ကြံသူ ၁၀ယောက်နှင့် ကျန့်ရှိနေသည့်သူများက ပွင့်ချပ်ငါးလွှာအောက် ဖြစ်ကြသည်။ သူတို့အားလုံးက နတ်ဝိညာဥ်ဝဋ်ကြွေးချေအဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။

ကျင့်ကြံသူများစွာက ယဲ့ကျန်းဆီ တစ်ပြိုင်နက် ပြေးဝင်သွားကြသည်။ တခြားသူများကမူ ရှုခင်းပန်းချီကားများဆီ ပြေးဝင်သွားကြ၏။

ယဲ့ကျန်း၏ အကြည့်များက ရေလိုမျိုး တည်ငြိမ်နေကာ လက်ကို ဆန့်ထုတ်လိုက်သည်။ သူက ချုပ်တည်းမထားဘဲ အကြွင်းမဲ့ကောင်းကင်အစီအရင်ကို ထုတ်လွှင့်လိုက်သည်။

ဘန်း ဘန်း ဘန်း

ယဲ့ကျန်းအပေါ် လက်ဝါးစည်းတံဆိပ်မြောက်များစွာ ကျရောက်လာသော်လည်း သူတို့က ရေကို ထိရိုက်သလိုမျိုးသာ ဖြစ်ပေါ်နေ၏။ တိုက်ကွက်က သက်ရောက်မှု မရှိပေ။

အနောက်ဘက်တွင် ရပ်နေကြသည့် ကျင့်ကြံသူများက လေ့ကျင့်ရေးအခန်းကို ဖျက်ဆီးဖို့ ကြိုးစားနေကြသည်။ သို့သော်လည်း သူတို့၏ အင်အားက သိသိသာသာ အားနည်းလာကြောင်း ခံစားမိလိုက်ကြသည်။ သူတို့ တတ်နိုင်သည့်အရာ မရှိပေ။ သူတို့၏ စိတ်ဝိညာဥ်သဏ္ဌာန်က လေ့ကျင့်ရေးခန်းအတွင်း ပိတ်မိနေ၏။

လေ့ကျင့်ရေးခန်းအပြင်ဘက်၌ အထဲတွင် တိုက်ပွဲဖြစ်နေတာ မဟုတ်သကဲ့သို့ တိတ်ဆိတ်နေ၏။

နျဲ့ချီက မျက်မှောင်ကြုတ်လိုက်သည်။ သူက လက်နှစ်ဖက်ကို ပူးကာ စွမ်းအားအကုန် ထုတ်လွှတ်လိုက်၏။

" ယဲ့ကျန်းကို သတ်ကြ "

" ဟုတ်ကဲ့ "

အစိမ်းဝတ် ကျင့်ကြံသူများက ချက်ချင်းချီတက်သွားကြသည်။

ထိုစဥ် ယဲ့ကျန်းက သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်၏။

All Chapters