← Chapters

အခန်း (၇၇၅-၇၇၇)

Vol. 52 Ch. 775-777

အခန်း (၇၇၅-၇၇၇)

Vol. 52 Ch. 775-777

အခန်း ( ၇၇၅ ) ယဲ့ထျန်းရှင်း၏မိုးကြိုးကပ်ဘေး

စိတ်ဝိညာဉ်သဏ္ဌာန် ပေါ်လာသောအခါ နျဲ့ချီနှင့် ဝတ်ရုံစိမ်းကျင့်ကြံသူများသည် ထိတ်လန့်မှုကြောင့် မျက်လုံးပြူးကျယ်ကုန်၏။

“ဒါက “

စိတ်ဝိညာဉ်သဏ္ဌာန်၌ ခေါင်းကိုးလုံးရှိသည်။ ဦးခေါင်းများသည် အစွယ်တငေါငေါနှင့် လက်သည်းများကို ထုတ်ကာ ဝှေ့ယမ်းနေပြီး အနီရောင်နဂါးများနှင့် မြွေနဂါးများပမာ ရက်စက်ကြမ်းကြုတ်ပုံပေါ်၏။

“ကိုးကောင်ပေါက်လား “နျဲ့ချီက နောက်သို့လွင့်ထွက်သွားသည်။ သူ၏မျက်လုံးထဲ၌ ကြောက်လန့်မှု တစ်စွန်းတစ်စကို မြင်ရ၏။

၎င်းသည် ကိုးကောင်ပေါက် ဦးခေါင်းဖြင့် စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခု ဖြစ်သည်။ ခေါင်းငါးခေါင်းက သူတို့အစွယ်များကို ထုတ်ထားပြီး ကျင့်ကြံသူများကို ကိုက်ဖဲ့လိုက်၏။

လေ့ကျင့်ရေးအခန်းထဲ၌ စိတ်ဝိညာဉ်သဏ္ဌာန်လေးများသည် ကိုးကောင်ပေါက်၏ခံတွင်းထဲသို့ အရသာရှိသော အနှီကောင် စားကောင်းသောက်ဖွယ်ပမာ ဝင်သွားလေ၏။

“အား “

ကျင့်ကြံသူများ၏ သနားစဖွယ်အော်ဟစ်သံသည် လေထဲပျံ့လွှင့်လာတော့သည်။

အကြွင်းမဲ့ကောင်းကင်အစီအရင်ထဲ၌ တိမ်တိုက်တောင် ဆယ့်နှစ်ဂိုဏ်းမှ ကျင့်ကြံသူ အယောက်သုံးဆယ်၏ ခွန်အားသည် ကလေးတစ်ယောက်၏ ခွန်အားအဖြစ် လျော့ချခံလိုက်ရသည်။ သူတို့အားလုံး သားကောင်ဖြစ်ကုန်၏။ ကိုးကောင်ပေါက်အတွက် ပေါက်စီသုံးဆယ်ကို ဝါးမြိုဖို့က မည်ကဲ့သို့ခက်ခဲမည်နည်း။

ယင်းသည် လက်တစ်ဖက်မြှောက်ရသလောက်သာ ခက်ခဲလိမ့်မည်။

နျဲ့ချီက ထိတ်လန့်နေသေး၏။

အကြွင်းမဲ့ကောင်းကင်အစီအရင်သည် သာမာန်အစီအစဉ် မဟုတ်ပေ။ ရန်သူများကို အားနည်းစေပြီး အသုံးပြုသူကို ခွန်အားမြှင့်တင်ပေးသည့်အပြင် ၎င်းသည် အသံနှင့် အမြင်အာရုံကိုလည်း ပိတ်ဆို့ပေး၏။

ယဲ့ကျန်းသည် လေ့ကျင့်ရေးအခန်းနား လူတို့ ချဉ်းကပ်လာခြင်း သို့မဟုတ် ဝင်ရောက်လာခြင်းကို တစ်ခါမှ သဘောမတွေ့ခဲ့ပေ။ လတ်တလောနှစ်များ၌ သူ၏ စားသောက်နေထိုင်ရေးအတွက် ဆောင်ရွက်ပေးဖို့ တပည့်တစ်ယောက်သာ ခေါ်ယူခဲ့သည်။

ကျန်းရှောင်ရှန်းက သူဆရာ၏ စိတ်နေသဘောထားကို နားလည်သဘောပေါက်ပြီး သူ့ဆရာ၏ မျှော်မှန်းချက်အတိုင်း နေထိုင်သည်။ သူသည် သူ့ရှစ်စွင်း၏ တင်းကြပ်သော လိုအပ်ချက်များအောက်၌ ကောင်းစွာ ဆောင်ရွက်နိုင်ခဲ့သော်ငြား အပြစ်ပေးခံရသေး၏။ ယခုအချိန်၌ သူသည် လေ့ကျင့်ရေးခန်းအပြင်ဘက်၌ စောင့်နေပြီး အထဲ၌ ဖြစ်ပျက်နေသည်ကို မကြားနိုင်၊မမြင်နိုင်ပေ။

မြင့်မြတ်မတ်စောက်တောင်ပေါ်ရှိ တပည့်များသည် အလယ်တောင်ထွဋ်ခြံဝင်း၏ စည်းမျဉ်းများကို သိ၏။ ထို့ကြောင့် ယခုကဲ့သို့ အချိန်မျိုး၌ မည်သူမျှ သွားမလဲပေ။ မည်သို့ပင်ဆိုစေကာမူ ကျန်းရှောင်ရှန်းက အကြောင်းမသိဘဲ ရောက်လာမည့်လူများကို စောင့်ကြပ်ပေးဖို့ အပြင်ဘက်၌ စောင့်နေ၏။

လေ့ကျင့်ရေးအခန်းထဲတွင် အစောပိုင်း ဖရိုဖရဲ ပရမ်းပတာ ဖြစ်သွားပြီးနောက် တိုက်ပွဲက ငြိမ်ကျသွားပုံရသည်။

နျဲ့ချီသည် အစွယ်တစ်ငေါငေါဖြင့် ကိုးကောင်ပေါက် စိတ်ဝိညာဉ်သဏ္ဌာန်ကို စိုက်ကြည့်ပြီး မျက်လုံးများ ပြုတ်ထွက်ကျတော့မည်ဟု တွေးလိုက်မိသည်။ သူက ကြက်သေ သေသွား‌တော့သည်။ သူက ဒူးထောက်ကျလျက် အလိုလို ထိန်းမရနိုင်အောင် တုန်ယင်သွား၏။

“မင်း မင်းက နယ်ခြားသားလား “

ယဲ့ကျန်း၏ အမူအရာသည် ပြောင်းလဲမှု မရှိပေ။ သူသည် ရူ ဟူသော အက္ခရာရှေ့၌ တင်ပျဉ်ခွေချိတ်ထိုင်လိုက်၏။ နျဲ့ချီမှအပ ကျန်သည့်သူများ သေကုန်ပြီဖြစ်သည်။

ယဲ့ကျန်းသည် သိမ်မွေ့စွာ သက်ပြင်းချပြီးနောက် ပြောလိုက်၏။

“ကံဆိုးတာက မင်းက မှားယွင်းတဲ့ လမ်းကြောင်းကိုရွေးချယ်ခဲ့မိတယ်”

အကြီးဆုံးခေါင်း၊ အလယ်ရှိ ဦးခေါင်းသည် နျဲ့ချီကို ကိုက်လိုက်သည်။

“ကျွတ် “

ယဲ့ကျန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ ကိုးကောင်ပေါက်စိတ်ဝိညာဉ်သဏ္ဌာန်သည် သူ့ဘေးသို့ ချက်ခြင်း ဆုတ်လာလေ၏။

သူသည် ကိုးကောင်ပေါက်စိတ်ဝိညာဉ်သဏ္ဌာန်၏ ဦးခေါင်းငါးခုကို ကြည့်ပြီး သူဘာသာသူ ရေရွတ်ပြောလိုက်၏”သူတို့တွေက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူလောက် အရသာမရှိပေမဲ့ နတ်ဝိညာဉ်ဝဋ်ကြွေးကြေနယ်ပယ်ကျင့်ကြံသူ သုံးဆယ်က လုံလောက်ပါတယ်”

သူ၏လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်သည်။ သ‌ေင်္ကတစွမ်းအင် စည်းတံဆိပ်ကွင်းတစ်ခုသည် ပေါ်ထွက်ပြီးနောက် ကိုးကောင်ပေါက်စိတ်ဝိညာဉ်သဏ္ဌာန်ပေါ် ကျရောက်လာ၏။ ခဏအတွင်းတွင် ညွှတ်ကျနေသော ဦးခေါင်းများထဲမှ တစ်ကောင်သည် ဖြည်းဖြည်းချင်း မြှောက်လာ၏။ အနီရောင်အလင်းက ၎င်းကိုရစ်ပတ်ထားပြီး ထိုအတိုင်းပင် ဦးခေါင်း‌ခြောက်လုံးက ထောင်မတ်နေလေသည်။

ကိုးကောင်ပေါက်စိတ်ဝိညာဉ်သဏ္ဌာန်သည် ဖြည်းဖြည်းချင်း လှည့်ပတ်သွားပြီးနောက် ၎င်း၏ လူပုံစံ အသွင်သဏ္ဌာန်အဖြစ် ပြောင်းလဲသွားသည်။

အနီရောင်ကြာပေါ်ရှိ ပွင့်ချပ်ကိုးလွှာသည် ထွန်းလင်းတောက်ပ နေ၏။ ပျက်သွားသော ပွင့်ချပ်က ညိုးရော်နေခြင်း မရှိတော့ပေ။

“နောက်ထပ်ခေါင်းသုံးလုံး “ယဲ့ကျန်းသည် လက်သီးကျစ်ကျစ်ဆုပ်လိုက်၏။

စိတ်ဝိညာဉ်သဏ္ဌာန်က ပျောက်ကွယ်သွားလေ၏။

သူ၏မျက်နှာထက်၌ နောင်တရ‌နေသော အမူအရာရှိနေကာ ရေရွတ်ပြောလိုက်တော့သည်။

“အော် မုန့်ချန်းသုံ... ဖြစ်နိုင်တာက ငါက သက်ညှာပေးလွန်းခဲ့တာကို “

ထိုစဉ် ရွှေကြာနယ်မြေထဲ ဖြစ်သည်။

ရွှေကြာနယ်မြေသည် သားရဲများ နှောင့်ယှက်တာ ခံနေရ၏။ ယီစီရင်စုတွင်လည်း ထိုအတိုင်းသာဖြစ်သည်။

ရပ်နားစခန်းတစ်ခု၌ ဖြစ်၏။

“တာ့ယန်က လူသားကျင့်ကြံသူတွေ ပွင့်ချပ်ကိုးလွှာအဆင့်ကို တက်ဖို့ကြိုးပမ်းတဲ့အချိန်မှ စပြီး သားရဲတွေက ပိုပို ရန်လိုလာတယ်။ ထျန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် နန်ကုန်းဝေက လူအများအပြား ဝန်းရံပံ့ပိုးပေးခြင်း ရရှိပြီး ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက် ဖြစ်သွားတယ်။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စတုတ္ထသခင်လေးက ပြိုင်ဘက်ကင်းအဆင့် လက်နက်ကို ကိုင်ဆောင်ထားပြီး လေတစ်ချက်ဝှေ့ရုံနဲ့ သားရဲတွေကို မောင်းထုတ်နိုင်တယ်။ အထင်ကြီးဖို့ကောင်းလိုက်တာ” ကျင့်ကြံသူတစ်ယောက်က ကျယ်လောင်စွာ ပြောလိုက်၏။

“ငါတို့တွေ ဒီခက်ခဲတဲ့အချိန်တွေကို ကြံ့ကြံ့ခံရမယ်။ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတွေ ပိုများလာတဲ့အခါ သားရဲတွေက ပြဿနာကြီးတစ်ရပ် ဖြစ်တော့မှာ မဟုတ်ဘူး”တစ်စုံတစ်ယောက်က ဝင်ပြောလိုက်သည်။

“အဟုတ်ပဲ။ မိစ္ဆာဝေဟင်မျှော်နန်းက ယီစီရင်စုကို ကြည့်ရှုပေးဖို့ ဆဋ္ဌမ သခင်မလေးကို လွှတ်ထားတယ်။ တာ့ယန်က ဒီဘေးကနေ ရှင်သန်နိုင်မှာပဲ”

ထိုစဉ် ရပ်နားစခန်း၏ အပြင်ဘက်၌ တစ်စုံတစ်ယောက်က လှန်းအော်ပြောသည်။

“သားရဲတွေ ဒီကို ထပ်ရောက်လာပြီ “

ဝှစ် ဝှစ် ဝှစ်

ရပ်နားစခန်းရှိ ကျင့်ကြံသူများသည် ပျံသန်းလျက် မြို့ရိုးဆီသို့ ဦးတည်သွားကြသည်။

ထိုစဉ် ပင်မမြို့ရိုးရှေ့၌ လောကီရေးရာနှင့် ကင်းကွာနေပုံပေါ်သည့် အဖြူရောင်ဝတ်ရုံဖြင့် ပုံရိပ်တစ်ရိပ်သည် မြို့ရိုးပေါ် ဆင်းသက်လာပြီး ကောင်းကင်ကိုမော့ကြည့်လိုက်၏။ ထိုလူသည် ဤနေရာကို ရက်ပေါင်းများစွာ စောင့်ကြပ်နေသည်။

သားရဲများသည် လူသားမြို့များကို စတင်နှောက်ယှက်ချိန်မှ စပြီး စီးဝူယသည် နေရာများစွာကို သွားခဲ့၏။ ဥပမာအနေဖြင့် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူများသည် သူတို့ တိုက်ခိုက်ရေးစွမ်းအားကို အပြည့်အဝ အသုံးပြုနိုင်ရန် ရွေ့လျားနိုင်သော စစ်ကူများဖြစ်လိမ့်မည်။ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများသည် မြို့များကို ကြည့်ရှုစောင့်ရှောက်ပြီး သားရဲများ ဝင်ရောက်ခြင်းမရှိအောင် အရံအတားများကို ကာကွယ်ပေးရမည်။ ဤတွက်ချက်မှုများက တကယ်အလုပ်ဖြစ်၏။

ယဲ့ထျန်းရှင်းသည် မြို့နင့်၎င်း၏ အရံအတားကို ကာကွယ်ရန် တာဝန်ယူထားရသည့် ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ယဲ့ထျန်းရှင်းသည် ဝေဟင်ထဲရှိ သားရဲပျံများကို ကြည့်နေစဉ် ကျင့်ကြံသူများက သူမနောက် စုဝေးလာလေ၏။

”နူတ်ခွန်းဆက်သပါတယ် ဆဋ္ဌမ သခင်မလေး “

ယဲ့ထျန်းရှင်း၏ မျက်လုံးတို့က ခဏတာ ဖြတ်ကနဲလက်သွားပြီးနောက် ခေါင်းငြိမ့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“မင်္ဂလာပါ “

“ဆဋ္ဌမ သခင်မလေး အဲဒါက သားရဲကြီးတစ်ကောင်နဲ့ တူတယ်” တစ်စုံတစ်ယောက်က စိုးရိပ်ပူပန်စွာ ပြောလိုက်၏။

“စိတ်မပူနဲ့ အစီစဉ်တိုင်းပဲလုပ်။ ငါတို့တွေ အချိန်ဆွဲပြီး သူအရံအတားကိုမဖျက်ဆီးအောင် ကာကွယ်ပြီး ပွင့်ချပ်ကိုးလွှာကျင့်ကြံသူ ရောက်လာမှာကို စောင့်နေဖို့ပဲလိုတယ်”

ယဲ့ထျန်းရှင်းကပြောပြီး မိုးကုပ်စက်ဝန်းကို ကြည့်လိုက်၏။ အမှန်တကယ်ပင် အဝေး၌မျက်စိ ဖမ်းစားနိုင်သော ဧရာမသားရဲတစ်ကောင်သည် အရံအတားဆီသို့ သေးငယ်သည့် သားရဲလေးများကြားထဲ ပျံသန်းလာတာကိုတွေ့ရသည်။

“သူတို့ကို သတ်”

စောင့်ကြည့်နေသော ကျင့်ကြံသူများက ပျံသန်းသွားလျက် သားရဲ သတ်လိုက်သည်။

ပိုသေးသော သားရဲများက ကြောက်စရာမရှိပေ။

သားရဲများသည် အသက်နှလုံးသားများ ကျနိုင်မည့် အချက်အလက်ကို အများကို ပြောပြပြီးချိန်မှစပြီး ကျင့်ကြံသူများသည် သားရဲများကို သတ်ရန် စိတ်အားထက်သန်လာတော့သည်။ ဆိုရလျှင် သေးငယ်သည့် အသက်နှလုံးကတောင် အင်မတန်တန်ဖိုးရှိသည်။

ထိုစဉ် မီတာဒါဇင်ခန့်ရှည်သည့် တောင်ပံဖြင့် သားရဲပျံတစ်ကောင်က မြို့ဆီ ဦးတည်လာ၏။

ယဲ့ထျန်းရှင်းက ဇဝေဇဝါ ဖြစ်သွားတော့သည်။ ယီစီရင်စုမှာ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက် ရှိနေတာလား။

ဘန်း

ဧရာမသားရဲ၏ တိုက်ခိုက်မှုသည် သာမာန်ကျင့်ကြံသူများခံနိုင်ရည် ရှိသည့်အရာမဟုတ်ပေ။ သူတို့က နောက်ဆုတ်လိုက်စဉ် ကောင်းကင်၌ လှိုင်းကယက်များ ပေါ်လာ၏။

ရှန်းယွီ၏ ခန္ဓာကိုယ်က တစ်ကိုယ်လုံး အနီရောင်ဖြစ်နေသည်။ သူသည် တောင်ပေါ် ကြက်တစ်ကောင်နှင့် ဆင်တူပြီး သမင်အော်သံရှိ၏။

အပူချိန်ရှိသော်ငြား ကျင့်ကြံသူများသည် ၎င်းကို ကြည့်နေစဉ် တုန်ယင်မိကြသည်၊

“အရံအတားထဲမှာ နေကြ။ ငါဖြေရှင်းလိုက်မယ် “ယဲ့ထျန်းရှင်းက ခုန်ထွက်လျက် ကောင်းကင်ထဲ၌ အဖြူရောင် လေးကိုင်းကို ဆွဲလိုက်သည်။ သူမက မာယာကြော့ကျင်းကို ကိုင်ဆောင်လျက် လွှဲရမ်းချိန် လှိုင်းဂယက်များကို ကျန်ရစ်စေ၏။

ဖုန်း

သူမသည် လှိုင်းပြာကျင့်စဉ်ကို ရွတ်ဆိုပြီးနောက် စွမ်းအင်ဒီရေလှိုင်းဖြင့် ရှန်းယွီကို တိုက်ခိုက်လိုက်၏။ ရှန်းယွီကစူးရှစွာ အော်လျက် ၎င်း၏အမွှေးအတောင်များစွာ ကျွတ်ကျလာသည်။

“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဆဋ္ဌမသခင်မလေးကို မျှော်မှန်းထားတဲ့အတိုင်းပဲ“

“ပွင့်ရှပ်ရှစ်လွှာ ကျင့်ကြံသူတစ်ယောက်က ဒီလိုခွန်အား ပိုင်ဆိုင်ထားတာ မယုံနိုင်စရာပဲ“

အပြင်လူများအမြင်တွင် မိစ္ဆာဝေဟင်မျှော်နန်းမှ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူများသည် သူတို့နှင့် သက်တူ ရွယ်တူများထက်အမြဲတမ်း ပိုအစွမ်းထက်သည်။

ယဲ့ထျန်းရှင်းက သူမ၏ မာယာကျော့ကွင်းကို သိမ်းလျက် ရှန်းယွီကို ကြည့်လိုက်သည်။ တိုက်ခိုက်ခံရမှုမှ နာကျင်မှုကို ခံစားပြီးနောက် ရှန်းယွီက ကောင်းကင်ထဲ ပိုမြင့်သည်ထက် မြင့်အောက် ပျံသန်းသွား၏။

“ဆဋ္ဌမ သခင်မလေး သတိထား “

ယဲ့ထျန်းရှင်းသည် ထူးကဲသော ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ယောက် ဖြစ်သော်ငြား ဧရာမသားရဲကို အနိုင်ယူဖို့က မဖြစ်နိုင်သလောက်ပင်။

ယဲ့ထျန်းရှင်းသည် နောက်ဆုတ်လိုက်ရာ စွမ်းအင်လှိုင်းတို့က ဝှေ့တက်လာသည်။ မာယာကျော့ကွင်းက စွမ်းအင်လှိုင်းပေါ်၌ လည်ပတ်နေ၏။

ရှန်းယွီသည် ရုတ်တရက်ရပ်တန့်လျက် တစ်မြို့လုံးကို ပဲ့တင်သံထွက်သွားစေသည့် နားစည်ထိခိုက်လောက်သော စူးရှသည့် အော်သံကို ထုတ်ဖော်လိုက်သည်။

ကျင့်ကြံသူများစွာသည် ခံနိုင်မှုမရှိတော့ပဲ ကောင်းကင်မှ ပြုတ်ကျကုန်၏။ ထိုစဉ် မြေပြင်ပေါ်ရှိ အဆင့်နိမ့်ကျင့်ကြံသူများသည် သူတို့မျက်လုံးများမှ သွေးများ စီးကျလာသည်။

“နောက်ဆုတ် “ယဲ့ထျန်းရှင်းသည် အခြေအနေကို သဘောပေါက်သည်။ ယင်းက အန္တရာယ်များသည်။ သူမမော့ကြည့်ပြီး ပြောလိုက်တော့သည်။

”ကျွန်မ ထိန်းထားလိုက်မယ်။ ရှင်တို့ ကျန်တဲ့သူတွေ သားရဲလေးတွေကို သတ်လိုက်ကြ”

“နားလည်ပါပြီ “

ယဲ့ထျန်းရှင်းက အရည်အချင်းရှိပြီး ရဲတင်းသည်။ သူမသည် အရံအတားအပြင်ဘက်သို့ ပျံထွက်သွား၏။

ယခုအချိန်၌ ရှန်းယွီ၏ အာရုံစိုက်မှုသည် ယဲ့ထျန်းရှင်းပေါ်တွင်သာ ရှိနေပုံရသည်။ အစောတုန်းက သူမသည် ၎င်းကို နာကျင်အောင် လုပ်ခဲ့သောကြောင့် ဖြစ်နိုင်သည်။ ၎င်းက တောင်ပံကို တစ်ဖြတ်ဖြတ်ခတ်လျက် ယဲ့ထျန်းရှင်းဆီ ပျံသန်းလာ၏။ ၎င်း၏ ထက်မြည့်သော နူတ်သီးနှင့် လက်သည်း တို့သည် အနီရောင်အလင်းတို့ဖြင့် တောက်ပသွားတော့သည်။ စူးရှစွာ ထပ်မံအော်ပြန်၏။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် သူတို့ဦးရေပြားများ ကျိန်းစက်ကုန်ပြီး သွေးအဆီအနှစ်များ ဆူပွက်လာ၏။

တစ်စုံတစ်ယောက်က အော်လိုက်သည်။

”အကူအညီတောင်းကြ ဆဋ္ဌမ သခင်မလေးက ကြာကြာ တောင့်ခံထားနိုင်မှာ မဟုတ်ဘူး။ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတွေ လိုအပ်တယ်။ အနည်းဆုံး ရထားလုံးပျံနဲ့ဆို ဒီနေရာရောက်ဖို့ တစ်နာရီပဲ လိုမှာ။ ငါတို့တွေ အဲဒီအချိန်ထိ အချိန်ဆွဲထားဖို့ တစ်ခုခုလုပ်ရမယ်”

ယီစီရင်စုမြို့ထဲရှိ နတ်ဝိညာဉ် ဝဋ်ကြွေးကြေနယ်ပယ်ကျင့်ကြံသူများ ပျံသန်းလာ၏။ လူသားများသည် သားရဲများကို ဖြေရှင်းရာ၌ စည်းလုံးညီညွတ်မှုရှိကြသည်။

မကြာခင်၌ ကျင့်ကြံသူတစ်ရာသည် မြို့ရိုးပေါ်၌ စုဝေးလာတော့သည်။

နတ်ဒေဝါဦးတည်နယ်ပယ်နှင့်အောက်ကျင့်ကြံစဉ် ရှိသည့် ကျင့်ကြံသူများသည် သားရဲလေးများကို ဖြေရှင်းရန် တာဝန်ယူထားရသည်။ တစ်ဖက်တွင်မူ နတ်ဝိညာဉ်ဝဋ်ကြွေးကြေနယ်ပယ် ကျင့်ကြံသူများက စုဝေးလျက် ယွီရှန်းဆီ ပူးပေါင်းတိုက်ခိုက်တော့၏။

“ဆဋ္ဌမ သခင်မလေး ကျွန်တော်တို့လာနေပြီ “

ကျင့်ကြံသူများသည် ရှန်းယွီဆီသို့ တစ်ဟုန်ထိုးတိုးဝင်သွားစဉ် သူတို့စွမ်းအားများကို ထုတ်ဖော်လိုက်၏။ စွမ်းအင်ဓားမော့၊ လက်ဝါးစည်းတံဆိပ်၊ စွမ်းအင်ဓားတို့သည် ဧရာမသားရဲဆီသို့ ဒီရေလှိုင်းများပမာ သိမ်းကြုံးဖြတ်တိုက်သွား၏။

ဘန်း ဘန်း ဘန်း

ယဲ့ထျန်းရှင်းသည် အသက်ရှူရန် အချိန်မရဘဲ ထပ်မံပျံသန်းလိုက်သည်။

ရှန်းယွီက စူးရှစွာ အော်ပြန်၏။ နတ်ဝိညာဉ်ဝဋ်ကြွေးကြေနယ်ပယ် ကျင့်ကြံသူအစုအဝေးသည် သူတို့၏ ကာကွယ်ရေး စွမ်းအင်များကို အသက်သွင်းလျက် အသံလှိုင်းများကို ပိတ်ဆို့လိုက်၏။ ယဲ့ထျန်းရှင်းသည် သူမ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို အသက်သွင်းလိုက်သည်။

သွယ်လျသည့် အမျိုးသမီး။ ပွင့်ချပ်ရှစ်လွှာရွှေကြာ စိတ်ဝိညာဉ်သဏ္ဌာန်သည် လေထဲ၌ ဝင့်ကြွားစွာရပ်နေ၏။ သူမကအသံကို မြှင့်တင်ကာ ပြောလိုက်တော့သည်။

”ကျွန်မတို့တွေ မြို့နဲ့ ကပ်လွန်းနေတယ်။ ဒါကို ဝေးဝေးမျှားသွား လိုက်မယ်”

ရှန်းယွီသည် ယဲ့ထျန်းရှင်းကို အရသာရှိသည့် စားကောင်းသောက်ဖွယ်တစ်ခုပမာ ကြည့်နေပြီးနောက် သူမနောက် လိုက်သွားတော့၏။

“မကောင်းတော့ဘူး ဆဋ္ဌမ သခင်မလေးနောက် လိုက်ကြမယ် “

“ဆဋ္ဌမ သခင်မလေးရဲ့ ရွှေကြာကိုကြည့် “

ပွင့်ချက်ရှစ်လွှာရွှေကြာသည် အပြည့်အဝဖူးပွင့်နေပြီး တစ်လက်လက်တောက်ပနေ၏။ နဝမမြောက်ပွင့်ချပ် ဖူးပွင့်နေစဉ် လှည့်ပတ်နေ၏။

ရှန်းယွီသည် သားရဲပျံတစ်ကောင်ဖြစ်သောကြောင့် လေထဲတွင် ၎င်း၏အရှိန်က ထိတ်လန့်ဖွယ် ကောင်းသည်။ တောင်ပံတစ်ချက်ခတ်လိုက်တိုင်း လေပြင်းတစ်ခု ဖြစ်ပေါ်စေ၏။ ယဲ့ထျန်းရှင်းသည် မြို့နှင့်ဝေးရာဆီကို ပျံသန်းသွား၏။ မျက်စိတစ်မှိတ်အတွင်း သူမသည် မြို့နှင့် ဆယ်မိုင်ကျော်အကွာသို့ ရောက်နေပြီ ဖြစ်သည်။

နတ်ဝိညာဉ် ဝဋ်ကြွေးကြေနယ်ပယ် ကျင့်ကြံသူတစ်ရာသည် လူစုမခွဲရဲချေ။ သူတို့ အခင်းအကျင်းကို ထိန်းသိမ်းထားလျက် လိုက်ခဲ့ကြသည်။ ရှန်းယွီက မြန်လွန်း၏။ ၎င်းသည် ယဲ့ထျန်းရှင်းကို လိုက်မှီဖို့ သိပ်မကြာလိုက်ပေ။ သူမ၏ ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ၎င်း၏ လက်သည်းဖြင့် လွှဲယမ်းလိုက်၏။

ပေတစ်ရာစိတ်ဝိညာဉ်သဏ္ဌာန်သည် ရှန်းယွီအရွယ်အစား၏ တစ်ဝက်မျှသာ ရှိ၏။

ဖုန်း

ယဲ့ထျန်းရှင်းက ညည်းတွားလျက် လဲကျသွား၏။ သူမ သွေးတစ်ပွက် အန်လုနီးပါး ဖြစ်သွားသည်။

ကျန်သည့် သူများက အထိတ်တလန့်ပြောလိုက်၏။

”ဆဋ္ဌမသခင်မလေးကို ကာကွယ်ကြ “

“သွား “

ကျင့်ကြံသူတစ်ရာက သားရဲနားချဉ်းကပ်လာ၏။ သူတို့အားလုံးသည် ယခုအချိန်၌ သူတို့စိတ်ဝိညာဉ်သဏ္ဌာန်များကို ဖော်ထုတ်လိုက်သည်။ ပွင့်ချပ်တစ်လွှာမှ ပွင့်ချပ်ခုနှစ်လွှာထိ စိတ်ဝိညာဉ်သဏ္ဌာန်များသည် ကောင်းကင်ထဲ၌ အရံအတား တစ်ခုဖွဲ့တည်လိုက်၏။ ယင်းက အထင်ကြီးစရာ မြင်ကွင်းဖြစ်သည်။ ယဲ့ထျန်းရှင်း ဆင်းသက်လာသောအခါ စိတ်ဝိညာဉ်သဏ္ဌာန်နံရံကို မြင်သောအခါ သူမရင်ထဲ အနည်းငယ်မွှေနှောက် ခံလိုက်ရသည်။

ကမ္ဘာကြီးထဲ၌ ချက်ခြင်းဆောင်ရွက်ရန် လိုအပ်သော ကိစ္စရပ်များစွာ ရှိပြီး သတိထားရန်အတွက် လူသားများအတွက် အချိန်မရှိဖြစ်စေသည်။

ဖုန်း

ရှန်းယွီ၏ ငှက်မွှေးများက ပြုတ်ကျလာပြီ တောင်ပံတဖြတ်ဖြတ် ခတ်ကာ စူးရှစွာ အော်လိုက်၏။

ဖုန်း ဖုန်း ဖုန်း

စိတ်ဝိညာဉ်သဏ္ဌာန်များ လွင့်ထွက်ကုန်ပြီး ကျင့်ကြံသူများစွာသည် တန်ပြန်သက်ရောက်မှုကြောင့် သွေးအန်ကုန်၏။ ကျင့်ကြံသူတစ်ရာက ရှန်းယွီနှင့် မယှဉ်နိုင်ပေ။ ယဲ့ထျန်းရှင်းက မျက်မှောင်ကျုံ့မိသွားသည်။ သူမက နာကျင်မှုကို တောင့်ခံလျက် ကျန်သည့်သူများကို ကြည့်လိုက်၏။ ခဏကြာပြီးနောက် သူမသည် ကောင်းကင်ထဲသို့ ပျံသန်းကာ သူမ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ထပ်မံသရုပ်ဖော်လိုက်သည်။ ထူးထူးဆန်းဆန်းပင် သူမ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖော်ဆောင်နေချိန် ရှန်းယွီက သူမကို လျစ်လျူရှုထားပုံ ပေါ်၏။ ထိုအစား ကျန်သည့် ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်သဏ္ဌာန်ဆီ တစ်ဟုန်ထိုး ဆက်လိုက်တိုက်ခိုက်၏။ သူတို့ စိတ်ဝိညာဉ်သဏ္ဌာန်များသည် ရှန်းယွီတိုက်ခံတာ ခံရသောအခါ ဒဏ်ရာရသည့် ကျင့်ကြံသူပိုများလာသည်။ ယဲ့ထျန်းရှင်းက စိတ်လေးသွား၏။ သူမ အံ့ကြိတ်ကာ သူမ၏ရွှေကြာထဲသို့ ပိုများပြားသည့် စွမ်းအင် ထည့်လိုက်၏။ ရွှေရောင်ကြာပွင့်သည် ၎င်း၏အရှိန်အဝါ ယိုစိမ့်ထွက်လျက် ၎င်း၏ ပွင့်ချပ်ရှစ်လွှာဖြင့် လည်ပတ်နေ၏။ ထင်သည့်အတိုင်း ရှန်းယွီက လှည့်လာသည်။

“ပြန်ဆုတ် ငါ့နောက်မလိုက်နဲ့ ငါမျှားသွားလိုက်မယ် “

ယဲ့ထျန်းရှင်းက အော်ပြီး တစ်ဖက်သို့ ပျံသန်းသွားသည်။ ယခုအချိန်၌ ကျန်သည့်သူများသည် သဘောပေါက်သွား၏။ ထိုသို့ သဘောပေါက်သွားချိန်၌ သူတို့ရင်ထဲ ခံစားချက်များ ရှုပ်ထွေးကုန်သည်။

“သူမက အခု ပွင့်ချပ်တစ်လွှာ ဖူးပွင့်အောင် လုပ်တော့မှာလား။ ရူးနေတာလား “

“ဆဋ္ဌမ သခင်မလေးက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူရဲ့ အရှိန်အဝါနဲ့ ဧရာမသားရဲကို မျှားဖို့ ကြိုးစားနေတယ်။ သူသေမှာ ကျိန်းသေတယ်”

ကျင့်ကြံသူများက ထပ်မံစုဝေးလိုက်၏။ သူတို့ သဘောထားကွဲလွဲမှုကို ခံစားလိုက်ရသည်။

“မင်းသေမှာ ကြောက်တာလား “

“မကြောက်ဘူးပေါ့။ ငါသာကြောက်ရင် အခုလောက်ဆို မြို့ထဲမှာ ပုန်းနေပြီ “

“ဒီလိုဆိုမှတော့ လှုပ်ရှားလိုက်ရအောင် “

“သွားကြမယ်”

သူတို့ ဒဏ်ရာရနေသော်ငြား နောက်မဆုတ်ခဲ့ပေ။ သူတို့သည် အခင်းအကျင်းတိုင်း သွားကာ ဆက်လိုက်ခဲ့ကြ၏။

ယဲ့ထျန်းရှင်းက ရှန်းယွီကို အဝေးသို့မျှားရန် ကြိုးစားပြီး အရှိန်ပြင်းပြင်းဖြင့် ပျံသန်းနေ၏။ သူတို့မြို့နှင့် အတော်လေးဝေးပြီဖြစ်ကြောင်း ခန့်မှန်းမိသောအခါ သူမ စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ရုတ်သိမ်းရန် ပြင်ဆင်လိုက်သည်။ သူမ ထင်ထားသကဲ့သို့ ကိစ္စရပ်များက မရိုးရှင်းပေ။ သူမ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို မရုပ်သိမ်းနိုင်ကြောင်း သိလိုက်ရချိန်၌ စိတ်လေးသွား၏။ ရွှေကြာသည် မြန်ဆန်သော အရှိန်ဖြင့် လှည့်ပတ်နေတော့သည်။

…

အခန်း (၇၇၆) မိစ္ဆာဝေဟင်မျှော်နန်းမှ နောက်ထပ် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ

ယဲ့ထျန်းရှင်းက လေထဲ ဝဲပျံနေ၏။ သူမက မလှုပ်မယှက် ကျန်ရှိနေသည်။

သူမ၏ ဆံပင်ဖြူဖြူတို့က လေထဲတွင် မျောလွင့်နေပြီး သူမ၏ ဝတ်ရုံဖြူဖြူက နှင်းများဖြင့် ဖုံးလွှမ်းနေသည့် ကျောက်စိမ်းသစ်ပင်ကဲ့သို့ ဖြစ်နေသည်။ သူမက သန့်စင်ကာ မြင့်မြတ်ဟန်ပေါ်ပြီး အငွေ့အသက်က ကြော့ရှင်းလှသည်။

ရှန်းယွီက တောင်ပံခတ်ကာ သူမဆီ လက်သည်းဖြင့် ချိန်ရွယ်လျက် ပြေးဝင်လာသည်။

ယဲ့ထျန်းရှင်းက ကံကြမ္မာထံ လက်လျော့မည့်သူ မဟုတ်ပေ။ သူမက ရွှေကြာကို အသုံးပြုကာ မာယာကျော့ကွင်းထံ စွမ်းအားကို ပို့လွှတ်လိုက်၏။ သူမက နောက်ဆုတ်မည့်အစား ရှေ့တိုးလိုက်သည်။

ဘန်း

လူသားနှင့် သားရဲကြီးတို့က ထိပ်တိုက်တွေ့ဆုံသွားကြ၏။

မာယာကျော့ကွင်းက အားကောင်းသည့် စွမ်းအားကို ထုတ်လွှတ်လာသည်။

ရှန်းယွီက နာနာကျင်ကျင် ဟိန်းဟောက်လိုက်သည်။

ဆယ်မိုင်ပတ်လည်အတွင်း သစ်ပင်များနှင့် မြေကြီးက တုန်ခါသွားလေ၏။ အားနည်းသည့် သားရဲများက ကြောက်ကြောက်လန့်လန့်ဖြင့် တုန်ယင်သွားပြီး မြေပြင်ပေါ် ဝပ်တွားနေကြ၏။

ယဲ့ထျန်းရှင်းက ထိုအားကောင်းသည့် ထိပ်တိုက်တွေ့ဆုံမှုမှ ထိခိုက်ဒဏ်ရာမရှိဘဲ မလွတ်မြောက်နိုင်ပေ။ သူမကလည်း နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာ၏။ သူမ၏ ဝတ်ရုံနှင့် ပြောင်းပြန် ဖြစ်နေလေသည်။

ပေ ၁၀၀ မြင့်မားသည့် ပွင့်ချပ်ရှစ်လွှာ ရွှေကြာစိတ်ဝိညာဥ်သဏ္ဌာန်က နောက်ပြန်ဆုတ်လာသည်။

ထိုစဥ် သူမ၏ ရွှေကြာသည် ယခုအခါ မြန်မြန်ဆန်ဆန် လှည့်ပတ်နေကြောင်း တွေ့ရှိလိုက်ရသည်။

" ဘာလို့ မြန်နေတာပါလိမ့် "

ယဲ့ထျန်းရှင်းက သူမ၏ ရှစ်စွင်း ပွင့်ချပ်ကိုးလွှာအဆင့်အကြောင်း သရုပ်ပြစဥ်အခါက မြင်ခဲ့ဖူးသည်။ ထိုကြောင့် သူမသည် ထိုဖြစ်စဥ်ကို အပြည့်အဝ မသိဘဲ မနေပေ။ သာမန်အခြေအနေမျိုး၌ ရွှေကြာက မြန်မြန်ဆန်ဆန် လှည့်ပတ်နေမည် မဟုတ်ပေ။ ဤသည်က ရွှေကြာသည် သူမ၏ အသက်ကို စုပ်ယူနေသည့် အဆင့်လည်း ဖြစ်၏။ သူမက ရွှေနဂါးသင်္ကေတစည်းတံဆိပ်ဖြင့် ထိမှန်ကတည်းက သူမ၏ သက်တမ်းသည် အတော်လေး လျော့ကျသွားခဲ့သည်။ သူမ အနေဖြင့် နှစ်များစွာ မကျန်ရှိတော့ကြောင်း ပြောလျှင်ပင် နားလည်ရလွယ်ကူသည်။

နှစ် ၁၂၀၀...

ရှန်းယွီက သူမကို မသတ်လျှင်ပင် ရွှေကြာက သူမကို သတ်သွားလိမ့်မည်။

သူမက လှိုင်းပြာကျင့်စဥ်ကို ထပ်မံထုတ်ဖော်ဖို့ ပြင်ဆင်လိုက်စဥ် နတ်ဝိညာဥ်ဝဋ်ကြွေးချေ ကျင့်ကြံသူ အယောက် ၁၀၀က သူမဆီ ပျံသန်းလာနေသည်ကို မြင်လိုက်ရ၏။

" ဆဋ္ဌမသခင်မလေး ပြေးတော့ "

စွမ်းအင်ဓားမော့များ၊ စွမ်းအင်ဓားများ၊ လက်ဝါးစည်းတံဆိပ်များ၊ သင်္ကေတစည်းတံဆိပ်များနှင့် အက္ခရာစည်းတံဆိပ်များက ရှန်းယွီဆီ ဝင်ရောက်လာပြီး လွင့်စင်သွားစေသည်။

ဘန်း ဘန်း ဘန်း

ရှန်းယွီက ယဲ့ထျန်းရှင်းကြောင့် ဒဏ်ရာရရှိထားပြီဖြစ်ကာ ထိုတိုက်ကွက်များကြောင့် ပိုမိုဒေါသထွက်လာသည်။ သူက တောင်ပံခတ်ကာ တိုက်ကွက်များကို တားဆီးလိုက်၏။ ကနဦးချီနှင့် စွမ်းအားတို့က ထွက်ပေါ်လာသည်။ လေက မုန့်တိုင်းကဲ့သို့ တိုက်ခတ်လာပြီး နတ်ဝိညာဥ်ဝဋ်ကြွေးချေ ကျင့်ကြံသူများအား လွင့်စင်သွားသည်။ ကျင့်ကြံသူများက လွင့်စင်သွားသည့်အတွက် အော်ဟစ်လိုက်ကြ၏။ ကျင့်ကြံသူတစ်ဝက်ကျော်က သွေးအန်လိုက်ရသည်။ ထိုစဥ် ပွင့်ချပ်ငါးလွှာအောက်ရှိ လူများက သူတို့၏ စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်အတွင်း ထုံထိုင်းသွားသလို ခံစားလိုက်ရသည်။

ရှန်းယွီက အားကောင်းလွန်းလှသည်။ ထိုအရာက မော့မြို့မှ မန်မန်းနှင့်ပင် ယှဥ်နိုင်လေ၏။ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူပင် ထိုအရာအတွက် ပြိုင်ဖက်မဟုတ်ပေ။ ပွင့်ချပ်ခုနစ်လွှာ ကျင့်ကြံသူများကိုမူ ဆိုထားဖွယ် မရှိတော့ပေ။

ရှန်းယွီက ကျင့်ကြံသူများ၏ နေရာအနေအထားကို ချိုးဖောက်ပစ်လိုက်သည်။ ထိုအရာက ဒေါသမီးတောက်ဖြင့် တောက်လောင်နေဟန်ပေါ်ပြီး ယဲ့ထျန်းရှင်း၏ ရွှေကြာစိတ်ဝိညာဥ်သဏ္ဌာန်ကို မြင်သည့်အခါ စိတ်လှုပ်ရှားလာသည်။ သူက တောင်ပံကို ခတ်ကာ ယဲ့ထျန်းရှင်းဆီ ပျံသန်းလာ၏။

ထိုစဥ် ယဲ့ထျန်းရှင်းက ရှန်းယွီကို ခုခံဖို့ အင်အားမရှိတော့ပေ။ ဤသို့သော အခြေအနေမျိုးအောက်တွင် ဓားသွားထက် ဆက်တိုက် လျှောက်လှမ်းခဲ့သည့် ယွီရှန်းရုန်တစ်ယောက်တည်းကသာ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်လိမ့်မည်။

ထို့အပြင် သူမ၏ ရွှေကြာက ကိုးလွှာမြောက် ပွင့်ချပ်ကို ထွက်ပေါ်နေဆဲ ဖြစ်သည့်အတွက် ကိစ္စများက ပိုမိုခက်ခဲနေ၏။ မင်ရှစ်ရင်ကဲ့သို့သော အားကောင်းသည့်သူတွင်ပင် ပွင့်ချပ်ကိုးလွှာ တက်လှမ်းသည့်အခါ သူတို့ရှစ်စွင်းလိုမျိုး အားကောင်းသည့် ကာကွယ်သူကို လိုအပ်၏။ သူမက ဤအခြေအနေတွင် အသက်ရှင်နိုင်ပါ့မလား မသိပေ။ သူမက ရှန်းယွီ ချဉ်းကပ်လာသည်ကို မျက်လုံးအပြူးသားဖြင့်သာ ကြည့်နေလေ၏။

ယဲ့ထျန်းရှင်းက ထပ်မံ လွင့်စင်သွားသည်။ ထိုသက်ရောက်မှုက သူမ၏ သွေးအဆီအနှစ်များကို ပွက်ပွက်ဆူလာစေပြီး သူမ၏ စိတ်ဝိညာဥ်သဏ္ဌာန်က အချိန်မရွေး ကွဲကြေသွားတော့လုမတတ် ဖြစ်နေသည်။ ထိုစဥ် ရွှေကြာက သူမ၏ သက်တမ်းကို စတင်စုပ်ယူနေပြီ ဖြစ်၏။ သူမ၏ မျက်နှာအထက် အရေးအကြောင်းများ ပေါ်ထွက်လာကာ အလျင်အမြန် အသက်ကြီးလာသည်။

သူမက ရှန်းယွီ ထပ်မံတိုးလာသည်ကို ကြည့်နေလိုက်၏။ သူမက သေဆုံးတော့မည်မှန်း သေချာသွားသည်။ သို့သော်လည်း သူမက နောင်တမရပေ။ သူမက ယခင်ကတည်းက သေသင့်သည်မှာ ကြာမြင့်လှလေပြီ။ သူမက ယခုအချိန်ထိ အသက်ရှင်ခဲ့သည်မှာ ကံကောင်းလှ၏။ သူမက ထပ်မံ တောင်းဆိုစရာ မရှိတော့ပေ။

အားကောင်းသည့် လေဟုန်တစ်ချက်က သူမ၏ ငွေရောင်ဆံပင်များကို တိုက်ခတ်သွားပြီး အသိစိတ်က ဖြည်းဖြည်းချင်း လွင့်ပယ်လာ၏။ သူမက မေ့လဲတော့မည့်ဆဲဆဲတွင် ဘဝက ဘာလဲဟု နားလည်သွားသည်။ သူမက လက်ကို ဆန့်ကာ သက်ပြင်းချလိုက်ပြီး လုံးဝကို တည်ငြိမ်နေ၏။ သူမက ခုခံဖို့ လက်လျှော့လိုက်လေပြီ။

ရှန်းယွီက သူမဆီ အရှိန်အဟုန်အပြည့်ဖြင့် ချဉ်းကပ်လာပြီး အရသာရှိသော အစားအစာကို ဝါးမျိုလုမတတ် ဖြစ်နေသည်။

မျှော်လင့်ချက် ပျောက်ဆုံးလုမတတ်အချိန်တွင် လေထဲ၌ ထူးဆန်းသည့်အသံတစ်ခု ထွက်ပေါ်လာသည်။

ခန္ဓာကိုယ်ကြီးက ကြီးမားလွန်း၍ ကောင်းကင်အထက် မျောလွင့်နေသည့် မြို့ကြီးတစ်ခုနှင့် အလားသဏ္ဌာန်တူ၏။

" ဒါက ဘာကြီးလဲ "

ကျင့်ကြံသူများက ကြောင်အမ်းသွားကြသည်။ သူတို့က ဤသို့သော အရွယ်အစားရှိသည့် သားရဲကို မမြင်ဖူးကြပေ။ သူတို့က မော့ကြည့်လိုက်သည့်အခါ ဧရာမဝမ်းဗိုက်ကြီးနှင့် ခေါင်းကိုသာ မြင်လိုက်ရ၏။

သားရဲ၏ သားမွေးများက အဖြူရောင်နှင့် အဝါရောင် ဖြစ်၏။ နေရောင်က ပိုမိုတောက်ပအောင် လုပ်ပေးနေသည်။

ရှန်းယွီက ရပ်တော့မည့်ဆဲဆဲတွင် ငှက်မွေးများက ထောင်တက်လာ၏။ အရွယ်အစားဖြင့်ပင် သူက ဧရာမသားရဲကြီးကို မော့ကြည့်နေရသည်။ ထိုစဥ် ဧရာမသားရဲကြီး ရှေ့တွင် သူက အရေးမပါတော့ပေ။ ထိုအရာ၏ စိတ်လှုပ်ရှားမှု၊ ဆာလောင်မှု အကြည့်များက ကြောက်ရွံ့မှုဖြင့် အစားထိုးဝင်ရောက်သွားသည်။ ထို့နောက် ထိုအရာက တောင်ပံခတ်ကာ ထွက်ပြေးဖို့ ပြင်လိုက်၏။

ဝှစ်

ထိုအချိန်တွင် ဧရာမသားရဲကြီးက သူ့သုံးပုံတစ်ပုံလောက် အရွယ်အစားရှိ ရှန်းယွီဆီ လက်သည်းဖြင့် ချိန်ရွယ်လိုက်သည်။

ဝုန်း

လေထုထဲ ပေါက်ကွဲသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာ၏။

သစ်ပင်များက ပြိုလဲသွားကာ ဖုန်မှုန့်များ ထလာသည်။

ထိုစဥ် ရှန်းယွီက ဧရာမသားရဲကြီးကြောင့် မြေပြင်ပေါ် မှောက်လျက်သား ဖြစ်နေလေပြီ။

နေရာတစ်ဝိုက်ရှိ သားရဲငယ်များက နှိုင်းယှဥ်လိုက်လျှင် ယင်ကောင်လို ဖြစ်နေသည်။ သူတို့က အင်အား သက်ရောက်မှုတစ်ခုတည်းကြောင့် အသတ်ခံလိုက်ရ၏။

ဧရာမသားရဲကြီးက အမြီးကို ယမ်းလိုက်သည့်အခါ အားနည်းသည့် သားရဲများက လွင့်စင်သွားပြီး နေရာမှာတင် သေဆုံးသွားကြသည်။

ဤချေမွပစ်နိုင်သည့် အရှိန်အဟုန်က အကြွင်းမဲ့အင်အားကနေ ထွက်ပေါ်လာခြင်း ဖြစ်၏။

လက်ရှိကျင့်ကြံသူများက ထိုအရာကို တအံ့တသြ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။ သူတို့က အသိပြန်ဝင်လာသည့်အခါ ကြောက်လန့်လုမတတ် ဖြစ်လာကြ၏။

" သွားပြီ။ ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းမှုက အားကောင်းတဲ့ သားရဲတွေကို ဆွဲဆောင်နိုင်တယ်တဲ့။ ငါတို့တော့ သွားပြီ”

" စတုတ္ထသခင်လေးက ဒီသားရဲကို ကိုင်တွယ်နိုင်မယ်လို့တော့ မထင်ဘူး”

ယဲ့ထျန်းရှင်း၏ ပေ ၁၀၀ မြင့်မားသည့် ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဥ်သဏ္ဌာန်က ဧရာမသားရဲကြီးရှေ့တွင် ရှိနေလေသည်။

ထိုစဥ် ယဲ့ထျန်းရှင်း၏ အမြင့်က ထိုသားရဲကြီး၏ နှာခေါင်းပေါက်မျှသာ ရှိ၏။

ယဲ့ထျန်းရှင်းက ထိုသားရဲကြီးကို မြင်လိုက်ရသည့်အခါ အနည်းငယ် စိတ်လှုပ်ရှားလာမိသည်။ တစ်ချိန်တည်းဆိုသလို သူမ၏ မျှော်လင့်ချက်က ပြန်လည်တောက်ပလာ၏။ သို့သော်လည်း သူမ၏ လက်ရှိအခြေအနေက အရမ်းကို အကောင်းမြင်လွန်းနေသည်။ သူမက စကားပြောဖို့ရာပင် အရှိန်ယူနေရအောင်အထိ အသက်အရွယ်ကြီးရင့်လာပြီ ဖြစ်၏။

" ချန်း ချန်း ချန်ဟွမ်း "

ချန်ဟွမ်းက အော်မြည်းလိုက်သည်။ ထို့နောက် သူ့လက်သည်းအောက် ရုန်းကန်နေသည့် ရှန်းယွီကို တစ်ချက်ကြည့်လိုက်၏။

ရှန်းယွီက ဆက်လက်ရုန်းကန်နေသော်လည်း အသုံးမဝင်ပေ။ ချန်ဟွမ်း၏ လက်အောက်မှ မလွတ်မြောက်နိုင်ပေ။

ချန်ဟွမ်းက ယဲ့ထျန်းရှင်း၏ စိတ်ဝိညာဥ်သဏ္ဌာန်နှင့် ရွှေကြာကို တစ်ချက်ကြည့်လိုက်သည်။

ထိုစဥ် ပွင့်ချပ်ငါးလွှာနှင့်အထက် ကျင့်ကြံသူဒါဇင်ချီက ယဲ့ထျန်းရှင်းဆီ ပြေးလာကာ သူမကို ကယ်တင်ဖို့ ကြိုးစားနေကြဟန်ပေါ်သည်။

ယဲ့ထျန်းရှင်းက သူတို့အား လှည့်ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်၏” နောက်ဆုတ်ကြ "

ကျင့်ကြံသူများက ရပ်တန့်ကာ ချန်ဟွမ်းကို ကြည့်လိုက်၏။ သိပ်မကြာခင် သူတို့က သဘောပေါက်သွားကြသည်။ ချန်ဟွမ်းက ရန်လိုနေခြင်း မရှိပေ။ ချန်ဟွမ်း ပေါ်ထွက်လာသည်နှင့် အနီးအနား ဆယ်မိုင်ပတ်လည်ရှိ သားရဲအားလုံးက ထွက်ပြေးသွားကြ၏။ ရှန်းယွီ၏ အော်သံအပြင် တခြားသော ဆူညံသံများ မရှိတော့ပေ။

ချန်ဟွမ်းက ခေါင်းငုံ့ကာ ယဲ့ထျန်းရှင်းအနား ချဉ်းကပ်လာပြီး အနံ့ခံလိုက်သည်။ ထို့နောက် မြည်တမ်းလိုက်သည်။ သူ့အော်သံက အလေးအနက် ဖြစ်နေလေ၏။

ဝုန်း

ချန်ဟွမ်းက ရုတ်ချည်းဆိုသလို လက်ကိုမြှောက်ကာ ရှန်းယွီကို ရိုက်ချပစ်လိုက်သည်။

ဤသို့ဖြင့် ရှန်းယွီက နှစ်ပိုင်း ပြတ်သွားလေသည်။

ကျင့်ကြံသူများက သူတို့၏ ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်း ထလာသည်ကို ခံစားမိလိုက်ကြ၏။ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများ မကိုင်တွယ်နိုင်သည့် ရှန်းယွီက ချန်ဟွမ်းရှေ့တွင် စာရွက်တစ်ခုလို ကြေမွလွယ်နေသည်။

ရှန်းယွီ သေဆုံးသွားပြီးသည့်နောက်တွင် လေထုထဲ အနီရောင် ကြည်လင်နေသည့် ကျောက်တုံးတစ်ခု ထွက်ပေါ်လာသည်။ နေရောင်က ထိုအပေါ် ကျရောက်လာသည့်အခါ ပို၍ပင် တောက်ပလာ၏။

…

အခန်း ( ၇၇၇ ) ထူးခြားသော ကံမီးတောက်

“ရှန်းယွီရဲ့ အသက်ဓာတ်နှလုံးသား “

ကျင့်ကြံသူများသည် ရှန်းယွီ၏ နှလုံးသားကို တောက်ပသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ အသက်ဓာတ်နှလုံးသားတန်ဖိုးရှိပုံကို သူတို့ သိသည်။ ကျင့်ကြံသူလောက၌ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူ ဖြစ်ချင်သူတိုင်းသည် အသက်ဓာတ်နှလုံးသားကို လုယူကြလိမ့်မည်။

ယခုအချိန်၌ ယဲ့ထျန်းရှင်းသည် ဤနှလုံးသားကို အလိုအပ်ဆုံးဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။

“ သူယောင်မျိုးနွယ်ရဲ့ ချန်ဟွမ်း ဒဏ္ဍာရီက တကယ်ပဲ။ ရန်မလိုတာ အံ့ဩစရာ မရှိဘူးပဲ “

“ ဆဋ္ဌမသခင်မလေး ကယ်တင်ခံရပြီ။ တာ့ရန်က ကယ်တင်ခံရပြီပဲ “

ကျန်သည့်သူများသည် ချန်ဟွမ်းကို စိတ်အားထက်သန်စွာ ကြည့်လိုက်ကြ၏။ မကြာခင်၌ သူတို့စိတ်အားထက်သန်မှု နေရာ၌ ထိတ်လန့်မှု၊ ကြောက်ရွံ့မှု၊ ဝေခွဲမရမှုတို့က အစားထိုးဝင်ရောက်လာသည်။ ချန်ဟွမ်းသည် ၎င်း၏ ခေါင်းကို ငုံ့လျက် ပါးစပ် ဟလိုက်သည်။

ဂျွတ်

ထိုနည်းအတိုင်း ရှန်းယွီနှလုံးသားက ချန်ဟွမ်း၏ပါးစပ်ထဲ ရောက်သွားသည်။

ဂျွတ် ဂျွတ် ဂျွတ်

ချန်ဟွမ်းသည် အသက်ဓာတ်နှလုံးသားကို ဝါးမျိုလိုက်၏။

“ …….. “

ကျင့်ကြံသူများက ဆွံအပြီး ကြက်သေ သေကုန်၏။ ယင်းကို သူတို့မထင်ထားပေ။

ယဲ့ထျန်းရှင်း၏ နှလုံးသားက အနည်းငယ် တုန်ယင်သွားသည်။ သူမသည် ချန်ဟွမ်း၏ လုပ်ရပ်ကို နားမလည်သော်ငြား ၎င်းကို လက်ခံနိုင်၏။ သားရဲတစ်ကောင်က သားရဲတစ်ကောင်ပဲဖြစ်သည်။ ၎င်းသည် သူမကို များစွာကူညီပေးခဲ့ပြီ ဖြစ်၏။ သူမသည် မည်ကဲ့သို့ အကူအညီ ထပ်တောင်းနိုင်မည်နည်း။ သူမက သက်ပြင်းချလိုက်တော့သည်။

“ ဒါက ကံကြမ္မာ ဖြစ်နိုင်ပါတယ်လေ”

ရွှေရောင်ကြာပွင့်သည် အရှိန်ဖြင့် စတင်လည်ပတ်လာတော့သည်။

ထိုစဉ် ချန်ဟွမ်းက ညည်းတွားလိုက်၏။ ၎င်း၏ အစာအိမ်က လှုပ်ရှားနေပုံရပြီး အော့အန်လာတော့သည်။ ၎င်း၏ ခန္ဓာကိုယ်ထဲမှ တစ်စုံတစ်ခုက လွတ်မြောက်အောင် ရုန်းထွက်နေပုံ ပေါ်၏။ ရုတ်တရက် ၎င်း၏ပါးစပ်ကို အနည်းငယ် ဟ လိုက်၏။ ရှန်းယွီ၏ နှလုံးသားထက် ပိုတောင်တောက်ပသော အသက်ဓာတ်နှလုံးသားက ပေါ်လာ၏။

ကျန်သည့်သူများက ထိတ်လန့်သွားကြသည်။

“ ဒါက ချန်ဟွမ်းရဲ့ နှလုံးသားလား “

သူတို့မြင်ဖူးသမျှထဲ၌ အလှပဆုံး အသက်ဓာတ်နှလုံးသားဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။ ၎င်းသည် အလင်းရောင်တောက်ပနေပြီး မြစိမ်းနှင့် ဆင်တူသည်။ ထာဝရတည်ရှိမှု၊ ကံကောင်းမှု၊ သစ္စာတရားတို့ ဖြာထွက်နေပုံရသည်။

ကျင့်ကြံသူများသည် ချန်ဟွမ်း၏ ဒဏ္ဍာရီကို ပြန်တွေးမိသွားသည်။ ချန်ဟွမ်းသည် ၎င်းကို စီးနင်သူအား သက်တမ်းနှစ်ပေါင်းနှစ်ထောင် ချီးမြှင့်ပေးသည့် မြေခွေးဖြူ တစ်ကောင်နှင့် ဆင်တူသည်။ ဒါက ချန်ဟွမ်းရဲ့ နှလုံးသားနဲ့ သက်ဆိုင်နေတာလား။

ယဲ့ထျန်းရှင်းက ဇဝေဇဝါ ဖြင့်မေးလိုက်၏။ “ နင်ဘာလုပ်နေတာလဲ “

ချန်ဟွမ်းသည် ခေါင်းငုံ့လျက် ၎င်းကျောက်မြတ်ကို ယဲ့ထျန်းရှင်းဆီ တွန်းပို့ပေးပြီးနောက် တရှုံ့ရှုံ့လုပ်ကာ အော်လိုက်တော့သည်။

“ ငါဒါကို မလိုအပ်ဘူး “

ယဲ့ထျန်းရှင်းက မျက်နှာလွှဲကာ ခေါင်းမာစွာ ရပ်နေ၏။ သူမသည် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူ တစ်ယောက်ဖြစ်ရန် ချန်ဟွမ်းကို စတေးရမည်ဆိုပါက ထိုအစားသေလိုက်မည်။

ချန်ဟွမ်းက ခေါင်းထပ်ငုံ့လျက် အသက်ဓာတ်နှလုံးသားကို ဖြည်းဖြည်းချင်းတွန်းပေးလိုက်၏။ ယဲ့ထျန်းရှင်းက ထိတ်လန့်အံ့ဩသင့်သွားသည်။ အသက်ဓာတ်နှလုံးသားက ဖြည်းဖြည်းချင်း ကွဲထွက်လာပြီးနောက် အလင်းစက်များသည် သူမ၏ ခံတွင်းထဲ ရောက်သွား၏။ ချက်ခြင်းပင် သူမ၏ထူးကဲချီသွေးကြော ရှစ်ကြောဆီသို့ အသက်စွမ်းအင်တို့ စီးဆင်းနေတာကို ခံစားလိုက်မိသည်။ ခမ်းခြောက်လုနီးပါး စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ကလည်း ထိုအသက်စွမ်းအင် လျှင်မြန်စွာ ပြည့်သွား၏။ ဤနည်းဖြင့် သူမသက်တမ်း တိုးလာတော့သည်။ သူမ အသားအရေတို့က အရောင်အသွေးစိုလာပြီး ရင့်ရော်မှုတို့များ ပျောက်ကွယ်သွား၏။ သူမမျက်လုံးသည် ရေပမာ ကြည်လင်နေပြီး သူမ၏နုနယ်သော အစိတ်အပိုင်းများကို ထပ်မံ မြင်ရ၏။ သူမသည် မြင်နိုင်သောနူန်းဖြင့် ကုသပျောက်ကင်းနေသည်။

ကျန်သည့်သူများက ထိတ်လန့်ကုန်သည်။ ထိုမြင်ကွင်းကို ကြည့်ပြီး သူတို့ ရင်သပ်ရူမော ဖြစ်နေကြ၏။ သူတို့၏ အာရုံစိုက်မှုက ယခုအချိန်တွင် ရွှေကြာပေါ်၌ ရှိနေ၏။

ရွှေကြာသည် ရုတ်တရက် အရှိန်လျော့သွားသည်။

ယဲ့ထျန်းရှင်းက ရွှေကြာကို အာရုံစိုက်နေသည်။ ပွင့်ချပ်ရှစ်လွှာရွှေကြာ၏ အောက်ခြေမှ အလင်းကွင်း တစ်ခု ပေါ်ထွက်လာ၏။

ကျန်သည့်သူများက မျက်တောင်မခတ်ကြည့်နေသည်။ ယင်းကို မြင်သောအခါ ပွင့်ချပ် ဖူးပွင့်တော့မည်မှန်း သူတို့သိလိုက်သည်။ ယဲ့ထျန်းရှင်းသည် ၎င်းက ပွင့်ချပ်ဖူးပွင့်သောဖြစ်စဉ်၌ အရေးကြီးသောအဆင့် ဆိုတာ ပြောနိုင်သည်။ ထိုစဉ် ချန်ဟွမ်းက နောက်ထပ် ထိတ်လန့်ဖွယ်လှုပ်ရှားမှုကို လုပ်လိုက်၏။ ရုတ်တရက် ယင်းသည် မြေကို ဆောင့်နင်းကာ ကောင်းကင်ထဲသို့ ပျံတက်သွားသည်။

ကျန်သည့်သူများက မော့ကြည့်လိုက်၏။

ဝှစ်

၎င်းသည် ပါးစပ်ဟပြီးနောက် အသက်ပြင်းပြင်းရှူကာ ကနဦးချီများ မှုတ်ထုတ်လိုက်တော့သည်။

မျက်စိတစ်မှိတ်အတွင်း မီတာတစ်ရာအတွင်း၌ ဧရိယာသည် ကြွယ်ဝသော ကနဦးချီနှင့် စွမ်းအင်တို့ ပြည့်သွား၏။ ရွှေရောင်ကွင်းက ပြန်ခုန်လာသည်။

ပေတစ်ရာခန့်မြင့်မားသည် စိတ်ဝိဉာဉ်သဏ္ဌာန်သည် ပေတစ်ရာ့ငါးဆယ် ရောက်သည်အထိ ပိုမိုကြီးမားလာတော့သည်။ ရွှေကြာကလည်း ပိုကြီးလာ၏။ နဝမမြောက် ပွင့်ချပ်ကို ၎င်းပေါ်တွင် မြင်နိုင်ပြီဖြစ်သည်။

ယင်းကို မြင်သောအခါ နေရာ၌ရှိသည့် ကျင့်ကြံသူများစွာသည် ရင်ထဲထိလွန်းသောကြောင့် မျက်ရည်များကျလာလေ၏။ သူတို့ အဆင့်ချိုးဖျက်တက်ရသည်ထက်တောင် ပိုပြီး ပျော်ရွှင်နေပုံရသည်။

“ ဆဋ္ဌမ သခင်မလေး ဂုဏ်ပြုပါတယ် “

ယဲ့ထျန်းရှင်းသည် ကျန်သည့်သူများကို ပြုံးလျက် ကြည့်ပြီး ပြောလိုက်တော့သည်” အားလုံး ကူညီပေးတာအတွက် ကျေးဇူးတင်ပါတယ်”

ကျင့်ကြံသူများသည် ၎င်းက အဆုံးသတ်ဟု ထင်ခဲ့သည်။ သို့သော် ချန်ဟွမ်းက ကနဦးချီကို ဆက်လက်မှုတ်ထုတ်ပေးနေ၏။

ကနဦးချီသည် ရွှေကြာစိတ်ဝိဉာဉ်သဏ္ဌာန်ကို ဖြည့်ဆီးပေးနေပြီး ရွှေကြာမှ အသက်စွမ်းအင်တို့ စတင်ယိုစိမ့်ထွက်လာသည်။

ယဲ့ထျန်းရှင်းသည် အသက်စွမ်းအင်တို့ ဝှေ့တက်လာမှုကို ခံစားမိပြီး သူရှစ်စွင်း၏ သရုပ်ပြမှုကို ပြန်အမှတ်ရသွား၏။

“ အသက်စွမ်းအင် အားဖြည့်မှုလား “

ကျန်သည့် ကျင့်ကြံသူများက ထိတ်လန့်သွားကြတော့သည်။

“ ဆဋ္ဌမ သခင်မလေး အသက်ရှူနူန်းကို ပုံမှန်လုပ်ဖို့ အာရုံစိုက်နိုင်ပြီး ကျုပ်တို့ ခင်ဗျားကို စောင့်ကြပ်ပေးမယ် “

ကျင့်ကြံသူများသည် ယဲ့ထျန်းရှင်းနား၌ နေရာယူလိုက်၏။ ထိုစဉ် ချန်ဟွမ်းက သူမကို ကြည့်နေသည်။

တစ်နာရီခန့်ကြာပြီးနောက် ယဲ့ထျန်းရှင်းသည် သူမ၏အသက် ပြန်လည် ရရှိပြီဟု ခံစားမိရုံသာမက အသက်စွမ်းအင် တိုးလာတာကိုလည်း ခံစားမိသည်။

ထိုစဉ် ချန်ဟွမ်းသည် အစိမ်းရောင်အလုံးကို ထွေးထုတ်လိုက်ရာ ၎င်းသည် ရွှေကြာပေါ် ကျရောက်လာ၏။ ပွင့်ချပ်ကိုးခုမှ ရွှေရောင်မီးလျှံတို့ ပေါ်ထွက်လာတော့သည်။ အစိမ်းရောင်တစ်စွန်းတစ်စကို ရွှေရောင်မီးလျှံထဲ မြင်ရ၏။

ယဲ့ထျန်းရှင်းက ချန်ဟွမ်းကို ကြည့်လိုက်သည်၊၊ ၎င်းသည် အလုပ်တစ်ခုကို ကောင်းမွန်စွာ ဆောင်ရွက်ခဲ့သဖြင့် ကျေနပ်နေသည့်ပမာ သူ၏မျက်နှာထက်တွင် ကျေနပ်နေသော အမူအယာ ဖြစ်နေ၏။

ချန်ဟွမ်းက ကံမီးတောက်က အစကတည်းက ငါ့ရဲ့ရွှေကြာကနေ ပေါ်ထွက်လာမည်ဆိုတာ သိနေတာလား။

“ ကံမီးတောက် “

ကျင့်ကြံသူများက အားကျသွားသည်။ ရွှေရောင်မီးတောက်များ ငြိမ်သွားသောအခါ ယဲ့ထျန်းရှင်းက လက်ဝှေ့ယမ်းလျက် စိတ်ဝိဉာဉ်သဏ္ဌာန်ကို ရုပ်သိမ်းလိုက်သည်။ ပြီးနောက် ကျန်သည့်သူများဘက် လက်သီးဆုပ်မိုးလျက် ပြောလိုက်၏” အားလုံးကို ကျေးဇူးတင်ပါတယ်”

“ ကျုပ်တို့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး ဆဋ္ဌမ သခင်မလေး ။ ခင်ဗျားက ယီစီရင်စုကို အချိန်အကြာကြီး စောက်ရှောက်ပေးခဲ့ပေမဲ့ ကျုပ်တို့ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။ တကယ်တော့ ကျုပ်တို့နဲ့အတူ ခင်ဗျားကို ဆွဲချလုနီးပါး ဖြစ်ခဲ့တာ။ ကျင့်ကြံသူများထဲမှ တစ်ယောက်က ခေါင်းကုပ်လျက် ပြောလိုက်သည်။

ထိုစဉ် ဒဏ်ရာရထားသော ကျင့်ကြံသူများက ဤနေရာသို့ ပျံသန်းလာ၏။

ယဲ့ထျန်းရှင်းက ပြောလိုက်သည်” ဒါက မှန်ကောင်းမှန်မယ်။ ဒါပေမဲ့ ရှင်တို့ရဲ့ အကူအညီမရှိပဲ ချန်းဟွမ်းရောက်မလာခင် ရှန်းယွီကြောင့် ကျွန်မသေနိုင်တယ်”

ကျန်သည့်သူများသည် သူမ၏ စကားကို ကြားသောအခါ ရင်ထဲထိသွား၏။

ယဲ့ထျန်းရှင်းက ဒဏ်ရာရထားသော ကျင့်ကြံသူများကို ကြည့်ပြီး‌ ပြောလိုက်၏” တို့ ဆေးညွှန်းတွေ ရေးပေးမယ်။ ဒဏ်ရာရထားတဲ့သူတွေက မိစ္ဆာဝေဟင်မျှော်နန်းမှာ အားပြန်ဖြည့်လို့ရတယ်”

ကျင့်ကြံသူများက အရိုအသေ ပေးလိုက်၏။ ထိုစဉ် ချန်ဟွမ်းသည် အောင်မြင်မှုကြောင့် ပျော်ရွှင်သည့်အသံ ထွက်လာသည်။ ပြီးနောက် ၎င်း၏ ခန္ဓာကိုယ်က စတင်လှုပ်လာ၏။

ကျန်သည့်သူများသည် ချန်ဟွမ်းကို ဇဝေဇဝါ ကြည့်လိုက်၏။ ခဏအကြာတွင် တစ်စုံတစ်ယောက်က ပြောလိုက်၏။

” အခုသိသွားပြီ။ ရွှေကြာက သက်တမ်းထောင့်နှစ်ရာ လိုအပ်ပြီး ရှန်ယွီရဲ့ အသက်ဓာတ်နှလုံးသားက သက်တမ်းတစ်ထောင်ပဲ ချီးမြှင့်နိုင်တာ။ ချန်ဟွမ်းက ရှန်းယွီရဲ့ အသက်ဓာတ်နှလုံးသားကို စားသုံးပြီး သူ့ရဲ့ကိုယ်ပိုင်နှလုံးသားကို ပေးခဲ့တာ။ သူယောင်မျိုးနွယ်ရဲ့ ချန်ဟွမ်းက ဉာဏ်ရည်ရှိတဲ့ အစောက်အရှောက် သားရဲတစ်ကောင်ပဲ”

“ အဲဒါက ကျုံ့သွားပြီ “ ချန်ဟွမ်းက လျင်မြန်စွာ ကျုံ့သွားလေ၏။ ချက်ချင်းပင် မူလအရွယ်အစားထက် နှစ်ဆပိုသေးသွား၏။

“ ရှန်းယွီရဲ့ အသက်ဓာတ်စွမ်းအားက မလုံလောက်တာပဲ ဖြစ်ရမယ်။ ဒါအပြင် သူက ကနဦးချီတွေ အများကြီးပေးခဲ့ရတာ။ ဒါပေမဲ့ အဆင်ပြေမှာပါလေ နှစ်ကြာရင် ကြီးသွားလိမ့်မယ်”

ချန်ဟွမ်းသည် ကျုံ့တာ ရပ်သွား၏။ ၎င်းသည် မူလအရွယ်အစား၏ တစ်ဝက်သာ ရှိတော့သော်ငြား လူသားများနှင့် ယှဉ်လျှင် ကြီးနေသေး၏။ ၎င်း၏ လက်ရှိအရွယ်အစားသည် ရှန်းယွီ၏ အရွယ်အစား နှစ်ဆခန့်ရှိသည်။

ယဲ့ထျန်းရှင်းသည် ချန်ဟွမ်းသို့ ပျံသန်းသွားပြီး ၎င်းကို တယုတယ ပွတ်သပ်လိုက်၏” ဒါတွေအားလုံး နင်ရဲ့ကျေးဇူးကြောင့်ပါ “ ချန်ဟွမ်းက အော်သံပြုလိုက်၏။

ယဲ့ထျန်းရှင်းက လှည့်လာပြီး ပြောလိုက်သည်။

“ အခုတော့ မြို့ကို ပြန်ကြရအောင် ၊ အဲ့ဒီမှာ ပိုလုံခြုံတယ်”

“ ဟုတ်ကဲ့ ဆဋ္ဌမ သခင်မလေး “

“ ဒီနေရာမှာ ချန်ဟွမ်းရှိတယ်ဆိုတော့ ယီစီရင်စုရဲ့ မြို့ရှစ်မြို့က သားရဲတွေကို ရှင်းလင်းလိုက်မယ်။ တို့မပါပဲ ပြန်နှင့်ပါ “

ယဲ့ထျန်းရှင်းက ပြောလိုက်၏။

“ ယီစီရင်စုက ဆဋ္ဌမသခင်မလေး ရှိနေရင် ဘေးကင်းပါပြီ “

“ ဂရုစိုက်ပါ “

ကျန်သည့် သူများက အရိုအသေပေးလိုက်သည်။ သူမကို နူတ်ဆက်ပြီးနောက် မြို့သို့ ပြန်သွားကြတော့သည်။ ယဲ့ထျန်းရှင်းသည် ချန်ဟွမ်း၏ ကျောပေါ်တက်ကာ ၎င်း၏ လည်ဆံမွှေးကို ပွတ်သပ်လိုက်သည်။ချန်ဟွမ်းသည် ပိုသေးသွားတော့ငြား ၎င်း၏ ကျောသည် မီတာ တစ်ဒါဇင် ရှိနေသေး၏။

“ အခုမင်းတောက်ပရမဲ့ အချိန်ရောက်ပြီ “

ချန်ဟွမ်းသည် မြေပြင်ကနေ ခုန်တက်လိုက်သည်။ ရုတ်တရက်ပျံသန်းမှုက ယဲ့ထျန်းရှင်းကို အငိုက်မိသွားစေ၏။ သူမ၏ မျက်နှာကို လေပြင်းများတိုက်ခတ်လာရာ သူမကို ရယ်မောမိစေတော့သည်။ သူမသည် အကာအကွယ်စွမ်းအင်ကို အသက်သွင်းလျက် ပြောလိုက်တော့၏။

” နင်တစ်ချိန်လုံး ဒါမျိုးလုပ်နေတာပဲ “

မွန်းတည့်ချိန်တွင် ယီစီရင်စု၏ မြို့ကြီးရှစ်မြို့၏ ကျင့်ကြံသူများသည် ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခုကို မျက်မြင်တွေ့လိုက်ရ၏။ သတင်းသည် ရပ်နားစခန်းများဆီ လျင်မြန်စွာ ရောက်သွား၏။ နှစ်ပေါင်းတစ်သောင်း သက်တမ်းရှိသော ချန်ဟွမ်းသည် ချေမှုန်းနိုင်သောအဟုန်ဖြင့် သားရဲများကို သိမ်းကျုံး တိုက်ခိုက်နေပြီး ယီစီရင်စုတစ်ခုလုံးကို မှင်သက်သွားစေ၏။

ထိုစဉ် အနီရောင်ကြာနယ်မြေတွင် ရှိနေသော လုကျိုးသည် အသိပေးသံဆက်တိုက်ရလိုက်၏။

“ တင် လူပေါင်းထောင့်ငါးရာရဲ့ ကိုးကွယ်ယုံကြည်မှုရရှိပါတယ်။ ဆုလာဒ်ကုသိုလ်မှတ် ၁၅၀၀ “

“ တင် လူနှစ်သောင်းငါးရာရဲ့ ကိုးကွယ်ယုံကြည်မှုရရှိပါတယ်။ ဆုလာဒ်ကုသိုလ်မှတ် ၂၀၅၀၀ “

လုကျိုးက မုတ်ဆိတ်သပ်လျက် အသိပေးစာ ရုတ်တရက်ပေါ်လာခြင်းကို ကျေနပ်နေသည်။ သူသည် စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်၏။ သူ၏မည်သည့် တပည့်ကများ ကိုးကွယ်ယုံကြည်ရအောင် လုပ်မှန်း သူ မသိသော်ငြား ထိုလူသည် မယုံနိုင်စရာကောင်းသည့် ဆောင်ရွက်ချက်ကို လုပ်ခဲ့မှန်း သူသိသည်။ ပြန်ရောက်တဲ့အချိန် အဲ့ဒီတပည့်ကို ဆုပေးသင့်တယ်။ ငါစိတ်ကောင်းဝင်နေတာဆိုတော့ အခု ကံစမ်းမဲ နှိုက်သင့်ပြီ။ လုကျိုးသည် အသုံးပစ္စည်းတိုင်ကို ဖွင့်ပြီး ဆွဲချလိုက်၏။ သူ မတွေ့ရတာ အတော်ကြာပြီဖြစ်သည့် တစ်စုံတစ်ခုကို တွေ့လိုက်ရကာ ရင်ထဲစိတ်အားထက်သန်မှု ပြည့်လာသည်။

“ အကန့်အသတ် ရတနာ သေတ္တာလား “

All Chapters