← Chapters

အခန်း (၇၇၈-၇၈၀)

Vol. 52 Ch. 778-780

အခန်း (၇၇၈-၇၈၀)

Vol. 52 Ch. 778-780

အခန်း (၇၇၈) ရတနာသေတ္တာ

လုကျိုးဆီတွင် ရတနာသေတ္တာ ပေါ်ထွက်မလာသည်မှာ အချိန်တော်ကြာ ကြာမြင့်နေပြီ ဖြစ်၏။ နောက်ဆုံးအချိန် ပေါ်ထွက်လာစဥ်က ရတနာများစွာ ပါဝင်သည့်အတွက် ယခု ရတနာသေတ္တာကိုလည်း မျှော်လင့်နေမိသည်။ ဤတစ်ကြိမ် ရတနာသေတ္တာ ဖွင့်ရမည့်သော့က သူ့တပည့်များ၏ လက်နက် မဟုတ်ဖို့သာ မျှော်လင့်မိ၏။ ထိုသို့ဖြစ်လာခဲ့လျှင် သူ့အနေဖြင့် ကူးချည်သန်းချည် သွားလာနေရင်း မည်မျှကြာမြင့်သွားမည်ကို တွေးမကြည့်နိုင်ပေ။

လုကျိုးက စျေးနှုန်းကို စစ်ဆေးကြည့်လိုက်၏။ ထိုအရာက ကုသိုလ်ရမှတ် တစ်သောင်း ကျသင့်နေသည်။ သူက ပစ္စည်းများ၏ တန်ကြေးက ဆက်တိုက်မြင့်တက်နေပြီး သူ့ဝင်ငွေက ယခင်လို အတူတူဖြစ်နေပါက မည်သို့ဆက်လက် နေထိုင်ရမည်နည်း။ ကံကောင်းစွာဖြင့် သူ့တွင် ကုသိုလ်ရမှတ်များစွာ ရရှိထားလေသည်။

ကုသိုလ်ရမှတ် - ၅၁၄၄၀ မှတ်

" ဝယ်မယ် " လုကျိုးက တုံ့ဆိုင်းမနေဘဲ အချိန်ကန့်သတ်ချက်ရှိသည့် ရတနာသေတ္တာကို ဝယ်ယူလိုက်သည်။ ကုသိုလ်ရမှတ် တစ်သောင်းကို ချက်ချင်းဆိုသလို နုတ်ယူသွား၏။ သူက ထိုအရာကြောင့် နာကျင်သလို မခံစားရပေ။

အလင်းတန်းတစ်ချက် ပေါ်ထွက်လာပြီးသည့်နောက်တွင် စားပွဲပေါ်တွင် အနက်ရောင် သေတ္တာတစ်လုံး ပေါ်ထွက်လာသည်။

တစ်ချိန်တည်းဆိုသလို စနစ်ဆီမှ အချိန်နောက်ပြန်ရေတွက်မှု စတင်လာသည်။ သူ့တွင် ၇ရက် အချိန် ရှိ၏။

လုကျိုးက သေတ္တာ၏ သွင်ပြင်ကို လေ့လာကြည့်လိုက်သည်။

ဒီသေတ္တာကို ဖွင့်ဖို့ ထူးထူးဆန်းဆန်းအရာ မလိုပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်။ စီးဝူယာ့ကလည်း ငါ့အနားမှာ ရှိမနေဘူး။ ငါ ဒီကိစ္စလေးနဲ့ ခေါင်းမသုံးချင်ဘူး။ ... ဒီအရာပေါ်မှာ အချိန်အများကြီး ပေးရတာ မတန်ဘူး။ ...

ထိုအရာကို အချိန်အတော်ကြာ သုံးသပ်ပြီးသည့်နောက်တွင် သေတ္တာပေါ်တွင် ဘာသင်္ကေတမှ မရှိကြောင်း အတည်ပြုလိုက်နိုင်သည်။ ဆိုလိုသည်မှာ သူ့အနေဖြင့် တပည့်၏ လက်နက်ကို သော့ချက်အဖြစ် အသုံးပြုစရာ မလိုတော့ပေ။

တော်သေးတာပေါ့။ ဒါပေမဲ့ ငါက ဒါကို ဘယ်လိုဖွင့်ရမှာလဲ။...

သေတ္တာ၏ ထိပ်မှ အပေါက်သေးလေးအပြင် ကျန်သည့် မျက်နှာပြင် ငါးဘက်လုံးက ချောမွေ့နေ၏။

လုကျိုးက မျက်မှောင်ကြုတ်လိုက်ပြီး ထိုအပေါက်လေးက သော့ပေါက်သာ ဖြစ်ရမည်။

လုကျိုးက အမည်မဲ့ကို ထုတ်ယူလိုက်၏။ သူက ကနဦးချီကို ထည့်သွင်းကာ သေတ္တာကို ခုတ်ချလိုက်သည်။

ဝုန်း

မီးပွားများ လွင့်ထွက်လာ၏။

ရတနာသေတ္တာက ယခင်ကကဲ့သို့ အကြမ်းခံလှသည်။ ဆိုလိုသည်မှာ ထိုအရာကို လက်နက်အဖြစ် အသုံးပြုနိုင်လေ၏။ ထိုအရာက ပြိုင်ဘက်ကင်းအဆင့် လက်နက်ဖြင့်ပင် ယှဥ်နိုင်လောက်သည်။

ထိုအရာက လက်ဝှေ့ထိုး လက်အိတ်ကဲ့သို့ ပြောင်းလဲသွားမည်လားဟု စဥ်းစားနေမိသည်။ မဟုတ်ပါက သူသည် သံကြိုးတပ်ကာ ဝှေ့ယမ်းပစ်နိုင်၏။ သူက လိုချင်သည့် တပည့်ကို ပေးနိုင်မည်။

လုကျိုးက အချိန်မဖြုန်းတော့ဘဲ ဆက်လက် တရားထိုင်လိုက်သည်။ ဤရတနာသေတ္တာကို ဖွင့်ဖို့ရာ မလွယ်ကူကြောင်း သိထားလေ၏။ သူ့အနေဖြင့် ဖွင့်ဖို့ရာ အားစိုက်ထုတ်မှုတချို့တော့ လိုအပ်လိမ့်မည်။

...

အချိန်က ဆက်လက်ကုန်ဆုံးသွားသည်။

နောက်တစ်ရက် မနက်ခင်း၌

လုကျိုးက သူ့တပည့်လေးယောက်၊ မုန့်ချန်းသုံ၊ ရှားချန်ချိုး၊ ထျန်းပုကျိ၊ ကျီဖုန်းရှင်းနှင့် ဝူဝူတို့ကို သူ့ခြံဝန်းအတွင်း ဆင့်ခေါ်လိုက်သည်။ သူက ရတနာသေတ္တာကို ထုတ်ပြလိုက်သည်။

တခြားသူများက ထိုသေတ္တာအနား ဝိုင်းဝန်းကာ ကြည့်နေကြပြီး ဘာမှန်းမသိကြပေ။

မုန့်ချန်းသုံက လက်နှစ်ဖက်ယှက်ကာ မေးလိုက်၏” လုချန်းပေ့ ဒါက ဘာကြီးလဲ "

" ရတနာသေတ္တာ။ မင်းတို့တွေ ဖွင့်မဲ့ နည်းလမ်းကို စဥ်းစားဖို့ လိုတယ်”

" လွယ်လွယ်လေးပါ။ ရှစ်စွင်း တပည့် လုပ်လိုက်မယ်” ရှောင်ယွမ်အာက ခြေထောက်ကို မြှောက်ကာ စွမ်းအားအပြည့်ဖြင့် သေတ္တာကို ကန်ချလိုက်၏။

ဝုန်း ဝုန်း ဝုန်း

ရှောင်ယွမ်အာက သုံးကြိမ်တိုင်တိုင် ကန်ချလိုက်သည်။

" ... "

တခြားသူများက သူမကို ကြည့်နေရင်း ဆွံ့အနေကြ၏။

သေတ္တာက မြေပေါ် ပြုတ်ကျသွားသော်လည်း အထိအခိုက်မရှိ အကောင်းကြီးအတိုင်း ဖြစ်၏။

ရှောင်ယွမ်အာက ညည်းတွားလိုက်သည်” တပည့်တို့တွေ တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးတို့ကို ဖွင့်ဖို့ ပြောသင့်တယ် "

" ... "

ဒီမိန်းကလေးက ဒီလိုအချိန်မျိုးမှာတောင် ကြမ်းတမ်းနေတုန်းပဲ။ သူမက အတော်လေး တက်ကြွနေတာပဲ...

လုကျိုးက ခေါင်းအသာယမ်းကာ ပြောလိုက်၏” ဒီပစ္စည်းက အရမ်းကို အကြမ်းခံတယ်။ ပြိုင်ဘက်ကင်းအဆင့် လက်နက်နီးပါးလောက်ပဲ။ အဲဒါကြောင့် အားသုံးဖွင့်ဖို့ အသုံးမဝင်ဘူး”

ယွီကျန့်ဟိုင်က ခေါင်းညိတ်ကာ ပြောလိုက်၏” အရင်တစ်ခါ ကျွန်တော်တို့ကို ပြတဲ့ သေတ္တာလိုမျိုးပဲ။ ရှစ်စွင်း ဒါက ဘယ်က ရလာတာလဲ "

" မင်း မမေးသင့်တာတွေကို မမေးနဲ့ " လုကျိုးက လေသံအတက်အကျမရှိ ပြန်ဖြေလိုက်သည်။

ယွီကျန့်ဟိုင်က နေရခက်စွာ ပြုံးလိုက်၏။ သူ့ရှစ်စွင်းတွင် ရတနာများစွာ ရှိနေသည်က မထူးဆန်းလှပေ။ မိစ္ဆာဝေဟင်မျှော်နန်းကို မျက်စိကျကြသည့် အကြောင်းရင်းလည်း ရှိပေ၏။ မိစ္ဆာဝေဟင်မျှော်နန်းကို ကမ္ဘာကြီးထံ မိစ္ဆာကို ဖယ်ထုတ်မည်ဟူသော အကြောင်းပြချက်ဖြင့် ဂိုဏ်းကြီး ၁၀ဂိုဏ်းက တိုက်ခိုက်ခဲ့စဥ်အခါက သူတို့သည် မိစ္ဆာဝေဟင်မျှော်နန်းမှ ရတနာများကိုသာ လိုချင်ခဲ့ခြင်း ဖြစ်၏။

" ဒီလို ဦးနှောက်သုံးရတဲ့ ကိစ္စတွေဆိုရင် ချီရှစ်တိကို အပ်ထားလိုက်တာ အကောင်းဆုံးပဲ"

ယွီကျန့်ဟိုင်က နောက်ဆုတ်ကာ ပြောလိုက်၏။

ယွီရှန်းရုန်က လက်ပိုက်လျက် ယွီကျန့်ဟိုင်အား ကြည့်ကာ ပြောလိုက်သည်” ကျွန်တော်က သတ်ဖြတ်တာပဲ တော်တာ။ ဒီလို ကိစ္စတွေက ချီရှစ်တိ တစ်ယောက်လောက်ပဲ ဖြေရှင်းနိုင်မှာ သေချာတယ်"

လုကျိုးက ထိုအရာကို မှန်းဆထားပြီးသား ဖြစ်၏။ သူ့အနေဖြင့် သူတို့သည် ချိုးဖောက်နိုင်မည့် နည်းလမ်းကိုရှာဖွေတွေ့ရှိလိမ့်မည်ဟု မထင်ထားပေ။ သူက ရှားချန်ချိုး၊ ထျန်းပုကျိနှင့် မုန့်ချန်းသုံတို့အား ကြည့်ကာ မေးလိုက်သည်။

" မင်းတို့ရော ဘယ်လိုထင်လဲ "

ရှားချန်ချိုးနှင့် ထျန်းပုကျိတို့က ခေါင်းအသာယမ်းလိုက်ပြီး သူတို့ မသိကြောင်း ပြသလိုက်သည်။

မုန့်ချန်းသုံကမူ တအံ့တသြဖြင့် ချီးကျူးလိုက်သည်။

" ဒီလို အကြမ်းခံတဲ့ ပြိုင်ဘက်ကင်းအဆင့် ပစ္စည်းမျိုးကို ပထမဆုံး မြင်ဖူးတာပဲ။ ဒီအပေါက်လေးက သော့ပေါက် ဖြစ်လောက်တယ်”

ရှောင်ယွမ်အာက မျက်လုံးဝှေ့ကာ " အဲဒါက သိသာနေတာ မဟုတ်ဘူးလား။ ကျွန်မတောင် ပြောနိုင်တယ်”

ယွီရှန်းရုန်က ရှောင်ယွမ်အာ စကားအဆုံးတွင် ဝင်ပြောလိုက်၏” အကြီးအကဲမုန့် ဒါကို စိတ်ထဲ မထားပါနဲ့။ ဒါက ကျိုးရှစ်မေ့က ဒီလိုမျိုး နေနေကျမလို့ပါ။ အချိန်ကြာလာရင် သူမက အကြီးတွေကို လေးစားပြီး အငယ်တွေကို ချစ်တတ်တယ်ဆိုတာကို သိသွားပါလိမ့်မယ်”

ရှောင်ယွမ်အာက ချီးကျူးခံရပြီးသည့်နောက်တွင် ပြုံးလိုက်ကာ " အာ့ရှစ်ရှိုး ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ညီမအကြောင်းကို အာ့ရှစ်ရှိုးက အသိဆုံးပဲ”

မုန့်ချန်းသုံ " ... "

လုကျိုးက ခေါင်းအသာယမ်းလိုက်၏။

ငါ ရတနာသေတ္တာကို မဖွင့်ခင် အချိန်ကြာဦးမယ်ထင်တယ်...

လုကျိုးက သေတ္တာကို ပြန်ယူလိုက်စဥ် ခရုလေးက မျက်မှောင်ကြုတ်ကာ မူမမှန်သည့် အမူအရာမျိုးဖြင့် လက်ညှိုးထိုးကာ ပြောလိုက်သည်” ဒါကို အရင်က မြင်ဖူးတယ် "

တခြားသူများက ခရုလေးအား တအံ့တသြ လှည့်ကြည့်လိုက်ကြသည်။

လုကျိုးကလည်း စိတ်ထဲမှာ အံ့အားသင့်သွားမိ၏။ ခရုလေးက စနစ်မှ ပစ္စည်းကို မည်သို့ မှတ်မိနေသနည်း။ စနစ်က သူ့အား သေချာသည့်လမ်းကြောင်းတစ်ခုဆီ လမ်းပြနေသည်လား။

ကံကြမ္မာက ထူးဆန်းလှသည်။ သူက သူမ၏ ထူးထူးဆန်းဆန်း အမူအရာကို မြင်လိုက်သည့်အခါ ဖြည်းဖြည်းချင်း ပြောလိုက်၏” အလျင်မလိုပါနဲ့ ဖြည်းဖြည်းချင်း စဥ်းစားကြည့်ပါဦး "

သူက လက်ဝှေ့လိုက်သည့်အခါ ရတနာသေတ္တာက ခရုလေးရှေ့ ရောက်ရှိလာသည်။

ခရုလေးက ခေါင်းခါလိုက်ပြီး " တပည့် တစ်ခုမှ မမှတ်မိဘူး "

" ... "

လုကျိုးက သက်ပြင်းချလိုက်သည်။ သေတ္တာက မြေပြင်ပေါ် ကျရောက်လာ၏။

ခရုလေးက ဝေဝေဝါးဝါးဖြင့် ပြောလိုက်သည်” သော့ကို မှတ်မိနေသလိုပဲ "

" အဲဒါက ဘယ်မှာလဲ " လုကျိုးက မေးလိုက်သည်။

" နန်းတော်မှာ "

နန်းတော်မှာလား...

လုကျိုးက အံ့အားသင့်သွားသည်။

ငါက တာ့ထန်ရဲ့ နန်းတော်ထဲကို ဘယ်လိုဝင်ရမှာလဲ...

မုန့်ချန်းသုံက ခရုလေးအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ရင်း ပြောလိုက်သည်” လုချန်းပေ့ … ဒဿမသခင်မလေးက နန်းတော်ကို ရောက်ဖူးတယ်လား "

" သူမက အနီရောင်ကြာနယ်မြေကလေ။ သူမကို သနားလို့ တပည့်အဖြစ် လက်ခံထားခဲ့တာ။ သူမကို သူမဘာသာသူမ ကာကွယ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်အောင် ကျင့်ကြံရေးကို သင်ကြားပေးခဲ့တာ” လုကျိုးက ပြောလိုက်သည်။

" ခရုလေးက သားရဲဘာသာစကားနဲ့ တေးဂီတမှာ ကောင်းချီးပေးခံထားရတယ်။ အကြီးအကဲမုန့်က ဗဟုသုတကြွယ်ဝတယ်ဆိုတော့ အဲဒီအကြောင်းကို ကြားမိသေးလား” လုကျိုးက ခရုလေးနှင့် သူမ၏ မိသားစုအကြောင်း တစ်စုံတစ်ခု ရှာတွေ့လိမ့်မည်ဟု ထင်နေမိသည်။

" တေးဂီတနဲ့ သားရဲဘာသာစကား ကောင်းချီးပေးခံထားရတာက ရှားပါးတယ်။ ကျုပ် သိထားသလောက်တော့ ဒီလို ပါရမီရှိတဲ့သူတစ်ယောက်ပဲ ရှိတယ်။ သူမကို လော့ရွှမ်းလို့ ခေါ်တယ်။ သူမက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ”

ကျီဖုန်းရှင်းက ချက်ချင်း ဝင်ပြောလိုက်သည်။

" ဟုတ်တယ် ဟုတ်တယ်။ ကျွန်တော်လည်း မှတ်မိတယ်။ ကောင်းကင်သိုင်းပညာခုံရုံးရဲ့ ပါရမီရှင်လေ။ အားလုံးက သူမကို အရူးလို့ ခေါ်ကြတာ။ ကောင်းကင်လွန်း၊ အနီရောင်ကူးသန်းပို့ဆောင်ရေးနဲ့ တာအိုသွေးကြောတွေက သူမ ဖန်တီးခဲ့တာလေ”

ယွီကျန့်ဟိုင်က ဝူချီအန်းအနေဖြင့် သူ့သဲလွန်စများကို ပြန်လည်အမှတ်ရလိုက်သည်။ ခရုလေးနှင့် တူညီနေ၏။ အထူးသဖြင့် အသက်ပြန်ဝင်လာသည့် စွမ်းရည်မျိုး ဖြစ်သည်။ သူ အသက်ပြန်ရှင်လာစဥ်အခါက သူ့မှတ်ဉာဏ်များက ဝေဝါးနေပြီး ကျင့်ကြံဆင့်ကလည်း အစပိုင်း အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ထို့နောက် သူက ဝင်ပြောလိုက်၏” ခရုလေးက လော့ရွှမ်း ဝင်စားတာလား "

တခြားသူများက ယွီကျန့်ဟိုင်၏ ကောက်ချက်ချမှုကြောင့် တုန်လှုပ်သွားကြသည်။

ရှောင်ယွမ်အာက ထိုအရာကို တစ်ခါမှမစဥ်းစားမိပေ။

ထိုစဥ် ခရုလေးက အားလုံးကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်၏။ သူမက ထိုကောက်ချက်ချမှု အမှန် မဖြစ်စေလိုပေ။

မုန့်ချန်းသုံက ရယ်မောကာ ခေါင်းခါရင်း " အဲဒါက မဖြစ်နိုင်ဘူး "

" ဘယ်လိုဖြစ်ပြီးတော့လဲ " ကျီဖုန်းရှင်းက မေးလိုက်သည်။

" လော့ရွှမ်းက မသေသေးဘူး "

…

အခန်း ( ၇၇၉ ) လော့ရွှမ်း မသေသေးဘူး

ကျီဖုန်းရှင်းက အထိတ်တလန့် ပြောလိုက်လေ၏။

”သူ မသေသေးဘူးလား။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါဆိုရင် ဒီနှစ်တွေအားလုံး ကောင်းကင်သိုင်းခုံရုံးက ဘာကိုရှာဖွေနေတာလဲ “

မုန့်ချန်းသုံက ပြောလိုက်သည်” ကောင်းကင်သိုင်းခုံရုံးရဲ့ စူးစမ်းရှာဖွေမှု အများစုက မူလကျင့်ကြံရေးစနစ်ပေါ် သက်ရောက်မှုကြီး ဖြစ်စေခဲ့တယ်။ အထူးသဖြင့် နယ်ခြားကမ္ဘာတွေ ပေါ်ပေါက်လာကြောင်း သိရှိပြီးတဲ့ အချိန်ကပဲ။ ကောင်းကင်သိုင်းခုံရုံးက ရှုံချခံရပြီး အဓိကဂိုဏ်းတွေ ရှောင်ဖယ်တာ ခံခဲ့ရတယ်။ အားလုံးရဲ့ အမြင်က အနီရောင်ကြာနယ်မြေက တစ်ခုတည်းသော ကြာနယ်မြေပဲ။ လော့ရွှမ်းကို လူအများစုက အရူးဆိုပြီး သတ်မှတ်ခဲ့ကြတာ။ ဒါကြောင့် သူမက ပျောက်သွားတာ အချိန်အတော်ကြာတယ်လေ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်တုန်းက ကောင်းကင်သိုင်းခုံရုံးထဲက ငါ့ရဲ့မိတ်ဆွေတစ်ဦးက လော့ရွှမ်းကို ရှာတွေ့ခဲ့ကြောင်း ပြောပြခဲ့တယ်။ ကောင်းကင်သိုင်းခုံရုံးက သူမကို အကျဉ်းချထားတာ”

လုကျိုးသည် မုန့်ချန်းသုံကို သဘောပေါက် နားလည်စွာ ကြည့်လိုက်၏။ သူသည် အသုံးဝင်သည့် အစောက်အရှောက်တစ်ယောက်ကို ခေါ်ယူထားမိကြောင်း သိလိုက်ရသည်။ သူသည် မေးလိုက်၏။

“ မင်းသေချာလား”

“ လုချန်ပေ့နောက် လိုက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အချိန်ကစပြီး ကျုပ်သိသမျှအားလုံးကို ပြောပြပေးမှာပါ။ ချန်ပေ့ရဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင် ကျွန်တော် သေချာမသိပါဘူး။ သတင်းအချက်အလက်ကို အတည်ပြုဖို့ လိုပါတယ် ”

မုန့်ချန်းသုံ၏ အဖြေက ရိုးသားသည်။

“ ဒီကိစ္စကို စစ်ဆေးပေးဖို့ မင်းဆီ အပ်ထားလိုက်မယ် “

“ နားလည်ပါပြီ “

ဆိုရလျှင် မုန့်ချန်းသုံသည် ကြယ်ပျံအိမ်တော်၏ အကြီးအကဲတစ်ယောက် ဖြစ်၏။ သူသည် ကောင်းကင်သိုင်းခုံရုံးနှင့် အဆက်အသွယ်များစွာ ရှိပြီး ကျန်သည့်သူများနှင့် ယှဉ်လျှင် ဗဟုသုတ ပိုရှိသည်။

လုကျိုးသည် ခရုလေးကို လှမ်းကြည့်လိုက်၏။ မုန့်ချန်းသုံ၏ စကားများက မှန်နေခဲ့လျှင် ခရုလေးက လော့ရွှမ်း မဖြစ်နိုင်တော့ပေ။

ရှားချန်းချိုးက သက်ပြင်းချပြီး ပြောလိုက်၏။

” ခရုလေးရဲ့ ပါရမီက လော့ရွှမ်းနဲ့ ဆင်တယ်။ လော့ရွှမ်းရဲ့ မျိုးဆက်ဖြစ်နိုင်မလား”

ကျန်သည့်သူများက ခေါင်းညိတ်လိုက်၏။ ယင်းက ယုတ္တိတန်သော သီဟိုရီတစ်ခုဖြစ်သည်။

ယွီကျန့်ဟိုင်က ပြောလိုက်သည်။

” သူမက မျိုးဆက်တစ်ယောက်ပဲဆိုရင် သူမနဲ့ စွမ်းအင်နဲ့ မှတ်ဉာဏ်တွေက ဒီနိုးထခြင်းအဆင့်မှာ မရှိသင့်ဘူး။ ကမ္ဘာပေါ်မှာ အံ့ဩစရာတွေ အများကြီးရှိတယ်။ ရှောင်ရှစ်မေ့က ပါရမီရှင်တစ်ယောက် ဖြစ်ရုံပဲ ဖြစ်နိုင်တာပဲ။ လူနှစ်ယောက်က တူညီတဲ့စွမ်းအင်ကို ပိုင်ဆိုင်ဖို့ မဖြစ်နိုင်တာမှ မဟုတ်တာ”

“ ခန့်မှန်းနေဖို့ မလိုဘူး။ခရုလေးရဲ့‌ နောက်ခံကို ငါကိုယ်တိုင်ရှာပေးမယ် “ လုကျိုးသည် ခရုလေးကို တစ်ချက်ကြည့်လိုက်၏။ ခရုလေးက နန်းတော်ကို မှတ်မိတယ်ဆိုတော့ သူမက အရင်တုန်းက နန်းတော်ကို ရောက်ခဲ့ဖူးတယ်လို့ ဆိုလိုတာပဲ။ အဲ့ဒီမှာ သူမကို သိတဲ့သူတစ်ယောက် ရှိလောက်တယ်။ ငါတို့တွေ အဲ့ဒီမှာ သေတ္တာရဲ့သော့ကို သွားရှာသင့်တယ်”

“ ခရုလေး သော့ကို မှတ်မိတယ်မလား “

ခရုလေးက ခေါင်းညိတ်ပြီး ဖြေလိုက်သည်။

” သန့်စင်တဲ့ရွှေ “

“ သန့်စင်တဲ့ရွှေလား “

မုန့်ချန်းသုံက ဝင်ပြီးပြောလိုက်လေ၏၊

“ သန့်စင်တဲ့ရွှေက အစစ်မှန်ဆုံးရွှေပဲ ။ တကယ်တော့ နန်းတော်မှာပဲ ရှာတွေ့နိုင်တယ်။ သော့ပေါက်က အင်မတန်သေးတာ။ ဆံထိုးတစ်ချောင်းနဲ့ တူတယ်”

“ စောင့်ရှောက်သူမုန့် ပြောတာမှန်တယ် “ ရှားချန်းချိုးက ထောက်ခံကြောင်း ခေါင်းညိတ်လိုက်၏။

သန့်စင်တဲ့ ရွှေကို လူတစ်ယောက်ရဲ့ အဆင့်အတန်းကို ပြသတဲ့ အသုံးအဆောင် အနေနဲ့ အမြဲတမ်းသုံးလေ့ရှိတယ်။ ဒါအပြင် အဆင်တန်ဆာ လုပ်ဖို့ သင့်တော်တယ်”

ခရုလေးက ခေါင်းညိတ်လိုက်၏။ “ အင်း “

လုကျိုး၏ စိတ်ထဲ၌ ဝေဝါးဝါး အကြံတစ်ခုပေါ်လာသည်။ သို့သော် နန်းတော်က ကြီးမားလွန်းပြီး ၎င်း၏ ခုခံမှုကို စစ်ဆေးရန် မဖြစ်နိုင်ပေ။ သူက နန်းတော်ထဲ ခိုးကြာင်ခိုးဝှက် ဝင်ပြီး အတွင်းနန်းဆောင်ထဲ သွားရမှာလား။ ဒီလုပ်ရပ်က ငါ့ပုံစံနဲ့ ကိုက်တယ်လို့ မထင်ဘူး။

ခဏတာ စဉ်းစားပြီးနောက် လုကျိုးသည် အကြံတစ်ခုကို ရလိုက်လေ၏” ဘာကိစ္စမှ မရှိတော့ရင် ဒီတိုင်းပဲ ထားလိုက်တော့ “

“ နားလည်ပါပြီ “

ကျန်သည့်သူများသည် အရိုအသေပေးလျက် ထွက်သွားတော့သည်။

မှောင်ရီပျိုးပျ အချိန်တွင် ဖြစ်သည်။

ဘား

မိုးမခတစ်ထောင် ဘုရားကျောင်းထဲ မြည်သံကျယ်ကြီး တစ်သံထွက်ပေါ်လာ၏။ သားရဲတစ်ကောင်က မိုးမခတစ်ထောင်ဘုရားကျောင်းပေါ်၌ ပေါ်လာတော့သည်။

တရားမျှတရေး ခန်းမရှေ့၌ ကျင့်ကြံနေကြသော မိုးမခတစ်ထောင်ဘုရားကျောင်း တပည့်များနှင့် အကြီးအကဲများသည် မော့ကြည့်မိချိန် သားရဲကို မြင်လိုက်ရသောအခါ ထိတ်လန့်သွား၏။

“ သားရဲတစ်ကောင်ပဲ ကြည့်ဦး “

မိုးမခတစ်ထောင် ဘုရားကျောင်း၏ အစီအရင်သည် အဓိကဂိုဏ်းများနှင့် မယှဉ်နိုင်ပေ။ သားရဲတစ်ကောင်က ဝင်တိုးရန် ဆုံးဖြတ်လိုက်ချိန်တိုင်းတွင် ဒုက္ခရောက်စေနိုင်သည်။

သူတို့က သားရဲ သိပ်မကြီးသောကြောင့် အနည်းငယ် စိတ်အေးသွားသည်။

အကြီးအကဲတစ်ယောက်က ကမန်းကတမ်းပြောလိုက်သည်။

“ ပထမ သခင်လေးနဲ့ ဒုတိယ သခင်လေးကို သွားရှာ။ ဒီသားရဲကို ဖမ်းဖို့ ပြောလိုက်။ သူရဲ့ချီက မင်္ဂလာချီပဲ။ စီးတော်သားရဲအဖြစ်သုံးဖို့ သင့်တော်တယ်” ရှားချန်းချိုးသည် မင်္ဂလာချီများ ဖြာထွက်နေသော သားရဲကို မြင်သောအခါ ပြောလိုက်သည်။

ထိုစဉ် လုကျိုး၏ ခက်ထန်သောအသံက ခြံဝန်းထဲမှ ပေါ်ထွက်လာ၏။

“ ဒီကိုလာခဲ့ “

ဘား

နတ်ခြင်္သေ့သည် လိမ်လိမ်မာမာ ဆင်းသက်လာလျက် လုကျိုးရှေ့သို့ ရောက်လာသည်။ မိုးမခတစ်ထောင်ဘုရားကျောင်း ဂိုဏ်းသားများက ထိတ်လန့်ကုန်၏။ ဒါက သားရဲတစ်ကောင် မဟုတ်ဘူးလား။ ဘာကြောင့် သိုးပေါက်လေး တစ်ကောင်လို နာခံနေတာလဲ။

လုကျိုးသည် လက်မြှောက်လျက် နတ်ခြင်္သေ့ကို ယုယုယယ ပွတ်သတ်ပေးလိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာတချို့ကို မြင်သောအခါ မျက်မှောင် ကျုံ့မိသွား၏။ သို့သော်ငြား ဒဏ်ရာက အသစ်မဟုတ်ပေ။ ထိုဒဏ်ရာများသည် ခရီးစဉ် အစပိုင်း၌ ကြုံတွေ့ခဲ့ရသည့် ဒဏ်ရာများဆိုတာ သိသာ၏။ တကယ်ပဲ အဆုံးမဲ့ သမုဒ္ဒရာကို ဖြတ်ကျော်ရန်က လွယ်ကူတာ မဟုတ်ပေ။ သူက နတ်ခြင်္သေ့ကို ဆက်လက်ပွတ်သပ်ပေးလျက်ပြောလိုက်သည်” မင်းလုပ်တာ ကောင်းတယ် “

နတ်ခြင်္သေ့က အသံ တိုးတိုး အော်လိုက်သည်။ ၎င်းသည် စိတ်ထဲထားပုံမရပေ။

“ ယဉ်ပါးပြီးသားလား “ အမြန်ရောက်လာသော ကျီဖုန်းရှင်းက သူ့မျက်လုံးသို့ ပွတ်လိုက်၏။

“ ဒါကို ကျုပ်မျက်လုံးနဲ့သာ မျက်မြင်မတွေ့ခဲ့ဘူးဆိုရင် တစ်စုံတစ်ယောက်က စကားတစ်ခွန်းထဲနဲ့ သားရဲတွေကို ယဉ်ပါးအောင်လုပ်နိုင်တယ်လို့ ဘယ်တော့မှ ယုံမှာမဟုတ်ဘူး “

ကျန်သည့် သူများသည် နတ်ခြင်္သေ့၏ နာခံသော အပြုအမူကို မယုံနိုင်စွာ ကြည့်နေကြသည်။ လုကျိုးသည် ကောင်းကင်ကျမ်းစာ၏ ထူးကဲအံ့ဖွယ်စွမ်းအားကို ထုတ်ဖော်ပြီး နတ်ခြင်္သေ့၏ ဒဏ်ရာများကို ကုသပေးလိုက်၏။ ခဏအကြာတွင် သူသည် နတ်ခြင်္သေ့၏ ကျောပေါ်ခုန်တက်ကာ ကြေငြာလိုက်တော့သည်။

“ ငါ ခရီးတိုတစ်ခေါက်ထွက်ဦးမယ် “

“ ဘေးကင်းလုံခြုံတဲ့ ခရီးဖြစ်ပါစေ လုချန်းပေ့ “

မိုးမခတစ်ထောင်ဘုရားကျောင်းဂိုဏ်းသားများသည် လုကျိုးကို လေးစားသော အကြည့်များဖြင့် ကြည့်နေသည်။ လုကျိုးနှင့် နတ်ခြင်္သေ့ က မိုးကုပ်စက်ဝိုင်းထဲ၌ ချက်ချင်းပျောက်ကွယ်သွားလေ၏။

ထိုစဉ် ရှောင်ယွမ်အာသည် တရားစီစဉ်ရေးခန်းမဆီသို့ ပျံသန်းလာ၏။ သူမသည် ခေါင်းကုပ်ကာ ပြောလိုက်တော့သည်” အစောတုန်းက ကျွန်မတို့ နတ်ခြင်္သေ့ ရဲ့ အော်သံကို ကြားလိုက်မိတယ် ထင်တာပဲ။ တစ်ယောက်ယောက်မြင်မိသေးလား “

“ ………”

ကောင်းကင်ထဲ၌ ဖြစ်သည်။

လုကျိုးသည် နတ်ခြင်္သေ့ ၏ ကျောပေါ်စီးနင်းလျက် ကွမ်နန်ပတ်လမ်းသို့ ပျံသန်းသွားလိုက်၏။ စိတ်ထဲ အံ့ဩနေတော့သည်။ နတ်ခြင်္သေ့ ဒီရောက်နေပြီဆိုတော့ ကျီလျန့်က ဘယ်မှာလဲ။ သူတို့နှစ်ယောက်လုံးက ဒဏ္ဍာရီလာ စီးတော်သားရဲတွေ။ ဒီတော့ သူတို့ အရှိန်က တူညီလောက်မှာပဲ။

လုကျိုးသည် စနစ်မျက်နှာပြင်ကို ဖွင့်ပြီး ထပ်မံစစ်ဆေးလိုက်၏။ နတ်ခြင်္သေ့၏ အခြေနေသည် ရောက်ရှိကြောင်း ပြသနေသည်။ သို့သော် ကျီလျန့်၏ အခြေနေသည် အနီရောင်ကြာနယ်မြေသို့ အပြေးအလွှား လာနေ ဟူ၍သာ ရှိနေသေးသည်။

သမုဒ္ဒရာ သားရဲတချို့ ဝါးမျိုတာ မခံရဖို့ မျှော်လင့်ရတာပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် နတ်ခြင်္သေ့က အချိန်မှီရောက်လာတယ်။ ငါ့ဘာသာငါ နေရာတိုင်းပျံသန်းသွားရမယ်ဆို ငါမောပန်းနေမှာ။

လုကျိုးသည် နေဝင်ချိန်၌ ကွမ်နန်ပတ်လမ်းဆီသို့ ရောက်လာ၏။

အနီရောင်ကြာနယ်မြေသို့ ရောက်နေစဉ်အတွင်း သူသည် တာ့ထန်၏ ပထဝီဝင် အနေအထားကို လေ့လာခဲ့သည်။ သူသည် နန်းတော် မည်သည့်နေရာတွင် ရှိမှန်းသိ၏။ ထို့ကြောင့် သူသည် နန်းတော်ဆီသို့ တိုက်ရိုက်ပျံသန်းသွားလိုက်သည်။

သူသည် မြို့တော်ထဲ ဝင်ချိန်၌ နတ်ခြင်္သေ့ ဆီမှ ဆင်းသက်ပြီး မြို့ထဲ၌ စောင့်နေသည်။ သူ၏ အရှိန်အဝါကို ဖုံးကွယ်လျက် အချိန်ကျလာသောအခါ တော်ဝင်မြို့တော်ထဲ ခုန်ဝင်လိုက်သည်။

တာအိုသွေးကြောလား ။ နန်းတော်ရဲ့ခုခံမှုက တစ်ခြားဂိုဏ်းတွေထက် သာလွန်တာ သေချာတယ်။ ငါသတိထားရမယ်။

ကံကောင်းသည်မှာ သူ၌ ကောင်းကင်ကျမ်းစာ၏ အကြားစွမ်းအား ရှိသည်။ ဤစွမ်းအားဖြင့် မည်သည့်အသံမှ သူ့နားထဲမှ မလွတ်မြောက်နိုင်ပေ။

လုကျိုးသည် မြို့ရိုးတောက်လျောက် ခရီးမနှင်ခဲ့ပေ။ ထိုအစား သူသည် ခပ်နှိမ့်နှိမ့် ပျံသန်းနေလေ၏။ သူ၌ အသေရိုက်ချက်ကတ်နှင့် စင်းလုံးချောကတ်များ ရှိပေသည်။ သူဖော်ထုတ်ခံခဲ့ရလျှင်တောင် ထွက်ခွာသွားနိူင်သေးသည်။ နန်းတော်၌ ငုပ်လျိုးနေသော နဂါး၊ ဝပ်တွားနေသော ကျားများ ရှိကြောင်း သူသိထားသည်။ တတ်နိုင်လျှင် ရုတ်ရုတ်သဲသဲ မဖြစ်စေတာ အကောင်းဆုံးဖြစ်၏။

လုကျိုးသည် အထိန်းတော်များနှင့် နန်းတွင်းသူများကို အလွယ်တကူ ရှောင်ရှားလိုက်၏။ ရံဖန်ရံခါတွင် သူသည် တော်ဝင်မြို့တော်အထက်၌ စွမ်းအင်သံများကို ကြားရသည်။ နတ်လေရှင်းများ၏ တည်ရှိမှုကို ညွှန်ပြနေတာဖြစ်သည်။

သိပ်မကြာခင်၌ သူသည် ကန်းလုခန်းမရှေ့၌ ရောက်သွား၏။

‘ကန်းလုခန်းမလား ဒါက ။ ဧကရာဇ်ရဲ့ စာကြည့်ဆောင် ရှိတဲ့နေရာလား။ အရေးကြီးတဲ့ နန်းတော်ကို ဘာကြောင့် မစောင့်ကြပ်တာလဲ’

လုကျိုးသည် အကြားစွမ်းအားကို ဖော်ထုတ်လိုက်သည်။ သူသည် နားနား တစ်ဝိုက် လင်းထိန်နေသော အပြာရောင်အလင်းကို ဖုံးကွယ်လိုက်၏။ ပတ်ဝန်းကျင်က ဆူညံသံတချို့နှင့် အပေါ်မှ နှလုံးခုန်သံအချို့မှ အပ တိတ်ဆိတ်နေ၏။ “ တစ်ယောက်ယောက် အဲ့ဒီမှာပဲ “

လုကျိုးသည် ခိုးကြောင်ခိုးဝှက်သွားရန် ပြင်ဆင်ထားသော်ငြား မှားယွင်းတွက်ချက်မိခဲ့၏။ ကံဆိုးတဲ့အတွက် မင်းကိုယ်မင်း အပြစ်တင်ရုံပဲ တတ်နိုင်တယ်။ သူသည် လေထဲ ပစ်ခွင်းလျက် ငှက်မွှေးကဲ့သို့ ပေါ့ပါးသော လှုပ်ရှားမှုများဖြင့် ခန်းမထိပ်သို့ ရောက်သွားသည်။

လရောင်အောက်တွင် တန်ဖိုးကြီး အဝတ်အထည်များ ဝတ်စားထားပြီး ဆံပင်ကို ခပ်မြှင့်မြှင့် ချည်နှောင်ထားသည့် ချောမောသော လူငယ်တစ်‌ယောက်ကို မြင်ရသည်။ သူက မေးစေ့ထောက်လျက် အနားယူနေကာ လရောင်ကို ရှု့မြော်ကြည့်နေသည်။ သူနောက်ကျောကနေ တာ့ရန်၏ အကြီးမြတ်ဆုံး မိစ္ဆာကြီး ရောက်လာပြီဆိုသည့် အချက်ကို မေ့ပျောက်ထား၏။ သူက ခြေထောက်ကြွတော့မည့် အချိန်တွင် သူ၏ ပုခုံးပေါ်၌ အိုးမင်းရင့်ရော်နေသော လက်တစ်ဖက်က ရောက်လာပြီး သူ့ကိုတွန်းလိုက်၏။ သူက ချက်ခြင်းပင် တောင့်တင်းသွားတော့သည်။

“ စိတ်မလှုပ်ရှားနဲ့ ငါသာ မင်းအသက်ကို လိုချင်တယ်ဆိုရင် အခုလောက်ဆို သေလောက်ပြီ “

…

အခန်း (၇၈၀) ဧကရာဇ်နှင့် သန့်စင်ရွှေ

သူ့ခန္ဓာကိုယ် အနည်းငယ် တောင့်တင်းနေသည်မှလွဲ၍ လူငယ်အမျိုးသားက တည်တည်ငြိမ်ငြိမ် ရှိနေသေး၏။

ထိုအရာက လုကျိုး၏ မှန်းဆချက်ထက် ကျော်လွန်နေသည်။

ထိုလူငယ်က လှည့်ကြည့်လိုက်ပြီး လုကျိုးအား အကဲဖြတ်လိုက်သည်။ ထို့နောက် သူက အသာရယ်မောကာ ပြောလိုက်သည်” လူအိုကြီး ခင်ဗျားက ကျုပ်ကို ပြန်ပေးဆွဲဖို့ ကြိုးစားနေတာလား "

လုကျိုးက ထိုအရာကို မငြင်းဘဲ ခေါင်းညိတ်လိုက်ပြီး " မင်းက မကြောက်ဘူးလား "

" ဘာများကြောက်စရာလိုလို့လဲ။ ခင်ဗျားက ဒီအစောင့်အကြပ်တွေကို ရှောင်ရှားပြီးတော့ ကန်းလုခန်းမဆောင်ဆီ ရောက်လာတယ်ဆိုတော့ အံ့သြလောက်စရာ အင်အားမျိုး ရှိမှာပဲ။ ကြောက်နေလို့ အဓိပ္ပာယ်မရှိဘူး” လူငယ်လေးက ပြောလိုက်သည်” ဆရာကြီး ကျုပ်က မအော်ဘူး။ ကျုပ်က ငတုံးမဟုတ်ဘူး။ ထိုင်ကြရအောင်”

ထိုလူငယ်လေးက အင်မတန် အသိဉာဏ်ကြွယ်ဝမှန်း သိသာလှသည်။

လုကျိုးက လက်ဝှေ့ကာ ထိုင်လိုက်၏။ သူ့ဝတ်ရုံက ခန္ဓာကိုယ်တွင် အနည်းငယ် လျှောကျနေသည်။ လရောင်က သူ့အပေါ် ဖြာကျနေသည့်အတွက် လျို့ဝှက်ဆန်းကြယ် ကျင့်ကြံသူတစ်ယောက်ပုံ ပေါက်နေသည်။

" ဆရာကြီး နန်းတော်ကို ဘာကိစ္စနဲ့များ ရောက်လာတာပါလဲ” ထိုလူငယ်လေးက မေးလိုက်သည်။

" ငါက အခြေအနေအလိုက် နေတတ်တဲ့သူကို သဘောကျတယ်။ မင်းက တခြားသူတွေထက် ပိုဉာဏ်ကောင်းတာပဲ” လုကျိုး၏ အမူအရာက တည်ငြိမ်နေ၏။ သူက လကို လှမ်းကြည့်ရင်း မုတ်ဆိတ်သပ်ကာ ပြောလိုက်သည်” မောင်းမဆောင်က ဘယ်မှာလဲ "

" မောင်းမဆောင်လား " လူငယ်လေးက အံ့အားသင့်သွားစွာဖြင့် " ဒါပေမဲ့ ခင်ဗျားရဲ့ အသက်အရွယ်က..."

သူက လုကျိုးကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။

လုကျိုး၏ အမူအရာက မှောင်မဲသွား၏။ သူက အလေးအနက် ပြောလိုက်သည်။

” လူငယ်တွေက အကြောက်တရား မရှိဘူးပဲ။ မင်းက ဒီကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံးလူနဲ့ စကားပြောနေတယ်ဆိုတာ သိထား "

လူငယ်လေးက ကြောက်ရွံ့ဟန်မပေါ်ပေ။ သူက သက်ပြင်းချကာ ပြောလိုက်၏” ဒါပေမဲ့ ခင်ဗျားက အတော်လေး သဘောကောင်းတယ်လို့ထင်တယ် "

" ဟမ် " လုကျိုးက ထိုလူငယ်လေးကို စိုက်ကြည့်လိုက်သည်။ သူက ထိုလူငယ်လေးကို အချိန်တော်ကြာ စိုက်ကြည့်နေခဲ့၏။

လူငယ်လေးက တုန်ယင်လာကာ ပြောလိုက်သည်။

” မောင်းမဆောင်ကို ဘာသွားလုပ်ချင်တာလဲ "

" ငါက ပစ္စည်းတစ်ခုကို လာရှာတာ "

" ကျုပ် ကူညီပေးနိုင်တယ်။ ဒီနန်းဆောင်ကို ကျုပ်လက်ထဲက ရေလိုမျိုး အကုန်သိတယ်” ထိုလူငယ်လေးက ရင်ဘတ်ပုတ်ကာ ပြောလိုက်သည်။

လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။ ထိုလူငယ်လေးက တနည်းနည်း ကွဲပြားနေဟန်ပေါ်သည်။ သူက ကန်းလုနန်းဆောင်အထက်တွင် ရှိသော်လည်း စောင့်ကြပ်နေသည့် ကျင့်ကြံသူတစ်ယောက်မှ မမြင်မိပေ။

" မင်းက ငါ့ကို ကူညီမှာလား "

လူငယ်လေးက သက်ပြင်းချလိုက်သည်။ သူက မတ်တတ်ရပ်ကာ လက်ခါလိုက်ပြီး ကြီးကျယ်သည့်အမူအရာဖြင့် လက်ညှိုးထိုးကာ " ဆရာကြီး မြို့တံတိုင်းကို ကြည့်လိုက်။ ဒီနန်းဆောင်က အကျဉ်းထောင်ကြီးနဲ့ မတူဘူးလား။ ကျုပ်က ဒီလှောင်ချိုင့်အတွင်းမှာပဲ လျှောက်သွားလို့ ရတယ်။ အပြင်လည်း မထွက်နိုင်သလို ဘယ်မှလည်း မသွားနိုင်ဘူး။ မိတ်ဆွေသူငယ်ချင်း မပြောနဲ့ ရင်းနှီးရတဲ့သူတောင် မရှိဘူး”

လုကျိုးက ခပ်သြသြ ရယ်မောလိုက်သည်” ငါက ရယ်စရာကောင်းတယ်များ ထင်နေလား "

" ဟမ် " လူငယ်လေးက ခေါင်းကုတ်လိုက်သည်။

" ငါက သန့်စင်ရွှေဆံထိုးကို လာရှာတာ " လုကျိုးက မုတ်ဆိတ်သပ်ရင်း ပြောလိုက်သည်။

လူငယ်လေးက လုကျိုး၏ စကားကြောင့် အနည်းငယ် အံ့သြသွား၏။ ခဏအကြာတွင် သူက ဆွံ့အသွားသည်။

" ဘယ်လိုလဲ။ မင်းက လုပ်နိုင်တယ်လို့ ပြောထားတယ် မဟုတ်ဘူးလား " လုကျိုးက မျက်ခုံးပင့်ကာ ပြောလိုက်၏။

" အမ် " လူငယ်လေးက ခေါင်းငုံ့လိုက်ပြီးနောက် ပြန်မော့ကြည့်လိုက်သည်။ သူက လက်နောက်ပစ်ကာ ပြောလိုက်၏။

” ဆရာကြီး နောက်ထပ်တစ်ခု ပြောလိုက်ပါ။ ဒီဟာကိုတော့ မပေးနိုင်လောက်ဘူး”

" မင်းမှာ ရွေးချယ်စရာ မရှိဘူး " လုကျိုးက လက်မြှောက်လိုက်၏။ သူ့ပတ်ဝန်းကျင်မှ ကနဦးချီများ ထွက်ပေါ်လာသည်။ သူက သူအလိုရှိသရွေ့ ကနဦးချီက စွမ်းအင်ဓားသဖွယ် ပြောင်းသွားကာ ထိုလူငယ်လေးအား အပိုင်းပိုင်းအစစ လုပ်ပစ်နိုင်သည်။

လူငယ်လေးက အင်မတန် တည်ငြိမ်နေ၏။ သူက ခေါင်းခါကာ ပြောလိုက်သည်” ဆရာကြီး တကယ်လို့ ကျုပ်မေးခွန်းတချို့ကို ဖြေပေးမယ်ဆိုရင် ဒီသန့်စင်ရွှေဆံထိုးကို ကျုပ်လက်နဲ့ ကိုယ်တိုင်ပေးလိုက်မယ် "

" ပြောကြည့်စမ်းပါ "

လူငယ်လေးက လမင်းကို ဆက်ကြည့်ရင်း ခေတ္တမျှ တွေးတောကာ ပြောလိုက်သည်” ဆရာကြီးက အစောင့်အကြပ်တွေကို ရှောင်ရှားနိုင်တယ်ဆိုတော့ မြင့်မားတဲ့ ကျင့်ကြံဆင့် ရှိမှာ အသေအချာပဲ။ တကယ်လို့ ခင်ဗျားအနားက လူတွေကြောင့် သူစိမ်းတွေကို သတ်ဖြတ်ဖို့ ဖိအားပေးခံရရင် အလိုရှိပါ့မလား”

" ငါ့ကို ဘယ်သူကမှ ဖိအားမပေးနိုင်ဘူး " လုကျိုးက ပြန်ဖြေလိုက်၏။

လူငယ်လေးက အနည်းငယ် အံ့အားသင့်သွားသည်။ ခဏအကြာတွင် သူက ပြောလိုက်သည်” ဒါပေမဲ့ ကျုပ်က ခင်ဗျားလို ကျင့်ကြံဆင့်မျိုး မရှိထားဘူး "

" ဒီလိုဆိုရင် မင်းက အားကောင်းလာရမှာပေါ့ " လုကျိုးက လူငယ်လေးအား ကြည့်ကာ ပြောလိုက်၏” မင်းရဲ့ ကျင့်ကြံဆင့်က မဆိုးပါဘူး။ မင်း ကောင်းကောင်း ကျင့်ကြံရင် အဆင့်မြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်မှာပါ "

ထိုစကားများက လူငယ်လေးအား တိတ်ဆိတ်သွားစေသည်။ သူက ထပ်မေးလိုက်၏” တစ်ယောက်ယောက်က အဲဒီလမ်းကြောင်းကို ပိတ်ဆို့ထားရင်ရော "

" အဲ့ဆိုရင် မင်း လမ်းကြောင်းကို ပိတ်ဆို့ထားတဲ့သူကို ရှင်းပစ်မဲ့နည်းလမ်းကို တွေးပေါ့ " သူက တစ်စုံတစ်ခုကို တွေးမိဟန်ဖြင့် ထပ်ပြောလိုက်သည်။

" အဲဒီလူက ဘယ်သူဖြစ်ဖြစ်ပေါ့ "

" ... "

လူငယ်လေးက တုန်ယင်သွားသည်။ ထိုအတွေးက သူ့ကို ကြီးစိုးထားခဲ့၏။ သူ့တွင် အဖြေရရှိပြီးသား ဖြစ်၏။ သို့သော်လည်း သူက သူ့ကို ချီးကျူးကာ ဖားယားနေသည့်လူများနှင့်သာ ဝန်းရံခြင်းခံထားရသည်။ မည်သူကမှ အစစ်အမှန် မဟုတ်ပေ။ ထိုသူစိမ်း၏ စကားများက သူ့တုံ့ဆိုင်းမှုအား ပျောက်ကွယ်သွားစေသည်။ ခဏအကြာတွင် သူက ဦးညွတ်ကာ ပြောလိုက်၏” ကျုပ် ဉာဏ်အလင်းပွင့်ခဲ့ရပါတယ် "

လုကျိုးက ချုပ်တည်းမထားဘဲ လက်ဖြန့်ကာ ပြောလိုက်သည်” သန့်စင်ရွှေဆံထိုး "

" ဆရာကြီး ခဏလေး စောင့်ပါဦး” လူငယ်လေးက လှည့်ထွက်သွားဖို့ ပြင်လိုက်သည်။

" ခဏနေဦး " လုကျိုးက လက်မြှောက်ကာ ပြောလိုက်၏။

" ဆရာကြီး ဘာမှစိုးရိမ်နေစရာ မလိုပါဘူး။ ကျုပ်က အမြဲတမ်း ကတိစကားတည်တယ်”

လုကျိုးက လက်ဝှေ့လိုက်သည့်အခါ တာအိုစည်းတံဆိပ်တစ်ခုက ထိုလူငယ်လေးဆီ ပျံသန်းထွက်လာ၏” မင်း ဒီစည်းတံဆိပ်ကို ဖယ်ရှားပစ်တာမျိုး ဒါမှမဟုတ် နန်းတော်က ထွက်သွားတာမျိုးဆိုရင် မင်းကို သတ်ပစ်မယ် "

လူငယ်လေးက ဘာမှမပြောပေ။ သူက ခေါင်းမိုးပေါ်မှ ခုန်ချကာ ပျောက်ကွယ်သွား၏။

လုကျိုးက သူ့အကြားစွမ်းအင်ကို အသက်သွင်းလိုက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဖြန့်ကျက်ထားလိုက်သည်။

၁၅မိနစ်လောက် ကြာမြင့်ပြီးသည့်နောက်တွင် လူငယ်လေးက ကတိစကားအတိုင်း ပြန်ရောက်ရှိလာ၏။ သူက လက်ထဲတွင် ပိုးသေတ္တာတစ်လုံးကို ကိုင်ဆောင်ထားပြီး ခန်းမမှ ခုန်ထွက်လာသည်။ သူက သေတ္တာကို လက်နှစ်ဖက်ဖြင့် ပေးကာ သိချင်စွာဖြင့် မေးလိုက်သည်။

" ဆရာကြီး သန့်စင်ရွှေက လောကီပစ္စည်းတစ်ခုပါ။ ခင်ဗျားလိုမျိုး နက်နဲတဲ့ ကျင့်ကြံဆင့်မျိုးနဲ့ဆိုရင် ဒါကို ဘာလို့ လိုချင်ရတာလဲ။ ခင်ဗျားက ငွေကြေး ပြတ်လပ်နေတယ်ဆိုရင် ကျုပ်က ငွေတုံးသေတ္တာတချို့တော့ ပေးနိုင်ပါတယ်”

" မလိုဘူး " လုကျိုးက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် စည်းတံဆိပ်ကို ပြန်လည်ဖယ်ရှားလိုက်သည်။ တစ်ချိန်တည်းဆိုသလို ပိုးသေတ္တာက သူ့လက်ထဲ ပျံသန်းလာ၏။ သူက ပိုးသေတ္တာကို ကြည့်လိုက်သည့်အချိန် လရောင်အောက်တွင် သန့်စင်ရွှေဆံထိုးက ပိုမိုကြော့ရှင်းနေ၏။ ထိုအရာက အပ်မျှလောက် အရွယ်အစား ရှိကာ လက်ရာသေသပ်လှသည်။ ထိုအရွယ်အစားက ရတနာသေတ္တာကို ဖွင့်မည့် သော့ပေါက်နှင့် တူညီဟန်ပေါ်၏။

လုကျိုးက ထိုအရာကို သိမ်းဆည်းလိုက်သည်။ သူက လူငယ်လေးအား ကြည့်ကာ သူ့ဇစ်မြစ်ကို သိချင်နေမိသည်။ လူငယ်လေးက ဧကရာဇ်၏ စာကြည့်တိုက် ခေါင်မိုးပေါ်တွင် အေးအေးချမ်းချမ်း နေနိုင်သည့်အတွက် သာမန်လူတော့ မဖြစ်နိုင်ပေ။ ထိုလူငယ်လေးက မင်းသားတစ်ပါးဟု သံသယဖြစ်မိ၏။

" မင်းနာမည်က ဘယ်သူလဲ " လုကျိုးက မေးလိုက်သည်။

လူငယ်လေးက ပြုံးလိုက်ပြီး လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏” လီယွင်ကျန့် "

" ငါ မှတ်ထားလိုက်မယ် "

" ခင်ဗျားက မအံ့သြဘူးလား "

" ငါက ဘာလို့ အံ့သြရမှာလဲ " လုကျိုးက နားမလည်စွာ ပြန်မေးလိုက်သည်။

လီယွင်ကျန့်က ခေါင်းညိတ်ကာ စိတ်သက်သာရာရသွားပြီး ပြောလိုက်သည်” ဆရာကြီး ပြောတာ မှန်တယ်။ ဆရာကြီးက ဒီလို အဆင့်မြင့် ကျင့်ကြံသူတွေကို ရှောင်ရှားနိုင်မဲ့ စွမ်းအားမျိုးရှိထားတော့ ဒီကိစ္စတွေကို ဂရုမပြုမိမှာ ပုံမှန်ပါပဲ”

လုကျိုးက သော့ကို အလွယ်တကူ ရရှိလာလိမ့်မည်ဟု ထင်မထားမိပေ။ သူက လှည့်ကွက်တချို့ ထုတ်သုံးကာ လူတချို့ကို နှိပ်စက်ပြီးမှ အမှန်တရားကို သိလိမ့်မည်ဟု တွေးထားခဲ့မိသည်။

အစီအစဥ်ကမူ အပြောင်းအလဲများနှင့် လိုက်မမှီပေ။

" ငါက ဉာဏ်ကောင်းတဲ့သူတွေကို သဘောကျတယ်။ မင်းက ဉာဏ်ကောင်းတယ်။ အဲဒါကြောင့် မင်းကို ဒီနေ့ ချမ်းသာပေးလိုက်မယ်”

လုကျိုးက ထွက်သွားဖို့ ပြင်လိုက်သည်။ ထိုစဥ် လီယွင်ကျန့်၏ အနောက်ဘက်မှ အနောက်ရောင် ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး လုကျိုးအား လျပ်စီးလို အလျင်ဖြင့် တိုက်ခိုက်လာသည်။

လုကျိုးက သူ့နောက်မှ ကျင့်ကြံသူကို အာရုံခံမိသည့်အခါ ချက်ချင်းဆိုသလို လှည့်လာပြီး လက်ကို မြှောက်လိုက်သည်။

ဘန်း ဘန်း ဘန်း

အနက်ရောင်ပုံရိပ်က သူ့ဓားမြှောင်ဖြင့် လေးလိုမျိုး ထိုးစိုက်လိုက်သည်။

" နောက်ဆုတ်။ မင်းက ဆရာကြီးကို မရိုမသေ လုပ်နေတာပဲ”

" ကျွန်တော် အသက်နဲ့လဲပြီးတော့ ကာကွယ်ဖို့ ကျိန်ဆိုခဲ့တာပါ " အနက်ရောင်ပုံရိပ်က ပြောလိုက်သည်။

ဓားမြှောင်က အေးစက်စက်အလင်းတန်းတစ်ချက် ဖြတ်ပြေးသွားပြီးသည့်နောက်တွင် လုကျိုး၏ လည်ပင်းဆီ ဦးတည်နေ၏။

လုကျိုးက နားမလည်နိုင် ဖြစ်နေမိသည်။ ထိုလူနှစ်ယောက်က အဘယ့်ကြောင့် ရုတ်ရုတ်သဲသဲ မလုပ်သလဲဟု စဥ်းစားနေမိ၏။ သို့သော်လည်း ဘေးကင်းဖို့ရာ သူက ထူးခြားအံ့ဖွယ် စွမ်းအားကို ထုတ်သုံးလိုက်သည်။ သူက လက်နှစ်ချောင်းဖြင့် ဓားသွားကို ဖမ်းဆီးလိုက်သည်။

ဘန်း

လုကျိုးက လက်ကို လှုပ်ရှားလိုက်သည့်အခါ ဓားမြှောင်က ကျိုးပဲ့သွား၏။

အနက်ရောင် ပုံရိပ်က ချက်ချင်းဆိုသလို နောက်ဆုတ်ကာ သွေးအန်လိုက်ရသည်။

" ဆရာကြီး သက်ညှာပေးပါ "

" သူက မင်း အစောင့်လား " လုကျိုးက လူငယ်လေးအား မထူးမခြားနား ကြည့်လိုက်သည်။

" ဟုတ်ပါတယ် " လီယွင်ကျန့်က နေရခက်စွာ ပြန်ဖြေလိုက်၏” ဆရာကြီးကို ကျေးဇူးတင်ပါတယ် "

" မင်းက သိတတ်တယ်ဆိုတော့ သူ့ကို ချမ်းသာပေးလိုက်မယ်။ ငါမသွားခင် မင်းအတွက် နောက်ထပ် အကြံဉာဏ်တစ်ခု ပေးလိုက်မယ်”

" ဆရာကြီး ပြောပါ "

" မင်း ဝါးနိုင်တာထက် ပိုမကိုက်နဲ့ " လုကျိုးက ထိုအနက်ရောင် ပုံရိပ်ကို ကြည့်ကာ " မဟုတ်ရင် မင်းကိုယ်မင်း သတ်သေမိသလို ဖြစ်လိမ့်မယ် "

" ... "

ထိုစကားကို ပြောပြီးသည့်နောက်တွင် လုကျိုးက ထွက်ခွာသွားသည်။

" ဆရာကြီး ကျွန်တော်တို့ ထပ်တွေ့ဦးမှာလား " လီယွင်ကျန့်က သူ့နောက်မှ လိုက်သွား၏။

လုကျိုးက သူ့အား ပြန်မဖြေပေ။ သူက လှုပ်ရှားမှုတစ်ခုနှင့်အတူ မြင်ကွင်းမှ ပျောက်ကွယ်သွား၏။

အစောင့်က ချောင်းအပြင်းအထန် ဆိုးလိုက်ပြီးသည့်နောက်တွင် သွေးအန်လိုက်ရသည်။ ထို့နောက် သူက ပြောလိုက်၏” ကျွန်တော် လုပ်ကြံသူကို မကိုင်တွယ်နိုင်ခဲ့ဘူး။ ကျွန်တော် သေဖို့ ထိုက်တန်ပါတယ် "

All Chapters