← Chapters

အခန်း (၇၈၁-၇၈၃)

Vol. 53 Ch. 781-783

အခန်း (၇၈၁-၇၈၃)

Vol. 53 Ch. 781-783

အခန်း ( ၇၈၁ ) အနီရောင်ကြာနယ်မြေတွင် ရတနာသေတ္တာကို ဖွင့်လှစ်ခြင်း

လီယွင်ကျန့်သည် ဒူးထောက်နေသော သူ၏ သက်တော်စောင့်ကို ကြည့်လိုက်သည်။ သူက သက်ပြင်းချလျက် ခေါင်းခါလိုက်လေ၏။

“သူ့ရဲ့ ကျင့်ကြံဆင့်နှင့် ငါ့ကိုထိခိုက်အောင် လုပ်ချင်တယ်ဆိုလျှင် အစောထဲက လုပ်ပြီးလောက်ရော ပေါ့။ သူ့စောင့်နေဖို့မလိုဘူး”

သက်တော်စောင့်သည် သူ့အတွင်းကလီစာများမှ ပြင်းထန်သည့်နာကျင်မှုကြောင့် အနောက်သို့ ယိုင်သွားကာ သူပြောလိုက်၏။

” ကျွန်တော်မျိုး စိတ်ပူမိလို့”

လီယွင်ကျန့်က လက်မြှောက်လျက် ဖြတ်ပြောလိုက်သည်။ သူက မတ်မတ်ရပ်နေလျက် တောက်ပသောလကို မော့ကြည့်လိုက်သည်။ သူက လက်နောက်ပစ်ထားလျက် စိတ်မပျော်ဖြစ်နေသည့် ခံစားချက်များကို ရှင်းလင်းလိုက်တော့သည်။ သူက ပြုံးပြီး ပြောလိုက်၏။

” ထလိုက် ယဲ့ရှောင်”

သက်တော်စောင့် ယဲ့ရှောင်က ထရပ်လိုက်၏။

” အတွင်းဆောင်ထဲမှာ သန့်စင်ရွှေဆံထိုးကို တွေ့ခဲ့ရတယ်။ဒီလောက် တန်ဖိုးရှိတဲ့ပစ္စည်းက ..”

လုယွင်ကျောက်က ကောင်းကင်ကို မော့ကြည့်ပြီး ပြောလိုက်လေ၏။

” အဲ့ဒါ အတုပဲ “

“ ... ”

“ ငါ့ရဲ့ အလိုလိုသိစိတ်က အမြဲတမ်း တိကျတယ်။ အဲဒီ ဆရာကြီးကို ထပ်တွေ့မှာ ကျိန်းသေတယ်”

ယဲ့ရှောင်သည် မှင်တက်သွားတော့သည်။

လီယွင်ကျန့်က သူ၏ အပြုံးကို ထိန်းထားလိုက်၏။

“ငါ့ကိုပြော၊ အဲဒီ ဆရာကြီးပြောသလို ငါလုပ်နိုင်မှာလား”

ယဲ့ရှောင်က ခေါင်းကုတ်လိုက်ကာ စိတ်ရှုပ်ထွေးသွားလေ၏။

လီယွင်ကျန့်က လက်ဝှေ့ယမ်းလိုက်တော့သည်။ “ ငါပင်ပန်းနေပြီ၊ မင်းပြန်သင့်ပြီ။ ပြီးတော့ ကန်းလုခန်းမနား ဘယ်သူ့မှ လာခွင့်မပေးနဲ့”

ယဲ့ရှောင်သည် အရိုအသေ ပေးလိုက်၏။

”နားလည်ပါပြီ”

လုကျိုးသည် ပဋိပက္ခဖြစ်နိုင်ခြေများအားလုံးကို လျှော့ချပြီး သူလာခဲ့သည့် လမ်းကြောင်းကို အသုံးပြုပြီး ပြန်လာ၏။ မကြာမီ၌ သူသည် တော်ဝင်နန်းတော်၏ မြို့ရိုးအပေါ်ရောက်လာသည်။ သူကရှေ့သို့ ညွှတ်လျက် မြို့ရိုးပေါ်ရှိ တာအိုသွေးကြောများကို သတိထားကြည့်လိုက်သည်။

အစီအရင်ကို အသေးစိတ်တိချစွာ ထိန်းချုပ်ထားပြီး ၎င်း၏ ထွင်းထုမှုနှင့် ကနဦးချီ စုပ်ယူရန် ထိန်းသိမ်းထားမှုတို့က ရွှေကြာနယ်မြေထက်ပိုကောင်းသည်။

လုကျိုးသည် အချိန်ဖြုန်းမနေတော့ပဲ မြို့ရိုးပေါ်မှ ခုန်ဆင်းပြီးနောက် နတ်ခြင်္သေ့ကျောပေါ်တက်ကာ ပြန်လာ၏။

အရာအားလုံးက ချောမွေ့နေသည်။

ဒါက ကံကွမ်မာလား ။

ကောင်းကင်တိုက် ခုံရုံး၏ သူတော်စင်ခန်းမထဲတွင် ဖြစ်သည်။

အကြီးအကဲ မော့ပုယွင်က ရှေ့လျှောက် နောက်လျှောက်ဖြင့် ခန်းမအလယ်ရှိ စန္ဒကူးအမွှေးနံ့သာအိုးကို ကြည့်နေသည်။

ခန်းမထဲ၌ လူတစ်ယောက်က တင်ပျဉ်ခွေချိတ်ထိုင်နေသည်။သူသည် ကမ္ဘာပေါ်ရှိ တစ်ဦးတည်းသော ပွင့်ချပ် ၁၀လွှာ ကံမီးတောက် ကျင့်ကြံသူ ယီချန်းရှုး ဖြစ်သည်။သူ၏ မျက်နှာက မျက်နှာသေ ဖြစ်နေ၏။သူ၌ ခမ်းနားပြီး တင်းမာသော အငွေ့အသက်ရှိသည်။

“ခုံရုံးသခင် ၊ ကျွန်တော်တို့ တစ်စုံတစ်ခုရှာဖွေတွေ့ရှိခဲ့ပါတယ်။

မော့ပုယွင်က ပြောလိုက်၏။

ယွီချန်ရှုက မျက်လုံးဖွင့်လိုက်သည်။

”ဆိုစေ”

“ လီယွင်ကျန့်က အဘိုးအို တစ်ယောက်နှင့်တွေ့ဆုံခဲ့တယ်။ နန်းတော်က အဆိုအရ ဧကရာဇ်ရဲ့ စိတ်ခံစားချက်က အခုအချိန်မှာ မတည်ငြိမ်ဘူး။ သူက ဒါကို အနည်းငယ် ဆန့်ကျင်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ သူ့ကို မတားခဲ့ဘူး” မော့ပုယွင်က ပြောလိုက်၏။

ယွီချန်ရှုက ခေါင်းညိတ်ပြီး ပြောလိုက်တော့သည်။ ” ယခင် ဧကရာဇ်အာဏာရှိနေသေးတုန်းက သူက လီယွင်ကျန့်ကို မကြာခဏ ချီးကျုးတက်တယ်။ အဲဒီကလေးက ကိစ္စကြီးတွေကို အောင်မြင်ဖို့ အလားအလာ ရှိတယ်။ ဒါပေမဲ့ သူက ကျင့်ကြံရတာ သဘောမကျဘူး။ သူတွေ့ခဲ့တဲ့ လူအကြောင်း ငါတို့ဘာမှ မသိရဘူး”

“အဲဒီအဘိုးအိုက တန်ခိုးရှင်တစ်ပါးလို အငွေ့အသက်ရှိပြီး နက်နဲတဲ့ ကျင့်ကြံဆင့်ရှိတယ်။ နန်းတော်က အရှင်မင်းကြီးကို သူ့နည်းအတိုင်း သွားခွင့်ပေးထားတာ၊ ဒါပေမဲ့ အဲဒီ့အဘိုးအိုက သာမာန်လူ မဟုတ်ဘူး။ သူက လာနေတဲ့ကျင့်ကြံသူတွေကို အမြဲတမ်း အာရုံခံနိုင်တယ်။ ခုံရုံးသခင် သူ့ကို ကျုပ်တို့ စစ်ဆေးသင့်တယ်လို့ ထင်လား”မော့ပုယွင်က မေးလိုက်၏။

ကောင်းကင်တိုက် ခုံရုံးက ရွှေကြာနယ်မြေကို ဆက်ပြီး အာရုံစိုက်သင့်တယ်။ နန်းတော်ကိုတော့ သူတို့လူတွေနှင့် ဖြေရှင်းပါစေ။သူရဲ့စိတ် မတည်မငြိမ်ဖြစ်လျှင် ဧက္ကရာဇ်က ရေမြေကို ဘယ်လိုအုပ်စိုးမလဲ” ယွီချန်ရှုက ပြောလိုက်၏။

“ဒီအကြောင်း ကြယ်ပျံအိမ်တော်ဆီ အကြောင်းမကြားတော့ဘူးလား “

မော့ပုယွင်က မေးလိုက်၏။

“ မလိုအပ်ဘူး”

ယွီချန်ရှုက ခေါင်းခါလိုက်တော့သည်။

“ကြယ်ပျံအိမ်တော်က ဒါကိုသတိပြုပြီး ဖြစ်လောက်တယ် “

လုကျိုးသည် အာရုံတက်ချိန်၌ မိုးမခတစ်ထောင်ဘုရားကျောင်းရှိ သူ၏ ခြံဝန်းထဲသို့ ပြန်ရောက် လာသည်။ သူကနတ်ခြင်္သေ့ကို ပုတ်လျက် ပြောလိုက်တော့သည်။ ”သွားအနားယူလိုက် ဝေးဝေးမသွားနဲ့”

နတ်ခြင်္သေ့က အသံပြုလျက် တောင်နောက်ရှိ တောအုပ်ထဲ၌ ပျောက်ကွယ်သွားတော့သည်။

လုကျိုးသည် အခန်းထဲသို့ ဝင်သွားပြီးနောက် ပိုးထည်သေတ္တာကို ထုတ်လိုက်သည်။ပြီးနောက် စားပွဲပေါ်ရှိ ရတနာသေတ္တာကို ကြည့်လိုက်၏။ သူက လက်ဝှေ့ယမ်းပြီး ပိုးထည်သေတ္တာကို ဖွင့်လိုက်တော့ သည်။

လုကျိုးသည် သန့်စင်ရွှေဆံထိုးကို ကြည့်လိုက်ပြီးနောက် သူသည် တွေဝေမနေပဲ ရတနာသေတ္တာ၏ သော့ပေါက်ထဲသို့ ထည့်လိုက်တော့သည်။

ရွှေဆံထိုးကို သော့ပေါက်ထဲသို့ ထိုးစိုက်လိုက်ချိန်တွင် ပေါ်ထွက်လာသော အသံလှိုင်းက တမူထူးကဲ လှပေ၏။ သူသည်စတိုကို ထပ်ထည့်ပြီးနောက် အနည်းငယ်တွန်းလိုက်သည်။

ကလစ်

ရတနာသေတ္တာ၏ မျက်နှာပြင်တောက်လျှောက် သော့ပေါက်ကနေ ‌လမ်းကြောင်းလေးခု ပြန့်ကာသွားပြီး ရတနာသေတ္တာသည် တစ်ဖြည်းဖြည်းချင်း ပွင့်သွားတော့၏။

ကျွီ

“တင်..သင်က ရတနာသေတ္တာကို ဖွင့်လိုက်ပါပြီ ။ ကျိထျန်းတောက် အထွတ်အထိပ်အသွင်ကတ်၁ကတ် ၊ အကြောင်းပြန်လှန်ကတ် ၅၀၊ မိုးကြိုးသွားကတ် ၁၀ကတ် ၊ ရေနဂါးတေး ၊ နယ်လှည့်တေး ၊ သန့်စင်ခြင်းအဆောင် ၃ခု၊ ဖွင့်လှစ်ခြင်းကောင်းကင်ကျမ်းစာ စာလိပ်”

“ ရေနဂါးတေး၊ သင်က ဓားသွားသိုင်းအသစ် ရရှိရန် အခွင့်အရေးတစ်ခု ရှိပါတယ်”

“ နယ်လှည့်တေး ၊ ပြီးပြည့်စုံသောတေးသွား”

သူသည်ထိုအသိပေးသံများကို ကြားသောအခါ ကျေနပ်စွာ ခေါင်းညိတ်လိုက်လေ၏။

“ ကောင်းလိုက်တာ”

ဒီရုတ်တရက်ကံကောင်းလာမှုက အနီရောင်ကြာနယ်မြေရဲ့ အနီရောင်နဲ့သက်ဆိုင်နေတာလား။

သီအိုရီအရ ကျိချန်တောက်၏ အထွတ်အထိပ်သည် လုကျိုး၏ လက်ရှိအခြေအနေထက် အားနည်းသည်။ သို့သော် ထိုကတ်၏ အဓိက လုပ်ဆောင်ချက်က သူ၏ ကျင့်ကြံဆင့်ကို မြှင့်တင်ပေးတာ မဟုတ်ဘဲ ၎င်းသည် အဆုံးမရှိ ကနဦးချီများ ပံ့ပိုးတာပဲ ဖြစ်သည်။ ၎င်းက ရတနာသေတ္တာထဲ၌ သူရရှိသည့် တန်ဖိုးအမြင့်ဆုံး အသုံးပစ္စည်းကတ်ဖြစ်သည်။

“ရေနဂါးတေးလား”

သိုင်းကျမ်းများ ပိုရှိတာ အမြဲတမ်းကောင်းသည်။လုကျိုးသည် ၎င်းကိုအသုံးပြုရန် ဆုံးဖြတ်လိုက်၏။

ရေနဂါးတေးသည် ကြယ်အလင်းမှုန်အဖြစ် ပျော်ဝင်သွားပြီးနောက် လုကျိုးပေါ် ကျရောက်လာတော့ သည်။ သူသည် ကျင့်စဉ်အသစ်ကို ဖမ်းဆုပ်မိနေပြီလားဆိုတာ မသိပေ။ ယင်းက တည်ငြိမ်မှု အနှောင့်အယှက်ကို ခံစားရပုံအတိုင်းပဲဖြစ်သည်။

ဖြစ်နိုင်တာက ဒါဖွင့်နေလောက်ပြီ၊ နယ်လှည့်တေးအတွက်ကတော့ ငါအသုံးဝင်မယ် မထင်ဘူး။ ခရုလေးဆီ ပေးလိုက်မယ်။

လုကျိုးသည် ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်းစာ စာလိပ်ကို အာရုံစိုက်လိုက်၏ ။သူသည် ထိုကဲ့သို့ အသုံးပစ္စည်းမျိုး မရခဲ့တာ အတော်ကြာပြီ ဖြစ်သည်။ ရတနာသေတ္တာကို ဖွင့်လိုက်ချိန်တွင် ယင်းကို တွေ့ရလိုက်မည်ဟု မထင်ထားပေ။ လက်ရှိ၌ သူသည် ကောင်းကင်ကျမ်းစာစွမ်းအားများကိုကိုရရှိထား၏။ ၏ကောင်းကင်ကျမ်းစာစွမ်းအား စာလိပ်သည် စွမ်းအားအသစ် သို့မဟုတ် သူအသက်ရှည်အောင်ထောက်ပံ့ ပေးမလားဆိုတာ သိချင်မိသည်။

လုကျိုးသည် ကောင်းကင်ကျမ်းစာ စာလိပ်ကို အသုံးပြုရန် စိတ်အားထက်သန်နေ၏။ သူ့နားတစ်ဝိုက် မီးကွင်းများပေါ်ထွက်လာပြီး ပျောက်ကွယ်သွားတော့သည်။

သူက လက်ကို ဝှေ့ယမ်းလိုက်၏။ ရတနာသေတ္တာသည် ပျောက်ကွယ်သွားပြီး စနစ်မျက်နှာပြင် ဆီပြန်ရောက်သွားသည်။

ပြီးနောက် လုကျိုးက ဆင်ခြင်သုံးသပ်သည့် အခြေအနေထဲ ဝင်ရောက်လိုက်သည်။

လုကျိုးသည် မနက်စောစော၌ ပြန်လာ၏။ ထို့ကြောင့် နေက အမြင့်ဆုံးသို့ ရောက်နေသည့် အခြေအနေတွင်တောင် သူသည်ဆင်ခြင်သုံးသပ်ဆဲ အခြေအနေထဲတွင် ရှိနေ၏ ။

ထိုစဉ် ရှားချန်းချိုးက ခြံဝန်းသို့ ရောက်လာပြီး မဝံ့မရဲခေါ်လိုက်၏။

“ လုချန်ပေ့လား”

မနေ့ညတုန်းက လုကျိုးပြန်ရောက်လာတာကို သူသေချာမသိဘဲ သူထင်ထားသည့်အတိုင်း အကြောင်းပြန်ကြားမှုမရှိ။

ထိုစဉ် ခြံဝန်းထဲကို ဖြတ်ကျော်ပြီး ပျံသန်းနေသော ရှောင်ယွမ်အာက မေးလိုက်၏။

“ဘုရားကျောင်းသခင်ရှား ၊ ကျွန်မရဲ့ ရှစ်စွင်းကို ရှာနေတာလား”

“အမ်း ဟုတ်တယ်”ရှားချန်းချိုးက ခေါင်းညိတ်လိုက်၏။

“ကျွန်မ ရှစ်စွင်းပုံစံက အဲ့လိုပဲ၊ တစ်ခါတလေ သူက အားလုံးကို လျစ်လျူရှုထားတာ”

ရှောင်ယွမ်အာက ပြောလိုက်၏။

“ ပြောပြပေးတာ ကျေးဇူးတင်ပါတယ်”

ရှောင်ယွမ်အာသည် တောင်းပန်တိုးလျှိုးသော အမူအရာဖြင့် လက်ဝါးနှစ်ဖက်ကို ပူးကပ်ပြီး သူမမျက်နှာထက်တွင် တောင်းပန်သော အမူအရာဖြင့် ပြောလိုက်၏ ။

“ဘုရားကျောင်းသခင်ရှား တစ်ခုလောက် တောင်းဆိုလို့ရမလား”

“ဘာများလဲ”

“တရားမျှတရေးခန်းမထဲမှာ လေ့ကျင့်လို့ရမလား” ရှောင်ယွမ်အာသည် မျက်လုံးရွဲကြီးများဖြင့် မျက်တောင်ခတ်လိုက်သည်။

“ရတာပေါ့ ၊ အဲ့မှာ ရှိနေတဲ့ တပည့်တွေကို သင်ပြပေးပေါ့ ၊ လုပ်ပေးနိုင်မလား”

ရှားချန်းချိုးသည် သူ၏တပည့်များကို သိုင်းပညာရှင်တစ်ယောက်အား ညွှန်ပြထောက်ပြမှု ရစေချင် ထပ် မပိုပေ။

“ကျေးဇူးတင်ပါတယ်၊ စိတ်မပူပါနဲ့ ၊ တခြားသူတွေကို ရိုက်တဲ့အချိန် ကျွန်မခွန်အားကို မကြာခဏ ထိန်းထားတက်ပါတယ်”

ရှောင်ယွမ်အာသည် နိဗ္ဗာန်နခါးစည်းဖြင့် တရားမျှတရေးခန်းမဆီသို့ ပျံသန်းသွားလေ၏။

ရှားချန်းချိုးက အနည်းငယ် ထိတ်လန့် အံအားသင့်သွားတော့သည်။

သူ့စကားက ထူးဆန်းသလိုပဲ။ တခြားသူတွေကို ရိုက်မှာလား။

ထိုစဉ် လုကျိုးသည် တံခါးဖွင့်လျက် လက်နောက်ပစ်ကာ ထွက်လာတော့သည်။သူက နေကို မော့ကြည့်ပြီး‌ မေးလိုက်၏။

“ဘာလဲ”

“လုချန်ပေ့ ပြန်လာပြီပဲ ကြယ်ပျံအိမ်တော်ရဲ့ ယဲ့ကျန်းက စာတစ်စောင်ပို့လိုက်တယ်”

ရှားချန်းချိုးသည် သူ၏ ဝတ်ရုံလက်ထဲမှ စာတစ်စောင်ကို ထုတ်ပြီး လုကျိုးအား လက်နှစ်ဘက်ဖြင့် ပေးလိုက်သည်။

“ဖတ်လိုက်”လုကျိုးက ပြောလိုက်သည်။

ရှားချန်းချိုးသည် စာကို ဖွင့်ဖတ်လိုက်တော့သည်။

”သို့ လုဆရာကြီး ကျွန်တော်သို့ ခွဲခွာခဲ့ချိန်ကစပြီး နောင်တရမိတာက” သူက စိတ်ထဲ၌ ဇဝေဇဝါဖြစ်သွားသည်။ ခွဲခွာချိန်မှ စပြီးသည့်နောက် သူက စဉ်းစားမနေတော့ဘဲ ဆက်ဖတ်လိုက်တော့သည်။ “နန်းတော်က လက်ဆောင်ကို ကျေနပ်ပါရဲ့လား သိချင်မိတယ်”

…

အခန်း (၇၈၂) တိမ်တိုက်တောင်ကို သွားမည့်လမ်းကြောင်းကို မေးမြန်းခြင်း

လက်ဆောင်လား။ ဘာလက်ဆောင်လဲ...

ရှားချန်ချိုးက ထပ်မံ ခေါင်းခြောက်သွားပြန်သည်။

ထိုစဥ် လုကျိုးကမူ မျက်မှောင်ကြုတ်လိုက်၏။ ယဲ့ကျန်းက သူနန်းတော်သို့ သွားရောက်သည့်အကြောင်း ကောင်းစွာသိထားလေသည်။ ဆိုလိုသည်မှာ မိုးမခတစ်ထောင်ဘုရားကျောင်း သို့မဟုတ် နန်းတော်ထဲတွင် သူလျှိုတစ်ယောက် ရှိရမည်။

ကန်းလုခန်းမဆောင်က လူငယ်လေးက ယဲ့ကျန်းရဲ့ လူများလား...

ရှားချန်ချိုးက ဆက်လက် ဖတ်ရှုလိုက်သည်။

" အရင်နေ့ ရုပ်ဖျက်ပြီးလာတုန်းက ကျူးရွှမ်ကို တိုက်တဲ့သူနဲ့ အထင်မှားနေခဲ့တာ။ ဒါပေမဲ့ ကျုပ်ကို ဒီလိုမျိုး ဒဏ်ရာပေးနိုင်ခဲ့တယ်ဆိုတော့ စစ်ခုန်ပေချန်းရဲ့ အဆင့်ပဲ ဖြစ်ရမယ်။ လုချန်းပေ့နဲ့ ဒီအငြိးတရားကို ကိုင်စွဲမထားတော့ဘူး။ အဲဒီအစား မိတ်ဆွေရောင်းရင်း ဖြစ်ဖို့သာ မျှော်လင့်ပါတယ်” ရှားချန်ချိုးက အံ့သြတကြီး ဖြစ်သွားကာ စာကို ဆက်လက်ဖတ်ရှုလိုက်သည်။ ယဲ့ကျန်းက အမှန်တကယ် ဉာဏ်များသည့်သူဖြစ်၏။

" သန့်စင်ရွှေဆံထိုးက ခင်ဗျားအတွက် အရေးကြီးတဲ့ပုံပဲ။ ခင်ဗျား နန်းတော်ကို ချောချောမွေ့မွေ့ ဝင်ရောက်နိုင်တဲ့ အကြောင်းအရင်း တစ်စိတ်တစ်ပိုင်းက ကျုပ်စွမ်းဆောင်ရည်နဲ့ သဘောထားကို ပြသခဲ့တာပဲ။ ချန်းပေ့ ဒါကို ထည့်စဥ်းစားစေချင်တယ်။ နောက်သုံးရက်နေရင် တိမ်တိုက်တောင်မှာ ဆွေးနွေးမှုတစ်ခု လုပ်ဖို့ ဖိတ်ကြားချင်ပါတယ်။ ကျုပ်တို့တွေ မိတ်ဆွေ ဖြစ်လာမလား။ ရန်သူ ဖြစ်လာမလားဆိုတာကိုတော့ လုချန်းပေ့ပေါ်မှာ မူတည်တယ်”

စာကို ဖတ်ရှုပြီးသည့်နောက်တွင် ရှားချန်ချိုးက လုကျိုးအား လက်နှစ်ဖက်ဖြင့် စာကို ပေးလိုက်သည်။ သူက သိချင်စွာ မေးကြည့်လိုက်၏။

" လုချန်းပေ့ အရင်က ယဲ့ကျန်းကို ဒဏ်ရာရအောင် လုပ်ဖူးတယ်လား "

လုကျိုးက ခေါင်းညိတ်လိုက်၏။ သူက လက်ထဲမှ စာကို ကြည့်ကာ ပြာအဖြစ် လောင်ကျွမ်းပစ်လိုက်သည်။ သူက ထုတ်မေးလိုက်၏။

” ယဲ့ကျန်းက ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ "

" ဒီလူက ကိုင်တွယ်ဖို့ ခက်တယ် " ရှားချန်ချိုးက ခေါင်းညိတ်လျက် ပြန်ဖြေလိုက်သည်။

” တိမ်တိုက်တောင်ကို ဖိတ်ကြားချက်က ထောင်ချောက် ဖြစ်ဖို့များတယ်”

လုကျိုးက မုတ်ဆိတ်သပ်ကာ စဥ်းစားလိုက်သည်။ သူ့အနေနှင့် စီးဝူယာ့သာ ဤနေရာတွင် ရှိနေပါက ယဲ့ကျန်းကို ဖြေရှင်းဖို့ အစီအစဥ်ကောင်း ထွက်လာမည်မှန်း သံသယဖြစ်စရာ မလိုပေ။ အနည်းဆုံးတော့ ကျန့်အိုက်ကျန်းပင် အစီအစဥ်တစ်ခု ထွက်လာနိုင်သည်။ သူ့၏ နှစ် ၂၀၀၀ အတွေ့အကြုံကြောင့် ယဲ့ကျန်းလို လူမျိုးကို နားလည်၏။ ထို့အပြင် သူ့တပည့်များက ယဲ့ကျန်းနှင့် အရည်အသွေးတူနေပြီး သူတို့အားလုံးက မာနကြီးကြသည်။ မာနကြီးသူအားလုံးက ဘဝင်မြင့်နေကြကြောင်း သိလေသည်။ သူ့အမြင်အရ ယဲ့ကျန်းသည် ရွေရောင်ဆံထိုးကို ပေးလိုက်ခြင်းက သူ့အိပ်မက်ဆိုး ဖြစ်လာလိမ့်မည်ဟု ထင်ထားမည် မဟုတ်ပေ။

ထိုအတွေးဖြင့် လုကျိုးက တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။

” စစ်ခုန်ပေချန်းဆီ စာပို့ပြီးတော့ နောက်သုံးရက်နေရင် တိမ်တိုက်တောင်ဆီ လာတွေ့ဖို့ ပြောလိုက် "

" ဟုတ်ကဲ့ " ရှားချန်ချိုးက ထိုသို့ပြောလိုက်သော်လည်း သူက အနည်းငယ် စိတ်ရှုပ်နေဟန်ပေါ်သည်။

...

ထို့နေ့ရက် နေလယ်ပိုင်းတွင်

ကြယ်ပျံအိမ်တော်၏ အလယ်တောင်ထိပ်

ယဲ့ကျန်းက တင်ပျဉ်ခွေလျက် ကျင့်ကြံနေသည်။

ကျန့်ရှောင်ရှန်းက တံခါးကို ဖွင့်ကာ လေ့ကျင့်ရေးခန်းအတွင်း ဝင်ရောက်လာ၏။ ထို့နောက် သူက ဦးညွှတ်လိုက်ပြီး " ရှစ်စွင်း မိုးမခတစ်ထောင် ဘုရားကျောင်းက တုံ့ပြန်လာပြီ။ သူတို့တွေက နောက်သုံးရက်နေရင် တိမ်တိုက်တောင်မှာ လာတွေ့ပါ့မယ်တဲ့ "

ယဲ့ကျန်းက မျက်လုံးဖွင့်ကာ အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် " ဒီလို ထင်မထားမိပေမဲ့ အကျိုးအကြောင်းတော့ သင့်သား "

" ရှစ်စွင်း နန်းတော်က အဆင့်မြင့် ကျင့်ကြံသူတွေကို ဘာလို့ သူ့ကို မသတ်ခိုင်းလိုက်ရတာလဲ။ ဒါက အခွင့်ရေးကောင်းပဲ” ကျန့်ရှောင်ရှန်းက နားမလည်နိုင်စွာ မေးလိုက်သည်။

" ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတွေက အမြဲလိုလို မာနကြီးတယ်။ သူတို့တွေက ငါ့စကားကို ဘယ်လိုလုပ် နားထောင်ပါ့မလဲ။ ပြီးတော့ နန်းတော်က ရှုပ်ထွေးတယ်။ အင်အားတစ်ခုချင်းစီက သူတို့ရဲ့ အရင်းအမြစ် ရှိပြီးတော့ အမှောင်ထဲကနေ လွှမ်းမိုးမှုကို ယှဥ်ပြိုင်နေကြတာ။ ငါက သူ့ကို ခြိမ်းခြောက်ဖို့ သံသယဖြစ်အောင် လုပ်လိုက်ရုံပဲ” ယဲ့ကျန်းက ပြောလိုက်သည်။

ကျန့်ရှောင်ရှန်းက သတ္တိစုစည်းကာ ဆက်မေးလိုက်၏။

” သူ့ကို ဘာလို့ဖိတ်လိုက်တာလဲ "

" တကယ်လို့ သူ မလာဘူးဆိုရင် ငါက ၁၂ ဂိုဏ်းကို ရှင်းထုတ်ပစ်လိုက်မယ်။ တကယ်လို့ သူ လာဖို့ သဘောတူတယ်ဆိုရင် သူကလည်း ပူပေါင်းချင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့” ယဲ့ကျန်းက ပြန်ဖြေလိုက်၏။

" သူက မပူးပေါင်းချင်ရင်ရော "

လူငယ်များ၏ မေးခွန်းက အမြဲလိုလို တဲ့တိုးဆန်လှသည်။

ယဲ့ကျန်းက ကျန့်ရှောင်ရှန်းအား ကြည့်ကာ ထိုတုံးအအ မေးခွန်းကို ဖြေဖို့ လိုသည်လားဟု စဥ်းစားနေသည်။

ကျန့်ရှောင်ရှန်းက တုန်ယင်သွားပြီး သူ့ရှစ်စွင်း၏ အကြည့်ကြောင့် ထိပ်လန့်သွား၏။ သူက မေးခွန်းကို ဆက်မမေးရဲတော့ပေ။ ထိုလူအိုကြီးက ပူပေါင်းသည့် ရည်ရွယ်ချက် မရှိဘဲ တိမ်တိုက်တောင်ဆီ ရောက်လာခြင်းက ကိုယ့်သေတွင်းကိုယ် တူးနေမှန်း သိသာလှသည်။

...

သုံးရက်တာက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။

မိုးမခတစ်ထောင်ဘုရားကျောင်းမှ တိမ်တိုက်တောင်ဆီ ဧရာမရထားလုံးပျံကြီးက ထွက်ခွာလာ၏။

ရထားလုံးပျံအတွင်း

လုကျိုးက စစ်ခုန်ပေချန်းအား ကြည့်ကာ မေးလိုက်သည်။

” ငါ မရောက်လာမှာကို စိုးရိမ်နေတာလား "

မနက်စောစောတွင် စစ်ခုန်ပေချန်းက ဆရာတော် ၂ ပါးကို ခေါ်ယူ၍ မိုးမခတစ်ထောင်ဘုရားကျောင်းဆီ ရောက်ရှိလာခဲ့သည်။ သူက တိမ်တိုက်တောင်ဆီ တစ်ယောက်တည်း မသွားလိုသည်မှာ သိသာလှ၏။

" အစ်ကိုလုက အထင်လွဲနေတာပါ။ ကျုပ်တို့က တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရတာ ကြာပြီလေ။ အဲဒါကြောင့် စကားပြောချင်လို့ ရောက်လာတာပါ” စစ်ခုန်ပေချန်းက ပြောလိုက်၏။

" အင်း … ခင်ဗျားကို ယုံလိုက်ပါ့မယ်လေ "

" ဒါနဲ့ ယဲ့ကျန်းရဲ့ အကြံပြုချက်ကို ဘာလို့သဘောတူလိုက်တာလဲ။ ကြယ်ပျံအိမ်တော်က တိမ်တိုက်တောင်ရဲ့ ၁၂ဂိုဏ်းနဲ့ ရင်းနှီးတယ်။ ရှဲ့ရွှမ်းက မိုးမခတစ်ထောင်ဘုရားကျောင်းမြေမှာ သေဆုံးသွားတာလေ။ အဲဒါဆိုတော့ ၁၂ ဂိုဏ်းက ခင်ဗျားကို မုန်းတီးနေမှာပဲ” စစ်ခုန်ပေချန်းက သိချင်စွာ မေးကြည့်လိုက်သည်။

လုကျိုးက ခေါင်းညိတ်လိုက်ကာ " ခင်ဗျား ပြောတာ ဟုတ်တယ်”

စစ်ခုန်ပေချန်းက သူသည် လုကျိုးစကားနောက်မှ အဓိပ္ပာယ်ကို နားလည်သွားဟန်ဖြင့် လှမ်းခေါ်လိုက်သည်။

” ယောင်ချင်းချွမ် "

" အမိန့်ရှိပါ "

" လှည့်ပြန်မယ် "

" ဟုတ်ကဲ့ "

" ... "

လုကျိုးက လက်ဝှေ့ကာ ယောင်ချင်းချွမ်အား တားလိုက်၏။

” ငါက ပြန်သွားချင်တယ်လို့ မပြောဘူး "

စစ်ခုန်ပေချန်းက နေရခက်သွား၏။

ထိုစဥ် ယွီကျန့်ဟိုင်က ယောင်ချင်းချွမ်အနား ရောက်လာကာ ပြောလိုက်သည်” ကျုပ် လုပ်လိုက်မယ်။ ခင်ဗျားက ရထားလုံးပျံ မောင်းနှင်တာ အတော်လေးကို နှေးကွေးတယ်။ ကျုပ်ရဲ့ ပါ့ရှစ်တိကတောင် ဒီထက် မြန်ဦးမယ်”

" ... "

ယွီကျန့်ဟိုင်က ယောင်ချင်းချွမ်၏ နေရာကို ဝင်ယူစဥ် ရထားလုံးပျံ၏ အမြန်နှုန်းက သိသိသာသာ တိုးမြင့်လာ၏။

ယောင်ချင်းချွမ်က ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့အား ကြည့်ကာ " တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်မှာကို မစိုးရိမ်ကြဘူးလား။ တိမ်တိုက်တောင် ၁၂ဂိုဏ်းနဲ့ ယဲ့ကျန်းက … ကောင်းကင်သိုင်းပညာခုံရုံးရဲ့ အဖွဲ့သားတွေရော ရှိနေရင် ဘယ်လိုလုပ်မလဲ။ အဲဒီအချိန်ကျရင် ကျုပ်တို့တွေက သူတို့ကို ငွေလင်ဗန်းနဲ့ သွားပြီး ဆက်သသလိုမျိုး ဖြစ်မှာပေါ့”

ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ပြုံးကာ " တကယ်လို့ ခင်ဗျား ကြောက်တယ်ဆိုရင် ထွက်သွားလို့ ရတယ်။ မိစ္ဆာဝေဟင်မျှော်နန်းက ဘယ်တော့မှ နောက်ပြန်မလှည့်ဘူး။ ရှေ့ကိုပဲ ဆက်သွားတယ်”

သူက ယောင်ချင်းချွမ် မျက်နှာမှ မူမမှန်သည့် အမူအရာကို မြင်လိုက်ရသည့်အခါ ထပ်ပြောလိုက်သည်” တကယ်လို့ ခင်ဗျားရဲ့ မာနကို ထိပါးသွားစေတယ်ဆိုရင် စိတ်မကောင်းပါဘူး "

ယောင်ချင်းချွမ် " ... "

ယွီကျန့်ဟိုင်၏ နောက်ဆုံးစကားက ထုတ်မပြောသည်က ပို၍ ကောင်းပေသည်။

စစ်ခုန်ပေချန်းပင် အနည်းငယ် မျက်နှာပူသွားမိ၏။ ကြီးကျယ်လှသည့် နဝမမြောက်ဘုံကျောင်းက ကြွက်တစ်ကောင်လို သတ္တိကြောင်နေသည်။ အဆုံးသတ်တွင် သူက ပြောလိုက်၏” ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်က မြင့်မြတ်တဲ့လူနောက် အဆုံးသတ်ထိ တောက်လျှောက်လိုက်မယ် "

" ကျုပ်က မြင့်မြတ်နေတဲ့သူမျိုး မဟုတ်ဘူး။ ဒီခရီးစဥ်အတွက် ရည်ရွယ်ချက် သုံးခု ရှိတယ်” လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်၏” ပထမဆုံး ယဲ့ကျန်းကို သတ်ချင်တယ်။ ဒုတိယအနေနဲ့ ၁၂ ဂိုဏ်းကို ခြိမ်းခြောက်ချင်တယ်။ တတိယအနေနဲ့ ကောင်းကင်သိုင်းပညာခုံရုံးပါ ရှိနေဖို့ မျှော်လင့်တယ်။ အဲဒါမှ တခြားသူတွေကို ခြောက်လန့်ဖို့ သူတို့ကိုပါ နည်းနည်း သတ်နိုင်မှာ”

သူက တကယ်ကြီး ပြောနေတာလား...

စစ်ခုန်ပေချန်းက ပြောလိုက်သည်” ယဲ့ကျန်းက တော်တော်လေးကို ဉာဏ်များတယ်။ တကယ်လို့ သူက မျှားခေါ်ဖို့ လုပ်နေတယ်ဆိုရင် မိုးမခတစ်ထောင်ဘုရားကျောင်းက ဒုက္ခမရောက်သွားဘူးလား”

စစ်ခုန်ပေချန်းက နဝမမြောက်ဘုံကျောင်းတွင် အစီအရင်ကို စောင့်ကြပ်ပြီး ယဲ့ကျန်း၏ အစီအစဥ်များကို ကာကွယ်ဖို့ ဆရာတော် သုံးယောက်ကို ချန်ထားခဲ့သည်။

လုကျိုး ပြန်မဖြေခင် ယွီကျန့်ဟိုင်က ပြောလိုက်၏” အဲဒါကြောင့် မိုးမခတစ်ထောင် ဘုရားကျောင်းရဲ့ ပင်မအဖွဲ့သားတွေ အကုန်လုံး ဒီမှာ ရှိနေတာပေါ့ "

" ... "

စစ်ခုန်ပေချန်းက မိုးမခတစ်ထောင်ဘုရားကျောင်းမှ ရထားလုံးပေါ် နောက်ဆုံးတက်လာသူ ဖြစ်၏။ သူက လုကျိုးနှင့် ကုန်းပတ်ပေါ်တွင် စကားပြောဆိုနေသည့်အတွက် တခြားသူများကို ဂရုမစိုက်ခဲ့မိပေ။ သူက လှည့်ကြည့်ပြီး တံခါးဖွင့်လိုက်သည့်အခါ ရှောင်ယွမ်အာ၊ ခရုလေး၊ ရှားချန်ချိုး၊ ထျန်းပုကျိ၊ ကျီဖုန်းရှင်းနှင့် ဝူဝူတို့က သူ့အား ပြုံးပြနေသည်ကို မြင်လိုက်ရ၏။

သူတို့က စစ်ခုန်ပေချန်းကို နှုတ်ဆက်လိုက်ကြသည်။

" စစ်ခုန်ချန်းပေ့ကို ဂါရဝပြုပါတယ်”

ယောင်ချင်းချွမ်နှင့် ကျောက်ကျန်းဟယ်တို့က ထိုအရာကြောင့် အံ့အားသင့်သွားကြသည်။

အိမ်ဗလာက သူခိုးကို ကြောက်ရမည်လား...

ရထားလုံးပျံက ဆက်လက်အရှိန်မြှင့်လိုက်သည်။

လုကျိုးက စစ်ခုန်ပေချန်းအား ကြည့်ကာ " စစ်ခုန်ပေချန်း … ခင်ဗျားက ဗဟုသုတကြွယ်ဝတယ်ဆိုတော့ လူတစ်ယောက် သေဆုံးပြီးတဲ့နောက်မှ အသက်ပြန်ရှင်လာနိုင်တဲ့ နည်းလမ်းကို သိထားလား”

စစ်ခုန်ပေချန်းက ပြောလိုက်၏” သာမန်အခြေအနေအောက်မှာ လူသားတွေက သေဆုံးပြီးတဲ့နောက်မှာ အသက်ပြန်မရှင်လာနိုင်ဘူး။ ဒါပေမဲ့ သူတို့ရဲ့ အသက်ကို သားရဲတစ်ကောင်နဲ့ ဆက်နွယ်ထားတဲ့ ကျင့်ကြံသူအများကြီး ရှိတယ်။ ဒါပေမဲ့ ဒီသားရဲတွေရဲ့ လိုအပ်ချက်က အတော်လေးကို တင်းကြပ်တယ်။ ပြီးတော့ အဲ့လိုအရာမျိုးကို လုပ်ဆောင်ဖို့ကလည်း အတော်လေးကို ခက်ခဲတယ်”

ထိုအရာက လုကျိုးအား တာ့ယန်၏ ဘိုနာမိသားစုမှ လန်နီနှင့် ထျန်းကို့အား အမှတ်ရသွားစေသည်။ ဤနည်းလမ်းသည် အနီရောင်ကြာနယ်မြေတွင်လည်း တည်ရှိလိမ့်မည်ဟု ထင်မထားမိပေ။

" အဲဒါကလွဲပြီး တခြားနည်းလမ်းရော ရှိသေးလား”

စစ်ခုန်ပေချန်းက ခေါင်းခါကာ " အသက်ပြန်ဝင်လာနိုင်တဲ့ တခြားနည်းလမ်းတော့ မကြားဖူးဘူး။ အစ်ကိုလုက ဘာလို့မေးနေတာလဲ”

" ယဲ့ကျန်းက အသက်ပြန်ရှင်လာနိုင်မဲ့ နည်းလမ်းကို သိထားတယ်လို့ ထင်နေမိတယ်” လုကျိုးက ပြောလိုက်၏။

အားလုံးက ထိုစကားကို ကြားသည့်အခါ တုန်တုန်ယင်ယင် လှည့်ကြည့်လာကြသည်။

…

အခန်း (၇၈၃) ပြန်ပေးဆပ်ခြင်း

စစ်ခုန်ပေချန်းက ဇဝေဇဝါဖြစ်သွား၏။ လုကျိုးသည် ထိုကိစ္စကို ရုတ်တရက်ကြီး မေးရသည့်အကြောင်းအရင်းကို သူနားမလည်ခဲ့ပေ။

လုကျိုးသည် ဤအချက်အလက်ကို သူတို့ဆီ ထိန်ချန်မထားတော့ချေ။ သူက ရိုးသားစွာ ပြောလိုက်၏။

“ကျုပ် ကြယ်ပျံအိမ်တော်ကို ရောက်တုန်းက ယဲ့ကျန်းရဲ့လေ့ကျင့်ရေးခန်းထဲမှာ သူနဲ့တိုက်ခိုက်ခဲ့တယ်”

မုန့်ချန်းသုံက တအံ့တဩထုတ်ပြောလိုက်၏။

“သူ့ရဲ့လေ့ကျင့်ရေးအခန်းထဲမှာ တိုက်ခိုက်ခဲ့တာလား လုချန်ပေ့”

“အကြွင်းမဲ့ကောင်းကင်အစီအရင်က ငါ့ကို ဘာမှမလုပ်နိုင်ဘူး” လုကျိုးသည် ထူးမခြားနား ပြောလိုက်သည်။

စစ်ခုန်ပေချန်းက အနည်းငယ်အံ့ဩသွားတော့၏။

“ဒီအကြွင်းမဲ့ကောင်းကင်အစီအရင်က တည်ဆောက်ဖို့ အင်မတန်ခက်ခဲတယ်၊ ပတ်ဝန်းကျင်အတွက် မြင့်မားတဲ့လိုအပ်ချက်တစ်ခု ရှိနေတာ၊ အစီအရင်ထဲမှာ ရန်သူတွေက အားနည်းနေပြီး အစီအရင်အသုံးပြုသူက ခွန်အားမြင့်တက်လာမယ်၊ ယဲ့ကျန်းက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက်ဆိုပေမဲ့ နဝမဘုံကျောင်းမှာ သူပြသွားတဲ့ခွန်အားက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက်ဖြစ်ဖို့ နီးစပ်နေပြီ၊ ဒါ့အပြင် သူ့မှာ ကံမီးတောက်ရှိတယ်၊ သူ့ရဲ့အကြွင်းမဲ့ကောင်းကင်အစီအရင်ထဲကို အရေးမစိုက်နိုင်တာ တစ်ကယ်အထင်ကြီးမိပါတယ် အစ်ကိုလု”

မုန့်ချန်းသုံက မျက်မှောင်ကြုတ်လျက်‌ ပြောလိုက်သည်။

“အလယ်တောင်ထွတ်ပေါ်မှာ ကျုပ်ကိုတိုက်ခိုက်တဲ့အကြောင်း ကောလာဟလတစ်ခုရှိနေတာ အံ့ဩစရာမရှိဘူးပဲ၊ တစ်စုံတစ်ယောက်က ကုဗဖြတ်တောက်ခြင်း လက်ဟန်နဲ့ ယဲ့ကျန်း အရိုက်ခံလိုက်ရတယ်လို့တောင် တစ်ယောက်ယောက်က မြင်ခဲ့တယ်၊ ဒီတော့ ကောလာဟလတွေက အမှန်တွေဖြစ်နေတာပဲ”

“တာအိုကိုးပါးဖြတ်တောက်ခြင်း လက်ဟန်လား”

စစ်ခုန်ပေချန်းက ထိတ်လန့်အံ့အားသင့်သွား၏။

“ကွန်ဖြူးရှပ်၊ ဗုဒ္ဓနဲ့ တာအိုဂိုဏ်းတွေမှာ သူတို့အားသာချက်ကိုယ်စီရှိကြတယ်၊ သူတို့တွေက မတူညီတဲ့ကျင့်စဉ်တွေ ရှိနေကြတာ အစ်ကိုလု ဘယ်ဟာကို ကျွမ်းသလဲ”

လုကျိုးသည် ဖန်တီးရာအားလုံးကို ဓားမဲ့လမ်းစဉ်မှ ဓားတစ်လက်အနေဖြင့် အသုံးပြုခဲ့တာကို သူမျက်မြင်တွေ့ခဲ့ဖူး၏။ ထို့ကြောင့် လုကျိုးသည် ဓားရေး၌ကျွမ်းကျင်သည်ဟု သူယူဆခဲ့သည်။

“ဂီတကလွဲရင် ကျွန်မရဲ့ရှစ်စွင်းက အားလုံးကျွမ်းကျင်တယ်” ရှောင်ယွမ်အာက ပြောလိုက်၏။

“ဒါပေမဲ့ လက်ဝါးနဲ့ရိုက်တာက အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးပဲ”

“…”

ရှောင်ယွမ်အာ၏စကားသည် ဟာကွက်မရှိပုံပေါ်၏။

စစ်ခုန်းပေချန်းသည် အံ့ဩမှု၊ သိချင်စိတ်တို့ ရောထွေးနေလျက် မေးလိုက်သည်။

“ခင်ဗျားက ကွန်ဖြူးရှပ်၊ ဗုဒ္ဓနဲ့ တာအိုကျင့်စဉ်တွေကို တတ်ကျွမ်းတာလား”

ယခုအချိန်က လုကျိုးသည် ထိုအကြောင်းပြောဖို့ အချိန်ကောင်းဟု ခံစားမိလိုက်၏။ သူကပြောလိုက်သည်။

“သုံးခုလုံးတတ်ကျွမ်းဖို့ မလွယ်ဘူး ဒါပေမဲ့ ရွှေကြာနယ်မြေထဲက ကျင့်ကြံခြင်းသဘောတရားနဲ့ အနီရောင်ကြာနယ်မြေထဲက ကျင့်ကြံခြင်းသဘောတရား တူညီနေရတာ ဘာကြောင့်လဲလို့ တွေးဖူးလား”

“တူညီတယ်လား” စစ်ခုန်ပေချန်းက အနည်းငယ် မှင်သက်သွားပြီး သူ့အမူအရာက တောင့်တင်းသွားတော့၏။

“ကျုပ်က ရွှေကြာနယ်မြေကို တစ်ခါမှ မရောက်ဖူးဘူး၊ လတ်တလောကမှ နယ်မြေကို ကြားခဲ့ဖူးတာ”

ထိုစဉ်က မုန့်ချန်းသုံက ဝင်ပြောလိုက်၏။

“ကောင်းကင်သိုင်းခုံရုံးက ဒီကိစ္စကို လေ့လာနေတယ်၊ နယ်မြေနှစ်ခုက မူလက တစ်ဆက်တည်းဆိုတဲ့ သီအိုရီတစ်ခုရှိတယ်”

လုကျိုးနှင့် စစ်ခုန်ပေချန်းက မုန့်ချန်းသုံကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်၏။

စစ်ခုန်ပေချန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“တစ်ကယ်တော့ ဒါဖြစ်နိုင်တယ်”

ကူးပြောင်းလာသူတစ်ယောက်အနေဖြင့် လုကျိုးသည် သူတို့နှင့်ယှဉ်လျှင် ဗဟုသုတပိုရှိ၏။ သူသည် မြေအလွှာရွှေ့ပြောင်းမှုကို အခြေခံနားလည်သဘောပေါက်၏။ သို့သော် ၎င်းက သက်သေ မရှိသော ခန့်မှန်းချက်တစ်ခုသာ ဖြစ်သည်။ ခဏအကြာတွင် သူက မေးလိုက်၏။

“အဆုံးမဲ့သမုဒ္ဒရာကို ခင်ဗျားတို့ရောက်ဖူးကြလား”

အကျော်အမော်များက စကားစမြည်ပြောနေစဉ် ကျန်သည့်သူများက တိတ်တိတ်ဆိတ်ဆိတ် နှိမ့်ချစွာ နားထောင်နေသည်။ အကျော်အမော်များကြားရှိစကားဝိုင်းက ကွဲပြားခြားနားပြီး စိတ်ဝင်စားစရာကောင်း၏။

စစ်ခုန်ပေချန်းက ခေါင်းညိတ်ပြီးပြောလိုက်၏။

“ကျုပ် ပွင့်ချပ်ကိုးလွှာအဆင့်ကို ပထမဆုံးရောက်တဲ့အချိန်တုန်းက အဆုံးမဲ့သမုဒ္ဒရာဆီသွားခဲ့တယ်၊ အဲဒီအတွေ့အကြုံကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူး၊ ကျုပ်စီးတော်သားရဲကို စီးပြီး အဆုံးမဲ့သမုဒ္ဒရာပေါ်မှာ တတ်နိုင်သမျှဝေးဝေးပျံသန်းခဲ့တာ၊ အစမှာကြုံတွေ့ရတဲ့ ရေနေသတ္တဝါတချို့က ကျုပ်ကို မခြိမ်းခြောက်နိုင်ဘူး၊ ဒါပေမဲ့ ပဉ္စမမြောက်နေ့မှာ သမုဒ္ဒရာသားရဲကြီးတွေနဲ့ တွေ့ရတော့တယ်၊ ရလဒ်အနေနဲ့ ကျုပ်ဒဏ်ရာရပြီး စီးတော်သားရဲကို ဆုံးရှုံးသွားတယ်၊ ကံကောင်းပြီး ကျုပ် ပြန်လာနိုင်ခဲ့တာ”

“အဲဒီသမုဒ္ဒရာသားရဲတွေက ကမ်းစပ်နှစ်ခု ခွဲထားတယ်၊ အဆုံးမဲ့သမုဒ္ဒရာကို ကျုပ် ဖြတ်ကျော်လာတဲ့အချိန် ပထမဆုံး ကြုံတွေ့ရတဲ့ ဧရာမသားရဲက ပေတစ်သိန်းရှိတယ်၊ သူ့ရဲ့ရေယက်ကတင် ဧရာမဖြစ်နေပြီ” လုကျိုးက ပြောလိုက်၏။

လုကျိုး ပြောပြီးသည်နှင့် ရှောင်ယွမ်အာနှင့် ခရုလေးက ဝင်ပြောလိုက်သည်။

“ကျွန်မတို့ တွေ့ခဲ့တယ်”

စစ်ခုန်ပေချန်းက အထိတ်တလန့်ထုတ်ပြောလိုက်၏။

“အစ်ကိုလုတောင် အဲဒါကို ဘာမှမလုပ်နိုင်ဘူးလား”

လုကျိုးက ခေါင်းခါလိုက်၏။

“ကျုပ်အမြင်မှာ အနီရောင်ကြာနယ်မြေက ကျင့်ကြံသူအားလုံး ပူးပေါင်းတိုက်ခိုက်ခဲ့ရင်တောင် သူတို့တွေက ဒီသားရဲကို ရင်ဆိုင်ဖို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး”

“…”

ရထားလုံးပျံက လေကိုခွင်းလျက် ပျံသန်းသွားပြီး ရွှေရောင်ဉက္ကာခဲတစ်စင်းနဲ့တူနေကာ ယွီကျန်းဟိုင်၏ ရွှေရောင်စွမ်းအင် လွှမ်းခြုံထား၏။

“အစ်ကိုလုပြောတာ နားထောင်ပြီးတော့ ကျုပ်မျက်စိနဲ့ အဆုံးမဲ့သမုဒ္ဒရာရဲ့ ဧရာမသားရဲကို တစ်ကယ်မြင်ချင်သွားပြီ” စစ်ခုန်ပေချန်းက ပြောလိုက်သည်။

မုန့်ချန်းသုံနှင့် ကျန်သည့်သူများကလည်း ခေါင်းညိတ်လိုက်ကြ၏။ သူတို့၏အမြင်ကျယ်လာပြီဟု ခံစားမိသည်။

ရထားလုံးပျံက တစ်နေကုန် ဆက်လက်ပျံသန်းနေသည်။

ခရီးစဉ်၌ လုကျိုးနှင့် စစ်ခုန်ပေချန်းသည် ကွန်ဖြူးရှပ်၊ ဗုဒ္ဓဘာသာနှင့် တာအိုဂိုဏ်းတို့၏ ကျင့်ကြံခြင်းလမ်းစဉ်များအကြောင်း ဆွေးနွေးခဲ့သည်။ သူတို့သည် ဓားသွားလမ်းစဉ်အကြောင်းလည်း ပြောခဲ့၏။

ရထားလုံးပျံပေါ်ရှိ လူတိုင်းက သူတို့များစွာ သင်ယူခဲ့သည်ဟု ခံစားလိုက်ရသည်။

ကောင်းကင်၌ နောက်ဆုံးတွင် နေမြင့်လာပြီး ၎င်း၏ ရောင်ခြည်သည် မြူအလွှာပါးကို ဖြတ်ကျော်ချိန် သက်တန့်တစ်စင်းပေါ်ထွက်လာသောအခါ တိမ်တိုက်တောင်က သူတို့ရှေ့၌ ပေါ်လာသည်။

“ကျုပ်တို့ရောက်လာပြီ”

ကျန်သည့်သူများသည် ကုန်းပတ်သို့လျှောက်သွားရာ တိမ်တိုက်များထိအောင် မြင့်မားလှသော တိမ်တိုက်တောင် ပင်မတောင်ထွတ်ဆယ်နှစ်ခုကို တွေ့လိုက်ရသည်။

မုန့်ချန်းသုံက ပြောလိုက်၏။

“တိမ်တိုက်တောင်က သူ့ရဲ့အမြင်ကြောင့် လူသိများတယ်၊ တောင်ထွတ်ဆယ့်နှစ်ခုက ခုနှစ်စဉ်ကြယ်အစီအရင်နဲ့ ဆက်နွှယ်ထားတာ၊ ဒါက တာ့ထန်ရဲ့ အကြီးမားဆုံးဂိုဏ်းတွေထဲက တစ်ခုပဲ”

လုကျိုးသည် မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်လိုက်တော့သည်။ သူက နေရောင်အောက်တွင် ရပ်နေစဉ် တောင်ထွတ်ဆယ့်နှစ်ခုကို ကြည့်လိုက်၏။ သူက မေးလိုက်တော့သည်။

“ဂိုဏ်းဆယ့်နှစ်ဂိုဏ်းက ကြယ်ပျံအိမ်တော်နဲ့ ဘယ်လိုယှဉ်နိုင်လဲ”

“အမ်၊ လွယ်ကူတဲ့ ယှဉ်ပြိုင်မှုတော့ မဟုတ်ဘူး” မုန့်ချန်းသုံက ပြောလိုက်၏။

“ခွန်အားအရာမှာ ဂိုဏ်းဆယ့်နှစ်ဂိုဏ်းက ပိုအစွမ်းထက်ပုံပေါ်တယ်၊ ဒါပေမဲ့ကြယ်ပျံအိမ်တော်မှာ ယဲ့ကျန်းရှိတယ်”

ရှောင်ယွမ်အာက နှာမှုတ်လျက် ပြောလိုက်သည်။

“သူက ယဲ့ကျန်းဖြစ်ဖြစ်၊ လီကျန်းဖြစ်ဖြစ် ဘယ်သူက ဂရုစိုက်မှာလဲ၊ ကျွန်မတို့တွေ အဲဒီကို ရောက်တဲ့အခါ ကျွန်မရှစ်စွင်းက သူ့ကိုယင်ကောင်တစ်ကောင်လို သတ်လိုက်မှာ”

“…”

တိမ်တိုက်တောင်ပေါ်တွင်ဖြစ်သည်။

ဂိုဏ်းဆယ့်နှစ်ဂိုဏ်း၏ တပည့်များသည် ပင်မတောင်ထွတ်ပေါ်ရှိ ခန်းမထဲ၌ စုဝေးနေကြသည်။

တပည့်တစ်ယောက်က ခန်းမထဲ၌ တလေးတစားရပ်နေကာ မေးလိုက်တော့သည်။

“ဂိုဏ်းချုပ် နဝမဘုံကျောင်းရဲ့ ရထားလုံးပျံက ဒီရောက်လာပါပြီ၊ သူတို့တွေက ဖော်ရွေပုံမရဘူး၊ ကောင်းကင်သိုင်းခုံရုံးသခင်ကို အကြောင်းကြားပြီး ဒီအခွင့်အရေးသုံးပြီး သူတို့ကို ဖြေရှင်းမလား”

ခန်းမ၏အမြင့်တွင် ထိုင်နေသည်က တိမ်တိုက်တောင် ဆယ်နှစ့်ဂိုဏ်း၏ ခေါင်းဆောင်ယဲ့ချင်းယွင် ဖြစ်သည်။ သူက ဖြည်းဖြည်းချင်း ထရပ်ပြီးနောက် လှေခါးထစ်ဆီ လျှောက်သွားလိုက်သည်။

“နဝမဘုံကျောင်းရဲ့ ယုံကြည်ချက်က ဘယ်ကနေလာတာလဲ”

“ကြယ်ပျံအိမ်တော်ရဲ့ အကြီးအကဲယဲ့ကျန်းက အစတုန်းက မင်းကို တွေ့ဖို့ ရည်ရွယ်ခဲ့တယ်၊ ဒါပေမဲ့သူက စိတ်ပြောင်းသွားတယ်၊ နဝမဘုံကျောင်းမှာ အကျော်အမော်တစ်ယောက်ရဲ့ ပံ့ပိုးမှုရှိနေပြီ၊ ဂရုစိုက်ဖို့ အကြံပေးလိုက်ပါတယ်”တပည့်က ပြန်ပြော၏။

ထိုစဉ် ဘေးရှိ အကြီးအကဲများထဲက တစ်ယောက်က အရိုအသေပေးလျက် ပြောလိုက်သည်။

“ယဲ့ကျန်းက ကြောင်သူတော်ပဲ၊ သူ့ကို ယုံကြည်လို့မရဘူး၊ ကြယ်ပျံအိမ်တော်ကို သွားတဲ့ကျုပ်တို့ဂိုဏ်းရဲ့ တပည့်သုံးဆယ်က အဲဒီနေ့မှာပဲ ပျောက်သွားတာ၊ ယဲ့ကျန်းက ကျုပ်တို့ကို ဖြေရှင်းချက်တစ်ခု ပေးသင့်တာ၊ ဒါပေမဲ့ နဝမဘုံကျောင်းက ရောက်လာတယ်၊ ဒါက ယဲ့ကျန်းရဲ့ အကြံအစည်တစ်ပိုင်းဆိုတာ ဖြစ်နိုင်ခြေ ရှိတယ်”

ယဲ့ချင်းယွင်က အကြီးအကဲကို လှည့်ကြည့်လိုက်၏။ သူက ခေါင်းညိတ်ပြီးပြောလိုက်တော့သည်။

“ဒီနေ့ တိမ်တိုက်တောင်ပေါ်မှာ ငါတို့တွေ့ဆုံပွဲက ငါတို့နဲ့ ကြယ်ပျံအိမ်တော်ကြားက ပဋိပက္ခကို ဖြေရှင်းဖို့ပဲ၊ တခြားလူတွေကို တွေ့မှာမဟုတ်ဘူး”

“နားလည်ပါပြီ”

ဒုန်း ဒုန်း ဒုန်း

ခေါင်းလောင်းသံက မြည်ဟည်းလာ၏။

ဂိုဏ်းဆယ့်နှစ်ဂိုဏ်း၏ မြင့်မားသောတောင်ထွတ်ပေါ်ရှိ စင်မြင့်ပေါ်တွင် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူများစွာသည် နဝမဘုံကျောင်း၏ ရထားလုံးပျံဆီသို့ ပျံသန်းလာလေ၏။

ရထားလုံးပျံက အရှိန်လျှော့လိုက်ပြီး ဂိုဏ်းဆယ်နှစ်ဂိုဏ်းရှေ့၌ ပျံဝဲနေသည်။

“ဂိုဏ်းချုပ်က ဒီနေ့ဘယ်ဧည့်သည်မှ မတွေ့ဘူးလို့ ပြောပါတယ်၊ ကျေးဇူးပြုပြီး ပြန်ပေးပါ”

ယောင်ချင်းရွှမ်က ရှေ့ထွက်လိုက်၏။ သူသည် ဆယ့်နှစ်ဂိုဏ်းမှ တပည့်များကို ကြည့်ပြီးပြောလိုက်၏။

“လုချန်ပေ့နဲ့ ဂိုဏ်းချုပ်ကို ယဲ့ကျန်းက ဒီနေရာလာဖို့ဖိတ်ထားတာ၊ မင်းပြောတာကြောင့် ငါတို့က ဘယ်လိုလုပ် ဒီတိုင်းထွက်သွားနိုင်ပါ့မလဲ”

လုကျိုးသည် လာရဲသည်ဆိုသောကြောင့် ၎င်းကို ဖြေရှင်းနိုင်ရန် နည်းလမ်းရှိမည်ဆိုတာ သူ ယုံကြည်သည်။ ဤတိုက်ပွဲက တိုက်ကို တိုက်ခိုက်ရမည်။

လေထဲတွင် ပျံဝဲနေသော တပည့်က ပြောလိုက်၏။

“ဘုရားကျောင်းသခင် စစ်ခုန် ဂိုဏ်းချုပ်ယဲ့က ဒီနေ့ခင်ဗျားကို တွေ့ချင်စိတ်မရှိဘူးလို့ ပြောပါတယ်၊ ယဲ့ကျန်းက ဂိုဏ်းဆယ့်နှစ်ဂိုဏ်းရဲ့ ဂိုဏ်းသားမဟုတ်ဘူး၊ကျုပ်တို့ကိုယ်စား ဆုံးဖြတ်ချက် မချနိုင်ဘူး”

စစ်ခုန်ပေချန်း၏ စိတ်ထဲ၌ အတွေးတစ်ခုပေါ်လာသည်။ သူက လုကျိုးကို ပြောလိုက်၏။

“အစ်ကိုလု ကျုပ်တို့ထင်ထားတဲ့အတိုင်းပဲ၊ ယဲ့ကျန်းက တစ်ကယ်ကောက်ကျစ်တယ်”

ဤအခြေအနေသည် မည်သို့ပင် ဖြစ်စေကာမူ ယဲ့ကျန်းအတွက် အကျိုးဖြစ်စေလိမ့်မည်။

နဝမဘုံကျောင်းနှင့် ဂိုဏ်းဆယ့်နှစ်ဂိုဏ်း တိုက်ခိုက်ခဲ့လျှင် ယဲ့ကျန်းက အဆုံးကျ အကျိုးအမြတ်ကို ရိတ်သိမ်းရန်စောင့်နေရသည့် တစ်ဦးတည်းသောလူ ဖြစ်သွားမည်။ သူတို့မတိုက်ခိုက်ခဲ့လျှင် တိမ်တိုက်တောင်သည် ကြယ်ပြာအိမ်တော်နှင့် မိတ်ဆွေဖွဲ့ရန် ဖိအားပေးခံရမည်ဖြစ်ကာ နဝမဘုံကျောင်းက ဖိအားကို ထည့်စဉ်းစားရမည်။

လုကျိုးက ကျယ်လောင်စွာ ပြောလိုက်၏။

“ငါသူ့ကို တွေ့ချင်တယ်လို့ ယဲ့ချင်းယွင်ကို အကြောင်းကြားလိုက်”

တပည့်များက မေးလိုက်သည်။

“ ကျုပ်တို့ဂိုဏ်းချုပ်နဲ့ ဘာကိစ္စများရှိလို့လဲ”

“ရှဲ့ရွှမ်းက တိမ်တိုက်တောင် တပည့်တွေကို ဦးဆောင်ပြီး မိုးမခတစ်ထောင်ဘုရားကျောင်းကို သုတ်သင်ဖို့ ရောက်လာခဲ့တာ ဒီကိစ္စကို မေ့သွားပြီလား”

ထျန်းပုကျီက ထိုစဉ်ရှေ့သို့ ပျံထွက်လာသည်။

“မင်းက အကြီးအကဲရှဲ့ကို သတ်လိုက်တာ၊ ငါတို့တွေက အကြွေးပြန်ယူသင့်တဲ့လူ ဟုတ်တယ်မလား”

တပည့်က အနည်းငယ်စိတ်ရှုပ်ထွေးသွား၏။

“တူညီတဲ့နည်းလမ်းနဲ့ပေါ့” ထျန်းပုကျီက ပြောလိုက်၏။

“…”

ထိုစကားများသည် ဂိုဏ်းဆယ့်နှစ်ဂိုဏ်း၏ တပည့်များကို စိတ်ရှုပ်‌ထွေးသွားစေတော့သည်။

All Chapters