← Chapters

အခန်း (၇၉၀-၇၉၂)

Vol. 53 Ch. 790-792

အခန်း (၇၉၀-၇၉၂)

Vol. 53 Ch. 790-792

အခန်း (၇၉၀) နောက်ဆုံးမှာ တစ်ယောက်ပဲ ရပ်တည်နိုင်မယ်

ယဲ့ကျန်းက သူ့ကိုယ်သူ ပြိုလဲလုနီးပါး ဖြစ်နေမှန်းသိ၍ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်သည်။ သူက တည်ငြိမ်နေသင့်သည့် အချိန်မျိုး ရှိခဲ့သည်။ သူက လက်ကို မြှောက်လိုက်သည့်အခါ အဆောင်ရာချီ သူ့ရှေ့ထွက်ပေါ်လာသည်။

အဆောင်မှတစ်ဆင့် အနက်ရောင် မီးတောက်များနှင့် ကံမီးတောက်များ တောက်လောင်လာ၏။

ယဲ့ကျန်းက အဆောင်ကို ရှေ့တွန်းလွှတ်လိုက်ပြီး လှည့်ကာ ထွက်ပြေးတော့သည်။

လုကျိုးက အရှိန်မြှင့်ကာ ယဲ့ကျန်းနောက် လိုက်ဖမ်း၏။ သူက အနီရင့်ရင့် မီးတောက်ဖြင့် တောက်လောင်နေသည့် အဆောင်များ သူ့ဆီ ပျံသန်းလာသည်ကို မြင်သည့်အခါ လက်မြှောက်လိုက်ပြီး စွန့်ပစ်ခံ ဉာဏ်ပညာကို ထုတ်ဖော်လိုက်သည်။

ဝုန်း

ဤသို့ဖြင့် လုကျိုးက အဆောင်ရာချီကို ဖျက်ဆီးပစ်ခဲ့၏။ သူက သူ့မဟာနည်းစနစ်ဖြင့် ဆက်လက် လိုက်ဖမ်းသည်။ သူက ယဲ့ကျန်းရှေ့မှ ပျံသန်းသွားကာ ပြောလိုက်၏။

” မင်းက ဘယ်နေရာအထိ ပြေးနိုင်မလဲ ကြည့်ကြသေးတာပေါ့ "

ယဲ့ကျန်းက သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို မရုပ်သိမ်းထားသည့်အတွက် ပစ်မှတ်ကြီး ဖြစ်နေသည်။ သူက ပွင့်ချပ်ထွက်ပေါ်ရေး ဖြစ်စဥ်ကို ထိန်းသိမ်းထားရသည့်အတွက် ပွင့်ချပ်ရှစ်လွှာ အဆင့်မှာကဲ့သို့ လုပ်ဆောင်ဖို့ရာ မဖြစ်နိုင်ပေ။

ယဲ့ကျန်းက အရှိန်မြှင့်ကာ တောင်ထိပ်တစ်ခုဆီ ပျံသန်းသွားလိုက်သည်။

အခု အလောင်းအစား လုပ်ကြည့်ရမဲ့အချိန်ပဲ...

လုကျိုးက သူ့ကိုယ်သူ တွေးလိုက်ပြီးသည့်နောက်တွင် လက်တစ်ဖက် ရှေ့ထုတ်လိုက်၏။

ချုပ်နှောင်ရေး လှောင်ချိုင့်ကတ်

လုကျိုးက ရွှေရောင်မီးတောက်များနောက် ပျံသန်းသွားသည်။

ထိုအချိန် စစ်ခုန်ပေချန်းက ထိုအရာကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်” ဒါက ဘယ်လိုနည်းစနစ်မျိုးလဲ "

" ရောင်းရင်းစစ်ခုန် မသိသေးတဲ့အရာမျိုးရှိတာ အံ့သြမိသား " နျဲ့ချင်းယွင်က ပြောလိုက်သည်။ သူက စစ်ခုန်ပေချန်းသည် တစ်လျှောက်လုံး ပြောနေသည်ကို ငြီးငွေ့နေပြီဖြစ်၏။

" ထားလိုက်စမ်းပါ " စစ်ခုန်ပေချန်းက လိုက်လံပျံသန်းလိုက်သည်။

ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်တို့နှင့် တခြားသူများကလည်း လိုက်လာကြ၏။

ထိုစဥ် ကောင်းကင်သိုင်းပညာခုံရုံးနှင့် ကြယ်ပျံအိမ်တော်မှ တပည့်ထောင်ချီက တောင်ထိပ်တစ်ခုဆီ ပျံသန်းသွားကြသည်။ သူတို့က လေထဲ အဖွဲ့ပုံစံဖြင့် တိမ်တိုက်ရင်ပြင်မှ ထွက်ခွာသွားကြသည်။

မပျံသန်းနိုင်သည့် တပည့်များစွာက အံ့သြလောက်ဖွယ် မြင်ကွင်းကိုသာ ကြည့်နေကြ၏။ သူတို့က သူတို့ဘဝတစ်လျှောက်လုံးတွင် ဤသို့ အံ့သြဖွယ်မြင်ကွင်းမျိုးကို ထပ်မံ မြင်တွေ့ရမည်မဟုတ်မှန်း သိနေသည်။

ထိုစဥ် ယဲ့ကျန်းက တတိယ တောင်ထိပ်၏ စက်ဝန်းသဏ္ဌာန်ရင်ပြင်ဆီ ရောက်ရှိလာသည်။ သူက အလယ်ခေါင်တွင် ဆင်းသက်လိုက်၏။ သူက သူ့ဆီ ပျံသန်းလာနေသည့် လှောင်ချိုင့်ကို တုန်လှုပ်တကြီး ကြည့်လိုက်မိသည်။

ဒါက ဘာကြီးလဲ...

လှောင်ချိုင့်က ကြီးမားလာပြီး ပိုက်ကွန်လိုမျိုး ရွှေရောင်ကွန်ရက်သဖွယ် ဖြစ်ပေါ်လာကာ ယဲ့ကျန်းအပေါ် ကျဆင်းလာသည်။

ဝုန်း

လှောင်ချိုင့်က ပျောက်ကွယ်သွား၏။

လုကျိုးက ခေါင်းအသာခါလိုက်သည်။

ငါက ကံသိပ်မကောင်းဘူးပဲ...

ယဲ့ကျန်းက လုကျိုး၏ စိတ်ထဲ ဘာတွေတွေးနေလဲ မသိပေ။ သူက ဆင်းသက်လာပြီးသည့်နောက်တွင် ရင်ပြင်ပေါ် လက်ဝါးဖြင့် ရိုက်ခတ်လိုက်၏။

စက်ဝန်းသဏ္ဌာန်ရင်ပြင်က ချက်ချင်းဆိုသလို တောက်ပလာပြီး ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

ယဲ့ကျန်းက ပြောလိုက်၏။

” ခင်ဗျား ဒီကို လာရဲလား။ ကျုပ်က ဒီအစီအရင်ထဲမှာ ပွင့်ချပ်ထွက်အောင် လုပ်တော့မှာ။ ခင်ဗျား ဘာမှမလုပ်နိုင်ဘူး”

" ငါက ဘာလို့မလုပ်ရဲရမှာလဲ " လုကျိုးက စက်ဝန်းသဏ္ဌာန်ရင်ပြင်ထဲ ပျံသန်းလာလိုက်သည်။

ထိုစဥ် တခြားကျင့်ကြံသူများက ဝေဟင်မှ ကြည့်နေကြ၏။ တိုက်ပွဲ၏ ရလဒ်ကို စောင့်ဆိုင်းနေသည့် ကျင့်ကြံသူအယောက် တစ်ထောင်နီးပါး ရှိလေသည်။ သူတို့က သူတို့၏ ရန်သူများအကြောင်းပင် မေ့လျော့သွားဟန်ပေါ်၏။

" ငါတို့တွေ နောက်ကျသွားပြီ " နျဲ့ချင်းယွင်က ကူကယ်ရာမဲ့စွာ သက်ပြင်းချရင်း ပြောလိုက်သည်” ထင်ထားတဲ့အတိုင်း ယဲ့ကျန်းက တောင်ထိပ် ၁၂ခုကို သူ့လက်ခုပ်ထဲက ရေလိုမျိုး ကောင်းကောင်းသိနေတာပဲ။ ရောင်းရင်းစစ်ခုန် ခင်ဗျားရဲ့ မိတ်ဆွေတော့ ကံဆိုးပြီ”

" ခင်ဗျားက ဘာပြောချင်တာလဲ "

" ဒါက စုန်းနတ်ဘုရားသွေး အစီအရင်ပဲ။ ၁၅မိနစ်တိုင်းမှာ အစီအရင်က ခင်ဗျားရဲ့ နှစ်၁၀၀ကို စုပ်ယူသွားလိမ့်မယ်။ ခင်ဗျားရဲ့ မိတ်ဆွေက အသက်ကြီးနေပြီဆိုပေမဲ့ ယဲ့ကျန်းက အသက် ၅ သက်ရှိသေးတယ်” နျဲ့ချင်းယွင်က ပြောလိုက်သည်။

" အဲ့ဆို အစီအရင်ကို ဘာလို့ မရုပ်သိမ်းလိုက်တာလဲ "

" အစီအရင်ထဲမှာ အသက်ဓာတ်ရှိနေသရွေ့ ဆက်ပြီးတော့ အလုပ်လုပ်နေလိမ့်မယ် " နျဲ့ချင်းယွင်က သက်ပြင်းချကာ ပြောလိုက်၏။

ခရမ်းရောင်အလင်းတန်းက အစီအရင်ကို လွှမ်းခြုံထားသည့်အတွက် ကမ္ဘာနှင့် ပိုင်ခြားထားသည့် အကာအရံတစ်ခုလိုမျိုး ဖြစ်နေသည်။

ယဲ့ကျန်းက နှုတ်ခမ်းထောင့်မှ သွေးကို သုတ်ကာ ပြုံးလိုက်၏။ သူက တည်ငြိမ်နေသည့် လုကျိုးအား ကြည့်ကာ သွေးအဆီအနှစ်ကို အစီအရင်သွေးကြောထဲ ပေါင်းထည့်လိုက်သည်။

ယဲ့ကျန်း၏ ပတ်ဝန်းကျင်မှ တာအိုသွေးကြောများက အစီအရင်ထဲမှ သွေးကြောများကို စတင်စုပ်ယူလာသည်။

လုကျိုးက ရှေ့ဆက်တိုးလိုက်ပြီး လက်မြှောက်ကာ တိုက်ခိုက်လိုက်၏။

ရွှေရောင်ကံမီးတောက် တောက်လောင်နေသည့် လက်ဝါးစည်းတံဆိပ်က ယဲ့ကျန်းဆီ ကျရောက်လာသည်။

ယဲ့ကျန်းက မြေပြင်ပေါ် ခိုင်ခိုင်မာမာ ရပ်နေ၏။ သူ့ကွန်ဖြူးရှပ်ဝတ်ရုံက လေထဲ မျောလွင့်နေကာ တာအိုသွေးကြောများက ရေသဖွယ် စီးဆင်းနေသည်။

အနီရောင်ကံမီးတောက်က ရွှေရောင်မီးတောက်နှင့် ထိပ်တိုက်တွေ့ပြီး တစ်ခုနှင့် တစ်ခု ပယ်ဖျက်သွားသည်။

အစီအရင်က အထဲမှ အသက်ဓာတ်ကို ဆက်လက်ဝါးမျိုနေ၏။

" ကျုပ်က သက်တမ်းအရှည်ကြီး ရှိတယ်။ ခင်ဗျားရော " ယဲ့ကျန်းက လှောင်ပြောင်ဟန်ဖြင့် မေးလိုက်သည်။

လုကျိုးက မုတ်ဆိတ်သပ်ကာ ယဲ့ကျန်းအား ကြည့်လိုက်၏။

လက်ကျန်သက်တမ်း - ၂၁၉၄၄၅ ရက်

- ၁၀ ရက်

- ၂၀ ရက်

" ငါ့သက်တမ်းက မင်းထက် ပိုရှည်တယ် " လုကျိုးက မုတ်ဆိတ်သပ်ရင်း ပြောလိုက်သည်။

" ဒီလိုဆိုရင် နောက်ဆုံးမှာ ဘယ်သူရပ်နိုင်မလဲ ကြည့်ကြတာပေါ့။ ဒီနေ့တော့ ကျုပ်တို့ထဲက တစ်ယောက် သေရမယ်”

လုကျိုး၏ သက်တမ်းက ဆက်တိုက် လျော့ကျနေသည်။ အသက် ၉သက်က ရင်ဆိုင်ဖို့ ခက်ခဲလှသည်။ ယဲ့ကျန်းက သူ ကူးပြောင်းလာပြီးသည့်နောက် ကြုံတွေ့ဖူးသမျှ ပြိုင်ဘက်များထဲ အခက်ခဲဆုံး ဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။

လုကျိုးက အကြောင်းပြန်လှန်ကတ်ကို ခြေမွှပစ်လိုက်သည်။

+ ၆၀၀

အစီအရင်ထဲမှ ပတ်ဝန်းကျင်ရှိ အသက်ဓာတ်က လုကျိုးဆီ တိုးဝင်လာကာ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားသည်။

" ဘယ်လို ခင်ဗျားက အသက်ဓာတ်က ပြန်ဖြည့်နိုင်တာလား " ယဲ့ကျန်းက နောက်ဆုတ်ရင်း မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် မေးလိုက်သည်။

လုကျိုးက အကြောင်းပြန်လှန်ကတ်၏ တန်ဖိုးသည် ရက် ၆၀၀ တိုးမြင့်သွားသည်ကို မြင်သည့်အခါ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ သူက ယဲ့ကျန်း၏ စကားကို ပြောလိုက်သည်” မင်းက မပါးနပ်ဘူးကိုး "

အသက်ဓာတ်ထောက်ပံ့မှုအသစ်ဖြင့် လုကျိုး၏ နှလုံးသားက ရေသဖွယ် တည်ငြိမ်နေ၏။

ယဲ့ကျန်း၏ မျက်နှာက အမူအရာ ပျက်ယွင်းသွားသည်။ သူ့စိတ်ဝိညာဥ်သဏ္ဌာန်၏ ခေါင်းတစ်ခုက အစီအရင်၏ သက်ရောက်မှုကြောင့် ငိုက်စိုက်ကြသွားသည်။

" ခင်ဗျားက ဘယ်သူလဲ " ယဲ့ကျန်း၏ အသံက အစီအရင်အနှံ့ ပျံ့နှံ့သွားပြီး ဝေဟင်အထက်မှ ကျင့်ကြံသူများ၏ နားထဲ ရောက်ရှိသွားသည်။

ထိုစဥ် လုကျိုးက အမည်မဲ့ကို ကိုင်ဆောင်ရင်း ရှေ့ဆက်တိုးလိုက်၏။ သူ့ပွင့်ချပ်ကိုးလွှာ ရွှေမီးတောက် စိတ်ဝိညာဥ်သဏ္ဌာန်က မြင့်တက်လာပြီး ယဲ့ကျန်း၏ ခေါင်း ၅လုံး စိတ်ဝိညာဥ်သဏ္ဌာန်အား ကြည့်လိုက်သည်။

ဒါတွေ အားလုံးက ကုသိုလ်ရမှတ်တွေပဲ...

အစီအရင်က အသက်ဓာတ်ရှိနေသရွေ့ ကြာရှည်ခံမည် ဖြစ်၏။

ယဲ့ကျန်းက စိတ်ထဲ လေးလံသွားသည်။ သူက သူ့ပေါင်သူ လှန်ထောင်းမိသလို ခံစားနေမိသည်။ အသက် ၉သက် စိတ်ဝိညာဥ်သဏ္ဌာန်သည် ပြန်လည်တိုက်ခိုက်ဖို့အတွက် အနီရောင်စွမ်းအားကို ထုတ်လွှတ်လိုက်၏။ အနီရောင်ကြာ ကံမီးတောက်နှင့် ရွှေကြာ မီးတောက်တို့က ထိပ်တိုက် တွေ့ဆုံသွားကြပြန်သည်။

ဘန်း ဘန်း ဘန်း

လုကျိုးက ရှေ့ဆက်တိုးကာ ပစ်မှတ်ကို ပြောင်းလဲလိုက်သည်။ သူက ယဲ့ကျန်း၏ စိတ်ဝိညာဥ်သဏ္ဌာန်ဆီ ဦးတည်လိုက်၏။

ယဲ့ကျန်းက အံ့အားသင့်သွားသည်။ သူက မြေပြင်ပေါ် ခိုင်ခိုင်မာမာ ရပ်နေရင်း တိုက်ခိုက်ဖို့ပြင်ရင်း လက်ဝါးကို မီးတောက်ဖြင့် လောင်ကျွမ်းစေလိုက်သည်။

လုကျိုးက အသက် ၉သက်၏ လည်ပင်းကို ချိန်ရွယ်ကာ အမည်မဲ့ဖြင့် ခုတ်လွှဲလိုက်သည်။ အနီရောင်ကြာ ကံမီးတောက်နှင့် လက်ဝါးစည်းတံဆိပ်တို့က သူ့လမ်းတွင် တားဆီးနေသော်လည်း သူက မရပ်တန့်ဘဲ ဆက်လက်လှုပ်ရှားလိုက်သည်။

အမည်မဲ့ကို ဝှေ့ယမ်းလိုက်သည့်အခါ အနီရောင်ကြာ ကံမီးတောက်နှင့် လက်ဝါးစည်းတံဆိပ်တို့က နှစ်ပိုင်းပြတ်သွားသည်။

" မဟုတ်ဘူး " ယဲ့ကျန်းထံ မပြောနိုင်လောက်သည့် နာကျင်မှုမျိုး ဖြစ်ပေါ်လာသည်။ သူက သွေးတစ်ပွက် အန်လိုက်ရ၏။

" တင် ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၄၅၀၀ ရရှိပါတယ် "

ကျင့်ကြံသူ ထောင်ချီကလည်း ဆွံ့အကာ တုန်လှုပ်နေကြသည်။ ဒီတိုက်ပွဲက တစ်ဖက်သတ်ဆန်လွန်းနေသည် မဟုတ်ပါလော။

တိမ်တိုက်တောင်၏ ဂိုဏ်းချုပ် နျဲ့ချင်းယွင်က အစီအရင်ထဲမှ တိုက်ပွဲကို ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူက စုန်းနတ်ဘုရားသွေး အစီအရင်အကြောင်း ကြွားလုံးထုတ်နေခဲ့သော်လည်း ယခုမူ မှားယွင်းသွားခဲ့၏။

စစ်ခုန်ပေချန်းက ရယ်မောကာ " ငါတော့ မင်းအစား ရှက်မိပါ့ "

ထိုစဥ် ကြယ်ပျံအိမ်တော်၏ ကျင့်ကြံသူတစ်ယောက်က ငုံ့ကြည့်ကာ ပြောလိုက်သည်။

” အဆင်သင့်ပြင်ထားကြ "

စစ်ခုန်ပေချန်းက ထိုစကားကို ကြားသည့်အခါ ပြောလိုက်သည်” မင်းတို့ လုပ်ရဲလား "

ဤသည်က စစ်ခုန်ပေချန်း၏ အကြီးမားဆုံး အရေးပါမှုတစ်ခုလည်း ဖြစ်ပေသည်။ သူ့တည်ရှိမှုဖြင့် တခြားသော ကျင့်ကြံသူများက မဆင်မခြင် မလှုပ်ရှားရဲကြပေ။

" စစ်ခုန်ပေချန်း နဝမမြောက်ဘုံကျောင်းက ကြယ်ပျံအိမ်တော်ရဲ့ကိစ္စမှာ ဝင်စွက်ဖက်ချင်တာလား "

ကြယ်ပျံအိမ်တော်၏ တပည့်တစ်ယောက်က မေးလိုက်သည်။

" မင်းက သေချင်နေတာလား " စစ်ခုန်ပေချန်းက ပြန်မေးလိုက်၏။

" ခင်ဗျား " ကျင့်ကြံသူက မုန်းတီးစွာ ပြောလိုက်သည်” နန်းတော်က ကျင့်ကြံသူတွေက ဒီကို လာနေပြီ။ ခင်ဗျားတို့တွေ ဘယ်လောက်မောက်မာနိုင်မလဲ ကြည့်ကြသေးတာပေါ့”

ထိုကျင့်ကြံသူက ပြောလိုက်သည့်အခါ စစ်ခုန်ပေချန်းက လက်နှစ်ချောင်းဖြင့် စွမ်းအင်ဓားကို ဖွဲ့စည်းလိုက်သည်။

စွမ်းအင်ဓား ပေါ်ထွက်လာသည်နှင့် နျဲ့ချင်းယွင်က လက်မြှောက်လိုက်၏။ ထိုစဥ် လေထုက တုံ့ဆိုင်းသွားဟန် ပေါ်သည်။

" ရောင်းရင်း စစ်ခုန် ဒါက ကျုပ်နေရာပါ။ ခင်ဗျား ဒီနေရာမှာ မသတ်ဖြတ်ဖို့ တောင်းဆိုချင်တယ်”

" နျဲ့ချင်းယွင် စောစောလေးကပဲ ငါမင်းကို မျက်နှာသာ ပေးပြီးသွားပြီ။ ဒါက မင်းက ကြင်နာမှုကို ပြန်ပေးဆပ်တဲ့ပုံစံလား " စစ်ခုန်ပေချန်းက မေးလိုက်၏။

" တစ်ရက်မှာ ခင်ဗျားရဲ့ ကြင်နာမှုကို ပြန်လည်ပေးဆပ်မှာပါ။ ဒါပေမဲ့ ဒီနေ့တော့ မဟုတ်ဘူး” နျဲ့ချင်းယွင်က ပြန်ဖြေလိုက်သည်။

" ကောင်းပြီ။ တကယ်လို့ မင်းတို့ထဲက တစ်ယောက်ယောက် လှုပ်ရှားရဲရင် ငါ့ကို သတ်ဖြတ်တဲ့ စက်ယန္တရားဖြစ်လာလို့အပြစ်မတင်နဲ့ " စစ်ခုန်ပေချန်းက ပြောလိုက်၏။

အင်အားစုများစွာ ပါဝင်လာသည့်အခါ သူတို့ကြား မျှချေထိန်းထားဖို့ လိုအပ်ပေသည်။

နျဲ့ချင်းယွင်၏ အမူအရာက မှုန်မှိုင်းသွား၏။ သူက သက်ပြင်းချကာ ဘယ်အရာက အမှန်ဖြစ်မလဲဟု စဥ်းစားနေသည်။

ထိုစဥ် လုကျိုးက အမည်မဲ့ဖြင့် ခေါင်း ၉လုံးထဲမှ တစ်ခုကို သုတ်သင်နိုင်ခဲ့သည်။ ခေါင်းက ပြုတ်ကျသွားကာ သဘာဝဆီ ပြန်လည်ရောက်ရှိသွား၏။

ယဲ့ကျန်းက နောက်ဆုတ်လိုက်သည်။

လုကျိုးက အမည်မဲ့ကို လေးအဖြစ် ပြောင်းလဲကာ ခုန်ဝင်လာသည်။ သူက မတ်မတ်နေရင်း လေးကို ဆွဲလိုက်၏။

" ပြိုင်ဘက်ကင်းအဆင့် လေးကိုင်းပဲ " တခြားသူများက ထပ်မံတုန်လှုပ်သွားကြပြန်သည်။

ဘန်း

တုတ်ခိုင်သည့် စွမ်းအင် လေးကိုင်းက အပြာရောင် တောက်ပလာ၏။ လုကျိုး၏ ထူးခြားအံ့ဖွယ်စွမ်းအား သုံးပုံတစ်ပုံက ပါဝင်နေသည်။ ထို့အပြင် ပြိုင်ဘက်ကင်းအဆင့် လက်နက်ဖြင့် ပစ်လွှတ်လိုက်ခြင်းဖြစ်၏။

ယဲ့ကျန်းက ထွက်ပြေးလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း စွမ်းအင်မြှားက ပစ်မှတ်အပေါ် ကျရောက်လာကာ နောက်ထပ်ခေါင်းတစ်လုံး ပြတ်သွားပြန်သည်။

" တင် ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၄၅၀၀ ရရှိပါတယ် "

" ရှစ်စွင်း သူ့နောက်ကို လိုက်ထား။ သူ့မှာ ခေါင်း ၃လုံးပဲ ကျန်တော့တယ်။ တွေ့တယ်မလား … ရှစ်စွင်းက သူ့ခေါင်းတွေကို ချေမွပစ်လိမ့်မယ်လို့ ပြောသားပဲ” ရှောင်ယွမ်အာက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

လုကျိုးက သူ့ကျန်ရှိနေသည့် ထူးခြားအံ့ဖွယ် စွမ်းအားများကို အသုံးမပြုတော့ပေ။ ထို့အစား သူက စွမ်းအားကို သိမ်းဆည်းထား၏။ သူက အမည်မဲ့ကို သိမ်းဆည်းလိုက်ပြီးသည့်နောက်တွင် ချုပ်နှောင်ရေး လှောင်ချိုင့်ကတ်ကို ထပ်မံ ထုတ်ယူလိုက်သည်။

လေးထောင့်လှောင်ချိုင့်က ထွက်ပေါ်လာပြီးသည့်နောက်တွင် ယဲ့ကျန်းဆီ ပျံသန်းသွား၏။

လုကျိုးက နောက်မှ ဆက်လက်လိုက်ပါသွားသည်။

" ... "

စုန်းနတ်ဘုရားသွေး အစီအရင်အထက်ရှိ လေထုက လေးလံနေပြီး ခံစားရခက်နေသည်။ အသက်ရှူဖို့ပင် ခက်ခဲ၏။

" နောက်ကနေ လိုက်ထား " စစ်ခုန်ပေချန်းက နောက်မှ လိုက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

…

အခန်း (၇၉၁) ပြင်းထန်သော တိုက်ပွဲ

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်က အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့က ပြောစရာမလိုဘဲ သူတို့၏ရှစ်မေ့များကို ကြည့်ပြီးနောက် ရွှေရောင်မီးတောက်မီးလျှံများဆီ ပျံသန်းသွား၏။

ကောင်းကင်သိုင်းခုံရုံးနှင့် ကြယ်ပျံအိမ်တော်မှ ကျင့်ကြံသူများသည် နျဲ့ချင်းယွင်ကို ကြည့်လိုက်၏။

စစ်ခုန်ပေချန်းနှင့် နျဲ့ချင်းယွင်အနားတွင် ရှိနေလေရာ ကောင်းကင်သိုင်းခုံရုံးနှင့် ကြယ်ပျံအိမ်တော်က အဆင်ခြင်မဲ့စွာ မလှုပ်ရှားရဲပေ။

ကောင်းကင်သိုင်းခုံရုံးက ကံမီးတောက်ကို တတ်ကျွမ်းသော ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူ ယွီရှန်းရှု၏ ပံ့ပိုးမှု ရှိသည်။ ကြယ်ပျံအိမ်တော်က ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက် ရှိသော ကောင်းကင်သိုင်းခုံရုံးနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိ၏။

ကျင့်ကြံသူတစ်သောင်းခန့်က အဖွဲ့လိုက်ဖြင့် နီးကပ်စွာ ပျံသန်းလာ၏။ ယင်းက အတော်လေး ခမ်းနားသောမြင်ကွင်း ဖြစ်သည်။

“သူ ဘယ်ရောက်သွားတာလဲ”

“မသိဘူး၊ သူ့နောက်ကို ဆက်လိုက်ကြ”

ကျင့်ကြံသူများက ဆက်တိုက်လှုပ်ရှားနေသည်။

ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူများမှအပ ကျင့်ကြံသူအများစုသည် လုကျိုးနှင့် ယဲ့ကျန်းကို လိုက်ဖမ်းရန် ခက်ခဲနေတော့သည်။ ကံကောင်းသည်မှာ ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူများသည် ကျန်သည့်သူများကို နောက်တွင် မချန်ထားပေ။ ကျန်သည့်သူများအတွက် သူတို့အရှိန်ကို ထိန်းညှိပေးသည်။

လုကျိုးက လှောင့်ချိုင့်ဆီ ပျံသန်းသွားစဉ် သူ၏အမူအရာက တည်ငြိမ်နေသည်။

ယဲ့ကျန်းက အသက်သုံးသက် ဆက်တိုက်ဆုံးရှုံးခဲ့ပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရထား၏။ ထို့အပြင် သူက ပွင့်ချပ်ဖူးပွင့်သောဖြစ်စဉ်ထဲတွင် ရှိနေသေးသည်။ သူက တစ်သက်လုံးပုန်းနေရန် တွင်းတစ်တွင်း ရှာချင်တာထက် မပိုတော့ပေ။ ယခုအချိန်၌ သူသည် တောင်ထွတ်ဆယ့်နှစ်ခု၏ မြောက်ဘက်အစွန်းဘက်ရှိ နက္ခတ်တာရာစင်မြင့်ပေါ် ဆင်းသက်လိုက်တော့သည်။ သူ၏မျက်လုံးများက အနီရောင်သန်းနေကာ သူ့ဆီဦးတည်လာနေသော လှောင့်ချိုင့်ကို ကြည့်ပြီး သူ၏အနီရောင်ကြာဖြင့် ၎င်းတို့ကို ဖယ်ချလိုက်သည်။

“ဖူးပွင့်စေ” ယဲ့ကျန်းသည် သူ၏အနီရောင်ကြာထဲသို့ စွမ်းအင်များကို ရူးသွပ်စွာထည့်သွင်းနေလေသည်။ သူက သေရေးရှင်ရေး အခြေအနေ၌ ပွင့်ချပ်ဆယ်လွှာအဆင့်ကို ချိုးဖျက်တက်နိုင်ရန် မျှော်လင့်နေမိသည်။ ယင်းက တိုက်ပွဲ၏အခြေအနေကို ပြောင်းလဲနိုင်သော သူ၏တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။

ရွှေရောင်အလင်းဖြင့် ထွန်းလင်းတောက်ပနေသော ချုပ်နှောင်သောလှောင်ချိုင့်ကတ်က နက္ခတ်တာရာမျှော်စင် စင်မြင့်နားတစ်ဝိုက်လုံးကို လွှမ်းခြုံသွားသည်။

လုံးဝန်းသော နက္ခတ်တာရာမျှော်စင် စင်မြင့်က ပေရာချီကျယ်ဝန်းပြီး အရပ်လေးမျက်နှာ၌ တိုင်လေးတိုင်ရှိသည်။ ထိုအရာအပြင် လေထဲ၌ ဧရာမကျောက်ဆောင်ခြောက်ခု ပျံဝဲနေလျက် သူတို့သည် တမူထူးကဲသော တာအိုသွေးကြောများကြောင့် ထိန်းချုပ်ခံထားရပုံပေါ်သည်။

ဖုန်း

ထိုစဉ် ချုပ်နှောင်ခြင်းလှောင်ချိုင့်က နက္ခတ်တာရာမျှေိာ်စင် စင်မြင့်ပေါ် ကျလာတော့သည်။

ဖုန်း

ရွှေရောင်လှောင်ချိုင့်သည် နက္ခတ်တာရာမျှော်စင် စင်မြင့်ပေါ် ကျရောက်သွားသည်နှင့် ပေတစ်ရာ့ခုနှစ်ဆယ်ခန့်မြင့်သော ကိုးကောင်ပေါက် စိတ်ဝိညာဉ်သဏ္ဌာန်ကို ဝန်းရံလိုက်တော့၏။

ဒါဘာလဲ ယဲ့ကျန်းက မော့ကြည့်လိုက်တော့သည်။ သူသည် စာအုပ်များစွာ ဖတ်ရှုထားပြီး ကျင့်ကြံခြင်းလမ်းစဉ်များစွာနှင့် ရင်းနှီးသော်ငြား ရွှေရောင်လှောင်ချိုင့်ကို သူမသိပေ။ ယခုအချိန်၌ ထိုအဘိုးအိုအပေါ် သူ၏နားလည်သဘောပေါက်မှုက အတုအယောင်ဆန်ကြောင်း နောက်ဆုံးတော့ သဘောပေါက်သွားပြီဖြစ်သည်။ ကြည့်ရသည်မှာ ပွင့်ချပ်အရေအတွက်သည် လူတစ်ယောက်၏ ကျင့်ကြံဆင့်ကို တိုင်းတာရန် တိကျသောနည်းလမ်း မဟုတ်တော့ပုံရ၏။

မကြာမီ၌ လှောင်ချိုင့်က ပျောက်ကွယ်သွားတော့သည်။

လုကျိုးက ဆင်းသက်လိုက်သည်။ နက္ခတ်တာရာမျှော်စင်ပေါ်ရောက်လာ၏။ သူက လက်တစ်ဖက်ဖြင့် မုတ်ဆိတ်သပ်လျက် လက်တစ်ဖက်က နောက်ပစ်ထားသည်။ သူကယဲ့ကျန်းကို မျက်နှာသေဖြင့် ကြည့်ပြီး ပြောလိုက်တော့၏။

“မင်းက အတော် ကံကောင်းတာပဲ”

“ကံကောင်းတယ်လား” ယဲ့ကျန်းက စိတ်ရှုပ်ထွေးသွားသည်။ လုကျိုးသည် ယဲ့ကျန်း၏ လှည့်ပတ်နေသော အနီရောင်ကြာကို ကြည့်ပြီး ပြောလိုက်သည်။

“မင်းပြေးစရာနေရာ မရှိတော့ဘူး”

“အဲလောက်သေချာမနေနဲ့” ယဲ့ကျန်းသည် ခြေဆောင့်နင်းလိုက်၏။

နက္ခတ်တာရာရှုမျှော်စင် စင်မြင့်၏ တာအိုသွေးကြောများက တောက်ပလာတော့သည်။

ယဲ့ကျန်း၏ ကွန်ဖြူးရှပ်ဝတ်ရုံသည် စွမ်းအင်လေပြင်းများကြောင့် လွင့်နေပြီး လေထဲတွင် တစ်စစီ ဖြစ်ကုန်၏။ သူ၏ခန္ဓာကိုယ်ပေါ်ထွင်းထုထားသော ကွန်ဖြူးရှပ်သင်္ကေတများကို ချက်ချင်း မြင်တွေ့လိုက်ရသည်။ ထိုအရာအပြင် အနီရောင်သင်္ကေတများ၊ မျဉ်းများနှင့် ကိုးကောင်ပေါက်လည်း ရှိနေ၏။

အပြေးအလွှား ရောက်လာကြသော ကျင့်ကြံသူတစ်သောင်းက ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။

ယဲ့ကျန်း၏ဆောင်ရွက်ချက်သည် လူတိုင်း၏ ဗဟုသုတကို အသစ်ပြန်လည်ဖြစ်ပေါ်စေ၏။ ယဲ့ကျန်း၌ နက်နဲသောကျင့်ကြံဆင့် ရှိကြောင်း သူတို့သိပြီးသားဖြစ်သည်။ သူတို့ ဗဟုသုတရှိ၏၊ အသိပညာရှိ၏။ သို့သော်ငြား သူ့၌ အမည်မသိဘက်ခြမ်းရှိနေလိမ့်မည်ဟု သူတို့မထင်ထားပေ။ သူသည် ကိုးကောင်ပေါက်ကို ကိုးကွယ်ရုံသာမက ခန္ဓာကိုယ်ပေါ်၌ ကိုးကောင်ပေါက်ကိုလည်း ထွင်းထုထားသည်။ ၎င်း၏သွေးနှင့် ဝိညာဉ်ပေါ်တွင် ရိုက်နှိပ်ထားသည်။

ကံမီးတောက်သည် ယဲ့ကျန်း၏ဝတ်ရုံကို လောင်မျိုက်သွားစေပြီး ဝတ်ရုံ၏အစများက နောက်ဆုံးသော အဆောင်များအဖြစ် ပြောင်းလဲသွားပြီး သင်္ကေတစည်းတံဆိပ်များသည် နက္ခတ်တာရာမျှော်စင် စင်မြင့်ပေါ်၌ ပေါ်ထွက်လာတော့သည်။

ယဲ့ကျန်း၏ခန္ဓာကိုယ်ပေါ်ထွင်းထုထားသော ကိုးကောင်ပေါက်က ရေးရေးလေး တောက်ပနေတော့သည်။

လုကျိုးက ယဲ့ကျန်းကို ကြည့်နေသည်။

ထိုစဉ်ယဲ့ကျန်းက ပြောလိုက်တော့၏။

“လွန်ခဲ့တဲ့ရာစုနှစ်တုန်းက ငါ့ရဲ့ကျင့်ကြံခြင်းလမ်းစဉ်အသစ်တွေ အများကြီးကို ဖန်တီးခဲ့တယ်၊ ဉပမာအနေနဲ့ ငါ့ရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ကို လူပုံသဏ္ဌာန်ပေါ်အောင် မတူညီတဲ့စွမ်းအင်စည်းတံဆိပ်တွေ ဖန်တီးဖို့နဲ့ ငါ့ရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ကို လွတ်လွတ်လပ်လပ်လှုပ်ရှားပြီး အဲဒါနဲ့ သတ်ဖြတ်နိုင်တဲ့ နည်းလမ်းတွေပေါ့၊ အခုလက်ရှိ နည်းစနစ်ကတော့ အသက်လဲလှယ်ခြင်းလို့ခေါ်တယ်၊ မယုံနိုင်စရာကောင်းလောက်အောင် အစွမ်းထက်တဲ့ တိုက်ကွက်တစ်ကွက်အတွက် အသက်တစ်သက်ကို ငါလဲလှယ်နိုင်တယ်”

ယဲ့ကျန်းသည် ပြောပြီးသည်နှင့် သူ၏လက်ဝါးနှင့်ရိုက်ချလိုက်သည်။ သူ့စိတ်ဝိညာဉ်သဏ္ဌာန်ပေါ်ရှိ ဦးခေါင်းသုံးခုထဲမှ တစ်ခုက ချက်ချင်းပင် ညှိုးကျသွားတော့သည်။

အနီရောင်စွမ်းအင်တို့က ဝေ့တက်လာပြီးနောက် သင်္ကေတစည်းတံဆိပ်များက လိုက်ပါလာသည်။

“မင်းရဲ့ အသက်တစ်သက်ကို စတေးချင်တာလား၊ အိပ်မက်မက်နေတာပဲ” လုကျိုးသည် လက်ထပ်မြှောက်လိုက်သည်။ သူသည် နောက်ဆုံးသောမိုးကြိုးသွားကတ်ကို ယဲ့ကျန်း၏ပင်မခန္ဓာဆီ ပစ်ပေါက်လိုက်၏။

ကျန်သည့်သူများသည် လျှပ်စီးဖြင့် လက်ဝါးစည်းတံဆိပ်ကျရောက်လာတာကို ကြည့်နေ၏။

ကွန်ဖြူးရှပ်ဝတ်ရုံ၏ အပိုင်းအစများသည် မိုးကြိုးသွားကို ချက်ချင်းပင် တွန်းကန်ရန် ကြိုးစားကြတော့သည်။

ဖုန်း

မိုးကြိုးသွားသည် လေထဲရှိ သင်္ကေတစည်းတံဆိပ်ကို ဖြတ်ကျော်လျက် ယဲ့ကျန်းကို ထိမှန်သွားသည်။

ယဲ့ကျန်းသည် နာကျင်စွာ ညည်းတွားလျက် မိုးကြိုးသွားကြောင့် လွင့်ထွက်သွားပြီး သွေးအန်တော့သည်။ သူက လုကျိုးကို မယုံနိုင်စွာ ကြည့်လိုက်၏။

လုကျိုးက ရှေ့သို့တက်လာသည်။ အမည်မဲ့ဓား သူ့လက်ထဲတွင်ထွက်ပေါ်လာလေ၏။ အနက်ရောင်သင်္ကေတများသည် ဓားသွားနားတဝိုက် ရစ်ဝဲနေကြသည်။ သူက မဟာနည်းစနစ်ကို ထုတ်သုံးပြီး ယဲ့ကျန်း၏ ကိုးကောင်ပေါက်စိတ်ဝိညာဉ်သဏ္ဌာန်ပေါ်တွင် ပေါ်လာ၏။ သူက ဦးခေါင်းများထဲမှ တစ်ခေါင်း၏ လည်ပင်းကို ရက်စက်စွာ ပိုင်းဖြတ်ချလိုက်သည်။

အမည်မဲ့ဓားရှိ စွမ်းအင်များသည် ထောပတ်ကို ဓားပူပူက ပိုင်းဖြတ်သွားသည့်ပမာ လည်ပင်းကို လှီးဖြတ်လိုက်၏။

ယဲ့ကျန်းသည် နောက်ထပ်ပြင်းထန်သည့်ထိုးနှက်ချက်ကို ခံစားလိုက်ရသည်။ လုကျိုးကို စိန်းစိန်းဝါးဝါးကြည့်နေစဉ် သူ၏အမူအရာက သတ်ချင်စိတ် ပေါက်နေ၏။ သူ၏ဒဏ်ရာမှသွေးများ ပန်းထွက်လာပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ သဏ္ဌာန်ကွက်များက အနည်းငယ်မှိန်သွားသည်။ ဘန်း ဟူသော အသံကျယ်ကြီးဖြင့် သူသည် နက္ခတ်တာရာမျှော်စင် စင်မြင့်ပေါ်ရှိ ဧရာမကျောက်တိုင်နှင့် တိုက်မိသွားသည်။

တစ်ချိန်တည်းတွင် ယဲ့ကျန်း၏ လည်ပတ်နေသော အနီရောင်ကြာသည် အရှိန်လျော့လာတော့သည်။

တိရစ္ဆာန်ခေါင်း ပြုတ်ကျပြီး ပျောက်ကွယ်သွားကာ သဘာဝတရားဆီ ပြန်သွားလေ၏။

“တင် ပစ်မှတ်တစ်ယောက် သတ်ပြီးပါပြီ၊ ဆုလာဘ်ကုသိုလ်မှတ် လေးထောင့်ငါးရာ”

ယဲ့ကျန်းသည် မြေပြင်ပေါ် ပြုတ်ကျသွားသည်။ သူသည် ဒူးထောက်လျက်သား ကျသွားတော့၏။ သူ၏ခန္ဓာအလေးချိန်ကို မြေပြင်ပေါ်တွင် လက်နှစ်ဖက်ထောက်ပြီး ထိန်းထားလိုက်၏။ အသက်လဲလှယ်ခြင်းက သူယုံကြည်ချက်အရှိဆုံး နည်းလမ်းဖြစ်သော်ငြား လုကျိုးတားတာ ခံလိုက်ရသေးသည်။ သူတို့ခွန်အား ကွာဟချက်က ကြီးမားလွန်းလှပေ၏။

ဤနည်းဖြင့် ယဲ့ကျန်းထပ်ရှုံးသွားတော့သည်။

လုကျိုးသည် သူ၏တိုက်ခိုက်မှုက တိကျစွာကျရောက်သွားပြီးနောက် အမည်မဲ့ကို ရုပ်သိမ်းလိုက်သည်။ သူလှုပ်ရှားသည့် လျှပ်ပြက်သောအရှိန်က မြန်ဆန်လွန်းသဖြင့် အမည်မဲ့ပေါ်ရှိ အနက်ရောင်သင်္ကေတများကို မည်သူမှ သတိမပြုမိသလောက်ရှိသည်။ ထို့အပြင် အမည်မဲ့က ရွှေရောင်စွမ်းအင်ဖြင့် တောက်ပနေပြီး လေထဲ၌ အနီရောင်သင်္ကေတစည်းတံဆိပ်များစွာ ရှိနေသောကြောင့် ကျန်သည့်သူများကို စိတ်ရှုပ်ထွေးစေလိမ့်မည်။ အနက်ရောင်သင်္ကေတများကို သတိပြုမိဖို့က ခက်ခဲလှ၏။

လုကျိုးက မုတ်ဆိတ်သပ်လျက် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကြောင်အသောအမူအရာဖြင့် ရှိနေသော ယဲ့ကျန်းကို ကြည့်လိုက်၏။

“မင်းက တကယ် မပါးနပ်ဘူးပဲ”

“…”

ကျင့်ကြံသူတစ်သောင်းက ဆိတ်ဆိတ်သာနေလျက် အသံထွက်ရမှာကို ကြောက်နေသည်။

ယဲ့ကျန်းက အညံ့ခံတော့မှာလား

“ကွာဟချက်က ကြီးမားလွန်းတယ်၊ ယဲ့ကျန်းက အစ်ကိုလုအတွက် ပြိုင်ဘက်မဖြစ်နိုင်ဘူး” စစ်ခုန်ပေချန်းက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

ပါးနပ်ခြင်းမရှိဟူသည့် စကားလုံးသည် ယဲ့ကျန်း၏ စိတ်ကို ထိခိုက်သွားစေပြီး သူ၏နှလုံးကို ထိုးစိုက်သွား၏။ သူယင်းကို ခက်ခက်ခဲခဲတောင့်ခံနေရသည်။ သွေးများက သူ၏ဒဏ်ရာထဲမှ ဆက်လက်ပန်းထွက်နေပြီး ကျောက်ကြမ်းပြင်ပေါ် ကျသွားလေ၏။ ခဏအကြာတွင် သူ၏ လက်ဖဝါးမှ ကနဦးချီများကို ကျောက်တုံးကြမ်းပြင်ဆီသို့ ပို့လိုက်သည်။

ကျောက်တိုင်လေးခုသည် နက္ခတ်တာရာမျှော်စင် စင်မြင့်ကို -မည့် အလင်းတိုင်များအဖြစ် ချက်ချင်း ဖွဲ့တည်လိုက်တော့သည်။ နက္ခတ်တာရာမျှော်စင် စင်မြင့်ပေါ်တွင် ရစ်ဝဲနေသော ကျောက်ဆောင်ခြောက်ခုက ပေါင်းစည်းသွားပြီးနောက် အခင်းအကျင်းတစ်ခုဖွဲ့တည်လိုက်တော့သည်။

ပြီးနောက် ယဲ့ကျန်းက ရုတ်တရက် ထရပ်လိုက်တော့သည်။ သူ၏ မျက်လုံးများထဲမှ သွေးများ စီးကျနေရာ ပိုတောင်ကြောက်စရာကောင်းပုံပေါ်နေ၏။ ယင်းသည် အစောတုန်းက သူ၏ပညာတတ်ပုံရိပ်နှင့် ဆန့်ကျင်ဘက် ဖြစ်သွားစေတော့သည်။

လက်ရှိတွင် ယဲ့ကျန်း၌ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ပေါ်တွင် ပွင့်ချပ်နှစ်လွှာသာကျန်တော့သည်။ ထို့အပြင် သူတို့က အားနည်းပုံပေါ်နေလေ၏။

ထိုစဉ် နျဲ့ချင်းယွင်သည် သူ၏နက္ခတ်တာရာမျှော်စင်ပေါ်ရှိ အစီအရင်ကို ရုတ်တရက် အမှတ်ရသွားသည်။ သူကကျန်သည့်သူမျာကို ဦးဆောင်လျက် လျင်မြန်စွာနောက်ဆုတ်လိုက်သည်။

“အဲဒါက နက္ခတ်တာရာမျှော်စင် စင်မြင့်ရဲ့အဆုံးသတ်ငါးပါး အစီအရင်ပဲ၊ နောက်ဆုတ်ကြ”

ကျန်သည့်သူများက ထိတ်လန့်ပြီး လျင်မြန်စွာနောက်ဆုတ်လိုက်၏။

စစ်ခုန်ပေချန်းက မျက်မှောင်အနည်းငယ်ကြုတ်သွားသည်။

“အဆုံးသတ်ငါးပါးအစီအရင်လား”

“အဆုံးသတ်ငါးပါးအစီအရင်က အဆုံးသတ်ဆယ်ပါးအစီအရင်ကို အဆင့်မြှင့်တင်ထားတာပဲ၊ အဆုံးသတ်ဆယ်ငါးအစီအရင်လောက် မကျယ်သလို မခမ်းနားဘူး၊ ဒါပေမဲ့ တူညီတဲ့အာနိသင်ရှိတယ်” နျဲ့ချင်းယွင်က ပြောလိုက်သည်။

စစ်ခုန်ပေချန်းက ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်ကို ပြောလိုက်၏။

“တခြားသူတွေကို ဂရုစိုက်ထား၊ မင်းရဲ့ရှစ်စွင်းကို ငါသွားကူလိုက်မယ်”

“ကျုပ်ရဲ့ရှစ်စွင်းကို ကူညီဖို့ မလိုဘူး” ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“မကြာခင်မှာ ခင်ဗျားနားလည်သွားလိမ့်မယ်”

တာ့ရန်၏ အဆုံးသတ်ဆယ်ပါးအစီအရင်ကို တော်ဝင်မင်းဆရာ ကျန့်ဝမ်ရွှီ ယခင်က ကြယ်ပျံအိမ်တော် အကြီးအကဲဖြစ်ခဲ့ဖူးသူက ရေးဆွဲခဲ့၏။ ထို့ကြောင့် အနီရောင်ကြာနယ်မြေတွင် တာ့ရန်ရှိ အဆုံးသတ်ဆယ်ပါးအစီအရင်နှင့် ဆင်တူသော အစီအရင်ကို တွေ့ရတာ အံ့ဩစရာမဟုတ်ပေ။

အဆုံးသတ်ငါးပါးအစီအရင်က ချက်ချင်း အသက်ဝင်လာ၏။

လုကျိုးသည် သူ၏ဤလုပ်ရပ်ကြောင့် ကနဦးချီများ ခမ်းခြောက်နေပြီဖြစ်သည်။ အောင်မြင်စွာ အသက်သွင်းလိုက်နိုင်တာကို သူမြင်သောအခါ သူပြုံးပြီး သူ့ကိုယ်သူကျေနပ်သွားတာ သိသာ၏။ မျက်နှာပေါ်တွင် သွေးလွှမ်းနေရာ ပြုံးလိုက်ချိန်တွင် ရက်စက်ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ကောင်းနေသည်။ သူ့မျက်နှာပေါ်ရှိ သွေးများကို သုတ်ပြီးနောက် လုကျိုးကို သတ်ဖြတ်လိုသော အကြည့်ဖြင့် ကြည့်ကာပြောလိုက်တော့သည်။

“သက်ကြားအိုကြီး မင်းက ငါ့ကို လျှော့တွက်ခဲ့တာပဲ၊ အဆုံးသတ်ငါးပါးအစီအရင်က ပြီးမြောက်သွားပြီ၊ ကနဦးချီအများစု ဖြတ်တောက်ခံရမယ်၊ မင်းငါ့ကို သတ်လို့မရဘူး၊ ဒါပေမဲ့ ငါမင်းကို သတ်လို့ရတယ်”

လုကျိုးသည် သနားစရာပိုးမွှားတစ်ကောင်ကို ကြည့်နေသည့်ပမာ ခေါင်းခါလိုက်၏။ သူက မုတ်ဆိတ်သပ်လျက် ပြောလိုက်တော့သည်။

“မင်း တကယ် သနားစရာကောင်းတာပဲ၊ ငါတို့နှစ်ယောက်ကြားက ကွာဟချက်ကြီးကို သတိမပြုမိသေးပဲကိုး”

“အတူသေကြရအောင်” ယဲ့ကျန်းက ရှေ့သို့တက်လာ၏။ သူ့ကနဦးချီ နောက်ဆုံးအမျှင်ဖြင့် လုကျိုးကို သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် တိုက်ခိုက်လိုက်သည်။

ခေါင်းနှစ်လုံးက အစွမ်းများပြလာ၏။

ထိုစဉ်လုကျိုးသည် လက်နှစ်ချောင်းဖြင့် စွမ်းအင်ဓားကို ဖွဲ့တည်လိုက်သည်။ အပြာရောင်စွမ်းအင်ဓားက သက်ညှာမှုမရှိ တိကျစွာ သူ့ပေါ် ကျရောက်လာသော ပထမဆုံးခေါင်းကို ပိုင်းဖြတ်လိုက်သည်။

ဤအတိုင်းပင် နောက်ထပ်ခေါင်းတစ်လုံးက ပြုတ်ကျသွားတော့သည်။

“တင် ပစ်မှတ်တစ်ယောက်သတ်ပြီးပါပြီ၊ ဆုလာဘ်ကုသိုလ်မှတ် လေးထောင့်ငါးရာ”

လုကျိုးသည် လက်အနည်းငယ်ချလျက် လက်ကို ပြန်မြှောက်လိုက်သည်။ သူက ရှေ့ကို တွန်းထုတ်ကာ သူ၏ကျန်ရှိသော ထူးကဲအံ့ဖွယ်စွမ်းအားများကို လက်ထဲထည့်ပြီး ယဲ့ကျန်းစိတ်ဝိညာဉ်သဏ္ဌာန်၏ နောက်ဆုံးခေါင်း လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။

ယဲ့ကျန်း၏မျက်လုံးက ကြောက်လန့်မှုကြောင့် ပြူးကျယ်နေတော့သည်။

“မဖြစ်နိုင်တာ”

လုကျိုး၏ အမူအရာက တည်ငြိမ်နေ၏။ သူအားစိုက်ထုတ်ခဲ့ရသည့် ကြိုးပမ်းအားထုတ်မှု ထိုက်တန်သည်ဟု ထင်ခဲ့သည့် - ဖျက်ဆီးခံရပြီးနောက် သူသည် ယဲ့ကျန်း၏ အသက်ခုနှစ်သက်ကို ယူနိုင်လိမ့်မည်။ ယင်းက တကယ်ထိုက်တန်၏။ ထိုစဉ် လုကျိုးက ထူးကဲစွမ်းအား ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ။ အဆုံးသတ်ငါးပါး အစီအရင်ကြောင့် ကနဦးချီများစွာ မရှိပေ။

ထိုနည်းတူ ယဲ့ကျန်း၌လည်း စွမ်းအင်များစွာ မကျန်။ မည်သို့ပင်ဆိုစေကာမူ သူက ဒဿမမြောက်ပွင့်ချပ် ဖူးပွင့်တော့မှာ ဖြစ်သည်။ ကနဦးချီအများစုကို အစီအရင်က ဖြတ်ချထားသောကြောင့် သူ၏အနီရောင်ကြာသည် မယုံနိုင်စရာကောင်းလောက်အောင် နှေးကွေးသောနှုန်းဖြင့် လည်ပတ်နေ၏။

လုကျိုးက ခေါင်းခါလျက် ပြောလိုက်တော့သည်။

“ငါ့ရဲ့လက်ကို နည်းနည်းလေး ဖျစ်ညှစ်လိုက်ရင် မင်းသေမှာပဲ”

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး”ယဲ့ကျန်းက ကြောက်လန့်နေ၏။

ထိုစဉ် နက္ခတ်တာရာမျှော်စင် စင်မြင့်က တိတ်ဆိတ်နေတော့သည်။

ကြယ်ပျံအိမ်တော်မှ အကြီးအကဲများနှင့် တပည့်များသည် ခုန်ဆင်းသွားချင်သော်ငြား နျဲ့ချင်းယွင်နှင့် စစ်ခုန်ပေချန်းက သူတို့ရှေ့တွင် ရှိနေလေရာ သူတို့မလှုပ်ရှားရဲပေ။

ထိုစဉ် အဆုံးသတ်ငါးပါး အစီအရင်က ပြိုကွဲသွား၏။

အလင်းတိုင်များ ပျောက်ကွယ်သွားကာ တာအိုသွေးကြောများ လွင့်ပြယ်သွားသည်။

ထိုစဉ် ကြက်သွေးရောင်ပုံရိပ်တစ်ရိပ်က နက္ခတ်တာရာမျှော်စင် စင်မြင့်ဆီသို့ ဦးတည်လာပြီး အော်ဟစ်လိုက်၏။

“ရာရာစစ ကြယ်ပျံအိမ်တော် အကြီးအကဲကို ထိခိုက်အောင် လုပ်ရဲတယ်လား၊ သေပေတော့”

ပေတစ်ဒါဇင်ခန့်ရှည်ပြီး ဆယ်ပေခန့် ကျယ်သော ကြက်သွေးရောင်စွမ်းအင်ဓားသည် လုကျိုးဆီသို့ ဦးတည်နေတော့သည်။

“ပွင့်ချပ်ဆယ်လွှာ ချန်ထျန်းတု”

“အိမ်တော်သခင် ဒီရောက်လာပြီ”

ယဲ့ကျန်းက ဖျတ်လတ်တက်ကြွသွား၏။ သူ၏အသံက တုန်ယင်နေကာ လှမ်းအော်လိုက်တော့သည်။

“အိမ်တော်သခင် ကျုပ်ကို ကယ်ပါဦး သူကနဦးချီ ကုန်တော့မယ်”

ချန်ထျန်းတုက သူ၏ပေနှစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ရှေ့တက်လာလျက် စွမ်းအင်ဓားက ပေတစ်ဒါဇင်ခန့် ရှည်သည်။

လုကျိုးက မျက်မှောင်အနည်းငယ်ကြုတ်သွား၏။

စစ်ခုန်ပေချန်းက သူ့လက်ဝါးနှစ်ဖက်ကို ပူးကပ်ပြီး အော်ပြောလိုက်တော့သည်။

“ကျုပ်သူ့ကို ဖြေရှင်းလိုက်မယ်”

နျဲ့ချင်းယွင်က စစ်ခုန်ပေချန်းကို ချက်ချင်းတားလိုက်၏။

“မင်းဘာတွေတွေးနေတာလဲ”

“ဘေးဖယ်စမ်း” စစ်ခုန်ပေချန်းက ခပ်ပြတ်ပြတ်ပြောလိုက်တော့သည်။

တစ်ချိန်တည်းတွင် ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့က သူတို့၏ ပေတစ်ရာငါးဆယ် စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်လိုက်သည်။

နျဲ့ချင်းယွင်ကလည်း သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်လိုက်၏။

နောက်ထပ်မဟာတိုက်ပွဲက စတင်တော့မည်ဖြစ်သည်။

ကြယ်ပျံအိမ်တော်မှ အကြီးအကဲများနှင့် တပည့်များက အနားကပ်လာ၏။

ယခုအချိန်တွင် ကိုးကောင်ပေါက်၏ နောက်ဆုံးသောခေါင်းကို အလွတ်မပေးပဲ လုကျိုးက ဘယ်လက်ကို မြှောက်ကာ အသေရိုက်ချက်ကတ်ကို ပစ်ထုတ်လိုက်၏။

စွန့်ပစ်ခံဉာဏ်ပညာ

လက်ဝါးစည်းတံဆိပ်သည် ဗုဒ္ဓ၏လက်ဝါး၏ အရွယ်အစားခန့် ရုတ်တရက်ကြီးမားလာတော့သည်။

ကျင့်ကြံသူတစ်သောင်းက မြင်ကွင်းကို အထိတ်တလန့်ကြည့်ပြီး အသက်အောင့်ထားမိသည်။

ယင်းကို မြင်သောအခါ စစ်ခုန်ပေချန်းသည် မြင့်မြတ်နန်းတော်ရှိ မြင်ကွင်းကို ပြန်အမှတ်ရသွားသည်။ ယင်းက ယခင်က ကြုံတွေ့ဖူးသကဲ့သို့ ဖြစ်နေသည်။ သူက ရင်ထဲထိသွားပုံဖြင့် ပြောလိုက်သည်။

“နောက်ဆုံးတော့ အစ်ကိုလုက သူ့ရဲ့နယ်ပယ်ကို ဖိနှိပ်မထားတော့ဘူး”

နျဲ့ချင်းယွင် “…”

လက်ဝါးစည်းတံဆိပ်သည် စွမ်းအင်ဓားကို အလွယ်တကူ ဖြတ်ကျော်သွားပြီး ၎င်း၏လမ်းကြောင်းပေါ် ကျရောက်သွား၏။

ဖုန်း

ယင်းသည် ချန်ထျန်းတု၏ မျက်နှာနှင့် ရင်ဘတ်ကို ပြင်းထန်စွာထိမှန်သွားပြီး သူ့ကို တောင်ခြေထိ ပေတစ်ရာခန့် နစ်ဝင်သွားစေ၏။

လက်ဝါးရာကြီးက ထိုတိုက်ခိုက်မှုကြောင့် ကျန်ရစ်ခဲ့တော့သည်။

“တင် ပစ်မှတ်တစ်ယောက်သတ်လိုက်ပါပြီ ဆုလာဘ်ကုသိုလ်မှတ် ငါးထောင့်ငါးရာ နယ်မြေအပိုကုသိုလ်မှတ် ထောင့်ငါးရာ”

“…”

တင်းမာလွန်းသော ပတ်ဝန်းကျင်အနေအထားသည် ထိုထိတ်လန့်ဖွယ်ကောင်းကင်ကို ဖီဆန်နေသော လက်ဖဝါးရိုက်ချက်ကြောင့် တောင့်ခဲသွားပုံပေါ်သည်။ လူတိုင်း၏ခံစားချက်ကို မည်သည့်စကားလုံးနှင့်မှ မဖော်ပြနိုင်ပေ။ သူတို့ရှေ့ရှိ အဘိုးအိုသည် ရိုက်ချက်တစ်ချက်တည်းဖြင့် ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူကို အလွယ်တကူ သတ်ဖြတ်ခဲ့၏။ သူတို့မည်သို့ ထိတ်လန့်ဆွံ့အခြင်း မရှိပဲ နေမည်နည်း။

…

အခန်း (၇၉၂) စွမ်းအားအစစ်အမှန်

နေရာတစ်ခုလုံးက တိတ်ဆိတ်သွားလေသည်။

သူတို့၏ စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ဖော်ထားကြသူများက တိတ်တဆိတ် ပြန်ရုပ်သိမ်းကြ၏။ သူတို့က တံတွေးမျိုချကာ စိတ်ရှုပ်ထွေးပြီး တုန်လှုပ်နေကြသည်။

ယဲ့ကျန်းက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူမျှသာ ဖြစ်၏။ သူက ကံမီးတောက်ကို ကျွမ်းကျင်ကာ အသက်များစွာ ရှိထားသော်လည်း အဓိကအချက်က သူ့၏ ဉာဏ်များမှု ဖြစ်သည်။ သူ့အင်အားက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူနှင့် အလှမ်းဝေးနေသေး၏။

ထိုစဥ် ချန်ထျန်းတုက ကောင်းကင်ဘုံအောက်တွင် နာမည်ကျော်ကြားသူ ဖြစ်၏။ ယဲ့ကျန်းအပြင် သူက ကြယ်ပျံအိမ်တော်၏ အဓိက လူတစ်ယောက်လည်း ဖြစ်သည်။ သူက စစ်ခုန်ပေချန်းနှင့် လက်ရည်တူ တိုက်ခိုက်နိုင်သည်။ သို့သော်လည်း ထိုသို့ ပြိုင်ဘက်ကင်းလူမျိုးက လုကျိုး၏ လက်ဝါးချက်အောက်တွင် ပြန်လည်တိုက်ခိုက်ဖို့ အင်အားကင်းမဲ့နေပြီး သေဆုံးသွားရသည်။

ထိုစဥ် လုကျိုးက သူ့ထူးခြားအံ့ဖွယ်စွမ်းအား အကုန်လုံးကို အသုံးပြုပြီးသွားပြီ ဖြစ်၏။

ငါ့ဆီမှာ အသေရိုက်ချက်ကတ်လည်း မရှိတော့ဘူး။ ပြီးတော့ စျေးကလည်း မြင့်သွားလောက်ပြီ။

သို့သော်လည်း လုကျိုးက သူ လိုချင်လျှင်ပင် ထိုကတ်ကို သိမ်းမထားနိုင်ကြောင်း သိလေသည်။

ယဲ့ကျန်းက ဉာဏ်များလှ၏။ သူ မှတ်မိသလောက် သူ့နှလုံးသားက အမြဲတမ်း ရေပြင်လို တည်ငြိမ်နေခဲ့သည်။ အနှောင့်အယှက်က မည်မျှပင် ဖြစ်စေကာမူ သူက တည်တည်တံ့တံ့ ကျန်ရှိလေ့ရှိ၏။ သူက လူများများကို သတ်လေလေ သူက ပိုမိုအသားကျလာလေလေ ဖြစ်၏။ မည်သူကမှ သူ့အားဖိအား မပေးနိုင်သလို မခြိမ်းခြောက်နိုင်ပေ။ လက်ရှိ သူ့ဘဝက တခြားသူလက်ထဲ ကျရောက်နေလေသည်။ ဤသည်က သူ့အနေဖြင့် ကူကယ်ရာမဲ့သည်ကို ခံစားဖူးသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်၏။ သူက လက်ဝါးသဏ္ဌာန် တွင်းနက်ကြီးကို ကြည့်လိုက်ပြီး တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ခေါ်လိုက်မိသည်။

" အိမ်...အိမ်တော်သခင် "

ကျင့်ကြံသူအယောက်တစ်ထောင်၏ အမူအရာကလည်း ဖော်ပြဖို့ ခက်လှသည်။

အဆုံးသတ် ၅ပါး အစီအရင်က ပျက်စီးသွားသည့်အခါ ကမ္ဘာဦးချီက အသက် ၉သက် စိတ်ဝိညာဥ်သဏ္ဌာန်ထဲ ပြန်လည်ရောက်ရှိသွားသည်။

လုကျိုး၏ ကျင့်ကြံဆင့်လည်း ပြန်လည်ကောင်းမွန်လာသည်။ သို့သော်လည်း သူက တိုက်ပွဲအကြာကြီး တိုက်ခိုက်ပြီးသည့်နောက်တွင် စွမ်းအားအများအပြား မကျန်ရှိတော့ပေ။ သူ့တွင် အထွတ်အထိပ် သဏ္ဌာန်ကတ် ရှိနေသေးသော်လည်း ဤအခြေအနေတွင် အသုံးပြုခြင်းက ထိုက်တန်သည်ဟု မထင်ပေ။

လုကျိုး၏ စွမ်းအားပြသမှုက အဟန့်အတားကြီး ဖြစ်ခဲ့သည်။ မည်သူကမှ မဆင်မခြင် မလှုပ်ရှားရဲကြတော့ပေ။

လုကျိုး၏ လက်က ယဲ့ကျန်း၏ နောက်ဆုံးသော ခေါင်းကို အခိုင်အမာ ဆုပ်ကိုင်ထား၏။ သူ့လက်ချောင်းကြားမှ ရွှေရောင်မီးတောက်များ ထွက်ပေါ်နေသည်။

ကျန်ရှိနေသည့်ခေါင်းက အပြင်းအထန်ရုန်းကန်နေ၏။

ထိုစဥ် အနီရောင်ကြာ ကံမီးတောက်နှင့် ရွှေရောင်မီးတောက်တို့က တစ်ခုနှင့်တစ်ခု ပယ်ဖျက်သွားကြသည်။

အသက် ၉သက် စိတ်ဝိညာဥ်သဏ္ဌာန်၏ နောက်ဆုံးခေါင်းကို ဖျက်ဆီးဖို့ လွယ်ကူမည့်ဟန် မပေါ်ပေ။

လုကျိုးက သူ့ထူးခြားအံ့ဖွယ်စွမ်းအားကို ထပ်မံ ထုတ်သုံးလိုက်သည်။ အမှန်ပင် ဘာမှမကျန်ရှိတော့ပေ။ သူက အပြင်းအထန် အသက်လုရှူနေသည့် ယဲ့ကျန်းအား ကြည့်လိုက်၏။

ငါက အခု အသေရိုက်ချက်ကတ်ကို ဝယ်ပြီးတော့ ဒီတိုက်ပွဲကို အဆုံးသတ်လိုက်သင့်လား...

ယဲ့ကျန်း၏ အသိစိတ်က ဖြည်းဖြည်းချင်း လွင့်ပြယ်နေပြီဖြစ်ကာ သူ့မျက်လုံးပင် မျက်ဖြူလန်သွားလေသည်။ သို့သော်လည်း ထိုစဥ် သူ့အနီရောင်ကြာက တောက်ပလာ၏။

ယဲ့ကျန်း၏ ပေ ၁၇၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်က ယခုအခါ ပေ ၂၀၀ မြင့်မားလာသည်။

" ပွင့်ချပ်ဆယ်လွှာ အသက် ၉သက် စိတ်ဝိညာဥ်သဏ္ဌာန် " ယွီကျန့်ဟိုင်က မနေနိုင်ဘဲ အံ့သြတကြီး ဖြစ်သွားမိသည်” ရှစ်စွင်း လက်အောက်မှာ လူတစ်ယောက် ဒီလိုကြာကြာခံနိုင်တာ ပထမဦးဆုံး မြင်ဖူးတာပဲ "

ကြယ်ပျံအိမ်တော်ရှိ အဖွဲ့သားများက စိတ်ပျက်မှု အမှောင်ထုကြား မျှော်လင့်ချက်အလင်းရောင်းကို မြင်လိုက်ရသည်။ သူတို့က ယဲ့ကျန်းသည် အသက်ရှင်ဖို့ မျှော်လင့်နေကြသော်လည်း အသက် ၉သက် စိတ်ဝိညာဥ်သဏ္ဌာန်ကို တွေးမိသည့်အခါ အနည်းငယ် စိတ်ရှုပ်ထွေးနေကြသည်။ သူအသက်ရှင်လျှင်ပင် ကြယ်ပျံအိမ်တော်တွင် ဆက်လက်နေထိုင်ခွင့် ရှိမည်လား။

သူတို့၏ သေဆုံးသွားသည့် အိမ်တော်သခင်ကို တွေးမိသည့်အခါ မဖော်ပြနိုင်သည့် စိတ်ဓာတ်ကျမှုတို့ ကြီးစိုးသွား၏။

ယခုအချိန်တွင် မျှခြေက ဖျက်ဆီးခံလိုက်ရသည်။

စစ်ခုန်ပေချန်းက သတိကြီးကြီးထားထား၏။

ယဲ့ကျန်း၏ စွမ်းအားက ယခုတွင် အဆများစွာ တိုးပွားလာသည်။

ဘန်း

နောက်ဆုံးတွင် ယဲ့ကျန်းက လုကျိုး၏ လက်ထဲမှာ လွတ်မြောက်သွား၏။ သူက အသက်ပြင်းပြင်း ရှူလိုက်ပြီးသည့်နောက်တွင် ရယ်မောလိုက်သည်။ လက်ရှိသူက ကြောက်စရာကောင်းသည့် အသက် ၉သက် စိတ်ဝိညာဥ်သဏ္ဌာန်နှင့် တူနေသည်။ သူ့ကို ကြည့်ဖို့ရာပင် ခက်ခဲလှသည်။ သူက စွမ်းအားတိုးမြင့်လာပြီး စိတ်ဝိညာဥ်သဏ္ဌာန်ကလည်း ပိုမိုမြင့်မားလာ၏။

" ကြည့်ရတာ ကောင်းကင်ဘုံက ကျုပ်ဘက်မှာပဲ။ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ ဖြစ်ရတာ ဒီလိုကိုး။ ခင်ဗျားက စွမ်းအားကုန်သုံးပြီးပြီဆိုတော့ ကျုပ်အလှည့်ပဲ "

လုကျိုးက ခေါင်းအသာယမ်းလိုက်ပြီး " အားလုံးက မင်းကို ဉာဏ်ကောင်းတယ်လို့ ထင်နေတာ။ ဒါပေမဲ့ မင်းက တကယ်ကို တုံးအပါ့ရောလား။ ချန်ထျန်းတုတောင် ငါ့ရဲ့ လက်ဝါးချက်ကို မခံနိုင်ဘူး။ မင်းလိုမျိုး အခုလေးမှ ပွင့်ချပ်ဆယ်လွှာ ရရှိထားပြီး ပျက်စီးနေတဲ့ အသက် ၉သက် စိတ်ဝိညာဥ်သဏ္ဌာန်လောက်နဲ့ ငါ့ကို နိုင်မယ်ထင်နေတာလား။ ဘယ်လိုများ ငါ့ကို အနိုင်ယူမှာလဲ”

ယဲ့ကျန်းက ဆွံ့အသွားပြီး " ... "

လုကျိုး၏ စကားများက သူ့မျက်နှာအထက် ရေအေးအေးဖြင့် လောင်းချလိုက်သလိုမျိုး ဖြစ်၏။ သူက လက်ဝါးချက်နှင့် ချန်ထျန်းတု၏ သေဆုံးမှုအကြောင်းကို ပြန်လည်အမှတ်ရသွားသည်။

ထွက်ပြေးရမယ်...

ယဲ့ကျန်းက သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ပြန်ရုပ်သိမ်းလိုက်၏။ သူက စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ကို ထိရိုက်ကာ ချီပင်လယ်ကို လောင်ကျွမ်းလိုက်သည်။ ထိုစဥ် သူက မီးတောက်များ လွှမ်းခြုံထားရင်း မိုးကုတ်စက်ဝန်းဆီ ဥက္ကာပျံအလား ပြေးထွက်သွားသည်။

တခြားသူများက ထိုအရာကြောင့် ဆွံ့အနေကြသည်။

သူက စောစောလေးကအထိ မောက်မာနေတာ မဟုတ်ဘူးလား။ အခုကျတော့ ငကြောက်တစ်ယောက်လို ထွက်ပြေးသွားပြီလား...

လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းအသာယမ်းလိုက်၏။ ထိုနောက် သူက လက်ကို မြှောက်လိုက်သည်။

ချုပ်နှောင်ရေး လှောင်ချိုင့်ကတ်

ဤသည်က တတိယမြောက် ချုပ်နှောင်ရေး လှောင်ချိုင့်ကတ် ဖြစ်သည်။

ရွှေရောင်လှောင်ချိုင့်က လုကျိုးနှင့်အတူ ပျံသန်းထွက်လာပြီး ယဲ့ကျန်းနောက် လိုက်ပါလာ၏။

တခြားသူများကလည်း နောက်မှ လိုက်ပါလာကြသည်။

လုကျိုးက ရွှေရောင်လှောင်ချိုင့်ကို ကြည့်ကာ ပြောလိုက်၏” မင်း အကြိမ်တိုင်း ကံကောင်းမယ်မထင်ဘူး "

ယဲ့ကျန်းက သူ့နောက်ကို ပြန်မကြည့်ဘဲ ဆက်လက် ထွက်ပြေးနေသည်။ အကယ်၍ သူ ဝေးဝေးသွားနိုင်ပါက တိမ်တိုက်တောင်၏ နယ်နိမိတ်မှ လွတ်မြောက်သွားလိမ့်မည်။

ယဲ့ကျန်းက ရွှေရောင်လှောင်ချိုင့်ကို လှည့်ကြည့်လိုက်ပြီးသည့်နောက်တွင် ယခင်က ရွှေရောင်လှောင်ချိုင့်ကို ပြန်လည်အမှတ်ရသွားသည်။ ယခင် လှည့်ကွက် အတူတူပဲလားဟု စဥ်းစားနေမိ၏။ သူက မြေပြင်ပေါ်ကျရောက်လာသည့်အခါ သူ့နောက်ကို လိုက်ပါလာသည့် ရွှေရောင်လှောင်ချိုင့်ကို အမှတ်ရနေဆဲ ဖြစ်သည်။ တစ်ချိန်တည်းဆိုသလို သူက အနီးအနား တောင်ထိပ်များကို ကြည့်လိုက်ပြီး လွတ်မြောက်ဖို့ရာ အကောင်းဆုံးလမ်းကြောင်းကို ရှာဖွေနေသည်။

ကျင့်ကြံသူများကလည်း လုကျိုးနောက်မှ လိုက်လာကြ၏။

ထိုစဥ် ရွှေရောင်လှောင်ချိုင့်က သစ်ပင်များအထက် ကျဆင်းလာသည်။

ဝုန်း

ယဲ့ကျန်းက ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် သူ့အကဲဖြတ်မှုနှင့် ပတ်သက်ပြီး ကျေနပ်နေမိ၏။

အခု ထွက်သွားရမဲ့အချိန်ပဲ...

ယဲ့ကျန်းက မြေပြင်ပေါ်မှ ခြေကြွကာ ပျံသန်းဖို့ ပြင်ဆင်လိုက်သည်။ ရွှေရောင်လှောင်ချိုင့်က ယခင်အတိုင်း ပျောက်ကွယ်သွားလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း သူ့မှန်းဆချက်နှင့် ကွဲလွဲစွာ ရွှေရောင်လှောင်ချိုင့်က သူ့အပေါ် ကျရောက်လာသည်။

" ဟမ် " ယဲ့ကျန်းက လက်ဝါးစည်းတံဆိပ်မြောက်မြားစွာကို ထုတ်လွှတ်လိုက်၏။

ဧရာမ ရွှေရောင်ပိုက်ကွန်ကြီးက မြေပြင်အထက် ထွက်ပေါ်လာပြီး လေထုကိုပင် တင်းကျပ်ကျပ် ချည်နှောင်လိုက်သလိုမျိုး ဖြစ်သည်။

လုကျိုးက ထိုအရာကို မြင်သည့်အခါ ခေါင်းညိတ်လိုက်၏။

နောက်ဆုံးတော့ အသက်ဝင်လာပြီပဲ...

ရွှေရောင်လှောင်ချိုင့်အနီးရှိ သစ်ပင်များက လှောင်ချိုင့်ကြောင့် ကြေမွသွားကြသည်။

ထိုစဥ် ယဲ့ကျန်းက အခြေအနေ၏ မူမမှန်မှုကို သဘောပေါက်သွား၏။ သူက ရွှေရောင်တိုင်လုံးများကို ဆက်လက်တိုက်ခိုက်နေသည်။

ဤသည်က လုကျိုးသည် လန်လော့ကို ဖမ်းဆီးစဥ်အခါနှင့် အတူတူသာ ဖြစ်၏။

ချောင်ပိတ်ခံထားရသည့် သားရဲက ဆက်လက်တိုက်ခိုက်နေဆဲသာ ဖြစ်သည်။

" ဘယ်လိုနည်းစနစ်မျိုးလဲ။ အရင်နဲ့ မတူဘူးလား” တစ်ယောက်က စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။

" အဲဒါက နောက်ယောင်ခံစွမ်းအား စည်းတံဆိပ် မဟုတ်ဘူးလား။ ဒါက တစ်ဖက်လူကို ချုပ်နှောင်ထားနိုင်တာလား”

လှောင်ချိုင့်က ဆက်လက်ကျုံ့လာသည်။

ယဲ့ကျန်း၏ လှောင်ချိုင့်အပေါ် တိုက်ကွက်၏ အသံများက တောအုပ်နှင့် တောင်နယ်နိမိတ်အတွင်း ပဲ့တင်ထပ်ကာ ထွက်ပေါ်နေသည်။ သူမည်မျှပင် ကြိုးစားစေကာမူ လှောင်ချိုင့်ကျုံ့လာသည်ကို မတားဆီးနိုင်ပေ။

တောအုပ်အထက် လေးထောင့်အကာအရံတစ်ခု ထွက်ပေါ်လာပြီး ရွှေရောင်လှောင်ချိုင့်က ဖြည်းဖြည်းချင်းတင်းကျပ်သွားသည်။

ဘန်း ဘန်း ဘန်း

ယဲ့ကျန်းက အခြေအနေကို ဖမ်းဆုပ်မိဟန်ပေါ်၏” စက်ဆုပ်စရာကောင်းလိုက်တာ "

ဝုန်း ဝုန်း ဝုန်း

ယဲ့ကျန်းက လှောင်ချိုင့်ကို ဆက်လက်တိုက်ခိုက်နေသည်။ သို့သော်လည်း အသုံးမဝင်ပေ။ လှောင်ချိုင့်က သူ့ခန္ဓာကိုယ်အပေါ် __ကွင်းများသဖွယ် ရစ်ပတ်ချုပ်နှောင်သွားသည်။ သူက မြေပြင်ပေါ် လဲကျသွားပြီး ကျင့်ကြံဆင့်အားလုံး ပျောက်ဆုံးသွား၏။

လုကျိုးက ယဲ့ကျန်းအထက် ဝဲပျံနေရင်း သူ့အား ကြည့်လိုက်သည်။

ယဲ့ကျန်းက ထိုလူအိုကြီးအား ကြည့်ကာ စိတ်လေးလံလာမိသည်။ ထိုစဥ် သူက ထိုလူအိုကြီး၏ စွမ်းအားကို ခံစားမိလိုက်သည်။ သူ့အပေါ် ဝဲပျံနေသည့်သူက လူသားမဟုတ်ဘဲ မြင့်မားကာ တိုင်းတာမရသည့် တောင်ကြီးသဖွယ် ဖြစ်၏။

ထိုလူအိုကြီးက သူ့အား သတိလက်လွတ်ဖြစ်စေဖို့ရာ ပထမ ရွှေရောင်လှောင်ချိုင့်ဖြင့်ချဉ်းကပ်ခဲ့ခြင်း ဖြစ်ဟန်ပေါ်သည်။

ယဲ့ကျန်းက စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားလိုက်၏။

ဘယ်လိုတောင် ဉာဏ်များတာလဲ...

လုကျိုးက လက်အသာမြှောက်လိုက်သည်။ ထိုစဥ် အမည်မဲ့ပေါ်ထွက်လာပြီး ချိန်ရွယ်လိုက်ပြီး မေးလိုက်သည်” ယဲ့ကျန်း မင်းနောက်ဆုံးစကား ပြောစရာ ရှိသေးလား "

ယဲ့ကျန်းက သူ့ဝန်းကျင်ကို ကြည့်လိုက်သည်။ သူက အံကြိတ်လိုက်ပြီးသည့်နောက်တွင် စိတ်ပျက်လက်ပျက်ဟန်ဖြင့် " ဒါက ခင်ဗျားရဲ့ စွမ်းအားအစစ်အမှန်လား "

လုကျိုးက ခေါင်းခါကာ " မင်းက ငါ့စွမ်းအားအစစ်အမှန်ကို သိဖို့ မထိုက်တန်ဘူး "

" ... "

တခြားသူများက တံတွေးမျိုချလိုက်ကြသည်။ ထိုစဥ် ကြယ်ပျံအိမ်တော်၏ အကြီးအကဲက အော်ပြောလိုက်၏။

”နန်းတော်ရဲ့ အင်အားစု ရောက်လာပြီ။ ငါတို့တွေ ယဲ့ကျန်းကို ဆုံးရှုံးလို့ မဖြစ်ဘူး။ လောင်ချန်းပေ့ တော်ဝင်ခုံရုံးနဲ့ ဆန့်ကျင်ချင်တာလား”

" ခင်ဗျားက အိမ်တော်သခင်ကိုတောင် သတ်ပြီးပြီ။ ကျုပ်တို့အားလုံးကို ရှင်းထုတ်ပစ်ချင်နေတာလား”

ကြယ်ပျံအိမ်တော်က အဆုံးထိ ရုန်းကန်ဖို့ ရည်ရွယ်ထားဟန် ပေါ်သည်။ အိမ်တော်သခင် ချန်ထျန်းတု သေဆုံးသွားပြီဖြစ်ရာ စွမ်းအားမျှခြေက ပျက်စီးသွားပြီဖြစ်၏။ ကြယ်ပျံအိမ်တော်က ယခုအခါ ခေါင်းဆောင်မရှိတော့ဘဲ ယဲ့ကျန်းကလည်း စဉ့်နီတုံးပေါ်မှာ ငါးတစ်ကောင်လို ဖြစ်နေလေပြီ။ လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်၏” တကယ်လို့ ချန်ထျန်းတု အသက်ရှင်ရင်တောင် ငါ့ကို ဒီလိုလေသံနဲ့ မပြောရဲဘူး "

သူက အမည်မဲ့ကို အသာနှိမ့်ကာ မေးလိုက်သည်။

” မင်းတို့အားလုံးကို ရှင်းထုတ်ဖို့ ဆုံးဖြတ်လိုက်ရင်လည်း ဘာဖြစ်လဲ "

ဝှစ်

ကြယ်ပျံအိမ်တော်၊ ကောင်းကင်သိုင်းပညာခုံရုံးနှင့် တိမ်တိုက်တောင်ဂိုဏ်းသားတို့၏ အမြင်တွင် လုကျိုးက အမည်မဲ့ကို အောက်ချလိုက်ခြင်းဖြစ်၏။ အမည်မဲ့ရှိ စွမ်းအားများက ယဲ့ကျန်း၏ ဦးခေါင်းခွံကို ထိုးဖောက်သွားသည်။

ဘန်း

" တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၅၅၀၀ ရရှိပါတယ်။ နယ်မြေအပို ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ် "

ထိုလူအိုကြီးက သူတို့အားလုံးကို သတ်ဖို့ ဆုံးဖြတ်လိုက်လျှင်ပင် မည်သူကများ ဘာတတ်နိုင်မည်နည်း။ သူတို့က ကျောရိုးတစ်လျှောက် ကြက်သီးထသွားကြ၏။

ယဲ့ကျန်းက မခုခံနိုင်သလို ကမ္ဘာဦးချီပင် မထုတ်လွှတ်နိုင်ပေ။ ထို့ကြောင့် အမည်မဲ့က သူ့ခေါင်းကို အလွယ်တကူ ထိုးဖောက်သွား၏။

ဤသို့ဖြင့် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူအသစ် ယဲ့ကျန်းသည် သေဆုံးသွားလေပြီ။ သူက အမှန်တကယ် သေဆုံးသွား၏။

လုကျိုးက လက်မြှောက်ကာ အမည်မဲ့ကို ပြန်ရုပ်သိမ်းလိုက်သည်။

" ... "

ကြယ်ပျံအိမ်တော်ကို ထောက်ပံ့ပေးထားသည့် တိုင်လုံးများက ယခုအခါ အပြီးတိုင် ပျက်သုန်းသွားလေပြီ။

ကြယ်ပျံအိမ်တော်ရှိလူများက တုန်ယင်လာကြပြီး ကောင်းကင်သိုင်းပညာခုံရုံး၏ ကျင့်ကြံသူများ၏ အနောက်ဘက်သို့ ဝင်ကာ နောက်ဆုတ်လိုက်ကြသည်။

All Chapters