အခန်း (၇၉၃-၇၉၅)
Vol. 53 Ch. 793-795
အခန်း (၇၉၃ ) သုတ်သင်ခြင်း
ကြယ်ပျံအိမ်တော်က အဓိကဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာပြီး မဟာအင်အားစုများထဲမှ တစ်စု ဖြစ်လာရသည့် အကြောင်းအရင်းမှာ ၎င်းတို့၏ အိမ်တော်သခင် ရှန်ထျန်းတုနှင့် ယဲ့ကျန်းကြောင့်ပဲ ဖြစ်သည်။ ယဲ့ကျန်းက ကြယ်ပျံအိမ်တော်ပေါ် အကျိုးထူးဆောင်ရွက်မှုသည် ရှန်ထျန်းတုထက် များသည်။ ရှန်ထျန်းတုက ဂိုဏ်းကို ကြည့်ရှုစောင့်ရှောက်ပေးနေသော ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်၏။ ကြယ်ပျံအိမ်တော်သည် ယနေ့၏ အမြင့်ထိ မြင့်တက်လာခြင်းသည် ယဲ့ကျန်းကျေးဇူးကြောင့် ဖြစ်သည်။
ယခု ယဲ့ကျန်းနှင့် ရှန်ထျန်းတု သေသွားပြီ ဖြစ်ရာ အကြီးအကဲများနှင့် တပည့်များက မည်ကဲ့သို့ မကြောက်ဘဲ နေမည်နည်း။ သူတို့အားလုံးက အသက်ရှင်ရန် မျှော်လင့်ချက်ကို ရှာဖွေဖို့ ကောင်းကင်သိုင်းခုံရုံးနောက်တွင် ပုန်းနေရုံသာ တတ်နိုင်သည်။
စစ်ခုန်ပေချန်းနောက်၌ မုန့်ချန်းသုံသည် စိတ်ခံစားချက်များ၊ အတွေးများ လွှမ်းမိုးနေ၏။ ကြယ်ပျံအိမ်တော်သည် ယဲ့ကျန်းကြောင့်ပဲ ထွန်းတောက်လာပြီး ယဲ့ကျန်းကြောင့်ပဲ ဖျက်ဆီးခံလိုက်ရသည်။
ကောင်းကင်သိုင်းခုံရုံး ကျင့်ကြံသူများက နောက်ဆုတ်သွားကြသည်။ လုကျိုးသည် သူတို့ကို ထူးမခြားနား ကြည့်ပြီးနောက် မြေပြင်ပေါ်ရှိ ယဲ့ကျန်းကို ကြည့်လိုက်၏။ ဘေးကင်းစေရေးအတွက် သူသည် ရွှေရောင်ထိုက်ရွှီကြေးမုံကို ထုတ်ကာ အထဲကို ကနဦးချီ ထည့်လိုက်၏။ ရွှေရောင်ထိုက်ရွှီကြေးမုံက လင်းလာသည်။ ရွှေရောင်အလင်းတန်းက ယဲ့ကျန်း၏ အလောင်းပေါ် ကျရောက်သွားတော့၏။
စစ်ခုန်ပေချန်းက ခေါင်းညိတ်ပြီး ပြောလိုက်တော့သည်။
“ မကောင်းဆိုးဝါးကို ဖယ်ထုတ်ပေးနိုင်တဲ့ ရတနာကောင်း တစ်ခုပဲ။ နျဲ့ချင်းယွင် အဲ့ဒီတိမ်တိုက်တောင် ကြေးမုံက ယှဉ်ကြည့်ရင် ဘာမှမဟုတ်တဲ့ပုံပဲ “
နျဲ့ချင်းယွင်က ယခုဆို ဖြူဖျော့နေပြီ ဖြစ်သည်။ တိမ်တိုက်တောင် ကြေးမုံသည် ယဲ့ကျန်း၏ စိတ်ဝိညာဉ်သဏ္ဌာန်အမှန်ကို မထုတ်ဖော်နိုင်သလို လုကျိုး၏ စိတ်ဝိညာဉ်သဏ္ဌာန်အမှန်ကိုလည်း မဖော်ထုတ်နိုင်ပေ။
ရွှေရောင်ကြေးမုံ၏ ရောင်ခြည်ဖြန့်ကျက်မှုအောက်တွင် လုကျိုးက သူ၏ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
များစွာသော စွမ်းအင်ဓားများ ပေါ်ထွက်လာပြီး ယဲ့ကျန်း၏ အလောင်းကို နုပ်နုပ်စင်း ပိုင်းဖြတ်လိုက်တော့၏။
“ ဟမ် “
ကြယ်ပျံအိမ်တော်၏ တပည့်များက တံတွေးမျိုချမိပြီး နောက်ဆက်ဆုတ်သွားသည်။
ဘန်း
စွမ်းအင်ဓားများထဲမှ တစ်ခုသည် ယဲ့ကျန်၏ အလောင်းကို ပိုင်းဖြတ်သွားစဉ် လေထဲ၌ ဆူညံသံတစ်သံ ပေါ်လာ၏။
“ ဟမ် “ လုကျိုးက ဇဝေဇဝါ ဖြစ်သွားသည်။
ရွှေရောင်ကြေးမုံ၏ အလင်းထုတ်လွှင့်မှုအောက်တွင် ခရမ်းနက်ရောင် အလင်းစက်တစ်ခု ရှိနေသည်။
ကျန်သည့် ကျင့်ကြံသူများက ယင်းကို မြင်သောအခါ သိချင်စိတ်များ တိုးလာ၏။
လုကျိုးသည် သူ၏လက်ကို သာမာန်ကာ လျှံကာ ဝေ့ရမ်းလိုက်၏။ အလင်းစက်က ပိုမြင့်စွာ မျောလွင့်လာပြီးနောက် သူ့လက်ဖဝါးထဲ ပျံသန်းလာတော့သည်။
“ တင် ခရမ်းရောင် တောက်ပသံကျောက်ကို ရရှိပါပြီ။ အဆင့် -ကောင်းကင် ၊ ပိုင်ရှင် - ယဲ့ကျန်း “
“ ခရမ်းရောင် တောက်ပသံကျောက် = အာရုံကြောများကို တည်ငြိမ်စေပြီး ကနဦးချီ ပြန်လည်ဖြည့်မှုကို တိုးမြှင့်ပေးသည်။ အထဲကို ကနဦးချီထည့်ထားချိန်တွင် မိမိ၏ အရှိန်အဝါကို ဖုံးကွယ်ပေး၏ “
‘မဆိုးဘူးပဲ။ ဒီဟာက ယဲ့ကျန်းက တိမ်တိုက်တောင် ကြေးမုံကို လှည့်စားနိုင်ရတဲ့ အကြောင်းအရင်း ဖြစ်ရမယ်။ သူ့ရဲ့ ကိုးကောင်ပေါက် စိတ်ဝိညာဉ်သဏ္ဌာန်ကို လူပုံစံ ပြောင်းလဲလိုက်တာအတွက်တော့ ခရမ်းရောင် တောက်ပသံကျောက်ရဲ့ လုပ်ဆောင်ချက်ကြောင့်လိုတော့ မထင်ဘူး။ သူ့ရဲ့ နည်းတွေထဲက တစ်ခုပဲ ဖြစ်ရမယ်’
ရွှေကြာနယ်မြေ၌ လူတစ်ယောက်သည် မိမိ၏ ရွှေကြာကို ဖြတ်တောက်ပြီးသည်နှင့် စိတ်ဝိညာဉ်သဏ္ဌာန်သည် လှုပ်ရှားမှု အနည်းငယ် ပြုလုပ်လာနိုင်၏။ အနီရောင်ကြာနယ်မြေတွင် မည်သူကမှ သူတို့ကြာကို ဖြတ်တောက်ရန် မကြိုးစားခဲ့ပေ။ ယဲ့ကျန်းက ဤနည်းကို ရှာဖွေတွေ့ရှိခဲ့သည့် ပါရမီရှင်တစ်ယောက်ဖြစ်သည်။
လုကျိုးသည် ခရမ်းရောင် ဆင့်ကြွေတဲကို သိမ်းပြီးနောက် ကောင်းကင်သိုင်းခုံရုံးနှင့် ကြယ်ပျံအိမ်တော်မှ ကျင့်ကြံသူများကို ထပ်မော့ကြည့်လိုက်သည်။
“ အလောင်းကို ရိုက်တာလား “ ကြယ်ပျံအိမ်တော်မှ တပည့်တစ်ယောက်သည် ကျယ်လောင်စွာ ပြောမိသွား၏။
လုကျိုးသည် ကျန်သည့်သူများဆီ ပျံသန်းသွား၏။
လုကျိုးက အနားသို့ ကပ်လာစဉ် ကောင်းကင်သိုင်းခုံရုံးနှင့် ကြယ်ပျံအိမ်တော်၏ အဖွဲ့သားများက နောက်ဆုတ်လျက် သူတို့က မဟာရန်သူတစ်ယောက်ကို ရင်ဆိုင်ရပြီဟု တွေးနေကြသည်။
“ ငါတို့သွားမယ် “ ကောင်းကင်သိုင်းခုံရုံး၏ အကြီးအကဲများထဲမှ တစ်ယောက်သည် ကျယ်လောင်စွာ အမိန့်ပေးလိုက်၏။
ကြယ်ပျံအိမ်တော်မှ ကျန်သည့်သူများကို ဦးဆောင်လာသည့် ကျင့်ကြံသူ ထောင်ချီကလည်း ပါသွားတော့သည်။
“ နေဦး “ လုကျိုး၏ အသံက အေးစက်ပြီး ဖိအားပေးနေသည်။
“ မင်းတို့ကို ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ “
“ …… “
“ မင်း မင်း ငါတို့ အားလုံးကို တကယ်သတ်မလို့လား “
“ သူတို့ကို တား “ လုကျိုးက လက်ဝှေ့ယမ်းလိုက်သည်။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်က ရှေ့တက်သွားလေ၏။
စစ်ခုန်ပေချန်းက ယောင်ချင်းရွှမ်ကို အမြန်တားကာ ကျောက်ကျန်းဟယ်က အဓိပ္ပာယ် ပါပါ ကြည့်လိုက်၏။ မင်းတို့ နှစ်ယောက် ဘာကြောင့် ဒီလောက်ထိ နှေးနေရတာလဲ။ အခြေအနေကို မဖတ်တတ်ဘူးလား။
သူတို့သည် ချက်ချင်း သဘောပေါက်သွားပြီး လျင်မြန်စွာ လှုပ်ရှားလိုက်၏။ သူတို့သည် ကြယ်ပျံအိမ်တော်နှင့် ကောင်းကင်သိုင်းခုံရုံး၏ အကြီးအကဲများ၊ တပည့်များကို ဝိုင်းထားရန် ယွီရှန်းရုန်၊ ယွီကျန်းဟိုင်တို့နှင့် ပူးပေါင်းလိုက်တော့သည်။
“ လှုပ်ရှားရဲတဲ့ သူတိုင်း ချက်ချင်း အသတ်ခံရမယ် “ လုကျိုးက ပြောလိုက်သည်။
“ …. “
ပြီးနောက် လုကျိုးသည် နျဲ့ချင်းယွင်ကို လှည့်ကြည့်လိုက်သည်။
နျဲ့ချင်းယွင်က ပျာယာခတ်သွားတော့၏။ သူက အမြန် အရိုအသေပေးကာ ပြောလိုက်သည်။
“ လုချန်းပေ့ ကျေးဇူးပြုပြီး အမိန့်ပေးပါ “
“ ကြယ်ပျံအိမ်တော်က မင်းရဲ့တပည့်တွေကို လမ်းမှားဆီ ခေါ်သွားတာ။ သူတို့ကို သတ်မဲ့အစား သူတို့ကို ဘာကြောင့်ထားမှာလဲ” လုကျိုးက မေးလိုက်၏။
“ အမ် “ နျဲ့ချင်းယွင်၏ အမူအရာက ချဉ်တူးသွားတော့သည်။
“ ကျုပ်က အကြံအစည်များတဲ့ သူတွေကို သဘောမကျဘူး “ လုကျိုးက မုတ်ဆိတ်သပ်လျက် ပြောလိုက်သည်။
ယဲ့ကျန်းသည် အကြံအစည် ထုတ်သည့် အရှင်သခင် တစ်ယောက်ဖြစ်ပြီး သူသည် လုကျိုး၏ လက်ထဲ၌ ဆိုးရွားသော အဆုံးသတ်ကို ကြုံတွေ့ခဲ့ရ၏။ သူ့အသက်ခြောက်သက်လုံး ကုန်ဆုံးခဲ့ရသည်။
နျဲ့ချင်းယွင်က ပြောလိုက်၏။
” သူတို့တွေက တိမ်တိုက်တောင်က ဆိုတော့ ကျုပ်တတ်နိုင်တာ ဘာမှ မရှိဘူး။ ဒီအတွက် ကျုပ်ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ် အစ်ကိုလု “
“ အစ်ကိုလုလား “ လုကျိုးက မျက်ခုံး အနည်းငယ်ပင့်လျက် နျဲ့ချင်းယွင်ကို ကြည့်လိုက်သည်။ သူက တိုက်ပွဲထဲတွင် ဝင်တိုက်ခိုက်နေခဲ့သော်ငြား နျဲ့ချင်းယွင်ကို စောင့်ကြည့်နေသေးသည်။ သူက မေးလိုက်၏။
“ စစ်ခုန်ပေချန်းကို တားလိုက်တဲ့ မင်းရဲ့ လုပ်ရပ်ကို ဘယ်လို ရှင်းပြမလဲ “
စစ်ခုန်ပေချန်းသာ အစောတုန်းက တိုက်ပွဲထဲ ဝင်ပါခဲ့လျှင် ယဲ့ကျန်းက အသက်ဆယ်သက် ရှိနေလျှင်တောင် နောက်တွင် နေရလိမ့်မည်။ သို့သော် နျဲ့ချင်းယွင်က စစ်ခုန်ပေချန်းကို ထိန်းထားလိုက်၏။ ကောင်းကင်သိုင်းခုံရုံးနှင့် ကြယ်ပျံအိမ်တော်၏ ဂိုဏ်းသားများကြောင့် ဖြစ်နိုင်သည်။
ထိုစကားများကို ကြားသောအခါ နျဲ့ချင်းယွင်၏ မျက်နှာက ချက်ချင်း ပြောင်းလးသွားတော့သည်။ သူက လုကျိုး ပြောခဲ့တာကို ချက်ချင်း မှတ်မိသွား၏။ သူက ချက်ချင်း ပျံသန်းကာ အရိုအသေ ပေးလိုက်၏။
” ကျုပ် အတွေးတချို့ ရှိခဲ့တာ ဝန်ခံပါတယ်” သူက စကားပြောခဏ ရပ်ပြီးနောက် စိတ်ဓာတ်ကျနေသော လေသံဖြင့် ပြောလိုက်သည်။
“ ဂိုဏ်းတစ်ဂိုဏ်း အချိန်ကြာမြင့်စွာ တည်တံ့နိုင်ဖို့ ခက်ခဲလှပါတယ်။ ဘုရားကျောင်းသခင်ရှားက ဒီကိစ္စကို နားလည်မယ်လို့ သေချာတယ်။ ဂိုဏ်းတစ်ဂိုဏ်းက အားနည်းနေရင် ဘယ်ညာရေ ရိုက်ခတ်မှုကို ကြည့်ပြီး အားသာတဲ့သူဘက် လိုက်ရတာပဲ။ အားသာတဲ့သူကလည်း သူတို့ထက် ပိုအားသာတဲ့သူတွေနဲ့ မဟာမိတ်ဖွဲ့ ထားကြတာ။ ဒါပေမဲ့ ကောင်းကင်မှာ အကန့်အသတ်မရှိဘူး။ ထိပ်မှာ ဘယ်သူက တကယ်နေနိုင်မှာလဲ။ လူတွေရဲ့ စိတ်နှလုံးကို မှန်းဆဖို့က ခက်ခဲလှတယ်။ သိုင်းပညာရှင်တွေက မကြာခဏ အစားထိုးခံနေရတာလေ။ ဒါက ရှင်သန်နေထိုင်ဖို့ အတွက် ကမ္ဘာကြီးတစ်ခုပဲ။ ဒီလို ကိစ္စမှာ အကြောင်းအရင်း မရှိဘူး။ သားရဲတွေက လူသားတွေကို စားတဲ့အချိန် လူသားတွေကို ဘယ်တော့မှ မညှိနှိုင်းဘူး။ လူသားတွေက သားရဲတွေထက် ပိုရက်စက်တယ်။ တိမ်တိုက်တောင်ကို ကာကွယ်ဖို့အတွက် ကျုပ် သက်တမ်းတစ်ဝက်ကို မြှုပ်နှံထားရတာ။ ယဲ့ကျန်းရဲ့လက်ထဲမှာ ဒါဖျက်ဆီးခံရမှာကို မြင်ဖို့ မခံစားနိုင်ဘူး။ လွန်ခဲ့တဲ့ သုံးရာစုတုန်းက တိမ်တိုက်တောင်က နဝမဘုံကျောင်း၌ ခုနှစ်ရက် ခုနှစ်ည ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး လူပေါင်းထောင်ချီ သေကြေခဲ့တယ်။ တိုက်ပွဲပြီးတော့ တိမ်တော်တိုက်နဲ့ နဝမဘုံကျောင်းရဲ့ အငြိုးအတေးက ကနေ့ထိ တည်ရှိနေတာ။ လုချန်းပေ့ ကျုပ်က မိစ္ဆာအိုကြီးချန်းကို သတိပေးတာ ကျိုးကြောင်းသင့်တယ်လို့ မထင်ဘူးလား”
သူက မော့ကြည့်လိုက်ရာ လုကျိုး၏ နက်ရှိုင်းသော အကြည့်များနှင့် တွေလိုက်ရသည်။
လုကျိုးက လေသံ အတက်အကျ မရှိ ပြောလိုက်သည်။
” ဒါက ငါနဲ့ ဘာဆိုင်လို့လဲ “
“…… ……”
နျဲ့ချင်းယွင်က စိတ်လေးသွားတော့သည်။
လုကျိုးက လက်နောက်ပစ်ထားလျက် ပြောလိုက်သည်။
“ နဝမဘုံကျောင်းကို စီမံဖို့ကို ဘေးချိတ်ထားလိုက်မယ်၊ ငါ့တပည့်တချို့ကို စစ်ခုန်ပေချန်းကတစ်ချိန်လုံး ကာကွယ်ပေးနေတာကို ထောက်ထားပြီး ဒီကိစ္စကို အလွတ်ပေးလိုက်မယ် ထင်နေလား”
“ လုချန်းပေ့ “ နျဲ့ချင်းယွင်က ခေါင်းကို ပိုညွှတ်ကိုင်းလိုက်သည်။
“ ငါက အားနည်းသူကို အနိုင်ကျင့်တဲ့ အကျင့်မရှိဘူး “ ငါ့ရဲ့ လက်ဝါးရိုက်ချက်ကနေ ရှင်သန်နိုင်ရင် မင်းကို သက်ညှာပေးမယ် “ လုကျိုးက ပြောလိုက်၏။
နျဲ့ချင်းယွင်၏ စကားထဲတွင် တွေဝေမှု တစ်စွန်းတစ်စကို မြင်တွေ့နေရ၏။ သူခဏတာ စဉ်းစားပြီးနောက် စိတ်တင်းကာ လက်သီးဆုပ်မိုးလျက် ပြောလိုက်သည်။
“ ဟုတ်ပါပြီ “ သို့သော် ထိုထိတ်လန့်ဖွယ် လက်ဝါးရိုက်ချက်ကြောင့် ချန်ထျန်းတု အသတ်ခံလိုက်ရသည့် မြင်ကွင်းက သူ့စိတ်ထဲ ပေါ်လာတာကို မတားနိုင် ဖြစ်နေသည်။
လုကျိုးသည် ခေါင်းအနည်းငယ် ငြိမ့်လိုက်၏။ သူသည် မိုးကြိုးသွားကဒ်ကို ဝယ်ယူလိုက်သည်။ သူက ညာလက်ကို အနည်းငယ်မြှောက်လျက် လက်ဝါးကို ရှေ့သို့တွန်းထုတ်ကာ မိုးကြိုးသွားကဒ်ကို ခြေမွလိုက်၏။
ထိတ်လန့်ဖွယ် မိုးကြိုးက နျဲ့ချင်းယွင်ဆီ ထိမှန်သွားတော့သည်။ နျဲ့ချင်းယွင် မျက်နှာပေါ်၌ ကြောက်လန့်နေသော အမူအရာ ပေါ်လာသည်။ သူက လက်နှစ်ဖက်ကို မြှောက်လိုက်ရာ အနီရောင်စွမ်းအင်က သူ့နား၌ ရစ်ဝဲလာတော့သည်။ တစ်ချိန်တည်းတွင် ကနဦးချီကို ဖော်ထုတ်ပြီး ခိုင်မာသော တာအိုစည်းတံဆိပ်ကို ဖွဲ့တည်လျက် သူကိုယ်သူ ကာကွယ်လိုက်သည်။
ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူက သူ့ကိုယ်သူ ခုခံကာကွယ်ရန် ခွန်အားအဖြစ် ထုတ်ဖော်နေတာကို လူတိုင်းကြည့်နေ၏။ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက်အဖို့ တတ်နိုင်စွမ်းသမျှ အားကုန်ထုတ်သုံးပြီး မထင်မရှား မိုးကြိုးသွား လက်ဝါးစည်းတံဆိပ်ကို ကာကွယ်နေရပုံပေါ်သည်။ သူတို့ကို စိတ်ရှုပ်ထွေးသွားစေသည်က ယဲ့ကျန်းကို ထိုမျှ အခြေနေသို့ တွန်းပို့ကာ ချေမှုန်းနိုင်ခဲ့သော ထိုအဘိုးအို၌ ခွန်းအားများစွာ ကျန်နေသေးတာကို ဖြစ်သည်။ သူ၏ စွမ်းအားအပြည့်ကို မျက်မြင်တွေ့ခွင့်ရရန် မထိုက်တန်ဟု ယဲ့ကျန်းကို ပြောပြခဲ့သည့် အချက်သည် လိမ်ညာနေပုံ ဖြစ််ပုံမရ။
ဘုန်း
မိုးကြိုးသွားသည် ထိုးဖောက်ခြင်း စွမ်းအားကို ဆောင်ရွက်ပြီးနောက် နျဲ့ချင်းယွင်၏ တာအိုစည်းတံဆိပ် အလွှာများကို ထိုးဖောက်သွားသည်။လျှပ်စီးများ အက်ကွဲလာပြီး တာအိုစည်းတံဆိပ်များ ဖွဲ့တည်လိုက်၏။
နျဲ့ချင်းယွင်သည် သူ့ခန္ဓာကိုယ်ကို ထိမှန်လာသော တိုက်ကွက်ကို ရင်ဆိုင်ရာ၌ ကူကယ်ရာမဲ့သွားတော့သည်။
ဘန်း
နျဲ့ချင်းယွင်က ညည်းတွားပြီး နောက်ကျွမ်းပစ် သွားတော့သည်။
“ ဂိုဏ်းချုပ် “
“ ဂိုဏ်းချုပ် “
အကြီးအကဲနှစ်ယောက်သည် နျဲ့ချင်းယွင်ဆီ လျင်မြန်စွာ ပျံသန်းလျက် သူ့ကို ဖမ်းလိုက်သည်။ ကျန်ရှိသည့် တိမ်တိုက်တောင် တပည့်များက နောက်ဆုတ်လျက် မဟာရန်သူ တစ်ယောက်ကို ရင်ဆိုင်ရသည့်ပမာ ပြုမူနေသည်။
နျဲ့ချင်းယွင်က သွေးအန်နေ၏။ သူ၏ နဖူးပေါ်၌ ချွေးစေးများ ပြန်နေပြီ ဖြစ်သည်။ ထိုရိုက်ချက်ကို လက်ခံပြီးနောက် သူ့ရန်သူ၏ စွမ်းအားကို နောက်ဆုံးတော့ သူသိရှိသွားပြီ ဖြစ်သည်။ သူသည် ပြန်တိုက်ခိုက်ရန် အခွင့်အရေး မရှိပေ။ ပြန်တိုက်ခိုက်ရန် စွမ်းအား ကင်းမဲ့နေ၏။ သူက ယဲ့ကျန်းကို ရုတ်တရက် အနည်းငယ် လေးစားသွားတော့သည်။ ယဲ့ကျန်းသည် ထိုအဘိုးအို ရှေ့၌ အချိန်ကြာမြင့်စွာ တောင့်ခံနိုင်ခြင်းမှာ အရှုံးမပေး ခေါင်းမာသော စိတ်စွမ်းအား ပိုင်ဆိုင်နေထားကြောင့် ဖြစ်ရမည်။
လုကျိုးက မုတ်ဆိတ် သပ်လိုက်၏။
“ ဟမ် “
မိုးကြိုးသွားကဒ်ရဲ့ ထိခိုက်မှု အာနိသင်ပဲ ပေါ်လာတယ်။ မည်သို့ပင် ဆိုစေ သူသည် တိမ်တိုက်တောင်ဂိုဏ်းကို ဤကဒ်ဖြင့် ဟန့်းတားနိုင်ခဲ့ပြီ ဖြစ်သည်။
နျဲ့ချင်းယွင်က ချောင်းဟန့်ပြီးနောက် အမြန်အရိုအသေပေးကာ ပြောလိုက်တော့သည်။
“ သက်ညှာပေးတာ ကျေးဇူးတင်ပါတယ် လုချန်းပေ့ “
“ မင်း ဒါမျိုးထပ်လုပ်ခဲ့ရင် မင်းရဲ့ အသက်ကို ယူမယ်“
နျဲ့ချင်းယွင်က ဖြူဖျော့သွားသည်။ သူက ချက်ခြင်း အရိုအသေ ပေးလိုက်၏။
တိမ်တိုက်တောင်စင်မြင့်ပေါ်၌ နျဲ့ချင်းယွင်သည် လုကျိုးကို အကူအညီ တချို့ပေးခဲ့၏။ သူ့ကို အသက်ရှင်လျက်ထားခြင်းက သူ့ကို သတ်ခြင်းထက် ပိုအသုံးဝင်သည်။ ရေရှည်အတွက် အစီစဉ် ရှိရမည်။
ကျင့်ကြံသူထောင်ချီက နောက်သို့ ဆက်ဆုတ်နေ၏။
“ မင်းတို့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ “ ကြယ်ပျံအိမ်တော်တပည့်များထဲမှ တစ်ယောက်က မေးလိုက်သည်။ လုကျိုးက လက်ဝှေ့ယမ်းလျက် အမိန့်ပေးလိုက်၏။
“ ကြယ်ပျံအိမ်တော်ရဲ့ တပည့်တွေကို တစ်ယောက်မှ အရှင်မထားနဲ့ “
…
အခန်း (၇၉၄) သတ်ဖြတ်ခြင်း
ထိုသို့ပြောပြီးသည့်နောက်တွင် ကောင်းကင်သိုင်းခုံရုံး၏ ကျင့်ကြံသူများက သူတို့နှင့် ကြယ်ပျံအိမ်တော်ကြား သိသာစေသည့် ကွာဟမှုမျိုးကို လုပ်လိုက်ကြသည်။
ကြယ်ပျံအိမ်တော်မှ ကျင့်ကြံသူများ၏ အမူအရာက မှုန်မှိုင်းသွား၏။
ယောင်ချင်းချွမ်က အပြုံးဖြင့် ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။
" ဒီလို လုပ်ချင်နေတာ ကြာလှပြီ။ လုချန်းပေ့ ဒီဟာကို ကျုပ်နဲ့ ကျောက်ကျန်းဟယ်ဆီ အပ်ထားလိုက်ပါ"
လုကျိုးက ခေါင်းအသာယမ်းလိုက်ပြီးနောက် " ငါ့တပည့်နှစ်ယောက်နဲ့တင် လုံလောက်တယ်။ မင်းတို့တွေ ဝင်ပါစရာ မလိုဘူး”
ယောင်ချင်းချွမ်က လှုပ်ရှားလိုက်၏။ သူက လုချန်းပေ့ လုပ်ဆောင်သည့် ကိစ္စများနှင့် ပတ်သက်ပြီး အမှန်တကယ် လေးစားနေမိသည်။ သူက မိတ်ဆွေများကို ဒုက္ခဖြစ်စေမည့်အစား သူ့တပည့်များကိုသာ အမိန့်ပေးလိုက်၏။
နဝမမြောက်ဘုံကျောင်း၏ ဆရာတော်နှစ်ယောက်က နောက်ဆုတ်လိုက်ကြသည်။
လုကျိုးက ကောင်းကင်သိုင်းခုံရုံးကို ကြည့်လိုက်၏။
ထိုစဥ် စစ်ခုန်ပေချန်းက သူ့အား သတိပေးလိုက်၏။
” နန်းတော်က သိုင်းသမားတွေ ရောက်လာပြီ "
အရှေ့ဘက်မှ ဝေဟင်ထဲတွင် ကျင့်ကြံသူသန်းချီက ရောက်ရှိလာ၏။ သူတို့က များပြားလွန်းသည့်အတွက် လုကျိုးနှင့် တခြားသူများဆီ ရွေ့လျားလာသည့် တိမ်မည်းများကဲ့သို့ ဖြစ်နေသည်။
ကောင်းကင်သိုင်းခုံရုံး၏ အဖွဲ့သားများကလည်း စိတ်ပေါ့ပါးသွားဟန် ပေါ်၏။
ငါတို့တော့ လွတ်မြောက်ပြီ...
ကြယ်ပျံအိမ်တော်ရှိ အဖွဲ့သားများက ပိုမိုပင် တက်ကြွလာကြ၏။
လုကျိုးက အသစ်ရောက်ရှိလာသူများအား ကြည့်လိုက်သည်။
သွားပြီ။ အထွတ်အထိပ်သဏ္ဌာန်ကတ်ကလွဲရင် ငါ့ဆီမှာ တခြားတိုက်ခိုက်ရေးနည်းလမ်း မရှိတော့ဘူး။ ငါက အသုံးပြုပစ္စည်းကတ်တွေကို ဝယ်လို့တော့ရပေမဲ့ ငါက ဆုံးရှုံးမှုကြီး ဖြစ်နေမှာ မဟုတ်ဘူးလား။ ဒီလောက် ကုသိုလ်ရမှတ်များများ ရဖို့က လွယ်တာမဟုတ်ဘူး။ အထွတ်အထိပ်သဏ္ဌာန်ကတ်ကို နည်းနည်းထပ်ပြီးတော့ သိမ်းထားသင့်လား။...
လုကျိုးက တန်ပြန်တုံ့ပြန်ရမည့်အရေးကို စဥ်းစားနေစဥ် စစ်ခုန်ပေချန်းက ပြောလိုက်သည်။
” ကျုပ် အချိန်ဆွဲထားလိုက်မယ် "
ထို့နောက် သူက သူ့ဂိုဏ်းသား ၂ဦးကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။
ယောင်ချင်းချွမ်နှင့် ကျောက်ကျန်းဟယ်တို့က စစ်ခုန်ပေချန်းနောက်မှ လိုက်လာကြသည်။
ထိုစဥ် နန်းတော်၏ အဖွဲ့သားများက သူတို့ဆီ ရောက်ရှိဖို့ မီတာ ၁၀၀မျှသာ ကွာဝေးတော့သည်။
ရှေ့ဆုံးတွင် ဦးဆောင်လာသူက အနီရောင်နှင့် အဖြူရောင် ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ကျန်သူများက အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားကြသည်။ သူက ဤအုပ်စု၏ ခေါင်းဆောင်မှန်း သိသာလှ၏။
ခေါင်းဆောင်က ကျယ်လောင်စွာ ပြောလိုက်သည်။
” ငါက မြို့တော်ရဲ့ တော်ဝင်အစောင့်တပ် ဒုခေါင်းဆောင် လုကျန်းပဲ။ ဒီကို နယ်ခြားမျိုးနွယ်ဝင်တွေကို ဖမ်းဆီးဖို့ ရောက်လာတာ။ သူတို့တွေက ဘယ်မှာလဲ။ တိုက်ခိုက်မနေဘဲ အညံ့ခံလိုက် "
စစ်ခုန်ပေချန်းက ဘာမှမပြောဘဲ စိတ်ဝိညာဥ်သဏ္ဌာန်ကိုသာ ထုတ်ဖော်လိုက်သည်။
ပေ ၂၀၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာပြီး ပွင့်ချပ်ဆယ်လွှာ အနီရောင်ကြာက ဖြည်းဖြည်းချင်း လှည့်ပတ်လာသည်။ နေဝင်သည့်အလင်းရောင်နှင့် လိုက်ဖက်ညီနေပြီး ကောင်းကင်ပေါ်ဖြာကျနေသည်။
ရောက်ရှိလာသည့် လုကျန်းက ပေ ၂၀၀ စိတ်ဝိညာဥ်သဏ္ဌာန်ကို မြင်သည့်အခါ ပြောလိုက်သည်။
” ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူလား "
ယောင်ချင်းချွမ်က မေးလိုက်၏။
” ခင်ဗျားက ကျောင်းထိုင်စစ်ခုန်ကို မနှုတ်ဆက်ဘူးလား "
လုကျန်းက ထိုစကားကို ကြားသည့်အခါ အမူအရာပြောင်းလဲသွား၏။ သူက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် မေးလိုက်သည်။ ” နဝမမြောက်ဘုံကျောင်းရဲ့ စစ်ခုန်ချန်းပေ့လား "
စစ်ခုန်ပေချန်းက စိတ်ဝိညာဥ်သဏ္ဌာန်ကို ရုပ်သိမ်းလိုက်သည်။ သူ့စိတ်ဝိညာဥ်သဏ္ဌာန်က လုကျန်းနှင့် တခြားသူများကို ထိတ်လန့်သွားစေ၏။
" လောကွတ်ချော်နေဖို့ မလိုဘူး။ မင်းရဲ့ ခေါင်းဆောင် ရှားဟို့ရှန်းကို ပြောလိုက်။ ဒီနေရာမှာ နယ်ခြားမျိုးနွယ်ဝင် မရှိဘူး”
" မရှိဘူးလား " လုကျန်းက အဝေးမှ မြင်ကွင်းကို လှမ်းကြည့်လိုက်သည်။ သူက ကောင်းကင်သိုင်းခုံရုံးနှင့် ကြယ်ပျံအိမ်တော်၏ အဖွဲ့သားများကို မြင်လိုက်ရ၏။
ထိုစဥ် ကြယ်ပျံအိမ်တော်၏ ကျင့်ကြံသူတစ်ယောက်က ပြောလာသည်” ခေါင်းဆောင်လု ကျုပ်တို့ကို ကယ်ပါ "
လုကျန်းက ပြောလိုက်သည်” ဒါက အကူအညီတောင်းနေတဲ့ အသံလို့ထင်တယ် "
" ခင်ဗျားအထင်မှားတာပါ " ယောင်ချင်းချွမ်က ပြောလိုက်သည်။
" ကောင်းကင်ဘုံအောက်က ကုန်းမြေအားလုံးက ဘုရင့်အပိုင်ပဲ။ ကြယ်ပျံအိမ်တော်က အဖွဲ့သားတွေလည်း ဟိုမှာရှိနေတဲ့ပုံပဲ။ ကြယ်ပျံအိမ်တော်က တော်ဝင်ခုံရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တာ နှစ်တွေ အများကြီးကြာနေပြီ။ သူတို့ ခံစားရတာကို ဘာမှမလုပ်ဘဲ ထိုင်မကြည့်နိုင်ဘူး။ စစ်ခုန်ချန်းပေ့ ဘေးဖယ်နေပါ။ မဟုတ်ရင် နန်းတော်ဆီကို ရှင်းပြရခက်လိမ့်မယ်”
ကြယ်ပျံအိမ်တော်ရှိ အဖွဲ့သားများက ထိုအရာကို ကြားသည့်အခါ ပျော်ရွှင်လာကြသည်။
" ခေါင်းဆောင်လု သူက နယ်ခြားမျိုးနွယ်ဝင်ပါ။ သူတို့အားလုံးပဲ။ အကြီးအကဲ ယဲ့ကျန်းနဲ့ အိမ်တော်သခင်က အသက်ခံလိုက်ရပြီ”
ထိုစကားကို ကြားသည့်အခါ လုကျန်းက မျက်မှောင်ကြုတ်လိုက်ပြီး " ဒါက တကယ့်ကို လေးနက်တဲ့ကိစ္စပဲ။ စစ်ခုန်ချန်းပေ့ ခင်ဗျားပြောသလို မလုပ်နိုင်တဲ့အတွက် အားနာပါတယ်”
" ရဲတင်းလိုက်တာ " ယောင်ချင်းချွမ်က ဖြတ်ပြောလိုက်သည်။
” တကယ်လို့ ရှားဟို့ရှန်း ဒီမှာ ရှိနေရင်တောင် ကျောင်းထိုင်ကို ဒီလိုပုံစံမျိုးနဲ့ မပြောရဲဘူး။ မင်းကိုယ်မင်း ဘယ်သူထင်နေလဲ”
လုကျန်း၏ အမူအရာက ပြောင်းလဲသွား၏။ ပြောရလျှင် အကြွင်းမဲ့အာဏာက အရာအာလုံး ဖြစ်ပေသည်။ သူက ပြန်လည်ချေပစရာ မရှိပေ။ သူက ချန်ထျန်းတုနှင့် ယဲ့ကျန်းတို့ဖြင့် သဘောတူညီချက် ယူထားပြီး နန်းတော်က လုပ်ဖို့လိုအပ်သည်က ထောက်ပံ့ပေးဖို့သာ ဖြစ်၏။ လက်ရှိ အခြေအနေက သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။
" စစ်ခုန်ချန်းပေ့ ခင်ဗျားကို ရန်စဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒီကိစ္စက နဝမမြောက်ဘုံကျောင်းနဲ့ ဘာမှမဆိုင်ဘူး။ ကျုပ်က နယ်ခြားမျိုးနွယ်ဝင်ကို ဖမ်းဆီးရုံပဲ။ တကယ်လို့ ကြယ်ပျံအိမ်တော်နဲ့ ကောင်းကင်သိုင်းခုံရုံးက ဒုက္ခရောက်နေရင် တော်ဝင်နန်းတော်အနေနဲ့ တရားမျှတမှု ဆောင်ကြဉ်းပေးရမှာ ပုံမှန်ပဲ။ မဟုတ်ရင် နယ်မြေတွေကို အုပ်ချုပ်ဖို့ ကျုပ်တို့က ဘယ်လိုလုပ် လုပ်နိုင်မှာလဲ”
စစ်ခုန်ပေချန်းက ပြောတော့မည့်ဆဲဆဲတွင် လုကျိုး၏ အသံက အနောက်ဘက်မှ ထွက်ပေါ်လာသည်” ဒီလိုဆိုရင် မင်းတို့တွေ နယ်မြေတွေကို ဆက်ပြီး အုပ်ချုပ်စရာ မလိုတော့ဘူး”
" ဟမ် " လုကျန်း၏ အကြည့်က ငွေရောင်ဆံပင်နှင့် လူအိုကြီးထံ ကျရောက်သွားကာ " ခင်ဗျားက ဘယ်သူလဲ "
" ခေါင်းဆောင်လု သူက အိမ်တော်သခင်နဲ့ အကြီးအကဲယဲ့ကို သတ်လိုက်တဲ့သူပဲ။ သူက ကောင်းကင်သိုင်းခုံရုံးရဲ့ ခေါင်းဆောင်ကိုလည်း သတ်လိုက်တာ” ကြယ်ပျံအိမ်တော်၏ အကြီးအကဲက ပြောလိုက်သည်။ သူက စွန့်စားဖို့ ဆုံးဖြတ်ထားမှန်း သိသာလှ၏။ ဘယ်လိုပဲဖြစ်ဖြစ် သူက သေမည်သာ ဖြစ်သည်။ အနည်းဆုံးတော့ ဤအရာဖြင့် သူသည် အသက်ရှည်နိုင်ဖို့ အခွင့်အရေး ရှိ၏။
အနှစ်ချုပ်အားဖြင့် ကောင်းကင်သိုင်းခုံရုံးမှ ကျင့်ကြံသူများသည် တိတ်ဆိတ်နေကြသည်။
လုကျန်းက လက်ဝှေ့ကာ ပြောလိုက်၏။
” အသက်တစ်သက်အတွက် တစ်သက်ပဲ။ ခင်ဗျားတို့တွေလည်း ဒီစကားကို သိမှာပါ”
လုကျိုးက ပြောလိုက်သည်။
” ငါ့ကို စိန်ခေါ်ဖို့ ဘယ်သူကများ သတ္တိပေးထားလဲ "
" ... "
စစ်ခုန်ပေချန်းက အစ်ကိုလု၏ လေသံမှ သတ်ဖြတ်ငွေ့ကို ခံစားမိလိုက်သည်။ သူက အလျင်စလို ပြောလိုက်၏။
” ထွက်သွားတော့။ မင်း လုချန်းပေ့ကို ရန်စမိရင် ရှားဟို့ရှန်းတောင် မင်းကို ကယ်နိုင်မှာမဟုတ်ဘူး။ ဒါက ငါ စစ်ခုန်ပေချန်းရဲ့ စကားပဲ”
သူက သူ့နာမည်ကို ပြောသည့်အခါက ဖိပြောလိုက်သည်။ သူက လုကျိုး၏ ကျင့်ကြံဆင့်သည် တုနှိုင်းမဲ့ ဖြစ်ကြောင်း သိသော်လည်း တော်ဝင်နန်းတော်နှင့်ပဋိပက္ခ မဖြစ်လိုပေ။
လုကျန်းက ပြောလိုက်၏။
” ကျုပ် ထွက်သွားလို့ ရတယ်။ ဒါပေမဲ့ ကြယ်ပျံအိမ်တော်နဲ့ ကောင်းကင်သိုင်းခုံရုံးက လူတွေကို ကျုပ်နဲ့အတူ ခေါ်သွားမယ်။ မဟုတ်ရင် နန်းတော်ကို ဘယ်လိုရှင်းပြရမှာလဲ”
စစ်ခုန်ပေချန်း၏ ခိုင်မာသည့် သဘောထားကို မြင်တွေ့ပြီးသည့်နောက်တွင် သူက နောက်ထပ် တစ်မျိုးသာ ဆုံးဖြတ်လိုက်သည်။ သူက နျဲ့ချင်းယွင်ကို ကြည့်ကာ တိမ်တိုက်တောင်၏ တပည့်များက ခေါင်းငိုက်စိုက် ဖြစ်နေသည်ကို မြင်လိုက်ရ၏။
" ဂိုဏ်းချုပ်နျဲ့ " လုကျန်းက အော်ခေါ်လိုက်သည်။
နျဲ့ချင်းယွင်က လက်နှစ်ဖက်ယှက်ကာ " ဒီကိစ္စက တိမ်တိုက်တောင်နဲ့ ဘာမှမဆိုင်ဘူး။ ကျုပ်ကို ခက်ခဲအောင် မလုပ်ပါနဲ့။ ဒုခေါင်းဆောင်လု ခင်ဗျားဘယ်လိုပဲလုပ်လုပ် ကျုပ်ကို ဆွဲမသွင်းပါနဲ့။ အားလုံးနောက်ဆုတ်ကြ”
တိမ်တိုက်တောင်၏ တပည့်များက သူတို့ တတ်နိုင်သမျှ နောက်ဆုတ်လိုက်ကြသည်။
သူတို့က အဝေးရောက်သည့်အခါ နျဲ့ချင်းယွင်က ရုတ်တရက် ပြောလိုက်၏။
” ဒုခေါင်းဆောင်လု အကြံတစ်ခုပေးလိုက်မယ်”
" ဘာများလဲ "
" တကယ်လို့ ကျုပ်သာ ခင်ဗျားနေရာမှာဆိုရင် နာနာခံခံ ပြန်သွားပြီ "
ထိုသို့ ပြောပြီးသည့်နောက်တွင် နျဲ့ချင်းယွင်က လှည့်ကာ ထွက်သွားလေသည်။
လုကျန်းက ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်ပြီး မေးလိုက်သည်။
” မင်းတို့ အားလုံး ဘာလုပ်နေတာလဲ "
" ကြယ်ပျံအိမ်တော်က မှားယွင်းတာ လုပ်ခဲ့တယ်။ အပြစ်ပေးခံရဖို့က ပုံမှန်ပါပဲ " ယောင်ချင်းချွမ်က ပြောလိုက်သည်။
" သူတို့က တော်ဝင်ခုံရုံးနဲ့ ပတ်သက်နေတယ်။ ဘယ်သူက သူတို့ကို ထိရဲလဲ " လုကျန်းက တော်ဝင်ခုံရုံးနာမည်ဖြင့် သူတို့ကို ကာကွယ်ပေးဖို့ ကြိုးစားသည်။
စစ်ခုန်ပေချန်းက ပြောလိုက်သည်။
” ယဲ့ကျန်းက ချယ်ရီပွင့်တိုင်းပြည်ကပဲ။ သူ့ဆီမှာ အသက် ၉သက် စိတ်ဝိညာဥ်သဏ္ဌာန် ရှိတယ်။ သူက တာ့ထန်ကို ကျူးကျော်လာခဲ့တာ ကြာလှပြီ။ သူကမှ တကယ့်အစစ်အမှန် နယ်ခြားမျိုးနွယ်ဝင်ပဲ။ လုချန်းပေ့က ဒီနယ်ခြားမျိုးနွယ်ဝင်ကို ရှင်းထုတ်ပစ်လိုက်တာ။ အဲဒါတောင် မင်းက အဲဒီလူတွေကို ကာကွယ်ဖို့ ကြိုးစားနေတုန်းလား။ နယ်မြေတွေ အုပ်ချုပ်တာနဲ့ ပတ်သက်ပြီးတော့ သတ္တိကောင်းကောင်း ပြောရဲသေးတယ်လား”
" ကျုပ် ဂရုမစိုက်ဘူး။ ကျုပ်က အမိန့်ပေးထားတဲ့အတိုင်း လုပ်တာ။ ကျုပ် ဒီမှာ ရှိနေသရွေ့ ဘယ်သူကမှ ကြယ်ပျံအိမ်တော်ကို ထိခွင့်မရှိဘူး” လုကျန်းက ခေါင်းမာစွာဖြင့် ပြောလိုက်သည်။ သူက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူအတွက် ပြိုင်ဘက် မဟုတ်မှန်း သိထားသောကြောင့် တော်ဝင်ခုံရုံးကိုသာ သုံးပြီး တခြားသူများဆီ ဖိအားပေးလိုက်သည်။
သူက ထိုနည်လမ်းသည် အလုပ်ဖြစ်မည်မှန်း သေချာနေ၏။
သို့သော် လုကျိုးက လက်ဝှေ့ကာ ပြောလိုက်၏။
” သူတို့ကို သတ်လိုက် "
ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ပြုံးကာ သူ့အသက်ရှည်ဓားက ဓားအိမ်မှ ထွက်ပေါ်လာသည်။
ထို့နောက် ချက်ချင်ဆိုသလို လေထုထဲ ရွှေရောင်စွမ်းအင်ဓား ထွက်ပေါ်လာပြီး ကြယ်ပျံအိမ်တော်ရှိ အကြီးအကဲများနှင့် တပည့်များဆီ ဖြတ်ပြေးသွားသည်။
ယွီကျန့်ဟိုင်က ကျယ်လောင်စွာ ပြောလိုက်၏။
” အာ့ရှစ်တိ ငါတို့တွေ ပြိုင်ရအောင် "
" သဘောပဲ "
ထိုစဥ် ကြယ်ပျံအိမ်တော်၏ အဖွဲ့သားများ ရှိနေသည့်နေရာက စွမ်းအင်ဓားမော့များနှင့် စွမ်းအင်ဓားများ ပြည့်နှက်သွားသည်။
လေထုထဲ ဆိုးဆိုးရွားရွားအော်သံများ ပျံ့နှံ့လာပြီးသည့်နောက်တွင် သွေးများက နေရာအနှံ့ ပြန့်ကျဲသွား၏။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က တော်ဝင်ခုံရုံး ကိုယ်စားလှယ် ရှိနေရက်နှင့် ကြယ်ပျံအိမ်တော်မှ လူများအားလုံး သတ်ဖြတ်ပစ်ခဲ့သည်။
လုကျန်းက ထိုအရာကို မြင်ကာ ဒေါသထွက်လာပြီး " မင်းတို့ ... "
" တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၅၀၀ ရရှိပါတယ်။ နယ်မြေအပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၅၀၀ ရရှိပါတယ်”
(ပွင့်ချပ်တစ်လွှာမှ ငါးလွှာအထိ ဆုလာဘ်တွေကို လျှော့ချထားပါတယ်)
လုကျိုး၏ နားထဲ စနစ်မှ အသိပေးချက်များ ဆက်တိုက်ထွက်ပေါ်နေသည်။
လုကျိုးက မုတ်ဆိတ်သပ်ကာ ဖြူဖျော့နေသည့် လုကျန်းအား ကြည့်လိုက်၏။ ထို့နောက် သူက နောက်ထပ် တုန်လှုပ်စရာ စကားတစ်ခုကို ပြောလိုက်သည်” စစ်ခုန်ပေချန်း ဒီလိုမျိုး မပါးနပ်တဲ့သူကို အသက်ရှင်လျက်ထားဖို့ ကြံစည်နေတာလား "
" ... " စစ်ခုန်ပေချန်းက အံ့အားသင့်သွားသော်လည်း သတင်းစကားကို ဖမ်းဆုပ်လိုက်မိသည်။ သူက လုကျန်းအား လက်ညှိုးထိုးကာ ပြောလိုက်၏။
” မင်း ဒီနေ့ ဒီမှာ သေရမယ် "
…
အခန်း (၇၉၅) ကျူးကျော်ရန် အစီအစဉ်
ကောင်းကင်သိုင်းခုံရုံးနှင့် ကြယ်ပျံအိမ်တော်သည် နောက်ဆုံးတော့သဘောပေါက်သွား၏။ စစ်ခုန်ပေချန်းကို အမိန့်ပေးနိုင်သည့်သူသည် သူ၏အဆင့်အတန်းနှင့် ကျင့်ကြံဆင့်ကို သက်သေပြစရာ မရှိပေ။ လိုအပ်လျှင် ယဲ့ကျန်းကို ချေမှုန်းပြီး ချန်ထျန်းတုကို လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သော သူ၏လုပ်ရပ်က လုံလောက်သော သက်သေဖြစ်နေ၏။ သူတို့ရင်ထဲတွင် စိတ်ပျက်အားငယ်မှုနှင့် ကြောက်လန့်တုန်လှုပ်မှုတို့က တဖြည်းဖြည်းချင်း ပြည့်လာတော့သည်။
အော်သံများ ငြိမ်ကျသွားချိန်တွင် ကြယ်ပျံအိမ်တော်မှ တပည့်နှစ်ထောင်ခန့် သေဆုံးသွားလေ၏။
အနားရှိ ကျင့်ကြံသူများစွာသည် ထိုအတွေ့အကြုံကြောင့် ရူးသွပ်ကုန်သည်။ သူတို့က သူတို့စိတ်ဝိညာဉ်သဏ္ဌာန်များကို ဖော်ထုတ်ပြီး သူတို့၏မဟာနည်းစနစ်များဖြင့် ထွက်ပြေးရန် သူတို့ကိုယ်သူတို့ ဖိအားပေးလိုက်သည်။
သက်တော်ရှည်ဓားနှင့် နဂါးသွေးကျောက်ဓားမော့တို့သည် ဓားတွင် မျက်လုံးပါသည့်ပမာ ပစ်မှတ်ကိုလိုက်ကာ သတ်ဖြတ်နေတော့သည်။
“တင် ပစ်မှတ်တစ်ယောက်သတ်လိုက်ပါပြီ၊ ဆုလာဘ်ကုသိုလ်မှတ် ငါးရာ၊ နယ်မြေအပို ကုသိုလ်မှတ်ငါးရာ”
“တင် ပစ်မှတ်တစ်ယောက်သတ်လိုက်ပါပြီ၊ ဆုလာဘ်ကုသိုလ်မှတ် တစ်ထောင်၊ နယ်မြေအပို ကုသိုလ်မှတ်တစ်ထောင်”
“သူတို့တွေကြားထဲမှာ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတွေရှိတာလား”
လုကျိုးသည် အသိပေးသံကို ကြားသောအခါ မျက်နှာပေါ်တွင် ကျေနပ်နေသောအမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။ ကုသိုလ်အမှတ်များ သူ၏အကောင့်ထဲသို့ အဆုံးမရှိဝင်လာခြင်းက ကြယ်ပျံအိမ်တော် အစွမ်းထက်ပုံကို သဘောပေါက်သွားစေ၏။ ထိုကဲ့သို့ အင်အားစုက ရွှေကြာနယ်မြေကို ကျူးကျော်ခဲ့လျှင် ၎င်းသည်အကြီးဆုံးဂိုဏ်းဖြစ်လာမှာ ကျိန်းသေ၏။
ဂိုဏ်းများ၏ မြင့်တက်မှုနှင့် ကျရှုံးမှုကို ဆုံးဖြတ်သည့်သူများသည် ရံဖန်ရံခါ၌ ထိပ်ရှိကျင့်ကြံသူများသာ ဖြစ်သည်။ သူတို့၌ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူမည်မျှရှိစေကာမူ ပွင့်ချပ်ကိုးလွှာ သို့မဟုတ် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူများမရှိဘဲ သူတို့သည် အသတ်ခံရရန် စောင့်နေသော မျောက်တစ်သိုက်ထက် မပိုပေ။
ငရဲဂိုဏ်းချုပ် ယွီကျန့်ဟိုင်နှင့် စိုးစဉ်းမျှ သဘောတူညီမှုမရသည်နှင့် သတ်ဖြတ်တတ်သော ယွီရှန်းရုန်တို့က ရွံ့ရှာခြင်း၊ ငြီးငွေ့ခြင်းမရှိပေ။ သူတို့အားလုံးက တစ်ဖက်က သေကို သေရမည်ဆိုတာ သိသည်။ ကြယ်ပျံအိမ်တော်က အနိုင်ရခဲ့လျှင် သူတို့ကံကြမ္မာက ဆိုးဝါးသွားလိမ့်မည်။
မရေမတွက်နိုင်သော တိုက်ပွဲများကို တွေ့ကြုံခဲ့ဖူးသည့် ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့၏ တိုက်ခိုက်မှုကနေ မည်သူမျှ အသက်မရှင်နိုင်ခဲ့ပေ။ ကျန်သည့် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူများကတောင် သူတို့အတွက် ပြိုင်ဘက်မဟုတ်။
ထိုစဉ် ပွင့်ချပ်ဆယ်လွှာ စစ်ခုန်ပေချန်းသည် သူ၏မြန်ဆန်လှသောအရှိန်၊ လျင်မြန်ဖျတ်လတ်မှုတို့ဖြင့် လှုပ်ရှားလိုက်သည်။ သူက စာဝါငှက်ပမာ ပေါ့ပါးစွာ လေထဲခုန်တက်လျက် သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။
လုကျန်းက သတ်ဖြတ်လိုစိတ်ကို ခံစားမိပြီး သူ၏စွမ်းအင်ဓားမော့များဖြင့် ပြန်တိုက်ခိုက်လိုက်သည်။
စွမ်းအင်ဓားမော့များက စစ်ခုန်ပေချန်းကို ဟန့်တားထားရန် ကြိုးစားနေသည်။ သို့သော် စစ်ခုန်ပေချန်းက တည်ငြိမ်နေပြီး မလှုပ်ရှားပေ။ သူ၏ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံဖူးပွင့်လာပြီး သူ၏အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်သည် ပတ်ဝန်းကျင်သို့ စွမ်းအင်ဓားများ ထုတ်လွှင့်နေ၏။ ပြီးနောက် သူ၏ခန္ဓာကိုယ်သည် မှိန်ဖျော့သွားတော့သည်။ သူက ဘေးတိုက်အလွယ်တကူတိုက်ခိုက်ပြီး လုကျန်းရှေ့သို့ ရောက်လာလေ၏။ သူ့စိတ်ဝိညာဉ်သဏ္ဌာန်အပြင်ဘက် စွမ်းအင်ဓားများကို ထိန်းချုပ်ပြီး လုကျန်း၏ ရင်ဘတ်ဆီသို့ ချိန်ရွယ်လိုက်သည်။
“ပိတ်ဆို့” စွမ်းအင်ဓားမော့ထောင်ချီက လုကျန်းရှေ့၌ အရံအထားတစ်ခု ဖွဲ့တည်ပေးလိုက်သည်။
ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူဆီမှ ထိတ်လန့်ဖွယ် ဓားသိုင်းကွက်များသည် အရံအတားကို အလွယ်တကူ ထိုးဖောက်သွားပြီး ကာကွယ်ရေးစွမ်းအင်၊ စွမ်းအင်ဓားမော့တို့ကို ထိုးဖောက်ပြီး နောက်ဆုံးတွင် လုကျန်း၏ခန္ဓာကိုယ်သည် ထောပတ်ကို ဓားပူပူက ဖြတ်သွားသည့်ပမာ ပိုင်းဖြတ်ခံလိုက်ရ၏။ အဟန့်အတားမရှိပဲ သူ၏နှလုံးထိအောင် ရောက်သွားသည်။ သူသည် သူရှေ့ရှိ ပေနှစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်ပြီး မျက်လုံးအပြူးသား ဖြစ်နေကာ သူ့ရင်ဘတ်ပေါ်ရှိ သွေးရာများကိုလည်း ကြည့်လိုက်၏။ သူ၏ထူးကဲချီသွေးကြောရှစ်ကြောရှိ ကနဦးချီသည် ပိတ်ဆို့ခံထားရပုံပေါ်သည်။ စီးဆင်းနေသည့် တစ်ခုတည်းသောအရာမှာ သူ၏သွေးပဲဖြစ်သည်။
သတ်ဖြတ်ရန် လွယ်ကူသော်ငြား ကယ်တင်ဖို့ရာ ခက်ခဲ့၏။
လုကျန်းသည် ထိုအခြေအနေအောက်၌ သူအသက်မရှင်နိုင်တော့မှန်း သိနေသည်။ သူက ခေါင်းအနည်းငယ်ခါလျက် စစ်ခုန်ပေချန်းကို လက်ညှိုးထိုးလိုက်၏။
“နဝမဘုံကျောင်းက ပုန်ကန်နေတာလား” သူက ချောင်းဆိုးလိုက်ရာ မျက်လုံးအပြူးသားဖြင့် ပြုတ်ကျသွားတော့သည်။
“ဒုခေါင်းဆောင်လု” ကျန်သည့်စစ်သည်တော်များက အထိတ်တလန့်အော်လိုက်သည်။
တစ်စုံတစ်ယောက်သည် လုကျန်းကို စွမ်းအင်စည်းတံဆိပ်ဖြင့် ပြန်ဆွဲယူရန် ကြိုးစားသော်ငြား သူကျသွားတာ မြန်ဆန်တော့ ဤစစ်သည်တော်က မတုံ့ပြန်နိုင်ခင် လုကျန်းက မြေပြင်ပေါ် ကျသွားပြီးဖြစ်၏။
စစ်ခုန်ပေချန်းက ခေါင်းအနည်းငယ်ခါလိုက်သည်။ လုကျိုးက သူ့ကို သတ်ခိုင်းချင်သည့် အကြောင်းအရင်းကို သဘောပေါက်သည်။
လုကျိုးသည် ကြယ်ပျံအိမ်တော်ကို ရှင်းထုတ်ရမည်။ နဝမဘုံကျောင်းကသာ ယခုအချိန်၌ နောက်ကျိနေသောရေထဲမှ ဘေးထွက်နေခဲ့လျှင် သူတို့မဟာမိတ်က အလွယ်တကူ ပြိုလဲသွားလိမ့်မည်။ အခုစစ်ခုန်ပေချန်းက လုကျန်းကို သတ်ခဲ့ပြီး နဝမဘုံကျောင်း၏ ကံကြမ္မာသည် ယခု မိစ္ဆာဝေဟင်မျှော်နန်းနှင့် ချည်နှောင်ပြီးသားဖြစ်သွားသည်။
တော်ဝင်ခုံရုံးမှ တပ်သားများသည် စစ်ခုန်ပေချန်းကို ကြည့်လိုက်၏။ ဤပြိုင်ဘက်ကင်းသိုင်းပညာရှင်ကို မည်သူကများ ယှဉ်နိုင်မည်နည်း။ လုကျန်း သေပြီဖြစ်ရာ သူတို့က ခေါင်းဆောင်မရှိဘဲ ထွက်သွားရတော့မည်။
စစ်ခုန်ပေချန်းက ပြောလိုက်၏။
”ရှားဟို့ရှန်းကို ပြန်သွားပြီးပြောလိုက်၊ ကြယ်ပျံအိမ်တော်က နယ်ခြားမျိုးနွယ်နဲ့ ပူးပေါင်းပြီး သုတ်သင်ခံလိုက်ရပြီ၊ နဝမဘုံကျောင်းကို ဖျက်ဆီးချင်တယ်ဆိုရင် ငါ့ရဲ့ခွင့်ပြုချက်ရှိရမယ်၊ ထွက်သွားကြ”
သူ၏အသံသည် တော်ဝင်ခုံရုံး ကျင့်ကြံသူထောင်ချီ၏နားထဲ မိုးခြိမ်းသံပမာ ဝင်ရောက်သွားတော့သည်။
တော်ဝင်ခုံရုံးသည် ယနေ့တွင် မှားယွင်းသည့်အကွက်ရွှေ့ခဲ့သည်။ လုကျန်းကို ပို့ခဲ့ခြင်းက သောင်းကျန်းမှုကို ဖြေရှင်းနိုင်ရန် လုံလောက်ပြီဟု ထင်ခဲ့သည်။ ဆိုရလျှင် သူတို့ဘက်တွင် ကောင်းကင်သိုင်းခုံရုံးနှင့် ကြယ်ပျံအိမ်တော်ရှိနေသည်။ သူတို့မည်မျှပင် ကြည့်စေကာမူ တိမ်တိုက်တောင် ဆယ့်နှစ်ဂိုဏ်းသည် အမြစ်ပြတ်သုတ်သင်ခံရလိမ့်မည်။ နဝမဘုံကျောင်းက အားနည်းပြီး မဟာမိတ်မရှိ။ အနှေးနှင့်အမြန် သူတို့ရှင်းထုတ်ခံရလိမ့်မည်။ တပ်သားများ ရောက်ချိန်၌ ကြယ်ပျံအိမ်တော်က ရှုံးနိမ့်ပြီး သူတို့မျက်စိရှေ့မှောက်တွင်တောင် အသတ်ခံရလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
နန်းတော်ရှိ ကျင့်ကြံသူများက ကြောက်လန့်ကုန်ကြပြီး အမြီးကုပ်ကာ ထွက်ပြေးတော့၏။ တော်ဝင်ခုံရုံးသည် ဤကိစ္စကို ဖြေရှင်းရန် သိုင်းပညာရှင်မပို့ခဲ့ပေ။
လုကျိုးသည် ထိုယင်ကောင်လေးများက သူ့ကို ကုသိုလ်မှတ်များစွာ ထောက်ပံ့ပေးနိုင်မည်ဟု မထင်ပေ။
ယခုအချိန်၌ အခင်းဖြစ်ရာတွင် ရှိနေသော ကြယ်ပျံအိမ်တော်၏ ဂိုဏ်းသားများအားလုံး သေသွားပြီဖြစ်သည်။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်၊ ပွင့်ချပ်ကိုးလွှာ ရွှေကြာကျင့်ကြံသူနှစ်ယောက်သည် သူတို့၏ ထူးချွန်ထက်မြက်သောဓားရေးနှင့် ဓားမော့သိုင်းစွမ်းရည်ကို ပြသခဲ့သည်။
ကောင်းကင်သိုင်းခုံရုံးကျင့်ကြံသူများသည် ကြောက်လန့်မှုကြောင့် တုန်ယင်နေသည်။ သူတို့ခေါင်းဆောင် ချန်ဖန်းလော့မရှိပဲ ကောင်းကင်သိုင်းခုံရုံးက သဲလျော့သွားသည့် လက်ဝှေ့အိတ်သာ ဖြစ်သည်။
စစ်ခုန်ပေချန်းက လုကျိုးဘေးသွားလိုက်၏။
“အစ်ကိုလု ကောင်းကင်သိုင်းခုံရုံးရဲ့ အဖွဲ့သားတွေကို ဘာလုပ်သင့်လဲ”
လုကျိုးက သူတို့ကိုသတ်ရန် ရည်ရွယ်နေလား သိချင်မိသည်။
ကောင်းကင်သိုင်းခုံရုံး၏ တပည့်များသည် ထိုမေးခွန်းကို ကြားသောအခါ ပိုတောင် ကြောက်လန့်သွားကြသည်။
“အဲဒီအကြောင်း တွေး.. တွေးတောင်မတွေးနဲ့၊ ကျုပ်.. ကျုပ်တို့ခုံရုံးသခင်က”
သူတို့၏တစ်ခုတည်းသော အားကိုးရာက သူတို့၏ခုံရုံးသခင် ယွီချန်းရှုဖြစ်သည်။ သူသည် အနီရောင်ကြာနယ်မြေ၌ ကံမီးတောက်ကို တတ်ကျွမ်းသော တစ်ဦးတည်းသော ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူ ဖြစ်သည်။
“ငါက တော်ဝင်ခုံရုံးကိုတောင် ဂရုမစိုက်တာ၊ မင်းတို့ရဲ့သေးမွှားတဲ့ ကောင်းကင်သိုင်းခုံရုံးကို ကြောက်မယ်များ ထင်နေလား” လုကျိုးက လက်နောက်ပစ်ထား၏။
ယွီကျန့်ဟိုင်က အရိုအသေပေးကာ ပြောလိုက်တော့သည်”ရှစ်စွင်း ဒီလူတွေက ရိုင်းလွန်းတယ်၊ သူတို့တွေက ကြယ်ပျံအိမ်တော်ရဲ့ အမှားအတိုင်း ထပ်လုပ်ချင်နေတယ်ဆိုမှတော့ သူတို့ကို သတ်လိုက်ရအောင်လား”
ကောင်းကင်သိုင်းခုံရုံးကျင့်ကြံသူများသည် ထိတ်လန့်အံ့အားသင့်သွားပြီး ကြောက်လန့်မှုကြောင့် နောက်ဆုတ်သွားကြသည်။
လုကျိုးသည် ကောင်းကင်သိုင်းခုံရုံးကျင့်ကြံသူများကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏”သူတို့ကို တိမ်တိုက်တောင်မှာ ချုပ်ထားလိုက်”
“နားလည်ပါပြီ”
ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူလေးယောက်သည် ကောင်းကင်သိုင်းခုံရုံးကျင့်ကြံသူများဆီ ပျံသန်းသွားတော့သည်။
“မင်းတို့တွေထဲက တစ်ယောက် ထွက်ပြေးဖို့ကြိုးစားခဲ့တယ်ဆိုရင် ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့၊ လှုပ်ရှားကြ”
ကောင်းကင်သိုင်းခုံရုံးကျင့်ကြံသူများသည် ရွေးချယ်စရာမရှိတော့ပဲ သူတို့ဘာသာ တိမ်တိုက်စင်မြင့်ဆီသို့ သွားလိုက်ရသည်။
တိမ်တိုက်စင်မြင့်ပေါ်တွင် ဖြစ်သည်။
ယဲ့ကျန်းဘက်ရောက်သွားသည့် တိမ်တိုက်တောင်တပည့်များက အဖမ်းခံရပြီး ဤနေရာသို့ ခေါ်လာခံရသည်။ သူတို့အားလုံးက ဒူးထောက်နေပြီး လှုပ်ရှားရမှာ ကြောက်ရွံ့နေ၏။
နျဲ့ချင်းယွင်သည် ယခင်ကကဲ့သို့ ဂုဏ်ယူဝင့်ကြွားနေပုံမရတော့ပေ။
လုကျိုးက ပြောလိုက်သည်။
“နျဲ့ချင်းယွင် ကောင်းကင်သိုင်းခုံရုံးရဲ့ တပည့်တွေကို မင်းဆီအပ်ထားမယ်”
နျဲ့ချင်းယွင်က ထိတ်လန့်အံ့အားသင့်သွား၏။ သူက တလေးတစားပြောလိုက်သည်။
“တိမ်တိုက်တောင်က ဒီတိုက်ပွဲပြီးတော့ ဆုံးရှုံးမှုတွေ ခံစားခဲ့ရပါပြီ၊ လုချန်ပေ့ ဒါဘာအကြောင်းကြောင့်လဲ”
“ကောင်းကင်သိုင်းခုံရုံးနဲ့ ကြယ်ပျံအိမ်တော် ပူးပေါင်းပြီး တိမ်တိုက်တောင်ကို အမြစ်ပြတ်သုတ်သင်ဖို့ လုပ်ထားတာ၊ အခုငါက သူတို့ကို မင်းကိုယ်စား ဖြေရှင်းလိုက်ပြီ၊ ဘာကြောင့် ဒီလောက် ကြောက်နေတာလဲ” လုကျိုးက မေးလိုက်၏။
မိုးမခတစ်ထောင်ဘုရားကျောင်းနှင့်နဝမဘုံကျောင်းကတောင် တော်ဝင်ခုံရုံးကို စိန်ခေါ်ရန် သတ္တိရှိသည်။ သို့တိုင် တိမ်တိုက်တောင်ဆယ့်နှစ်ဂိုဏ်း၏ တပည့်များက စိန်မခေါ်ရဲပေ။
“ကောင်းကင်သိုင်းခုံရုံးမှာ ယွီရှန်းရှုရှိပြီး တောင်ဝင်ခုံရုံးရဲ့ ပံ့ပိုးမှုရှိတယ်” နျဲ့ချင်းယွင်သည် သူ့ကို လုကျိုးကြည့်နေတာကို မြင်သောအခါ စကားပြောရပ်သွားလေ၏။
လုကျိုးက ခေါင်းခါပြီး ပြောလိုက်တော့သည်။
”ကောင်းကင်သိုင်းခုံရုံးက ဒီလူတွေက တိမ်တိုက်တောင်အပြင် ခြေလှမ်းတစ်ဝက် ထွက်ခဲ့မယ်ဆိုရင် ငါသတ်ပစ်မယ်”
“…”
နျဲ့ချင်းယွင်၏စိတ်နှလုံးက တုန်လှုပ်သွားသည်။ လုကျိုးသည် သူတို့၏ မျှခြေအနေအထားကို ဖယ်ရှားရန် တိမ်တိုက်တောင်ကို ဖိအားပေးနေမှန်း သူသိသည်။
လုကျိုးက ကောင်းကင်သိုင်းခုံရုံးကို ဆန့်ကျင်ရာ၌ တိမ်တိုက်တောင်အတွက် တွင်းတူးပေးခဲ့လျှင် သူ့အဖို့ ကောင်းကင်သိုင်းခုံရုံးနှင့် မြို့တော်မှ ကျင့်ကြံသူများကို ဖြေရှင်းရာ၌ ပိုလွယ်ကူသွားလိမ့်မည်။ သူသည် ကောင်းကင်သိုင်းခုံရုံးတပည့်များကို ချက်ချင်းသတ်ခဲ့လျှင် ယွီရှန်းရှုက နဝမဘုံကျောင်းနှင့် မိုးမခတစ်ထောင်ဘုရားကျောင်း၏ တံခါးကိုသာ လာခေါက်ရုံရှိသည်။ ထို့အပြင် ယွီရှန်းရှုက တိမ်တိုက်တောင်ကို သူ့ဘာသူမျှားရန်လည်း ကြိုးစားနေ၏။ တိမ်တိုက်တောင်ကဲ့သို့ အင်အားစုကို နန်းတော်နှင့် ကောင်းကင်သိုင်းခုံရုံးက ထိန်းချုပ်နေတာကို လုကျိုးသည် မည်ကဲ့သို့ခွင့်ပြုနိုင်မည်နည်း။
နျဲ့ချင်းယွင်က ခဏတာအတွေးနက်သွားပြီးနောက် ကျယ်လောင်စွာ အမိန့်ပေးလိုက်တော့သည်။
“ကောင်းကင်သိုင်းခုံရုံးတပည့်တွေကို ထောင်ထဲမှာ ချုပ်ထားလိုက်”
“နားလည်ပါပြီ”
တိမ်တိုက်တောင်တပည့်များသည် ကောင်းကင်သိုင်းခုံရုံးတပည့်များ၏ ကျင့်ကြံဆင့်ကို ပိတ်ပြီးသူတို့ကို အဝေးသို့ ခေါ်သွားသည်။
စစ်ခုန်ပေချန်းက လက်သီးဆုပ်မိုးလျက်ပြောလိုက်သည်။
“ဒါက ပြောင်မြောက်တဲ့အကွက်ပါပဲ အစ်ကိုလု”
ဤနည်းဖြင့် တိမ်တိုက်တောင်သည် ကောင်းကင်သိုင်းခုံရုံး၏ ဆန့်ကျင်ဘက်တွင် ရောက်သွားပြီဖြစ်သည်။ ဆိုရိုးစကားရှိသည့်အတိုင်း ရန်သူ၏ရန်သူက မိတ်ဆွေဖြစ်သည်။
လုကျိုးသည် စစ်ခုန်ပေချန်း၏ ချီးကျူးမှုကို လစ်လျူရှုထားပြီး ထို့အစားပြောလိုက်လေ၏။
“ဒီလိုအရေးကြီးတဲ့ပွဲအတွက် ကောင်းကင်သိုင်းခုံရုံးနဲ့ တော်ဝင်ခုံရုံးက သိုင်းပညာရှင်တွေကို မပို့ခဲ့ဘူး၊ ဒါထူးဆန်းတယ်လို့ မထင်ဘူးလား”
ထိုစကားများကို ကြားသောအခါ စစ်ခုန်ပေချန်း၏ မျက်နှာထက်တွင် စဉ်းစားဆင်ခြင်နေသည့်အမူအရာ ပေါ်လာ၏။
“တကယ်ထူးဆန်းတယ်”
ထိုစဉ် မုန့်ချန်းသုံက ပြောလိုက်သည်။
“ယွီရှန်းရှုနဲ့ တခြားသူတွေက တခြားကိစ္စကြောင့် ထိန်းချုပ်ခံထားရတာလို့ သံသယဖြစ်မိတယ်”
လုကျိုးသည် မုန့်ချန်းသုံကို ကြည့်လိုက်၏။
”ဒါထက်ပိုအရေးကြီးတဲ့ကိစ္စရှိလား”
“ကျုပ်သိသလောက် ကောင်းကင်သိုင်းခုံရုံးက လတ်တလောကမှ ကောင်းကင်ရထားလုံးကို ဖန်တီးခဲ့တယ်၊ အဆုံးမဲ့သမုဒ္ဒရာကို ဖြတ်ကျော်ဖို့ ကျင့်ကြံသူတစ်ရာကို ပို့ဆောင်နိုင်စွမ်းရှိတယ်လေ၊ ကောင်းကင်သိုင်းခုံရုံးနဲ့ တော်ဝင်ခုံရုံးက သူတို့သိုင်းပညာရှင်တွေကို ရွှေကြာနယ်မြေဆီ ပို့နေလားဆိုတာ သံသယဖြစ်မိတယ်”