← Chapters

အခန်း (၇၉၆-၇၉၈)

Vol. 54 Ch. 796-798

အခန်း (၇၉၆-၇၉၈)

Vol. 54 Ch. 796-798

အခန်း (၇၉၆) အပြည့်အ၀ ကျရှုံးသွားသော အနီရောင်ကြာနယ်မြေ

တိမ်တိုက်တောင်၏ တပည့်များက တိမ်တိုက်ရင်ပြင်ကို ရှင်းလင်းနေကြသည်။ ယခုအခါ ဘာမှမဖြစ်ပျက်ခဲ့သလိုမျိုးပုံ ပေါက်နေလေ၏။

မုန့်ချန်းသုံ၏ စကားက အားလုံးကို တိတ်ဆိတ်သွားစေသည်။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က ထိုအရာကို ကြားသည့်အခါ မျက်မှောင်ကြုတ်လိုက်ကြသည်။ ခဏအကြာတိတ်ဆိတ်နေပြီးသည့်နောက် ၂ဦးသား အချင်းချင်း အကြည့်ဖလှယ်ကာ ရှေ့တိုးလာကြပြီး " ရှစ်စွင်း ကျွန်တော်တို့တွေ ရွှေကြာနယ်မြေကို ပြန်ဖို့ ခွင့်တောင်းချင်ပါတယ် "

စစ်ခုန်ပေချန်းက လုကျိုးကို ရွှေကြာနယ်မြေမှ ပညာရှင်ဟု အခိုင်အမာ ယုံကြည်ထားပြီးသား ဖြစ်၏။ သူက နားရှုပ်စွာ မေးလိုက်သည်။

” အစ်ကိုလုက မွေးဖွားဇယားချပ်ကို အသက်သွင်းပြီးပြီ။ ရွှေကြာနယ်မြေရဲ့ စွမ်းအားကလည်း အနီရောင်ကြာနယ်မြေထက် ပိုပြီးတော့ ကြီးမှာပဲ။ ၂ယောက်က ဘာလို့များ စိုးရိမ်နေတာလဲ "

" ... "

မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့် ၄ယောက်က တိတ်ဆိတ်နေကြသည်။ သူတို့က ရွှေကြာနယ်မြေတွင် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက်တည်းသာရှိကြောင်း မည်သို့ ပြောနိုင်မည်နည်း။ ယေဘုယျအားဖြင့် ရွှေကြာနယ်မြေသည် အနီရောင်ကြာနယ်မြေထက် ပို၍ အားနည်း၏။

" ရှစ်စွင်း တပည့်လည်း ပြန်သွားချင်တယ် " ရှောင်ယွမ်အာက ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်ကြား ရပ်ကာ ပြောလိုက်သည်။

” တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုး ညီမကိုလည်း ခေါ်သွားပေးပါ။ ရှစ်ရှိုးတို့ကို အနိုင်ကျင့်တဲ့သူတွေကို ဖြတ်ကန်ပစ်မယ်”

" ... "

လုကျိုးက တပည့် ၂ယောက်အား ကြည့်ကာ ပြောလိုက်သည်။

” အဲဒါက အချိန်ကြာလိမ့်မယ်။ မင်းတို့တွေ အချိန်မှီ ရောက်မယ်မထင်ဘူး”

စစ်ခုန်ပေချန်းက ပြောလိုက်သည်” အစ်ကိုလု ကောင်းကင်သိုင်းခုံရုံးမှာ ဓားစာခံတွေ ရှိထားမှတော့ သူတို့နဲ့ ညှိနှိုင်းလို့ ရမှာပါ”

ထိုအရာက အကြံပြုချက် တစ်ခု ဖြစ်၏။

" ကောင်းကင်သိုင်းခုံရုံးက အမြဲလိုလို ဘဝင်မြင့်နေကြတာ။ သူတို့တွေက သဘောတူမယ် မထင်ဘူး”

ယောင်ချင်းချွမ်က ကောင်းကင်သိုင်းခုံရုံးနှင့် မကြာခဏ ထိတွေ့လေ့ရှိသည့်အတွက် သူတို့သည် မည်မျှမာနကြီးကြောင်း သိထားသည်။ ကြယ်ပျံအိမ်တော်အတွက်လည်း အတူတူသာ ဖြစ်၏။

မုန့်ချန်းသုံက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်” ခန်းမသခင်ယောင် ပြောတာ အချက်အလက်ကျတယ်။ ကျုပ်တို့က နောက်ထပ် ဂိုဏ်းကြီး ၂ခုကို ကိုယ့်ဘက် မခေါ်နိုင်သရွေ့ ညှိနှိုင်းမှု ဖြစ်မှာမဟုတ်ဘူး”

" ဒီလိုဆိုရင် ဒါကို ဘေးဖယ်ထားတာပေါ့။ ရွှေကြာနယ်မြေဆီက သတင်းအချက်အလက် ရနိုင်မဲ့ နည်းလမ်း ရှိလား " လုကျိုးက မေးလိုက်သည်။

မုန့်ချန်းသုံက ရှေ့နောက်လျှောက်ကာ စဥ်းစားနေသည်။ နောက်ဆုံးတွင် သူက ပြောလိုက်၏။

” ရှိတယ်။ ဒါပေမဲ့ တန်ကြေးတော့ ကြီးလိမ့်မယ်”

" ပြောပါအုံး "

" ကျုပ်တို့တွေ ရှားပါးစာရွက် အဆောင် ၁၀၀၀ လိုမယ်။ တစ်ချိန်တည်း တခြားဘက်က လူတွေကလည်း တူညီတဲ့ အဆောင်အစီအရင်ကို ခင်းကျင်းထားရမယ်။ ကောင်းကင်သိုင်းခုံရုံးရဲ့ အဆောင်အစီအရင်ကို ဘယ်လိုရေးဆွဲရမယ်ဆိုတာကို သိတယ်။ ဒါပေမဲ့ ကျုပ်တို့ဆီမှာ အဆောင် မရှိဘူး” မုန့်ချန်းသုံက ပြောလိုက်သည်။

လုကျိုးနှင့် စစ်ခုန်ပေချန်းတို့က နျဲ့ချင်းယွင်အား ပြိုင်တူလှည့်ကြည့်လိုက်ကြသည်။ ထို့ကြောင့် နျဲ့ချင်းယွင်က တုန်လှုပ်သွား၏။ သူက တိမ်တိုက်တောင်၏ အနာဂတ်အကြောင်း စဥ်းစားနေခြင်းဖြစ်ကာ ပတ်ဝန်းကျင်ကို သတိမထားမိပေ။ သူက မူမမှန်သည့် အကြည့်များ သူ့ဆီ ကျရောက်လာသည်ကို မြင်သည့်အခါ အခြေအနေကို သဘောပေါက်သွားပြီး ပြောလိုက်၏” ကျုပ် အဆောင်တွေကို ထောက်ပံ့ပေးပါ့မယ် "

" နျဲ့ချင်းယွင် အခြေအနေနဲ့ အချိန်အခါ လှုပ်ရှားတတ်သားပဲ။ အစ်ကိုလုကို ထောက်ထားပြီးတော့ အရင်က ရန်ကြွေးတွေကို အတိတ်မှာ ချန်ထားခဲ့လိုက်မယ်” စစ်ခုန်ပေချန်းက ပြောလိုက်သည်။

" လုချန်းပေ့ကို ထောက်ထားတဲ့အနေနဲ့ ခင်ဗျားနဲ့ ပြိုင်မငြင်းတော့ဘူး” နျဲ့ချင်းယွင်က သူ့လူများအား ၁၂ဂိုဏ်းမှ အဆောင်များကို သွားယူခိုင်းခဲ့သည်။

" အဆောင်ကို အဆင့်နိမ့်၊ အလယ်အလတ်၊ အဆင့်မြင့်နဲ့ အကောင်းဆုံး အရည်အသွေးဆိုပြီး ခွဲခြားလို့ ရတယ်။ လေ့လာကြည့်သလောက် အကောင်းဆုံးအရည်အသွေး အဆောင် ၁၀၀၀ကို သုံးတာက အရမ်းကို အကုန်အကျများတယ်။ လိုအပ်ချက်ကလည်း ပိုပြီးတော့ မြင့်မားတယ်။ ကျုပ်တို့တွေ တခြားတစ်ဘက်က တူညီတဲ့ အစီအရင်မျိုး ရှိဖို့ လိုတယ်။ အဲဒါကြောင့် ကျုပ် အစီအရင်ကို ခင်းကျင်းနိုင်ရင်တောင် ဘာမှမမြင်ရတာမျိုး ဖြစ်နေနိုင်တယ်” မုန့်ချန်းသုံက ပြောလိုက်သည်။

ထိုစကားကို ကြားပြီးသည့်နောက်တွင် နျဲ့ချင်းယွင်က နှလုံးသား နာကျင်လာသလို ခံစားမိလာ၏။ သို့သော်လည်း ယခုအချိန် ထုတ်ပြောနေမည့် အချိန်မဟုတ်ပေ။

လုကျိုးက မေးလိုက်သည်။

” ငါတို့တွေ သတင်းစကားရော ပို့လို့ရလား "

" ကျုပ်တို့တွေ ကောင်းကင်သိုင်းခုံရုံးအဖွဲ့နဲ့ ဆက်သွယ်မိပြီး ရွှေကြာနယ်မြေက တစ်ယောက်ယောက်က တူညီတဲ့ အစီအရင်ကို မခင်းကျင်းထားသရွေ့တော့ သတင်းစကား ပို့ဆောင်ဖို့ မဖြစ်နိုင်ဘူး”

မုန့်ချန်းသုံက ပြောလိုက်သည်။

လုကျိုးက ခေါင်းညိတ်လိုက်၏။ အကယ်၍ သူသာ စီးဝူယာ့ကို ဆက်သွယ်နိုင်လျှင် အကောင်းဆုံးဖြစ်ပေသည်။ ကြည့်ရသည်မှာ ခက်ခဲဟန်ပေါ်၏။

...

တစ်နာရီကြာမြင့်ပြီးသည့်နောက်တွင် အဆောင်အားလုံးကို ယူဆောင်လာပြီး မုန့်ချန်းသုံဆီ အပ်လိုက်သည်။

မုန့်ချန်းသုံက မြေပြင်ပေါ်တွင် စက်ဝန်းတစ်ခု ရေးဆွဲကာ အစီအရင် သွေးကြောများကို ထည့်သွင်းလိုက်သည်။ သူက အစီအရင်အပေါ် အဆောင်များစွာ ထားရှိပြီး အသေးစိတ်သင်္ကေတများကို ထည့်သွင်းလိုက်၏။ သူက တစ်နာရီကြာ ရေးဆွဲနေခဲ့သည်။ သူ့ခေါင်းမှ ချွေးတဒီးဒီး ကျနေပြီး အသက်ပြင်းပြင်း လုရှူနေရသည်။ နောက်ဆုံးတွင် သူက အစီအရင်အလယ်တွင် ထိုင်ပြီး ပြောလိုက်၏။

” ပြီးသွားပြီ "

စစ်ခုန်ပေချန်းက မုန့်ချန်းသုံ မည်မျှ ပင်ပန်းနေသည်ကို မြင်သည့်အခါ မေးလိုက်၏။

” အကူအညီ လိုသေးလား "

" စစ်ခုန်ချန်းပေ့က ဘယ်လိုလုပ်ရမယ်ဆိုတာကို သိလား "

" အင်း "

" ... "

မုန့်ချန်းသုံက စစ်ခုန်ပေချန်းအား စိတ်ထဲမှ ကျိန်ဆဲမိလိုက်သည်။

လွန်ခဲ့တဲ့ တစ်နာရီလောက်ကတည်းက ပြောပါတော့လား...

အကယ်၍ သူတို့သာ အစီအရင်ကို အတူတကွ လုပ်ဆောင်ခဲ့လျှင် ကိစ္စများက ပိုမိုလွယ်ကူပြီး လွယ်ကူစွာ ပြီးမြောက်လိမ့်မည်။

သို့သော်လည်း သူတို့ အဆင့်အတန်း ခြားနားမှုကို ထည့်သွင်းစဥ်းစားသည့်အခါ မုန့်ချန်းသုံက မနည်းပြုံးလိုက်ပြီး ပြောလိုက်သည်” ကျေးဇူးပါ။ အကုန်လုံး ပြင်ဆင်ပြီးသွားပါပြီ”

ခဏအကြာတွင် မုန့်ချန်းသုံက လက်ဝါးပူးကပ်ကာ ကနဦးချီကို လှည့်ပတ်လိုက်သည်။

မြေပြင်ပေါ်ရှိ သင်္ကေတများက တောက်ပလာ၏။

ဝုန်း

အဆောင်က မီးစွဲသွားပြီးသည့်နောက် လွင့်မျောလာသည်။ သူတို့က ပေါင်းစပ်သွားပြီးသည့်နောက်တွင် အစီအရင်စည်းတံဆိပ်တစ်ခု ဖြစ်ပေါ်လာ၏။ အစီအရင်စည်းတံဆိပ်များကြား နေရာလွတ်တစ်ခု ထွက်ပေါ်လာသည်။ ကြေးမုံနှင့်တူသည့် အဆောင်စည်းတံဆိပ်တွင် ပုံရိပ်များ စတင်ထွက်ပေါ်လာ၏။

" အလုပ်ဖြစ်တယ် "

သူတို့က ကံကောင်းလှသည်။

တခြားသူများက အဆောင်စက်ဝန်းရှေ့တွင် စုဝေးရင်း စိတ်သက်သာရာ ရသွားကြဟန်ပေါ်သည်။

သူတို့ မြင်လိုက်ရသည်က ကောင်းကင်သိုင်းခုံရုံး၏ ကောင်းကင်ရထားလုံး ဖြစ်၏။ ထိုရထားလုံးပေါ်တွင် တူညီသည့် အဆောင်အစီအရင်နှင့် သတင်းစကား ပို့နေသည့် ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူတစ်ဦး ရှိနေသည်။ ထိုအစီအရင်မှတစ်ဆင့် သူတို့သည် ကောင်းကင်သိုင်းခုံရုံး၏ ကောင်းကင်ရထားလုံးသည် ရွှေကြာနယ်မြေအတွင်း ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။

ရထားလုံးပေါ်မှ ကျင့်ကြံသူရာချီက ရွှေကြာနယ်မြေ ကျင့်ကြံသူများဆီ ခုန်ဆင်းသွားကြသည်။ ရွှေကြာကျင့်ကြံသူများက အားနည်းသည်မှာ သိသာလှ၏။ သူတို့က ကောင်းကင်ရထားလုံးမှ ကျင့်ကြံသူများကြောင့် ချေမှုန်းခံလိုက်ရသည်။

ထိုအရာကို မြင်သည့်အခါ စစ်ခုန်ပေချန်း၊ ယောင်ချင်းချွမ်နှင့် ကျောက်ကျန်းဟယ်တို့က တိတ်ဆိတ်နေကြသည်။

ထိုစဥ် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က အမူအရာ ပျက်ယွင်းလျက် ကြည့်နေကြသည်။

" ရှစ်စွင်း ကျွန်တော်တို့တွေ ဆက်စောင့်လို့ မဖြစ်တော့ဘူး။ ကောင်းကင်သိုင်းခုံရုံးကို သောင်းကျန်းပြီးတော့ ကျူးကျော်မှုကို တားဆီးမှ ဖြစ်မယ်” ယွီကျန့်ဟိုင်က ပြောလိုက်သည်။

စစ်ခုန်ပေချန်းက သက်ပြင်းချကာ ပြောလိုက်၏။

” သူတို့တွေ ဒီလောက် မြန်မြန်ဆန်ဆန် လှုပ်ရှားလိမ့်မယ်လို့ ထင်မထားမိဘူး”

သူက ရွှေကြာနယ်မြေမှ ကျင့်ကြံသူများ သုတ်သင်ခံရသည်ကို ကြည့်နေရင်း လုကျိုးက ပြောလိုက်သည်” ငါတို့ ဆုံးရှုံးသွားတဲ့အသက် တစ်သက်ချင်းစီအတွက် ကောင်းကင်သိုင်းခုံရုံးရဲ့ အဖွဲ့သား တစ်ယောက်ချင်းစီကို သတ်မယ်”

တခြားသူများက ထိုအရာကို ကြားသည့်အခါ တုန်ယင်သွားကြသည်။

ထိုစဥ် ယောင်ချင်းချွမ်က တအံ့တသြ ရေရွတ်လိုက်၏” ဒါက ဘာကြီးလဲ "

အစီအရင်ထဲတွင် ဧရာမသားရဲကြီးတစ်ကောင် ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။ မြေပြင်ပေါ်မှ လှုပ်ရှားလာစဥ် မိုးခြိမ်းလုမတတ် ပေါက်ကွဲမှုများ ထွက်ပေါ်လာပြီး မြေပြင်ကိုပင် တုန်ခါသွားကာ တောင်တန်းများပင် လှုပ်ခါသွားစေသည်။

" ရွှေကြာနယ်မြေမှာ ဒီလောက်ကြီးတဲ့ သားရဲကြီး ရှိတယ်လား " ကျောက်ကျန်းဟယ်က တအံ့တသြဖြင့် ရေရွတ်လိုက်သည်။

ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူက ပေ ၁၅၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ဖော်ထားရင်း ဧရာမသားရဲကြီးဆီ ချဉ်းကပ်လာသည်။ သားရဲက လက်ဖြင့် ပုတ်ထုတ်လိုက်၏။

ဘန်း

ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဥ်သဏ္ဌာန်က လွင့်စင်သွားသည်။

အဖြူဝတ် မိန်းမပျိုလေးတစ်ဦးကို သားရဲကျောပေါ်တွင် မြင်ရလေသည်။ သူမက ပျံသန်းလိုက်ပြီးသည့်နောက်တွင် ကောင်းကင်ရထားလုံးမှ လူများအား စတင်တိုက်ခိုက်လေသည်။

" လျိုရှစ်ကျဲ ဒါက လျိုရှစ်ကျဲပဲ " ရှောင်ယွမ်အာက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

အဖြူဝတ်မိန်းမပျိုလေးက မိစ္ဆာဝေဟင်မျှော်နန်း၏ ခြောက်ယောက်မြောက်တပည့် ယဲ့ထျန်းရှင်း ဖြစ်၏။ ထိုစဥ် သူမက ချန်းဟွမ်နှင့် အတူတကွ တိုက်ခိုက်နေသည်။ ထိုအခိုက်အတန့်တွင် သူမက တိုက်ပွဲစီးကြောင်းကို ပြောင်းလဲပြီး ကျူးကျော်လာသည့်သူများကို အပြင်းအထန် သတ်ဖြတ်နေသည်။

" တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၅၀၀ ရရှိပါတယ်။ အပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၅၀၀ ရရှိပါတယ်”

" တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၅၀၀ ရရှိပါတယ်။ အပိုနယ်မြေဆုလာဘ်အနေနဲ့ ၅၀၀ ရရှိပါတယ်”

ဝှစ်

ပွင့်ချပ်ကိုးလွှာ ရွှေကြာစိတ်ဝိညာဥ်သဏ္ဌာန်က ထွက်ပေါ်လာ၏။ ကောင်းကင်သိုင်းခုံရုံး၏ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူများထံ မီးတောက်တစ်ခု ပြေးဝင်သွားသည်။

" ကံစွမ်းအားပဲ " ယောင်ချင်းချွမ်က တအံ့တသြရေရွတ်လိုက်သည်။

ရှားချန်ချိုးက ရှောင်ယွမ်အာအား မေးလိုက်၏။

” ဒါက မင်းရဲ့ လျိုရှစ်ကျဲလား”

" ဟုတ်တယ်။ လျိုရှစ်ကျဲကို မမှတ်မိဘူးလို့များ ထင်နေလား” ရှောင်ယွမ်အာက ယုံကြည်ချက်ရှိရှိ ပြန်ပြောလေသည်။

" ... "

ရှားချန်ချိုးက ရှောင်ယွမ်အာသည် သူတို့၏ ဆရာတူမောင်နှမများက သူတို့ခေါင်းကို အလွယ်တကူ ခြေမွှပစ်နိုင်ကြောင်း ပြောဆိုခဲ့သည့်အချိန်ကို ပြန်လည်အမှတ်ရသွား၏။

ကြည့်ရတာ ဒီမိန်းကလေးက အပိုတွေပြောနေတာ မဟုတ်ဘူးပဲ...

လုကျိုးက ယဲ့ထျန်းရှင်းသည် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံဆင့် ရောက်ရှိသွားရုံသာမက ကံမီးတောက် ကျွမ်းကျင်ထားသည်ကို မြင်သည့်အခါ အံ့အားသင့်သွား၏။ ထိုသို့ဖြင့် သူက ပိုမိုစိတ်အေးမိသွားသည်။

ထိုစဥ် ယောင်ချင်းချွမ်က ယဲ့ထျန်းရှင်းဆီ ပစ်လွှတ်လိုက်သည့် စက်ဝန်းတစ်ခုကို လက်ညှိုးထိုးကာ အော်ပြောလိုက်သည်” အဲဒါက ဘာကြီးလဲ "

" ပြိုင်ဘက်ကင်းအဆင့် လက်နက်ပဲ။ ပြိုင်ဘက်ကင်းအဆင့် လက်နက်က ဆဋ္ဌမသခင်မလေးကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်နေတာလား” ရှားချန်ချိုးက ရေရွတ်လိုက်သည်။

တခြားသူများက လှမ်းကြည့်လိုက်ကြ၏။

သူတို့က ဓားသွားနှင့်တူသလို တစ်ပြိုင်နက်တွင် ချိတ်ကောက်နှင့်တူညီသည့် လက်နက်ကို ကြည့်လိုက်သည်။

မုန့်ချန်းသုံက ရေရွတ်လိုက်၏။

” အချိန်စေ့သွားပြီ "

ပုံရိပ်က ဝေ့ဝါးသွားကာ လှိုင်းတွန့်များ ထွက်ပေါ်လာပြီးသည့်နောက် လုံးဝပျောက်ကွယ်သွားသည်။

ခဏအကြာတွင် ကျန်ရှိနေသည့် အဆောင်များက လေထဲ မွစာကြဲသွား၏။

…

အပိုင်း (၇၉၇) ရိတ်သိမ်းမှုကြီး

အဆောင်များ လောင်ကျွမ်းသွားတာ မြန်လွန်း၏။

မရေမတွက်နိုင်သော ယခင်လူများသည် အစီအရင် သွေးကြောများကို တန်ဖိုးကြီး စာရွက်များပေါ်၌ ထွင်းထုခဲ့၏။ သူတို့ကို မီးရှို့ထားစဉ် သူတို့သည် အစီအရင်မှ လိုအပ်သော စွမ်းအင်စည်းတံဆိပ်ကို ဖွဲ့တည်လိုက်မည်။ ၎င်းက အကွာအဝေး ခြားနေသော်ငြား ကြည့်ရှုရန်၊ ဆက်သွယ်ရန်၊ သတင်းပါးရန် အသုံးပြုနိုင်သည်။

ပြောင်းရန်မလို အဆောင်များက ထုတ်လုပ်ရန် ခက်ခဲ၏။

ကောင်းကင်သိုင်းခုံရုံးသည် ရွှေကြာနယ်မြေသို့ သူတို့၏ အဖွဲ့သားများ ပထမဆုံး ပို့စဉ် သတင်းပို့ရန်အတွက် အဆောင်တစ်ထောင်သာ ယူသွားပြီး ချုံးချီကို မျှားရန် ပွင့်ချပ်ကိုးလွှာ၏ စွမ်းအားကို အတုလုပ်ခဲ့သည်။

မုန့်ချန်းသုံက လိုလားတောင့်တမျှော်လင့်နေသော အမူအရာဖြင့် အဆောင်များကို ကြည့်လိုက်၏။ ပြီးနောက် သူက သက်ပြင်းချလိုက်တော့သည်။

” ကျုပ် အချိန်ဆွဲဖို့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်”

ရှောင်ယွမ်အာ လက်သီးဆုပ်လျက် ခြေဆောင့်နင်းကာ ပြောလိုက်တော့သည်။

“ ကျွန်မတို့တွေက လျိုရှစ်ကျဲကို ချုံခိုတိုက်ခိုက်တဲ့သူ ဘယ်ကောင်လဲဆိုတာ မြင်ဖို့ ပိုနီးစပ်နေပြီ “

စစ်ခုန်ပေချန်းက ပြောလိုက်၏။

” စိတ်ပူနေဖို့ မလိုဘူး။ ကျုပ် အမြင်မမှားရင် မင်းရဲ့ လျိုရှစ်ကျဲက ပြိုင်ဘက်ကင်း အဆင့်လက်နက်ကို ကိုင်ဆောင်ထားတာ။ ဒါ့အပြင် သူက ကံမီးတောက်ကို တတ်ကျွမ်းပြီး သားရဲရဲ့ ပံ့ပိုးမှုရှိတယ်။ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက် မဟုတ်ရင် သူ့ကို ဘယ်သူမှ ထိခိုက်အောင် မလုပ်နိုင်မယ် မထင်ဘူး”

ကျန်သည့်သူများသည် ထိုစကားကို ကြားသောအခါ ထောက်ခံကြောင်း ခေါင်းညိတ်လိုက်၏။

လုကျိုးသည် ဆိတ်ဆိတ်သာ နေလေ၏။ ယခုက ကောင်းကင်သိုင်းခုံရုံး၏ တံခါးဝသို့ တစ်ဟုန်ထိုး သွားရမည့် အချိန် မဟုတ်မှန်း သိနေသည်။ အထွတ်အထိပ် အသွင်ကတ်မှအပ သူ့ကို ကာကွယ်နိုင်ရန် ကတ်များစွာ မရှိပေ။ ကြယ်ပျံအိမ်တော်ကတောင် ကောင်းကင်သိုင်းခုံရုံးကို သတိထားရ၏။ ယင်းက ကောင်းကင်သိုင်းခုံရုံးသည် ကြယ်ပျံအိမ်တော်ထက် ပိုသန်မာတာကို သက်သေပြနေပြီ ဖြစ်သည်။ ကောင်းကင်သိုင်းခုံရုံး၏ ယွီရှန်းရှုက ယဲ့ကျန်းထက် ဖြေရှင်းရ ပိုတောင် ခက်ခဲမည့် ပုံပေါ်သည်။

ထိုစဉ် ရွှေကြာနယ်မြေထဲ၌ ဖြစ်သည်။

ယဲ့ထျန်းရှင်းသည် သူမ၏ မာယာကျော့ကွင်းကို သုံးလိုက်သည့် အချိန်တွင် သူမဘေးကို အလင်းတန်းဖြတ်သွားလျက် ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို တွေ့လိုက်ရ၏။

အလင်းတန်းသည် ပွင့်ချပ်ကိုးလွှာ အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ထိုးဖောက်သွားသည်။

“ စစ်ရှစ်ရှိုး ထပ်လုပ်ပြန်ပြီ ယဲ့ထျန်းရှင်းက ပြောပြီး အနည်းငယ် စိတ်မကျေမနပ် ဖြစ်သွား၏။ သူမသည် ချန်ဟွမ်း၏ အကူအညီဖြင့် အနီရောင်ကြာ သိုင်းပညာရှင်ကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရအောင်လုပ်ခဲ့သည်။ သူမသည် သူမရန်သူကို အနိုင်ယူနိုင်ရန် တိုက်ကွက်တစ်ကွက်သာ လိုတော့သည့်အချိန် မင်ရှစ်ရင်က နောက်ဆုံး ထိုးနှက်ချက်ကို သုံးပြီး သတ်ဖြတ်မှုကို ယူသွားလေသည်။

မင်ရှစ်ရင်က သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ရိုက်သွင်းပြီးနောက် ယဲ့ထျန်ရှင်းရှေ့၌ ပေါ်လာသည်။ သူက ပြုံးလျက် ပြောလိုက်တော့၏။

လျိုု့ရှစ်မေ့ မြန်မြန်လုပ်ရမယ်။ သက်ညှာမှု ကင်းမဲ့ရမယ်။ သူတို့တွေကို ဆုံးဖြတ်ချက် ပြတ်သားရမှာပေါ့။ သူကို ဘာအခွင့်အရေးများ ပေးလို့မရဘူး “

“ သူက ညီမအတွက် ပြိုင်ဘက်မှ မဟုတ်တာ။ သူက လွတ်သွားမယ်လို့ ထင်နေလား” ယဲ့ထျန်းရှင်းက ပြောလိုက်၏။

မင်ရှစ်ရင်က အလောင်းကို ရုတ်တရက် လက်ညှိုးထိုး ပြလိုက်သည်။

” ကြည့်ဦး သူအသက် ပြန်ရှင်လာပြီ “

“ ဘာလဲ၊ ဘယ်မှာလဲ “ ယဲ့ထျန်းရှင်းက ငုံ့ကြည့်လိုက်ချိန် ဘာမှ မတွေ့ရပေ။

အနီရောင်ကြာ သိုင်းပညာရှင်သည် ပင်လယ်ထဲ ကျသွားပြီး သောင်းကျန်းနေသော သမုဒ္ဒရာသားရဲများ ဝါးမျိုသွားတာ သိသာ၏။

ယဲ့ထျန်းရှင်းက မော့ကြည့်လိုက်ချိန်တွင် မင်ရှစ်ရင်ကို မတွေ့ရတော့ပေ။

“ လူလိမ် “ သူမ၏ အတွေးများကို စုစည်းပြီးနောက် ချန်ဟွမ်းဆီ ပျံသန်း သွားလိုက်သည်။

ချန်ဟွမ်းက သူမပြောတာကို နားလည်ပုံ ရသည်။ သူတို့နှစ်ယောက်လုံးက တစ်ထပ်တည်း ဖြစ်နေကြ၏။

“ ချန်ဟွမ်း ငါ့ကို ကောင်းကင်ရထားလုံးဆီ ခေါ်သွားပေး “ ယဲ့ထျန်ရှင်းက ပြောလိုက်သည်။

ကောင်းကင်ရထားလုံးသည် သာမာန်စီးတော် သားရဲနှင့် ရထားလုံးပျံများထက် ပိုကြီးမားသည်။ ၎င်း၏ အရှိန် ခုခံမှုနှင့် စွမ်းအားကလည်း ကောင်းမွန်၏။ လက်ရှိတွင် အဆုံးမဲ့ သမုဒ္ဒရာကို ဖြတ်ကျော်ရန် အကောင်းဆုံးနည်းဖြစ်သည်။

ချန်ဟွမ်းက ခေါင်းမော့လျက် အူလိုက်တော့သည်။

ပတ်ဝန်းကျင်ရှိ တာ့ယန် ကျင့်ကြံသူများက ချန်ဟွမ်း၏ အူသံကို ကြားသောအခါ ဖျတ်လတ်တက်ကြွ သွားကြသည်။

ယဲ့ထျန်ရှင်းက ချန်ဟွမ်းနှင့် ပြန်ရောက်လာချိန်မှ စပြီး သူမသည် အသေးစား ခရိုင်မြို့များကြား ခရီးသွားလေ့ရှိသည်။ ထိုအကြောင်းအရင်းကြောင့် ချန်ဟွမ်းသည် တာ့ယန်ပြည်သူများ၏ ရင်ထဲတွင် အစောင့်အရှောက် သားရဲတစ်ကောင်ပမာ ဖြစ်လာလေ၏။

လတ်တလော၌ ချန်ဟွမ်းတစ်ယောက်တည်း မရေမတွက်နိုင်သော သားရဲများကို သတ်ဖြတ်ခဲ့သည်။ ၎င်းကို မြင်ချိန်၌ ပိုကြီးသည့် အကောင်များက အဝေးသို့ ရောက်သွားကာ လှုပ်ရှားဖို့ ကြောက်ရွံ့နေကြသည်။

ယခုအချိန်တွင် လူရိုင်းများနှင့် နယ်ခြားမျိုးနွယ်များသည် တာ့ယန်မှ ကာကွယ်ပေးမှုကို လိုအပ်နေသည်။

ယဲ့ထျန်ရှင်း၏ စကားကို ကြားသောအခါ ချန်ဟွမ်းသည် မိုးကုပ်စက်ဝိုင်းဆီ ဦးတည်သွားလိုက်၏။

ချန်ဟွမ်း၏ စွမ်းအားကြောင့် ယဲ့ထျန်ရှင်းက အံ့ဩထိတ်လန့်နေတော့သည်။ သူမသည် လရောင် သစ်သားမြေ၌ ချန်ဟွမ်းနှင့် တွေ့ချိန်မှ စပြီး ချန်ဟွမ်းက အမြင့်သို့ ပျံသန်းတာကို သူမ တစ်ခေါက်မှ မတွေ့ခဲ့မိပေ။ ၎င်း၏ အရွယ်အစားကြောင့် ချန်ဟွမ်းသည် ပျံသန်းဖို့ လိုအပ်ရှာသည်။ ဆိုရလျှင် တစ်ချက်ခုန်ရုံဖြင့် ထိတ်လန့်ဖွယ် အကွာအဝေးကို လွှမ်းခြုံထားနိုင်သည်။

ချန်ဟွမ်းက လေထဲ ခုန်တက်လျက် တောင်ပံတစ်ဖြတ်ဖြတ်ခတ်ကာ ကောင်းကင်ရထားလုံးဆီကို ပစ်လိုက်လေ၏။ ယင်းကို တွေ့သောအခါ ယဲ့ထျန်ရှင်းက ပြုံးပြီး ချန်ဟွမ်း၏ ကျောကို ပုတ်လျက် ပြောလိုက်တော့သည်” ဆက်သွား “

“ မဟုတ်ဘူး “ ကောင်းကင်ရထားလုံးပေါ်ရှိ အဆောင်အစီအရင်ကို ထိန်းနေသော ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူက အန္တရာယ်ကို ခံစားမိသောအခါ အော်လိုက်သည်။ သူက လက်အမြန်ရုပ်ကာ အဆောင်များကို ကြဲလိုက်ရာ အစီအရင်က ပျောက်ကွယ်သွားတော့သည်။

ကောင်းကင်သိုင်းခုံရုံးရှိ လီရှန်ခန်းမထဲတွင် ဖြစ်သည်။

များစွာသော အကြီးအကဲများက ဘေးတွင်သာ ရပ်နေလေ၏။ အစောတုန်းက ဖြတ်ချခံလိုက်ရသော မြင်ကွင်းကို ကြည့်ပြီး သူတို့အမူအရာက သုန်မှုန်သွားကြသည်။

မော့ပုရန်က ပြောလိုက်၏။

” ကြည့်ရတာ ရွှေကြာနယ်မြေက ပိုအစွမ်းထက်လာတဲ့ ပုံပဲ။ သူတို့နှစ်ယောက်ထဲကို အကဲဖြတ်ကြည့်ရင် ကျုပ်တို့တွေ အသာစီးရဖို့အတွက် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတွေ ပို့ရမဲ့ ပုံပဲ “

ထိုစဉ် ယွီရှန်းရှု၏ အမူအရာ၌ မည်သည့် ပြောင်းလဲမှုကိုမှ မတွေ့ရပေ။

မော့ပုရန်၏ ဘယ်ဘက်တွက် ရပ်နေသော ကျန်းထင်းကျုံးက ပြောလိုက်လေ၏။

” အကြီးအကဲ ပြောတာကို သဘောမတူဘူး “

“ အကြီးအကဲကျန်းရဲ့ အမြင်က ဘာများလဲ “

“ ကျုပ်တို့တွေ ရွှေကြာနယ်မြေဆီ လူအများအပြား ပို့ခဲ့ဖူးပြီး သူတို့အားလုံး ကျရှုံးသွားတယ်။ ကောင်းကင်ရထားလုံးက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူနှစ်ယောက်ကို တွေ့ခဲ့တာ။ ပြီးတော့ သူတို့တွေက အဲ့ဒီ ဧရာမသားရဲရဲ့ အကူအညီ ရှိနေတယ်။ ဒါ့အပြင် ရွှေကြာနယ်မြေမှာ နေထိုင်တဲ့သူတွေက ကျုပ်တို့နယ်မြေကို ကျူးကျော်လာခဲ့ပြီးပြီ။ သူတို့ကို ဖမ်းနိုင်စွမ်း မရှိရုံတင်မဘူး နေ့စဉ်နေ့တိုင်း ကျုပ်တို့လူတွေ ပိုပိုဆုံးရှုံးနေတာ။ ရွှေကြာနယ်မြေက ကျုုပ်တို့ထက် ပိုအစွမ်းထက်တာ သေချာတယ်”

ကျန်းထင်းကျုံးက ပြောလိုက်၏။

အနီရောင် ကြာနယ်မြေသို့ အစောဆုံး သွားခဲ့သော သူများထဲမှ တစ်ယောက်ဖြစ်သည့် ကျန့်ဝမ်ရွှီ ဖြစ်စေ၊ ကံမီးတောက် အသုံးပြုသူ ဖာ့ဟွာ ဖြစ်စေ မည်သူကမှ သူတို့ ရွှေကြာနယ်မြေသို့ သွားသည့် ခရီးစဉ်၌ အသက်မရှင်ခဲ့ပေ။

တစ်စုံတစ်ယောက်က‌ ပြောလိုက်၏။

” အကြီးအကဲကျန်း ပြောတာ မှန်တယ်။ ဒါ့အပြင် ခုံရုံးသခင်က ရွှေကြာနယ်မြေကို သူကိုယ်တိုင် သွားဖို့ မဖြစ်နိုင်ဘူး။ ဒါမျိုးက သူ့လက်အောက်က လူတွေပဲ လုပ်ရမှာ။ ကောင်းကင်သိုင်းခုံရုံးက သူ့ရဲ့ သခင် ဒီမှာ ရှိဖို့ လိုတယ် “

မော့ပုရန်က ပြောလိုက်၏။

” ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူကို လွှတ်ရင်ရော “

“ချန်ပေကျန်းရဲ့ သေဆုံးမှုက ယနေ့အထိ လျို့ဝှက်ဆန်းကြယ်မှု တစ်ရပ် ဖြစ်နေတုန်းပဲ။ တော်ဝင်ခုံရုံးက အကြောင်းပြချက်ကောင်း မရှိပဲ နောက်ထပ် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက်ကို ပို့မှာ မဟုတ်ဘူး “

ထိုစဉ် ကောင်းကင်သိုင်းခုံရုံး တပည့်က ခန်းမထဲ အမြန်ပြေးလာသည်။ ဦးညွှတ်ပြီးနောက် သူက အမြန် ပြောလိုက်သည်။

” ခုံရုံးသခင်နဲ့ အကြီးအကဲတို့ တိမ်တိုက်တောင်ဆီက အခုပဲ သတင်းရလိုက်ပါတယ်။ ကြယ်ပျံအိမ်တော်က အပြည့်အဝ သုတ်သင်ခံလိုက်ရပြီး တော်ဝင်ခုံရုံးက တပ်သားတွေကလည်း နောက်ဆုတ်သွားပြီ။ လက်ရှိ ကျွန်တော်တို့ ဂိုဏ်းသားတွေက တိမ်တိုက်တောင်မှာ အကျဉ်းချခံထားရပါတယ်”

ကျန်သည့်သူများသည် ထိုစကားကို ကြားသောအခါ မကျေမနပ် ဖြစ်ကုန်၏။

တပည့်က အမြန်ပြောလိုက်သည်။

“ ကြယ်ပျံအိမ်တော်သခင် ရှန်ထျန်းတု သေပါပြီ။ သူတို့ရဲ့ မဟာအကြီးအကဲလည်း သေသွားပြီ။ အစောင့်တပ်ရဲ့ ဒုခေါင်းဆောင် လုကျန်းလည်း သေသွားပါပြီ။ ကောင်းကင်သိုင်းခုံရုံးရဲ့ ခေါင်ဆောင်နည်းပြနဲ့ တခြားနည်းပြ သုံးယောက်လည်း သေသွားပါပြီ။ အခု အသက်ရှင် ကျန်ရစ်တဲ့သူတွေကို တိမ်တိုက်တောင်မှာ ထိန်းထားပါတယ်

“ ………………..”

အကြီးအကဲများ၏ မျက်မှောင်ကျုံ့မှုက ပိုနက်ရှိုင်းလာတော့သည်။

ယွီရှန်းရှုက တပည့်ကို ကြည့်ပြီး မေးလိုက်၏။

” ယဲ့ကျန်းလည်း သေပြီ ဟုတ်လား “

“ ဟုတ်ပါတယ် အတည်ပြုပြီးပါပြီ “

“ ငါ့ကို အားလုံးပြောပြ အစကနေ တစ်ခုမှ မချန်နဲ့ “ ယွီရှုန်းရှုက ပြောလိုက်၏။

“ နားလည်ပါပြီ “

လုကျိုးနှင့် နဝမဘုံကျောင်း၏ ဂိုဏ်းသားများသည် ယနေ့ တိမ်တိုက်တောင်မှ မထွက်သွားပေ။ ထိုအစား သူတို့သည် တိမ်တိုက်တောင်ပေါ်၌ တစ်ယောက်ချင်း စောင့်ကြပ်ပေးနေကြသည်။ ထိုည၌ လုကျိုးက တင်ပျဉ်ခွေချိတ် ထိုင်လျက် သူ၏ ထူးကဲအံ့ဖွယ်စွမ်းအားကို ပြန်ဖြည့်ရန် ကောင်းကင်ကျမ်းစာ စာလိပ်ကို ဆင်ခြင် သုံးသပ်နေသည်။

ခရမ်းရောင် တောက်ပသံကျောက် ကျေးဇူးကြောင့် ၎င်းကို မတပ်ဆင်ရသေးသည့်တိုင် သူကျင့်ကြံမှုအရှိန်နှင့် ကနဦးချီ ပြန်လည် ဖြည့်တင်းမှု၊ ထူးကဲစွမ်းအား ဖြည့်တင်းမှု အရှိန်က တိုးလာတော့သည်။

လုကျိုးက မျက်လုံးဖွင့်လိုက်၏။ ယခုက ခရမ်းရောင် တောက်ပသံကျောက်ကို အဆင့်မြှင့်တင်ရမည့် အချိန် ဖြစ်သည်။

သူက စနစ် မျက်နှာပြင်ကို ကြည့်လိုက်၏။

ကုသိုလ်မှတ်= ၂၂၀၅၄၀

ကျန်ရှိသော သက်တမ်း = ၂၁၉၇၄၄ ရက်

အသုံးပစ္စည်း = အတိုက်အခိုက် ဒဏ်ပြင်း ပိတ်ဆို့ကတ် -၁၃၈ ကတ် (အလိုအလျောက်သုံး) နတ်ခြင်္သေ့၊ ပိအန်း ၊ ကျီလျန့်၊ ချုံးချီ၊ ရုပ်ဖျက်ကတ်၊ ရွှေရောင်ထိုက်ရွှီ‌ ကြေးမုံ ၊ အသွင်ပြောင်းကတ် - ၃ ကတ် ၊ တောက်ပကျောက်တုံး- ၂တုံး၊ အကြောင်းပြန်လှန်ကတ် - ၇၆ကတ်၊ သန့်စင်ခြင်းအဆောင် - ၃ခု။

လက်နက်= အမည်မဲ့၊ ကျောက်စိမ်း မြည့်မြှီးတုတ်၊ စီရင်ရေး စုတ်တံ၊ ကြိုးမျှင်ကိုးသွယ် ဗျပ်စောင်း၊ လေးထောင့်သေတ္တာ၊ ခရမ်းရောင် တောက်ပသံကျောက်။

ကျင့်စဉ်= ကောင်းကင်ကျမ်းစာ စာလိပ်-၃မျိုး

သူ၏ အမှတ်အများစုသည် နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ် ကျင့်ကြံသူများကို သတ်ဖြတ်ခြင်းနှင့် နယ်မြေအပိုများမှ ရရှိလာ၏။ ယဲ့ကျန်းသည် သူ့ကို ကုသိုလ်မှတ် ၁၀၀၀၀ ပေးခဲ့သည်။ သိုသော် ကျန်သည့်သူများက ကျင့်ကြံဆင့် မရှိသောကြောင့် သူတို့က အရေအတွက်ဖြင့် ဖြည့်ထားပေးသည်။ ယင်းက အကျိုးရှိသည့် ရိတ်သိမ်းမှု ဖြစ်သည်။

သူသည် ကုသိုလ်မှတ် ၂၂၀၀၀၀ ကိုကြည့်ပြီး အတွေးနက်သွားလေ၏။ သူသည် ကောင်းကင်သိုင်းခုံရုံး၊ တိမ်တိုက်တောင်နှင့် နန်းတော်က လူတိုင်းကို သတ်ခဲ့လျှင် သူသည် ကုသိုလ်မှတ် ငါးသိန်းကို ရပြီး ဘုံတစ်ထောက် လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဝယ်နိုင်လိမ့်မည်။ သူက ပွင့်ချပ်ဆယ်လွှာ အဆင့်ရောက်မှ ဘုံတစ်ထောင် လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို အသုံးပြုနိုင်မည်။

နောက်ဆုံးတွင် လုကျိုးသည် ညာလက်ကို ဆန့်ထုတ်လိုက်လေ၏။ ကျောက်မြတ်ကဲ့သို့ ခရမ်းရောင် ကြွေစဉ့်သည် သူ၏လက်ထဲ၌ ပေါ်လာ၏။ အလိုလိုပင် သူသည် တပ်ဆင်ခြင်း အဆောင်ကို ဆွဲထုတ်လိုက်ကာခရမ်းရောင် တောက်ပသံကျောက်ကို သန့်စင်လိုက်တော့၏။

တစ်နာရီခန့်ကြာပြီးနောက် နောက်ဆုံးတွင် သန့်စင်ပြီးသွားပြီ ဖြစ်သည်” ခရမ်းရောင် တောက်ပသံကျောက်ကို ရရှိပါပြီ။ အဆင့်- ကောင်းကင်၊ သခင်အသစ်ကို အသိအမှတ်ပြုနိုင်ပါပြီ”

လုကျိုးသည် သူ့ကို ခရမ်းရောင် တောက်ပသံကျောက်ကို အသိအမှတ်ပြုရန် အလျင်မလိုပေ။ ထိုအစား သူသည် တောက်ပကျောက်တုံးကို သုံးပြီး ခရမ်းရောင် ကြွေဆင့်တဲ၏ အရှိန်ကို မြှင့်တင်လိုက်၏။

လုကျိုးသည် ဖြစ်စဉ်နှင့် ရင်းနှီးနေသောကြောင့် တောက်ပကျောက်တုံးကို သုံးပြီးနောက် သူသည် ၎င်းအဆင့်မြှင့်တင်ချိန်၌ ခရမ်းရောင် တောက်ပသံကျောက်ကို အာရုံမစိုက်တော့ပေ။ ထိုအစား သူ၏ ကုသိုလ်မှတ်ကို ကြည့်ပြီး မည်သို့ သုံးသင့်သလဲဟု တွေးနေလိုက်သည်။

သူသည် စနစ်မျက်နှာပြင်ကို ကြည့်ပြီး ဝှက်ဖဲများကို စုထားရန် ဆုံးဖြတ်ပြီးနောက် အသေရိုက်ချက်ကတ်၏ တန်ဖိုးကို စစ်ဆေးကြည့်လိုက်သည်။

…

အခန်း (၇၉၈) သစ္စာဖောက်နှင့် ဝေးဝေးနေခြင်း၊ ကုန်းမြေဆီ ငြိမ်းချမ်းမှု သယ်ဆောင်လာခြင်း အပိုင်း ၁

လုကျိုးက အသေရိုက်ချက်ကတ်၏ စျေးနှုန်းကို စစ်ဆေးကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း ယခုအခါ ကုသိုလ်ရမှတ် ၂၃၀၀၀ ဖြစ်နေလေပြီ။ လက်တလောအတွေ့အကြုံများမှ စျေးနှုန်းသည် သူ ဝယ်ယူသည့် အခါတိုင်း၊ အသုံးပြုသည့် အခါတိုင်း သို့မဟုတ် သူ့ကျင့်ကြံဆင့် တိုးမြင့်သွားသည့် အခါတိုင်း စျေးတက်သွားလိမ့်မည်။ အကယ်၍ သူသာ ကုသိုလ်ရမှတ် အားလုံးကို သုံးကာ ကတ်များကို ဝယ်ယူလိုက်လျှင် တန်ကြေးက အဆမတန် ဖြစ်လာလိမ့်မည်။ သို့သော်လည်း ယခု မဝယ်ပါက သူ့ကျင့်ကြံဆင့်သည် အတူတူဖြစ်နေစဥ် အသုံးပြုဖို့ ကတ်ရှိမည် မဟုတ်ပေ။

" ဝယ်မယ် " သူက အသေရိုက်ချက် ကတ်တစ်ကတ်ကို ဝယ်လိုက်၏။ တန်ကြေးက ယခုအခါ ၂၄၀၀၀ အဖြစ် စျေးတက်သွားသည်။ ထို့နောက် သူက ပြစ်ချက်မဲ့ကတ် တစ်ကတ်ကိုပါ ဝယ်ယူလိုက်ပြီး ၂ကတ်လုံး၏ စျေးနှုန်းက ၂၅၀၀၀ ဖြစ်သွားလေသည်။ ထိုအရာများက သူ့မှန်းဆချက်အတွင်း ရှိနေဆဲ ဖြစ်၏။ သူက ထိုအရာကို လက်ခံနိုင်သည်။ အစစ်အမှန် ပညာရှင်များက ရှားပါးလှ၏။

" ဟမ် ကတ်အသစ်ပါ့လား " သိပ်မကြာခင် လုကျိုးက အောက်ခြေတွင် ကတ်၂ခု အသစ်ရောက်နေသည်ကို မြင်လိုက်ရ၏။

" သင်ကြားပြသသူ၊ ကြာရှည်ခံ အလိုအလျောက် နည်းစနစ်၊ တပည့်တွေကို လေ့ကျင့်ပေးတဲ့ အချိန်အချိန်တိုင်း အားစိုက်ထုတ်မှုတစ်ဝက်နှင့် သက်ရောက်မှု နှစ်ဆ ရရှိနိုင်တယ်။ တန်ကြေးကုသိုလ်ရမှတ် ၃၀၀၀၀ "

" ထာဝရ စံပြ၊ ရေရှည်ခံ အလိုအလျောက်သုံးနည်းစနစ်၊ တပည့်က သင့်ဆီမှ သင်ယူသည့်အခါ သင့်အနေဖြင့် အားစိုက်ထုတ်မှုတစ်ဝက်နှင့် သက်ရောက်မှု နှစ်ဆ ရရှိလိမ့်မည်။ တန်ကြေးကုသိုလ်ရမှတ် ၃၀၀၀၀ "

သူက ထိုကတ်အသစ်များ၏ သက်ရောက်မှုကြောင့် ကျေနပ်နေမိသည်။ သူ့တပည့်များ၏ တိုးတက်မှုက သူ့တိုးတက်မှုနှင့် တူညီလေ၏။ သို့သော်လည်း တန်ကြေးက မြင့်မားနေသည်။ သူက ကတ်အသစ်၂ခုကို ဝယ်ယူဖို့ ကုသိုလ်ရမှတ် ၆၀၀၀၀ လိုအပ်နေ၏။ ကုသိုလ်ရမှတ် ၆၀၀၀၀ က ပမာဏနည်းနည်းလေး မဟုတ်ပေ။ ထိုကုသိုလ်ရမှတ် ၆၀၀၀၀ ရရှိဖို့ သူ လူမည်မျှကို သတ်ရမည်နည်း။ ထိုကတ်များက စျေးကြီးလွန်းလှသည်။

အဆုံးသတ်တွင် လုကျိုးက ထိုကတ် ၂ခုကို မဝယ်လိုက်ပေ။ သူက စောင့်ကြည့်ဖို့ ဆုံးဖြတ်ထား၏။ သူနှင့်အတူ ရှိနေသည့် တပည့်လေးယောက်က သူ့ဆီမှ လမ်းညွှန်ပြသမှု မလိုအပ်ပေ။ သူတို့က အလျင်အမြန် သင်ယူနိုင်ကြ၏။ ရွှေရောင်နယ်မြေတွင် ရှိနေသည့် တပည့်များကသာ သူ့လမ်းညွှန်းမှုကို လိုအပ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ရွှေရောင်ကြာနယ်မြေဆီ ပြန်ရောက်သည့်အခါမှ ကတ်များကို ဝယ်ဖို့ ဆုံးဖြတ်ထား၏။

ကံကောင်းမှတ် ၁၀မှတ်လား။ အဲဒါဆိုရင် ငါ ကံကောင်းမှုကို စမ်းကြည့်ရမဲ့အချိန်ပဲ ...

...

နောက်တစ်ရက် မနက်ခင်း၌

လုကျိုးက ကံကောင်းမှတ် ၁၁၀ကို ကြည့်ကာ ခေါင်းအသာယမ်းလိုက်သည်။

သူက ကောင်းကင်ကျမ်းကို တစ်ညတာလုံး ဆင်ခြင်ပြီးသည့်နောက်တွင် ထူးခြားအံ့ဖွယ်စွမ်းအားတချို့ ပြန်လည်ရရှိနေပြီ ဖြစ်၏။ သို့သော်လည်း ပြန်လည်ပြည့်ဝဖို့ရာအတွက် လိုအပ်နေသေးသည်။

သူက လက်တလောလေးမှ ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်းစာလိပ်ကို ရရှိထားကြောင်း အမှတ်ရသွားသည်။ သို့သော်လည်း ထိုအရာက သူ့အား စွမ်းအင်သစ် မပေးအပ်လာပေ။

ဒါက ဖွင့်လှစ်ခြင်းစာလိပ်အတုလား....

ဝှစ်

ထိုစဥ် လေထုထဲ လောင်ကျွမ်းသည့်အသံ ထွက်ပေါ်လာ၏။

လူကျိုးက လှည့်ကြည့်လိုက်သည့်အခါ ခရမ်းရောင် တောက်ပသံကျောက်က ခရမ်းရောင် တောက်ပနေပြီး တောက်ပကျောက်တုံးမှ မီးတောက်သည် အလျင်အမြန် ပျောက်ကွယ်သွားသည်။ ဆိုလိုသည်မှာ ခရမ်းရောင် တောက်ပသံကျောက်က အဆင့်မြင့်လုနီးပါး ဖြစ်သွားလေပြီ။

သူက တရားထိုင်ရပ်တန့်လိုက်ပြီးသည့်နောက်တွင် ထရပ်လိုက်၏။ သူက မုတ်ဆိတ်သပ်ကာ ဖြစ်စဥ်ပြီးဆုံးသည့်အထိ စောင့်ဆိုင်းနေသည်။

၁၅ မိနစ်ကြာမြင့်ပြီးသည့်နောက်တွင် မီးတောက်က ပျောက်ကွယ်သွား၏။

လုကျိုးက လက်ဆန့်ထုတ်လိုက်သည့်အချိန် ခရမ်းရောင် တောက်ပသံကျောက်က သူ့လက်ထဲ ကျရောက်လာသည်။

ယခင်ကဲ့သို့ ထိတွေ့ဖို့ရာအတွက် ပူမနေပေ။ ထို့အစား ခရမ်းရောင် တောက်ပသံကျောက်က သူ့ခန္ဓာကိုယ်အနှံ့ဝင်ရောက်သွားသည့် အေးစက်မှုတစ်ခုကို ထုတ်လွှတ်နေသည်။ ထိုအရာက သူ့ချီသွေးကြော ရှစ်ခုနှင့် ချီပင်လယ်အထိ ဝင်ရောက်သွားသည်။ ထိုသို့ဖြင့် သူ့ချီပင်လယ်ရှိ ကနဦးချီက ယခင်ထက် ပိုမိုလျင်မြန်စွာ လှည့်ပတ်လာသည်။

လုကျိုးက ထိုအရာကြောင့် အံ့သြနေမိ၏။

" တင်း ပြိုင်ဘက်ကင်းအဆင့် ခရမ်းရောင် တောက်ပသံကျောက်ကို ရရှိပါတယ်။ ဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၀၀၀ ရရှိပါတယ်”

လုကျိုးက လက်နှစ်ချောင်းဖြင့် စွမ်းအင်ဓားမြှောင်အသေးလေးကို ဖော်လိုက်ပြီးနောက် လက်ကို ခြစ်ချလိုက်သည်။ ထိုစဥ် သွေးတစ်စက်က ခရမ်းရောင် တောက်ပသံကျောက်ဆီ ကျရောက်သွား၏။

သူက စနစ်ကို ကြည့်လိုက်သည့်အခါ သူသည် ယခုထိုအရာ၏ ပိုင်ရှင်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ယခု သူက ပိုင်ရှင်ဖြစ်နေ၍ ခရမ်းရောင် တောက်ပသံကျောက်၏ သက်ရောက်မှုကို ယခင်ထက် ရှင်းရှင်းလင်းလင်း ပိုမိုခံစားမိလာသည်။ သူ့ကနဦးချီ ပြန်လည်ကောင်းမွန်နိုင်စွမ်းနှုန်းနှင့် လှည့်ပတ်နှုန်းက နဂိုထက် သုံးပုံတစ်ပုံ တိုးမြင့်လာခဲ့သည်။

" ယဲ့ကျန်းက ဒီရတနာကို ဘယ်က ရလာတာလဲ " လုကျိုးက ခရမ်းရောင် တောက်ပသံကျောက်ကို သိမ်းလိုက်ပြီးနောက် စဥ်းစားလိုက်သည်။ ယခုတွင် အဆင့်မြင့်သွားပြီဖြစ်၍ အမည်မဲ့နောက်သာ နောက်ကောက်ကျန်တော့သည်။ ထိုသို့ဖြင့် သူသည် ဆက်လက် ကျင့်ကြံနိုင်လေပြီ။

ခရမ်းရောင် တောက်ပသံကျောက်ကို သိမ်းဆည်းပြီးသည့်နောက်တွင် သူက ကျင့်ကြံဆင့်ကို အကဲဖြတ်လိုက်၏။ သူက ပွင့်ချပ်ကိုးလွှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ခရမ်းရောင် တောက်ပသံကျောက်ဖြင့် ပွင့်ချပ်ဆယ်လွှာ အဆင့် မကြာခင် ရောက်ရှိနိုင်ကြောင်း သေချာနေသည်။

သူက ကောင်းကင်ကျမ်းစာလိပ်ကို တရားထိုင်လိုက်၏။ သူက ကောင်းကင်ကျမ်းစာလိပ်မှ သင်္ကေတများသည် ယခင်ထက် ပိုမိုချောမွေ့နေကြောင်း ခံစားမိလိုက်သည်။ ဤသို့ဖြင့် သူ့ထူးခြားအံ့ဖွယ်စွမ်းအား ဖြည့်တင်းနှုန်းကလည်း တိုးမြင့်လာခဲ့သည်။

...

၃ရက်တာက မျက်စိတမှိတ်အတွင်း ကုန်ဆုံးသွား၏။

လုကျိုးက မျက်လုံးဖွင့်လိုက်သည့်အခါ ထူးခြားအံ့ဖွယ်စွမ်းအားက ပြည့်ဝနေပြီဖြစ်၏။

လုကျိုးအနေဖြင့် ထူးခြားအံ့ဖွယ်စွမ်းအားကို ပြန်လည်ဖြည့်တင်းဖို့ ၄ရက်တာ ကုန်ဆုံးခဲ့ရသည်။

" ခရမ်းရောင် တောက်ပသံကျောက်က ဒီလိုသက်ရောက်မှုမျိုး ရှိတာတာပဲ " လုကျိုးက ခရမ်းရောင် တောက်ပသံကျောက်၏ သက်ရောက်မှုကြောင့် အံ့အားသင့်နေမိသည်။

သူက ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည့်အချိန် နေရောင်က ဝရံတာပေါ် ဖြာကျနေ၏။

သူက အခန်းတွင်းမှ ထွက်လာခဲ့လိုက်သည်။

သူ့ခြံဝန်းကို စောင့်ကြပ်နေကြသည့် တိမ်တိုက်တောင်၏ တပည့်နှစ်ဦးက နှုတ်ဆက်လာ၏။

” လုချန်းပေ့ကို ဂါရဝပြုပါတယ် "

လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် လှေကားမှ ဆင်းသွားဖို့ ပြင်လိုက်သည်။

ဘယ်ဘက်မှ တပည့်တစ်ဦးက ဦးညွတ်ကာ ပြောလိုက်၏။

” လုချန်းပေ့ ကျွန်တော် ဂိုဏ်းချုပ်နဲ့ ကျောင်းထိုင်စစ်ခုန်ကို အကြောင်းကြားပေးပါ့မယ် "

" အဲ့လိုလုပ်ဖို့ မလိုဘူး "

ယခုအချိန်က နောက်ကျနေလေပြီ။

" ငါက ခဏလောက် လှည့်ပတ်ကြည့်ရုံပဲ။ မင်းတို့တွေ ထွက်သွားလို့ ရပြီ” လုကျိုးက ပြောလိုက်သည်။

" ဟုတ်ကဲ့ " တိမ်တိုက်တောင်၏ တပည့်များက တုန်တုန်ယင်ယင်ဖြင့် ထွက်ခွာသွားကြသည်။

လုကျိုးက ကောင်းကင်ကို မော့ကြည့်ကာ အတွေးနက်နေမိ၏။ သူက အနီရောင်ကြာနယ်မြေမှာ ကျင့်ကြံသူများသည် ရွှေကြာနယ်မြေကို ကောင်းကင်ရထားလုံးဖြင့် ကျူးကျော်သည့်အကြောင်းကို စဥ်းစားနေ၏။

ယခုတွင် သူတို့က ကောင်းကင်သိုင်းခုံရုံးမှ ကျင့်ကြံသူတစ်ထောက်ကို တိမ်တိုက်တောင်တွင် ဖမ်းဆီးရရှိထားပြီဖြစ်ရာ ကောင်းကင်သိုင်းခုံရုံးအနေဖြင့် ထိုကိစ္စကို အလွတ်ပေးမည်မဟုတ်ပေ။ သူက သူတိုက်ခိုက်သည်ကို စောင့်နေမည့်အစား လက်ဦးမှု ယူလိုက်သည်က ပိုမိုကောင်းသည်ဟု ထင်မိသည်။

ထိုအတွေးဖြင့် လုကျိုးသည် ခြံဝန်းမှ ထွက်လာခဲ့၏။ သူက ခရမ်းရောင် တောက်ပသံကျောက်ကို အသက်သွင်းလိုက်ပြီး အရှိန်အဝါကို ဖုံးကွယ်ထားကာ တိမ်တိုက်တောင်မှ အဝေးဆီ ပျံသန်းသွားလိုက်သည်။ ပြိုင်ဘက်ကင်းအဆင့် ခရမ်းရောင် တောက်ပသံကျောက်က သူ့ကနဦးချီမှ လှိုင်းများကိုပင် ဖုံးကွယ်ပေးထားသည်။

သူက ဝေဟင်ထဲ ရောက်ရှိသည့်အခါ နတ်ခြင်္သေ့ကို ဆင့်ခေါ်လိုက်ပြီး ကွမ်းနန်ပတ်လမ်းဆီ ပျံသန်းလိုက်သည်။

...

တာ့ထန်၏ နန်းဆောင်အတွင်း

ကန်းလုခန်းမဆောင်အထက်

လီယွင်ကျန်းက နေဝင်သည်ကို ကြည့်နေရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

” တော်ဝင်ခုံရုံး၊ မောင်းမဆောင်နှင့် တော်ဝင်အစောင့်အကြပ်တွေက သူတို့ဘက်ကပဲ။ ငါက ဘာများတတ်နိုင်အုံးမှာလဲ”

သူက သူ့ကိုယ်သူ ဆက်လက်ရေရွတ်နေပြီးသည့်နောက်တွင် ထောင့်တစ်နေရာကို ကြည့်လိုက်၏။

” ငါ ပြောပြီးပြီ။ ငါ မင်းရဲ့ကာကွယ်မှုကို မလိုဘူး။ ထွက်သွားစမ်း”

ထောင့်တစ်နေရာတွင် ယဲ့ရှောင်က ဒူးထောက်ကာ ပြောလိုက်၏” အရှင်မင်းကြီး အရှင်မင်းကြီးရဲ့ ဘေးကင်းမှုကို စိတ်ချရအောင် လုပ်ဖို့ လိုလို့ပါ။ လက်တလောအဖြစ်အပျက်ပြီးကတည်းက စစ်သူကြီးရှားဟို့က ဒီလိုကိစ္စမျိုး ဖြစ်လာခဲ့ရင် ကျွန်တော်မျိုးရဲ့ ခေါင်းကို ဖြတ်မယ်လို့ ပြောထားတယ်”

လီယွင်ကျန်းက ပြောလိုက်၏။

” မင်းက သူ့ကို ခစားတာလား။ ငါ့ကို ခစားတာလား”

" အရှင်မင်းကြီးကိုပါ " ယဲ့ရှောင်က ပြောလိုက်သည်။ သို့သော် အနည်းငယ် တုံ့ဆိုင်းနေဟန်ပေါ်၏။

" အဲ့ဆိုရင် မင်းက ဘာလို့ထွက်မသွားသေးတာလဲ "

" ဒီတစ်ခါတည်းပါ " ယဲ့ရှောင်က အလျင်စလို ထွက်သွားပြီး အမှောင်ထုအတွင်း ပျောက်ကွယ်သွားသည်။

နာရီပိုင်းကြာပြီးသည့်နောက်တွင် နေဝင်သွားပြီး ညအခါ ကျရောက်လာကာ လမင်း ထွက်ပေါ်လာသည်။

လီယွင်ကျန်းက သက်ပြင်းချကာ စဥ်းစားလိုက်သည်။

ငါ့ကျင့်ကြံဆင့်က မကောင်းသလို ပါရမီကလည်း မရှိဘူး။ ငါ့ရဲ့ သွေးကြောတွေထဲမှာ တော်ဝင်သွေး စီးဆင်းနေတာကလွဲရင် ငါက ဘာမှမဟုတ်ဘူး။ ...

ထိုစဥ် လက်ကြီးကြီးတစ်ခုက သူ့ဘယ်ဘက်ပခုံးကို လာပုတ်လေသည်။

" လူငယ်လေး စိတ်ငြိမ်ငြိမ်ထား "

လီယွင်ကျန်းက တုန်လှုပ်သွား၏။ ထို့နောက် သူက အလျင်အမြန် လှည့်ကြည့်ကာ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။

” ဆရာကြီး ခင်ဗျားလား "

" အင်း "

ခရမ်းရောင် တောက်ပသံကျောက်နှင့် ယခင်အတွေ့အကြုံတို့ဖြင့် လုကျိုးသည် စိတ်အေးလက်အေး ရှိနေသည်။

” ငါက လုပ်ကြံသတ်ဖြတ်သူပဲ "

" ကျွန်တော် သိပါတယ် "

" အဲ့ဆိုရင် မင်းက စိတ်ပူပန်နေသင့်တယ်လေ " လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်၏။

" ဒါပေမဲ့ ဆရာကြီးက ကျုပ်ကို တည်တည်ငြိမ်ငြိမ် နေဖို့ ပြောထားတယ်လေ " လီယွင်ကျန်းက ရိုးသားစွာ ပြန်ဖြေလိုက်၏။

ထိုလူငယ်လေးအပေါ် လုကျိုး၏ ခံစားချက်က မရိုးရှင်းပေ။ သူက မေးလိုက်သည်။

” မင်းက မင်းသားလား "

လီယွင်ကျန်းက ခေါင်းခါလိုက်၏။

" အဲ့ဆိုရင် အိမ်ရှေ့စံလား " လုကျိုးက ထပ်မေးလိုက်သည်။

လီယွင်ကျန်းက ခေါင်းခါလိုက်ပြန်သည်။

လုကျိုးက မျက်မှောင်ကြုတ်ကာ လီယွင်ကျန်း၏ ပခုံးကို တင်းတင်း ဆုပ်ထားလိုက်ပြီး ပြောလိုက်သည်။

” မင်းက မင်းသားရော အိမ်ရှေ့စံရော မဟုတ်ဘူးဆိုရင် ဒီနန်းဆောင်မှာ ဘယ်လိုလုပ် လက်ယားလက်ယား လုပ်နေနိုင်တာလဲ”

" အာ ဆရာကြီး ရပ်ပါအုံး " လီယွင်ကျန်းက လုကျိုး၏ လက်မှ ထွက်ဖို့ ကြိုးစားလိုက်သည်။

ထိုစဥ် ယဲ့ရှောင်က ပုန်းအောင်းနေရာမှ ထွက်ပေါ်လာပြီး " အရှင်မင်းကြီးကို ဘယ်သူလုပ်ကြံရဲတာလဲ "

အရှင်မင်းကြီးတဲ့လား...

လုကျိုးက လွတ်ပေးလိုက်၏။

တကယ်ကို ငယ်ရွယ်တဲ့ ဧကရာဇ်တစ်ယောက်ပဲ။ ငါ မဆင်ခြင်ပြုမူမိသွားတယ်...

လုကျိုးက အနက်ရောင်ပုံရိပ်ကို တည်ငြိမ်စွာ ကြည့်လိုက်၏။ သူက လက်ကို မြှောက်လိုက်သည့်အချိန် အပြာရောင်အလင်း တောက်ပလာသည်။ လရောင်အောက်တွင် ထိုအရာက ရှုမငြီးဖွယ် မြင်ကွင်းတစ်ခု ဖြစ်၏။

ယဲ့ရှောင်က သူ့အပေါ် ကျရောက်လာတော့မည့်ဆဲဆဲတွင် လုကျိုးက အလွယ်တကူ ရှောင်ရှားလိုက်၏။ သူက ယဲ့ရှောင်၏ ကာကွယ်ရေးစွမ်းအားကို ထောပတ်ကို လှီးသည့် ဓားပူတစ်ချောင်းကဲ့သို့ အလွယ်တကူ ချိုးဖောက်လိုက်ပြီး ယဲ့ရှောင်၏ လည်ပင်းကို ဆုပ်ကိုင်လိုက်သည်” မင်းက ဒါပဲ လုပ်နိုင်တာလား "

All Chapters