← Chapters

အခန်း (၈၀၂-၈၀၄)

Vol. 54 Ch. 802-804

အခန်း (၈၀၂-၈၀၄)

Vol. 54 Ch. 802-804

အခန်း (၈၀၂) ဓားနတ်ဆိုး ပြန်ရောက်လာခြင်း

ယွီရှန်းရုန်၏ ရွှေရောင်စိတ်ဝိညာဥ်သဏ္ဌာန်က ပျံသန်းလာသည်။

တစ်ဖက်ကန်းအမျိုးသားက စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက်၏။ ယွီရှန်းရုန် စွမ်းရည်ကို ထုတ်ဖော်လိုက်ကတည်းက ထိုသူသည် ရွှေကြာ ကျင့်ကြံသူမှန်း သိထားပြီးသားဖြစ်၏။ သို့သော်လည်း သူ့ရှေ့တွင် မြင်လိုက်ရသည့်အရာက အင်မတန် ထူးဆန်းနေသည်။ သူက တစ်ဖက်လူ၏ စိတ်ဝိညာဥ်သဏ္ဌာန်တွင် ကြာပွင့် မရှိကြောင်း တွေ့ရှိလိုက်ရသည်။

" ရွှေကြာပွင့် မရှိဘူးလား "

သူက ယွီရှန်းရုန်၏ အမူအရာကို ကြည့်လိုက်၏။

ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။

ပွင့်ချပ်ကိုးလွှာ ရွှေရောင်သစ်ရွက် ကိုးခုက ယွီရှန်းရုန်၏ စိတ်ဝိညာဥ်သဏ္ဌာန်မှ ထွက်ပေါ်လာသည်။

ယွီရှန်းရုန်က သူတို့ကို လက်ချောင်းဖြင့် ထိန်းချုပ်ပြီးနောက် ရွှေနဂါးအသွင် ပြောင်းလဲကာ တစ်ဖက်လူဆီ ပစ်ခတ်လိုက်သည်။

ရွှေပွင့်ချပ်လွှာ သုံးခုက တစ်ဖက်ကန်း အမျိုးသား၏ ကာကွယ်ရေး အစီအရင်ကို ပွင့်ဟသွားစေပြီး ကျန်ရှိနေသည့် ခြောက်ရွက်က သူ့ရင်ဘတ်ဆီ ထိုးစိုက်သွားသည်။

အရေပြား ထိုးစိုက်ခံရသည့်အသံက ခြောက်ကြိမ်ဆက်တိုက် ထွက်ပေါ်လာသည်။

သစ်ရွက်၏ နောက်ကွယ်မှ အင်အားက အားကောင်းလွန်းသည့်အတွက် ထိုအမျိုးသား၏ ရင်ဘတ်ကို ထိုးဖောက်ပြီးသည့်နောက်တွင်ပင် ဆက်လက် ပျံထွက်သွားသည်။ သူတို့က မြေကြီးပေါ် ရောက်သည့်အခါမှ ရပ်တန့်သွား၏။

ဤသို့ဖြင့် တိုက်ပွဲက အဆုံးသတ်သွားသည်။

တစ်ဖက်ကန်းအမျိုးသား၏ နှလုံးသားတည်ရှိရာ နေရာတွင် အပေါက်ရာကို မြင်နေရသည်။

လေထုထဲရှိ ကနဦးချီက အလျင်အမြန် ပျောက်ကွယ်လာ၏။ တစ်ဖက်ကန်း အမျိုးသား၏ ရင်ဘတ်မှ သွေးများက မြေပြင်ပေါ် စီးကျလာသည်။

ခရမ်းရင့် အငွေ့များကလည်း ပျောက်ကွယ်သွား၏။

ထိုအမျိုးသား၏ လက်မောင်းက နဂိုအရောင် ပြန်ရလာသည်။

တစ်ဖက်ကန်းအမျိုးသား၏ မျက်လုံးက မယုံကြည်မှုဖြင့် ပြူးကျယ်နေဆဲ ဖြစ်၏။ ဤသည်က ကြာကို ဖြတ်တောက်လိုက်သည့် အကျိုးကျေးဇူးတစ်ခု ဖြစ်ကာ ယွီရှန်းရုန်က တစ်ဖက်လူကို သတိလက်လွတ် ဖြစ်စေခဲ့သည်။

အနီရောင်ကြာနယ်မြေမှ လူများက ထိုနည်းစနစ်ကို မသိကြသေးပေ။

စွမ်းဆောင်ရည်ကောင်းမွန်သည့် ဓားသမားတစ်ယောက်အနေဖြင့် ယွီရှန်းရုန်သည် တစ်ချိန်လုံး ဤနည်းစနစ်ကို ထုတ်သုံးနေမည် မဟုတ်ပေ။ ထိုအစား သူက တိုက်ပွဲ၏ အရေးသာချက်ကို လမ်းညွှန်မှု ရယူဖို့ သင်ယူခဲ့၏။ သူက အမှန်တကယ် ထူးချွန်သည့် ဓားလမ်းစဥ် ကျင့်ကြံသူတစ်ယောက် ဖြစ်ပေသည်။

ယခု တစ်ဖက်ကန်း အမျိုးသား၏ နှလုံးသားကို ထိုးစိုက်ပြီးသွားပြီဖြစ်၍ သူ့သေဆုံးမှုက သေချာသွားလေပြီ။

ထိုစဥ် အနီရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခုက ပျောက်ကွယ်သွား၏။

တစ်ဖက်ကန်းအမျိုးသားက ရေရွတ်လိုက်သည်။

” မင်းက ဒါကို လုပ်နိုင်တယ်လား "

ထို့နောက် သူက ဗုန်းကနဲ မြည်သံနှင့်အတူ မြေပြင်ပေါ် လဲကျသွားသည်။

ယွီရှန်းရုန်က စိတ်ဝိညာဥ်သဏ္ဌာန်ကို ပြန်ရုပ်သိမ်းလိုက်ပြီးသည့်နောက်တွင် ကျန့်ရှောင်ရှန်းကို ရှာဖွေလိုက်၏။

ယခင် ကျန့်ရှောင်ရှန်း ရပ်နေသည့်နေရာက အနက်ရောင်ဝတ်ရုံသာ ကျန်ရှိတော့၏။ သူ့ကို ရှာမတွေ့တော့ပေ။

ယွီရှန်းရုန်က ငုံ့ကြည့်လိုက်ပြီးသည့်နောက်တွင် ဆင်းသက်လာ၏။ သူ့ခြေထောက်က မြေပြင်ပေါ် ထိလိုက်သည်နှင့် သွေးတစ်ပွက်အန်လိုက်ရသည်။ သူက လက်ကို မြှောက်ကာ ရင်ဘတ်ကို ဖိထားလိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ အသက်ရှူနှုန်းကို ထိန်းညှိလိုက်သည်။

ဝေဟင်အထက်မှ ကြယ်တာရာများက တောက်ပနေလေ၏။

ယွီရှန်းရုန်က ဤသို့ ခန့်မှန်းရခက်သည့် ရာသီဥတုမျိုးကို သဘောမကျပေ။ မည်သို့ပင်ဆိုစေကာမူ သူ့လိုမျိုး အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် မိုးကို ကာဆီးဖို့ လွယ်ကူလှသည်။ မိုးက သူ့ခန္ဓာကိုယ်ပေါ် ကျရောက်မလာခင် စွမ်းအင်ကြောင့် အငွေ့ပျံသွား၏။ သူနှင့် ၂မီတာဝန်းကျင်အတွင်း ခြောက်သွေ့နေသည်။

နာရီပိုင်းကြာမြင့်သွားပြီးသည့်နောက်တွင် မိုးက ရပ်စဲသွားသည်။

ယွီရှန်းရုန်က မျက်လုံးဖွင့်ကာ ဒဏ်ရာများက ယခုအခါ သက်သာသွားပြီဖြစ်၏။ သူက သက်ပြင်းချလိုက်ပြီး သူ့လှုပ်ဆောင်မှုနှင့် ပတ်သက်ပြီး မကျေမနပ် ဖြစ်နေမိသည်။ ဤသည်က တိုက်ပွဲအတွင်း ဒဏ်ရာရရှိသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်၏။ သူက သူ့ဘာသာသူ ရေရွတ်လိုက်သည်။

" ယွီရှန်းရုန် မင်းက မင်းဆရာလိုမျိုး ဘယ်ချိန်မှ ဖြစ်လာမှာလဲ "

ယွီရှန်းရုန်က သူ့အတွေးများကို စုစည်းကာ ကျိုးနေသည့် သက်တော်ရှည်ဓားကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။ သူက ဓားကို ကြည့်လိုက်စဥ် ရင်ဘတ်ပေါ်တွင် ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုကို ခံစားမိလိုက်သည်။ သူမိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ရောက်စဥ်အချိန်က ကြိုးစားပမ်းစား လေ့ကျင့်ခဲ့ပြီး သစ်သားဓားဖြင့် ဓားရေးကို ကျင့်ကြံခဲ့သည်။ သူ့ရှစ်စွင်းက သက်တော်ရှည်ဓားကို ပေးပြီးသည့်နောက်တွင် ထိုအရာက သူ့ဘဝ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့၏။

သူက ကျန့်အိုက်ကျန်းလိုမျိုး ဓားကို အရိုးထိ ချစ်မြတ်နိုးသည့်အဆင့်ထိ မဟုတ်သော်လည်း သူ့ဘဝလောက် တန်ဖိုးထားသည်။

ဓားနတ်ဆိုးက တစ်ယောက်တည်းဖြစ်ဖို့ ကံကြမ္မာဖန်လာတာလား...

သူ့ကို ခက်ခဲသည့်တစ်လျှောက်လုံးတွင် အဖော်ပြုပေးခဲ့သည့်ဓားက ရန်သူများကို သုတ်သင်ဖို့ ကူညီပေးသလို သူ့မဟာနွယ်မျိုးနွယ်၏ သက်တမ်းတိုတောင်းမှုကိုလည်း ကူညီပေးခဲ့သည်။

ဓားက အသက်မရှင်လျှင်ပင် ကိစ္စမရှိပေ။ သူ့တွင် ထိုဓားရှိထားသရွေ့ သူအသက်ရှင်နိုင်၏။ ယခုတွင် ထိုဓားက ပျက်စီးသွားပြီဖြစ်ကာ သူက သေဆုံးတော့မှာလား။...

ယွီရှန်းရုန်က တုန်တုန်ယင်ယင် ဖြစ်လာသည်။ သူက ကနဦးချီကို အသုံးမပြုသလို ဓားဆီ ဖြည်းဖြည်းချင်း လျှောက်လာလိုက်သည်။ သူက မြေပြင်ပေါ်မှ ဓားကို လက်ဗလာနှင့် ကောက်လိုက်ပြီး စွမ်းအားအသုံးပြုလိုက်သည်။ ရွှေကြာနယ်မြေတွင် အုပ်စိုးခဲ့သည့် သက်တော်ရှည်ဓားက ပျက်စီးသွားလေပြီ။

ယွီရှန်းရုန်က သက်တော်ရှည်ဓား၏ အစိတ်အပိုင်း ၂ခုလုံးကို ဓားအိမ်အတွင်း ပြန်လည်ထည့်သွင်းလိုက်၏။ ဤနည်းဖြင့် သက်တော်ရှည်ဓားသည် ပြီးပြည့်စုံသွားလိမ့်မည်။

သူက အသက်ပြင်းပြင်းရှူလိုက်ပြီးသည့်နောက်တွင် လက်ကိုမြှောက်ကာ တစ်ဖက်ကန်းအမျိုးသား၏ လက်ဆီမှ ရတနာကို ဆွဲယူလိုက်သည်။ ဘယ်အရာက သူ့ကို နာကျင်အောင် လုပ်နိုင်သနည်း။

သူ့က ချောင်းနှစ်ခါ ဆိုးလိုက်ရ၏။

သူက ခေါင်းအသာယမ်းကာ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး " မင်းက ဘာမှမဟုတ်ဘူးပဲ "

ဤသည်က ယုံကြည်ချက် ပြင်းထန်သည့် ယွီရှန်းရုန်သည် သူ့ကိုယ်သူ ဘာမှမကောင်းကြောင်း ပြောသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်၏။ ယွီရှန်းရုန်က ကျောမတ်မတ်ထားကာ သက်တော်ရှည်ဓားကို လက်တစ်ဖက်ဖြင့် လွယ်လိုက်ပြီး တိမ်တိုက်တောင်ဆီ ပြန်ဖို့ ပြင်လိုက်သည်။

...

ထိုစဥ် လုကျိုးက နန်းတော်မှ ပြန်ရောက်လာ၏။

နတ်ခြင်္သေ့၏ အမြန်နှုန်းက အမြဲတမ်းမြန်ဆန်သည့်အတွက် ကျေနပ်အားရမိသည်။

တိမ်တိုက်တောင်၏ တောင်ထိပ် ၁၂ခုကို မြင်တွေ့သည့်အခါ မိုးကုတ်စက်ဝန်းမှ ရင်းနှီးပြီးသား အသံတစ်သံ ထွက်ပေါ်လာ၏။

ဟီး

" ရပ်လိုက် " လုကျိုးက နတ်ခြင်္သေ့အား ရပ်ဖို့ အမိန့်ပေးလိုက်ပြီးသည့်နောက်တွင် ထိုအသံလားရာကို လှည့်ကြည့်လိုက်သည်။

သိပ်မကြာခင် ကျီလျန့်က ပေါ်ထွက်လာပြီး လရောင်အောက်တွင် သူ့ရှေ့ ရောက်ရှိလာသည်။

လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်၏” ကျီလျန့် "

ကျီလျန့်က အဖြူရောင်ဖြစ်ပြီး အနီရောင် လည်ဆံမွှေး ပိုင်ဆိုင်ထားသည်။ သူ့မျက်ဝန်းက ရွှေရောင်ဖြစ်ပြီး အနည်းငယ် တောက်ပနေ၏။ အစပိုင်းတွင် သူက ပျင်းတိပျင်းကန်နှုန်းဖြင့် လာနေသော်လည်း သခင်ကို မြင်တွေ့ပြီးသည့်နောက်တွင် အလျင်အမြန် ပြေးလာသည်။

" မင်းက နတ်ခြင်္သေ့ထက် မနှေးပါဘူး။ ဘာလို့နောက်ကျနေတာလဲ” လုကျိုးက မေးလိုက်၏။

ဟီး

ဤအသံတစ်သံက ကျီလျန့်၏ စိတ်ခံစားချက်များကို ဖော်ပြနေ၏။ ထိုအရာက ခရီးစဥ်အကြာကြီးကြောင့် မောပန်းနေဟန် ပေါ်သည်။

လုကျိုးက ပိုမိုနားမလည်နိုင်ဖြစ်သွားမိသည်။ နတ်ခြင်္သေ့က ရောက်ရှိစဥ်အခါက ကျီလျန့်လောက် မောပန်းနေဟန် မပေါ်ပေ။

" လှည့်လိုက်အုံး " လုကျိုးက အမိန့်ပေးလိုက်၏။

ကျီလျန့်က အမိန့်နာခံကာ တစ်ပတ်လှည့်ပြလိုက်သည်။

လုကျိုးက အနောက်ဘက်တွင် ဒဏ်ရာများကို မြင်လိုက်ရသည့်အတွက် မျက်မှောင်ကြုတ်လိုက်၏။ သေချာလေ့လာကြည့်ပြီးသည့်နောက်တွင် ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာများ ရှိနေသည်ကို မြင်လိုက်ရသည်။ ထိုဒဏ်ရာက ကြာပွတ်ကြောင့် ဖြစ်လာဟန်ပေါ်၏။

လုကျိုးက နတ်ခြင်္သေ့ကျောပေါ်မှ ဆင်းကာ ကျီလျန့်ကို စစ်ဆေးကြည့်လိုက်သည်။ ကျီလျန့်၏ လည်ပင်းတွင် သံကြိုးဖြင့် ချည်နှောင်ခံထားရသည့် အမှတ်အသားများလည်း ရှိနေသည်။

ထိုအမှတ်အသားများနှင့် ဒဏ်ရာများကြောင့် လုကျိုးသည် ဘာဖြစ်ခဲ့သည်မှန်း သိရှိသွား၏။ ကျီလျန့်က ရောက်ရှိဖို့ အချိန်ကြာမြင့်နေသည်မှာ မထူးဆန်းတော့ပေ။ တစ်စုံတစ်ယောက်၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်းသာ ဖြစ်၏။

ကျီလျန့်၏ စွမ်းဆောင်ရည်ဖြင့် သာမန်ကျင့်ကြံသူများက ထိုသို့လုပ်နိုင်မည် မဟုတ်ပေ။ လုကျိုးက ကျီလျန့်သည် အဆုံးမဲ့ပင်လယ်ပြင်ကို ဖြတ်သန်းလာရပြီးနောက် မောပန်းနေသည်ကို အခွင့်ကောင်းယူပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်မည်ဟု သေချာနေသည်။

" သူတို့က ငါ့ရဲ့ စီးတော်သားရဲကို လက်ပါရဲတယ်လား " လုကျိုးက ဒေါသထွက်ကာ ပြောလိုက်၏။

ဟီး ဟီး

ကျီလျန့်က ခေါင်းမော့ကာ ခေါင်းညိတ်လိုက်၏။ လုကျိုး၏ စကားများကို သဘောတူနေဟန်ပေါ်သည်။

" မင်းကို ထိခိုက်အောင် လုပ်တဲ့သူတွေကို မှတ်မိလား "

ဟီး ဟီး

" ကောင်းပြီ။ မင်း ပြန်ကောင်းလာတာနဲ့ မင်းအတွက် တရားမျှတမှု ယူဆောင်ပေးမယ် " လုကျိုးက ကျီလျန့်၏ ကျောကို ပုတ်ပေးလိုက်သည်။

အပြာရောင်ကြာပွင့်က ကျီလျန့်အပေါ် ကျရောက်လာ၏။ ကျီလျန့်က အစပိုင်းတွင် ပင်ပန်းနေသော်လည်း အပြာရောင်ကြာပွင့်က ကုသပေးပြီးသည့်နောက်တွင် ပိုမိုတက်ကြွလာဟန် ပေါ်၏။

လုကျိုးက တိမ်တိုက်တောင်ဆီ စီးတော်သားရဲ ၂ကောင်နှင့် ပြန်တော့မည့်ဆဲဆဲတွင်

ဟီး

ကျီလျန့်က ကျယ်လောင်စွာ မြည်ဟည်းပြီး ရှေ့ခွာနှစ်ခုကို မြှောက်ကာ အဝေးတစ်နေရာသို့ ထွက်ပြေးသွားသည်။

" ကျီလျန့် " လုကျိုးက ခက်ထန်စွာ အော်ခေါ်လိုက်၏။

သို့သော်လည်း အကြောင်းရင်းတချို့ကြောင့် ကျီလျန့်သည် နောက်လှည့်ကြည့်မလာဘဲ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။

လုကျိုးက နားမလည်နိုင်ဖြစ်နေမိ၏။ ကျီလျန့်၏ သခင်အနေဖြင့် သူ့အပေါ် သဘောထားကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးမိသွားသည်။ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူနှင့် ရင်ဆိုင်ရစဥ်အခါကပင် ထိုသို့မဖြစ်ခဲ့ဘူးပေ။ သူက ခေတ္တစောင့်ဆိုင်းနေသော်လည်း ကျီလျန့်က ရောက်မလာပေ။

" သစ္စာဖောက် မင်းကို ထပ်တွေ့ရင် တစ်ချက်တည်းနဲ့ သတ်ပစ်အုံးမယ် " လုကျိုးက လက်မြှောက်ကာ နတ်ခြင်္သေ့ကို ကြည့်လိုက်ပြီး " မင်းကလည်း ထွက်သွားမှာလား "

နတ်ခြင်္သေ့ " ... "

…

အခန်း ( ၈၀၃ ) အစီအရင်များနှင့် ဓားများ

လုကျိုးက ပေါက်ကွဲနေတာ သဘာဝကျသည်။

သူ ကိစ္စရပ်များကို ဆောင်ရွက်ရာ၌ နည်းလမ်းဟောင်းကြီးများအတိုင်း သွားမိသည်ဟု ခံစားမိသည်။ သူဤနေရာသို့ ကူးပြောင်းလာတာ ကြာညောင်းလွန်းသောကြောင့် ဖြစ်နိုင်သည်။ ဤရက်စက်ကြမ်းကြုတ်ပြီး ခြယ်လှယ်တတ်သော ကမ္ဘာကြီး၌ စိုးစဉ်းမျှ သတိ မမူမိလျှင်တောင် မိမိအသက် ဆုံးရှုံးသွားနိုင်သည်။ တစ်ခါတစ်ရံတွင် သူ၏ မူလ သွင်ပြင်ကိုတောင် မေ့လျော့နေပြီ ဖြစ်၏။ ဤနေရာသို့ ကူးပြောင်းလာစဉ်က ငယ်ရွယ်လိုသော သူ၏ အစောပိုင်း စိတ်ဆန္ဒသည် လျော့ကျလာပြီ ဖြစ်သည်။

သူသည် ပွင့်ချပ်ကိုးလွှာ အဆင့်ကို မကြိုးပမ်းခဲ့လျှင် သူသည် လူငယ်တစ်ယောက်၏ သွင်ပြင်ကို ပြန်လည် ရရှိလိမ့်မည်။ ကံဆိုးသည်မှာ တချို့ကိစ္စများကို အလျင်လိုစရာ မလိုပေ။ သူသည် အကြောင်းပြန်လှန်ကတ်များ‌ကို ဖြည်းဖြည်းချင်း စုဆောင်းရမည်။

ထိုစဉ် နတ်ခြ‌ေင်္သ့က လေထဲ၌ နာခံစွာ ပျံဝဲနေလျက် မလိုအပ်ပဲ မလှုပ်ရှားပေ။ ၎င်း၏ နာခံမှုနှင့် သစ္စာရှိမှုကို ပြသနေပုံ ပေါ်သည်။

လုကျိုးသည် ကျီလျန့် ထွက်သွားရာ နေရာကို တစ်ချက် ကြည့်လိုက်၏။ ထို့နောက် သူသည် နတ်ခြ‌ေင်္သ့ ပေါ် ခုန်တက်ကာ တိမ်တိုက်တောင်ဆီ ပြန်လိုက်သည်။

သူက ခရမ်းရောင် တောက်ပသံကျောက်ကို ပိုင်ဆိုင်ထားသောကြောင့် သူ၏ ခရီးစဉ်က ချွင့်ယွင်းချက်မရှိ လွယ်ကူနေတာကို ရှာတွေ့လိုက်သည်။ ထို့အပြင် သူ၌ နက်နဲသော ကျင့်ကြံစဉ် ရှိသည်။

လုကျိုးသည် သူ၏ အခန်းထဲသို့ ပြန်ရောက်ပြီးနောက် သူသည် ကျန်ရှိသော ကုသိုလ်မှတ်များကို ကြည့်လိုက်၏။

ကုသိုလ်မှတ် - ၁၇၈၀၄၀

ကြည့်ပြီးနောက် သူသည် အသုံးပစ္စည်းကတ်များ ထားသည့်နေရာကို ကြည့်လိုက်သည်။

ထာဝရ စံပြနှင့် သင်ကြားပြသသူသည် မျက်စိဖမ်းစားနိုင်ဆုံး နေရာတွင်ရှိ၏။ ကတ်နှစ်ကတ်၏ စုစုပေါင်း ကုန်ကျစရိတ်က ကုသိုလ်မှတ် ၆၀၀၀၀ ဖြစ်သည်။ သူတို့က ဈေးကြီးလှပေ၏။

ငါ ဒါတွေကို ဝယ်သင့်လား.. လုကျိုးသည် သူ၏ ကျင့်ကြံစဉ်ကို စေ့စေ့စပ်စပ် ကြည့်လိုက်၏။ သူက ပွင့်ချပ်ကိုးလွှာ အလယ်အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ သူက အဆင့်ချိုးဖြတ်တက်ရန် ကြိုးစားပမ်းစား ကျင့်ကြံရမည့် ဘုံတစ်ထောင် လေပွေက ကုသိုလ်မှတ် ၅၀၀၀၀၀ ကျသင့်သည်။

ခဏတာ စဉ်းစားပြီးနောက် လုကျိုးသည် ကတ်များကို ဝယ်ရန် ဆုံးဖြတ်လိုက်သည်။

“ တင်း ကုသိုလ်မှတ် ၆၀၀၀၀ သုံးပြီးပါပြီ။ သင်ကြားပြသသူနှင့် ထာဝရစံပြ ရရှိပါပြီ။ ဒါတွေကို သုံးလိုစိတ်ရှိပါသလား “

မိဘတွေက သူတို့ ကလေးတွေကို စိုးရိမ်ပူပန်ပြီး ဒီမှာ ငါကတော့ ငါ့ရဲ့တပည့်တွေကို စိတ်ပူနေရတယ်။

“ သုံးမယ် “

ကတ်နှစ်ကတ်သည် တစ်ပြိုင်နက်တည်း မှိန်ပျော့သွားပုံပေါ်၏။ ကတ်များကို အသုံးပြုပြီးနောက် လုကျိုးသည် မည်သည့် ပြောင်းလဲမှုကို မှ မခံစားမိပေ။ သူက ထရပ်ပြီး လှည့်ပတ်ကြည့်လိုက်သည်။ ပြောင်းလဲ မှုမရှိပေ။ သူသည် ယခင်ကနှင့် ကွာခြားသွားသည်ကို မခံစားမိပေ။

“…… “

ခဏအကြာတွင် သူသည် ကံစမ်းဖို့ ဆုံးဖြတ်လိုက်၏။

“ ကံစမ်းမယ်”

“ တင် ကုသိုလ်မှတ်၅၀ နှင့် ကံကောင်းမှတ် ၁၁၀ သုံးလိုက်ပါပြီ။ အကြောင်းပြန်လှန်ကတ် တစ်ကတ် ရရှိပါတယ် “

“ ……….. “

သူက ကုသိုလ်မှတ် ၆၀၀၀၀ သုံးလိုက်ပြီ။ ကံကောင်းမှတ် ၁၁၀ က သူ့ကို အကြောင်းပြန်လှန်ကတ် တစ်ကတ်ပဲ ပေးတာလား။

တည်တည် ငြိမ်ငြိမ် နေရမယ်။

သူသည် ကျန်ရှိသော ကုသိုလ်မှတ်များကို ကြည့်လိုက်သည်။

ကုသိုလ်မှတ် -၁၁၇၉၉၀

“ ကံစမ်းမဲ “

“ တင် ကုသိုလ်မှတ် ၅၀ သုံးလိုက်ပါပြီ။ စီးတော်သားရဲ ထန်ခမ်း ရရှိပါပြီ “

“ ထန်ခမ်းက ရှားပါးတယ်။ အပျံသင်စ အရွယ်ပဲ ရှိသေးတာဆိုတော့ နောင်ကျ မိစ္ဆာဝေဟင်မျှော်နန်းဆီကိုပဲ လာလိမ့်မယ် “

လုကျိုးသည် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ နောက်ဆုံးတော့ ကောင်းတာလေး ရပြီ။

သို့သော် စနစ်သည် သူ့ကို စီးတော်သားရဲများစွာ ပေးရသည့် အကြောင်းအရင်းကို သူအံ့ဩမိနေ၏။ ကျင့်ကြံတစ်ယောက်အတွက် စီးတော်သားရဲ တစ်ကောင်က လုံလောက်နေပြီ ဖြစ်သည်။ ထိုသို့တိုင် ယခု သူ့၌ စီးတော်သားရဲ လေးကောင် ရှိနေပြီ။ ထန်ခမ်းပါ ပေါင်းလိုက်လျှင် သူ့၌ စီးတော်သားရဲ ငါးကောင် ရှိပြီ ဖြစ်၏။

ငါ တိရစ္ဆာန်ရုံ ဖွင့်ရတော့မှာလား။ လုကျိုးသည် ချုံးချီကို အမှတ်ရသွားသည်။ သူ၏ လက်ရှိ စီးတော် သားရဲများ အနက် ချုံးချီက အကြီးမားဆုံး တိုက်ခိုက်ရေး စွမ်းအား ရှိသည်။ သို့သော် ငယ်ရွယ်နေသေး၏။ ၎င်းက မင်ရှစ်ရင်နှင့် ဆက်ဆံရေးကောင်းသည်။ ၎င်းက သဘာဝတွဲဖက် ဖြစ်နေပုံ ပေါ်သည်။

အဆုံးကျ စီးတော်သားရဲများအတွက် အခြားသော ရွေးချယ်စရာ မရှိလျှင် သူ၏ တပည့်များကို ပေးလိုက်လျှင်လည်း မဆိုးဟု ဆုံးဖြတ်လိုက်သည်။

ထိုစဉ် ဝေးလံသော အမည်မသိ တောင်တန်းဒေသ၌ ခြောက်ပေခန့် မြင့်ပြီး ဧရာမ နားရွက်ကြီး နှစ်ဖက်ဖြင့် အစွယ်လေးချောင်း ရှိသော အစိမ်းရောင် ဝက်ဝံကဲ့သို့ သားရဲကြီးတစ်ကောင်က ဆင့်ခေါ်ခံလိုက်ရပြီး ပြင်ဆင်လျက် မိုးကုပ်စက်ဝိုင်းသို့ ပျံသန်းသွားတော့သည်။

စီးတော်သားရဲ ထန်ခမ်းကို ရရှိပြီးနောက် လုကျိုးသည် ဘာမှမရလိုက်ပဲ ကုသိုလ်မှတ် ၁၀၀ ထပ်ရလိုက်သည်။ သူသည် ကံစမ်းမဲနှိုက်တာ ရပ်ကာ ဆင်ခြင်သုံးသပ်သော အခြေအနေသို့ ဝင်ရောက်လိုက်၏။

ထန်ခမ်းကို ရရှိပြီးနောက် သူသည် ကုသိုလ်မှတ် ငါးရာကျော် ဆုံးရှုံးမှုအတွက် နာကျင်မှုကို မခံစားရပေ။ ခရမ်းရောင် တောက်ပသံကျောက်က သူ့ကို စိတ်တည်ငြိမ်စေအောင် ကူညီပေးတာ ဖြစ်နိုင်သည်။ သူ အသက်ရှူနေစဉ် သူ၏ ကနဦးချီက စီစဉ်မှု ပိုမြန်ဆန်လာတာ သိသာသည်။

လုကျိုး ဦးစားပေးပြီးနောက် ကျီလျန့်က အားအင် ပြည့်ဖြိုးလာသည်။ ယင်းက မဟူရာ တောအုပ်ဆီသို့ ဆက်သွားလိုက်၏။ ထိုစဉ် ယွီရှန်းရုန်သည် တောအုပ်ထဲ၌ ဖြည်းဖြည်းချင်း လမ်းလျှောက်နေ၏။ သူ ငယ်ရွယ်စဉ်၌ အဆုံးမဲ့သစ်တောမြစ်ကို ဖြတ်ကျော်ပြီး ရဲစွမ်းသတ္တိရှိရှိ တောင်ပေါ်ဒေသများကို ဖြတ်ကျော်လျက် သူ၏ လူသားခန္ဓာကိုယ်ဖြင့် မြစ်ကို ဖြတ်ကျော်ခဲ့သည်။ သူသည် မရေမတွက်နိုင်သော ဒုက္ခဝဋ်ကြွေးကို ဖြတ်ကျော်ပြီး ရှင်သန်ခဲ့၏။ တောအုပ်ထဲရှိ သားရဲများကို မည်သို့ ဖြေရှင်းရမည်ဆိုတာ အတွေ့အကြုံ လုံလုံလောက်လောက် ရှိနေပြီ ဖြစ်သည်။

သို့သော် အချိန်က ကွာခြားသွားပြီ ဖြစ်သည်။ ဤနေရာရှိ ပတ်ဝန်းကျင်က ပိုရှုပ်ထွေး၏။

ယွီရှန်းရုန်သည် သားရဲတစ်ကောင်နှင့် တွေ့နိုင်ခြေကို လျှော့ချရန်အတွက် ဖြည်းဖြည်းချင်း သွားနေသည်။

“ သားရဲတစ်ကောင်လား “

ယွီရှန်းရုန်သည် သူ့ရှေ့၌ အလင်းဖျော့ဖျော့ကို မြင်လိုက်ရသည်။ သို့သော် သူ၏ အတွေ့အကြုံနှင့် အလိုလိုသိစိတ်အရ ၎င်းသည် သားရဲတစ်ကောင် မဟုတ်ပဲ ရတနာဟု ပြောပြနေသည်။

၎င်းသည် လူသားကျင့်ကြံရေး ကမ္ဘာ၌ ပုံမှန် ဖြစ်ရပ်တစ်ခု ဖြစ်သည်။ သိုသော် ကျင့်ကြံသူများသည် သားရဲကို ဖမ်းရန် ကြိုးစားကြသည်။ သို့သော် ထိုအစား သူတို့က ဝါးမျိုခံလိုက်ရပြီး သူတို့ရတနာများ ကျန်ရစ်ခဲ့ရသည်။ ကံကောင်းသည့် သူများက ရတနာများကို ရသွား၏။

“ ငါကံကောင်းနေတဲ့ပုံပဲ “ ယွီရှန်းရုန်က ဆက်သွားလိုက်သည်။

သူ့လမ်းကြောင်းတွင် ရှိနေသော ကျောက်ဆောင်ကြီးများသည် အစဉ်လိုက်ရှိပုံ မပေါ်။ သူရှေ့ရှိ ဧရိယာက ဧရာမ ကျောက်တောအုပ် ဖြစ်ပုံ ပေါ်သည်။ သူက ကမူးရူးထိုး မလုပ်ပေ။ သူက ကျောက်ခဲတစ်ခုကို ကောက်ယူပြီး ထိုကျောက်တောအုပ်ဆီ ပစ်ပေါက်လိုက်၏။ ဘာမှ မဖြစ်တာကို တွေ့တော့မှ သူဂရုတစိုက်တက်သွားပြီး ရှင်းလင်းရန်အတွက် ထိုကျောက်ဆောင်ကို လှည့်ပတ်ကြည့်လိုက်သည်။

“ သွေးကြောတွေလား “

ပုံမှန်ဆို အစီအရင်သွေးကြောများသည် တစ်စုံတစ်ယောက်က သူတို့ တောက်ပအောင် အသက်သွင်းထားရသည်။ ဤနေရာ၌ တစ်စုံတစ်ယောက်ရှိတာ သိသာ၏။

ယွီရှန်းရုန်၏ အန္တရာယ်ကို အာရုံခံနိုင်စွမ်းက ကျန်သည့်သူများထက် ပိုကောင်းသည်။ တစ်စုံတစ်ခု လွဲချော်နေတာကို သူချက်ခြင်း သတိပြုမိ၏။ သူသည် မြေပြင်ပေါ်ကနေ ခုန်တက်ပြီး ကနဦးချီ အနည်းငယ်ဖြင့် လေထဲတိုက်ရန် ကြိုးစားပြီး ကျောက်တောအုပ်မှ ထွက်သွားရန် ပြင်ခဲ့သည်။

သူက လွတ်မြောက်တော့မည့် အချိန်တွင် တောအုပ်ထဲရှိ ကျောက်ခဲများက ရုတ်တရက် စုဝေးလာပြီး ပိုက်ကွန်တစ်ခု ဖန်တီးလိုက်သည်။

ယွီရှန်းရုန်က ညည်းတွားလျက် အောက်သို့ ဆင်းသက်လိုက်ရသည်။ ငါ ထွက်သွားလို့ မရဘူးလား ။ သူသည် အဝေးသို့ ရှောင်ရန်အတွက် ကြိုးစားလိုက်သည်။ သူက ကျောက်တောအုပ် အပြင်ဘက်ကို ထွက်သွားမည့် အချိန်၌ ကျောက်တုံး၊ ကျောက်ခဲများ စုဝေးလာကာ သူ့လမ်းကြောင်းများကို ပိတ်ဆို့လိုက်၏။

“ ငါ ဝင်လာလို့ ရပေမဲ့ ထွက်သွားလို့ မရဘူးလား။ ထားလိုက်တော့ ငါ ဒီနေရာမှာ ကျင့်ကြံရုံပဲ။ ငါ ကုသပြီးပြီဆိုတာနဲ့ ထွက်သွားမယ် “

ယွီရှန်းရုန်သည် ကျောက်တုံးကို မှီလျက် မျက်လုံးမှိတ်ထားကာ အသက်ရှူနူန်းကို ထိန်းညှိလိုက်သည်။

ထိုစဉ် တောအုပ်အပြင်ဘက်မှ ခြောက်ကပ်ကပ် ရယ်သံကို ကြားလိုက်ရသည်။

“ ဒါက ဝဋ်လည်တာပဲ ။ ဒီလိုနေ့ မကြာခင် ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး “

ထိုအသံသည် ယဲ့ကျန်း၏ တပည့် ကျန့်ရှောင်ရှန်းဆီမှ အသံပဲဖြစ်သည်။

ယွီရှန်းရုန်သည် အစောတုန်းက ကျန့်ရှောင်ရှန်းကို ခြေရာခံရန် ကြိုးစားခဲ့၏။

ယွီရှန်းရုန်က မျက်လုံးဖွင့်လျက် အမှောင်ထုထဲရှိ အရိပ်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

” မင်း ငါ့ကို သတ်ဖို့ တွေးနေတာလား “

“ ငါ့ရဲ့ ရှစ်စွင်းကို မင်းသတ်ခဲ့တာ။ မင်းကို သတ်တာ လုပ်သင့်တဲ့ အရာပဲ “

“ ဒီအစီအရင်ကို မင်းတည်ဆောက်ထားတာလား “ ယွီရှန်းရုန်က ပြောလိုက်၏။

“ ငါ အဲ့လောက် အရည်အချင်း မရှိဘူး။ ဒါပေမဲ့ ဒီအစီအရင်တွေကို ဘိုးဘေးတွေ ထားခဲ့တယ်ဆိုတာ ပြောနိုင်တယ်။ သူတို့တွေကို နှစ်ပေါင်းတစ်ထောင်အတွင်း တောအုပ် တော်တော်များများမှာ အစီအရင်တွေကို ရှာတွေ့နိုင်တယ်။ ဝင်ခွင့်ပဲ ရှိပြီး ထွက်ခွင့်မရှိတဲ့ ကောင်းကင်ပိုက်ကွန်တစ်ခုကို ဖွဲ့တည်ဖို့ နေရာတိုင်းမှာ ကျောက်တိုင်လုံး ၃၆၁ ခု ရှိတယ်။ မင်းအနားမှာ တွေ့နေရတဲ့ အရိုးတွေက ဒါရဲ့ အကောင်းဆုံး သက်သေတွေပဲ။ မင်းကံဆိုးနေတာ “ ကျန့်ရှောင်ရှန်းက လှောင်ပြောင်ပြီး ပြောလိုက်သည်။

“ ဒီ အစီအစဉ်က ငါ့ကို ဒီမှာ ထိန်းထားနိုင်တယ်လို့ မင်းထင်နေတာလား” ယွီရှန်းရုန်က အေးဆေးမေးလိုက်သည်။

ကျန်ရှောင်ရှန်းက ရယ်မောလိုက်၏။

” ငါ့ရဲ့ရှစ်စွင်းက မင်းနဲ့ယှဉ်ရင် ပိုတောင် ယုံကြည်ချက် ရှိသေးတယ်။ ဒါပေမဲ့ သူရဲ့ အသက်ကို သတ်တာ ဒီအစီအရင်အတွက် အသက်ငါးသက်ကို ဆုံးရှုံးခဲ့တယ်။ သူက ဆဋ္ဌမမြောက် အသက်ကို ပြန်ရဖို့ တခြား ကျင့်ကြံသူတွေကို ဝါးမျိုခဲ့ရတာ “ ကျန့်ရှောင်ရှန်းက ပြောလိုက်သည်။

ယွီရှန်းရုန်က ဖြည်းဖြည်းချင်း ထရပ်လိုက်လေသည်။ သူ၏ ကျန်ရှိသော ကနဦးချီဖြင့် သူသည် ကျောက်တောအုပ်၏ အစွန်းနားဆီသို့ ပစ်ထုတ်လိုက်လေသည်။ စွမ်းအင်ဓား ဒါဇင်ချီက သူ့ခေါင်းပေါ်၌ ဖွဲ့တည်လိုက်၏။

ကျန့်ရှောင်ရှန်းက ကြောက်လန့်မှုကြောင့် နောက်သို့ ယိုင်သွားသည်။ ပြီးနောက် သူက နောက်သို့ အမြန်ဆုတ်လိုက်၏။

တစ်ချိန်တည်းတွင် ကျောက်ဆောင်များဖြင့် ဖွဲ့တည်သော ပိုက်ကွန်သည် ယွီရှန်းရုန်ကို တားမြစ်လျက် ကျန့်ရှောင်ရှန်းဆီကနေ သူ့ကို ခွဲထားလိုက်သည်။

“ မင်းရဲ့ဆရာက ငါ့နဲ့ ယှဉ်နိုင်မယ်များ ထင်နေလား “ ယွီရှန်းရုန်က ခေါင်းခါပြီး ပြောလိုက်သည်။

“ မင်း ကြောက်ဖို့ မလိုဘူး ။ ငါ့ရဲ့ ကနဦးချီ အားလုံးသုံးပြီး သွားပြီ။ မင်းရဲ့ ဆရာအတွက် လက်စားချေဖို့ အခွင့်အရေး ပေးမယ်။ မင်း ဝင်လာရဲလား”

ယုံကြည်ချက် ရှိသည့် လူတစ်ယောက်အဖို့ ဘဝင်မြင့်ဖို့က လွယ်ကူလှသည်။ သို့သော် မှန်ကန်စွာ အသုံးပြုလျှင် ကြောက်မက်ဖွယ်ကောင်းသော လက်နက်ဖြစ်နိုင်၏။

ကျန့်ရှောင်ရှန်းက တံတွေးမျိုချလျက် နောက်သို့ ဆက်ဆုတ်သွားသည်။ သူက အခဲမကြေစွာ ပြောလိုက်၏။

“ ငါ့ကို ခြိမ်းခြောက်ဖို့ စဉ်းတောင် မစဉ်းစားနဲ့။ အခုချိန် မင်းကို မင်းတောင် ကာကွယ်နိုင်တာ မဟုတ်ဘူး။ မင်းမကြာခင်မှာ အရိုးစုပုံထဲ ရောက်သွားမှာပဲ။ တစ်နေ့ကျ ငါက မင်းထက်သာတဲ့ သိုင်းပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်”

“ တစ်နေ့ကျရင်လား “ ယွီရှန်းရုန်က ခပ်ဖျော့ဖျော့ ပြုံးလျက် ကျန့်ရှောင်ရှန်းကို ကြည့်ကာ ပျက်ရယ်ပြုလိုက်လေ၏။

ပြီးနောက် သူက ကျောက်တိုင်ဆီ ပြန်လာပြီး အသက်ရှူနူန်းကို ချိန်ညှိရန် ထိုင်ချလိုက်သည်။ ယခုအချိန်တွင် ဤနေရာမှ လွတ်မြောက်ရန် အစီအစဉ် မရှိသေးပင်။ သူ၏ ဦးစားပေးက သူ၏ ကျင့်ကြံခြင်းကို ပြန်လည် ဖြည့်တင်းရန် ဖြစ်သည်။

ကျန့်ရှောင်ရှန်းက ပြောလိုက်၏” ငါတို့ တွေ့ရမှာပဲ “

ဟီး

ထိုစဉ် မဟူရာတောအုပ်ပေါ်၌ ကျီလျန့်သည် ၎င်း၏ တောက်ပသော ခွာများဖြင့် ရောက်လာလေ၏။

ဟီး

ကျန့်ရှောင်ရှန်းက အံ့အားသင့်သွားသည်။

“ သားရဲတစ်ကောင်လား “

သူက လှည့်လာပြီး ချက်ခြင်း ပြေးလာ၏။

ကျောက်တောအုပ်ထဲ၌ ယွီရှန်းရုန်က လှမ်းခေါ်လိုက်သည်” ကျီလျန့်လား “

ဟီး

“ အထဲမလာနဲ့ “ ယွီကျန်းရုံက ကျောက်တိုင်၏ အမြင့်တစ်ဝက်ရှိ လေထဲ ပျံဝဲလိုက်သည်။ ကျီလျန့် သူ့ဆီ ပျံဝဲလာတာ မြင်သောအခါ သူက တအံ့တဩ ပြုံးလိုက်၏” ငါတို့ ရေစက်ပါတယ်လို့ မင်းကို ပြောသားပဲ “

ဟီး ဟီး

ယွီရှန်းရုန်သည် အချိန်အတော်ကြာ ကိုယ်မဖော့နိုင်ပေ။ သူက ရွေးချယ်စရာ မရှိပဲ ဆင်းသက်လိုက်ရ၏။

“ မင်းကို ရှစ်စွင်း ပို့လိုက်တာလား “

ကျီလျန့်က ခေါင်းညိတ်လိုက်၏။

ယွီရှန်းရုန်က သက်ပြင်းချလိုက်တော့သည်။

“ မင်း အခု ပြန်သင့်ပြီ။ ဒါက နေရာကောင်းပဲ။ ဒီနေရာမှာ ငါ့ရဲ့ ဓားလမ်းစဉ်ကို ကျင့်ကြံမလို့ “

“ ဟီး “

“ ပြန်တော့ “

ယွီရှန်းရုန်အဖို့ တခြားသူကို အကူအညီ တောင်းခြင်းက အင်မတန် ခက်ခဲသော အလုပ်တစ်ခု ဖြစ်သည်။ ထိုအစား ကျီလျန့်ကို သူ့ဆရာဆီ ပြန်လွှတ်မည်။

ကျီလျန့်က နှစ်ချက်ခန့် ဟီး ပြီးနောက် ကျောက်တောအုပ်ဆီ ပျံသန်းလာ၏။

ယွီရှန်းရုန်က မျက်မှောင် ကျုံ့လိုက်တော့သည်။ ” မင်းမပြန်ဘူးလား “

ကျီလျန့်က ဟီးပြီး ခုန်ဆင်းလိုက်တော့သည်။ သူက ကျောက်တောအုပ်ထဲ ဝင်ပြီးနောက် ကျောက်တုံးများ ထပ်မံစုဝေးလာကာ ဖောက်ထွင်းမြင်နေရသော ပင့်ကူအိမ်နှင့် တူပြီးနောက် ပျောက်ကွယ်သွားလေ၏။

ကျီလျန့်က ယွီရှန်းရုန်ဘေးသို့ သွားလိုက်သည်။ ယွီရှန်းရုန်က ဒေါသ မထွက်ပေ။ သူက သားရဲကိုတောင် မဟန့်တားပေ။ ထိုအစား ရင်ထဲ တစ်ခုခု တိုးဝင်လာ၏။ သူက ပြုံးချက် မြေပြင်ပေါ်ရှိ သက်တော်ရှည်ဓားကို မြှောက်လိုက်သည်။ သူက ကျီလျန့်၏ လည်ဆံမွှေးကို ပွတ်သပ်လိုက်၏။

“ ဟုတ်ပြီ ငါ့ရဲ့ ကျင့်ကြံစဉ် ပြန်ရတာနဲ့ မင်းကို ဒီကျောက်တောအုပ်ကနေ ခေါ်သွားပေးမယ်”

…

အခန်း (၈၀၄) ကောင်းကင်သိုင်းခုံရုံး၏ တောင်းဆိုချက်များ

နေက အရှေ့ဘက်မှ ထွက်လာသည်။ နေရောင်က မနက်ခင်းမြူခိုးများကို ပျောက်ကွယ်သွားစေပြီး တိမ်တိုက်တောင်ပေါ် ဖြာကျလာကာ သုခဘုံအလား ဖြစ်နေသည်။

တစ်ညတာ ကျင့်ကြံပြီးသည့်နောက်တွင် လုကျိုးက သူ့ကနဦးချီသည် ပြန်လည်ပြည့်ဝလာကြောင်း ခံစားမိလိုက်၏။

ခရမ်းရောင် တောက်ပသံကျောက်ကို ပြိုင်ဘက်ကင်းအဆင့်သို့ အဆင့်မြင့်တင်ပြီးသည့်နောက်တွင် သူ့ကျင့်ကြံဆင့်က ၃ဆ တိုးတက်လာခဲ့သည်။

ယဲ့ကျန်း၏ ကျင့်ကြံဆင့်က အသက်ငယ်ရွယ်သော်လည်း ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူနှင့် ယှဥ်နိုင်သည်မှာ အံ့သြဖွယ် မရှိပေ။ အကယ်၍ သူသာ အသက်များကို ထိန်းသိမ်းထားဖို့ မလုပ်ပါက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူဖြစ်နေပြီးသည်မှာ ကြာမြင့်လောက်လေပြီ။

ထိုစဥ် တံခါး၏ အပြင်ဘက်မှ အသံတစ်သံထွက်ပေါ်လာ၏။

" လုချန်းပေ့ ဂိုဏ်းချုပ်နျဲ့က ဖိတ်ကြားခိုင်းလိုက်လို့ပါ "

" ကောင်းပြီ "

လုကျိုးက ဖြည်းဖြည်းချင်း ထရပ်ပြီးနောက် အညောင်းအညာဆန့်လိုက်သည်။

တစ်ချိန်တည်းဆိုသလို သူက စနစ်ကို စစ်ဆေးကြည့်လိုက်၏။

ကျီလျန့်က ဘယ်ရောက်သွားတာလဲ။ ဘယ်တပည့်က ပွင့်ချပ်ကိုးလွှာဆုလာဘ်ကို ရသွားတာလဲ...

လုကျိုးက ထိုကိစ္စကို ဆက်လက်မတွေးတော့ဘဲ ပင်မခန်းမဆီ ဦးတည်လိုက်သည်။

...

နျဲ့ချင်းယွင်၊ စစ်ခုန်ပေချန်းနှင့် တခြားသူများက လုကျိုးကို မြင်သည့်အခါ ထရပ်ပြီး ကြိုဆိုလိုက်ကြသည်။

" အစ်ကိုလု "

" လုချန်းပေ့ "

လုကျိုးက လက်ဝှေ့ကာ ပြောလိုက်၏။

” ဘာမှ လောကွတ်ချော်နေစရာ မလိုဘူး " ထို့နောက် သူက တပည့်များအား ကြည့်လိုက်သည်။

ယွီကျန့်ဟိုင်၊ ရှောင်ယွမ်အာနှင့် ခရုလေးတို့က ဘေးဘက်တွင် မတ်တတ်ရပ်နေကြသည်။

သူက မျက်မှောင်ကြုတ်ကာ မေးလိုက်၏” မင်းတို့ရဲ့ အာ့ရှစ်ရှိုးက ဘယ်မှာလဲ "

ရှောင်ယွမ်အာက ခေါင်းခါကာ " အာ့ရှစ်ရှိုးက အမြဲတမ်း လျှို့ဝှက်နေတာလေ။ သူ ဘယ်မှာရှိတယ်ဆိုတာ ဘယ်သူမှမသိဘူး”

ယွီကျန့်ဟိုင်က ဝင်ပြောလိုက်သည်။ ” အာ့ရှစ်တိက တစ်ယောက်တည်း နေရတာကို သဘောကျတယ်။ ရှစ်စွင်း သူ့အကြောင်းကို စိုးရိမ်ဖို့ မလိုပါဘူး။ တိမ်တိုက်တောင်က ပြိုလဲသွားရင်တောင် သူက ဘာမှဖြစ်မှာ မဟုတ်ပါဘူး”

လုကျိုးက ခေါင်းညိတ်လိုက်၏။

နျဲ့ချင်းယွင်က ထိုစကားဝိုင်းကို ကြားသည့်အခါ အနည်းငယ် နေရခက်လာမိသည်။

ထိုစဥ် စစ်ခုန်ပေချန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပြောလိုက်၏။ ” ခင်ဗျားရဲ့ စွမ်းဆောင်ရည်ကောင်းတဲ့ တပည့်တွေကတော့ တကယ့်ကို တမူထူးပဲ။ သူ့ရဲ့ ဓားလမ်းစဥ်က တကယ့်ကို ထိပ်ဆုံးရောက်နေပြီ။ သူက ဒီနှစ်ပိုင်းအတွင်း ကောင်းကင်ဘုံသားတော်ရဲ့ ဓားကို ကျွမ်းကျင်သွားလောက်တယ်။ သူလိုအပ်နေတာက ကံကောင်းမှု အနည်းငယ်ပဲ။ ဆယ်နှစ်အတွင်း သူက ပွင့်ချပ်ဆယ်လွှာအဆင့်ကို ရောက်မှာ အသေအချာပဲ”

နျဲ့ချင်းယွင်က ထိုစကားကို ကြားကာ အံ့အားသင့်သွားမိ၏” ခင်ဗျားက သူ့ကို အဲ့လောက်တောင် ချီးကျူးနေတယ်ဆိုတော့ သူက တကယ့်ကို အံ့သြဖို့ ကောင်းတဲ့သူပဲ ဖြစ်ရမယ်”

စစ်ခုန်ပေချန်းက နျဲ့ချင်းယွင်ကို ပျင်းတိပျင်းရွဲ အမူအရာဖြင့် ကြည့်လိုက်ပြီး နျဲ့ချင်းယွင်းနှင့် စကားပြောဖို့ စိတ်ဝင်စားဟန် မပေါ်ပေ။

" ဒါက အစ်ကိုလုရဲ့ ပထမတပည့်။ သူက ဓားမော့နည်းစနစ်မှာ နျဲ့ချင်းယွင် ခင်ဗျားနဲ့ ယှဥ်နိုင်တယ်”

" အို " နျဲ့ချင်းယွင်က ယွီကျန့်ဟိုင်အား ကြည့်လိုက်၏။ သူက ပြိုင်ဘက်ကင်းအဆင့် နဂါးသွဲ့ကျောက်ဓားကို မြင်လိုက်သည့်အချိန် သူ့မျက်နှာအထက် အားကျသည့်အမူအရာမျိုး ထွက်ပေါ်လာ၏။ သူ့လက်နက်က ကောင်းကင်အဆင့် လက်နက်မျှသာ ဖြစ်၏။

ယွီကျန့်ဟိုင်က ပြောလိုက်သည်” ဂိုဏ်းချပ်နျဲ့ ကျုပ်တို့တွေ တစ်ရက်ရက်ကျ လက်ရည်စမ်းကြည့်ရအောင်လား”

" ကျုပ်လည်း ပြိုင်ဘက်တွေ့ဖို့ မျှော်လင့်နေတာပါ " နျဲ့ချင်းယွင်က ပြောလိုက်သည်။

စစ်ခုန်ပေချန်းက နျဲ့ချင်းယွင်ကြောင့် ခေတ္တမျှဆွံ့အမိသွား၏။ ထို့နောက် သူက ပြောလိုက်သည်” တိမ်တိုက်တောင်ရဲ့ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူနဲ့ လက်ရည်စမ်းမလို့လား”

နျဲ့ချင်းယွင် " ... "

နျဲ့ချင်းယွင်က ပြန်လည်ချေပတော့မည့်ဆဲဆဲတွင် လုကျိုးက ပြောလိုက်၏။

” တော်တော့ "

သူက ထိုင်လိုက်ပြီးသည့်နောက်တွင် ပြောလိုက်သည်။ ” လိုရင်းကိုပဲ ပြောကြရအောင် "

နျဲ့ချင်းယွင်က ခေါင်းညိတ်ကာ ပြောလိုက်၏။ ” ကောင်းကင်သိုင်းခုံရုံးက တိမ်တိုက်တောင်မှာ ဖမ်းထားတဲ့ သူတို့ လူတွေအကြောင်းကို သိသွားပြီ။ သူတို့က သူတို့လူတွေကို လွှတ်ပေးအောင် တောင်းဆိုဖို့အတွက် ဒီနေ့ သံတမန် လွှတ်လိမ့်မယ်”

" တောင်းဆိုချက်တဲ့လား " လုကျိုးက မျက်ခုံးပင့်ကာ ပြောလိုက်၏။

" အဲဒီဟာက စာထဲမှာတော့ သေသေချာချာ ဖော်ပြမထားဘူး။ ကြည့်ရတာ ကောင်းကင်သိုင်းခုံရုံးက လူတွေ ဒီကို မကြာခင် ရောက်လာတော့မယ်တူတယ်”

ပြောနေတုန်းရှိသေး …

တိမ်တိုက်တောင်၏ တပည့်တစ်ဦးက ခန်းမအတွင်း အလျင်အမြန် ပြေးဝင်လာကာ ဦးညွှတ်လိုက်ပြီး " ဂိုဏ်းချုပ် ကောင်းကင်သိုင်းပညာခုံးရုံးက လူတွေ ရောက်လာပြီ "

တခြားသူများက ခေါင်းညိတ်လိုက်ကြ၏။ သူတို့က မှန်းဆထားပြီးသားဖြစ်သည့်အတွက် အံ့သြခြင်း မရှိပေ။

" သူတို့ကို ဝင်ခိုင်းလိုက် "

" ဟုတ်ကဲ့ "

...

တိမ်တိုက်တောင်၏ ဝေဟင်အထက် ရထားလုံးပျံတစ်စီးက ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။ ဤသည်က ကောင်းကင်သိုင်းခုံရုံး၏ ရထားလုံးပျံ ဖြစ်၏။

ကောင်းကင်သိုင်းခုံရုံးက တိမ်တိုက်တောင်၏ ဝင်ရောက်ဖို့ ခွင့်ပြုချက်ကို ရယူပြီး ရောက်ရှိလာသည်။ သူတို့က အကာအရံများကို ဖြတ်သန်းကာ ပင်မတောင်ထိပ်ခန်းမရှေ့ ဆင်းသက်လာ၏။

ကောင်းကင်သိုင်းခုံရုံး၏ ကျင့်ကြံသူ ဆယ်ယောက်ကျော်က ခန်းမအတွင်း သေတ္တာကိုယ်စီ သယ်ကာ လျှောက်လှမ်းလာ၏။

သူတို့ အထဲဝင်လာသည့်အခါ နျဲ့ချင်းယွင်နှင့် စစ်ခုန်ပေချန်းတို့က သူတို့ထဲမှ တစ်ဦးကို သတိထားမိလိုက်သည်။

" မော့ပုရန် လား "

ထိုအဖွဲ့ကို ဦးဆောင်လာသည့်သူက ကောင်းကင်သိုင်းခုံရုံးမှ အကြီးအကဲ ဖြစ်သူ မော့ပုရန် ဖြစ်၏။ သူက ယွီချန်းရှု၏ အယုံကြည်ရဆုံး လက်အောက်ငယ် တစ်ယောက်လည်း ဖြစ်ပေသည်။

မော့ပုရန်က လက်ဝှေ့လိုက်သည့်အချိန် ကျင့်ကြံသူများက သေတ္တာများကို ကြမ်းပြင်ပေါ် ချပေးလိုက်၏။

" ဂိုဏ်ချုပ်နျဲ့ ကျုပ်တို့ ထပ်တွေ့ပြန်ပြီ။ ကျောင်းထိုင်စစ်ခုန် ခင်ဗျားလည်း ဒီရောက်နေတာကို "

မော့ပုရန်က သူတို့အား အစီအစဥ်တကျ နှုတ်ဆက်လိုက်သည်။

နျဲ့ချင်းယွင်နှင့် စစ်ခုန်ပေချန်းတို့က အနည်းငယ် မျက်နှာပူသွားလေ၏။

နျဲ့ချင်းယွင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ ” အကြီးအကဲမော့ ခင်ဗျားက လုချန်းပေ့ကို မနှုတ်ဆက်ဘူးလား”

မော့ပုရန်က မော့ကြည့်လိုက်ပြီးသည့်နောက်တွင် လုကျိုးနှင့် သူ့ပုံမှန်မဟုတ်သည့် တည်ရှိမှုကို တွေ့ရှိသွားသည်။ သူက အလျင်စလို ဦးညွှတ်လိုက်ပြီး " ခင်ဗျားက ယဲ့ကျန်းကို အနိုင်ယူခဲ့တဲ့ လုချန်းပေ့ ဖြစ်မယ် ထင်တယ်”

လုကျိုးက မော့ပုရန်အား အမူအရာကင်းမဲ့စွာ ကြည့်လိုက်ပြီး " လိုရင်းကို ပြော "

" ... "

မော့ပုရန်က နေရခက်သလို ခံစားမိလာသည်။

အားလုံးက အလုပ်ရှုပ်နေကြတာ ခင်ဗျားနှင့် ဒီနေရာမှာ ဘယ်သူကများ အချိန်ဖြုန်းချင်မှာလဲ...

မော့ပုရန်က ပြောလိုက်၏” ကျုပ်က ဒီလာရောက်တာအတွက် တောင်းဆိုချက်တစ်ခုပဲ ရှိပါတယ်။ ဂိုဏ်းချုပ်နျဲ့က ကောင်းကင်သိုင်းခုံရုံးရဲ့ တပည့်တွေ အားလုံးကို လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ ဒီသေတ္တာတွေထဲမှာ ကောင်းကင်သိုင်းခုံရုံးရဲ့ ကျေးဇူးတင် လက်ဆောင်တချို့ ပါပါတယ်”

မော့ပုရန်က စကားဆုံးသည့်အချိန် လက်ကို ဝှေ့လိုက်၏။

သူ့နောက်ရှိ ကျင့်ကြံသူများက သေတ္တာများကို ဖွင့်လိုက်ကြသည်။

အင်မတန် အဆင့်မြင့်သည့် အဆောင် သုံးသေတ္တာ၊ ရွှေ တစ်သေတ္တာ၊ ဆေးလုံး တစ်သေတ္တာ၊ လျှို့ဝှက်ကျမ်း တစ်သေတ္တာနှင့် မိုးမြေရတနာ လေးသေတ္တာ ပါရှိသည်။ ပင်းမဂိုဏ်းတစ်ခုအနေဖြင့်ပင် ထိုပစ္စည်းများက အင်မတန် အဖိုးကြီးလှသည်ဟု ယူဆ၍ ရသည်။

နျဲ့ချင်းယွင်က ခေါင်းခါကာ ပြောလိုက်၏” မော့ပုရန် ခင်ဗျားရဲ့ လူတွေက ကျုပ်တိမ်တိုက်တောင်ကို သုတ်သင်ဖို့ ရည်ရွယ်ချက်နဲ့ ကြယ်ပျံအိမ်တော်နဲ့ ပူးပေါင်းခဲ့တယ်။ ကျုပ်က ဒီကိစ္စကို လွှတ်ထားပေးမယ် ထင်နေလား”

ဒီလက်ဆောင်သေတ္တာ ဆယ်ခုနဲ့ ဖြေရှင်းလို့ရမယ်လို့ စဥ်းစားနေရင် ဟာသလာလုပ်နေတာပဲ ဖြစ်ရမယ်...

မော့ပုရန်က ပြောလိုက်၏” ဒီသေတ္တာတွေအပြင် ခုံရုံးသခင်က တိမ်တိုက်တောင်ရဲ့ကိုယ်စား လွတ်ငြိမ်းချမ်းသာခွင့်ကို ကိုယ်တိုင်တောင်းဆိုပေးပါလိမ့်မယ်”

" လွတ်ငြိမ်းချမ်းသာခွင့်တဲ့လား "

" ကြယ်ပျံအိမ်တော်က အခုပျက်စီးသွားပြီ။ ယဲ့ကျန်းနဲ့ ချန်ထျန်းတုက သေဆုံးသွားပြီးတော့။ တောင်ထိပ်ငါးခုလုံးကလည်း ကျဆုံးသွားပြီ။ တပည့်ထောင်ချီကလည်း ညတွင်းချင်း ထွက်ပြေးသွားကြပြီ။

ဒါပေမဲ့ ကောင်းကင်သိုင်းခုံရုံးရဲ့ ခေါင်းဆောင်နဲ့ တော်ဝင်အစောင့်တပ်ရဲ့ ဒုခေါင်းဆောင် လုကျန်းတို့ ကိစ္စနဲ့ ကွဲပြားတယ်။ ခင်ဗျား ဒီကိစ္စကို ရှင်းပြဖို့ ခက်ခဲနေမှာပဲ။ အဲ့ကြောင့် ခုံရုံးသခင်က ခင်ဗျားအတွက် အဲ့ကိစ္စတွေကို ဆောင်ရွက်ပေးလိမ့်မယ်။ တိမ်တိုက်တောင်မှာ ဘာမှမဖြစ်ခဲ့သလိုမျိုးပေါ့။ ဒါပေမဲ့... "

မော့ပုရန်က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးသည့်နောက် ဆက်ပြောလိုက်သည်” ကောင်းကင်သိုင်းခုံရုံးရဲ့ တပည့်တွေ မထိမခိုက်ရှိတာကို အတည်ပြုဖို့ လိုတယ်”

" ခင်ဗျားက ဒီကို လာညှိနှိုင်းတာလား လာပြီး တောင်းဆိုတာလား " စစ်ခုန်ပေချန်းက မျက်မှောင်ကြုတ်ပြီးသည့်နောက် အသံမြှင့်ကာ ပြောလိုက်၏” လုချန်းပေ့ အကြောင်းကိုတော့ မသိဘူး။ ဒါပေမဲ့ ကျုပ်ကတော့ ခင်ဗျားရဲ့ တောင်းဆိုချက်တွေကို သဘောမတူနိုင်ဘူး။ မော့ပုရန် ငါတို့ကို လွယ်တယ်များ ထင်နေလား”

" ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့ ကျောင်းထိုင်စစ်ခုန်။ ခုံရုံးသခင်က ဒီပဋိပက္ခကို ပုံကြီးမချဲ့စေချင်ဘူး။ အရာအားလုံးကို ဆွေးနွေးလို့ ရပါတယ်” မော့ပုရန်က ပြောလိုက်၏။

" ဘာမှစိုးရိမ်နေစရာ မလိုဘူး " ယွီကျန့်ဟိုင်က ခက်ထန်စွာ ပြောလိုက်၏” ခင်ဗျားရဲ့ ခုံရုံးသခင်ကို ခင်ဗျားဆီမှာ ကျုပ်ရှစ်စွင်းနဲ့ စကားပြောခွင့် မရှိဘူးဆိုတာကို သွားပြန်ပြောချည်။ တကယ်လို့ ကျုပ်သာ စိတ်အခြေအနေ ဆိုးနေရင် ခင်ဗျားရဲ့ တပည့်အားလုံးကို သတ်မိလောက်တယ်”

မော့ပုရန်က အံ့အားသင့်သွား၏။ သူက ယွီကျန့်ဟိုင်အား ကြည့်ကာ ပြောလိုက်သည်” ဘာလို့များ ကျုပ်ကို ခက်ခဲအောင် လုပ်ချင်နေတာလဲ "

ယွီကျန့်ဟိုင်က ခေါင်းခါလိုက်ပြီးသည့်နောက်တွင် " ငါတို့ကို ခက်ခဲအောင်လုပ်နေတာ ခင်ဗျားပဲလေ "

" အားလုံး ဒါကို သေသေချာချာ စဥ်းစားကြည့်ပါအုံး။ ကောင်းကင်သိုင်းခုံရုံးက ကြယ်ပျံအိမ်တော်တို့ တိမ်တိုက်တောင်တို့လို မဟုတ်ဘူးနော်” မော့ပုရန်က ပြောလိုက်၏။

ထိုစဥ် လုကျိုးက ပြောလိုက်သည်” မင်းနာမည်က ဘယ်သူလဲ "

မော့ပုရန်က လုကျိုး၏ မေးခွန်းကို ကြားသည့်အခါ ကြက်သီးများ ထသွား၏။ သူက ပြန်ဖြေလိုက်သည်” ယောကျာ်းစစ်တစ်ယောက်က ဘယ်တော့မှ နာမည်မပြောင်းဘူး။ ကျုပ်နာမည်က မော့ပုရန် "

ယွီကျန့်ဟိုင်က မျက်မှောင်ကြုတ်လိုက်၏။

သူက ရှစ်စွင်းကို နာမည်လွှဲ သုံးတဲ့အတွက် ပြောချင်နေတာများလား...

လုကျိုး၏ အမူအရာက ပုံမှန်အတိုင်း ကျန်ရှိနေကာ " မော့ပုရန် ကောင်းကောင်းနားထောင် "

" ဟုတ်ကဲ့ပါ " မော့ပုရန်က ပြန်ဖြေလေသည်။

" ဒီနေ့ သတိပေးတဲ့အနေနဲ့ မင်းတို့ရဲ့ တပည့်အယောက် ၂၀ကို သတ်မယ်။ တကယ်လို့ မင်းတို့ရဲ့ ခုံရုံးသခင်က အလေးအနက် ထားတယ်ဆိုရင် ဒီကို ကိုယ်တိုင် လာပြီးတော့ စကားပြောလဲ့ " လုကျိုးက ပြောလိုက်သည်။

" ... " မော့ပုရန်က တုန်ယင်သွား၏။ သူက လူအိုကြီးအား ကြည့်လိုက်သည်။ ထိုလူအိုကြီးက အကြောင်းအရင်းမရှိ သတ်ဖြတ်တော့မည်ဖြစ်ကာ ကောင်းကင်သိုင်းခုံရုံးကိုလည်း အတည်အလေးအနက် မှတ်ယူထားဟန် မပေါ်ပေ။

တပည့်အယောက် ၂၀က အနီရောင်ကြာနယ်မြေအနေဖြင့် ရွှေကြာနယ်မြေဆီ ကျူးကျော်စဥ်အခါက ဆုံးရှုံးခဲ့ရသည့် အသက်အရေအတွက်ကို ပြန်လည်ပေးဆပ်ခိုင်းဖို့ ဖြစ်၏။

မော့ပုရန်က အလျင်စလို ဦးညွှတ်လိုက်ပြီးသည့်နောက်တွင် ပြောလိုက်သည်။ ” လုချန်းပေ့ စိတ်အေးအေးထားပါ။ ကျုပ်တို့တွေ စကားနဲ့ ဆွေးနွေးလို့ ရပါတယ်”

All Chapters