← Chapters

အခန်း (၈၀၅-၈၀၇)

Vol. 54 Ch. 805-807

အခန်း (၈၀၅-၈၀၇)

Vol. 54 Ch. 805-807

အခန်း (၈၀၅) ရွှေကြာနယ်မြေသို့ ဝင်ရောက်ခြင်း

လုကျိုးသည် မော့ပုရန်ကို တစ်ချက်မျှသာကြည့်ပြီး အကြည့်လွှဲလိုက်လေ၏။ ပြီးနောက်သူက ထရပ်ကာ လက်နောက်ပစ်လျက် ခန်းမအပြင်ဘက်သို့ ထွက်သွားပြီး ပြောလိုက်လေ၏။

“နျဲ့ချင်းယွင်”

နျဲ့ချင်းယွင်က အနည်းငယ်အံ့အားသင့်သွား၏။ သူက စိတ်မသက်မသာဖြစ်နေတော့သည်။

“အဲဒါကို ငါကိုယ်တိုင်လုပ်ရမှာလား” လုကျိုးက မေးလိုက်၏။

“…”

နျဲ့ချင်းယွင်က ဆွံ့အသွားသည်။ ဒီလုချန်ပေ့က ငါတို့ရဲ့ကံကြမ္မာကို ငရဲဆီ စုန်ဆင်းဖို့ ချိပ်ပိတ်ထားပြီးသားပဲ။

တိမ်တိုက်တောင်ကသာ ကောင်းကင်သိုင်းခုံရုံး၏လူများကို ထိခိုက်အောင်လုပ်ခဲ့လျှင် သူတို့သည် ကောင်းကင်သိုင်းခုံရုံးကို ရန်စမိပြီး တော်ဝင်ခုံရုံးကိုပါ ရန်စမိမည်ဖြစ်ကာ ပြန်လမ်းရှိတော့မှာ မဟုတ်ပေ။

လုကျိုးသည် ခန်းမအပြင်သို့ ထွက်သွားပြီးနောက် မော့ပုရန်က အမြန်လိုက်လာ၏။ သူက လုကျိုးရှေ့၌ ရပ်ကာပြောလိုက်တော့သည်။

“လုချန်ပေ့ လူကြီးမင်းလိုချင်တာသာ ပြောပါ၊ ဘာကြောင့်သတ်ရမှာလဲ”

လုကျိုးသည် မော့ပုရန်ကို ကြည့်လိုက်၏။ ခဏတာတိတ်ဆိတ်သွားပြီးနောက် သူကမေးလိုက်သည်။

“မင်းရဲ့ ကျင့်ကြံဆင့်က ဘယ်လိုလဲ”

မော့ပုရန်က ပြန်ပြောလိုက်၏။

“ကျုပ်က အရည်အချင်းရှိတဲ့ ကျင့်ကြံသူတစ်ယောက် မဟုတ်ပါဘူး၊ ပွင့်ချပ်ကိုးလွှာအဆင့်ရဲ့ အလယ်ပိုင်း နှောင်းအဆင့်မှာပဲ ရှိပါသေးတယ်”

လုကျိုးက ခေါင်းခါပြီးပြောလိုက်သည်။

“စစ်ခုန်ပေချန်းနဲ့ နျဲ့ချင်းယွင်တောင် ငါ့ကို ဒီလိုမျိုးမပြောရဲဘူး၊ မင်းက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်လောက်ပဲ၊ စိတ်ကြီးဝင်လွန်းနေတာပဲ”

သူပြောပြီးစဉ် လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ရာ အပြာရောင်အလင်းတောက်ပလာ၏။

အတိတ်ဘဝများ၏စွမ်းအား

သူသည်ထိုတိုက်ကွက်၌ ထူးကဲစွမ်းအား ငါးပုံတစ်ပုံကို ထည့်သွင်းလျက် မော့ပုရန်ဆီ တွန်းထုတ်လိုက်သည်။

မော့ပုရန်က မျက်မှောင်ကြုတ်လျက် တိုက်ကွက်ကို ပိတ်ဆို့ရန် ကြိုးပမ်းကာ လက်မြှောက်လိုက်တော့သည်။ သူ၏ကာကွယ်ရေးစွမ်းအင်က အလွယ်တကူ ဖျက်ဆီးခံလိုက်ရသည်။

ဘန်း

မော့ပုရန်သည် လွင့်ထွက်သွားသည်နှင့် လုကျိုး၏ လက်ဝါးစည်းတံဆိပ်က သူ့ပေါ်ကျရောက်လာ၏။ ယင်းက ထင်ထားပြီးသားဖြစ်သည်။ သူက ရင်ပြင်ထဲရှိ ခန်းမအပြင်ဘက်သို့ ကျသွားသည်။ သူက မြေပြင်နှင့်ရိုက်မိပြီး ဆယ်မီတာကျော်အထိ လွင့်ထွက်သွားပြီးမှ ရပ်တန့်သွားလေ၏။

စစ်ခုန်ပေချန်းနှင့် နျဲ့ချင်းယွင်က ဆွံ့အသွားပြီး နှလုံးခုန်နှုန်းမြန်လာတော့သည်။ သူတို့သည် လုကျိုးလုပ်ခဲ့သလို နှောင်းအဆင့် ပွင့်ချပ်ကိုးလွှာသိုင်းပညာရှင်ကို အားစိုက်ထုတ်မှု မရှိပဲ အနိုင်ယူနိုင်မှာမဟုတ်ပေ။ ထို့အပြင် မော့ပုရန်က အရည်အချင်းရှိပြီး အတွေ့အကြုံရှိ၏။ သူသည် ပွင့်ချပ်ကိုးလွှာအဆင့်သို့ရောက်ခါစ လူငယ်ကျင့်ကြံသူများကဲ့သို့ မဟုတ်ပေ။ သူသည် ပါရမီရှင် ကျင့်ကြံသူတစ်ယောက်အနေဖြင့် အသိဉာဏ်ကြွယ်ပြီး ပွင့်ချပ်ဆယ်လွှာအဆင့်သို့ရောက်ရန် အလားအလာရှိ၏။ ထိုသို့တိုင် လုကျိုးရှေ့၌ သူသည်ခုခံမှုကင်းမဲ့နေသည်။

“အကြီးအကဲမော့”

ဤနေရာသို့ မော့ပုရန်နောက်မှလိုက်လာသော ကောင်းကင်သိုင်းခုံရုံးတပည့်ဆယ်ယောက်ကျော်သည် သူ့ဆီချက်ချင်းပြေးသွားပြီး သူ့ကို ကူညီလိုက်၏။

မော့ပုရန်သည် ခဲရာခဲဆစ် ထရပ်လိုက်သည်။ နောက်ဆုံးတွင် ရိုက်ချက်မှနာကျင်မှုသည် သူခံစားရန် ပြင်းထန်လွန်းနေ၏။ သူက သွေးအန်လိုက်ရာ နှုတ်ခမ်းထောင့်မှသွေးများစီးကျလာသည်။

သွေးစက်က မြေပြင်ပေါ်ကျလာပြီး စွန်းထင်းသွားတော့သည်။

မော့ပုရန်၏လက်က ထုံကျင်နေပြီး သူ၏လက်ချောင်းများက တုန်ယင်တာမရပ်နိုင်တော့ပေ။ သူ၏ခြေထောက်များတောင် အားနည်းမှုကို ခံစားနေရသည်။ သူ့တပည့်များ ကူတွဲပေးထားတာကြောင့်သာ မဟုတ်လျှင် သူမြေကြီးပေါ် ပြုတ်ကျသွားလောက်၏။

သိုင်းပညာရှင်များကြား ယှဉ်တိုက်ပွဲတစ်ပွဲတွင် အရာအားလုံးသည် ရန်သူ၏ခွန်အားကို ဆုံးဖြတ်ပေးရန် တိုက်ကွက်တစ်ကွက်သာလိုသည်။ တိုက်ကွက်တစ်ကွက်ဖလှယ်ရုံမျှဖြင့် ခွန်အားကွာဟချက်က သိသာသွားပြီဖြစ်သည်။

မော့ပုရန်သည် သက်ရောက်မှုမှ ပြန်ကောင်းရန် အချိန်အတော်ကြာ ယူလိုက်ရ၏။ ထိုလက်ဝါးရိုက်ချက်သည် သူကညီတူမျှတူရပ်နေနိုင်သည့် အဓိပ္ပာယ်ကို နားလည်သွားစေ၏။ အကြီးအကဲတစ်ယောက်သည် အကြီးအကဲတစ်ယောက်သာဖြစ်လိမ့်မည်။ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက်သာ ဖြစ်မည်။ သူက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူရှေ့၌ မောက်မာထောင်လွှားစွာ ပြုမူပိုင်ခွင့်မရှိပေ။

ခဏအကြာတွင် မော့ပုရန်က သူ၏လက်ကိုအနည်းငယ်လှုပ်ပြီး သူ့တပည့်များကို ဘေးထွက်ရပ်ရန် ညွှန်ကြားလိုက်၏။ သူကစိတ်တည်ငြိမ်အောင်ထားပြီးနောက် သူ၏အဝတ်အစားများကို သေသပ်အောင်ပြင်လျက် လုကျိုးရှေ့ လက်သီးဆုပ်မိုးကာ ပြောလိုက်တော့သည်။

“ခင်ဗျားရဲ့ သတင်းစကားကို ခုံရုံးသခင်ဆီ သေချာပေါက်ပြောပေးပါ့မယ်”

လုကျိုးက ပြန်မပြောပေ။

မော့ပုရန်က ဘေးကိုကြည့်ပြီးပြောလိုက်၏။

“ပစ္စည်းတွေစု ငါတို့သွားကြမယ်”

ထိုစဉ် ယွီကျန့်ဟိုင်က ပြောလိုက်၏။

“ခင်ဗျားတို့ ပစ္စည်းတွေ ဒီမှာထားခဲ့”

မော့ပုရန်၏ မျက်ခွံက တွန့်သွားလေသည်။ သူက ငြင်းဆန်တော့မည့်အချိန်တွင် လျှာဖျားထိပ်သို့ ဆန်တက်လာသောစကားလုံးများကို မျိုချဖို့ ဆုံးဖြတ်လိုက်၏။ ထိုအစား သူကပြောလိုက်၏။

“ဒါတွေက အစကတည်းက တွေ့ဆုံခြင်းလက်ဆောင်တွေပါ၊ လုချန်ပေ့က ဒါတွေကို လက်ခံဖို့ ဆန္ဒရှိတယ်ဆိုရင် လုချန်ပေ့ကို ပေးဖို့ ပျော်ရွှင်တာထက် ပိုပါတယ်၊ သွားကြမယ်”

ကောင်းကင်သိုင်းခုံရုံးမှ လူများသည် ရထားလုံးပျံပေါ်တက်ပြီး ရှောင်ယွမ်အာက ခရုလေးကို ခန်းမ၏ဝင်ပေါက်ဆီခေါ်သွားပြီးနောက် ရထားလုံးပျံကို လက်ညှိုးထိုးပြပြီးပြောလိုက်၏။

“တွေ့လား၊ သူတို့နေရာမှာ လူတွေကို ထားနိုင်အောင် ဖိအားကိုသုံးရမယ်၊ နောက်ကျသူတို့လူကို တွေ့ခဲ့မယ်ဆိုရင် တတ်နိုင်သမျှ ရိုက်ချလိုက်၊ အကြမ်းဖက်တာက ဖြေရှင်းနည်းမဟုတ်ဘူးလို့ လူတွေက ပြောကြလိမ့်မယ်၊ ဒါပေမဲ့ နင့်ရဲ့ရှစ်ကျဲအနေနဲ့ ပြောပြလိုက်မယ်၊ အကြမ်းဖက်တာနဲ့ အားသုံးတာက ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ အထိရောက်ဆုံးနည်းလမ်းပဲ”

“အင်း ညီမ အစ်မရဲ့စကားတွေကို မှတ်ထားပါ့မယ် ကျိုးရှစ်ကျဲ” ခရုလေးက ခေါင်းညိတ်လိုက်၏။ ကျန်သည့်သူများက ဆွံ့အသွားတော့သည်။

လုကျိုးက ထိုမိန်းကလေးနှစ်ယောက်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ တစ်ယောက်က သင်ပြရဲသည်။ နောက်တစ်ယောက်က သင်ယူဝံ့သည်။ သူတို့ကို ခွဲထားသင့်လား။

ထိုစဉ် မုန့်ချန်းသုံက သေတ္တာများရှိရာကို သွားလိုက်၏။ ခဏအကြာတွင် သူကပြောလိုက်တော့သည်။

“လုချန်ပေ့ ဒါတွေက အင်မတန်အရည်အသွေးမြင့်တဲ့အဆောင်တွေပါ၊ သင်္ကေတတွေ ထွင်းထုထားပြီးသားဆိုတော့ အသုံးပြုလို့ရပါတယ်”

လုကျိုးက ခေါင်းညိတ်ပြီး ပြောလိုက်၏။

“ဒါတွေက ပစ္စည်းကောင်းတွေပဲ၊ ဒါပေမဲ့ တစ်ဖက်နဲ့ ဆက်သွယ်ဖို့ နည်းလမ်းတစ်ခုရှာမှရမယ်”

မုန့်ချန်းသုံက ပြောလိုက်၏။

“ကျုပ်တို့ အရင်တစ်ခေါက်က မြင်ခဲ့ပုံအရ ကောင်းကင်ရထားလုံးပေါ်မှာ အစီအရင်တွေကို ထားထားတဲ့ ကြယ်ပျံအိမ်တော်က လူတွေဆီကနေ သတင်းရထားတယ်၊ ကောင်းကင်ရထားလုံးက မြင့်လွန်းတယ်၊ ဒါကြောင့် ဖျက်ဆီးခံရမယ်မထင်ဘူး၊ အစီအရင်သွေးကြောတွေက အကောင်းပကတိ ရှိနေသေးရင် အဲဒါတွေကို မြင်တွေ့နိုင်တယ်၊ ဒါပေမဲ့ သူတို့မှာ အဆောင်မရှိရင် ကျုပ်တို့ကို သူတို့မြင်တွေ့နိုင်မှာ မဟုတ်ဘူး”

ယွီကျန့်ဟိုင်က ပြောလိုက်၏။

“ဘာစောင့်နေတာလဲ၊ ကြိုးစားကြည့်မယ်လေ”

မုန့်ချန်းသုံက ခေါင်းညိတ်ပြီး သေတ္တာထဲမှ အဆောင်များ ထုတ်လိုက်၏။ ထိုအရည်အသွေးမြင့် အဆောင်များသည် သာမန်အဆောင်များနှင့်ယှဉ်လျှင် ပိုသာလွန်၏။

မုန့်ချန်းသုံသည် အစီအရင်ကိုရေးဆွဲနေစဉ် သူကပြောလိုက်သည်။

“ကောင်းကင်သိုင်းခုံရုံးထဲမှာ သူတို့တွေက အရင်ဆုံးအစီအရင်အလံတွေနဲ့ ကင်းဗတ်စတွေကို ပြင်ဆင်ထားလေ့ရှိတယ်၊ ဒီနည်းနဲ့ဆို သူတို့အချိန်ကုန်သက်သာနိုင်တယ်၊ သူတို့က ကြမ်းပြင်ပေါ် ကင်းဗတ်စတွေကို ဖြန့်ကျက်ပြီး အသက်သွင်းလိုက်တာ ဘာမှရေးထွင်းနေဖို့ မလိုအပ်ဘူး”

ယွီကျန့်ဟိုင်က ခေါင်းညိတ်ပြီးနောက် လုကျိုးကို ပြောလိုက်သည်။

“ရှစ်စွင်း၊ ရှစ်စွင်းရဲ့အမြော်အမြင်ရှိမှုက ကျွန်တော့်ကို အထင်ကြီးစေတယ်၊ ဒီအစောင့်အရှောက်ကို ခေါ်ထားတာမှန်တယ်”

အစီအရင်ပြီးမြောက်သွားသည်နှင့် မုန့်ချန်းသုံသည် အဆောင်များကို သယ်လာပြီး မီးရှို့လိုက်သည်။

အရည်အသွေးမြင့် အဆောင်တစ်ခုသည် လောင်ကျွမ်းသွားပြီးနောက် သင်္ကေတစည်းတံဆိပ် တစ်ဒါဇင်ခန့်ထုတ်လွှင့်လိုက်သည်။ မုန့်ချန်းသုံ လုပ်ရန်လိုအပ်သည်က အစီအရင်ကို အသက်သွင်းရန် အဆောင်ဆယ်ခုကျော်ကို မီးရှို့ပစ်ဖို့ပဲဖြစ်သည်။

မကြာမီ၌ သင်္ကေတစည်းတံဆိပ်များသည် လေထဲ၌ ပုံရိပ်များဖွဲ့တည်လာပြီး ရွှေကြာနယ်မြေတွင် ဖြစ်ခဲ့သည့်အရာကို ပြသနေ၏။

မျက်နှာထက်တွင် သိချင်စိတ်ရှိသောအမူအရာဖြင့် လူတစ်စုကို ပုံရိပ်ထဲတွင် မြင်ရသည်။

“ရှစ်တိ ဒီကောင်က အဆုံးမဲ့သမုဒ္ဒရာကို ဖြတ်ကျော်နိုင်မှာလား”

“စစ်ရှစ်ရှိုး ဒီဟာက ပင်လယ်လေတစ်ခုပဲ မဟုတ်ဘူး၊ သုံးရက်လေ့လာခဲ့တာ၊ အနီရောင်ကြာနယ်မြေက လူတွေက ဒါကို ဖန်တီးထားခဲ့တာဆိုရင် သူတို့တစ်ယောက်တည်း လုပ်နိုင်မှာမဟုတ်ဘူး”

“ရေလွန်းကို ဖန်တီးခဲ့တယ်မလား”

“ရေလွန်းရဲ့အရှိန်နဲ့ ဝင်ဆံ့အားက ကောင်းကင်လွန်းနဲ့ ယှဉ်ဖို့ဝေးသေးတယ်”

ထိုစဉ် ကျူးဟုန်ကုန်းက မင်ရှစ်ရင်နှင့် စီးဝူယာ့ဆီလျှောက်လာ၏။ သူက ပျင်းရိသောအမူအရာဖြင့် ပြောလိုက်သည်။

“အနီရောင်ကြာနယ်မြေက ဒီလောက်အစွမ်းထက်လား”

“လက်ရှိမှာ အနီရောင်ကြာနယ်မြေအကြောင်း ငါတို့ဘာမှမသိသေးဘူး၊ ဒါပေမဲ့ သူတို့က ငါတို့ထက် ပိုအစွမ်းထက်မယ်လို့ ခံစားမိနေတယ်” စီးဝူယာ့က ပြောလိုက်၏။

“ဒါဆို ငါတို့တော့ ကံဆိုးပြီပဲ၊ ရှစ်စွင်းနဲ့ ငါတို့ရဲ့ရှစ်မေ့တွေက ဘာမှမစဉ်းစားဘဲ အဲဒီကို သွားလိုက်တာ၊ သူတို့ခေါင်းတွေက ဝက်ခေါင်းလို ဖူးယောင်နေအောင် အရိုက်ခံရမှာ ကျိန်းသေတယ်” ကျူးဟုန်ကုန်းက ပြောလိုက်သည်။

“…”

ထိုစဉ်ရှောင်ယွမ်အာက ကျူးဟုန်ကုန်းကို လက်ညှိုးထိုးပြီး ပြောလိုက်၏။

“ရှစ်စွင်း၊ ပါ့ရှစ်ရှိုးက ပါးစပ်ထပ်ဆိုးနေပြန်ပြီ”

လုကျိုးက အမြဲလိုပင် မျက်နှာသေဖြစ်နေ၏။

ဒီလူမိုက်ကတော့

ကလေးတစ်ယောက်က သုံးရက် အရိုက်မခံရပါက အိမ်ခေါင်မိုးကို လှန်လိမ့်မည်။ ကြာပွတ်မရှိသည့် နှစ်ရက်တွင် အရေခွံနှင့် အသားတို့က ချဉ်တူးသွားလိမ့်မည်။

မုန့်ချန်းသုံက ထုတ်လွှင့်မှုကို ထိန်းသိမ်းရန် နောက်ထပ်အဆောင်တစ်ခုကို ထည့်လိုက်၏။

ထိုစဉ် ပေတစ်ရာ့ငါးဆယ် စိတ်ဝိညာဉ်သဏ္ဌာန်က မလှမ်းမကမ်း၌ ပေါ်လာသည်။

မြင့်မားလှသည့် ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် ပတ်ဝန်းကျင်၌ ဝင့်ကြွားစွာ ရှိနေလျက် ရစ်ခွေနဂါးတောင်ဝှေးက ၎င်းကို လှည့်ပတ်ထားကာ တစ်လက်လက်တောက်ပသော ရောင်ခြည်ဖြင့် ထွန်းလင်းနေ၏။

ကျန်သည့်သူများသည် ၎င်းကို တစ်ချက်မျှသာ ကြည့်ပြီးနောက် ဘာမှမမြင်ခဲ့သည့်ပမာ ကောင်းကင်လွန်းကို အာရုံစိုက်လိုက်သည်။

ယောင်ချင်းချွမ်က ဆွံ့အသွား၏။

သူတို့တွေက ပွင့်ချပ်ကိုးလွှာစိတ်ဝိညာဉ်သဏ္ဌာန်ကို ဘာမှမဟုတ်သလို ဘယ်လိုလုပ် သဘောထားနိုင်တာလဲ။

“နဝမသခင်မလေး အဲဒါတွေ သူတို့က ဘယ်သူတွေလဲ” ယောင်ချင်းချွမ်က နှိမ့်ချစွာ မေးလိုက်၏။

“ဒါက မိစ္ဆာဝေဟင်မျှော်နန်းလေ အဲဒီဖက်တီး နားရွက်ကြီးကြီးနဲ့တစ်ယောက်က ကျွန်မရဲ့ ပါ့ရှစ်ရှိုး၊ မကောင်းဆိုးဝါးနဲ့ တူပြီး မုတ်ဆိတ်သပ်နေတဲ့လူက ကျွန်မရဲ့ စစ်ရှစ်ရှိုး၊ ဒါက ကျွန်မရဲ့ ချီရှစ်ရှိုးလေ၊ စိတ်ဝိညာဉ်သဏ္ဌာန်က အကြီးအကဲကျော့ပိုင်တာ၊ သူတို့ရဲ့အမူအရာတွေကို ကြည့်ရင် အကြီးအကဲကျော့က အခုချိန်မှာ ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်သွားပြီးတာ ကြာပြီဖြစ်ရမယ်၊ ဒါကြောင့်သူတို့တွေက သူမရဲ့ စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်ရတာ ငြီးငွေ့နေတာ” ရှောင်ယွမ်အာက ရှင်းပြလိုက်၏။

“…”

ရှောင်ယွမ်အာ၏ စကားက အဓိပ္ပာယ်ရှိသည်ဆိုတာ ကျန်သည့်သူများ ဝန်ခံရပေမည်။ တကယ်တော့ မည်သူကမျှ ကျော့ယွီရှု၏ ပွင့်ချပ်ကိုးလွှာစိတ်ဝိညာဉ်သဏ္ဌာန်ကို အာရုံမစိုက်ခဲ့ပေ။

ထိုစဉ် စီးဝူယာ့က ရုတ်တရက်လှည့်လာပြီး ပြောလိုက်၏။

“အစီအရင်သွေးကြောက လင်းနေတယ်၊ အဆောင်တချို့ ယူလာခဲ့”

မုန့်ချန်းသုံက ထိတ်လန့်သွား၏။ သူကနောက်ထပ် အဆောင်ကို ထပ်ထည့်ပြီးပြောလိုက်သည်။

“အစီအရင်က ဘာအတွက်အသုံးပြုလဲဆိုတာ သူသိရဲ့လား”

“ဒါက ကျွန်မရဲ့ချီရှစ်ရှိုးလေ၊ ကျွန်မ ကြွားနေတယ်လို့ ရှင်တို့ထင်ကောင်းထင်မယ်၊ ဒါပေမဲ့ ကောင်းကင်သိုင်းခုံရုံးနဲ့ ကြယ်ပျံအိမ်တော်ကလူတိုင်းရဲ့ ခေါင်းကို ပေါင်းလိုက်မယ်ဆိုရင်တောင် သူတို့တွေက ကျွန်မရဲ့ချီရှစ်ရှိုးလောက် မပါးနပ်ဘူး” ရှောင်ယွမ်အာက ခါးထောက်လျက် ပြောလိုက်သည်။

တစ်စုံတစ်ယောက်က အနေခက်စွာ ချောင်းဟန့်လိုက်၏။ ဒါတော့ များလွန်းသွားပြီ ကောင်မလေး

လုကျိုးကပြော၏။

“ငါ့ရဲ့ဒီတပည့်က ခက်ခဲတဲ့ပုစ္ဆာတွေကို ဖြေရှင်းရတာ နှစ်သက်တယ်၊ သူက ကောင်းကင်သိုင်းခုံရုံးရဲ့ လော့ရွှမ်းနဲ့ ဆင်တူတယ်”

မုန့်ချန်းသုံသည် လုကျိုး၏စကားကို အတည်မှတ်ယူပြီး ပြောလိုက်သည်။

“မိစ္ဆာဝေဟင်မျှော်နန်းမှာ ဒီလို ပါရမီရှင်ရှိနေလိမ့်မယ်လို့ မထင်ထားဘူး၊ တကယ်အထင်ကြီးမိပါတယ်”

စီးဝူယာ့သည် အဆောင်များကို မီးရှို့လိုက်သည်။

ကောင်းကင်ရထားလုံးပေါ်ရှိ အစီအရင်ပေါ် သင်္ကေတစည်းတံဆိပ်များ ကျရောက်သောအခါ လေထဲ၌ ပုံရိပ်က စတင်ပေါ်လာသည်။

မင်ရှစ်ရင်၊ စီးဝူယာ့၊ ကျူးဟုန်ကုန်း၊ ကျိုးကျစ်ဖုန်း၊ ဖန်ကျုံးနှင့် များစွာသော အမျိုးသမီးကျင့်ကြံသူများက စုဝေးနေ၏။

“ရှစ်.. ရှစ်စွင်းလား” မင်ရှစ်ရင်က အထိတ်တလန့်ပြောလိုက်သည်။

စီးဝူယာ့က အပျော်လွန်သွား၏။

“ဒါက ကျွန်တော်သံသယဝင်နေတဲ့အတိုင်းပဲ၊ ဒါက ဆက်သွယ်ဖို့နည်းလမ်းကိုး၊ နှုတ်ခွန်းဆက်ပါတယ် ရှစ်စွင်း”

မင်ရှစ်ရင်က ဒူးထောက်လိုက်၏။

“နှုတ်ခွန်းဆက်ပါတယ် ရှစ်စွင်း”

ကျန်သည့်သူများကလည်း လုကျိုးကို လိုက်နှုတ်ဆက်၏။

“နှုတ်ခွန်းဆက်ပါတယ် မျှော်နန်းသခင်”

အကြီးအကဲများ၊ တွမ့်မူရှန်းနှင့် ယဲ့ထျန်းရှင်းက မရှိပေ။

ကျူးဟုန်ကုန်းတစ်ယောက်သာလျှင် ကျန်ရစ်ပြီး အံ့ဩဆွံ့အနေ၏။ သူက အသိစိတ်ပြန်ဝင်လာသောအခါ ဒူးအမြန်ထောက်လျက် မြေပြင်ပေါ်ဝပ်တွားကာ ပြောလိုက်တော့သည်။

“ရှစ်..ရှစ်စွင်း ချမ်းသာပေးပါ”

…

အခန်း (၈၀၆) မိစ္ဆာဝေဟင်မျှော်နန်း

" ထပြီးတော့ပြော " လုကျိုးက ပြောလိုက်သည်။

မိစ္ဆာဝေဟင်မျှော်နန်း၏ အဖွဲ့သားများက ထရပ်လိုက်ကြ၏။

ကျူးဟုန်ကုန်းက ထရပ်တော့မည့်ဆဲဆဲတွင် လုကျိုးက မျက်မှောင်ကြုတ်ကာ " မင်းကို ထခိုင်းလို့လား "

ကျူးဟုန်ကုန်းက အနည်းငယ် တုန်ယင်သွားကာ အလျင်စလို ပြောလိုက်၏” ကျွန်တော်က နေရာလေး ရွှေ့တာပါ။ ဒီ … ဒီနားရွှေ့လိုက်ရင် ရှစ်စွင်းက ကောင်းကောင်း ပိုမြင်ရမယ်မလား။ ကျွန်တော်က ဘယ်လောက်တောင် သိတတ်လိုက်လဲ ကြည့်ပါအုံး”

သူက ပြောပြီးသည့်နောက်တွင် သူ့ကိုယ်သူ ထပ်မံ ဒူးထောက်လိုက်သည်။

" ... "

ယွီကျန့်ဟိုင်က မျက်လုံးအုပ်ထားလိုက်၏။ သူတို့က အနီရောင်ကြာနယ်မြေတွင် ဂုဏ်ကျက်သရေ ကြီးမားဖွယ် ပုံရိပ်ကို တည်ဆောက်ခဲ့ရ၏။ အနီရောင်ကြာနယ်မြေမှ လူများအတွက် မိစ္ဆာဝေဟင်မျှော်နန်းက လျော့တွက်လို့မရသည့် အင်အားစုတစ်ခု ဖြစ်၏။ သူတို့အားလုံးက တခြားသူများ၏ ကိုးကွယ်မှုကို ခံရအောင် ထိုက်တန်ပေသည်။ လောင်ပါ့၏ အပြုအမူဖြင့် သူသည် ထိုပုံရိပ်ကို ဖျက်ဆီးပြီးသား ဖြစ်သွားလေပြီ။

မည်သို့ပင်ဆိုစေကာမူ ယောင်ချင်းချွမ်က အံ့အားသင့်မိနေဆဲ ဖြစ်၏။ မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်များက လုကျိုးကို လေးစားပြီး ရိုကျိုးကြသည်။ လုကျိုးက အဆင့်အတန်း မြင့်မားပြီး ဂုဏ်သတင်းကြီးမားမှန်း သိသာလှ၏။

" မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အခြေအနေက ဘယ်လိုလဲ " လုကျိုးက မေးလိုက်၏။

စီးဝူယာ့က အဆောင်သည် ရှားပါးကာ အချိန်တိုတောင်းကြောင်း သိထားသည်။ သူက အလျင်အမြန် ပြောလိုက်သည်” စီရင်စုကိုးခုလုံးက တည်ငြိမ်ပါတယ်။ ချန်းဟွမ်ရဲ့ ကာကွယ်မှုနဲ့ လျိုရှစ်ကျဲက ပြိုင်ဘက်ကင်း ဖြစ်နေတယ်။ သားရဲနဲ့ တခြားမျိုးနွယ်တွေက ကျွန်တော်တို့အတွက် ခြိမ်းခြောက်မှု မဟုတ်ပါဘူး”

" ကျော့ယွီရှုက အခု ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ဖြစ်သွားပြီလား " လုကျိုးက မိစ္ဆာဝေဟင်မျှော်နန်း၏ သတင်းအချက်အလက်များစွာကို တခြားသူဆီ မရောက်အောင် ကာကွယ်ဖို့ လူတစ်ယောက်တည်းသာ တမင်မေးလိုက်၏။

" အကြီးအကဲကျော့က ပွင့်ချပ်ကိုးလွှာအဆင့် ရောက်နေတာ ကြာလှပါပြီ။ လက်ရှိ သူက ပွင့်ချပ်ကိုးလွှာစွမ်းအားနဲ့ ရင်းနှီးအောင် လုပ်နေပါတယ်”

စီးဝူယာ့က သူ့ရှစ်စွင်း၏ မျက်နှာထားကို မြင်သည့်အခါ မလိုလားသည့်အရာများကို မပြောတော့ဘဲ မေးခွန်းကိုသာ ဖြေလိုက်၏။

" အနီရောင်ကြာနယ်မြေက အင်အားစုတွေက မကြာခင် ကျူးကျော်လာလိမ့်မယ်။ သတိထားကြ "

လုကျိုးက ပြောလိုက်သည်။

" ရှစ်စွင်း စိတ်မပူပါနဲ့။ ကျွန်တော် မိစ္ဆာဝေဟင်မျှော်နန်းကို စောင့်ရှောက်ထားလိုက်ပါ့မယ်။ ဘာမှဖြစ်မှာ မဟုတ်ပါဘူး” စီးဝူယာ့က ယုံကြည်ချက်ရှိရှိ ပြုံးလိုက်သည်။

လုကျိုးက ခေါင်းညိတ်ကာ စိတ်အေးသွားမိ၏။

ယခင် ကူးပြောင်းမှုက တိုတောင်းသည့်အတွက် သူတို့က တိုက်ပွဲအခြေအနေကို မသိခဲ့ရပေ။ သို့သော်လည်း အနီရောင်ကြာနယ်မြေ၏ အင်အားစုများက ရှုံးနိမ့်သွားဟန် ပေါ်၏။ မော့ပုရန်က နောက်ဆုတ်ဖို့ လိုလားသည်မှာ မထူးဆန်းတော့ပေ။

ထိုစဥ် စီးဝူယာ့က ပြောလိုက်၏။ ” ရှစ်စွင်း ကျွန်တော် ဒီအဆောင်အစီအရင်ကနေတစ်ဆင့် သတင်းအချက်အလက်တချို့ ပို့လိုက်ပါ့မယ်”

ထိုအရာကို ကြားကာ မုန့်ချန်းသုံက မနေနိုင်ဘဲ မေးလိုက်၏” သတင်းအချက်အလက် ဘယ်လိုပို့ရမယ်ဆိုတာကို သိတယ်လား "

" ဒါပေါ့။ ဒါက လွယ်လွယ်လေးပဲလေ။ အဆောင်ပေါ်မှာ သတင်းအချက်အလက်ကို ရေးချပြီးတော့ ဒီအစီအရင်အတွင်းမှာ မီးမြှိုက်လိုက်ရုံပဲမလား” စီးဝူယာ့က ပြန်ဖြေ၏။

" ဒါက ကောင်းကင်သိုင်းပညာခုံရုံးနဲ့ ကြယ်ပျံအိမ်တော်ပဲ သိတဲ့ လျှို့ဝှက်ချက်တစ်ခုလေ။ မင်းကလည်း ဒီလိုသိနေမယ်ဆိုတော့ တကယ့်ကို အံ့သြစရာပဲ” မုန့်ချန်းသုံက အံ့အားသင့်နေဆဲ ဖြစ်၏။

" ခင်ဗျားက ဘယ်သူလဲ " စီးဝူယာ့က မေးလိုက်သည်။

လုကျိုးက ခက်ထန်စွာ ပြောလိုက်၏” စကားကြည့်ပြော။ သူက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူအသစ်ပဲ။ သူက အစောင့်အရှောက်မုန့်။ မျှော်နန်းရဲ့ ပထမဆုံး အစောင့်အရှောက်ပဲ”

မိစ္ဆာဝေဟင်မျှော်နန်း၏ ဂိုဏ်းသားများက ထိုစကားကို ကြားသည့်အခါ မဆင်မခြင် မပြုမူရဲတော့ပေ။ သူတို့ အားလုံးက တစ်ပြိုင်နက် ဦးညွှတ်လိုက်ကြ၏။

" အစောင့်အရှောက်မုန့်ကို ဂါရဝပြုပါတယ် "

မုန့်ချန်းသုံက မိစ္ဆာဝေဟင်မျှော်နန်း၏ ဂိုဏ်းသားများက သူတို့ နှုတ်ဆက်သည့်အခါ စိတ်လှုပ်ရှားမိသွားသည်။ သူက ကြယ်ပျံအိမ်တော်အတွင်း အကြီးအကဲတစ်ဦး ဖြစ်ခဲ့သော်လည်း ထိုနေရာတွင် ဆက်ဆံခံရပုံများကို သူသာလျှင် သိသည်။ ယဲ့ကျန်း၏ တပည့်ကပင် သူ့ကို အမိန့်ပေးနိုင်၏။ ယခုတွင် သူက မိစ္ဆာဝေဟင်မျှော်နန်းသို့ ဝင်ရောက်လိုက်ပြီဖြစ်ကာ သူနှင့် ထိုက်တန်သည့် အဆင့်အတန်းနှင့် လေးစားမှုတို့ကို ရရှိလာသည်။ သူက မည်သို့ စိတ်မလှုပ်ရှားဘဲ နေမည်နည်း။

ခေတ္တမျှ တုံ့ဆိုင်းပြီးသည့်နောက်တွင် မုန့်ချန်းသုံက အသက်ပြင်းပြင်းရှူကာ လက်နှစ်ဖက် ယှက်လိုက်ပြီး " တွေ့ရတာ ဝမ်းသာပါတယ်”

ထိုစဥ် လုကျိုးက အတွေးနက်နေမိ၏။ လူများစွာရှေ့တွင် ထုတ်ပြောရသည်မှာ အဆင်မပြေဖြစ်သည့် ကိစ္စများစွာ ရှိပေသည်။ ထို့ကြောင့် သူက ပြောလိုက်သည်။

” အစောင့်အရှောက်မုန့် … ငါတို့လည်း ပြင်ရအုံးမယ်။ ခင်ဗျားက စီးဝူယာ့နဲ့ သတင်းအချက်အလက် လဲလှယ်လိုက်”

" ဟုတ်ကဲ့ " မုန့်ချန်းသုံက ပြန်ဖြေလိုက်၏။

စီးဝူယာ့က ဦးညွှတ်ကာ ပြောလိုက်သည်။ ” ဟုတ်ကဲ့ ရှစ်စွင်း "

ထိုစဥ် ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။

လုကျိုးက ခန်းမအတွင်းရှိ သေတ္တာများအား လှည့်ကြည့်လိုက်ပြီးသည့်နောက်တွင် ဘာမှမပြောဘဲ ထွက်သွားသည်။

စစ်ခုန်ပေချန်းက တစ်ခုခုပြောချင်သော်လည်း ထုတ်ပြောဖို့ရာ မျက်နှာပူနေမိ၏။ သူက သက်ပြင်းချကာ ပြောလိုက်၏။ ” နျဲ့ချင်းယွင် မင်းက ဂိုဏ်းချုပ်တစ်ယောက်ရဲ့ အနေအထားမျိုး မရှိဘူးပဲ။ အစ်ကိုလုကို ကြည့်လိုက်စမ်းပါအုံး။ ဒါကမှ ဂိုဏ်းချုပ်တစ်ယောက် ပြုမူသင့်တဲ့ ပုံစံပဲ”

နျဲ့ချင်းယွင်က ပြောလိုက်၏။ ” ခင်ဗျားလည်း အတူတူပဲလေ” ထိုစဥ် ယွီကျန့်ဟိုင်က နျဲ့ချင်းယွင်ကို ပြောလိုက်သည်။ ” ဂိုဏ်းချုပ်နျဲ့ ကျုပ်တို့ လက်ရည်စမ်းကြအုံးမလား "

" ဒါပေါ့ "

ထိုသို့ဖြင့် သူတို့နှစ်ဦးသားက တိမ်တိုက်ရင်ပြင်ကို ဦးတည်လိုက်ကြသည်။

...

လုကျိုးက တစ်ခြားသူများလောက် စိတ်အေးလက်အေး ဖြစ်မနေပေ။ သူက အခန်း ပြန်ရောက်သည့်အခါ စီးဝူယာ့ထံ ညွှန်ကြားချက်များကို စာအုပ်ပေါ် ရေးသားလိုက်၏။

မုန့်ချန်းသုံက အဆောင်များကို ယူကာ စီးဝူယာ့နှင့် သတင်းစကား လဲလှယ်ပြီး လုကျိုးထံ လာရောက်ပို့ဆောင်သည်။ လုကျိုးက မုန့်ချန်းသုံသည် သတင်းအချက်အလက် ထုတ်ဖော်မည်ကို မစိုးရိမ်ပေ။ သူက မယုံကြည်ရသည့်သူ တစ်ယောက်ယောက်ကို အလုပ်ခန့်မည် မဟုတ်သလို အလုပ်ခန့်ထားသည့်သူကိုလည်း မယုံသင်္ကာ မဖြစ်ပေ။

စီးဝူယာ့၏ သတင်းအချက်အလက်ကို ဖတ်ရှုပြီးသည့်နောက်တွင် လုကျိုးက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်၏။

" မင်ရှစ်ရင်ကလွဲပြီးတော့ နန်ကုန်းဝေနဲ့ ကျော့ယွီရှုတို့ကလည်း ပွင့်ချပ်ကိုးလွှာ အဆင့်ကျင့်ကြံသူ ဖြစ်နေပါပြီ။ ယဲ့ထျန်းရှင်းကလည်း ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ဖြစ်နေပါပြီ။ သူမက ကံမီးတောက်ကိုတောင် ကျွမ်းကျင်ထားသေးတယ်။ အဲဒါအပြင် သူမက ချန်းဟွမ်နဲ့ အတူတူ ရှိထားတယ်။ တွမ့်မူရှန်းကလည်း ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်ဖို့ လုံ့လ ဝီရိယ ရှိရှိ ကြိုးစားနေတယ်။

လန်းလော့နဲ့ ဖန်လီထန်းတို့ကလည်း ပွင့်ချပ်ကိုးလွှာအဆင့် ဝင်ရောက်ဖို့ ကြိုးစားနေကြပါတယ်။ အံ့ဖွယ်မြို့တော်မှာ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ၂ယောက်ရှိပြီးတော့ ကျောင်းယွဲ့ရဲ့ ကျင့်ကြံဆင့်ကတော့ နှေးကွေးနေတယ်။ သူမက တိုင်းပြည်အုပ်ချုပ်တာနဲ့ အလုပ်များနေတယ်လေ။ ကျူးဟုန်ကုန်းက အခု ပွင့်ချပ်ခြောက်လွှာ ကျင့်ကြံသူဖြစ်သွားပြီ။ ကျိုးကျစ်ဖုန်းနဲ့ ဖန်ကျုံးတို့က အခုပွင့်ချပ်လေးလွှာ ကျင့်ကြံသူဖြစ်နေပါပြီ။ ဟွားယွဲ့ရှင်းကတော့ အခုပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူပါ”

မိစ္ဆာဝေဟင်မျှော်နန်း၏ စွမ်းအားက ယခုအခါ မယုံနိုင်လောက်သည့် အဆင့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်၏။

သို့သော်လည်း လုကျိုးက အနည်းငယ်နားမနိုင်ဖြစ်နေမိသည်။ စီးဝူယာ့က သူ့ကိုယ်ပိုင် ကျင့်ကြံဆင့်ကို အဘယ့်ကြောင့် ထည့်မရေးထားရသနည်း။ သူက မုတ်ဆိတ်သပ်ကာ စဥ်းစားလိုက်၏” ငါက သူ့ကို ဆူမှာများ စိုးရိမ်နေတာလား "

သတင်းစကားကို ဖတ်ရှုပြီးသည့်နောက်တွင် လုကျိုးက မီးရှို့ပစ်လိုက်သည်။

သူက အနီရောင်ကြာနယ်မြေနှင့် ရင်ဆိုင်ရမည့်အချိန်သို့ ကျရောက်လာလေပြီ။

" ကောင်းကင်သိုင်းပညာခုံရုံး၊ နန်းတော်၊ လော့ရွှမ်း..." လုကျိုးက သူ့ဘာသာသူ ရေရွတ်လိုက်ပြီး " ဒါနဲ့ မွေးဖွားဇယားချပ်ဆိုတာ ဘာလဲ "

သူ အဖြေလိုနေသည့် မေးခွန်းများစွာ ရှိနေသည်။

...

နောက်နှစ်ရက်အတွင်း လုကျိုးက သူ့အခန်းတွင်း၌သာ ကျင့်ကြံနေ၏။ တတိယမြောက်နေ့ရက်တွင် ရှောင်ယွမ်အာက အခန်းတံခါးရှေ့ရောက်လာကာ ဦးညွှတ်လိုက်ပြီး " ရှစ်စွင်း တာ့ရှစ်ရှိုးနဲ့ နျဲ့ချင်းယွင်တို့က အခုထိ တိုက်နေကြတုန်းပဲ”

လုကျိုးက မျက်လုံးဖွင့်လိုက်ပြီးသည့်နောက်တွင် ကနဦးချီကို အကဲဖြတ်လိုက်သည်။ သူ့ကျင့်ကြံဆင့်က ယခုအခါ နောက်ဆုံးအဆင့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်၏။ အကယ်၍ သူသာ နည်းနည်းကြာကြာ ကျင့်ကြံလိုက်ပါက ဆယ်လွှာမြောက် ပွင့်ချပ်ကို ထွက်နိုင်လောက်သည်။

" ငါ သိပြီ " လုကျိုးက မတ်တတ်ရပ်ကာ အခန်းတွင်းမှ ထွက်လာလိုက်၏။

သူက ရှောင်ယွမ်အာရှိရာ တောင်ထိပ်ဆီ ပေါ်ထွက်လာပြီး တိမ်တိုက်ရင်ပြင်ဆီ လှမ်းကြည့်လိုက်သည်။ တိမ်တိုက်ရင်ပြင်က နေရာကျယ်လွန်းသည့်အတွက် ယွီကျန့်ဟိုင်နှင့် နျဲ့ချင်းယွင်တို့ တိုက်ခိုက်နေသည်ကို မြင်တွေ့နေရသည်။

စွမ်းအင်ဓားမော့များက လေထဲတွင် ကခုန်နေကြ၏။

အနီရောင်နှင့် ရွှေရောင်အလင်းများက တဖျပ်ဖျပ်တောက်ပနေသည်။

ထိုစဥ် စစ်ခုန်ပေချန်းက လုကျိုးကို မြင်လိုက်သည်။ သူက မဟာနည်းစနစ်ကို ထုတ်သုံးကာ လုကျိုးရှေ့မှောက် ရောက်ရှိလာ၏။ သူက လက်နှစ်ဖက်ယှက်လိုက်ပြီးနောက် ပြောလိုက်သည်။

” အစ်ကိုလု … အစ်ကိုလုရဲ့ ပထမတပည့်က တကယ့်ကို အံ့သြစရာပဲ”

" ဘယ်လိုဖြစ်ပြီးတော့လဲ " လုကျိုးက မေးလိုက်သည်။

" အခု သုံးရက်ရှိပြီးတော့ ဆယ်ကြိမ်တိုက်ပြီးသွားပြီ။ ယွီကျန့်ဟိုင်ရဲ့ လုပ်ဆောင်ပုံက တကယ့်ကို အံ့သြစရာပဲ။ နျဲ့ချင်းယွင်က သူ့ကျင့်ကြံဆင့်ကို ဖိနှိပ်ထားတယ်ဆိုပေမဲ့ သူက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက် ဖြစ်နေတုန်းပဲလေ။ တကယ်လို့ နည်းနည်းလေးဆိုရင်တောင် သူက အရေးသာချက် ရှိနေတုန်းပဲ။ ဒါပေမဲ့ ယွီကျန့်ဟိုင်က တိုက်ပွဲဆယ်ခုလုံးမှာ ရှုံးနိမ့်တာတောင် ဂုဏ်ယူစရာကောင်းတယ်”

ထိုစဥ် ယွီကျန့်ဟိုင်က အုပ်ချုပ်သူသက်ဆင်းခြင်းကို ထုတ်လွှတ်လိုက်၏။

ကောင်းကင်မှ စွမ်းအင်ဓားမော့များက ရေတံခွန်သဖွယ် ကျဆင်းလာသည်။

တိမ်တိုက်တောင်တပည့်များက သူတို့သည် မည်မျှမြင်တွေ့စေကာမူ အံ့အားသင့်နေဆဲဖြစ်၏။

" သူက ဆယ်ပွဲလုံး ရှုံးနိမ့်သွားတာလား " လုကျိုးက မျက်မှောင်ကြုတ်လိုက်ပြီး " သူ့အစား ရှက်မိတယ်”

" ... "

စစ်ခုန်ပေချန်းက ဆွံ့အမိသွား၏။ ထို့နောက် သူက လည်ချောင်းရှင်းကာ ပြောလိုက်သည်” သူက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူကို တိုက်နေတဲ့ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူပဲ ရှိသေးတာလေ။ အစ်ကိုလုက သူ့ဆီက အများကြီးတောင်းဆိုနေတာ မဟုတ်ဘူးလား”

" ငါက ငါ့တပည့်တွေကို အမြဲတမ်းအဲ့လိုပဲ။ ပြီးတော့ နျဲ့ချင်းယွင်က သူ့ကို ပွင့်ချပ်ဆယ်လွှာအဆင့် သုံးပြီးတော့ ယှဥ်ပြိုင်နေတာ မဟုတ်ဘူးလေ”

ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူအတွက် ပွင့်ချပ်ဆယ်လွှာကို အနိုင်ယူဖို့ရာ ကောင်းကင်ကို တက်လှမ်းခြင်းထက်ပင် ပိုမိုခက်ခဲသည်။

" တင်းကျပ်တဲ့ဆရာက တပည့်ကောင်းကို မွေးထုတ်ပေးနိုင်တယ် ဆိုတာပဲ။ တကယ့်ကို ကျုပ် သင်ယူခဲ့ရပါတယ်” စစ်ခုန်ပေချန်းက လှည့်ကာ ကောင်းကင်ရှိ စွမ်းအင်ဓားမော့များကို လှမ်းကြည့်လိုက်၏။

အုပ်ချုပ်သူသက်ဆင်းခြင်းက အမှန်တကယ် အံ့အားသင့်ဖွယ် ဖြစ်၏။

နျဲ့ချင်းယွင်က ရောက်ရှိလာသည့် တိုက်ကွက်များကို ကြည့်လိုက်သည်။ သူ့ဓားမော့ လှုပ်ရှားကွက်က သေသပ်ပြီး မလိုလားအပ်သည့် လှုပ်ရှားမှုမရှိဘဲ သေသေသပ်သပ် ယှဥ်ပြိုင်လေ့ ရှိသည်။ သူ့လှုပ်ရှားမှုများက ရိုးရှင်းကာ သက်ရောက်မှု ရှိ၏။ ထိုစဥ် သူက သူ့အနားတွင် လှည့်ပတ်နေသည့် စွမ်းအင်ဓားမော့တစ်ခုကို ပစ်လွှတ်လိုက်ပြီးသည့်နောက်တွင် ယွီကျန့်ဟိုင်၏ စွမ်းအင်ဓားမော့များကို ကာဆီးလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။

" ညီအစ်ကိုယွီ ငါတို့တွေ ဒီမှာ ရပ်ကြမလား”

ယွီကျန့်ဟိုင်က နဂါးသွဲ့ကျောက်ဓားကို ဆုပ်ကိုင်လိုက်ပြီး " ခင်ဗျား ကျုပ်လှည့်ကွက်ထဲ ကျသွားပြီ”

အုပ်ချုပ်သူသက်ဆင်းခြင်းမှ စွမ်းအင်ဓားမော့များသည် သက်ဆင်းနေဆဲ ဖြစ်ကာ ယွီကျန့်ဟိုင်က ရုတ်ချည်းဆိုသလို နောက်ထပ် မီတာအတော်အတန် ရှည်လျားသည့် စွမ်းအင်ဓားမော့ကြီးတစ်ခုကို ထုတ်ဖော်လိုက်သည်။ သူက စွမ်းအင်ဓားမော့ကို အဟုန်အပြင်းဖြင့် ထုတ်ဖော်လိုက်၏။

စွမ်းအင်ဓားမော့က တုန်ခါသွားသည်။

နျဲ့ချင်းယွင်က သူသည် ထိုတိုက်ကွက်ကို အလွယ်တကူ ရှောင်ရှားနိုင်လိမ့်မည်ဟု သေချာနေခဲ့၏။ သို့သော်လည်း ခေတ္တမျှကြာမြင့်ပြီးသည့်နောက်တွင် သူက အုပ်ချုပ်သက်ဆင်းခြင်းမှ စွမ်းအင်ဓားမော့သည် သူ့ရှောင်ရှားရာ လမ်းကြောင်းကို ပိတ်ဆို့ပစ်ကြောင်း သဘောပေါက်သွား၏။ အဆုံးသတ်တွင် သူက သူ့စွမ်းအင်ဓားမော့နှင့် ထိပ်တိုက်ရင်ဆိုင်ရုံမှအပ ရွေးချယ်စရာ မရှိပေ။

ဝုန်း

ယွီကျန့်ဟိုင်၏ စွမ်းအင်ဓားမော့က ကျဆင်းလာ၏။

နျဲ့ချင်းယွင်က မော့ကြည့်လိုက်သည့်အချိန် ပထမတစ်ခုအပြီးတွင် နောက်ထပ် စွမ်းအင်ဓားမော့ဓား ၂ ချက် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

" လှုပ်ရှားမှုကောင်းပဲ " ယွီကျန့်ဟိုင်က သူ့နဂါးသွဲ့ကျောက်ဓားကို ခုတ်ချလိုက်၏။ သူ့အရှိန်အဝါ၊ စွမ်းအားနှင့် နည်းစနစ်တို့က တစ်ပြိုင်နက် အမြင့်ဆုံးအနေအထားသို့ ရောက်ရှိလာသည်။

…

အခန်း ( ၈၀၇ ) ရေနဂါးတေးသံ (အပိုင်းတစ်)

ယွီကျန့်ဟိုင်သည် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သော်ငြား သူသည် ယင်းကို အသုံးပြုခြင်းထက် ဓားမော့သိုင်းကို သုံးတာက ပိုအစွမ်းထက်သည်။

အုပ်ချုပ်သူ သက်ဆင်းခြင်းနှင့် မဟူရာ ကောင်းကင် ကြယ်အလင်းသည် အကွာအဝေးကျယ် စွမ်းအင်ဓား‌ေမာ့သိုင်းများ ဖြစ်ပြီး ယွီကျန့်ဟိုင် ကျွမ်းကျင်သည့် အရာဖြစ်သည်။ ထို ဓားမော့သိုင်းများသည် မြန်ဆန်ပြီး ရင်သပ်ရှုမောဖွယ် ကောင်းကာ ရန်သူကို ရှင်းလင်းချိန်၌ အာနိသင် ရှိသည်။ သို့သော်ငြား သူတို့၏ ချို့ယွင်းချက်က သိသာလွန်းသည်။ ခွန်အားအရာတွင် သူတို့က ရန်သူတစ်ယောက်တည်းကို ပစ်မှတ်ထားသည့် သိုင်းလောက် အစွမ်းမထက်ပေ။

ယခုအချိန်၌ ယွီကျန့်ဟိုင်သည် အုပ်ချုပ်သူ သက်ဆင်းခြင်းကို အရောင်ပြ အသုံးခဲ့၏။ သူသည် စွမ်းအင်ဓားမော့များကို ပေါင်းစည်းပြီးနောက်သူ၏ တိုက်ခိုက်မှုကို သုံးခုအဖြစ် ခွဲကာ သူ၏ တိုက်ကွက်ကို ပြီးပြည့်စုံစွာ ခွန်အား မြှင့်တင်သည်။

ကြီးမားသည့် စွမ်းအင်ဓားမော့ သုံးခုသည် တစ်နေရာထဲကို ကျသွားသည်။နဂါးသွဲ့ကျောက်ဓား မော့က ပြိုင်ဘက်ကင်းအဆင့် ဓားလက်နက် ဖြစ်သောကြောင့် နျဲ့ချင်းယွင်ကဲ့သို့ ပွင့်ချပ်ဆယ်လွှာ သိုင်းပညာရှင် တစ်ယောက်ကတောင် သူ၏ ကောင်းကင်အဆင့် လက်နက်ကို ကာကွယ်ရန်အတွက် စွမ်းအင် သိပ်သည်းဖို့ ကနဦးချီ များစွာ သုံးလိုက်ရသည်။

ယွီကျန့်ဟိုင်ဆီမှ တိုက်ကွက် သုံးကွက်သည် သူ့ကို သရေ အနေအထား ပြန်ရောက်လာစေ၏။

ထိုစဉ် တိမ်တိုက်တောင် တပည့်များက စိတ်အားထက်သန်စွာ ကြည့်နေကြ၏။

နျဲ့ချင်းယွင်သည် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက်က ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက်ကို အနိုင်ရဖို့ အားကုန်ထုတ်သုံးပြီး တိုက်ခိုက်ခြင်းက ရှက်စရာကောင်းလွန်းသော်ငြား သူ့ကိုယ်သူ ရှုံးနိမ့်ခွင့် မပြုနိုင်ချေ။

သုံးချက် တိုက်ခိုက်ပြီးနောက် သူသည် ရွေးချယ်စရာ မရှိတော့ပဲ သူကိုယ်သူ ခုခံကာကွယ်ရန် ခွန်အား အကုန်သုံးလိုက်သည်။

ထိုစဉ် စွမ်းအင်ဓားမော့မှ စွမ်းအင်များသည် တိမ်တိုက် စင်မြင့်ကို ထိမှန်သွား၏။ တိမ်တိုက် စင်မြင့်၏ ပတ်ဝန်းကျင်၌ အစီအရင် သွေးကြောများ ထွင်းထုထားပြီး ကျောက်တုံးများ၊ ကျောက်တိုင်များ ပေါ်တွင်လည်း ရှိ၏။ သူတို့က သက်ရောက်မှု တချို့ကို လွှင့်ပြယ်စေနိုင်သည်။

ကျင့်ကြံသူများစွာက သူတို့ လက်ရည်ယှဉ်ချိန်၌ အဆောက်အအုံများ ထိခိုက်မှု မရှိအောင် ရှောင်ဖို့ အာရုံစိုက်ကြသည်။ တိမ်တိုက်တောင် တပည့်များက ကျင့်ကြံသောအခါ သူတို့သည် တောင်လယ်၌ သို့မဟုတ် ကျန်သည် ကျောက်သားမြေပေါ်၌ လက်ရည်ယှဉ်ကြ၏။

သို့သော် ယွီကျန့်ဟိုင်၏ ဓားမော့ တိုက်ခိုက်မှု သုံးကွက်သည် ကျောက်ကြမ်းပြင်ကို အက်ကွဲသွားစေ၏။

လေပေါ် ပျံဝဲနေသော ယွီကျန့်ဟိုင်ကို တပည့်များက စိုက်ကြည့်လျက် အထိတ်တလန့် အော်လိုက်ကြသည်။

ထိုစဉ် ယွီကျန့်ဟိုင်က သူ၏ စွမ်းအင် ဓားမော့ကို ရုတ်တရက် ရုပ်သိမ်းလိုက်သည်။ သူက နဂါးသွဲ့ကျောက်ဓားမော့ကို ဆုပ်ကိုင်တာ လွှတ်ချလိုက်ပြီး လေထဲ ပျံဝဲနေစေနောက် သူ၏လက်ကို ပြန်ဆွဲချ ထားလိုက်သည်။

“ မဟာအမှောင် ကောင်းကင် လက်ဝါး “

မဟာအမှောင် ကောင်းကင် အောက်မေ့ရာက အစကတည်းက အစွမ်းထက်ပြီး ခြိမ်းခြောက်နိုင်သော ကျင့်စဉ် ဖြစ်သည်။ ယခု ယွီကျန့်ဟိုင်သည် ၎င်းကို သူ၏ ဓားမော့သိုင်းဖြင့် ပေါင်းစည်းလိုက်သောအခါ သူ၏ ဓားမော့သိုင်းသည် အဆင့်မြှင့်တက်သွားပြီး လက်ဝါး စည်းတံဆိပ်များက လေထဲ ပြည့်သွားတော့၏။

နျဲ့ချင်းယွင်က နောက်သို့ သုံးလှမ်းခန့် ဆုတ်ပြီးနောက် သူ၏ဓားမော့ကို လွှတ်ချကာ လက်ဝါးကို အပေါ်သို့ တွန်းထုတ်လိုက်သည်။

ဖုန်းး

ရွှေရောင်နှင့် အနီရောင် လက်ဝါးက ထိပ်တိုက် ဆုံတွေ့ပြီး ပတ်ဝန်းကျင်သို့ စွမ်းအင်များ ပေါက်ကွဲသွားသည်။

တိုက်ခိုက်မှုနှင့် အနီးဆုံးတွင် ရပ်နေသော တိမ်တိုက်တောင် တပည့်များက စွမ်းအင်လှိုင်းကြောင့် လွင့်ထွက်ကုန်၏။

ယွီကျန့်ဟိုင်သည် သူ၏ လက်ဝါးကို အောက်သို့ ဆွဲချလိုက်သောအခါ လေထဲ၌ ပျံဝဲနေသော သူ၏ နဂါးသွေးကျောက် ဓားမော့က ဘယ်ဘက်လက်ထဲ ပြန်ရောက်လာသည်။

နဂါးသွေးကျောက် ဓားမော့က မြည်ဟည်းပြီး တုန်နေသည်။

နျဲ့ချင်းယွင်က မျက်မှောင်ကြုံ့သွားလေ၏။ ယွီကျန့်ဟိုင်နှင့် သူ၏ တိုက်ပွဲ ဆယ်ပွဲတွင် ယွီကျန့်ဟိုင်၏ တိုးတက်မှုကို သူ ရှင်းရှင်းလင်းလင်း အာရုံခံနိုင်သည်။ ထို့အပြင် ယွီကျန့်ဟိုင်၏ တိုးတက်မှုက အနည်းအကျင်း မဟုတ်ပေ။ သူသည် အဆပေါင်း များစွာ တိုးလာ၏။ ယခုဆို သူ့အပေါ် ဖိအား ကျရောက်နေတာကို ခံစားမိနေပြီ ဖြစ်သည်။ ယင်းကို ယုံနိုင်ဖို့ ခက်ခဲနေ၏။ တစ်ချက်တိုက်ခိုက်ပြီး၌ သူက ဘယ်လက်ကို မြှောက်ကာ သူ၏ ဓားမော့က သူ၏ လက်ထဲ ပြန်ရောက်လာသည်။

ယွီကျန့်ဟိုင်က သူ၏ လက်ဝါးရိုက်ချက်ထဲ၌ စွမ်းအင်များ ပိုထည့်ထားသည်။

ပြိုင်ဘက်နှစ်ယောက်က ယခုဆို တစ်ယောက်နှင့်တစ်ယောက် တွန်းထိုး တိုက်ခိုက်နေကြသည်။

ပုံမှန်ဆို ပွင့်ချပ်ကိုးလွှာနှင့် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူကြား တိုက်ပွဲ၏ ရလဒ်ကို သံသယ ဖြစ်ဖွယ် မရှိပေ။

“ နောက်ထပ် ဓားမော့ သုံးချက် “ ယွီကျန့်ဟိုင်သည် သူ၏ ဘယ်လက်ဖြင့် ဓားမော့ကို ကိုင်ထားပြီး သူ၏ စွမ်းအင် ဓားမော့ကို ဆွဲချလိုက်သည်။

နျဲ့ချင်းယွင်က တန်ပြန် တိုက်ခိုက်ရန် သူ၏ ကိုယ်ပိုင် ဓားမော့ကို မြှောက်ကိုင်လိုက်သည်။

ဘန်း ဘန်း ဘန်း

ရင်းနှီးနေသော မြင်ကွင်းက ပြန်ပေါ်လာသည်။

စွမ်းအင်ဓားမော့ နှစ်ခုသည် ထပ်မံ ထိပ်တိုက် ဆုံတွေ့ သွား၏။ ရွှေရောင်နှင့် အနီရောင် စွမ်းအင်က လေထဲ ထိပ်တိုက်တိုးတော့သည်။

ဆိုရိုးစကား ရှိသည့်အတိုင်း တစ်ခါသေဖူး ပျဉ်ဖိုးနားလည်နေ၏။ တပည့်များက တိုက်ပွဲကို ဆက်ကြည့်နေလျက် ဝေးသထက်ဝေးအောင် ဆုတ်သွားကြသည်။

စစ်ခုန်ပေချန်းက တိုက်ပွဲကို ကြည့်နေစဉ် ချီးကျုးဖို့ မတွန့်တိုခဲ့ပေ။

“ တကယ် မျက်စိ ပွင့်စေတာပဲ။ သူက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက်ကို ဒီအခြေအနေထိ ဖိအားပေးနိုင်တယ်”

နဝမဘုံကျောင်း၏ ပထမ ဆရာတော် နှစ်ပါး ဖြစ်သော ယောင်ချင်းရွှမ်နှင့် ကျေက်ကျန်းဟယ်တို့က စိတ်ရှုပ်ထွေးနေကြသည်။ သူတို့သည်လည်း နာမည် ကျော်ကြားသော ပွင့်ချပ်ကိုးလွှာ သိုင်းပညာရှင်များ ဖြစ်သည်။ သို့သော် သူတို့က ထိုသို့ ဆောင်ရွက်နိုင်မည်ဟု မထင်။ ယွီကျန့်ဟိုင်သည် ဆယ်ကြိမ်ဆက်တိုက် ရှုံးခဲ့သော်ငြား သူသည် ပ္ငင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက်အနေဖြင့် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက်ကို ယခုအချိန်ထိ ယှဉ်တိုက်ခိုက်နေနိုင်၏။ ယင်းက သူ၏ ခွန်းအားကို သက်သေပြရန် လုံလောက်တာထက် ပိုသည်။ ထို့အပြင် ယခုအချိန်၌ သူက အသာစီး ရနေပုံတောင် ပေါ်၏။ မိစ္ဆာဝေဟင်မျှော်နန်း၏ ခွန်အားက သူတို့ မှန်းဆချက်ထက် တကယ် ကျော်လွန်နေသည်။

လုကျိုးကမူ ဆန့်ကျင်ဘက် မှတ်ချက်ချသည်။

“ ယွီကျန့်ဟိုင်အတွက် ဒီလောက်အကြာကြီး ထိန်းထားနိုင်တယ်ဆိုတာ အောင်မြင်မှုတစ်ခု ရတာ ကျိန်းသေတယ်။ သူက သူ့ရဲ့ ဓားမော့သိုင်းကို အတော်လေး တတ်ကျွမ်းထားပြီ ဆိုပေမဲ့ လုံလောက်အောင် ကွေးညွှတ်နိုင်မှု မရှိသေးဘူး “

“ ကျေးဇူးပြုပြီး ရှင်းပြပေးနိုင်မလား အကိုလု “ စစ်ခုန်ပေချန်းက နှိမ့်ချစွာမေးလိုက်၏။

“ ဓားသိုင်းမှာ သုံးဆင့်ရှိတယ်။ သူတို့ထဲက အကြီးမြတ်ဆုံးက ဖန်တီးရာအားလုံးကို ဓားတစ်လက်အဖြစ် အသုံးပြုတာပဲ “ လုကျိုးက ပြောပြီး မုတ်ဆပ်သပ်လိုက်၏။

စစ်ခုန်ပေချန်းသည် လုကျိုးနှင့် ယွီရှန်းရုံဆီမှ ထိုအကြောင်းကို ယခင်က ကြားခဲ့ဖူး၏။ ထို့ကြောင့် သူသည် အနည်းအကျင်း သိသည်။

“ ဒီလိုဆိုရင် ဓားရဲ့ အဆင့် လေးဆင့် ရှိနေတာပဲ ။ ဓားတွေအနေနဲ့ ဖန်တီးရာ အားလုံးကို သုံးတာပဲ နားလည်ခဲ့တာ။ အခု နားလည်သွားပါပြီ အကိုလု။ ဒါနဲ့ ဓားမော့က အစတည်းက တူညီတဲ့ မိသားစုကပဲ။ ဓားမော့နဲ့ ဓားက တူတူပဲ “

သိုင်းပညာရှင်များ ကြားရှိ ဆွေးနွေးမှုသည် အသိတရား တစ်ခု ရရှိရန် သေးငယ်သည့် သဲလွန်စ တစ်ခု လိုအပ်သည်။

လုကျိုးက ဆက်ပြောလိုက်၏” ဒီလက်ဝါးရိုက်ချက်နဲ့ သူက နျဲ့ချင်းယွင်နဲ့ အကြိမ်ရေအတူ ရှိနေပြီးပြီ။ သူက သူ့ရဲ့ ပြိုင်ဘက်ကင်းအဆင့် နဂါးသွေးကျောက် ဓားမော့ကို သုံးပြီး ကောင်းကင်အဆင့်ဓားမော့ကို ဖြေရှင်းနေတာ။ တကယ်တော့ ဒီလိုလုပ်ရင် သူ အသားစီး ရရမှာ။ ဒါပေမယ့် သူ နည်းနည်းလေးပဲ သာနေတယ်။ တကယ်တော့ ဓားမော့နဲ့ ဓားက တစ်သားတည်း၊ တူတူပဲ။ ဒါပေမယ့် နားလည် သဘောပေါက်ဖို့က မလုံလောက်ဘူး” သူက မုတ်ဆိပ်သပ်ပြီးနောက် ရွှေရောင်နဲ့ အနီရောင် စွမ်းအင် တိုက်ခိုက်တာကို ဆက်ကြည့်နေ၏။ ပြီးနောက် သူက သက်ပြင်းချပြီး ပြောလိုက်တော့သည်။

“ လက်ဝါးက ဓားမော့၊ ဓားမော့က လက်ဝါးပဲ “ သူတို့ လက်ဝါးချင်း အစောတုန်းက ထိပ်တိုက်ရင်ဆိုင်တုန်းက ယွီကျန့်ဟိုင်အတွက် အနိုင်ရဖို့ မျှော်လင့်ချက် ရှိတယ်။ သူအခွင့်အရေးကို လွဲချော်ခဲ့တာပဲ “

စစ်ခုန်ပေချန်းက ခေါင်းညိတ်ပြီး ပြောလိုက်၏။

“ အစ်ကိုလု ပြောတာတွေကို နားထောင်ရတာ ဆယ်နှစ် စာဖတ်ရတာထက် ပိုကောင်းတယ်။ တကယ်ပဲ ပြိုင်ဘက်ကင်း အဆင့်လက်နက်ရဲ့ အားသာချက်နဲ့ဆို နျဲ့ချင်းယွင်က သူ့ရဲ့ ကောင်းကင်အဆင့်လက်နက်နဲ့ တိုက်ကွက်ကို ရှောင်ရှားနိုင်ရုံက မလုံလောက်ဘူး။ သူတို့ လက်ဝါးချင်း ထိပ်တိုက်ဆုံတဲ့ အချိန်က နျဲ့ချင်းယွင် အားအနည်းဆုံး အချိန်ပဲ။ ဒါက ပြောင်မြောင်လိုက်တာ အကိုလု “

လုကျိုး၏ အမူအရာက မပြောင်းလဲသွားပေ။ သူသည် မျှော်နန်းဆောင်အိုကြီးမှ အဖွဲ့ဝင်များနှင့် အချိန်ကုန်ဆုံးကာ များလွန်းသောကြောင့် ဖြစ်နိုင်သည်။ ပွင့်ချပ်ဆယ်လွှာ သိုင်းပညာရှင်ဆီမှ ချီးကျုးမှုကို ကြားသောအခါ သူအနည်းငယ် ကျေနပ်ရုံမျှသာ ခံစားရ၏။ သူ စိတ် သိပ်မလှုပ်ရှားပေ။

ထင်သည့်အတိုင်း နျဲ့ချင်းယွင်သည် တိုက်ကွက်များစွာကို ရင်ဆိုင်ခုခံနေစဉ် သူ့ကျင့်ကြံမှု အားသာချက်က တစ်ဖြည်းဖြည်းချင်း ပေါ်လာ၏။

“ ငါ အလှည့်ပဲ “ နျဲ့ချင်းယွင်သည် ခြေနှစ်ချောင်းဖြင့် ခုန်တက်ချက် လက်ဝါးကို သုံးကာ ယွီကျန့်ဟိုင်ကို အားဖြင့် တွန်းထုတ်လိုက်သည်။

ယွီကျန့်ဟိုင်သည် ရှောင်ရန် ကြိုးစားနေစဉ် နျဲ့ချင်းယွင်က ပတ်ဝန်းကျင်ဆီသို့ လည်ပတ်နေသော စွမ်းအင်ဓားမော့များ ထုတ်လွှတ်ပြီးနောက် ကောင်းကင်ကို စိုးမိုးလိုက်သည်။

ယွီကျန်းဟိုင်က မျက်မှောင် ကျုံ့လိုက်၏။ ငါ အခု ဘာလုပ်သင့်လဲ။

“ ရှစ်စွင်း “ ထိုစဉ် ယွီကျန့်ဟိုင်က မော့ကြည့်လိုက်ရာ သူ၏ ရှစ်စွင်းက တည်ငြိမ်နေသော အမူအရာဖြင့် အနားကနေ ကြည့်နေတာကို တွေ့လိုက်ရသည်။ သူ့ရှစ်စွင်း၏ မျက်နှာပေါ်ရှိ တည်ငြိမ်နေသော အမူအရာကို မြင်သောအခါ သူ၏ ယုံကြည်ချက်ကို တိုးမြှင့်လာသည်။ သူ၏ သက်ဆိုင်မှုကို ရရှိလိုက်စဉ် သူ့ရှစ်စွင်း၏ သင်ကြားပြသမှုများနှင့် ယွီရှန်းဟိုင်နှင့် တိုက်ခိုက်စဉ်က သူ့အတွေ့အကြုံများကို ပြန်တွေးလိုက်၏။ သူ၏ ဓားမော့ကို ယွီရှန်းဟိုင်က တစ်ခါ မှတ်ချက်ပေးခဲ့ဖူးသည်။ သူတို့က မြန်ဆန်ပြီး တည်ရှိမှု ကင်းမဲ့နေပြီး သူ ရှိုးပြသည့် ပမာ ဖြစ်နေလေ၏။

ဒါအမှန်ပဲလား။

ယွီကျန့်ဟိုင်သည် နျဲ့ချင်းယွင်ကြောင့် တွန်းထုတ်ခံနေရပြီ ဖြစ်သည်။ သူ၏ လက်ဝါးက နျဲ့ချင်းယွင်၏ လက်ဝါးကို တွန်းထားနေစဉ် သူ၏ နဂါးသွဲ့ကျောက်ဓား‌မော့က နျဲ့ချင်းယွင်၏ ဓားမော့ဖြင့် တိုက်မိသွား၏။

ထိုစဉ် ယွီကျန့်ဟိုင်က ညဏ်အလင်း ပွင့်သွားပုံပေါ်၏။ သူ၏ လက်ချောင်းထဲမှ စွမ်းအင်များ ပေါ်ထွက်လာပြီး သူ လက်ဝါးကို ဓားမော့အဖြစ် အသုံးပြုလိုက်၏။

ဘန်း

နျဲ့ချင်းယွင်သည် သူ့အပေါ် ကျရောက်လာသော လေးနက်သော ဖိအားကို ခံစားမိသည်။ သူက လက်ဝါးကို အမြန်ရုပ်လျက် ဆင်းသက်လိုက်၏။

သူတို့ ထိပ်တိုက် တိုက်ခိုက်စဉ် ယွီကျန့်ဟိုင်က နောက်သို့ ကျွမ်းပစ်သွားသည်။ သူ၏ နဂါးသွဲ့ကျောက်ဓားမော့ကို လက်တစ်ဖက်ဖြင့် ကိုင်ပြီး ဖြည်းဖြည်းချင်း ဆင်းသက်လိုက်၏။ ပြိုက်ဘက်နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် အဝေးကနေ ကြည့်နေသည်။

ဤအလှည့်က နောက်ဆုံးတော့ အဆုံးသတ်သွားလေပြီ။

ယခုအချိန်မှာ နျဲ့ချင်းယွင်သည် ထိတ်လန့်မှုများ ပြည့်နေတော့သည်။ ဆိုရလျှင် နာရီပေါင်းများစွာ ကြာသွားပြီဟု ထင်မှတ်ရပြီနောက် သူက လက်မြှောက်ကာ ပြောလိုက်တော့သည်။

“ ကျုပ် အထင်ကြီး သွားပြီ “

တကယ်တော့ နျဲ့ချင်းယွင်သည် ယခုတစ်လှည့်၌ ဉာဏ်များခဲ့သည်။ သူသည် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက်နှင့်သရေဖြစ်အောင် တိုက်ခိုက်ခဲ့ရ၏။ ကျန်သည့် တိမ်တိုက်တောင် တပည့်များ ရှေ့တွင် သူ၏ ဂုဏ်သိက္ခာကို မည်ကဲ့သို့ ထိန်းရမည်နည်း။ ကျန်သည့်တပည့်များသည် တိုက်ပွဲကို မျက်မြင်တွေ့ပြီးနောက် စိတ်လွတ်သွား၏။ သူတို့ မည်သူ နိုင်၊ ရှုံးမှန်းမသိ။ ပြိုင်ဘက် နှစ်ယောက်လုံးက လက်ရည်ညီနေပုံပေါ်သည်။ သို့သော် နျဲ့ချင်းယွင်က ပွင့်ချပ်ဆယ်လွှာဖြစ်ပြီး ယွီကျန့်ဟိုင်က ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ကြောင်း ပြန်တွေးမိသွားစဉ် သူတို့ အနည်း အနေခက်သွား၏။

ယွီကျန့်ဟိုင်၏ အမူအရာက လေးနက်၊ တည်ကြည်နေပြီး အားအင်ပြည့်ဖြိုးသော အသံဖြင့် ကျယ်လောင်စွာ ပြောလိုက်၏။

“ ထပ်ပြီး “

“ …… “

နျဲ့ချင်းယွင်က ဆွံအသွားသည်။ ယွီကျန့်ဟိုင်က တိုက်ပွဲရူးတစ်ယောက် ဖြစ်ကြောင်း လတ်တလောမှ သူရှာတွေ့ ခဲ့တာ ဖြစ်သည်။ ယွီကျန့်ဟိုင်သည် အကြိမ်မည်မျှ ရှုံးစေကာမူ သူဆက်တိုက်ခိုက်ရန် တိုက်တွန်းနေ၏။ ယွီကျန့်ဟိုင်သည် အနိုင်မရမချင်း လက်လျှော့မှာ မဟုတ်တာ သိသာသည်။

နျဲ့ချင်းယွင်သည် အဆုံးမဲ့ တိုက်ပွဲများကို အစကတည်းက ကြောက်လန့်နေတာ ဖြစ်သည်။ သူသည် ဆက်မတိုက်ခိုက်ချင်တော့ပေ။ ထိုစဉ် လုကျိုးက ပြောလိုက်၏။

“ မင်းရဲ့ အပြုအမူကို သတိထား “ ယွီကျန့်ဟိုင်က လှည့်လာပြီး အရိုအသေ ပေးလိုက်သည်။

“ ရှစ်စွင်း “

All Chapters