အခန်း (၃၃၁-၃၃၃)
Vol. 31 Ch. 331-33
📝အပိုင်း - ၃၃၁
ဘာသာပြန် - Na Gar🐉
လုံချင်၅၇ ခုနှစ်။
တောင်ဘက်ဒေသမှ ကြီးမားသော ပရမ်းပတာဖြစ်မှုကြီး။
၎င်းသည် ကျန့်ဟူ ၏ စီစဉ်ကြံစည်မှုမှ မြစ်ဖျားခံခဲ့ပြီး ဒါရှန်၏ အင်အားကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။ သို့သော် ကျန့်ဟူမှာ အိုမင်းနေပြီဖြစ်ကာ လောကဝတ်များမှ အနားယူသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခုအခါတွင်မူ သူ၏သားဖြစ်သူ ရန်ကျင်ရွှမ်က တဖြည်းဖြည်း ထင်ရှားကျော်ကြားလာခဲ့သည်။
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်အတွင်း...
"လင်းရွှမ်" ရန်ကျင်ရွှမ်သည် နန်ရွှီနိုင်ငံအတွင်း အောင်မြင်မှုပေါင်းများစွာကို ရရှိခဲ့သည်။ နန်ရွှီ၏ တောင်ဘက်အစွန်ဆုံး နယ်စပ်တွင် ရန်သူ့နိုင်ငံထံမှ ပြည်နယ်နှစ်ခုကိုပင် သိမ်းပိုက်နိုင်ခဲ့ပြီး တစ်ပွဲတည်းနှင့် နာမည်ကျော်ကြားလာခဲ့သူ ဖြစ်သည်။ သူသည် လက်ရှိ နန်ရွှီ၏ အထင်ရှားဆုံးသော စစ်ရေးပညာရှင်များထဲမှ တစ်ဦးဖြစ်ကာ "အတုမရှိသော လိမ္မာပါးနပ်သည့် လင်းရွှမ်" ဟုပင် တင်စားခြင်း ခံရသည်။
"ကျန့်ဟူ ဆိုတာ ငါ့ဆရာနဲ့ တစ်သက်လုံး ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရတဲ့ ရန်သူပဲ။ သူကိုယ်တိုင် လေ့ကျင့်ပေးထားတဲ့သူကို လျှော့တွက်လို့ မရဘူး။ အထူးသဖြင့် ရန်ကျင်ရွှမ်က အခုဆိုရင် ငယ်ရွယ်တဲ့အရွယ် မဟုတ်တော့ဘူး၊ လူပျိုပေါက်အရွယ်ရဲ့ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ အရှိန်တွေ ကုန်လွန်သွားပြီး တည်ငြိမ်ရင့်ကျက်နေတဲ့ အရွယ်ကို ရောက်နေပြီ"
ဖန်ချင်းယွမ်က ဆက်ပြောသည်။
"ဒါ့အပြင် သူတို့ရဲ့ တပ်မှူး ဖန်ရှုကျိန်း ကလည်း နန်ရွှီရဲ့ အိမ်ရှေ့မင်းသားလောင်း လေးဦးထဲမှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး တစ်ဦးပဲ။ သူက ဒီတိုက်ပွဲမှာ အတုမရှိတဲ့ အောင်မြင်မှုတစ်ခုကို တည်ဆောက်ပြီး အနာဂတ် ပြိုင်ဆိုင်မှုတွေမှာ စကားပြောခွင့် ပိုရဖို့အတွက် အလျင်အမြန် စစ်သည်တွေ စေလွှတ်လာတာပဲ"
"ခြုံပြောရရင်တော့ သူတို့ရဲ့ နက်နဲပုံရိပ်အဆင့်ရှိတဲ့ ဗိုလ်ချုပ်လေးဦးစလုံးဟာ နန်ရွှီရဲ့ အဆင့်မြင့် အထူးချွန်ဆုံး မဟာသွေးကြောအဆင့် ရှိသူတွေပဲ ဖြစ်တယ်"
"ငါတို့ဘက်မှာတော့ ရှာဝမ်လုံ တစ်ယောက်ပဲ ရှိတယ်။ စာရွက်ပေါ်က အင်အားချင်းကတော့ တော်တော်လေး ကွာခြားနေတယ်"
"ညီလေး... ညီလေးရဲ့ ဓားချီမန္တန်အခြေအနေ ဘယ်လိုရှိလဲ"
"မဆိုးပါဘူး"
ချန်ဆန်းရှီက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
ဓားချီမန္တန် ပညာရပ်ကို သူ့အား ဆရာနှင့် စီနီယာအစ်ကိုတို့က သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။ မသေမျိုးရှာဖွေရေးမျှော်စင်ဆီမှ ဝိညာဉ်သဲများ အကြောင်းကိုလည်း သူတို့ သိထားကြသည်။ ၎င်းကို အသက်ကယ် အဖြစ် သူ့အား ပေးအပ်ခဲ့ခြင်း ဖြစ်သောကြောင့် ဖုံးကွယ်ထားရန် မလိုအပ်ပေ။
ဖန်ချင်းယွမ်က ခေါင်းညိတ်ပြီး "ကောင်းပြီ ဒါကငါတို့ရဲ့ အခွင့်အရေးကို အတိုင်းအတာတစ်ခုအထိတော့ တိုးလာစေလိမ့်မယ်"
"စီနီယာအစ်ကို... ကျွန်တော်တို့ နက်နဲပုံရိပ်အဆင့် ရှိသူကို သတ်နိုင်ခဲ့ရင်တောင် ဓားချီမန္တန်ကို တကယ်ပဲ သုံးလို့ရပါ့မလား" ချန်ဆန်းရှီက တွေးတောရင်း မေးလိုက်သည်။
"စစ်မြေပြင်မှာ မသေမျိုးပညာရပ်ကို သုံးလိုက်ရင် တစ်ဖက်ရန်သူ ဗိုလ်ချုပ် သေဆုံးသွားတာနဲ့ ပတ်သက်ပြီး ရှင်းပြချက်တစ်ခုတော့ လိုလိမ့်
မယ်။ ကျွန်က နက်နဲပုံရိပ်အဆင့် ကို သတ်ဖို့အတွက် ကျွန်တော့ရဲ့ အဆင့်ကို မြှင့်တင်လိုက်ပါတယ်လို့တော့ ပြောလို့မရဘူး မဟုတ်လား"
ဖန်ချင်းယွမ်က ပလွေကို ကိုင်လျက် မိမိကိုယ်ကိုယ် ညွှန်ပြလိုက်သည် "ဒါကြောင့်လည်း ငါ ပါလာရတာပေါ့"
"ဆိုလိုတာက..."
ချန်ဆန်းရှီ နားလည်သွားသည် "အစ်ကို သုံးလိုက်တာလို့ ပြောမလို့လား"
"အတိအကျပဲ"
ဖန်ချင်းယွမ်က တည်ငြိမ်စွာ ပြောသည် "မင်းက ငယ်သေးတယ်။ ငါနဲ့ ဆရာကတော့ ဒါမျိုးတွေကို ကြောက်မနေတာ ကြာလှပြီ။ ဧကရာဇ်က ငါတို့ကို စောင့်ကြည့်နေတာ တစ်ရက်နှစ်ရက်တည်း မဟုတ်ဘူး။ မင်းကို သတိထားမိသွားမယ့်အစား သူတို့ရဲ့ အာရုံကို ငါတို့ဆီမှာပဲ ရှိနေစေတာက ပိုကောင်းတယ်"
"နားလည်ပါပြီ"
ထိုအခါမှ ချန်ဆန်းရှီ သဘောပေါက်သွားတော့သည်။ မသန်စွမ်းဖြစ်နေသော ဖန်ချင်းယွမ်ကို ဟူလောင်တောင်ကြားသို့ စေလွှတ်လိုက်သည့် အမိန့်သည် တကယ်တော့ သူ၏ ဗျူဟာများနှင့် အံ့အားသင့်စရာ အချို့ကို ဖန်တီးပေးနိုင်လိမ့်မည်ဟု တွက်ဆထားခြင်း ဖြစ်သည်။
ဧကရာဇ်အိုကြီးမှာ တကယ်ပင် "လူတိုင်း၏ အရည်အချင်းကို အစွမ်းကုန် အသုံးချခြင်း" ဆိုသည့် မူဝါဒအတိုင်း နေထိုင်သူ ဖြစ်သည်။
သို့သော်လည်း... အလွန် ခက်ခဲလှသည်။
နောက်ဆုံးတော့ ဓားချီမန္တန်ဆိုသည်မှာ စစ်မှန်သော မသေမျိုး ပညာရပ်
ဖြစ်ပြီး ပြီးပြည့်စုံခြင်းအဆင့်သို့ မရောက်သေးသဖြင့် တိုက်ခိုက်နိုင်စွမ်းမှာ အားနည်းနေသေးသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ လက်နက်အဖြစ် ဝိညာဉ်ပုတီးစေ့ရှိနေသေးသည်။
"ဗိုလ်ချုပ်တိန့်"
ချန်ဆန်းရှီသည် စစ်တဲအတွင်းသို့ ရောက်ရှိလာသည် "မင်း ဘယ်လို ဆုံးဖြတ်လိုက်လဲ"
လူပုံမကျ ဖြစ်နေသော တိန့်ဖုန်းသည် ခေါင်းငိုက်စိုက်ကျလျက်၊ မျက်လုံးများ သွေးကဲ့သို့နီရဲနေကာ ဘာမှ ပြန်မပြောပေ။
စစ်တဲအပြင်ဘက် ကောင်းကင်ယံတွင် လင်းယုန်တစ်ကောင်၏ အော်မြည်သံက ရံဖန်ရံခါ ပဲ့တင်ထပ်နေသည်။ ၎င်းမှာ လီဂုန်းက သူ့အား ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ပြီး ချင်နိုင်ငံ၏ ဂုဏ်သိက္ခာကို မညှိုးနွမ်းစေရန်နှင့် သစ္စာရှိမှုကို ထိန်းသိမ်းရန် သတိပေးနေခြင်း ဖြစ်သည်။
"ငါ မင်းကို ထပ်ပြီး မဖျောင်းဖျတော့ဘူးလို့ ပြောခဲ့သားပဲ။ အခု ငါ ထွက်သွားတော့မယ်ဆိုတာ လာပြောတာ" ချန်ဆန်းရှီက ဆိုသည်။ "မနက်ဖြန် မနက်မှာ ငါ တခြားတစ်နေရာကို ထွက်ခွာတော့မယ်။ မင်း ဆုံးဖြတ်ဖို့အတွက် ခုနစ်ရက်အထိ အချိန်မရှိတော့ဘူး"
တိန့်ဖုန်းမှာတော့ နှုတ်ဆိတ်နေမြဲ ဖြစ်သည်။
ချန်ဆန်းရှီက စကားတစ်ခွန်းမျှ ထပ်မပြောဘဲ ထွက်ခွာသွားပြီး မြို့ပြင်ရှိ အနက်ရောင်သံချပ်ကာတပ်ဖွဲ့နှင့်အတူ စစ်ရေးလေ့ကျင့်မှုများကို ချက်ချင်း စတင်တော့သည်။
ငယ်စဉ်ကတည်းက ပညာရှိကျမ်းစာများနှင့် သွန်သင်ဆုံးမမှုများကို နက်နက်ရှိုင်းရှိုင်း ခံယူထားသူများအတွက် သူတို့၏ စိတ်ကို အလျင်အမြန် ပြောင်းလဲရန်မှာ ပုံမှန်မဟုတ်ပေ။ သူတို့သည် "အစွမ်းကုန် ပုန်ကန်ခြင်း" ဆိုသည့် ဝါဒများနှင့် ရုန်းကန်နေရသဖြင့် လက်ခံနိုင်ရန် အချိန်အနည်းငယ် ယူရမည်မှာ သဘာဝပင် ဖြစ်သည်။
အနက်ရောင်သံချပ်ကာတပ်သား သုံးထောင်။
သူတို့သည် ကျိုရှောင်နတ်စစ်သည် စစ်ဗျူဟာကို ဖော်ဆောင်လျက် လူသူကင်းမဲ့သော လွင်ပြင်ပြင်ကြီးထဲတွင် တားဆီး၍မရသော အရှိန်အဟုန်ဖြင့် စီးနင်းနေကြသည်။
ထို့အပြင်...
ချန်ဆန်းရှီ၏ ဝိညာဉ်ပုတီးစေ့မှ ထွက်ပေါ်လာသော အဖြူရောင်ချီများမှာ ပိုမို သိပ်သည်းလာသည်။ ၎င်းမှာ အောင်ပွဲရရှိမည့် အရှိန်အဝါကို ထင်ဟပ်နေခြင်း ဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်းခန့် ရှိနေသည်။ ပြင်းထန်သော တိုက်ပွဲတစ်ခုအပြီးတွင် သူ၏ ခန့်မှန်းချက် မှန်မမှန် အတည်ပြုနိုင်လိမ့်မည် ဖြစ်သည်။
ဤမျှ ပေါများသော အဖြူရောင် နက်နဲစွမ်းအင်များကို တစ်ကြိမ်တည်းနှင့် အသုံးပြုလိုက်မည်ဆိုလျှင် ကျိန်းသေပေါက် မျှော်လင့်မထားသော အကျိုးကျေးဇူးကို ရရှိစေပါလိမ့်မည်။
သို့သော်လည်း... နန်ရွှီ တွင် စစ်သည် တစ်သိန်း ရှိနေသည်။
အထူးတပ်ဖွဲ့ သုံးထောင်သည် မည်မျှပင် အစွမ်းထက်ပါစေ၊ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ပေ။ သို့သော် ၎င်းကို တစ်လှမ်းချင်း လုပ်ဆောင်သွားရမည် ဖြစ်သည်။
နောက်ထပ် တစ်ညတာ အနားယူပြီးနောက်။
မနက် ၅ နာရီ၊ မိုးသောက်ချိန်တွင် ချန်ဆန်းရှီသည် အနက်ရောင်သံချပ်ကာတပ်သား သုံးထောင်ကို ဦးဆောင်၍ ဟူလောင်တောင်ကြား ဆီသို့ ချီတက်ခဲ့တော့သည်။
...
အကျဉ်းသား စစ်တဲအတွင်း၌။
ရှာဝမ်လုံသည် ဓားအိမ်ကြီးကို ဆွဲလျက် ဝင်လာသည်။
စစ်တပ်က ချီတက်တော့မည် ဖြစ်ရာ ဗိုလ်ချုပ်တစ်ယောက်ကို စောင့်ကြပ်ရန် မဟာသွေးကြောအဆင့် ရှိသူ နှစ်ယောက်ကို ဖယ်ချန်ထားရန် မဖြစ်နိုင်ပေ။ စည်းကမ်းချက်အရဆိုလျှင် သူ့ကို ကွပ်မျက်လိုက်ရုံသာ ရှိသည်။
ဒါပေမဲ့ ရှာဝမ်လုံကတော့ သူလုပ်ချင်ရာကို လွယ်လွယ်နဲ့ လုပ်လို့မရပါဘူး။
လွန်ခဲ့သော ရက်အနည်းငယ်က ချန်ဆန်းရှီသည် စစ်တဲထဲတွင် တစ်ယောက်တည်း အချိန်အတော်ကြာ စကားပြောခဲ့သော်လည်း နောက်ဆုံးတွင်တော့ ဘာမှ ထူးမလာခဲ့ပေ။
"တိန့်ဖုန်း"
"မင်းရဲ့ အချိန်ကုန်သွားပြီ"
ရှာဝမ်လုံက ဓားရိုးကို ကိုင်လျက် ဓားကြီးကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ "ဒါဟာ မင်းရဲ့ နောက်ဆုံး အခွင့်အရေးပဲ။ အရှုံးပေးမလား၊ မပေးဘူးလား"
တိန့်ဖုန်းမှာတော့ ဘာမှ ပြန်မပြောပေ။
"ဒါဆိုရင်တော့ သေပေတော့"
ရှာဝမ်လုံ၏ ဓားကြီးတွင် ဂန်းချီစွမ်းအင်များ ဝန်းရံသွားပြီး တစ်ချက်တည်းနှင့် ခေါင်းဖြတ်ရန် ပြင်လိုက်သည်။
ထိုအချိန်တွင် လူသေတစ်ယောက်လို ဖြစ်နေသော တိန့်ဖုန်းဆီမှ နောက်ဆုံးတွင် တိုးလျသောအသံ ထွက်ပေါ်လာသည်။
"ချန်ဆန်းရှီ ကို ခေါ်လိုက်ပါ"
"ဟင်"
ရှာဝမ်လုံက တွန့်ဆုတ်စွာဖြင့် ဓားကို ရပ်လိုက်သည်"မင်း အရှုံးပေးချင်တယ်ဆိုရင် ခေါင်းငြိမ့်ပြလိုက်ရုံပဲလေ၊ ဘာလို့ သူ့ကို ခေါ်ခိုင်းနေတာလဲ။ မင်း အရှုံးမပေးဘူးဆိုရင် သူလည်း မင်းအသက်ကို မကယ်နိုင်ဘူး"
"ချန်ဆန်းရှီ ကို ခေါ်ပေးပါလို့ ငါပြောနေတယ်"
တိန့်ဖုန်းက ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်ပြီး သူ့ကို လှောင်ပြောင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ရှာ... မင်းက မျက်စိကန်းနေတာတင်မကဘူး၊ နားပါ ကန်းနေတာလား"
"မင်း..." ရှာဝမ်လုံက နှာခေါင်းရှုံ့လိုက်သည်။
"ကောင်းပြီလေ၊ ဒါဆိုလည်း ချန်ဆန်းရှီ လက်နဲ့ပဲ အသေခံလိုက်တော့"
📝အပိုင်း - ၃၃၂
ဘာသာပြန် - Na Gar🐉
...
သတင်းကြားကြားချင်း ချန်ဆန်းရှီ အပြေးအလွှား ရောက်ရှိလာသည်။
"ဗိုလ်ချုပ်တိန့်... ဒါကို စောစောစီးစီး လုပ်သင့်တာဗျာ၊ ဘာလို့ ဒီလောက်ရက်အကြာကြီး အနှိပ်စက်ခံနေရတာလဲ"
သူသည် ရှေ့သို့လှမ်းကာ တစ်ဖက်လူ၏ ခန္ဓာကိုယ်တွင် စိုက်ဝင်နေသော ကလေးလက်သီးဆုပ်ခန့်ရှိသည့် သံမှိုကြီးများကို ကိုယ်တိုင် ဆွဲနှုတ်ပေးလိုက်သည်။ မြွေဟောက်ကဲ့သို့ ရစ်ပတ်ထားသော လျှို့ဝှက်သံကြိုးများကိုလည်း ဖြုတ်ပေးလိုက်ရာ သွေးထွက်သံယို အပေါက်ကြီးများ တစ်ခုပြီးတစ်ခု ကျန်ရစ်ခဲ့သည်။
"မင်း..."
တိန့်ဖုန်း၏ နဖူးမှ အကြောများမှာ တဒိန်းဒိန်း ခုန်နေသော်လည်း ထိုမျှပြင်းထန်သော နာကျင်မှုကို သူ အော်ဟစ်ညည်းတွားခြင်း မပြုပေ။ သူသည် လက်ဝါးကပ်တိုင် သစ်သားတိုင်ပေါ်မှ အားအင်ချည့်နဲ့စွာ ကျဆင်းလာပြီး လဲကျမလို ဖြစ်သွားရာမှ အသည်းအသန် ပြန်လည် တည်ငြိမ်အောင် ကြိုးစားရင်း ပြောလိုက်သည်။
"ငါ ဘာမှ မပြောရသေးဘဲနဲ့ မင်းက ငါ့ကို လွှတ်ပေးလိုက်ပြီလား။ ငါ မင်းကို ပြန်တိုက်ပြီး သတ်ပစ်မှာကို မကြောက်ဘူးလား"
"မင်း စိတ်မပြောင်းခဲ့ဘူးဆိုရင် ငါ့ကို ဒီလို အလဟဿ ခေါ်ပါ့မလား" ချန်ဆန်းရှီက ဆိုသည် "တိုက်ပွဲက မပြီးသေးဘူး။ ဗိုလ်ချုပ်တိန့်ရဲ့ အကူအညီသာ ရမယ်ဆိုရင် ငါတို့ရဲ့ အောင်နိုင်ခြေက အများကြီး ပိုတိုးလာမှာ မဟုတ်လား"
"ပထမဆုံး တစ်ချက်"
တိန့်ဖုန်းက မငြင်းဆိုဘဲ ပြောလိုက်သည် "ငါ ရှန်နိုင်ငံဆီမှာ အရှုံးပေးတာ မဟုတ်ဘူး"
"ပြောပါ"
ချန်ဆန်းရှီက မေးသည် "မင်းရဲ့ အခြေအနေတွေက ဘာလဲ"
"ငါ မင်းကို ကူညီမယ်" တိန့်ဖုန်းက ဖြည်းဖြည်းချင်း ပြောသည်။
"မင်းပြောခဲ့သလိုပဲ... ရှေ့ဆက်သွားမယ်၊ ပြီးရင် မင်း ဒီလောကက အညစ်အကြေးတွေကို ဘယ်လို ရှင်းလင်းမလဲဆိုတာ ငါ စောင့်ကြည့်မယ်။ အကယ်လို့ တစ်နေ့မှာ မင်း ကြီးမြတ်တဲ့ အောင်မြင်မှုတွေ ရလာပြီး ဒီနေ့ ပြောခဲ့တဲ့ စကားတွေကို မေ့လျော့သွားမယ်ဆိုရင်တော့ ငါ မင်းရဲ့ ခေါင်းကို ကျိန်းသေပေါက် လာဖြတ်မယ်"
"ကောင်းပြီ" ချန်ဆန်းရှီက တွန့်ဆုတ်ခြင်းမရှိဘဲ သဘောတူလိုက်သည်။
ဒုန်း...
မထင်မှတ်ဘဲ တိန့်ဖုန်းက ဒူးတစ်ဖက် ထောက်လိုက်သည် "တိန့်ဖုန်း... တပ်မှူးရဲ့ အမိန့်ကို နာခံဖို့ အသင့်ပါပဲ"
"ဗိုလ်ချုပ်တိန့်" ချန်ဆန်းရှီက သူ့ကို ထူပေးလိုက်သည်။
"ဒီလို ဂါရဝပြုဖို့ မလိုပါဘူး။ မင်းက ငါ့ရဲ့ စီနီယာဖြစ်သလို နက်နဲပုံရိပ်
အဆင့်မှာ ပြီးပြည့်စုံခြင်းရောက်နေတဲ့ စစ်သည်တော်တစ်ဦးလည်း ဖြစ်တယ်၊ ငါ ဒီလို ဂုဏ်ပြုမှုကို လက်မခံနိုင်ပါဘူး"
"ခေတ်ကာလတွေ ပြောင်းလဲသွားပြီ" တိန့်ဖုန်း၏ အသံမှာ အားအင်များ ပြန်လည် ပြည့်ဝလာပုံရသည်။
"ငါ သဘောမတူခင်မှာ မင်းကို နာမည်တပ်ပြီး ဘယ်လိုပဲ ခေါ်ခေါ်ရပေမဲ့၊ အခု ခေါင်းငြိမ့်ပြီးပြီဆိုရင်တော့ ငါ့ရဲ့ အဆင့်အတန်းကို ငါ သိရမယ်။ ဒါဟာ စည်းကမ်းပဲ၊ တခြား ဘာမှ မဟုတ်ဘူး"
"ကောင်းပါပြီ" ချန်ဆန်းရှီက ထပ်မံ၍ မငြင်းဆိုတော့ပေ။
"ငါ တိန့်ဖုန်း အနေနဲ့ လက်ရှိ အခြေအနေကို သိခွင့်ရှိမလား" တိန့်ဖုန်းက ခဏရပ်လိုက်ပြီး "တကယ်လို့ မရဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး" ဟု ဆိုသည်။
သူသည် အသစ်စက်စက် အရှုံးပေးထားသော ရန်သူဗိုလ်ချုပ်တစ်ဦး ဖြစ်ရာ စစ်တပ်အတွင်း ဆက်လက် ရပ်တည်လိုပါက မိမိ၏ သစ္စာရှိမှုကို သက်သေပြရန် အပြင်းအထန် ကြိုးစားရမည်ကို ကောင်းကောင်း သိထားသည်။
"ဒါက ဘာပြဿနာရှိလို့လဲ" ချန်ဆန်းရှီက လက်ရှိ အခြေအနေ အသေးစိတ်ကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။
'သုံးမည့်သူကို ယုံကြည်ပါ၊ ယုံကြည်သည့်သူကို သုံးပါ' ဆိုသည့်အတိုင်းပင် ဖြစ်သည်။
"ဟူလောင်တောင်ကြား" တိန့်ဖုန်းက တွေးတောရင်း ဆိုသည်။
"လူသုံးထောင်နဲ့ တစ်သိန်းကို ခုခံဖို့၊ ပြီးတော့ သုံးလလောက် တောင့်ခံဖို့ ဟုတ်လား။ ရှန်မင်းဆက်ရဲ့ ဧကရာဇ်က ဇီဝေတောင်ကို အဲ့ဒီလောက်တောင် ရချင်နေတာလား။ ကောင်းပြီလေ... မင်း တောင့်ခံနိုင်မယ်လို့ ထင်ရင်လည်း တောင့်ခံတာပေါ့။ ငါ့ရဲ့ အဆောင်မှာ ရှိနေတဲ့ ချပ်ဝတ်တန်ဆာရယ်၊ အရင်က အသိမ်းခံထားရတဲ့ လက်နက်တွေကိုရယ် တစ်ယောက်ယောက်ကို သွားယူခိုင်းပေးပါ"
"ဗိုလ်ချုပ်တိန့် အနေနဲ့ ရက်အနည်းငယ်လောက် အနားယူပြီးမှ ကျန်းမာရေး ပြန်မပြုစုသင့်ဘူးလား" ချန်ဆန်းရှီက သူ၏ သွေးစွန်းနေသော ခန္ဓာကိုယ်ကို ကြည့်ကာ မေးလိုက်သည်။
"မင်းရဲ့ ဒဏ်ရာတွေက မသေးဘူးနော်"
"ရပါတယ်" တိန့်ဖုန်းက ပြန်ပြောသည်။
"ငါက မသေမျိုး မူလခန္ဓာပိုင်ရှင်ပဲ။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာမျိုး မဟုတ်ရင် သိပ်မကြာခင်မှာ တိုက်ခိုက်နိုင်စွမ်း ပြန်ရလာမှာပါ"
မသေမျိုး မူလခန္ဓာ။ ၎င်းမှာ မွေးရာပါ အင်မော်တယ်ခန္ဓာကိုယ်များထဲမှ တစ်ခု ဖြစ်သည်။ ၎င်း၏ ထူးခြားချက်မှာ ခံနိုင်ရည်ရှိခြင်း ဖြစ်ပြီး၊ ပုံမှန် အခြေအနေတွင် အသက်မသေမချင်း အခြားသူများထက် ပြန်လည် နာလန်ထူမှုနှုန်းမှာ များစွာ ပိုမို မြန်ဆန်လှသည်။
"ကောင်းပြီ" ချန်ဆန်းရှီက နန်းတော်မှ သူ့အား ပေးထားသော အဖိုးတန် ဆေးဝါးအချို့ကို ထုတ်ပေးလိုက်သည်။ တိန့်ဖုန်းက အားနာမနေဘဲ တစ်ပြိုင်နက်တည်း မျိုချလိုက်သည်။ "ဒီဆေးတွေက တကယ် တန်ဖိုးရှိတာပဲ။ ဟူလောင်တောင်ကြားကို ရောက်တဲ့အချိန်ဆိုရင် ငါ တော်တော်လေး ပြန်ကောင်းလာမှာပါ"
မကြာမီမှာပင် ကျောက်ကန် နှင့် အခြားသူများက ချပ်ဝတ်တန်ဆာ၊ လက်နက်များနှင့် သန့်ရှင်းသော အဝတ်အစားများကို ယူဆောင်လာပေးကြသည်။ အဝတ်အစားများ လဲလှယ်ပြီးနောက် တိန့်ဖုန်းသည် ခန့်ညားထည်ဝါသော အသွင်အပြင်ကို ပြန်လည် ရရှိသွားပြီး ချန်ဆန်းရှီ၏ နောက်မှလိုက်ကာ စစ်တဲအတွင်းမှ ထွက်လာခဲ့သည်။
ရှာဝမ်လုံမှာ သူ မြင်နေရသည်ကိုပင် မယုံနိုင်အောင် ဖြစ်နေရသည်။
"ဒါက..." ဖန်ချင်းယွမ်သည်လည်း ဤမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်နေမိသည်။
သူသည် စစ်ပွဲ မစတင်မီကတည်းက လိုင်ပြည်နယ်ရှိ ထင်ရှားသော ဗိုလ်ချုပ်များ၏ မှတ်တမ်းများကို အလွတ်ရထားသူ ဖြစ်ရာ တိန့်ဖုန်း၏ အကြောင်းကိုလည်း သိရှိပြီးသား ဖြစ်သည်။ ကျိုးကြောင်းဆင်ခြင်မှုအရဆိုလျှင် ဤကဲ့သို့သော လူမျိုးသည် သူ၏ ဆွေမျိုးတစ်စုလုံး ကွပ်မျက်ခံရမည့် ဘေးနှင့် ကြုံတွေ့ရလျှင်ပင် အရှုံးပေးမည့်သူမျိုး မဟုတ်ပေ။ သူ့ညီလေးမှာ မည်ကဲ့သို့သော စကားလုံးများ၊ နည်းလမ်းများကို အသုံးပြုပြီး ဤကဲ့သို့သော လူတစ်ယောက်ကို မိမိတို့ဘက် ပါလာအောင် စွမ်းဆောင်နိုင်ခဲ့သလဲဆိုသည်မှာ တကယ့်ကို မယုံနိုင်စရာပင် ဖြစ်သည်။
"ဗိုလ်ချုပ်တိန့်... ခင်ဗျားနဲ့ တွေ့ဆုံဖို့ ကျွန်တော် မျှော်လင့်နေတာပါ" ဖန်
ချင်းယွမ်က လက်သီးနှင့် လက်ဝါးယှဉ်ကာ နှုတ်ဆက်လိုက်သည်။
"ဟူလောင်တိုက်ပွဲမှာ ဗိုလ်ချုပ်တိန့်ရဲ့ အကူအညီ ရတာဟာ တကယ့်ကို ကံကောင်းခြင်း လက်ဆောင်ပါပဲ"
"ခင်ဗျားက ဗိုလ်ချုပ်ဖန် ဖြစ်မှာပေါ့" တိန့်ဖုန်းက ပြန်လည် နှုတ်ဆက်သည်။
"ခင်ဗျားရဲ့ နာမည်ကို ကြားဖူးတာ ကြာပါပြီ"
"ဒါဆိုရင်တော့ အချိန်မဖြုန်းကြစို့နဲ့။ အမိန့်ပေးလိုက်တော့... ဟူလောင်
တောင်ကြား ဆီကိုချီတက်ကျမယ်"
...
ထုံနန် စီရင်စု။
မတ်လသည် အရှေ့ဘက်ဒေသများတွင် နွေဦးထွန်ယက်ချိန် ဖြစ်သည်။ လယ်သမားများသည် မိသားစုလိုက် လယ်ကွင်းများတွင် အလုပ်များနေကြပြီ ဖြစ်သည်။
"မနှစ်က ရိတ်သိမ်းမှု ဘယ်လိုရှိလဲ၊ ပိုလျှံတဲ့ ငွေကြေးလေး ဘာလေးရော ကျန်သေးလား"
အကြမ်းထည် လျှော်တေအဝတ်အစားများကို ဝတ်ဆင်ထားပြီး တောင်ဝှေးတစ်ချောင်းကို အားပြုထားသော အိမ်ရှေ့မင်းသားသည် လယ်ကွင်း၏ ကန်သင်းရိုးပေါ်တွင် ရပ်လျက် အဘိုးအို လယ်သမားတစ်ဦးကို မေးမြန်းလိုက်သည်။
"မနှစ်က ငါတို့ ထုံနန် စီရင်စုမှာ အထွက်နှုန်း ကောင်းပါတယ်၊ ဒါပေမဲ့ ဘာထူးမှာလဲ" အဘိုးအိုက ရွှံ့နွံထဲတွင် ရပ်လျက် ပြန်ပြောသည်။
"ပထမဆုံး နွေဦးအခွန်၊ ပြီးတော့ ဆောင်းဦးအခွန်၊ အဲ့ဒီကြားထဲမှာလည်း အပိုအခွန်က နှစ်ကြိမ်လောက် ကောက်သေးတယ်။ ဆောင်းရာသီ ရောက်တော့ စစ်ပွဲဖြစ်နေလို့ဆိုပြီး ရိက္ခာတွေ ထပ်သိမ်းတယ်။ ဒါတွေက အတိအလင်း သတ်မှတ်ထားတဲ့ အခွန်တွေပေါ့။ ပြီးတော့ ဘာမှန်းမသိတဲ့ အခွန်တွေလည်း ရှိသေးတယ်၊ တံတားကူးခ၊ အမဲလိုက်ခ၊ ထင်းခ၊ ကောက်ရိုးဖိနပ်ခ၊ နောက်ဆုံး ကြက်၊ ဘဲ၊ ငန်း မွေးတာတောင် အခွန်ဆောင်ရသေးတယ်၊ အဲ့ဒါတွေအပြင် လုပ်အားပေး စေခိုင်းတာတွေလည်း ရှိသေးတယ်..."
"အထွက်နှုန်း ကောင်းတဲ့နှစ်မှာတောင် အနိုင်နိုင် အသက်ရှင်အောင် ကြိုးစားနေရတာ၊ ကြေးပြားတစ်ပြားတောင် ပိုမကျန်ပါဘူး။ လိုင်ပြည်နယ် မြောက်ပိုင်းလိုမျိုး ဒါမှမဟုတ် ချင်နိုင်ငံလိုမျိုးသာ မိုးခေါင်ခဲ့ရင် ငါတို့ အငတ်ဘေးနဲ့ သေရုံပဲ ရှိတော့မှာ"
နေရာတော်တော်များများတွင် ရေထိန်းသိမ်းမှုစနစ် မဖွံ့ဖြိုးသေးပေ။ ထို့ကြောင့် ပြည်နယ်တစ်ခုတွင် မိုးခေါင်ခြင်း သို့မဟုတ် ရေကြီးခြင်း ဖြစ်နေသော်လည်း ကပ်လျက် ပြည်နယ်တွင်မူ မည်သည့်ဒုက္ခမျှ မရှိဘဲ နေနိုင်ခြင်း ဖြစ်သည်။
"ခဏလေး" အိမ်ရှေ့မင်းသား၏ မျက်နှာမှာ လေးနက်သွားသည်။
"ရွာသားကြီး... အခု အခွန်အကြောင်း ဘာပြောလိုက်တာလဲ။ ကြက်၊ ဘဲ၊ ငန်း မွေးတာတောင် အခွန်ဆောင်ရတယ် ဟုတ်လား။ ဒါရှန် မင်းဆက်မှာ အဲ့ဒီလို အခွန်မျိုး ရှိတယ်လို့ ငါ မကြားမိပါဘူး"
"ဘာလို့ မရှိရမှာလဲ" အဘိုးအိုက ဒေါသတကြီး ပြောသည်။
"မွေးထားတဲ့ ကြက်တိုင်းအတွက် ငါတို့ ပေးနေရတာ။ သူတို့က ကြက်မဥတဲ့ ဥကိုတောင် နှမြောတသ ဖြစ်နေကြတာဗျ"
"ရူးသွပ်လိုက်တာ... တကယ့်ကို ရူးသွပ်စရာပဲ" အိမ်ရှေ့မင်းသား၏ မျက်နှာတွင် ဒေါသရိပ်များ ထင်ဟပ်လာသည်။ သူသည် တောင်ဝှေးကို အားပြုလျက် ဘေးနားသို့ တွန့်ဆုတ်တွန့်ဆုတ် လျှောက်သွားပြီး သူ၏ အခြွေအရံ စောင့်ရှောက်သူများကို ပြောလိုက်သည်။
"အရှေ့တောင်ဘက်ဒေသက ထင်းခနဲ့ အမဲလိုက်ခကို လွန်ခဲ့တဲ့ လေးနှစ်ကတည်းက ပယ်ဖျက်ခဲ့တယ်လို့ ငါမှတ်မိနေတယ်၊ ဟုတ်တယ်မလား။ ပြီးတော့ ကြက်၊ ဘဲ၊ ငန်း အခွန်ဆိုတာကရော ဘယ်ကနေ ရောက်လာတာလဲ။ နိုင်ငံတော် ဘဏ္ဍာတိုက်ထဲကို ကြေးပြားတစ်ပြားတောင် ရောက်မလာခဲ့ဘူး။ ဘယ်က ဒေသခံအရာရှိကများ ဒါကို လုပ်ရဲတဲ့ သတ္တိ ရှိနေတာလဲ။ သွားစစ်စမ်း... စစ်ကြစမ်း... ဟွတ်... ဟွတ်... ဟွတ်..." အိမ်ရှေ့မင်းသားမှာ ချောင်းဆိုးသံများ ထွက်ပေါ်လာသည်။
📝အပိုင်း - ၃၃၃
ဘာသာပြန် - Na Gar🐉
စကားအဆုံးသတ်ပိုင်းတွင် သူ၏ အသက်ရှူသံများမှာ သိသိသာသာ ပြတ်တောင်းနေလေသည်။
"အရှင်မင်းသား..."
ယုံကြည်ရသော ကိုယ်ရံတော် ဟန်ယန် က ခက်ခဲသော မျက်နှာထားဖြင့် ပြောလိုက်သည် "ကျွန်တော်မျိုးတို့ ဒါကို ဆက်ပြီး စုံစမ်းဖို့ လိုသေးလို့လား။ ဒေသခံအရာရှိတွေက ဘယ်လောက်ပဲ သတ္တိကောင်းကောင်း၊ အခွန်ငွေအားလုံးကို ဗြောင်ကျကျ အိတ်ထဲထည့်ဖို့တော့ မဝံ့ရဲကြပါဘူး။ ဒါကယန်ပါတီရဲ့ လက်ချက်ပဲ ဖြစ်ရမယ်၊ ပြီးတော့ ယန်ပါတီရဲ့ အထက်မှာက... ဘာပဲဖြစ်ဖြစ် အရှင်မင်းသားလည်း သိတဲ့အတိုင်း ဧကရာဇ်က နှစ်စဉ် ဘယ်လောက်တောင် သုံးစွဲနေလဲဆိုတာ။ မသေမျိုးရှာဖွေတာနဲ့ ဆေးဖော်စပ်တဲ့ ကိစ္စရပ်တွေတင် နှစ်စဉ် အခွန်ဘဏ္ဍာရဲ့ သုံးပုံတစ်ပုံကျော် ရှိနေတာပါ..."
"ဒါတောင် စုံစမ်းရဦးမယ်" အိမ်ရှေ့မင်းသား၏ အသံမှာ တုန်ရင်နေသည်။ "စုံစမ်းစမ်း"
"မှန်လှပါ၊ ကျွန်တော်မျိုး ချက်ချင်း စုံစမ်းပါ့မယ်" ဟန်ယန်က အလျင်အမြန် ပြန်ပြောသည်။
"တွေ့တဲ့သူတိုင်းကို ကွပ်မျက်မယ်၊ နှစ်ယောက်တွေ့ရင် နှစ်ယောက်လုံးကို သတ်ပစ်မယ်။ အရှင်မင်းသား... ကျေးဇူးပြုပြီး ဒေါသကို လျှော့ပါ၊ ကျန်းမာရေးကို ဂရုစိုက်ပါဦး"
"အခုပဲ သွားတော့"
"မှန်လှပါ၊ မှန်လှပါ" ဟန်ယန်မှာ အလျင်အမြန် ထွက်ခွာသွားတော့သည်။
"အရှင်မင်းသား... ဘာလို့ ဒီလောက်တောင် အမျက်ထွက်နေရတာလဲ" ဝတ်စုံနက်ဝတ် ရဟန်းက အနားသို့ အပြေးအလွှား ရောက်ရှိလာသည်။
"ဘာမှမဟုတ်ပါဘူး... ဘာမှမဟုတ်ပါဘူး..." အိမ်ရှေ့မင်းသားမှာ အသက်ကို လုရှူနေရသည်။
"ပြောစမ်းပါဦး"
"အမွှေးတိုင် ပူဇော်မှုတွေမှာ ပြဿနာရှိနေတယ်" ဝတ်စုံနက်ဝတ် ရဟန်းက တိုးတိုးလေး ပြောလိုက်သည်။
"ကျန်းဟု လောကထဲမှာ ကျန်းလိုင်ကျိီလို့ အမည်ရတဲ့ လူတစ်ယောက် ပေါ်လာပြီး ကျွန်တော်တို့ရဲ့ အမွှေးတိုင် ပူဇော်မှုတွေကို ဆက်တိုက် နှောင့်ယှက်ဖျက်ဆီးနေတယ်လို့ အောက်ခြေက သတင်းပို့လာပါတယ်။ ဒါ့အပြင် သူက အမွှေးတိုင် ပညာရပ်မှာ အလွန် ထူးချွန်ပုံရပြီး ဘယ်လောက်ပဲရှိရှိ ချက်ချင်း သန့်စင်နိုင်စွမ်း ရှိတယ်လို့ သိရပါတယ်"
"အရေးကြီးဆုံးအချက်ကတော့ ဒီ ကျန်းလိုင်ကျိီဆိုတဲ့လူဟာ ကျွန်တော်တို့ရဲ့ ကိစ္စတွေကို သိနေပုံရတာပဲ"
"ဘယ်သူ သတင်းပေါက်ကြားသွားတာလဲ" အိမ်ရှေ့မင်းသားမှာ ထိတ်လန့်ခြင်းမရှိဘဲ လျင်မြန်စွာ တွေးတောလိုက်သည်။
"ဒီ သူရဲကောင်း ကျန်း က အခုထက်ထိ ဘာမှ မထုတ်ဖော်သေးဘူးဆိုရင် သူက ဒီကိစ္စကို စိတ်မဝင်စားလို့ပဲ ဖြစ်ရမယ်။ သူဟာ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရမယ်။ သူ့ကို ငါတို့က မစော်ကားသရွေ့တော့ အဆင်ပြေမှာပါ။ ဒါ့အပြင် သူ့ကို ငါတို့ဘက် ပါလာအောင် ကြိုးစားကြည့်လို့ ရနိုင်တယ်၊ သူဟာ ငါတို့အတွက် ကြီးမားတဲ့ အားကိုးရာ ဖြစ်လာနိုင်တယ်"
"ကောင်းပါပြီ" ဝတ်စုံနက်ဝတ် ရဟန်းက ခေါင်းငြိမ့်လိုက်သည်။ "ကျွန်တော်မျိုး နားလည်ပါပြီ"
"အဘိုးကြီး ယောင်... ခဏနေဦး" အိမ်ရှေ့မင်းသားက လက်မြှောက်ကာ သူ့ကို ရပ်ခိုင်းလိုက်သည်။
"အရှင်မင်းသား... တခြား မိန့်ကြားစရာ ရှိသေးလို့လား" ဝတ်စုံနက်ဝတ် ရဟန်းက မေးမြန်းသည်။
"အဘိုးကြီး ယောင်" အိမ်ရှေ့မင်းသားသည် တောင်ဝှေးကို အားပြုလျက် နောက်ဆုံးတွင် အသက်ရှူမှန်သွားပြီး လေးနက်စွာ ပြောလိုက်သည်။
"ဒီ မိစ္ဆာနတ်ဘုရား လမ်းစဉ် နောက်ကို လိုက်ရင် ဘယ်လောက်အထိ ပေးဆပ်ရမလဲ"
"ပေးဆပ်ရမှု ဟုတ်လား" ဝတ်စုံနက်ဝတ် ရဟန်း၏ မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာသည်။
"ဒါက ပုံမှန်ထက် အမွှေးတိုင် ပိုသုံးရရုံပါပဲ၊ အရှင်မင်းသားလည်း ဒါကို အစကတည်းက သိထားတာ မဟုတ်ဘူးလား"
"အမှန်အတိုင်း ပြောစမ်း" အိမ်ရှေ့မင်းသားက မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်သည်။
"ငါက မျက်စိကန်းနေတာ မဟုတ်ဘူး။ လမ်းတစ်လျှောက်မှာ ဖြစ်ခဲ့တဲ့ ထုံထျန် နဂါးဘုရင် ပူဇော်ပွဲ၊ တောင်ပိုင်းတောင် နတ်မင်း ပူဇော်ပွဲနဲ့ မြစ်နတ်မင်း ပူဇော်ပွဲတွေဟာ မင်းရဲ့ လက်ချက်တွေပဲ မဟုတ်လား။ မိစ္ဆာနတ်ဘုရား လမ်းစဉ်ရဲ့ ပေးဆပ်မှုဆိုတာ လူသားတွေရဲ့ အသက်ကို သုံးရတာ မဟုတ်လား"
"အရှင်မင်းသားကို လှည့်စားမိတာဟာ ကျွန်တော်မျိုးအတွက် သေဒဏ်ထိုက်တဲ့ အပြစ်ပါပဲ" ဝတ်စုံနက်ဝတ် ရဟန်းက မတတ်သာဘဲ ဝန်ခံလိုက်သည်။ "ဒါပေမဲ့ အရှင်မင်းသား မသိတာက ဒါဟာ မိစ္ဆာနတ်ဘုရား လမ်းစဉ်အတွက် မဖြစ်မနေ လျှောက်လှမ်းရမယ့် လမ်းတစ်ခုပါ။ အကယ်လို့ လူသားတွေရဲ့ အသက်နဲ့ အခါအားလျော်စွာ မပူဇော်ဘူးဆိုရင် မိစ္ဆာနတ်ဘုရားက အမျက်ထွက်ပြီး ကျွန်တော်တို့ဆီကို အကျိုးဆက်တွေ ပြန်လာပါလိမ့်မယ်"
"ဟဲ... ငါ သိသားပဲ။ ဒီလောကမှာ အလကားရတဲ့ ထမင်းတစ်နပ်ဆိုတာ မရှိဘူး" အိမ်ရှေ့မင်းသားက မိမိကိုယ်ကိုယ် လှောင်ပြောင်သလို ရယ်လိုက်ပြီး လယ်ကွင်းထဲတွင် အလုပ်ရှုပ်နေကြသော လယ်သမားများကို စိုက်ကြည့်လျက် အချိန်အတော်ကြာ တိတ်ဆိတ်သွားတော့သည်။
"အော်မီထော်ဖော်... အရှင်မင်းသား အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့"
ဝတ်စုံနက်ဝတ် ရဟန်းက ဖျောင်းဖျရန် ကြိုးစားသည် "ဒါတွေအားလုံးက ကျွန်တော်မျိုး စီစဉ်ခဲ့တာ ဖြစ်သလို အပြစ်ရှိရင်လည်း ကျွန်တော်မျိုး တစ်ယောက်တည်းမှာပဲ ရှိပါတယ်။ 'ငါ ငရဲထဲ မဆင်းရင် ဘယ်သူ ဆင်းမလဲ' ဆိုတဲ့ စကားလည်း ရှိတာပဲ။ ယွမ်ကျိုးက ဆယ်ရက်တာ ဖြစ်ရပ်နဲ့ နှိုင်းယှဉ်ရင် ဒီပူဇော်မှုတွေဟာ သမုဒ္ဒရာထဲက ရေတစ်စက်စာလောက်ပါပဲ"
"အောင်မြင်မှု ရပြီးလို့ အရှင်မင်းသား နန်းတက်လာတဲ့အခါ လောကကြီးရဲ့ အကျင့်ပျက်မှုတွေကို ရှင်းလင်းပြီး ဒါရှန် ကို သန့်ရှင်းတဲ့ အုပ်ချုပ်မှုနဲ့ ပြန်လည် ထူထောင်ပေးမယ်ဆိုရင် ဒီပြည်သူတွေဟာလည်း ကြီးမားတဲ့ ကရုဏာလမ်းစဉ်ထဲကို ရောက်သွားတာ ဖြစ်သလို နောင်ဘဝမှာလည်း ကျိန်းသေပေါက် ကောင်းရာသုဂတိ ရောက်ကြပါလိမ့်မယ်..."
အိမ်ရှေ့မင်းသားက ချက်ချင်း ပြန်မပြောဘဲ တောင်ဝှေးကို အားပြုကာ ဘေးနားမှ ဖြတ်သွားစဉ် လဲကျမလို ဖြစ်သွားသော အဘိုးအို ထင်းခွေသမားတစ်ဦးကို ကူညီပေးလိုက်သည်။
ဘေးနားတွင် ဘယ်သူမှ မရှိတော့သည့် အခါမှ သူက သက်ပြင်းချလျက် "သွားလုပ်တော့" ဟု ဆိုလိုက်သည်။
"အော်မီထော်ဖော်"
ဝတ်စုံနက်ဝတ် ရဟန်းက ထပ်ပြောသည် "အရှင်မင်းသား... လိုင်ပြည်နယ်က အခြေအနေ တည်ငြိမ်သွားပြီး ပြည်နယ်တော်တော်များများကို ထိန်းချုပ်နိုင်လာပြီဆိုရင် ပူဇော်မှု အရေအတွက်ကို တိုးလိုက်လို့ ရပါတယ်။ အဲ့ဒီလိုဆိုရင် အရှင်မင်းသားရဲ့ ကျန်းမာရေးအတွက် သက်တမ်း ပိုရှည်လာနိုင်..."
"တော်တော့" လေအဝှေ့တွင် အိမ်ရှေ့မင်းသားက ခေါင်းလှည့်ကာ တောင်ဝှေးဖြင့် မြေကြီးကို နှစ်ချက် ဆောင့်လိုက်သည်။
"ငါ မင်းကို ဘယ်နှစ်ခါ ပြောရဦးမလဲ။ ငါက ထာဝရ အုပ်ချုပ်မှုကို မလိုချင်ဘူး။ ငါလိုချင်တာက ငါ့ရဲ့ ကျန်ရှိတဲ့ သက်တမ်းကို သုံးပြီး ချောင် မိသားစုရဲ့ အင်ပါယာကို ပြန်လည် တည်ထောင်ဖို့ပဲ"
"ကျွန်တော်မျိုး ဒီကိစ္စကို နောက်တစ်ခါ ထပ်မပြောတော့ပါဘူး" ဝတ်စုံနက်ဝတ် ရဟန်းက အလျင်အမြန် ကတိပေးလိုက်သည်။
ဒုန်း...
တောင်ဝှေးက အိမ်ရှေ့မင်းသား၏ လက်ထဲမှ ပြုတ်ကျသွားပြီး သူသည် မြေကြီးပေါ်သို့ ဖြည်းဖြည်းချင်း ဒူးထောက်ကျသွားကာ ခေါင်းကို ရွှံ့နွံထဲအထိ နက်ရှိုင်းစွာ ထိကပ်လိုက်သည်။ သူ၏ အသံမှာ တုန်ရီနေပြီး မျက်လုံးများ နီမြန်းလျက် "ငါ့ရဲ့ ချောင်မိသားစုဟာ ပြည်သူတွေအပေါ်မှာ အကြွေးတွေ အများကြီး တင်နေပြီ" ဟု ဆိုလိုက်သည်။
"နောက်နှစ်ကစပြီး အရှေ့ဘက်ဒေသက ပူဇော်ပွဲတွေမှာ ပါဝင်ခဲ့ရတဲ့ နေရာအားလုံးကို ငါးနှစ်တိုင်တိုင် အခွန်ကင်းလွတ်ခွင့် ပေးမယ်။ ပြည်သူတွေ ပြန်လည် နာလန်ထူနိုင်အောင် လုပ်ပေးရမယ်"
"အော်မီထော်ဖော်... အရှင်မင်းသားဟာ တကယ့်ကို ဗောဓိတစ်ပါး ဝင်စားတာပါပဲ" ဝတ်စုံနက်ဝတ် ရဟန်းက လက်အုပ်ချီ ဦးညွှတ်လိုက်ပြီး လှည့်ထွက်သွားတော့သည်။
...
ယုံလဲ့ စီရင်စု။
ပြင်းထန်သော မြို့သိမ်းတိုက်ပွဲ စတင်နေပြီ ဖြစ်သည်။
ဝုန်း..
စစ်နတ်ဘုရား မုန်ချူကျိီသည် သူ၏ လှံကို ကိုင်ဆောင်လျက် မြို့ရိုးပေါ်သို့ ပထမဆုံး တက်လှမ်းနိုင်ခဲ့သည်။ သူ၏ လှံတစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် ပြင်းထန်သော စွမ်းအားများက ချင်နိုင်ငံမှ စစ်သည် ငါးဦးခြောက်ဦးခန့်ကို တစစီ ဖြစ်သွားစေပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ အရပ်မျက်နှာ အနှံ့သို့ မိုးသီးများကဲ့သို့ လွင့်စင်သွားတော့သည်။
"မုန်ချူကျိီ... သေပေတော့"
ထန်မင်းသား လီဂုန်းက ဘေးဘက်မှ ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏ နက်မှောင်သော သံနဂါးတုတ်ကြီးက လေထုကို ခွင်း၍ ကျရောက်လာသည်။
ဝုန်း..
ကြီးမားသော စွမ်းအားနှစ်ရပ် ထိပ်တိုက်တွေ့ဆုံမှုကြောင့် ကောင်းကင်ယံ ပြိုကွဲပြီး မြေကြီး အက်ကွဲသွားသကဲ့သို့ အသံကြီး ထွက်ပေါ်လာသည်။ သူတို့ခြေဖဝါးအောက်ရှိ အုတ်ချပ်များမှာ တစ်လက်မချင်း ကြေမွသွားပြီး မြို့ရိုးပေါ်တွင် ကြီးမားသော အပေါက်ကြီးတစ်ခု ကျန်ရစ်ခဲ့သည်။
မကြာမီမှာပင် မုန်ချူကျိီမှာ နောက်သို့ ဆုတ်ခွာခဲ့ရပြီး ဒါရှန် စစ်တပ်ကလည်း ဆုတ်ခွာရန် အချက်ပေးလိုက်သဖြင့် နှစ်ဖက်စလုံး ခေတ္တ အနားယူလိုက်ကြသည်။
"အဲ့ဒီ မုန် ဆိုတဲ့ကောင်ကတော့ တကယ်ကို သေသင့်တာပဲ" လီဂုန်းက စစ်သေနာပတိချုပ် စစ်တဲဆီသို့ လျှောက်သွားရင်း ကျိန်ဆဲနေသည်။ "တိုက်တာက တိုက်တာပေါ့၊ ထုံးမှုန့်တွေပါ ပက်ရတယ်လို့။ စစ်နတ်ဘုရား တစ်ယောက် ဖြစ်နေပြီးတော့ ဒီလို ကလေးကလား လှည့်ကွက်တွေကို သုံးတာ တကယ့်ကို အရှက်မရှိတာပဲ"
"မှန်ပါတယ်" ဒုတိယ ဗိုလ်ချုပ် လျိုဟွမ်းရုံ က နောက်မှ လိုက်ရင်း ကျိန်ဆဲလိုက်သည်။
"သူပက်လိုက်တဲ့ အရာတွေထဲမှာ ထူးဆန်းတဲ့ အဆိပ်တွေ ပါနေတယ်။ အရှင်မင်းသားကတော့ အဆင်ပြေပေမဲ့ ဘေးနားက ညီအစ်ကိုတွေကတော့ ဒုက္ခရောက်ကုန်ကြပြီ..."