← Chapters

အခန်း (၁၃၃၇-၁၃၃၈)

Vol. 134 Ch. 1337-1338

အခန်း (၁၃၃၇-၁၃၃၈)

Vol. 134 Ch. 1337-1338

အခန်း (၁၃၃၇) - ဟေးဟွမ် စစ်မှန်သောခန္ဓာကိုယ်

ထိုမျှလောက်များပြားသော လူပေါင်းများစွာက ကန့်ကွက်နေကြသည်ကို မြင်သော်လည်း ချင်းယွီ ကျင့်ကြံသူသည် ဒေါသတကြီး ဖြစ်မသွားချေ။

သူသည် အေးချမ်းသာယာသော အပြုံးကိုသာ ဆင်မြန်းထားဆဲ ဖြစ်သော်လည်း မည်သည့်စကားမျှ ပြန်လည်မပြောဆိုဘဲ နေမြဲအတိုင်းသာ ရှိနေသည်။

ဂိုဏ်းသားများမှာ ပြောရင်းဆိုရင်းနှင့် အသံများ တဖြည်းဖြည်း တိုးဝင်သွားကြကာ မျက်လုံးများထဲတွင် ကြောက်ရွံ့တုန်လှုပ်မှု အရိပ်အယောင်များ ယှက်သန်းလာပြီး နောက်ဆုံးတွင် တစ်ယောက်မှ စကားမဟဝံ့တော့ဘဲ ငြိမ်ကျသွားကြတော့သည်။

"မင်းတို့တွေ... ဘယ်တော့များမှ ငါ့ကို စိတ်အေးရအောင် ထားကြမှာလဲ "

ချင်းယွီ ကျင့်ကြံသူက အေးစက်စက် ပြုံးလျက် ဆိုသည်

"တာအိုပေါင်းစပ်ခြင်းအဆင့် အယောက်ပေါင်း ဒါဇင်ချီရှိတယ်။ အစောပိုင်းအဆင့်၊ အလယ်အဆင့်၊ နောက်ဆုံးအဆင့်တွေအကြောင်း ငါ ထည့်မပြောတော့ဘူး "

"မင်းတို့ထဲက တာအိုပေါင်းစပ်ခြင်း အထွတ်အထိပ်ရောက်နေတဲ့သူတွေ... အချို့က မိုးကြိုးဘေးဒုက္ခ နှစ်ကြိမ် ဖြတ်ကျော်ပြီးပြီ၊ အချို့က သုံးကြိမ်၊ အချို့ဆို ရှစ်ကြိမ်တောင် ဖြတ်ကျော်ပြီးပြီ "

"ဒါတောင် ကြာနီ နတ်ဘုရားဂိုဏ်းက မိန်းကလေးငယ်လေး တစ်ယောက်ကို ရှုံးပြီး ခေါင်းမဖော်နိုင်အောင် ထွက်ပြေးခဲ့ကြတယ်။ ဒါဟာ ချင်းယွီ နတ်ဘုရားဂိုဏ်းရဲ့ မျက်နှာကိုတင် မကဘူး၊ ငါ့မျက်နှာရော၊ ငါတို့ရဲ့ ဘိုးဘေးဘီဘင်တွေရဲ့ မျက်နှာကိုပါ အိုးမည်းသုတ်လိုက်တာပဲ "

သူ၏ အကြည့်မှာ တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူ အချို့အပေါ်သို့ ကျရောက်သွားသည်။

ဝါယန်ဖုန်း အပါအဝင် ထိုကျင့်ကြံသူများမှာ တာအိုပေါင်းစပ်ခြင်း အထွတ်အထိပ် အဆင့်များ ဖြစ်ကြပြီး ဖြတ်ကျော်ခဲ့သော မိုးကြိုးဘေးဒုက္ခ အရေအတွက်သာ ကွဲပြားကြခြင်း ဖြစ်သည်။

သူပြောဆိုလိုက်သော မိုးကြိုးဘေးဒုက္ခ ရှစ်ကြိမ် ဖြတ်ကျော်ထားသည့် တာအိုပေါင်းစပ်ခြင်း အထွတ်အထိပ် ကျင့်ကြံသူမှာမူ အိုမင်းရင့်ရော်နေသည့် ပုံစံရှိသည်။

ဤသည်မှာ သူ၏ အကန့်အသတ် ဖြစ်ပုံရပြီး ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ရန် အခွင့်အရေးမှာ အလွန်ပင် နည်းပါးလှပေသည်။

ထို့ကြောင့် ထိုသူသည် အစအဆုံး မည်သည့်စကားမျှ ဝင်မပြောဘဲ ဘေးတွင်သာ ငြိမ်သက်စွာ ရပ်နေခဲ့ခြင်း ဖြစ်သည်။

"ကြာနီ နတ်ဘုရားဂိုဏ်းက အဲဒီမိန်းကလေးက ငါသိသလောက်ဆိုရင် မိုးကြိုးဘေးဒုက္ခ တစ်ကြိမ်ပဲ ဖြတ်ကျော်ရသေးတာ မဟုတ်လား "

ချင်းယွီ ကျင့်ကြံသူက ရယ်မောလိုက်ပြီး

"အခု ဖန့်ချန် ရောက်လာပြီ၊ သူက ချင်းယွီ နတ်ဘုရားဂိုဏ်းရဲ့ အကြီးအကဲ လုပ်ဖို့လည်း သဘောတူတယ်၊ ကျွယ်မင်နတ်ဘုရားနန်းတော်ကို တက်လှမ်းဖို့ ရည်မှန်းချက်ကြီးကြီးလည်း ရှိတယ်။ မင်းတို့က သူ့ကို မကြိုဆိုတာ ထားပါဦး၊ ဘာလို့ ဒီလောက်တောင် ရိုင်းရိုင်းစိုင်းစိုင်း လုပ်နေကြတာလဲ "

"တကယ်လို့ ဖန့်ချန်က ကြာနီ နတ်ဘုရားဂိုဏ်းက အဲဒီမိန်းကလေးကို အနိုင်တိုက်နိုင်ရင် နှစ်ပေါင်း ၃၀ ကြာရင် ရမယ့် အခွင့်အရေးကို သူ့ကို ပေးလိုက်တာ ဘာအရေးလဲ ငါတို့ ချင်းယွီ နတ်ဘုရားဂိုဏ်းကနေ ကျွယ်မင်နတ်ဘုရားနန်းတော်ထဲကို ရောက်သွားမယ့် ကျင့်ကြံသူ တစ်ယောက် ထွက်ပေါ်လာတာဟာ မင်္ဂလာရှိတဲ့ ကိစ္စပဲ မဟုတ်လား "

အားလုံးမှာ ဆိတ်ဆိတ်သာ နေကြတော့သည်။

ဝါယန်ဖုန်း၏ မျက်နှာမှာမူ အပြာတစ်လှည့် အနီတစ်လှည့်နှင့် ရှက်ဒေါသ ထွက်နေလေသည်။

သူ၏ အမြင်တွင် ထိုအခွင့်အရေးမှာ သူနှင့်သာ ထိုက်တန်သည်ဟု ယူဆထားခြင်း ဖြစ်သည်။

ယခုအခါ ပြင်ပလူတစ်ယောက်၊ ၎င်းပြင် အောက်ခြေနယ်မြေခြောက်ခုက လာသည့် တောသားတစ်ယောက်က သူ၏ အခွင့်အရေးကို လာလုမည်ကို မည်သို့မျှ လက်မခံနိုင်ချေ။

"ဘိုးဘေး... တာအိုပေါင်းစပ်ခြင်း ကိုးဆင့် မှာ မိုးကြိုးဘေးဒုက္ခ အရေအတွက်က အစွမ်းအပေါ်မှာ သိပ်ပြီး သက်ရောက်မှု မရှိလှပါဘူး။ ကြာနီ နတ်ဘုရားဂိုဏ်းက အဲဒီမိန်းကလေးက တစ်ကြိမ်ပဲ ဖြတ်ကျော်ရသေးတယ်ဆိုပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက ထူးခြားပါတယ်၊ အဲဒါက ဟေးဟွမ် စစ်မှန်သောခန္ဓာကိုယ် ပါ။ သူ့လက်ထဲက အတတ်ပညာတွေရဲ့ အစွမ်းဟာ ဆယ်ဆမက တိုးပွားသွားနိုင်ပါတယ်။"

ဝါယန်ဖုန်းက လက်အုပ်ချီ၍ ဆိုသည်

"ပြီးတော့ ကောလာဟလတွေအရ သူဟာ သံသရာစက်ဝန်းရဲ့ အမေ့အပျောက် ကို ကျော်လွှားပြီး အတိတ်ဘဝ မှတ်ဉာဏ်တွေကို ပြန်ရထားတယ်လို့ သိရပါတယ်။ ဒီလို အားသာချက်တွေ ရှိနေတာကြောင့် သူဟာ သာမန်ကျင့်ကြံသူ မဟုတ်တော့ပါဘူး။ ကျုပ်တို့ သူ့ကို မနိုင်တာဟာ သဘာဝကျပါတယ်၊ ဒါပေမဲ့ ဒါဟာ နှစ်ပေါင်း ၃၀ ကြာရင် ကျွယ်မင်နတ်ဘုရားနန်းတော်ကို ဝင်နိုင်ဖို့ ကျုပ်မှာ အခွင့်အရေး မရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး "

"ယန်ဖုန်းက အနှစ် ၄၀၀ ကျော်အတွင်းမှာ တာအိုပေါင်းစပ်ခြင်း အထွတ်အထိပ်ကို ရောက်ခဲ့တာပါ၊ ဒီလို ပါရမီမျိုးနဲ့ဆိုရင် ကျွယ်မင်နတ်ဘုရားနန်းတော်ကို ဝင်ခွင့်ရဖို့ အခွင့်အရေး အသေအချာ ရှိပါတယ် "

ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးက ခပ်တိုးတိုး ဝင်ပြောလိုက်သည်။

ဤသူမှာ ဝါယန်ဖုန်းနှင့် မျိုးနွယ်တူ စီနီယာ တစ်ဦး ဖြစ်သည်။

'အနှစ် ၄၀၀ ကျော်လား... ငါ့ထက် အများကြီး ငယ်တာပဲ '

ဖန့်ချန်က ဝါယန်ဖုန်းကို တစ်ချက် ကြည့်လိုက်မိသည်။

သူသည် တာအိုသုံးထောင်နယ်မြေ အတွင်း ကျင့်ကြံခဲ့သည့် အချိန်မှာပင် အနှစ် ၄၀၀ မက ရှိခဲ့ပြီ ဖြစ်သည်။

သို့သော် သူ၏ ကျင့်ကြံခြင်းလမ်းစဉ်မှာ ထူးခြားလှပြီး အဆင့်တစ်ခုချင်းစီတွင် လိုအပ်သော အခြေခံတည်ဆောက်မှုမှာ သာမန်ကျင့်ကြံသူများထက် များစွာ ပိုမိုလှသဖြင့် နှိုင်းယှဉ်၍တော့ မရချေ။

ပါရမီပိုင်းအရ တစ်ဖက်လူက သာလွန်ကောင်း သာလွန်နိုင်သော်လည်း ဖန့်ချန်က ထိုအချက်ကို ဂရုမစိုက်ပါ။

သူ ပို၍ စိတ်ဝင်စားသည်မှာ ဝါယန်ဖုန်း ပြောလိုက်သော ကြာနီ နတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူအကြောင်း ဖြစ်သည်။

သံသရာရဲ့ အမေ့အပျောက်ကို ကျော်လွှားနိုင်တာလား

ဒါက ကောလာဟလ သက်သက်လား၊ ဒါမှမဟုတ် တကယ်ပဲလား

အကယ်၍ အမှန်တကယ်သာ ဆိုလျှင် ထိုအမျိုးသမီးသည် နတ်မိမယ်ယွီ နှင့် အမျိုးအစားတူပင် ဖြစ်လိမ့်မည်။

သူသည်လည်း ပြောင်းပြန်မသေမျိုး သန္ဓေသား အသွင်းခံထားရသူလား၊ ဒါမှမဟုတ် တခြား အကြောင်းရင်းကြောင့်လား

ဝါယန်ဖုန်းသည် စဉ်းစားနေသော ဖန့်ချန်ကို ကြည့်ကာ လှောင်ပြုံးဖြင့် ဆိုလိုက်သည်

"ဖန့်အကြီးကဲ... ကျွယ်မင်နတ်ဘုရားနန်းတော်ရဲ့ အခွင့်အရေးကို လုယူဖို့ဆိုတာ ထင်သလောက် မလွယ်ကူပါဘူး။ ဘိုးဘေးက မင်းကို ဒီလောက်တောင် အထင်ကြီးနေမှတော့ မင်း သွားစမ်းကြည့်သင့်တာပေါ့။ ဒါပေမဲ့ မင်းက အခုလောလောဆယ် ချင်းယွီ နတ်ဘုရားဂိုဏ်းရဲ့ ကျင့်ကြံသူ မဟုတ်သေးဘူး၊ တစ်ဖက်က ဒါကို သိသွားရင်တော့ ညှာတာမှာ မဟုတ်ဘူးနော် "

"အသက်အန္တရာယ် ရှိနိုင်တယ်၊ ဖန့်ချန် မင်း စမ်းကြည့်ချင်သေးရဲ့လား "

ချင်းယွီ ကျင့်ကြံသူက ပြုံးလျက် မေးလိုက်သည်။

"ကျုပ်... စမ်းကြည့်ချင်ပါတယ်"

ဖန့်ချန်က လက်အုပ်ချီ ပြန်ဖြေလိုက်သည်။

ဝါယန်ဖုန်း ပြုံးသွားသည်။

တာအိုပေါင်းစပ်ခြင်းအဆင့် အကြီးအကဲ အများအပြားလည်း လှောင်ပြုံး ပြုံးလိုက်ကြသော်လည်း၊ အနည်းငယ်သော သူများမှာမူ မျက်နှာပျက်ကာ ဝေခွဲမရ ဖြစ်နေကြသည်။

"ဖန့်ချန် ဒီကို စရောက်တာဆိုတော့ ရက်အနည်းငယ်လောက် အနားယူပြီးမှ ထွက်သွားတာပေါ့ "

ချင်းယွီ ကျင့်ကြံသူက ပြောပြီးနောက် တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးကို ဖန့်ချန်အား အနားယူရန် အခန်းသို့ ခေါ်ဆောင်သွားရန် ခိုင်းစေလိုက်သည်။

၎င်းတို့နှစ်ဦး ထွက်သွားပြီးနောက်တွင် အကြီးအကဲ တစ်ဦးက ဝေခွဲမရသော လေသံဖြင့် ဆိုသည်

"ဘိုးဘေး... ဒီလူက အောက်ခြေနယ်မြေခြောက်ခုက လာတယ်ဆိုတော့ နောက်ခံ တစ်ခုခုတော့ ရှိမှာပါ။ တကယ်လို့ ကြာနီ နတ်ဘုရားဂိုဏ်း လက်ချက်နဲ့ အသက်ဆုံးရှုံးသွားရင်တော့..."

"သူ့ရဲ့ စီနီယာတွေက မသေမျိုးကျောက်တုံး ရာနဲ့ချီတဲ့ ဒီလောက် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ပြီး သူ့ကို အထက်သုံးနယ်မြေကို ပို့လိုက်တယ်ဆိုကတည်းက သူ့ရဲ့ ပါရမီကို အလွန်အမင်း ယုံကြည်နေလို့ပဲ "

ချင်းယွီ ကျင့်ကြံသူက အေးအေးဆေးဆေးပင် ဆိုသည်

"ဖြစ်နိုင်တာက သူဟာ ကြာနီ နတ်ဘုရားဂိုဏ်းက အဲဒီကလေးမကို အမှန်တကယ် အနိုင်ယူပြီး ငါတို့ ချင်းယွီ နတ်ဘုရားဂိုဏ်းရဲ့ မျက်နှာကို ပြန်ဆယ်ပေးနိုင်လိမ့်မယ်။ တစ်ဖက်က ကြည့်ရင်လည်း သူ တကယ်ပဲ သေသွားခဲ့ရင်တောင် ဒါဟာ ကြာနီ နတ်ဘုရားဂိုဏ်းရဲ့ ကိစ္စပဲ၊ ငါတို့နဲ့ ဘာဆိုင်လဲ အန္တရာယ်ရှိတယ်ဆိုတာကို ငါတို့က ကြိုပြီး ရှင်းပြထားပြီးသားပဲလေ "

အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

သေချာစဉ်းစားကြည့်လျှင်လည်း ထိုစကားမှာ အမှန်ပင် ဖြစ်ပေသည်။

"ဖန့်အကြီးကဲ... ဒီအခန်းက နှစ်အတော်ကြာ အသုံးမပြုဘဲ ထားထားတာပါ၊ လောလောဆယ်တော့ ဒီမှာပဲ အနားယူလိုက်ပါဦး "

ဖန့်ချန်ကို လမ်းပြလာသော ကျင့်ကြံသူက လက်အုပ်ချီ နှုတ်ဆက်သည်။

"ကျေးဇူးတင်ပါတယ် ကျန်းအကြီးကဲ "

ဖန့်ချန်က ပြုံးလျက် ပြန်လည်နှုတ်ဆက်လိုက်သည်။

ကျန်းချန် သည် ခေတ္တ ဝေခွဲမရ ဖြစ်နေပြီးမှ စကားဟလာသည်

"ဖန့်အကြီးကဲ .. ဒီကို ရောက်ဖို့ဆိုတာ မလွယ်ပါဘူး၊ ဘာလို့ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ထဲကို တွန်းပို့နေတာလဲ ဒီကနေ ထွက်သွားလိုက်တာကမှ ပိုကောင်းဦးမယ်။ လောကကြီးက ကျယ်ပါတယ်၊ အထက်သုံးနယ်မြေမှာ လေလွင့်ကျင့်ကြံသူ တစ်ဦးအနေနဲ့ လွတ်လွတ်လပ်လပ် နေတာက မင်းအတွက် ပိုကောင်းနိုင်ပါတယ် "

"ကျန်းအကြီးကဲ ... ကြာနီ နတ်ဘုရားဂိုဏ်းက အဲဒီ အမျိုးသမီးကျင့်ကြံသူက တကယ်ပဲ အဲဒီလောက် တော်တာလား "

ဖန့်ချန်က စပ်စုလိုသော လေသံဖြင့် မေးလိုက်သည်။

ကျန်းချန် ခေတ္တ ငိုင်သွားပြီးမှ တစ်ခုခုကို ပြန်လည်အမှတ်ရသွားဟန်ဖြင့် တစ်ကိုယ်လုံး တုန်တက်သွားကာ ခေါင်းကို အလေးအနက် ညိတ်ပြသည်

"အလွန် သန်မာတယ်။ ကျုပ်တို့ တာအိုပေါင်းစပ်ခြင်းအဆင့်တွေ အကုန်လုံး သူနဲ့ ယှဉ်ပြိုင်ဖူးကြတယ်။ သူ့လက်ထဲမှာ အကြာဆုံး ခံနိုင်ခဲ့တာက ဝါအကြီးအကဲပဲ၊ ဆယ်ကွက်ကျော်လောက်မှာပဲ ရှုံးသွားခဲ့တာ "

"အပြန်အလှန် တိုက်စစ်ဆင်နိုင်ခဲ့တာလား "

"အသားလွတ် အရိုက်ခံခဲ့ရတာပါ"

ကျန်းချန်က သက်ပြင်းချလိုက်သည်

"ကျုပ်တို့က ချင်းယွီ နတ်ဘုရားဂိုဏ်းရဲ့ အကြီးအကဲတွေဆိုတော့ ကြာနီ နတ်ဘုရားဂိုဏ်းကလည်း အားနာလို့ အသက်ကိုတော့ ချန်ပေးထားကြတယ်။ ဒါပေမဲ့ မင်းက မတူဘူးလေ၊ မင်းက အကြီးအကဲ မဟုတ်သေးဘူး။ ပြီးတော့ သူတို့က ဒီသတင်းကို သေချာပေါက် သိနေလိမ့်မယ်။ မင်းသာ တောင်ပေါ်ကို တက်သွားမယ်ဆိုရင်... ငါတို့ မင်းကို ပြန်ထမ်းချလာပေးရလိမ့်မယ် ထင်တယ် "

"စိတ်ချပါ၊ ကျုပ်မှာ အသက်ဘေးက လွတ်အောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် စေတနာနဲ့ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျန်းအကြီးကဲ "

ဖန့်ချန်က လက်အုပ်ချီလိုက်သည်။

"မင်းကတော့လေ..."

ကျန်းချန်က ခေါင်းကို ခါယမ်းလိုက်ရင်း

"ဘာလို့ ဒီလောက် ခေါင်းမာရတာလဲ "

"ဒီကို ရောက်လာပြီဆိုမှတော့ သာမန်လူတစ်ယောက်လိုပဲ မနေချင်ဘူး။ ချင်းယွီ နတ်ဘုရားဂိုဏ်းမှာ ကျွယ်မင်နတ်ဘုရားနန်းတော်ရဲ့ အခွင့်အရေး ရှိနေတာဆိုတော့ ကျုပ် ကြိုးစားကြည့်ချင်တာပါ"

ဟု ဖန့်ချန်က ဆိုသည်။

"မင်းလိုပဲ အောက်ခြေနယ်မြေခြောက်ခုက လာတဲ့ ကျင့်ကြံသူတိုင်းဟာ အစပိုင်းမှာတော့ ဇွဲနပဲကြီးကြတာချည်းပါပဲ၊ ဒါပေမဲ့ အချိန်ကြာလာရင်တော့ မင်း သိလာမှာပါ"

ကျန်းချန်က နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။

သူ ထွက်သွားပြီးနောက် ဖန့်ချန်သည် အခန်းကို သန့်ရှင်းရေးလုပ်ကာ တားမြစ်ချက် အစီရင်တစ်ခု ခင်းကျင်းလိုက်သည်။

ထို့နောက် နယ်နိမိတ်ဘူးသီး အတွင်းမှ ဟွမ်ဝူကျိ ကို ထုတ်လိုက်သည်။

"သခင်လေး... ဒါက အထက်သုံးနယ်မြေလား "

ဟွမ်ဝူကျိ၏ မျက်နှာတွင် စပ်စုလိုသော အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။

အခန်း (၁၃၃၈) - အထက်သုံးနယ်မြေကို ပိတ်လှောင်ထားခြင်း

"အင်း... အထက်သုံးနယ်မြေ၊ လင်းကွေ့ ကြယ်တာရာနယ်မြေရဲ့ နာမည်မရှိတဲ့ နေရာလေးတစ်ခုက ချင်းယွီ နတ်ဘုရားဂိုဏ်းပဲ"

ဟု ဖန့်ချန်က ဆိုလိုက်သည်။

ဟွမ်ဝူကျိသည် အမူအရာ လှုပ်ရှားသွားပြီး ထူးဆန်းသော မျက်နှာပေးဖြင့်

"ဒီမှာ အဆင့် (၁) လွတ်လပ်သောမသေမျိုး တစ်ပါးတည်းပဲ ရှိတာလား။ အထက်သုံးနယ်မြေရဲ့ ကျွယ်မင်နတ်ဘုရားနန်းတော် ဖိတ်ကြားလွှာကို သုံးလိုက်တာတောင် တစ်ဖက်က သခင်လေးကို ဒီလိုပဲ ဧည့်ခံတာလား "

"ဒါပေါ့... မဟုတ်ရင် ဘယ်လိုလုပ်ရမှာလဲ"

ဖန့်ချန်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး

"ကျွယ်မင်နတ်ဘုရားနန်းတော်ဆိုတာ ကြယ်တာရာနယ်မြေ ရှစ်ခုကို အုပ်ချုပ်ထားပြီး ဖန်တီးရှင်ဂြိုလ်ထက် မနိမ့်ကျတဲ့ နယ်မြေပေါင်း ထောင်ချီကို ပိုင်ဆိုင်ထားတဲ့ အဖွဲ့အစည်းကြီးပဲ။ ဒီလို ဘီလူးကြီးက ဖိတ်ကြားလွှာသုံးပြီး ဝင်လာတဲ့ ကျင့်ကြံသူလေး တစ်ယောက်ကို ဘာလို့ အရေးတယူ လုပ်နေမှာလဲ "

"ဒါလည်း ဟုတ်ပါရဲ့"

ဟွမ်ဝူကျိက ခေါင်းညိတ်လိုက်သည်။

တစ်ဖက်လူအနေဖြင့် အထက်သုံးနယ်မြေသို့ မည်သူရောက်လာသည်ကို မသိရှိကြခြင်း ဖြစ်သည်။

အကယ်၍သာ အတွင်းရေးကို သိသွားပါက သေချာပေါက်ပင် ဆဲဆိုကြပေလိမ့်မည်။

"ဒီနေရာမှာ တကယ်ပဲ ယင်လောကကို သွားလို့ မရဘူးလား "

ဟွမ်ဝူကျိက မေးလိုက်သည်။

"ခုနကပဲ စမ်းကြည့်ပြီးပြီ၊ မရဏလမ်း ကို ဖွင့်လို့မရဘူး။ ဒါကြောင့် ယင်လောကကို သွားလို့မရဘူး။ ဒါက မင်းကို မှာကြားချင်တဲ့ အချက်ပဲ၊ နောင်ကျရင် လင်းကွေ့ ကြယ်တာရာနယ်မြေမှာ လူမသိအောင် နေထိုင်ပါ။ ငါနဲ့ သိပ်မဝေးတဲ့ နေရာမှာပဲ ရှိနေပေး "

"အားရင်တော့ ဒီနေရာမှာ ဘာကြောင့် ယင်လောကကို သွားလို့ မရသလဲဆိုတဲ့ အကြောင်းရင်းကို စုံစမ်းကြည့်ဦး။ နင်မိတ်ဆွေ ပြောတာတော့ သူ မှတ်မိသလောက် အချိန်ကတည်းက ဒီမှာ ယင်လောကကို သွားလို့မရတော့တာတဲ့၊ အသေးစိတ် အကြောင်းရင်းကိုတော့ သူလည်း မသိဘူး "

ဖန့်ချန်က ခေတ္တရပ်ပြီးမှ

"နောက်ပြီး မင်းက ဓားမသေမျိုး လမ်းစဉ်ကို လျှောက်လှမ်းနေသူပဲ။ လူသားလောက နယ်မြေကိုးခုလုံးမှာ ဘယ်အင်အားစုကမှ ဓားမသေမျိုးလမ်းစဉ်ကို လက်ဝယ်ပိုင်ဆိုင်မထားကြဘူး။ ဒါကြောင့် မင်းဟာ အဆင့် (၄) ကျင့်ကြံသူ ဖြစ်နေတာကိုပဲဖြစ်ဖြစ်၊ ဓားကျင့်ကြံသူ ဖြစ်နေတာကိုပဲဖြစ်ဖြစ် လူတွေကို မသိစေနဲ့ "

"နောင်ကျရင် ဓားကို တတ်နိုင်သမျှ လျှော့သုံးပါ။ တကယ်လို့သာ လူတွေ သိသွားရင် ဝမ်ချုံစန်း ဘာဖြစ်သွားလဲဆိုတာ ငါ မင်းကို ပြောပြဖူးတယ်မလား မင်းရဲ့ အခြေအနေက သူ့ထက်တောင် ပိုပြီး ဆိုးရွားသွားနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ထိုက်ယီမသေမျိုး လမ်းစဉ်က အရင်တုန်းက အဆင့် (၄)၊ အဆင့် (၅) အထိ ရှိခဲ့ဖူးသေးတာကိုး "

"နားလည်ပါပြီ၊ ကျုပ် သတိထားပြီး လှုပ်ရှားပါ့မယ်။ ဒီလိုကိစ္စမျိုးမှာတော့...ဓားကောင်းကင်ဌာန က ဓားကျင့်ကြံသူတွေထက် ကျွမ်းကျင်တဲ့သူ မရှိပါဘူး"

ဟွမ်ဝူကျိက ပြုံးလျက် ဆိုသည်။

ဖန့်ချန်လည်း ထိုအချက်ကို သဘောတူပါသည်။

ထိုစဉ်က ကောင်းကင်ဌာနသည် ဖန်တီးရှင်ဂြိုလ်ပေါ်တွင် တိတ်တဆိတ် အင်အားစုစည်း ပျိုးထောင်ခဲ့ရာ မည်သည့်အဖွဲ့အစည်းကမျှ ရိပ်မိခြင်း မရှိခဲ့ချေ။

ကောင်းကင်ဓားဌာန မှ ဓားကျင့်ကြံသူများသည် ထိုကဲ့သို့ ဖုံးကွယ်နေထိုင်သည့် အပိုင်းတွင် ကျွမ်းကျင်ပြီးသား ဖြစ်သည်။

ကျွမ်းကျင်မှုအပိုင်းအရဆိုလျှင် ရှကျီ ခေါ်ဆောင်လာသည့် လျှို့ဝှက်စောင့်ရှောက်ရေးဌာန ထက်ပင် သာလွန်ကောင်း သာလွန်နိုင်ပေသည်။

လျှို့ဝှက်စောင့်ရှောက်ရေးဌာန၏ သတင်းစုံစမ်းသည့် နည်းလမ်းမှာ ဝိညာဉ်များ၏ ထူးခြားချက်ကို အသုံးချ၍ ပွင့်ပွင့်လင်းလင်း စုံစမ်းခြင်းမျိုးသာ ဖြစ်သည်။

"သခင်လေး... တကယ်လို့ ဒီနေရာမှာ ယင်လောကကို သွားလို့ မရဘူးဆိုရင်၊ ဒီမှာ သေဆုံးသွားတဲ့ ဝိညာဉ်တွေဟာ ယင်လောကကို မသွားနိုင်တော့ဘဲ လူသားလောကမှာတင် အလကား သေဆုံးကုန်ကြမှာပဲ၊ အတော်လေး သနားစရာ ကောင်းတာပဲ"

ဟု ဟွမ်ဝူကျိက ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။

ဖန့်ချန် ခေတ္တမျှ မှင်တက်သွားသည်။

ဟွမ်ဝူကျိ၏ မရည်ရွယ်ဘဲ ပြောလိုက်သော စကားသည် သူ့ကို တစ်စုံတစ်ခုကို ရိပ်မိသွားစေခဲ့သည်။

ဘာကြောင့် နန်ချင်း ကြယ်တာရာနယ်မြေနဲ့ အထက်သုံးနယ်မြေလို နေရာမျိုးတွေမှာ ယင်လောကကို ကူးလူးလို့ မရတာလဲ

ဒီနေရာက ကျင့်ကြံသူတွေက ပါရမီ ပိုကောင်းလို့လား ကျင့်ကြံဆင့် ပိုမြင့်လို့လား

အကယ်၍ သူတို့သာ ယင်လောကသို့ မသွားနိုင်ပါက ဝင်စားခြင်း သံသရာထဲသို့ မဝင်ရောက်နိုင်တော့ဟု ဆိုလိုခြင်း ဖြစ်သည်။

ကာလကြာရှည်လာသည်နှင့်အမျှ...

ကျင့်ကြံသူများ၏ စုစုပေါင်း အရည်အသွေးမှာ ကျဆင်းလာပေလိမ့်မည်။

သူက ဝိညာဉ်တွေ ယင်လောကကို မသွားနိုင်တာကိုပဲ မြင်တယ်၊ ဒါဟာ လူဝင်စားလို့ မရတော့တာနဲ့ အသိဉာဏ် ပိတ်လှောင်ခံရတာ ဆိုတာကိုတော့ သူ မသိရှာဘူး။

ဒီလို နည်းလမ်းမျိုးက တကယ့်ကို ကြောက်စရာ ကောင်းတာပဲ၊ အဆင့် (၄) မသေမျိုး တစ်ယောက်တောင်မှ ဒီလှည့်ကွက်ထဲ မိနေရတယ် ဟု ဖန့်ချန်က ဘာမှမသိရှာသော ဟွမ်ဝူကျိကို ကြည့်ရင်း စိတ်ထဲမှ တွေးတောနေမိသည်။

အထက်သုံးနယ်မြေမှာ ယင်လောကသို့ သွား၍ မရခြင်းမှာလည်း အသိဉာဏ် ပိတ်လှောင်ထားသည့် နည်းလမ်းတစ်ခု ဖြစ်ပေလိမ့်မည်။

အရင်ဆုံး အထက်သုံးနယ်မြေနဲ့ အဓိက ကြယ်တာရာနယ်မြေတွေကို ပိတ်ဆို့ထားပြီး အဲဒီက ကျင့်ကြံသူတွေကို ယင်လောကထဲ ပေးမဝင်ဘူး။

အဲဒီနောက်မှာ ဒီလုပ်ရပ်က ဒီလောကကို အားနည်းအောင်လုပ်ဖို့ မလုံလောက်သေးဘူးလို့ တွေ့ရှိသွားတဲ့အခါ... နောက်ဆုံးကျမှ လူဝင်စားခြင်းရဲ့ အခြေခံအရာတွေကိုပါ လုယူသွားကြတာလား ပြီးတော့မှ တခြားနည်းလမ်းတစ်ခုနဲ့ ဒီလောကကို သွယ်ဝိုက်ပြီး ခေါင်းပုံဖြတ်ကြတာလား

ဖန့်ချန်၏ အာရုံထဲတွင် သူကိုယ်တိုင် စိတ်ကူးယဉ်ပုံဖော်ထားသော မြင်ကွင်းတစ်ခု ပေါ်လာသည်။

နောက်ပြီး ဟွမ်ဝူကျိကလည်း... သူတို့ဘက်က လူ ဖြစ်ဖို့ ရာခိုင်နှုန်း များတယ်။

ဒါပေမဲ့ သူကိုယ်တိုင်လည်း မသိဘူး။

သူ့ရဲ့ အသိဉာဏ် ပိတ်လှောင်ခံထားရတာက သူ မမွေးခင်ကတည်းကလား၊ ဒါမှမဟုတ် မွေးမွေးချင်းလား

ဒါက ဆိုလိုတာက... ဒီနည်းလမ်းဟာ ရန်သူ၊ ငါ မခွဲခြားဘူး။

သူတို့ရဲ့ ကိုယ်ပိုင်လူတွေတောင်မှ အသိဉာဏ် ပိတ်လှောင်ခံထားရတာပဲ

ဖန့်ချန်၏ အတွေးထဲတွင် ကျောပြင်တစ်ခု ပေါ်လာသည်။

ထိုသူမှာ ဝမ်ချုံစန်း ပင်ဖြစ်သည်။

ထိုလူသည် ပြောင်းပြန်မသေမျိုး သန္ဓေသား ကို လက်ဝယ်ရှိထားသည်။

၎င်းမှာ အသိဉာဏ်ပိတ်လှောင်မှုကို ဖွင့်နိုင်သော သော့ချက်နှင့် တူပေသည်။

ထိုမျှ အရေးကြီးသော အရာကို ပိုင်ဆိုင်ထားပါလျက် သူသည် ဘာကြောင့် အကြီးအကျယ် အသုံးမပြုသနည်း

ပြောင်းပြန်မသေမျိုး မိစ္ဆာသန္ဓေသားမှာ ချို့ယွင်းချက် တစ်ခုခု ရှိနေလို့လား အကြီးအကျယ် အသုံးမပြုခင်မှာ စမ်းသပ်မှုအမျိုးမျိုး လုပ်ဖို့ လိုအပ်နေလို့လား။

အကယ်၍သာ ထိုသို့ဆိုလျှင် သူသည် ဝမ်ချုံစန်းကို ပို၍ပင် ရှာဖွေရမည် ဖြစ်သည်။

ဤအရာကို အလွယ်တကူ ပျံ့နှံ့ခွင့် မပေးနိုင်ချေ။

မဟုတ်ပါက...

မည်မျှကြီးမားသော အဖွဲ့အစည်းကြီး ဖြစ်ပါစေ၊ ပြိုလဲသွားရပေလိမ့်မည်။

ဟွမ်ဝူကျိသည် ချင်းယွီ နတ်ဘုရားဂိုဏ်းမှ တိတ်တဆိတ် ထွက်ခွာသွားပြီး ဖန့်ချန်နှင့် မိုင်တစ်ရာခန့် ဝေးသော နေရာတွင် ခေတ္တ အခြေချနေထိုင်လိုက်သည်။

တစ်လျှောက်လုံးတွင် မည်သူမျှ ရိပ်မိခြင်း မရှိချေ။

သူ၏ ကျင့်ကြံဆင့်ဖြင့်ဆိုလျှင် ချင်းယွီ နတ်ဘုရားဂိုဏ်းအတွင်း အထင်အရှား သွားလာနေလျှင်တောင်မှ ချင်းယွီ ကျင့်ကြံသူ မသိအောင် လုပ်ရန်မှာ အလွန်ပင် လွယ်ကူလှပေသည်။

ရက်အနည်းငယ် ကြာပြီးနောက် ကျန်းအကြီးအကဲသည် ဖန့်ချန်ထံသို့ တစ်ဖန် ရောက်လာပြီး အဆင်သင့် ဖြစ်၊ မဖြစ် မေးမြန်းသည်။

ဖန့်ချန်က အဆင်သင့်ဖြစ်ပြီဟု ဖြေကြားပြီးနောက် ဖန့်ချန်ကို ခေါ်ဆောင်ကာ ဝါယန်ဖုန်း အပါအဝင် တခြားသော တာအိုပေါင်းစပ်ခြင်းအဆင့် အကြီးအကဲများနှင့် သွားရောက် ပူးပေါင်းလိုက်သည်။

မသေမျိုးလှေကြီး ပေါ်တွင် ချင်းယွီ နတ်ဘုရားဂိုဏ်းမှ တာအိုပေါင်းစပ်ခြင်းအဆင့် အကြီးအကဲများသာမက အလယ်အဆင့် မှ စီမံခန့်ခွဲသူများနှင့် အောက်ဆင့် မှ တပည့်များလည်း ပါဝင်လာကြသည်။

သူတို့သည် သတင်းကို ကြိုတင်ရရှိထားကြပြီး ဖြစ်သည်။

အောက်ခြေနယ်မြေခြောက်ခုမှ ကျင့်ကြံသူတစ်ဦး ရောက်လာပြီး ချင်းယွီ နတ်ဘုရားဂိုဏ်း၏ အကြီးအကဲအဖြစ် တာဝန်ယူကာ ကြာနီ နတ်ဘုရားဂိုဏ်းကို စိန်ခေါ်မည်ဟု ကြားသိထားကြသည်။

ထိုကာလအတွင်း သူတို့ အားလပ်သည့်အခါတိုင်း ဤအကြောင်းကိုသာ ဆွေးနွေးနေကြပြီး သူတို့၏ စကားများထဲတွင် အောက်ခြေနယ်မြေခြောက်ခုအပေါ် အထင်သေးသည့် အရိပ်အယောင်များ အပြည့်အဝ ပါဝင်နေသည်။

ဝါယန်ဖုန်းသည် ဖန့်ချန် လှေဦးတွင် ရပ်နေသည်ကို မြင်သောအခါ ပြုံးရွှင်စွာဖြင့် လျှောက်လာသည်

"ဖန့်မိတ်ဆွေ... စိတ်မရှိပါနဲ့နော်။ ဂိုဏ်းထဲက လူငယ်တွေက တစ်စုံတစ်ယောက်က ကြာနီ နတ်ဘုရားဂိုဏ်းက အဲဒီမိန်းကလေးကို သွားပြီး စိန်ခေါ်မယ်၊ ကျုပ်တို့ ဂိုဏ်းအတွက် ဝိညာဉ်တောင်ကို ပြန်လုပေးမယ်လို့ ကြားတော့ လာကြည့်ချင်တယ်လို့ ပူဆာနေကြလို့ပါ "

"သူတို့လည်း အားနေတာနဲ့ ဗဟုသုတ ရအောင် ခေါ်လာပေးလိုက်တာပါ"

"ဘာလို့ စိတ်ရှိရမှာလဲ ဝါအကြီးကဲ ကလည်း နောက်နေပြန်ပြီ။ နောင်ကျရင် အားလုံးက ချင်းယွီ နတ်ဘုရားဂိုဏ်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာမှာပဲလေ။ ဒီလူငယ်တွေကို ကျုပ်ကပဲ ပြန်ပြီး ကြည့်ရှုစောင့်ရှောက်ပေးရဦးမှာဆိုတော့ အခုကတည်းက မျက်မှန်းတန်းမိထားတာ ပိုကောင်းတာပေါ့"

ဟု ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။

ဝါယန်ဖုန်း ခေတ္တမျှ မှင်တက်သွားပြီးမှ သိသိသာသာ လှောင်ပြုံးလေး ပြုံးကာ

"ကြည့်ရတာ ဖန့်မိတ်ဆွေ က ယုံကြည်မှု အပြည့်ပဲကိုး"

"ဒါနဲ့ မမေးရသေးဘူး၊ ကြာနီ နတ်ဘုရားဂိုဏ်းက အဲဒီ အမျိုးသမီးကျင့်ကြံသူကို ဘယ်လို ခေါ်သလဲ "

ဖန့်ချန်က စကားလမ်းကြောင်း လွှဲလိုက်သည်။

"သူ့မှာ အခု ဂုဏ်ထူးဆောင် နာမည်တစ်ခု ရှိတယ်၊ အဲဒါက ကြာနီနတ်မိမယ်ငယ် တဲ့။ သူ့ရဲ့ နာမည်ရင်းကိုတော့ ကျုပ်လည်း မသိဘူး။ ဒီအနီးအနားက ကျင့်ကြံသူတွေကတော့ သူ့ကို ရှောင်ဟုန်လျန် လို့ပဲ ခေါ်ကြတယ်"

ဟု ဝါယန်ဖုန်းက ဆိုသည်။

"ဝါအကြီးကဲ ကလည်း နောက်နေပြန်ပြီ။ ကြာနီနတ်မိမယ်ငယ်က အဲဒီနာမည်ကို သိပ်သဘောကျတာ မဟုတ်ဘူး။ အဲဒီလို ခေါ်ရင် သူ ဒေါသထွက်လိမ့်မယ်"

ကျန်းအကြီးအကဲသည် တခြားသော တာအိုပေါင်းစပ်ခြင်းအဆင့် အကြီးအကဲများနှင့်အတူ လျှောက်လာရင်း ဝင်ရောက်ပြောဆိုလိုက်သည်။

မရည်ရွယ်ဘဲ သတိပေးလိုက်သော ထိုစကားကြောင့် ဝါယန်ဖုန်း၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။

ကံကောင်းထောက်မစွာဖြင့် တာအိုပေါင်းစပ်ခြင်း ကိုးဆင့်အနက် ရှစ်ဆင့်အထိ ဖြတ်ကျော်ထားသော်လည်း ကိုးဆင့်မြောက်အတွက် ယုံကြည်မှု မရှိသဖြင့် အခွင့်အရေး မရှိတော့သော ဝါရင့်အကြီးအကဲ ယွီဟွမ် က ဝင်ပြောလိုက်သည်

"အဲဒီ အမျိုးသမီးက မျိုးရိုးက ဟုန် လို့ ခေါ်တယ်၊ ဟုန်အကြီးကဲ လို့ပဲ ခေါ်လိုက်ရင် အဆင်ပြေပါတယ်"

ဝါယန်ဖုန်းက ပြုံးလိုက်ပြီး စကားလမ်းကြောင်း လွှဲကာ ဖန့်ချန်ကို အောက်ခြေနယ်မြေခြောက်ခု၏ အကြောင်းများကို မေးမြန်းတော့သည်။

"အင်း အောက်ခြေနယ်မြေခြောက်ခုမှာလည်း ရှေးဟောင်းမသေမျိုး တွေ ရှိတာလား "

"ရှေးဟောင်းနယ်မြေမှာ ကြယ်တာရာနယ်မြေ ၁၃ ခုပဲ ရှိတာလား "

"မင်းတို့က အဆင့် (၃) ရောက်မှ နတ်ဆေးပင် ကို စသောက်တာလား မဟုတ်မှလွဲရော... မင်းတို့ အောက်ခြေနယ်မြေခြောက်ခုက မသေမျိုးလမ်းစဉ်တွေက မပြည့်စုံဘူး ထင်တယ်"

"အဆင့် (၃) က ဆေးသောက်ဖို့ နောက်ဆုံးအချိန်ပဲ။ အဲဒီလိုလုပ်ရင် အဆင့် (၁)၊ (၂)၊ (၃) အတွက် ဆေးဝါးတွေကို ချွေတာနိုင်ပြီး အဆင့် (၄) ဆေးဝါးကို တိုက်ရိုက် သောက်လို့ရတာကိုး။ အောက်ခြေနယ်မြေခြောက်ခုက အခြေခံ မတောင့်တင်းတော့ ဒီလိုလုပ်တာကလည်း သဘာဝကျပါတယ်"

ဤအကြီးအကဲများ အုပ်စုသည် အောက်ခြေနယ်မြေခြောက်ခုအကြောင်းကို အပေါ်ယံမျှသာ သိကြပြီး လုံးဝ မသိရှိကြဟုပင် ပြော၍ရသည်။

သူတို့တွင် သတင်းအရင်းအမြစ် ရှာဖွေနိုင်စွမ်း မရှိခြင်းကြောင့် မဟုတ်ဘဲ၊ လုံးဝ အလေးမထားဘဲ စုံစမ်းရန် ပျင်းရိနေကြခြင်း ဖြစ်သည်။

အောက်ခြေနယ်မြေမှ လွတ်လပ်သောမသေမျိုးများသည် အဆင့် (၃) ရောက်မှ အဆင့် (၄) ဆေးပင် ကို သောက်ကြသည်ဟု ကြားသောအခါ ဝါယန်ဖုန်းတို့၏ မျက်လုံးများထဲတွင် သာလွန်မှုအသိများ ပို၍ပင် တိုးပွားလာတော့သည်။

မကြာမီမှာပင် မသေမျိုးလှေကြီးမှာ အရှိန်လျှော့လိုက်သည်။

တိမ်တိုက်များ လွင့်စင်သွားသောအခါ မြင့်မားထည်ဝါသော ဝိညာဉ်တောင်ကြီး တစ်လုံးသည် ဖန့်ချန်၏ မျက်စိရှေ့တွင် ပေါ်လာတော့သည်။

ဤဝိညာဉ်တောင်မှာ ချင်းယွီ နတ်ဘုရားဂိုဏ်းရှိ တောင်တန်းပေါင်း တစ်ရာကျော်၏ အကြီးဆုံးသော တောင်တန်းများထက်ပင် ပိုမို ကြီးမားကာ ဝိညာဉ်စွမ်းအင်လည်း ပိုမို ပြည့်ဝလှပေသည်။

ထိုစဉ်မှာပင် လူရိပ် ဆယ်ဂဏန်းခန့်မှာ လေဟာနယ်ကို ဖြတ်ကျော် ရောက်ရှိလာကြသည်။

အားလုံးမှာ စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး ခေါင်းဆောင်ဖြစ်သူက လက်အုပ်ချီကာ အေးစက်စက် ဆိုလိုက်သည်

"ဒီနေရာက ကြာနီ နတ်ဘုရားဂိုဏ်းရဲ့ နယ်မြေဖြစ်ပါတယ်။ ချင်းယွီ နတ်ဘုရားဂိုဏ်းက စီနီယာများ အမြန်ဆုံး ပြန်လည် ထွက်ခွာပေးကြဖို့ တောင်းဆိုပါတယ်"

All Chapters