အခန်း (၈၁၁-၈၁၃)
Vol. 55 Ch. 811-813
အခန်း (၈၁၁) ဆဋ္ဌမစွမ်းအား
စွမ်းအင်ဓားတိုင်းသည် စွမ်းအင်မျဉ်းကို တိကျစွာ ပိတ်ဆို့ထား၏။
မရေမတွက်နိုင်သော စွမ်းအင်ဓားတို့သည် ပင့်ကူအိမ်တွင် ငြိတွယ်နေသည့်ပမာ လေထဲ ရပ်တန့်သွားကြ၏။
ယွီရှန်းရုန်က မော့ကြည့်လိုက်သည်။
စွမ်းအင်မျဉ်းများသည် ကျောက်ဆောင်များနှင့် ဆက်နွယ်နေပြီး ထိုနေရာတွင် ရှိနေသေးကာ မပျောက်ကွယ်သွားပေ။
“မလုံလောက်ဘူး”
သူသည် ရွေးချယ်စရာမရှိတော့ဘဲ စွမ်းအင်ဓားထဲ ကနဦးချီများ ပိုထည့်လိုက်ပြီး ဓားများတွင် သူ၏ထိန်းချုပ်မှုကို မြှင့်တင်လိုက်သည်။
ဆန်းကြယ်ဉာဏ်အလင်းပွင့်ခြင်း ကျင့်ကြံသူတစ်ယောက်သည် စွမ်းအင်ဓားတစ်ခုနှစ်ခုသာ ထိန်းချုပ်နိုင်၏။ နယ်ပယ်တိုးလာတိုင်း ထိန်းချုပ်နိုင်သည့် စွမ်းအင်ဓားအရေအတွက်ကလည်း တိုးလာသည်။ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်၌ စွမ်းအင်ဓားတစ်ထောင်ကို ဖန်တီးနိုင်ပြီး လက်နက်တစ်ခုကို မှီခိုနိုင်၏။ လူသားများ၌ သူတို့အကန့်အသတ်ရှိကြသည်။
စွမ်းအင်မျဉ်းနှစ်ခုသည် ကျောက်တိုင် ၃၆၁ခုထဲတွင် စွမ်းအင်မျဉ်းတစ်ခုက ကျောက်ဆောင်နှစ်ခုကို ဆက်နွှယ်ထားသည်။
ယွီရှန်းရုန်သည် စွမ်းအင်မျဉ်းအလုံးစုံကို ပိတ်ဆို့ဖို့ရန်အတွက် စွမ်းအင်ဓားခြောက်သောင်းကျော် ဖွဲ့တည်ရမည်။
ဘီး
စွမ်းအင်ဓား ပြိုကွဲသွားလေ၏။
ယွီရှန်းရုန်သည် စွမ်းအားပိုလိုအပ်မှန်းသိသည်။
သူသည် မြေပြင်ပေါ် ဆင်းသက်သောအခါ အစီအရင်အလယ်ရှိ ကျောက်ဆောင်သည် အလင်းဖျော့ဖျော့ တောက်ပနေ၏။ နေရောင်အောက်တွင် အစီအရင်သွေးကြောမှတောက်ပမှုသည် သိသာထင်ရှားခြင်းမရှိပေ။ ကျောက်တောအုပ်အပြင်ဘက်၌ ရပ်နေစဉ် ၎င်းကို မြင်တွေ့ရန် မဖြစ်နိုင်လုနီးပါးပင်။
မကြာမီ၌ ကျောက်တိုင်လုံး ၃၆၁ခုက စတင်လှုပ်ခါလာ၏။ အစီအရင်သွေးကြောရှိသည့် ကျောက်ပြားချပ် အက်ကွဲကြောင်းထဲကနေ မြည်ဟီးလာသည်။ ယင်းသည် ဆွဲငင်အားတစ်ခု ပေါ်ထွက်လာစေပုံ ပေါ်၏။
“အသက်ဓာတ်လား” ယွီရှန်းရုန်သည် လှည့်ပတ်ကြည့်လိုက်သည်။ အစီအရင်ထဲ မတော်တဆ ဝင်လာသည့် သားရဲပျံတစ်ကောင်က ရုန်းကန်နေပြီးနောက် မြေပြင်ပေါ် ပြုတ်ကျသေဆုံးသွားတာကို တွေ့လိုက်ရသည်။
“ဒါက အသက်ဓာတ်ကို ဝါးမျိုတာလား”
ထိုရှာဖွေတွေ့ရှိချက်ဖြင့် သူ၏ချီသွေးကြောမှတ်များကိုထိပြီး သူ၏ချီပင်လယ်နှင့် ထူးကဲချီသွေးကြောရှစ်ခုဆီသို့ အသက်စွမ်းအင်စုစည်းလိုက်သည်။ သူက သက်တမ်းတိုသည့်လူဖြစ်၏။ သူကပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ခဲ့သော်ငြား သူ၏ဘဝက အကန့်အသတ်ရှိသေးသည်။ ရွှေကြာမရှိဘဲ သူ၏သက်တမ်းက တိုးမလာပေ။
သူသည် ကျောက်တောအုပ်ထဲရှိ ထူးဆန်းသောအစီအရင်ကို ကြည့်နေစဉ် ကျန်းရှောင်ရှန်း ပြောခဲ့ဖူးတာကို ပြန်တွေးလိုက်သည်။ ဒီတော့ ဒီအစီအရင်က လူတစ်ယောက်ရဲ့အသက်ကို တကယ်ဝါးမျိုတာပဲ။
ငှက်က ယခုဆို ခြောက်ကပ်ပြီး ကျုံ့သွားပြီဖြစ်သည်။ အသက်ဓာတ်မကျန်တော့ပေ။
ယွီရှန်းရုန်က ကျင့်ကြံတာ ရပ်တန့်လိုက်၏။ ထိုအစား ထိုဆွဲငင်အားကို ရင်ဆိုင်တိုက်ခိုက်ရန် အကောင်းဆုံးကြိုးစားလိုက်သည်။ ထိုသို့တိုင် သူ့ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအင်သည် မီးခိုးပမာ ဆွဲယူခံလိုက်ရ၏။
“ကျီလျန့် ထွက်သွား” ယွီရှန်းရုန်က အမိန့်ပေးလိုက်၏။
ကျီလျန့်သည် သူ့အမိန့်ကို နားမထောင်ပေ။ ထိုအစား ထိတ်လန့်ဖွယ်လှုပ်ရှားမှုကို ပြုလုပ်လိုက်၏။ ၎င်းသည် ယွီရှန်းရုန်ဆီ ပတ်လာတော့သည်။
ကျီလျန့်သည် ၎င်း၏အဖြူရောင်အမွေး၊ အနီရောင်လည်ဆံမွေး၊ ရွှေရောင်မျက်လုံးတို့ဖြင့် ခမ်းနားထည်ဝါသည့် မြင်ကွင်းကို ပြုလုပ်လိုက်သည်။ ယင်းကို စီးသူတိုင်းက နှစ်တစ်ထောင်သက်တမ်းကို ရရှိလိမ့်မည်။
ကျီလျန့်၏ရွှေရောင်မျက်လုံးသည် အလင်းဖျော့ဖျော့ တောက်ပလာပြီး ၎င်း၏ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအင်တို့သည် ယွီရှန်းရုန်၏ခန္ဓာကိုယ်ထဲ စီးဝင်သွား၏။
ယွီရှန်းရုန်သည် ထိတ်လန့်သွားလေ၏။ သူ့ရှစ်စွင်း၏ ကျန်သည့်စီးတော်သားရဲ နတ်ခြင်္သေ့ကို ရုတ်တရက် တွေးမိသွားသည်။ ၎င်း၏စွမ်းအားသည် မင်္ဂလာမိုးကဲ့သို့ပင်ဖြစ်သည်။ ၎င်း၏စွမ်းအား ထိမိသွားသည့်လူတိုင်းသည် သူတို့၏ဒဏ်ရာများ ကုသပျောက်ကင်းသွားပြီး ကနဦးချီများ ပြည့်လာလေ၏။ ကျီလျန့်ရဲ့စွမ်းအင်က အသက်ပြန်ဖြည့်ပေးတာလား။
သူသည် ကျီလျန့်နှင့် ရေစက်ပါသည်ဟု ခံစားမိသွားသည်။
သက်တမ်းတိုသော မုရှီးသည် နေ့၌ပွင့်ပြီး ည၌ ညှိုးရော်သွား၏။
အချိန်တစ်ခုကြာပြီးနောက် ယွီရှန်းရုန်သည် သူ၏အသက်စွမ်းအင်တို့ စုပ်ယူခံရသည်ဟု မခံစားရတော့ပေ။ ထိုအစား ကျီလျန့်၏ကာကွယ်ပေးမှုဖြင့် အသက်ဖြည့်ပေးမှုအောက်တွင် သူခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်က တိုးလာလေ၏။ နှစ်တစ်ရာသာ တိုးလာသော်ငြား ယင်းက အံ့ဩစရာကောင်းနေသေးသည်။
အစီအရင်သွေးကြော၏ တောက်ပမှု ပျောက်ကွယ်သွားပြီး ကျောက်တိုင်လှုပ်ခါတာ ရပ်တန့်သွားသည်။ တဖန်ကျောက်တောအုပ်ထဲ၌ တိတ်ဆိတ်မှုက ရောက်ရှိလာပြန်သည်။
ယွီရှန်းရုန်က ထရပ်ပြီး ကျီလျန့်ကို ကြည့်လိုက်၏။
ဟီး ဟီး ဟီး
ယွီရှန်းရုန်က မတုံ့ပြန်နိုင်ခင် လေထဲခုန်တက်ပြီးနောက် လေထဲပျံသန်းသွားလေ၏။
ဘန်း
ကောင်းကင်ကွန်ရက်က ကျီလျန့်ကို ပိတ်ဆို့ထားသည်။
“မင်းပျံချင်လား”
ဟီး
ကျီလျန့်က ခေါင်းကို ငုံ့လိုက်မော့လိုက်လုပ်နေ၏။
ယွီရှန်းရုန်က ကျီလျန့်ကို ပွတ်သပ်ပေးလိုက်သည်။ သူက အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်၏။
“ငါ့ကို အချိန်တချို့ပေး၊ ဒီအစီအရင်ကို မဖြိုဖျက်နိုင်ရင် ဓားကို ထပ်မသုံးတော့ဘူး”
သူသည် ကျောက်တောအုပ်ကို ထပ်ကြည့်လိုက်သည်။ ကျန်သည့်အရာများရှေ့၌ သူ၏ စွမ်းအားအလုံးစုံကို ပြန်ရအောင် ယူရမည်။ အချိန်က အနှစ်သာရပဲဖြစ်၏။
သူသည် တင်ပျဉ်ခွေချိတ်ထိုင်လိုက်ပြန်သည်။ သူက ပေါင်ပေါ် လက်ဖဝါးတင်ထားလျက် သက်တော်ရှည်ဓားက သူ့နားတစ်ဝိုက်၌ ပျံသန်းနေသည်။ စောင့်ကြပ်နေသည့်ပမာဖြစ်နေ၏။
ကျီလျန့်သည် ဓားပျံနောက်လိုက်ကာ ပျံသန်းသွား၏။
ယွီရှန်းရုန်သည် ယင်းသည် ပျင်းရိငြီးငွေ့ရုံမျှလား သို့မဟုတ် တကယ်ထွက်ချင်တာလားဆိုတာ သိချင်နေသည်။
တိမ်တိုက်တောင်တွင် ဖြစ်သည်။
လုကျိုးက မျက်လုံးမှိတ်လျက် ကျင့်ကြံနေ၏။ သူ့ပတ်ဝန်းကျင်က ယခုအချိန်၌ အင်မတန် တိတ်ဆိတ်နေသည်။
ကောင်းကင်ကျမ်းစာ စာလိပ်၏သင်္ကေတများက သူ၏စိတ်ထဲ ဆက်တိုက်လှည့်ပတ်နေသည်။
ရွှေရောင်သင်္ကေတများနှင့် အက္ခရာများသည် ပိုမိုကြည်လင်သည်ထက် ကြည်လင်လာ၏။
သူ့ထူးကဲစွမ်းအားပြောင်းလဲမှုကို ရှင်းရှင်းလင်းလင်းခံစားမိသည်။
လုကျိုးက ရင်ထဲလှုပ်ရှားသွားတော့သည်။ နောက်ဆုံးဖွင့်လှစ်ခြင်းကောင်းကင်ကျမ်းစာ စာလိပ်က အာနိသင်ပြလာပြီလား။
သူသည် နောက်ဆုံးဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်းစာ စာလိပ်ကို အသုံးပြုပြီး ဆင်ခြင်သုံးသပ်ချိန်မှစပြီး ယခုအချိန်ထိတိုင် ၎င်း၏စွမ်းအားကို အသက်မသွင်းနိုင်ခဲ့ပေ။ ရုတ်တရက်ပြောင်းလဲမှုက သူ့ကို စိတ်ရှုပ်ထွေးသွားစေ၏။
ကောင်းကင်ကျမ်းစာ စာလိပ်၏သင်္ကေတများသည် အဓိပ္ပာယ်ဖွဲ့ဆို၍မရသော အက္ခရာများပမာ စတင်ပေါ်လာပြီး ဖတ်၍ရသည့်စကားလုံးများအဖြစ် တဖြည်းဖြည်းပြောင်းလဲလာကာ ဝါကျတစ်ကြောင်း ဖွဲ့တည်လိုက်သည်။
“စကြဝဠာထဲက အရာအားလုံးအတွက် သူတို့ရဲ့သေခြင်း၊ ရှင်ခြင်း၊ ကြင်နာမှု၊ ဆိုးယုတ်မှု၊ ကုသိုလ်၊ အကုသိုလ်တွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်မယ်”
ဤဂါထာသည် ထိုစဉ်က လူသားစာလိပ်ပေါ်၌ သူဆင်ခြင်သုံးသပ်ခဲ့စဉ်က တွေ့ကြုံခဲ့သည့် တူညီသည့်သုတ်ပဲဖြစ်သည်။ သူထင်သည့်အတိုင်း သူကျင့်ကြံနေစဉ် ထပ်ပေါ်လာသည်။ ဤသုတ်၌ လိုသည်ထက်ပိုသည့် သင်္ကေတများလည်း ဝန်းရံနေသည်။ အားလုံးကို သူနားမလည်နိုင်ပေ။
လုကျိုး၏ထူးကဲအံ့ဖွယ်စွမ်းအားက ယခုဆို အပြည့်အစုံဖြစ်နေလေ၏။ ထို့ကြောင့် သူသည် စတင်ရွတ်ဆိုကြည့်လိုက်၏။
“စကြဝဠာထဲရှိ အရာအားလုံးအတွက်”
ထိုစဉ်သူ၏မျက်လုံးက ရုတ်တရက် အပြာရောင်တောက်ပလာ၏။ ဤနည်းဖြင့် သူမြင်ဖူးသမျှ အားလုံးကို မြင်နိုင်သည်။
သူမျက်လုံးမှိတ်လိုက်သောအခါ ယွီကျန့်ဟိုင်က ပေါင်ပေါ်လက်တင်ထားလျက် တိမ်တိုက်စင်မြင့်ပေါ်၌ ထိုင်နေကာ နဂါးသွဲ့ကျောက်ဓားမော့က သူ့ရှေ့ပျံဝနေ၏။
အသက်တစ်ချက်ရှုစာအတွင်း လုကျိုးက သူ့ထူးကဲအံ့ဖွယ်စွမ်းအားတစ်ဝက် ကုန်သွားတာကို တွေ့လိုက်ရသည်။ သူသည် ကောင်းကင်ကျမ်းစာစွမ်းအားအသုံးပြုတာကို ချက်ချင်းရပ်တန့်လိုက်၏။
“အမ်” သူထိတ်လန့်သင့်လား၊ ပျော်ရမည်လား မသိတော့ပေ။
ဒီစွမ်းအားနဲ့ အဆင်ပြေပြေ အရာအားလုံးကို မြင်တွေ့နိုင်မယ်လို့ ဆိုလိုတာမလား။ ဒါပေမဲ့ တစ်စုံတစ်ယောက် ရေချိုးနေတာကို မတော်တဆချောင်းကြည့်မိရင် ဒါက အနေခက်စရာဖြစ်မှာ မဟုတ်လား။
သူက ခေါင်းခါလိုက်တော့သည်။ ငါဘာကြောင့် ငါ့ရဲ့စိတ်ကို အမြဲတမ်း လေလွင့်ခွင့် ပေးလိုက်မိတာပါလိမ့်။
သူသည် အသက်တစ်ရှိုက်စာအတွင်း သူ၏ထူးကဲအံ့ဖွယ်စွမ်းအားတစ်ဝက်ကို ဆုံးရှုံးသွားသည်။ ဤသုံးစွဲမှုနှုန်းက သူ့ကို ခေါင်းကိုက်စေ၏။ ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်ရာတွင် အသုံးပြုနိုင်သော စွမ်းအားကို ဖြုန်းတီးနေတာပဲဖြစ်သည်။ ဤရှုထောင့်အရ စွမ်းအားသည် အတော်လေး အသုံးဝင်ပုံပေါ်သည်။
လုကျိုးသည် စင်မြင့်မျက်နှာပြင်ကို စစ်ဆေးကြည့်လိုက်၏။
ကုသိုလ်မှတ်= ၁၁၇၄၄၀
ကျန်ရှိသောသက်တမ်း= ၂၁၉၇၄၀ရက်
စီးတော်သားရဲ= နတ်ခြင်္သေ့၊ ပိအန်း၊ ကျီလျန့် (အနားယူနေ)၊ ချုံးချီ၊ ထန်ခမ်း
“ကျီလျန့်လား အနားယူနေတာလား”
လုကျိုးသည် ထူးဆန်းသည်ဟု တွေးလိုက်မိသည်။ ၎င်း၏စွမ်းရည်ကို အသုံးပြုပြီးမှသာ အနားယူသည့်အခြေအနေကို ရောက်ရှိသည်။ ကျီလျန့်သည် ၎င်း၏စွမ်းရည်ကို အသုံးပြုခဲ့ပြီလော။
လုကျိုးသည် သက်ပြင်းချလိုက်၏။ စွမ်းအားသည် အသုံးမဝင်သော်ငြား တိုက်ခိုက်ရန် မစီစဉ်ထားလျှင် အသုံးပြုနိုင်သေးသည်။ ထို့ကြောင့် ခရမ်းရောင်တောက်ပသယောင်ဖြင့် သူသည် သူ့စွမ်းအားကို လျင်မြန်စွာဖြည့်နိုင်၏။
ပြီးနောက် လုကျိုးသည် သုတ်ကို ထပ်မံရွတ်ဆိုလိုက်သည်။ သူ၏မျက်လုံးက အပြာရောင် တောက်ပသွား၏။
ထူးကဲစွမ်းအားက စတင်ပေါ်ထွက်လာသည်။ မကြာမီ၌ ကျောက်တောအုပ်တစ်ခုကို တွေ့လိုက်ရသည်။
ကျီလျန့်သည် ဓားကျိုးနောက်လိုက်ပြီး စွမ်းအင်မျဉ်းများကို ဖြေရှင်းနေသည်။
မကြာမီ၌ မြေပြင်ပေါ်၌ ယွီရှန်းရုန် တင်ပလ္လင်ချိတ်ထိုင်နေတာကို တွေ့လိုက်ရသည်။
သူသည် ဓားကျိုးကို တွေ့လိုက်ရသောအခါ တစ်စုံတစ်ခု တွေးမိသွား၏။ သူက အလိုလိုပြောလိုက်သည်။
“ကျီလျန့် သူ့ကို ကာကွယ်”
လက်နက်နောက်လိုက်နေသော ကျီလျန့်သည် လှုပ်ရှားတာရပ်တန့်လိုက်၏။ သူသည် လုကျိုး၏အသံကို ရှင်းရှင်းလင်းလင်း ကြားရသည်။ ရှေ့ခွာကို မြှောက်ပြီး ကောင်းကင်ကို မော့ကြည့်ကာ ကျယ်လောင်စွာ ဟီလိုက်၏။ ပြီးနောက် ယွီရှန်းရုန်ဘက်သို့ နာခံစွာသွားပြီး မြေပြင်ပေါ်၌ လှဲကာ လုကျိုး၏အမိန့်ကို နာခံလိုက်သည်။
ယွီရှန်းရုန်က မျက်လုံးဖွင့်လျက် ကျီလျန့်ကိုသိချင်စိတ်ဖြင့် ကြည့်လိုက်သည်။ အစောတုန်းက အနားတစ်ဝိုက်၌ ရူးသွပ်စွာ ပျံသန်းနေ၏။ ယခုငြိမ်သွားပြီဖြစ်သည်။
မြေပြင်ပေါ်၌ လှဲနေသေးသောကျီလျန့်က နှစ်ခြိုက်စွာ အိပ်မောကျသွား၏။
လုကျိုးသည် မျက်လုံးဖွင့်လိုက်သောအခါ တစ်စုံတစ်ယောက်ကို ခေါ်လိုက်သည်။
“တစ်ယောက်ယောက်ရှိနေလား”
တိမ်တိုက်တောင် တပည့်တစ်ယောက်သည် ပေါ်လာ၏။
“အမိန့်ရှိပါ လုချန်ပေ့”
“ယွီကျန့်ဟိုင်ကို သွားခေါ်လိုက်”
“နားလည်ပါပြီ”
မကြာမီ ယွီကျန့်ဟိုင်ရောက်လာသည်။
“ရှစ်စွင်း ကျွန်တော့်ကို ခေါ်လား”
မင်းရဲ့ အာ့ရှစ်တိက ခက်ခဲတဲ့အခြေအနေထဲရောက်နေတယ်၊ သူအနားမှာ ရှိလောက်တယ်၊ ဒါပေမဲ့ ဘယ်မှာလဲအတိအကျမသိဘူး၊ သူ့ကို သွားကူညီ၊ ဒါပေမဲ့ အစွမ်းထက်တဲ့ရန်သူတွေနဲ့တိုက်ပြီး အချိန်မဖြုန်းဖို့ မှတ်ထား၊ မင်းရဲ့တာဝန်က မင်းရဲ့အာ့ရှစ်တိကို ရှာပြီး ကူညီဖို့ပဲ” လုကျိုးက ပြောလိုက်၏။
သူ့ရှစ်စွင်း၏ စကားကိုကြားသောအခါ ယွီကျန့်ဟိုင်၏မျက်နှာပေါ်၌ အံ့ဩသည့်အမူအရာပေါ်လာသည်။ သို့သော်သူသည် သူ့ရှစ်စွင်းကို မမေးခဲ့ပေ။ သူက ချက်ချင်းပြောလိုက်၏။
“နားလည်ပါပြီ သူ့ကို ချက်ချင်းသွားရှာလိုက်ပါ့မယ်”
…
အခန်း (၈၁၂) ပြိုလဲခြင်း
ယွီကျန့်ဟိုင်က သူ့ရှစ်စွင်း၏ လေသံပေါ်မူတည်၍ အခြေအနေ၏ ပြင်းထန်မှုကို အာရုံခံမိလိုက်သည်။ သူက အာ့ရှစ်တိ နှစ်ရက်တာ ပျောက်ကွယ်သွားမှုအကြောင်း တွေးမိသည့်အခါ အနည်းငယ် စိုးရိမ်လာမိ၏။ ယခင်နှစ်တစ်လျှောက်လုံး ယွီရှန်းရုန်က အခြေအနေ မည်မျှခက်ခဲစေကာမူ ပြဿနာကြား မကျရောက်ခဲ့ဖူးပေ။ သို့သော်လည်း ဤတစ်ကြိမ်တွင် သူ့ရှစ်စွင်း၏ စကားအရ ကွဲပြားဟန်ပေါ်၏။
ယွီကျန့်ဟိုင်က တိမ်တိုက်တောင်မှ ပျံသန်းထွက်ခွာသွားစဥ် သူ့မျက်နှာအထက် မျက်မှောင်ကြုတ်မှုတစ်ခု ထွက်ပေါ်နေသည်။ သူက ရုတ်ခြည်းဆိုသလို ရပ်တန့်လိုက်၏။ သူက တိမ်တိုက်တောင်ကို ကြည့်ကာ သူ့ဘာသာသူ ရေရွတ်လိုက်သည်။
" ရှစ်စွင်းက အာ့ရှစ်တိ ဒုက္ခရောက်နေတယ်ဆိုတာကို ဘယ်လိုလုပ်သိတာလဲ "
ရှစ်စွင်းက သီးသန့်နည်းစနစ်တွေများ ရှိနေတာလား...
ယွီကျန့်ဟိုင်က မုန့်ချန်းသုံနှင့် စီးဝူယာ့တို့သည် မည်သို့ဆက်သွယ်ကြကြောင်း တွေးမိသည့်အခါ သူ့ခန္ဓာကိုယ်ပေါ် အလျင်အမြန် ရှာဖွေကြည့်လိုက်သည်။ သူက ဆံပင်၊ ခါး၊ လက်၊ ခြေထောက်အားလုံးကို ရှာဖွေလိုက်သော်လည်း အစီအရင် သို့မဟုတ် အမှတ်အသား ဘာမှမတွေ့ရပေ။ သူက သူ့ဘာသူ တွေးကာ စိတ်ပျက်သွားမိ၏။
ကြည့်ရတာ ရှစ်စွင်းက အာ့ရှစ်တိကို စိုးရိမ်နေတဲ့ပုံပါပဲ။ ထင်ထားတဲ့အတိုင်း ရှစ်စွင်းက သူ့ကို ပိုပြီး မျက်နှာသာ ပေးတာပဲ။ ....
...
တစ်ခါတည်းဖြင့် စွမ်းအားကို နှစ်ကြိမ်ဆက်တိုက် အသုံးပြုပြီးသည့်နောက်တွင် လုကျိုး၏ ထူးခြားအံ့ဖွယ် စွမ်းအားက အပြည့်အဝ ကုန်ဆုံးသွားလေပြီ။
" ဒီစွမ်းအားက တကယ်ကို ကောင်းတယ်။ ဒါပေမဲ့ ထူးခြားအံ့ဖွယ်စွမ်းအား အများကြီးကုန်လွန်းတယ်”
သူက သက်ပြင်းချကာ ခရမ်းရောင် တောက်ပသံကျောက်ကို ထုတ်ယူလိုက်၏။
ခရမ်းရောင် တောက်ပသံကျောက်က သူ့ပြန်လည်ကောင်းမွန်နိုင်စွမ်းကို သိသိသာသာ မြင့်တင်ပေးနိုင်သည်။ ထိုအရာ၏ အကူအညီဖြင့် သူသည် ထူးခြားအံ့ဖွယ်စွမ်းအားကို သုံးရက်အတွင်း အပြည့်အဝ ပြန်လည်ရရှိခဲ့သည်။ သို့သော်လည်း သုံးရက်တာက သူ့အတွက် နှေးလွန်းနေသေး၏။
သူ့က တောက်ပကျောက်တုံးကို ဆင့်ခေါ်ကာ မေးလိုက်သည်။
" ဒါက ထပ်ပြီးတော့ အဆင့်မြှင့်လို့ ရသေးမလား "
သူက စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
" တင်း တောက်ပကျောက်တုံးကို ပြိုင်ဘက်ကင်းအဆင့် အသုံးအဆောင်ပစ္စည်းကို အဆင့်မြှင့်တင်ဖို့ အသုံးမပြုနိုင်ပါဘူး”
" ... "
ထားလိုက်ပါတော့။ သူက ခရမ်းရောင် တောင်ပသံကျောက်နှင့် တောက်ပကျောက်တုံးတို့ကို သိမ်းဆည်းလိုက်သည်။ သူက ကောင်းကင်ကျမ်းကိုသာ ဆက်လက် ဆင်ခြင်လိုက်၏။
...
နောက်သုံးရက် ကြာမြင့်ပြီးသည့်နောက်တွင် ယွီကျန့်ဟိုင်က တိမ်တိုက်တောင် အနီးတစ်ဝိုက်ကို ရှာဖွေခဲ့သည်။ အစပိုင်းတွင် သူက အကူအညီတောင်းဖို့ရာ တွေးခဲ့မိသေး၏။ သို့သော်လည်း သူတို့အားလုံးက အနီရောင်ကြာ နယ်မြေသားများဖြစ်ကြောင်း တွေးမိသွားသည့်အခါ သူတို့ကို မယုံကြည်နိုင်သည့်အတွက် သူ့ဘာသာသူသာ ဆက်လက် လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်သည်။ ရှောင်ယွမ်အာနှင့် ခရုလေးတို့၏ ကျင့်ကြံဆင့်က အားနည်းသေးသည့်အတွက် သူတို့သည် ရှစ်စွင်းအနားတွင် နေသည်က ဘေးအကင်းဆုံး ဖြစ်ပေသည်။
သို့သော်လည်း သူ့စွမ်းအားတစ်ခုတည်းဖြင့် ကန့်သတ်ခံထားရသည်။ လူတစ်ယောက်ကို ရှာဖွေဖို့က သမုဒ္ဒရာကြမ်းပြင်တွင် အပ်တစ်ချောင်း ရှာဖွေနေသလိုမျိုး ဖြစ်နေ၏။
...
မျက်စိတစ်မှိတ်အတွင်း သုံးရက်တာ ကုန်ဆုံးသွားလေသည်။ ယွီရှန်းရုန်က မျက်လုံးဖွင့်လာ၏။ လက်ရှိ သူ့ဒဏ်ရာနှင့် ကျင့်ကြံဆင့်တို့က အပြည့်အဝ ပြန်လည်ကောင်းမွန်နေပြီ ဖြစ်၏။ သူက သူ့အနားတွင် အိပ်ပျော်နေသည့် ကျီလျန့်ကို လှည့်ကြည့်လိုက်သည်။
ကံကောင်းစွာဖြင့် ကျောက်တောအုပ်ရှိ အစီအရင်သွေးကြောများက သူ့အသက်ဓာတ်ကို မစုပ်ယူတော့ပေ။ ကျီလျန့်က သူ့ကို နှစ်များစွာ မပေးခဲ့သော်လည်း သူ့ကိုယ်သူ ကုသနိုင်စွမ်း ရှိဟန်ပေါ်၏။
ယွီရှန်းရုန်က သူ့အသက်ရှည်ဓားကို ဆွဲထုတ်လိုက်သည်။ ထိုအရာက ပျက်စီးနေသော်လည်း သူက ယုံကြည်ချက် ရှိနေသေး၏။
" ကောင်းကင်ဘုံသားတော်ရဲ့ ဓား... " သူက သူ့ဘာသာသူ ရေရွတ်ပြီးသည့်နောက်တွင် ဓားကို ပစ်လွှတ်လိုက်သည်။
တိကျသည့် သူ့ထိန်းချုပ်မှုအောက်တွင် ဓားကျိုးက ကျောက်တိုင်လုံး ၃၆၁ လုံးဆီ ပျံသန်းသွား၏။ ထိုအရာက ကျောက်တိုင်လုံးများကို တစ်ပတ်ပြည့်အောင် ပျံသန်းပြီးသည့်နောက်တွင် စွမ်းအင်ဓားထောင်ချီ ရုတ်ခြည်း ထွက်ပေါ်လာသည်။
ယွီရှန်းရုန်က မြေမှ ကြွကာ လေထဲတွင် ပျံသန်းလိုက်သည်။ သူ့ယခင်အတွေ့အကြုံကြောင့် စတင်လှုပ်ရှားမှု လုပ်လိုက်သည်နှင့် ကျောက်တောအုပ်ရှိ ကောင်းကင်ပိုက်ကွန်ကို အစမပျိုးခဲ့ပေ။ သူက ဆက်လက် ပျံသန်းလာပြီးသည့်နောက် ကျောက်တောအုပ်ထိပ်ဆုံးသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် သူက အကောင်းဆုံး မြင်ကွင်းကို ရရှိထားပြီး ကျောက်တိုင်လုံးတစ်ခုစီအတွင်း စွမ်းအင်ဓား ရှိနေသည်ကို သေချာအောင် ကြည့်လိုက်၏။
ယွီရှန်းရုန်၏ တွက်ချက်နှုန်းက စီးဝူယာ့အဆင့်လောက် မနီးကပ်ပေ။ သူက အသေးစိတ် တွက်ချက်မှုများကို လုပ်ဆောင်ဖို့ စိတ်အခြေအနေ မဟုတ်ပေ။ သူက ဤပြဿနာကို ရှေ့ဦးနည်းလမ်းအတိုင်းသာ ဖြေရှင်းလိုက်၏။
စွမ်းအင်ဓားများက သူ့မြင်ကွင်းတွင် ပြည့်နှက်လာသည်။
" ငါ နောက်ထပ် စွမ်းအင်ဓားတွေ လိုသေးတယ်” ယွီရှန်းရုန်က ထိုအရာကို ထင်မှတ်မထားမိပေ။ သူ့အတွက် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံဆင့်မျှဖြင့် စွမ်းအင်ဓားတစ်ထောင် ဖွဲ့စည်းနိုင်သည်ကပင် အံ့ဖွယ် ဖြစ်နေလေပြီ။ သို့သော်လည်း ထိုအရာက မလုံလောက်သေးပေ။ သူက စွမ်းအင်ဓား မရောက်သေးသည့်နေရာကို မြင်နေရ၏။
သူက လက်ကို ပူးကပ်လိုက်ပြီး ရေရွတ်လိုက်သည်” ကောင်းပြီ။ တကယ်လို့ အရမ်းလွယ်နေရင် ပျင်းစရာကောင်းသွားမှာပေါ့”
ဝှစ်
သူ့ လက်ဖဝါးကြားမှ စွမ်းအင်များ ဆက်လက် ထွက်ပေါ်လာသည်။ ကျောက်တိုင်လုံးကြားရှိ စွမ်းအင်ဓားများကလည်း တစ်ပြိုင်နက် အသံပေးလာကြသည်။
သူ့အသက်ရှည်ဓားက အလယ်တွင် ဝဲပျံနေပြီး ဗဟိုချက်အဖြစ် ထမ်းဆောင်ကာ စွမ်းအင်ဓားများကို ထိန်းချုပ်ထားသည်။
" ခွဲထွက်စမ်း "
စွမ်းအင်ဓားထောင်ချီက နှစ်ခုစီ ခွဲထွက်သွားကြသည်။ ယခုအခိုက်အတန့်တွင် စွမ်းအင်ဓား နှစ်ထောင် ရှိနေလေပြီ။
ယွီရှန်းရုန်က သူ့အပေါ် ဖိအားကို ခံစားမိလိုက်သည့်အတွက် လက်ချောင်းများက တုန်တုန်ယင်ယင် ဖြစ်လာသည်။ သူ့ချီပင်လယ်နှင့် ကနဦးချီအပေါ် ထိန်းချုပ်နိုင်စွမ်းတို့က အဆများစွာ တိုးမြင့်လာကြောင်း ခံစားမိလိုက်၏။
နေရောင်က စွမ်းအင်ဓားများအပေါ် တောက်ပနေသည်။
သူက ကြိုးစားမကြည့်ခင် မည်မျှထိတ်လန့်ဖို့ကောင်းမှန်း မသိခဲ့ရပေ။ ပြိုင်ဘက်ကင်းကာ အံ့သြဖွယ်ကောင်းသည့် ဓားနတ်ဆိုးက စွမ်းအင်ဓား နှစ်ထောင်မျှသာ ထိန်းချုပ်နိုင်လေ၏။ သို့သော်လည်း ယွီကျန့်ဟိုင်နှင့် တူညီစွာ သူသည် ရှုံးနိမ့်မှုကို ဝန်ခံမည် မဟုတ်ဘဲ ပြိုင်ဆိုင်လိုစိတ်ကြီးသူ ဖြစ်၏။
သူက တာ့ယန်၏ ဓားသမားတစ်ယောက် ဖြစ်ပေသည်။ သူ့နာမည် ဓားနတ်ဆိုးက ကြားလိုက်သည့်သူတိုင်းကို ကြောက်ရွံ့သွားစေ၏။
သူ့ယုံကြည်ချက်ရှိသည့် အမူအရာက ချက်ချင်းဆိုသလို အလေးအနက် ဖြစ်လာသည်။ သူက လက်ကို လှုပ်ရှားကာ စွမ်းအားအကုန် ထုတ်လွှတ်လိုက်၏။
စွမ်းအင်ဓား လေးထောင် ပေါ်ထွက်လာသည်နှင့် သူတို့က ဖန်သဖွယ် ကြေမွသွားပြီး ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းဆိုသလို အသက်ရှည်ဓားက ပြုတ်ကျလာကာ မြေကြီးထဲ ထိုးစိုက်သွား၏။
ယွီရှန်းရုန်က ဆင်းသက်လာ၏။
" မလုံလောက်သေးဘူး "
ယွီရှန်းရုန်က လက်မလျော့ပေ။ သူက နဖူးမှ ချွေးကို သုတ်ကာ တင်ပျဉ်ခွေကာ ထိုင်ချလိုက်သည်။ သူက အသက်ရှူနှုန်းကို ထိန်းညှိကာ ကနဦးချီကို ပြန်လည်စုစည်းဖို့ ကြိုးစားလိုက်၏။ တစ်ချိန်တည်းဆိုသလို သူက စွမ်းအင်ဓားများစွာ ထိန်းချုပ်နိုင်မည့် နည်းလမ်းကိုပါ စဥ်းစားလိုက်သည်။
သူက စွမ်းအင်ဓား လေးထောင်ကို ခေတ္တမျှသာ ထိန်းချုပ်နိုင်သည့်အတွက် မလုံလောက်သေးပေ။
သူကျရှုံးရသည့် အကြောင်းရင်းများကို သုံးသပ်ပြီးသည့်နောက် ရေရွတ်လိုက်၏” ကြည့်ရတာ ငါကနဦးချီကို ထိန်းဖို့ စွမ်းအင်ဓားကို ပိုပြီး သေးအောင် လုပ်ဖို့ လိုတယ်”
သူက စွမ်းအင်ကြိုးမျှင်ကို တားဆီးဖို့ စွမ်းအင်ဓားများကို လိုအပ်ခြင်းဖြစ်၍ ကြီးမားနေစရာ မလိုအပ်ပေ။ ထိုအတွေးဖြင့် သူသည် နောက်တစ်ကြိမ်အတွက် ပြင်ဆင်လိုက်သည်။
...
မျက်စိတစ်မှိတ်အတွင်း နောက်တစ်ရက် ထပ်မံ ကုန်ဆုံးသွားသည်။
ယွီရှန်းရုန်က ဆယ်ကြိမ် ကြိုးစားခဲ့ပြီးသည့်နောက်တွင် ဆက်တိုက်ကျရှုံးခဲ့သည်။
သူ့အကောင်းဆုံး အခြေအနေက စွမ်းအင်ဓား ခြောက်ထောင် ဖန်ဆင်းခြင်း ဖြစ်သော်လည်း ထိန်းချုပ်မှုက သိပ်မကြာမြင့်ခဲ့ပေ။
အကြိမ်ရေတချို့ ကြိုးစားပြီးသည့်နောက်တွင် သူက မောပန်းလာ၏။
ကောင်းကင်ယံအထက်တွင် လမင်းကြီးက ဝင့်ဝင့်စွားစွား ထွက်ပေါ်နေသည်။
ယွီရှန်းရုန်က အတွေးနက်နေမိသည်။
" ကောင်းကင်ဘုံသားတော် ဆိုတာက ဘာလဲ။ ယင်နဲ့ယန် အစပြုပြီးတော့ နွေဦးနဲ့ နွေကို ကြာရှည်ခံပြီးတော့ ဆောင်းဦးနဲ့ ဆောင်းကိုပါ ဖြတ်ကျော်လာတယ်။ မလိုက်တဲ့အခါ တိမ်တိုက်တွေကို ပြိုကွဲသွားစေပြီးတော့ အောက်ချလိုက်တဲ့အခါ ခေတ်ကာလကိုတောင် ဖြတ်တောက်ပစ်နိုင်တယ်။ ဒီအတွေးတွေရဲ့ အနေအထားက ငါ့ဓားရဲ့ အနေအထားကို ဆုံးဖြတ်ပေးတာလား”
သူက အသက်ရှည်ဓားကို ကြည့်လိုက်သည်” ငါက ပါရမီရှင်အများကြီးနဲ့ တိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ အဆုံးသတ်မှာ ငါ ကျရှုံးခဲ့ရတယ်”
ယွီရှန်းရုန်က ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူက အသက်ရှူနှုန်းကို ထိန်းညှိကာ စွမ်းအင်ဗဟိုချက်ကို ကာကွယ်ထားလိုက်၏။ သူက ယင်ယန် သင်္ကေတနှင့်အတူ ပါကွားပုံကားချပ်က လင်းလက်လာသည်။ ကနဦးချီက စတင်မြင့်တက်လာ၏။
သူက ကြိုးကြာဖြူ တောင်ပံခတ်သကဲ့သို့ လေထုထဲ ပျံသန်းလိုက်သည်။ သူက ကောင်းကင်အထက် ရောက်သည့်အခါ စွမ်းအင်ဓားများက သူ့အနီးတွင် ဖြစ်ပေါ်လာ၏။
ဝှစ်
အသက်ရှည်ဓားက အလယ်သို့ ထိုးထွင်းထွက်သွားသည်။
ရွှေရောင်စွမ်းအားစည်းတံဆိပ်က တောအုပ်ကို အလင်းပေးနေ၏။
အကြိမ်များစွာ ကျရှုံးပြီးသည့်နောက်တွင် ယွီရှန်းရုန်က အတွေ့အကြုံ ရှိလာပြီဖြစ်ကာ စွမ်းအင်ဓားများကို ပိုမိုမြန်ဆန်စွာ ဖွဲ့စည်းနိုင်လာသည်။
မျက်စိတစ်မှိတ်အတွင်း စွမ်းအင်ဓား တစ်ထောင် ထွက်ပေါ်လာသည်။
ထို့နောက် သူက စွမ်းအင်ဓား တစ်ထောင်ကို နှစ်ထောင်အဖြစ် ခွဲထွက်လိုက်၏။
" နောက်ထပ် "
ဝှစ်
ယခုအခါ စွမ်းအင်ဓားလေးထောင် ရှိနေလေပြီ။
ထို့နောက် ယွီရှန်းရုန်က သူ့လက်ဖဝါးကို ပူးကပ်ကာ မတ်မတ်ရပ်နေလိုက်သည်။
" စိတ်ဝိညာဥ်သဏ္ဌာန် "
ပေ ၁၅၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်က လေထုထဲ ထွက်ပေါ်လာသည်။ မီတာ ၁၀၀ ဝန်းကျင်ရှိ နေရာတစ်ခုလုံးကို ပေ ၁၅၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်က အလင်းပေးထား၏။
...
ထိုစဥ် ယွီရှန်းရုန်ကို ရှာဖွေနေသည့် ယွီကျန့်ဟိုင်က ချက်ချင်းဆိုသလို လှည့်ကြည့်လာသည်” ရွှေရောင် စိတ်ဝိညာဥ်သဏ္ဌာန်လား "
ထိုအရာက အလှမ်းဝေးလွန်းလှသည်။ ယွီကျန့်ဟိုင်၏ နေရာမှ စိတ်ဝိညာဥ်သဏ္ဌာန်သည် အလင်းပျောက်မျှသာ ဖြစ်နေ၏။
သူက တုံ့ဆိုင်းမနေဘဲ ထိုစိတ်ဝိညာဥ်သဏ္ဌာန်ရှိရာဆီ ချက်ချင်းပျံသန်းလာခဲ့၏။
သူက အရှိန်အပြည့်နှင့် ပျံသန်းနေသည့်အတွက် အလှမ်းဝေးလှသည်ဟု မထင်ပေ။
...
ယွီရှန်းရုန်က သူ့ပတ်ဝန်းကျင်ကို ဆက်လက်စောင့်ကြည့်နေသည်။ သူက စွမ်းအင်ဓား လေးထောင်ကို ရရှိထားလေသည်။ သူက စွမ်းအင်ဓား လေးထောင်ကို ခွဲထုတ်စရာ မလိုဘဲ တစ်ဝက်မျှသာ ခွဲထုတ်လျှင် ရပြီဖြစ်၏။
သူက ကနဦးချီကို ထိန်းထားရသည့်အတွက် သူ့လက်ဖဝါးက တုန်တုန်ယင်ယင် ဖြစ်လာသည်။
" ခွဲထွက်စမ်း "
စွမ်းအင်ဓား နှစ်ထောင်ခွဲထွက်လာ၏။ ယခုအခါ စွမ်းအင်ဓား ခြောက်ထောင်ရှိသွားလေပြီ။ သို့သော်လည်း သူတို့က အလှမ်းဝေးနေသည့်အတွက် စွမ်းအင်ဓား ဒါဇင်ချီက ပျက်သုန်းသွားသည်။
ထို့နောက် သူက စွမ်းအင်ကြိုးမျှင်ကြားတွင် စွမ်းအင်ဓားများကို ထားရှိလိုက်၏။
ထိုစဥ် သူ့နဖူးမှ ချွေးများ စီးကျလာသည်။
" နည်းနည်းလေးပဲ " သူက ပတ်ဝန်းကျင်ကို ဆက်လက်ကြည့်လိုက်သည်။ သူက ယခုအချိန်လောက် စိတ်လှုပ်ရှားမှုမျိုး မကြုံဖူးပေ။
အစီအရင်သွေးကြောများက ထပ်မံ တောက်ပလာ၏။ အကယ်၍ သူတို့က သူ့အသက်ကို ထပ်မံ စုပ်ယူမည်ဆိုလျှင် နောက်ရက်အနည်းငယ်ကြာမှ ဤနေရာမှ ချိုးဖောက်ဖို့ ကြိုးစားကြည့်နိုင်လိမ့်မည်။
ယွီရှန်းရုန်က တည်ငြိမ်နေ၏။ သူ့စိတ်လှုပ်ရှားမှုနှင့် ပတ်ဝန်းကျင်၏ ဖိအားတို့က သူ့တိုက်ခိုက်လိုစိတ်ကို တိုးမြင့်လာစေသည်။ ဤသည်က ပညာရှင် ဓားသမားတစ်ယောက်၏ စိတ်ဓာတ် ဖြစ်၏။
တစ်ဖက်လူက ပိုမိုအားကောင်းလေလေ သူက ပိုမိုအားကောင်းလေလေ ဖြစ်၏။ အခြေအနေက ပိုမိုခက်ခဲလေလေ သူ့အတွက် ပိုမိုအားကောင်းဖို့ လှုံ့ဆော်ပေးနိုင်လေလေ ဖြစ်သည်။
သူက အခြေအနေကို ဆက်လက်တွေးတောနေရင်း ကျောက်တိုင်လုံး ၃၆၁လုံးဆီ ကြည့်လိုက်သည်။
" ဖန်ဆင်းမှု အားလုံးကို အသုံးပြုပြီး ဓားအဖြစ် ဖွဲ့စည်းခြင်း လား "
ကျောက်တိုင်လုံး ၃၆၁လုံး။ ဒါက စစ်တုရင်ခုံမဟုတ်ဘူးလား ...
ဘဝက စစ်တုရင်ကစားပွဲကဲ့သို့ ဖြစ်ပြီး သူက မှားယွင်းသည့် လှုပ်ရှားမှုကို လုပ်၍ မဖြစ်ပေ။
သူ့မျက်နှာအထင် ခပ်ယဲ့ယဲ့အပြုံးမျိုး ပေါ်ထွက်လာပြီးသည့်နောက်တွင် သူ့ချီပင်လယ်မှ ကနဦးချီ ထွက်ပေါ်လာသည်။
သူက လေထဲ ပျံသန်းသွားရင်း စွမ်းအင်ဓားများက သူတို့၏ နေရာအတိုင်း ရွေ့လျားသွားကြသည်။ သူက ကျောက်တောအုပ်အထက် ရောက်ရှိသည့်အခါ ကျောက်တိုင်လုံးများက ဆက်နွယ်ဖို့ လှုပ်ရှားသွားကြသော်လည်း စွမ်းအင်ကြိုးမျှင်များကမူ စွမ်းအင်ဓားများ၏ တားဆီမှုကို ခံထားရသည်။
ဘန်း ဘန်း ဘန်း
စွမ်းအင်ကြိုးမျှင်များက စွမ်းအင်ဓားများနှင့် ထိပ်တိုက်တွေ့သွား၏။
…
အခန်း( ၈၁၃ ) ဓားလမ်းစဉ်ကို နားလည် သဘောပေါက်ခြင်း
ဘန်း ဘန်း ဘန်း
ကျောက်တိုင်လုံးများကြားရှိ စွမ်းအင်မြင့်သည် စွမ်းအင်ဓားကြောင့် နှောက်ယှက်ခံလိုက်ရသည်။ သူတို့ ထွက်ပေါ်လာသည်နှင့် စွမ်းအင်ဓား ခြောက်သောင်းနီးပါးကြောင့် ပိတ်ဆို့ခံလိုက်ရသည်။ ယင်းသည် ခမ်းနားသော မြင်ကွင်းတစ်ခု ဖြစ်သည်။
ယခုအချိန်တွင် ယွီရှန်းရုန် ထိန်းချုပ်နိုင်သော အမြင့်ဆုံး ဓားအရေအတွက်လည်း ဖြစ်လောက်သည်။ သူ့အကန့်အသတ်သို့ ရောက်နေပြီ ဖြစ်၏။
ယင်းသည် ခမ်းနားသော မြင်ကွင်း ဖြစ်သော်ငြား အစီအရင်သည် သက်ရောက်မှု မရှိသေးပေ။
ယွီရှန်းရုန်က ဇဝေဇဝါ ဖြစ်သွားတော့သည်။ ” အလုပ် မဖြစ်တာလား “
ပြောပြီးသည်နှင့် ကျောက်တိုင်လုံး ၃၆၁ခု ကြားရှိ စွမ်းအင်မြင့်များက ပျောက်ကွယ်သွားတော့သည်။ တစ်ချိန်တည်းတွင် အလည်ရှိ ကျောက်ပြားချက်ပေါ်တွင် ရှိသော အစီအရင် သွေးကြောများသည် ထပ်မှိန်သွားပြီးနောက် အပြည့်အဝ မလင်းတော့ပေ။
ပတ်ဝန်းကျင်ရှိ ကျောက်တိုင်လုံးများကလည်း အနည်းငယ် တုန်လာသည်။ ယင်းတို့ပေါ်တွင် ထွင်းထုထားသော အစီအရင် သွေးကြောများသည် လေတိုက်ခတ်မှုကြောင့် လွှင့်သွားသည့် ဖုန်အလွှာ ပမာ ဖြစ်နေ၏။ သူတို့က ခွာချခံရပြီး ပျောက်ကွယ်သွားတော့သည်။
သူတို့ ကျိုးပျက်သွားပြီ။ ယွီရှန်းရုန်က ခေါင်းညိတ်ပြီး ကျေနပ်သွားတော့သည်။ သူ့ရင်ထဲ၌ အောင်မြင်မှုကို ခံစားလိုက်ရတော့သည်။
သူသည် ရှေးဘိုးဘေးများ ချန်ထားရစ်ခဲ့သော ခမ်းနားသော အစီအရင်ကို ကျော်လွှားနိုင်ခဲ့ပြီး ကောင်းကင်ဘုံ၏ ဓားကို နားလည်သဘောပေါက်ခဲ့ကာ ဖန်တီးရာ အားလုံးကို ဓားအဖြစ် မည်သို့ အသုံးပြုရမည်ဆိုတာ သိခဲ့၏။ ဓားကျိုးတစ်လက်က သူ့ကို မဟန့်တားနိုင်တော့ပေ။
သူပျော်ရွှင်မှုကို ခံစားလိုက်ရပြီး သူ့ရှေ့ရှိ မြင်ကွင်းသည် သူ၏ စိတ်ထဲ၌ မုချေင်္သချိုင်း၌ သူ၏ ကြာကို ဖြတ်တောက်ခဲ့သည့် မြင်ကွင်းကို ပြန်အမှတ်ရသွားစေသည်။ သူ၏ ဓားက သူနှင့် ရှိနေသေးဆဲ ဖြစ်ကာ သူအသက်ရှင်လျက် ရှိနေသေးသည်။ ဓားကျိုးကို ပြန်လည် သွန်းလုပ်သည့်နေ့ဖြစ်ပြီး ဓားနတ်ဆိုး ပြန်ရောက်လာသည့် နေ့လည်း ဖြစ်သည်။
ထိုစဉ် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်က ပျောက်ကွယ်သွား၏။ သူက ချက်ချင်းပင် မူးဝေမှုကို ခံစားလိုက်ရသည်။
ဝှစ်
ယွီရှန်းရုန်က သူ့ချီပင်လယ်က အပြည့်အဝ ခမ်းခြောက်သွားပြီ ဆိုတာကို မြင်တွေ့လိုက်ရချိန် ထိတ်လန့်သွားလေ၏။
“ ကျီလျန့် “
ဖုန်း
“ ……. “
“ ငါ ကြော့ရှင်းမှုနဲ့ အသိတရားကို ထိန်းသိမ်းထားရမယ်။ ဓားနတ်ဆိုးက ပျာယာခတ်လို့ မရဘူး “
ကျင့်ကြံသူများသည် ခန္ဓာတည်ဖွဲ့ခြင်း နယ်ပယ်ကို ဖြတ်ကျော်ခဲ့သည်။ ထို့ကြောင့် ဤအမြင့်မှ ပြုတ်ကျခြင်းသည် သူ့ကို ဒဏ်ရာ ရစေမှ မဟုတ်ပေ။ ထိခိုက်စေမည့် တစ်ခုတည်းသော အရာက သူ့၏ ဂုဏ်သိက္ခာပဲ ဖြစ်သည်။
ကျီလျန့်က မော့ကြည့်ပြီးနောက် ခေါင်းပြန်ငုံ့လိုက်သည်။
ယွီရှန်းရုန်သည် သူ၏ ပတ်ဝန်းကျင်ကို တစ်ဖန် ပြန်လေ့လာပြီးနောက် စိတ်တည်ငြိမ်အောင် ထားကာ တင်ပျဉ်ခြေခွေ ထိုင်လိုက်တော့သည်။ သူ့ ခန္ဓာကိုယ်ပေါ်ရှိ ဖုန်များကို ခါချပြီးနောက် ဆံပင်များကို သေသပ်အောင် ပြင်လိုက်၏။ ပြီးနောက် လကို ပြုံးကြည့်ပြီးနောက် မေးလိုက်၏။
“ ကျီလျန့် ကျုပ် အစီအရင် ဖြိုခွဲတာကို ဘယ်လိုမြင်လဲ “
ဖြောင်း ဖြောင်း ဖြောင်း
“ ကောင်းလိုက်တာ “
အနက်ရောင် အရိပ်တစ်ရိပ်သည် နောက်ကွယ်မှ ပေါ်လာ၏။
လရောင်သည် ထိုလူ၏ မျက်နှာပေါ် ဖြာကျနေ၏။
ယွီရှန်းရုန်က လှည့်ကြည့်လိုက်လေ၏” ကျန်းရှောင်ရှန်းလား “
“ တစ်ချိန်လုံး မင်းကို ကြည့်နေတာ။ မင်း သေဖို့ ကြိုးစားနေတာလို့ ထင်ခဲ့တယ်။ မင်း ဒီအစီအရင်ကို ဖြိုခွဲနိုင်စွမ်း ရလိမ့်မယ်လို့ မထင်ထားဘူး “ ကျန်းရှောင်ရှန်းက ပြောလိုက်၏။
ယွီရှန်းရုန်က ခေါင်းခါပြီး ပြောလိုက်တော့သည်။
“ ဒါက အသေးအစား အစီအရင် တစ်ခုလေးပဲ။ ဘာမှ မဟုတ်ဘူး “
“ မင်း ဟန်ဆောင်နေတာ ရပ်လိုက်လို့ ရပြီ။ မင်းရဲ့ အခြေနေကို ကြည့်လိုက်ဦး။ ဒီနေ့ မင်းအသက်ကို ယူပြီး ငါ့ဆရာအတွက် လက်စားချေမယ်။ နောက်ဆုံးစကား ရှိသေးလား “
ကျန်းရှောင်ရှန်းက မေးလိုက်၏။
“ မင်းလား “ ယွီရှန်းရုန်သည် သက်တော်ရှည်ဓားကို ကြည့်လိုက်၏။ ကံဆိုးသည်မှာ သက်တော်ရှည်ဓားက ကျိုးသွားပြီး စွမ်းအား မရှိတော့ပေ။ သေင်္ကတများကလည်း မှိန်နေပြီ ဖြစ်သည်။ ယခင်ကကဲ့သို့ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို သူမသတ်နိုင်တော့ပေ။
“ ဟုတ်တယ် ငါက “ ကျန်းရှောင်ရှန်းက အဓိပ္ပာယ်ပါပါ ပြောလိုက်၏။
” ငါ့ကိုရော “ ယွီရှန်းရုန်သည် ကျန်းရှောင်ရှန်း စကားနောက်ကွယ်ရှိ အဓိပွာယ်ကို တွေးမိသောအခါ အနည်းငယ် မျက်မှောင်ကျုံ့မိသွားသည်။
ကျန်းရှောင်ရှန်းက လက်မြှောက်လိုက်၏” နောက်ဆုံးစကားမရှိရင် သေလိုက်တော့ “ သူ၏ လက်ဖဝါးကို ရှေ့သို့ ထုတ်လိုက်ပြီး လက်ဝါးစည်းတံဆိပ်တစ်ခု ပစ်ထုတ်လိုက်သည်။ ယွီရှန်းရုန်က အလိုလို ခြေဆောင့်နင်းလိုက်သော်ငြား မပျံသန်းခဲ့ပေ။ သူရှောင်ရုံသာ တတ်နိုင်၏။
လက်ဝါးစည်းတံဆိပ်သည် ကျောက်တိုင်လုံးကို ထိမှန်သွားပြီး ပေါက်ကွဲသံတစ်သံ ဖြစ်ပေါ်လာ၏။
ကျန်းရှောင်ရှန်းက ခေါင်းခါလိုက်သည်” မင်း ပြန်လည်ကုစားဖို့ အခွင့်အရေးမပေးဘူး။ လူတချို့က စကားများတာကြောင့်ပဲ သေတာပဲ “ ပြောပြီးနောက် သူလက်ဝါးနှစ်ဖက်ဖြင့် ရိုက်ချလိုက်၏။
များစွာသော လက်ဝါးစည်းတံဆိပ်များသည် ယွီရှန်းရုန်ဆီ တိုးဝင်သွား၏။
သူ၏ ခန္ဓာတည်ဖွဲ့ခြင်း ခွန်အားနှင့် အလိုလို သိစိတ်သည် နှစ်ပေါင်းများစွာ တိုက်ပွဲမှ ရောက်လာတာ ဖြစ်ပြီး ယွီရှန်းရုန်သည် ရှောင်တိမ်းလိုက်တော့သည်။ တစ်ချိန်တည်းတွင် သူ၏ ကနဦးချီလည်း လျှင်မြန်စွာ ပြန်လည် ပြည့်နေ၏။ ကံဆိုးသည်မှာ သူ၏ လက်ရှိ အခြေအနေကြောင့် ကနဦးချီပမာဏက သနားစရာကောင်းနေသည်။ သူယခု လိုအပ်သမျှက လက်ဝါးရိုက်ချက် တစ်ခုအတွက် လုံလောက်သော ကနဦးချီပဲ ဖြစ်သည်။ သူက ယခုအချိန်တွင် အန္တရာယ်များသည့် အခြေအနေ၌ ရှိနေသော်ငြား သူ စိတ်တည်ငြိမ်နေ၏။
ကျန်းရှောင်ရှန်းသည် ယွီရှန်းရုန်၏ စွမ်းအင်ကို မြင်တွေ့ခဲ့၏။ ထို့ကြောင့် သူသည် တွေဝေမနေပဲ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်လိုက်သည်။
ပွင့်ချပ်ငါးလွှာ အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်သည် ယွီရှန်းရုန်ရှေ့၌ ပေါ်လာလေ၏။
“ ပွင့်ချပ်ငါးလွှာလား “ ယဲ့ကျန်း၏ တပည့်သည် ခမ်းနားသော ကျင့်ကြံသူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု ယွီရှန်းရုန် မထင်ထားပေ။ ကျန်းရှောင်ရှန်းသည် ပွင့်ချပ်ငါးလွှာ အဆင့်အောက်တွင် ရှိနေခဲ့လျှင် သူသည် တစ်ချက်တည်းဖြင့် ထိုလူကို သတ်ဖြတ်နိုင်လိမ့်လောက်သည်။ သို့သော်ငြား ပွင့်ချပ်ငါးလွှာ ကျင့်ကြံသူ တစ်ယောက်ကို ဖြေရှင်းဖို့က မလွယ်ကူချေ။
ကျန်းရှောင်ရှန်း၏ တိုက်ခိုက်ရေး ခွန်အားသည် ယဲ့ကျန်းကြောင့် ရောက်လာတာပဲ ဖြစ်သည်။ သူက စိတ်ဝိညာဉ်သဏ္ဌာန်ကို အမြန်ဖွဲ့တည်လိုက်သည်။ သို့မှသာ သူအစွမ်းထက်ဆုံး အခြေအနေ၌ တိုက်ပွဲကို အဆုံးသတ်နိုင်လိမ့်မည်။
ဝှစ်
ကျန်းရှောင်ရှန်းက သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို သုံးလိုက်စဉ် ယွီရှန်းရုန်က နောက်သို့ လျင်မြန်စွာ ဆုတ်လိုက်လေ၏။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
ထိုစဉ် ကျီလျန့်သည် အနီရောင် စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖြတ်ကျော်ပြီး ၎င်း၏ ခွာကို ဆောင့်နင်းလိုက်၏။ ခွာရိုက်ချက်တိုင်းက အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ထိမှန်သွားသည်။
ကျန်းရှောင်ရှန်းသည် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် နောက်ဆုတ်လိုက်၏။ သူက မော့ကြည့်ပြီး ကျိန်ဆဲလိုက်တော့သည်။
“ မင်း တိရစ္ဆာန်ကောင် ငါ သူ့ကို အရင်သတ်ပြီး မင်းကို ယဉ်ပါးအောင် လုပ်ပစ်မယ် “
ကျီလျန့်က စွမ်းအား ကုန်ခန်းလုနီးပါးမှန်း သူပြောနိုင်၏။ ထို့ကြောင့် သူသည် ကျီလျန့်ကို လျစ်လျူရှုထားကာ ယွီရှန်းရုန်ဆီ ဆက်လက် ရွှေ့လျားသွားသည်။
ဘန်း ဘန်း ဘန်း
ကျောက်တောအုပ်၏ အစီအရင် ဖျက်ဆီးခံခဲ့ရပြီးနောက် အသုံးမဝင်သော ကျောက်ဆောင်များ ဖြစ်ကုန်၏။
အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်သည် ကျောက်တိုင်လုံး ဆယ်ခုကျော်ကို ထိမှန်သွား၏။
တစ်ချိန်တည်းတွင် ကျန်းရှောင်ရှန်းက လက်မြှောက်ပြီး ရိုက်ချလိုက်၏။
သူတွင် ကျန်ရှိသည့် ကနဦးချီဖြင့် ယွီရှန်းရုန်က ပျံလွှားငှက်ပမာ ပေါ့ပါးစွာဖြင့် မီတာ တစ်ဒါဇင်ခန့် နောက်ဆုတ်လိုက်သည်။
ကျန်းရှောင်ရှန်းက မျက်မှောင်ကျုံ့လိုက်တော့သည်။ သူတို့၏ တိုက်ခိုက်ရေး အတွေ့အကြုံ ကွာဟချက်က သိသာနေပြီ ဖြစ်သည်။
ယွီရှန်းရုန်က လေထဲတွင် ရပ်နေ၏။ လရောင်သည် သူ့ကို အရပ်ပိုရှည်ပြီး သွယ်လျပုံ ပေါ်စေသည်။ သူက ပြုံးပြီး ပြောလိုက်တော့သည်” မိတ်ဆွေလေး ငါ့ကိုယုံ။ မင်းရဲ့ စွမ်းရည်က ငါ့ကို သတ်နိုင်ဖို့ ဝေးသေးတယ် “
“ ငါ ကြိုးစားကြည့်မယ် “ ကျန်းရှောင်ရှန်းသည် သူ၏ မဟာနည်းစနစ်ကို ထုတ်ဖော်ပြီး ရှေ့သို့တက်လာ၏။ ယင်းသည် ယွီရှန်းရုန် မမြင်ချင်သည့် အရာပဲဖြစ်သည်။ ဆိုရလျှင် သူတို့နှစ်ယောက်ကြား အကွာအဝေးက ပိုကျဉ်းလာတော့သည်။
ကျန်းရှောင်ရှန်း၏ အနီရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် ယွီရှန်းရုန်ဆီ ရောက်တော့မည်အခါ အပေါ်ကနေ ပြက်ရယ်ပြုသည့် အသံတစ်သံ ပေါ်ထွက်လာ၏။
“ ဟေး “
ပြီးနောက် စွမ်းအင်ဓားမော့သည် ပြုတ်ကျလာပြီး ကောင်းကင်တစ်ခုလုံး ရွှေရောင်အလင်းများ လင်းထိန်သွားစေ၏။
မဟာအမှောင် ကောင်းကင်အောက်မေ့ည၊ မဟူရာကောင်းကင် ကြယ်အလင်း၊ အုပ်ချုပ်သူ တပ်ဆင်ခြင်း၊ ကျော့ရှင်းသော လျှက်တပြက်၊ သုံးပေခဲစေ အမြင့်ဆုံးအကွက်များ တစ်ခုပြီး တစ်ခု ထုတ်ဖော်လိုက်သည်။
ပွင့်ချပ်ငါးလွှာ အနီရောင် စိတ်ဝိညာဉ်သဏ္ဌာန်သည် အရင်ဆုံး မဟူရာကောင်းကင် ကြယ်အလင်းကြောင့် ထိမှန်သွားပြီးနောက် အုပ်စိုးသူ တပ်ဆင်ခြင်းကြောင့် ထိခိုက်သွားပြီး သုံးပေခဲခြင်းကြောင့် တောင့်ခဲသွားတော့သည်။ အဆုံးကျ ၎င်း၏ လည်ပင်းသည် ကျော့ရှင်းသော ရောင်ပြန်ဟပ်မှုကြောင့် ပိုင်းဖြတ်ခံလိုက်ရ၏။
ဘန်း
နဂါးသွဲ့ကျောက်ဓားမော့သည် လရောင်အောက် မြေပြင်ပေါ်စိုက်သွားသည်။ ယွီကျန့်ဟိုင်က ဆင်းသက်လာ၏။ သူက အနည်းငယ် မောက်မာ ထောင်လွှားသော လေသံဖြင့် ပြောလိုက်သည်” မင်း ဘယ်လိုထင်လဲ “
ယွီရှန်းရုန်သည် မထောက်ခံကြောင်း အသံတစ်သံ ပြုပြီး ပြောလိုက်၏” သူက ပွင့်ချပ်ငါးလွှာ ကျင့်ကြံသူတစ်ယောက်ပဲ။ ဒါပေမယ့် ရှစ်ချိုးက သူ့ဆီမှာ ကျင့်စဉ် လေးမျိုး သုံးခဲ့တာ”
“ မဟုတ်ဘူး “ ယွီကျန့်ဟိုင်က ခေါင်းခါ လိုက်လေ၏” လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ရှစ်စွင်းဆီကနေ အများကြီး သင်ယူခဲ့ရတယ်။ ရှစ်စွင်းရဲ့စကားက ငါ့ကို တွေးမိစေခဲ့တာ “
“ အော် “
“ ပွင့်ချပ်ငါးလွှာ ကျင့်ကြံသူတစ်ယောက်က အားနည်းတာလား။ မဟုတ်ဘူး သူက မင်းလောက် အရည်အချင်း ရှိယုံပဲ။ ဖြစ်နိုင်တာက ပွင့်ချပ်သုံးလွှာ ကျင့်ကြံသူတစ်ယောက်က ပွင့်ချပ်ခြောက်လွှာ ကျင့်ကြံသူတစ်ယောက်ကို သတ်နိုင်သလိုမျိုး ပွင့်ချပ်ငါးလွှာ ကျင့်ကြံသူတစ်ယောက်က ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူတစ်ယောက်ကို သတ်နိုင်ရင် သတ်နိုင်မှာပေါ့ “
ယွီကျန့်ဟိုင်က ယုံကြည်ချက် ရှိရှိ ပြောလိုက်၏။
“ မင်းရဲ့ ရန်သူတွေကို လျှော့မတွက်နဲ့။ သူတို့တွေက ပွင့်ချပ်ငါးလွှာ ကျင့်ကြံသူတစ်ယောက် ဖြစ်ရင်တောင်ပေါ့ “
“ ရှစ်စွင်းက တကယ်ပြောခဲ့တာလား “ ယွီရှန်းရုန်က စဉ်းစားလျက် မေးလိုက်သည်။
“ အဆုံးကျ တစ်ခုတည်းအဖြစ် ဆူပွက်ကုန်တာပဲ “ ယွီကျန့်ဟိုင်က ယွီရှန်းရုန်ကို ကြည့်လိုက်သည်။
” ထပ်တိုး ထိုးနှက်ချက်ကို ဖြေရှင်းဖို့ မှတ်ထား “
“ ………. “
ဟီး ဟီး ဟီး
ကျီလျန့်က ရောက်လာ၏။
ယွီရှန်းရုန်က စိတ်ကောင်းဝင်နေသည်။ သူသည် ယွီကျန့်ဟိုင်နှင့် ယခုအချိန်၌ စကား မများချင်ပေ။ သူက ကျီလျန့်ကို ပွတ်သပ်ပေးပြီး ပြောလိုက်လေ၏။
“တာ့ရှစ်ရှိုးပြောတာ မှန်တယ်။ ဒီနေ့ ရှစ်ရှိုးနဲ့ မငြင်းတော့ဘူး။ ရှစ်စွင်းက ဓားမှာ အဆင့်သုံးဆင့် ရှိတယ်လို့ ပြောခဲ့တယ်။ တိုက်ပွဲတစ်ပွဲကို အနိုင်ရဖို့ ကြိုးစားနေရင် ဒုတိယအဆင့်မှာပဲ ရှိမှာ။ အခု ကျွန်တော်က ကောင်းကင်ဘုံရဲ့သားတော် ဓားကို တတ်ကျွမ်းသွားပြီ။ ဒါက အဆုံးမဲ့ ဓားလမ်းစဉ်လည်း ဟုတ်တယ်။ ထပ်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ချက် မရှိတော့ဘူး “
ယွီကျန့်ဟိုင်က ထိုစကားကို ကြားသောအခါ မေးလိုက်လေ၏။ ” အမှန်ပဲလား “
“ ဖန်တီးရာ အားလုံးကို ဓားမော့အနေနဲ့ အသုံးပြုနိုင်တဲ့အခါ ကျွန်တော်ကို ထပ်ပြိုင်လို့ ရတယ် တာ့ရှစ်ရှိုး “
“ ဟုတ်ပြီ “
ယွီရှန်းရုန်က ကျန်းရှောင်ရှန်း၏ အလောင်းကို လှည့်ကြည့်လိုက်သည်။ သူက ကျောက်တောအုပ်ဆီ ပြန်လာပြီး ဓားကျိုးကို ကောက်ယူလိုက်၏။
“ ကျွန်တော် ဒီမှာ ရှိနေတယ်ဆိုတာ ဘယ်လိုလုပ်သိတာလဲ တာ့ရှစ်ရှိုး” “ ရှစ်စွင်းက မင်းရဲ့ ဘေးကင်းရေးကို စိတ်ပူတာကြောင့် မင်းကို ရှာဖို့ ငါ့ကို အမိန့်ပေးလိုက်တာ “ ယွီကျန့်ဟိုင်က ပြုံးပြီး ပြောလိုက်၏။
“ မင်း အကောင်းဆုံး အခြေအနေမှာ ရှိနေပုံ မပေါ်ဘူး။ ဒီတော့ မင်းကို မနောက်တော့ဘူး။ ငါတို့ သရေလို့ မှတ်လိုက်ရအောင် “
ယွီရှန်းရုန်က ခေါင်းခါပြီး ပြောလိုက်သည်။
“ ရှစ်ရှိုး မလှုပ်ရှားခဲ့ရင်တောင် သူက ကျုပ်ကို နာကျင်အောင် လုပ်နိုင်မှာ မဟုတ်ဘူး “
“ မယှဉ်ပြိုင်ရင် ဘာဖြစ်မှာလဲကွာ “
“ ဒါက မတူဘူးလေ။ တိုက်ပွဲမှာ တစ်လှမ်းဆုတ်ပေးနိုင်ပေမယ့် အကြောင်းအရင်းမှာတော့ အဲ့လိုမရှိဘူး“
ယွီရှန်းရုန်သည် ကျီလျန့်ပေါ် ခုန်တက်ကာ ပြောပြီးနောက် လေထဲ ပျံတက်သွားတော့သည်။
ယွီကျန့်ဟိုင်သည် ယွီရှန်းရုန်၏ စကားကို မထောက်ခံပေ။ သူသည် ယွီရှန်းရုန်နောက်က ပျံသန်းလာပြီးနောက် မေးလိုက်သည်။
“ မင်း ကနဦးချီ ကုန်သွားပြီ။ သူ့ကို ဘယ်လို သတ်မှာလဲ “
“ ကျွန်တော့မှာ နည်းလမ်းတွေရှိတယ်။ အဲ့တာကို စိတ်ပူစရာ မလိုပါဘူး ရှစ်ရှိုး “
“ မင်းမှာ သူ့ကို ဖြေရှင်းဖို့ နည်းလမ်းတွေ ရှိဦးမယ်မထင်ဘူး “
“ ………”
သူတို့နှစ်ယောက်က စကားဆက်များနေပြီးနောက် မကြာခင်၌ မိုးကုပ်စက်ဝိုင်းထဲ ပျောက်ကွယ်သွားသည်။
မိစ္ဆာဝေဟင် မျှော်နန်းမှ နှစ်ယောက် ထွက်သွားပြီးနောက် လရောင်အောက်တွင် ကျန်းရှောင်ရှန်းက မျက်လုံး ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ၏ နဖူး၌ ချွေးစေးများ ပျံနေကာ အမောတကော အသက်ရှူလိုက်သည်။ ရင်ဘတ်ရှိ သွေးရာကို ကြည့်ပြီး ရင်ထဲ၌ အမျက်ဒေါသများ တောက်လောင်နေလေ၏” တစ်နေ့ကျ ငါ လက်စားပြန်ချေမယ်။ ရာရာစစ ငါ့ကို သတ်ရဲတယ်ပေါ့ “
ကျန်းရှောင်ရှန်းသည် ခဲရာခဲဆစ် ထရပ်ပြီးနောက် သူက ဆုံးဖြတ်ချက် ချမှတ်ကာ ရေရွှတ် ပြောလိုက်သည်။
“ ငါ့ရှစ်စွင်းရဲ့ ခရမ်းရောင် တောက်ပသံကျောက်ကို ပြန်ယူရမယ် “
ပြောပြီးသည်နှင့် သူက သွေးတစ်ဗွက် အန်လိုက်သည်။ ပြီးနောက် သူ၏ ထိခိုက်ထားသော ခန္ဓာကိုယ်ကို ဒရွတ်တိုက်ဆွဲကာ တောအုပ်ထဲသို့ သွားလိုက်တော့သည်။