← Chapters

အခန်း (၈၁၄-၈၁၆)

Vol. 55 Ch. 814-816

အခန်း (၈၁၄-၈၁၆)

Vol. 55 Ch. 814-816

အခန်း (၈၁၄) အရှင်မင်းကြီး

ကျီကျန့်ဟိုင်က ယွီရှန်းရုန်ကို ရှာဖွေနေစဥ် လုကျိုးက သူ့ကောင်းကင်ကျမ်း၏ ထူးခြားအံ့ဖွယ် စွမ်းအားကို ပြန်လည်ဖြည့်တင်းနေ၏။

ထိုစဥ် သူက စနစ်မှ ကုသိုလ်ရမှတ် တစ်ထောင် ရရှိကြောင်း အသိပေးချက်ကို ကြားလိုက်ရသည်။

" ကုသိုလ်ရမှတ် ၁၀၀၀ "

ကုသိုလ်ရမှတ် အရေအတွက်ပေါ် မူတည်ပြီးတော့ ဒီလူက ယွီရှန်းရုန်အပေါ် ခြိမ်းခြောက်မှုတစ်ခုတော့ မဖြစ်နိုင်ဘူး။ အဲ့ဆို သူက ဘာလို့အဲ့မှာ တန့်နေတာလဲ။ အဲဒါက ယွီကျန့်ဟိုင် လုပ်တာလည်း ဖြစ်နေနိုင်တယ်။

သူက အရူးတချို့နဲ့ တွေ့တာ ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ ယွီရှန်းရုန်ရဲ့ လက်ရှိအခြေအနေကို မသိရသေးဘူး...

သူက စောစောလေးက မြင်ခဲ့ရသည့်မြင်ကွင်းကို ပြန်လည်အမှတ်ရသွားသည့်အခါ မစဥ်းစားဘဲ မနေနိုင်တော့ပေ။ ထိုသူက ယွီရှန်းရုန်ကို တားနိုင်စွမ်း ရှိ၏။

လုကျိုးက မျက်လုံးဖွင့်ကာ တာဝန်စာရင်းကို ကြည့်လိုက်သည်။

သူ့တပည့် ၉ယောက်ကို သင်ကြားပြသပေးမည့် တာဝန်က ရှိနေဆဲ ဖြစ်၏။ ထိုအရာက ရေရှည်တာဝန်တစ်ခု ဖြစ်သည့်အတွက် လုကျိုးက အာရုံအများကြီး မစိုက်ခဲ့မိပေ။

" ဓားကျိုး " သူက ခေတ္တမျှ ကြည့်ပြီးသည့်နောက်တွင် ဓားကျိုးက အသက်ရှည်ဓားဖြစ်ကြောင်း သေချာသွားသည်။ ယွီရှန်းရုန်က သူ့ဓားကို အကျိုးခံမည့်သူ မဟုတ်ပေ။ သူက ဓားကို သူ့အသက်လောက် တန်ဖိုးထားသူဖြစ်၏။ ထို့အပြင် ယွီရှန်းရုန်က ပွင့်ချပ်ကိုးလွှာအဆင့်မျှသာ ရှိသေးသည်။ အသက်ရှည်ဓားကို ပျက်စီးအောင် လုပ်နိုင်သည့်ပြိုင်ဘက်က ပြိုင်ဘက်ကင်းအဆင့် လက်နက်ကို ပိုင်ဆိုင်ထားဟန်ပေါ်၏။ အကယ်၍ သူသာ ဒီလိုဖြစ်လာမည်မှန်း သိထားခဲ့လျှင် အသက်ရှည်ဓားကို ပြိုင်ဘက်ကင်းအဆင့်အဖြစ် အဆင့်မြှင့်ပေးခဲ့လောက်မိလိမ့်မည်။

သို့သော်လည်း ယွီရှန်းရုန်က သူ့ဓားအပေါ် မှီခိုလွန်းအားကြီးသည်။ ထို့ကြောင့် သူက ဓားလမ်းစဥ်ကို ရှေ့ဆက်မတက်နိုင်ခြင်း ဖြစ်၏။

လုကျိုးက သက်ပြင်းချလိုက်၏။

ဒီတပည့်တွေနဲ့ ငါကောင်းကောင်းတောင် နားရပါ့မလား...

" ထပ်ပြီး ကြိုးစားကြည့်ရအောင် " လုကျိုးက သူ့၏ စွမ်းအားအသစ်ကို ထပ်မံ ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

သူက လက်ဝါးကို ပူးကပ်ကာ မန္တန်ကို ရွတ်ဖတ်တော့မည့်ဆဲဆဲတွင် အပြင်ဘက်မှ အသံတစ်သံကို ကြားလိုက်ရသည်။

" ရှစ်စွင်းကို ဂါရဝပြုပါတယ် "

ဤသည်က ယွီကျန့်ဟိုင် ဖြစ်၏။

" ရှစ်စွင်းကို ဂါရဝပြုပါတယ် " ဤသည်က ယွီရှန်းရုန် ဖြစ်သည်။

သူက သူ့တပည့်များ၏ အသံကို ကြားပြီးသည့်နောက်တွင် စိတ်အေးမိသွား၏။ ကံကောင်းစွာဖြင့် သူတို့သည် အချိန်မီ ပြောလာခြင်း ဖြစ်၏။ မဟုတ်ပါက သူသည် ထူးခြားအံ့ဖွယ် စွမ်းအားတစ်ဝက်ကို ဘာမှမဟုတ်ဘဲ ဖြုန်းတီးမိလိမ့်မည်။

" အထဲဝင်ခဲ့ "

သူ့တပည့်နှစ်ယောက်က အခန်းတွင်း ဝင်ရောက်လာ၏။ သူတို့က ရှစ်စွင်းကို ဦးညွှတ်လိုက်ကြသည်။

လုကျိုးက လက်မြှောက်ကာ ပြောလိုက်၏” ထကြ "

ယွီကျန့်ဟိုင်က ယွီရှန်းရုန်ကို ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။ ” ရှစ်စွင်း ကျွန်တော် စိတ်ပျက်အောင် မလုပ်ပါဘူး။ အာ့ရှစ်တိကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်ခဲ့ပါပြီ”

" ဘေးကင်းကင်းတဲ့လား " လုကျိုးက ယွီရှန်းရုန်ကို လေ့လာကြည့်လိုက်၏။

ယွီရှန်းရုန်က အသက်ရှည်ဓား၏ ဓားအိမ်ကို ညာဘက်လက်တွင် ကိုင်ဆောင်ထားဆဲ ဖြစ်ကာ သူ့ကျောက မတ်မတ်ရှိနေသည်။

ယွီရှန်းရုန်က သူ့ရှစ်စွင်း၏ အကြည့်ကို မြင်သည့်အခါ ထပ်မံ ဦးညွှတ်လိုက်ပြီး ပြောလိုက်၏” ကျွန်တော်က ဒုက္ခတချို့ တွေ့ပေမဲ့ မကိုင်တွယ်နိုင်တဲ့ ဟာမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော်ကို စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တာ့ရှစ်ရှိုးလည်း လာရောက်ကယ်ပေးတဲ့အတွက် ကျေးဇူးပါ”

လုကျိုးက အသက်ရှည်ဓားမှ ယွီရှန်းရုန်ထံ အကြည့်လွှဲလိုက်ပြီး ပြောလိုက်သည်” မင်းက ပြိုင်ဆိုင်လိုစိတ် ကြီးတာကို နားလည်တယ်။ ဒါပေမဲ့ လိမ်ညာတာက မကောင်းဘူး”

ယွီရှန်းရုန်က ဦးညွှတ်ကာ ပြောလိုက်သည်” ကျွန်တော် အမှန်တိုင်းပြောတာပါ။ ရှစ်စွင်းကို မလိမ်ညာရဲပါဘူး”

" မင်း ဓားကို ပြစမ်း " လုကျိုးက ပြောလိုက်သည်။

" ... "

ယွီရှန်းရုန်က အနည်းငယ် အံ့အားသင့်သွားမိ၏။ သို့သော်လည်း သူက ရှစ်စွင်း၏ အကြည့်ကို မြင်သည့်အခါ အသက်ရှည်ဓားကို ထုတ်ပေးရုံမှအပ ရွေးချယ်စရာ မရှိပေ။ ထို့နောက် သူက ဒူးတစ်ဖက် ထောက်ကာ ဓားကို ရိုရိုကျိုးကျိုး လက်နှစ်ဖက်ဖြင့် ပေးလိုက်သည်” ကျွန်တော် အမှားလုပ်မိပါတယ်။ မတော်တဆ အသက်ရှည်ဓားကို ပျက်စီးအောင် လုပ်မိသွားတယ်”

လုကျိုးက တည်တည်ငြိမ်ငြိမ် ကျန်ရှိနေ၏။

တစ်ဖက်တွင် ယွီကျန့်ဟိုင်က အနည်းငယ် အံ့အားသင့်နေမိသည်။ သူက အာ့ရှစ်တိအကြောင်း ကောင်းကောင်းသိထားပြီး ထိုဓားက မည်မျှအရေးကြီးကြောင်းလည်း သိထားသည်။ ပြန်လာသည့် လမ်းတစ်လျှောက်တွင် သူ့အာ့ရှစ်တိ၏ မျက်နှာအထက် ဝမ်းနည်းသည့် အရိပ်အမြွက်ကို မမြင်ခဲ့ရပေ။ သူက သက်ပြင်းချလိုက်၏။

လုကျိုးက ပြောလိုက်သည်” ပြောစမ်းပါအုံး "

ယွီရှန်းရုန်က ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည်ပြောပြလိုက်၏။ သူက တစ်ဖက်ကန်း အမျိုးသားအကြောင်း ပြောစဥ် လုကျိုးနှင့် ယွီကျန့်ဟိုင်တို့က မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့က အနီရောင်ကြာနယ်မြေတွင် ရွှေရောင်ကျင့်ကြံသူဖြင့် တွေ့ဆုံသည်ကို အံ့ဩမိမည် မဟုတ်ပေ။ အကြောင်းမှာ ဤနယ်မြေနှစ်ခုကြား လမ်းကြောင်းတစ်ခု ရှိနေပြီး ရထားလုံးပျံ၊ ရေလွန်းနှင့် တခြားသော ကူးသန်းသွားလာရေး နည်းလမ်းများဖြင့် ဆက်နွယ်ထားသည်။ သို့သော်လည်း ခရမ်းရင့် စွမ်းအား ပေါ်ထွက်လာမှုက သူတို့ကို သတိတကြီး ဖြစ်သွားစေ၏။

" တစ်ဖက်ကန်း အမျိုးသားရဲ့ ကျင့်ကြံဆင့်က သာမန်ပဲ။ ဒါပေမဲ့ သူ့ရဲ့ တိုက်ကွက်တွေက အတော်လေးကို ထူးဆန်းတယ်။ ကျွန်တော်တို့တွေ တိုက်ခိုက်တုန်းက ကျွန်တော် သတိလက်လွတ် ဖြစ်သွားတယ်။ သူက ပြိုင်ဘက်ကင်းအဆင့် လက်နက်ကို သုံးပြီးတော့ ကျွန်တော်ရဲ့ အသက်ရှည်ဓားကို ပျက်စီးအောင် လုပ်ခဲ့တယ်”

" ပြိုင်ဘက်ကင်းအဆင့် လက်နက်လား "

ယွီရှန်းရုန်က ပြန်ဖြေမည့်အစား သူ့အိတ်ကပ်ထဲမှ ပစ္စည်းငယ်လေး တစ်ခုကို ထုတ်ယူလိုက်၏။

ထိုတိုက်ပွဲအတွင်း မှောင်မဲလွန်းနေသည့်အတွက် ယွီရှန်းရုန်က သေချာမမြင်ခဲ့ရပေ။ ယခုသူက သေချာကြည့်ကြည့်သည့်အခါ ထိုအရာက ကျောက်တုံးနှင့်တူပြီး အာရုံဖမ်းစားဖွယ် မကောင်းလှပေ။

သို့သော်လည်း ထိုအရာမှ ထုတ်လွှင့်နေသည့် ခပ်ဖျော့ဖျော့ အလင်းရောင်က လုကျိုး၏ အာရုံကို ဖမ်းစားသွားခဲ့၏။ သူက လက်ဝှေ့လိုက်သည့်အချိန် ထိုပစ္စည်းက သူ့လက်ဖဝါးထဲ ကျရောက်လာသည်။

" တင် မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးကို ရရှိပါတယ်။ ပြိုင်ဘက်ကင်းအဆင့် လက်နက်ကို အဆင့်မြှင့်တင်ဖို့အတွက် သုံးနိုင်ပါတယ်”

(မှတ်ချက် ပြိုင်ဘက်ကင်းအဆင့်လက်နက်ကို အဆင့်မြှင့်တင်ဖို့အတွက် မီးတောက် စိတ်ဝိညာဥ်ကျောက်တုံး သုံးတုံး လိုအပ်ပါတယ် )

မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးလား...

လုကျိုးက သူ့ကနဦးချီကို လှည့်ပတ်လိုက်၏။

မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးက ပိုမိုတောက်ပလာသည်။

မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးကို လက်နက်အဖြစ် အသုံးပြုနိုင်ပြီး ပြိုင်ဘက်ကင်းအဆင့် လက်နက်ကို အဆင့်မြှင့်တင်ရာတွင်လည်း အသုံးပြုနိုင်သည်။

ယွီရှန်းရုန်က အင်မတန် ကံကောင်းလှ၏။

" ရှစ်စွင်း ဒါက ဘာလဲဆိုတာ သိလား " ယွီကျန့်ဟိုင်က သိချင်စွာဖြင့် မေးလိုက်သည်။

လုကျိုးက ခေါင်းညိတ်လိုက်ပြီးသည့်နောက် မုတ်ဆိတ်သပ်ကာ ပြောလိုက်၏” ဒီဟာအကြောင်းကို ကြားဖူးတယ်။ ဒါက ပြိုင်ဘက်ကင်းအဆင့် အသုံးပြုပစ္စည်းတွေကို အဆင့်မြှင့်ဖို့ အသုံးပြုနိုင်တယ်။ ပြိုင်ဘက်ကင်းအဆင့် လက်နက်တွေက ရှားပါးတယ်။ ဒီမီးတောက် စိတ်ဝိညာဥ်ကျောက်တုံးက သူတို့ကို အဆင့်မြှင့်တင်ပေးနိုင်တယ်။ ဒီကျောက်တုံးက တကယ့်ကို ရတနာကောင်းပဲ”

ယွီကျန့်ဟိုင်က အံ့အားသင့်သွားမိ၏။ သူက ယွီရှန်းရုန်၏ ပခုံးကို ရိုက်ကာ ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်” အာ့ရှစ်တိ မင်းက အတော်လေးကံကောင်းတာပဲ။ မင်းရဲ့ ဓားက ကျိုးသွားပေမဲ့ ကောင်းကင်ဘုံက မင်းကို မမျှမတ မဆက်ဆံပါဘူး။ ကောင်းကင်အဆင့်လက်နက်က ဘာမှမဟုတ်ဘူး။ မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးနဲ့ဆိုရင် မင်းက မကြာခင် မိစ္ဆာဝေဟင်မျှော်နန်းမှာ လွှမ်းမိုးအဆင့် လက်နက်ရောက်ရှိတဲ့ တစ်ဦးတည်းသောသူ ဖြစ်လာမှာပဲ”

သို့သော်လည်း ယွီရှန်းရုန်က သူ့အသက်ရှည်ဓားကို ထုတ်လိုက်ပြီး ပြောလိုက်သည်” မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးက ရတနာကောင်းဆိုရင် ရှစ်စွင်းကို ပေးပါ့မယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ”

ထိုအရာကို ကြားပြီးသည့်နောက်တွင် ယွီကျန့်ဟိုင်က အသိပြန်ကပ်လာပြီး အလျင်အမြန် ပြောလိုက်သည်။ ” ဟုတ်တယ် ဟုတ်တယ်။ မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးက ရတနာကောင်းဆိုတော့ ရှစ်စွင်းကို ပေးသင့်တယ်”

လုကျိုးက မုတ်ဆိတ်သပ်လိုက်ပြီးနောက် ခေါင်းခါကာ " မင်းရဲ့ စိတ်ကိုပဲ လက်ခံပါ့မယ်။ ဒါက မင်းရဲ့အသက်ကို စတေးပြီးတော့ ရလာတဲ့အရာဆိုတော့ မင်းဘာသာမင်း ထိန်းသိမ်းထားသင့်တယ်။ အသက်ရှည်ဓားအတွက်တော့ ပျက်စီးသွားတာကို ဘာမှစိတ်ပူစရာ မလိုဘူး။

အခုအရေးကြီးဆုံးက မင်းရဲ့ စိတ်နှလုံးသားကို ငြိမ်အောင် ထိန်းထားဖို့ပဲ။ ငါတို့တွေ နောင်ကျရင် ပြန်လည်ဖန်တီးမဲ့ နည်းလမ်းကို ရှာကြတာပေါ့”

ထို့နောက် သူက မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးကို ယွီရှန်းရုန်ဆီ ပြန်ပစ်ပေးလိုက်သည်။

ယွီရှန်းရုန်က မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးကို ဖမ်းလိုက်၏။ သူက သူ့ရှစ်စွင်း၏ စကားကြောင့် စိတ်လှုပ်ရှားမိသွားသည်” ရှစ်စွင်းကို ကျေးဇူးတင်ပါတယ် "

" မင်း ပြောတဲ့ ကျောက်တောအုပ်က အတော်လေးတော့ သံသယဖြစ်ဖို့ ကောင်းတယ်။ တကယ်လို့ အချိန်ရှိတယ်ဆိုရင် မင်း ပုံဆွဲပြီးတော့ ချီရှစ်တိကို လေ့လာခိုင်းလိုက်။ အဲဒါအပြင် မင်းက ကျောက်တောအုပ်ထဲမှာ ဓားလမ်းစဥ်အသစ်ကို ကျွမ်းကျင်ခဲ့တာကိုလည်း ဝမ်းသာသင့်တယ်။ မင်းရဲ့ အသက်ရှည်ဓားကို ပြိုင်ဘက်ကင်းအဆင့် လက်နက်အဖြစ် ဘာလို့ပြောင်းမပေးတာလဲဆိုတာ သိလား”

ယွီရှန်းရုန်က သူ့ရှစ်စွင်းကို ကြည့်လိုက်၏။ သူက ရုတ်ခြည်းဆိုသလို သဘောပေါက်သွားကာ " ရှစ်စွင်းရဲ့ စဥ်းစားပေးမှုကို မှတ်ထားပါ့မယ်”

" မင်းက အသက်ရှည်ဓားအပေါ် မှီခိုလွန်းတယ်။ အဲဒါက မင်းရဲ့ ဓားလမ်းစဥ်မှာ အဟန့်အတား ဖြစ်လာပြီ။ မင်းက ကောင်းကင်ဘုံသားတော်ရဲ့ ဓားလမ်းစဥ်ကို နားလည်နေပေမဲ့ ဓားမဲ့လမ်းစဥ်နဲ့ တည်ငြိမ်မု အနှောင့်အယှက် လမ်းစဉ်လည်း ကျန်သေးတယ်။ ကျင့်ကြံရေးလမ်းစဥ်က ရှည်လျားတယ်။ မင်းကိုယ်မင်း စိတ်ကြီးမဝင်သင့်ဘူး” လုကျိုးက ပြောလိုက်၏။

" ကျွန်တော် နားလည်ပါပြီ။ သင်ပြပေးတဲ့အတွက် ရှစ်စွင်းကို ကျေးဇူးတင်ပါတယ်”

" တင် ယွီရှန်းရုန်ကို သင်ကြားပြသတဲ့အတွက် ကုသိုလ်ရမှတ် ၂၀၀ ရရှိပါတယ်။ သင်ပြသူအပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၃၀၀ ရရှိပါတယ်”

ယွီကျန့်ဟိုင်က ပြုံးကာ ပြောလိုက်၏” အာ့ရှစ်တိ ရှစ်စွင်းက မင်းကို အများကြီးစဥ်းစားပေးထားတာ "

လုကျိုးက ယွီကျန့်ဟိုင်ကို ကြည့်ကာ " မင်းအတွက်လည်း တူတူပါပဲ "

ထိုအကြည့်၊ ထိုအငွေ့အသက်၊ ထိုသဘောထား...

သူ့ရှစ်စွင်းကို သူ့ကို ရေနဂါးတေးသံကို ကျွမ်းကျင်ပြီလားဟု မေးနေဟန် ပေါ်၏။ သူ့ရှစ်စွင်းက မေးနေမှန်း သိသာလှရာ ယွီကျန့်ဟိုင်က အလျင်အမြန် ဒူးတစ်ဖက်ထောက်လိုက်ပြီး " ရှစ်စွင်းရဲ့ သင်ကြားပြသမှုကို မှတ်ထားပါ့မယ်။ ကျွန်တော် တတ်နိုင်သမျှ မြန်မြန် ရေနဂါးတေးသံကို ကျွမ်းကျင်အောင် လုပ်ပါ့မယ်”

" တင် ယွီကျန့်ဟိုင်ကို သင်ကြားပြသပေးတဲ့အတွက် ကုသိုလ်ရမှတ် ၂၀၀ ရရှိပါတယ်။ သင်ကြားသူ ဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၃၀၀ ရရှိပါတယ်။ ထာဝရစံပြအပိုဆုလာဘ် ကုသိုလ်ရမှတ် ၃၀၀ ရရှိပါတယ်”

လုကျိုးက စနစ်၏ အသိပေးချက်များကို ကြားသည့်အခါ သူ့တပည့်နှစ်ဦး၏ အသိပေးချက်အကြား ကွာခြားမှုကို စဥ်းစားနေမိသည်။ ယွီကျန့်ဟိုင်၏ ဆုလာဘ်က ထာဝရစံပြ အပိုဆုလာဘ် ပါရှိသော်လည်း ယွီရှန်းရုန်ကမူ မရှိပေ။ ခဏအကြာတွင် သူက အသုံးပြုပစ္စည်းတစ်ခုကို ဝယ်ယူကာ ရေနဂါးတေးသံကို ယွီကျန့်ဟိုင်ဆီ သရုပ်ပြခဲ့ကြောင်း အမှတ်ရသွားသည်။

ငါ တည်ငြိမ်မှု အနှောင့်အယှက်ကို လောင်အာ့အတွက် သရုပ်ပြရမလား...

ထိုစဥ် ယွီရှန်းရုန်က ပြောလိုက်သည့်အတွက် လုကျိုးက အသိပြန်ကပ်လာသည်” ရှစ်စွင်း ကျီလျန့်က အပြင်ဘက်မှာ စောင့်နေတယ်။ သူက အသက်ဓာတ် ပြန်လည်ဖြည့်တင်းနိုင်တဲ့ စွမ်းရည်ပိုင်ဆိုင်ထားပုံပဲ”

" အသက်ဓာတ် ပြန်လည်ဖြည့်တင်းတာလား " လုကျိုးက စဥ်းစားလိုက်၏။

" ဟုတ်ပါတယ်။ ဒါပေမဲ့ သူ့စွမ်းရည်ကို အသုံးပြုပြီးတိုင်း နားဖို့ လိုတယ်လို့ ထင်တယ်”

လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်၏” ကောင်းပြီ။ ခန်းမနောက်က တောအုပ်ထဲမှာ သူ့ကို ပြန်လည်အားဖြည့်ခိုင်းလိုက်မယ်”

" ဟုတ်ကဲ့ "

လုကျိုး သိထားသလောက် စီးတော်သားရဲတိုင်းစီတွင် ထူးခြားသည့် စွမ်းရည် ရှိထားကြသည်။ နတ်ခြင်္သေ့က မင်္ဂလာကောင်းချီး မိုးကို ဆင့်ခေါ်နိုင်၏။ သူက နတ်ဆရာနှင့် ရင်ဆိုင်ရသည့်အခါ ထိုစွမ်းအင်ကို အသက်သွင်းခဲ့သည်။ ပိအန်းကမူ အနံ့ခံနိုင်နှုန်းက အင်မတန် စူးရှပြီး ကြမ်းတမ်းခက်ထန်လှသည်။ ထိုစွမ်းရည်က ယွီကျန့်ဟိုင်နောက် လိုက်လံရှာဖွေစဥ်အခါက ပြသခဲ့၏။

ကျီလျန့်၏ အသက်ဓာတ် ပြန်လည်ဖြည့်တင်းသည့် စွမ်းရည်က ယွီရှန်းရုန် အန္တရာယ် ရောက်သည့်အခါတွင် ပေါ်ထွက်လာခဲ့သည်။

အဲ့ဆို ချုံးချီနဲ့ တာ့ကန်ရော ဘယ်လိုလဲ။

ချုံးချီက လက်ရှိ မင်ရှစ်ရင်နှင့်အတူ ရှိနေ၍ မင်ရှစ်ရင်နှင့် ဆက်နွယ်မှုတစ်ခု ရှိနေဟန်ပေါ်သည်။

ချုံးချီရဲ့စွမ်းရည်က ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်စွမ်းရည်များ ဖြစ်နေမလား။...

တာ့ကန်အတွက်မူ မရောက်ရှိသေးသည့်အတွက် ဘာပြောရမှန်းမသိသေးပေ။

ထိုစဥ် အခန်းအပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။

" လုချန်းပေ့ ကောင်းကင်သိုင်းပညာခုံရုံးက လူတွေ ရောက်လာပါပြီ "

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။

လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်ပြီး " နောက်ဆုံးတော့ သူတို့တွေ ဒီရောက်လာပြီ "

" သွားကြစို့ "

သူ့တပည့်နှစ်ယောက်က ခေါင်းညိတ်လိုက်၏။

...

တိမ်တိုက်ရင်ပြင်ပေါ်၊ တိမ်တိုက်တောင်ထိပ် ၁၂ခုရှေ့ မီတာ ၁၀၀၀ အကွာတွင်

အင်မတန် ကြီးမားကာ ခမ်းနားကြီးကျယ်သည့် ရထားလုံးပျံတစ်ခုက အကာအရံအပြင်ဘက်ဆီ ဖြည်းဖြည်းချင်း ပျံသန်းလာနေသည်။ ထိုအရာက ပေ ၁၀၀၀ မြင့်မားပြီး ပေ ၁၀၀ ရှည်လျားကာ ပေ ၁၀၀ ကျယ်ဝန်း၏။ ထိုအရာက ရွက်လှေငယ်နှင့်တူနေသည်။ အလံကို ရထားလုံးပေါ်တွင် ပြသထားပြီး တပ်သားများက ကုန်းပတ်ပေါ်တွင် အစီအရီ ရှိနေသည်။ သူတို့၏ လှုပ်ရှားမှုများက ဟိတ်ဟန်ကြီးလှသည်။

ဧရာမ ရထားလုံးကြီးက တိမ်တိုက်တောင်၏ ၁၂ဂိုဏ်း၏ ပိုင်နက်အတွင်း ဖြည်းဖြည်းချင်း ဝင်ရောက်လာသည်။ တိမ်တိုက်ရင်ပြင်အပေါ် ရောက်ရှိသည့်အခါ လေထုထဲ အသံတစ်သံ ကြားလိုက်ရ၏။

" တိမ်တိုက်တောင်ရဲ့ နျဲ့ချင်းယွင် … မင်းက အရှင်မင်းကြီးကို လာရောက် မကြိုဆိုဘူးလား "

…

အခန်း ( ၈၁၅ ) လုချန်းပေ့ စကားပြောလေပြီ

အသံက စူးရှပြီး ကျယ်လောင်၏။ ၎င်းသည် ကြည်လင်သော အသံဖြင့် တောင်ထွတ်ဆယ့်နှစ်ခုဆီကို ပျံ့နှံ့သွားသည်။ အတွင်းနန်းဆောင်မှ သိုင်းပညာရှင် တစ်ယောက်သာလျှင် ထိုကဲ့သို့ အားကောင်းသည့် အသံစွမ်းအင်ကို သုံးနိုင်သည်။

တိမ်တိုက်တောင် ဆယ့်နှစ်ဂိုဏ်း၏ အကြီးအကဲများနှင့် တပည့်များက လျင်မြန်စွာ ထွက်လာကြသည်။

နျဲ့ချင်းယွင်က ခန်းမထဲမှ အမြန်ထွက်လာပြီး သူ၏ ပတ်ဝန်းကျင်ကို စစ်ဆေးပြီးနောက် ပြောလိုက်သည်။

“ လုချန်းပေ့ကို အမြန်သွားခေါ် မြန်မြန် “

“ လုချန်းပေ့ကို အကြောင်း ကြားပြီးပါပြီ။ သူမကြာခင် ရောက်လာမှာပါ “

“ ကောင်းတယ် “

နျဲ့ချင်းယွင်သည် သူ၏အဝတ်အစားကို သေသပ်အောင်ပြင်ပြီး တင်းမာ ခက်ထန်စွာ ပြောလိုက်၏။

“ ဧကရာဇ်ကို ဆီးကြိုဖို့ ငါနဲ့အတူ လိုက်ခဲ့”

အကြီးအကဲများနှင့် ပင်မတပည့်များသည် တညီတညွှတ်တည်း ဦးညွှတ်လိုက်၏” နားလည်ပါပြီ “

သူတို့သည် တိမ်တိုက်စင်မြင့်ဆီသို့ ပျံသန်းသွား၏။ သူတို့ စင်မြင့်ပေါ် ဆင်းသက်ပြီးနောက် သူတို့ လူဖြန့်လိုက်ကြသည်။

ဧရာမ ရထားလုံးက တိမ်တိုက်ပေါ် ရင်ပြင်ပေါ်၌ ပျံဝဲနေသေးဆဲ ရှိသည်။

ထိုစဉ် နျဲ့ချင်းယွင်က ကျန်သည့်သူများကို ဦးဆာင်လျက် ကျယ်လောင်စွာ နူတ်ခွန်းဆက်လိုက်သည်။

“ နျဲ့ချင်းယွင်က အရှင်မင်းကြီးကို ကြိုဆိုပါတယ် “

နျဲ့ချင်းယွင်သည် ဧကရာဇ်ကိုယ်တိုင် လာလည်မည်ဟု မထင်ထားပေ။ တကယ်တော့ သူသည် နန်းတော်နှင့် အပေးအယူလုပ်ရမှာကို သဘောမကျပေ။ လွန်ခဲ့သည့် နှစ်များ၌ နန်းတော်သည် ကြယ်ပျံအိမ်တော်ကနေ တိမ်တိုက်တောင်ဆီ လက်ဆန့်ရန် ကြိုးစားခဲ့သည်။ လတ်တလော၌ သူတို့သည် တိမ်တိုက်တောင်ကို အမြစ်ဖြတ် သုတ်သင်လုနီးပါး ဖြစ်ခဲ့သည်။

ရထားလုံးထဲတွင် နဂါးဝတ်ရုံဖြင့် ဧကရာဇ်လေးက လက်နောက်ပစ်ထားလျက် ရထားလုံးပျံ အစွန်း၌ ရပ်နေကာ တိမ်တိုက်တောင်ကို ငုံ့ကြည့်လိုက်၏။

“ ဒါက တိမ်တိုက်တောင်လား “

ဧကရာဇ်လေးနောက်ရှိ လူမှ ပြုံးပြီး ပြောလိုက်သည်” အရှင်မင်းကြီး ဒါက တိမ်တိုက်တောင်ပါ “

ဧကရာဇ်လေး လီယွင်ကျန်းက ခေါင်းညိတ်ပြီး ပြောလိုက်တော့သည်” မောင်မင်းသာ ငါ့ကို မပြောရင် ဒီဟာက ငါကိုယ်တော့်မြေရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာ ယုံရဲမှာ မဟုတ်ဘူး “

လီယွင်ကျန်းနှင့် လိုက်ပါလာသည့် သူက တာ့ထန်၏ မဟာမိသားစုများထဲမှ တစ်စုဖြစ်သည့် ဝမ်မိသားစုထဲမှ ဝမ်ရှစ်ကျုံးပဲ ဖြစ်သည်။ ဝမ်ရှစ်ကျုံးက ရာထူးမြင့်ပြီး တော်ဝင်ခုံရုံး၌ လက်အောက်ခံများစွာ ရှိသည်။ သူ၌ နက်နဲသော ကျင့်ကြံဆင့်လည်း ပိုင်ဆိုင်ထား၏။ လွန်ခဲ့သည့် နှစ်တစ်သန်းကျော်၌ ဝမ်မိသားစုသည် တာ့ထန်၌ မဟာမိသားစုများထဲမှ တစ်စု ဖြစ်လာခဲ့သည်။ ယခင် ဧကရာဇ်တောင် ဝမ်မိသားစုကို အဆင်အခြင်မဲ့ မဆန့်ကျင်ရဲလေရာ ပံ့ပိုးသူမရှိ လီယွင်ကျန်းဆို ပြောစရာ မရှိပေ။ သူကဲ့သို့ လူတစ်ယောက်က လီယွင်ကျန်း ပြောစကားများ၏ သွယ်ဝိုက်ပြောဆိုမှုကို မည်ကဲ့သို့ လွတ်သွားပါမည်နည်း။ သူက လက်ဝှေ့ရမ်းလျက် ပြောလိုက်သည်။

“ တစ်မိုးအောက်က မြေအားလုံးက အရှင့်အပိုင်ပါပဲ အရှင်မင်းကြီး။ နှိမ့်ချနေဖို့ မလိုပါဘူး။ အရှင်မင်းကြီး နျဲ့ချင်းယွင် စောင့်နေပါတယ် “

လူများစွာ ပေါ်လာ၏။ သူတို့သည် ဝမ်မိသားစု၏ အရည်အချင်း ရှိသော လက်အောက်ငယ်သားများ ဖြစ်သည်။

ကျင့်ကြံသူ ထောင်ချီက ရထားလုံးပျံ၏ ဘေးတစ်ဖက်တစ်ချက် ဆီ၌ ရှိနေကြသည်။ သူတို့ထဲမှ တစ်ဝက်က ကောင်းကင်သိုင်းခုံရုံးမှ ဖြစ်ပြီး ကျန်တစ်ဝက်သည် နန်းတော်မှ ဖြစ်သည်။

ခမ်းနားလိုက်တဲ့ စုဝေးမှုပဲ။

လီယွင်ကျန်းသည် တိမ်တိုက်ရင်ပြင်၌ ဦးညွှတ်နေသော နျဲ့ချင်းယွင်ကို တစ်ချက် လှည့်ကြည့်ပြီး ပြောလိုက်သည်” ထစေ ”

နျဲ့ချင်းယွင်နှင့် ကျန်သည့်သူများက ကျောမတ်လျက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ထိုစဉ် လီယွင်ကျန်းဘေးရှိ ကောင်းကုန်းကုန်းက ပြောလိုက်၏” အရှင်မင်းကြီး ကျွန်တော်မျိုး လိုက်ပို့ပေးပါ့မယ် “

သူသည် လီယွင်ကျန်း၏ လက်ကို ကိုင်လျက် နှေးကွေးသော အရှိန်ဖြင့် သူ့ကို အောက်သို့ ခေါ်သွားလိုက်သည်။ ဝမ်ရှစ်ကျုံးက လှည့်ကြည့်လိုက်လေ၏။ မိန်းကလေးတစ်ယောက်က ခေါင်းပြူထွက်လာသည်” အဖေ ဒါ ပျော်စရာကြီး “

“ ရှုအာ သိက္ခာ ရှိရှိနေ “ ယောက်ျားလေး တစ်ယောက်ကဲ့သို့ ဝတ်စားထားသည့် မိန်းကလေးက ဝမ်ရှစ်ကျုံး၏ သမီး ဝမ်ရှု ဖြစ်သည်။

“ သမီး သိပါပြီ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါက တိမ်တိုက်တောင်ပဲ။ အားလုံးကို အလွယ်တကူ ဖြေရှင်းနိုင်တာပဲ “ ဝမ်ရှုက ပြောလိုက်လေ၏။

“ ထူးကဲတဲ့ အခြေအနေ တစ်ချို့ရှိတယ်။ အဲ့ဒီ မိစ္ဆာအိုကြီး ယွီရှန်းရှုက ဒီကို မလာချင်ဘူး။ ဒါကို ဖြေရှင်းဖို့ ငါနဲ့အတူ မလာချင်ဘူး။ ငါ့ရဲ့အမြင်မှာ ဘာမှ ကောင်းတာ ရှိမှာ မဟုတ်ဘူး။ အဖေတို့ ဒီရောက်လာပြီဆိုတော့ ပြသနာ မရှာတာ ပိုကောင်းလိမ့်မယ် “ ဝမ်ရှစ်ကျုံးက တင်းမာစွာ ပြောလိုက်သည်။

“ စိတ်မပူနဲ့ စိတ်မပူနဲ့ သမီးမလုပ်ဘူး “

ဟီး

ထိုစဉ် မြင်းဟီသံက အဝေးကနေ ပေါ်ထွက်လာ၏။

ရထားလုံးပျံနား ရပ်နေသော ဝမ်ရှုသည် အသံလားရာဘက်ကို လှည့်ကြည့်ပြီး တောင်ထွတ်များထဲမှ တစ်ခုဆီမှ ဤနေရာသို့ ပျံသန်းလာသည့် ခံ့ညားသော မြင်းတစ်ကောင်ကို ချက်ချင်း တွေ့လိုက်သည်။ မြင်းသည် အဖြူရောင် သားမွေး၊ အနီရောင် လည်ဆံမွေး၊ ရွှေရောင် မျက်လုံးတို့ဖြင့် အင်မတန် မျက်စိ ဖမ်းစားနိုင်စွမ်းရှိသည်။ သူမက စိတ်အားထက်သန်စွာ ပြောလိုက်၏။

“ အဖေ သမီးရဲ့ မြင်း အဲဒါ သမီးရဲ့ မြင်းပဲ “

ရထားလုံးပျံသည် ခံ့ညားသော ရှုထောင့်ကို ထောက်ပံ့ပေး၏။ သူတို့သည် တောင်ထွတ် ဆယ့်နှစ်ခုလုံးကို မြင်နိုင်သည်။

ဝမ်ရှစ်ကျုံး၌ နက်နဲသော ကျင့်ကြံစဉ် ရှိ၏။ ထိုကြောင့် တစ်မူထူးကဲသော မြင်းကို မြင်တွေ့ဖို့ လွယ်ကူသည်။ သူက စိတ်ရှုပ်ထွေးစွာ ပြောလိုက်လေ၏” သမီးရဲ့ မြင်းလား “

ဝမ်ရှုက ပြောလိုက်သည်” အဖေ အဲဒီအကြောင်းကို မသိတာ။ ဒါပေမဲ့ ဝမ်ထော်နဲ့ တခြားသူတွေက ကမ်းခြေကို သွားတုန်း မြင်းရိုင်းတစ်ကောင် ရှာတွေ့လာတယ်။ သူတို့တွေက ဒုက္ခခံဖမ်းလာပြီးမှ သမီးဆီ ပေးလိုက်တာ “

“ ဒါဆို ဒီမှာ ဘာကြောင့် ရှိနေတာလဲ “ ဝမ်ရှစ်ကျုံးက မျက်မှောင် ကျုံ့လိုက်၏။

ဝမ်ရှုက ခေါင်းငုံ့လျက် မဝံ့မရဲ ပြောလိုက်သည်” သမီးလည်း စီးဖို့အတွက် အဲဒါကို ခေါ်လာချင်တာ။ ဒါပေမဲ့ အဲ့ဒီတိရစ္ဆာန်က အပြည့်အဝ မယဉ်ပါးသေးပဲ ထွက်ပြေး သွားလိမ့်မယ်ဆိုတာ ဘယ်သူ သိမှာလဲ“

“ မင်း “ ဝမ်ရှစ်ကျုံးက သူ၏ ခေါင်းကို သာသာလေး ခေါက်လိုက်လေ၏။

“ အဖေ အဲဒါက ရှားပါး မျိုးသန့်မလို့ သူ့ကို ပြန်ယူဖို့ ကူညီပေးရမယ် အဖေ “ ဝမ်ရှုသည် ရှေ့တိုးလျက် ဝမ်ရှစ်ကျုံး၏ လက်မောင်းကို ဆွဲယူကာ ချွဲ့နွဲ့စွာ ပြောလိုက်လေ၏။

“ သမီးကို အဖေ အလိုလိုက်တာ များနေတာပဲ။ ကောင်းကောင်းမွန်မွန် ပြုမူ။ ဒီနေ့ အရှင်မင်းကြီးနဲ့ ရောက်လာတာ။ မဟုတ်ရင် သုံးရက် အကျယ်ချုပ်ထားလိုက်မယ် “

“ သိပါပြီ သိပါပြီ “

ပြီးနောက် ဝမ်ရှစ်ကျုံးသည် ဝမ်မိသားစု၌ သူအယုံကြည်ရဆုံး သမီးကို တိမ်တိုက်ရင်ပြင်ဆီသို့ ခေါ်လာလေ၏။ ပြီးနောက် သူတို့သည် လီယွင်ကျန်း နောက်၌ ဆင်းသက်လိုက်သည်။

မကြာမီ၌ ကျင့်ကြံသူ သုံးရာကျော်က တိမ်တိုက်ရင်ပြင်ဆီသို့ ဆင်းသက်လိုက်၏။

လီယွင်ကျန်းက နျဲ့ချင်းယွင်ကို ကြည့်ပြီး ယဉ်ကျေးစွာ မေးလိုက်သည်။

“ ခင်ဗျားက တိမ်တိုက်တောင်ရဲ့ ဂိုဏ်းချုပ် နျဲ့ချင်းယွင်လား “

နျဲ့ချင်းယွင်က ပြန်ပြောလိုက်၏” မှန်ကြောင်းပါ။ ကျုပ်က နျဲ့ချင်းယွင်။ တိမ်တိုက်တောင် ဆယ့်နှစ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ “

လီယွင်ကျန်းဘေး၌ ကောင်းကုန်းကုန်းက ရယ်မောပြီး ပြောလိုက်သည်။

“နျဲ့ချင်းယွင် အရှင်မင်းကြီးကို ကြိုဆိုဖို့ မင်းတစ်ယောက်ပဲ ဒီလာတာလား “

နျဲ့ချင်းယွင်က လှည့်ကြည့်လိုက်ရာ နဝမဘုံကျောင်း၏ ဂိုဏ်းသားများ ဤနေရာတွင် မရှိကြောင်း သတိပြုမိလိုက်သည်။ မိုးမခတစ်ထောင် ဘုရားကျောင်းမှ အဖွဲ့သားများက နောက်ကျမှ ရောက်လာ၏။

ရှားချန်းချိုးနှင့် ထျန်းပုကျီတို့ တိမ်တိုက်ရင်ပြင်ပေါ် ရောက်လာသောအခါ သူတို့သည် ဧကရာဇ်ကို နူတ်မဆက်ခဲ့ပေ။ ထိုအစား သူတို့သည် လုကျိုးရှိရာ တောင်ထွတ်ကို မော့ကြည့်လိုက်၏။

ကောင်းကုန်းကုန်းက ဝေဖန်ကဲ့ရဲ့သော လေသံဖြင့် ခက်ထန်စွာ ပြောလိုက်သည်” မင်းတို့တွေက အရှင်မင်းကြီးကို နှုတ်မဆက်တော့ဘူးလား “

ရှားချန်းချိုး၊ ထျန်းပုကျီ၊ ဝေဝေနှင့် ကျီဖုန်းရှင်းတို့က ထိတ်လန့်၊ အံ့အားသင့်သွား၏။

သို့သော် လီယွင်ကျန်းက မျက်မှောင်ကျုံ့လျက် ပြောလိုက်သည်” ဒီလို အသေးအမွှားကိစ္စကို အဲ့လောက်ထိ လုပ်နေစရာ မလိုဘူး “

သူသည် ကောင်းကုန်းကုန်းက သူ့လက်ထဲ၌ ကိစ္စရပ်များကို ကိုင်တွယ်ပုံကို အမြဲတစေ မုန်းတီးနေတာ ဖြစ်သည်။ အထူးသဖြင့် ယခုကဲ့သို့ အခြေအနေမျိုးတွင် ဖြစ်သည်။ ကောင်းကုန်းကုန်းသည် သူ့ရင်ထဲ၌ ဆူးတစ်ချောင်း ဖြစ်ခဲ့တာ ကြာလေပြီ။ သို့သော် ရုပ်သေးကံကြမ္မာကနေ လွတ်မြောက်ရန် စွမ်းအား ကင်းမဲ့နေသည်။

ဝမ်ရှစ်ကျုံးက ရှေ့တိုးပြီး ကျယ်လောင်စွာ ပြောလိုက်၏” ကျုပ် လက်မခံပါဘူး အရှင်မင်းကြီး။ အုပ်စိုးသူနှင့် အရပ်သားတွေက ကိုယ့်နေရာ ကိုယ်စီ ရှိကြတယ်။ ကျင့်ဝတ်ကို သွေဖည်ပြီး နေလို့ မရပါဘူး “

လီယွင်ကျန်းက ဝမ်ရှစ်ကျုံးကို ကြည့်ပြီး ဆိတ်ဆိတ်သာ နေလေသည်။

ထိုစကားများကို ကြားသောအခါ နျဲ့ချင်းယွင်က ပြောလိုက်သည်။

“ လုချန်းပေ့ ဒီကို မကြာခင် ရောက်လာမှာ။ ဘုရားကျောင်းသခင်ရှားက လုချန်းပေ့ကို စောင့်နေတာ။ သူတို့တွေ ပြီးမှ နူတ်ဆက်လိမ့်မယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ အရှင်မင်းကြီး “

လီယွင်ကျန်းက ခေါင်းညိတ်လိုက်၏” ဇာချဲ့နေဖို့ မလိုပါဘူး။ ငါက ဒီလောက် မသေးသိမ်ဘူး “

ဝမ်ရှစ်ကျုံးက ရှားချန်းချိုးနှင့် ကျန်သည့်သူများကို ကြည့်ပြီး ပြောလိုက်၏” အရှင်မင်းကြီးကို ကျေးဇူးမတင်တော့ဘူးလား “

လီယွင်ကျန်း “ ………..”

နျဲ့ချင်းယွင်သည် ဧကရာဇ်၏ အနေအထားကို နားလည်၏။ သူက အမြန် အကြောင်းအရာ ပြောင်းပြီး ပြောလိုက်လေ၏” ဒီကို ဘာအကြောင်းကြောင့် ရောက်လာတာလဲ အရှင်မင်းကြီး “

သို့သော် လီယွင်ကျန်း ပြန်မပြောနိုင်သေးခင် ဝမ်ရှစ်ကျုံးက ပြောလိုက်၏” အကြောင်းကို သိသားပဲ ဂိုဏ်းချုပ်နျဲ့ အဖြေ သိပြီးသား မေးခွန်းကို ဘာကြောင့် မေးနေတာလဲ “

နျဲ့ချင်းယွင်က ကွေ့ဝိုက်မနေတော့ပေ။ သူက ပြောလိုက်၏” ကောင်းကင်သိုင်း ခုံရုံးရဲ့ တပည့်တွေ အတွက်လား”

“ အတိအကျပဲ “

ကောင်းကုန်းကုန်းက မျက်မှောင်ကျုံ့လျက် ပြောလိုက်သည်။

“ ဂိုဏ်းချုပ်နျဲ့ ကောင်းကင်သိုင်းခုံရုံးရဲ့ မော့ပုရန်က မင်းဆီ လာလည်ခဲ့တယ်။ ဒါပေမဲ့ သူ မောင်းထုတ် ခံလိုက်ရတယ်လို့ ကြားတယ်။ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ပုန်ကန်ဖို့ ကြိုးစားနေတာလား “

နျဲ့ချင်းယွင်သည် ထိုသို့ ဖြစ်လာမည်မှန်း သိနေသည်။ သူက အမြန် ပြောလိုက်၏” ထိုင်ကြပါဦး။ လူတိုင်း ဒီရောက်နေပြီ ဆိုတော့ တိမ်တိုက်ရင်ပြင်မှာပဲ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း လုပ်ကြတာပေါ့။ ကျုပ်က တိမ်တိုက်တောင်ရဲ့ ဂိုဏ်းချုပ်ဆိုပေမဲ့ ပြောပိုင်ခွင့် မရှိဘူး”

“ ခင်ဗျားက ဒီမှာ ပြောပိုင်ခွင့် မရှိဘူးလား “ ကောင်းကုန်းကုန်းက မျက်မှောင်ကျုံ့လိုက်၏။

နျဲ့ချင်းယွင်က ပြောပိုင်ခွင့်ရှိသူ ဖြစ်ရမည်။ ရယ်စရာကောင်းသည်က ယဲ့ကျန်းရှေ့တွင် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက်တောင် ဒူးထောက်ရသည်။ အတိတ်တုန်းကသာ ဆိုလျှင် သူသည် သူပြောခဲ့သည့် လူအပေါ် မူတည်ပြီး သူ၏ သဘောထားကို ပြောင်းမှာ ဖြစ်၏။ လတ်တလော ဖြစ်ရပ်များက သူ၏ စိတ်ကို ပြောင်းလဲသွားစေ၏။ ကမ္ဘာပေါ်၌ မသေချာ မရေရာမှု များစွာ ရှိသည်။

ကြယ်ပျံအိမ်တော်၏ ယဲ့ကျန်းက တိမ်တိုက်တောင်ကို အမြစ်ပျက် သုတ်သင်ရန် ကြိုးစားခဲ့စဉ်က နျဲ့ချင်းယွင်သည် လမ်းကြောင်းပေါ် ရောက်ခဲ့ပြီ ဖြစ်၏။ ယခုအချိန်၌ သူက ရွေးရွယ်စရာ မရှိတော့ပဲ သူ့ရှေ့ရှိ ချမှတ်ထားသော လမ်းကိုသာ လျှောက်ရမည်။ ထိုအတွင်းပင် နျဲ့ချင်းယွင်က ပြောလိုက်သည်။

” ပွင့်လင်းတာ ခွင့်လွှတ်ပေးပါ။ ဒါပေမဲ့ ကျုပ်က တော်ဝင်ခုံရုံးက မဟုတ်ဘူး ။ တခြားလူ တစ်ယောက်ရဲ့ တာဝန်လို့လဲ မယူဆဘူး။ ဒါက ကျင့်ဝတ်လည်း မဟုတ်သလို ပုန်ကန်တာလည်း မဟုတ်ပါဘူး။ ကောင်းကင်သိုင်းခုံရုံးရဲ့ တပည့်တွေကို လွှတ်ပေးစေချင်တယ် ဆိုရင် ယွီရှန်းရှုကိုယ်တိုင် လာသင့်တယ်လို့ လုချန်းပေ့က ပြောလိုက်ပါတယ်။

…

အခန်း (၈၁၆) အထက်ပိုင်းကို စော်ကားမိခြင်း

လီယွင်ကျန်းနောက်တွင် ရပ်နေသည့် ကောင်းကုန်းကုန်းက ထိုအရာကို ကြားသည့်အခါ မကျေမနပ် ဖြစ်လာမိသည်။ သူက နျဲ့ချင်းယွင်ကို ပြန်လည်ချေပတော့မည့်ဆဲဆဲတွင် လီယွင်ကျန်းက လက်ကို မြှောက်လိုက်၏။

ဖြောင်း

လီယွင်ကျန်း၏ လက်က ကောင်းကုန်းကုန်း၏ မျက်နှာထက် ကျရောက်လာပြီး မြည်သံတစ်သံ ထွက်ပေါ်လာသည်။

အားလုံးက အံ့အားသင့်သွားကြ၏။

ကောင်းကုန်းကုန်းက ထိုရိုက်ချက်ကြောင့် ကြောင်အမ်းသွားဟန်ပေါ်သည်။ သူ့စိတ်နှလုံးသားမှ ဒေါသမီးတောက်က လီယွင်ကျန်း၏ လက်ဝါးချက်ကြောင့် ချက်ချင်းဆိုသလို ပျောက်ကွယ်သွား၏။ တစ်စုံတစ်ယောက်က သူ့အပေါ် ရေခဲရေပုံးလိုက် လောင်းကျလိုက်သလိုမျိုး ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ခေတ္တမျှကြာပြီးသည့်နောက်တွင် ဒေါသမီးတောက် ပြန်လည်တောက်လောင်လာသည်။

လီယွင်ကျန်းက မေးလိုက်၏” ငါက ဧကရာဇ်လား။ မင်းက ဧကရာဇ်လား”

ကောင်းကုန်းကုန်းက ချက်ချင်းဆိုသလို ဦးညွှတ်လိုက်ပြီး " အရှင်ပါ။ အရှင်ကသာ ဧကရာဇ်ပါ”

" ငါက ဒီကို အေးအေးချမ်းချမ်း ဆွေးနွေးဖို့ ရောက်လာတာ။ ပြဿနာ ရှာဖို့ မဟုတ်ဘူး။ အခု မင်းရဲ့ အပြုအမူမျိုးနဲ့ ငါ့အတွက် ဒုက္ခလာရှာနေတာလား” လီယွင်ကျန်းက ခက်ထန်စွာ ပြောလိုက်သည်။

လီယွင်ကျန်းက ရုပ်သေးရုပ် ဧကရာဇ်တစ်ယောက် ဖြစ်သော်လည်း သူက စာကောင်းကောင်း ဖတ်ထားကာ နက်နဲသည့် သဘောတရားများစွာကို နားလည်ထား၏။ သူက အရူးတစ်ယောက် မဟုတ်ပေ။ ဝမ်ရှစ်ကျုံးနှင့် ကောင်းကုန်းကုန်းတို့က ထိုကဏ္ဍတွင် သူ့အတွက် ပြိုင်ဘက် မဟုတ်ပေ။

ထိုစဥ် ဝမ်ရှစ်ကျုံးက ဧကရာဇ်သည် တက်ကြွလွန်းနေသည်ဟု ခံစားမိ၏။

ဒီလိုပြုမူတာ ဘာကောင်းလို့လဲ ...

ခဏအကြာတွင် ဝမ်ရှစ်ကျုံးက ဝင်ပြောလိုက်သည်။ ” အရှင်မင်းကြီး ပြောတာ မှန်တယ်။ ကောင်းကုန်းကုန်း အရာရှိတစ်ယောက် အနေနဲ့ ခင်ဗျားက အရှင်မင်းကြီး ပြောနေတဲ့အချိန် တိုးတိုးနေသင့်တယ်။ အရှင်မင်းကြီးက ခင်ဗျားကို အပြစ်ပေးဖို့ ဆုံးဖြတ်လိုက်ရင် ခင်ဗျားပဲ ဒုက္ခရောက်လိမ့်မယ်”

ကောင်းကုန်းကုန်းက ခေါင်းညိတ်လိုက်ပြီး " သခင်ဝမ် ပြောတာ မှန်ပါတယ်။ ကျုပ် စိတ်ထဲ မှတ်ထားပါ့မယ်။ အရှင်မင်းကြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ”

လီယွင်ကျန်းက ထိုရိုက်ချက်ဖြင့် သူ့မကျေနပ်မှုများကို ဖော်ထုတ်လိုက်ရသည့်အတွက် စိတ်အခြေအနေကောင်းနေသည်။

သခင်က အစေခံဖြစ်သူကို ရိုက်နှက်ခြင်းမှာ ဘာမှမမှားယွင်းပေ။

ရုပ်သေးရုပ် ဧကရာဇ်တစ်ယောက် ဖြစ်သော်လည်း လီယွင်ကျန်းက ကောင်းကုန်းကုန်းသည် သူ့ကို လူအများရှေ့တွင် မလေးမစား မဆက်ဆံရဲကြောင်း သိထားသည်။ ကောင်းကုန်းကုန်းက ရွေးချယ်စရာမရှိဘဲ သူ့အမုန်းတရားကို မျိုသိပ်လိုက်ရ၏။

လီယွင်ကျန်းက နျဲ့ချင်းယွင်ကို ကြည့်ကာ ပြောလိုက်သည်။ ” ဒါက ငါကိုယ်တော် တိမ်တိုက်တောင်ကို ရောက်တာ ပထမဆုံးအကြိမ်ပဲ။ ရှုခင်းက အင်မတန် သာယာပါပေတယ်။ ဂိုဏ်းချုပ်နျဲ့ လိုက်ပြပေးပါအုံးလား”

နျဲ့ချင်းယွင်က လုကျိုး နောက်ကျနေသည်မှာ ကျီလျန့်ကို ဂရုစိုက်ပေးနေ၍ ဖြစ်ကြောင်း မသိပေ။ သူက လုကျိုး ရောက်ရှိလာမှုကို စောင့်ဆိုင်းနေလိုသော်လည်း ဧကရာဇ်၏ တောင်းဆိုမှုကို မငြင်းဆန်ရဲပေ။ ထို့ကြောင့် သူက ပြောလိုက်၏။ ” ရပါတယ် "

သူတို့က အရှေ့ဘက်ဆီ လျှောက်လှမ်းလာရင်း နျဲ့ချင်းယွင်က ရှင်းပြလိုက်၏” အရှင်မင်းကြီး ဒီအရှေ့ဘက်ကနေ အနောက်ဘက်ထိ တောင်တန်းနဲ့အတူ တောင်ထိပ် ၁၂ခု ရှိပါတယ်”

ဝမ်ရှစ်ကျုံးက နျဲ့ချင်းယွင် စကားပြောဆိုပုံကြောင့် သဘောမကျသည့် အမူအရာမျိုး ပန်ဆင်ထား၏။ သူက နျဲ့ချင်းယွင်ကို အာရုံရှိဟန် မပေါ်ပေ။ ထို့အစား သူက ကျီလျန့် ပေါ်ထွက်လာရာ တောင်ထိပ်ကိုသာ ကြည့်နေမိသည်။ သူက မနေနိုင်ဘဲ တွေးနေမိ၏။

မြင်းရိုင်းတစ်ကောင်ကို ထိန်းချုပ်ဖို့က ခက်ခဲတယ်။

သူ့သမီး၏ ကျင့်ကြံဆင့်က သာမန်မျှ ဖြစ်သော်လည်း သူ့စံအိမ်တွင် ပညာရှင်များစွာ ရှိလေသည်။ သူက သူ့စံအိမ်အတွင်း ကျွမ်းကျင်သည့် မြင်းထိန်းသမားများပင် ရှိ၏။

ဒီမြင်းနဲ့ ပတ်သက်ပြီး ဘာထူးခြားနေလို့လဲ … ယဥ်ပါးအောင်လုပ်ဖို့ ဘာလို့အဲ့လောက်တောင် ခက်ခဲနေရတာလဲ...

လီယွင်ကျန်းနှင့် နျဲ့ချင်းယွင်တို့က ဆက်လက် စကားစမြည်ပြောရင်း အချိန်ကုန်ဆုံးလာလေသည်။

ဝမ်ရှစ်ကျုံးက အချိန်နီးကပ်လာပြီဖြစ်ကြောင်း ခံစားမိသည့်အခါ ရှေ့ထွက်လိုက်ပြီး " အရှင်မင်းကြီး ကျွန်တော်တို့တွေ လာရင်းကိစ္စကို ပြောသင့်တယ်”

လီယွင်ကျန်းနှင့် နျဲ့ချင်းယွင်တို့က ဝမ်ရှစ်ကျုံးကို လှည့်ကြည့်လိုက်ကြသည်။

လီယွင်ကျန်း၏ မျက်နှာအထက် စိတ်ရှုပ်ထွေးသည့် အမူအရာမျိုး ပေါ်ထွက်လာပြီး " ကိုယ်တော် ဘာလုပ်နေတယ်ဆိုတာကို သိပါတယ် "

မည်သို့ပင်ဆိုစေကာမူ အားလုံးက တိမ်တိုက်ရင်ပြင်အလယ်တွင် နေရာယူလိုက်ကြသည်။

အားလုံးက ထိုင်ပြီးသည့်နောက်တွင် ဝမ်ရှစ်ကျုံးက ပထမဦးဆုံး ပြောလိုက်၏။ ” ဂိုဏ်းချုပ်နျဲ့ အရှင်မင်းကြီးက တိမ်တိုက်တောင်ကို ကိုယ်တိုင်လာတွေ့တာက သူ့အလေးအနက် သဘောထားကို ပြသနေတာပဲ။ ကောင်းကင်သိုင်းခုံရုံးက တပည့်တွေကို အခုလွှတ်ပေးပါ”

နျဲ့ချင်းယွင်က ဝမ်ရှစ်ကျုံးကို အပြည့်အဝ လျစ်လျူရှုထားသည်။ ထိုအစား သူက လီယွင်ကျန်းကို ကြည့်ကာ ပြောလိုက်၏” အရှင်မင်းကြီး ကျုပ်က ကောင်းကင်သိုင်းခုံရုံးက တပည့်တွေကို မလွှတ်ပေးချင်တာ မဟုတ်ပါဘူး။ ဒါေပမဲ့ သူတို့က ကြယ်ပျံအိမ်တော်နဲ့ ပူးပေါင်းပြီးတော့ တိမ်တိုက်တောင်ကို သုတ်သင်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါက ကျင့်ကြံရေးလောကရဲ့ ဂိုဏ်းတွေကြားက ပဋိပက္ခပါ။ ဒါက တော်ဝင်နန်းဆောင်နဲ့ ဘာမှမပတ်သက်ပါဘူး။ ပိုပြီး အရေးကြီးတာက ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျုပ်ဆီမှာ ဆုံးဖြတ်ချက် ချပိုင်ခွင့် မရှိဘူး”

" အဲ့ဆိုတော့ လုချန်းပေ့က လုပ်ပိုင်ခွင့် ရှိတာလား” ဝမ်ရှစ်ကျုံးက မေးလိုက်သည်။

" ဟုတ်တယ် " နျဲ့ချင်းယွင်က ရိုးရိုးသားသား ပြန်ဖြေလိုက်၏။

" လုချန်းပေ့အကြောင်းကို ကောလာဟလတွေ ကြားဖူးတယ်။ သူက ယဲ့ကျန်းနဲ့ ချန်ထျန်းတုကို သတ်ခဲ့တာဆို။ သူက တကယ့်ကို ထူးချွန်လွန်းတဲ့ ပုဂ္ဂိုလ်ပဲ။ ဒါပေမဲ့ တစ်ယောက်ယောက် ရန်သူအဖြစ် ပြောင်းလဲသွားတဲ့အခါ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ ခက်ခဲလိမ့်မယ်။ အရှင်မင်းကြီးက ကိုယ်တိုင် လာရောက်တွေ့တာက ဒီပြဿနာကို ဖြေရှင်းပေးချင်လို့ပဲ။

ပြီးတော့ ယွီချန်းရှုက ကောင်းကင်သိုင်းခုံရုံးသခင် တစ်ယောက်ပဲလေ။ သူက အခုနောက်ပိုင်း နေမကောင်းဖြစ်နေတော့ မလာနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာအရ အရှင်မင်းကြီးက ယွီချန်းရှုထက် ပိုပြီးတော့ သာပါတယ်။ ခင်ဗျားတို့တွေအပေါ် လေးနက်မှုကို ပြသတာ မလုံလောက်သေးဘူးလား” ဝမ်ရှစ်ကျုံးက ပြောလိုက်သည်။

နျဲ့ချင်းယွင်က ခေါင်းအသာညိတ်လိုက်၏။

ဝမ်ရှစ်ကျုံး ပြောသည်က အချက်အလက်ကျပေသည်။ လီယွင်ကျန်းက ရုပ်သေးရုပ် ဧကရာဇ်တစ်ယောက် ဖြစ်နေစေကာမူ ကိစ္စမရှိပေ။

လုချန်းပေ့က ဘာလို့ ဒီရောက်မလာသေးတာပါလိမ့်...။

နျဲ့ချင်းယွင်က ရှားချန်ချိုးနှင့် တခြားသူများကို ကြည့်ပြီး မစဥ်းစားဘဲ မနေနိုင်တော့ပေ။

လီယွင်ကျန်းက သက်ပြင်းချကာ ဘာမှမပြောပေ။

နျဲ့ချင်းယွင်က မေးလိုက်၏။ ” အရှင်မင်းကြီး ဘာလို့ သက်ပြင်းချနေတာလဲ”

လီယွင်ကျန်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ ” ခံပြင်းမိလို့ပါ။ တိမ်တိုက်တောင်က ဒီလိုမျိုး လှပတဲ့ ရှုခင်းတွေ ရှိတယ်ဆိုတော့ တာ့ထန်မှာရော ဒီလိုလှပတဲ့ ရှုခင်းတွေ ထပ်ရှိအုံးမလားဆိုတာကို သိချင်စိတ် ဖြစ်လာမိတယ်။ ဒါပေမဲ့ ဧကရာဇ်တစ်ယောက် အနေနဲ့ ကိုယ်တော်က ဒီနေရာတွေကို မြင်တွေ့နိုင်တဲ့ အခွင့်အရေးတောင် မရှိဘူးပဲ။ အားလုံးက တစ်မိုးအောက်က ကုန်းမြေအားလုံး ကိုယ်တော့်အပိုင်လို့ ပြောနေတာ ညာနေတာထင်တယ်”

ဝမ်ရှစ်ကျုံးက လီယွင်ကျန်း၏ စကားကို ကြားသည့်အခါ အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်” အရှင်မင်းကြီးက ငယ်ပါသေးတယ်။ ပြီးတော့ ကိစ္စတွေက ထိန်းချုပ်မှုအောက်က လွတ်နေတဲ့အရာတွေလည်း အများကြီး ရှိသေးတယ်”

သူ ပြောလိုက်သည့်အခါ အနည်းငယ် စောင်းပြောနေသလိုပင် ဖြစ်နေသည်။ သူ့စကားမှ ဝှက်ထားသည့် မခံချိမခံသာ စကားများပေါ် မူတည်၍ ကောင်းကုန်းကုန်း လိုမျိုး အလွယ်တကူ အနိုင်ကျင့်လို့ မရကြောင်း ပြသနေ၏။

လီယွင်ကျန်းက သက်ပြင်းချကာ ပြန်ဖြေလိုက်သည်။ ” ငါ ကိုယ်တော် နားလည်တယ်။ ဒါပေမဲ့ ခင်ဗျားတို့ ပြောနေတဲ့ လူကြီးတွေဆိုတာကလည်း တစ်ချိန်က လူငယ်ဖြစ်ခဲ့တာပဲ။ ကျုပ်လိုမျိုး ဘယ်နယောက်များ ရှိမှာလဲ။ ကျုပ်အဖေ ငယ်ငယ်တုန်းကလည်း ကျုပ်လိုမျိုးပဲလား”

" အရှင်မင်းကြီး ပြောတာ အချက်အလက်ကျပါတယ်” ဝမ်ရှစ်ကျုံးက အမူအရာ ကင်းမဲ့စွာ ပြောလိုက်၏။ ထို့နောက် သူက ဦးညွှတ်ကာ လက်နှစ်ဖက်ယှက်လိုက်ပြီး " အရှင်မင်းကြီး ကောင်းကင်သိုင်းခုံရုံးက တပည့်အယောက် ၂၀၀၀ အတွက် တစ်ခုခု လုပ်ပေးပါ”

လီယွင်ကျန်းက သက်ပြင်းချလိုက်၏။

ထိုစဥျ

ဟီး

အားလုံးက ကျီလျန့်၏ မြင်းဟီးသံကို ကြားလိုက်ရသည်။

ဝမ်ရှုက စိတ်လှုပ်ရှားစွာဖြင့် ထခုန်လိုက်ပြီး " အဖေ ဒါက သမီးရဲ့ မြင်းပဲ။ သမီး သိနေတယ်”

ဝမ်ရှစ်ကျုံးက ဝမ်ရှုအား တိတ်ဆိတ်နေဖို့ ကြည့်လိုက်သည်။

သူမ အဖေ၏ မျက်နှာထားကို မြင်တွေ့ပြီးသည့်နောက်တွင် ဝမ်ရှုက တိတ်ဆိတ်သွား၏။

" ဂိုဏ်းချုပ်နျဲ့ တိမ်တိုက်တောင်မှာ ဒီမြင်းက ဘယ်လိုလုပ် ရောက်လာတာလဲ” ဝမ်ရှစ်ကျုံးက မေးလိုက်၏။

နျဲ့ချင်းယွင်က ကျီလျန့်ကို ကြားလေသည်။ သူက အပြုံးလေးဖြင့် ပြန်ဖြေလိုက်၏။ ” အမှန်တိုင်းပြောရရင် လုချန်းပေ့က အဲ့တောင်ထိပ်မှာ နေတာလေ။ မြင်းကိုတော့ တစ်ခါမှ မမြင်ဖူးဘူး။ တကယ်လို့ စိတ်ဝင်စားတယ်ဆိုရင် လုချန်းပေ့ ရောက်လာတဲ့အခါ မေးကြည့်လိုက်ပါ”

" ကျေးဇူးပါ " ဝမ်ရှစ်ကျုံးက လက်နှစ်ဖက်ယှက်လိုက်၏။

ထိုစဥ် ရှားချန်ချိုးက လုကျိုး၊ ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ ရှောင်ယွမ်အာနှင့် ခရုလေးတို့က သူတို့ဆီ ပျံသန်းလာနေသည်ကို မြင်လိုက်ရသည်။

နျဲ့ချင်းယွင်က လေးစားသမှုအနေဖြင့် ပထမတောင်ထိပ်ဖြစ်ရာ အရှေ့ဘက်လှည့်နေသည့် တောင်ထိပ်တွင် နေထိုင်လေသည်။ သူနှင့် သူ့တပည့်သုံးယောက်က တောင်ထိပ်တစ်ခုကို ယူထားကြသည်။ တိမ်တိုက်တောင်က ကြီးမားလွန်း၍ နေရာက ပေါများလှသည်။ သူတို့က စိတ်ထဲမထားပေ။

လုကျိုးနှင့် သူ့တပည့်များက တိမ်တိုက်ရင်ပြင်ဆီ ဖြည်းဖြည်းချင်း ဆင်းသက်လာသည့်အခါ တိမ်တိုက်တောင်၏ တပည့်ထောင်ချီက တစ်ပြိုင်နက် ဦးညွှတ်လိုက်ကြ၏” လုချန်းပေ့ "

လီယွင်ကျန်းက ထိုသူကို မြင်လိုက်သည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။

ဒီလူအိုကြီးက ဘာလို့ရင်းနှီးနေပါလိမ့်။

သူက ထိုလူအိုကြီးကို ကြည့်လေလေ ပိုမိုရင်းနှီးလာလေလေဟု ခံစားမိလာသည်။

လုကျိုးက ဆင်းသက်လာသည့်အခါ ရှားချန်ချိုးနှင့် တခြားသူများက ဦးညွှတ်လိုက်၏။ ” လုချန်းပေ့ "

လုကျိုးက မုတ်ဆိတ်သပ်ကာ တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူက တော်ဝင်ရထားလုံးကို ကြည့်ပြီးသည့်နောက်တွင် တိမ်တိုက်ရင်ပြင်အလယ်သို့ လျှောက်လှမ်းလာ၏။

လူအုပ်ကြီးက လုကျိုးအတွက် လမ်းဖယ်ပေးလိုက်ကြသည်။ နန်းတော်မှလူများဖြစ်စေ ကောင်းကင်သိုင်းခုံရုံးမှ လူများဖြစ်စေ မည်သူကမှ သူ့ကို မတားဆီးရဲကြပေ။

ထိုစဥ် လီယွင်ကျန်းက ချက်ချင်းဆိုသလို သဘောပေါက်သွား၏။ သူက အမှန်တကယ် အံ့အားသင့်သွားမိသည်။ အကယ်၍ သူ့ဇစ်မြစ်နှင့် စိတ်ခံစားချက်များကို ဖုံးကွယ်လေ့ရှိသည့် အလေ့အကျင့်ကြောင့်သာ မဟုတ်ပါက သူသည် လုကျိုးဆီ ပြေးကာ နှုတ်ဆက်မိလောက်လေသည်။ သူက သူ့ကိုယ်သူ တည်ငြိမ်ဖို့ အားတင်းထားရင်း စိတ်ထဲမှ အံ့သြနေမိသည်။

ဒါက ကံကြမ္မာလို့ ခေါ်တဲ့အရာလား...

လုကျိုးက အားလုံးရှေ့မှောက် ရောက်ရှိလာသည့်အခါ သူက ပြောလိုက်၏။ ” လီယွင်ကျန်း မင်းလာမယ်ဆိုတာ သိတယ် "

" ... "

ဝမ်ရှစ်ကျုံး၊ ဝမ်ရှု၊ နန်းတော်မှ စစ်သားများနှင့် ကောင်းကင်သိုင်းခုံရုံး၏ တပည့်များက မျက်မှောင်ကြုတ်လိုက်ကြသည်။

အရှင်မင်းကြီးကို ပြောတဲ့ပုံက ဘယ်လိုလဲ။ သူက ဧကရာဇ်ကို စော်ကားဖို့ ကြိုးစားနေတာလား...

ဝမ်ရှုက ဒေါသထုတ်လွှတ်တော့မည့်ဆဲဆဲတွင် သူ့အဖေက အလျင်အမြန် တားလိုက်ရသည်။

ဝမ်ရှစ်ကျုံးက သူ့သမီးကို ကြည့်ကာ ထိုင်လိုက်၏။

ကောင်းကုန်းကုန်းနှင့် ဝမ်ရှစ်ကျုံးတို့က လူငယ်ဝမ်ရှုထက် ပိုမိုအတွေ့အကြုံ ရှိကြသည်။ သူတို့က စိတ်ခံစားချက် မည်သို့ဖုံးကွယ်ရမည်ကို သိထားကြ၏။ ထို့အပြင် ဤသည်က စော်ကားရန်စခံရသည်မှာ ဧကရာဇ်သာ ဖြစ်ပြီး သူတို့ မဟုတ်ပေ။

ဤသည်က လူငယ်ဧကရာဇ်ကို လူသားများက မည်မျှအပြစ်လုပ်တတ်ကြောင်း သင်ပြပေးဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်မည်ဟု ထင်မိ၏။

လီယွင်ကျန်းက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်” ဆရာကြီး "

အားလုံးက လီယွင်ကျန်း၏ လေသံကြောင့် ဆွံ့အသွားကြသည်။

လူငယ်ဧကရာဇ်က စောစောလေးကတင် တက်ကြွနေတာ မဟုတ်ဘူးလား။ အခု ဘယ်လိုလုပ် ငြိမ်သွားရတာတုန်း။ သူက ဒီလူအိုကြီးရှေ့မှာ ဘာလို့ အောက်ကျို့နေတာလဲ...

All Chapters