အခန်း (၈၁၇-၈၁၉)
Vol. 55 Ch. 817-819
အခန်း (၈၁၇) ငါပြောတဲ့အတိုင်း
လီယွင်ကျန်း၏ အကျင့်စရိုက်ကို ကောင်းမွန်စွာ ဖမ်းဆုပ်တတ်သော ကောင်းကုန်းကုန်းက ထိုအခြေအနေကြောင့် စိတ်ရှုပ်ထွေးသွားလေ၏။
လက်ပါးစေများသည် ဧကရာဇ်မင်းကို စောင့်ရသည့်အချိန်တွင် သူသည် သူ၏ဒေါသကို သူတို့အပေါ် ဖောက်ထုတ်ပစ်၏။ သူ၏လက်အောက်ငယ်သားများအနေဖြင့် ထိုစွမ်းဆောင်မှုကို စောဒကမတက်ပဲ လက်ခံရသည်။ ဒီဧကရာဇ်မင်းက သူ့ဒေါသကို ဖိနှိပ်ထားတာလား။
လုကျိုးသည် ပင်မခုံဆီသွားလိုက်ပြီးနောက် ဝတ်ရုံကိုအနည်းငယ်မြှောက်ကာ ထိုင်ချလိုက်သည်။
ယွီရှန်းရုန်၊ ယွီကျန့်ဟိုင်နှင့် ကျန်သည့်သူများသည် လုကျိုးနောက်ရှိခုံတွင် ထိုင်လိုက်၏။
လုကျိုးက မုတ်ဆိတ်သပ်လျက် လူအုပ်ကြီးကို စစ်ဆေးပြီးခေါ်လိုက်သည်။
“လီယွင်ကျန်း”
လီယွင်ကျန်းသည် ယခုဆိုပိုတောင် အနေခက်သွားပြီဖြစ်သည်။ သူတွေးလိုက်၏။ ပြောရရင် ကျုပ်က ဧကရာဇ်တစ်ပါးပဲလေ။ မျက်နှာသာပေးနိုင်မလား၊ ကျုပ်တို့နှစ်ခါတွေ့ဖူးပြီး တစ်ယောက်နဲ့ တစ်ယောက် ရိုးရိုးသားသားသိပြီး ဆက်ဆံရေး ကောင်းတယ်ဆိုပေမဲ့ ဒီလောက်လူတွေ အများကြီးရှေ့မှာ ကျုပ်နာမည် တပ်မခေါ်လို့မရဘူးလား။
အဆုံးကျ လီယွင်ကျန်းက ပြောလိုက်၏။ ” ဘာများလဲ ဆရာကြီး”
“ဒီနေရာက လေပြင်းတယ်၊ ငါ့ဘေးကနေရာက ပိုကောင်းတယ် လာ မင်းနဲ့အတူ စကားပြောချင်တယ်”
လုကျိုးက ပြောပြီး သူ့ဘေးရှိခုံကို လက်ညှိုးထိုးပြလိုက်သည်။
“…”
ထိုစဉ် ကောင်းကုန်းကုန်းသည် သူ့ဘေးရှိ မိန်းမစိုးလေးကို အဓိပ္ပာယ်ပါပါကြည့်လိုက်၏။
ထိုအထိန်းတော်လေးက တုန်ယင်သွားသည်။ ကောင်းကုန်းကုန်း သူ့ကို အချက်ပြသည့်အရာတိုင်းကို လုပ်ဖို့ သတ္တိမရှိပုံပေါ်သည်။ သို့သော် ကောင်းကုန်းကုန်း၏မျက်နှာပေါ်ရှိ အမူအရာကို မြင်သောအခါ သူသည် ရွေးချယ်စရာမရှိဘဲ ထရပ်လျက် စားပွဲကို လက်ဖြင့်ရိုက်ချလိုက်သည်။
ထျန်း
မိန်းမစိုးလေးက သတ္တိမွေးပြီးနောက် အခဲမကြေစွာ ပြောလိုက်သည်။
“ရာရာစစ အရှင်မင်းကြီးကို ဒီလိုရိုင်းရိုင်းစိုင်းစိုင်း ပြောရဲတယ်လား”
လုကျိုးသည် တည်ငြိမ်သောအမူအရာဖြင့် မုတ်ဆိတ်သပ်နေလျက် သူ့ဘေးနား လီယွင်ကျန်း ထိုင်မှာကို စောင့်နေသည်။
လီယွင်ကျန်းက မျက်မှောင်ကြုတ်လိုက်၏။ သူက လှည့်ပြောလိုက်သည်။
“ဆရာကြီးကို မရိုင်းနဲ့”
မိန်းမစိုးလေးသည် အမြန်အရိုအသေပေးပြီးနောက် ပြောလိုက်သည်။
“အရှင်မင်းကြီး ဒါက အုပ်စိုးသူနဲ့ သူ့ရဲ့အရပ်သားကြား ကျင့်ဝတ်ပါပဲ၊ ဘယ်သူမှ ခြွင်းချက်မရှိဘူး၊ အရှင်မင်းကြီးက ဒါကို လွှတ်ပေးလိုက်မယ်ဆိုရင် ရေမြေကို ဘယ်လိုအုပ်စိုးမှာလဲ”
မိန်းမစိုးလေး၏စကားသည် မှန်ကန်ဖြောင့်မတ်မှုများ ပြည့်နေလျက် လုကျိုး၏နားထဲ အဓိပ္ပာယ် ရှင်းရှင်းလင်းလင်း ဝင်သွား၏။ ထိုစကားများက ဝမ်ရှစ်ကျုံးနှင့် ကောင်းကုန်းကုန်းတို့၏ အတွေးများပဲဖြစ်သည်။ နှစ်ယောက်လုံးက ဤအခြေအနေ၌ အနည်းငယ်စိတ်ကျေနပ်ပုံပေါ်နေသည်။
လုကျိုးက ဆိတ်ဆိတ်သာနေလျက် သူ့ဘေးရှိခုံကို ဆက်လက်လက်ညှိုးထိုးပြနေသည်။
ထိုစဉ် လီယွင်ကျန်းက လှည့်လာပြီး မာန်မဲလိုက်၏။
“ရဲတင်းလိုက်တာ”
ကောင်းကုန်းကုန်းက ထပ်မံမှင်တက်သွားသည်။ ဧကရာဇ်လေးက သူ့ရဲ့နေရာကြောင့် စိတ်ရှုပ်ထွေးနေတာလား။
နောက်တွင် ရပ်နေသော စစ်သည်များကလည်း စိတ်ရှုပ်ထွေးသွားလေ၏။
မိန်းမစိုးလေးသည် မပြောရဲတော့ဘဲ အရိုအသေပေးလိုက်၏။
လီယွင်ကျန်းက ကောင်းကုန်းကုန်းကို ပြောလိုက်တော့သည်။
“မင်း ဒီလူကို လေ့ကျင့်ပေးထားတာလား ကောင်းကုန်းကုန်း၊ ဧကရာဇ်အမိန့်ကို မနာခံတဲ့လူကို ဘယ်လိုအပြစ်ပေးသင့်လဲ”
ကောင်းကုန်းကုန်းက မျက်မှောင်ကြုတ်လျက် ထရပ်လိုက်သည်။ သူသည် ဧကရာဇ်လေး၏ အကျင့်စရိုက် ရုတ်တရက် ပြောင်းလဲသွားတာကို နားမလည်သော်ငြား အရိုအသေပေးပြီး ပြောလိုက်လေ၏။
“အရှင်မင်းကြီး ကျွန်တော်မျိုးကိုယ်တိုင် သူ့ကိုအပြစ်ပေးလိုက်ပါမယ်”
ပြီးနောက် ကောင်းကုန်းကုန်းသည် အနီရောင်အလင်းတောက်ပနေသော ညာလက်ကိုမြှောက်လိုက်၏။
“မင်း”
မိန်းမစိုးလေးက ထိတ်လန့်သွား၏။ သူသည် အနီရောင်လက်ဝါး ထိမှန်တော့မည့်အချိန်၌ အကြောက်တရားများ ပြည့်သွားသည်။ သူပြန်တိုက်ခိုက်နိုင်စွမ်းမရှိပေ။ လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် သူ၏အတွင်းကလီစာများ ပြင်းထန်စွာ ထိခိုက်သွားပြီး သူသေသွားသည်။
ကောင်းကုန်းကုန်းနောက်ရှိ လူများက နောက်ဆုတ်လျက် မှင်တက်သွားကြသည်။
နန်းတော်နှင့် ကောင်းကင်သိုင်းခုံရုံးမှ လူများက မှင်တက်သွားကြသည်။ သူတို့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ဒီရောက်လာတာ မဟုတ်ဘူးလား။ သူတို့ဒီရောက်တာတောင် မကြာသေးဘူး ကိုယ့်လူတစ်ယောက်သေသွားပြီ။ ဒါ့အပြင် ကိုယ့်လူလက်ထဲမှာပဲ သေသွားကြတာ။
ကောင်းကုန်းကုန်းက လက်ပြန်ရုတ်လိုက်ပြီးနောက် လီယွင်ကျန်းကို ကြည့်လိုက်၏။
“အရှင်မင်းကြီး သူ့ကို တင်းတင်းကြပ်ကြပ် မသွန်သင်မိတာအတွက် ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးပါ၊ ဒီငမိုက်သားကို သုတ်သင်လိုက်ပါပြီ၊ ကျန်တဲ့သူတွေအတွက် သတိပေးလိုက်တာပါပဲ”
လီယွင်ကျန်း “…”
ကောင်းကုန်းကုန်းသည် တစ်ကြိမ်ထက်မက သူ့စည်းကို ကျော်လာပြီဖြစ်သည်။ ယင်းက လီယွင်ကျန်းသူ့ကို သဘောမကျရသည့်အကြောင်းအရင်းများထဲမှ တစ်ရပ်ဖြစ်သည်။ သို့သော် ကောင်းကုန်းကုန်းသည် အများရှေ့၌ လူတစ်ယောက်ကို သတ်လိုက်မည်ဟု မထင်ထားပေ။ ဒါက ငါ့အပေါ် သူ့လွှမ်းမိုးမှုကို ပြချင်တဲ့နည်းလမ်းလား။
လုကျိုးက နောက်ဆုံးတွင်ပြောလိုက်၏။
“ဒါ အထင်ကြီးစရာပဲ”
ကောင်းကုန်းကုန်းသည် လုကျိုးဘက်လှည့်ကာ လက်သီးဆုပ်မိုးလိုက်၏။
“ဒါ ဘာမှမဟုတ်ပါဘူး”
“ဒါက တိမ်တိုက်တောင်၊ နန်းတော်မဟုတ်ဘူး၊ ငါ့ဆီအာဏာပြချင်လို့ အဲဒီလူကို သတ်တာဆိုရင် မင်းတို့တွေ မှားသွားပြီလို့ ပြောရမှာပဲ၊ ငါလူစသတ်တဲ့အချိန်တုန်းက မင်းတို့တွေ ဖုန်နဲ့ ဆော့ကစားနေသေးတုန်း”
လုကျိုးသည် ထိုစကားများကို ပြောပြီးနောက် လက်ဝှေ့ရမ်းကာ ပြောလိုက်တော့သည်။
“လီယွင်ကျန်း မင်းငါ့ကို တစ်သက်လုံးစောင့်ခိုင်းနေတာလား”
ကောင်းကုန်းကုန်းနှင့် ကျန်သည့်သူများသည် သူ့ကိုသိမ်မွေ့သောနည်းဖြင့် ဖိအားပေးခြင်းနှင့်ယှဉ်လျှင် လီယွင်ကျန်းသည် လုကျိုး၏ပွင့်လင်းမှုကို ပိုသဘောကျသည်။ သူက ထရပ်လျက် လုကျိုးဆီ လျှောက်သွား၏။
ကောင်းကုန်းကုန်း၏အစီအစဉ် ကျရှုံးသွားသောကြောင့် သူသည် ချဉ်တူးနေသောအမူအရာဖြင့် ထိုင်ရုံသာတတ်နိုင်သည်။ သူက သူ့နောက်ရှိလူများကို ခက်ထန်စွာပြောလိုက်၏။
“ဘာကြောင့်ဒီမှာ ရပ်နေသေးတာလဲ၊ အဲဒါရှင်းလိုက်”
“နားလည်ပါပြီ”
စစ်သည်နှစ်ယောက်က ရှေ့သို့အမြန်သွားကာ မိန်းမစိုးလေး၏အလောင်းကို ရထားလုံးထဲသို့ သယ်သွားသည်။
လီယွင်ကျန်းက လုကျိုးဘေး၌ ထိုင်လိုက်၏။
လုကျိုးက ခေါင်းခါပြီးပြောလိုက်တော့သည်။
“ဧကရာဇ်တစ်ပါးအနေနဲ့ မင်းအဲဒီအပိုင်းကိုလည်း ကြည့်သင့်တယ်၊ ငါဘာပြောခဲ့လဲဆိုတာ မှတ်မိသေးလား”
လီယွင်ကျန်းက အားတင်းပြီး ပြုံးလိုက်၏။
ဝမ်ရှစ်ကျုံးနှင့် ကောင်းကုန်းကုန်းက မှင်တက်သွားတော့သည်။
သူတို့ဆုံဖူးတာလား၊ သူတို့ဘာအကြောင်းပြောနေတာလဲ။
လုကျိုးက ဆိတ်ဆိတ်သာနေလေ၏။
အစက လီယွင်ကျန်းသည် မသက်မသာဖြစ်နေခဲ့သည်။ မည်သို့ပင်ဆိုစေ သူက ဧကရာဇ်တစ်ပါး ဖြစ်နေသေး၏။ တစ်စုံတစ်ယောက်က သူ့ကို နာမည်ခေါ်လာသည်။ သို့သော် ခဏတာစဉ်းစားပြီးနောက် သူရှက်နေစရာအကြောင်းမရှိဟု တွေးလိုက်မိသည်။ ဆိုရလျှင် ဝမ်ရှစ်ကျုံး၊ ကောင်းကုန်းကုန်း၊ ရဲမက်များ၊ လက်ပါးစေများနှင့် ကျန်သည့်သူများသည် သူ့နောက်ကွယ်၌ သူ့ကိုအမြဲတစေ ကဲ့ရီစော်ကားခဲ့သည်။ နန်းတွင်းသူများကတောင် သူ့ကိုမကောင်းပြောရဲကြ၏။ ဧကရာဇ်လား၊ မဟုတ်ဘူး သူကနန်းတော်မှာနေတဲ့လူတွေအတွက် လှောင်ပြောင်စရာအရာဝတ္ထုထက် မပိုဘူး။ ကိစ္စတွေက ဒီလိုဆိုမှတော့ ဆရာကြီးရဲ့ ဆက်ဆံပုံကို ဘာကြောင့်များ ရှက်နေရဦးမှာလဲ၊ အနည်းဆုံးတော့ ဆရာကြီးက အဲဒီယုတ်မာကောက်ကျစ်တဲ့လူတွေနဲ့ယှဉ်ရင် သာသေးတယ်၊ သူသည် ကျန်သည့်သူများကို ရင်ဆိုင်ရာ၌ အမူအရာသည် တဖြည်းဖြည်းချင်း ပုံမှန်အဖြစ်ပြောင်းလဲသွားသည်။
တစ်ချက်ရိုက်ချပြီးနောက် လီယွင်ကျန်းက ကွေ့ဝိုက်မနေပဲ လုကျိုးကို ပြောလိုက်၏။
“ဆရာကြီး ကျုပ်ဒီကိုလာရတဲ့အကြောင်းအရင်းကို သတိပြုမိမယ်လို့ သေချာပါတယ်”
“သိတယ်” လုကျိုးသည် မုတ်ဆိတ်သပ်လျက် ပြောလိုက်သည်။
“ဒါပေမဲ့ ကောင်းကင်သိုင်းခုံရုံးရဲ့ မော့ပုရန်ကို ပြောပေးပါ၊ ဧကရာဇ်ဆိုတဲ့ မင်းရဲ့အထောက်အထားကို တွေးပေးပြီး ငါ့စကားကို ထပ်ပြောလိုက်မယ်၊ ကောင်းကင်သိုင်းခုံရုံးတပည့်တွေကို လွှတ်ပေးစေချင်ရင် ယွီချန်းရှုကို ဒီနေရာလာဖို့ပြောလိုက်”
“ကျုပ်”
“မင်းက တိုင်းပြည်ရဲ့ဧကရာဇ်ပဲ၊ ဘာကိုဦးစားပေးရမလဲ သိသင့်တယ်” လုကျိုးက ပြောပြီး ကျန်သည့်လူများသည် သိမ်းကြုံးကြည့်လိုက်သည်။ သူ့လေသံနှင့်အပြုအမူသည် ဆရာတစ်ယောက်နှင့် တူနေ၏။
ကောင်းကုန်းကုန်းနှင့် ဝမ်ရှစ်ကျုံးတို့၏နားထဲတွင် လုကျိုး၏စကားက စူးသွားတော့သည်။
သို့သော် လီယွင်ကျန်းအဖို့ လုကျိုး၏စကားက ယုတ္တိရှိနေသည်။ အဟုတ်ပဲ ငါက ဧကရာဇ်တစ်ပါး၊ ဘာကြောင့်များ နှိမ့်ချပြီး တခြားဂိုဏ်းရဲ့တပည့်ကို လွှတ်ပေးဖို့ ကိုယ်တိုင်တောင်းဆိုရမှာလဲ။
ထိုစဉ်ဝမ်ရှစ်ကျုံးက ခေါင်းခါပြီးပြောလိုက်၏။
“လုချန်ပေ့”
“မင်းက ဘယ်သူလဲ” လုကျိုးသည် ဝမ်ရှစ်ကျုံးပြောမပြီးခင် ဖြတ်ပြောလိုက်၏။
“အတွင်းဝန်ချုပ် ဝမ်ရှစ်ကျုံးပါ” ဝမ်ရှစ်ကျုံးသည် သူ၏နာမည်နှင့် ရာထူးကို ကြေညာရတာ ပျော်ရွှင်ရတာထက် ပိုနေ၏။
အတွင်းဝန်ချုပ်၊ ဆိုလိုတာက သူကဝန်ကြီးချုပ်ပဲ၊ သူက ဒီလိုဝင့်ကြွားပြီး တည်တည်ငြိမ်ငြိမ်ပြောနိုင်တာ အံ့ဩစရာမရှိဘူးပဲ။
ဝမ်ရှစ်ကျုံးက ပြောလိုက်သည်။
“ကောင်းကင်သိုင်းခုံရုံးက တော်ဝင်ခုံရုံးနဲ့ သဟဇာတဖြစ်ပါတယ်၊ ဒါ့အပြင် သူတို့က နန်းတော်ကိုသစ္စာရှိတယ်၊ ခုံရုံးသခင် ယွီချန်းရှုက အရှင်မင်းကြီးရဲ့ ယုံကြည်ရတဲ့လက်အောက်အစေခံပဲ၊ အရှင်မင်းကြီးကိုယ်တိုင် ရောက်လာပြီဆိုမှတော့ လုချန်ပေ့ ဒီစိတ်ရင်းစစ်မှန်မှုကို စဉ်စားသင့်တယ်”
လုကျိုးသည် ဝမ်ရှစ်ကျုံးစကားပြောနေတာကို တားရန် လက်မြှောက်လိုက်၏။
“ငါပြောလိုက်တာကို မင်းနားမလည်ဘူးလား”
“…”
ဝမ်ရှစ်ကျုံးက မျက်မှောင်ကြုတ်လိုက်သည်။ အဘိုးကြီးက ဤမျှခေါင်းမာလိမ့်မည်ဟု သူ မထင်ထားပေ။
“ငါပြောခဲ့တာက ဖြစ်လာမှာပဲ” လုကျိုးက ပြောလိုက်၏။
ထိုစဉ် နျဲ့ချင်းယွင်က ယုံကြည်ချက်ရှိရှိဝင်ပြောလိုက်သည်။
“လုချန်ပေ့က ရှင်းရှင်းလင်းလင်းပြောပြီးပြီ၊ ဝန်ကြီးချုပ်ဝမ် ပြောနေဖို့ မလိုတော့ဘူး”
ဝမ်ရှစ်ကျုံးက နားထောင်လေလေ အခြေအနေက ထူးဆန်းသည်ဟု ခံစားရလေလေဖြစ်သည်။ သို့သော်သူသည် သတိအနေအထားကို မလျော့ချရဲပေ။ သူကဆက်ပြောလိုက်၏။
“ခုံရုံးသခင်ယွီက သူ့တပည့်တွေ လွှတ်ပေးဖို့အတွက် ဘာမဆိုကတိပေးတည်တယ်လို့ ကျုပ် အာမခံနိုင်ပါတယ်၊ အရှင်မင်းကြီးနဲ့ ကျုပ်လည်း ရှိနေတယ်”
ပြောပြီးသည်နှင့် သူလက်ဝှေ့ရမ်းလိုက်သည်။
ပြီးနောက် ဝမ်ရှစ်ကျုံးနောက်ရှိ ရဲမက်များက သေတ္တာများစွာကို တိမ်တိုက်စင်မြင့်ဆီ သယ်လာ၏။
သေတ္တာအရေအတွက်သည် ယခင်ကထက် သုံးဆပိုများသည်။
လီယွင်ကျန်းက ဇဝေဇဝါမေးလိုက်၏။
“ဆရာကြီး ခုံရုံးသခင်ယွီက ဘာကြောင့်များ ကိုယ်တိုင်လာရမှာလဲ”
လုကျိုးက ပြန်မပြောခင် ယွီကျန့်ဟိုင်က နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
“သူ မသေဘူးလေ ဒါဆိုဘာကြောင့် ဒီကိုမလာနိုင်တာလဲ၊ မောက်မာထောင်လွှားနေတာ မဟုတ်ဘူးလား”
…
အခန်း (၈၁၈) မင်းလုပ်နိုင်တာကို လုပ်
ဝမ်ရှစ်ကျုံးက ပြောလိုက်သည်။ ” လုချန်းပေ့ ကျုပ်ကို ခွင့်ပြုပါ”
လုကျိုးက သေတ္တာများကို ကြည့်လိုက်၏။ သူက အဆောင်များ အပြည့်ဖြစ်နေလိမ့်မယ်ဟု ထင်ထားပြီးသား ဖြစ်၏။ ထို့ကြောင့် သူက ပြောလိုက်သည်။ ” အဲဒါက ဘာတွေလဲ "
" ခုံရုံးသခင်ယွီက အရေးကြီးတဲ့ ကြေညာချက်ကို ထုတ်ဖော်ခဲ့ပါတယ်။ လက်တလောလေးမှ ကျုပ်တို့တွေ အမည်မသိ ဇစ်မြစ်နဲ့ လျို့ဝှက်ပညာရှင်တချို့ရဲ့ တည်ရှိမှုကို တွေ့ရှိခဲ့တယ်။ အဲဒီပညာရှင်တွေက မြို့တော်ရဲ့ ကျင့်ကြံသူအများကြီးကို သတ်ဖြတ်ခဲ့တယ်။ ခုံရုံးသခင်ယွီက ကောင်းကင်သိုင်းခုံရုံးကို စောင့်ရှောက်ရမှာ ဖြစ်ပြီးတော့ စိတ်အလိုအရ ထွက်မလာနိုင်တာပါ။ အဲဒါကြောင့် အရှင်မင်းကြီးကို သူ့ကိုယ်စား ညှိနှိုင်းပေးဖို့ တောင်းဆိုခဲ့တာပါ” ဝမ်ရှစ်ကျုံးက ရှင်းပြလိုက်သည်။
" ကောင်းကင်သိုင်းခုံရုံးက ထိပ်တန်းကျင့်ကြံသူတွေနဲ့ ပြည့်နှက်နေတယ်လို့ ထင်ထားတာ။ သူတို့က ကြောက်တဲ့အချိန်လည်း ရှိသေးတာပဲ” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
ဝမ်ရှစ်ကျုံးက ပြောလိုက်၏။
"ကောင်းကင်သိုင်းခုံရုံးရဲ့ ထိပ်တန်းကျင့်ကြံသူအများစုက တာ့ထန်ရဲ့ ပတ်လမ်း ဆယ်ခုဆီ စေလွှတ်ထားတာပါ။ သူတို့ကို တစ်နေရာထဲမှာ ပြန်စုစည်းဖို့က အတော်လေး ခက်တယ်။ အရှင်းဆုံး ပြောရရင် ကောင်းကင်သိုင်းခုံရုံး တပည့်တွေကို လွှတ်ပေးဖို့ရာအတွက်ပဲ ရောက်ရှိနေတာ မဟုတ်ဘူး။ နောက်ထပ် ကိစ္စတစ်ခုလည်း ရှိပါသေးတယ်”
" ဘာများလဲ " လုကျိုးက သူ့ရှေ့မှ သူသည် ထင်ထားသည်ထက် အာဏာပိုရှိကြောင်း ပြောနိုင်လေ၏။ ထိုသူ၏ နောက်ကွယ်တွင် ပိုမိုကောင်းမွန်သည့် အကျိုးအမြတ် ရှိနေနိုင်သည်။ တချို့သော ကိစ္စများက လီယွင်ကျန်း တိတ်ဆိတ်နေမှုပေါ် မူတည်၍ ခန့်မှန်းနိုင်သည်။
လုကျိုးက စကားတည်သည့်သူနှင့်သာ အပေးအယူလုပ်ဖို့ လိုလား၏။ ကံဆိုးစွာဖြင့် လီယွင်ကျန်းက အာဏာမရှိသည့် ရုပ်သေးရုပ် ဧကရာဇ်တစ်ပါး ဖြစ်နေသည်။
ဝမ်ရှစ်ကျုံးက ပြောလိုက်သည်။ ” လုချန်းပေ့က ရွှေကြာနယ်မြေက မလား "
တခြားသူများက မော့ကြည့်လိုက်ကြသည်။
ကောင်းကုန်းကုန်းက ဝမ်ရှစ်ကျုံးကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားဟန် ပေါ်၏။
လုကျိုးက ဝန်ခံခြင်း မရှိသလို ငြင်းဆန်ခြင်းလည်း မရှိပေ။ သူက ဝမ်ရှစ်ကျုံးကိုသာ ကြည့်နေ၏။
ဝမ်ရှစ်ကျုံးက ဆက်ပြောလိုက်သည်။ ” နယ်မြေနှစ်ခုက အခု ဆက်နွှယ်သွားပါပြီ။ အဆုံးမဲ့ လေဟာနယ် တစ်လျှောက်လုံးကို ဖြတ်ပြီးတော့ တာ့ထန်ကို အုပ်စိုးဖို့ ရောက်လာတာ မဟုတ်ဘူးဆိုတာ ယုံကြည်ပါတယ်။ ကောင်းကင်သိုင်းခုံရုံးက တခြားကမ္ဘာကို စတင်လေ့လာကတည်းက ရေလွန်း၊ ကောင်းကင်လွန်း၊ ရထားလုံးပျံ၊ သင်္ဘောနီနှင့် တခြားကူးသန်းပို့ဆောင်ရေးကို ဆောက်လုပ်ခဲ့တယ်။
ကျုပ်တို့က ရွှေကြာနယ်မြေကို စိတ်တိုင်းကျ ဝင်နိုင်ထွက်နိုင်တယ်။ အနီရောင်ကြာနယ်မြေက ရွှေကြာနယ်မြေနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့နှစ် ၃၀၀ ကတည်းက အခြေခံသတင်းအချက်အလက်တချို့ ရရှိထားပြီးသားပါ။ ဒီရာစုနှစ် ၃ခုအတွင်းမှာ ရွှေကြာနယ်မြေရဲ့ တိုးတက်လာမှုက တကယ့်ကို အံ့မခန်းပဲ။ ဒါပေမဲ့ ကျုပ် သိထားသလောက် ရွှေကြာနယ်မြေမှာ ကျင့်ကြံဆင့် ကန့်သတ်ခံထားရတယ်။ မည်သူကမှ ပွင့်ချပ်ကိုးလွှာအဆင့် မရောက်နိုင်ဘူး။
အဲဒီနောက် ကျင့်ကြံရေး နည်းလမ်းအသစ်တစ်ခု ပေါ်ထွက်လာတယ်။ လူတွေက သူတို့ရဲ့ ကြာကို စတင်ပြီး ဖြတ်တောက်ကြတယ်။ အဲဒီနည်းလမ်း ပေါ်ထွက်လာမှုနဲ့ ရွှေကြာနယ်မြေက သိသိသာသာ တိုးတက်လာပြီးတော့ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတွေ အမြောက်အမြား ထွက်ပေါ်လာတယ်။ အဲ့လိုဆိုရင်တောင် ရွှေကြာနယ်မြေရဲ့ ယေဘုယျအင်အားက အနီရောင်ကြာနယ်မြေနဲ့ အလှမ်းကွာနေသေးတယ်”
ထို့နောက် သူက လုကျိုးကို ကြည့်ပြီးသည့်နောက် မေးလိုက်သည်။ ” လုချန်းပေ့ ကျုပ် ပြောတာ မှန်တယ်မလား "
လုကျိုးက ဝမ်ရှစ်ကျုံးကို အာရုံမစိုက်ပေ။ ထိုအစား သူက လီယွင်ကျန်းကို ကြည့်ကာ မေးလိုက်၏။ ” မင်းက ဧကရာဇ်ဆိုတော့ ဘယ်လိုထင်လဲ "
လီယွင်ကျန်းက သူ့ကိုယ်သူ လက်ညှိုးထိုးကာ " ကျွန်တော်ကို မေးနေတာလား "
လီယွင်ကျန်းက အားလုံး သူ့ကို ကြည့်နေသည်ကို မြင်သည့်အခါ ကုန်းမြေများကို အုပ်စိုးသည့် အစစ်အမှန် ဧကရာဇ်တစ်ပါးအလား ခံစားလိုက်ရသည်။ သူက ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။ ” ကျွန်တော်အမြင်အရ နယ်မြေ ၂ခုက ဆက်သွယ်သွားပြီဆိုပေမဲ့ တစ်ယောက်ကိစ္စမှာ တစ်ယောက် ဝင်မစွက်ဖက်သင့်ဘူး။ သတ်ဖြတ်တာမျိုး ကျူးကျော်တာမျိုးလည်း မလုပ်သင့်ဘူး။
အနီရောင်ကြာနယ်မြေဖြစ်ဖြစ် ရွှေကြာနယ်မြေဖြစ်ဖြစ် အားလုံးက လူသားတွေပဲလေ။ အရင်မှတ်တမ်းတွေအရ လူသားတွေက သားရဲတွေ ကျူးကျော်တာခံရပြီး နေထိုင်ခဲ့ရတယ်။ မှတ်တမ်းတွေမှာ အားအကောင်းဆုံး ကျင့်ကြံသူတွေကတောင် သားရဲတွေအတွက် ပြိုင်ဘက် မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောထားတယ်။ လူတွေက ငြိမ်းငြိမ်းချမ်းချမ်း မနေနိုင်ဘဲနဲ့ ကျင့်ကြံဆင့်ကလည်း ထိခိုက်ကြတယ်။ စာအုပ်မှာ ... "
ထိုစဥ် ကောင်းကုန်းကုန်းက သူ့၏ စူးရှလွန်းသည့်အသံဖြင့် ဖြတ်ပြောလိုက်သည်။ ” အရှင်မင်ကြီး အဲဒီကိစ္စတွေက ဒီနေ့ညှိနှိုင်းမှုနဲ့ ဘာမှမဆိုင်ပါဘူး။ စကားတွေကို တဲ့တိုးနဲ့ ရိုးရိုးရှင်းရှင်းပဲ ပြောပေးပါ”
လီယွင်ကျန်းက ဆက်မပြောတော့ပေ။ သူက ယခင်ကကဲ့သို့ ဒေါသထွက်သွားခြင်း မရှိသော်လည်း ပိုမိုတည်ငြိမ်လာ၏။ သူက လုကျိုး၏ စကားကို ပြန်လည်အမှတ်ရသည့်အခါ မတ်မတ်ရပ်လိုက်ပြီး ပြောလိုက်သည်။
" ငါ့ဆီ ဓားမော့ယူခဲ့ "
" အရှင်မင်းကြီး … အရှင်မင်းကြီးရဲ့ လက်က ကြက်တစ်ကောင်ကို သတ်ဖို့တောင် အင်အားမရှိပါဘူး။ ဓားမော့နဲ့ ဘာလုပ်မလို့ပါလဲ "
လီယွင်ကျန်းက ခက်ထန်စွာ ပြောလိုက်သည်။ ” ငါ ဓားမော့ လိုချင်တာ။ မင်းအမြင် မေးနေရအုံးမှာလား”
ထိုစဥ် ဝမ်ရှစ်ကျုံးက ဝင်ရောက်ပြောလိုက်သည်။ သူက ဧကရာဇ်ငယ်က ဘာလုပ်မလဲဟု သိချင်သည့်အတွက် လက်ဝှေ့ကာ ပြောလိုက်၏။ ” အရှင်မင်းကြီးအတွက် ဓားမော့ ပေးလိုက် "
" ဟုတ်ကဲ့ "
သိပ်မကြာခင် တပ်သားတစ်ယောက်က သူ့ကိုယ်ပိုင် ဓားမော့ကို ဧကရာဇ်ထံ ရိုရိုကျိုးကျိုး ဆက်သလာသည်။
လီယွင်ကျန်းက ဓားမော့ကို ကိုင်ယူပြီးသည့်နောက်တွင် ယိုင်လဲလုနီးပါး ဖြစ်သွားခဲ့၏။
ထိုအရာကို မြင်တွေ့ပြီးသည့်နောက်တွင် ကုန်းကုန်းငယ် တချို့က ပါးစပ်ပိတ်ကာ လှောင်ရယ်လိုက်ကြသည်။
လီယွင်ကျန်းက တည်ငြိမ်နေ၏။ သူက လုကျိုးကို ကြည့်ကာ ပြောလိုက်သည်။ ” ဆရာကြီး ကျုပ်က ကျုပ် လမ်းမှာ ရှိတဲ့သူတွေကို ဖယ်ထုတ်ပစ်သင့်တယ်လို့ ပြောတယ်မလား”
" ဟုတ်တယ် " လုကျိုးက ပြောလိုက်သည်။
" ကျုပ်လိုမျိုးလူအတွက် ဓားမော့ကိုတောင် ကောင်းကောင်း မကိုင်ဆောင်နိုင်တဲ့လူတစ်ယောက်အတွက် သူတို့တွေကို ဘယ်လိုလုပ် ဖယ်ရှားနိုင်မှာလဲ " လီယွင်ကျန်းက ကန်းလုခန်းမဆောင်တွင် မေးခဲ့သည့်မေးခွန်းကိုသာ ထပ်မံမေးလိုက်သည်။
ဤတစ်ချိန် လီယွင်ကျန်း၏ မေးခွန်းထံ အလျင်လိုမှုတချို့ ပါဝင်နေ၏။ သူက အဖြေကို လိုအပ်နေသည်။ သို့သော်လည်း ဝေဝေဝါးဝါး အဖြေက သူ့လက်ရှိ အခြေအနေမှ ရုန်းထွက်ဖို့ ကူညီပေးနိုင်မည်မဟုတ်ပေ။
တိမ်တိုက်တောင်၏ ဝေဟင်က ကြည်လင်နေပြီး လေထုက အေးမြနေသည်။ သို့သော်လည်း အသက်ရှူဖို့ရာ ခက်ခဲနေ၏။
ထိုစဥ် ကောင်းကုန်းကုန်းက စားပွဲပေါ်မှ အိုးကို မြှောက်ကာ မကျေမနပ် အမူအရာမျိုးဖြင့် ငှဲ့လိုက်သည်။
ဂွတ်
သိပ်မကြာခင် အဖန်ရည်ခွက်ထဲ အဖန်ရည်ဖြင့် ပြည့်သွားလေသည်။
ကောင်းကုန်းကုန်းက ခွက်ကို မြှောက်ကာ တစ်ငုံတည်းဖြင့် အကုန်သောက်သုံးလိုက်၏။ သူက ခွက်ကို အသံကျယ်ကျယ်ဖြင့် ပြန်ချလိုက်သည်။ ဤသို့ဖြင့် ခွက်က စားပွဲထဲ လက်မဝက်လောက် နစ်ဝင်သွား၏။
ဧကရာဇ်ငယ်၏ စိတ်ထဲတွင် ဘယ်လိုတွေးနေမှန်း မည်သူကမှ မသိကြသလို ဘယ်သူမှလည်း ဂရုမစိုက်ကြပေ။ သူတို့က ဤအခြေအနေမျိုးကို နေသားကျနေပြီ ဖြစ်၏။
သို့သော်လည်း တစ်ခါတစ်ရံတွင် သာမန်အကျဆုံး ကိစ္စများက ထပ်ခါထပ်ခါ ဖြစ်လာသည့်အခါ ကုလားအုတ်ကျောရိုးကို ကျိုးသွားစေသည့် နောက်ဆုံးသော ကောက်ရိုးမျှင် ဖြစ်လာနိုင်သည်။
လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်၏” ငါက ငါ့စကားတည်တယ်။ မင်း လုပ်နိုင်တာကို လုပ်”
လီယွင်ကျန်း " ... "
ကောင်းကုန်းကုန်းက လှောင်ပြောင်လိုဟန်ဖြင့် ပြုံးလိုက်သည်။
နန်းဆောင်မိန်းမပျိုလေးများနှင့်ကုန်းကုန်းများကလည်း တောက်တောက်ပပ အကြည့်များဖြင့် ကြည့်နေကြပြီး ပြပွဲကောင်းကို စောင့်မျှော်နေကြဟန် ပေါ်သည်။
ကောင်းကုန်းကုန်းက ပြောလိုက်၏” အရှင်မင်းကြီး ဒေါသကို ထိန်းပါ။ အရေးကြီးတဲ့ကိစ္စကို ဦးစားပေးရမယ်လေ။ "
လီယွင်ကျန်းက ဓားမော့ကို မြှောက်ကာ ကောင်းကုန်းကုန်းဆီ သွားလိုက်သည်။ သူက ဒေါသတကြီးဖြင့် ပြောလိုက်၏။ ” ကောင်းရှစ်ယွင် မင်းက ခဏတိုင်း ဘောင်ကျော်လွန်းပြီးတော့ မင်းရဲ့ ဧကရာဇ်ကို လိမ်ညာနေတာပဲ။ ဒီနေ့ မင်းကို ဖြတ်ပစ်ရမယ်”
ထို့နောက် သူက ဓားမော့ကို လက်နှစ်ဖက်ဖြင့် မြှောက်ကာ ကောင်းကုန်းကုန်းထံ ဝှေ့ယမ်းလိုက်သည်။
ကောင်းကုန်းကုန်း၏ အမူအရာက မကျေမနပ်ဖြစ်လာပြီး လက်မြှောက်ကာ ဓားမော့ကို လက်နှစ်ချောင်းဖြင့် တားဆီးလိုက်၏။
ထင်ထားတဲ့အတိုင်းပဲ...
လီယွင်ကျန်းက ထိုအရာကို ထင်ထားပြီးသားဖြစ်၏။ သူ့နှလုံးသားက လေးလံလာမိသည်။
ကောင်းကုန်းကုန်းက ပြောကာ တောင်းပန်ဟန်ဖြင့် " အရှင်မင်းကြီး ဒေါသကို ထိန်းပါ။ နန်းတော်ကို ပြန်ရောက်မှ အပြစ်ခံယူပါ့မယ်။ အခု ကျုပ်တို့က အပြင်မှာလေ။ ကိုယ့်ဘာသာကိုယ် အရူးလုပ်နေရင် ဘယ်ကောင်းပါ့မလဲ”
ထိုစဥ် လီယွင်ကျန်းက သူသည် ယခုထက် ပိုမို အရှက်ကွဲစရာ မရှိတော့ဟု ခံစားမိလိုက်သည်။ သူက နန်းတော်အတွင်း နှစ်များစွာ ငကြောက် ဖြစ်နေခဲ့၏။ ယခု ငကြောက်အဖြစ် ထပ်ဟန်ဆောင်ရင်လည်း ဘာများကွာခြားသွားမည်နည်း။
သူက ဓားမော့ကို မဖို့ ကြိုးစားရင်း နောက်ထပ် လူတစ်ယောက်ကို ခုတ်လွှဲလိုက်သည်။ သို့သော် ကွဲပြားချက် မရှိပေ။ ထိုစဥ် လုကျိုးက ပြောလိုက်၏” မင်း အကောင်းဆုံး ကြိုးစားပြီးသွားပြီလား "
လီယွင်ကျန်းက လက်မောင်းထဲ အားထည့်ကာ ဓားမော့ကို တင်းတင်းဆုပ်ကိုင်ထားသည်။ ကျင့်ကြံသူတစ်ယောက်နှင့် ယှဥ်လိုက်လျှင် သူ့အင်အားက ဘာမှမဟုတ်ပေ။
" အရှင်မင်းကြီး " ကောင်းကုန်းကုန်းက အသံမြှင့်ပြောလိုက်၏။ အကယ်၍ ဤသို့သာ ဆက်ဖြစ်နေလျှင် ဤခရီးစဥ်၏ အစီအစဥ်က အလဟဿ ဖြစ်သွားလိမ့်မည်။
ထိုဧကရာဇ်ငယ်က ဒီနေ့မှာ ဘာတွေဖြစ်နေတာလဲ...
ထိုစဥ် လုကျိုးက လေသံအတက်အကျမရှိ ပြောလိုက်၏။ ” ရိုင်းပျလိုက်တာ "
သူက လက်ဖဝါးကို မြှောက်လိုက်သည့်အခါ အပြာရောင်အလင်းတန်း ထွက်ပေါ်လာ၏။
အပြာရောင်လက်ဝါးစည်းတံဆိပ်က လီယွင်ကျန်း၏ ပခုံးကို ဖြတ်သွားသည်။
ဘန်း
လက်ဝါးစည်းတံဆိပ်က ဓားမော့လက်ကိုင်နှောင့်ဆီ ကျရောက်လာသည့်အခါ ဓားမော့ကို တွန်းလွှတ်လိုက်သလို ဖြစ်သွားသည်။
ဤသို့ဖြင့် ဓားမော့က ကောင်းကုန်းကုန်း၏ လက်ချောင်း ၃ချောင်းကို ဖြတ်တောက်နိုင်ခဲ့သည်။
လီယွင်ကျန်းက ဆွံ့အသွားပြီး သူ့လက်များက တုန်တုန်ယင်ယင် ဖြစ်လာသည်။
ချွမ်
ဓားမော့က မြေပြင်ပေါ် ပြုတ်ကျသွား၏။
…
အခန်း ( ၈၁၉ ) သခင်နှင့်ကျွန်
တလက်လက် တောက်ပနေသည့် အနီရောင် လတ်လတ်ဆတ်ဆတ် သွေးများသည် လက်ခလယ်၊ လက်သန်းကြွယ်၊ လက်သန်း ပြတ်သည့်နေရာမှာ ပန်းထွက်လာလေ၏။
ဧကရာဇ် လီယွင်ကျန်းသည် ယခင်က ဓားအစစ်ကို တစ်ခါမှ မသုံးခဲ့ဖူးပေ။ နန်းတော်ထဲရှိ အရာအားလုံးသည် တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုအောက်တွင် ရှိ၏။ သူ့ဘဝ တစ်လျှောက်လုံး၌ ဆယ့်စုနှစ်တစ်စုကျော်စာ သူသည် ရုပ်သေးရုပ်တစ်ရုပ်ထက် မပိုခဲ့ပေ။ ဝမ်ရှစ်ကျုံးကြောင့်သာ မဟုတ်လျှင် သူသည် ဓားထိရန် အခွင့်အရေး ရခဲ့မှာ မဟုတ်။ သူ့ကိုယ်သူ သတ်သေရန် အခွင့်တောင် မရှိလေရာ သတ်ဖြတ်ခြင်း ကိရိယာများကို သုံးပိုင်ခွင့် ရှိဖို့ဆိုတာ ဝေးလှပေ၏။ ထို့အပြင် နန်းတော်ထဲ၌ အမြဲတစေ ငြိမ်းချမ်းနေခဲ့သည်။
ယခုအချိန်တွင် လီယွင်ကျန်း၏ ခန္ဓာကိုယ်က တုန်ယင်နေသည်။ သူ့မျက်လုံးထဲ ကြောက်လန့်မှု တစ်စွန်းတစ်စကို မြင်တွေ့ရပြီး ရင်ထဲ၌ အကြောက်တရား ပေါ်ထွက်လာ၏။ သူသည် ပိုဆိုးရွားသည့် ရလဒ်များ ဖြစ်ပေါ်လာနိုင်တာကို မကြာခဏ တွေးခဲ့ဖူးသည်။ သူက ကောင်းကုန်းကုန်းကို ခေါင်းဖြတ်ပြီး သူ၏ ခေါင်းကို ဘောလုံးတစ်လုံးကဲသို့ ကန်ပစ်မည့်အကြောင်း စိတ်ကူးယဉ်ခဲ့၏။ ထိုသို့ စိတ်ကူးယဉ်ပြီး ကျေနပ်အားရဖွယ် ဖြစ်စေ၏။ သို့သော် ယခု သူက ကောင်းကုန်းကုန်းကို ထိခိုက်အောင် လုပ်နိုင်ခဲ့သော်ငြား သူပျာယာခတ်နေ၏။ တစ်ချိန်တည်းတွင် ခေါင်းထဲ၌ ပြင်းထန်သည့် နောက်ဆက်တွဲက ပေါ်လာသည်။
ငါ ဘာလုပ်သင့်လဲ။
လီယွင်ကျန်းသည် အလိုလိုပင် နောက်တစ်လှမ်း ဆုတ်မိသွား၏။
ကောင်းရှစ်ယွမ်က သူ၏ လက်များ အဖြတ်ခံလိုက်ရပြီးနောက် အော်ရုံမျှသာ အော်နိုင်ပြီး သူ၏ ဒဏ်ရာများကို လျင်မြန်စွာ ဖိကပ်လိုက်သည်။ သူ၏ နူပ်ခမ်းကို တင်းတင်းစေ့လျက် မျက်လုံးထဲတွင် အမုန်းတရားနှင့် သတ်ဖြတ်လိုစိတ်တို့ ပုန်းနေ၏။ သူသည် လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် လီယွင်ကျန်း၏ ခေါင်းကို တကယ် ရိုက်ခွဲချင်သည်။ မဖြစ်နိုင်မှန်း သိနေ၏။ လီယွင်ကျန်းသည် ရုပ်သေး ဧကရာဇ် တစ်ပါး ဖြစ်နေလျှင်တောင် ဤရုပ်သေးရုပ်နောက်၌ အားကောင်းသည့် ပံ့ပိုးသူ များစွာ ရှိနေသည်။
ဝမ်ရှစ်ကျုံးသည် ထိုအချက်ကို သတိပြုမိ လေ၏။ မျက်လုံးထဲ ထိတ်လန့်မှု အနည်းငယ် ပေါ်လာသည့် အပြင် သူ၏ အမူအရာက သူ့စိတ်ခံစားချက်ကို သစ္စာမဖောက်ခဲ့ပေ။
အဆုံးကျ ကောင်းရှစ်ယွမ်သည် အထိန်းတော် တစ်ယောက်မျှသာ ဖြစ်၏။ နန်းတော်ထဲ၌ လူတချို့ကို ထိန်းချုပ်နိုင်ရုံမှ အပ သူသည် တန်ဖိုးသိပ်မရှိပေ။ ထို့အပြင် သူသေသွားခဲ့လျှင်တောင် အစားထိုးရှာဖို့ ခက်ခဲမှာ မဟုတ်ပေ။
ကောင်းရှစ်ယွမ်သည် သူသည် အစားထိုး မရသူမဟုတ်ကြောင်း သတိပြုမိ၏။ သူက ဖယ်ရှားခံနိုင် ရသောကြောင့် သူသည် သည်းခံရမည်။ ခဏကြာပြီးနောက် သူ့မျက်နှာပေါ်ရှိ ချွေးများကို သုတ်ကာ ဒူးထောက်လျက် အံကြိတ်ကာ ပြောလိုက်တော့သည်” ကျွန်တော်မျိုး သေသင့်တဲ့ ပြစ်မှု ကျူးလွန်မိပါတယ်။ ကျေးဇူးပြုပြီး ဒေါသ ထိန်းတော်မှုပေးပါ အရှင်မင်းကြီး “
လီယွင်ကျန်း “ …………….”
လီယွင်ကျန်းသည် လက်သုံးချောင်း ပြတ်ပြီးသည့်တိုင် ကောင်းရှစ်ယွမ်က သည်းခံနေလိမ့်မည်ဟု မထင်ထားပေ။
တစ်ဖက်တွင်မူ ဝမ်ရှစ်ကျုံးနှင့် ကျန်သည့် သူများက မအံ့ဩပေ။
ဝမ်ရှစ်ကျုံးသည် လုကျိုးကို လှည့်ကြည့်လိုက်သောအခါ လုကျိုး တည်ငြိမ်နေတာကို တွေ့လိုက်ရ၏။ ထိုအဘိုးကြီး၏ ယုံကြည်ချက် အရင်းအမြစ် ဘာဆိုတာ သိချင်သွားသည်။ အဘိုးကြီးသည် တာ့ထန်၏ တော်ဝင်ခုံရုံးကို စိတ်ခေါ်ရန်တောင် သတ္တိရှိသည်။
လီယွင်ကျန်းသည် ကြက်သေ သေရာမှ သတိဝင်လာသောအခါ သူသည် ထင်ထားသကဲ့သို့ အားမနည်းကြောင်း ရုတ်တရက် သဘောပေါက်သွားလေ၏။ ဓားမော့၊ သွေး၊ ပြတ်သွားသော လက်ချောင်းများ ။ သူသည် မနှစ်မြို့သည်ဟု မထင်ထားပေ။ ထိုအစား သူ့ရင်ထဲရှိ သူ့ဝန်ထုပ်ဝန်ပိုးကြီး ဖယ်ရှားလိုက်သည့်ပမာ ခံစားလိုက်ရသည်။
ထိုစဉ် အထိန်းတော်များနှင့် ရံရွှေတော်များသည် သတိဝင်လာသောအခါ ဒူးထောက်လိုက်ကြ၏။
“ ကျေးဇူးပြုပြီး စိတ်ထိန်းတော်မူပါ အရှင်မင်းကြီး “ ယင်းသည် လီယွင်ကျန်းက ဧကရာဇ်တစ်ပါးနှင့် ကိုက်ညီသည့် လေးစားမှုမျိုး ရရှိသည်ဟု ခံစားရသော ပထမဦးဆုံး အကြိမ်ဖြစ်သည်။
စာအုပ်တွေထဲမှာ ဆေးဆရာတွေ ဆိုလိုခဲ့တာ ဒါများလား။ ယခင်က သိုင်းခွန်အားအကြောင်း တစ်ခါမှ မတွေးခဲ့ဖူးသည့် လီယွင်ကျန်းက သဘောပေါက် သွားတော့သည်။ လုကျိုးက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏” မင်း အကောင်းဆုံး လုပ်ခဲ့လား “
လီယွင်ကျန်းသည် သူ၏ စိတ်ရှုပ်ထွေးနေသော အတွေးများကို ခဏတာ ဖယ်ရှားပြီး ပြောလိုက်သည်။
“ လုပ် လုပ်ခဲ့ပါတယ် “
“ မဟုတ်ဘူး မင်း မလုပ်ခဲ့ဘူး” လုကျိုးသည် ဖြည်းဖြည်းချင်း ထရပ်ပြီးနောက် လက်နောက်ပစ်ထားသည်။ ပြီးနောက် လီယွင်ကျန်းကို ကြည့်ကာ ခိုင်မာ တွန်းအားပေးသော အသံဖြင့် ပြောလိုက်၏။
“ ငါ့ မေးခွန်းကို ထပ်စဉ်းစား။ လောနေဖို့ မလိုဘူး။ အချိန်ယူ “
လီယွင်ကျန်းသည် တူညီသည့် မေးခွန်းမျိုး ထပ်အမေးခံလိုက်ရသောအခါ အနည်းငယ်၊ စိုးရိမ်ပူပန်၊ ကြောက်လန့်သွားလေ၏။ သူသည် ဒူးထောက်နေသော ကောင်းရှစ်ယွမ်ကို ကြည့်ပြီး မိန်းမစိုးအတွက် ကရုဏာ သက်မှု မရှိကြောင်း သိလိုက်၏။ ယင်းက ပြောရလျှင် ဤလူသည် သူ့ဘဝ၌ နန်းတော်ထဲရှိ သူ၏ ဘဝကို ဆိုးရွားအောင် လုပ်ခဲ့သည့် အထိန်းတော် ဖြစ်သည်။ သူ့အကြည့်က ရံရွှေတော်များနှင့် ခိုးကြည့်ကာ ကူကယ်ရာ မဲ့နေသော ကျန်သည့် အထိန်းတော်များဆီ ရောက်သွားသည်။ အပြင်လူများအဖို့ ထိုအစေခံများသည် အမှန်တကယ် သနားစရာကောင်းပုံပေါ်၏။ သို့သော် သူတို့က မည်မျှ အတုအယောင်ဆန်ပြီး သစ္စာဖောက်တတ်ကြောင်း သူသာလျှင် သိမည်။ အခြေအနေများက ခွင့်ပြုခဲ့မည်ဆိုလျှင် သူတို့သည် ခြေထောက်မြှောက်ပြီး သူ့ကို ဆက်တိုက် လှောင်ပြောင်လိမ့်မည်ဆိုတာ သူ သံသယ မရှိပေ။ လီယွင်ကျန်းက အတွင်းနစ်နေစဉ် ဝမ်ရှစ်ကျုံးက လေသံ အတက်အကျ မရှိ ပြောလိုက်၏။
“ အရှင်မင်းကြီး ကောင်းကုန်းကုန်းရဲ့ သစ္စာရှိမှုကို နေနဲ့လက သက်သေခံနိုင်ပါတယ်။ သူက လက်သုံးချောင်း ဆုံးရှုံးသွားပြီ။ အရှင့်ကို နှစ်ပေါင်းများစွာ ခစားလာခဲ့တာကို ထောက်ထားပြီး သူ့ကို သနားပြီး ခွင့်လွှတ်လိုက်ပါလား။ အနည်းဆုံးတော့ သူ အားစိုက်ထုတ်ခဲ့တာတွေအတွက် ထိုက်တန်ပါတယ်”
လီယွင်ကျန်းသည် ဝမ်ရှစ်ကျုံးဘက် လှည့်ကြည့်ပြီး မေးလိုက်၏” ဒါဆို ငါ့ကို ဘယ်သူက သနားမှာလဲ “
“ အရှင်မင်းကြီး ကောင်းကုန်းကုန်းက ကျွန်တော်မျိုးတို့ မသိတဲ့ တခြားပြစ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ ပြောနေတာလား “ ဝမ်ရှစ်ကျုံးက အံ့ဩသွား၏။
“ ကျွန်တော်မျိုး ထင်တာက ကောင်းကုန်းကုန်းကို သူ့ကိုယ်သူ ခုခံဖို့ အခွင့်အရေး တစ်ခုပေးသင့်ပါတယ် “ ဝမ်ရှစ်ကျုံးက ပြောလိုက်သည်။
ကောင်းရှစ်ယွမ်က အလျင်စလို ပြောလိုက်၏” အရှင်မင်းကြီးက ကျွန်တော်မျိုးရဲ့ အပြစ်အတွက် ကျွန်တော်မျိုးကို အပြစ်ပေးဖို့ ရည်ရွယ်ထားရင် စောဒက တက်စရာ မရှိပါဘူး။ ဒါပေမဲ့ ဧကရာဇ်တစ်ပါး အနေနဲ့ ပြစ်ဒဏ်က ပြစ်မှုနဲ့ ထိုက်တန်ရမယ်”
ဝမ်ရှစ်ကျုံး၏ စကားများက ကောင်းရှစ်ယွမ်ဘက်တွင် ရှိနေပုံ ရတာကို လီယွင်ကျန်း ကြားသောအခါ သူ့ရင်ထဲရှိ အကြောက်တရားများနှင့် မသေချာ၊ မရေရာမှုများအားလုံးကို အမျက်ဒေါသ မီးလျှံများက တိုက်စားသွားသည်။ သူက အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ အင်ပါယာ၏ အုပ်စိုးသူ တစ်ယောက်အနေဖြင့် သူသည် သင့်တော်သော အပြုအမူဖြင့် ပြုမူရမည်။ ပြီးနောက် သူသည် အေးစက်သော အကြည့်၊ တည်ငြိမ်သော နှလုံးသားဖြင့် မေးလိုက်၏။
“ ကောင်းရှစ်ယွမ် မင်းက တာ့ထန်ရဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို သိတာပဲ။ ငါ့ကိုပြော မင်းရဲ့ ပြစ်ဒဏ်က ဘာဖြစ်သင့်လဲ “
ကောင်းရှစ်ယွမ် “ ……….. “
“ အော့နှလုံးနာစရာ ဆယ်ချက်ထဲက တစ်ချက်က မလေးမစား ပြုမူတာပဲ။ မင်းကို ဘယ်လို အပြစ်ပေးသင့်လဲ။ ငွေကြေးကို တပ်မက်၊ ဥပဒေကို အနိုင်ကျင့်၊ ရံရွှေတော်တွေကို တရားလက်လွှတ် သတ်ဖြတ်နေတာ ဒီပြစ်ဒဏ်တွေအတွက် ဘာအပြစ် ပေးသင့်တယ်လို့ ထင်လဲ။ မင်းအစောတုန်းက မင်းလုပ်ခဲ့တုန်းက မင်းမှာ လုပ်ပိုင်ခွင့် ရှိနေတယ်လို့ ထင်နေတဲ့ပုံပဲ။ အင်ပါယာမှာ ဥပဒေရှိတယ်။ ပြီးတော့ နန်းတော်ထဲက လူတွေကို မင်း စိတ်တိုင်းကျ သတ်ပိုင်ခွင့်မရှိဘူး။ ငါ့ကို ဖြေ “
လီယွင်ကျန်းသည် မေးခွန်းသုံးခု ဆက်တိုက်မေးခဲ့ပြီး ယုံကြည်ချက် ရှိနေတာ သိသာ၏။ ကောင်းရှစ်ယွမ်က မျက်မှောင်ကျုံ့သွားသည်။ သူက ပြောလိုက်တော့သည်” မင်း “
“ မင်းတဲ့လား “ လီယွင်ကျန်းက သတ္တိရှိလာပြီးနောက် ကောင်းရှစ်ယွမ် ရှေ့၌ ရပ်လိုက်သည်” ရာရာစစ မင်းက ဧကရာဇ်တစ်ပါးကို ဒီလိုပုံစံ ခေါ်ရဲတယ်ပေါ့။ မင်းရဲ့ ဧကရာဇ်ကို သတ်ချင်နေတာလား “
“ …….. “
ဝမ်ရှစ်ကျုံး၊ ဝမ်ရှု၊ ရဲမက်များ၊ ကောင်းကင်သိုင်း ခုံရုံးတပည့်များ၊ အထိန်းတော်များနှင့် ရံရွှေတော်များသည် လီယွင်ကျန်းကြောင့် စိတ်ရှုပ်ထွေး သွားပုံပေါ်၏။
ဧကရာဇ်လေးက ဒီနေ့ စိတ်လွတ်သွားပြီပဲ။
ကောင်းရှစ်ယွမ်သည် ကမ္ဘာပေါ်ရှိ သတ္တိအားလုံး ရထားလျှင်တောင် သူသည် ဧကရာဇ်ကို မသတ်ရဲပေ။ အနည်းဆုံးတော့ ပေါ်ပေါ်တင်တင် သတ်ရဲမှာ မဟုတ်။
လီယွင်ကျန်းက ရှေ့တိုးပြီး ကောင်းရှစ်ယွမ်ကို ငုံ့ကြည့်ကာ ကောင်းရှစ်ယွမ်ကို နောက်ဆုတ်အောင် ဖိအားပေးလိုက်သည်။ ကောင်းရှစ်ယွမ်၏ မျက်နှာအပေါ် အသွေးအယောင်များ ဖြူဖျော့သွားပြီး မြေပြင်ပေါ် ပြုတ်ကျသွား၏။
ယခုအချိန်တွင် လီယွင်ကျန်းက သူထင်ထားသည်ထက် ပိုအစွမ်းထက်သည်မှန်း သဘောပေါက်သွားသည်။ ယင်းက ယုံကြည်ချက်ကို ပိုမြှင့်တင် ပေးလိုက်သည်။ သူက အသံတိုးတိုးဖြင့် ပြောလိုက်၏။
“ မင်းကို သေဒဏ်ချမှတ်တယ်။ မင်းလက်ခံမှာလား” တော်လောက်ပြီ။ ကောင်းရှစ်ယွမ်က ရုတ်တရက် စူးရှသော အသံဖြင့် ပြောလိုက်သည်။ သူ၏ အထင်သေးမှုများ၊ အမြတ်ဒေါသများ ပြည့်နေ၏။
“ ကျွန်တော်မျိုးကို သတ်မလို့လား အရှင်မင်းကြီး “
“ မင်းက ပုန်ကန်တော့မလို့လား “ လီယွင်ကျန်းက နောက်မဆုတ်ပေ။
“ ကျွန်တော်မျိုးမှာ ဒီလို ရည်ရွယ်ချက် မရှိဘူး။ ဒါပေမဲ့ ဒါကို လက်မခံနိုင်ဘူး” ကောင်းရှစ်ယွမ်က လက်နှစ်ချောင်းတည်းသာ ကျန်တော့သည့် လက်ကို မြှောက်ပြီး အင်္ကျီစကို ဖြဲကာ သူ့လက်ကို ချည်နှောင်လိုက်၏။ သူသည် ဖြည်းဖြည်းချည်း ထရပ်ကာ ပြောလိုက်သည်” အရှင်မင်းကြီး ကျွန်တော်မျိုး သေရမှာ မကြောက်ဘူး။ ဒါပေမဲ့ ကျွန်တော်မျိုး သေသွားခဲ့ရင် နန်းတော်ထဲ သောင်းကျန်းမှုတွေ ဖြစ်ကုန်မှာ စိုးရိမ်မိတယ်။ အဲ့ဒီအချိန်ကျ သေဆုံးမှုတွေ များလာမှာပဲ “
လုကျိုးသည် ကောင်းရှစ်ယွမ် စကား ပြောပြီးသည့် အချိန်၌ လက်ခုပ်တီးလိုက်တော့သည်။ သူက ဖြတ်ပြောလိုက်တော့သည်။
“တာ့ထန်မှာ ကြည့်ရတာ အစေခံတွေက သူတို့ရဲ့ ဧကရာဇ်ကို ခြိမ်းခြောက်ရဲတဲ့အထိ သတ္တိရှိနေတဲ့ပုံပဲ။ ဒီနေ့ ငါအမြင်ကျယ်သွားပြီ “
ကောင်းရှစ်ယွမ်က ပြန်ပြောလိုက်၏။
“ ဒါက နန်းတော်ရဲ့ ကိစ္စပဲ။ ခင်ဗျားနဲ့ ဘာမှ မဆိုင်ဘူး”
“ အစေခံနဲ့ ကျွန်က ကိုယ့်နေရာနဲ့ ကိုယ်ပဲ။ အစေခံတစ်ယောက် အနေနဲ့ မင်းက မင်းတာဝန်တောင် မဖြည့်ဆည်းပေးနိုင်ဘူး။ ပြီးတော့ ရာရာစစ မထိလေးစား ပြုမူရဲတယ်ပေါ့” လုကျိုးက မေးလိုက်၏။
“ အဲ့လိုဆိုရင်တောင် ကျုပ်ကို တခြားသူတွေ အမိန့်ထုတ်ခွင့် မရှိဘူး “ ကောင်းရှစ်ယွမ်က ပြောလိုက်၏။
လုကျိုးက ရှေ့သို့ တက်လာပြီးနောက် လီယွင်ကျန်းဘေးသို့ ရောက်သွားသည်။ သူက တည်ငြိမ်ခက်ထန်သော လေသံဖြင့် ပြောလိုက်သည်” ငါ့ မြေးတပည့်ရဲ့ ကိစ္စကို စိုးရိမ်ပူပန်ပေးချိန်မှာ ဘယ်လိုလုပ် ငါက အပြင်လူတစ်ယောက် ဖြစ်သွားရတာလဲ “
“ မြေးတပည့်လား “ ကောင်းရှစ်ယွမ်နှင့် ကျန်သည့်သူများက ထိတ်လန့်သွားလေ၏။ လီယွင်ကျန်းတောင် စိတ်ရှုပ်ထွေးသွားသည်။ ဝမ်ရှစ်ကျိုးက မျက်မှောင်ကျုံ့လိုက်၏။ သူက လျင်မြန်စွာ တုံ့ပြန်ကာ စားပွဲခုံကို ရိုက်ချလိုက်သည်။
“ ကောင်းရှစ်ယွမ် မင်းရဲ့ ပုန်ကန်ဖို့ အပြုအမူတွေ အတွက် အရှင်မင်းကြီး သေဒဏ်ပေးလိုက်ပြီ။ ဒါတောင် မင်းက အငြင်းပွားရဲသေးတယ်လား “ ဝမ်ရှစ်ကျိုးက ကျယ်လောင်စွာ ပြောလိုက်ရာ ကျန်သည့်သူများကို ထိတ်လန့်သွားလေ၏။
“ အရှင်ဝမ် ဘာလို့များ “ ကောင်းရှစ်ယွမ်က ဇဝေဇဝါ ဖြစ်သွားလေ၏။
“ အရှင်သခင်နဲ့ အစေခံတွေမှာ ကိုယ့်နေရာ ကိုယ်စီရှိတယ်။ မင်းရဲ့တာဝန်ကိုတောင် မဖြည့်ဆည်းနိုင်တဲ့ အချိန်မှာ အရှင်မင်းကြီးကို ခြိမ်းခြောက်ရဲတယ်လား “ ဝမ်ရှစ်ကျုံးက အရိုအသေ ပေးလိုက်သည်။
“ တခြားသူတွေအတွက် သာဓကအနေနဲ့ ကောင်းရှစ်ယွမ်ကို ကွပ်မျက်ဖို့ တောင်းဆိုပါတယ် “
“ ရာရာစစ “
ကောင်းရှစ်ယွမ်က မျက်လုံး ပြူးကျယ်သွားကာ နောက်သို့ ယိုင်သွားသည်။ တစ်ချိန်တည်းတွင် သူ၏ အကာအကွယ် စွမ်းအင်ကို သုံးလိုက်၏။
ထိုစဉ် လီယွင်ကျန်းက မျက်နှာသေဖြင့် ပြောလိုက်၏” သူ့ကို ခေါင်းဖြတ်လိုက်”
“ ဟုတ်ကဲ့ အရှင်မင်းကြီး “
ဝမ်ရှစ်ကျုံးသည် သူ၏ မဟာနည်းစနစ်ဖြင့် လျင်မြန်စွာ လှုပ်ရှားကာ ကောင်းရှစ်ယွမ်ရှေ့၌ ပေါ်လာ၏။ သူ၏ လက်ဝါးသည် ကောင်းရှစ်ယွမ်၏ ရင်ဘက်ကို မိုးကြိုးပမာ ထိမှန်သွားသည်။
ဘန်း
ကောင်းရှစ်ယွမ်က နောက်သို့ လှန်သွားပြီး သွေးအန်တော့၏။ ဝမ်ရှစ်ကျုံးက မြေပြင်ပေါ်ကနေ ခုန်တက်လျက် လျှပ်ပြက်သော အရှိန်ဖြင့် ကောင်းရှစ်ယွမ်ပေါ်၌ ပေါ်လာသည်။ စွမ်းအင်က သူ့ခြေထောက်အောက်၌ ဖွဲ့တည်လာပြီး ကောင်းရှစ်ယွမ်၏ ရင်ဘတ်ကို ဆောင့်နင်းလိုက်၏။
ဖုန်း
ကောင်းရှစ်ယွမ်သည် တိမ်တိုက်ရင်ပြင်ပေါ် ဖိခြေခံလိုက်ရပြီး ကြမ်းပြင်က အက်သွားသည်။ အစကနေ ယခုအချိန်အထိ သူသည် သူ့စိတ်ဝိဉာဉ် သဏ္ဌာန်ကို ဖွဲ့တည်ရန် အခွင့်အရေးတောင် မရခဲ့ပေ။ သူသည် ဝမ်ရှစ်ကျုံး၏ အရှိန်ကြောင့် ဖိနှိပ်ခံထားရသည်။ ဒီအတိုင်း သူအသက်ရှူရပ်သွားတော့သည်။ မျက်လုံးများက သေသည်အထိ ပြူးကျယ်နေကာ ရင်ဘတ်က ချိုင့်နေသည်။
အားလုံးသည် ရုတ်တရက် အလှည့်အပြောင်းကြောင့် ထိတ်လန့်သွားကြကာ လီယွင်ကျန်းက လုကျိုး၏ မြေးတပည့်ဖြစ်ခြင်း အကြောင်းအရင်းကို ယာယီ မေ့လျော့ သွားကြသည်။
ဝမ်ရှစ်ကျုံးသည် ကောင်းရှစ်ယွမ်၏ အလောင်းဆီကနေ ဖယ်ပြီးနောက် အရိုအသေ ထပ်ပေးကာ ပြောလိုက်တော့သည်။
“ အရှင်မင်းကြီး ဒီအထိန်းတော်တွေနဲ့ ရံရွှေတော်တွေကိုလည်း ကွပ်မျက်သင့်ပါတယ်။ ဧကရာဇ်ကို ပုန်ကန်တာက သေသင့်တဲ့ ပြစ်မှုပဲ။ သူတို့ကို အလွယ်တကူ လွှတ်ပေးလို့ မရဘူး “
“ သေဒဏ်ပေးစေ “ လီယွင်ကျန်းက အေးတိအေးစက် ပြောပြီး လှည့်ထွက်သွားတော့သည်။
“ သူတို့ကို ရထားလုံးပျံဆီ သယ်လာပြီး ကွပ်မျက်လိုက် “ ဝမ်ရှစ်ကျုံးက အမိန့်ပေးလိုက်၏။
“ နားလည်ပါပြီ “
ရဲမတ်များသည် အထိန်းတော်များနှင့် ရံရွှေတော်များကို ရထားလုံးပျံဆီ သယ်လာ၏။
“ သက်ညှာပေးပါ အရှင်မင်းကြီး “
“ သက်ညှာပေးရမယ်လား လူတချို့က သက်ညှာပေးဖို့ မထိုက်တန်ဘူး။ အထူးသဖြင့် သူတို့ အားနည်းနေချိန်မှာတောင် မထီလေးစား ပြုမူရဲသေးတာကိုပေါ့ “
ဝမ်ရှစ်ကျုံးသည် လီယွင်ကျန်းကို ကြည့်ပြီး ပြောလိုက်၏။
“ အရှင်မင်းကြီး ကျွန်တော်မျိုး အရှင့်ရဲ့ အမိန့်အတိုင်း သူတို့ကို ကွပ်မျက် ပြီးပါပြီ “
“ ကောင်းတယ် “ လီယွမ်ကျန်းသည် ယခု နေထိုင်ရ ပိုကောင်းသွားတော့သည်။ ဝမ်ရှစ်ကျုံးက သူ့ခုံသို့ သူပြန်သွားလိုက်တော့သည်။
ဟီး
ထိုစဉ် အဝေးရှိတောင်တန်းမှ မြင်းဟီသံကို ကြားလိုက်ရသည်။ယွီရှန်းရုန်က ဆူညံသံ ပေါ်လာဘက်ကို ကြည့်ပြီး သူ၏ ရှစ်စွင်းကို ပြောလိုက်သည်။
“ ကျီလျန့်က မောပန်းနေတာ ထင်တယ်။ ဒါ့အပြင် ဒီနေ့က မူမမှန် ပြုမူနေတာ။ သွားကြည့်သင့်တယ် “
လုကျိုးသည် ယွီရှန်းရုန်ကို မတုံ့ပြန်နိုင်သေးခင် ဝမ်ရှစ်ကျုံးဘေးတွင် ထိုင်နေသော ဝမ်ရှုက ပြောလိုက်၏။
“ အဖေ အဲဒါ သမီးရဲ့ မြင်း သမီးရဲ့ မြင်းပဲ “
“ ဟမ် “
ခြေကြွနေပြီးသော ယွီရှန်းရုန်သည် ထိုစကားများကို ကြားသောအခါ နောက်ဆုတ်လိုက်၏။ သူက ဝမ်ရှုဘက်လှည့်ပြောလိုက်သည်။
“ မင်းရဲ့ မြင်းလား “