အခန်း (၈၂၃-၈၂၅)
Vol. 55 Ch. 823-825
အခန်း (၈၂၃) ထွက်ပြေးရန် အချည်းနှီးကြိုးပမ်းမှု
သူ၏သဘောထားက ပြောင်းလဲသွား၏။ ယခင်က သူသည်တောင်အခြေအနေများကို ငြိမ်းချမ်းစွာ ညှိနှိုင်းနိုင်သေးသည်။ သို့သော်ယခုတိုက်ပွဲဖြစ်ခဲ့ပြီဖြစ်ရာ မည်သူကခွင့်လွှတ်နိုင်ပြီး တည်ငြိမ်နိုင်ဦးမည်နည်း။
တကယ်တော့ ဝမ်ရှစ်ကျုံးသည် မျက်နှာသာပေးမှုကို မည်သို့တန်ဖိုးထားရမည်မှန်း တကယ်မသိပေ။ သူသည် ဂုဏ်ပြုတာကို ငြင်းဆန်ပြီး သောက်ချင်ယောင်သာ ဆောင်ခဲ့၏။
လုကျိုးသည် ဝမ်ရှစ်ကျုံးနှင့် ပေတစ်ဝက်အကွာတွင် ခမ်းနားသောသွင်ပြင်ဖြင့် ရပ်နေ၏။ ဧကရာဇ်လီယွင်ကျန်းက သူနှင့် တစ်ပေအကွာတွင်ရှိသည်။
ဝမ်ရှစ်ကျုံးသည် ပွင့်ချပ်ကိုးလွှာနှင့်တစ်ဝက် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ သူသည် နျဲ့ချင်းယွင်ကြောင့် ကောင်းကင်မှ ပြုတ်ကျလာသော်ငြား သူ့တွင် ခွန်အားတချို့ ကျန်သည်။ သူ၏လက်ရှိနေရာက အဘိုးအိုကို ရင်ဆိုင်တိုက်ခိုက်ရန် ပြီးပြည့်စုံ၏။ သူသည် အဘိုးအိုနှင့် အနီးဆုံးသွားနိုင်သည်။ သို့သော်ငြား တကယ်တိုက်ခိုက်ရဲမည်လော။
ကောင်းကင်ထဲတွင် ခုခံနေရသောကျင့်ကြံသူများသည် ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်ကြောင့် အရိုက်ခံလိုက်ရသည်။
ဝမ်ရှစ်ကျုံး၏သမီး ဝမ်ရှုသည်မထွက်ပြေးနိုင်ခဲ့ပေ။ လက်ဝါးရိုက်ချက်သည် သူမအပေါ် ကျရောက်လာပြီးနောက် သူမမြေပြင်ပေါ် ကျသွားသည်။ သူမဘဝတွင် ထိုကဲ့သို့နာကျင်မှုကို တစ်ခါမှမခံစားဖူးပဲ ယခုအချိန်မရောက်ခင်အထိ နာကျင်မှုဆိုတာဘာမှန်း မေ့ပျောက်လုနီးပါး ဖြစ်ခဲ့သည်။ သူမ၏ချီပင်လယ် ဖျက်ဆီးခံခဲ့ရပြီး ယခုဆို သာမန်သေမျိုးတစ်ယောက်မျှသာ ဖြစ်သွားကြောင်း သူမသိသည်။
ဝမ်ရှစ်ကျုံးသည် အပြင်းအထန်ချောင်းဆိုးပြီးနောက် ကောင်းကင်ထဲရှိ နျဲ့ချင်းယွင်ဘက်ကို လှည့်ကြည့်လိုက်သည်။
နျဲ့ချင်းယွင်၏ ပေနှစ်ရာစိတ်ဝိညာဉ်သဏ္ဌာန်သည် တောင်ကဲ့သို့ မြင့်မားလှပေ၏။ ၎င်း၏အမြင့်သည် တိုင်းတာရန် မဖြစ်နိုင်ပုံပေါ်သည်။
နျဲ့ချင်းယွင်သည် ဆက်မတိုက်ခိုက်ပေ။
နျဲ့ချင်းယွင်သည် ဆက်မတိုက်ခိုက်ခဲ့ဘဲ ထိုအစား ဝမ်ရှစ်ကျုံးကို ငုံ့ကြည့်ပြီးပြောလိုက်၏။
“အရှင်ဝမ် ခင်ဗျားခုခံဦးမှာလား”
ဝမ်ရှစ်ကျုံးက ထရပ်လိုက်သည်။ သူကလက်ဝှေ့ရမ်းလျက် လုကျိုးကို ပြောလိုက်လေ၏။
“လုချန်ပေ့ အခြေအနေငါးရပ်ကို လက်ခံတယ်”
“သိပ်ကောင်းတယ်” လုကျိုးက ပြန်ပြောလိုက်သည်။
ပြီးနောက် ဝမ်ရှစ်ကျုံးသည် ဝမ်ရှုဆီသို့သွားလိုက်၏။ သူသည် သူမကိုသယ်ကာ သူ၏လက်ဖဝါးကနေ သူမခန္ဓာကိုယ်ထဲ ကနဦးချီများ ထည့်ပေးလိုက်သည်။ အနည်းဆုံးတော့ သူသည် သူမ၏နာကျင်မှုနှင့် ဝေဒနာကို လျော့ပါးစေသည်။
မည်သူကမှ ဝမ်ရှစ်ကျုံးကို မတားခဲ့ပေ။ သူတို့က သူ့ကိုကြည့်ရုံသာ ကြည့်နေသည်။
လီယွင်ကျန်းက ဆုတ်ဖြဲခံလိုက်ရသလိုပင် သူကမေးလိုက်တော့သည်။
“ဒါက မလွန်လွန်းဘူးလား”
လုကျိုးက စိတ်အားထက်သန်စွာ ပြောလိုက်သည်။
“မင်းက ငယ်သေးတယ်၊ မင်းကိုယ်တိုင် မတွေ့ကြုံရသေးတဲ့ အတွေ့အကြုံတွေ အများကြီးရှိတယ်၊ ဝမ်ရှစ်ကျုံးက ဝန်ချုပ်ပဲ အဆင့်မြင့်အရာရှိတစ်ယောက်အနေနဲ့ မင်းမှန်းဆနိုင်တာထက်ပိုတဲ့သွေးတွေ သူ့လက်ထဲမှာ စွန်းထင်းနေတာ၊ ပြိုလဲတဲ့သူက ငါဖြစ်ပြီး သူသာ ဒီနေရာမှာထိုင်နေခဲ့တာဆိုရင် ငါအသက်ရှင်နေဦးမယ်လို့ထင်လား”
“အမ်”
လီယွင်ကျန်းက ပြောစရာစကားမဲ့သွားသည်။ ရာထူးအမြင့်တွင်ရှိသည့် လူတစ်ယောက်အနေဖြင့် အမြင့်ဆုံးနေရာတွင် ရှိနေလေရာ လုကျိုး၏စကားကို သူနားလည်သည်။ တကယ်ပင် ဝမ်ရှစ်ကျုံးသည် ယခင်က လူအများကို သေမိန့်ပေးခဲ့တာကို သူမျက်မြင်တွေ့ခဲ့သည်။ - ကြိုးစားကျင့်ကြံခဲ့သည့် သူအယုံကြည်ရသော လက်အောက်ငယ်သားများသည် ညတွင်းချင်း အသတ်ခံခဲ့ရ၏။ နန်းတော်၏စုံစမ်းစစ်ဆေးမှုရလာဒ်အရ ယင်းသည် လုပ်ကြံသတ်ဖြတ်သူများ၏ အလုပ်မဟုတ်ပေ။ သို့သော်သူကောင်းကောင်းသိသည်။ သူတို့အလောင်းများသည် မီးရှို့ခံခဲ့ရပြီး ထိုအချိန်မှစပြီး အမှန်တရားက မြုပ်နှံခံရ၏။
“စိတ်နှလုံးသားပျော့ပျောင်းတဲ့လူက တပ်ဖွဲ့တစ်ဖွဲ့ကို အမိန့်ပေးဖို့ မသင့်တော်ဘူး၊ သူရဲကောင်းက ဘဏ္ဍာရေးကို မစီမံသင့်ဘူး၊ စိတ်ခံစားချက်လွယ်တဲ့လူတွေက ဆုံးဖြတ်ချက်မချမှတ်သင့်ဘူး မင်းနားလည်လား” လုကျိုးက မေးလိုက်၏။
တိုင်းပြည်၏အုပ်စိုးသူတစ်ယောက်အတွက် မရှိမဖြစ် လိုအပ်ချက်များဖြစ်သည်။ သူတို့၏တရားစီရင်ပိုင်ခွင့်ထဲတွင်မရှိသည့်အရာများကို ဝင်စွက်ဖက်သင့်ပေ၏။ ကိစ္စများစွာ၌ လူအများစုသည် သူတို့စိတ်တိုင်းကျ မပြုမူနိုင်ပေ။
“နားလည်ပါပြီ” လီယွင်ကျန်းက ပြန်ပြောလျက် ဝမ်ရှစ်ကျုံးကို ကြည့်လိုက်သည်။
ဝမ်ရှစ်ကျုံးသည် သူ၏ဒဏ်ရာကို တည်ငြိမ်အောင်ကုသပြီးနောက် သက်ပြင်းချကာ ရေရွတ်ပြောလိုက်တော့သည်။
“ဒီကပ်ဘေးကို မင်းဘာသာ ဆောင်ယူလာတာပဲ”
နျဲ့ချင်းယွင်သည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ရုပ်သိမ်းလျက် အမိန့်ပေးလိုက်၏။
“သူတို့ကို ချုပ်ထားလိုက်”
“နားလည်ပါပြီ”
ယင်းကို မြင်သောအခါ ကျင့်ကြံသူများစွာသည် ရှေ့တစ်လှမ်းတိုးလာပြီး တစ်ညီတစ်ညွတ်တည်း အော်လိုက်လေ၏။
“အရှင်ဝမ်”
ကောင်းကင်သိုင်းခုံရုံးသည် ၎င်း၏အဖွဲ့သားများစွာကို ဆုံးရှုံးခဲ့၏။ ဝမ်မိသားစုတွင် ကျန်သည်ကား လက်ရွေးစင်များသာ ဖြစ်သည်။ သူတို့၏အရှင်သခင် ခေါ်သွားခံရတာကို သူတို့မည်ကဲ့သို့ရပ်ကြည့်နေနိုင်မည်နည်း။
“ဝမ်ထော်၊ ဝမ်ရှန်း၊ ဝမ်ရင်း ငါ့အမိန့်ကို နာခံ” ဝမ်ရှစ်ကျုံးက ကျယ်လောင်စွာပြောလိုက်၏။
ဝမ်မိသားစုမှ သိုင်းပညာရှင်သုံးဦးသည် ရှေ့တက်လာပြီး ဦးညွှတ်လျက်ပြောလိုက်၏။
“အရှင်ဝမ်”
“ငါတိမ်တိုက်တောင်မှာ အချိန်တချို့နေဦးမယ်၊ ပြန်ရောက်တဲ့အချိန် ဒီအကြောင်းဘယ်သူ့ကိုမှ မပြောနဲ့၊ ကောင်းကင်သိုင်းခုံရုံးကို မဆက်သွယ်နဲ့၊ သွားတော့”
“နားလည်ပါပြီ” သိုင်းပညာရှင်သုံးယောက်သည် တိမ်တိုက်ရင်ပြင်၏အစွန်းဆီ ဆုတ်ခွာသွားပြီး အကွာအဝေးကို ထိန်းထားလျက် ဓားမော့များကြောင့် သူတို့ရင်ထဲ အကြောက်တရားကြီးစိုးနေသည်။
ဝမ်ရှစ်ကျုံးက လုကျိုးက လုကျိုးဘက် လက်သီးဆုပ်မိုးကာ ပြောလိုက်တော့သည်။
“လုချန်ပေ့၊ အခြေအနေငါးရပ်ကို ကျုပ်သဘောတူပါတယ်၊ ဒီမှာကျုပ်သမီးနဲ့ နေမယ်၊ ဒါပေမဲ့ ဒီဝမ်မိသားစုတပည့်တွေက ဒါနဲ့ ဘာမှမဆိုင်ဘူး၊ သူတို့ဒီမှာနေလို့ အကျိုးမထူးဘူး၊ သူတို့ကို လွှတ်ပေးနိုင်မလား”
လုကျိုးသည် မုတ်ဆိတ်သပ်လျက် ကျန်ရှိသောကျင့်ကြံသူများကို ကြည့်လိုက်၏။ တကယ်ပဲ သူတို့ကို ဤနေရာတွင်ထားလိုက်လျှင် အကျိုးမရှိပေ။ သူ့သတင်းစကားပါးရန် တစ်စုံတစ်ယောက်လွှတ်ဖို့လိုသည်။ ထို့ပြင် သူတို့တစ်ယောက်မှ ပြန်မရောက်ခဲ့လျှင် ကောင်းကင်သိုင်းခုံရုံးမှ သတိထားမိလိမ့်မည်။
လုကျိုးက စကားပြောတော့မည့်အချိန်တွင် ခရုလေးသည် ဝမ်မိသားစု၏ တပည့်များထဲမှ တစ်ယောက်ကို ရုတ်တရက်လက်ညှိုးထိုးပြီးပြောလိုက်၏။
“ရှစ်စွင်း သူက ကျီလျန့်ကို ဖမ်းခဲ့တဲ့လူ၊ ကျီလျန့်က သူ့ကို အစောတုန်းက အကြိမ်ပေါင်းများစွာ ကြည့်ခဲ့တာ”
“…”
ဝမ်ထော်က ထိတ်လန့်သွားပြီး သူစိတ်လေးသွားတော့၏။
ကျီလျန့်သည် အနားယူရန်တောင်ပေါ်သို့ ပြန်သွားပြီဖြစ်၏။ ယခင်က အဆိပ်ခပ်ခံခဲ့ရသည်။ အစောတုန်းက ယင်းက ဟီနေခဲ့ပြီး သောင်းကျန်းခဲ့သည်။ သို့သော် ပြောရန်မလို _ သူမ နားမလည်ပေ။
ခရုလေး၏စကားကိုကြားသောအခါ လူတိုင်းက ဝမ်ထော်ကို လှမ်းကြည့်လိုက်၏။ ထိုစဉ် ဝမ်ရှစ်ကျုံးသည် ကျီလျန့်က သူတို့ရောက်လာခါစ၌ ဟီနေတာကို သူတို့ကြားသောအခါ သူ၏သမီးသည် ဝမ်ထော်အကြောင်း ပြောခဲ့၏။ ထိုစဉ်က သူသည် ထိုကိစ္စကို အာရုံမစိုက်ခဲ့ပေ။ ဝမ်ရှစ်ကျုံးက စိတ်တိုနေသောလေသံဖြင့် ခေါ်လိုက်သည်။
“ဝမ်ထော်”
အခြေအနေငါးရပ်ထဲတွင် ပထမဆုံးအချက်က ဝမ်ထော်နှင့် အရာအားလုံးသက်ဆိုင်နေသည်။ ဝမ်ထော်သည် သူရောက်ရှိမည့်အခြေအနေကို သိနားလည်၏။ တွေဝေမနေပဲ ထွက်ပြေးတော့သည်။ သူသည်တိမ်တိုက်ရင်ပြင်ထဲမှ ခုန်တက်ပြီး သူ၏အသက်ဘေးအတွက် ထွက်ပြေးတော့သည်။
ကျန်သည့်သူများသည် ယင်းကြောင့် မှင်တက်သွားလေ၏။
သူပြေးသွားတယ်လား။
သူသည် တိမ်တိုက်ရင်ပြင်၌ နေနေခဲ့လျှင် ပိုကောင်းသေးသည်။ ယခုထွက်ပြေးပြီဖြစ်ရာ သူ၏အပြစ်ကို အတည်ပြုပြီး ကျီလျန့်အဖမ်းခံရမှုနောက်ရှိ တရားခံဆိုတာ အတည်ပြုလိုက်ပြီဖြစ်သည်။ ဤကိစ္စကို ဆွေးနွေးနေရန် မလိုအပ်တော့ချေ။
နျဲ့ချင်းယွင်က အေးစက်စက်ပြောလိုက်၏။
“သူ့နောက်ကို ကျုပ်လိုက်သွားလိုက်မယ်၊ သူထွက်ပြေးနိုင်မလား ကြည့်ကြသေးတာပေါ့”
“ကျုပ်ကို သွားခွင့်ပေး” ယွီရှန်းရုန်သည် ဝေးသည်ထက်ဝေးအောင်ရွေ့သွားသော ဝမ်ထော်ကို ကြည့်လိုက်၏။
ထိုစဉ် လုကျိုးသည် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
“မလိုအပ်ဘူး”
လူတိုင်းက စိတ်ရှုပ်ထွေးသွားကြသည်။ ဒီအဖိုးကြီးက ဝမ်ထော်ကို အသက်ချမ်းသာပေးတော့မလို့လား။
ဘေးကနေကြည့်နေသော တိမ်တိုက်တောင် တပည့်များကလည်း စိတ်ရှုပ်ထွေးနေကြသည်။
မကြာမီ၌ လှုပ်ရှားတော့မည့် ယွီရှန်းရုန်နှင့် နျဲ့ချင်းယွင်တို့သည် လုကျိုးပြောလိုက်သည်နှင့် မှင်တက်သွားကြသည်။
နျဲ့ချင်းယွင်က ပြောလိုက်၏။
“ကျုပ်ထင်တာမမှားရင် ကျီလျန့်ရဲ့ဒဏ်ရာက ဓားမော့ကြောင့် ဖြစ်တာပဲ၊ ကံကောင်းတာက ကျီလျန့်က သာမန်စီးတော်သားရဲတစ်ကောင် မဟုတ်ဘူး၊ သူ့ရဲ့အရိုးက မာတယ်၊ ဒါ့အပြင် ကျွေးထားတဲ့အဆိပ်ကလည်း အင်မတန်ပြင်းတယ်၊ သုံးစွဲလိုက်တဲ့အချိန် မသေရင်တောင် ဒုက္ခိတ ဖြစ်သွားစေနိုင်တာ၊ ကျီလျန့်ကို နာကျင်အောင်လုပ်တဲ့လူက ရက်စက်တယ်၊ ကျုပ်နားမလည်နိုင်ဘူး၊ သူ့ကို ဘာကြောင့်လွှတ်ပေးလိုက်တာလဲ လုချန်ပေ့”
ကျီလျန့်ကြုံတွေ့ခဲ့ရသည့် ကြောက်မက်ဖွယ်ဖြစ်ရပ်များကို ပြန်ကြားမိပြီး ယွီရှန်းရုန်၏ မျက်နှာထက်တွင် ရှုံ့မဲ့မှုတစ်ချက်ပေါ်လာ၏။ သူက အရိုအသေပေးကာ ပြောလိုက်တော့သည်။
“ရှစ်စွင်း အဲဒီလူနောက် လိုက်ခွင့်ပေးဖို့ တောင်းဆိုပါတယ်”
ဝမ်ရှစ်ကျုံးသည် ထိုစကားများကို ကြားသောအခါ သူ၏အမူအယာက ချဉ်တူးနေ၏။
သူ့ဖခင်၏ ရင်ခွင်ထဲလှဲနေသော ဝမ်ရှုသည်လည်း ဖြူဖျော့နေသည်။
ဤအနေအထားတွင် အခြေအနေက ဝမ်ရှစ်ကျုံး၏ထိန်းချုပ်မှုအောက်တွင်မရှိတော့ပေ။ ဝမ်ထော်သည် သူ့အသက်ကို ထိန်းသိမ်းထားချင်သောကြောင့် ထွက်ပြေးသွားတာ သဘာဝကျသည်။ သူသည် ဝမ်ထော်ကို နေရန်မည်ကဲ့သို့ အမိန့်ပေးမည်နည်း။
လုကျိုးသည် မုတ်ဆိတ်သပ်လျက် ဝမ်ရှစ်ကျုံးဆီ လျှောက်သွား၏။ အဝေးသို့ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသော ဝမ်ထော်ကို ကြည့်ပြီး ပြောလိုက်သည်။
“သူက ကျင့်ကြံသူလေးတစ်ယောက်ပဲ၊ သူ့နောက်ကို လိုက်ဖို့ ဘာကြောင့်လိုအပ်မှာလဲ”
ပြီးနောက် လုကျိုးကလက်ဖဝါးဖြန့်လိုက်ရာ အမည်မဲ့က ပေါ်လာသည်။ ၎င်းက တဝီဝီအသံ ပေါ်လာပြီးနောက် သူသည် ဓားကို ဆုပ်ကိုင်လိုက်သည်။
မကြာမီ၌ လူကြီးတစ်ယောက် အရပ်ခန့် ရှည်သည့် စွမ်းအင်လေးတစ်စင်းနှင့် မြားတစ်စင်းက ပေါ်လာသည်။
လုကျိုးသည် လက်နှစ်ချောင်းဖြင့် လေးကြိုးကို ဆွဲလိုက်သည်။
ကျွီ
အပြာရောင်စွမ်းအင်သည် လူ၏လက်မောင်းလောက် ထူထဲနေပြီးနောက် ကောင်းကင်ထဲ ခွင်းသွားတော့သည်။ ပြီးနောက် လုကျိုးသည် အမည်မဲ့ကို ဖြည်းဖြည်းချင်းသိမ်းလိုက်လေ၏။ ဘာမှမဖြစ်ခဲ့သည်ဟု ထင်ရသော်ငြား သူသည် ဝမ်ရှစ်ကျုံးဘက်လှည့်ပြီး ပြောလိုက်သည်။
“ကျုပ်က အမြဲတမ်းသက်ညှာတတ်တယ်၊ တာ့ထန်အတွက် မင်းတို့နှစ်ယောက်ကို အသက်ရှင်ခွင့် ပေးလိုက်မယ်၊ ဒါပေမဲ့ ကျီလျန့်ကို နာကျင်အောင် လုပ်ခဲ့တဲ့သူကတော့ မကောင်းတဲ့စိတ်နှလုံးရှိတယ်၊ သူ့ကို ခွင့်မလွှတ်နိုင်ဘူး၊ ခွင့်လွှတ်ဖို့ ဆန္ဒလည်း မရှိဘူး”
ဝမ်ရှစ်ကျုံးက မိုးကုပ်စက်ဝိုင်းဘက် လှည့်ကြည့်လိုက်သည်။
တိမ်တိုက်ရင်ပြင်ပေါ်ရှိ ကျင့်ကြံသူများကလည်း လှည့်လာ၏။
အနီရောင်ကြာနယ်မြေမှ လူများသည် ထိုသို့သောနည်းကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။
တစ်ဖက်တွင်မူ မိစ္ဆာဝေဟင်မျှော်နန်း၏ ဂိုဏ်းသားများသည် အသားကျနေပြီးသားဖြစ်သောကြောင့် အထူးအဆန်းမဖြစ်ပေ။
ထင်သည့်အတိုင်းပင် စွမ်းအင်မြားက ဝမ်ထော်ကို နေရာမှာပင် ထိမှန်သွားပြီး သူ၏နှလုံးကို ထုတ်ချင်းပေါက်သွား၏။ အဝေးကနေ အချက်အလက်များ ဝေဝါးနေသော်ငြား အသံမကြားနိုင်တော့ပေ။
တိမ်တိုက်တောင်ပေါ်ရှိ လူများသာလျှင် မြားက ၎င်း၏ပစ်မှတ်ကို ဖြတ်ကျော်သွားပြီးနောက် ပစ်မှတ်လဲသွားတာကို တွေ့လိုက်ရသည်။
“တင်း ပစ်မှတ်တစ်ယောက်သတ်ပြီးပါပြီ၊ ဆုလာဘ်ကုသိုလ်မှတ်ငါးရာ၊ နယ်မြေအပိုကုသိုလ်မှတ် ငါးရာ”
တကယ်တော့ လုကျိုးလှုပ်ရှားစရာ မလိုအပ်ပေ။ သူအချိန်ကုန်သက်သာရန် မြားကို သုံးလိုက်တာပဲ ဖြစ်၏။ ယင်းက သူတို့ပစ်မှတ်နောက် လိုက်ရမည့်အချိန်ကို ဖြုန်းတီးစရာမလိုအပ်တော့ပေ။ ထို့အပြင် သူသည် ကျန်သည့်သူများကို ခြိမ်းခြောက်ရန် ဤအခွင့်အရေးကို သုံးချင်၏။ ယင်းသည် သတိပေးချက် ဖြစ်ပြီး ထွက်ပြေးရန်ကြိုးစားသူများကို ဟန့်တားနိုင်လိမ့်မည်။
လုကျိုးသည် ပြိုင်ဘက်ကင်းအဆင့်လက်နက်ကို ပိုင်ဆိုင်ထားပြီး မွေးဖွားခြင်းဇယားချပ်ကို အသက်သွင်းနိုင်သော ပွင့်ချပ်ဆယ်လွှာတစ်ယောက်၏ ခွန်အားရှိသည်။ တိမ်တိုက်ရင်ပြင်ပေါ်၌ သူ၏ခွန်အားပြသမှုဖြင့် ပေါင်းလိုက်ရာ မည်သူက ထွက်ပြေးရဲတော့မည်နည်း။
…
အခန်း (၈၂၄)ကောင်းကင်သိုင်းပညာခုံရုံး၏ ယုံကြည်ချက်အရင်းအမြစ်
ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ နျဲ့ချင်းယွင်က မြားကို စိတ်ရှုပ်ထွေးစွာ ကြည့်နေလေသည်။ သူသာ အရိုးသားဆုံး ပြောရလျှင် သူ့အနေဖြင့် ထိုသို့ အရာမျိုးကို လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ထိုအရာက သဘောတရားကို ကျော်လွန်နေ၏။
သာမန် နတ်ဝိညာဥ်ဝဋ်ကြွေးချေအဆင့် လေးသမားတစ်ယောက်အတွက် မီတာထောင်ချီက သူတို့ ပစ်လွှတ်နိုင်သည့် ကန့်သတ်ချက် ဖြစ်နေလေပြီ။ ပွင့်ချပ်တစ်လွှာ တိုးလာတိုင်း ထိုနယ်နိမိတ်က တိုးမြင့်သွားလေ့ ရှိ၏။ လေးသမားတစ်ယောက်၏ ကျင့်ကြံဆင့်က ပိုမိုမြင့်မားလာလေလေ အဝေးမှ ပစ်မှတ်ကို ပစ်ခတ်သည့်အခါ သူတို့၏ တိကျမှုက ပိုမိုကောင်းမွန်လာလေလေ ဖြစ်၏။ ထိုအရာက လက်နက်၊ အခြေအနေပေါ်လည်း မူတည်သေးသည်။ ထို့အပြင် လမ်းတွင် တစ်ခုခု တားဆီးနေမည့်အပေါ်တွင်လည်း မူတည်သေး၏။
ကျင့်ကြံသူတစ်ယောက်၏ အမြင်အာရုံက ကျင့်ကြံဆင့် တိုးမြင့်လာသည်နှင့် ပိုမိုကောင်းမွန်လာသည်။ သူတို့၏ အမြင်တွင် အတားအဆီးမရှိဘဲ သူတို့က မီတာထောင်ချီ သို့မဟုတ် မီတာသောင်းချီမှ အရာကို ပစ်ခတ်နိုင်သည်။ အခြေအနေကမူ စွမ်းအင်များ မပျောက်ကွယ်သွားဖို့ ဖြစ်၏။ စွမ်းအင်မြားက စွမ်းအင်၏ ပုံစံတစ်မျိုးမျှသာ ဖြစ်၏။ တိုက်ပွဲတစ်လျှောက် အားနည်းသွားတတ်သည်။ အဝေးတစ်နေရာမှ ပစ်မှတ်ကို ပစ်ခတ်သည့်အခါ အကြီးမားဆုံး အတားအဆီးလည်း ဖြစ်၏။ အကယ်၍ တစ်စုံတစ်ယောက်က သူတို့၏ စွမ်းအင်များကို အဝေးတစ်နေရာသို့ ပစ်ခတ်နိုင်လျှင် သူတို့သည် ခုခံကာကွယ်ရေးတိုက်ပွဲတွင် ပြိုင်ဘက်ကင်း ဖြစ်လာလိမ့်မည်။
နျဲ့ချင်းယွင်က လုကျိုးသည် ထိုသို့ကိစ္စမျိုးကို အလွယ်တကူ လုပ်ဆောင်နိုင်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။
ဝမ်ရှစ်ကျုံးက သက်ပြင်းချကာ ပြောလိုက်၏။
“လုချန်းပေ့ သက်ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အားနည်းတဲ့သူတွေက အားကြီးတဲ့သူတွေ ရှေ့မှာ ပြန်ပြောခွင့်မရှိဘူး။ ကျုပ် ဒါကို နားလည်ပါတယ်။ အခြေအနေအားလုံးကို လက်ခံပါတယ်။ ဒါပေမဲ့ တော်ဝင်ခုံရုံး ကိုယ်စားတော့ ပြောနိုင်တယ်။ ကျုပ်က လွဲရင် ဒုခေါင်းဆောင်နဲ့ တတိယ.... "
“ မင်း အဲဒါတွေကို ဘာမှပူနေစရာမလိုဘူး။ သူ့ကို ခေါ်သွားကြ "
ထိုသို့ဖြင့် ဝမ်ရှစ်ကျုံးနှင့် ဝမ်ရှုတို့ကို တိမ်တိုက်တောင် တပည့်များက အကျဉ်းထောင်အတွင်း ပိတ်လှောင်ထားလိုက်ကြသည်။
ကျန်ရှိနေသည့် ဝမ်မိသားစုများကမူ အသက်ရှင်ကျန်သူများကို ခေါ်ဆောင်ပြီး ဝမ်ရှစ်ကျုံး၏ အမိန့်အရ တိမ်တိုက်တောင်မှ ထွက်ခွာသွားကြသည်။ သူတို့ပြန်ရောက်သည့်အခါ သတိလက်လွတ် မပြောဆိုရဲကြပေ။ သူတို့က သူတို့သခင်သည် ဧကရာဇ်ကို အဖော်ပြု၍ တိမ်တိုက်တောင်တွင် နေထိုင်ပြီး အချိန်တစ်ခုကြာ ပြန်လာဦးမည် မဟုတ်ကြောင်းသာ ပြောပြခဲ့၏။ သူတို့က စကားလွှတ်ခနဲ ပြောမိသွားလျှင် ဝမ်ရှစ်ကျုံး၊ ဝမ်ရှုနှင့် ကောင်းကင်သိုင်းပညာခုံရုံး၏ ဓားစာခံများ၏ သေဆုံးမှုကို ဖြစ်နိုင်ကြောင်း သိထားကြသည်။
ဤသို့ဖြင့် ကိစ္စကို ဖြေရှင်းပြီးသားဖြစ်သွား၏။
နန်းတော်နှင့် ကောင်းကင်သိုင်းပညာခုံရုံးမှ ပညာရှင်များက ပျံသန်းလာဖို့ အချိန်သာ စောင့်ဆိုင်းဖို့ လိုတော့သည်။
“ ဒီမှာ မသက်ဆိုင်တဲ့သူတွေ ထွက်သွားလို့ ရပြီ” လုကျိုးက ပြောလိုက်၏။
နျဲ့ချင်းယွင်က လုကျိုး၏ ရည်ရွယ်ချက်ကို နားလည်လိုက်သည်။ သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် တိမ်တိုက်တောင်၏ တပည့်များကို ပြန်လွှတ်လိုက်၏။
တပည့်များက စွမ်းအင်မြားကြောင့် အံ့အားသင့်နေရာမှ အသိပြန်ဝင်လာကြပြီး တိမ်တိုက်ရင်ပြင်မှ ထွက်ခွာသွားကြသည်။
ထိုခေတ္တမျှ အချိန်အတွင်း မိစ္ဆာဝေဟင်မျှော်နန်းမှ အဖွဲ့သား ၄ယောက်နှင့် မိုးမခတစ်ထောင်ဘုရားကျောင်းမှ လူတချို့၊ နျဲ့ချင်းယွင်နှင့် အကြီးအကဲတချို့သာ တိမ်တိုက်ရင်ပြင်ပေါ် ကျန်ရှိတော့သည်။
လုကျိုးက လီယွင်ကျန်းကို လှည့်ကြည့်လိုက်၏။
လီယွင်ကျန်းက တုန်ခါသွားကာ ထရပ်လိုက်ပြီး ပြောလိုက်သည်။
“ ဆ … ဆ ဆ ဆရာဘိုးဘိုး ကျွန်တော် ဆရာဘိုးဘိုးဆီကနေ လေးအတတ်ကို သင်ယူသင့်တယ်လို့ ထင်တယ် "
လုကျိုးက ခက်ထန်စွာဖြင့် ပြောလိုက်သည်။ ”မင်းက အသစ်အဆန်းကိုကြိုက်တာ။ မင်းရဲ့ စိတ်က အခုထိ မပြတ်သားသေးဘူး။ မင်းက ဒီလိုမျိုးနဲ့ ကုန်းမြေကို အုပ်ချုပ်ဖို့ ကြံစည်နေတာလား”
“ ...”
လီယွင်ကျန်းက မျက်နှာပူကာ ခေါင်းငုံ့ထားလိုက်၏။ နန်းတော်မှလူများ မရှိဘဲ သူက ဘုရင်တစ်ပါးနှင့် မတူတော့ပေ။ လုကျိုးရှေ့မှောက်တွင် သူက ကလေးမျှသာ ဖြစ်နေသေး၏။
လုကျိုးက ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ပြောလိုက်သည်။
“နန်းတော်အကြောင်း ပြောစမ်းပါအုံး”
လီယွင်ကျန်းကလည်း ထိုင်ကာ သက်ပြင်းချလျက် ပြောလိုက်သည်။
“ကျွန်တော်က နန်းတော်က ကိစ္စတွေကို ဝင်ပါဖို့ အခွင့်အရေးရခဲတယ်။ အမတ်တွေအားလုံးပဲ ဆုံးဖြတ်ချက်ချကြတာ။ သူတို့က အကျိုးအမြတ်ပဲ ရှာဖွေနေကြတာလေ။ တော်ဝင်စစ်တပ်ကို ယွီချန်းရှုနဲ့ ရင်းနှီးတဲ့ စစ်သူကြီး ရှားဟို့ရှန်းက အုပ်ချုပ်တယ်။
မြို့တော်ကို မြို့စားကြီး ၅ဦးက ကာကွယ်ထားပြီးတော့ ဝမ်ရှစ်ကျုံးရဲ့အဖေ ဝမ်ယွင်က မြို့စားကြီးကျန်း။ နောက်ထပ် မြို့စားကြီး ၄ယောက်က ယွင်ရဲ့ မြို့စားကြီး ကျန်းထင်၊ ဖူရဲ့ မြို့စားကြီး ကွေ့အန်း၊ ဟူရဲ့ မြို့စားကြီး လီထန်းနင် နဲ့ ဝေရဲ့ မြို့စားကြီး လီချန်းတို့က တော်ဝင်ခုံရုံးကို အုပ်ချုပ်ကြတယ်။ စစ်တပ်နဲ့ ပတ်လမ်းဆယ်ခုကိုတော့ စစ်သူကြီး ၈ယောက်နဲ့ စီရင်တယ်။ အုပ်ချုပ်ရေး...”
လုကျိုးက ထိုမိတ်ဆက်စကားကို နားထောင်ပြီးသည့်နောက်တွင် အခက်တွေ့လာသည်။ သူက စီးဝူယာ့ကို ခေါ်မလာခဲ့မိသည့်အတွက် နောင်တရလာ၏။ လီယွင်ကျန်းက ရုပ်သေးရုပ် ဧကရာဇ်တစ်ယောက်မျှ ဖြစ်သော်လည်း ယေဘုယျအာဏာအကြောင်းကို တခြားသူအားလုံးထက် ပိုမိုနားလည်ထားသည်။ သူက အချိန်တချို့ကြာ ပြောနေသော်လည်း သူပြောခဲ့သည့်အရာကို ဘယ်သူကမှ မမှတ်မိကြပေ။
နောက်ဆုံးတွင် လုကျိုးက လက်မြှောက်ကာ ဖြတ်လိုက်၏။ “တော်ပြီ "
“ ကျွန်တော် မပြီးသေးဘူး။ နောက်ထပ် ၂နာရီလောက် အချိန်ပေးပါအုံး”
“ အသေးစိတ် ပြောနေဖို့ မလိုဘူး။ သူရောက်လာတဲ့အခါ မင်းရဲ့ ဆရာဖြစ်လာလိမ့်မယ်”
လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်၏။
“ ငါ သတိထားရမဲ့ တခြားကျင့်ကြံသူတွေ ရှိသေးလားဆိုတာ ပြောစမ်းပါအုံး”
နန်းတော်ရှိ ဖွဲ့စည်းတည်ဆောက်ပုံက အင်မတန်ရှုပ်ထွေးလှသည်။ လုကျိုးက ထိုအရာကို နားလည်ဖို့ စိတ်မဝင်စားပေ။ သူ လုပ်ဖို့လိုအပ်သည်က ထိပ်သီးပညာရှင်များကို စောင့်ကြည့်ဖို့သာ ဖြစ်၏။
လီယွင်ကျန်းက ခေါင်းညိတ်ကာ ပြောလိုက်၏” ထိပ်သီးကျင့်ကြံသူဆိုတော့ ပွင့်ချပ်တစ်လွှာနှင့် အထက်ကို ပြောတာလား ဆရာဘိုးဘိုး”
လုကျိုးက ခပ်ယဲ့ယဲ့ပြုံးကာ “ ငါက ပွင့်ချပ်ဆယ်လွှာနဲ့ အထက်ကို ပြောတာ။ ပွင့်ချပ်တစ်လွှာကနေ ကိုးလွှာအဆင့်ထိ ပြောနေစရာ မလိုဘူး”
လုကျိုးက သူ့စွမ်းဆောင်ရည်ပေါ် ယုံကြည်ချက်ရှိ၏။ သူက ပွင့်ချပ်တစ်လွှာမှ ပွင့်ချပ်ကိုးလွှာထိ ကျင့်ကြံသူများကို ဂရုမစိုက်ပေ။
လီယွင်ကျန်းအတွက်မူ သူက နတ်ဝိညာဥ်ဝဋ်ကြွေးချေ ကျင့်ကြံသူများကို ထိပ်သီးကျင့်ကြံသူများအဖြစ် မှတ်ယူထား၏။ သူ့ရှေ့မှ လူအိုကြီးက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူများကိုသာ စိတ်ဝင်စားလိမ့်မည်ဟု ထင်မထားမိပေ။
“ကျွန်တော်တို့တွေ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူအကြောင်းကို ပြောမယ်ဆိုရင် ကျွန်တော် သိထားတဲ့သူတွေက စစ်သူကြီးရှားဟို့နဲ့ ခုံရုံးသခင် ယွီချန်းရှုတို့ပဲ။ ကျန်တဲ့သူတွေအတွက်ကတော့...”
လီယွင်ကျန်းက ခေတ္တမျှ စဥ်းစားပြီးသည့်နောက်တွင် ထပ်ပြောလိုက်သည်။
“နန်းတော်ထဲမှာ ပုန်းအောင်းနေတဲ့ ထိပ်သီးပညာရှင်တစ်ယောက် ရှိတယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ အခုထိ သူ့ကို တခါမှ မတွေ့ဖူးသေးဘူး။ ဟိုးတစ်နေ့ ခိုးဝင်လာတုန်းက...”
“ဟမ်” လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။
“အရင်တစ်ရက် ကျွန်တော်ကို လာတွေ့တုန်းက အဲဒီ ထိပ်သီးကျင့်ကြံသူက ပေါ်မလာဘူးလေ။ အဲဒါကြောင့် နန်းတော်ထဲကသူတွေ ဖန်တီးထားတဲ့ ကောလာဟလတစ်ခုလို့ ထင်တယ်။ အမှန်မဟုတ်လောက်ဘူး” လီယွင်ကျန်းက ပြောလိုက်၏။
ရှောင်ယွမ်အာက သဘောမတူဘဲ ဝင်ပြောလိုက်သည်။
“အဲဒါက မမှန်ဘူး။ တကယ်လို့ ရှစ်စွင်းကသာ ဘယ်သူမှ ရှာမတွေ့စေချင်ဘူးဆိုရင် အဲဒီထိပ်သီးပညာရှင်လို့ ခေါ်တဲ့သူတွေက ရှစ်စွင်းရဲ့ တည်ရှိမှုကို သိမှာတောင် မဟုတ်ဘူး။ ပေါ်လာဖို့မပြောနဲ့”
“ ဟုတ်ပါတယ် ဟုတ်ပါတယ်။ ကျွန်တော် မှားပြောမိတာပါ။ ဆရာဘိုးဘိုးရဲ့ ကျင့်ကြံဆင့်က တကယ့်ကို အံ့မခန်းပါပဲ။ တကယ်လို့ တည်ရှိမှုကို မထုတ်ဖော်ချင်ဘူးဆို တခြားသူတွေက ဘယ်လိုလုပ် သတိထားမိမှာလဲ” လီယွင်ကျန်းက စကားကို အလျင်အမြန် ပြင်ပြောလိုက်သည်။
“ ဒါပေမဲ့ နန်းတော်ထဲမှာ ပုန်းအောင်းနေတဲ့ ပညာရှင် ရှိမယ်ဆိုရင်တော့ သူ့ကို ရှာတွေ့ဖို့ လွယ်မှာ မဟုတ်ဘူး။ နန်းတော်က အကြီးကြီးပဲလေ”
လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်၏။
“ မင်း တွေးမိတဲ့ နောက်ထပ်ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတွေရော ရှိသေးလား”
“ ပတ်လမ်းဆယ်ခုက စစ်သူကြီး ၈ယောက်က ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတွေကြည့်ပဲ။ တခြားကျင့်ကြံရေးဂိုဏ်းတွေမှာ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ ပုန်းအောင်းနိုင်ခြေတော့ ရှိတယ်။ ယခင်နှစ် ၂၀၀၀ အတွင်းမှာ ဂိုဏ်းတော်တော်များများက သူတို့ရဲ့ အင်အားကို သိုသိုဝှက်ဝှက် နေကြတယ်။ ကောင်းကင်သိုင်းပညာခုံရုံးက နယ်ခြားကမ္ဘာတည်ရှိမှုကို အတည်ပြုပြီးကတည်းက အဲဒီဂိုဏ်းတွေက သိုသိုသိပ်သပ် နေကြတော့တာပဲ။ သူတို့က ရွှေကြာနယ်မြေရဲ့ ပစ်မှတ် ဖြစ်လာမှာကို စိုးရိမ်နေကြတယ်လေ”
လီယွင်ကျန်းက ပြောလိုက်၏။
နျဲ့ချင်းယွင်က သဘောတူစွာ ခေါင်းညိတ်ပြီး ဝင်ပြောလိုက်သည်။
“ အမှန်ပဲ။ အဲဒါက ကျုပ် တံခါးပိတ် ကျင့်ကြံရတဲ့အကြောင်းအရင်းပဲ၊ ကျုပ်က မွေးဖွားဇယားချပ်ကို အသက်သွင်းတာမျိုး ဒါမှမဟုတ် ကံမီးတောက်ကို ကျင့်ကြံနိုင်တာမျိုး ဖြစ်စေချင်ခဲ့တာ။ ဒါပေမဲ့ ကျုပ်ရဲ့ အားစိုက်ထုတ်မှုတွေက အကျိုးမရှိခဲ့ဘူး။ ကျင့်ကြံရေးလောကရဲ့ ကြီးထွားနှုန်းပေါ်အရ နှစ် ၂၀၀၀ တိုင်းမှာ ပွင့်ချပ်ဆယ်လွှာ ၂ယောက်ကနေ ၃ယောက်အထိတော့ ရှိနိုင်တယ်”
“ရရှိထားတဲ့ သတင်းအချက်အလက်အရတော့ ယွီချန်းရှုက ကောင်းကင်သိုင်းပညာခုံရုံးမှာ တစ်ဦးတည်းသော ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတဲ့။ သူက ကံမီးတောက်ကို ကျင့်ကြံနိုင်တယ်။ တကယ်လို့ အဲဒါသာ အမှန်ဖြစ်မယ်ဆိုရင် ကောင်းကင်သိုင်းပညာခုံရုံးက တာ့ထန်မှာ ပြိုင်ဘက်ကင်းအင်အားစု ဖြစ်နေမယ် မဟုတ်ဘူးလား"
ယွီကျန့်ဟိုင်က မေးလိုက်၏။
“လွန်ခဲ့တဲ့ နှစ် ၂၀၀၀ တုန်းက ကောင်းကင်သိုင်းပညာခုံရုံးက ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးလို့ ခေါ်ခဲ့ကြတာ။ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက ကောင်းကင်ဘုံအောက်က အတော်ဆုံးလူတွေကို စုစည်းထားပြီးတော့ သူတို့က ထူးချွန်တဲ့ ပါရမီရှင်တွေကို စုစည်းခဲ့ကြတယ်။ လော့ရွှမ်းက ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးရဲ့ တပည့်တစ်ယောက်ဖြစ်လာခဲ့တယ်လေ။
လွန်ခဲ့တဲ့ နှစ် ၃၀၀ ခန့်တုန်းက ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံး ကျင့်ကြံသူအယောက် ၁၀၀ ပျောက်ဆုံးသွားကြတယ်။ သူတို့ကို တစ်ခါမှ ရှာမတွေ့ကြဘူး။ အဲ့လိုဆိုရင်တောင် ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံး ချမှတ်ထားတဲ့ အခြေခံအုတ်မြစ်က ခိုင်မာလွန်းတယ်။
အဆောင်၊ ဆေးလုံးနဲ့ လက်နက်ပဲဖြစ်ဖြစ် တခြားဂိုဏ်းတွေက သူတို့နဲ့ မယှဥ်နိုင်ဘူး။ ကောင်းကင်သိုင်းပညာခုံရုံးက တာ့ထန်ရဲ့ အကြီးဆုံးဂိုဏ်း ဖြစ်လာတာက ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးကြောင့်ပဲ”
နျဲ့ချင်းယွင်က ပြောလိုက်၏။
ယွီကျန့်ဟိုင်က ထိုအရာကို ကြားသည့်အခါ အံ့အားသင့်သွား၏။ ထို့နောက် သူက ခေါင်းညိတ်ကာ “ ကောင်းကင်သိုင်းပညာခုံရုံးက အဲ့လိုနောက်ခံမျိုး ရှိမယ်လို့ ထင်မထားမိဘူး။ သူတို့က ဒီလိုရတနာတွေ အများကြီး ထုတ်နိုင်တာ အံ့သြစရာ မရှိတော့ပါဘူး”
တိမ်တိုက်ရင်ပြင်တွင် သေတ္တာ ၂၀ကျော် ရှိနေလေသည်။
နျဲ့ချင်းယွင်က ပြောလိုက်၏။
“ ဒါက ဘာမှမဟုတ်သေးဘူး။ ကျုပ် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ဖြစ်တုန်းက လေ့လာဖို့အတွက် ကွမ်းနန်ပတ်လမ်းဆီ သွားဖူးတယ်။ ကျုပ် အဲဒီမှာ ရှိတုန်းက ကောင်းကင်သိုင်းပညာခုံရုံးကို သွားလည်ခဲ့တယ်လေ။
အဲဒီအချိန်တုန်းက မြို့တော်က သားရဲလှိုင်းရဲ့ တိုက်ခိုက်မှုအောက်မှာ ကျရောက်နေတာ။ မြို့တော်ကို သားရဲကြီး ၁၀ကောင်က ဝိုင်းတိုက်တော့မဲ့ဆဲဆဲမှာ ကောင်းကင်သိုင်းပညာခုံရုံးက အဆုံးအစွန်းမဲ့အဆင့် အဆောင်သိန်းချီနဲ့ ထိပ်သီးကျင့်ကြံသူ အများကြီးကို သုံးပြီးတော့ သားရဲတွေကို အောင်အောင်မြင်မြင် နှင်ထုတ်နိုင်ခဲ့တယ်”
…
အခန်း ( ၈၂၅ ) ချုံခိုတိုက်ခိုက်ခြင်း
ဧရာမ သားရဲများ အကြောင်းပြောသောအခါ ယွီကျန့်ဟိုင်က မေးလိုက်လေ၏။
“ ဧရာမသားရဲ ဆယ်ကောင်လား။ သူတို့တွေက ဒီလောက် သားရဲ အများကြီးကို ဘယ်လိုလုပ် သွေးဆောင်မိတာလဲ။ ပွင်ချပ်ကိုးလွှာ အဆင့်တက်ဖို့ ကြိုးပမ်းတာက သားရဲတွေကို သွေးဆောင်နိုင်တယ်လို့ ပြောထားတာမလား။ ပြီးတော့ ဧရာမသားရဲတွေရဲ့ စွမ်းအားက အမျိုးမျိုး ရှိတာကို ကျူပ် သတိပြုမိတယ်။ သူတို့ဘယ်လို ခွဲခြားလဲ ”
ရွှေကြာနယ်မြေသည် လတ်တလောကမှ ကျင့်ကြံခြင်း အကန့်အသတ်ကို ကျော်ဖြတ်လာတာ ဖြစ်၏။ ဧရာမသားရဲအပေါ် သူတို့၏ နားလည်သဘောပေါက်မှုသည် အနီရောင် ကြာနယ်မြေမှ လူများနှင့် မယှဉ်နိုင်ပေ။ အနီရောင် ကြာနယ်မြေသည် သားရဲများကို နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး သားရဲများကို တိုက်ခိုက်ရန် နည်းလမ်းများစွာ ရှာတွေခဲ့၏။
နျဲ့ချင်းယွင်က ပြောလိုက်သည်” ကောင်းကင်သိုင်း ခုံရုံးက လူတွေ ထင်တာက ဒါကို မြေငလျင်၊ မြေလျောမိုး၊ ဆူနာမီ စတာတွေကြောင့် သားရဲတွေကို ထိတ်လန့်ပြီး ဖြစ်လာစေတာလို့ ပြောတယ်။ ကျင့်ကြံစဉ် နက်နဲတဲ့ လူသားတွေက သားရဲတွေရဲ့ သားကောင် ဖြစ်တာ အမှန်ပဲ။ သားရဲတွေက လူသားတွေဆီ အစုလိုက် အဝေးလိုက် စရောက်လာနေတာ။ တကယ်တော့ လူတစ်ယောက်က ပွင့်ချပ်ကိုးလွှာ အဆင့်ကို ချိုးဖျက် တက်သွားတဲ့အချိန် သူတို့တွေက သားရဲတွေကို ဆွဲဆောင်မိတယ်။ သားရဲတွေ အာရုံက လူသားတွေထက် သာလွန်တယ်။ သူတို့က ပတ်ဝန်းကျင်ကို လေ့လာဖို့ ထူးကဲတဲ့ နည်းလမ်း တစ်ခု ရှိတယ်။ ဧရာမသားရဲတွေရဲ့ ဉာဏ်ရည်က လူသားတွေရဲ့ ဉာဏ်ရည်နဲ့ မယှဉ်နိုင်ပေမဲ့ သူတို့တွေက ဘယ်အချိန်တက်ရမယ်၊ ဘယ်အချိန် ဆင်းရမယ်ဆိုတာ သိတယ် ”
နျဲ့ချင်းယွင်က ဆက်ပြောလိုက်သည်။ “ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတွေက သားရဲတွေအတွက် အရည်ရွှမ်းတဲ့ အသားပဲ။ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူကို စားသုံးခြင်းက သားရဲတွေရဲ့ ခွန်အားကို မြှင့်တင်ပေးနိုင်တယ်။ သူတို့က ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတွေရဲ့ တည်ရှိမှုကို အာရုံခံနိုင်တယ်။ ဒါက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ အသစ်တွေ အတွက်ပဲ။ သူတို့တွေက မွေးကင်းစတွေလိုပဲလေ အရသာရှိပြီး အစွမ်းမထက်ဘူး ”
ယွီကျန့်ဟိုင်က ချောင်းဟန့်လျက် လည်ချောင်းရှင်းကာ ပြောလိုက်တော့သည်။ ” ဒီလောက် အသေးစိတ် ပြောဖို့ မလိုဘူး။ ခင်ဗျား ဆိုလိုချင်တာကို ကျွန်တော်တို့ ပေါက်တယ် ”
နျဲ့ချင်းယွင်က မဝံ့မရဲ ပြုံးလျက် ပြောလိုက်လေ၏” မှတ်တမ်းတွေအရ အနီရောင် ကြာနယ်မြေက လူသားတွေ အဲ့လောက် အစွမ်းမထက်တုန်းက လူတွေက ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ခဲ့တယ်။ ပထမဆုံး ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက်က ပေါ်လာတဲ့အချိန် သားရဲတွေက လူသားတွေကို အရင်ဆုံး တိုက်ခိုက်လာပြီး လူသားတွေကို ဆုံးရှုံးမှုကြီးတွေ ဖြစ်စေခဲ့တယ်။ အချိန်ကြာလာတာနဲ့ အမျှ လူသားတွေက လိုက်လျော ညီထွေနေဖို့ သင်ယူခဲ့ကြတာ။ သူတို့တွေက တာအိုသွေးကြောတွေကို စတင် ထွင်းထုပြီး နယ်စပ်မှာ သားရဲတွေကို ထိန်းချုပ်ထားဖို့ လောက်လေးဂွတွေ တပ်ဆင်ခဲ့တယ်။ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတွေ ပေါ်ပေါက်လာပြီးတော့ သားရဲ အများစုက လူသားတွေကို ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ဘူး။ ဒါပေမဲ့ ပိုအစွမ်းထက်တဲ့ သားရဲတွေ ရံဖန်ရံခါ ပေါ်လာသေးတယ်။ သူတို့က မကြာခဏ မပေါ်လာပေမဲ့ သူတို့က ကြီးမားတဲ့ ခြိမ်းခြောက်မှု တစ်ရပ်ပဲ”
ခဏ ရပ်ပြီးနောက် နျဲ့ချင်းယွင်သည် ကျန်သည့်သူများကို ကြည့်ပြီးကာ ဆက်ရှင်းပြလိုက်၏။
“ သားရဲတစ်ကောင်ရဲ့ ခွန်အားကို ဆုံးဖြတ်ဖို့ တိုက်ရိုက်အကျဆုံး နည်းလမ်းက သူတို့ရဲ့ အရွယ်အစားပဲ။ ခြွင်းချက်တော့ ရှိတာပေါ့။ စွမ်းရည်အရ ခွဲခြားမယ်ဆိုရင် တိုက်ခိုက်နိုင်တဲ့ အကောင်တွေက ပုံမှန်ဆို ပိုအစွမ်းထက်ပြီး ခုခံတဲ့ အကောင်တွေက ပိုအားနည်းတယ်။ သူတို့ခွန်အားကို ဆုံးဖြတ်ဖို့ နောက်ထပ်တစ်နည်းရှိတယ်။ သားရဲတစ်ကောင်က ပိုအစွမ်းထက်လေ အားကောင်းတဲ့ အသက်ဓာတ် နှလုံးသားကို ပိုင်ဆိုင်ထားနိုင်ခြေ ပိုမြင့်မားလေပဲ။ ဒါကြောင့် သူတို့ခွန်အားကို ဆုံးဖြတ်ဖို့ အတိကျဆုံး နည်းလမ်းက အသံအရှိန်အဝါကနေပဲ ။ ဒါပေမဲ့ လူသားတွေရဲ့ အာရုံက အားနည်းတယ်။ ဒါကြောင့် သားရဲတွေရဲ့ ခွန်အားကို အကဲဖြတ်ဖို့ ပထမဆုံး နည်းလမ်းကိုပဲ အသုံးပြုတာ များတယ် “
လီယွင်ကျန့်က ခေါင်းညိတ်လိုက်၏။ “ ဒါ အမှန်ပဲ ”
လုကျိုးသည် အဆုံးမဲ့ သမုဒ္ဒရာကို ဖြတ်ကျော်လာစဉ် ရေနေသားရဲကို တွေ့လိုက်ရသည်။ သမုဒ္ဒရာသားရဲကြီးကို မှတ်မိသွား၏။ ၎င်း၏ အရွယ်အစားသည် အနီရောင် ကြာနယ်မြေရှိ သားရဲအားလုံးကို နင်းချေနိုင်သည်။ ခဏ ကြာပြီးနောက် သူက ပြောလိုက်၏” ယွီရှန်ရှုအကြောင်း ငါ့ကို ပြောပြ ”
“ ယွီချန်ရှုက အနီရောင် ကြာနယ်မြေထဲမှာ ကံမီးတောက်ကို တတ်ကျွမ်းတဲ့ တစ်ဦးတည်းသော ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူပဲ။ အရင်တုန်းက ကောင်းကင် စူးစမ်းရှာဖွေရေးခုံရုံးက သူ့ကို ထောက်ပံ့ပေးပြီး သူ့ကို ပျိုးထောင်ခဲ့တယ်။ သူက သူတို့ရဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်လာတယ်။ သူတို့ရဲ့ ခွန်အားက မှန်းဆလို့ မရဘူး ” လီယွင်ကျန်းက ပြောလိုက်၏။
“ ဘယ်လို မှန်းဆလို့ မရတာလဲ “ လုကျိုးက မေးလိုက်သည်။
“ သူတိုက်ခိုက်တာ တစ်ခါမှ မတွေ့ဖူးဘူး။ ကျုပ် သိသမျှက နန်းတော်ထဲက ကုန်းကုန်းတွေဆီက သိရှိရတာပဲ “
လီယွင်ကျန်းက ပုခုံးတွန့်လျက် ပြောလိုက်သည်။
နျဲ့ချင်းယွင်က ပြောလိုက်၏။ ” ယွီရှန်ရှုရဲ့ ကျင့်ကြံစဉ်က နက်နဲတယ်။ ဒါပေမဲ့ သူတိုက်ခိုက်တာ ရှားတယ်။ ကောလာဟလတွေအရ သူက မျောလွင့်အဆင့်နဲ့ နီးကပ်တဲ့ အထူးလက်နက် တစ်ခုကို ပိုင်ဆိုင်ထားတယ်တဲ့။ အဲ့ဒီလက်နက်က သူ့ကို မရှုံးနိမ့်စေတာ။ ဒါပေမဲ့ အဲ့ဒီလက်နက်က ဘာဆ်ိုတာ ဘယ်သူမှ မသိသလို ဘယ်သူမှ မမြင်ဖူးဘူး။ ယဲ့ကျန်းလို့ ဉာဏ်ကောင်းတဲ့ သူတောင်မှ ယွီရှန်းရှုနဲ့ တွေ့တဲ့အချိန် သတိထားရတယ် “
ယဲ့ကျန်းအကြောင်း ပြောသောအခါ ယွီကျန့်ဟိုင်က မေးလိုက်၏။
“ ဒါနဲ့ ယဲ့ကျန်းရဲ့ ကိုးကောင်ပေါက် စိတ်ဝိညာဉ်သဏ္ဌာန်အကြောင်း ဘယ်လိုရှာတွေ့တာလဲ “
“ ဇာတ်ကြောင်း အရှည်ကြီးပဲ။ တိမ်တိုက်တောင်နဲ့ ကြယ်ပျံအိမ်တော်ရဲ့ ပဋိပက္ခကနေ စပြောရမယ်။ ငါက တိမ်တိုက်တောင်ကို ဝါးမျိုဖို့ ကြယ်ပျံအိမ်တော် ခွင့်မပြုနိုင်ဘူးလေ။ တံခါးပိတ် မကျင့်ကြံခင် သူနဲ့ အလှည့်ပေါင်း များစွာ တိုက်ခိုက်ခဲ့တာ။ သူ့ကို ဒဏ်ရာ ရအောင် လုပ်ပြီးတော့ သူ့ရဲ့ ဒဏ်ရာကို ကုသဖို့ ကိုးကောင်ပေါက် စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်ခဲ့တယ်။ အဲ့ဒီအချိန်မှာ ငါသူ့ကို သိလိုက်တာပဲ “
နျဲ့ချင်းယွင်က ပြန်ပြော၏” ပြန်ရောက်လာပြီးတော့ အဲ့ဒီကိစ္စကို တိတ်တဆိတ် စုံစမ်း၊ စစ်ဆေးပြီး ချယ်ရီပွင့် တိုင်းပြည်ကို လူတချို့တောင် လွှတ်ခဲ့တယ် “
ကျန်သည့် သူများက ခေါင်းညိတ်လိုက်၏။
မုန့်ချန်းသုံသည် ကြယ်ပျံအိမ်တော်မှ အကြီးအကဲ တစ်ယောက် ဖြစ်ပြီး ယဲ့ကျန်းအကြောင်း တစ်စုံတစ်ခု ထူးဆန်းနေသည်ဟု အမြဲတစေ ခံစားမိသော်ြငား ယဲ့ကျန်းက ထိုကဲ့သို့ လျို့ဝှက်ချက်ကြီးကို ဖုံးကွယ်ထားလိမ့်မည်ဟု သူ မထင်ထားပေ။
“ ကံကောင်းလို့ ချန်းပေ့ရဲ့ အံ့ဩဖွယ် စွမ်းအင်တွေနဲ့ သူ့ကို သတ်ခဲ့လို့ပေါ့။ သူ့ကိုသာ အသက်ကိုးသက် စုဆောင်းပြီး မွေးဖွားဇယားချက် အသက်သွင်းခွင့် ပေးလိုက်မယ်ဆိုရင် ကပ်ဘေးတစ်ခု ဖြစ်လာမှာ “
နျဲ့ချင်းယွင်က ပြောလိုက်၏။
ထိုစဉ် တစ်ချိန်လုံး တိတ်ဆိတ်နေသော ရှားချန်းချိုးက ကျယ်လောင်စွာ ပြောလိုက်၏။
“ ကိုးကောင်ပေါက်ကို အသုံးပြုပြီး မွေးဖွားဇယားချက်ကို အသက်သွင်းနိုင်တယ်လား “
“ အခွင့်အရေးက အလွန်မြင့်တယ် “
ရှောင်ယွမ်အာက ခေါင်းညိတ်ပြီး ပြောလိုက်၏။ ” ကျွန်မရဲ့ ရှစ်စွင်းနဲ့ တွေ့တဲ့ သူ့ရဲ့ ဆိုးရွားလှတဲ့ ကံကိုပဲ ကျိန်ဆဲနိုင်မှာ “
ထိုစဉ် မုန့်ချန်းသုံက တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး ထပြောလိုက်သည်။
“ မကောင်းတော့ဘူး “
လူတိုင်းသည် မုန့်ချန်းသုံကို တစ်ညီတစ်ညွှတ်တည်း လှည့်ကြည့်လိုက်၏။
“ ဘာများလဲ အစောက်အရှောက်မုန့် “
“ ကျန်းရှောင်ရှန်းကို ကျော်ခဲ့မိတယ် “
မုန့်ချန်းသုံက ပြောလိုက်သည်။
ယွီကျန့်ဟိုင်က ပြုံးပြီး ပြောလိုက်လေ၏။
“ စိတ်ပူဖို့ မလိုတော့ဘူး။ သူ့ကို သတ်ခဲ့ပြီးပြီ။ ပြီးတော့ ဓားမော့ အသုံးပြုတဲ့အချိန်မှာ မှတ်ထားဖို့ အရေးကြီးဆုံး အရာဖြစ်တဲ့ နောက်ဆုံး ထိုးနှက်ချက်ကို သုံးခဲ့တာ သေချာတယ်။ ကျုပ်တို့ ရန်သူတွေကို လျှော့တွက်လ်ို့မရဘူး။ ကျုပ်တို့ လှုပ်ရှားတဲ့အချိန် ကျုပ်ရဲ့ ရန်သူတွေကို အခွင့်အရေး ပေးမှာ မဟုတ်ဘူး။ သူက ပွင့်ချပ်ငါးလွှာ ကျင့်ကြံသူတစ်ယောက်ပဲ ဆိုပေမဲ့ သူ့ကို ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက်လို တိုက်ခိုက်ခဲ့တာ “
ယွီရှန်းရုန် “………”
ကျန်သည်သူများ “ ……….”
မုန့်ချန်းသုံသည် အထိတ်တလန့် ထုတ်ပြောလိုက်သည်။
“ မင်း သူ့ကို သတ်ခဲ့တယ်လား ”
ယွီကျန့်ဟိုင်က ဂုဏ်ယူဝံ့ကြွားသော အမူအယာဖြင့် ပြောခဲ့သည်” အမှန်ပါပဲ။ အဲ့ဒီမှာ အာ့ရှစ်တိ ရှိခဲ့တယ် ”
“ သူ့ကိုယ် ဘယ်နှကြိမ် သတ်ခဲ့လဲ ” မုန့်ချန်းသုံက မျက်မှောင်ကျုံ့လျက် မေးလိုက်သည်။
“ဘယ်နှကြိမ်လဲတဲ့လား ” ယွီကျန့်ဟိုင်က မျက်မှောင်ကျုံ့လိုက်၏။ သူသည် စီးဝူယာ့လောက် ဉာဏ်မကောင်းသော်ငြား အရူးတစ်ယောက် မဟုတ်ပေ။ မုန့်ချန်းသုံ၏ မေးခွန်းနောက်ရှိ သွယ်ဝိုက်ပြောဆိုမှုကို မည်ကဲ့သို့ နားမလည်ပဲ နေမည်နည်း။ သူက မျက်လုံး ပြူးကျယ်သွားကာ စိတ်လေ သွားလေ၏။
“ အစောင့်အရှောက်မော့ သူကလည်း ကိုးကောင်ပေါက် ကျင့်ကြံသူ တစ်ယောက်လို့ ပြောနေတာလား ”
“ …….. ”
မုန့်ချန်းသုံသည် ခေါင်းလည်း မညိတ် ခေါင်းလည်း မခါပေ။ ယွီကျန့်ဟိုင်သည် အခြေအနေကို သိသာထင်ရှားအောင် မလုပ်နိုင်ဟု ပြောနေသည့်ပမာ ယွီကျန့်ဟိုင်ကို စိုက်ကြည့်နေ၏။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ယွီကျန့်ဟိုင်သည် သူပေါင်ကို ရိုက်ကာ ပြောလိုက်လေ၏။ ” ကျုပ် သတိလက်လွတ်နိုင်ခဲ့တာပဲ။ ရှစ်စွင်းရဲ့ နောက်ဆုံးထိုးသွင်းချက် အတွေးအခေါ် အနှစ်သာရကို နက်နက်ရှိုင်းရှိုင်း နားလည် သဘောပေါက်ခြင်း မရှိသေးဘူး ”
ပြီးနောက် ယွီကျန့်ဟိုင်သည် လုကျိုးဘက် လှည့်ကာ တောင်းပန်ရန် ပြင်လိုက်၏။
လုကျိုးက လက်ဝှေ့ယမ်းလျက် ပြောလိုက်၏။ ” တော်လောက်ပြီ ”
“ စိတ်မပူပါနဲ့ ရှစ်စွင်း။ သူ့ကို ထပ်တွေ့ရင် သူ့ဘယ်တော့မှ ပြန်မထလာနိုင်တဲ့အထိ ပိုင်းဖြတ်ပစ်မယ် ”
ယွီကျန့်ဟိုင်က ပြောလိုက်၏။
“………. ”
ယွီရှန်းရုန်က ပြုံးပြီး ပြောလိုက်လေ၏။ “ သူက အားကြီးတဲ့သူကို ကြောက်ပြီး အားနည်းတဲ့သူကို အနိုင်ကျင့်တတ်တဲ့ သူပဲ။ သူက သိပ်ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး ”
“ အာ့ရှစ်တိ ငါတို့ ပြောနေတာ ကိုးကောင်ပေါက် အကြောင်းလေ။ သူ့ကို အချိန် လုံလုံလောက်လောက် ပေးခဲ့ရင် သူက ခြိမ်းခြောက်မှုကြီး တစ်ရပ် ဖြစ်လာလိမ့်မယ် ”
လုကျိုး၏ တပည့်ကြီးနှစ်ယောက်သည် စတင်ပြီး စကားများတော့မည့်ပုံ ပေါ်၏။
ရှောင်ယွမ်အာသည် သူမ၏ ရှစ်ရှိုးနှစ်ယောက်ကြား ခုန်ဝင်လျက် ပြောလိုက်၏။
“ တာ့ရှစ်ရှိုး၊ အာ့ရှစ်ရှိုး ရုတ်တရက်ကြီး ထစကားများကြပြန်ပြီ။ အချိန်ပိုနေရင် ဒီသေတ္တာတွေ ရွေ့ဖို့ ညီမကို ကူပါ့လား ”
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်က တစ်ညီတစ်ညွှတ်တည်း ပြုံးလိုက်၏” စိတ်မဝင်စားဘူး ”
“……….. ”
ထိုစဉ် တိမ်တိုက်တောင် တပည့်များသည် ပင်မတောင်ထွတ်၏ မဟာခန်းမမှ ပျံသန်းလာ၏။ သူသည် တိမ်တိုင်စင် ရင်ပြင်ပေါ် ဆင်းသက်လျက် အမောတကော ပြောလိုက်လေ၏။
“ ဂိုဏ်းချုပ် လုချန်းပေ့ မကောင်းတော့ဘူး ”
“ ဘာဖြစ်လို့လဲ ” နျဲ့ချင်းယွင်က မျက်မှောင်ကျုံ့လျက် မေးလိုက်သည်။
“ အရုဏ်မတက်ခင်တုန်းက ကောင်းကင်သိုင်းခုံရုံးက နဝမဘုံကျောင်းကို တိုက်ခိုက်တဲ့ သတင်း ရခဲ့ပါတယ်။ ဒါကြောင့် ချန်ပေ့စစ်ခုန်နဲ့ တိမ်တိုက်တောင်က ပထမ ဆရာတော်နှစ်ပါးကို လွှတ်ခဲ့တာ။ ဒါပေမဲ့ သူတိုတွေကို ကောင်းကင်သိုင်းခုံရုံးက ချုံခို တိုက်ခိုက်လိုက်တယ်။ တကယ်တော့ ကောင်းကင်သိုင်းခုံရုံးက နဝမဘုံကျောင်းကို ဘယ်တုန်းမှ မသွားခဲ့ဘူး။ ယွီရှန်းရှု ယွီရှန်းရှု ကိုယ်တိုင် လှုပ်ရှားခဲ့တာ ”
လူတိုင်းက ထိတ်လန့်သွား၏။ လုကျိုးသည် တိမ်တိုက်တောင်တပည့်များကို ကြည့်ပြီး မေးလိုက်၏” အခုအခြေအနေက ဘယ်လိုလဲ ”
“ ချန်ပေ့စစ်ခုန်က အဖမ်းခံလိုက်ရပြီး ပထမဆရာတော်ယောင်နဲ့ ဒုတိယဆရာတော်ကျောက် တို့က ဒဏ်ရာရထားတယ်။ သူတို့ အမြန်ပြန်လာနေပြီ ” တပည့်က ပြောလိုက်၏။
ယွီကျန့်ဟိုင်က ခေါင်းခါလျက် မေးလိုက်သည်။
“ သူ့တို့ ဘာကြောင့် တစ်ခွန်းမှ မပြောဘဲ ထွက်သွားရတာလဲ ”
“ ချန်ပေ့စစ်ခုန်က လုချန်းပေ့အခန်းကို သွားခဲ့ပါတယ်။ ဒါပေမဲ့ လုချန်းပေ့ကို မနှောက်ယှက်ချင်တာကြောင့် သူထွက်သွားတာ ”
ထိုစဉ် အကြီးအကဲတစ်ယောက်သည် အဝေးကနေ ပျံသန်းလာ၏။ သူသည် အရိုအသေ ပေးလျက် ပြောလိုက်၏။
“ ဂိုဏ်းချုပ် လုချန်းပေ့ နဝမဘုံကျောင်းရဲ့ ပထမဆရာတော်နှစ်ပါးက ပင်မတောင်ထွတ်ခန်းမမှာ ရှိနေပါတယ် ”
လုကျိုးက ကျန်သည့်သူများကို ကြည့်ပြီး ပြောလိုက်၏” ရှားချန်းချိုး ဒီသေတ္တာတွေကို မင်းဖြေရှင်းလိုက်တော့”
“ နားလည်ပါပြီ ”
“ ယွီကျန့်ဟိုင်၊ ယွီရှန်းရုန် တိမ်တိုက်ရင်ပြင်မှာ စောင့်နေ။ လီယွင်ကျန်းကို ကာကွယ်။ အချိန်အတိုင်းအတာ တစ်ခုအထိ ဘယ်သူနဲ့မှ မဆက်သွယ်နဲ့ “
“ ဟုတ်ကဲ့ ရှစ်စွင်း ”
ကျန်သည့်သူများကို တာဝန် ခွဲဝေပေးပြီးနောက် လုကျိုးသည် ပင်မတောင်ထွတ်ကို ကြည့်ပြီး ပြောလိုက်၏။
“ ငါ တစ်ချက် သွားကြည့်လိုက်ဦးမယ် ”