← Chapters

အခန်း (၈၂၆-၈၂၈)

Vol. 56 Ch. 826-828

အခန်း (၈၂၆-၈၂၈)

Vol. 56 Ch. 826-828

အခန်း (၈၂၆) ပြိုင်ဘက်ကင်းအဆင့် ချုပ်နှောင်ရေးစည်းတံဆိပ်

လုကျိုးက ပင်မတောင်ထိပ်ဆီ ပျံသန်းလာလိုက်၏။ နျဲ့ချင်းယွင်၊ မုန့်ချန်းသုံနှင့် တခြားသူများကလည်း လုကျိုးနောက်မှ လိုက်ပါလာကြသည်။

...

တိမ်တိုက်ရင်ပြင်ပေါ်

ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့က လီယွင်ကျန်းကို တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။

လီယွင်ကျန်းက ထိုနှစ်ဦးသား၏ အကြည့်ကြောင့် ထိပ်လန့်သွား၏။

လီယွင်ကျန်းကို အချိန်အတော်ကြာ အကဲဖြတ်ပြီးသည့်နောက်တွင် ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“အာ့ရှစ်တိ ရှစ်စွင်းက အမှားလုပ်မိတယ်လို့ ထင်လား။ ငါတို့ ဆရာတူတပည့်တွေ အကုန်လုံးက ပါရမီရှင်တွေချည်းပဲလေ။ ရှစ်စွင်းက သူ့ဆီမှာ ဘာမြင်ခဲ့လို့လဲ”

ယွီရှန်းရုန်က ခေါင်းခါကာ “ကျွန်တော်တို့တွေ ရှစ်စွင်းရဲ့ အတွေးကို ဘယ်တော့မှ လိုက်မှီမှာ မဟုတ်ဘူး”

" သူက ဘယ်လိုကျင့်ကြံရမှန်းတောင် မသိသေးတဲ့ ရုပ်သေးရုပ် ဧကရာဇ်တစ်ယောက်ပဲလေ”

ယွီကျန့်ဟိုင်က လီယွင်ကျန်းကို အနည်းငယ် မကျေမနပ်ဖြင့် ကြည့်လိုက်သည်။

ထိုနှစ်ဦး၏ အင်အားကို မြင်တွေ့ပြီးသည့်နောက်တွင် လီယွင်ကျန်းက အမှန်တကယ် အံ့အားသင့်နေမိသည်။ သူက သတ္တိကို စုစည်းကာ ပြောလိုက်၏။

“ဆ ဆရာတူ ဦးလေး ကျွန်တော်က အဲ့ အဲ့လောက် အား အားမနည်းပါဘူး”

ယွီကျန့်ဟိုင်က ခေါင်းညိတ်ကာ ကျေနပ်သွားသည်။ သူက ပြုံးလိုက်ပြီး “ကောင်းပြီ ကောင်းပြီ။ မင်းက ငါငယ်ငယ်တုန်းကလိုပဲ။ ကောင်းကောင်းလေ့လာ။ မိစ္ဆာဝေဟင်မျှော်နန်းကို အရှက်မရစေနဲ့”

ယွီရှန်းရုန်က ခေါင်းခါလိုက်ပြီးသည့်နောက်တွင် သေတ္တာများဆီ လျှောက်လှမ်းလာလိုက်သည်။ သူ့တာ့ရှစ်ရှိုး၏ ကြွားလုံးများကို နားထောင်မည့်အစား သေတ္တာများထဲမှ ပါဝင်ပစ္စည်းများကို ကြည့်ရသည်က ပိုမိုစိတ်ဝင်စားဖို့ ကောင်း၏။

လီယွင်ကျန်းက ယွီကျန့်ဟိုင်နှင့် ပြောဆိုရသည်က ပိုမိုလွယ်ကူကြောင်း ခံစားမိလေသည်။ ယွီရှန်းရုန်က ချဉ်းကပ်ရ မလွယ်ကူပေ။ ထို့ကြောင့် သူက ယွီကျန့်ဟိုင်ဘေးနားကို သွားကာ မေးလိုက်၏။

“အကြီးဆုံး ဆရာတူ ဦးလေး ကျွန်တော်ရဲ့ဆရာက ဘယ်လိုလူမျိုးတုန်း ပြောပြလို့ ရမလား။ ကျွန်တော်ဆရာက အမျိုးသားလား အမျိုးသမီးလား။ သူမက လှလား။ သူမက ဘာတွေကျွမ်းကျင်လဲ”

ယွီကျန့်ဟိုင်က ထိုအရာကို ကြားသည့်အခါ ရယ်မောလိုက်ပြီး “လှတယ်တဲ့လား "

" ... "

ယွီကျန့်ဟိုင်က ပြောလိုက်၏။

“မင်းဆရာရဲ့ နာမည်က စီးဝူယာ့တဲ့။ သူက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ၇ယောက်မြောက် တပည့်ပဲ။ သူက ငါတို့အားလုံးကြားမှာ ဉာဏ်အကောင်းဆုံးဖြစ်ပြီးတော့ ဗဟုသုတ ကြွယ်ဝတယ်။ ချီရှစ်တိက ငါ့နဂါးသွဲ့ကျောက်ဓားမော့က အကောင်းဆုံးလို့ ပြောခဲ့ဖူးတယ်”

သူက နဂါးသွဲ့ကျောက်ဓားကို ပြောစဥ် အနီးနားတွင် ရပ်နေသည့် ယွီရှန်းရုန်ကို တစ်ချက်ကြည့်လိုက်၏။ သူ ထင်ထားသည့်အတိုင်း ယွီရှန်းရုန်၏ မျက်နှာအထက် မျက်မှောင်ကြုတ်မှုတစ်ခု ထွက်ပေါ်လာသည်။

ထိုစဥ် ယွီကျန့်ဟိုင်က ဗလုံးဗထွေးဖြင့် ပြောလိုက်၏။

“မင်းတို့ ဆရာဖိုးဖိုးကို ထည့်မတွက်တဲ့အခါမျိုးကို ပြောတာပေါ့"

" ကျွန်တော်ဆရာက အဲ့လောက်တောင် ကြီးမြတ်တယ်လား” လီယွင်ကျန်းက ယွီကျန့်ဟိုင်၏ စကားကို နားထောင်ပြီးသည့်နောက်တွင် စိတ်တက်ကြွလာ၏။

ယွီကျန့်ဟိုင်က ဆက်ပြောလိုက်၏။

“မင်းဆရာက မြေအနေအထားနဲ့ နက္ခတ်ပညာရပ်မှာ ဗဟုသုတကြွယ်ဝတယ်။ သူနဲ့ တွေ့တဲ့အခါ မင်းဘယ်လောက် သိတယ်ဆိုတာကို ကြွားလုံးမထုတ်မိစေနဲ့”

“ကျွန်တော်နားလည်ပါပြီ။ အဲဒါနဲ့ ကျွန်တော်ဆရာရဲ့ ကျင့်ကြံဆင့်ကရော ဘယ်လိုလဲ” လီယွင်ကျန်းက စိတ်အားထက်သန်စွာ မေးလိုက်၏။

“ ကောင်းပြီ။ အဲ့အကြောင်းကို မပြောဘဲ နေကြစို့။ မင်းဆရာက သူ့ကျင့်ကြံဆင့်ပေါ် မှီခိုနေတာမဟုတ်ဘူး” ယွီကျန့်ဟိုင်က ပြောလိုက်၏။

" ... "

ထိုစဥ် ယွီရှန်းရုန်က သူတို့နှစ်ဦးကို လျစ်လျူရှုထား၏။ သူက ရှားချန်ချိုးနှင့်အတူ သေတ္တာများကို စစ်ဆေးကြည့်လိုက်သည်။ သူက ခရမ်းရောင် ကျောက်တုံးများပါသည့် သေတ္တာတစ်လုံးကို မြင်သည့်အခါ မေးလိုက်၏။

“ကျောင်းထိုင်ရှား ဒါက ဘာတွေလဲ "

ရှားချန်ချိုးက ပြောလိုက်၏”ခရမ်းရောင်ကျောက်တွေပါ။ ဒါက လက်နက်ထုဆစ်ဖို့ အရေးကြီးဆုံးပစ္စည်းထဲက တစ်ခုပဲ။ ဒါနဲ့ ဒုတိယသခင်လေးရဲ့ အသက်ရှည်ဓားအတွက်တော့ မျှော်လင့်ချက် ရှိလာပြီ”

ယွီရှန်းရုန်က ထိုစကားများကို ကြားသည့်အခါ စိတ်ထဲ တစ်ခုခု ဖြစ်ပေါ်လာ၏။

“ဒီခရမ်းရောင်ကျောက်တွေအပြင် တခြားဘာတွေ လိုအပ်သေးလဲ”

“ကျုပ်တို့တွေ နောက်ထပ်ကျောက်တုံးတွေ လိုတယ်။ ဒါပေမဲ့ ပြဿနာမရှိပါဘူး။ အဲဒါတွေက အလွယ်တကူ ရှာလို့ရတယ်။ ပြီးတော့ ပြန်လည်ထုဆစ်ဖို့ အသက်ရှည်ဓားကို အရည်ဖျော်ပစ်ရမယ်။ အဲဒါကြောင့် ပြိုင်ဘက်ကင်းအဆင့် လက်နက်ရဲ့ အပူချိန်ကို ခံနိုင်ရည်ရှိမဲ့ မီးဖိုတစ်လုံးလည်း လိုအပ်တယ်။

ပြီးတော့ ဒီအပူချိန်ကနေ ပျက်စီးတာမျိုးကို ကာကွယ်မဲ့ ကျင့်ကြံဆင့် မြင့်မားဖို့လည်း လိုတယ်။ ဓားကို ထုဆစ်တဲ့အခါ သင်္ကေတတွေကို ဘယ်လိုရေးထွင်းရမလဲဆိုတဲ့ အစီအရင်သဘောတရားကို နားလည်ထားတဲ့ ပညာရှင်ရှိရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ လိုအပ်ချက်တွေ အများကြီးတော့ မပြည့်မှီနိုင်ဘူး” ရှားချန်ချိုးက ပြောလိုက်၏။

ယွီရှန်းရုန်က ခေါင်းညိတ်ကာ “တချို့ကိစ္စတွေက အတင်းအကျပ် လုပ်လို့မရဘူး”

“ဒုတိယသခင်လေးရဲ့ လေးနက်မှုနဲ့ဆိုရင် ဓားလမ်းစဥ်မှာ မြင့်မားတဲ့အနေအထားကို ရောက်မှာ အသေအချာပါပဲ” ရှားချန်ချိုးက ပြောလိုက်၏။

“ကျေးဇူးပါ "

...

ထိုစဥ် လုကျိုးနှင့် နျဲ့ချင်းယွင်တို့က ပင်မတောင်ထိပ်ရှိ ခန်းမကျယ်ဆီ ပြန်ရောက်လာကြသည်။

တခြားသူများကလည်း တစ်ပြိုင်နက် ဝင်ရောက်လာကြ၏။

ယောင်ချင်းချွမ်နှင့် ကျောက်ကျန်းဟယ်တို့၏ ရင်ဘတ်က သွေးများ စွန်းထင်းနေ၏။ သူတို့က လူနာထမ်းစင်ပေါ် လှဲလျောင်းနေကြ၏။ လုကျိုးကို မြင်သည့်အခါ ခေါင်းမော့ကြည့်ဖို့ ကြိုးစားလိုက်ကြသည်။

“လု လု … လုချန်းပေ့”

“ လုချန်းပေ့”

နှစ်ဦးသားက လုကျိုးကို နှုတ်ဆက်ရန် ထရပ်ဖို့ ကြိုးစားလိုက်ကြသည်။

လုကျိုးက လက်နောက်ပစ်ကာ “အဲဒါတွေ မလိုဘူး”

ယောင်ချင်းချွမ်၏ မျက်နှာအထက် စိတ်ဓာတ်ကျသည့် အမူအရာမျိုးကို မြင်တွေ့နေရသည်။ သူက တောင်းဆိုလိုက်၏။

“လုချန်းပေ့ ကျောင်းထိုင်ကို ကယ်ပါအုံး။ ကျောင်းထိုင်ကို ယွီချန်းရှုက ခေါ်သွားတယ်”

ယောင်ချင်းချွမ် စကားအဆုံးတွင် သူက ချောင်းဆိုးလာသည်။

ဝူဝူက ဘေးနားသို့ အလျင်အမြန် သွားကာ ပြောလိုက်၏။

“ကျွန်မ ကုပေးပါ့မယ်”

သူမက လက်သေးသေးလေးကို ဖွင့်ကာ တောက်ပနေသည့် အနီရောင် စွမ်းအားလုံးတစ်ခုကို ထုတ်ဖော်လိုက်၏။ ထို့နောက် သူမက ဆရာတော်နှစ်ပါးဆီ ပို့သွင်းလိုက်သည်။

ဝူဝူ၏ ကုသမှုကို ခံယူပြီးသည့်နောက်တွင် ဆရာတော်နှစ်ပါးက အခြေအနေ ပိုကောင်းလာဟန်ပေါ်၏။ သူတို့၏ အသက်ရှူနှုန်းက ပိုမိုချောမွေ့လာသည်။

ဝူဝူက သက်ရောက်မှုကို မကျေနပ်သေးသည့်အလား ပြောလိုက်၏။

“ထပ်လုပ်မယ် "

ဝူဝူက အနီရောင်စွမ်းအင်လုံးများကို ဆယ်ကြိမ် ဆက်တိုက် ထပ်မံထုတ်လွှင့်လိုက်သည်။

အဆုံးသတ်တွင် ယောင်ချင်းချွမ်နှင့် ကျောက်ကျန်းဟယ်တို့က နာကျင်ဟန်မပေါ်တော့ပေ။ သို့သော် ဝူဝူက သက်ရောက်မှုကြောင့် သူမ၏ ကနဦးချီအားလုံးကို ကုန်ဆုံးလုနီးပါး ဖြစ်နေလေပြီ။ သူမက အသက်လုရှူနေရ၏။

“ မိန်းကလေး ဝူဝူ စွမ်းအင်ကို မဖြုန်းတီးပါနဲ့တော့။ ဒါက ကံမီးတောက်လေ။ ကံမီးတောက်ကြောင့် ဖြစ်တဲ့ဒဏ်ရာကို ကုသနိုင်မှာ မဟုတ်ဘူး” ယောင်ချင်းချွမ်က ပြောလိုက်၏။

ဝူဝူက နှုတ်ခမ်းစူလိုက်သည်။ သူမမျက်နှာအထက် ကူကယ်ရာမဲ့သည့် အမူအရာမျိုးလည်း မြင်တွေ့နေရသည်။

ကျီဖုန်းရှင်းက ခေါင်းကုတ်ကာ ပြောလိုက်၏။ “ကျွန်တော့်ရဲ့ ရှစ်မေ့က ကျင့်ကြံဆင့် မမြင့်မားဘူး။ သူမ သိတာက မေ့လျော့နည်းလမ်းကနေ ကုသရေးနည်းစနစ်ပဲ သိတာ။ သူမကိုယ်စား တောင်းပန်ပါတယ်”

လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်ပြီး “မေ့လျော့နည်းလမ်းတဲ့လား။ သူမက ပွင့်ချပ်ဘယ်နှလွှာ ရှိတုံး”

ကျီဖုန်းရှင်းက ချက်ချင်းပြန်ဖြေလိုက်၏။ ”ပွင့်ချပ်နှစ်လွှာပါ။ သူမက အခုပွင့်ချပ်နှစ်လွှာအဆင့် ကျင့်ကြံသူ ဖြစ်နေပါပြီ။ သူမက မိုးမခတစ်ထောင်ဘုရားကျောင်းမှာ အလားအလာ အကောင်းဆုံး ပါရမီရှင်တစ်ယောက်ပါ”

“မဆိုးဘူးပဲ” လုကျိုးက ချီးကျူးလိုက်၏။

“ ဒီလိုမျိုး စာနာထောက်ထားမှုမျိုးရှိတာက ရှားပါးတယ်”

လုကျိုးက ပြောနေရင်း လက်ကို မြှောက်လိုက်၏။ သူ့လက်ဝါးအထက် အပြာရောင်ကြာပွင့်နှစ်ခု ထွက်ပေါ်လာသည်။ တခြားသူများက ထိုအရာကို တလေးတစားဖြင့် ကြည့်နေကြ၏။

အပြာရောင်ကြာက အသက်ဓာတ်ဖြင့် ပြည့်ဝလာသည်။ အနီးနားရှိလူများက ပေါများလှသည့် အငွေ့အသက်ကို ခံစားမိလိုက်ကြ၏။

ခဏအကြာတွင် အားလုံးက လုကျိုးသည် ဘယ်နေရာမှ ရောက်လာလဲဟု စဥ်းစားမိသွားကြသည်။

သူက အပြာရောင်ကြာနယ်မြေကများ ဖြစ်နေမလား...

အပြာရောင်ကြာက ယောင်ချင်းချွမ်နှင့် ကျောက်ကျန်းဟယ်တို့အပေါ် ကျရောက်လာသည်။

အပြာရောင်ကြာ ပွင့်လန်းလာသည့်အခါ လုကျိုးက သူတို့ခန္ဓာကိုယ်ထဲရှိ လောင်ကျွမ်းနေသည့် မီးတောက်ကို ခံစားမိလိုက်၏။ ထိုမီးတောက်က ယခင်သွေးနေမင်းကျောင်းဆောင်၏ ဖာခုံထက် ပိုမိုအားကောင်းလေသည်။ အငွေ့အသက်ကပင် ပူကျစ်နေ၏။

“ဒါက ပွင့်ချပ်ဆယ်လွှာရဲ့ ကံမီးတောက်လား” လုကျိုးက စဥ်းစားလိုက်၏။ သူက ထူးခြားအံ့ဖွယ်စွမ်းအားကို တိုးမြှင့်လိုက်သည်။

ယောင်ချင်းချွမ်နှင့် ကျောက်ကျန်းဟယ်တတို့က အေးစက်စက် ခံစားချက်တစ်ခုကို ခံစားမိလိုက်၏။ မငြှိမ်းနိုင်ဟန်ပေါ်သည့် ကံမီးတောက်က အပြာရောင်ကြာ၏ ရေလှိုင်းကြောင့် ငြိမ်းသွားဟန်ပေါ်သည်။ အသက်ရှိုက်စာ အနည်းငယ်အပြီးတွင် ကံမီးတောက်က အပြီးတိုင် ငြိမ်းသွား၏။ နှစ်ဦးသားက ချက်ချင်းဆိုသလို ပိုမိုကောင်းမွန်လာကြသည်။

“လုချန်းပေ့ကို ကျေးဇူးတင်ပါတယ်”

“ငါ လုပ်လိုက်တာက ကံမီးတောက်ကို ငြှိမ်းသတ်ပေးလိုက်ရုံပါပဲ။ မင်းတို့တွေဘာသာ ပြန်အားဖြည့်ရမယ်” လုကျိုးက ပြောလိုက်သည်။

“ဟုတ်ကဲ့ "

“ဒါနဲ့ ဘာတွေဖြစ်ခဲ့တာလဲ။ စစ်ခုန်ပေချန်းရဲ့ အရည်အချင်းနဲ့ဆိုရင် သူက ယွီချန်းရှုကို အနိုင်မပိုင်းနိုင်ရင်တောင် ဖမ်းဆီးခံရမှာ မဟုတ်ဘူး” လုကျိုးက လက်နောက်ပစ်ကာ မေးလိုက်၏။

ယောင်ချင်းချွမ်က သက်ပြင်းချကာ “သူ့မှာ ချုပ်နှောင်ရေး စည်းတံဆိပ် ရှိနေတာပါ”

“ချုပ်နှောင်ရေး စည်းတံဆိပ်လား "

တခြားသူများက ထိုသတင်းအချက်အလက်ကြောင့် အံ့အားသင့်သွားကြသည်။

နျဲ့ချင်းယွင်က ဝင်ပြောလိုက်၏။

“အဲ့ဆိုတော့ အဲဒါက ချုပ်နှောင်ရေး စည်းတံဆိပ်ကိုး။ လုချန်းပေ့ အဲဒီချုပ်နှောင်ရေး စည်းတံဆိပ်က ပေါ့ပေါ့တန်တန် မှတ်ယူလို့ မရဘူး။ အရင်တုန်းက ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက နယ်ခြားကမ္ဘာ လေ့လာနေတဲ့ ပါရမီရှင်လေ့လာသူအယောက် ၁၀၀ ရှိဖူးတယ်။ ရာစုနှစ်တစ်ခုတည်းနဲ့ သူတို့က လက်နက်အမျိုးမျိုးကို ဖန်တီးနိုင်ခဲ့ကြတယ်။ အဲဒီချုပ်နှောင်ရေး စည်းတံဆိပ်ကလည်း သူတို့ အကောင်းဆုံး ဖန်တီးမှုထဲက တစ်ခုပဲ။ ပြောရမယ်ဆိုရင် တာ့ထန်ထဲမှာ လွှမ်းမိုးအဆင့်လက်နက်နဲ့ အနီးဆုံးလက်နက်လို့ ပြောလို့ရတယ်။ တကယ်ကို အံ့သြစရာ မရှိတော့ပါဘူး”

“ချုပ်နှောင်ရေး စည်းတံဆိပ်က ဘာတွေထူးခြားနေလို့လဲ” လုကျိုးက မေးလိုက်၏။

နျဲ့ချင်းယွင်က ခေါင်းခါကာ “ကျုပ်က အဲဒါကို ကြားပဲကြားဖူးတာ။ ဘယ်ဟာနဲ့တူမှန်း ဘယ်လိုအသုံးပြုရမယ်ဆိုတာကို မသိထားဘူး”

ယောင်ချင်းချွမ်နှင့် ကျောက်ကျန်းဟယ်တို့ကသာ မြင်တွေ့ဖူးသည့်သူ ဖြစ်သည့်အတွက် တခြားသူများက သူတို့နှစ်ယောက်အား လှည့်ကြည့်လိုက်ကြသည်။

ယောင်ချင်းချွမ်က ပြောလိုက်၏။

“အဲဒီ ချုပ်နှောင်ရေး စည်းတံဆိပ်က အစိမ်းရောင် ဖြစ်ပြီးတော့ ကျောက်စိမ်းအုပ်ချုပ်သူ စည်းတံဆိပ်နဲ့တူတယ်။ အသုံးပြုလိုက်တဲ့အခါ ကောင်းကင်အကာအရံလိုမျိုး ကြီးမားလာတယ်။ မြေပြင်ပေါ် ကျဆင်းလာတဲ့အခါမှာ မထိုးဖောက်နိုင်တဲ့ လှောင်ချိုင့်တစ်ခု ဖြစ်ပေါ်လာတယ်။ အဲဒါကြောင့် ကျောင်းထိုင်စစ်ခုန်ကို ပိတ်လှောင်သွားတဲ့ ချုပ်နှောင်ရေး စည်းတံဆိပ် အတိအကျပဲ”

…

အခန်း ( ၈၂၇ ) တည်နေရာသို့ ချောင်းမြောင်း၊ ကြည့်ရှုခြင်း

ယောင်ချင်းချွမ်သည် အမောတကော အသက်ရှူနေသေးဆဲ ဖြစ်သည်။

ကံမီးတောက်မှ ပူလောင်သော အထိအတွေ့ လွင့်ပြယ်သွားပြီးနောက် ပထမဆရာတော် နှစ်ပါးသည် တဖြည်းဖြည်းချင်း စိတ်တည်ငြိမ်သွားတော့၏။ သူတို့သည် စကားကို ပိုပြီး ရှင်းရှင်းလင်းလင်း ပြောနိုင်လာသည်။ တပည့်နှစ်ယောက်က သူတို့ကို ကူတွဲပေးထားသော်ငြား သူတို့ ထိုင်ရန် ခက်ခဲနေသေး၏။ အဆုံးကျ သူတို့၏ သွင်ပြင်ကို အမှုမထားဘဲ လူနာထမ်းစင်တွင်ပေါ်သာ ထိုင်နေလိုက်၏။ ”ချုပ်နှောင်ရေး တံဆိပ်က ဖြေရှင်းဖို့ လှည့်ကွက် များလွန်းတယ်။ လေးထောင့်သေတ္တာနဲ့ တူပေမဲ့ လေးထောင့်သေတ္တာက ချုပ်နှောင်ဖို့နဲ့ ခုခံဖို့အတွက်ပဲ ပိုသုံးလေ့ရှိတာ။ အကူကိရိယာနဲ့ ပိုတူတယ်။ တစ်ဖက်မှာတော့ ချုပ်နှောင်ရေး စည်းတံဆိပ်က မြေကမ္ဘာဖွဲ့နိုင်ပြီး လွှမ်းမိုးနိုင်တဲ့ ဖိအားရှိတယ် “ ယောင်ချင်းချွမ်က ပြောလိုက်၏။

နျဲ့ချင်းယွင်သည် အထိတ်တလန့် ပြောလိုက်တော့သည်။ ” ဘယ်လိုပဲဆိုဆို မိစ္ဆာအိုကြီး စစ်ခုန်က ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက်လေ။ သူရဲ့ နာမည်က ကျော်ကြားပြီးသား။ သူက တိုက်ခိုက်ရေး အတွေ့အကြုံ ကြွယ်ဝတယ်။ ချုပ်နှောင်ရေး စည်းတံဆိပ်က မိစ္ဆာအိုကြီး စစ်ခုန်ကို ဒီလောက် အလွယ်တကူ ထောင်ချောက် ဆင်နိုင်လိမ့်လို့ မထင်ထားဘူး “

ယောင်ချင်းချွမ်က သက်ပြင်းချလျက် ပြောလိုက်သည်။

“ တကယ်ပဲ ဘုရားကျောင်း သခင်ကို ချုပ်နှောင်ရေး စည်းတံဆိပ်တစ်ခုနဲ့ ဖမ်းဖို့က ခက်ခဲလှတယ်။ ဒါပေမဲ့ ယွီချန်းရှုက ကံမီးတောက် တတ်ကျွမ်းထားပြီး ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက်လေ။ သူတို့ တိုက်ပွဲက အချိန်အကြာကြီး ဖြစ်နေခဲ့တာ။ သူတို့ စတိုက်ခိုက်နေပြီး အရှေ့ အရပ် ရောက်သွားတဲ့အချိန် တောင်ဆယ်တောင်ထက် မနည်း ပြားဝပ်သွားစေတာ၊ ပြီးတော့ အရှေ့ဘက် နွံ့တောနားက တောအုပ်ကလည်း မီးပင်လယ် လွှမ်းသွားတာလေ၊ ကံမီးတောက်က တကယ် အစွမ်းထက်တယ်။ တိုက်ပွဲ အဆုံးသတ်ခါနီးကျ ဘုရားကျောင်း သခင်က စုတ်ပြတ်နေပြီ။ ရလဒ်အနေနဲ့ သူက ချုပ်နှောင်ရေး စည်းတံဆိပ်ထဲ ကျသွားတော့တာပဲ “

ကျောက်ကျန်းဟယ်က ထပ်ပြောလိုက်၏။ ” လုချန်းပေ့ ချုပ်နှောင်ခြင်း စည်းတံဆိပ်က အင်မတန် အန္တရာယ် များတယ်။ သူ့မှာ လေးထောင့် သေတ္တာရဲ့ စွမ်းအင် ရှိတယ်။ ပြီးတော့ သူ့ ခုခံမှုကလည်း အံ့ဩဖို့ကောင်းတာ။ ထောင်ချောက်မိသွားတာနဲ့ သူတို့တွေက ကနဦးချီ လှည့်ပတ်နိုင်တော့မှာ မဟုတ်ဘူး”

“ အဲဒါက လူတစ်‌ယောက်ရဲ့ ကနဦးချီကို ကန့်သတ် ထားနိုင်တယ်လား “ နျဲ့ချင်းယွင်က မျက်မှောင် ကျုံ့လိုက်လေ၏။

ပထမဆရာတော် နှစ်ပါးသည် သက်ပြင်းချလျက် ခေါင်းခါရုံသာ ခါလိုက်သည်။ အစကနေ ယခုအချိန်ထိ သူတို့သည် လုကျိုးကိုသာ ကြည့်နေသည်။ သူတို့က နျဲ့ချင်းယွင်ကို သိပ်မယုံပေ။ ယခု စစ်ခုန်ပေချန်းကို ယွီချန်းရှုက ဖမ်းသွားပြီ ဖြစ်ရာ နဝမဘုံကျောင်းသည် အားနည်းချက် အရှိဆုံး ဖြစ်လာ၏။

လုကျိုးက မေးလိုက်၏။ ” မင်းတို့နှစ်ယောက် ဘယ်လိုလွတ်လာတာလဲ “

ကျောက်ကျန်းဟယ်က ချောင်းဟန့်လိုက်သောအခါ ရင်ဘတ်ပေါ် လက်ဖိထားလိုက်၏။ ပြီးနောက် သူက ပြောလိုက်တော့သည်။

“ ချုပ်နှောင်ရေး စည်းတံဆိပ်က ဘုရားကျောင်းသခင်ဆီမှာပဲ သုံးခဲ့တာကြောင့် ကျုပ်တို့ ထွက်ပြေးနိုင်ခဲ့တယ်။ ဒါပေမဲ့ ဘုရားကျောင်း သခင်က ယွီချန်းရှုကို မထိန်းထားခဲ့ရင် စိုးရိမ်ရတာက ကျုပ်တို့တွေ... “

ကျောက်ကျန်းဟယ်က စကားပြော ရပ်ပြီး ခေါင်းခါလိုက်လေ၏။

လုကျိုးက မုတ်ဆိတ်သပ်လျက် မေးလိုက်သည်။

“ ဒါ့အပြင် ယွီချန်းရှုက သူ့ဆီမှာ နောက်ထပ် လှည့်ကွက် ရှိသေးလား “

ချန်ယွီရှုက သူ့ဆီမှာ နောက်ထပ် လှည့်ကွက် ရှိသေးလား။

မိမိ၏ ရန်သူကို နားလည် သဘောပေါက်ထားခြင်းသည် အောင်ပွဲရရန် အာမခံနိုင်လုနီးပါး ရှိ၏။ လုကျိုးသည် ယဲ့ကျန်းကို သူပထမဆုံး အခေါ်သက်ဆင်းထားကဲ့သို့ တူညီသည့် အမှား ထပ်လုပ်၍ မရမှန်းသိသည်။ သူသည် ရွှေရောင်ထိုက်ရွှီ ကြေးမုံကို ပိုင်ဆိုင်ထားသောငြား သူ၏ ရန်သူများက ကြေးမုံကို ကျော်ဖြတ်နိုင်သည့် နည်းလမ်းများ တတ်မြောက်ထားနိုင်ခြေကိုလည်း ထည့်တွက်ရမည်။ ထို့အပြင် ယခုအခေါက် သူ၏ ရန်သူသည် ကောင်းကင်သိုင်းခုံရုံး၏ ယွီချန်းရှုပဲ ဖြစ်သည်။ ယွီချန်းရှုကဲ့သို့ တစ်စုံတစ်ယောက်သည် သူ၏ အသက်ကို ထိန်းသိမ်းထားရန် နည်းလမ်း မရှိစရာ အကြောင်းမရှိပေ။

ယောင်ချင်းချွမ်က ခေါင်းခါပြီး ပြောလိုက်၏။

“ သူက ကျုပ်တို့ကို ဖြေရှင်းဖို့ သူ့ရဲ့ ကံမီးတောက်နဲ့ ချုပ်နှောင်ရေး စည်းတံဆိပ်ကိုပဲ သုံးခဲ့တာ။ သူနဲ့ အတူ ပါလာတဲ့ အကြီးအကဲတွေက တိုက်ပွဲထဲ ဝင်တောင် မဝင်ခဲ့ဘူး “

ထိုစကားကို ကြားသောအခါ နျဲ့ချင်းယွင်၏ အမူအရာက တင်းမာသွားသည်။

“ ယွီချန်းရှု ဒီလောက် အစွမ်းထက်မယ် မထင်ထားဘူး “

ပြီးနောက် သူသည် လုကျိုးဘက် လှည့်ပြောလိုက်၏” ကျုပ်အမြင်အရ ယွီချန်းရှုက ကျုပ်တို့ကို ခွဲပြီး သိမ်းပိုက်ဖို့ ကြိုးစားနေတာပဲ။ ကျုပ်တို့ မှန်းဆတာ မှန်မယ်ဆိုရင် အနှေးနဲ့ အမြန် တိမ်တိုက်တောင်ရဲ့ အလှည့် ရောက်လာလိမ့်မယ် “

လုကျိုးသည် မုတ်ဆိတ်သပ်လျက် ထိုကိစ္စကို စဉ်းစားလိုက်သည်။

ယွီချန်းရှုသည် သူ့ကိုယ်သူ ကယ်ရန် နည်းလမ်းများရှိခဲ့လျှင် သူ့ကို တိုက်ရိုက် စိန်ခေါ်ခြင်းက ဉာဏ်ရှိသည့် လုပ်ရပ် မဟုတ်ပေ။ သူက အသွင်ပြောင်းကတ်ကို သုံးပြီး ကောင်းကင်သိုင်းခုံရုံးသို့ ဖောက်ဝင်နိုင်လောက်သည်လော။ ထိုအချိန်ကျ သူသည် အသေရိုက်ချက်ကတ်ကို သုံးပြီး ယွီချန်းရှုကို မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်လိမ့်မည်။ ကိစ္စရပ်များက ထိုမျှ မရိုးရှင်းပေ။

ခဏအကြာတွင် လုကျိုးက ပြောလိုက်၏။

“ ပွင့်ချပ်ကိုးလွှာ အဆင့်အထက် ကျင့်ကြံသူတွေက တိမ်တိုက်တောင်မှာ အချိန်အတိုင်းအတာ တစ်ခုထိ နေရမယ် “

နျဲ့ချင်းယွင်က ခေါင်းညိတ်လိုက်ပြီး သူသည် အကြီးအကဲများဆီ ဝှေ့ယမ်းပြလျက် ပြောလိုက်၏။

“ လုချန်းပေ့ ပြောတာကို ကြားလား “

“ နားလည်ပါပြီ “

လုကျိုးသည် ယောင်ချင်းချွမ်ကို ကြည့်ပြီး ပြောလိုက်၏။ ” နဝမဘုံကျောင်းရဲ့ ပထမဆရာတော် သုံးပါးကို အဆင်အခြင်မဲ့ မလှုပ်ရှားဖို့ ပြောလိုက်ဦး။ ယွီချန်းရှုက စစ်ခုန်ပေချန်းကို မသတ်ဘူးဆိုတော့ သူအတွက် မျှော်လင့်ချက် ရှိသေးတယ်။ သူက စစ်ခုန်ပေချန်းကို ငါးစာအနေနဲ့ အသုံးချချင်နေတာ ထင်တယ် “

“ နားလည်ပါပြီ “

ယောင်ချင်းချွမ်က စိတ်လှုပ်ရှားသွားသည်။ နဝမဘုံကျောင်းသည် ယခုဆို လုချန်းပေ့ကိုသာ အားကိုးနိုင်တော့၏။ ခဏအကြာတွင် သူက မေးလိုက်သည်။ ” ယွီချန်းရှုက နဝမဘုံကျောင်းကို တိုက်ခိုက်ဖို့ ဒီအခွင့်အရေးကို အမိဖမ်းလိုက်ရင် ဘယ်လိုလုပ်မလဲ “

“ စိတ်ပူဖို့ မလိုဘူး။ နဝမဘုံကျောင်းကို မဟာအစီအရင် တစ်ခုက ကာကွယ်ပေးထားတာ။ ခမ်းနားတဲ့ အစီအရင်က ကာကွယ်ပေးထားတာ။ အစီအရင်ကို ဖယ်ရှားဖို့က လွယ်မှာ မဟုတ်ဘူး။ ယွီချန်းရှု ပေါ်လာခဲ့ရင် ငါကိုယ်တိုင် သူ့ကို ဖြေရှင်းလိုက်မယ် “

ထိုစကားကို ကြားသောအခါ ယောင်ချင်းချွမ်သည် ခန္ဓာကိုယ် ရွေ့ပြီးနောက် ဒူးထောက်လိုက်လေ၏။

ကျောက်ကျန်းဟယ်ကလည်း ဒူးလိုက်ထောက်သည်။

လုကျိုးက မျက်မှောက်ကျုံ့သွား၏။ သူက လက်ဝှေ့ယမ်းလိုက်ကာ စွမ်းအင်လှိုင်းသည် သူ့တို့နှစ်ယောက်ကို ပင့်လိုက်သည်။ သူက ပြောလိုက်တော့၏။

“ ခင်ဗျားတို့က ယောက်ျားတွေ၊ ဒူးမထောက်သင့်ဘူး “

ထိုစကားများကို ကြားသောအခါ ပထမဆရာတော်နှစ်ပါးက ရင်ထဲ ထိသွားလေ၏။ သူတို့က ထရပ်ရန် ရုန်းကန်ပြီးနောက် လုကျိုးကို အရိုအသေ ပေးလိုက်သည်။

“ ကျေးဇူးပါ လုချန်းပေ့။ ခင်ဗျားရဲ့ ကြင်နာမှုကို ဘယ်လို ပြန်ပေးဆပ်ရမလဲ မသိတော့ဘူး “

လုကျိုးသည် နျဲ့ချင်းယွင်ဘက် လှည့်ပြောလိုက်၏။ ” တိမ်တိုက်တောင်ရဲ့ မဟာအစီအရင်ကို စစ်ဆေးဖို့ မင်းရဲ့လူတွေကို သွားပြောလိုက် “

“ နားလည်ပါပြီ “ နျဲ့ချင်းယွင်သည် သူ၏ လူများကို တိမ်တိုက်တောင်၏ မဟာအစီအရင်ကို စစ်ဆေးရန် အမိန့်ပေးလိုက်တော့သည်။

ပြီးနောက် လုကျိုးသည် ခန်းမထဲမှ ထွက်သွားလေ၏။

လုကျိုးသည် သူ၏ အခန်းသို့ ပြန်ပြီးနောက် စနစ်မျက်နှာပြင်ကို ဖွင့်လိုက်သည်။

ကုသိုလ်မှတ် - ၁၄၇၉၉၀

ကျန်ရှိသော သက်တမ်း - ၂၁၉၇၃၀

အသုံးပစ္စည်း - ကျိထျန်းတောက်၏ အထွတ်အထိပ် အသွင်ကတ်- ၁ကတ်၊ အသေရိုက်ချက်ကတ် - ၁ကတ်၊ ပြစ်ချက်မဲ့ကတ် - ၁ကတ်၊ အတိုက်အခံဒဏ်ပြင်း ကာကွယ်ကတ်- ၁၃၈ ကတ်၊ ရုပ်ဖျက်ကတ်- ၁ကတ်၊ ရွှေရောင်ထိုက်ရွှီ ကြေးမုံ၊ အသွင်းပြောင်းကတ်-၃ကတ်၊ တောက်ပကျောက်တုံး- ၃တုံး၊ သန့်စင်ခြင်း အဆောင်- ၁ခု၊ အကြောင်းပြန်လှန်ကတ်- ၇၇ကတ်။

စီးတော်သားရဲ- နတ်ခြင်္သေ့ ပိအန်း၊ ကျီလျန့်၊ ချုံးချီ၊ ထန်ခမ်း

လက်နက်- အမည်မဲ့၊ ကျောက်စိမ်းမြင်းမြီးတုတ်၊ စီရင်ရေး စုတ်တံ၊ ကြိုးမျှင်ကိုးသွယ် ဗျပ်စောင်း၊ လေးထောင့်သေတ္တာ၊ ခရမ်းရောင် တောက်ပသံကျောက်၊ လေအေး၊ သုံးခွမှိန်း။

လုကျိုးသည် စနစ်မျက်နှာပြင်ကို အဆင့်မြှင့်တင်ထားမှန်း ရှာတွေ့လိုက်၏။ ယခုဆို ကြည့်ရသည်က ပိုရှင်းလင်းလာပြီ ဖြစ်သည်။ ကံဆိုးသည်မှာ အဓိကကတ်က နည်းပါးလွန်းလှပေ၏။

ထိုသို့ ဖြစ်မည်မှန်းသာ သိခဲ့လျှင် သူသည် ရွှေကြာနယ်မြေထဲမှာ ရှိစဉ်တည်းက အသုံးပစ္စည်းကတ်များ သုံးတာကို လျှော့ချပြီး ကျင့်ကြံရာ၌ အချိန် ပိုသုံးခဲ့မှာပဲ ဖြစ်သည်။

သူက သက်ပြင်း ချလိုက်တော့သည်။ ဘဝ၏ အခြေအနေ သူတို့ရောက်ရှိနေသည့် အနေအထားပေါ် မူတည်ပြီး လူတို့၏ အတွေးသည် မကြာခဏ ပြောင်းလဲနေ၏။

လုကျိုးသည် အမည်မဲ့ကို ယူထုတ်လာသည်။

အနက်ရောင် သ‌င်္ကေတများက ၎င်းနားတစ်ဝိုက်တွင် ပေါ်လာ၏။

ထိုစဉ် သူသည် မှတ်ဉာဏ်သလင်းထဲကနေ ကောင်းကင်မှ အနက်ရောင် ကြာပွင့် ဆင်းသက်လာတာကို ပြန်အမှတ်ရသွား၏။

“ အနက်ရောင်ကြာ “

သ‌င်္ကေတ အားလုံးသည် အနက်ရောင်ကြာ ကျင့်ကြံသူများက ကြောက်မက်ဖွယ်ကောင်းကြောင်း ညွှန်ပြနေ၏။ သူသည် တွေ့ခဲ့မည်ဆိုပါက အသေရိုက်ချက်ကတ်မက ဈေးနူန်း အဆမတန်က မြင့်နေလျှင် ပြသနာတက်လိမ့်မည်။

တစ်ခါသေဖူး ပျဉ်ဖိုးနားလည်/တစ်ခါသေဖူး ပြင်ဖို့နားလည် (ဘယ်ဟာအမှန်မှန်း မသိလို့ပါ)

သူ၏ အသုံးရိုက်ချက်ကတ်များကို သူ့စိတ်တိုင်းကျ အနီရောင် ကြာနယ်မြေထဲတွင် အသုံးမပြုနိုင်တော့မည် ပုံ ပေါ်၏။

“ ယွီချန်းရှု “

လုကျိုးသည် ကောင်းကင်ကျမ်းစာ စာလိပ်၏ စွမ်းအားအသစ်ကို အမှတ်ရသွားပြီး ယွီချန်းရှု၏ လက်ရှိတည်နေရာကို ရှာနိုင်မလားဟု တွေးနေမိသည်။

စမ်းကြည့်တာပေါ့

လုကျိုးသည် မျက်လုံးမှိတ်လျက် ဂါထာကို ရွတ်ဆိုလိုက်သည်။

မကြာမီ၌ သူ၏ မျက်လုံးက အပြာရောင် လင်းလာလေ၏။

သို့သော် စနစ်အသိပေးသံကို ကြားလိုက်၏။

“ ပစ်မှတ်ကို ရှာမတွေ့ပါဘူး။ လက်ရှိ ကန့်သတ်မှုက မှတ်မိတဲ့လူတွေဆီမှာပဲ အသုံးပြုခွင့် ရှိပါတယ်“

“ အလုပ်မဖြစ်ဘူးလား။ ဒီစွမ်းအားနဲ့ လူတိုင်းကို ထောက်လှမ်းနိုင်မယ်လို့ ထင်နေတာ “

ကြုံတွေ့ခဲ့ဖူးသော ခံစားချက်က သူ့ဆီ ပြန်ရောက်လာ၏။

ခဏအကြာတွင် သူက မျက်လုံး ထပ်မှိတ်လိုက်သည်။

“ စစ်ခုန်ပေချန်း “

ပြီးနောက် သူသည် ဂါထာကို ထပ်မံ ရွတ်ဆိုလိုက်၏။

“ စကြ၀ဠာထဲရှိ သက်ရှိအားလုံး သူတို့ရဲ့ သေခြင်း၊ ရှင်ခြင်း၊ ကြင်နာမှု၊ ဆိုးယုတ်မှု၊ ကုသိုလ်၊ အကုသိုလ် အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်မယ် “

သူ၏ မျက်လုံးသည် အပြာရောင် လင်းလာတော့သည်။

ကောင်းကင်ကျမ်းစာ၏ ထူးကဲစွမ်းအားသည် သူ၏ ခန္ဓာကိုယ် အပြင်သို့ လျင်မြန်စွာ ထွက်လာ၏။

မှောင်မဲနေပြီ ဖြစ်သည်။ အလင်းထွက်ပေါ်ရန် တစ်ခုတည်းသော ရင်ပြင်သည် စစ်ခုန်ပေချန်းပေါ်မှာပဲ ဖြစ်သည်။ သူ၏ လက်နှစ်ဖက်ကို ချိန်းကြိုးများဖြင့် ချည်နှောင်ထားပြီး ဆံပင်များ မသေမသပ် ဖြစ်နေ၏။ အင်မတန် မောပန်းနွမ်းနယ်နေပုံ ပေါ်သည်။

ပတ်ဝန်းကျင်ရှိ အသံများသည် လုကျိုး၏နားထဲ ရောက်လာ၏။

ရွှင် ရွှင် ရွှင်

လေထဲတွင် ချိန်းကြိုးသံများ ထွက်ပေါ်နေ၏။

“ ဟေး လူသစ် မင်း အဲ့ဒီ သက်ကြားအိုကြီး အရှုးလုပ်တာ ခံလိုက်ရတာလား “

“ တစ်ခုခု ပြောဦး လူသစ် “

ပတ်ဝန်းကျင်က မဲမှောင်နေသောကြောင့် လုကျိုးက အသံများသာ ကြားနိုင်သည်။

ခဏအကြာတွင် သူက စွမ်းအား အသုံးပြုတာ ရပ်တန့်လိုက်သည်။ ဤနည်းဖြင့် သူသည် ထူးကဲအံ့ဖွယ် စွမ်းအားများကို လျင်မြန်စွာ အသုံးပြုမိလိမ့်မည်။ ထို့အပြင် သူမြင်နိုင်သည်က အကန့်အသတ် ရှိ၏။

“ အဲ့ဒါ ဘယ်နေရာမှာလဲ “ လုကျိုးသည် အတွေးနက်သွားတော့သည်။

သူသည် ကောင်းကင်သိုင်းခုံရုံး အကြောင်း သိတာ နည်းလွန်း၏။

သူသည် စစ်ခုန်ပေချန်း၏ အရိပ် တစ်စွန်းတစ်စကို တွေ့ခဲ့သော်ငြား သူသည် စစ်ခုန်ပေချန်း၏ တည်နေရာကို မရှာနိုင်ခဲ့ပေ။ သို့သော် အနည်းဆုံးတော့ စစ်ခုန်ပေချန်း အသက်ရှင်လျက် ရှိနေသေးကြောင်း အတည်ပြုနိုင်၏။

လုကျိုးသည် စွမ်းအားကို အသုံးမပြုတော့ပဲ ထိုအစား သူ၏ ကျင့်ကြံမှုကို စစ်ဆေးလိုက်၏။ သူက ပိုမိုအားစိုက်ထုတ်ပြီးနောက် သူ၏ ကျင့်ကြံစဉ်သည် ယခုဆို ပွင့်ချပ်ကိုးလွှာ နှောင်းအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ သူသည် ဆယ်ရက်ကြာပြီးနောက် ပွင့်ချပ် ဆယ်လွှာအဆင့်ကို တက်ရန် ကြိုးပမ်းနိုင်မည်ဟု ယုံကြည်ချက် ရှိ၏။

ပြီးနောက် သူပိုင်ဆိုင်မှုရှိ အကြောင်းပြန်လှန်ကတ်များကို ကြည့်လိုက်သည်။ လက်ရှိတွင် ၇၇ ကတ် ရှိနေသည်။

“ သုံးမယ် “

၁၀ ကတ် တစ်ပြိုင်နက်တည်း သုံးလိုက်သည်။

တောင်ထွတ်နားရှိ ကြွယ်ဝလှသော အသက်ဓာတ်တို့ ဝေ့တက်လာပြီး ချက်ချင်း ကူးပြောင်းလာတော့သည်။

ထိုစဉ် နျဲ့ချင်းယွင်နှင့် ကျန်သည့် သူများသည် တာဝန်ခွဲယူ ဆောင်ရွက်နေပြီး တိမ်တိုက်ရင်ပြင်ပေါ်ရှိ သေတ္တာများကို သိမ်းဆည်းနေသည်။ သူတို့အားလုံးက ထူးဆန်းသည့် ဖြစ်စဉ်ကို အာရုံခံမိသောအခါ မော့ကြည့်လိုက်လေ၏။

“ အဲဒါ ဘာလဲ “ နျဲ့ချင်းယွင်၏ အမူအရာက အတော်လေး ရှုပ်ထွေးနေသည်။

ရှားချန်းချိုးက ရှေ့တိုးပြီး ရှင်းပြလိုက်တော့သည်။

“ စိတ်ပူဖို့ မလိုပါဘူး ဂိုဏ်းချုပ်နျဲ့။ လုချန်းပေ့က ဒါကို မကြာမကြာ လုပ်ဖူးတယ်။ သူ အစောတုန်းက အပြာရောင် ကြာပွင့်ကို သရုပ်ပြလိုက်တယ် ဟုတ်တယ်မလား။ ကျုပ် ထင်တာမမှားရင် ဒါက အပြာရောင် ကြာပွင့်ကို ကျင့်ကြံတဲ့ နည်းတွေထဲက တစ်ခုပဲ “

“ အပြာရောင် ကြာပွင့်လား။ ဘုရားကျောင်း သခင်ရှား ခင်ဗျားရဲ့ အမြင်မှာ လုချန်းပေ့က ရွှေကြာနယ်မြေက တကယ်လာတာလို့ ထင်လား “ နျဲ့ချင်းယွင်က မေးလိုက်သည်။

နျဲ့ချင်းယွင်၏ မေးခွန်းကို တုံ့ပြန်မိအစား ရှားချန်းချိုးက ပြောလိုက်သည်။

“ ဂိုဏ်းချုပ်နျဲ့ ကျုပ်ရဲ့ ကျင့်ကြံစဉ်က ခင်ဗျားနဲ့ ယှဉ်ရင် အတော်လေး ဝေးသေးတယ်။ ဒါပေမဲ့ ခင်ဗျားအတွက် အကြံတချို့တော့ ရှိပါရဲ့။ ကျုပ် ပြောလို့ရမလား မသိဘူး “

“ ပြောပါ “

“ သိုင်းပညာရှင်တွေမှာ သူတို့နည်း သူတို့ဟန် ရှိတယ်။ လုချန်းပေ့ရဲ့ ကျင့်ကြံစဉ်က မှန်းဆမရအောင် နက်နဲတယ်။ ကျုပ်တို့တွေ အမြင်ကျယ်သင့်တယ်။ ပုံမှန်နဲ့ မခြား ပြုမူသင့်တယ်။ ကျုပ်တို့တွေက သူတို့ရဲ့ ကျင့်ကြံစဉ်ကို မေးခွန်း အများကြီး မမေးဖို့က အရေးကြီးတယ်။ လုချန်း‌ပေ့က သူ့ရဲ့ ဗဟုသုတတွေကို ကျုပ်တို့တွေကို မျှဝေပေးချင်ရင်တော့ မတူတော့ဘူးပေါ့ “ ရှားချန်းချိုးက ပြောလိုက်၏။

“ ကျုပ် ပြောချင်တာကတော့ အနီပဲဖြစ်ဖြစ်၊ ရွှေရောင်ပဲ ဖြစ်ဖြစ်၊ အပြာရောင် ကြာပဲ ဖြစ်ဖြစ် ကိစ္စ မရှိဘူး။ ကျုပ်တို့အတွက် အကျိုးရှိရင် ဘာကြောင့်များ မလိုလားအပ်ပဲ ဒုက္ခခံနေရမှာလဲ။ ဒါ့အပြင် ကျုပ်တို့တွေက မရည်ရွယ်ပဲ လုချန်းပေ့ရဲ့ အောက်ခြေဆီကို ကျော်မိသွားရင် “ ရှားချန်းချိုးသည် ပြီးအောင် မပြောပဲ နျဲ့ချင်းယွင်ကို ဆက်လက် မှန်းဆခိုင်းလိုက်သည်။ သူက ပြုံးရုံသာ ပြုံးနေ၏။

ထိုစကားများကို နားထောင်ပြီးနောက် နျဲ့ချင်းယွင်က လက်သီးဆုပ်မိုးလျက် ပြောလိုက်တော့သည်။

“ သတိပေးတာ ကျေးဇူးတင်ပါတယ် ဘုရားကျောင်း သခင်ရှား “

…

အခန်း (၈၂၈) ပွင့်ချပ်ဆယ်လွှာ မိစ္ဆာအိုကြီး

ရှားချန်ချိုးက ခေါင်းညိတ်ကာ ပြောလိုက်၏။

“မိုးမခတစ်ထောင်ဘုရားကျောင်းရဲ့ အဖွဲ့သားတွေက လက်တလော ဒုက္ခပေးမိပါတယ် ဂိုဏ်းချုပ်နျဲ့”

ရှားချန်ချိုးက တခြားတစ်ယောက်၏ နေရာတွင် နေထိုင်နေသည့်အတွက် သူ့အနေနှင့် လောကဝတ် ထိန်းသိမ်းဖို့ လိုအပ်ပေသည်။ ထို့အပြင် အတိတ်တုန်းက မည်သူကမှ မိုးမခတစ်ထောင်ဘုရားကျောင်းကို အကြည့်ပင် မစွန့်ကျဲခဲ့ကြပေ။

နျဲ့ချင်းယွင်က ရယ်မောလိုက်ပြီး “တကယ်လို့ အဆင်ပြေတယ်ဆိုရင် ကျောင်းထိုင်ရှားက တိမ်တိုက်တောင်ကို အိမ်လို့ သဘောထားလို့ ရပါတယ်။ အဆင်ပြေသလို လာလည်ပြီး နေလို့လည်း ရတယ်”

“ကျေးဇူးပါ” ရှားချန်ချိုးက ပြောပြီးသည့်နောက်တွင် ထွက်သွားလိုက်၏။ သူက အားကောင်းသည့် နောက်ခံရှိသည်မှာ အံ့သြစရာ ကောင်းလှသည်ဟု ခံစားနေမိသည်။

နျဲ့ချင်းယွင်က ရှားချန်ချိုး၏ ထွက်ခွာသွားသည့် ပုံရိပ်ကို ကြည့်နေရင်း ရှားချန်ချိုးက ပါရမီရှိကာ ဉာဏ်ကြီးပြီး အမြင်ကောင်းရှိသည်ဟု တွေးလိုက်မိသည်။ အကယ်၍ သူသာ အစကတည်းက ကောင်းကောင်းမွန်မွန် ဆုံးဖြတ်နိုင်ခဲ့ပါက သူသည် ဤသို့ လမ်းလွဲနေမည် မဟုတ်ပေ။ သူက လုချန်းပေ့၏ ရိုက်နှက်မှုကို နှစ်ကြိမ်ပင် ခံခဲ့ရ၏။ သူက ထိုအရာကို ပြန်လည်အမှတ်ရမိသည့်အခါ အတိတ်တုန်းက အမှန်တကယ် တင်းမာနေခဲ့မိသည်ကို သဘောပေါက်သွားသည်။

ထိုစဥ် လုကျိုးနေထိုင်ရာ တောင်ထိပ်မှ အသက်ဓာတ်စွမ်းအား ထွက်ပေါ်လာ၏။

နျဲ့ချင်းယွင်က ခေါင်းညိတ်ကာ ထိုကိစ္စကို ဆက်လက် မစုံစမ်းတော့ပေ။

...

လုကျိုးက အကြောင်းပြန်လှန်ကတ် ၃၀ကို အသုံးပြုလိုက်သည်။ ကတ်တစ်ခုချင်းစီက ရက် ၆၀၀စီ ချီးမြှင့်သည့်အတွက် သူသည် ယခု နှစ်၃၀ ပိုမိုငယ်ရွယ်သွားပြီဖြစ်၏။ သူ့ခန္ဓာကိုယ်က တောင့်တင်းမနေတော့ဘဲ အနက်ရောင်ဆံပင်များလည်း ပိုမိုများပြားလာပြီ ဖြစ်သည်။

ထို့နောက် သူက ကျန်ရှိနေသည့် အကြောင်းပြန်လှန်ကတ် ၅၇ ကတ်ကို မသုံးတော့ပေ။ သူက အနာဂတ်တွေ စျေးတက်သွားမည်ကို စိုးထိတ်မိ၏။ ထို့ကြောင့် တချို့တလေ ထိန်းသိမ်းထားသည်က အကောင်းဆုံး ဖြစ်၏။ ထိုအရာမှလွဲ၍ အကြောင်းပြန်လှန်ကတ်များသည် နောင်အနာဂတ်တွင် ပိုမိုအသုံးဝင်လာလိမ့်မည်ဟု ခံစားချက် ရနေမိသည်။

လက်ကျန်သက်တမ်း - ၃၁၇၃၀ ရက်

ထို့နောက် လုကျိုးက ကံစမ်းမဲကို စစ်ဆေးကြည့်လိုက်၏။

“ ကံစမ်းမဲ”

“ တင် ကုသိုလ်ရမှတ် ၅၀နဲ့ ကံကောင်းမှတ် ၁၁၀ ကျသင့်ပါတယ်။ အရေးပေါ် အထိအခိုက်ပြင်း ကာကွယ်ကတ် ၅၀နဲ့ တောက်ပကျောက်တုံးတစ်တုံးကို ရရှိပါတယ်”

“ ထားလိုက်တော့”

လုကျိုးက ကံစမ်းမဲ၏ ရလဒ်ကို သံသယ ဖြစ်မိ၏။

“ ငါ့ဆီမှာ အခု အရေးပေါ် အထိအခိုက်ပြင်း ကာကွယ်ကတ် ၁၈၈ ကတ် ရှိသွားပြီ။ အဲ့ဆိုတော့ ငါက ၁၈၈ ကြိမ် သေတော့မယ်လို့ ပြောချင်တာလား” လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။

ဤသည်က အသုံးမဝင်ဆုံးကတ်များ ဖြစ်ပေသည်။

ငါက ပြိုင်ဘက်ကင်းရင် ဒီကတ်တွေ အသုံးမဝင်ဘူး။

လုကျိုးက ကံစမ်းမဲကို ပိတ်ကာ တရားထိုင်လိုက်သည်။

............

ထိုစဥ် ကောင်းကင်သိုင်းခုံရုံး၏ မြေအောက်အကျဉ်းထောင်အတွင်း

ထိုနေရာတွင် လူတစ်ယောက်၏ လက်ကို မမြင်နိုင်လောက်အောင် မှောင်မဲနေသည်။

ထိုစဥ် ယွီချန်းရှုက လက်နောက်ပစ်လျက် အကျဉ်းထောင်အတွင်း ဝင်ရောက်သွား၏။ သူ့နောက်မှ တပည့်တစ်ဦးက မီးအိမ်ကို ကိုင်ဆောင်ကာ လိုက်ပါလာသည်။

သူက ပင်ပန်းနေသည့် စစ်ခုန်ပေချန်းအား ကြည့်ကာ ခေါင်းခါလိုက်ပြီး “ခင်ဗျားက ချန်ပေကျန်းကို သတ်တယ်လို့တော့ မထင်ဘူး။ ခင်ဗျားရဲ့ စွမ်းဆောင်ရည်နဲ့ မဖြစ်နိုင်ဘူး”

စစ်ခုန်ပေချန်းက ရယ်မောလိုက်၏။ သူ့အသံက ခပ်ရှရှ ဖြစ်နေသည်။

“ငါတို့ နှစ်ယောက်လုံးက အနီရောင်ကြာနယ်မြေကပဲ။ ဘယ်လိုလုပ် တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေမှာလဲ စစ်ခုန်ပေချန်း။ မင်းတို့ လူတွေအားလုံးက ဒါကို နားလည်သင့်တယ်။ ပြောစမ်းပါအုံး။ အဲဒီ လုမျိုးရိုးနဲ့ အဲဒီနယ်ခြားတွေက မင်းကို ဘာပေးလိုက်တာလဲ။ မင်းက ဘာလို့ အဲ့လောက်တောင် သစ္စာရှိနေရတာလဲ” ယွီချန်းရှုက စိတ်ခံစားချက်ကင်းမဲ့စွာ မေးလိုက်သည်။

“ယွီချန်းရှု တကယ်လို့ မင်းက ယောက်ျားဆိုရင် ချုပ်နှောင်ရေး စည်းတံဆိပ်ကနေ လွှတ်ပြီးတော့ မျှမျှတတ တိုက်ခိုက်လှည့်။ အဲ့ချိန်ကျရင် ချန်ပေကျန်းကို သတ်ဖို့ ဘာလုပ်ခဲ့တယ်ဆိုတာ သဘောပေါက်သွားလိမ့်မယ်” စစ်ခုန်ပေချန်းက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

“မင်းက နဝမမြောက်ဘုံကျောင်းရဲ့ ကျောင်းထိုင်တစ်ယောက်ပဲ။ ဘာလို့ တုံးအနေတာတုံး။ ဒီကမ္ဘာမှာ တရားမျှတမှုဆိုတာ မရှိဘူးဆိုတာ သိထားသင့်တယ်။ ပြီးတော့ ငါ့ဆီမှာ ချုပ်နှောင်ရေး စည်းတံဆိပ်ပဲ ရှိတယ်လို့ထင်လား” ယွီချန်းရှုက သက်ညှာခြင်းမရှိ ပြောလိုက်သည်။

စစ်ခုန်ပေချန်းက တိတ်ဆိတ်နေ၏။

ထိုစဥ် အမှောင်ထုအတွင်း အသံတစ်သံ ထွက်ပေါ်လာ၏။

“လူသစ် မင်းက တကယ်ကို တုံးအတာပဲ။ ဒီမကောင်းဆိုးဝါးအိုကြီးယွီက ဝှက်ဖဲတွေ အများကြီးရှိတယ်။ အထူးသဖြင့် ညစ်ညစ်ပတ်ပတ် တတိယတန်းစား နည်းလမ်းလှည့်ကွက်တွေပေါ့”

“ယွီချန်းရှု မင်းက အသုံးမကျဘူးပဲ။ ဒီသေရည်ခရားကို ဘယ်နေရာက ကောက်လာတာတုန်း။ သူက ငါတို့ကိုတောင် စကားမပြောဘူးပဲ။ ငါ့ကို လွှတ်ပေးစမ်း”

ယွီချန်းရှုက အော်လိုက်သည်။

“တိတ်ကြစမ်း”

အသံလှိုင်းက အကျဉ်းထောင်အတွင်း ပျံ့နှံ့သွား၏။

“အား ကြောက်စရာကောင်းလိုက်တာ။ မင်းရဲ့ အသက်ရှူနှုန်းက အရင်ကလို နံစော်နေတုန်းပဲ။ ငါ ဒီနေရာက အသက်ရှင်လျက် ထွက်လာရင် မင်းရဲ့ ခြေလက် ၄ချောင်းလုံးကို ဖြတ်ပစ်မယ်။ အော ခြေလက် ၄ချောင်းလုံးကို သိမ်းမယ်လို့ပြောတာ။ ငါက သေရည်ခရားထဲမှာ အဲဒါတွေကို သိမ်းထားမယ်”

ယွီချန်းရှုက လှည့်ကာ လက်ဝါးချက် ထုတ်လွှင့်လိုက်၏။

အနီရောင်ကြာ ကံမီးတောက် လက်ဝါးစည်းတံဆိပ်က အမှောင်ထုတွင်း ထွက်ပေါ်လာကာ အေးစက်ကာ မှောင်မဲနေသည့် သံတိုင်များကြားမှ စုတ်ပျက်နေသည့် အရူးသမားတစ်ယောက်ဆီ ရောက်ရှိသွားသည်။

ဘန်း

စစ်ခုန်ပေချန်းက ထိုအမျိုးသား၏ ခန္ဓာကိုယ်နှင့် ရူးသွပ်နေသည့် အမူအရာကို ဖမ်းဆုပ်မိလိုက်သည်။

ထိုအကျဉ်းထောင်က ချက်ချင်းဆိုသလို တိတ်ဆိတ်သွား၏။

“ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးလား” စစ်ခုန်ပေချန်းက အံ့အားသင့်သွား၏။

ယွီချန်းရှုက ဘာမှမပြောပေ။ ထို့အစား သူက ပြောလိုက်၏။

“အဲဒီ နယ်ခြားလူက ရွှေကြာနယ်မြေကပဲ။ သူက နန်းတော်ကို ကျူးကျော်ပြီးတော့ ဧကရာဇ်ငယ်နဲ့ တွေ့ပြီးသွားပြီ။ ငါနားလည်ထားတာက မင်း စိတ်ကူးယဥ်ထားတာထက် ပိုများတယ်”

“မင်းက လုချန်းပေ့ကို နားလည်ချင်တာလား” စစ်ခုန်ပေချန်းက ရယ်မောလိုက်၏။

“သူက ချန်ပေကျန်း၊ ချန်ထျန်းတုနဲ့ ယဲ့ကျန်းကို သတ်ခဲ့တယ်။ သူ့ကျင့်ကြံဆင့်က တကယ့်ကို ပြိုင်ဘက်ကင်းပဲ။ ကောလာဟလတွေက သူက မွေးဖွားဇယားချပ်ကို အသက်သွင်းထားတယ်လို့တောင် ပြောကြတယ်။ အဲဒါက အမှန်ပဲလား” ယွီချန်းရှုက မေးလိုက်၏။

“အဖြေရှိပြီးသား မေးခွန်းကို ဘာလို့ မေးနေအုံးမှာလဲ”

ဖြောင်း ဖြောင်း ဖြောင်း

နှစ်ဖက်မှ သံကြိုးရုန်းသံများ ထွက်ပေါ်လာသည်။

“တစ်ယောက်ယောက်က မွေးဖွားဇယားချပ်ကို အသက်သွင်းလိုက်ပြီးလား။ ဟား ဟား ဟား တကယ်ကြီးလား။ ကောင်းတယ်ဟေ့။ လာကြ လာကြ။ ငါတို့ကို ဒီမှောင်မဲနေပြီး ညစ်ပတ်နေတဲ့ကမ္ဘာကြီးကနေ ကယ်တင်ကြ။ အနီရောင်ကြာနယ်မြေရဲ့ ညစ်ပတ်နေတဲ့ သွေးမျိုးဆက်ကို ပြောင်းလဲပေးဖို့ ငါတို့မှာ ရှိတဲ့ အကောင်းဆုံး အမျိုးသမီးကို ပေးရမယ်”

“မဖြစ်နိုင်ဘူး။ မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ နှစ် ၁၅၀၀ လိုအပ်တယ်။ အဲ့လိုမျိုး မကောင်းဆိုးဝါးမျိုးက အနီရောင်ကြာနယ်မြေကနေ ထွက်သွားတာ ကြာလောက်ပြီ။ ငါတို့တွေ သားရဲတွေကို ရှာပြီးတော့ အသက်ဓာတ်နှလုံးသားကို များများစုဆောင်းရမယ်။ ယွီချန်း မြန်မြန်ပြောစမ်းပါအုံး။ ဒါက ဘာအဓိပ္ပာယ်လဲ”

ထိုအရူးများ၏ စကားများကို ကြားပြီးသည့်နောက်တွင် စစ်ခုန်ပေချန်းက ထိုအကျဉ်းသားများသည်။ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ လူများဖြစ်ကြောင်း သေချာသွား၏။ ထို့နောက် သူက ယွီချန်းရှုကို ကြည့်ကာ “ငါသိပြီ။ မင်းက ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက လူတွေကို အကျဉ်းချထားတာပဲ”

ယွီချန်းရှုက ထိုစကားကို ဘာမှမှတ်ချက်မပေးပေ။ ထို့အစား သူက ပြောလိုက်၏။ “ဒီနေ့ကစပြီး မင်းမသေခင်အထိ သူတို့ထဲက တစ်ယောက်ဖြစ်လာလိမ့်မယ်။ တကယ်လို့ ပူးပေါင်းချင်တယ်ဆိုရင်တော့ လွှတ်ပေးဖို့ စဥ်းစားပေးမယ်”

စစ်ခုန်ပေချန်းက ပြုံးကာ လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်၏။

“ဒီလိုဆိုရင်တော့ အရှင်းဆုံးပဲ ပြောမယ်။ လုချန်းပေ့က တကယ်ကို မွေးဖွားဇယားချပ် အသက်သွင်းပြီးသွားပြီ ယွီချန်းရှု။ မင်းရဲ့ နှလုံးသားထဲက အကြောက်တရားကို ခံစားမိတယ်”

ယွီချန်းရှု၏ မျက်တောင်က လှုပ်ခတ်သွား၏။ သူက လက်သီးဆုပ်ကာ “ငါက ဒီနှစ်တွေ အားလုံးမှာ ဘာမှမလုပ်ဘဲ ထိုင်နေတယ်လို့များ ထင်နေလား။ ပြင်ဆင်မှုတွေ မလုပ်ထားဘူးများ ထင်နေလား။ သူက မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်တော့လည်း ဘာဖြစ်လဲ။ တကယ်လို့ သူလာရဲရင် ငါက သူ့ကို သတ်ပစ်မယ်”

စစ်ခုန်ပေချန်းက တံတွေးထွေးကာ “မောက်မာလိုက်တာ”

ယွီချန်းရှုက ခေါင်းခါကာ ပြောလိုက်၏”လူတစ်ယောက်က မောက်မာနိုင်တဲ့ စွမ်းရည်ရှိဖို့ လိုတယ်။ ငါ့မှာ အဲဒီစွမ်းရည် ရှိတယ်”

သူက ဖြည်းဖြည်းချင်း လှည့်ထွက်သွား၏”မွေးဖွားဇယားချပ်။ အဲ့လိုလူမျိုးကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းကောင်းတစ်ခု ရှိတယ်လို့ထင်တယ်။ အားလုံး ဟုတ်တယ်မလား”

သံကြိုးများက လှုပ်ခါသွားသော်လည်း မည်သူကမှ ပြန်မဖြေကြပေ။

...

တစ်ပတ်ကြာမြင့်ပြီးသည့်နောက်တွင်

မနက်ခင်း၌

လုကျိုးက ထူးခြားအံ့ဖွယ်စွမ်းအားကို ပြန်လည်ဖြည့်တင်းပြီးသွားပြီဖြစ်၏။ ထိုစဥ် သူက ခြံဝန်းအတွင်း ထိုက်ကျိကို သရုပ်ဖော်နေသည်။

သန့်ရှင်းရေးလုပ်နေသည့် တိမ်တိုက်တောင် တပည့်များက လုကျိုးကို မြင်သည့်အခါ မနှောင့်ယှက်ကြပေ။ သူတို့က အဝေးမှသာ ကြည့်နေပြီး မေးခွန်းလည်း မမေးကြပေ။

နျဲ့ချင်းယွင်က လုကျိုးအား အကြောင်းရင်းမရှိဘဲ သွား၍ အနှောင့်အယှက် မပေးဖို့ရာ အမိန့်ပေးထား၏။

လုကျိုးက အခန်းတွင်း ဝင်သွားပြီးသည့်နောက်တွင် သူ့ချီပင်လယ်က ပြည့်နှက်နေပြီဖြစ်ကြောင်း ခံစားမိလိုက်သည်။ ထို့ကြောင့် သူက ရက်များကို ရေတွက်ကြည့်လိုက်၏”၃ရက်။ နောက်ထပ် ၃ရက်ဆိုရင် ငါက ပွင့်ချပ်ဆယ်လွှာအဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်”

...

နောက် ၃ရက်ကြာမြင့်ပြီးသည့်နောက်တွင် လုကျိုး၏ ထိုက်ကျိက တခြားသူများအတွက် ပြောစရာစကားဝိုင်းတစ်ခု ဖြစ်လာခဲ့သည်။

တပည့်တစ်ယောက်က နျဲ့ချင်းယွင်ရှေ့တွင် ပြန်လည်ပုံဖော်ပြခဲ့သည်။

နျဲ့ချင်းယွင်က ထိုလေ့ကျင့်မှုကို နှစ်ရက်တာ ပြုလုပ်ပြီးသည့်နောက်တွင် သူက ဘာမှမရရှိကြောင်း သဘောပေါက်သွားခဲ့၏။

“ကျောင်းထိုင်ရှား ပြောတာ မှန်တယ်နဲ့တူတယ်။ ပညာရှင်တွေက သူတို့နည်းနဲ့သူတို့ ရှိကြတယ်။ မေးခွန်းတွေ အများကြီး မမေးတာ အကောင်းဆုံးပဲ။ ဒါပေမဲ့ ဒီလိုကျင့်ကြံရေး နည်းလမ်းမျိုးကို တစ်ခါမှ မြင်လည်း မမြင်ဖူးဘူး။ ကြားလည်း မကြားဖူးဘူး။ ငါက ဒီဟာရဲ့ အနှစ်သာရကို နားလည်ဖို့ရာအတွက် တုံးအနေတာများလား”

ထိုစဥ် တပည့်တစ်ယောက်က ခန်းမအတွင်း ဝင်ရောက်လာ၏။ သူက ဦးညွှတ်ကာ “ဂိုဏ်းချုပ်နျဲ့ လုချန်းပေ့က သူ့အခန်းနားကို နောက်ရက်အနည်းငယ်ထိ ဘယ်သူမှ မလာဖို့ ပြောလိုက်ပါတယ်။ အခု အရှင်မင်းကြီးကို ကာကွယ်ဖို့ ဂိုဏ်းချုပ်နျဲ့ဆီ တာဝန်ပေးလိုက်ပါတယ်။ ပထမသခင်လေးနဲ့ ဒုတိယသခင်လေးကို လုချန်းပေ့က ဆင့်ခေါ်ထားပါတယ်”

“ကောင်းပြီ” နျဲ့ချင်းယွင်က ခေါင်းညိတ်ကာ ပြောလိုက်၏။

“အရှင်မင်းကြီးကို ပင်မတောင်ထိပ်ဆီ ခေါ်လာခဲ့လိုက်”

“ဟုတ်ကဲ့ ဂိုဏ်းချုပ်”

...

ထိုစဥ် ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့ကလည်း စိတ်ရှုပ်ထွေးနေကြသည်။

သူတို့ ရှစ်စွင်းက ဘာလို့သူတို့ကို ဆင့်ခေါ်လိုက်တာလဲ...

နှစ်ဦးသားက အကြောင်းအရင်းကို စဥ်းစားနေရင်း ရှစ်စွင်း၏ အခန်းတံခါးသို့ ရောက်ရှိလာကြသည်။

နှစ်ဦးသားက ပြိုင်တူဦးညွှတ်လိုက်ပြီးသည့်နောက်တွင် ပြောလိုက်ကြသည်။

“ရှစ်စွင်းကို ဝါရဝပြုပါတယ်”

လုကျိုး၏ အသံက အထဲမှ ထွက်ပေါ်လာ၏။

“ငါက ကျင့်ကြံရေးလမ်းစဥ်အပေါ် အသိအမြင်တချို့ ရရှိထားတယ်။ အဲဒါကြောင့် ရက်အနည်းငယ် သီးသန့်ကျင့်ကြံဖို့ လိုအပ်လိမ့်မယ်။ မင်းတို့တွေ ငါ့ကို စောင့်ကြပ်ထားကြ”

“ဟုတ်ကဲ့ ရှစ်စွင်း” နှစ်ဦးသားက တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလိုက်ကြ၏။

“မင်းတို့ နှစ်ယောက်လည်း ဒီကနေ တစ်ခုခုရဖို့ မျှော်လင့်တယ်။ အဲဒါကလွဲရင် ယွမ်အာနဲ့ ခရုလေးကိုလည်း ဒီကို ဆင့်ခေါ်ထားလိုက်” လုကျိုးက ပြောလိုက်၏။

“ဟုတ်ကဲ့ ရှစ်စွင်း”

လုကျိုးက သင်ကြားပြသသူနှင့် ထာဝရစံပြသည် သက်ရောက်မှု ရှိလာဖို့ရာ မျှော်လင့်နေမိသည်။ တခြားသူများက သူ့အင်အားပေါ် မူတည်၍ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူဟု မှတ်ယူထားကြပြီ ဖြစ်သော်လည်း ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ အမှန်တကယ် ဖြစ်ခြင်းက သူနှင့် သူ့တပည့်များကို အကျိုးကျေးဇူးရှိစေလိမ့်မည်။

...

နေ့ဘက်တွင်

ကျယ်ဝန်းကာ လင်းနေသည့် အခန်းအတွင်း

လုကျိုး၏ ချီပင်လယ်က ခရမ်းရောင်တောက်ပသံကျောက်ကြောင့် ပြည့်ဝနေပြီ ဖြစ်၏။ ထို့နောက် သူက မျက်လုံးကို ဖွင့်လိုက်သည်။

All Chapters