← Chapters

အခန်း (၈၂၉-၈၃၁)

Vol. 56 Ch. 829-831

အခန်း (၈၂၉-၈၃၁)

Vol. 56 Ch. 829-831

အခန်း (၈၂၉) သခွားမွှေးသီးက ရင့်မှည့်လာတဲ့အချိန် ကြွေကျလာလိမ့်မယ်

နေရောင်သည် ခန်းမထဲ ဖြာကျလာလေ၏။

လုကျိုးသည် ခေတ်တစ်ခေတ်စာ အိပ်စက်ခဲ့မိသည်ဟု ခံစားမိသည်။

သူသည် အနီရောင်ကြာနယ်မြေ၌ ရောက်နေတာ အတော်ကြာပြီဖြစ်၏။ အဆုံးမဲ့ သမုဒ္ဒရာကို ဖြတ်ကျော်ရန်ကပင် အချိန်တလကျော် ယူခဲ့ရသည်။ ထို့အပြင် မိုးမခတစ်ထောင်ဘုရားကျောင်းမှ နဝမဘုံကျောင်းအထိ လာခဲ့ရပြီး နောက်ဆုံးတွင် တိမ်တိုက်တောင်သို့ ရောက်လာသည်။ သူသည် နန်းတော်နှင့် ကောင်းကင်သိုင်းခုံရုံး၏ ဒေါသကို အောင်မြင်စွာ ဆွဲယူထားနိုင်ခဲ့သည်။ ရွှေကြာနယ်မြေက ယခုဆို သူ့တပည့်များ၏ ကာကွယ်ပေးမှုအောက်၌ ဘေးကင်းနေပြီဖြစ်သည်။

ယခုအခါ ဒဿမမြောက်ပွင့်ချပ် ဖူးပွင့်ရမည့်အချိန် ရောက်နေလေပြီ။

သူ တိမ်တိုက်တောင်တွင် ရှိနေစဉ် သူက စစ်ခုံးပေချန်းနှင့် နဲ့ယွင်ချန်းတို့က မကြာခဏ စကားပြောလေ့ရှိ၏။ ပွင့်ချပ်ဆယ်လွှာအဆင့်ကို ကြိုးပမ်းချိန်၌ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူ တစ်ယောက်၏ အတွေ့အကြုံအကြောင်း သူ ကြားသိခဲ့သည်။ အနီရောင်ကျင့်ကြံသူများနှင့်သာ သက်ဆိုင်သည့် အခွင့်အရေးတစ်ခုဖြစ်လောက်၏။ ရွှေကြာကျင့်ကြံသူများနှင့် မသက်ဆိုင်လောက်ပေ။

ထိုအရာအပြင် သူ အတည်ပြုရန် အရေးကြီးသည့် တစ်စုံတစ်ခုရှိသည်။ ဒဿမမြောက်ပွင့်ချပ်ဖူးပွင့်လျှင် သူ၏ သက်တမ်းကို ယုတ်လျော့စေမလားဆိုတာ သိရန်လိုအပ်သည်။ အဖြေရဖို့အတွက် သူက သတ္တိမွေးရမည်။ သူ့၌ အကြောင်းပြန်လှန်ကတ်များစွာရှိသောကြောင့် အနှေးနှင့်အမြန် ၎င်းကို အတည်ပြုသင့်သည်။ ဆိုရလျှင် သူ့တပည့်များ၏ ကျင့်ကြံဆင့်တိုးတက်လာပြီး သူ့ကိုလိုက်မှီလာတော့မှာကို ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။ အနည်းဆုံးတော့ သူ မတတ်နိုင်လျှင်တောင် သူအသက်ရှင်နိုင်မှာမဟုတ်။ အနည်းဆုံးတော့ သူ့တပည့်များနှင့် ယှဉ်နိုင်သည့် ကျင့်ကြံဆင့်ရှိထားရမည်။ ထို့အပြင် သူ့၌ လှည့်ကွက်တစ်ခုရှိ၏။

လုကျိုးသည် ကျယ်လောင်စွာ ထုတ်ပြောလိုက်သည်။ “တကယ်ပဲ မဟာလေဟာနယ်မျိုးစေ့ရဲ့ အာနိသင်က ထူးချွန်တာကို”

နောက်ဆုံးတွင် သူသည် အတွေးများနေသည့်စိတ်ကို ရှင်းလင်းလျက် တွေဝေခြင်းမရှိတော့ပေ။ ပြီးနောက် သူ၏ လက်ကို ဆန့်ထုတ်လိုက်၏။ သူသည် အဖိုးအိုတစ်ယောက်ကဲ့သို့ နေသားကျနေပြီ ဖြစ်ပုံပေါ်၏။ ထူးထူးဆန်းဆန်းပင် ၎င်းကို ကြည့်မိချိန်၌ သူ၏ ရင့်ရော်သော လက်များက သူ၏ ယုံကြည်ချက်ကို မြှင့်တင်ပေးနေသည်။

ဝှစ်

ရင်းနှီးနေသော ထူးကဲသည့် အသံစွမ်းအားသည် သူ၏နားထဲ ပဲ့တင်သံထွက်လာပြီး သူ့လက်ဖဝါးပေါ်၌ ပွင့်ချပ်ကိုးလွှာရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန် အသေးတစ်ခုပေါ်လာသည်။

၎င်းက လူတိုင်းက မွေးဖွားချက်ကို အသက်သွင်းနိုင်သည့် တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ်သဏ္ဌာန်ဟု လူတိုင်းမှားယွင်းနေကြသော သူ၏ စိတ်ဝိညာဉ်သဏ္ဌာန် အစစ်အမှန်ပဲဖြစ်သည်။

စိတ်ဝိညာဉ်သဏ္ဌာန်နားတဝိုက်တွင် ရွှေရောင်မီးတောက်မီးလျှံများ မကြာခင်ပေါ်လာတော့သည်။ သူတို့သည် တဖြည်းဖြည်းချင်း ထွန်းတောက်နေသော နေမင်းကဲ့သို့ လင်းထိန်နေ၏။ လူများစွာသည် သူ၏ ရွှေရောင်ကံမီးတောက်ကို သဘောကျနေကြသည်။

ခဏအကြာ၌ လုကျိုးသည် သူ၏ ကနဦးချီကို ချီပင်လယ်ထဲ လှည့်ပတ်လိုက်တော့သည်။

ရွှေရောင်အလင်းစက်ကွင်းက စိတ်ဝိညာဉ်သဏ္ဌာန်၏ ခါးနားတဝိုက်တွင် ပေါ်လာပြီး အောက်သို့ ကျသွား၏။ ယင်းက ပွင့်ချပ်တစ်လွှာဖူးပွင့်ချိန်၌ ပုံမှန်ပဲဖြစ်သည်။

ကောင်းကင်၏ မြောက်ဖက်ခြမ်းတွင် ဖြစ်သည်။

ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်က အကြည့်ချင်း ဖလှယ်လိုက်သည်။

“ရှစ်စွင်း ဘာထပ်လုပ်နေပြန်တာလဲ” ယွီကျန့်ဟိုင်က ဇဝေဇဝါဖြစ်သွားတော့၏။

“စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခု သရုပ်ပြတဲ့အချိန် ထူးကဲတဲ့ ပေါ်ပေါက်လာမှုပဲ။ သူ ပွင့်ချပ်တစ်လွှာ ဖူးပွင့်နေတာ ဖြစ်လောက်တယ်”

ပုံမှန်ဆို ကျင့်ကြံသူများသည် သူတို့၏ ဒုက္ခရှုကွင်း မိုင်တစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်ကိုသာ ရိုးရှင်းစွာ ဖွဲ့တည်တာမဟုတ်။ ဆိုရလျှင် သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်များကိုထိန်းသိမ်းရန် သူတို့၏ ကနဦးချီကို များစွာ သုံးစွဲရသည်။

ယွီကျန့်ဟိုင်က အထိတ်တလန့်ပြောလိုက်၏။

“ရှစ်စွင်း ပွင့်ချပ်ဆယ်လွှာအဆင့်ကို ရောက်နေပြီးပြီ။ သူက ပွင့်ချပ်ဆယ့်တစ်လွှာ ကျင့်ကြံသူတစ်ယောက် ဖြစ်တော့မယ်လို့ ဆိုလိုတာလား”

ယွီရှန်းရုန်က ပြုံးပြီး ပြောလိုက်၏။ “ပွင့်ချပ်ဆယ့်တစ်လွှာလား”

“ငါ့စိတ်ထဲ ရောက်လာတာ တစ်ခုပဲရှိတယ်။ အဲဒါက ဘုံတစ်ထောင်လေပွေတစ်ခုပဲ။ သူက ဆန်းကြယ်ကောင်းကင်နယ်ပယ်ကို တက်ဖို့ ကြိုးပမ်းနေတာ”

သူတို့နှစ်ယောက်သည် အတွေ့အကြုံမရှိ။ ထို့ထက်ကျော်လွန်သော ဗဟုသုတမရှိသောကြောင့် မှန်းဆရုံသာ တတ်နိုင်သည်။

ယွီရှန်းရုန်က ယွီကျန့်ဟိုင်အတိုင်း လိုက်မပြောဘဲ မေးလိုက်လေ၏။

“တာ့ရှစ်ရှိုး … ဒီမှာ ခဏလောက် စောင့်ကြည့်ထားနိုင်မလား။ ဒီနေရာဆီ ရှစ်မေ့တို့ကို ခေါ်လာခဲ့မယ်”

“သွား” ယွီကျန့်ဟိုင်က လက်ဝေ့ယမ်းပြလိုက်၏။

ယွီရှန်းရုန်က ခုန်လိုက်ကာ တောင်နောက်ဆီသို့ ပျံသန်းသွားလိုက်သည်။

မကြာမီ၌ ယွီရှန်းရုန်သည် ရှောင်ယွမ်အာနှင့် ခရုလေးကိုခေါ်လျက် ပြန်လာတော့၏။

“နှုတ်ခွန်းဆက်ပါတယ် … တာ့ရှစ်ရှိုး” ရှောင်ယွမ်အာနှင့် ခရုလေးသည် ယွီကျန့်ဟိုင်ကို တညီတညွတ်တည်း နှုတ်ခွန်းဆက်လိုက်သည်။

“ဒီလို တယဉ်တကျေး လုပ်နေဖို့ မလိုဘူး။ ငါတို့တွေက ဆရာတူ တပည့်တွေပဲ။ ကျိုရှစ်မေ့ မင်းရဲ့အရှိန်အဝါက နောက်ပိုင်း ပိုသန်မာလာပြီ။ မဆိုးဘူးပဲ” ယွီကျန့်ဟိုင်သည် ရှောင်ယွမ်အာကို ချီးကျူးလိုက်သည်။

ရှောင်ယွမ်အာက ပြုံးပြီးပြောလိုက်သည်။ “ညီမက ပွင့်ချပ်ရှစ်လွှာအဆင့်ကို ရောက်တော့မယ်။ ဒါပေမဲ့ တာ့ရှစ်ရှိုး၊ အာ့ရှစ်ရှိုးတို့နဲ့ ယှဉ်ရင် ဘာမှမဟုတ်ပါဘူး”

“မင်းရဲ့အရည်အချင်းနဲ့ဆို ငါတို့နှစ်ယောက်ကို လိုက်မှီဖို့က ပြဿနာမရှိဘူး။ လောနေစရာမလိုဘူး။ ဘယ်သူသိမှာလဲ … တာ့ရှစ်ရှိုးတောင် နောင်ကျ ညီမကို အားကိုးရင် အားကိုးနေရမှာ” ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“ညီမကို ထပ်ပြီးနောက်နေပြန်ပြီ တာ့ရှစ်ရှိုး”

ဝှစ်

ထိုစဉ် လုကျိုး၏ အခန်းထဲ၌ စွမ်းအင်ပဲ့တင်သံက ထပ်မံပေါ်ထွက်လာ၏။ မမြင်ရသော ကနဦးချီများသည် ပတ်ဝန်းကျင်ထဲ ရောက်ရှိလာသည်။

“ရှစ်စွင်း ဘာထပ်လုပ်နေပြန်တာလဲ” ရှောင်ယွမ်အာသည် သိချင်စိတ်ဖြင့် မေးလိုက်၏။

“ဘယ်သူသိမှာလဲ … ငါတို့က သူ့ကို စောင့်ကြပ်ဖို့ပဲ” ယွီကျန့်ဟိုင်က လက်နောက်ပစ်ထားလျက် ပြောလိုက်၏။ “ယွမ်အာ … မင်းနဲ့ခရုလေးက အနိမ့်ပိုင်းကို နေရာယူလိုက်”

“ဪ”

“အာ့ရှစ်တိ … အရှေ့လား။ အနောက်လား။ မင်းကို ရွေးခွင့်ပေးမယ်” ယွီကျန့်ဟိုင်က ပြောလိုက်သည်။

ယွီရှန်းရုန်သည် အရှေ့ကို ကြည့်ပြီးနောက် ပြောလိုက်သည်။ “အနောက်”

“ကောင်းပြီ”

သူတို့နှစ်ယောက်လုံးသည် သူတို့ရွေးချယ်ထားသည့် နေရာအသီးသီး၌ စောင့်ကြပ်ပြီး ရပ်နေကြသည်။ သားရဲပျံများ အနားကပ်လာချိန်၌ သူတို့နှစ်ယောက် ၎င်းတို့ကို ညှာတာမှုမရှိ သတ်မှာဖြစ်သည်။

ထိုစဉ် လုကျိုးကမူ ဒဿမပွင့်ချပ်ဖူးပွင့်ဖို့သာ အာရုံစိုက်ထား၏။

အလင်းစက်ကွင်းများသည် အောက်သို့ ဆက်လျှောကျသွားသည်။ မည်သည့်မူမမှန်မျှ ရှိပုံမရ။ သာမန်နှင့် ကွဲထွက်နေသည့် အရာရှိပုံမပေါ်။ ကံဆိုးသည်မှာ ယင်းက သူ၏ ရွှေကြာနှင့်လည်း ကိုက်ညီ၏။ သူ၏ရွှေကြာက ပြောင်းလဲသွားမှုမရှိပေ။ ခါတိုင်းအတိုင်းပင် ၎င်းသည် တောင့်ခဲနေပုံရ၏။

လုကျိုးက ခေါင်းခါလိုက်၏။ “ဒါက အချိန်ယူရမှာပဲ”

ရွှေကြာသည် ထိုမျှလျင်မြန်စွာ မပြောင်းသွားပေ။ ဤနှုန်းဖြင့် သူသည် နဝမပွင့်ချပ်ကို ဖူးပွင့်သည့် အချိန်ကထက် ယူရသည့် အချိန်ပိုသည်။ ကံကောင်းသည်မှာ ပွင့်ချပ်ဖူးပွင့်သော ဖြစ်စဉ်သည် ကနဦးချီများစွာ မလိုအပ်ပေ။ ဤအတိုင်းအချိန်အတော်ကြာ ထိန်းထားနိုင်၏။

ယင်းက နာရီဝက်ကြာသွားသည်။ ပြီးနောက် နာရီဝက်မှ တစ်နာရီပြောင်းသွားသည်။

ရွှေကြာလည်ပတ်သည့် နှုန်းနှင့် စွမ်းအင်နှုန်းက မပြောင်းလဲသွားပေ။ စွမ်းအင်ထုတ်လွင့်မှုသည် လည်ပတ်နေသော ရွှေကြာကို ဆက်လက် ထိန်းသိမ်းထားသည်။

ပွင့်ချပ်အသစ်ပေါ်ထွက်လာမည့် အရိပ်အယောင်မရှိပေ။

“ဘာက ပြဿနာလည်း” လုကျိုးက မျက်မှောင်ကျုံ့လိုက်၏။

ကျင့်ကြံမှုသည် ချောမွေ့ခြင်းမရှိပေ။

“ငါက နောက်ထပ် ပွင့်ချပ်ဖူးပွင့်ဖို့ ကျရှုံးသွားခဲ့ရင် ဘယ်လောက်အရှက်ရစရာကောင်းမလဲ” လုကျိုးသည် မျက်မှောင်ကျုံ့လိုက်သည်။ ရွှေကြာ၏ ပွင့်ချပ်လှည့်ပတ်သော အရှိန်ကို တိုးမြှင့်ရန် ကြိုးစားကာ သူ၏ စွမ်းအင်ကို တိုးထုတ်လိုက်သည်။

ရွှေကြာလှည့်ပတ်သည့်အရှိန်က မြင့်လာပြီး ပွင့်ချပ်ကိုးလွှာသည် တစ်ခုနှင့်တစ်ခု မထင်မရှားဖြစ်လာပြီး တစ်ခုတည်းပေါင်းစည်းသွားပုံရ၏။

တစ်နာရီကြာသွား၏။

နေဝင်သွားပြီဖြစ်ကာ ညရောက်ခါနီပြီဖြစ်သည်။

“အလုပ်မဖြစ်သေးဘူးလား”

ဒဿမမြောက်ပွင့်ချပ်ဖူးပွင့်မှုသည် သူ၏ သက်တမ်းကို ဝါးမျိုသွားခဲ့လျှင် သူ ယခုလောက်ဆို ခံစားသင့်ပြီဖြစ်သည်။ ထိုသို့ ဖြစ်လာခဲ့ပါက သူက ဖြစ်စဉ်ကို ရပ်လိုက်နိုင်၏။ ဆိုရလျှင် လုံလောက်သော အကြောင်းပြန်လှန်ကတ်များဖြင့် သူ ထပ်မံကြိုးစားနိုင်သည်။ သို့သော် ယခုအချိန်ထိ ပြောင်းလဲမှုမရှိသေးပေ။

လုကျိုးသည် သူ၏လက်ကို ဝေ့ယမ်းလိုက်သည်။ သာမန်အရှိန်ဖြင့် ထပ်မံလှည့်ပတ်နေတော့သည်။

သူက စိတ်ကိုလျော့ကာ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်အခြေအနေကို စီမံလိုက်သည်။ ပြီးနောက် ကောင်းကင်ကျမ်းစာ၏ ထူးကဲစွမ်းအားကို အသုံးပြုပြီး အကြားစွမ်းအားကို အသက်သွင်းလိုက်၏။ သူ၏ကြားနိုင်သော အကျယ်အဝန်းက တောင်တန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

အတော်လေး တိတ်ဆိတ်နေ၏။ ယွီကျန့်ဟိုင်က အရှေ့ဖက်တွင်ရှိပြီး ယွီရှန်းရုန်က အနောက်ဖက်တွင် ရှိသည်။ တစ်ဖက်တွင်မူ ရှောင်ယွမ်အာနှင့် ခရုလေးက ခန်းမအပြင်ဖက်တွင် ရပ်နေ၏။

လုကျိုးသည် စွမ်းအားအသုံးပြုတာ ရပ်တန့်လိုက်သည်။ ခဏအကြာတွင် သူသည် ရဲ့ကျန်းက ပွင့်ချပ်တစ်လွှာဖူးပွင့်သည့် အချိန်ကို ရုတ်တရက်အမှတ်ရသွားသည်။

“ငါ သိပြီ”

ထိုနေ့က ယဲ့ကျန်းက သူ၏ ပွင့်ချပ်ကို ဖူးပွင့်အောင်လုပ်နေစဉ် သူသည် တပြေးညီနှုန်းဖြင့် အနီရောင်ကြာ၏ လည်ပတ်နှုန်းကို ထိန်းထားသည်။ သူသည် စွမ်းအင်လည်း မသွင်းသလို စွမ်းအင်ဖူးပွင့်သည့် ဖြစ်စဉ်ကိုလည်း တမင်တကာ မကြိုးစားခဲ့ပေ။ လုကျိုးသည် သူ့ကို ပြင်းထန်စွာ ဖိအားပေးသည့်အချိန်တွင်တောင် သူက ပွင့်ချပ်ကို ဖူးပွင့်နိုင်သည်။

“စွမ်းအင်ထည့်သွင်းမှုမလိုအပ်တာလား”

ဆိုရိုးစကားရှိသည့်အတိုင်း သခွားမွှေးသီးသည် ရင့်မှည့်လာတဲ့အချိန် ကြွေကျလာလိမ့်မယ်။

“ငါ သူ့ရဲ့စီးဆင်းမှုအတိုင်း သွားသင့်လား။

စိတ်ပြင်ဆင်ပြီးနောက် ရွှေကြာမှ စွမ်းအင်များကို ရုပ်သိမ်းလိုက်၏။

ထင်သည့်အတိုင်းပင် ရွှေကြာသည် ပုံမှန်အတိုင်း စတင်လှည့်ပတ်လာ၏။ ၎င်း၏ အရှိန်သည် မနှေးလွန်း မမြန်လွန်းပေ။

လုကျိုးသည် ခေါင်းညိတ်လိုက်တော့သည်။

ကျင့်ကြံခြင်း၏ ကွဲပြားသော လမ်းစဉ်များသည် တူညီသည့်အဆုံးသတ်ကို ဦးဆောင်ပေးသည်။ ရွှေကြာဖြစ်စေ အနီရောင်ကြာဖြစ်စေ အတိုင်းအတာတစ်ခုအထိ မတူညီသည့် အရောင်များမှအပ သူတို့သည့် တူညီကြသည်။

ထိုစဉ် ရွှေကြာသည် အတက်သစ် စတင်ပေါ်ထွက်လာ၏။ ဤနည်းဖြင့် ပွင့်ချပ်ကိုးခုသည်လည်း စတင်တောက်ပလာကာ အတက်ဖူးပွင့်လာသည်။

ယင်းသည် အပင်ပေါက်လာခြင်းနှင့် တူ၏။ အပင်စိုက်ပျိုးခြင်းနှင့် တူသည်။ ရေများလျှင် အပင်သေမည်။ ရေနည်းလွန်းလျင်လည်း အပင်ညှိုးခြောက်သွားလိမ့်မည်။

ရွှေကြာအတတ်စွမ်းအင်သည် ၎င်း၏ ကြီးထွားမှုကို ထည့်ပေးသော စွမ်းအင်ရင်းမြစ်နှင့်တူသည်။

“ငါ သိပြီ” လုကျိုးသည် မျှော်လင့်ချက်ရောင်စဉ်ကို မြင်တွေ့လိုက်ပြီဖြစ်သည်။

သူသည် ပွင့်ချပ်ဖူးပွင့်သော ဖြစ်စဉ်ကို ထိန်းထား၏။

ရွှေကြာမှ အသက်စွမ်းအင် ပေါ်ထွက်လာ၏။ စွမ်းအင်က ဝေ့တက်လာပြီး အခန်းထဲမှ ထွက်သွားကာ ပြတင်းပေါက်၌ ပြန့်သွား၏။

ထိုစဉ် ပြိုင်ဖက်ကင်းသားရဲများက ကောင်းကင်ထဲ၌ တစ်ဖန်ပေါ်လာသည်။

ယွီရှန်းရုန်သည် တောင်ထွတ်ကို မော့ကြည့်လိုက်၏။ သားရဲပျံ တစ်ဒါဇင်ခန့်က တောင်ထွတ်နားကပ်ရန် ကြိုးစားနေကြသည်။ သို့သော် သူတို့ကို တိမ်တိုက်တောင်၏ ခမ်းနားသော အစီအရင်က ဟန့်တားထား၏။

“တစ်ယောက်ယောက်ဒီမှာ” ယွီကျန့်ဟိုင်က မိုးကုပ်စက်ဝိုင်းဆီသွားလိုက်သည်။ “ရှစ်စွင်းက ဒီနေရာမှာ လုပ်ကြံသတ်ဖြတ်သူကို သွေးဆောင်မယ်လို့ ထင်နေတာ။ ဂရုစိုက်”

“ဟုတ်ပြီ” ယွီရှန်းရုန်သည် မလိုအပ်သောစကားများပြောပြီး အချိန်မဖြုန်းတော့ပေ။ မြန်ဆန်သော လှုပ်ရှားမှုမျိုးဖြင့် သူသည် အနောက်ဖက်ကောင်းကင်ဆီသို့ ပျံသန်းသွား၏။ သူ့ရှစ်စွင်း၏ အခန်းထဲမှ ဝေ့တက်လာသော အသက်စွမ်းအင်များကို ကြည့်နေစဉ် မျက်နှာပေါ်၌ ဇဝေဇဝါဖြစ်သည့် အမူအရာပေါ်လာသည်။ ယင်းသည် တောင်ပံသားရဲများကို စွဲဆောင်နိုင်သော စွမ်းအင်ဆိုတာ သူ သိ၏။

ပြီးနောက် ယွီရှန်းရုန်သည် အရှေ့အရပ်တွင် ရှိသော ယွီကျန့်ဟိုင်ဆီ အသံပို့လိုက်တော့၏။

“တာ့ရှစ်ရှိုး သားရဲကြီးတွေကို သတိထား”

…

အခန်း (၈၃၀) မွေးဖွားဇယားချပ် သားရဲ

“ဘာမှစိုးရိမ်ကြီးနေဖို့ မလိုဘူး။ ရှစ်စွင်းက ဒီမှာ ရှိတယ်။ ပွင့်ချပ်ဆယ်လွှာသားရဲတောင် ရှစ်စွင်းအတွက် ပြိုင်ဘက် မဟုတ်ဘူး” ယွီကျန့်ဟိုင်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

တပည့်များက သူတို့ရှစ်စွင်းသည် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူမျှသာ ရှိသေးကြောင်း မသိကြပေ။ သူတို့အနေနှင့် သူတို့ရှစ်စွင်းသည် ပွင့်ချပ်ဆယ်လွှာအဆင့် ရောက်ရှိသွားရုံသာမက သူတို့ရှစ်စွင်းသည် မွေးဖွားဇယားချပ်ကို အသက်သွင်းထားနိုင်သည်ဟုပင် ယုံကြည်နေကြ၏။ သူတို့၏ ရှစ်စွင်းက ယဲ့ကျန်း၊ ချန်ထျန်းတု၊ ချန်ပေကျန်းနှင့် စစ်ခုန်ပေချန်းတို့ကဲ့သို့သော ပညာရှင်များကိုပင် အနိုင်ယူထားနိုင်ခဲ့သည်။

...

ခန်းမအပြင်ဘက်၌

ရှောင်ယွမ်အာက သိပ်သည်းလှသည့် အသက်ဓာတ်ကို ခံစားမိလိုက်သည့်အခါ ခရုလေးကို ဆွဲခေါ်၍ အလျင်စလို ပြောလိုက်သည်။

“ရှောင်ရှစ်မေ့ မြန်မြန်လာ ထိုင်ပြီးတော့ ကျင့်ကြံလိုက်”

“အို့ "

နှစ်ဦးသားက တင်ပျဉ်ခွေထိုင်ကာ သူတို့ရှစ်စွင်း၏ ကျင့်ကြံရေးမှ အကျိုးအမြတ်များကို သိမ်းပိုက်လိုက်ကြသည်။

...

လုကျိုး၏ ခန့်မှန်းချက်က မှန်ကန်လှသည်။ သူ့အနေဖြင့် ပွင့်ချပ်ထွက်ပေါ်ရေးဖြစ်စဥ်ကို အလျင်လိုစရာ မလိုအပ်ပေ။ သူလုပ်ဖို့ လိုအပ်သည်က စီးကြောင်းအတိုင်း မျှောလိုက်ရုံမျှသာ ဖြစ်၏။

ဖြည်းဖြည်းချင်း လုပ်ဆောင်ခြင်းက သူ့ကျင့်ကြံဆင့်ကို မြှင့်တင်ပေးနိုင်မည့် အကောင်းဆုံးနည်းလမ်း ဖြစ်ပေသည်။ လိုအပ်ချက်က သူ့ကျင့်ကြံဆင့် ထိပ်သီးအခြေအနေ ရောက်ရှိနေဖို့သာ ဖြစ်၏။

ရှည်ကြာလှသည့် တိုက်ပွဲအတွင်း ယဲ့ကျန်းက ပွင့်ချပ်ထွက်ပေါ်ရေးဖြစ်စဥ်ကို ထိန်းသိမ်းထားနိုင်ခဲ့၏။ သူသည် သီးသန့်ကျင့်စဥ်တချို့ ကျွမ်းကျင်ထားခြင်းသာ ဖြစ်ရမည်။

လုကျိုးက ထိုအရာကို အမှတ်ရသည့်အခါ သူ့ဘာသာသူ တွေးလိုက်မိ၏။

သူ့ကို ဒီတိုင်းသတ်လိုက်ရတာ နှမြောစရာပဲ။ သူနဲ့ ညှိနှိုင်းဖို့ အသက်ရှင်လျက် ထားလိုက်သင့်တာ...

............

မှတ်စိတစ်မှိတ်အတွင်း နောက်ထပ် တစ်နာရီကြာ ကုန်ဆုံးသွားလေသည်။ တစ်ချိန်တည်းဆိုသလို ကောင်းကင်အထက် သားရဲပျံများက ပိုမိုပေါ်ထွက်လာ၏။

သိပ်သည်းလှသည့် အသက်ဓာတ်က တောင်တစ်ခုလုံးကို ပျံ့နှံ့သွားကာ လေထုထဲ မနက်ခင်း မြူခိုးသဖွယ် အုံ့ဆိုင်းနေပြီး တောင်တစ်ခုလုံးကို မှုန်မှိုင်းမှိုင်း အငွေ့အသက်မျိုး ဖုံးလွှမ်းသွားစေသည်။

.............

ပင်မခန်းမဆောင်အတွင်း

နျဲ့ချင်းယွင်က ဧကရာဇ် လီယွင်ကျန်းနှင့် စကားစမြည် ပြောနေလေသည်။

ထိုစဥ် တပည့်တစ်ဦးက ခန်းမအတွင်း ဝင်ရောက်လာကာ အကြောင်းကြားလိုက်၏။

“ ဂိုဏ်းချုပ် လုချန်းပေ့ရဲ့ နေရာမှာ အနှောင့်အယှက်ကြီး ရှိနေပုံပဲ”

“အနှောင့်အယှက်လား”

နျဲ့ချင်းယွင်က လုကျိုးအခန်းကို သန့်ရှင်းရေးလုပ်ဖို့ကလွဲ၍ ချဉ်းကပ်ဖို့ တားမြစ်ထားသည်ဖြစ်ရာ ဘယ်နေရာကများ အနှောင့်အယှက် ရှိလာသနည်း။

“သားရဲတွေပါ "

နျဲ့ချင်းယွင်က ထရပ်ကာ ပြောလိုက်၏။

“အရှင်မင်းကြီး ကျုပ် အရင်သွားနှင့်မယ်"

“ကျုပ်လည်း ခင်ဗျားနဲ့ လိုက်ခဲ့မယ်” လီယွင်ကျန်းက နန်းတော်အတွင်း အချိန်တော်ကြာ နေခဲ့ရသည်။ သူ့အနေဖြင့် နန်းတော်မှ ထွက်လာနိုင်သည်က ရှားပါးလှ၏။ သူက ကိစ္စများစွာကို သိချင်နေသည်မှာ သဘာဝကျသည်။ ယခု ဤသို့သော အခွင့်ရေးမျိုးက သူ့ရှေ့မှောက် ရောက်လာပြီဖြစ်ကာ မည်သို့ လက်လွှတ်နိုင်မည်နည်း။

“ကောင်းပြီ။ အရှင်မင်းကြီး သတိထားပါ”

နျဲ့ချင်းယွင်က လက်ဝှေ့ကာ တိမ်တိုက်ရင်ပြင်ဆီ သွားလိုက်သည်။

တိမ်တိုက်ရင်ပြင်က တိမ်တိုက်တောင်၏ တောင်ထိပ် ၁၂ခုလုံး၏ အကောင်းဆုံးမြင်ကွင်းကို ပြထားသည်။ နျဲ့ချင်းယွင်က အသက်ဓာတ်ခံစားမိသည့် အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။

ထိုစဥ် တိမ်တိုက်တောင်၏ အကြီးအကဲ ၅ဦးကလည်း ပျံသန်းလာသည်။

“ဘာဖြစ်တာလဲ”

နျဲ့ချင်းယွင်က ပြောလိုက်သည်။

“သွားပြီးတော့ ကြည့်ကြည့်။ မင်းတို့ တတ်နိုင်သမျှ လုချန်းပေ့ကို ကူညီပေးလိုက်”

“ဟုတ်ကဲ့ "

အကြီးအကဲ ၅ဦးက ပျံသန်းသွားကြ၏။

လီယွင်ကျန်းက မေးလိုက်သည်။

“ဆရာဘိုးဘိုးက တစ်ခုခုများ ဖြစ်လို့လား "

“အရှင်မင်းကြီး စိတ်မပူပါနဲ့။ ကျုပ်တို့တွေက ကြိုတင်ကာကွယ်ထားရုံပါ။ ပုံမှန်ဆိုရင် တိမ်တိုက်တောင်အနီးမှာ သားရဲတွေ ပေါ်ထွက်လာလေ့ မရှိဘူး။ ဧရာမသားရဲကြီးတွေက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ရှိတဲ့အခါမျိုးပဲ ပေါ်ထွက်လာတာ။ ဒါပေမဲ့ သူတို့က အရမ်းကို အားနည်းတယ်။ ကျုပ်အတွက် ပြိုင်ဘက်မဟုတ်ဘူး။ ဒါပေမဲ့ ..."

နျဲ့ချင်းယွင်က တောင်ထိပ်ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ပြီး

“လုချန်းပေ့က ပွင့်ချပ်အသစ် ထွက်နေပုံပဲ”

“ပွင့်ချပ်အသစ် ထွက်နေတာလား။ ဆရာဘိုးဘိုးက ပွင့်ချပ် ၁၁ လွှာအဆင့်ကို ဝင်ရောက်ဖို့ ကြိုးစားနေတာလား”

လီယွင်ကျန်းက ခေါင်းကုတ်လိုက်၏။

နျဲ့ချင်းယွင်က ရယ်မောလိုက်ပြီးနောက်

“ကမ္ဘာဦးချီနဲ့ အရှိန်အဝါအရ ပွင့်ချပ်ဆယ်လွှာအဆင့် ရောက်ဖို့ ကြိုးစားနေတာနဲ့တူတယ်။ ဒါပေမဲ့ အဓိပ္ပာယ်တော့ မရှိဘူး။ ပွင့်ချပ်တစ်လွှာကနေ ပွင့်ချပ်ရှစ်လွှာအထိ ပွင့်ချပ်ထွက်ပေါ်ရေး ဖြစ်စဥ်က ကျင့်ကြံသူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်ကို တည်ငြိမ်စေဖို့ ထပ်ခါထပ်ခါ ဖြစ်နေတာ။ ကြာက ပွင့်ချပ်ထွက်လာဖို့ စွမ်းအားကို လှုံ့ဆော်ပေးရတယ်။ အဲဒါကြောင့် ဖြစ်စဥ်ကို ထပ်ခါထပ်ခါလုပ်နေတာက လူတစ်ယောက်ရဲ့ အင်အားကို တိုးပွာလာနိုင်တယ်။ ဒါပေမဲ့ အဲဒီနည်းလမ်းက ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ရှိသွားတာနဲ့ အလုပ်မဖြစ်တော့ဘူး။ လုချန်းပေ့က ဘာလို့များလုပ်နေတာပါလိမ့်”

နျဲ့ချင်းယွင်က အတွေးနက်နေမိသည်။

လီယွင်ကျန်းက မလုံမလဲပြုံးကာ ပြောလိုက်၏။

“ခင်ဗျားလိုမျိုး ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတောင် မသိရင် ကျုပ်ကတော့ သိနိုင်ဖို့ မျှော်လင့်ချက်တောင် မရှိပါဘူး”

ထိုစဥ် တောင်ထိပ် ၁၂ခု၏ နောက်ဆုံးမှ အကွာအဝေးတစ်နေရာတွင် ကောင်းကင်က ရုတ်ခြည်းဆိုသလို မည်းမှောင်သွား၏။ ကြည့်ရသည်မှာ တိမ်တိုက်များက သူတို့ဆီ တလှိမ့်လှိမ့် တက်လာဟန်ပေါ်သည်။

လီယွင်ကျန်းက သားရဲများ၏ မှတ်တမ်းနှင့် ရင်းနှီးနေပြီးသားဖြစ်၍ ကောင်းကင်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။

“ယုံ"

“ယုံလား”

နျဲ့ချင်းယွင်က မျက်မှောင်ကြုတ်လိုက်၏။ သူက ချက်ချင်းဆိုသလို လှည့်ကာ “အရှင်မင်းကြီး ကျေးဇူးပြုပြီး ပြန်ပါတော့။ ဒီမှာက ဘေးမကင်းဘူး”

လီယွင်ကျန်းက ဘာမှမပြောနိုင်ခင် နျဲ့ချင်းယွင်က သူ့ကို ဆွဲခေါ်ကာ စတုတ္ထမြောက် တောင်ထိပ်ဆီ ပျံသန်းသွားလေသည်။

ရှားချန်ချိုးနှင့် မုန့်ချန်းသုံတို့ကလည်း စတုတ္ထမြောက်တောင်ထိပ်ဆီ ပျံသန်းလာကြ၏။

နျဲ့ချင်းယွင်က ပြောလိုက်သည်။

“သားရဲတွေက တိမ်တိုက်တောင်မှာ ပေါ်ထွက်လာပြီ။ ကျုပ် သူတို့ကို ဖြေရှင်းလိုက်မယ်။ အရှင်မင်းကြီးကို စောင့်ကြည့်ထားလိုက်”

သူက တတိယတောင်ထိပ်ဆီ ပျံသန်းသွားလိုက်၏။

ယခု နျဲ့ချင်းယွင် ထွက်သွားပြီဖြစ်ကာ မုန့်ချန်းသုံက လက်ရှိလူများအနက် ကျင့်ကြံဆင့် အမြင့်ဆုံး ဖြစ်၏။ သူက လီယွင်ကျန်း ဘေးနား ရောက်ရှိလာကာ ပြောလိုက်သည်။

“အရှင်မင်းကြီးကို ကျုပ် စောင့်ရှောက်ထားလိုက်မယ်။ ခင်ဗျားတို့တွေ အားလုံးက လိုအပ်လာတဲ့အခါ အကူအညီပေးဖို့ ပြင်ဆင်ထားကြ”

တခြားသူများက ခေါင်းညိတ်လိုက်ကြ၏။

...

တိမ်မဲများက ကောင်းကင်အထက် လှိမ့်တက်လာသည်။

လေထဲတွင် ယုံများစွာ ရှိနေလေ၏။ သူတို့က သူတို့လမ်းကြောင်းတစ်လျှောက် မင်ရည်လောင်းချလိုက်ဟန် ထွက်ပေါ်လာသည်။

ယွီကျန့်ဟိုင်က ယွီရှန်းရုန်ဘေးနား ရောက်လာကာ သားရဲများကို ကြည့်လိုက်ပြီးသည့်နောက် ပြောလိုက်သည်။

“သိပ်ပြီး အခြေအနေမကောင်းဘူးပဲ"

“တာ့ရှစ်ရှိုးက ကြောက်နေတာလား”

ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ပြုံးကာ မေးလိုက်၏။

“ဒါက အသေးအမွှားလေးပါ။ ဘာလို့ ကြောက်ရမှာလဲ”

ယွီရှန်းရုန်က ငုံ့ကြည့်လိုက်ပြီးသည့်နောက် “ကျိုးရှစ်မေး ရှောင်ရှစ်မေးကို စောင့်ရှောက်ထားလိုက်”

“ဟုတ် "

ယွီရှန်းရုန် စကားအဆုံးတွင် သူ့လက်ထဲ စွမ်းအင်ဓားတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် သူက သားရဲလှိုင်းဆီ ပြေးဝင်သွားသည်။

ယွီကျန့်ဟိုင်ကလည်း သူ့ကိုယ်သူ နောက်ကျကျန်မနေပေ။ သူက နဂါးသွဲ့ကျောက်ဓားကို ဝှေ့ယမ်းရင်း ပြေးဝင်သွား၏။

ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဥ်သဏ္ဌာန်နှစ်ခုက လေထုအထက် ထွက်ပေါ်လာကာ တံတိုင်းသဖွယ် တားဆီးထားပြီး သားရဲဒီရေလှိုင်းကို ကာဆီးထားကြသည်။

ဘန်း ဘန်း ဘန်း

စွမ်းအင်ဓားမော့များနှင့် စွမ်းအင်ဓားများက ယုံများကို ဆက်တိုက်ပိုင်းဖြတ်နေကြ၏။

“အပေါ်မှာလည်း ရှိသေးတယ်”

ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ပြုံးကာ “တာ့ရှစ်ရှိုး မျက်တောင်မခတ်နဲ့"

“ဟမ် "

ယွီရှန်းရုန်က သူ့လက်ဖဝါးကို ဆန့်ထုတ်လိုက်၏။

ဝှစ်

စွမ်းအင်ဓားတစ်ခု ထွက်ပေါ်လာပြီးသည့်နောက် စွမ်းအင်ဓားများစွာအဖြစ် ကွဲထွက်သွားသည်။ အသက်ရှိုက်စာအနည်းငယ်အတွင်း စွမ်းအင်ဓားများက ကောင်းကင်အထက် ဖုံးလွှမ်းသွား၏။

ထိုစဥ် သားရဲများကို ပိုင်းဖြတ်နေသည့် စွမ်းအင်ဓားပေါင်း ၆သောင်းခန့်မျှ ရှိနေလေပြီ။

ထိုအရာက မုန့်တိုင်းသဖွယ် ဖြစ်၏။

“မင်းက လက်နက်မရှိဘဲ ဒီလိုလုပ်နိုင်တာ အံ့သြစရာပဲ” ယွီကျန့်ဟိုင်က ချီးကျူးလိုက်ပြီးသည့်နောက်တွင် နဂါးသွဲ့ကျောက်ဓားကို ပစ်လွှတ်လိုက်သည်။ သူက အုပ်ချုပ်သူသက်ဆင်းခြင်းကို အရင်ဆုံး ပုံဖော်လိုက်၏။

စွမ်းအင်ဓားမော့များက လှည့်ပတ်လာပြီးသည့်နောက် သူတို့လမ်းကြောင်းရှိ သားရဲများကို ပိုင်းဖြတ်ပစ်နေသည်။

သိပ်မကြာခင် စွမ်းအင်ဓားမော့များမှ ဧရာမနဂါးကြီးတစ်ကောင် ထွက်ပေါ်လာပြီး သားရဲများကို စတင်သတ်ဖြတ်လေသည်။

ယွီကျန့်ဟိုင်က အပြုံးဖြင့် မေးလိုက်၏။

“ရေနဂါးတေးသံကို ဘယ်လိုထင်လဲ "

“တာ့ရှစ်ရှိုးက အုပ်ချုပ်သူသက်ဆင်းခြင်း အပြီးမှာ ရေနဂါးတေးသံကို ထုတ်လွှတ်နိုင်တယ်ဆိုတော့ တကယ့်ကို အံ့သြဖို့ ကောင်းတယ်လို့ ပြောရမယ်” ယွီရှန်းရုန်က ပြောလိုက်သည်။

အကြွင်းမဲ့တိုက်ကွက် ၂ ကြိမ်ဆက်တိုက် ထုတ်လွှင့်ခြင်းက လူတစ်ယောက်ကို သတိလက်လွတ် ဖြစ်သွားစေနိုင်သည်။

ဝှစ်

ထိုစဥ် ရောက်ရှိလာသည့် နျဲ့ချင်းယွင်က ထိုနှစ်ဦး၏ စကားဝိုင်းကို ကြားလိုက်ရ၏။ သူက ကောင်းကင်အထက် မိုးများသဖွယ် ရွာကျလာသည့် သားရဲများကို ကြည့်နေရင်း စဥ်းစားလိုက်သည်။

လုချန်းပေ့ရဲ့ တပည့်ကြီး နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မတည့်ကြဘူးမလား၊ သူတို့က တစ်ယောက်နဲ့တစ်ယောက် ချီးကျူးနေတာ နေသားမကျသေးဘူး ...

ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့က တိမ်တိုက်တောင်ကို ရောက်ရှိကတည်းက ဓားနှင့်ဓားမော့ ဘယ်အရာကပိုသာလဲဟု အမြဲတမ်းလိုလို အငြင်းပွားနေလေ့ရှိသည်။

ထိုစဥ် တပည့်နှစ်ဦးက နျဲ့ချင်းယွင်၏ တည်ရှိမှုကို ခံစားမိသည့်အခါ တစ်ပြိုင်နက် လှည့်ကြည့်လာကြသည်။

“ဂိုဏ်းချုပ်နျဲ့"

“အာ" နျဲ့ချင်းယွင်က လက်ဝှေ့ကာ “ဒီမှာ ကျုပ်ကို မလိုဘူး ထင်ပါတယ်"

ထိုစဥ် ယုံများက ပြန့်ကျဲသွားပြီး နောက်ဆုတ်သွားကြသည်။ ကျန်ရှိနေကြသည့် တချို့တွင် ဧရာမရထားလုံးလောက်ရှိသည့် ယုံတစ်ကောင် ရှိနေသည်။

တစ်ချိန်တည်းဆိုသလို ထိုအရာ၏ မျက်လုံး ၄လုံးနှင့် နားရွက်အကြီးကြီးတို့က ပြူးတူးပြဲတဲ ဖြစ်နေသည်။ ထိုအရာမှ အားကြီးလှသည့် အသက်ဓာတ်စွမ်းအား ထုတ်လွှင့်နေ၏။

ယွီရှန်းရုန်က ပြောလိုက်သည်။

“ဒါကတော့ ပြဿနာ ဖြစ်တော့မယ်တူတယ်"

“ဘယ်သူက ဂရုစိုက်မှာလဲ။ သတ်ပစ်လိုက်ကြရအောင်"

နှစ်ဦးသားက လေထဲ ပျံသန်းသွားကြသည်။

ယွီကျန့်ဟိုင်က သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို အရင်ဆုံး ထုတ်ဖော်လိုက်၏။ ထို့နောက် နဂါးသွဲ့ကျောက်ဓားဝန်းကျင်တွင် စွမ်းအင်ဓားမော့တစ်ခု ထွက်ပေါ်လာပြီး သူက လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလိုက်သည်။

ဘန်း

မီတာ ၅၀ မြင့်မားသည့် စွမ်းအင်ဓားက ကောင်းကင်မှ ဆင်းသက်လာကာ ယုံကို ထိမှန်သွား၏။

ယုံ၏ ခန္ဓာကိုယ်မှ ငှက်မွှေးတချို့ ကျွတ်ကျလာပြီး နာနာကျင်ကျင် အော်ညည်းလိုက်ရသည်။ ထိုအော်သံက စူးရှကာ မိုးခြိမ်းလုမတတ် ကျယ်လွန်းလှသည့်အတွက် နားစည်ကိုပင် ကွဲသွားစေနိုင်သည်။

ထိုတိုက်ကွက်အပြီးတွင် ထိုအရာက နှစ်ဦးသားဆီ ပျံသန်းလာပြီး ချောက်နက်ကြီးသဖွယ် ကျယ်မားလှသည့် နှုတ်သီးကို ဟလိုက်၏။

“ငါ့ကို စားချင်နေတာလား။ မင်းဆီမှာ ဘာရှိလဲ ကြည့်ရအောင်” ယွီကျန့်ဟိုင်က အုပ်ချုပ်သူသက်ဆင်းခြင်းကို ထုတ်ဖော်လိုက်၏။

စွမ်းအင်ဓားမော့က ဒီရေလှိုင်းသဖွယ် ထွက်ပေါ်လာသည်။

ထို့နောက် ယွီကျန့်ဟိုင်က နောက်ဆုတ်လိုက်ရင်း အရှိန်အဟုန်လိုက် စီးမျှောလိုက်သည်။

ထိုစဥ် ယွီရှန်းရုန်က ဧရာမယုံကြီးထံ လျပ်စီးလိုအလျင်ဖြင့် ပေါ်ထွက်လာသည်။ သူက လက်ဝါးချက်ကို ရိုက်ချလိုက်ပြီး စွမ်းအင်ဓားတစ်ခုကို ထုတ်လွှင့်လိုက်သည်။

ဘန်း

စွမ်းအင်ဓားက ကျိုးသွား၏။

ယွီရှန်းရုန်က သူ့လက် ထုံထိုင်းသွားသလို ခံစားလိုက်ရသည်။ သူက လေထုထဲ ခုန်ကာ နောက်ပြန်ဆုတ်လိုက်၏။ သူ့မျက်နှာအထက် ခပ်ယဲ့ယဲ့အပြုံးမျိုး ပေါ်ထွက်လာပြီး

“မင်းခေါင်းက တော်တော်မာတာပဲ။ ငါ့ဆီမှာ အသက်ရှည်ဓားမရှိတာ တကယ်ကို ကံဆိုးတာပဲ”

ယုံ၏ ဦးခေါင်းကို စွမ်းအင်ဓားဖြင့် ထိုးဖောက်ခြင်းက ကောင်းကင်ကို တက်လှမ်းသည်ထက်ပင် ပိုခက်လေသည်။

ယုံက ဒေါသထွက်လာ၏။ သူက ထိုနှစ်ဦးသားဆီ ခန္ဓာကိုယ်ကြီးဖြင့် ရိုက်ခတ်ဖို့ ကြိုးစားနေလေသည်။ ထိုအနက်ရောင် ခန္ဓာကိုယ်ကြီးက ဧရာမတောင်ထိပ်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

ထိုစဥ် နျဲ့ချင်းယွင်က ပြောလိုက်၏။ “ကျုပ် လုပ်လိုက်မယ် "

မဟာနည်းစနစ် ထုတ်လွှင့်ပြီးသည့်အချိန်တွင် နျဲ့ချင်းယွင်က သားရဲအထက် ပေါ်ထွက်လာ၏။ သူက လက်နှစ်ဖက်ဖြင့် ကောင်းကင်ဝိညာဥ်ဓားမော့ကို ကိုင်စွဲပြီး အော်လိုက်သည်။

“တိရစ္ဆာန်ကောင် စမ်းကြည့်လိုက် "

ယွီကျန့်ဟိုင်၏ စွမ်းအင်ဓားမော့ထက် ကြီးမားကာ ရှည်လျားသည့် စွမ်းအင်ဓားမော့တစ်ခု ထွက်ပေါ်လာသည်။ နျဲ့ချင်းယွင်က ကောင်းကင်ဝိညာဥ်ဓားမော့ကို ထပ်မံခုတ်ချလိုက်၏။

ဘန်း

ဓားမော့က ကျဆင်းလာသည်။

ဧရာမတန်ပြန်သက်ရောက်မှုက နျဲ့ချင်းယွင်အား ကောင်းကင်ဝိညာဥ်ဓားမော့ကိုပင် ဆုပ်ကိုင်နိုင်စွမ်း လျှော့ကျသွားစေဟန်ပေါ်သည်။

သူက ဓားမော့ကို ပြန်ရုပ်သိမ်းပြီးသည့်နောက် ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်အနား ပြန်လည်ပေါ်ထွက်လာပြီး “ဒီသားရဲက မာကျောတယ်။ အားနည်းချက်ကို ရှာကြရအောင် "

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က ခေါင်းညိတ်လိုက်ကြသည်။

သုံးဦးသားက ထပ်မံ ပျံသန်းလိုက်ကြ၏။

...

ထိုစဥျ

တိမ်တိုက်တောင်၏ မိုင်များစွာအကွာတွင် ကျင့်ကြံသူများစွာက တောင်ကုန်းတစ်ခုပေါ်တွင် ရပ်နေရင်း အနက်ရောင် ယုံကြီးကို ထိတ်ထိတ်လန့်လန့်ဖြင့် ကြည့်နေကြသည်။

“မွေးဖွားဇယားချပ် သားရဲလား "

“ဒီသတင်းအချက်အလက်ကို အမြန်ပို့လိုက်။ တိမ်တိုက်တောင်အနီးမှာ မွေးဖွားဇယားချပ်သားရဲ ပေါ်လာပြီလို့ ပြောလိုက်"

“ဟုတ်ကဲ့ ခေါင်းဆောင်။ ဒါနဲ့ မွေးဖွားဇယားချပ်သားရဲဆိုတာ ဘာလဲ”

“ဒီလိုသားရဲမျိုး အနီရောင်ကြာနယ်မြေမှာ ထွက်မလာတာ အတော်လေးကို ကြာပြီ။ ပြောရမယ်ဆိုရင် မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ နှစ် ၁၅၀၀ လိုတယ်လို့ ပြောကြတယ်။ ဒီသားရဲရဲ့ အသက်ဓာတ်က အတော်လေးကို အားကောင်းတယ်။ အဲဒီရည်ရွယ်ချက်အတွက် အသက်ရှည်မှုကို ထောက်ပံ့ပေးနိုင်တဲ့ သားရဲတွေကို မွေးဖွားဇယားချပ်သားရဲလို့ ခေါ်တယ်” ကျင့်ကြံသူက ရှင်းပြလိုက်၏။

“ဒါပေမဲ့ တိမ်တိုက်တောင်ပေါ်မှာ ထိပ်သီးကျင့်ကြံသူတွေ ရှိတယ်လေ”

“သတင်းစကားသာ ပါးလိုက်စမ်းပါ။ ကောင်းကင်သိုင်းခုံရုံးက ငါတို့ကို တိမ်တိုက်တောင်ကို ကြည့်ဖို့ အမိန့်ပေးထားတယ်။ ငါတို့ မြင်သမျှအရာတိုင်းကို ပြန်လည်တင်ပြရမယ်”

“ဟုတ်ကဲ့ "

“မြန်မြန် သွက်သွက်လက်လက်လုပ်။ ကောင်းကင်သိုင်းခုံရုံးက မွေးဖွားဇယားချပ်သားရဲကို ရှာနေတာ ကြာလှပြီ။ သူတို့က တာ့ထန်ထဲမှာ ရှိတဲ့ တောင်တွေ တောအုပ်တွေ အကုန်လုံးကို ရှာဖွေပြီးသွားပြီ။ သူတို့က ဒီသတင်းအချက်အလက်ကို ကြိုက်မှာ သေချာတယ်”

“ဟုတ်ကဲ့ အခုချက်ချင်းပို့လိုက်ပါ့မယ် "

ကျင့်ကြံသူက ဧရာမသားရဲကြီးကို ကြည့်ကာ ပြောလိုက်၏။

“တိမ်တိုက်တောင်။ မင်းတို့တွေ မွေးဖွားဇယားချပ်သားရဲကို ကိုင်တွယ်နိုင်လိမ့်မယ်လို့ မထင်ဘူး။ ဒါပေမဲ့ ဒီမွေးဖွားဇယားချပ်သားရဲက ဘယ်ကရောက်လာတာလဲ”

…

အခန်း ( ၈၃၁ ) မွေးဖွားဇယားချပ်များ၏ သီအိုရီ

သူသည် တောင်ကုန်းလေး၏ ထိပ်ကနေ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သူ့ဘေးရှိ သစ်ပင် အမြင့်ဆီသို့ ပျံသန်းသွားပြီး ယုံ လာနေသော နေရာကို ကြည့်လိုက်လေ၏။

“ ကောင်းကင်ချားတောင်တန်းဒေသလား “

“ အဲ့ဒီကနေ ဘာကြောင့်ရောက်လာတာလဲ “

သူ့ပတ်ဝန်းကျင်ရှိ မြေမျက်နှာ သွင်ပြင်ကို လေ့လာလိုက်သည်။

ယုံသည် ကျယ်ပြန့်သော တောအုပ်များစွာ မရှိသည့် အနောက်အရပ်မှ ပျံသန်းလာတာ ဖြစ်ပြီး ထိုနေရာသည် သားရဲကြီးများအတွက် ပုန်းခိုရန် မလုံလောက်ပေ။

ကောင်းကင်ချား တောင်တန်းဒေသကို ကျော်လွန်လျှင် နယ်ခြားမြို့နွယ်များ အခြေချနေထိုင်နေလား သူမသိပေ။

ယုံသည် ဝေးကွာလှသည့် နေရာမှ လာခဲ့လျှင် ရောက်ရှိရန် အချိန်အတော်ကြာ ယူရဦးပေမည်။

ဒီတော့ ယုံက ဘယ်နေရာကနေ လာတာလဲ။ လေထု တွေထဲကနေ လာတာလား။

တပည့်တစ်ယောက်က ပျံသန်းလာပြီး သူ့နောက်နားရပ်ကာ ပြောလိုက်တော့သည်။

“ ခေါင်းဆောင် စာပို့လိုက်ပါပြီ “

“ ကောင်းတယ် “

“ ခေါင်းဆောင် ကျွန်တော် နားမလည်တာ ရှိတယ် “

“ ဘာလဲ မြန်မြန်ပြော။ ပြောစရာ ရှိတာပြော။ ငါ့အတွေးကို မနှောင့်ယှက်နဲ့ “

တပည့်က မေးလိုက်၏။

“ ကောင်းကင်သိုင်းခုံရုံးက မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ သက်တမ်း ၁၅၀၀ လိုတယ်လို့ ကောက်ချက် ချထားတယ်ဆိုတော့ သူတို့တွေက မွေးဖွားဇယားချပ် မရှိတဲ့ သားရဲတွေကို ပိုသတ်ပြီး သက်တမ်း ၁၅၀၀ စုလို့မရဘူးလား “

ခေါင်းဆောင်သည် တပည့်ကို လှည့်ကြည့်လိုက်၏။

တပည့်သည် သူ၏‌ ခေါင်းဆောင် သူ့ကို ကြည့်နေတာကို သိသောအခါ ကျုံ့ဝင်သွားသည်။

“ မင်းက ကမ္ဘာပေါ်မှာ အကြီးမားမြတ်ဆုံး ဉာဏ်ကြီးရှင်ပဲ ဖြစ်ရမယ်။ ကောင်းကင်သိုင်းခုံရုံးမှာ လူတွေ အများကြီး ရှိပေမယ့် မင်းနဲ့ ဘယ်သူမှ ယှဉ်နိုင်ပုံ မပေါ်ဘူး။ ငါ့ရှေ့က ထွက်သွား “

“ ဟုတ်ကဲ့ အခုချက်ချင်း ပျောက်သွားပါ့မယ် “

တပည့် ထွက်သွားပြီးမှ ခေါင်းဆောင်သည် ခေါင်းကုတ်လျက် ရေရွတ် ပြောလိုက်သည်။

“ ဒါ ဟုတ်တာပဲ ဘာကြောင့် မရရမှာလဲ “

သိုင်းခုံရုံးထဲရှိ ဘိုးဘွားခန်းမဆောင်တွင် ဖြစ်သည်။

ရိုးရာဓလေ့ ခန်းမဆောင်တွင် ဖြစ်သည်။

တပည့်တစ်ယောက်က ခန်းမဆောင်ထဲ ဝင်လာပြီး အရိုအသေပေးကာ ပြောလိုက်၏။ “ ခုံရုံးသခင် တိမ်တိုက်တောင်မှာ တစ်ခုခု ဖြစ်သွားပါတယ်။ မွေးဖွားဇယားချပ် သားရဲတစ်ကောင် ပေါ်လာတယ်လို့ ပြောပါတယ် “

ခန်းမထဲရှိ အကြီးအကဲများသည် တပည့်ကို အထိတ်တလန့် ကြည့်လိုက်၏။

“ မွေးဖွားဇယားချပ် သားရဲလား။ မင်း သေချာလား “ မော့ပုရန်သည် တပည့်ဆီ လမ်းဆက်လျှောက်ပြီး မေးလိုက်၏။

“ စာက အစစ်ပါပဲ။ အထောက်အထားက ကိုက်ညီတယ်။ သူပြောတာတော့ ဧရာမသားရဲကို တိုက်ခိုက်ဖို့အတွက် တိမ်တိုက်တောင်ရဲ့ သိုင်းပညာရှင်တွေ အများကြီး ပူးပေါင်းဆောင်ရွက်နေတာကို မျက်မြင်တွေ့ခဲ့တယ်တဲ့။ ဒါပေမယ့် သားရဲကို သူတို့ ဘာမှ မလုပ်နိုင်ဘူး။ အဲ့ဒါက ကြီးမားလွန်းပြီး သူ့ရဲ့ ခုခံမှုက နက်နဲတယ် “

အကြီးအကဲများသည် အကြည့်ချင်း ဖလှယ်ပြီးနောက် တည်ငြိမ်နေသော ယွီချန်းရှုကို ကြည့်လိုက်လေ၏။

မော့ပုရန်က မေးလိုက်လေ၏။

“ ခုံရုံးသခင် ကျုုပ်တို့က ဘာလုပ်သင့်လဲ “

“ မွေးဖွားဇယားချပ် သားရဲတွေရဲ့ စွမ်းရည်က မတူညီဘူး။ အချက်အလက်တွေကသာ မှန်တယ်ဆိုရင် ဧရာမ သားရဲက ခုခံခြင်း အမျိုးအစား မွေးဖွားဇယားချပ် သားရဲ တစ်ကောင် ဖြစ်လောက်တယ်“

ယွီချန်းရှုက ပြောလိုက်၏။

“ ငါ သိချင်နေတာ သူတို့ရဲ့ မွေးဖွားဇယားချပ်ကို အသက်သွင်းထားတဲ့ လူတွေရဲ့ မှတ်တမ်း ဘယ်မှာပါလိမ့် “ တစ်စုံတစ်ယောက်က မေးလိုက်သည်။

“ အချိန်တွေက ပြောင်းလဲသွားပြီ။ ကမ္ဘာကြီးကလည်း ပြောင်းလဲနေတာ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်တုန်းက မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ သက်တမ်း ၁၀၀၀ ပဲလိုအပ်တာ။ အခု သက်တမ်း ၁၅၀၀ လိုအပ်တယ်။ ကောင်းကင် စူးစမ်းရှာဖွေရေး ခုံရုံးရဲ့ အားစိုက်ထုတ်မှု ရလဒ်ပဲ။ ဒါကြောင့် သူတို့ ရထားတဲ့ ရလဒ်အများစုကို ပြန်စဉ်းစားသင့်တယ်။ သူတို့ တန်ဖိုးက ကိုးကားချက်တွေနဲ့ ပျောက်ပျက်သွားပြီ။ “ အကြီးအကဲတွေထဲက တစ်ယောက်က ပြောသည်။

“ မွေးဖွားဇယားချပ် သားရဲတစ်ကောင်က မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ မရှိမဖြစ် လိုတာ ဘာကြောင့် လိုတာလဲ “ ကျန်းထင်းကျုံးက မေးလိုက်၏။

“ ခုခံခြင်း အမျိုးအစား မွေးဖွားဇယားချပ် သားရဲရဲ့ အသက်ဓာတ်နှလုံးကို သုံးပြီး မိမိရဲ့ အသက်ကို ဖြည့်သွင်းမယ်ဆိုရင် ခုခံခြင်း စွမ်းအင် ရရှိနိုင်တယ်။ သာမာန် အသက်ဓာတ်နှလုံးသားက မလုံလောက်ဘူး။ ပြီးတော့ ကျရှုံးနိုင်ခြေလည်းက မြင့်တယ်။ စွမ်းအင် မရလောက်ဘူး။ ဒါ့အပြင် မွေးဖွားဇယားချပ် သားရဲရဲ့ အသက်ဓာတ် နှလုံးသားက တမူထူးခြားတယ်။ ဒီအကြောင်း ပိုသိချင်တယ်ဆိုရင် စာကြည့်တိုက်ရဲ့ တတိယ ထပ်မှာ ရှိတဲ့ မှတ်တမ်းတွေကို သွားကြည့်လို့ရတယ် “

မော့ပုရန်က ပြန်ပြောလိုက်သည်။

ကောင်းကင်သိုင်းခုံရုံးစာကြည့်တိုက်၏ တတိယထပ်သည် အမြဲတမ်း တားမြစ်မြေ ဖြစ်ခဲ့သည်။ အကြီးအကဲများတောင် အထဲဝင်ရန် ခုံရုံးသခင်ဆီမှ ခွင့်ပြုချက် လိုအပ်သည်။ သူတို့ ဆန္ဒရှိတိုင်း ဝင်နိုင်သော နေရာဖြစ်သည်။

“ ရှေးစာအုပ်တွေက မှတ်တမ်းတွေမှာ ကျင့်ကြံသူတွေမှာ မတူညီတဲ့ စွမ်းရည်ရှိကြောင်း ဖော်ပြထားတယ်။ မွေးဖွားဇယားချပ် အရေအတွက်က တစ်ခြားသူတွေနဲ့ ကွဲပြားနိုင်တယ်။ ဒါအမှန်ပဲလား “

မည်သူမှ ထိုမေးခွန်းကို ပြန်မပြောခင် ယွီချန်းရှုက လက်မြှောက်ပြီး ဖြတ်ပြောလိုက်၏။ “ တော်လောက်ပြီ “

ရိုးရာဓလေ့ ခန်းမဆောင်၌ တိတ်ဆိတ်မှုက ချက်ချင်း ရောက်ရှိလာသည်။

အကြီးအကဲများသည် ယွီချန်းရှုကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။

ယွီချန်းရှုက သူ့ရှေ့ရှိ လူကို တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်တော့သည်။

“မွေးဖွားဇယားချပ်အကြောင်း ဆွေးနွေးဖို့ မင်းတို့ အားလုံးကို ဒီခေါ်လိုက်တာ မဟုတ်ဘူး။ မင်းတို့တွေ ဒီလောက် စိတ်အား ထက်သန်နေတာကို ငါတစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ မင်းတို့တွေ အားလုံး အခု ဒုက္ခခံဖို့ ဆုံးဖြတ်လိုက်ပြီလား။ “

လူတိုင်းက ခေါင်းငုံ့ထားလျက် မသက်မသာ ဖြစ်နေပြီး တကယ်ပင် ဤကိစ္စကို ဒီလို ဒုက္ခခံနေဖို့ မလိုအပ်ပေ။ တစ်မိုးအောက်၌ မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်သူက အနည်းစုသာ ရှိသည်။ သူတို့ အားလုံး ပိုငယ်ရွယ်ချိန်၌ သိချင်စိတ်ရှိပြီး ၎င်းတို့ နားလည်ရန်လည်း ကြိုးစားခဲ့ကြသည်။ သို့သော် အသက်ပိုကြီးလာသောအခါ လက်တွေ့ ပိုကျလာသင့်သည်။

ယွီချန်းရှုက ဖြည်းဖြည်းချင်း ထရပ်ပြီးနောက် လှည့်ပတ်လျှောက်ကာ နောက်ဆုံးတွင် ပြောလိုက်တော့၏။

“ ငါ့ကို တာ့ထန်ရဲ့ မြေပုံ ယူလာပေး”

“ နားလည်ပါပြီ”

မကြာမီ၌ တပည့်တစ်ယောက်သည် တာ့ထန်၏ မြေပုံတစ်ချပ်ဖြင့် ခန်းမဆီ ပြန်ရောက်လာသည်။ မြေပုံက အလွန် အသေးစိတ်ကျ၏။ အနီရောင်ကြာနယ်မြေတစ်ခုလုံး တာ့ထန်နှင့် နယ်ခြားမြေများ အပါအဝင် အားလုံးကို ရေးထားလေ၏။

အကြီးအကဲများက ထရပ်ပြီး မြေပုံနား၌ စုဝေးလာသည်။

“ ခုံရုံးသခင် ဒါဘာလဲ “

“ မွေးဖွားဇယားချပ် သားရဲတစ်ကောင်က တိမ်တိုက်တောင်နားမှာ ရုတ်တရက် ဘာကြောင့် ပေါ်လာတာလဲ။ ဘယ်ကနေ ရောက်လာတာလဲ “ မော့ပုရန်သည် မြေပုံကို ခဏတာ လေ့လာပြီးနောက် ပြောလိုက်လေ၏။

“ တိမ်တိုက်တောင်က ဝေးတယ်။ တောအုပ်ကြီးနဲ့ အတော် ဝေးနေတာ။ ပတ်ဝန်းကျင်မှာ တောင်တန်းတွေနဲ့ မြစ်တချို့ပဲ ရှိတယ်။ အဲ့ဒီက တောအုပ်က သိပ်သည်းပေမယ့် လူသားတွေ ရောက်နိုင်စွမ်း ရှိတဲ့ အကန့်အသတ်ထဲမှာ ရှိနေတုန်းပဲ။ မွေးဖွားဇယားချပ် သားရဲက ဒီမှာ ပေါ်မလာသင့်ဘူး”

“ သမုဒ္ဒရာကနေ လာတာများလား “

“ မဖြစ်နိုင်တာ။ ယုံက ပင်လယ်ထဲမှာ မနေဘူး။ အပူပိုင်းမြေက အကောင်းဆုံးပဲ “

လူတိုင်းသည် မေ့ပုရန်ကို သိချင်စိတ်ဖြင့် ကြည့်ပြီး သူ့အဖြေကို စောင့်နေ၏။

မော့ပုရန်သည် မြေပုံပေါ်ရှိ တောင်တန်းဒေသကို လက်ညှိုး ထိုးပြလိုက်၏။ ” ကောင်းကင်ချား တောင်တန်းဒေသ “

တိမ်တိုက်တောင်တွင် ဖြစ်သည်။

ယုံ၏ ဖြုံလောက်သော ခုခံမှုသည် နျဲ့ချင်းယွင်နှင့် ကျန်သည့် သူများကို ထိတ်လန့်သွားစေသည်။ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကလည်း သားရဲကို တိုက်ခိုက်ပြီးရင်း တိုက်ခိုက်ခဲ့သော်ငြား ၎င်းကို သွေးအနည်းငယ် ထွက်အောင်သာ လုပ်နိုင်သည်။

မည်သို့ပင် ဆိုစေကာမူ ဒဏ်ရာအသေးအမွှားသည် ယုံကို ဒေါသထွက်သွားစေ၏။ သူသည် အချိန်မရွေး စိတ်ရူးပေါက်တော့မည့်ပုံ ပေါ်ကာ ပတ်ဝန်းကျင်ရှိ တောအုပ်ကို ဖြတ်တိုက်သွားသည်။

နျဲ့ချင်းယွင်သည် သားရဲကို ထိန်းထားရန် အရံအတားကို အမြန် ထောင်လွှတ်လိုက်၏” ဒီယုံရဲ့ တိုက်ခိုက်ရေး စွမ်းအားက သိပ်မမြင့်ဘူး။ ဒါကြောင့် အရံအတားကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အရံအတားရဲ့ စွမ်းအားက အကန့်အသတ် ရှိတယ်။ မကြာခင် သူ့ကို မောင်းထုတ်ဖို့ အကြံတစ်ခု စဉ်းစားမှ ဖြစ်မယ်” နျဲ့ချင်းယွင်က ပြောလိုက်၏။

“ အဲ့ဒါက ယုံ တစ်ကောင်ပဲလေ။ ငါက အဲ့ဒါကို မဖယ်ရှားနိုင်ရင် အသုံးမကျရာ ရောက်သွားလိမ့်မယ် “

ယွီကျန်းဟိုင်က ပြောလိုက်၏။ ပြီးနောက် သူသည် နဂါးသွဲ့ကျောက် ဓားမော့ကို ဆွဲထုတ်လျက် လေထဲ ခုန်တက်လိုက်သည်။ သူ၏ လက်ဝါးနှစ်ဖက်ကို ပူးကပ်ပြီးနောက် ရေခဲသလင်းများနှင့် ဆင်တူသည့် စွမ်းအင်ဓားမော့များသည် သူနှင့် ယုံနားတစ်ဝိုက်တွင်‌ ပေါ်လာသည်။

နဂါးသွဲ့ကျောက် ဓားမော့ကို ပစ်ထုတ်လိုက်ပြီး စွမ်းအင်ဓားမော့များက ပေါ်ထွက်လာကာ ဓားမော့အစီအရင် နဂါးတစ်ခု ဖွဲ့တည်လိုက်သည်။

“ ရေနဂါး တေးသံလား “ နျဲ့ချင်းယွင်က ချီးကျုးမှုများ ပေးနေသော လေသံဖြင့် ထုတ်ပြောလိုက်သည်။

“ ညီနောင်ယွီရဲ့ နားလည်မှု စွမ်းရည်က ဒီလောက် မြင့်မယ်လို့ မထင်ထားဘူး။ လုချန်းပေ့ရဲ့ နည်းကို နားလည်နေပြီ “

စွမ်းအင် ဓားမော့များသည် ရွှေရောင် ရောင်ခြည်ဖြင့် တောက်ပနေ၏။ ရွှေရောင်နဂါး၏ ခေါင်းသည် ယုံ၏ ရင်ဘတ်ကို ထိုးစိုက်သွားတော့သည်။

ယုံသည် ယခင်ကထက် ပိုကျယ်လောင်စွာ အော်လိုက်တော့၏။

ဘန်း

ရွှေနဂါး ပျောက်ကွယ်သွားသောအခါ ယုံသည် အရံအတားဖြင့် ချက်ချင်းဝင်တိုက်တော့သည်။

ဘန်း

အရံအတား လှုပ်ခါ သွားသည်။

“ ဒီယုံက ခေါင်းမာတယ်။ ဒီလို အခြေအနေမှာတောင် အထဲဝင်ဖို့ ကြိုးစားနေသေးတယ်။ ငါ့ကို ခွင့်ပြုပေး“ နျဲ့ချင်းယွင်က ရှေ့သို့ ခုန်တက်လိုက်၏။

“ ကျုပ်လဲ လာမယ် “ ယွီရှန်းရုန်က ပျံသန်းလာသည်။

သုံးယောက်က အရပ်မျက်နှာ သုံးခု ခွဲလိုက်သည်။ ယွီရှန်းရုန်က ဘယ်ဘက်ကို ပစ်ပြီး ယွီကျန့်ဟိုင်က ညာဘက်ကို ပစ်၏။ ယွီကျန့်ဟိုင်က ညာဘက်သို့ ပျံသန်းလိုက်သည်။ နျဲ့ချင်းယွင်က အလယ်သို့ ရွှေ့လိုက်၏။

ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူနှစ်ယောက်နှင့် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက်သည် သူတို့၏ စိတ်ဝိညာဉ်သဏ္ဌာန်များကို တစ်ပြိုက်နက်တည်း ဖော်ထုတ်လိုက်သည်။ ပြီးနောက် စိတ်ဝိညာဉ် သဏ္ဌာန် သုံးခုသည် တစ်ပြိုက်နက်တည်း တိုက်ခိုက်တော့သည်။

ဘန်း ဘန်း ဘန်း

ယုံသည် ဉာဏ်မရှိသော်ငြား ရန်သူတော် တိုက်ခိုက်မှုကို မြင်သောအခါ ကြောက်လန့်သွားသည်။

မနားမနေ တိုက်ခိုက် ပြီးနောက် ယုံသည် နာကျင်မှုများ ခံစားလိုက်ရသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာအရေအတွက်က တိုးလာ၏။

ထိုစဉ် ယွီရှန်းရုန်သည် ထိတ်လန့်ဖွယ် လှုပ်ရှားမှုကို လုပ်လိုက်သည်။ သူ၏ မဟာနည်းစနစ်ကို ထုတ်ဖော်ပြီး ယုံ၏ ခေါင်းနောက်၌ ပေါ်လာကာ သူ၏ စိတ်ဝိညာဉ် သဏ္ဌာန်ကို ထပ်မံ ဖွဲ့တည်လိုက်၏။

ပေ ၁၅၀ ဝိညာဉ်သဏ္ဌာန်သည် ယုံခေါင်း၏ သုံးပုံတစ်ပုံမျှသာ ရှိသည်။ သို့သော် ယင်းက လုံလောက်နေပြီ ဖြစ်၏။

စိတ်ဝိညာဉ်သဏ္ဌာန်သည် ၎င်း၏ လက်ကို လွှဲချလိုက်၏။ ရွှေရောင်လက်သည် သံမဏိ ထိပ်တုံးများပမာ ယုံ၏ တောင်ပံ ထိသွားသည်။

တစ်ချိန်တည်းတွင် ပွင့်ချပ်ကိုးလွှာ ပြန့်ထွက်လာပြီး ယုံကို ပိုင်းဖြတ်တော့သည်။

နျဲ့ချင်းယွင်က သက်ပြင်းချပြီး ပြောလိုက်၏။ ” စိတ်ဝိညာဉ်သဏ္ဌာန်ကို ဒီလို ပုံစံနဲ့ သုံးတာ တစ်ခါမှ မတွေ့ဖူးဘူး။ ဒါက ရွှေကြာနယ်မြေအတွက် ထူးကဲတာလား အာ... ကြာပွင့် ဘယ်မှာလဲ “

နျဲ့ချင်းယွင်သည် သူ၏ အသိစိတ် ပြန်မရသေးခင် ယွီကျန့်ဟိုင်က လှုပ်ရှားပြီး ဖြစ်၏။

နျဲ့ချင်းယွင်က အတွေးမများတော့ချေ။ သူက ဖြတ်လတ် တက်ကြွစွာ အော်လိုက်တော့၏။

“ သိပ်မကြာတော့ဘူး လုပ်လိုက်ကြရအောင် “

All Chapters