အခန်း (၈၃၂-၈၃၄)
Vol. 56 Ch. 832-834
အခန်း (၈၃၂) ထိပ်တန်း
ယွီရှန်းရုန်က ယုံ၏ တောင်ပံများကို ချုပ်ထားဖို့ သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို အသုံးပြုလိုက်သည်။ ထိုအရာက ယွီကျန့်ဟိုင်နှင့် နျဲ့ချင်းယွင်တို့အနေဖြင့် သူတို့၏ တိုက်ကွက်များအပေါ် ပိုမို အာရုံစိုက်သွားနိုင်သည်။
စွမ်းအင်ဓားမော့ မြောက်မြားစွာက ယုံ၏ ရင်ဘတ်အတွင်း ထိုးစိုက်သွား၏။
တိမ်တိုက်တောင်၏ တပည့်များက ထိုအရာကြောင့် အံ့အားသင့်နေကြသည်။ သူတို့က ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ၏ အံ့မန်းစွမ်းအားကို မြင်တွေ့ဖူးကြသော်လည်း ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ၂ ဦးက သူတို့ မှန်းဆထားသည်ထက် ကျော်လွန်နေပြီး ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူနှင့်ပင် ယှဥ်နိုင်လုနီးပါး ဖြစ်နေသည်။
...
“မိစ္ဆာဝေဟင်မျှော်နန်းက ဘယ်လောက်တောင် အားကောင်းနေတာလဲ။ ဒီ ၂ယောက်က ဘယ်လိုပဲကြည့်ကြည့် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူနဲ့တူတယ်” မုန့်ချန်းသုံက ရေရွတ်လိုက်ပြီးသည့်နောက်တွင် မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးဆုံး တပည့် ၂ယောက်အား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်၏။
လီယွင်ကျန်း၏ အကြည့်များက တောက်ပလာကာ “အရှင်းဆုံး ပြောရရင် ကျွန်တော်လည်း ကျွန်တော့်ဆရာနဲ့ တွေ့ရဖို့ အတော်လေးကို စိတ်လှုပ်ရှားနေတယ်။ အကြီးဆုံး ဆရာတူဦးလေးနဲ့ ဒုတိယ ဆရာတူဦးလေးတို့က တစ်ယောက်နဲ့ တစ်ယောက် မတည့်ဘူးဆိုပေမဲ့ သူတို့ ၂ယောက်လုံးက ကျွန်တော့်ဆရာရဲ့ စွမ်းဆောင်ရည်ကို အသိမှတ်ပြုကြတယ်။ ကျွန်တော့်ဆရာရဲ့ ကျင့်ကြံဆင့်ကလည်း မြင့်မားလောက်တယ်”
“၇ယောက် တပည့်က ပထမနဲ့ ဒုတိယတပည့်ထက် ဘယ်လိုလုပ် ပိုပြီးတော့ အားကောင်းမှာလဲ”
မုန့်ချန်းသုံက လီယွင်ကျန်း၏ စကားများသည် အကျိုးအကြောင်း မသင့်ကြောင်း ထင်လိုက်မိ၏။
“အဲ့လိုပြောလို့ မရဘူးလေ" လီယွင်ကျန်းက ပြောလိုက်သည်။
“ကျင့်ကြံရေးလောကမှာ လုပ်ဆောင်နိုင်တဲ့သူတွေက သာလွန်တာပဲ။ ဆရာဘိုးဘိုးရဲ့ သဘောအကျဆုံးတပည့်က ပထမ ဆရာတူဦးလေး မဟုတ်သလို ဒုတိယ ဆရာတူဦးလေးလည်း မဟုတ်ဘူးလို့ ကျောင်းထိုင်ရှားဆီကနေ ကြားတယ်"
မုန့်ချန်းသုံက ရွှေကြာနယ်မြေကို ဆက်သွယ်ဖို့ အဆောင်များကို အသုံးပြုခဲ့စဥ် အချိန်ကို ပြန်လည်အမှတ်ရလိုက်သည်။ သူက ဧရာမ ချန်းဟွမ်သည် ရွှေကြာနယ်မြေဆီ ကျူးကျော်လာသည့်အဖွဲ့များအား သုတ်သင်ပစ်လိုက်သည်ကို အမှတ်ရနေမိသည့်အတွက် ခေါင်းညိတ်လိုက်သည်။ သူက ထိုအတွေးအားလုံးဖြင့် မိစ္ဆာဝေဟင်မျှော်နန်း၏ အစောင့်အရှောက် ဖြစ်ရသည်မှာ အဆင့်နိမ့်သွားခြင်း မဟုတ်ကြောင်း ခံစားမိလိုက်သည်။
...
ယုံက ဆက်လက် ရုန်းကန်နေ၏။ ဤတစ်ချိန်တွင် ထိုအရာက တောင်ပံများကို ဖြန့်ကာ လွတ်မြောက်ဖို့ ကြိုးစားနေသည်။ သူ့မျက်လုံးများက ပြူးကျယ်လာရင်း သွေးများက ခန္ဓာကိုယ်မှ ဆက်လက်စီးဆင်းလာသည်။
တိမ်တိုက်တောင်၏ တပည့်များက သားရဲကို ထပ်မံကြည့်လိုက်ကြသည်။
ယွီကျန့်ဟိုင်က ယုံက ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို မြင်သည့်အခါ ပြောလိုက်သည်။ ” အာ့ရှစ်တိ လွှတ်လိုက်တော့။ သတိထားအုံး။ မင်းရဲ့ စိတ်ဝိညာဥ်သဏ္ဌာန်ကို ထိခိုက်သွားနိုင်တယ်”
ယွီရှန်းရုန်က သတိကြီးကြီးထားထား၏။ သူ့စိတ်ဝိညာဥ်သဏ္ဌာန်က ယုံ၏ တောင်ပံကို ဖမ်းဆုပ်ထားဆဲ ဖြစ်သော်လည်း သားရဲက ပိုမိုပြင်းထန်လာသည်။
ထို့နောက် ယွီရှန်းရုန်က ခုန်ထွက်ကာ စိတ်ဝိညာဥ်သဏ္ဌာန်ကို ရုပ်သိမ်းလိုက်သည်။
ယုံက တောင်ပံများ လွတ်မြောက်သွားသည့်အခါ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
နျဲ့ချင်းယွင်က ရယ်မောလိုက်ပြီး “ငါတို့တွေ မွေးဖွးဇယားချပ်ကို သတ်နိုင်တယ်ဆိုတာကို စဥ်းစားမိလိုက်ရင်. .. ထိခိုက်အောင် လုပ်ပြီးမှ သတ်ရင်လည်း နောက်တော့ မကျသေးပါဘူး”
“ခင်ဗျား ပြောတာဟုတ်တယ်။ အခုတော့ ကျုပ်တို့တွေ လက်ရှောင်လိုက်ကြမယ်” ယီကျန့်ဟိုင်က ပြောလိုက်သည်။
၃ယောက်သားက ယုံ သောင်းကျန်းနေသည်ကိုသာ ကြည့်နေလိုက်၏။ ရုတ်ခြည်းဆိုသလို ထိုအရာက တောင်ပံများကို ဖြန့်ကာ ခပ်မြင့်မြင့် ပျံသန်းသွားသည်။ ထို့နောက် အမျိုးသား ၃ယောက်ဆီ တဟုန်ထိုး ဆင်းချလာ၏။
“ရှောင်ကြ” ၃ဦးသားက နေရာအသီးအသီးဆီ ရှောင်ရှားလိုက်ကြသည်။
သို့သော်လည်း
ဝုန်း
ယုံက အကာအရံဆီ ကျရောက်လာ၏။
အကာအရံပေါ်တွင် အက်ကြောင်းများ ရုတ်ခြည်း ထွက်ပေါ်လာ၏။ အကာအရံက စွမ်းအင် ပြတ်လပ်သွားသည့်အတွက် မတည်ရှိနိုင်တော့ပေ။
နျဲ့ချင်းယွင်က မျက်မှောင်ကြုတ်ကာ “သွားပြီ။ အကာအရံ ပျက်စီးသွားပြီ”
ယုံက တောင်ပံများကို ခတ်ကာ အဆောက်အဦများကို ပျက်စီးစေနိုင်သည့် ကမ္ဘာဦးချီလှိုင်းကို ထုတ်လွှင့်လိုက်သည်။
အဆောင်အဦးကို ပျက်စီးအောင် လုပ်ပြီးသည့်နောက်တွင် ယုံက ခပ်မြင့်မြင့် ပျံသန်းလိုက်ပြန်သည်။
“သူက ဘာတွေလုပ်နေတာလဲ" နျဲ့ချင်းယွင်က ယုံ၏ အပြုအမူများကြောင့် အံ့အားသင့်နေ၏။
“ထွက်ပြေးတာလား”
ယွီကျန့်ဟိုင်က ပြောလိုက်သည်။ “သူက ထွက်မပြေးနိုင်ဘူး”
ယွီကျန့်ဟိုင်က လိုက်ဖမ်းတော့မည့်ဆဲဆဲတွင်
ဝှစ်
လုကျိုး၏ ခေါင်မိုးမှတစ်ဆင့် ရွှေရောင်စွမ်းအား လက်ဝါး စည်းတံဆိပ် ထွက်ပေါ်လာ၏။
ထို့နောက် ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဥ်သဏ္ဌာန်က ယုံ၏ ဝမ်းဗိုက်ဆီ ကျရောက်လာသည်။ ထိုအရာက အပြာရောင် တောက်ပနေသည့် လက်ကို မြှောက်လိုက်ပြီး ယုံဆီ လျပ်စီးလိုအလျင်ဖြင့် လှုပ်ရှားသွားပြီး လက်ဝါးချက်ဖြင့် ရိုက်ထုတ်လိုက်၏။
“တိရစ္ဆာန်ကောင်”
အဝေးမှ မထင်မရှား သစ်ရွက်နှင့်တူသည့် လက်ဝါးချက်သည် သိမ်းငှက်တစ်ကောင်၏ ဝမ်းဗိုက်ကို ထိရိုက်ဖို့ ကြိုးစားနေဟန်ပေါ်၏။ ထိုအရာက သေးငယ်ကာ အထိအခိုက် ရှိဟန်မပေါ်ပေ။
သို့သော် သွင်ပြင်နှင့် ကွဲလွဲစွာ လက်ဝါးချက် ကျရောက်လာသည်နှင့် စွမ်းအင်များက ချက်ချင်းထွက်ပေါ်လာပြီး လှိုင်းလုံးများ ဖြစ်ပေါ်လာစေသည်။
ဘန်း
လက်ဝါးချက်အရာကို ယုံ၏ ဝမ်းဗိုက်အတွင်း မြင်နေရသည်။
“ရှစ်စွင်းလား” ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က တအံ့တသြ ရေရွတ်လိုက်ကြ၏။
“လုချန်းပေ့”
နျဲ့ချင်းယွင်က ယုံနှင့် လက်ဝါးချက်ကို တုန်တုန်လှုပ်လှုပ်ဖြင့် ကြည့်နေသည်။ သူက တိုက်ခိုက်မှု၏ စွမ်းအားကြောင့် အံ့အားသင့်နေမိ၏။
ထိုစဥ် လုကျိုး၏ လက်ဝါးချက်က ယုံ၏ အတွင်းအင်္ဂါများဆီ လှိုင်းလုံးများ တစ်ခုပြီးတစ်ခု ထုတ်လွှင့်နေသည်။
ယုံက ရုတ်တရက် ပေါ်ထွက်လာသည့် လူအိုကြီးကို ကြည့်လိုက်၏။ ထိုလူအိုကြီး ဝန်းကျင်တွင် သိပ်သည်းလွန်းသည့် အသက်ဓာတ် ဝေ့ဝဲနေသည်။ ထိုစဥ် ထိုအရာက လူအိုကြီးကို စားချင်ဟန် ပေါ်ပြီး တချိန်တည်းဆိုသလို ကြောက်ရွံ့နေဟန်လည်း ပေါ်သည်။
ထို့အပြင် ထိုအရာက နျဲ့ချင်းယွင်နှင့် တခြားသူများကြောင့် ဒဏ်ရာရရှိထား၏။
ယုံက အသိဉာဏ် မရှိသော်လည်း အသက်ရှင်လိုသည့် အလိုလိုအသိစိတ်ကို ပိုင်ဆိုင်ထားသည်။
ထိပ်တိုက်ရင်ဆိုင်မှုအပြီးတွင် ယုံက စူးစူးဝါးဝါး အော်ဟစ်ပြီးသည့် ထွက်ပြေးဖို့ ပြင်ဆင်လိုက်သည်။ ထိုအရာ၏ လှုပ်ရှားမှုက ဒဏ်ရာကြောင့် တောင့်တင်းနေ၏။ လုကျိုးက လေထုအထက် မျောလွင့်ကာ ယုံကို ကြည့်လိုက်ပြီး “ထွက်မသွားစေနဲ့"
“ရှစ်စွင်းရဲ့ စိတ်ဝိညာဥ်သဏ္ဌာန်က … "
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က ဤစိတ်ဝိညာဥ်သဏ္ဌာန်ကို တစ်ခါမှ မမြင်ဖူးကြပေ။
ထိုအရာက အသေးစား အရွယ်အစားကို ထိန်းသိမ်းထားရင်း တူညီသည့် အလျင်ဖြင့် လှည့်ပတ်နေသည်။ ကြည့်နေသည်မှာ ပွင့်ချပ်အသစ်တစ်ခု ထွက်ပေါ်လာတော့မည့်ဟန် ပေါ်၏။
နျဲ့ချင်းယွင်က ပြောလိုက်သည်။
“ဒါက လုချန်းပေ့ရဲ့ တိုက်ကွက်တွေပဲ။ စိတ်ဝိညာဥ်သဏ္ဌာန်က အသေးစားပုံစံပြောင်းမှုပဲ။ လက်ဝါးချက်က ယုံကို ဒီလို ဖြစ်စေခဲ့တာ။ ကျုပ် လိုက်ဖမ်းလိုက်မယ်။ သူ ထွက်မပြေးစေရဘူး”
နျဲ့ချင်းယွင်က သူ့ပွင့်ချပ်ဆယ်လွှာ စိတ်ဝိညာဥ်သဏ္ဌာန်ကို ထပ်မံ ဆင့်ခေါ်လိုက်သည်။
အနီရောင်ကြာက ပွင့်လန်းလာ၏။ ပေ ၂၀၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်က ယုံဆီ ပျံသန်းလာသည်။ မဟာနည်းစနစ် ၂ခုကို ထုတ်ဖော်ပြီးသည့်နောက် ယုံ ဆီ ရောက်ရှိလာ၏။
...
လုကျိုးက သူ့နောက်မှ စိတ်ဝိညာဥ်သဏ္ဌာန်ကို တစ်ချက်ကြည့်လိုက်၏။ ပွင့်ချပ်ထွက်ပေါ်ရေး ဖြစ်စဥ်က အဆုံးမသတ်သေးပေ။ သို့သော်လည်း သူက ရွှေရောင်ပွင့်ချပ်ကိုးလွှာမှ ထွက်ပေါ်နေသည့် အသက်ဓာတ်ကို ခံစားမိနေသည်။ သူက သူတို့ ပြီးမြောက်အောင် စောင့်ဆိုင်းနေဖို့သာ လိုအပ်၏။
သို့သော် စောင့်ဆိုင်းနေမှုက အင်မတန် ရှည်ကြာလှသည်ဟု ခံစားနေရသည်။ စက္ကန့်တိုင်းက တစ်နှစ်မျှ ကြာရှည်နေဟန်ပေါ်၏။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က ထိုမြင်ကွင်းကြောင့် အံ့အားသင့်နေဆဲ ဖြစ်၏။
စိတ်ဝိညာဥ်သဏ္ဌာန်က ပုံမှန်နှုန်းဖြင့် ဆက်လက် လည်ပတ်နေသည်။
ဘန်း ဘန်း ဘန်း
ယုံက နျဲ့ချင်းယွင်ကို အပြင်းအထန် တိုက်ခိုက်လာ၏။ ထိန်းမရသိမ်းမရ ဖြစ်နေသည့် ယုံ၏ ကာကွယ်နိုင်စွမ်းက ပိုမိုအားကောင်းလာဟန်ပေါ်သည်။ ပွင့်ချပ်ဆယ်လွှာ နျဲ့ချင်းယွင်ပင် အခက်တွေ့နေလေ၏။
စွမ်းအင်လှိုင်းများက ကောင်းကင်၏ နေရာအသီးသီးသို့ ထွက်ပေါ်လာသည်။
လုကျိုးက လေထုထဲ မျောလွင့်ရင်း ယုံနှင့် ရွှေကြာကို ကြည့်လိုက်၏။
ရွှေကြာက လှည့်ပတ်နေသည့်အခါ ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့ကိုပင် အံ့အားသင့်သွားစေသည့် သိပ်သည်းလှသည့် အသက်ဓာတ်ကို ထုတ်လွှင့်လာသည်။ သူတို့က ထိုအရာကို နားမလည်နိုင်ကြပေ။
တစ်ခါတစ်ရံတွင် ကျင့်ကြံရေးလောက၏ အရာတိုင်းကို နားလည်နေဖို့ မလိုအပ်ပေ။
တပည့် ၂ဦးက မီးတောက်ရွှေကြာကြောင့် သူတို့ကိုယ်တိုင် ပွင့်ချပ်ထွက်နေသည့်အလား ညှို့ယူဖမ်းစားခံလိုက်ရ၏။
လုကျိုးက သူ့တပည့်များကို ကြည့်ကာ ထာဝရစံပြသည် သက်ရောက်မှုရှိကာ သူ့တပည့်များကို ဉာဏ်အလင်းဖွင့်ပေးနေသည်လားဟု စဥ်းစားနေမိ၏။ သူက သူတို့ကို မနှောင့်ယှက်ဖို့သာ ဆုံးဖြတ်လိုက်သည်။
လုကျိုးက လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ အမည်မဲ့က လေးသဏ္ဌာန်ဖြင့် ထွက်ပေါ်လာသည်။
လုကျိုးက ကောင်းကင်အထက် ခပ်မြင့်မြင့် ပျံသန်းလိုက်ပြီး အကာအရံမှ ထွက်ခွာလိုက်၏။ ထို့နောက် သူက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က နောက်မှလိုက်ပါလာကာ ကောင်းကင်အထက် ပျံသန်းလာကြ၏။ သူတို့က တခြားသော နီးကပ်ဖို့ ကြိုးစားနေသည့် သားရဲပျံများကို မောင်းထုတ်လိုက်ကြသည်။
ထိုစဥ် လုကျိုးက လေးကြိုးကို ဆွဲလိုက်၏။ ထို့နောက် သူက ပြိုင်ဘက်ကင်းအဆင့် လက်နက်နှင့် ကောင်းကင်ကျမ်း၏ ထူးခြားအံ့ဖွယ်စွမ်းအားကို အသုံးပြုကာ ပစ်မှတ်ဖြစ်သည့် ယုံ၏ မျက်ဝန်းဆီ မြားကို ပစ်လွှတ်လိုက်သည်။
ဘန်း
ယုံက စူးစူးဝါးဝါး အော်ဟစ်လိုက်၏။
နျဲ့ချင်းယွင်ကလည်း ချက်ချင်းနောက်ဆုတ်လိုက်သည်။ သူက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ ဖြစ်နေသည့်အတွက် ယုံ၏ တိုက်ကွက်ကို ရှောင်ရှားနိုင်လေ၏။ သူက ယုံ၏ မျက်လုံးမှ အပြာရောင်စွမ်းအင်မြားကို မြင်လိုက်သည့်အခါ အံ့အားသင့်သည့် အမူအရာမျိုး ထွက်ပေါ်လာသည်။
"လုချန်းပေ့က တကယ့်ကို အံ့သြစရာပဲ။ ကျုပ်ဘာလို့ ဒါကို မတွေးခဲ့မိပါလိမ့်”
ယုံ၏ ကာကွယ်နိုင်စွမ်းက ပြိုင်ဘက်ကင်းသော်လည်း ထိုအရာ၏ မျက်ဝန်းများက တခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းလောက် မာကျောနေခြင်း မရှိဘဲ ပြိုင်ဘက်ကင်းအဆင့် လေးနှင့်မြားကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားသည်။
သိပ်မကြာခင် လုကျိုးက လေးကြိုးကို ထပ်ဆွဲလိုက်သည်။
ဝှစ် ဝှစ် ဝှစ်
လုကျိုးက နောက်ထပ် စွမ်းအင်မြားသုံးစင်းကို ထပ်မံ ပစ်လွှတ်လိုက်၏။
ထိုစဥ် ယုံက အမြင်အာရုံ ပျောက်ကွယ်သွားသည်။ ထိုအရာက တည်နေရာမဲ့ လှည့်ပတ်ကာ လျှောက်ပျံနေပြီး မျက်လုံးမှ သွေးများလည်း စီးကျနေ၏။ ထိုအရာက ကျောချမ်းဖွယ် မြင်ကွင်းတစ်ခု ဖြစ်၏။
ထိုစဥ် လုကျိုးက ဤမွေးဖွားဇယားချပ် သားရဲ၏ အင်အားကို အကဲဖြတ်နေသည်။ ရေနက်ဆန်းကြယ်ဂူအတွင်း သူက ချီယောင်ကို အသေရိုက်ချက်ကတ်ဖြင့် သတ်နိုင်ခဲ့သည်။ ချီယောင်က ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူထက် အားကောင်းပြီး ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူနှင့် နီးကပ်၏။ သို့သော်လည်း ဤယုံက ချီယောင်ထက် ပိုမိုအားကောင်းလေသည်။ မြားလေးစင်း ပစ်ခတ်ပြီးသည့်နောက်တွင်ပင် သေစေလောက်သည်အထိ မဖြစ်နိုင်သေးပေ။
ငါ ထူးခြားအံ့ဖွယ်စွမ်းအားကို ထိန်းထားဖို့ လိုတယ်။ ထပ်ပြီးတော့ အချိန်ဆွဲလို့ မဖြစ်ဘူး။...
လုကျိုးက ပြောလိုက်၏။
“နောက်ဆုတ်နေကြ။ သူက မမြင်ရတော့ဘူးဆိုတော့ ဝေးဝေးသွားနိုင်မှာ မဟုတ်ဘူး”
နျဲ့ချင်းယွင်က ခေါင်းညိတ်ကာ ယုံကို ကြည့်နေရင်း အဝေးတစ်နေရာသို့ နောက်ဆုတ်လိုက်သည်။
...
ထိုစဥ် အဝေးတစ်နေရာရှိ တောအုပ်အတွင်း ကင်းထောက်၏ အမူအရာများက အံ့အားသင့်နေကြ၏။
“အဲဒါက ဘယ်သူလဲ။ ရွှေကြာကျင့်ကြံသူလား”
“ခေါင်းဆောင် ကျုပ်တို့တွေ အနီးနားသွားကြမလား”
“ထွက်သွားစမ်း။ အဲဒီမှာ ပညာထိပ်သီး ကျင့်ကြံသူတွေ စုဝေးနေတာ မမြင်ဘူးလား။ အဲဒီ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူက နျဲ့ချင်းယွင် ဖြစ်ရမယ်။ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ၂ယောက်က ဆရာကြီးလုရဲ့ နောက်လိုက်တွေပဲ ဖြစ်ရမယ်။
တစ်ယောက်က ကြာမရှိသည့် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူပဲ။ အဲဒီ လူအိုကြီးက ကံမီးတောက်ကို ကျွမ်းကျင်ပြီး နတ်လေးသည်တော်ဖြစ်တဲ့ ပွင့်ချပ်ကိုးလွှာ ရွှေကြာပိုင်ရှင် ဖြစ်မယ်။ သူက ဆရာကြီးလုရဲ့ အားအကောင်းဆုံး နောက်လိုက်ပဲ ဖြစ်ရမယ်။ အဲဒီမှာ နတ်လေးသည်တော် ရှိနေမှတော့ အနီးရောက်သွားတဲ့သူတွေက ပစ်မှတ် ဖြစ်သွားမှာပဲ”
“ခေါင်းဆောင် ပြောတာမှန်တယ်”
နတ်လေးသည်တော်၏ အကွာအဝေးက အဆင့်မြင့် ကျင့်ကြံသူများအတွက် အိပ်မက်ဆိုးဖြစ်၏။
“ကောင်းကင်သိုင်းခုံရုံးကို သတင်းသွားပါးလိုက်။ အဲဒီ မိစ္ဆာအိုကြီး ယွီချန်းရှုက အခု ပြိုင်ဘက် ရပြီ။ အဲဒီ ပုဂ္ဂိုလ်လု လှုပ်ရှားတာကို မမြင်ရသေးဘူးပဲ”
“ဟုတ်ကဲ့"
...
လုကျိုးက ရုန်းကန်နေသည့် သားရဲကိုသာ အာရုံစိုက်ထားလေ၏။ ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့က ယုံကို ကြည့်နေကြသော်လည်း သူတို့ ရှစ်စွင်း၏ ရွှေကြာကြောင့် အာရုံဖမ်းစားခံလိုက်ရဟန်ပေါ်သည်။
လုကျိုး၏ စိတ်ဝိညာဥ်သဏ္ဌာန်မှ ထွက်ပေါ်နေသည့် အသက်ဓာတ်က ယုံအတွက် နတ်သုဒ္ဒါပမာ ဖြစ်၏။ ထိုအရာက မတောင့်ခံနိုင်တော့သည့်အလား လုကျိုးနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
“ရှစ်စွင်း အဲဒါကြီးက ထူးထူးဆန်းဆန်း ပြုမူနေတယ်" ယွီကျန့်ဟိုင်က ပြောလိုက်သည်။
ယွီရှန်းရုန်က ခေါင်းညိတ်ကာ “သူက အသက်ဓာတ်ကို ခံစားမိနေတာ။ ရှစ်စွင်း ဒါကို ကျွန်တော်ဆီ အပ်ခဲ့ပါ။ ရှစ်စွင်း အနားယူသင့်တယ်”
ယွီကျန့်ဟိုင်ကလည်း ဝင်ပြောလိုက်သည်။
“အာ့ရှစ်တိ ပြောတာ မှန်တယ်။ ရှစ်စွင်း ဒီလို အသေးအဖွဲကိစ္စမျိုးအတွက် ဒုက္ခခံစရာ မလိုပါဘူး။ ကျွန်တော်တို့တွေ နျဲ့ချင်းယွင်နဲ့အတူ ကိုင်တွယ်လိုက်ပါ့မယ်”
တပည့် ၂ဦး ပြောသည်က မမှားပေ။ သူတို့၏ အင်အားနှင့် နျဲ့ချင်းယွင်၏ အင်အားကိုပါ ပေါင်းလိုက်လျှင် ယုံကို ဖြေရှင်းဖို့ လုံလောက်ပေသည်။
ထိုစဥ် ယုံက လုကျိုးဆီ ပြေးဝင်လာ၏။ ထိုအရာက ရှေ့တွင် ရှိနေသည့် ကြွယ်ဝလှသည့် အသက်ဓာတ်ကို ခံစားမိဟန် ပေါ်သည်။ ထိုနတ်သဒ္ဒါကို စားသုံးလိုက်ခြင်းဖြင့် အသက်ရှင်နိုင်လိမ့်မယ်။
“မဖြစ်ဘူး”
နျဲ့ချင်းယွင်က ယုံဆီ ပေါ့ပါးသွက်လက်စွာ ပြေးလာပြီး တားဆီးဖို့ ကြိုးစားလိုက်သည်။
ဘန်း
သားရဲက လမ်းပိတ်ရပ်နေသည့် နျဲ့ချင်းယွင်ကို မရှောင်ပေ။
အဆုံးသတ်တွင် နျဲ့ချင်းယွင်ကသာ လမ်းမှ ဖယ်ဖို့ ခပ်မြင့်မြင့် ပျံသန်းလိုက်ရ၏။
ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့က စွမ်းအင်ဓားနှင့် စွမ်းအင်ဓားမော့ မြောက်မြားစွာ ထုတ်ဖော်လိုက်ကြသည်။
တိုက်ကွက်များစွာက ယုံဆီ တိုက်ရိုက်ကျရောက်လာ၏။ သို့သော်လည်း ထိုအရာက အသက်ရှင်လိုစိတ်ဖြင့် တောင့်ခံထားဆဲ ဖြစ်သည်။ ထိုအရာက စွမ်းအင်ဓားမော့နှင့် စွမ်းအင်ဓားများကို ဂရုမစိုက်ပေ။ ထိုစဥ် သူ့၏ ခုခံနိုင်စွမ်းက ပိုမိုမြင့်တက်လာ၏။ ထိုအရာက စွမ်းအင်ဓားနှင့် ဓားမော့ မုန်တိုင်းဆီ ထိုးခွင်းပြေးဝင်လာသည်။
ယုံကို တားဆီးဖို့ နောက်ကျလွန်းသွားခဲ့လေပြီ။
ထိုစဥ် လုကျိုးက လှုပ်ရှားမည့် ရည်ရွယ်ချက် မရှိဘဲ ယုံကိုသာ ဆက်လက်ကြည့်နေ၏။
ယုံက လုကျိုးဆီ ရောက်ဖို့ အသက်ကို စွန့်စားနေခြင်း ဖြစ်၏။
နောက်ဆုံးသော အခိုက်အတန့်တွင် လုကျိုးက လက်မြှောက်လိုက်ကာ ထူးခြားအံ့ဖွယ် စွမ်းအားကို ဆက်လက် သိမ်းထားခြင်း မရှိတော့ပေ။ သူက လက်ကို ကောင်းကင်ဆီ ချိန်ရွယ်လိုက်ပြီး ကောင်းကင်အကာအရံလိုမျိုး ကြီးမားသည့် လက်ဝါးစည်းတံဆိပ်တစ်ခုကို ထုတ်ဖော်လိုက်သည်။
ဘန်း
ထိုအရာက ယုံကို တားဆီးလိုက်၏။
ပြိုင်ဘက် ၂ယောက်က ယခုအခါ ထိပ်တိုက်တွေ့ဆုံနေလေပြီ။
လုကျိုးက သူ့ထူးခြားအံ့ဖွယ် စွမ်းအားကို စစ်ဆေးကြည့်လိုက်သည်။ သူက တစ်ဝက်ခန့်မျှ ကျန်ရှိသေး၏။ သို့သော်လည်း သူသာ အချိန်ဆွဲနေပါက ကုန်ဆုံးသွားလိမ့်မည်။
ယုံက သွေးသံရဲရဲဖြစ်နေပြီး အစွယ်ဖြဲထားသည်။ အစွယ်က အပြာရောင် လက်ဝါးစည်းတံဆိပ်ဖြင့် ထိပ်တိုက်တွေ့နေသည့်အတွက် မီးပွားများပင် ထွက်လာနေ၏။
လုကျိုးက တန်ပြန်သက်ရောက်အားကြောင့် နောက်အနည်းငယ် ဆုတ်လိုက်ရသည်။ ထို့နောက် သူက လေထုထဲ ဆူညံသံတစ်ခုကို ကြားလိုက်ရ၏။ သူက နောက်ကို အလျင်အမြန် လှည့်ကြည့်လိုက်သည်။
သူ့ရွှေကြာက အရွယ်အစား ကြီးမားလာသည်။ ထိုအရာ ပြီးမြောက်သွားသည့်အခါ ဆယ်ခုမြောက် ပွင့်ချပ် ထွက်ပေါ်လာလိမ့်မည်။ ပွင့်ချပ်ဆယ်လွှာ ရွှေကြာက ယခုအခါ အပြည့်အဝ ပွင့်လန်းလာပြီဖြစ်၏။
ဆယ်ပေ၊ ပေ ၂၀၊ ပေ ၃၀...
စိတ်ဝိညာဥ်သဏ္ဌာန်၏ အရွယ်အစားက သိသိသာသာ တိုးပွားလာသည်။ ထိုအရာက ကောင်းကင်အထက် မြင့်မားလာပြီး ပေ ၂၀၀ အမြင့်တွင် ရပ်တန့်သွား၏။
လုကျိုး၏ ချီပင်လယ်က ကျယ်ပြန့်လာကာ ကျင့်ကြံဆင့်က မြင့်မားသွား၏။
သူ့စိတ်ဝိညာဥ်သဏ္ဌာန်ဝန်းကျင်ရှိရွှေရောင်မီးတောက်များက ယခုအခါ ပိုမိုတောက်ပလာ၏။
ရွှေရောင်မီးတောက်၏ အပူချိန်အောက်တွင် သားရဲ၏ အလိုလိုသိစိတ်က ဖိနှိပ်ခံလိုက်ရပြီး တုန်လှုပ်နေဟန်ပေါ်သည်။
လုကျိုးက ဘယ်ဘက်လက်တွင် အပြာရောင် လက်ဝါးစည်းတံဆိပ်ကို ထုတ်ဖော်ပြီး ညာဘက်လက်ဖြင့် အမည်မဲ့ကို ဝှေ့ယမ်းလိုက်သည်။
အမည်မဲ့ဝန်းကျင်တွင် အနက်ရောင် သင်္ကေတများက ဝှေ့ပတ်လာ၏။
ထိုစဥ် လုကျိုးက အပြာရောင် လက်ဝါးစည်းတံဆိပ်ကို ရုတ်ခြည်း ရုပ်သိမ်းလိုက်သည်။ ထို့နောက် သူ့လက်ဝါးရှိ ဓားထက် ကြီးမားသည့် စွမ်းအင်ဓားတစ်ချောင်း ထွက်ပေါ်လာသည်။ ထိုအရာက ပေ ၁၀၀ ရှည်လျားပြီး ပေဒါဇင်ချီ ကျယ်ဝန်းပေသည်။
ထိုစဥ် အနက်ရောင် သင်္ကေတ၊ ရွှေကံမီးတောက်နှင့် ထူးခြားအံ့ဖွယ်စွမ်းအားတို့က ယုံ၏ ခန္ဓာကိုယ်ကို တစ်ပြိုင်နက် ထိုးဖောက်ဝင်ရောက်သွားကြ၏။
…
အခန်း (၈၃၃) ရှာဖွေတွေ့ရှိမှုကြီး
ပွင့်ချပ်ဆယ်လွှာ ရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်သည် လေထဲမြင့်မားစွာ ပေါ်ထွက်လာလေ၏။ ရွှေရောင် ကံမီးတောက်သည် ပေနှစ်ရာစိတ်ဝိညာဉ်သဏ္ဌာန်ကို ပိုတောင် တောက်ပသွားစေသည်။
စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်တွေ့သူတိုင်းက လေးစားကြောက်ရွံ့စွာ ကြည့်ကြလိမ့်မည်။
နျဲ့ချင်းယွင်နှင့် ကျန်သည့်လူများကမူ လုကျိုးသည် နောက်ဆုံးတော့ ထွက်လာပြီမှန်း သူတို့သိလိုက်၏။
ဓားချက်သည် သူ၏ပြိုင်စံရှားခွန်အားကို သရုပ်ပြသွားခဲ့သည်။ သူ၏တိုက်ခိုက်မှုက ရှင်းလင်းပြီး သေသပ်၏။
သူတို့မှင်သက်သွားတော့သည်။
ဧရာမစွမ်းအင်ဓားသည် ယုံ၏နှလုံးသားကို တိတိကျကျ ထိုးဖောက်သွားသည်။
ထိုအချိန်တွင် အချိန်က ရပ်တန့်နေပုံရသည်။
ယုံသည် ရုန်းကန်ရမည့်ပုံကို မေ့လျော့သွားသည့်ပမာ ကြည့်နေလေ၏။ သူ့အတွင်းကလီစာများ၏ နာကျင်မှုကို ခံစားရပုံ မပေါ်ပေ။ ၎င်း၏အသက်လျင်မြန်စွာ လျော့ပါးသွားတာကို ခံစားမိ၏။
နျဲ့ချင်းယွင်၊ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က ဓားကို ရင်သပ်ရှုမောစွာ ဆက်ကြည့်နေကြသည်။ မြန်ဆန်သည်လည်း မဟုတ်၊ လှပသည်လည်း မဟုတ် ဤအတိုင်းသာ ဖြစ်သည်။ သို့သော် ခုခံခြင်းအမျိုးအစား မွေးဖွားဇယားချပ်သားရဲ၏ နှလုံးသားကို ထိုးစိုက်လိုက်သောအခါ ၎င်းသည် ထောပတ်ကို ဖြတ်သွားသည့် ဓားပူပူနှင့်တူသည်။
ခဏတာ တိတ်ဆိတ်နေပြီးနောက် ယုံသည် သူ့ခန္ဓာကိုယ်ထဲရှိ နာကျင်မှုကို တုန့်ပြန်နိုင်ပုံပေါ်ကာ စူးရှစွာ အော်လိုက်တော့၏။ ယခင်အခေါက်များနှင့်မတူဘဲ ၎င်း၏အော်သံသည် အားကောင်းသော အသံလှိုင်းတစ်ခု ဖွဲ့တည်လိုက်သည်။ တစ်ချိန်တည်းတွင် ၎င်း၏ခန္ဓာကိုယ်ထဲရှိ ကနဦးချီများက လှိုင်းများသဖွယ် ပြန့်ကားလာတော့သည်။
“နောက်ဆုတ်” နျဲ့ချင်းယွင်သည် နောက်ကျွမ်းပစ်သွား၏။
ထိုတိုက်ကွက်ကို ပိတ်ဆို့ပြီး အဆုံးထိ တိုက်ခိုက်ရန် မလိုအပ်ပေ။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကလည်း နောက်ဆုတ်လိုက်ကြသည်။
ပွင့်ချပ်ဆယ်လွှာအဆင့်သို့ ရောက်ခါစ လုကျိုးသည် ယခုဆို ယုံနှင့်အနီးဆုံးတွင် ရပ်နေသည့်လူဖြစ်နေသည်။ ယုံ၏ခေါင်းမာမှုက သူမှန်းဆချက်ကို ကျော်လွန်နေ၏။ ထိုဓားချက်တွင် သူ့ထူးကဲအံ့ဖွယ်စွမ်းအား တစ်ဝက်နီးပါး ပါဝင်သည်။ ထိုသို့တိုင် ထိုရိုက်ချက်က ယုံကို သတ်ဖြတ်နိုင်ခြင်းမရှိပေ။
ခဏကြာပြီးနောက် လုကျိုးသည် အမည်မဲ့ကို ဆွဲထုတ်ကာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ရုပ်သိမ်းလိုက်သည်။
မိမိ၏ သဘာဝကို ရှုမြင်ရန် တောင်တန်းကဲ့သို့ မလှုပ်မယှက်၊ ရေအိုင်ကဲ့သို့ တည်ငြိမ်နေသောရေ၊ ဗုဒ္ဓဈာနမုဒြာ။
လုကျိုးသည် လက်သင်္ကေတများစွာ ဖွဲ့တည်လိုက်သည်။ ဈာနမုဒြာသည် အသံလှိုင်း ဆက်လက်ထုတ်ဖော်နေသည်။ ၎င်းက ပဲ့တင်သံထွက်နေကာ တစ်ချိန်တည်းတွင် မြည်ဟည်းနေတော့သည်။
ဤနည်းဖြင့် လုကျိုး၏ ပွင့်ချပ်ဆယ်လွှာ ကံမီးတောက်သည် အသံနည်းစနစ်ကို ပြီးပြည့်စုံစွာ ပိတ်ဆို့လိုက်တော့သည်။
“မင်းဘယ်လောက် ခံနိုင်ရည်ရှိမလဲ ကြည့်ချင်တယ်” လုကျိုးသည် အခဲမကြေတော့ပေ။
သူ၏လက်ထဲ၌ အမည်မဲ့က ထပ်ပေါ်လာသည်။ အပြာရောင်အလင်းဖျော့ဖျော့ တောက်ပနေလေ၏။
ခုခံမှုတွင် အရည်အချင်းရှိသည့် မွေးဖွားဇယားချပ်သားရဲကတောင် ထူးကဲအံ့ဖွယ်စွမ်းအားနှင့် အနက်ရောင်သင်္ကေတမှ ဤတိုက်ကွက်ကို ပိတ်ဆို့နိုင်မှာ မဟုတ်ပေ။
လုကျိုးသည် အမည်မဲ့ကို ဝှေ့ရမ်းလျက် ပျံသန်းလိုက်၏။ သူတိုက်ခိုက်ချိန်တိုင်းတွင် ယုံ၏ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာများ အသေချန်ထားခဲ့သည်။
ထိုစဉ် ယုံသည် နောက်ဆုံးတော့ သူရှေ့ရှိ စားကောင်းသောက်ဖွယ်ကို လက်လျော့ရန် ဆုံးဖြတ်လိုက်ပုံ ပေါ်၏။ ၎င်းက ခန္ဓာကိုယ်ရှိ နာကျင်မှုကို တောင့်ခံကာ လှည့်ပြေးတော့သည်။
လုကျိုးသည် တိုက်ကွက်များ ပိုသုံးလျက် ၎င်းနောက်သို့ လိုက်သွားသည်။
ယုံသည် နျဲ့ချင်းယွင်၊ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်ကြောင့် ဒဏ်ရာရထားပြီးသားဖြစ်၏။ ပြီးနောက် လုကျိုးထံမှ သေစေနိုင်သော ထိုးနှက်ချက်ကို ရထားသည်။ ၎င်းသည် ပွင့်ချပ်ဆယ်လွှာ ကံမီးတောက်ကြောင့်လည်း လောင်ထားလေ၏။ မကြာမီ၌ သေတော့မည်ဆိုတာ သံသယဖြစ်ဖွယ် မရှိပေ။
သို့သော် လုကျိုးသည် စိတ်အေးလက်အေး မပြုမူ၊ သူ၏သတိကို မလျှော့ချခဲ့ပေ။ ထိုအစား သူ၏ခမ်းနားသော မဟာနည်းစနစ်ကို ထုတ်ဖော်လျက် ယုံရှေ့၌ ပေါ်လာကာ သူ၏ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ထားလိုက်သည်။
ယခင်ကထက် အဆပေါင်းများစွာ ပိုကြီးသော စွမ်းအင်ဓားသည် ယုံ၏ခေါင်းပေါ်သို့ ခေါင်းဖြတ်စက်ပမာ ကျလာလေ၏။
ထိုစဉ်ပျံသန်းလာကာစ နျဲ့ချင်းယွင်၊ ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်သည် ထိုမြင်ကွင်းကို တွေ့လိုက်ရ၏။ သူတို့အမူအရာများ ချက်ချင်း တောင့်ခဲကုန်သည်။
“အမ်”
တိမ်တိုက်တောင်တပည့်များ၏ အမူအရာသည် ပို၍ရှုပ်ထွေးနေတော့သည်။ သူတို့မြင်လိုက်ရတာကို ယုံဖို့ခက်ခဲနေသည်။
ထိုစဉ် ယုံသည် ကောင်းကင်ပေါ်ကနေ နှစ်ခြမ်းကွဲပြီး ပြုတ်ကျလာလေ၏။ မှန်ပေ၏။ ခုခံခြင်းအမျိုးအစား မွေးဖွားဇယားချပ်သားရဲသည် ရုတ်တရက်ပေါ်လာပြီးနောက် လုချန်ပေ့ ထက်ခြမ်းခြမ်းတာ ခံလိုက်ရသည်။
တကယ်တော့ လုကျိုးသည် အမည်မဲ့က ၎င်း၏ခုခံမှုကို တိုးဖောက်နိုင်ကြောင်း အတည်ပြုပြီးမှ သူ၏ထူးကဲအံ့ဖွယ်စွမ်းအား အလုံးစုံဖြင့် နောက်ဆုံးထိုးနှက်ချက်ကို သုံးလိုက်တာပဲဖြစ်သည်။ သူသည် ဘေးအကင်းဆုံးလှုပ်ရှားမှု ပြုလုပ်လိုက်တာဖြစ်၏။
လုကျိုးသည် ၎င်းနောက်လိုက်ပြီး အချိန်သိပ်မဖြုန်းချင်ပေ။ သူတို့က တိမ်တိုက်တောင်၏ အကျယ်အဝန်းထဲမှ အဝေးသို့ရောက်သွားလျှင် ပိုပြီးရှုပ်ထွေးလာနိုင်၏။
မွေးဖွားဇယားချပ်သားရဲက သိပ်ကို သိသာပေါ်လွင်လွန်း၏။ လူအများ၏အာရုံစိုက်မှုကို ဆွဲဆောင်မိမှာ သေချာသည်။
ထိုကြောင့် တတ်နိုင်သမျှမြန်မြန် တိုက်ပွဲကိုအဆုံးသတ်ပြီး ခြေရာလက်ရာမချန်တာက အကောင်းဆုံး ဖြစ်သည်။ ယင်းက ရိုးရှင်းသော်ငြား ထိုသို့ပြုလုပ်ရန် ကြမ်းတမ်းသောဓားက ကောင်းမွန်သည့်နည်းလမ်းတစ်ခု ဖြစ်သည်။
တိမ်တိုက်တောင်နှင့် အဝေးမှ ဧရာမသစ်ပင်၏သစ်ကိုင်းပေါ်တွင် ဖြစ်သည်။
ကျင့်ကြံသူတချို့သည် ပါးစပ်အဟောင်းသားနှင့် ထိတ်လန့်ဖွယ်ဓားချက်ကို စိုက်ကြည့်နေကြသည်။ သူတို့အသိစိတ် ပြန်ဝင်ရန် အချိန်အတော်ကြာ ယူလိုက်ရ၏။
“လခွမ်း သူက ပွင့်ချပ်ဆယ်လွှာ ကံမီးတောက် ကျင့်ကြံသူတစ်ယောက်ပဲ”
“ဘာအရောင်လဲ၊ တစ်ခါတစ်လေမှာ အပြာ ပြီးတော့ တစ်ခါတစ်လေမှာ ရွှေရောင်”
“ငါ့မျက်စိများ ပြဿနာရှိနေလားလို့ ငါတွေးမိနေပြီ၊ ဒါကို ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့က ဝေးလွန်းတယ်လို့ ငါထင်နေတာ”
“ကောင်းကင်သိုင်းခုံရုံးဆီ အခုပဲ စာပို့လိုက်မယ်”
“စာလား၊ ငါ့ကို အဆောင်ပေး၊ ဘာကြောင့်ဒီလောက် လုံ့လဝီရိယရှိနေရတာလဲ၊ ဒါက ပွင့်ချပ်ဆယ်လွှာ ကံမီးတောက် ကျင့်ကြံသူ၊ ဒီကိစ္စမှာ ဝင်မပါကြရအောင်၊ ဒီနေ့တော့ ကြည့်တာတော်လောက်ပြီ၊ ငါတို့နောက်ပြန်ဆုတ်မယ်”
“ခေါင်းဆောင်ရေ အဲဒါဘာအရောင်လဲ၊ အာ့ တောင်းပန်ပါတယ် ခေါင်းဆောင်”
မွေးဖွားဇယားချပ်သားရဲ ယုံသည် ဖုန်းဟူသော မြည်သံကျယ်ကြီးဖြင့် မြေပြင်ပေါ် ပြုတ်ကျသွားတော့သည်။
“တင် မွေးဖွားဇယားချပ်သားရဲယုံကို သတ်ပြီးပါပြီ၊ ဆုလာဘ်ကုသိုလ်မှတ်၆၀၀၀”
နျဲ့ချင်းယွင်နှင့် ကျန်သည့်သူများသည် နောက်ဆုံးတော့ သတိကပ်လာလေ၏။ ထိုသို့တိုင် သူတို့ရင်ထဲတွင် ထိတ်လန့်မှုက ရှိနေသေးသည်။ ဆိုရလျှင် လုချန်ပေ့က နောက်ဆုံး၌ သူ၏နယ်ပယ်ကို ဖိနှိပ်ထားတာ ရပ်တန့်ပြီး တိုက်ခိုက်ရန် ပွင့်ချပ်ဆယ်လွှာကျင့်ကြံဆင့်ကို အသုံးပြုခဲ့သည်။
နျဲချင်းယွင်က ခေါင်းညိတ်လိုက်၏။ ထင်တဲ့အတိုင်းပဲ လုချန်ပေ့က အစွမ်းထက်တယ်၊ သူတို့နှစ်ယောက်လုံးက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတွေ ဆိုပေမဲ့ သူနဲ့ လုချန်ပေ့ကြားက ကွာဟချက်ကို သူသတိပြုမိတယ်။ နောက်ဆုံးတော့ သူက ပြောလိုက်လေ၏။
“မွေးဖွားဇယားချပ်သားရဲကို သတ်နိုင်ခဲ့တဲ့အတွက် လုချန်ပေ့ကို ဂုဏ်ပြုပါတယ်”
“ရှစ်စွင်း” ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်သည် တစ်ပြိုင်နက်တည်း လက်သီးဆုပ်မိုးလိုက်တော့သည်။
လုကျိုးသည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်နှင့် အမည်မဲ့ကို ပြန်ရုပ်သိမ်းလိုက်သည်။ သူသည် တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ကာ ယုံဆီကို ပျံသန်းသွားတော့သည်။ သူက ယုံပေါ်၌ ပျံဝဲနေလျက် ၎င်း၏အသက်ဓာတ်နှလုံးသားကို ရှာနေ၏။
နျဲချင်းယွင်က ပြောလိုက်သည်။
“မွေးဖွားဇယားချပ်နှလုံးသားက သူ့ရဲ့နှလုံးနားမှာရှိရမယ်”
လုကျိုးက ပြောလိုက်သည်။
“အမြဲတမ်း အဲလိုမဟုတ်ဘူး၊ စတင်ကျင့်ကြံနိုင်တဲ့ သားရဲအများစုက သန္ဓေပြောင်းလဲမှုတချို့ဖြစ်သွားတယ်၊ ဒီလိုသားရဲမျိုးအတွက် သူ့ရဲ့အတွင်းကလီစာနဲ့ အရိုးက ပိုသန်မာလာမှာ၊ နှလုံးက နှလုံးပဲ၊ အသက်ဓာတ်နှလုံးသားက အသက်စွမ်းအားရှိတဲ့ သလင်းတစ်ခုပဲ၊ ဒီအရာဝတ္ထုနှစ်ခုက မတူညီလောက်ဘူး”
“ကျုပ် ဉာဏ်အလင်းပွင့်သွားပါပြီ၊ ကျုပ်ရဲ့ အသိအမြင်က နည်းပါးလွန်းတယ်” နျဲ့ချင်းယွင်သည် အနေခက်သွား၏။
လုကျိုးသည် သူ၏လက်ကိုဖြည်းဖြည်းချင်း မြှောက်လိုက်ကာ ပတ်ဝန်းကျင်ရှိ သစ်ပင်များနှင့် ပေါင်းပင်များကို ရှင်းလင်းလိုက်တော့သည်။ မျက်စိတစ်မှတ်အတွင်း ယုံအသေကောင်သာ ကျန်ခဲ့တော့သည်။ နျဲ့ချင်းယွင်၊ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်က အနားတွင်ရပ်နေသည်။
“ကျုပ်ဘဝမှာ ပထမဆုံးအနေနဲ့ ရွှေရောင်ကံမီးတောက် အစွမ်းထက်ပုံကို မျက်မြင်တွေ့လိုက်တာပဲ”
နျဲ့ချင်းယွင်က ချီးကျူးလိုက်သည်။
“အနီရောင် ကံမီးတောက်နဲ့ မတူဘူးလား” ယွီကျန့်ဟိုင်က မေးလိုက်၏။
“အနီရောင်က မီးတောက်လောင်ကျွမ်းတဲ့အချိန် သူရဲ့အနီရောင် မီးတောက်မီးလျှံတွေက အရပ်သားတွေက အိမ်ထဲမှာ မီးထွန်းညှိနေတာနဲ့ တူတယ်၊ တစ်ဖက်မှာတော့ ရွှေရောင်ကံမီးတောက်က ပိုပြီးဖျက်ဆီးနိုင်စွမ်း ရှိပုံပေါ်တယ်”
“ဘယ်ဟာက ပိုအစွမ်းထက်တာလဲ” လုကျိုးက မေးလိုက်သည်။
“ဒါက ပြောဖို့ခက်တယ်၊ ကံမီးတောက်ကို တတ်ကျွမ်းတဲ့လူတွေက အစကတည်းက နည်းလှတာ၊ ဒါပေမဲ့ ယဲ့ကျန်းနဲ့ ချန်ပေ့ရဲ့တိုက်ပွဲကို အကဲဖြတ်ကြည့်ရင် သူတို့က အတူတူလောက်ပဲ၊ အဲဒီတုန်းက ချန်ပေ့က ပွင့်ချပ်ကိုးလွှာကျင့်ကြံဆင့်ကို သုံးခဲ့တာ၊ ချန်ပေ့သာ ပွင့်ချပ်ဆယ်လွှာကံမီးတောက်ကို သုံးခဲ့မယ်ဆိုရင် ယဲ့ကျန်းက လုချန်ပေ့ကို ရင်ဆိုင်ဖို့ အခွင့်အရေးတောင် ရှိမှာ မဟုတ်ဘူး” နျဲ့ချင်းယွင်က ပြန်ပြောလိုက်၏။
ထိုစဉ် လုကျိုးသည် အနီရောင် တောက်ပနေသော အသက်ဓာတ်နှလုံးသားတစ်ခုကို တွေ့လိုက်ရသည်။ သူက လက်ဝှေ့ယမ်းလိုက်ပြီး သူ့လက်ထဲသို့ အသက်ဓာတ်နှလုံးသားကို ယူလိုက်သည်။
“တင် မွေးဖွားဇယားချပ်သားရဲယုံ၏ အသက်ဓာတ်နှလုံးသားရရှိပါပြီ၊ သက်တမ်းထောင့်ငါးရာ ထောက်ပံ့ပေးသည်၊ မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်စွမ်းရှိ၏၊ မွေးဖွားဇယားချပ်စွမ်းရည်-ခုခံမှု”
နျဲ့ချင်းယွင်၏ မျက်လုံးက တောက်ပသွားသည်။ သူ၏မျက်လုံးထဲ၌ အားကျမှုတစ်စွန်းတစ်စ ပေါ်နေ၏။
“လုချန်ပေ့ ဒါက တကယ် မွေးဖွားဇယားချပ်နှလုံးသားလား”
လုကျိုးသည် ခေါင်းညိတ်ပြီးပြောလိုက်၏” ဟုတ်တယ်”
“ဂုဏ်ပြုပါတယ် လုချန်ပေ့”
“ဂုဏ်ပြုပါတယ် ရှစ်စွင်း”
သူတို့သုံးယောက်က တစ်ပြိုင်နက်တည်း အရိုအသေပေးလိုက်သည်။
လုကျိုးက သိမ်းလိုက်၏။ နောင်မှ ၎င်းကို လေ့လာမည်။
ယင်းသည် မွေးဖွားဇယားချပ်သားရဲဖြစ်သောကြောင့် မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်ရန် ဆက်နွှယ်မှုတစ်ခုရှိမှာ ကျိန်းသေသည်။
မွေးဖွားဇယားချပ်ကို လုကျိုး၏လက်ရှိ နားလည်သဘောပေါက်မှုက နိမ့်လွန်းနေသည်။ ၎င်းတို့ကို နားလည်သဘောပေါက်အောင် လုပ်ပြီးမှ သူ၏မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ ပြင်ဆင်နိုင်လိမ့်မည်။
“ပြန်ကြရအောင်” လုကျိုးသည် တိမ်တိုက်တောင်ဆီသို့ ပြန်သွား၏။
ကောင်းကင်သိုင်းခုံရုံး၏ ရိုးရာဓလေ့ခန်းမထဲတွင် ဖြစ်သည်။
“ခုံရုံးသခင် ကောင်းကင်ချားတောင်တန်းဒေသဆီ လူလွှတ်ထားပါတယ်၊ သူတို့တွေက တောင်တန်းဒေသရဲ့ အရှေ့ဘက်ချိုင့်ဝှမ်းဒေသမှာ တစ်ခုခုရှာဖွေ တွေ့ရှိခဲ့ပါတယ်၊ အဲဒီမှာ မွေးဖွားဇယားချပ်သားရဲတွေရဲ့ လက္ခဏာကို တွေ့ခဲ့တယ်၊ မွေးဖွားဇယားချပ်သားရဲတစ်ကောင်က အဲဒီမှာ မွေးဖွားခဲ့တာ ဖြစ်လောက်တယ်”
အကြီးအကဲများသည် ထိုသတင်းကြောင့် စိတ်လှုပ်ရှားသွားသည်။
“သတင်းကောင်းပဲ၊ နှစ်တွေ ဘယ်လောက်ကြာသွားပြီလဲ၊ အနီရောင်ကြာနယ်မြေက မွေးဖွားဇယားချပ်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ကို မွေးထုတ်နိုင်တော့မှာပဲ”
“ခုံရုံးသခင် ကျုပ်တို့အခုချက်ချင်း ကောင်းကင်ချားတောင်တန်းဒေသကို သွားဖို့အကြံပြုချင်ပါတယ်”
“ဟုတ်တယ် အချိန်ဖြုန်းလို့မရဘူး”
အကြီးအကဲများက တစ်ယောက်ပြီးတစ်ယောက်ပြောလိုက်၏။
ယွီချန်းရှု၏ အမူအရာက မပြောင်းလဲသွားပေ။ သူက ထိုအကြောင်းအရာကို ချက်ချင်းမတုန့်ပြန်ပေ။ ထိုအစား သူက မေးလိုက်၏။
“အရိပ်လူက အကြောင်းမပြန်ပါဘူး၊ ကျုပ်တို့လူတွေ အခုအဲဒီကို သွားနေပါပြီ”
ကျန်းထင်းကျုံးက ပြောလိုက်၏။
“ခုခံခြင်းအမျိုးအစား မွေးဖွားဇယားချပ်သားရဲကို ဖြေရှင်းဖို့က မလွယ်ဘူး၊ မွေးဖွားဇယားချပ်သားရဲက သူတို့ဆီကနေ လွတ်မြောက်သွားတာ ဖြစ်နိုင်ခြေမြင့်တယ်၊ ဒီလိုသာဆိုရင် မွေးဖွားဇယားချပ်သားရဲက အက်ကွဲချိုင့်ဝှမ်းဆီ ထွက်ပြေးသွားလောက်တယ်”
…
အခန်း (၈၃၄) ကောင်းကင်ချားချိုင့်ဝှမ်း
“အဲ့ဆို ပိုပြီးတော့တောင် ခပ်သွက်သွက် လုပ်ဖို့ လိုတယ်။ မွေးဖွားဇယားချပ် သားရဲကို နှိမ်နှင်းဖို့ ပင်မအင်အားစုကို စေလွှတ်သင့်တယ်” ကျန့်ထင်ကျုံးက ဝင်ပြောလိုက်သည်။
“အဲ့လိုမရဘူး။ ကောင်းကင်သိုင်းခုံရုံးကို စောင့်ရှောက်မဲ့ ကျင့်ကြံသူတွေ ရှိဖို့လည်း လိုအပ်တယ်။ အကုန်လုံး ထွက်သွားလို့ မရဘူး။ ပြီးတော့ ရွှေကြာနယ်မြေက သူတွေက ကျူးကျော်လာနိုင်တယ်ဆိုတော့ အဲဒီကိစ္စကိုလည်း သတိထားရမယ်” တစ်စုံတစ်ယောက်က ပြောလိုက်၏။
တစ်ဖက်တွင် ယွီချန်းရှုက အတွေးနက်လျက် တိတ်ဆိတ်နေသည်။
မြင့်မြတ်ထုံးတမ်းခန်းမအတွင်း အငြင်းအခုံများက အတော်အတန် ကြာမြင့်ခဲ့၏။ အားလုံးက သူတို့ အမြင်အသီးသီး ရှိကြကာ တစ်ယောက်နှင့် တစ်ယောက် သဘောမတူကြပေ။ အဆုံးသတ်တွင် သူတို့က ယွီချန်းရှု၏ ဆုံးဖြတ်ချက်ကိုသာ စောင့်ဆိုင်းနေကြ၏။
ယွီချန်းရှုက ပြောလိုက်သည်။
“ကျုပ်တို့တွေ အလျင်မလိုသင့်ဘူး။ အရင်ဆုံး ကောင်းကင်ချားတောင်နယ်နိမိတ်ကို စုံးစမ်းဖို့ တစ်ယောက်ယောက်ကို စေလွှတ်သင့်တယ်။ ကောင်းကင်သိုင်းခုံရုံးကနေ ကျုပ်တို့ကို မျှားခေါ်တဲ့ အယောင်ပြ ဖြစ်နေမှာ ဆိုးရတယ်။ မွေးဖွားဇယားချပ်သားရဲ တည်ရှိမှုကို အတည်ပြုပြီးမှ လှုပ်ရှားလည်း နောက်မကျပါဘူး”
အကြီးအကဲများက ခေါင်းညိတ်လိုက်ကြ၏။ သူတို့က ယွီချန်းရှု၏ စကားများသည် အကျိုးအကြောင်းသင့်သည်ဟု ထင်မိသည်။ ဤနည်းဖြင့် သူတို့သည် ကောင်းကင်သိုင်းခုံရုံးရှိ လူများ၏ ဘေးကင်းမှုကို အာမခံထားရုံသာမက ပင်မအင်အားစုကို စေလွှတ်ကာ မွေးဖွားဇယားချပ် သားရဲကို သုတ်သင်နိုင်လိမ့်မည်။ သူတို့၏ ခုံရုံးသခင် လှုပ်ရှားသည့်အခါ ကိစ္စများက ပိုမိုလွယ်ကူသွားလိမ့်မည်။
ကောင်းကင်သိုင်းခုံရုံးက စစ်ခုန်ပေချန်းကို ဖမ်းဆီးဖို့ ဒုက္ခများစွာ ဖြတ်ကျော်ခဲ့ရပြီး တိမ်တိုက်တောင်နှင့် နဝမမြောက်ဘုံကျောင်းတို့ကို လှုပ်ရှားမည့် အခွင့်အရေး မပေးလိုပေ။
“ဒါနဲ့ ဝမ်ရှစ်ကျုံးနဲ့ အရှင်မင်းကြီးတို့က ဘယ်ချိန်ပြန်လာမှာလဲ” ယွီချန်းရှုက မေးလိုက်သည်။
“ဝမ်ရှစ်ကျုံးရဲ့ လက်အောက်ငယ်သားတွေက ပြန်ရောက်လာပါပြီ။ သူတို့ ပြောစကားအရတော့ အရှင်မင်းကြီးက ကုန်းမြေကို ရှုစားရင်း နေအုံးမယ်လို့ ပြောတယ်။ အရှင်မင်းကြီးက နောက်ရက်အနည်းငယ်ကြာမှ ပြန်လာလိမ့်မယ်”
ယွီချန်းရှုက မျက်မှောင်ကြုတ်လိုက်၏။
“အဲ့ကိစ္စကို သေချာစုံစမ်း။ ဝမ်ရှစ်ကျုံးက သတိကြီးတဲ့လူ … သူက ဧကရာဇ်ငယ်ကို လျှောက်သွားဖို့ ခွင့်ပြုမယ်လို့ မထင်ဘူး”
“ဟုတ်ကဲ့”
“ဒီနေ့တော့ ဒီလောက်ပဲ။ ဒီနေ့ ဆွေးနွေးခဲ့သမျှ အရာအားလုံးကို အပြင်ကို မပေါက်ကြားအောင် သတိထား”
ထိုသို့ ပြောပြီးသည့်နောက်တွင် ယွီချန်းရှုက မြင့်မြတ်ထုံးတမ်းခန်းမဆောင်မှ လက်နောက်ပစ်လျက် ထွက်ခွာသွားသည်။
ကျန့်ထင်ကျုံးနှင့် အကြီးအကဲချိုးတို့က သူ့အား လိုက်လံပို့ဆောင်ကြ၏။
...
တိမ်တိုက်တောင်
လုကျိုးနှင့် တခြားသူများက နောက်ဆုံးတွင် ပြန်ရောက်လာကြသည်။
“ရှစ်စွင်း” ရှောင်ယွမ်အာနှင့် ခရုလေးတို့က အပြေးအလွှား ရောက်လာကြသည်။
လုကျိုးက ရှောင်ယွမ်အာနှင့် ခရုလေးကို ကြည့်ကာ သူတို့၏ အရှိန်အဝါအပြောင်းအလဲကို ခံစားမိလိုက်၏။ ထို့ကြောင့် သူက မေးလိုက်သည်။
“မင်းတို့ ကျင့်ကြံဆင့်တွေ တိုးတက်လာပြီလား”
ရှောင်ယွမ်အာက ပြုံးကာ ပြောလိုက်သည်။
“ရှစ်စွင်းရဲ့ ကျေးဇူးကြောင့်ပါ။ တပည့်က အခု ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူ ဖြစ်သွားပြီ။ ရှောင်ရှစ်မေ့ကတော့ ထိပ်သီးပွင့်ချပ်သုံးလွှာ ကျင့်ကြံသူ ဖြစ်နေပါပြီ”
နျဲ့ချင်းယွင်က တအံ့တသြဖြင့် “ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်တာဆိုတော့ တောက်ပတဲ့ အလားအလာမျိုး ရှိနေတာပဲ”
တိမ်တိုက်တောင်တွင် ပါရမီရှင် တပည့်များစွာ ရှိသော်လည်း ဤမိန်းကလေး ၂ယောက်နှင့် အလှမ်းကွာနေသေး၏။
လုကျိုးက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ ထိုအရာက ထာဝရစံပြ၏ သက်ရောက်မှုသာ ဖြစ်ရမည်။ ယုံနှင့် သူ့တိုက်ပွဲက ပြင်းထန်လွန်းသည့်အတွက် သူက ရှောင်ယွမ်အာသည် ပွင့်ချပ်အသစ် ထွက်လာမှန်း သတိမထားခဲ့မိပေ။
ထိုစဥ် မုန့်ချန်းသုံက လီယွင်ကျန်း၊ ရှားချန်ချိုး၊ ဝူဝူနှင့် ကျီဖုန်းရှင်းတို့ကို ခေါ်ဆောင်လာ၏။
သိပ်မကြာခင် တိမ်တိုက်တောင်၏ အကြီးအကဲများ ရောက်ရှိလာကြသည်။
“လုချန်းပေ့ တကယ့်ကို ရင်သက်ရှုမောဖွယ် သရုပ်ပြမှုပါပဲ။ မွေးဖွားဇယားချပ်သားရဲကို အံ့မခန်းစွမ်းအားနဲ့ အနိုင်ပိုင်းနိုင်ခဲ့တယ်”
“မွေးဖွားဇယားချပ် နှလုံးသားကို ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ် လုချန်းပေ့”
အားလုံးက ဦးညွှတ်လိုက်ပြီး လုကျိုးကို ဂုဏ်ပြုစကားဆိုလိုက်ကြ၏။
“ဒါက မွေးဖွားဇယားချပ် သားရဲပါပဲ။ ဘာမှမဟုတ်ပါဘူး” လုကျိုးက ပြောလိုက်သည်။
ထိုစဥ် မုန့်ချန်းသုံက ပြောလိုက်၏။ “လုချန်းပေ့ ကျုပ်တစ်ခု ပြောစရာရှိတယ်”
“ပြောပါအုံး”
“ယုံက ထူးခြားတဲ့ ဇာစ်မြစ်ရှိပုံပဲ။ ပတ်ဝန်းကျင်ပိုင်နက်တစ်ခုလုံးကို လေ့လာကြည့်ပေမဲ့ ဒီအရာက ဘယ်ကနေ ရောက်လာတယ်ဆိုတာကို မသိရဘူး။ အခု ပျံသန်းတဲ့ လမ်းကြောင်းအတိုင်း စဥ်းစားပြီးတဲ့နောက်မှာ တစ်စုံတစ်ခုကို ရှာတွေ့ခဲ့တယ်” မုန့်ချန်းသုံက ပြောလိုက်သည်။
“ဘာရှာတွေ့ခဲ့တာလဲ”
“ယုံက ကောင်းကင်ချားတောင်နယ်နိမိတ်ကနေ ရောက်ရှိလာတယ်လို့ ထင်တယ်” မုန့်ချန်းသုံက ပြောလိုက်၏။
တခြားသူများက မုန့်ချန်းသုံ၏ စကားကြောင့် အံ့အားသင့်သွားကြသည်။
ယွီကျန့်ဟိုင်က ဝင်ပြောလိုက်သည်။
“အဲ့ဆို အဲဒီမှာ မွေးဖွားဇယားချပ်သားရဲတွေ ရှိနေသေးတယ်လို့ ပြောတာလား”
“ဟုတ်ပါတယ်”
မုန့်ချန်းသုံက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ် ၂၀၀၀တုန်းက မွေးဖွားဇယားချပ် ကျင့်ကြံသူတွေ ရှိတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့က ပိုလွယ်ကူတယ်။ ဒီနေ့လို အခြေအနေဖြစ်လာတာက ဘာ့ကြောင့်မှန်းဆိုတာ ဘယ်သူမှ မသိကြဘူး။ ဒါပေမဲ့ ကောင်းကင်သိုင်းခုံရုံးက မိုးမြေရဲ့ အတားအဆီးပေါ် အပြစ်ပုံချခဲ့ကြတယ်။ အဲဒါကြောင့် သူတို့က အတာအဆီးကို နှစ် ၂၀၀၀ကြာ ရှာဖွေခဲ့ပေမဲ့ ဘာမှမတွေ့ရှိခဲ့ဘူး။
ဘာပဲဖြစ်ဖြစ် မွေးဖွားဇယားချပ် သားရဲတွေ ပြန်ရောက်ရှိလာပြီဆိုတော့ ဂိုဏ်းတိုင်း၊ ကျင့်ကြံသူတိုင်းက တစ်ကောင်ကို ဖမ်းမိဖို့ အိပ်မက်တော့ မက်နေကြမှာပဲ။
မွေးဖွားဇယားချပ် နှလုံးသားကို အသုံးပြုတာက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူအတွက် သူတို့ရဲ့ မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ ပိုလွယ်ကူတယ်။ ပြီးတော့ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်တဲ့ မွေးဖွားဇယားချပ် သားရဲက မပေါ်လာခဲ့ဘူးလေ။ ယုံက အခုမှ ဘာလို့ ထွက်ပေါ်လာတယ်ဆိုတာကို မသိပေမဲ့ အခုပေါ်ထွက်လာပြီဆိုတော့ အကြောင်းအရင်းတော့ ရှိရမယ်။
ယုံက ရုန်းရင်းဆန်ခတ် ဖြစ်လွန်းတယ်ဆိုတော့ ကောင်းကင်ချားတောင်နယ်နိမိတ်ကို ကျန်တဲ့နေရာကလည်း အလွယ်တကူ မြင်နိုင်တယ်။ အဲ့ဆိုတော့ မွေးဖွားဇယားချပ် သားရဲကို ရှာဖွေဖို့ တခြားဂိုဏ်းကြီးတွေလည်း လာနေလောက်ပြီလို့ ထင်တယ်”
သူက ခေတ္တမျှ နားပြီးသည့်နောက်တွင် ဆက်ပြောလိုက်သည်။
“လုချန်းပေ့ လုချန်းပေ့ရဲ့ နက်နဲလှတဲ့ ကျင့်ကြံဆင့်မျိုးနဲ့ဆိုရင် ကောင်းကင်ချားတောင်နယ်နိမိတ်ကို သွားသင့်တယ်။ လုချန်းပေ့သာ အဲဒီကို ရောက်သွားရင် မွေးဖွားဇယားချပ် နှလုံးသားအတွက် ဘယ်သူကမှ တိုက်ခိုက်ရဲမှာ မဟုတ်ဘူး”
လုကျိုးက အမူအရာကို ပုံမှန်အတိုင်း ထိန်းထားလေသည်။ သူ့စိတ်ထဲ၌မူ ထူးခြားအံ့ဖွယ်စွမ်းအား ကုန်ဆုံးသွားပြီဖြစ်၍ ယုံကြည်ချက် မရှိတော့ပေ။ ထိုသူက မေးလိုက်၏။
“ယွီချန်းရှုရော အဲဒီကို လာမယ်လို့ ထင်လား”
“အဲ့လို ဖြစ်နိုင်ခြေများပါတယ်။ ကောင်းကင်သိုင်းခုံရုံးက မွေးဖွားဇယားချပ်အကြောင်းကို ရှာဖွေနေတာ နှစ်တွေ အတော်အတန်ကြာပြီ။ သူတို့က မွေးဖွားဇယားချပ် သားရဲတွေကိုလည်း လိုက်လံရှာဖွေနေကြတာ။ သူတို့က တောအုပ်တွေနဲ့ အဆုံးမဲ့ပင်လယ်ထဲမှာ ရှာဖွေဖို့ လူတွေကို စေလွှတ်ထားခဲ့တယ်။ နှစ်စဥ် နှစ်တိုင်း အဲဒီအကြောင်းအရင်းကြောင့် အသက်ဆုံးရှုံးရတဲ့ ကျင့်ကြံသူအယောက် ၁၀၀ ရှိခဲ့တယ်။ ယွီချန်းရှုက ဒီလိုအခွင့်အရေးကောင်းမျိုးကို လက်လွတ်ခံမှာ မဟုတ်ဘူး”
မုန့်ချန်းသုံက ဆက်ပြောလိုက်သည်” ဒါပေမဲ့ လုချန်းပေ့ရဲ့ အင်အားနဲ့ဆိုရင် ယွီချန်းရှုကို ကောင်းကင်ချားတောင်နယ်နိမိတ်ဝန်းကျင်မှာ အနိုင်ယူပြီးတော့ ဂုဏ်သတင်း တည်ဆောက်နိုင်မှာပါ”
“...”
ထိုစဥ် လုကျိုးက သူ့ဝှက်ဖဲ စုဆောင်းထားမှုသည် အသုံးမဝင်ကြောင်း ခံစားမိလိုက်၏။ အထူးသဖြင့် ယဲ့ကျန်းလိုမျိုး ပြိုင်ဘက်မျိုးနှင့် ထိပ်တိုက် ရင်ဆိုင်တွေ့သည့်အခါတွင် ဖြစ်၏။
ယွီချန်းရှုက ယဲ့ကျန်းထက် နိမ့်ကျမည် မဟုတ်ပေ။ အကယ်၍ လုကျိုးသာ သူ့ထူးခြားအံ့ဖွယ် စွမ်းအားမရှိပါက ယွီချန်းရှုနှင့် အများဆုံး လက်ရည်တူ ယှဥ်နိုင်ရုံမျှသာ ဖြစ်၏။ ယွီချန်းရှုက ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးကို အုပ်ချုပ်သည့်အတွက် သူ့အသက်ကို ကယ်တင်မည့် နည်းလမ်းများစွာ ရှိနေနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ သူက ယွီချန်းရှုကို မကြောက်ပေ။ သူက ယွီချန်းရှုကို နှိမ်နင်းသည့်အခါ အပြည့်အဝ သေချာစေဖို့သာ လိုချင်မိသည်။
အထွတ်အထိပ် သဏ္ဌာန်ကတ်ကရော...
နျဲ့ချင်းယွင်က ဝင်ပြောလိုက်သည်။
“အစောင့်အရှောက်မုန့် ပြောတာ မှန်တယ်။ အချိန်နဲ့ ဒီရေက လူကို မစောင့်ဘူး။ လုချန်းပေ့ ကျုပ်လည်း လိုက်ခဲ့ပါ့မယ်”
“ရှစ်စွင်း ကျွန်တော်တို့လည်း လိုက်ခဲ့ပါ့မယ်” ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့က တစ်ပြိုင်နက် ပြောလိုက်ကြသည်။
မွေးဖွားဇယားချပ်ကဲ့သို့ အရေးကြီးသည့် ကိစ္စတစ်ခုနှင့် ပတ်သက်လာသည့်အခါ သူတို့က ကိစ္စကြီးဖြစ်လာလိမ့်မည်ဟု သေချာနေ၏။ ကောင်းကင်ချား တောင်နယ်နိမိတ်ဝန်းကျင်တွင် မွေးဖွားဇယားချပ် နှလုံးသားကို ရရှိဖို့ အသေအကြေ တိုက်ခိုက်ကြလိမ့်မည်။
လုကျိုးက မုတ်ဆိတ်သပ်ကာ ထိုအကြောင်းကို စဥ်းစားနေ၏။ နောက်ဆုံးတွင် သူက ပြောလိုက်သည်။
“အခုဘာမှ အလျင်လိုစရာ မလိုဘူး”
ထို့နောက် သူက အဆောက်အဦ၏ ခေါင်မိုးပေါ်မှ အပေါက်ကို လှမ်းကြည့်သည်။
နျဲ့ချင်းယွင်က တစ်ပြိုင်နက် ပြောလိုက်၏။
“ကျုပ် အခုချက်ချင်း လူလွှတ်ပြီး ပြင်ခိုင်းလိုက်ပါ့မယ်။ အခု ဘေးခန်းမဆောင်ကို လိုက်ခဲ့ပါ”
လုကျိုးက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“မွေးဖွားဇယားချပ်က အရေးကြီးတယ်ဆိုတော့ ငါတို့တွေ သတိလက်လွတ်ထားလို့ မဖြစ်ဘူး။ ယုံကို ငါက သတ်လိုက်တာ။ တကယ်လို့ ငါက တိမ်တိုက်တောင်ကနေ ထွက်သွားပြီး ယွီချန်းရှုက ဒီကို လာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် မင်းတို့တွေ ဘယ်လိုလုပ် သူ့ကို မောင်းထုတ်မှာလဲ”
“အာ...” နျဲ့ချင်းယွင်က ပြောစရာ စကားပျောက်ဆုံးသွား၏။ သူက ကောင်းကင်သိုင်းခုံရုံးနှင့် ယှဥ်နိုင်စွမ်း မရှိပေ။
အတိတ်တုန်းက ကောင်းကင်သိုင်းခုံရုံးသည် တိမ်တိုက်တောင်နှင့် ပတ်သက်ပြီး ဂရုမစိုက်ခဲ့ပေ။ သို့သော်လည်း ယခုတွင် မွေးဖွားဇယားချပ် နှလုံးသား ပေါ်ထွက်လာပြီဖြစ်၍ ကိစ္စများက ကွဲပြားသွားပြီ ဖြစ်၏။
လုကျိုးက ဘေးခန်းမအတွင်း ဝင်ရောက်ကာ တခြားသူများကလည်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ရှားချန်ချိုးက သက်ပြင်းချကာ ပြောလိုက်၏။
“ လုချန်းပေ့ရဲ့ စိုးရိမ်မှုတွေက မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ယွီချန်းရှု ရှိနေရင် ကျုပ်တို့တွေက မဆင်မခြင် မလှုပ်ရှားရဲဘူး။ စစ်ခုန်ချန်းပေ့ အဖမ်းခံလိုက်ပြီးဆိုတော့ ကျုပ်တို့တွေ သတိထားသင့်တယ်။
ကောင်းကင်သိုင်းခုံရုံးရဲ့ လုပ်ဆောင်ပုံအရ သူတို့တွေက တိမ်တိုက်တောင်ကို စောင့်ကြည့်ခိုင်းထားမှာ အသေအချာပဲ။ ပြီးတော့ နန်းတော်ထဲက လျှို့ဝှက်ပညာရှင်တွေလည်း ပါလိမ့်မယ်။ နောက်ထပ် ရွေးချယ်စရာတစ်ခုက လုချန်းပေ့အနေနဲ့ ကောင်းကင်ချားတောင်နယ်နိမိတ်ကို တစ်ယောက်တည်း သွားပြီး ကျုပ်တို့က တိမ်တိုက်တောင်ကို စောင့်ကြည့်ပြီး ကျန်နေခဲ့ဖို့ပဲ”
စစ်ခုန်ပေချန်း၏ ဖြစ်ရပ်အပြီးတွင် တိမ်တိုက်တောင်ရှိ တပည့်များက တောင်မှ ထွက်သွားဖို့ရာ စိုးထိတ်နေကြ၏။
ဘေးခန်းမအတွင်း ဝင်ရောက်လာသည့် လုကျိုးက ထိုကိစ္စကို စဥ်းစားလိုက်သည်။
လက်ရှိ ယွီချန်းရှုမှလွဲ၍ ရှားဟို့ရှန်း၊ ဓားတစ်ထောင်ဘုံကျောင်း၏ ကျန်းကျန့်နှင့် နန်းတော်၏ လျှို့ဝှက်ပညာရှင်များအပြင် သူ့အနေနှင့် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူများကို စိုးရိမ်စရာ မလိုအပ်ပေ။
လုကျိုးက သူသည် ယွီချန်းရှုကို တစ်ယောက်တည်း ကိုင်တွယ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိ၏။ သို့သော် ယွီချန်းရှုဘက်တွင် တခြားသော ပညာရှင်များရှိပါက သူ့အနေနှင့် အခက်တွေ့လိမ့်မည်။ သူက ယဲ့ကျန်းလိုမျိုး အခြေအနေကို ထပ်ခါထပ်ခါ မဖြစ်လိုပေ။
ခေတ္တမျှကြာပြီးသည့်နောက်တွက် လုကျိုးက ယုံ၏ နှလုံးသားကို ထုတ်ယူလိုက်၏။ သူက လေ့လာကြည့်ရင်း စိတ်ထဲမှ တွေးလိုက်သည်။
ဒီပစ္စည်းက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူကို သူ့မွေးဖွားဇယားချပ် အသက်သွင်းဖို့ ကူညီပေးနိုင်တာလား...။