← Chapters

အခန်း (၅၃၁-၅၃၂)

Vol. 54 Ch. 531-532

အခန်း (၅၃၁-၅၃၂)

Vol. 54 Ch. 531-532

အခန်း (၅၃၁) မီလောင်ရဲ့ တာဝန်

​"သူသာ ပါးနပ်မယ်ဆိုရင် ဒါဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာနိုင်တယ်" လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

​ထိုကောင်လေး၏ နောက်ထပ် တိုက်ကွက်ကို မြင်လိုက်ရသောအခါ လုံချန်းမှာ ခေါင်းခါရုံမှအပ မတတ်နိုင်တော့ပေ။ သူသည် ဓားကို လွှတ်ချလိုက်ပြီး ရွှမ်ယီ၏ လည်ပင်းအား ရည်ရွယ်ကာ ကန်ချက်ထုတ်လိုက်သော်လည်း ထိုကန်ချက်မှာလည်း လွဲချော်သွားခဲ့သည်။

​'ငတုံးပဲ။ မင်း တိုက်ခိုက်နေတုန်းမှာ ဓားကို မြဲမြဲကိုင်ထားသင့်တာ။ ဓားကို ပြန်ရုန်းထွက်ဖို့ ကြိုးစားနေရင်း တစ်ပြိုင်နက်တည်း ကန်လိုက်မယ်ဆိုရင် သူ့ရဲ့ လှုပ်ရှားမှုက ကန့်သတ်ခံရမှာပဲ။ အခုတော့ ဓားကို မကိုင်ထားတော့တဲ့အတွက် သူက လွတ်လွတ်လပ်လပ် ရှောင်လို့ရသွားပြီ' လုံချန်းက စိတ်ပျက်လက်ပျက်ဖြင့် တွေးနေမိသည်။

​လုံချန်း တွေးထားသည့်အတိုင်းပင် ဖြစ်ပျက်ခဲ့သည်။ ရွှမ်ယီသည် သူမ၏ ခန္ဓာကိုယ်ကို နှိမ့်ချလိုက်ပြီး တိုက်ကွက်ကို ရှောင်တိမ်းလိုက်သည်။

​ကန်ချက်မှာ သူမ၏ ခေါင်းပေါ်မှ ဖြတ်သွားသည်။ ရွှမ်ယီသည် ပြန်လည် မတ်တပ်ရပ်လိုက်ပြီး ဓားကို ဝေးရာသို့ လွှင့်ပစ်လိုက်သည်။

​ကောင်လေးသည် သူ၏ ပညာရပ်တစ်ခုကို အသုံးပြုကာ သူမ၏ ရင်ဘတ်ဆီသို့ အနက်ရောင် လျှပ်စီးလုံးတစ်ခု ပစ်လွှတ်လိုက်သော်လည်း သူ မျှော်လင့်သလောက် ခရီးမရောက်ခဲ့ပေ။ ထိုတိုက်ကွက်ကိုလည်း ရွှမ်ယီက တစ်နည်းနည်းဖြင့် ရှောင်တိမ်းနိုင်ခဲ့ပြန်သည်။

​ဤမျှ နီးကပ်သော အကွာအဝေးမှနေ၍ ရွှမ်ယီက သူ၏ ကိုယ်ခံပညာ စွမ်းရည်တွေကို မည်သို့ ရှောင်တိမ်းသွားသည်ကို သူ မယုံနိုင်အောင် ဖြစ်နေသော်လည်း လုံချန်းအတွက်တော့ ၎င်းမှာ အတော်ပင် အထင်ကြီးစရာ ကောင်းလှသည်။

​"သူမက အနီးကပ် တိုက်ခိုက်ရေးမှာ တော်သားပဲ" လုံချန်းက ခေါင်းညိတ်ရင်း ရေရွတ်လိုက်သည်။ အကယ်၍ သူသာ ထိုကောင်လေး၏ နေရာတွင် ရှိနေပါက သူမကို အနိုင်ယူနိုင်မလားဟု သူ တွေးတောမိပြီး အနိုင်ယူနိုင်လိမ့်မည်ဟုလည်း သူ ယုံကြည်သည်။

​ရွှမ်ယီက အားနည်းချက်တစ်ခု ပေးထားပြီး သူက ပညာရပ်များကို သုံးခွင့်ရနေချိန်တွင် သူမအား သတ်ရန်မှာ လွယ်ကူလှသည်။ သို့သော် အကယ်၍ သူမက ဤကဲ့သို့ အခွင့်အရေးမျိုး ပေးမထားလျှင်တော့ အခြေအနေက လုံးဝ ပြောင်းလဲသွားပေလိမ့်မည်။

​ရွှမ်ယီနှင့် ကောင်လေးတို့၏ တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွားနေသည်။ အခြားသူများအတွက်တော့ ယင်းက သာမန် တိုက်ပွဲလေးတစ်ခု ဖြစ်သော်လည်း ကောင်လေးအတွက်မူ ၎င်းမှာ သူ၏ အသက်အတွက် တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။ ကုန်ဆုံးသွားသော စက္ကန့်တိုင်းမှာ သူ့အတွက် တစ်နာရီခန့် ကြာမြင့်နေသကဲ့သို့ ခံစားရပြီး တစ်မိနစ် ပြည့်တော့မည်ကို သိလိုက်ရသဖြင့် သူ၏ နှလုံးခုန်သံမှာလည်း ပိုမို မြန်ဆန်လာသည်။

​သူသည် ကျန်ရှိနေသော သုံးစက္ကန့်အတွင်း သူ၏ နောက်ဆုံး တိုက်ကွက်ကို အစွမ်းကုန် ထုတ်သုံးလိုက်သော်လည်း ကျရှုံးသွားခဲ့သည်။ ရွှမ်ယီမှာ နောက်တစ်ကြိမ် လွတ်မြောက်သွားပြန်သည်။ ၎င်းမှာ သူ၏ ဘဝတွင် အရေးအကြီးဆုံး စက္ကန့် ၆၀ ဖြစ်သော်လည်း သူသည် ရွှမ်ယီကို ထိရန်ပင် မစွမ်းသာခဲ့ပေ။

​ဘာတွေ ဖြစ်လာတော့မည်ကို သိနေသဖြင့် သူသည် ဒူးထောက် လဲကျသွားသည်။ တစ်မိနစ် အချိန်မှာ ပြည့်သွားခဲ့ပြီ။ ရွှမ်ယီသည် တစ်မိနစ် ပြည့်သည်နှင့် ကောင်းကင်သို့ ပျံတက်သွားပြီး ကောင်လေး၏ ရှေ့တွင် ဓားတစ်လက်ကို ကိုင်ကာ ပြန်လည် ဆင်းသက်လိုက်သည်။

​"စိတ်ပျက်စရာပဲ" သူမက ရေရွတ်ရင်း ကောင်လေး၏ ရင်ဘတ်ထဲသို့ ဓားဖြင့် ထိုးစိုက်လိုက်သည်။

​ကောင်လေး၏ လည်ချောင်းမှ သွေးများ ပန်းထွက်လာပြီး ပါးစပ်ထဲတွင် ပြည့်သွားသည်။ ရွှမ်ယီသည် ဓားကို ပြန်လည် ဆွဲထုတ်လိုက်ပြီး ကောင်လေး မြေပြင်ပေါ်သို့ လဲကျသွားသည်ကို စောင့်ကြည့်နေသည်။ သူ၏ အသက်အလင်းတိုင် ငြိမ်းသွားသည်နှင့်အမျှ သူ၏ ပါးစပ်နှင့် ရင်ဘတ်မှ သွေးများ အဆက်မပြတ် စီးထွက်နေတော့သည်။

​ကောင်လေးမှာ ရွှမ်ယီ၏ ခြေရင်းတွင်ပင် အသက်ပျောက်သွားခဲ့သည်။

​ကောင်လေး သေဆုံးသွားပြီးနောက် ရွှမ်ယီသည် သူ၏ ခန္ဓာကိုယ်ကို လှန်လိုက်ပြီး ပါးစပ်ထဲသို့ အသက်ကယ်ဆေး တစ်လုံး ထည့်ပေးလိုက်သည်။

​ကောင်လေး၏ ရင်ဘတ်ဒဏ်ရာမှာ ပြန်လည် ကုသသွားပြီး အသက်ပြန်ဝင်လာသည်။ သူသည် အတင်းအကျပ် ချောင်းဆိုးရင်း ထထိုင်လိုက်သည်။ ချောင်းဆိုးတိုင်း သွေးများ ပါလာသည်။ သူ၏ ပါးစပ်နှင့် လည်ချောင်းထဲတွင် သွေးများဖြင့် ပြည့်နေခဲ့သည်။ စက္ကန့်အနည်းငယ်ကြာ ချောင်းဆိုးပြီးနောက်တွင်မှ သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးပုပ်များကို အကုန် ထုတ်နိုင်ခဲ့သည်။

​"နင့်ရဲ့ စွမ်းဆောင်ရည်က စိတ်ပျက်စရာပဲ။ တိရစ္ဆာန်တွေတောင် နင့်ထက် ပိုတော်အောင် တိုက်နိုင်သေးတယ်။ နင်က မျက်စိမှိတ်ပြီး တိုးနေတာပဲ။ ငါ တမင်တကာ ဟာကွက်တွေ အများကြီး ပေးထားခဲ့ပေမဲ့ နင်ကတော့ ဇွတ်တိုး တိုက်ခိုက်နေရတာနဲ့ ဘာကိုမှ မမြင်နိုင်ခဲ့ဘူး" ရွှမ်ယီက သက်ပြင်းချရင်း ကောင်လေးကို ပြစ်တင် မောင်းမဲလိုက်သည်။

​ကောင်လေးမှာ အရှက်ရစွာဖြင့် ခေါင်းငိုက်စိုက်ချထားရုံမှအပ ဘာမှ မတတ်နိုင်ပေ။

​သူမသည် အခြားတပည့်များကို လှည့်ကြည့်လိုက်သည်။

​"မင်းတို့ အားလုံး မှတ်ထားရမယ်။ အတွေ့အကြုံ ပိုများတဲ့ ရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါ မျက်စိမှိတ် တိုးဝင်တာက ဘာမှ အထောက်အကူ မဖြစ်ဘူး။ မင်းတို့ အချိန်ယူပြီး တိုက်ပွဲမှာ ဘယ်လို အသာစီးရမလဲဆိုတဲ့ သေချာတဲ့ အစီအစဉ်တစ်ခု ဆွဲရမယ်။ မင်းတို့ ကြောက်နေနိုင်ပေမဲ့၊ မျက်စိမှိတ်ထားလို့တော့ မဖြစ်ဘူး။ ဒီသင်ခန်းစာကို မှတ်ထားကြပါ၊ ဒါဟာ တစ်နေ့မှာ မင်းတို့ရဲ့ အသက်ကို ကယ်နိုင်လိမ့်မယ်" ရွှမ်ယီက အားလုံးကို ပြောပြလိုက်သည်။

​"ခစ်ခစ်... ဒါက ငါ နင့်ကို အမြဲ ပြောနေကျ အရာပဲ မဟုတ်လား။ သူ့ဆီကနေ တစ်ခုခု သင်ယူလိုက်ဦး"

​ရွှမ်ယီကို ကြည့်နေသော လုံချန်းမှာ ရွှင်း၏ စကားကို ကြားလိုက်ရသဖြင့် မျက်နှာမှာ ရှုံမဲ့သွားသည်။

​'ငါ နင့်ဆီက သင်ယူရမှာပေါ့။ ငါတို့ အိမ်ပြန်ရောက်တဲ့အခါ ငါ့ရှေ့ကို ပေါ်လာကြည့်လိုက်ဦး' လုံချန်းက စိတ်တိုတိုဖြင့် ရွှင်းကို ပြန်ပြောလိုက်သည်။

​"ပြန်သွားတော့" မြေပြင်ပေါ်တွင် ထိုင်နေဆဲဖြစ်သော ကောင်လေးကို ရွှမ်ယီက ပြောလိုက်ပြီး နောက်သို့ လှည့်ထွက်သွားသည်။

​ကောင်လေးမှာ မတ်တပ်ရပ်ကာ သူ၏ ထိုင်ခုံသို့ အားမရှိစွာ လျှောက်သွားသည်။ စမ်းသပ်မှုတွင် ပါဝင်ခဲ့သူတိုင်း သွေးများ စွန်းထင်းနေကြသော်လည်း မည်သူမျှ အဝတ်အစား လဲရန်အတွက် စိတ်မသက်မသာ ဖြစ်နေပုံ မရပေ။

​၎င်းမှာ သူတို့ တကယ် ဂရုမစိုက်ကြခြင်းကြောင့်လား သို့မဟုတ် အဝတ်အစားလဲရန် ခွင့်တောင်းခြင်းဖြင့် ရွှမ်ယီကို အနှောင့်အယှက် မပေးချင်ကြခြင်းကြောင့်လားဟု လုံချန်းက တွေးတောမိသည်။

​"နောက်တစ်ယောက်" ရွှမ်ယီက ဆိုသည်။

​နောက်တစ်ကြိမ် သေဆုံးခြင်း လုပ်ငန်းစဉ်များ စတင်ပြန်သည်။ တပည့်များမှာ တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်လာကြပြီး သူတို့ကို သေဆုံးစေမည့် ထိတ်လန့်စရာ တာဝန်များကို ရွေးချယ်မိကြသည်။

​လုံချန်းသည် သူတို့အားလုံးနီးပါး သူ၏ မျက်စိရှေ့တွင်ပင် သေဆုံးသွားကြသည်ကို မြင်ခဲ့ရသည်။ အချို့မှာ ရက်ရက်စက်စက် သေဆုံးခဲ့ကြသလို အချို့သော သေဆုံးမှုများမှာမူ ထူးထူးဆန်းဆန်း ရယ်စရာပင် ကောင်းနေသည်။ ဤတာဝန်များကို ရေးသားသူမှာ ရက်စက်စွာ သေဆုံးရမည့် နည်းလမ်းများကို ရေးသားရသည်မှာ ငြီးငွေ့လာသဖြင့် ရယ်စရာကောင်းသော နည်းလမ်းအချို့ကိုပါ ထည့်သွင်းထားပုံရသည်။

​သေမင်းတမန် အနက်ရောင်သေတ္တာထဲသို့ လက်နှိုက်ခဲ့သူတိုင်း သေဆုံးသွားသည်ကို လုံချန်း မြင်ခဲ့ရသည်။ မသေဘဲ ကျန်ခဲ့သူဟူ၍ အခြားတပည့်များ ကျန်နေခဲ့စဉ် သက်ရှိညွန်ပျံသို့ ခေါ်ဆောင်သွားခြင်းခံရသော ရူရှင်တစ်ဦးတည်းသာ ရှိသည်။

​လုပ်ငန်းစဉ်မှာ ဆက်လက် ဖြစ်ပွားနေပြီး နောက်ဆုံးတွင် နောက်ဆုံးလူ၏ အလှည့် ရောက်လာသည်။ ၎င်းမှာ မီလောင် ဖြစ်သည်။

​မီလောင်မှာ မတ်တပ်ရပ်ကာ အနက်ရောင်သေတ္တာဆီသို့ လျှောက်သွားသည်။ သူမသည် လက်နှိုက်ကာ စာရွက်တစ်ရွက် ဆွဲထုတ်လိုက်သည်။

​သူမသည် စာရွက်ကို ဖြန့်ကာ ဖတ်လိုက်သည်။

​"ပြဿနာ နှစ်ဆ" မီလောင်က ဇဝေဇဝါဖြင့် ရေရွတ်လိုက်ကာ ထိုစာရွက်ကို ရွှမ်ယီအား ပြသလိုက်သည်။

​"အနောက်ဘက်မှာလည်း တစ်ခုခု ရေးထားသေးတယ်။ အဲဒါကို ဖတ်ကြည့်ဦး" စာရွက်အနောက်မှ စာသားများကို သတိပြုမိသွားသော ရွှမ်ယီက သတိပေးလိုက်သည်။

​မီလောင်သည် စာရွက်ကို လှန်ကာ စတင်ဖတ်ရှုသည်။

​"တာဝန်သေတ္တာထဲက တာဝန်ကို မရွေးရသေးတဲ့ ဆန့်ကျင်ဘက် လိင်တစ်ဦးကို နမ်းပါ။ မင်း သူ့ကို နမ်းရမှာ ဖြစ်သလို အဲဒီနောက်မှာ မင်းကို မသတ်ဖို့ သူ့ကို နားချရမယ်။ တကယ်လို့ အဲဒီလူက မင်းစကားကို နားထောင်ပြီး မသတ်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် မင်း အောင်မြင်ပြီပဲ။ တကယ်လို့ အဲဒီလူက မင်းကို သတ်လိုက်မယ်ဆိုရင်တော့ မင်း ကျရှုံးပြီ ဖြစ်သလို အဲဒီလူဟာ တာဝန်နှိုက်စရာ မလိုဘဲ ရွေးချယ်ခံရမှာ ဖြစ်တယ်။ မင်းက အဲဒီလူကို ပြန်လည် ခုခံတာမျိုး ဒါမှမဟုတ် ရှောင်တိမ်းတာမျိုး မလုပ်ရဘူး။ တကယ်လို့ အဲဒီလူက မင်းကို သတ်ဖို့ ကြိုးစားရင် မင်းက အငြိမ်ရပ်ပြီး အသေခံရမယ်၊ ဒါမှမဟုတ် အကြီးအကဲကိုယ်တိုင်က မင်းကို သတ်လိမ့်မယ်။ အဲဒီလို အခြေအနေမျိုးမှာတော့ မင်း အသက်ကယ်ဆေး ရမှာ မဟုတ်ဘူး"

အခန်း (၅၃၂) လုံချန်းကို ဖိအားပေးခြင်း

​မီလောင်သည် စာဖတ်ခြင်းကို အဆုံးသတ်လိုက်ပြီး ရွှမ်ယီကို ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။

​"ဒါက ရိုးရှင်းပါတယ်။ နင် တာဝန်မရသေးတဲ့ ဆန့်ကျင်ဘက်လိင် တစ်ယောက်ကို နမ်းရမယ်၊ ပြီးတော့ နင့်ရဲ့ ဆွဲဆောင်မှု ဒါမှမဟုတ် စကားပြောကောင်းမှုနဲ့ နင့်ကို မသတ်ဖို့ သူ့ကို နားချရမယ်" ရွှမ်ယီက ရှင်းပြသည်။

​'စိတ်ဝင်စားစရာကောင်းတဲ့ တာဝန်ပဲ။ ဆိုလိုတာက သူက သူ့ရဲ့ ဆွဲဆောင်မှုကို သုံးပြီး တစ်ဖက်လူကို မသတ်အောင် စည်းရုံးရမှာပေါ့။ ဒါက ထူးခြားတဲ့ စမ်းသပ်မှုပဲ။ နမ်းရတာကတော့ အဲဒီလူနဲ့ ရင်းနှီးမှုအရင် တည်ဆောက်ပြီး စည်းရုံးရတာ ပိုလွယ်သွားအောင် ဖြစ်ရမယ်။ နေဦး... သူက နောက်ဆုံးလူလေ။ သူ့ရှေ့က ယောင်္ကျားလေးတွေ အားလုံးက တာဝန်နှိုက်ပြီးသွားပြီ။ ဒါကို ရေးတဲ့သူက ဒါကို ထည့်မတွက်မိတာလား။ ဒါက ပြဿနာအကြီးကြီးပဲ။ ဘယ်သူမှ မကျန်တော့ဘူး။ သူ့ကို နောက်စာရွက်တစ်ရွက် ထပ်နှိုက်ခိုင်းရတော့မယ် ထင်တယ်' လုံချန်းက ခေါင်းခါရင်း တွေးလိုက်သည်။

​သူ၏ ထင်မြင်ချက်မှာ ရွှမ်ယီ၏ စကားကို ကြားလိုက်ရချိန်တွင် ချက်ချင်းပင် ရိုက်ချခြင်း ခံလိုက်ရသည်။

​"မူလင်း တစ်ယောက်ပဲ တာဝန် မနှိုက်ရသေးတာ ရှိတယ်။ သူကပဲ ဒီတာဝန်မှာ နင့်ရဲ့ ပြိုင်ဘက် ဖြစ်လိမ့်မယ်" ရွှမ်ယီက လုံချန်းကို ကြည့်ကာ ပြောလိုက်သည်။

​"နေ... နေပါဦး။ ကျွန်တော်က ဒီစမ်းသပ်မှုမှာ ပါဝင်နေတာတောင် မဟုတ်ဘူးလေ။ ပြီးတော့ ကျွန်တော် သူ့ကို မနမ်းချင်ဘူး" လုံချန်းက မတ်တပ်ရပ်ကာ ကန့်ကွက်လိုက်သည်။

​"ဒါက ကျောင်းတော်ယဇ်ပုရောဟိတ် ကိုယ်တိုင်ရေးထားတဲ့ တာဝန်ပဲ။ ပြောင်းလဲလို့ မရဘူး။ ပြီးတော့ ဒီတာဝန်ထဲမှာ စမ်းသပ်မှုမှာ ပါဝင်နေတဲ့သူ ဖြစ်ရမယ်လို့လည်း မပါဘူး။ နောက်ပြီး ဒီတာဝန်ကို ဖျက်ဆီးဖို့ ကြိုးစားတဲ့သူ ဘယ်သူမဆို ငါကိုယ်တိုင် သတ်ပစ်မယ်၊ အဲဒါ နင်ဖြစ်နေရင်တောင်မှပဲ မူလင်း။ သူ့ကို နမ်းခွင့်ပေးလိုက်၊ ပြီးရင် သူပြောတာကို နားထောင်ပြီးမှ နင် ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်" ရွှမ်ယီက လုံချန်းကို ပြောလိုက်သည်။

​ရွှမ်ယီသည် လုံချန်းကို သတ်မည်ဟု ပြောသည်မှာ လိမ်ညာနေခြင်း ဖြစ်သည်။ သူသည် သတ်ပစ်ရန် အလွန် အဖိုးတန်လွန်းသူဖြစ်သော်လည်း တာဝန်အတိုင်း လိုက်နာလာစေရန် သူမက ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။ ကျောင်းတော်ယဇ်ပုရောဟိတ်၏ တာဝန်ဆိုသည်မှာ အလွန်အရေးကြီးသော ကိစ္စ မဟုတ်လော။

​လုံချန်းကတော့ သက်ပြင်းချရင်း မတ်တပ်ရပ်လိုက်သည်။ သူမက သူ့ကို တကယ် သတ်ကောင်း သတ်နိုင်သည်ဟု သူ ယုံကြည်ထားသည်။ သူမက တကယ့် စိတ်ဝေဒနာရှင် မဟုတ်လော။ သူမက သူ့ကို သတ်ပြီးမှ အသက်ကယ်ဆေးနှင့် ပြန်အသက်သွင်းပေးမည် ဖြစ်သော်လည်း သူ စွန့်စားမကစားချင်ပေ။ အကယ်၍ သူသာ အသတ်ခံရပါက သူ ဝတ်ဆင်ထားသော လှည့်စားခြင်းမျက်နှာဖုံးက အလုပ်လုပ်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သူ ဤတာဝန်ကို လိုက်လျောရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

​မီလောင်သည် လုံချန်းကို ကြည့်ရင်း လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူမ သူ့ကို မည်မျှပင် မုန်းတီးနေပါစေ ယခုအခါ သူမ၏ အသက်နှင့် ဆိုင်နေပြီ ဖြစ်သည်။ အကယ်၍ သူမ မလုပ်ပါက အကြီးအကဲရွှမ်က သူမကို တကယ် သတ်လိမ့်မည်ဖြစ်ပြီး ထိုသို့ အသတ်ခံရပါက အသက်ကယ်ဆေးပင် ရမည်မဟုတ်ဟု သူမ ယုံကြည်ထားသည်။ မိမိမုန်းတီးသော သူကို နမ်းရခြင်းမှာ ထာဝရ သေဆုံးသွားရခြင်းထက်စာလျှင် ပို၍ တော်သေးသည်။

​သူမသည် အမူအရာကို ချက်ချင်း ပြောင်းလဲလိုက်ပြီး ချစ်စဖွယ် အပြုံးလေးဖြင့် လုံချန်းထံသို့ လျှောက်သွားသည်။

​သူမသည် လုံချန်း၏ ရှေ့တွင် လက်မအနည်းငယ်သာ ကွာဝေးသော အကွာအဝေး၌ ရပ်လိုက်သည်။

​"အစ်ကိုကြီးမူ... အစ်ကို မသိတာ တစ်ခုရှိတယ်၊ ညီမ အစ်ကို့ကို သဘောကျနေခဲ့တာ ကြာပါပြီ။ အစ်ကို မှတ်ဉာဏ်မပျောက်ခင်တုန်းက တို့တွေ အများကြီး စကားပြောခဲ့ကြဖူးတယ်လေ။ ဒါကို တာဝန်ကြောင့် ပြောနေတာ မဟုတ်ပါဘူး၊ တကယ်ပဲ အစ်ကို့ကို စိတ်ဝင်စားနေခဲ့တာပါ။ အစ်ကို မှတ်ဉာဏ်မပျောက်ခင်က ညီမကို ကြည့်ခဲ့တဲ့ အကြည့်တွေကြောင့် အစ်ကိုလည်း ညီမကို သဘောကျတယ်ဆိုတာ သိပါတယ်။ တို့တွေရဲ့ ပတ်သက်မှုကို တရားဝင် ဖြစ်အောင် လုပ်ကြရအောင်လား။ ညီမကို အစ်ကို့ရဲ့ မိန်းကလေး အဖြစ် လက်ခံပေးပါ" ထိုသို့ ဆိုကာ မီလောင်က ရှေ့သို့ တစ်လှမ်းတိုးပြီး သူမ၏ နှုတ်ခမ်းများကို သူ၏ နှုတ်ခမ်းများဆီသို့ နီးကပ်စေလိုက်သည်။

​သူမ၏ နှုတ်ခမ်းများမှာ သူနှင့် ထိတွေ့သွားသည်။ လုံချန်းသည် ၎င်းကို အလွန်အမင်း မုန်းတီးနေခြင်းမျိုး မဟုတ်သော်လည်း သဘောကျနေခြင်းလည်း မဟုတ်ပေ။ သို့သော် သူသည် ထိုလုပ်ရပ်က ဖော်ဆောင်နေသည့် အဓိပ္ပာယ်ကိုတော့ သဘောကျနေသည်။ မူလင်းကို သတ်ခဲ့သော မိန်းကလေးက သူ့ကို နမ်းနေခြင်း ဖြစ်သည်။ သူမ သူ့ကို မည်မျှ မုန်းနေမည်ကို သူ သိသည်။ သူမကို ပို၍ စိတ်တိုစေရန် လုံချန်းက သူမ၏ သွယ်လျသော ခါးလေးကို ဖက်တွဲလိုက်သည်။

​"ဟင်"

​လုံချန်းက သူမကို ဖက်လိုက်သောအခါ မီလောင်မှာ အံ့အားသင့်သွားပြီး ပါးစပ်လေး အနည်းငယ် ဟသွားသည်။ သူမ၏ ချိုမြိန်သော ပါးစပ်လေးအတွင်းသို့ နူးညံ့နွေးထွေးသော အရာတစ်ခု ကျူးကျော်ဝင်ရောက်လာသည်ကို ခံစားလိုက်ရသောအခါ သူမ၏ အံ့သြမှုမှာ ပို၍ ကြီးမားသွားတော့သည်။ ၎င်းမှာ လုံချန်းက အနမ်းကို ပို၍ နက်ရှိုင်းစေရန် သူ၏ လျှာကို သူမ၏ ပါးစပ်ထဲသို့ ထည့်လိုက်ခြင်း ဖြစ်သည်။

​မီလောင်သည် သူမ၏ စင်ကြယ်သော ပါးစပ်ကို ညစ်ပတ်အောင် လုပ်သည့်အတွက် လုံချန်း၏ ရင်ဘတ်ကို ဓားနှင့် ထိုးပစ်ချင်နေသော်လည်း ပိုမိုကြီးမားသော အရာတစ်ခုက စိုးရိမ်ရသည့် အခြေအနေ ဖြစ်နေသဖြင့် သူမ အောင့်အည်း သည်းခံနေရသည်။

​လုံချန်းက သူမ၏ လျှာနှင့် ပါးစပ်ကို အပြည့်အဝ အသုံးချကာ အရသာခံနေစဉ် သူ၏ လက်များကလည်း သူမ၏ ကျောပြင်အနှံ့ လှုပ်ရှားနေသည်ကို သူမ ခွင့်ပြုထားလိုက်ရသည်။

​ငါးမိနစ်ခန့် နမ်းပြီးနောက်တွင်မှ လုံချန်းက သူမကို လွှတ်ပေးလိုက်သည်။

​"ဒါ... ဒါက တကယ့်ကို အံ့သြဖို့ ကောင်းတယ် အစ်ကိုမူ။ ဒီလိုမျိုးကို ညဘက်မှာလည်း ဆက်လုပ်ဖို့ ညီမ မျှော်လင့်နေပါတယ်။ အစ်ကို ညီမကို သတ်မှာ မဟုတ်ဘူး မဟုတ်လား" မီလောင်က သူ၏ ရင်ဘတ်ပေါ်သို့ လက်တင်ကာ သူ၏ မျက်လုံးများကို စိုက်ကြည့်ရင်း ချစ်စဖွယ် မေးလိုက်သည်။

​"အာ..."

​ရုတ်တရက် မီလောင်၏ မျက်လုံးများမှာ အံ့သြလွန်း၍ ပြူးကျယ်သွားသည်။

​သူမသည် အောက်သို့ ငုံ့ကြည့်လိုက်ရာ သူမ၏ နှလုံးသားထဲသို့ ဓားတစ်လက် ထိုးစိုက်ထားသည်ကို မြင်လိုက်ရသည်။ ဓားဖျားမှာ ကျောဘက်သို့ပင် ထွက်နေသည်။

​လုံချန်းက ဓားကို ပြန်ဆွဲထုတ်လိုက်သောအခါ မီလောင်သည် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

​"ငါ့ရဲ့ အတိတ်ကိုတော့ ငါ မမှတ်မိဘူး၊ ဒါပေမဲ့ တစ်ခုတော့ ငါ သေချာတယ်။ ငါ မင်းကို သဘောကျတယ်လို့ မင်းပြောတာက လိမ်ညာတာပဲ။ မင်းက ငါ သဘောကျနိုင်မယ့် လူစားမျိုး မဟုတ်ဘူး" လုံချန်းက သူမ၏ အားနည်းနေသော မျက်လုံးများကို ကြည့်ကာ ပြောလိုက်သည်။ "ပြီးတော့ ကိုယ် တကယ်မချစ်တဲ့သူကိုတောင် နမ်းဖို့ ဆုံးဖြတ်တဲ့ မိန်းကလေးမျိုးကို ယဇ်ပူဇော်ပွဲမှာ ငါတို့ကိုယ်စားပြုအနေနဲ့ မလွှတ်ချင်ဘူး"

​မီလောင်၏ မျက်လုံးများ မှိတ်သွားပြီး သူမ သေဆုံးသွားခဲ့သည်။

​ရွှမ်ယီသည် ရှေ့သို့ တိုးလာကာ မီလောင်၏ ပါးစပ်ထဲသို့ အသက်ကယ်ဆေး တစ်လုံး ထည့်ပေးလိုက်သည်။

​"ဂုဏ်ယူပါတယ် မူလင်း၊ နင်က ငါတို့အတန်းရဲ့ ယဇ်ပူဇော်ပွဲမှာ ကိုယ်စားပြုမယ့် ဒုတိယမြောက်လူ ဖြစ်သွားပြီ" ရွှမ်ယီက ကြေညာလိုက်သည်။

​"နေပါဦး! ကျွန်တော်က အတွင်းပိုင်း စမ်းသပ်မှုမှာတောင် ပါဝင်နေတာ မဟုတ်ပါဘူး၊ ပြီးတော့ ယဇ်ပူဇော်ပွဲမှာလည်း မပါချင်ဘူး! အကြီးအကဲက လုပ်ရမယ်လို့ ပြောလို့သာ ဒီတာဝန်မှာ ပါဝင်ခဲ့တာပါ။ ကျွန်တော် ဘယ်နေရာကိုမှ မယူချင်ဘူး" လုံချန်းက ခေါင်းခါရင်း အော်ဟစ်လိုက်သည်။ သူသည် စမ်းသပ်မှုတွင် မပါဝင်ချင်ခဲ့သော်လည်း တစ်လောကလုံးက သူ့ကို အတင်းအကျပ် ပါဝင်ခိုင်းနေသကဲ့သို့ ဖြစ်နေသည်။ သူ မည်သို့ ဤကိစ္စတွင် ပါဝင်သွားရသနည်းဆိုသည်ကိုပင် သူ နားမလည်နိုင်တော့ပေ။

​"အခုတော့ နောက်ကျသွားပြီ။ တာဝန်ထဲမှာ နိုင်တဲ့သူက နေရာရမယ်လို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ အဲဒီလူက စမ်းသပ်မှုမှာ ပါဝင်နေတဲ့သူ ဖြစ်ရမယ်လို့ မပါဘူး။ နင့်ရဲ့ သတင်းစကားကို ကျောင်းတော်ယဇ်ပုရောဟိတ်တွေဆီ ငါ ပါးပေးလိုက်မယ်။ နင် ပါဝင်ဖို့ လို မလိုဆိုတာ သူတို့ ဆုံးဖြတ်လိမ့်မယ်။ လောလောဆယ်တော့ နင်နဲ့ ရူရှင်က ငါတို့ကိုယ်စားပြုတွေပဲ" ရွှမ်ယီက လုံချန်းကို ကြည့်ကာ ပြောလိုက်သည်။

​'တကယ်လို့ ကျောင်းတော်အရှင်က နင့်ကို ပါဝင်ခွင့် မပေးဘူးလို့ ပြောရင်တော့ ငါတို့ ဒါကို ဖျက်သိမ်းပေးမှာပေါ့။ နင် မှတ်ဉာဏ်ပြန်ရလာတာကို သူ သိသွားရင်တော့ အဲဒီလို ဖြစ်လာဖို့ အခွင့်အလမ်း အများကြီး ရှိတယ်၊ ဒါပေမဲ့ အဲဒါက သူ ဆုံးဖြတ်ရမယ့် ကိစ္စပဲ' ရွှမ်ယီက တွေးတောလိုက်သည်။

​မီလောင်သည် ဒဏ်ရာများ ပျောက်ကင်းကာ ပြန်လည် မတ်တပ်ရပ်လာသည်။

​သူမသည် သွေးဆာနေသော ရူးသွပ်သူတစ်ယောက်ကဲ့သို့ လုံချန်းကို စိုက်ကြည့်နေတော့သည်။

All Chapters