အခန်း (၈၄၁-၈၄၃)
Vol. 57 Ch. 841-843
အခန်း (၈၄၁) အကျိုးအမြတ်ရှေ့မှာ အရာအားလုံးပြိုလဲ
ယွီရှုန်းရှုသည် အသက်ဓာတ်နှလုံးသားအတွက် လဲလှယ်ရန် ဖုန်းကျစ်ဟယ်ကို လွှမ်းမိုးအဆင့်လက်နက် ကမ်းလှမ်းတာ နားလည်နိုင်သေးသည်။
မည်သို့ပင်ဆိုစေ ဖုန်းကျစ်ဟယ်က ကမ်းလှမ်းမှုကို လက်ခံရဲမှာမဟုတ်ချေ။ ဆိုရလျှင် သူသည် လွှမ်းမိုးအဆင့်လက်နက်ကို တကယ်ရခဲ့ရင်တောင် ၎င်းကိုသူအသုံးပြုရန် အသက်ရှင်လျက် ရှိနေနိုင်မည်လော။ သူသည် ယွီချန်းရှုကို လုံးဝမယုံကြည်ပေ။ သို့သော် တစ်လျှောက်လုံး ပုန်းကွယ်နေခဲ့သည့် လူရွယ်က မည်သည့်အားစိုက်ထုတ်မှုမှ မရှိဘဲ လွှမ်းမိုးအဆင့်လက်နက်ကို တောင်းဆိုလိမ့်မည်ဟု မည်သူမှ မထင်ထားပေ။
ကျန်းထင်းကျုံးက ပျံသန်းလာပြီးမေးလိုက်၏။
“မင်းဘယ်သူလဲ”
“ငါဘယ်သူလဲဆိုတာ အရေးမကြီးဘူး” လုကျိုးသည် ဝေကျွင်းကျစ်ကို ဆုပ်ကိုင်ထားလေ၏။ သူ၏ လက်သင်္ကေတကို ထိန်းချုပ်ထားလျက် ဝေကျွင်းကျစ်ကို လွှတ်ပေးဖို့ ရည်ရွယ်ချက်မရှိတာ သိသာ၏။
ကျန်းထင်းကျုံးက ရှုံ့ချပြီး ပြောလိုက်တော့သည်။
“ငါတို့က မင်းကို လွှမ်းမိုးအဆင့်လက်နက် ပေးခဲ့ရင်တောင် မင်းအဲဒါကို အသုံးပြုရဲလား”
လုကျိုးက ခေါင်းခါပြီး ပြောလိုက်သည်။
“ဒီကမ္ဘာပေါ်မှာ ငါအသုံးမပြုရဲတဲ့လက်နက်ရှိလား”
“မင်းကို ကောင်းကင်အဆင့်လက်နက်ပေးဖို့ စီစဉ်ထားတာကတင် အလွန်ကောင်းနေပြီ၊ မင်းရဲ့အကြိုက်က တကယ် မသေးဘူးပဲ၊ ကောင်းကင်သိုင်းခုံရုံးကနေ ပြိုင်ဘက်ကင်းအဆင့်လက်နက်ကို ရာရာစစ တောင်းရဲတယ်လား”
ကျန်းထင်းကျုံးက ပြောလိုက်၏။
ထိုစဉ် လေထဲ၌ ဆူညံသံတစ်သံ ပေါ်ထွက်လာလေ၏။
နေသည် ဝေ့ကျွင်းကျစ် အစိမ်းရောင်ပုလင်းကို ဖျက်ဆီးလိုက်သည့်နေရာကို လောင်ကျွမ်းစေပုံရသည်။
ထိုစဉ် အစိမ်းရောင်အငွေ့များက ဖြည်းဖြည်းချင်းတက်လာပြီး လုကျိုးဆီ ရောက်လာလေ၏။
အသက်စွမ်းအင်ကဲ့သို့ ရုပ်ဖျက်ထားသည့် အစိမ်းရောင်မြက်များကို လုကျိုးကြည့်ပြီး သူ၏လက်ကို သာမန်ကာလျှံကာ ဝေ့ရမ်းလိုက်တော့သည်။ သူ၏စွမ်းအင်များက အငွေ့များကို မှုတ်ထုတ်လိုက်၏။
ယင်းကို မြင်တွေ့သောအခါ ဝေကျွင်းကျစ်က ပြောလိုက်၏။
“အသုံးမဝင်ဘူး၊ ဒီပစ္စည်းက အာနိသင် အလွန်ပြင်းတယ်၊ ခင်ဗျားကို ပေးထားတဲ့ပုလင်းက အရောင်မဲ့တယ်၊ အငွေ့ကို ဖယ်ရှာပစ်နိုင်တဲ့ဆေးရည်ပဲ၊ ကျုပ်ကိုလွှတ်ပေး၊ ဒီပြဿနာကို ဖြေရှင်းနိုင်အောင် ခင်ဗျားကို ကူညီပေးမယ်”
လုကျိုးက ခေါင်းခါပြီး မထူးမခြားနား ပြောလိုက်လေ၏။
“မင်းမှာ အရည်အချင်းရှိပြီး မင်းကို အသုံးချလို့ရလောက်မယ်လို့ ငါထင်ခဲ့တာ၊ မင်းအတွက် ကောင်းကင်ဆီသွားရာ လမ်းတစ်လမ်းရှိခဲ့တာ၊ ဒါပေမဲ့ မင်းက အဲဒါကို ယူဖို့မရွေးမှတော့ ငရဲကိုပဲသွားလိုက်တော့”
“ဟမ်”
အစိမ်းရောင်အငွေ့များသည် လုကျိုးဆီသို့ ဆက်လက်တိုးဝင်လာ၏။
ကျန်းထင်းကျုံးက နက်ရှိုင်းသောလေသံဖြင့် ပြောလိုက်သည်။
“သူ့ကို လွှတ်လိုက်၊ မင်းအသက်ကို ချမ်းသာပေးမယ်”
ထိုစဉ် လေဟာနယ်ဂိုဏ်း၏ ရထားလုံးပျံမှ လက်ဝါးစည်းတံဆိပ်တစ်ခု ကျရောက်လာ၏။
“ဆူညံလိုက်တာ၊ လက်ဝါးရိုက်ချက် တစ်ချက်နဲ့ ဒါကိုအဆုံးသတ်လိုက်ရုံပေါ့”
လက်ဝါးရိုက်ချက်သည် လုကျိုးကို ရည်ရွယ်တာ သိသာ၏။
လူတိုင်းသည် ယခုအချိန်တွင် လုကျိုး၏သေခြင်းတရားကို သေချာပေါက် သိနေသည်။
သို့သော် အားလုံးအဖို့ အံ့ဩသွားရသည်က လုကျိုးသည် ဘယ်လက်ကို ဝှေ့ရမ်းလိုက်ရာ လက်ဝါးစည်းတံဆိပ်သည် လေထဲပျောက်ကွယ်သွားတော့သည်။
“…”
သိုင်းပညာရှင်များအားလုံးသည် လုကျိုးက သာလွန်သောလက်ရွေးစင်တစ်ယောက်ဟု မပြောနိုင်သေးလျှင် သူတို့အချည်းနှီး အသက်ရှင်ခဲ့ရာ ရောက်သွားလိမ့်မည်။
အသက်စွမ်းအင်အတု၏စွမ်းအင်က ပိုပြင်းထန်လာသည်။ ခဏအကြာတွင် တောင်ကြား၏ အတွင်းပိုင်းထဲမှ အူသံတစ်သံ ပေါ်ထွက်လာလေ၏။
“အဲဒါ ဧရာမသားရဲပဲ၊ မွေးဖွားဇယားချပ်သားရဲတစ်ကောင်ဖြစ်နိုင်မလား”
လူတိုင်းသည် လုကျိုးကို အာရုံမစိုက်တော့ပေ။ သူတို့အားလုံး၏အာရုံသည် သားရဲ၏ အော်သံပေါ်တွင်သာ ရှိနေ၏။
ချက်ချင်းပင် ရထားလုံးပျံသုံးစင်းက လှုပ်ရှားပြီး ဆူညံသံလာရာဘက်ကို မျက်နှာမူလိုက်၏။
ထိုစဉ်တောင်ကြားထဲ၌ နောက်ထပ်စူးရှသော အော်သံတစ်သံ ပေါ်ထွက်လာသည်။
လူတိုင်းက ထိတ်ခနဲ ဖြစ်သွားလေ၏။
အခွင့်အရေးအတွက် လာရှာကြသည့် ကျင့်ကြံသူများနှင့် ဂိုဏ်းများကတောင် ထိုအော်သံကြောင့် ထိတ်လန့်သွားသည်။
ထိုစဉ် ဧရာမသားရဲကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသည်ဟု အထင်ခံနေရသော ဖုန်းကျစ်ဟယ်သည် ကောင်းကင်ထဲပျံသန်းကာ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်သည်။ အသက်ဓာတ်နှလုံးသားကို သူပိုင်ဆိုင်နေသေး၏။
“တိုက်ခိုက်ကြ”
ဝှီး
မော့ပုရန်နှင့် ကျန်းထင်းကျုံးသည် သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်များကို ချက်ချင်းထုတ်ဖော်လျှက် လျှပ်ပြက်သောအရှိန်နှင့် တိုက်ခိုက်ကြလေ၏။
တစ်ချိန်တည်းတွင် ပွင့်ချပ်ငါးလွှာနှင့်ခြောက်လွှာ ကျင့်ကြံသူတချို့ကလည်း အစစ်အမှန်ခွန်းလွန်ဂိုဏ်း၏ ရထားလုံးပျံထဲမှ မြန်ဆန်သောအရှိန်ဖြင့် ထွက်လာကြသည်။
ဤသို့ဖြစ်နေလေရာ လေဟာနယ်ဂိုဏ်းသည် မည်သို့ထိုင်နေနိုင်မည်နည်း။ ဂိုဏ်းမှလူတချို့ကလည်း ထွက်လာကြတော့သည်။
စက္ကန့်ပိုင်းအတွင်း တောင်ကြားထဲ၌ စိတ်ဝိညာဉ်သဏ္ဌာန်များ ပြည့်သွား၏။ တကယ်တော့ စိတ်ဝိညာဉ်သဏ္ဌာန်အများစုသည် ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်များ ဖြစ်သည်။ ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်အချို့ကိုသာ တောင်ကြား၏အစွန်း၌ မြင်တွေ့နိုင်၏။
အသက်ဓာတ်နှလုံးသားကြောင့် ပြင်းထန်သောတိုက်ပွဲ ဖြစ်ပွားလေပြီ။ ထိုကဲ့သို့ ရတနာရှေ့၌ ချက်ချင်းပင် သောင်းကျန်းမှုများ ကျရောက်လာ၏။
ထိုစဉ် ယွီချန်းရှုက နက်ရှိုင်းသော အသံဖြင့် မေးလိုက်လေသည်။
“ငါနဲ့ မင်းတို့ရဲ့ သဘောတူညီချက်ကို မေ့သွားတာလား”
“ခုံရုံးသခင်ယွီ သဘောတူညီချက်အတိုင်း လုပ်စေချင်တယ်ဆိုရင် ခင်ဗျားအခု ကတိပေးထားတာကို ပေးလိုက်ရင် ပိုကောင်းမှာပါ၊ ခင်ဗျားကြွားနေရုံဆိုတာ ဘယ်သူက သိမှာလဲ၊ အသက်ဓာတ်နှလုံးသားကို အရင်ယူပြီး ခင်ဗျားဆီက ပြိုင်ဘက်ကင်းအဆင့်လက်နက်နဲ့ လဲလှယ်ရင် ပိုမကောင်းဘူးလား”
“အမှန်ပဲ ခုံရုံးသခင်ယွီ ကျုပ်တို့လေဟာနယ်ဂိုဏ်းက အဲဒါကို ခင်ဗျားဆီက လုယူမှာမဟုတ်ဘူး၊ အနှေးနဲ့အမြန် ခင်ဗျားအပိုင်ဖြစ်မှာပဲ”
ဖြန်း
ယွီချန်းရှုသည် ထိုင်ခုံလက်တန်းကို ရိုက်ချလိုက်လေ၏။ သူက အရူးမဟုတ်ပေ။
ထိုစဉ် တောအုပ်ထဲမှ ကျားဟိန်းသံနှင့်တူသည့် အသံတစ်သံသည် ထပ်မံပေါ်ထွက်လာ၏။ ယခင်ကထက် အသံက အဆတစ်သောင်းပိုသန်မာသည်။
ကျောက်တုံးများသည် ကောင်းကင်ချားတောင်တန်းဒေသ၏ တောင်နံရံများဆီမှ လိမ့်ကျလာလေ၏။
ဝေကျွင်းကျစ်က ရယ်မောလိုက်တော့သည်။
“မြန်မြန်၊ ကျုပ်ကို ချပေး၊ မဟုတ်ရင် ခင်ဗျားလွတ်မြောက်မှာမဟုတ်ဘူး”
လုကျိုးသည် သူ၏လက်ငါးချောင်းကို လွှတ်လိုက်၏။
ဘန်း
တစ်ချက်ဝှေ့ရမ်းမှုဖြင့် သူသည် ဝေကျွင်းကျစ်၏ အကာအကွယ် အရံအတားကို ခြေမွှလိုက်သည်။
ထိုစဉ် ဝေကျွင်းကျစ်က ပြုတ်ကျပြီး လုကျိုးခြေထောက်နား ကျလာလေ၏။ သူသည် ထရပ်ရန် ကြိုးစားလိုက်သော်ငြား လုကျိုးသည် သူ့လက်ဝါးကိုမြှောက်ကာ ဝေကျွင်းကျစ်အပေါ် သူ့လက်ဝါးဖြင့် ဖိချထား၏။
“ခင်ဗျား” ဝေကျွင်းကျစ်သည် တိုက်ခိုက်မှုကို ပိတ်ဆို့ရန်အတွက် သူ၏လက်ကိုမြှောက်ခဲ့ပြီး တစ်ပြိုင်နက်တည်း လွတ်အောင် ရုန်းနေသည်။ လက်ဝါးသည် သူ့ကိုယ်ပေါ် ဧရာမတောင် ဖိထားသည့်ပမာ ခံစားရ၏။ အဆုံးကျ သူသည် မြေပြင်ပေါ် ကူကယ်ရာမဲ့စွာ လှည့်နေရုံသာ တတ်နိုင်သည်။
ဘန်း
“ဒါက ဗုဒ္ဓလက်ဝါးစည်းတံဆိပ်ပဲ ခင်ဗျားက ဗုဒ္ဓဂိုဏ်းကလား” ဝေကျွင်းကျစ်က မျက်လုံးအပြူးသားဖြင့် ဇဝေဇဝါဖြစ်ကာ မေးလိုက်တော့သည်။
ထိုစဉ် ဝေကျွင်းကျစ်၏ အဖော်အပေါင်းနှင့် သူ၏လက်အောက်ငယ်သားဖြစ်သူကလည်း အော်ပြောလိုက်သည်။
“ခေါင်းဆောင် ကျွန်တော် ခင်ဗျားကို လာကယ်မယ်” သူက ဓားမြှောင်တစ်လက်ကို ဆွဲထုတ်ပြီး လုကျိုး၏ ရင်ဘတ်ကို ထိုးစိုက်ရန် ကြိုးစားကာ မြန်ဆန်စွာလှုပ်ရှားလိုက်၏။
လုကျိုး၏အမူအရာသည် ပြောင်းလဲမှု မရှိပေ။ သူသည်ဝေကျွင်းကျစ်ကို ကြည့်တောင်မကြည့်ဘဲ သူ၏စွမ်းအင်ကို ချိန်ညှိလျက် လက်ချောင်းကို တွန်းပို့လိုက်သည်။
ဝှစ်
ဝေကျွင်းကျစ်၏ အသင်းဖော်က လွင့်ထွက်သွားပြီး သွေးအန်တော့သည်။
လုကျိုးက ထပ်မံဝှေ့ရမ်းလိုက်ရာ အစိမ်းရောင်အငွေ့များ ထုတ်လွှတ်နေသော အစိမ်းရောင် ပုလင်းလေးသည် ဝေကျွင်းကျစ်၏အသင်းဖော်ဆီ ရောက်သွားပြီးနောက် သူ့ရှေ့၌ ပေါက်ကွဲသွားတော့သည်။ ဤနည်းဖြင့် အစိမ်းရောင်အငွေ့များက လျင်မြန်စွာ ပေါ်ထွက်လာပြီး သူ့ဆီသို့ ဦးတည်သွားတော့သည်။
ဝေကျွင်းကျစ်၏ မျက်နှာက ချက်ချင်းပင် ဖြူဖျော့သွားကာ လှမ်းအော်လိုက်၏။
“မဟုတ်ဘူး”
လုကျိုးသည် လေသံအတက်အကျမရှိ ပြောလိုက်၏။
“လူတိုင်းက သူတို့လုပ်ရပ်အတွက် တန်ကြေးပေးဆပ်ရမှာပဲ၊ မင်းလည်း ခြွင်းချက်မဟုတ်ဘူး”
အစိမ်းရောင်အငွေ့များသည် လူငယ်ဆီသို့ ကပ်တွယ်သွားကြသည်။
တောင်ကြားထဲရှိ ရက်စက်ကြမ်းကြုတ်သောသားရဲသည် အသက်စွမ်းအင်အတုကို အာရုံခံမိပုံပေါ်ကာ စတင်လှုပ်ရှားလာတော့၏။ ကျယ်လောင်သည့် ဟိန်းသံက တောင်ကြားထဲတွင် ပေါ်ထွက်လာတော့သည်။
ဝေဟင်ထဲတွင် ဖြစ်သည်။
ကောင်းကင်မီးတောက်ဂိုဏ်းမှ ဖုန်းကျစ်ဟယ်သည် များစွာသော ပွင့်ချပ်ကိုးလွှာကျင့်ကြံသူများ ဝိုင်းတာ ခံနေရ၏။ သူသည် ဝန်းရံပိတ်ဆို့မှုကို ထိုးဖောက်ရန်ကြိုးစားနေသည်။ သူက ထိုမျှ များပြားသည့် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူများကို မည်သို့တိုက်ခိုက်နိုင်မည်နည်း။
ဖုန်းကျစ်ဟယ်နားရှိ ကျင့်ကြံသူများသည် ဝံပုလွေအုပ်ပမာ သူတို့က သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကိုပင် အပိုင်းပိုင်းစုတ်ဖြဲလိုက်သည်။
ဖုန်းကျစ်ဟယ်၏ မျက်လုံးက နီရဲနေလျက် အော်ပြောလိုက်တော့သည်။
“ကောင်းပြီ၊ ဒါဆို အတူသေကြတာပေါ့”
“အိပ်မက်မက်နေလိုက်”
ထိုစဉ် အရိပ်က သူ့ရင်ဘတ်ရှေ့မှ ပေါ်ထွက်လာသည်။ ဖုန်းကျစ်ဟယ်သည် သူ့ကိုယ်သူဖောက်ခွဲရန် အခွင့်အရေးတောင် မရလိုက်သေးခင် သူ၏စွမ်းအင် ဗဟိုချက်နှင့် ချီပင်လယ်ကို တစ်စုံတစ်ယောက်က ဖျက်ဆီးလိုက်ပြီဖြစ်သည်။ ကသောင်းကနင်းဖြစ်လွန်းသောကြောင့် သူသည် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပဲ လက်သည်တရားခံကိုတောင် မတွေ့နိုင်ခဲ့ပေ။ ဖုန်းကျစ်ဟယ်က ခေါင်းငုံ့ပြီး သူ၏ ဝမ်းဗိုက်အောက်နားကို ပြောလိုက်၏။ ပြီးနောက်သူသည် အသက်ဓာတ်နှလုံးသားကို ဆုပ်ကိုင်လျက် ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ၎င်းကို ချောက်နက်ထဲပစ်ချလိုက်တော့သည်။
“အသက်ဓာတ်နှလုံးသား” လူတိုင်းက တစ်ညီတစ်ညွှတ်တည်း အော်လိုက်ကြလေ၏။
ဖုန်းကျစ်ဟယ်သည် အားနည်းဖျော့တော့စွာ ရယ်မောလိုက်၏။ ပြီးနောက် သူသည် စိတ်ကျေနပ်စွာ မျက်လုံးမှိတ်ကာ ကောင်းကင်ပေါ်မှ ပြုတ်ကျသွားတော့သည်။
သေဆုံးသွားသော ဖုန်းကျစ်ဟယ်ကို မည်သူကမျှ အာရုံမစိုက်ကြပေ။ အသက်ဓာတ်နှလုံးသားရှိရာဆီသို့ ရူးသွပ်စွာ ပြေးကြသည်။
ပွင့်ချပ်ကိုးလွှာ သိုင်းပညာရှင်သုံးယောက်သည် သူတို့၏ ခမ်းနားသော သူတို့၏မဟာနည်းစနစ်များကို ထုတ်ဖော်ပြီး အသက်ဓာတ်နှလုံးသားနား ရောက်လာကြ၏။
ဘီး
သုံးယောက်သားသည် သူတို့စိတ်ဝိညာဉ်သဏ္ဌာန်များကို အမြန်ထုတ်ဖော်လိုက်ရာ တစ်ယောက်နှင့် တစ်ယောက် တိုက်မိကုန်သည်။
ဖုန်း
တိုက်မိသည့်ဖိအားသည် အသက်ဓာတ်နှလုံးသားကို ချက်ချင်း လွင့်ထွက်သွားစေ၏။
ထိုစဉ် အနီရောင်ရထားလုံးပျံထဲတွင် ထိုင်နေသော ယွီချန်းရှုက ခြိမ်းခြောက်ကာ ပြောလိုက်တော့၏။
“ကောင်းကင်သိုင်းခုံရုံးကို ဆန့်ကျင်တဲ့လူတွေကို သက်ညှာမှုမရှိသတ်ပစ်”
“နားလည်ပါပြီ”
“နားလည်ပါပြီ”
ဤနည်းဖြင့် မော့ပုရန်နှင့် ကျန်းထင်းကျုံးတို့ကလည်း သက်ညှာမှုမရှိ စတင်သတ်ဖြတ်ကြ၏။ သူတို့သည် သူတို့၏ ပြိုင်ဘက်ကင်းအဆင့် လက်နက်များကိုသုံးပြီး တခြားသော ပွင့်ချပ်ကိုးလွှာကျင့်ကြံသူများကို တိုက်ခိုက်ကြသည်။
ကောင်းကင်ချားတောင်တန်းဒေသက ယခုဆို ဗရမ်းဗတာဖြစ်နေလေပြီ။
“ယွီချန်းရှု မင်းလုပ်ရဲတယ်ပေါ့” လေဟာနယ်ဂိုဏ်း၏ ရထားလုံးပျံထဲမှ လေသံမာမာ ပေါ်ထွက်လာလေ၏။
ယွီချန်းရှုက မျက်တောင်မခတ်ဘဲ တောင်ကြားကို စိုက်ကြည့်နေလျက် ချဉ်းကပ်လာသော သားရဲများကို သတိထားနေ၏။ သူက ပြောလိုက်သည်။
“မင်းတို့အားလုံးကို အခွင့်အရေးတစ်ခုပေးခဲ့သားပဲ၊ ဒါပေမဲ့ မင်းတို့တွေက တန်ဖိုးမထားဘူး၊ ကောင်းကင်သိုင်းခုံရုံးက အစစ်အမှန်ခွန်းလွန်ဂိုဏ်းနဲ့ လေဟာနယ်ဂိုဏ်းကို သုတ်သင်မယ်လို့ ကြေညာတယ်”
“မင်း..ကောင်းတယ် သိပ်ကောင်းတယ်” လေဟာနယ်ဂိုဏ်း၏ ဧရာမရထားလုံးပျံသည် အနည်းငယ် လှုပ်သွား၏။ အထဲရှိလူက ဒေါသထွက်နေတာ သိသာသည်။
အစစ်အမှန်ခွန်းလွန်ဂိုဏ်းသည် လေဟာနယ်ဂိုဏ်းနှင့် တူညီသည့်အခြေအနေတွင် ရှိနေသောကြောင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။
ထိုစဉ် လူတိုင်းသည် လုကျိုးကို မေ့လျော့သွားပုံပေါ်၏။ တောင်ကြားအပြင်ဘက်တွင် ခွေးအများပမာ စောင့်နေသော ကျင့်ကြံသူများနှင့် သွေးနီရောင်နေမင်းဂိုဏ်းမှ ကျင့်ကြံသူများကတောင် လုကျိုးကို အာရုံမစိုက်ကြချေ။
လုကျိုးသည် မြေပြင်ပေါ်၌ လှဲနေသော ဝေကျွင်းကျစ်ကို ကြည့်ပြီးနောက် တောင်ကြားထဲရှိ အခြေအနေကို လေ့လာလိုက်သည်။ သူက တစ်ချက်မှ မလှုပ်ရှားခဲ့ပဲ ဗရမ်းဗတာဖြစ်နေတာကို တိတ်တိတ်ဆိတ်ဆိတ်လေ့လာနေသည်။
ရုတ်တရက်သူသည် စီးဝူယာ့အတိတ်တုန်းက နောက်ကျောဓားနှင့်ထိုးခဲ့ခြင်းသည် ယုတ္တိမရှိတာ မဟုတ်ကြောင်း ခံစားမိသွားသည်။
လုကျိုးသည် လက်နောက်ပစ်လျက် ရပ်နေ၏။ သူကတိုက်ပွဲကို ကြည့်နေစဉ် သူ၏အမူအရာက တည်ငြိမ်နေသည်။ တိုက်ခိုက်ကြ၊ မင်းတို့တတ်စွမ်းသမျှ တိုက်ခိုက်ကြ။
ထိုစဉ် ဝေကျွင်းကျစ်က ရယ်မောလျက် ပြောလိုက်သည်။
“ဒါတွေ အားလုံးက ဘာအကျိုးထူးမှာလဲ၊ အဆုံးကျ ခင်ဗျားဘာမှ ရမှာမဟုတ်ဘူး”
လုကျိုးသည် ဝေကျွင်းကျစ်ကို ပြန်ပြောမနေတော့ပေ။ တိုက်ပွဲကို ဆက်လက်လေ့လာနေသည်။
ခဏအတွင်း၌ နောက်ထပ်ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူနှစ်ယောက် သေသွားလေပြီ။
လုကျိုးသည် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူများ၏ တိုက်ပွဲအကြောင်း ဘာမှမတွေးပေ။ သူသည် ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူများကြားရှိ တိုက်ပွဲကို မြင်တွေ့ချင်နေ၏။
ယွီချန်းရှုသည် သူ၏အသက်ကို ခြိမ်းခြောက်သည့်သူများကို အလွတ်မပေးမှာ ကျိန်းသေသည်။ သွေးနီရောင်နေမင်းဂိုဏ်းမှ သုံးယောက်ကို သူကပြောလိုက်၏။
“မင်းတို့သုံးယောက် တောင်ကြားထဲက အရှုပ်အထွေးကို ရှင်းလင်းဖို့ ကောင်းကင်သိုင်းခုံရုံးကို ကူညီခဲ့မယ်ဆိုရင် မင်းတို့တွေ ပြိုင်ဘက်ကင်းအဆင့် လက်နက်တစ်ခုစီရမယ်”
သွေးနီရောင်နေမင်းဂိုဏ်းမှ သုံးယောက်က ပျော်ရွှင်သွားတော့သည်။
“ကျေးဇူးပါ ယွီချန်ပေ့”
ယွီချန်းရှုက ပတ်ဝန်းကျင်ကို လေ့လာလိုက်၏။ ကျန်သည့်ဂိုဏ်းများနှင့် ကျင့်ကြံသူများစွာက သူတို့နားတွင် ရှိသည်။ သူက ရေရွတ်ပြောလိုက်တော့၏။
“တိမ်တိုက်တောင်က သိုင်းပညာရှင်တွေ ဘယ်မှာပုန်းနေသလဲ”
ထိုစဉ်လုကျိုးသည် ခါတိုင်းလိုပင် တည်ငြိမ်နေ၏။
ဖုန်း ဖုန်း ဖုန်း
တောင်ကြားထဲမှ တိုက်ခိုက်သံများ ပေါ်ထွက်လာသည်။ ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်သည် ကောင်းကင်ချားတောင်တန်းဒေသကို ဖြိုဖျက်နေသံနှင့် တူသည်။
လုကျိုးသည် ပတ်ဝန်းကျင်ကိုလေ့လာပြီး ရေရွတ်ပြောလိုက်၏။
“ဘယ်သူလာဦးမလဲ”
ယွီချန်းရှုကဲ့သို့ပင် သူသည် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူများကြားရှိ တိုက်ပွဲကို ဂရုမစိုက်ပေ။
မည်သည့်နည်းနှင့်မဆို မီးစာက ညှိခဲ့ပြီးဖြစ်သည်။ တိုက်ပွဲကို စတင်ဖို့ အချိန်အတိုင်းအတာ တစ်ခုပဲလိုသည်။
ထိုစဉ် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူများလည်း ဖြစ်သည့် သွေးနီရောင်နေမင်းဂိုဏ်းမှ သုံးယောက်သားသည် လုကျိုးနောက်သို့ ဆင်းသက်လာ၏။
စွန်းကျဲက ဦးဆောင်လျက် လုကျိုးနှင့် ဝေကျွင်းကျစ်ကို ကြည့်ကာ အေးတိအေးစက်ပြောလိုက်သည်။
“ဟေး မင်းတို့တွေ ဒီမှာဘာကိစ္စမှ မရှိဘူး၊ မြန်မြန် ကောင်းကင်ချားတောင်တန်းဒေသကနေ ထွက်သွား၊ မဟုတ်ရင် မင်းတို့အညှာအတာမရှိ အသတ်ခံရမယ်”
လက်နောက်ပစ်လျက် ရပ်နေသေးသောလုကျိုးသည် သုံးယောက်ကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။
“မင်းတို့ ငါ့ကို ပြောနေတာလား”
…
အခန်း (၈၄၂) ကောင်းကင်ချားတောင်နယ်နိမိတ်၌ တိုက်ပွဲ
စွန်းကျဲက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက မြေပြင်ပေါ် လဲနေသည့် ဝေကျွင်းကျစ်အား ကြည့်လိုက်ပြီး
“ဟုတ်တယ်။ လုံလောက်ပြီ။ ခုံရုံးသခင် ပြောတာကိုလည်း ကြားသားပဲ။ ငါတို့ကို ဘာလို့လိုအပ်မှာလဲ။ ဒါမှမဟုတ် ခင်ဗျားက ကိုယ့်ဘာသာကို ထွက်သွားချင်တာလား”
လုကျိုးက သူ့ရှေ့မှ တိုက်ပွဲကို ဆက်လက်ကြည့်ရှုနေသည်။ တောအုပ်၏ ၃ပုံ ၁ပုံခန့်က ပျက်စီးလုနီးပါး ဖြစ်နေ၏။ နက်နဲကာ ကျယ်ပြန့်လှသည့် တောင်ခြားသည်သာ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူများစွာ၏ စွမ်းအားကို ခံနိုင်ရည် ရှိသည်။
ကောင်းကင်သိုင်းခုံရုံး၏ မော့ပုရန်နှင့် ကျန်းထင်ကျုံးတို့က ပြိုင်ဘက်ကင်းအဆင့် လက်နက်တွေ ကိုယ်စီ ပိုင်ဆိုင်ထားသော်လည်း အစစ်အမှန် ခွန်းလွန်ဂိုဏ်းနှင့် လေဟာနယ်ဂိုဏ်းတို့မှ လူများ၏ ပူးပေါင်းမှုကြောင့် တိုက်ပွဲက မဆုတ်သာ မတိုးသာ အခြေအနေသို့ ကျရောက်နေသည်။
“ဒီဟာကို ရှင်းလိုက်” ယွီချန်းရှုက အနီရောင် ရထားလုံးပေါ်မှ လှမ်းပြောလိုက်၏။
သူ့အသံလှိုင်းက တောင်ခြားအတွင်း မီတာထောင်ချီ ပျံ့နှံ့သွားသည်။ ရှေ့အနည်းငယ်တွင် ချောက်နက်သာ ရှိတော့၏။
ထိုစဥ် သွေးနီရောင်နေမင်းဂိုဏ်းမှ ကျင့်ကြံသူများက ယွီချန်းရှုကို ဦးညွတ်ကာ တစ်ပြိုင်နက် ပြောလိုက်ကြသည်။
“ကျုပ်တို့က ခုံရုံးသခင်ယွီကို ခစားဖို့ လိုလားပါတယ်”
လုကျိုးက သူ့မူလနေရာကနေ မလှုပ်ရှားဘဲ တိုက်ပွဲကို အဝေးမှ ဆက်ကြည့်နေသည်။
လုကျိုး၏ တုံ့ပြန်မှုကို မမြင်သည့်အခါ သွေးနီရောင်နေမင်းဂိုဏ်းမှ ကျင့်ကြံသူ ၃ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြ၏။
အဆုံးသတ်တွင် စွန်းကျဲက လက်ဝှေ့ကာ ပြောလိုက်သည်။
“ကျုပ်ကို ခွင့်ပြုပါ”
သွေးနီရောင်နေမင်းဂိုဏ်းမှ နောက်ထပ် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ၂ယောက်ကလည်း လုကျိုးဘေးနားသို့ ရောက်ရှိလာကြသည်။ သူတို့ တစ်ယောက်ချင်းစီက သူ့ပခုံးကို ဆွဲကိုင်ဖို့ ကြိုးစားနေကြ၏။
လုကျိုးက အသာလှည့်ကာ သူ့ခန္ဓာကိုယ်မှ စွမ်းအင်ကို ထုတ်ဖော်လိုက်သည်။
ဘန်း
ဤသို့ဖြင့် သွေးနီရောင်နေမင်းဂိုဏ်းမှ ကျင့်ကြံသူ ၂ယောက်သည် လွင့်ထွက်သွား၏။
အဆင့်မြင့်မားသည့် ကျင့်ကြံသူများရှေ့တွင် အားနည်းသည့်သူများ၏ အရှိန်က အင်မတန် နှေးကွေးဟန်ပေါ်သည်။ ထို ၂ဦးက တုံ့ပြန်ဖို့ အချိန်မရှိဘဲ ကြောက်ကြောက်လန့်လန့် အမူအရာဖြင့် လွင့်စဉ်ထွက်သွား၏။
ထို့နောက် လုကျိုးက ထို ၂ဦးကြား ရောက်လာကာ ထို ၂ဦးကို ဘယ်ညာဆွဲကိုင်လိုက်သည်။
ဘန်း ဘန်း
၂ဦးသားက ချက်ချင်းဆိုသလို သွေးအန်လိုက်ရ၏။
လုကျိုး၏ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံဆင့်နှင့် ကံကြမ္မာမီးတောက်ဖြင့် ထိုသူများ၏ ကာကွယ်ရေးစွမ်းအားကို ဖျက်ဆီးပြီး ဒဏ်ရာပေးနိုင်ဖို့ ထူးခြားအံ့ဖွယ်စွမ်းအားကို အသုံးပြုဖို့ပင် မလိုအပ်ပေ။
ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ၂ယောက်က တုံ့ပြန်ဖို့ အချိန်ပင် မရှိလိုက်ပေ။ သူတို့က စွန်းကျဲကို ကျော်ဖြတ်သွားပြီး ကျောက်နံရံဆီ ဝင်တိုက်ကာ မြေပြင်ပေါ် လဲကျသွားကြသည်။ ထိုကျောက်နံရံပေါ်တွင် အက်ကြောင်းများ ပေါ်ထွက်လာ၏။
သွေးနီရောင်နေမင်းဂိုဏ်း၏ စွန်းကျဲက ပါးစပ်အဟောင်းသားဖြင့် ကြည့်နေလေ၏။ သူက လူလတ်အရွယ် အမျိုးသားကို ကြည့်ကာ မယုံကြည်နိုင်မှုများ ဖြစ်နေပြီး လည်ချောင်းတွင် ခြောက်ကပ်လာသလို ခံစားလိုက်ရသည်။
လုကျိုးက စွန်းကျဲရှေ့တွင် အမူအရာကင်းမဲ့စွာ ရပ်နေလေ၏။
စွန်းကျဲက တံတွေးမျိုချလိုက်သည်။ သူ့နှလုံးသားက ရင်ဘတ်ထဲမှ ထိုးထွက်တော့မလိုမျိုး ဖြစ်နေလေ၏။ သူက ဖိနှိပ်ထားသည့် အရှိန်အဝါကို တောင့်ခံထားပြီး မြေပြင်ပေါ် လဲမကျခင် ဒယိမ်းဒယိုင် ဖြစ်သွားလေသည်။
ဝေကျွင်းကျစ်ကလည်း လုကျိုး၏ စွမ်းအားကြောင့် အံ့အားသင့်ကာ တုန်လှုပ်နေဟန်ပေါ်သည်။
“...”
စွန်းကျဲက တုန်လှုပ်ကာ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
“ ချန်း ချန်း ချန်းပေ့ ဒါက နားလည်မှု လွဲတာပါ”
လုကျိုးက လက်နောက်ပစ်လျက် သူ့ဘေးနားမှ လူ ၄ယောက်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းမော့ကာ ကောင်းကင်ကို ထပ်ကြည့်လိုက်ပြီး “ယွီချန်းရှုတောင် ငါနဲ့တွေ့ရင် အံ့သြသွားရမှာ”
စွန်းကျဲနှင့် ဝေကျွင်းကျစ် “...”
လုကျိုးက အပိုပြောနေတာ ဟုတ်လား မဟုတ်လား သူတို့လည်း မသိပေ။ သို့သော် သူတို့ သိထားသည်က သူတို့၏ အသက်သည် ထိုသူ၏ ထိန်းချုပ်မှုအောက် ကျရောက်နေလေ၏။
ထိုစဥ် လုကျိုး၏ လက်ဝါးချက်ကြောင့် ဒဏ်ရာရသွားသည့် သွေးနီရောင်နေမင်းဂိုဏ်းမှ လူ ၂ယောက်က နံရံကို မှီရင်း ကံမီးတောက်၏ နာကျင်မှုကို တောင့်ခံနေကြသည်။ သူတို့က အသက်ဓာတ် ဖြည်းဖြည်းချင်း လွင့်ပယ်သလို ခံစားနေရ၏။
စွန်းကျဲက နည်းနည်းမှ မလှုပ်ရှားရဲပေ။ သူက လုကျိုးကို ကြောက်လန့်တကြား ကြည့်လိုက်ပြီး သူ့နောက်ကျော၌ ချွေးများ ရွဲနစ်နေသည်။
...
ကောင်းကင်ချားတောင်နယ်နိမိတ်၏ တောင်ခြားအထက်
မော့ပုရန်နှင့် ကျန်းထင်ကျုံးတို့၏ တိုက်ပွဲက အဓိက စိတ်ဝင်စားမှု ဖြစ်နေသည်။ ထိုစဥ် ကောင်းကင်သိုင်းခုံရုံးမှ ၂ယောက်က ပြိုင်ဘက်ကင်းအဆင့် ကိုယ်စီဆွဲကိုင်ထားပြီး ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ၄ယောက်ကို သတ်ဖြတ်ပစ်ခဲ့ပြီးပြီဖြစ်၏။
ဝုန်း ဝုန်း ဝုန်း
တိုက်ခိုက်နေသည့်အသံများနှင့် ထိပ်တိုက်တွေ့ဆုံသံများက တောင်ခြားအထက် ပဲ့တင်ထွက်နေသည်။
ထိုစဥ် လေဟာနယ်ဂိုဏ်း၏ ရထားလုံးပျံမှ လူတစ်ယောက်က ပျံသန်းထွက်လာ၏။
“ကောင်းကင်သိုင်းခုံရုံးက လွန်လွန်သွားပြီ”
ဘန်း
အစစ်အမှန် ခွန်းလွန်ဂိုဏ်း၏ ရထားလုံးပျံမှ လူတစ်ယောက်ကလည်း ပျံသန်းထွက်လာသည်။ ထိုသူက စွဲမက်ဖို့ကောင်းသည့် သွင်ပြင်ရှိထားသည့် မိန်းမလှတစ်ဦးဖြစ်၏။ သူမက ရောင်စုံဝတ်ရုံကို ဝတ်ဆင်ထားသည့်အတွက် သက်တံတစ်စင်းအလား ထင်မှတ်ရသည်။
“ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတွေ လှုပ်ရှားကြတော့မယ်”
ကောင်းကင်ချားနယ်နိမိတ်ရှိ ကျင့်ကြံသူများက ထိုအရာကို မြင်သည့်အခါ စတင်နောက်ဆုတ်လိုက်ကြသည်။
ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူများ လှုပ်ရှားသည့်အခါ ဖျက်ဆီးနိုင်စွမ်းက အဆများစွာ ပိုများလေသည်။
ထိုစဥ် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ လှုပ်ရှားသည်ကို မြင်လိုက်ရသည့်အခါ မော့ပုရန်နှင့် ကျန်းထင်ကျုံးတို့၏ အမူအရာက ပြောင်းလဲသွား၏။ သူတို့က တုံ့ဆိုင်းမနေဘဲ အနီရောင် ရထားလုံးဆီ ပြေးလိုက်ကြသည်။
“ရွှမ်ချန်းကျစ် မော့ရှင်းလု မင်းတို့ကို အခွင့်အရေး ပေးပြီးပြီ။ မင်းတို့က လက်မခံခဲ့တာ”
ဝုန်း
ထိုသို့ဖြင့် ယွီချန်းရှုသည် အနီရောင် ရထားလုံးပျံမှ ထွက်လာလေသည်။ သူ ရထားလုံးပျံမှ ထွက်လာသည်နှင့် ထိုအရာက ကောင်းကင်မှ ချက်ချင်းဆိုသလို ပြုတ်ကျလာ၏။
“ယွီချန်းရှုက နောက်ဆုံးတော့ လှုပ်ရှားလာပြီ” ဝေကျွင်းကျစ်က အကြည့်များ တောက်ပလာကာ ပြောလိုက်သည်။
တစ်ဖက်တွင် စွန်းကျဲက အံ့အားသင့်နေဆဲ ဖြစ်၏။
သို့သော် ထို ၂ဦးက သူတို့နားတွင် ရပ်နေသည့် လူလတ်အရွယ် အမျိုးသားက မည်မျှ အန္တရာယ်များကြောင်း မသိကြပေ။
ယွီချန်းရှုက မော့ပုရန်နှင့် ကျန်းထင်ကျုံးတို့၏ အနောက်ဘက်သို့ လျှပ်စီးလို အလျင်ဖြင့် ရောက်ရှိလာကာ လက်ဝါးချက်ကို ဆန့်ထုတ်လိုက်သည်။
လေဟာနယ်ဂိုဏ်း၏ တာအိုဆရာ ရွှမ်ချန်းကျစ်နှင့် အစစ်အမှန် ခွန်းလွန်ဂိုဏ်းမှ မော့ရှင်းလုတို့က ယွီချန်းရှု၏ လက်ဝါးချက်ကို ဘယ်ညာမှ အသီးသီး ရင်ဆိုင်လိုက်ကြသည်။
ဘန်း ဘန်း
စွမ်းအင်လှိုင်း ၂ခုက ဒေါင်လိုက် ထွက်ပေါ်လာသည်။
ဝုန်း
ဤသို့ဖြင့် တောင်တစ်လုံးက ၂ပိုင်းကွဲသွားလေသည်။
ထိုစဥ် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူများက နောက်ဆုတ်လိုက်ကြ၏။
ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ၃ယောက်က ဖြည်းဖြည်းချင်း နောက်ဆုတ်ကာ ပြိုလဲလုနီးပါး ဖြစ်နေလေပြီ။
ယွီချန်းရှုက ပြိုင်ဘက် ၂ယောက်ကို တစ်ယောက်တည်း တိုက်ခိုက်နေပြီး မေးလိုက်သည်။
“မော့ပုရန်၊ ကျန်းထင်ကျုံး … မင်းတို့က အဲ့မှာ ဘာရပ်လုပ်နေတာတုံး”
“ဟုတ်ကဲ့” အကြီးအကဲ ၂ဦးက သူတို့၏ ပြိုင်ဘက်ကင်းအဆင့် လက်နက်များကို ဆွဲကိုင်ကာ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ ၃ယောက်ကို ကျော်ဖြတ်လျက် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူများဆီ ပြေးဝင်လိုက်ကြသည်။
လေဟာနယ်ဂိုဏ်း၏ ရွှမ်ချန်းကျစ်က ယွီချန်းရှုကို ကြည့်ကာ မေးလိုက်သည်။
“ယွီချန်းရှု ခင်ဗျားက တကယ်ပြိုင်ဘက်ကင်းတယ်လို့များ ထင်နေလား”
ထို့နောက် မော့ရှင်းလုက ပြောလိုက်သည်။
“ခုံရုံးသခင်ယွီ ပြိုင်ဘက် ၂ယောက်ကို တစ်ပြိုင်နက် တိုက်ခိုက်ရတော့ ခက်ခဲမှာပဲ”
ယွီချန်းရှုက တည်တည်ငြိမ်ငြိမ် ဖြေလိုက်၏။
“ငါက ပြိုင်ဘက်ကင်းတယ်ဆိုတာ အမှန်ပဲ”
ဝှစ်
ယွီချန်းရှုက အနီရောင် ကံမီးတောင် တောက်လောင်နေသည့် လက်ဝါးချက်ကို ထုတ်လွှင့်လိုက်သည်။
ဘန်း ဘန်း
ထိုအရာနှင့် ရင်ဆိုင်ရသည့်အခါ ရွှမ်္ချန်းကျစ်နှင့် မော့ရှင်းလုတို့က လက်ဝါးချက် ရိုက်ထုတ်ကာ လေထဲ နောက်ဆုတ်လိုက်ကြသည်။
ယွီချန်းရှုက ရွှမ်ချန်းကျစ်ဆီ ဖြည်းဖြည်းချင်း ချဉ်းကပ်လာ၏။ တစ်ချိန်တည်းဆိုသလို သုံးထပ်မျှော်နန်းဆောင်နှင့် တူသည့် အနက်ရောင် ပစ္စည်းတစ်ခုက သူ့လက်ဖဝါး၌ ထွက်ပေါ်လာသည်။ ထိုမျှော်နန်းဆောင် ဝန်းကျင်တွင် အနီရောင် စွမ်းအားများ ထွက်ပေါ်နေပြီး တစ်ခုနှင့်တစ်ခု အားဖြည့်ပေးနေသည်။
ထိုစဥ် ရွှမ်ချန်းကျစ်က လက်ဝါးချက်ကို ပူးကပ်ကာ သူ့ခန္ဓာကိုယ်မှ အနီရောင် စွမ်းအားကို ထုတ်လွှင့်လိုက်သည်။ သူက အော်ပြောလိုက်၏။
“ခင်ဗျားရဲ့ တိုက်ကွက်က အကြမ်းထည်ဆန်လွန်းတယ်”
မျက်စိဖမ်းစားနိုင်သည့် အနီရောင် စွမ်းအားဖြင့် တောက်လောင်နေသော ပါကွားစည်းတံဆိပ်က ရွှမ်ချန်းကျစ်ရှေ့တွင် ပေါ်ထွက်လာသည်။ ထိုစည်းတံဆိပ်က ယွီချန်းရှုဆီ ပြေးဝင်သွား၏။
ယွီချန်းရှုက တည်တည်ငြိမ်ငြိမ် ကျန်ရှိနေသည်။ သူက အနက်ရောင်ပစ္စည်းကို ပစ်လွှတ်လိုက်ရင်း “ဖိနှိပ်စမ်း”
အနက်ရောင်ပစ္စည်းက ပါကွားစည်းတံဆိပ်နှင့် ထိတွေ့သည့်အခါ တို့ဟူးကို ဖြတ်တောက်လိုက်သည့် ဓားသဖွယ်အလား ပါကွားစည်းတံဆိပ်ကို ဖျက်ဆီးကာ ရွှမ်ချန်းကျစ်ဆီ ဝင်ရောက်လာသည်။
မော့ရှင်းလုက ဝင်ပြောလိုက်၏။
“ပြေးတော့။ အဲဒါက ချုပ်နှောင်ခြင်း စည်းတံဆိပ်ပဲ”
ယွီချန်းရှုက အေးစက်စက် ပြောလိုက်သည်။
“နောက်ကျလွန်းသွားပြီ”
ချုပ်နှောင်ရေး စည်းတံဆိပ်က အရွယ်အစား ကြီးမားလာ၏။
ရွှမ်ချန်းကျစ်က စွမ်းအင်စည်းတံဆိပ်များကို အရူးအမူး ထုတ်လွှင့်လိုက်သည်။ သင်္ကေတနှင့် တာအိုစည်းတံဆိပ်များပါကာ မဟူရာယင်လက်ဝါးချက်ပင် ပါရှိ၏။ သို့သော် သူတို့ အားလုံးကို ချူပ်နှောင်ရေး စည်းတံဆိပ်က ဖျက်ဆီးပစ်လိုက်သည်။
သိပ်မကြာခင် ချုပ်နှောင်ရေး စည်းတံဆိပ်က ရွှမ်ချန်းကျစ်၏ ရင်ဘတ်ပေါ် ကျရောက်လာ၍ သွေးအန်လိုက်ရသည်။ သူ့သွေးနှင့် ချီများက ပြောင်းပြန်လှန်သွားသလို ခံစားလိုက်ရ၏။ သူက ကြိုးပြတ်စွန်အလား ဖြစ်နေလေသည်။
ထိုစဥ် မော့ရှင်းလု၏ အမူအရာက ပြောင်းလဲသွားကာ ရွှမ်ချန်းကျစ်ဘေးနား ပြေးသွားလိုက်သည်။ သူမက ရွှမ်ချန်းကျစ် မရှိဘဲ ယွီချန်းရှုအတွက် ပြိုင်ဘက် မဖြစ်နိုင်ကြောင်း သိလေသည်။ ထို့ကြောင့် သူမက ရွှမ်ချန်းကျစ် တစ်စုံတစ်ခု ဖြစ်ပျက်သွားမည်ကို ခွင့်မပြုနိုင်ပေ။
ထိုစဥ် ချုပ်နှောင်ရေး စည်းတံဆိပ်က ယွီချန်းရှု လက်ထဲ ပြန်ရောက်လာ၏။ သူက ဆက်လက် ပျံသန်းလာပြီး သူ့ခန္ဓာကိုယ်မှ အနီရောင် ကံကြမ္မာ မီးတောက်များ တောက်ပလာသည်။ သူက မော့ရှင်းလုနောက် လိုက်မဖမ်းပေ။ ထို့အစား သူက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူများကို ကြည့်ကာ အော်ပြောလိုက်၏။ “ထွက်သွားစမ်း”
ဘန်း ဘန်း ဘန်း
အနီရောင် ကံမီးတောက် တောက်လောင်နေသည့် ချုပ်နှောင်ရေး စည်းတံဆိပ်က ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူများထံ နဂါးနီတစ်ကောင်အလား ပြေးဝင်သွား၏။
ကျန်ရှိနေသည့် ပွင့်ချပ်ဆယ်လွှာ သို့မဟုတ် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူများက မျက်စိတစ်မှိတ်အတွင်း ထွက်ပြေးသွားကြသည်။
...
ထိုစဥ် တောင်ကြားအပြင်ဘက်ရှိ ကျင့်ကြံသူများက ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကြောင်အမ်းနေကြ၏။
“လွှမ်းမိုးအဆင့် လက်နက်က တကယ်ကို အားကောင်းတာပဲ”
“လွှမ်းမိုးအဆင့် လက်နက်က အားကောင်းရုံတင်မကဘူး။ ယွီချန်းရှုရဲ့ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံဆင့်နဲ့ အနီရောင် ကံမီးတောက် အကြောင်းကိုလည်း မေ့မထားနဲ့အုံး။ ငါတို့အတွက် မျှော်လင့်ချက် မရှိဘူး။ ဘာပဲဖြစ်ဖြစ် တောင်ခြားကို မသွားတာ အကောင်းဆုံးပဲ”
အားလုံးက တစ်စုံတစ်ခုကို ရယူဖို့ မျှော်လင့်ချက်အား စွန့်ပစ်လိုက်ကြသည်။ ထိုစဥ် သူတို့က တစ်စုံတစ်ခု မရလျှင်ပင် ဤအကောင်ကြီးကြီးများ၏ တိုက်ပွဲကို ကြည့်ရသည်ကပင် ထိုက်တန်နေပြီ ဖြစ်၏။
...
ယွီချန်းရှု၏ တိုက်ကွက်က ကျရောက်လာသည်။ သူက ရှေ့တိုးကာ လက်ကို မြှောက်လိုက်၏။ ချုပ်နှောင်ရေး စည်းတံဆိပ်က သူ့လက်အတွင်း ပြန်လည်ကျရောက်လာသည်။
ထို့နောက် ချုပ်နှောင်ရေး စည်းတံဆိပ်က သုံးထပ်မျှော်နန်းဆောင်ငယ်အဖြစ် ပြန်လည်ပြောင်းသွားသည်။
အနီရောင် ကံမီးတောက် ပျောက်ကွယ်သွားပြီးနောက် ယွီချန်းရှုက လေသံအတက်အကျ မရှိ ပြောလိုက်သည်။
“ရွှမ်ချန်းကျစ် မော့ရှင်းလု … မင်းတို့က အခုဘာလုပ်မှာလဲ”
မော့ရှင်းလုက ရွှမ်ချန်းကျစ်ကို ပွေ့ထားပြီး ယွီချန်းရှုနှင့် မီတာ ၁၀၀ အဝေးတွင် ဝေ့ဝဲနေသည်။ ထိုစဥ် သူမက သူ့ကို ကြောက်မက်ဖွယ် သားရဲတစ်ကောင်အလား ကြည့်လိုက်၏။
ရွှမ်ချန်းကျစ်နှင့် မော့ရှင်းလုတို့အနေဖြင့် ယွီချန်းရှုသည် အားကောင်းမှန်းသိထားသော်လည်း သူ့အင်အားက သူတို့မျှော်လင့်ထားသည်ထက် ပိုနေလေသည်။ သူတို့က တူညီသည့် ကျင့်ကြံဆင့်မျိုး ရှိထားသော်လည်း ယွီချန်းရှုက နောက်ထပ်အဆင့် တစ်ခုအလား ဖြစ်၏။
ထိုစဥ် အစစ်အမှန် ခွန်းလွန်ဂိုဏ်းနှင့် လေဟာနယ်ဂိုဏ်းတို့မှ ပွင့်ချပ်ဆယ်လွှာ သို့မဟုတ် ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူများက ယွီချန်းရှုကို ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်လိုက်ကြသည်။
အဆုံးသတ်တွင် ရွှမ်ချန်းကျစ်က ခေါင်းအသာယမ်းလျက် “ယွီချန်းရှု ကျုပ် ခင်ဗျားကို လျှော့တွက်မိသွားတာပဲ”
ယွီချန်းရှုက ရွှမ်ချန်းကျစ်ကို မတုံ့ပြန်ပေ။ ထို့အစား သူက လက်ဆန့်ကာ ခြိမ်းခြောက်လိုဟန်ဖြင့် ပြောလိုက်၏။ “အသက်ဓာတ် နှလုံးသား...”
လက်ရှိ မွေးဖွားဇယားချပ်သားရဲ၏ အသက်ဓာတ် နှလုံးသားက အစစ်အမှန် ခွန်းလွန်ဂိုဏ်း၏ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ လက်ထဲတွင် ဖြစ်၏။
ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူက သူ့လက်ထဲမှ အသက်ဓာတ် နှလုံးသားကို ကြည့်ကာ တုံ့ဆိုင်းနေမိသည်။ ဤအရာကို ရရှိဖို့ လူမည်မျှကများ စတေးကာ အသက်ကို စွန့်စားလိုကြသနည်း။
သူက အသက်ဓာတ် နှလုံးသားကို ပေးဖို့ ပြောသည့်အခါ မည်သို့ အနည်းငယ် မလိုလားမိဘဲ နေမည်နည်း။
…
အခန်း (၈၄၃) ပွင့်ချပ်ဆယ်လွှာ ကံမီးတောက် အသုံးပြုသူ၏တိုက်ပွဲ
ယွီချန်းရှုသည် ကွေ့ဝိုက်မနေဘဲ အသက်ဓာတ်နှလုံးသားကို တောင်းရန် လက်ဆန့်ထုတ်လိုက်သည်။ သူ၏အသံ၊ သဘောထားနှင့် အကြည့်တို့က သတ်ဖြတ်လိုစိတ်များ အထင်းသားဖြစ်နေကာ ညှိနှိုင်းရန် အခန်းကဏ္ဍမရှိပေ။
ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူသည် အကြိမ်ရေအနည်းငယ် ပြင်းပြင်းထန်ထန် ချောင်းဆိုးပြီးနောက် သူ၏ဝတ်ရုံကို ရုတ်တရက် ဆုတ်ဖြဲလိုက်သည်။ သူက ခန္ဓာကိုယ်ကို ချည်ရန် ခေါင်းငုံ့ပြီးနောက် ပြောလိုက်၏။
“ကံမီးတောက်”
ဤနည်းဖြင့် ကျန်သည့်ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူများသည်လည်း သူတို့ရင်ဘတ်ပေါ်၌ မီးတောက်အမှတ်အသားတစ်ခုကို တွေ့လိုက်ရသည်။ ယင်းက ကံမီးတောက်သည် သူတို့၏ ထူးကဲချီသွေးကြောရှစ်ကြောဆီသို့ ကျူးကျော်ဝင်ရောက်ပြီးဟု ဆိုလိုသည်။
ယွီချန်းရှုက လေသံအတက်အကျမရှိပြောလိုက်၏။
“နောက်ဆုံးတစ်ကြိမ်ပြောမယ်၊ အသက်ဓာတ်နှလုံးသားကို ပေး”
ထိုပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူများသည် သူတို့၏ခွန်အားကို တဖြည်းဖြည်းချင်း ဆုံးရှုံးနေကြသည်။ ကံမီးတောက်က သူတို့၏ချီသွေးကြောများကို ဖြည်းဖြည်းချင်း တိုက်စားကာ သူတို့ သေချင်လောက်သည်အထိ ပြင်းပြသည့်နာကျင်မှုကို ခံစားရစေသည်။ သူတို့သည် တစ်နှစ်ခန့် အိပ်ရာထဲ လဲဦးမည်။ အဆိုးဆုံး၌ သူတို့အသက်ဆုံးရှုံးသွားလိမ့်မည်။
ယင်းက ကံမီးတောက်၏ စွမ်းအားပဲဖြစ်သည်။
ယခုအချိန်တွင် ကံမီးတောက်ကို ပိုင်ဆိုင်ထားသည့် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူက ယွီချန်းရှုကို ကြည့်ပြီးပြောလိုက်၏။
“ကံမီးတောက်ကို ငြိမ်းပေး၊ ဒါဆို မင်းကို အသက်ဓာတ်နှလုံးသားပေးမယ်”
ယွီချန်းရှုက ထိုလူကို တစ်ချက်ကြည့်ပြီးနောက် လက်ဖဝါးဖြန့်လိုက်ပြီး တွန်းထုတ်လိုက်တော့သည်။
အနီရောင်လက်ဝါးစည်းတံဆိပ်တစ်ခုက ဖြည်းဖြည်းချင်း ပျံထွက်သွားတော့သည်။
ယင်းကို မြင်သောအခါ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူက အပျော်လွန်သွား၏။
ထိုစဉ် ကျန်သည့်သူများက တစ်ယောက်ပြီးတစ်ယောက် အော်လိုက်သည်။
“မလုပ်နဲ့၊ မင်းသူ့ကို ပေးလို့မရဘူး၊ မင်းသူ့ကို ပေးလိုက်ရင် ငါတို့အားလုံးသေလိမ့်မယ်”
ဝှစ်
ထိုစဉ် လက်ဝါးစည်းတံဆိပ်သည် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူရှေ့သို့ ရောက်နှင့်ပြီးဖြစ်သည်။ ရုတ်တရက် ၎င်းသည် အရွယ်အစားတိုးလာပြီး ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူကို အပြည့်အဝ လွှမ်းခြုံသွားတော့သည်။
အနီရောင် လက်ဝါးစည်းတံဆိပ်သည် သူ၏မျက်နှာနှင့် ရင်ဘတ်ကို ဖျက်ဆီးလိုက်၏။ ယင်းကိုကြည့်လျှင် သူ၏အတွင်းကလီစာများ တစ်စစီဖြစ်သွားလောက်သည်။ သူက မြေပြင်ပေါ် လဲကျသွားတော့၏။
လူတိုင်းက အထိတ်တလန့်ကြည့်နေကြသည်။ သူတို့သည် သူတို့ရောင်းရင်း သေဆုံးသွားတာကို ကူကယ်ရာမဲ့စွာ ကြည့်နေရ၏။
ယင်းကို ယွီချန်းရှု မည်ကဲ့သို့ လုပ်ခဲ့သနည်း။
အစ၌ အနီရောင် လက်ဝါးစည်းတံဆိပ်သည် သိမ်မွေ့သည်ဟု ရှင်းရှင်းလင်းလင်း ခံစားမိ၏။ သူ၏အရှိန်ကတောင် နှေးကွေးပြီး ညင်သာနေသည်။ ၎င်းသည် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက်ကို ချက်ချင်းသတ်ဖြတ်နိုင်သည့်စွမ်းအား ရုတ်တရက် မည်ကဲ့သို့ ရလာသနည်း။
လူတိုင်း၏မျက်လုံးထဲ၌ ထိတ်လန့်မှုများ ပြည့်နေသည်။ သူတို့သည် သူတို့၏အသင်းဖော် လဲကျသွားတာကိုသာ ကူကယ်ရာမဲ့စွာ ကြည့်ရုံတတ်နိုင်၏။
ပိုမိုပြင်းထန်သည့် အကြောက်တရားက လူတိုင်းဆီ ရောက်ရှိသွားလေ၏။
သူတို့ခွန်အားနှင့် ယွီချန်းရှု၏ခွန်အား ကွာဟချက်က ကြီးမားလွန်းသည်။ ယင်းက ပွင့်ချပ်ဆယ်လွှာ ကံမီးတောက်အသုံးပြုသူ၏ စွမ်းအားပေလော။
ထိုစဉ် ယွီချန်းရှုက လက်ထပ်ဖြန့်လိုက်သည်။
အသက်ဓာတ်နှလုံးသားကို ယွီချန်းရှုသည် အနီရောင်စွမ်းအားဖြင့် ဆောင်ယူလိုက်သည်။
“…”
ဘီး ဘီး
ထိုစဉ် စိတ်ဝိညာဉ်သဏ္ဌာန်များ၏ ပဲ့တင်သံသည် လေထဲပေါ်ထွက်လာတော့၏။
ရွှမ်ချန်းကျစ်နှင့် မော့ရှင်းလုတို့၏ စွမ်းအင်များသည် ထိုအချိန် သူတို့၏ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာ၏။
“မင်းအသက်ဓာတ်နှလုံးသားကို လိုချင်ရင် ငါတို့ကို ဖြေရှင်းရဦးမယ်”
ယွီချန်းရှုသည် အထင်တသေး ရှုံ့ချပြီးနောက် ပြောလိုက်လေ၏။
“မင်းသေချင်နေမှတော့ သေခွင့်ပေးရတာပေါ့”
ရွှမ်ချန်းကျစ်နှင့် မော့ရှင်းလုတို့က သူတို့ရေှ့၌ လေဆင်နှာမောင်းတစ်ခုကို ဖွဲ့တည်လျက် ယွီချန်းရှု၏ စွမ်းအင်ကို ချေဖျက်လိုက်သည်။
ပေနှစ်ရာခန့်မြင့်မားသော စိတ်ဝိညာဉ်သဏ္ဌာန် သုံးခုသည် တောင်ကြားအလယ်တွင် ပြင်းထန်စွာ တိုက်ခိုက်ကြတော့၏။
လူတိုင်းသည် နောက်သို့လျင်မြန်စွာ ဆုတ်လိုက်တော့သည်။
စွမ်းအင်များသည် ကြမ်းတမ်းသော လေပြင်းများဝှေ့တက်လာစေသည်။ တောင်ကြားပေါ်၌ ဖရိုဖရဲဖြစ်နေစေတော့သည်။ စွမ်းအင်များက အနီရောင်အလင်း ပေါက်ကွဲမှုထဲ တိုက်မိကုန်သည်။
ဖုန်း ဖုန်း ဖုန်း
တောအုပ်အတွင်းပိုင်းထဲမှ ဆူညံသံများသည်လည်း ပွင့်ချပ်ဆယ်လွှာ သိုင်းပညာရှင် သုံးယောက်ကြားရှိ တိုက်ပွဲမှ ပေါက်ကွဲသံများကြောင့် ဝါးမျိုခံလိုက်ရသည်။
ထိုစဉ် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူများက အလျင်စလို နောက်ဆုတ်နေကြသည်။
တောင်ကြား၏ မီတာတစ်ထောင်အတွင်းရှိ သစ်ပင်များအားလုံးသည် တိုက်ပွဲအတွင်းမှ စွမ်းအင်ကြောင့် ပြားကပ်ကုန်သည်။
လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။ သူက အနည်းငယ်အံ့ဩသွားတော့သည်။ ယွီချန်းရှု ထိုမျှ သန်မာလိမ့်မည်ဟု မထင်ထားပေ။ မည်သို့ပင်ဆိုစေကာမူ သူသည် ယွီချန်းရှုကို ဖြေရှင်းရန်အတွက် သူ၏ဝှက်ဖဲကို အသုံးပြုရမည်ဟု မထင်ပေ။
သူရွှေကြာနယ်မြေသို့ ရောက်သောအခါ စီးဝူယာ့ကို ချီးကျူးရမည်ဟု သူ့ကိုယ်သူ သတိပေးလိုက်သည်။ စီးဝူယာ့၏ အကြံအစည်ကြောင့်သာ မဟုတ်လျှင် သူသည် ယွီချန်းရှုကို ဖြေရှင်းနိုင်ရန် အတော်အားစိုက်ထုတ်ရလိမ့်မည်။
ယွီချန်းရှုကဲ့သို့လူ၌ အသက်ကယ်နည်းများစွာ ရှိမှာဖြစ်သည်။ ဆိုရလျှင် သူသည် ကောင်းကင်သိုင်းခုံရုံး၏ သခင်ဖြစ်သည်။ သူသည် ယွီချန်းရှုကို တစ်ချက်တည်းဖြင့် အပြီးသတ်နိုင်လျှင် အကောင်းဆုံးဖြစ်၏။ သို့သော် ၎င်းက ဖြစ်နိုင်မည်ဟု မသေချာပေ။ ထို့အပြင် နောင်ကျ သူကြုံတွေ့ရမည့် သိုင်းပညာရှင်များကို သူထည့်စဉ်းစားရမည်။ ထို့ကြောင့် သူ၏ဝှက်ဖဲကို သတိလက်လွတ် အသုံးမပြုနိုင်ပေ။
နီရဲနေသော ကောင်းကင်သည် သူ၏အမြင်အာရုံကို ဟန့်တားထား၏။ သူသည် အနီရောင်ကောင်းကင်ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် သူ၏အမြင်အာရုံ ဝေဝါးသွားသည်ဟု ခံစားလိုက်မိသည်။
လုကျိုးက မျက်တောင်ခတ်လိုက်ခါစ၌ စွန်းကျဲသည် ဓားမြှောင်တစ်လက်ကိုင်ကာ လျှပ်ပြက်သော အရှိန်ဖြင့် သူ့ကို ထိုးစိုက်ရန် ရည်ရွယ်နေတာကို ရုတ်တရက်တွေ့လိုက်ရသည်။
ဘန်း
ဓားမြှောင်ထိပ်သည် လုကျိုးနှင့် လက်မဝက်မျှအကွာခန့်တွင် အတားခံလိုက်ရပြီး ရှေ့ဆက်မသွားနိုင်တော့ပေ။
“ဟမ်”
စွန်းကျဲက တုန်ယင်နေသည်။ သူသည် ထိုအလစ်တိုက်ခိုက်မှုတွင် သူ၏ခွန်အားအကုန်ကို အသုံးပြုထားသည်။ ထိုသို့တိုင် လုကျိုး၏ ခုခံမှုကို မထိုးဖောက်နိုင်ခဲ့ပေ။
လုကျိုးက သူ့လက်ကို ဖြေချလျက် ကျောနောက်ပြန်ထားလိုက်၏။ သူက စွန်းကျဲကို မျက်နှာသေဖြင့် ကြည့်ပြီးပြောလိုက်သည်။
“မင်းရဲ့သတ္တိက ချီးကျူးစရာပါပဲ”
ထန်း
ဓားမြှောင်သည် မြေပြင်ပေါ် ပြုတ်ကျသွား၏။ စွန်းကျဲသည် တုန်ယင်နေကာ နောက်သို့ ယိုင်သွားတော့သည်။
“ခင်ဗျား.. ခင်..ခင်ဗျားက ပွင့်ချပ်ဆယ်လွှာ အကျော်အမော်လား”
“အဖြေသိပြီးသားကို မေးနေလို့ ဘာအကျိုးထူးမှာလဲ” လုကျိုးသည် ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။
ယင်းက သူရှင်သန်နိုင်မည့် တစ်ခုတည်းသောနည်းဆိုတာ တွေးမိပြီး စွန်းကျဲက ပြောလိုက်၏။
“ကိစ္စမရှိဘူး၊ မင်း..မင်းက ခုံရုံးသခင်ယွီအတွက် ပြိုင်ဘက်မဟုတ်ဘူး၊ လက်လျှော့လိုက်တော့”
လုကျိုး၏မျက်နှာပေါ်၌ ရှားရှားပါးပါး အပြုံးတစ်ပွင့်ပေါ်လာ၏။ သူကပြောလိုက်တော့သည်။
“တုံးအလိုက်တာ”
ပြီးနောက် သူ၏လက်ကိုမြှောက်ကာ ရိုက်ချလိုက်တော့သည်။
ရွှေရောင်လက်ဝါးစည်းတံဆိပ်သည် ချက်ချင်းပေါ်ထွက်လာသည်။
စွန်းကျဲက ထိတ်လန့်သွားတော့၏။ နယ်ခြားကျူးကျော်သူလား။
စွန်းကျဲသည် တွေဝေသွားပြီး ချက်ချင်း ပျံသန်းရန် ကြိုးစားလိုက်သည်။ သို့သော် လက်ဝါးစည်းတံဆိပ်သည် ပိုတောင်မြန်ဆန်လွန်းသော အရှိန်ဖြင့် သူ့အားထိမှန်သွား၏။ သူသည် ကောင်းကင်ထဲ ခုန်တက်တော့မည့်အချိန်၌ သွေးအန်သွားတော့သည်။
ယွီချန်းရှုသည် အခြားသော ပွင့်ချပ်ဆယ်လွှာ သိုင်းပညာရှင်နှစ်ယောက်ကို မဖြေရှင်းနေပင်လျှင် သွေးနီရောင် နေမင်းဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်ကို သူအမှန်တကယ် ဂရုစိုက်မည်လော။
သွေးနီရောင်နေမင်းဂိုဏ်းမှ ကျန်ရှိသည့်လူနှစ်ယောက်သည် ဖြူဖျော့နေကာ အမြန်သွားလိုက်တော့သည်။ သူတို့ မည်သည့်နည်းနှင့်မဆို သေမည်ဖြစ်သောကြောင့် အဆုံးထိ သူတို့တိုက်ခိုက်နိုင်မည်။ သူတို့နှစ်ယောက်လုံးက ရူးသွပ်စွာ တိုက်ခိုက်တော့၏။
လုကျိုးသည် လျှို့ဝှက်တာအိုစည်းတံဆိပ်ကို ပစ်ထုတ်လျက် ရှေ့သို့တစ်လှမ်းတိုးလိုက်သည်။ သင်္ကေတဆယ်ခု၊ ကောင်းကင်၊မြေကြီး၊သေခြင်း၊ရှင်ခြင်း၊ရေ၊မီး၊ဒြပ်ရှိ၊ဒြပ်မဲ့၊တည်ရှိခြင်း၊ခွဲခွာခြင်း၊တစ်ခုတည်းဖြစ်စေခြင်းတို့သည် စက်ဝိုင်းတစ်ခုဖွဲ့တည်ပြီး သူတို့နှစ်ယောက်ဆီ လျင်မြန်စွာ လှည့်ပတ်သွား၏။
ဘန်း ဘန်း ဘန်း
ရွှေရောင်သင်္ကေတဆယ်ခုသည် သူတို့၏ကာကွယ်ရေးစွမ်းအင်ကို အလွယ်တကူထိုးဖောက်ပြီးနောက် သူတို့ခန္ဓာကိုယ်ပေါ် ကျရောက်သွားသည်။ နှစ်ယောက်သားသည် အစကတည်းက ဒဏ်ရာပြင်းပြင်းထန်ထန် ရပြီးသားဖြစ်ရာ ပွင့်ချပ်ဆယ်လွှာ သိုင်းပညာရှင်၏တိုက်ခိုက်မှုကို မည်သို့ ခံနိုင်ရည်ရှိမည်နည်း။
“ပစ်မှတ်တစ်ယောက်သတ်ဖြတ်ပြီးပါပြီ၊ ကုသိုလ်မှတ် ၁၅၀၀ရပါပြီ၊ နယ်မြေအပိုကုသိုလ်မှတ် ၁၀၀၀”
“ပစ်မှတ်တစ်ယောက် သတ်ပြီးပါပြီ၊ ကုသိုလ်မှတ် ၁၀၀၀ရပါပြီ၊ နယ်မြေအပိုကုသိုလ်မှတ် ၁၀၀၀ရပါပြီ”
“…”
ဝေကျွင်းကျစ်က ထိတ်လန့်မှုကြောင့် မျက်လုံးပြူးကျယ်နေ၏။
လုကျိုးသည် သွေးနီရောင်နေမင်းဂိုဏ်းမှ နှစ်ယောက်ကို အာရုံမစိုက်ခဲ့ပေ။ ထို့အစား သူသည် ကောင်းကင်ထဲမှ ပြုတ်ကျလာသည့် စွန်းကျဲကို ငုံ့ကြည့်လိုက်သည်။ ယခုအချိန်တွင် သူ၏ခေါင်းက တုန်ယင်နေပြီး ထွက်ပြေးရန် အကောင်းဆုံးကြိုးစားနေသေးသည်။ သူက ကောင်းကင်ထဲ ထပ်ပျံတက်လိုက်၏။
လုကျိုးက လက်ကိုမြှောက်လိုက်ရာ အမည်မဲ့သည် လေးအသွင် ချက်ချင်းဖွဲ့တည်လိုက်၏။ သူသည် လက်နှစ်ချောင်းဖြင့် လေးကြိုးကို ဆွဲပြီးနောက် မြားပစ်လိုက်သည်။ ပြောရန်မလို၊ သူ၏မြားသည် ပစ်မှတ်ကို ဘယ်တော့မှ မလွဲချော်ဖူးပေ။
လုကျိုးသည် -ပြီးနောက် လက်နောက်ပစ်လိုက်ပြန်၏။ သူ၏အကြည့်က မှင်တက်နေသော ဝေကျွင်းကျစ်ဆီ ရောက်သွားသည်။
ပွင့်ချပ်ဆယ်လွှာ သိုင်းပညာရှင်သုံးဦးကြားရှိ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
အနီရောင်စွမ်းအင်က လုကျိုး၏မြင်ကွင်းကို ဟန့်တားနေ၏။
ထိုစဉ် တောင်ကြားထဲရှိ တောအုပ်အတွင်းပိုင်းမှ ဆူညံသံက ပိုမိုကျယ်လောင်လာ၏။
တိုက်ပွဲမှ အနီရောင်စွမ်းအင်များကြောင့် အစိမ်းရောင်ပုလင်းလေးမှ ယိုစိမ့်ထွက်လာသော အသက်ဓာတ်စွမ်းအင် အတုအယောင်သည် သိပ်မသိသာတော့ပေ။ သို့သော် အသက်ဓာတ်စွမ်းအင်အတွက် နှာခေါင်းကောင်းသည့်လူများက သေချာပေါက် လွဲချော်မှာမဟုတ်ပေ။
ကောင်းကင်ချားတောင်တန်း နယ်နမိတ်၏ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံးသည် ပါးစပ်အဟောင်းသားဖြင့် တောင်ခြားပေါ်ရှိ ကောင်းကင်ကို ကြည့်နေရုံသာရှိသည်။ သို့သော်ငြား အနီရောင်စွမ်းအင်ကြောင့် သူတို့သည် တိုက်ပွဲကို ရှင်းရှင်းလင်းလင်း မကြည့်နိုင်ပေ။ သူတို့သည် လုကျိုးကို အာရုံမစိုက်ဘဲ ဖြစ်ပျက်နေတာကို မြင်တွေ့ရန်အတွက် ရီဝေနေသောမျက်လုံးကို ပွတ်လိုက်ကြသည်။ ထို့ကြောင့် လုကျိုးက သွေးနီရောင်နေမင်းဂိုဏ်းမှ သုံးယောက်ကို သတ်လိုက်တာ မတွေ့ခဲ့ပေ။
တစ်ဖက်တွင်မူ အစစ်အမှန်ခွန်းလွန်ဂိုဏ်းနှင့် လေဟာနယ်ဂိုဏ်းမှ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူများသည် တိုက်ပွဲနှင့်အလွန်နီးကပ်သောကြောင့် တောအုပ်ထဲမှ ဆူညံသံများကို ကြားသိပြီးဖြစ်သည်။ ကံဆိုးသည်မှာ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူသုံးယောက်ကြားရှိ တိုက်ပွဲသံများသည် ကျယ်လောင်လွန်းပြီး အနီရောင်စွမ်းအင်များသည် တောက်ပလွန်းသောကြောင့် သူတို့သည် တောအုပ်ထဲရှိ ဆူညံသံကို အာရုံမစိုက်ခဲ့ကြပေ။
“တင် ပစ်မှတ်တစ်ယောက်သတ်ပြီးပါပြီ၊ ကုသိုလ်မှတ် ၁၅၀၀ရရှိပါတယ်၊ နယ်မြေအပိုကုသိုလ်မှတ် ၁၀၀၀”
လုကျိုးသည် စွန်းကျဲကို သတ်ဖြတ်ခြင်းအတွက် အသိပေးစာ ရသောအခါ ပြောင်းလဲသွားမှု မရှိပေ။ ကုသိုလ်မှတ်အရေအတွက်က သူ့အတွက် နည်းပါးလှပေ၏။
ခဏကြာပြီးနောက် သူသည် မြေပြင်ပေါ်၌ တိတ်ဆိတ်စွာ လှဲနေသော ဝေကျွင်းကျစ်ကို ကြည့်လိုက်၏။ အတော်ကြာပြီးနောက် သူနောက်ဆုံး၌ ပြောလိုက်သည်။
“မင်းက မင်းကိုယ်မင်း အထင်ကြီးလွန်းတယ်”
ဝေကျွင်းကျစ်သည် သူ၏အသက်ကို သာမန်လူများထက် ပိုတန်ဖိုးထားသူဖြစ်သည်။ သူက တုန်ယင်နေလျက် တောင်းပန်လိုက်သည်။
“ကျေးဇူးပြုပြီး.. ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ ချန်ပေ့..ချန်ပေ့၊ ဒီလိုဖြစ်မယ်မှန်း သိရင် ကျွန်တော်လုပ်ခဲ့မှာ မဟုတ်ပါဘူး”
လုကျိုးသည် ဝေကျွင်းကျစ်ကို အာရုံမစိုက်တော့ပဲ တိုက်ပွဲကို ဆက်ကြည့်နေ၏။
ထိုစဉ် အနီရောင်စွမ်းအင်လှိုင်းက ပြန့်ကားလာပြီးနောက် ပုံရိပ်တစ်ခုသည် ဘယ်ဘက်သို့ဆုတ်ပြီး ပုံရိပ်နှစ်ခုသည် ညာဘက်သို့ဆုတ်သွားသည်။
တိုက်ပွဲ၏ရလဒ်ကို ဆုံးဖြတ်ပြီး ဖြစ်ပုံပေါ်သည်။
ကောင်းကင်ထဲရှိ အနီရောင်စွမ်းအင်သည် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။
ကောင်းကင်သိုင်းခုံရုံး၏ ယွီချန်းရှုက ညာဘက်ခြမ်းတွင် ရပ်နေလျက် ကျန်နှစ်ယောက်က ဘယ်ဘက်ခြမ်းတွင် ရပ်နေကာ သူတို့ရင်ဘတ်ကို အုပ်ကိုင်ထားသည်။
တာအိုလေဟာနယ်ဂိုဏ်းမှ ရွှမ်ချန်းကျစ်နှင့် အစစ်အမှန်ခွန်းလွန်ဂိုဏ်း၏ မော့ရှင်းလုတို့က သွေးများ လွှမ်းနေကြသည်။ နှစ်ယောက်လုံးက အမောတကော အသက်ရှုနေပြီး စကားမပြောနိုင်ပေ။ သို့သော် နှစ်ယောက်လုံး၏ မျက်လုံးများက သူတို့၏မလိုလားမှုကို ပြနေသည်။
ယွီချန်းရှုက လက်နောက်ပစ်ထားလျက် ထိုလူနှစ်ယောက်ကို ကြည့်ကာပြောလိုက်တော့သည်။
“ဒါမျိုးဖြစ်မယ်မှန်း မင်းတို့သိခဲ့ရင် ဘာကြောင့်လုပ်မှာလဲ”
လုကျိုး “…”
ရွှမ်ချန်းကျစ်က ပြောလိုက်၏။ “ဘာလို့လဲ”
“ဘာလို့လဲဆိုတာ မရှိဘူး၊ မင်းတို့နှစ်ယောက် မပြောနဲ့၊ မွေးဖွားဇယားချပ် ပညာရှင်တောင် ငါ့ကို ဘာမှမလုပ်နိုင်ဘူး”
ယွီချန်းရှုက လေးနက်စွာ ပြောလိုက်၏။
“ငါတို့က ကောင်းကင်သိုင်းခုံရုံးထဲမှာဆိုရင် မွေးဖွားဇယားချပ် သိုင်းပညာရှင်တောင် မြှုပ်စရာမြေမရှိပဲ သေသွားလိမ့်မယ်”
ရွှမ်ချန်းကျစ်နှင့် မော့ရှင်းလု “…”
ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူများသည် ယွီချန်းရှု၏ခွန်အားကြောင့် ထိတ်လန့်သွား၏။
ယခုအချိန်တွင် အောက်မှ ပုံရိပ်တစ်ရိပ် တက်လာ၏။ သူသည် ကောင်းကင်သိုင်းခုံရုံး၏ ကျန်းထင်းကျုံးပဲဖြစ်သည်။ သူ့လက်ထဲတွင် အသက်ဓာတ်နှလုံးသားကို ကိုင်ထားကာ စိတ်အားထက်သန်စွာ ပြောလိုက်၏။
“ခုံရုံးသခင် ကျုပ် အသက်ဓာတ်နှလုံးသား ရလာပြီ”
ယွီချန်းရှုက ပြောလိုက်သည်။ “သိပ်ကောင်းတယ်”
ထိုစဉ် ဝေကျွင်းကျစ်က ယခုအခါ သူရှန်သန်ရန် အကောင်းဆုံးအခွင့်အရေးဟု တွေးလိုက်သည်။ သူက စိတ်ပျက်အားငယ်စွာ အော်လိုက်၏။
“ခုံရုံးသခင် တောင်ကြားထဲက မွေးဖွားဇယားချပ်သားရဲတွေကို ဘယ်လိုအနိုင်ယူရမလဲဆိုတာ သိတယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်ပါ”
လုကျိုးသည် ဝေကျွင်းကျစ်ကို ချက်ချင်းကြည့်လိုက်၏။
ပြီးနောက် ယွီချန်းရှုကလည်း ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲ၌ အံ့ဩမှုတစ်စွန်းတစ်စ ပေါ်လာတော့သည်။
သွေးနီရောင်နေမင်းဂိုဏ်းက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတွေ ဘယ်မှာလဲ။ သူက တိုက်ပွဲကြည့်နေတာ ဆိုပေမဲ့ သူတို့မထိခိုက်ဘူးလေ။ တကယ်တော့ ဖုန်တစ်မှုန်တောင် သူ့အပေါ်မှာ မြင်ရတာ မဟုတ်။
ယွီချန်းရှုက လုကျိုးနှင့် ဝေကျွင်းကျစ်ဆီ ပျံသန်းသွားပြီး ကောင်းကင်ပေါ်ကနေ ငုံ့ကြည့်လျက် မေးလိုက်သည်။
“မင်းမသေဘူးလား”
လုကျိုးသည် ခေါင်းခါလျက် ပြောလိုက်၏။
“ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက်က ငါ့ကို ထိခိုက်အောင် ဘယ်လိုလုပ် လုပ်နိုင်မှာလဲ”
ယွီချန်းရှုက မျက်မှောင်ကြုတ်လျက် သဘောပေါက်သွားတော့သည်။
“တိမ်တိုက်တောင်က အကျော်အမော်က ကျုပ်ရှေ့မှာ တစ်ချိန်လုံးရှိနေမယ်လို့ မထင်ထားခဲ့ဘူး”
ဝေကျွင်းကျစ် “…”
“ခင်ဗျား သိတယ်လား”
“ဒါထောင်ချောက်မှန်း သိတယ်၊ ဒါပေမဲ့ ထောင်ချောက်အတိုင်း လိုက်ပါဖို့ ဆုံးဖြတ်ခဲ့တာ၊ ညီလေးလုက ဒီလောက်ငယ်ရွယ်လိမ့်မယ်လို့ မထင်ထားဘူး” ယွီချန်းရှုက ထုတ်ပြောလိုက်လေ၏။