← Chapters

အခန်း (၈၄၄-၈၄၆)

Vol. 57 Ch. 844-846

အခန်း (၈၄၄-၈၄၆)

Vol. 57 Ch. 844-846

အခန်း (၈၄၄) ကောင်းကင်ဘုံ သွေဖည်နေသည့် နည်းစနစ်များ

လေဟာနယ်ဂိုဏ်းမှ ရွှမ်ချန်းကျစ်၊ အစစ်အမှန် ခွန်းလွန်ဂိုဏ်းမှ မော့ရှင်းလုနှင့် ဒဏ်ရာရ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူများက နားမလည်ဖြစ်သွားကြ၏။

ယွီချန်းရှုက အတော်ငယ်သည့် အမျိုးသားထံ အဘယ့်ကြောင့် ညီအစ်ကိုလုဟု ခေါ်ဆိုနေရသနည်း။ ထိုသူက မည်သူနည်း။

ကောင်းကင်ချားတောင်နယ်နိမိတ် ဝန်းကျင်ရှိ လူများက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူများ ဖြစ်ကြသည်။ ပွင့်ချပ်နည်းသည့် သူများက နောက်ဆုတ်သွားသည်မှာ ကြာမြင့်လှပြီဖြစ်၏။ ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ရှိသည့်သူများက အနည်းဆုံး နှစ် ၇၀၀မှ ၈၀၀အထိ ရှိကြသည်။ နှစ် ၁၀၀၀ သက်တမ်းရှိသည့် လူတချို့လည်း ရှိနေသည်။ နှစ် ၁၀၀၀ ကျင့်ကြံသူအတွက် လုကျိုးက အမှန်တကယ် လူငယ်လေးလို ဖြစ်နေ၏။

“မင်းက လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်ပြီလား” လုကျိုးက ဘေးပတ်လည်ကို ကြည့်လိုက်သော်လည်း ထောင်ချောက်ကို မမြင်မိပေ။

အကယ်၍ ထောင်ချောက် မရှိလျှင်ပင် ကောင်းကင်ချားတောင်နယ်နိမိတ်ရှိ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူအားလုံးက ဒဏ်ရာရရှိထား၏။

ထိုစဥ် ရွှမ်ချန်းကျစ်နှင့် မော့ရှင်းလုတို့ကလည်း ဒဏ်ရာရရှိထားကြသည်။

ကောင်းကင်သိုင်းခုံရုံးမှ လူ ၃ယောက်ကသာ ပုံမှန်အတိုင်း ကျန်ရှိလေသည်။

လုကျိုး၏ အမြင်တွင် စီးဝူယာ့၏ အစီအစဥ်က အောင်မြင်ပြီးသား ဖြစ်၏။ သူက ဆက်လက်ပုန်းအောင်းကာ တိုက်ပွဲကို အဆုံးထိ ကြည့်နေပြီး အကျိုးအမြတ်ကို ဝင်ယူရုံသာ ကျန်တော့သည်။ သို့သော်လည်း အစီအစဥ်က အပြောင်းအလဲများနှင့် လိုက်မမီနိုင်ပေ။ သူက ပေါက်ကြားသွားပြီ ဖြစ်သော်လည်း ပြဿနာ ကြီးကြီးမားမားဟု မထင်ပေ။

ထို့အပြင် သူက ယွီချန်းရှု၏ စွမ်းအင်နှင့် အင်အားအပေါ် နားလည်နိုင်စွမ်းတချို့ ရရှိထားပြီးသားဖြစ်၏။ ထိုအရာအပြင် အသက်ကယ်နည်းလမ်းများနှင့် ဝှက်ဖဲများအရ သူသည် ယွီချန်းရှုထက် နောက်ကောက်ကျမည် မဟုတ်ကြောင်း ယုံကြည်ချက်ရှိ၏။

ယွီချန်းရှုက လုကျိုးထံ လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည်။

“ခင်ဗျားရဲ့ နာမည်ကို ကြားဖူးတာ ကြာလှပါပြီ။ ကျုပ် အမြင်တော့ ယဲ့ကျန်းကို သတ်နိုင်တဲ့သူက ယုံကို သတ်နိုင်မှာပဲ။ ညီအစ်ကိုလုက မွေးဖွားဇယားချပ်သားရဲကို တမင်လွှတ်ပေးလိုက်တယ်။ အဲဒီအချိန်မှာ ရွှေကြာနယ်မြေက ကျူးကျော်လို့ ရအောင်လို့လေ”

လုကျိုးက ယွီချန်းရှုကို ကြည့်လိုက်၏။ သူက ထိုမျှအထိ မစဥ်းစားမိပေ။ သို့သော် ယွီချန်းရှု၏ အတွေးများက အကျိုးအကြောင်းသင့်ကြောင်း ဝန်ခံရပေမည်။ အဆုံးသတ်တွင် သူက ပြောလိုက်၏။

“ယွီချန်းရှု မင်းက ငါ့အတွက် အရူးတစ်ယောက်နဲ့ မတူဘူး”

ယွီချန်းရှုက ပြောလိုက်သည်။

“တကယ်တော့ ကျုပ်တို့ကြားမှာ ရန်ကြွေးဆိုတာ မရှိဘူး။ ဒါပေမဲ့ ကျုပ်တို့က ဘက်မတူမှတော့ ရန်သူဖြစ်ဖို့ ကံကြမ္မာ ဖန်လာပြီးသားပဲ”

လုကျိုးက ခေါင်း အသာယမ်းလိုက်ပြီးနောက် ပြောလိုက်သည်။

“လောကမှာ သဘာဝရန်သူဆိုတာ မရှိဘူး။ မင်းရဲ့ အပြစ်တွေအတွက် တခြားသူကို အပြစ်တင်နေလို့ မရဘူး။ တကယ်လို့ မင်းသာ နောက်ဆုတ်ချင်ရင် မင်းအသက်ကို ချမ်းသာပေးဖို့ စဥ်းစားပေးမယ်”

အားလုံးက လုကျိုး၏ စကားကို ကြားသည့်အခါ ကြောင်အမ်းသွားကြ၏။ ယွီချန်းရှုကို ထိုစကားမျိုး ပြောရဲသည်မှာ မည်သည့်နေရာက ယုံကြည်ချက် ရလာလဲဟု စဥ်းစားနေကြသည်။

ယွီချန်းရှုက လက်ဝှေ့ကာ “ခင်ဗျား ဘေးပတ်လည်ကို ကြည့်လိုက်စမ်းပါအုံး”

ကောင်းကင်ချားတောင်နယ်နိမိတ်တွင် ဂိုဏ်းများနှင့် ကျင့်ကြံသူများက အဘက်ဘက်မှ ဝိုင်းထားကြသည်။

“ဒါက မင်းရဲ့ အစီအစဥ်လား” လုကျိုး နှမျောမိသည့် တစ်ခုတည်းသောအရာက နန်းတော်ထဲမှ လျှို့ဝှက်ပညာရှင် ရှားဟို့ရှန်းက ပေါ်ထွက်မလာခြင်း ဖြစ်၏။ သို့သော်လည်း ထိုအရာက သိပ် အရေးမပါလှပေ။ ထို့အပြင် လူမည်မျှ လာစေကာမူ အသုံးမဝင်ပေ။

ယွီချန်းရှုက အပြုံးလေးဖြင့် ပြောလိုက်သည်။

“သိပ်မကြာခင် သိမှာပါ”

သူ့စကားအဆုံးတွင် သူက ဆင်းသက်လာ၏။ သူ့အကြည့်များက ဆုံးဖြတ်ချက် ပြတ်သားမှုဖြင့် တောက်ပနေကာ လက်ကို ဆန့်ထုတ်လိုက်သည်။ သူ့လက်ဖဝါးက သွေးနီရောင် အလင်းတန်း တောက်ပလာ၏။

အစစ်အမှန် ခွန်းလွန်ဂိုဏ်းနှင့် လေဟာနယ်ဂိုဏ်းတို့မှ လူများသာမက ကောင်းကင်ချားတောင်နယ်နိမိတ်ရှိ ကျင့်ကြံသူများအပါအဝင် အားလုံးက သူတို့ရှေ့မှ မြင်ကွင်းကို တအံ့တသြဖြင့် ကြည့်နေကြသည်။

ယွီချန်းရှုကို ဒီလို အလေးအနက် တိုက်ခိုက်အောင် လုပ်နိုင်တာ လူလတ်အရွယ် အမျိုးသားက ဘယ်သူလဲ...

ထိုစဥ် ယွီချန်းရှု၏ အနီရောင် လက်ဝါးချက်က လုကျိုးဆီ ကျရောက်လာသည်။

လုကျိုး၏ အမူအရာက နည်းနည်းလေးမှ အပြောင်းအလဲမရှိဘဲ လက်ကို အသာ ဝှေ့ယမ်းလိုက်သည့်အချိန် ရွှေရောင်အလင်းတန်း တောက်ပလာ၏။

“နယ်ခြား ကျင့်ကြံသူပဲ”

“သူက နယ်ခြားမျိုးနွယ်ပဲ”

ကျင့်ကြံသူများ၏ စောင့်ကြည့်နေသည့် အကြည့်များအောက်တွင် အနီရောင် လက်ဝါးစည်းတံဆိပ်နှင့် ရွှေရောင် လက်ဝါးစည်းတံဆိပ်တို့က ထိပ်တိုက်တွေ့ဆုံသွားကြသည်။

ဘန်း

စွမ်းအင်လှိုင်း ထိပ်တိုက်တွေ့ဆုံရာမှ တုန်ခါလှိုင်းများကလည်း ထွက်ပေါ်လာသည်။

တိုက်ပွဲကို ကြည့်နေကြသည့် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူများက သူတို့၏ ကာကွယ်ရေး စွမ်းအားကို ထုတ်ဖော်ကာ ကာကွယ်ရုံမှအပ ရွေးချယ်စရာ မရှိပေ။

ကျင့်ကြံသူများက သူတို့ မြင်လိုက်ရသည့် အရာက အနီရောင် လက်ဝါးစည်းတံဆိပ်တွင် မီးတောက်များ ထွက်နေရုံသာမက ရွှေရောင် လက်ဝါးစည်းတံဆိပ်တွင်လည်း မီးတောက်များ တောက်လောင်နေကြောင်း မြင်လိုက်ရသည့်အတွက် ပိုမိုအံ့အားသင့်သွားကြသည်။

တိုက်ပွဲက ပိုမိုပြင်းထန်လာဟန်ပေါ်၏။

“ကံမီးတောက်ပဲ”

“ရွှေရောင် ကံမီးတောက်လား။ တာ့ထန်မှာ ရှိတဲ့ပိုင်နက်ထဲမှာ ဒီလို လျှို့ဝှက်ပညာရှင်မျိုး ရှိတယ်လား”

ကံအဆိုးဆုံးသူက လုကျိုးအနီးတွင် ရှိနေသည့် မြေပြင်ပေါ် လဲကျနေသော ဝေကျွင်းကျစ်သာ ဖြစ်ပေသည်။ သူက အနီရောင်နှင့် ရွှေရောင် ကံမီးတောက်တို့ဖြင့် တောက်လောင်ခံလိုက်ရပြီး မျက်နှာပင် အနီရောင်သမ်းသွားသည်။ သူ့ခန္ဓာကိုယ်က လောင်ကျွမ်းသွားသည့်အတွက် ဆိုးဆိုးဝါးဝါး အော်ဟစ်လိုက်ရ၏။ သူ့အသားရောင်က ပြောင်းလဲသွားကာ ချီသွေးကြော ရှစ်ခုလုံးကလည်း ပျက်စီးသွားသည်။

ကံဆိုးစွာဖြင့် သူ သေသည် ရှင်သည်အား မည်သူကမှ ဂရုမစိုက်ကြပေ။ သူ အကူအညီ တောင်းနေသည်ကို လျစ်လျူရှုထားသည့်အတွက် မည်သူကိုမှ အပြစ်မတင်နိုင်ပေ။ ထိပ်သီး ကျင့်ကြံသူ ၂ယောက် တိုက်ခိုက်သည့်အခါ မည်သူကများ ချဉ်းကပ်ရဲမည်နည်း။

ဝှစ်

အနီရောင် ကံမီးတောက်က မြေပြင်မှ ထွက်ပေါ်လာပြီး ပေများစွာ မြင့်တက်လာသည်။

တစ်ဖက်တွင် ရွှေရောင် ကံမီးတောက်ကလည်း ဆက်တိုက် မြင့်တက်လာ၏။

ကံမီးတောက်များက အသုံးပြုသူကို ဒဏ်ရာမပေးဘဲ တစ်ဖက်လူကိုသာ လောင်ကျွမ်းနိုင်ကြောင်း ပြောဖို့ရာ မလိုတော့ပေ။

ယခုတွင် နှစ်ဖက်လုံးက ကံမီးတောက် ပိုင်ဆိုင်ထားသည့်အတွက် မည်သူ့ကံမီးတောက်က ပိုအားကောင်းလဲဟု ကြည့်ဖို့ရာသာ ကျန်ရှိတော့၏။

ရွှေရောင် လက်ဝါးစည်းတံဆိပ်နှင့် အနီရောင် လက်ဝါးစည်းတံဆိပ်တို့က ဆက်လက် ထိပ်တိုက်တွေ့နေသည်။

ယွီချန်းရှုက လေထဲတွင် ပျံသန်းရင်း ရွှေရောင် ကံမီးတောက်ကို ကြည့်လိုက်၏။ သူ့မျက်နှာအထက် အံ့အားသင့်သည့် အမူအရာမျိုး ပေါ်ထွက်လာကာ “ဒါက တကယ်ကို ကံမီးတောက်ပဲ”

“အံ့သြသွားလား” လုကျိုးက မထူးမခြားနား မေးလိုက်သည်။

လုကျိုးက တိုက်ပွဲအတွက် ယုံကို ထားခဲ့စဥ် အချိန်ကတည်းက သူနှင့် ယွီချန်းရှုတို့၏ တိုက်ပွဲက အစပြုကာစ ဖြစ်၏။

တခြားသော ကျင့်ကြံသူများနှင့် သူတို့၏ ပဋိပက္ခနှင့် လောဘများက လုကျိုးနှင့် ယွီချန်းရှုတို့၏ တိုက်ပွဲအတွင်း နေရာမရပေ။

“ဒါက အံ့သြစရာ မရှိပါဘူး။ ကျုပ် စိတ်လွတ်လက်လွတ် တိုက်ခိုက်နိုင်တဲ့ ထိပ်သီး ကျင့်ကြံသူတစ်ယောက် တွေ့ဆုံဖို့ အမြဲအိပ်မက်မက်ခဲ့ရတာ။ ဒီနေ့တော့ အိပ်မက်တွေ အမှန်ဖြစ်လာပြီပဲ။ ထိပ်ဆုံးမှာ တစ်ယောက်တည်း ရှိရတာ အထီးကျန်တယ် မဟုတ်ဘူးလား”

ယွီချန်းရှုက စိတ်အားတက်ကြွစွာ ပြောလိုက်သည်။

“ထိပ်ဆုံးမှာ တစ်ယောက်တည်း ရပ်တည်ရတာ အထီးကျန်တယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ ထိပ်ဆုံးက ပြုတ်ကျရင်တော့ ပိုပြီးတော့ ဆိုးဆိုးဝါးဝါး ဖြစ်သွားမယ်ဆိုတာ သိတယ်” လုကျိုးက ပြန်ဖြေလိုက်၏။

ဝှစ်

ပြိုင်ဘက် နှစ်ယောက်လုံးက သူတို့၏ ကမ္ဘာဦးချီ ထုတ်လွှင့်မှုကို တိုးမြှင့်လိုက်ကြသည်။ ကံမီးတောက်က ပေ ၃၀ အထိ မြင့်တက်လာ၏။

“အား” ဝေကျွင်းကျစ်က ကံမီးတောက်ကို ဆက်လက် မတောင့်ခံနိုင်တော့ပေ။ သူက နောက်ဆုံးသော အော်ဟစ်သံနှင့်အတူ ပြာအဖြစ် ပြောင်းလဲသွား၏။

“တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၅၀၀ ရရှိပါတယ်။ နယ်မြေအပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၅၀၀ ရရှိပါတယ်”

တောက်လောင်နေသည့် ကံမီးတောက်များက တိုက်ပွဲကို ပိုမို အရှိန်မြှင့်တင်စေသည်။

သို့သော်လည်း နှစ်ယောက်လုံးက တည်ငြိမ်နေဆဲ ဖြစ်၏။

“တကယ်လို့ မင်းဆီမှာ ဒါပဲရှိတယ်ဆိုရင်တော့ လုံလောက်တာထက် အလှမ်းဝေးနေသေးတယ်”

ယွီချန်းရှုက သူ့လက်ဝါးချက်ကို ဆန့်ထုတ်လိုက်သည့်အခါ ပိုမိုအားကောင်းသည့် အနီရောင် လက်ဝါးစည်းတံဆိပ် ထွက်ပေါ်လာသည်။

“နောက်ဆုတ်ကြ”

ဝှစ်

ကံမီးတောက် အချင်းချင်း ထိပ်တိုက်တွေ့ဆုံသွားချိန် လုကျိုးက နည်းနည်းလေးမှ လှုပ်ရှားခြင်း မရှိပေ။

ထိုအရာကို မြင်တွေ့ပြီး ယွီချန်းရှု၏ မျက်နှာအထက် နားမလည်သည့် အမူအရာမျိုး ပေါ်ထွက်လာသည်။

“မင်း ပြောတာ မှန်တယ်။ မင်းဆီမှာ ဒါပဲ ရှိတယ်ဆိုရင် ငါတကယ် စိတ်ပျက်မိမှာပဲ” လုကျိုး၏ လက်ဝါးချက်က အပြာရောင် အလင်းတန်း တောက်ပလာပြီး ထူးခြားအံ့ဖွယ် စွမ်းအား ထွက်ပေါ်လာသည်။

ရွှေရောင် စွမ်းအားနှင့် ကွဲပြားသည့် စွမ်းအားတစ်ခုက ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာ၏။

ဝုန်း

ယွီချန်းရှုက သူ့ဆီလာနေသည့် အန္တရာယ်ကို ခံစားမိလိုက်သည်။ သူက လက်ကို ရုပ်သိမ်းပြီး လေထဲတွင် ဆယ်ကြိမ်မက နောက်ပြန်ဂျွမ်းထိုးကာ ဆုတ်လိုက်၏။

သူ ရပ်တန့်သွားသည့်အခါ နဂိုနေရာတွင် ရပ်နေစဲ ဖြစ်သည့် လုကျိုးကို အံ့သြတကြီးဖြင့် ကြည့်လိုက်သည်။

သူတို့၏ မျှချေက နောက်ဆုံးတွင် ကျိုးပျက်သွားပြီဖြစ်၏။ ထိုစဥ် ယွီချန်းရှုက အရေးနိမ့်နေသည်။

ထိုစဥ် မော့ပုရန်နှင့် ကျန်းထင်ကျုံးတို့ကလည်း အံ့အားသင့်နေကြ၏။ သူတို့က ယွီချန်းရှုနောက်မှ လိုက်နေသည်မှာ ကြာမြင့်လှပြီဖြစ်ပြီး ယွီချန်းရှုကို နောက်ဆုတ်အောင် လုပ်နိုင်သည့်သူကို တစ်ခါမှ မတွေ့ဖူးခဲ့ပေ။ လေဟာနယ်ဂိုဏ်း၏ ရွှမ်ချန်းကျစ်နှင့် အစစ်အမှန် ခွန်းလွန်ဂိုဏ်း၏ မော့ရှင်းလုတို့၏ ပူးပေါင်းမှုကပင် ယွီချန်းရှုကို နောက်ဆုတ်အောင် မလုပ်နိုင်ခဲ့ပေ။

ယွီချန်းရှုက ကောင်းကင်အထက် ပျံသန်းနေရင်း ပြောလိုက်သည်။

“တိုက်ကွက်ကောင်းပဲ”

လုကျိုးက သူ့ခြေထောက်အောက်တွင် စွမ်းအင်များကို လှည့်ပတ်ပြီး ကောင်းကင်အထက် ခုန်ကာ ပျံသန်းလာလိုက်သည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြောလိုက်၏။

“မင်းက ဘယ်လိုအခြေအနေ ရောက်နေတယ်ဆိုတာကို နားမလည်သေးဘူးလို့ ထင်တယ်”

“မင်းလည်း အတူတူပဲ” ယွီချန်းရှုက ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။

အကယ်၍ လူတစ်ယောက်က တိုက်ခိုက်လျှင် ကိုယ့်ဘာသာကို အဘယ့်ကြောင့် အမှားခံမည်နည်း။

လုကျိုးက လက်ဝါးချက်ကို ထပ်မံထုတ်လွှင့်လိုက်သည်။ လျှပ်စီးချက်နှင့်တူသည့် စွမ်းအင်က ရွှေရောင် မီးတောက်နှင့် တောက်လောင်ပြီး ကြယ်တာရာ ခွင်းထွက်လာသလိုမျိုး ထွက်ပေါ်လာသည်။

ယွီချန်းရှုကလည်း လက်ကို မြှောက်ကာ ရိုက်ချက်ကို ပယ်ဖျက်လိုက်သည်။

ဘန်း

စွမ်းအင်ချက်က ယွီချန်းရှု၏ လက်ဝါးပေါ် ကျရောက်လာသည်နှင့် ထူးဆန်းသည့် အငွေ့အသက်ကို ခံစားမိလိုက်၏။ ထိုတိုက်ကွက်၏ အင်အားက သူ့ကို လွင့်စဉ်ထွက်သွားစေသည်။ သူ့လက်က ထုံထိုင်းသွားသည်ကို တွေ့လိုက်ရ၏။ သူက အမှန်တကယ် အံ့အားသင့်သွားမိသည်။

ထိုစဥ် လုကျိုး၏ အမူအရာက ပြောင်းလဲခြင်း မရှိပေ။ သူက ရှေ့ကို ခုန်ဝင်ကာ လက်ဝါးချက်ကို ထပ်မံရိုက်လွှတ်လိုက်၏။

ဘန်း ဘန်း ဘန်း

ဤသို့ဖြင့် ယွီချန်းရှုက ထပ်မံ နောက်ဆုတ်လိုက်ရပြန်သည်။

လက်ရှိတွင် ရှိနေသည့် ကျင့်ကြံသူအားလုံး “...”

တကယ်ကို မယုံနိုင်စရာပဲ။ ဒါက ကောင်းကင်ဘုံ သွေဖည်နေတဲ့ ကျင့်စဥ်မျိုးလား ...

ကောင်းကင်ချားတောင်နယ်နိမိတ်ရှိ ကျင့်ကြံသူများက မယုံကြည်နိုင်စွာ ကြည့်နေကြ၏။

အားလုံးအနေဖြင့် ယွီချန်းရှုသည် ကောင်းကင်သိုင်းခုံရုံးမှ အားအကောင်းဆုံးလူမှန်း သိထားကြသည်။ သူက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ ဖြစ်ရုံသာမက ကံမီးတောက် ကျွမ်းကျင်သူလည်း ဖြစ်၏။ ဤသို့သော လူမျိုးက အဘယ့်ကြောင့် အလွယ်တကူ ရှုံးနိမ့်မည်နည်း။

ကျင့်ကြံသူများက တိုက်ပွဲသည် ကြိုတင်ပြင်ဆင်ထားတာလားဟုပင် စဥ်းစားလာကြသည်။

ထိုစဥ် မော့ပုရန်နှင့် ကျန်းထင်ကျုံးတို့က မျက်လုံးကို ပွတ်ကာ တိုက်ပွဲကို ထပ်မံကြည့်လိုက်ကြသည်။

ဘန်း

ဤသည်က လေးချက်မြောက် လက်ဝါးချက် ဖြစ်၏။

ယွီချန်းရှုက ကောင်းကင်ချားတောင်နယ်နိမိတ်အစွန်းသို့ နောက်ဆုတ်လိုက်ရသည်။ အကယ်၍ သူသာ နောက်ဆုတ်ပါက တောင်နယ်နိမိတ်မှ ထွက်ခွာသွားရတော့မည် ဖြစ်၏။

လုကျိုးက အရေးသာနေသည်။

“မင်းက ဒါပဲ တတ်နိုင်တာလား”

ယွီချန်းရှု၏ မျက်နှာက အမူအရာ ပျက်ယွင်းသွား၏။ ယခုအခါ သူက ဒေါသထွက်နေလေသည်။ သူက ညာဘက်လက်ကို မြှောက်ကာ ပြောလိုက်သည်။

“မင်းလည်း ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်”

သူ့လက်ဖဝါးထဲ သုံးထပ်မျှော်နန်းဆောင်နှင့် တူညီသည့် အနက်ရောင် ပစ္စည်းတစ်ခု ထွက်ပေါ်လာသည်။

လုကျိုးက ထိုအရာကို မြင်သည့်အခါ ပြောလိုက်၏။

“ချုပ်နှောင်ရေး စည်းတံဆိပ်လား”

“မင်းက အမြင်ကောင်းသားပဲ” ယွီချန်းရှုက တုံ့ဆိုင်းမနေဘဲ ချုပ်နှောင်ရေး စည်းတံဆိပ်ကို ပစ်လွှတ်လိုက်သည်။ ချုပ်နှောင်ရေး စည်းတံဆိပ်က ချက်ချင်းဆိုသလို အဆထောင်ချီ ကြီးမားလာပြီး အစစ်အမှန် သုံးထပ်မျှော်နန်းဆောင်သဖွယ် ဖြစ်လာသည်။ ထိုအရာက လုကျိုးဆီ လှောင်ချိုင့်သဖွယ် ဖွဲ့စည်းရင်း ပြေးဝင်လာ၏။

လုကျိုးက ထိုအရာကို ကြည့်ကာ လက်ကို အသာမြှောက်လိုက်သည်။ ဧရာမ လက်ကြီးတစ်ခု ပေါ်ထွက်လာပြီး ချုပ်နှောင်ရေး စည်းတံဆိပ်ကို ဆုပ်ယူလိုက်၏။

ထိုစဥ် ယွီချန်းရှုက မျှော်နန်းဆောင်ထိပ်ဆီ ပျံသန်းလာပြီး ဆင်းသက်လိုက်သည်။ သူက မျှော်နန်းဆောင်ပေါ် ဖိနင်းထားရင်း “ဆင်းသက်စမ်း”

ဘန်း

ဤသို့ဖြင့် ချုပ်နှောင်ရေး စည်းတံဆိပ်က တန်တစ်ထောင်လောက် လေးလာဟန်ပေါ်သည်။

လုကျိုးက ဆယ်မီတာလောက် နိမ့်ကျသွားပြီးသည့်နောက် သူ့လက်ချောင်းများကြား အပြာရောင် အလင်းတန်း စတင်တောက်ပလာသည်။

ဗလာနတ္ထိမှ အစပြုခြင်း၊ အရာအားလုံးမှ အစပြုခြင်း၊ သံသရာထဲမှာ နေထိုင်၍ သင်ယူခြင်း အတိတ်ဘဝ၏ စွမ်းအား

ဧရာမ လက်ဝါးချက်ကြီးက ထပ်မံ တွန်းလွှတ်လိုက်သည်။ ချုပ်နှောင်ရေး စည်းတံဆိပ်က မကျဆင်းနိုင်ရုံသာမက မြင့်တက်သွား၏။

“အမ်” ယွီချန်းရှုက မျက်မှောင်ကြုတ်ကာ မျှော်နန်းဆောင်ကို သုံးချက်ခေါက်လိုက်၏။

ဝုန်း ဝုန်း ဝုန်း

သို့သော်လည်း ထိုသုံးချက်က မျှော်နန်းဆောင် မြင့်တက်မှုကို ခေတ္တမျှသာ တားဆီးထားနိုင်သည်။ ထို့နောက် ဆက်လက်ပျံသန်းထွက်သွား၏။ ထိုအရာအပြင် အမြန်နှုန်းကပင် တိုးပွားလာဟန်ပေါ်သည်။

ထိုစဥ် ကမ္ဘာဦးချီ နည်းပါးသည့် လေထုထဲအထိ မြင့်တက်သွား၏။

ယွီချန်းရှု၏ အမူအရာက ချက်ချင်းဆိုသလို ပျက်ယွင်းသွားကာ “မင်းကို လျှော့တွက်မိခဲ့တာပဲ”

ယွီချန်းရှုက မျှော်နန်းဆောင်မှ ခုန်ဆင်းလာ၏။ သူက အောက်ခြေကို ရောက်သည့်အခါ ကောင်းကင်ကို ဖုံးလွှမ်းနေသည့် အနီရောင် လက်ဝါးစည်းတံဆိပ်ကို ထုတ်ဖော်လိုက်သည်။

လုကျိုးက ဧရာမ လက်ဝါးကြီးကို ပြန်ရုပ်သိမ်းလိုက်ပြီး လှည့်လာကာ မျှော်နန်းဆောင်ဆီ လျှောက်လှမ်းသွားမည့်အစား သူ့ကိုယ်ပိုင် ချုပ်နှောင်ရေး စည်းတံဆိပ်ကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်သည်။

ဘန်း ဘန်း ဘန်း ဘန်း

ထိုစဥ် ရွှေရောင်စွမ်းအားနှင့် ကံမီးတောက်တို့က အနီရောင် လက်ဝါးစည်းတံဆိပ်များကို ရိုက်လွှတ်လိုက်သည်။ လုကျိုးက ချုပ်နှောင်ရေး စည်းတံဆိပ်ကို ဖန်တီးနေစဥ် သူ့လက်ဝါးချက်ကို ဆန့်ထုတ်ပြီး ထူးခြားအံ့ဖွယ်စွမ်းအား၏ အင်အားကို မြှင့်တင်လိုက်၏။

“အောက်ဆင်းစမ်း”

လုကျိုး၏ အပြာရောင် လက်ဝါးက တောက်ပနေကာ အနီရောင် လက်ဝါးစည်းတံဆိပ် အားလုံးကိုပင် လွှမ်းမိုးထားနိုင်ဟန်ပေါ်ပြီး ယွီချန်းရှု၏ မျက်နှာဆီ ပျံသန်းဝင်ရောက်သွားသည်။

ယွီချန်းရှုက အံ့အားသင့်သွားကာ အပြာရောင် လက်ဝါးစည်းတံဆိပ်ကို တားလိုက်ပြီး “အပြာရောင် လက်ဝါးစည်းတံဆိပ်လား”

ဝုန်း

အပြာရောင် လက်ဝါးစည်းတံဆိပ်က ယွီချန်းရှုကို ဖိနှိပ်လိုက်၏။

ဝှစ်

ထူးခြားအံ့ဖွယ်စွမ်းအားက ကံမီးတောက်ကို ငြှိမ်းသက်နိုင်စွမ်း ရှိ၏။ သာမန်မီးတောက်ကို ရေဖြင့် ငြှိမ်းသတ်လိုက်သလိုမျိုး ရူးရူးရှဲရှဲ အသံများ ထွက်ပေါ်လာကာ အနီရောင် ကံမီးတောက်ကို ငြှိမ်းသက်လိုက်သည်။

ယွီချန်းရှုအပေါ်ရှိ ဖိအားက ၂ဆ တိုးပွားလာ၏။ သူက ချွေးများ ထွက်လာကာ အော်ပြောလိုက်သည်။

“ချုပ်နှောင်ရေး စည်းတံဆိပ်”

ချုပ်နှောင်ရေး စည်းတံဆိပ်က အလျင်အမြန် ကျုံ့သွားပြီး ယွီချန်းရှု ရှေ့မှ ပျံသန်းသွားသည်။

ထို့နောက် တစ်ဖန်ပြန်လည် ကြီးမားလာကာ အပြာရောင် လက်ဝါးစည်းတံဆိပ်ကို တားဆီးဖို့ ကူညီပေးနေ၏။

ဝုန်း

ထိုစဥ် ကောင်းကင်အထက် မီးပန်းများ ပွင့်လန်းလာသည်။

အပြာရောင် လက်ဝါးစည်းတံဆိပ်က တောက်ပလွန်းသည့်ဟန်ဖြင့် ကြေမွသွား၏။

သို့သော်လည်း လက်ဝါးစည်းတံဆိပ်ကို ဖျက်ဆီးနိုင်ရန်အတွက် ယွီချန်းရှုနှင့် ချုပ်နှောင်ရေး စည်းတံဆိပ်တို့ကလည်း လွင့်ထွက်သွားသည်။

“ဒါက...” ကျန်းထင်ကျုံးက ပြောလိုက်သည်။

“အပြာရောင် လက်ဝါးစည်းတံဆိပ်။ အဲ့ဆို သူက ရွှေကြာနယ်မြေက မဟုတ်ဘူးလား”

မော့ပုရန်က အလျင်အမြန် ပြောလိုက်သည်။ “ငါတို့တွေတော့ ဒုက္ခရောက်ပြီ။ အကြီးအကဲကျန့် အသက်ဓာတ် နှလုံးသားနဲ့ ထွက်သွားပြီးတော့ တပ်ကူခေါ်ခဲ့တော့”

“ကောင်းပြီ” ကျန်းထင်ကျုံးက အသက်ဓာတ် နှလုံးသားကို ယူဆောင်ပြီး ထွက်သွားဖို့ ပြင်ဆင်လိုက်သည်။

သို့သော်လည်း ကျန်းထင်ကျုံး၏ အမူအရာက မော့ရှင်းလုနှင့် ရွှမ်းချန်းကျစ်တို့၏ သတိထားမှုအောက်မှ လွှတ်မြောက်ခြင်း မရှိပေ။ သူတို့က ချက်ချင်းအသိပြန်ဝင်လာကြ၏။

“သူတို့ကို တားကြ။ သူ့ကို ထွက်မသွားစေနဲ့” ရွှမ်းချန်းကျစ်က ကျန်းထင်ကျုံးနှင့် မော့ပုရန်ကို စိုက်ကြည့်လိုက်၏။

ကျန်းထင်ကျုံးက ပြောလိုက်သည်။

“ကောင်းကင်သိုင်းခုံရုံးနဲ့ တကယ်ဆန့်ကျင်မှာလား”

“ငါက ကောင်းကင်သိုင်းခုံရုံးနဲ့ ဆန့်ကျင်တော့ရော ဘာဖြစ်လဲ။ အသက်ဓာတ် နှလုံးသားကို ပေးစမ်း” ရွှမ်ချန်းကျစ်က ပြောလိုက်သည်။ သို့သော်လည်း သူ့အနေအထားက အားမကောင်းသည့်အတွက် စကားပြောပြီးသည့်နောက်တွင် ချောင်းဆိုးလာသည်။

…

အခန်း (၈၄၅) အရပ်ဆယ်မျက်နှာတွင် အဝိုင်းခံထားရ၊ မည်သူက အနိုင်ရသူဖြစ်မည်နည်း

ကျန်းထင်းကျုံးက ပြောလိုက်လေ၏။

“မင်းဒဏ်ရာရနေပြီသား”

“မင်းကို တားဖို့ လုံလောက်တယ်” ရွှမ်ချန်းကျစ်က ပြောလိုက်လေ၏။

မော့ရှင်းလုသည် အခြားတစ်ဖက်သို့ ပျံသန်းသွားပြီး ကျန်းထင်းကျုံးနှင့် မော့ပုရန်ကို တားလိုက်၏။

ပွင့်ချပ်ဆယ်လွှာ သိုင်းပညာရှင်နှစ်ဦးသည် ဒဏ်ရာရထားပင်လျှင် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူနှစ်ယောက်ကို တားရန် လုံလောက်တာထက် ပို၏။

ထို့ပြင် ကျန်သည့် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူအများစုသည် တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးနေပြီဖြစ်သည်။ သူတို့ပျံသန်းနိုင်လျှင် ကောင်းနေပြီဖြစ်ရာ သူတို့မည်ကဲ့သို့ တိုက်ခိုက်နိုင်မည်နည်း။

ကျန်းထင်းကျုံးက ခေါင်းမော့လျက် ယွီချန်းရှုကို ကြည့်လိုက်သည်။

ထိုစဉ် ယွီချန်းရှုက လေထဲ၌ သူ၏စွမ်းအားကို ထပ်မံထုတ်ဖော်လျက် ချုပ်နှောင်ခြင်းစည်းတံဆိပ်ကို ကိုင်ထားလိုက်သည်။

“ခုံရုံးသခင်ယွီက သူ့ရဲ့ခွန်အား အကုန်တောင် ထုတ်မသုံးရသေးဘူး၊ ဒါက သူ့ရဲ့ခွန်အားအကုန်လို့ ထင်နေလား” ကျန်းထင်းကျုံးက မေးလိုက်၏။

ထိုစကားကိုကြားသောအခါ ရွှမ်ချန်းကျစ်နှင့် မော့ရှင်းလုတို့သည် ကောင်းကင်ကို သတိထားလျက် မော့ကြည့်လိုက်သည်။ ယွီချန်းရှုနှင့် လုကျိုး တစ်ယောက်နှင့်တစ်ယောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရသည်အထိ တိုက်ခိုက်ရန် သူတို့မျှော်လင့်နေမိသည်။ ထိုအချိန်ကျ သူတို့အကျိုးအမြတ်ကို ရိတ်သိမ်းနိုင်လိမ့်မည်။

ထိုစဉ် ယွီချန်းရှုက သူ့ကို အထင်သေးနေသော လုကျိုးကိုကြည့်ပြီး ဒေါသထွက်သွား၏။ ပြီးနောက် သူသည် လက်ဝါးရိုက်ချက် ထပ်သုံးလိုက်သည်။

အင်မတန်သာမန်ဆန်သော အနီရောင်လက်ဝါးစည်းတံဆိပ်လေးတစ်ခု ပေါ်လာသည်။ သို့သော် ၎င်းသည် လုကျိုးရှေ့သို့ရောက်သောအခါ ပေတစ်ဒါဇင်ခန့် လျင်မြန်စွာ ပြန့်ကားသွားတော့သည်။

လုကျိုးသည် ယင်းကို တွေးထင်ထားပြီးသား ဖြစ်၏။ ထိုစဉ် သူ၏တစ်ကိုယ်လုံးက ဗုဒ္ဓပမာ ရွှေရောင် မီးတောက်မီးလျှံများ လွှမ်းခြုံနေတော့သည်။

ဘီး

ဤအတိုင်းပင် လုကျိုးသည် အနီရောင်လက်ဝါးစည်းတံဆိပ်ကို ပယ်ဖျက်လိုက်တော့သည်။

“ဗုဒ္ဓအကျော်အမော်တစ်ယောက်လား”

လုကျိုးသည် ရွှေကြာနယ်မြေတွင်ရှိသည့်အချိန်တွင်တောင် သူသည် ကွန်ဖြူးရှပ်၊ဗုဒ္ဓနှင့် တာအိုကျောင်းများမှ ကျင့်စဉ်များကို တတ်ကျွမ်းခဲ့ပြီးဖြစ်၏။ သူသည် ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ် အသုံးပြုသည့်အချိန်တွင် အသုံးပစ္စည်းကတ် သို့မဟုတ် သူ၏အံ့ဖွယ်စွမ်းအားကို မှီခိုဖို့ မလိုအပ်တော့ချေ။

ရွှေရောင်မီးတောက်မီးလျှံများ လွှမ်းနေသော ပွင့်ချပ်ဆယ်လွှာ ရွှေရောင်ဗုဒ္ဓခန္ဓာသည် တောက်ပနေ၏။ နေရောင်က သူ့အပေါ် ထွန်းလင်းတောက်ပစွာ ဖြာကျနေသည်။ သူသည် လူအများ သူ့ကို ကိုးကွယ်ချင်စိတ်များ ပြည့်သွားစေသည့် တန်ခိုးရှင်တစ်ပါးနှင့် တူနေတော့သည်။

မြေပြင်ပေါ်ရှိ အားနည်းသော ကျင့်ကြံသူများက တံတွေးမျိုချလိုက်မိသည်။ သူတို့သည် ဝေဟင်ထဲရှိ ရွှေရောင်ဗုဒ္ဓခန္ဓာနှင့် အကြည့်မလွှဲနိုင်ကြပေ။

မကြာမီ၌ လုကျိုးသည် ရွှေရောင်ဗုဒ္ဓခန္ဓာကို ပြန်ရုပ်သိမ်းလျက် ခုန်ဆင်းလိုက်တော့သည်။ တစ်ချိန်တည်းတွင် သူသည် ညာလက်ဖြင့် ဆွဲညှစ်သည့်လက်ဟန်ကို ပြုလုပ်လျက် ရှေ့သို့တွန်းလိုက်သည်။

“ကုဗဖြတ်တောက်ခြင်း လက်စည်းတံဆိပ်”

တစ်ခုတည်းသော စိန်စည်းတံဆိပ်၊ မဟာလေပြင်း ရတနာစည်းတံဆိပ်၊ အပြင်စက်ဝန်း ဆန်းကြယ်စည်းတံဆိပ်၊ အတွင်းရှစ်ကမ္ဘာ စည်းတံဆိပ်၊ ကြောက်ရွံ့ခြင်းမဲ့ စည်းတံဆိပ်၊ ကျော်ကြားခြင်း စည်းတံဆိပ်၊ ပကွားစည်းတံဆိပ်၊ မှော်ဘူးသီးခြောက်စည်းတံဆိပ်၊ နေလစည်းတံဆိပ်တို့ ပေါ်လာပြီးနောက် ကုဗဖြတ်တောက်ခြင်း စည်းတံဆိပ်နှင့် တစ်ပါတည်း ပေါ်လာလေ၏။ ထိုစည်းတံဆိပ်တိုင်းသည် မှန်နန်း ကိုးခုနှင့် ဆက်နွှယ်နေ၏။ စည်းတံဆိပ်များသည် လက်ဝါးစည်းတံဆိပ် ကိုးခုနား၌ ရစ်ဝဲနေသည်။ ကြောက်စရာအကောင်းဆုံးက လက်ဝါးစည်းတံဆိပ်များကလည်း ရွှေရောင်ကံမီးတောက် လွှမ်းခြုံနေတာပဲဖြစ်သည်။

ယခုအချိန်၌ လက်ဝါးစည်းတံဆိပ်ကိုးခုက ရိုက်မိသွားသည်။

အချိန်အတိုင်းအတာတစ်ခုအထိ ယွီချန်းရှုသည် ခြိမ်းခြောက်မှုကို မခံစားခဲ့ရပေ။ သူက ယနေ့ကြုံရသည့် ဖိအားမျိုးကို တစ်ခါမျှ မခံစားခဲ့ဖူးချေ။ သူသည် လုကျိုးကို စိမ်းစိမ်းဝါးဝါးကြည့်နေလျက် သူ၏လက်ထဲရှိ စေတီလေးကို မြှောက်လိုက်သည်။ ချုပ်နှောင်ခြင်းစည်းတံဆိပ်သည် ချက်ချင်းကြီးလာပြီး အရံအတားတစ်ခု ဖွဲ့တည်ကာ သူ့ကိုကာပေးထားလိုက်သည်။

ဖုန်း ဖုန်း ဖုန်း

လက်ဝါးစည်းတံဆိပ်ကိုးခုသည် ချုပ်နှောင်ခြင်းစည်းတံဆိပ်ကို ထိမှန်သွားပြီး မိုးခြိမ်းသံတစ်သံ ပေါ်ထွက်လာ၏။

လက်ဝါးစည်းတံဆိပ်မှ ထိမှန်သွားပြီး ယွီချန်းရှုသည် မီတာဒါဇင်ကျော်အထိ ပြုတ်ကျသွား၏။

ထိုစဉ် လုကျိုးက အနားသို့ကပ်လာလျက် ယွီချန်းရှုနား ကပ်လာတော့သည်။

ဖုန်း

ယွီချန်းရှုသည် ကျန်ရှိသော လက်ဝါးစည်းတံဆိပ်များကို ပိတ်ဆို့ရန်အတွက် ချုပ်နှောင်ခြင်းစည်းတံဆိပ်ကို ထိန်းသိမ်းရန် တတ်စွမ်းသမျှ ကြိုးစားလိုက်၏။

နောက်ထပ် လက်ဝါးစည်းတံဆိပ်လေးခုသည် တစ်ခုကိုတစ်ခု ထိမှန်သွား၏။

လက်ဝါးစည်းတံဆိပ်တိုင်းဖြင့် ယွီချန်းရှုနှင့် ချုပ်နှောင်ခြင်းစည်းတံဆိပ်သည် ကျောက်ထရံကို မှီလျက် ပိုပြင်းထန်စွာ ဖိကပ်ခံထားရ၏။

နောက်ဆုံးသော လက်ဝါးစည်းတံဆိပ် ထိမှန်သွားသောအခါ ယွီချန်းရှုသည် ကျောက်ထရံကို အပြည့်အဝ ရိုက်မိသွားသည်။

ထိုစဉ် ကောင်းကင်ချားတောင်တန်းနယ်နိမိတ်ပေါ်ရှိ ကောင်းကင်က သုဿာန်တစပြင်ကဲ့သို့ တိတ်ဆိတ်နေတော့သည်။ လောင်ကျွမ်းနေသော စွမ်းအင်များက ပျော်ဝင်ပျောက်ကွယ်သွားသည်မှာ မယုံနိုင်စရာ ကောင်းလှပေ၏။

လုကျိုး၏ လက်ဝါးစည်းတံဆိပ်သည် အစွမ်းထက်သော်ငြား ယွီချန်းရှုတွင် ၎င်းတို့ကို ဖြေရှင်းရန် နည်းရှိသင့်သည်။ ဆိုရလျှင် သူတို့နှစ်ယောက်လုံးသည် ပွင့်ချပ်ဆယ်လွှာ သိုင်းပညာရှင်များနှင့် ကံမီးတောက်အသုံးပြုသူများ ဖြစ်၏။ ထို့အပြင် ယွီချန်းရှုက လွှမ်းမိုးအဆင့်လက်နက်ကိုလည်း အသုံးပြုထားသည်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် မလှုပ်ရဲသလို အသံတစ်သံမှ မထွက်ရဲကြပေ။ သူတို့သည် အထိတ်တလန့် ကြည့်နေရုံသာ တတ်နိုင်သည်။

ဘန်း

ထိုစဉ် ချုပ်နှောင်ခြင်းစည်းတံဆိပ်သည် ကျောက်ထရံဆီမှ ရုတ်တရက်ပေါ်ထွက်လာလျက် လုကျိုးဆီ တိုးဝင်သွားကာ အနီရောင် ကံမီးတောက်က နေရာအနှံ့ တောက်လောင်လာသည်။

ပြီးနောက်ယွီချန်းရှုသည် ချုပ်နှောင်ခြင်းစည်းတံဆိပ်နောက်မှ လိုက်ပါလာပြီး လက်နှစ်ဖက်ဖြင့် အနီရောင်လှံရှည်ကို ဆောင်ထားသည်။

“နဂါးနက်လှံ၊ အဲဒါက ပြိုင်ဘက်ကင်းအဆင့်လက်နက်ပဲ”

ကျောက်ထရံကို အသုံးပြုလျက် ချုပ်နှောင်ခြင်းစည်းတံဆိပ်၏ စွမ်းအားကိုတွန်းကန်ကာ ယွီချန်းရှုသည် လုကျိုးရှေ့သို့ လျင်မြန်စွာရောက်ချလာ၏။ သူသည် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူ၏ခွန်အားအကုန်ကို အသုံးပြုကာ လုကျိုးကို လှံဖြင့် ထိုးစိုက်လိုက်တော့သည်။

လုကျိုးသည်နောက်သို့ ပျံသန်းသွားပြီးနောက် လက်ဝါးစည်းတံဆိပ်များစွာကို ပြန်ထုတ်သုံးလိုက်၏။ သူသည် အမျှော်အမြင်ရှိရှိ ညာလက်ကို လှည့်လိုက်ရာ အရံအတားသွင်ပြင်ဖြင့် သူ၏လက်ထဲတွင် အမည်မဲ့က ပေါ်လာသည်။

“အရံအတား”

ရွှေရောင်မီးတောက်မီးလျှံများဖြင့် လောင်ကျွမ်းနေသော ဘဲဉပုံသဏ္ဌာန် အရံအတားသည် နဂါးနက်လှံနှင့် ချုပ်နှောင်ခြင်းစည်းတံဆိပ်ကို ဖယ်ရှားလိုက်သည်။

ဘန်း

နဂါးနက်သည် အရံအတားအပေါ် ပြုတ်ကျလာ၏။

“လွှမ်းမိုးအဆင့်ဒိုင်း၊ ဒီလူက ဘယ်သူလဲ”

ကျင့်ကြံသူများသည် ထိတ်လန့်ပြီး ဇဝေဇဝါဖြစ်ကုန်၏။ လူအများစုသည် တိုက်ခိုက်ရေး လက်နက်အနေဖြင့် ဓား၊ ဓားမော့၊ လှံ၊ တင်းပုတ်၊ စစ်ပုဆိန်၊ လှံရှည်တို့ကဲ့သို့ တိုက်ခိုက်ရေးလက်နက်ကိုသာ ရွေးချယ်လိမ့်မည်။ သူတို့သည် သူတို့ရန်သူများကို ထိန်းချုပ်နိုင်သည့် ပံ့ပိုးရေးလက်နက်များ သို့မဟုတ် သူတို့ခွန်အားကို မြှင့်တင်ပေးနိုင်သည့် အကူလက်နက်များကိုတောင် ရွေးချယ်လောက်၏။ ခုခံခြင်းလက်နက်တစ်ခုကို ရွေးချယ်သည့် ကျင့်ကြံသူက မရှိသလောက်ပေ။ သူတို့သည် လွှမ်းမိုးအဆင့်ဒိုင်းကို မြင်တွေ့တာ ပထမဆုံး အကြိမ်ဖြစ်သည်။

“ငါတို့ဘာမှမရရင်တောင် ဒီတိုက်ပွဲကို ကြည့်ရတာ တန်နေပြီ”

တစ်ချိန်တည်းတွင် ကောင်းကင်သိုင်းခုံရုံး၊ အစစ်အမှန်ခွန်းလွန်ဂိုဏ်း၊ လေဟာနယ်ဂိုဏ်းနှင့် အခြားသောဂိုဏ်းများကလည်း တိုက်ပွဲကို ကြည့်နေကြသည်။ ပြိုင်ဘက်နှစ်ယောက်သည် လူတိုင်း၏ရလဒ်ကို ဆုံးဖြတ်ပေးလိမ့်မည်။ သူတို့တတ်နိုင်တာ ဘာမှမရှိပေ။

ထိုစဉ် ယွီချန်းရှုက အော်ပြောလိုက်၏။

“မင်းကို ငါ့ခွန်အားပြရမဲ့အချိန်ရောက်လာပြီ”

အနီရောင် ကံမီးတောက် လောင်ကျွမ်းသွားသည်နှင့် ယွီချန်းရှု၏လက်သည် နီရဲတောက်သွားပြီး နဂါးနက်လှံကို ကိုင်ဆောင်ထားလျက် သူသည် အမည်မဲ့ကို ဆက်လက်ထိုးစိုက်လိုက်သည်။

ကျင့်ကြံသူများထဲမှ တစ်ယောက်က ပြောလိုက်၏။

“ဒါ အကွက်ကောင်းပဲ၊ အခုသူ့ရဲ့ဗျူဟာကို ပြောင်းမှရတော့မယ်၊ မဟုတ်ရင် ကနဦးချီနည်းပါးသွားတဲ့ ကောင်းကင်ထဲထိ အတွန်းခံရလိမ့်မယ်”

လုကျိုးသည် စိတ်မပါ လက်မပါပြောလိုက်၏။

“ဒါက မင်းခွန်အားအကုန်တဲ့လား”

ပြီးနောက် သူက ဆက်ပြောလိုက်သည်။

“ဆင်းစမ်း”

လုကျိုး၏လက်ချောင်းသည် အပြာရောင်အလင်း ထပ်မံတောက်ပလာသည်။

ကောင်းကင်ကျမ်းစာ၏ စာလိပ်မှ ထူးကဲအံ့ဖွယ်စွမ်းအားသည် အမည်မဲ့ကို လွှမ်းခြုံထားလျက် လွှမ်းမိုးနိုင်စွမ်းရှိသည်။

လေထဲ၌ စူးရှပြီး နားစည်ထိခိုက်စေသော ဆူညံသံက ပေါ်ထွက်လာကာ နဂါးနက်သည် တွန်းကန်ခံလိုက်ရပြီးနောက် နောက်ရောက်သွား၏။ ကြောက်စရာအကောင်းဆုံးက လှံကွေးသွားတာပဲ ဖြစ်သည်။

ပြင်းထန်သောဖိအားကြောင့် ယွီချန်းရှုသည် ရွေးချယ်စရာမရှိဘဲ လှံကို လွှတ်ချလိုက်ရသည်။ ဤနည်းဖြင့် နဂါးနက်သည် သူ၏လက်ထဲမှ ပြုတ်ကျသွား၏။

ဒိုင်းအသွင်ဖွဲ့ယူထားသော အမည်မဲ့သည် ချုပ်နှောင်ခြင်းစည်းတံဆိပ်ကို ဆက်လက်ဖိနှိပ်နေသည်။ ချုပ်နှောင်ခြင်း စည်းတံဆိပ်သည် အမည်မဲ့ကို ယှဉ်နိုင်စွမ်းမရှိပေ။ အထူးသဖြင့် ၎င်းကို ထူးကဲအံ့ဖွယ်စွမ်းအားက ခွန်အားမြှင့်တင်ပေးထားတာဖြစ်သည်။

ဘန်း

အမည်မဲ့သည် ယွီချန်းရှု၏ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်ချလိုက်၏။

တာ့ထန်၏ ပွင့်ချပ်ဆယ်လွှာ ကံမီးတောက်အသုံးပြုသူ ယွီချန်းရှုသည် ပြင်းပြင်းထန်ထန် ထိမှန်သွားပြီး သွေးတစ်ပွက် အန်တော့သည်။ သူ့နားရှိ အနီရောင်စွမ်းအင်ကြောင့် သူ့သွေးနှင့် အနီရောင်စွမ်းအင်ကြား ခွဲခြားရန်ခက်ခဲလာတော့သည်။

ကျင့်ကြံသူများသည် ယွီချန်းရှုသွေးအန်တာကို မြင်သောအခါ အံ့ဩကုန်ကြလေသည်။

ထိုနည်းတူ ယွီချန်းရှုကလည်း ထိတ်လန့်သွားတော့သည်။ သူ၏ခန္ဓာကိုယ်ထဲရှိ သွေးချီများ ထိန်းချုပ်မရအောင် ဆန်တက်လာတာကို ခံစားမိသည်။

“ခုံရုံးသခင်” မော့ပုရန်နှင့် ကျန်းထင်းကျုံးက တစ်ညီတစ်ညွှတ်တည်း အော်လိုက်၏။ သူတို့သည် ယွီချန်းရှုကို တကယ်သွားကူညီချင်သော်ငြား ပွင့်ချပ်ဆယ်လွှာ သိုင်းပညာရှင်နှစ်ယောက်ကြားရှိ တိုက်ပွဲ၌ ဝင်စွက်ဖက်ခြင်းသည် သေခြင်းတရားကို ရှာခြင်းသာဖြစ်မှန်း သူတို့သိနေ၏။

ထိုစဉ် ပွင့်ချပ်ဆယ်လွှာ သိုင်းပညာရှင်နှစ်ဦးဖြစ်သော ရွှမ်ချန်းကျစ်နှင့် မော့ရှင်းလုတို့ကလည်း ထိတ်လန့်သွားကြသည်။ ယွီချန်းရှုသည် သူတို့ကဲ့သို့ ပွင့်ချပ်ဆယ်လွှာ သိုင်းပညာရှင်ဖြစ်သည့်တိုင် သူတို့နှင့်ယှဉ်လျှင် ယွီချန်းရှုသည် ပွင့်ချပ်ဆယ့်တစ်လွှာ သိုင်းပညာရှင်နှင့် ပိုတူ၏။ ထိုသို့ဆိုလျှင် ဤလူရွယ်က ယွီချန်းရှုကို မည်သည့်အကြောင်းကြောင်းကြောင့် ချောင်ပိတ်မိအောင် တွန်းပို့နိုင်ခဲ့သနည်း။

ယခုအချိန်၌ ယွီချန်းရှု၏ ရည်ရွယ်ချက်တို့ စတင်ယိမ်းယိုင်လောက်ပြီဖြစ်သည်။ သူသည် လုကျိုးကို စိုက်ကြည့်နေစဉ် သူခံစားလိုက်ရသည့် ထိတ်လန့်မှုကို ဖုံးကွယ်လိုက်တော့သည်။

ဒါက မွေးဖွားဇယားချပ်ရဲ့ စွမ်းအားလား၊ မဟုတ်ဘူး၊ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်တုန်းက မွေးဖွားဇယားချပ်သိုင်းပညာရှင်နှစ်ယောက်က ဒီလိုမဟုတ်ဘူး၊ သူ့ရှေ့က လူက ကြမ်းတမ်းပြီး ကျိုးကြောင်းမသင့် သန်မာလွန်းတယ်။

တစ်ချက်ရပ်ပြီးနောက် ယွီချန်းရှုသည် တောင်ထွတ်ပေါ် ဆင်းသက်ကာ ခြေထောက်ကိုဆောင့်နင်းလိုက်ရာ တောင်ကိုမြေပြင်ပေါ် ပြားကပ်သွားစေ၏။

ဤနည်းဖြင့် ကျောက်စကျောက်နများလည်း‌ တောင်ပေါ်မှ လိမ့်ကျလာတော့သည်။

လုကျိုးသည် ကောင်းကင်ကနေ ယွီချန်းရှုကို ငုံ့ကြည့်လျက် ပြောလိုက်သည်။

“မင်းရဲ့ခန္ဓာတည်ဖွဲ့မှုက တကယ်ကောင်းတာပဲ”

ယွီချန်းရှုက ရယ်မောလျက် သူ့၏နှုတ်ခမ်းထောင့်မှ သွေးကိုသုတ်လျက် ပြောလိုက်သည်။

“ငါ ငယ်ငယ်တုန်းက တခြားသူနဲ့ယှဉ်ရင် အဆတစ်ရာ၊ အဆတစ်ထောင် ပိုပြီး အားစိုက်ထုတ်ခဲ့တယ်၊ ဒီလိုနည်းနဲ့ ဒီနေ့ ဒီနေရာကို ရောက်လာတာပဲ၊ ငါက အဆိပ်၊ မီး၊ ရေနဲ့ လက်နက်ပြီးတယ်၊ ငါ”

သူပြောတာ မပြီးသေးခင် သွေးတစ်ပွက်အန်တော့သည်။

လုကျိုးက ခေါင်းခါပြီး ပြောလိုက်တော့သည်။

“ခင်ဗျားက ဘယ်လိုမကောင်းဆိုးဝါးလဲဆိုတာ ကျုပ်မြင်ချင်သား”

လုကျိုးသည် သူ့လက်ဖဝါးကိုဖြန့်လိုက်ရာ လက်ထဲတွင် ရွှေရောင်ထိုက်ရွှီကြေးမုံက ပေါ်လာ၏။

ကနဦးချီသည် လေထဲ၌ ချက်ချင်းပေါ်ထွက်လာသည်။

တစ်စုံတစ်ယောက်က အော်လိုက်၏။

“ပြိုင်ဘက်ကင်းအဆင့် ကြေးမုံ”

ထိုစဉ် ကျင့်ကြံသူများအားလုံးသည် လုကျိုးက ပြိုင်ဘက်ကင်းအဆင့်လက်နက်တစ်ခုပြီးတစ်ခု ထုတ်ယူလာတာကို မြင်သောအခါ သူတို့အမြင်များ မှားသွားသည်ဟု ခံစားလိုက်ရ၏။

ကောင်းကင်သိုင်းခုံရုံးက ရတနာများ ပြည့်နေသော်ငြား ဤလူသည် ကောင်းကင်သိုင်းခုံရုံးထက် နိမ့်ကျပုံမပေါ်။

ရွှေရောင်အလင်းသည် ရွှေရောင်ထိုက်ရွှီကြေးမုံကနေ မီးမောင်းထိုးပြသည့်ပမာ ယွီချန်းရှုပေါ် ကျရောက်လာ၏။

ကြေးမုံသည် ယွီချန်းရှုနောက်၌ ပွင့်ချပ်ဆယ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုသာ ပြသနေ၏။ သို့သော် ဒါက အကုန်ပဲဖြစ်သည်။

“ဟင်” လုကျိုးသည် မျက်မှောင်အနည်းငယ်ကြုတ်လိုက်တော့သည်။

“ဒါပဲလား”

ပြိုင်ဘက်ကင်းအဆင့် ရွှေရောင်ထိုက်ရွှီ ကြေးမုံက ယွီချန်းရှုရဲ့ သွင်ပြင်အစစ်အမှန်ကို ရောင်ပြန်မဟပ်စေနိုင်တာများလား။

“ကောင်းကင်ချားတောင်တန်းနယ်နိမိတ်က အဝိုင်းခံထားရပြီး အနိုင်ရသူက ဘယ်သူဖြစ်မလဲဆိုတာ ငါတို့မသိသေးဘူး”

ယွီချန်းရှုက သူ့ရင်ဘတ်ပေါ်ရှိ နာကျင်မှုကို တင်းခံလျက် ပြောလိုက်သည်။

လုကျိုးက ပြန်ပြောလိုက်၏။

“မင်းက ယဲ့ကျန်းနဲ့အတူတူပဲ၊ မင်းရဲ့ မျက်ကန်းယုံကြည်ချက်က မင်းကိုတုံးအသွားစေတာပဲ”

လုကျိုးသည် ကောင်းကင်ကျမ်းစာ စာလိပ်၏ မန္တာန်ကို ရွတ်ဆိုလိုက်၏။ မကြာမီ၌ ထူးကဲစွမ်းအားသည် ရွှေရောင်ထိုက်ရွှီကြေးမုံ၌ ရစ်ဝဲသွားတော့သည်။ မူလက ရွှေရောင်အလင်းသည် အပြာရောင်အလင်းအဖြစ် ပြောင်းလဲသွားစေလျက် ယွီချန်းရှုအပေါ် ကျရောက်လာ၏။

ထိုစဉ် အားလုံး၏ရှေ့၌ ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခု ပေါ်လာတော့သည်။

ရွှေရောင်ထိုက်ရွှီကြေးမုံထဲ၌ ယွီချန်းရှု၏ အရိုးစုသာလျှင် ရောင်ပြန်ဟပ်နေ၏။

ယခုရွှေရောင်ထိုက်ရွှီကြေးမုံသည် ထူးကဲအံ့ဖွယ်စွမ်းအားဖြင့် အားဖြည့်ပေးခြင်းခံထားရသောကြောင့် ၎င်းကို မည်သည်ကမှ မကွယ်ဝှက်နိုင်။

လူတစ်ယောက်၏ အရိုးစု အပြည့်မှအပ အင်မတန်ခြောက်ခြားစရာကောင်းသည့် လူပုံစံရုပ်သေးကဲ့သို့ ကျောက်တုံးတစ်တုံးဖြစ်နေသည်။

ကျင့်ကြံသူတချို့က သူတို့ဘာသာ စတင်ဆွေးနွေးကြတော့၏။

“အဲဒါဘာလဲ”

“ဒါမျိုးကို အရင်က တစ်ခါမှ မတွေ့ဖူးဘူး၊ ဒီကြေးမုံက လူတစ်ယောက်ရဲ့သွင်ပြင်အစစ်အမှန်ကို ထုတ်ဖော်ပေးနိုင်တဲ့ဟာ ဖြစ်လောက်တယ်၊ ဒါက အစားထိုးရုပ်သေးလား ဒါမှမဟုတ် မသေမျိုး ခန္ဓာတစ်မျိုးပဲလား”

လူတိုင်းသည် သူတို့မြင်နေရတာ ဘာမှန်းမသိပေ။

လုကျိုးသည် ရွှေရောင်ထိုက်ရွှီကြေးမုံက ကိုးကောင်ပေါက်ကို ရောင်ပြန်ဟပ်စေခဲ့တာကို တွေးမိလိုက်၏။

သူတို့၏လျှို့ဝှက်ချက် ထုတ်ဖော်ခံလိုက်ရသည်ကို သဘောကျသည့်လူ မရှိ၊ ယွီချန်းရှုကဲ့သို့ မောက်မာသောလူဆို ပိုဆိုးပေ၏။ သူက ဒေါသထွက်သွားလျက် မြေပြင်ပေါ် ပြင်းထန်စွာ ခြေဆောင့်နင်းကာ လုကျိုးဆီ ရောက်ချလာသည်။

ယွီချန်းရှု၏ အနီရောင် ကံမီးတောက်နှင့် ချုပ်နှောင်ခြင်းစည်းတံဆိပ်သည် ရွှေရောင်ထိုက်ရွှီကြေးမုံ၏ အလင်းများလွှမ်းနေတော့သည်။

“မင်းငါ့ကို ဘာမှမလုပ်နိုင်ဘူး” ယွီချန်းရှုက ကောင်းကင်ထဲပျံတက်လျက် သူ၏ခန္ဓာကိုယ်ထဲမှ အဆောင်များ ပျံထွက်လာတော့သည်။

အဆောင်များလောင်ကျွမ်းသွားသည်နှင့် ကောင်းကင်ထဲ၌ မီးပင်လယ်က ပေါ်လာပြီး အပူချိန်ကို လျော့ကျသွားစေတော့သည်။

တောအုပ်ထဲရှိ မွေးဖွားဇယားချပ်သားရဲကတောင် မြင့်မားလှသောအပူချိန်ကို အာရုံခံမိသွားပုံပေါ်ပြီး ရပ်တန့်သွားတော့သည်။

လုကျိုးသည် ရွှေရောင်ထိုက်ရွှီကြေးမုံကို သိမ်းလျက် လေသံအတက်အကျမရှိ ပြောလိုက်သည်။

“မင်းက လူပဲဖြစ်ဖြစ်၊ သရဲတစ္ဆေပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး၊ ငါ့ရဲ့ဒီလက်ဝါးချက်ကိုပဲ ခံလိုက်တော့”

လုကျိုးသည် တောင်ကြား၏ဝင်ပေါက် အရွယ်အစားခန့်ရှိသော အပြာရောင် လက်ဝါးစည်းတံဆိပ်ထဲတွင် ထူးကဲအံ့ဖွယ်စွမ်းအား လေးပုံတစ်ပုံကိုသုံးထားသည်။ လက်ချောင်းများက တောင်ကဲ့သို့ ကြီးမားလှပေ၏။

စွန့်ပစ်ခံဉာဏ်ပညာ ထွန်းလင်းတောက်ပနေသည်။

ဖုန်း

၎င်းသည် ယွီချန်းရှုပေါ် ကျရောက်သွား၏။ သူပြုတ်ကျသွားသောအခါ မည်သူမှ မအံ့ဩခဲ့ပေ။ သူသည် ဖုန်းဟူသော မြည်သံဖြင့် ကျောက်ထရံကို ရိုက်မိသွားရာ အက်ကွဲကြောင်းများစွာ ပေါ်လာတော့သည်။ သူနောက်ဆုံး ဆင်းသက်လိုက်ချိန်တွင် အသက်မဲ့သွား၏။

ကျင့်ကြံသူများ “…”

လုကျိုးသည် ယွီချန်းရှုကို သတ်ခဲ့ခြင်းအတွက် အသိပေးသံမရသောအခါ မျက်မှောင်ကြုတ်သွားသည်။ သူက တကယ် မသေမျိုးလား။

သူက လက်ဖဝါးကို ဖြန့်လိုက်ရာ အမည်မဲ့က ထပ်ပေါ်လာသည်။

လုကျိုး၌ ခွန်အားများစွာ ကျန်ရှိနေသေးသည်။ သူသည် သူ၏ကိုယ်ပိုင်ခွန်အားဖြင့် ယွီချန်းရှုကို မသတ်နိုင်လျှင် သူ၏အသုံးပစ္စည်းကတ်များကို သုံးမည်။

လူတိုင်းက မှင်တက်နေသည်။ မြင်ကွင်းထဲကနေ အကြည့်မလွှဲနိုင်ဖြစ်နေကြ၏။

တစ်ဖက်တွင်မူ ရွှမ်ချန်းကျစ်နှင့် မော့ရှင်းလုတို့သည် ကျန်းထင်းကျုံးနှင့် မော့ပုရန်တို့နှင့်အတူ ထွက်ပြေးရန်တောင် တွေးနေ၏။ သူတို့သည် မှန်းဆ၍မရသော အန္တရာယ်ကိုခံစားခဲ့ရပြီး သူတို့အကျိုးအမြတ် ရိတ်သိမ်းရန် မည်ကဲ့သို့ တွေးနိုင်ဦးမည်နည်း။ ယင်းက ဉာဏ်ရှိသည့်အတွေးသာ ဖြစ်၏။

ထိုစဉ် မော့ရှင်းလုနှင့် ရွှမ်ချန်းကျစ်တို့ အာရုံများနေတာကို မြင်ပြီး သူတို့အကြည့်ချင်းဖလှယ်လိုက်၏။

“သွားကြမယ်”

သူတို့နှစ်ယောက်သည် ကောင်းကင်ချားတောင်တန်းနယ်နိမိတ်၏ အရှေ့တောင်ဘက်ဆီသို့ မီးမြားတစ်စင်းပမာ ပျံသန်းသွားတော့သည်။

လုကျိုးက လှည့်ပတ်ကြည့်ပြီး ခေါင်းခါလိုက်၏။

“မင်းက ငါ့ပစ္စည်းတွေကို လုရဲတယ်လား”

အမည်မဲ့သည် လေးတစ်စင်းအဖြစ် ချက်ချင်းပြောင်းလဲသွားသည်။

ရွှေရောင်စွမ်းအင်လွှမ်းခြုံနေသော လေးနှင့်မြားတို့သည် လူတစ်ယောက်အရွယ်အစားခန့်ရှိ၏။

လုကျိုးသည် မြားနှစ်စင်း၌ သူ၏ထူးကဲအံ့ဖွယ် စွမ်းအား လေးပုံတစ်ပုံကို သုံးထားသည်။

ကျွီ

လေထဲ၌ ပစ်ခတ်လိုက်သော မြားသံက ပေါ်လာ၏။ မြားတစ်စင်းက ဘယ်သို့ရောက်လျက် နောက်တစ်စင်းသည် ညာဘက်သို့ရောက်သွားပြီး ကျန်းထင်းကျုံးနှင့် မော့ပုရန်တို့၏ နှလုံးကို လျှပ်ပြက်သောအရှိန်ဖြင့် တိတိကျကျ ထိုးဖောက်သွားသည်။

အသက်ဓာတ်နှလုံးသားက ကောင်းကင်ထဲမှ ပြုတ်ကျလာသည်နှင့် လုကျိုးသည် ၎င်းဆီ ပျံသန်းသွားတော့၏။

…

အခန်း (၈၄၆) နှလုံးသားကို ထိုးစိုက်သွားသည့် ဓားသောင်းချီ

ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ၏ အမြန်နှုန်းက တခြားသူများ ကူကယ်ရာမဲ့စွာ ကြည့်နေနိုင်သည့် အရာသာ ဖြစ်၏။ လုကျိုး ဆင်းသက်လာသည့်အခါ လက်ဝါးချက်ကို ဆန့်ထုတ်လိုက်သည်။

လက်ဝါးစည်းတံဆိပ်က ထွက်ပေါ်လာပြီး အသက်ဓာတ် နှလုံးသားကို နဂါးလက်သည်းများသဖွယ် ဖမ်းဆုပ်ထားလိုက်သည်။ အသက်ဓာတ် နှလုံးသားကို ရယူပြီး ခေတ္တမျှ လေ့လာပြီးသည့်နောက် ဤသည်မှာ ယုံ၏ အသက်ဓာတ် နှလုံးသား ဖြစ်ကြောင်း အတည်ပြုလိုက်ကာ သူ့ရင်ဘတ်ထဲရှိ အိတ်ကပ်အတွင်း သိမ်းဆည်းလိုက်၏။

မော့ပုရန်နှင့် ကျန်းထင်ကျုံးတို့၏ နှလုံးက မြားချက် ထိမှန်သွားပြီဖြစ်သော်လည်း ကောင်းကင်မှ ပြုတ်ကျနေဆဲသာဖြစ်၏။ လုကျိုးက သူတို့၏ သေဆုံးမှုအကြောင်း အသိပေးချက် ကြားလိုက်ရသည်။

၂ဦးသား မြေပေါ် ကျရောက်လာသည့်အခါ သူက ရွှေရောင်ထိုက်ရွှီ ကြေးမုံကို ထုတ်ကာ စမ်းသပ်ကြည့်လိုက်သော်လည်း ဘာမှထူးဆန်းသည့်အရာ မတွေ့ရပေ။

သူက ထိုကိစ္စကို စဥ်းစားနေစဥ် အသိပေးချက်ကို ကြားလိုက်ရသည်။

“တင် ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်။ နယ်မြေအပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၀၀၀ ရရှိပါတယ်”

“တင် ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်။ နယ်မြေအပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၀၀၀ ရရှိပါတယ်”

“တင် နဂါးလင်းယုန် အမျက်ဒေါသနဲ့ လျှပ်တပြက် ချိတ်ကောက်ကို ရရှိပါတယ်။ သူတို့ကို လိုချင်ပါသလား”

“ယူမယ်”

လက်နက် ၂ခုက လုကျိုး၏ လက်အတွင်း ကျရောက်လာသည်။

လက်နက်က မြေကမ္ဘာအဆင့် ရောက်ရှိသွားသည်နှင့် သခင်ကို အသိအမှတ်ပြုနိုင်စွမ်း ရှိ၏။ အကယ်၍ သခင်နှင့် လက်နက်ကြားက ဆက်သွယ်မှုသည် အားကောင်းခဲ့လျှင် သခင်က အလားအလာအပြည့် ထုတ်သုံးနိုင်လိမ့်မည်။ ကောင်းကင်အဆင့်သို့ ရောက်ရှိပြီးသည့်နောက်တွင် လက်နက်၏ အင်အားက သိသိသာသာ တိုးပွားလာပြီး အကာအရံကိုပင် ချိုးဖောက်နိုင်စွမ်း ရှိလာလိမ့်မည်။ ပြိုင်ဘက်ကင်းအဆင့်အတွက်မူ အရွယ်အစားနှင့် ပုံပန်းသဏ္ဌာန်ကို စိတ်ကြိုက် ပြောင်းလဲလှုံ့ဆော်နိုင်သည်။

လုကျိုးက စနစ်ဆီမှ ထိုလက်နက် ရရှိထားသည့်အတွက် သိမ်းဆည်းဖို့ရာ အရွယ်အစား ပြောင်းလဲစရာ မလိုပေ။ သူက အကြီးအကဲ ၂ဦးသည် ပြိုင်ဘက်ကင်းအဆင့် လက်နက် ကိုယ်စီ ပြိုင်ဆိုင်ထားလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ ဤတစ်ခေါက် ခရီးစဥ်က သူ့အတွက် အမြတ်ကြီးကြီး ရရှိခဲ့၏။

ထို့နောက် လုကျိုးက တောင်ကြားထိပ်သို့ ပြန်ရောက်ရှိလာပြီး ငုံ့ကြည့်လိုက်သည်။

လုကျိုးက ဘေးပတ်လည် ပျံသန်းလာပြီးသည့်နောက်တွင် ချောက်နက်ကို ဦးတည်၍ ပျံသန်းလာလိုက်သည်။ လေဟာနယ်ဂိုဏ်းနှင့် အစစ်အမှန် ခွန်းလွန်ဂိုဏ်း၏ ကျင့်ကြံသူများက လုကျိုးကို မြင်သည့်အခါ မီတာဒါဇင်ချီ နောက်ဆုတ်လိုက်ကြသည်။ သူတို့၏ ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်း ထသွားကာ ထွက်ပြေးဖို့သာ လိုလားကြတော့သည်။

ကောင်းကင်ချားတောင်ကြားက သုဿန်တစပြင်အလား တိတ်ဆိတ်နေ၏။

တောင်နယ်နိမိတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက အဝေးမှ ကြည့်နေကြသည်။ မည်သူကမှ အနီးအနား မလှုပ်ရှားရဲကြပေ။ ကောင်းကင်အထက် ကျင့်ကြံသူအယောက် ၁၀၀၀ နီးပါး ရှိနေလေ၏။

တစ်ဖက်တွင် ကုန်းမြေပေါ်ရှိ ကျင့်ကြံသူအရေအတွက်က အမြောက်အမြား ဖြစ်သည်။ ကျင့်ကြံသူများကို ပေါင်းစည်းလိုက်လျှင် ၁၀၀၀ နီးပါး ရှိလိမ့်မည်။

လုကျိုးက တခြားသူများကို အာရုံမစိုက်ပေ။ သူက ယွီချန်းရှုကိုသာ ဆက်ကြည့်နေ၏။ ယွီချန်းရှုသည် မသေဆုံးသေးကြောင်း သေချာနေသည်။

ဘန်း

ထိုစဥ် ချုပ်နှောင်ရေး စည်းတံဆိပ်က ပျံသန်းထွက်လာ၏။

“ယွီချန်းရှု အသက်ရှင်သေးတယ်”

“အနိုင်ရရှိတဲ့သူက မသေချာသေးဘူး။ တကယ်ကို စိတ်လှုပ်ရှားစရာပဲ”

အနီးအနားရှိ ကျင့်ကြံသူများက ရုပ်ရှင်ဝါသနာအိုးများအလား ပြပွဲကို ကြည့်ဖို့ ရောက်ရှိလာကြသည်။ သူတို့က ရတနာကို ရဖို့ရာပင် စိတ်ထဲ မရှိကြတော့ပေ။ အားလုံးက မည်သူအနိုင်ရရှိမလဲသာ သိချင်နေကြ၏။

လွှမ်းမိုးအဆင့် ချုပ်နှောင်ရေး စည်းတံဆိပ်က လုကျိုးဆီ ပြေးဝင်သွားသည့်အခါ သူက လက်ကို ဆန့်ထုတ်လိုက်သည်။

ဧရာမ လက်ဝါးစည်းတံဆိပ်တစ်ခု ထွက်ပေါ်လာပြီး ချုပ်နှောင်ရေး စည်းတံဆိပ်ကို တားဆီးထား၏။

ဘန်း ဘန်း ဘန်း

လေထဲတွင် ချုပ်နှောင်ရေး စည်းတံဆိပ်နှင့် ရွှေရောင် လက်ဝါးချက်တို့က ထိပ်တိုက်တွေ့ဆုံသည့်အတွက် ဆူညံသံများ ထွက်ပေါ်လာသည်။

ဝုန်း

ယွီချန်းရှုက ရုတ်ခြည်းဆိုသလို လျှပ်စီးလို အလျင်ဖြင့် လှုပ်ရှားလာသည်။ စောစောလေးက တည်ငြိမ်နေသည့် အမူအရာနှင့် ယှဥ်လိုက်လျှင် ယခုအခါ ဖုန်များ ပေကျံနေပြီး ဖရိုဖရဲ ဖြစ်နေလေ၏။ သူ့မျက်နှာထက်တွင် သွေးများပင် ရှိနေသည်။ သူ့ရင်ဘတ်ပင် သွေးစွန်းနေပြီး ဝတ်ရုံလည်း စုတ်ပြဲနေ၏။

သူက ချုပ်နှောင်ရေး စည်းတံဆိပ်ဆီ ပျံသန်းလာရင်း လက်ကို ဖြန့်လိုက်သည်။

ဝှစ်

ယွီချန်းရှုက သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်၏။ တိုက်ပွဲစတင်ကတည်းက သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ဆင့်ခေါ်သည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်သည်။ ပေ ၂၀၀ မြင့်မားသည့် အနီရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန်က ပုံမှန်အနီရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန်များနှင့် ကွဲပြားသည့် ခံစားချက်ကို ပေးစွမ်းနေ၏။ ထို့အစား သူ့စိတ်ဝိညာဥ်သဏ္ဌာန်က ကြက်သွေးရောင်အလား ဖြစ်နေ၏။ သူ့အနားရှိ အပျက်အစီးများက လွင့်စဉ်သွားကြသည်။

ယွီချန်းရှုက သူ့လက်ကို မြှောက်လိုက်၏။ မြေပြင်ပေါ် ရှိနေသည့် အနက်ရောင် နဂါးလှံက သူ့လက်အတွင်း ကျရောက်လာသည်။ သူက ထိုအနက်ရောင် နဂါးလှံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်ပြီး သူ့ခန္ဓာကိုယ်မှ ကမ္ဘာဦးချီများ ထွက်ပေါ်လာ၏။ ထို့နောက် သူက အနက်ရောင် နဂါးလှံအပေါ် သွေးတစ်ပွက် အန်ထုတ်လိုက်သည်။ ကွေးညွတ်နေသည့် လှံဖျားက ရုတ်ခြည်းဆိုသလို တုန်ခါလာပြီး ဆန့်တန်းသွား၏။ ထို့နောက် လှံပေါ်ရှိ သင်္ကေတများက တောက်ပလာသည်။

ကျင့်ကြံသူများက သူတို့အချင်းချင်းကြား ဆွေးနွေးရင်း အံ့သြတုန်လှုပ်စွာ ကြည့်နေကြသည်။

“လက်နက်ပေါ်မှာ တာအိုသင်္ကေတတွေလား”

“ဘာကို ပြောချင်တာလဲ”

“တာအိုသင်္ကေတတွေဆိုတာက ကြီးမားတဲ့ အစီအရင်ပုံစံလေ။ သူတို့က မြို့အစီအရင် အကာအကွယ်လိုမျိုးနဲ့ မတူတာတော့ မဟုတ်ဘူး။ သူတို့ကို လက်နက်ပေါ် ရေးထွင်းဖို့က ကျင့်ကြံဆင့်ကောင်းကောင်းနဲ့ ထုဆစ်နိုင်စွမ်း ကောင်းကောင်း လိုအပ်တယ်။ ပြီးတော့ လှံတံမှာ မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးလည်း ရှိလိမ့်မယ်။ တာအိုသင်္ကေတကိုပါ ပေါင်းလိုက်တော့ လွှမ်းမိုးအဆင့် လက်နက်စွမ်းအားကို ခဏကြာ တိုးမြှင့်နိုင်လိမ့်မယ်”

“အဲ့လိုမျိုးက ဖြစ်နိုင်တယ်လား” အားလုံးက အံ့အားသင့်နေကြသည်။

“ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ ပေးဆပ်ရမဲ့ တန်ကြေးကလည်း မြင့်တယ်။ မီးတောက်စိတ်ဝိညာဥ် ကျောက်တုံးက လက်နက်အရည်အသွေးကို တိုးမြှင့်ဖို့ရာအတွက်ပဲ သုံးကြတာ။ ဒါပေမဲ့ သူတို့ကို ဒီနည်းအတိုင်း သုံးမယ်ဆိုရင် လက်နက်ပျက်စီးသွားနိုင်တယ်။ မီးတောက်စိတ်ဝိညာဥ်ကျောက်တုံးက စွမ်းအားတွေကို သုံးပြီးရင်တောင်မှ အနက်ရောင် နဂါးလှံက ကောင်းကင်အဆင့်ထိ ကျဆင်းသွားနိုင်တယ်”

“ကောင်းကင်သိုင်းခုံရုံးက တကယ့်ကို ချမ်းသာလွန်းတာပဲ”

“ကောင်းကင်သိုင်းခုံရုံးက လက်နက်တွေ ဘယ်လောက် လေ့လာခဲ့ပြီး ထုဆစ်ခဲ့တယ်ဆိုတာ မသိရဘူးလေ။ ငါတို့ သိထားသလောက် တခြားအရာတွေ အကုန်လုံးက ယွီချန်းရှု ပိုင်ဆိုင်မှုထဲမှာ ရှိတယ်”

တစ်ယောက်က ယွီချန်းရှုကို ကြည့်ကာ တစ်စုံတစ်ခု တွေးနေဟန်ပေါ်သည်။

“ကောင်းကင်သိုင်းခုံရုံးရဲ့ အပြီးပြည့်စုံဆုံး လက်နက်က ကြိုးကိုးသွယ် ဗျပ်စောင်းမလား။ အဲဒါက ပျောက်ဆုံးသွားတာလား”

“အဲဒါကို လော့ရွှမ်း ယူသွားတာ နေမယ်။ ဒီလို ရတနာမျိုးကို ဘယ်လိုလုပ် အလွယ်တကူ ပျောက်ပါ့မလဲ။ ကံဆိုးတာက အရင်က ကြိုးကိုးသွယ် ဗျပ်စောင်းကို တစ်ခါမှ မမြင်ဖူးကြတော့ သူ့စွမ်းရည်က ဘယ်လိုလဲဆိုတာ မသိရဘူး”

...

ထိုစဥ် အနက်ရောင် နဂါးစည်းတံဆိပ်က သူ့အလိုလို ပြန်ကောင်းသွားသည်။

လုကျိုးက ချုပ်နှောင်ရေး စည်းတံဆိပ်ကို အနိုင်ပိုင်းလိုသော်လည်း ထိုအရာက ဆက်တိုက် ရုန်းကန်နေသေးသည်။

ဘန်း

ထိုစဥ် ချုပ်နှောင်ရေး စည်းတံဆိပ်က အရွယ်အစား ကြီးမားလာကာ လက်ဝါးချက်ကို ချေမွသွား၏။

ယွီချန်းရှုက အားမြင့်ထားသည့် ပြိုင်ဘက်ကင်းအဆင့် အနက်ရောင် နဂါးလှံကို ကိုင်စွဲပြီး လုကျိုးဆီ ချီတက်လာသည်။

အားလုံးက တအံ့တသြဖြင့် ရေရွတ်လိုက်ကြပြီး အသက်အောင့်ထားလိုက်ကြ၏။

ကောင်းကင်အထက် အနီရောင်စွမ်းအား ဝေ့ပတ်နေသော်လည်း အံ့သြဖွယ်ကောင်းသည့်မြင်ကွင်း လွတ်သွားမည်ကို ဆိုးသည့်အလား မည်သူကမှ မျက်တောင်မခတ်ရဲကြပေ။

လုကျိုးက အမည်မဲ့ကို ထုတ်ယူလိုက်သည်။

ယွီချန်းရှုက အေးစက်စက် ပြောလိုက်၏။

“ငါက တူညီတဲ့အမှားကို ၂ခါမလုပ်ဘူး”

လုကျိုးက အမည်မဲ့ကို လှုံ့ဆော်ကာ တူအဖြစ် ပြောင်းလဲလိုက်သည်။

ဝှစ်

တူက စွမ်းအင်ဖြင့် ရစ်ပတ်သွားကာ အနက်ရောင် နဂါးလှံဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဘန်း

လက်နက်ချင်း ထိပ်တိုက်တွေ့ဆုံသည့်အခါ အနီရောင် မီးပွားများ ထွက်ပေါ်လာ၏။

“လွှမ်းမိုးအဆင့်တူလား” တိုက်ပွဲကို ကြည့်နေသည့် ကျင့်ကြံသူများက ထုံထိုင်းလာကြ၏။ သူတို့ ၂ဦးတွင် ရတနာမည်မျှ ပိုင်ဆိုင်ထားမည်ကို မည်သူမှ မသိကြပေ။ တကယ်တော့ သူတို့၏ ဝှက်ဖဲများကို ထုတ်မသုံးရသေးနိုင်ချေပင် ရှိ၏။

ထိုစဥ် လုကျိုးက မော့ကြည့်လိုက်သည့်အခါ ချုပ်နှောင်ရေး စည်းတံဆိပ်က သူ့ဆီ ကျရောက်လာသည်ကို မြင်လိုက်ရသည်။

လုကျိုးက တူပုံစံ ရှိနေသည့် အမည်မဲ့ကို သုံးကာ ယွီချန်းရှု၏ တိုက်ကွက်ကို တားဆီးလိုက်သည်။ သို့သော်လည်း အကယ်၍ သူသာ ချုပ်နှောင်ရေး စည်းတံဆိပ်အောက် ကျရောက်သွားပါက ပြဿနာ ကြီးမားသွားလိမ့်မည်။

ထိုစဥ် ချုပ်နှောင်ရေး စည်းတံဆိပ်က မျှော်စင်လောက် ကြီးမားလာပြီး လုကျိုးဆီ ဆက်လက် ကျဆင်းလာသည်။

“စိတ်ဝိညာဥ်သဏ္ဌာန်”

ဝှစ်

ပေ ၂၀၀မြင့်မားသည့် ရွှေရောင် ကံမီးတောက် စိတ်ဝိညာဥ်သဏ္ဌာန်က ချက်ချင်းထွက်ပေါ်လာသည်။

ယွီချန်းရှုက တိုက်ခိုက်ရေးတွင် အတွေ့အကြုံ ကြွယ်ဝသူ ဖြစ်၏။ သူက ထိုစိတ်ဝိညာဥ်သဏ္ဌာန်ကို မြင်ပြီးသည့်နောက်တွင် မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

“ငါက ဒီအခိုက်အတန့်ကို စောင့်နေတာပဲ”

ချုပ်နှောင်ရေး စည်းတံဆိပ်က အရွယ်အစား ထပ်မံကြီးမားလာပြီး မလွတ်မြောက်နိုင်တော့သည့် ပိုက်ကွန်သဖွယ် ဖြစ်လာသည်။

ချုပ်နှောင်ရေး စည်းတံဆိပ် သေးငယ်စဥ်အခါက ပြဿနာ မရှိခဲ့ပေ။ ယခု အရွယ်အစား ကြီးမားလာပြီ ဖြစ်ရာ ယွီချန်းရှု၏ ကမ္ဘာဦးချီနှင့် အနီရောင်စွမ်းအားတို့၏ ထောက်ပံ့မှုကိုပါ ထည့်ပေါင်းလိုက်လျှင် စုပ်ယူအားက ပေါ်ထွက်လာပြီး လုကျိုး၏ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဆွဲယူဖို့ ကြိုးစားနေသည်။

လုကျိုးက မျက်မှောင်အသာကြုတ်လိုက်၏။ သူက ယွီချန်းရှု၏ အင်အားသည် သူ့မှန်းဆချက်ထက် ကျော်လွန်နေကြောင်း ဝန်ခံရပေမည်။

မည်သို့ပင်ဆိုစေကာမူ ၂ဦးလုံး၏ အင်အားက စောင့်ကြည့်သူများ၏ မှန်းဆချက်ထက် ကျော်လွန်နေ၏။

ယွီချန်းရှု၏ မျက်ဝန်းမှာ သွေးဆာလာကာ သူအနိုင်ရရှိမည်ကို သေချာနေသည့်အလား လှောင်ပြုံးပြုံးလိုက်သည်။

“မွေးဖွားဇယားချပ်စွမ်းအားကို အသုံးပြုရဲလား”

ဤသို့သော အခြေအနေအောက်တွင် ပွင့်ချပ်ဆယ်လွှာ ကံမီးတောက် အသုံးပြုသူ ရှိပါက သူတို့သည် ယွီချန်းရှုအတွက် ပြိုင်ဘက် ဖြစ်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ယွီချန်းရှုက ယဲ့ကျန်းထက် ပိုမိုအားကောင်း၏။ ယဲ့ကျန်းနှင့် မယှဥ်နိုင်သည့် တစ်ခုတည်းသော အရာက သူ့အသိဉာဏ်သာ ဖြစ်သည်။

“တုံးအလိုက်တာ”

လုကျိုး၏ အကြည့်က ချက်ချင်းဆိုသလို အေးစက်စက် ဖြစ်လာသည်။ သူက ညာဘက်လက်ကို ဆန့်ထုတ်လိုက်ကာ စွမ်းအင်လွှမ်းခြုံထားသည့် အမည်မဲ့က သူ့လက်အတွင်း ကျရောက်လာပြီး ဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။

“ဘယ်သူ့ကို တုံးအတယ် ပြောနေတာလဲ။ မင်း ဘယ်လို တားဆီးမလဲ ကြည့်ရသေးတာပေါ့”

ယခု အမည်မဲ့က ဓားအဖြစ် ပြောင်းလဲသွားပြီဖြစ်ကာ အနက်ရောင် နဂါးလှံက အနီရောင်စွမ်းအား၏ အကူအညီဖြင့် ပိုမိုတောက်ပလာကာ လုကျိုးထံ တိုင်လုံးကြီးသဖွယ် ကျရောက်လာသည်။

“အနက်ရောင်လား” ယွီချန်းရှုက လုကျိုးလက်ထဲမှ အမည်မဲ့ကို ကြည့်ကာ နဂါးကဲ့သို့ သင်္ကေတများကို မြင်လိုက်ရသည်။ သူက ခြိမ်းခြောက်ခံလိုက်ရသလို ခံစားမိလိုက်ပြီး အမွေးအမျှင်များပင် ထောင်မတ်သွားကာ ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်လာသည်။ သူက ရေခဲပုံး လောင်းချခံလိုက်ရသလိုမျိုး ခံစားလိုက်ရ၏။

လုကျိုးက အမည်မဲ့ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ချုပ်နှောင်ရေး စည်းတံဆိပ်ကို ထိန်းဖို့ အသုံးပြုလိုက်သည်။

ရုတ်ခြည်းဆိုသလို အမည်မဲ့က ပေ ၃၀အထိ ရှည်လျားလာ၏။ အနက်ရောင် သင်္ကေတနှင့် အပြာရောင် ထူးခြားအံ့ဖွယ်စွမ်းအားက ပေါင်းစပ်သွားကာ ထွက်ပေါ်လာသည်။

ဘန်း

တကယ်တော့ လုကျိုး ပွင့်ချပ်ဆယ်လွှာအဆင့် ရောက်ရှိကတည်းက မည်သူကမှ အမည်မဲ့၏ အလားအလာ အစစ်အမှန်ကို မသိကြပေ။ အနက်ရောင် သင်္ကေတများနှင့် ကောင်းကင်ကျမ်းစွမ်းအားကို ပေါင်းစပ်လိုက်သည့်အခါ လွှမ်းမိုးအဆင့် လက်နက်ထက် သေချာပေါက် အားကောင်းလိမ့်မည်။

လေထုထဲ အက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး အနက်ရောင် နဂါးလှံက အမည်မဲ့၏ စွမ်းအင်ဓားအောက်တွင် ၂ပိုင်းကွဲသွားသည်။

ကျင့်ကြံသူများက အုတ်အော်သောင်းတင်း ဖြစ်သွားကြ၏။

“လွှမ်းမိုးအဆင့်ဓားလား”

လုကျိုးက လေထုထဲ အနက်ရောင် သင်္ကေတများ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။ ဤသည်က အနက်ရောင် နဂါးလှံကို ၂ပိုင်း ပိုင်းလိုက်သည့်ရလဒ်ဖြစ်၏။ သူက ထိုတန်ကြေးသည် လက်ခံနိုင်ဖွယ် ရှိသည်ဟု ထင်မိသည်။

လက်ရှိ အနက်ရောင် နဂါးလှံက တောက်ပမှု ပျောက်ဆုံးသွားပြီဖြစ်၏။ ယွီချန်းရှုက ထိုအရာကို ဘေးသို့ လွှတ်ပစ်လိုက်ရတော့သည်။

“ဒီလက်နက်က...” ယွီချန်းရှုက ကြောင်အနေမိသည်။

လုကျိုးက သူ့ဓားကို ဝှေ့ယမ်းလိုက်သည့်အခါ စွမ်းအင်ဓားများ ထွက်ပေါ်လာသည်။

လှံကို ဘေးဖယ်ပြီးသည့်နောက် ယွီချန်းရှုက နောက်ဆုတ်ပြီး စွမ်းအင်ဖြင့် တိုက်ကွက်များကို တားဆီးလိုက်၏။ သူက အနက်ရောင် သင်္ကေတနှင့်ဓားကို သူ့အပေါ် ထိခွင့်မပေးသင့်ကြောင်း သိထားသည်။

လုကျိုးက ယွီချန်းရှု ဆက်လက် နောက်ဆုတ်နေသည်ကို မြင်သည့်အခါ အမည်မဲ့ကို ဘေးဘက် ပစ်လွှတ်လိုက်သည်။

ဓားလမ်းစဥ် လေးခုရှိပြီး အမြင့်ဆုံးဓားလမ်းစဥ်က အရာအားလုံးကို ဓားအဖြစ် အသုံးပြုနိုင်ခြင်းဖြစ်သည်။

လုကျိုးက မျက်လုံးမှိတ်ကာ သူ့အနီးနားမှ ကမ္ဘာဦးချီနှင့် လေထုကို ခံစားလိုက်သည်။ သူက သက်ရှိများအားလုံး၊ ကမ္ဘာဦးချီ၏ အဆီအနှစ်ကိုပင် ခံစားလိုက်၏။

သူက ဓား၏ အစစ်အမှန် အဓိပ္ပာယ်ကို သိလိုက်သည်။ ရုတ်ခြည်းဆိုသလို လုကျိုးက မျက်လုံးဖွင့်ကြည့်လိုက်သည်။ စွမ်းအင်ဓားများ ပေါ်ထွက်လာပြီး ကောင်းကင်အနှံ့ ဖုံးလွှမ်းသွားသည်။

လေ၊ ကမ္ဘာဦးချီနှင့် လေထုထဲရှိ ရေငွေ့ကပင် စွမ်းအင်ဓားများအဖြစ် ပြောင်းလဲသွားကြသည်။ ထို့နောက် စွမ်းအင်ဓားအားလုံးက အမည်မဲ့ဝန်းကျင်တွင် စုစည်းနေကြ၏။

ယွီချန်းရှုက ထိုအရာကို မြင်တွေ့ပြီး စိတ်ထဲမှ တွေးလိုက်မိသည်။

သွားပြီ...

ယွီချန်းရှုက တောင်ကြားထဲ မဆင်းသက်ခင်အထိ ဖိနှိပ်ခံနေရသည်။

သူက ဒီလောက် စွမ်းအင်ဓား အများကြီးကို ဘယ်လိုထိန်းချုပ်နိုင်တာလဲ...

ကျင့်ကြံသူ တစ်ဦးက ပြောလိုက်၏။

“သာမန် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ တစ်ယောက်ရဲ့ စွမ်းအင်ဓား ထိန်းချုပ်နိုင်တဲ့ အရေအတွက်က ၄သောင်းပဲ။ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူအနေနဲ့ဆိုရင် စွမ်းအင်ဓားကို ၁သိန်းအထိ အများဆုံး ထိန်းချုပ်နိုင်တယ်။ ဒါပေမဲ့ ဒီလူက စွမ်းအင်ဓား သိန်းပေါင်းများစွာကို ထိန်းချုပ်နေတဲ့ပုံပဲ”

ယွီရှန်းရုန်က ဓားလမ်းစဥ်ကို လေ့လာစဥ်အခါက ကန့်သတ်ချက်ကို ချိုးဖောက်ကာ စွမ်းအင်ဓား ၆ သောင်းကို ထိန်းချုပ်နိုင်ခဲ့သည်။ အကယ်၍ သူသာ သူ့ရှစ်စွင်း ထိန်းချုပ်နိုင်သည့် ဓားအရေအတွက်ကို မြင်တွေ့လိုက်လျှင် မည်သို့ခံစားသွားရမည်နည်း။

ယခုတွင် စွမ်းအင်ဓားများက ကျဆင်းလာသည်။ အားလုံးက တစ်နေရာထဲကို ထိုးစိုက်သွားကြ၏။

“အား” ယွီချန်းရှု၏ နှလုံးကွဲမတတ် အော်သံကြီး ထွက်ပေါ်လာသည်။

အမည်မဲ့က ယွီချန်းရှုကို ထိုးစိုက်သွားသလား မည်သူမျှ မသိကြသော်လည်း သူက စွမ်းအင်ဓား အမြောက်အမြားကြောင့်ဒဏ်ရာရရှိသွားသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

ထိုစဥ် လုကျိုးက ကောင်းကင်ထဲ ပျံသန်းလာပြီး သူ့ခြေထောက် အောက်တွင် အပြာရောင် ကြာပန်းတစ်ခု ပွင့်လန်းလာကာ ချုပ်နှောင်ရေး စည်းတံဆိပ်ကို ကန်ချလိုက်သည်။

ဤသည်က ကမ္ဘာမြေကို တုန်ခါသွားစေသည့် နောက်ထပ် ကောင်းကင်ဘုံ သွေဖည်နေသည့် ကျင့်စဥ်တစ်ခု ဖြစ်၏။

ဘန်း

ချုပ်နှောင်ရေး စည်းတံဆိပ်က ကောင်းကင်ကျမ်းမှ ထူးခြားအံ့ဖွယ် စွမ်းအားကို ခံနိုင်ရည် မရှိဘဲ ချက်ချင်းဆိုသလို ကျုံ့ကာ ပြုတ်ကျလာသည်။

လုကျိုးက ယွီချန်းရှု ဂုဏ်အယူရဆုံးဖြစ်သည့် ချုပ်နှောင်ရေး စည်းတံဆိပ်ကို ဖမ်းယူလိုက်သည်။

ယွီချန်းရှုက ကောင်းကင်ကို ကြည့်ကာ လက်ကို ဆန့်ထုတ်လိုက်သည်။

အမည်မဲ့နှင့် စွမ်းအင်ဓားများစွာက သူ့ရင်ဘတ်ဆီ အတိအကျ ထိုးစိုက်သွားကြသည်။

အကယ်၍ အနီးကပ် ကြည့်ကြည့်ပါက အမည်မဲ့ပေါ်ရှိ သင်္ကေတတချို့က ပျောက်ကွယ်သွားသည်ကို မြင်ရလိမ့်မည်။

ထိုတိုက်ကွက် ၂ခု ထုတ်ဖော်ပြီးသည့်နောက်တွင် လုကျိုးက ထူးခြားအံ့ဖွယ် စွမ်းအား နည်းနည်းသာ ကျန်ရှိတော့၏။ ထိုအရာမှလွဲ၍ သူ့တွင် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံဆင့်မှ စွမ်းအား ၃ပုံ ၁ပုံ ကျန်ရှိနေသေးသည်။

လုကျိုးက ချုပ်နှောင်ရေး စည်းတံဆိပ် ထိပ်ဆုံးသို့ ပျံလာကာ တက်နင်းလိုက်၏။

ဝုန်း

ထို့နောက် ချုပ်နှောင်ရေး စည်းတံဆိပ်က မြေပြင်ပေါ် အပြင်းအထန် ကျရောက်လာကာ တစ်စိတ်တစ်ပိုင်း မြှုပ်နှံပြီးသား ဖြစ်သွားလေသည်။

ထိုစဥ် တောင်ကြားက အပြိုအပျက်အဖြစ် ပြောင်းလဲသွား၏။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူထောင်ချီကလည်း တောင်ကြားအလယ်မှ လုကျိုးကို ကြည့်လိုက်ကြသည်။ သူတို့က ယွီချန်းရှုသည် ထူးထူးဆန်းဆန်း အနေအထား ဖြစ်နေသည်ကို မြင်လိုက်ရ၏။ သူခေါင်းက မော့နေကာ ကောင်းကင်ကို ကြည့်နေသည့်အလား ဖြစ်သည်။ သို့သော် သူ့ရင်ဘတ်မှ သွေးနီရောင် အပေါက်ကြီးကို မြင်နေရသည်။

ထိုစဥ် အမည်မဲ့က ယွီချန်းရှု အနောက်ဘက်မှ မြေကြီးဆီ ထိုးစိုက်နေ၏။

All Chapters