← Chapters

အခန်း (၈၄၇-၈၄၉)

Vol. 57 Ch. 847-849

အခန်း (၈၄၇-၈၄၉)

Vol. 57 Ch. 847-849

အခန်း (၈၄၇) ရုပ်သေးနှင့် အထွတ်အထိပ်အသွင်ကတ်

ချုပ်နှောင်ရေးစည်းတံဆိပ်ပေါ်၌ မတ်တတ်ရပ်နေသော လုကျိုးသည် စိတ်ရှုပ်ထွေးစွာ ခေါင်းမော့လိုက်သည့် ယွီချန်းရှုကို ကြည့်နေ၏။ ပြီးနောက် သူ၏လက်ကိုမြှောက်လိုက်ရာ အမည်မဲ့သည် မြေကြီးထဲမှ ပေါ်ထွက်လာပြီး သူလက်ထဲသို့ ပြန်ရောက်လာလေ၏။

ယွီချန်းရှု၏ မသေမျိုးခန္ဓာကို ဖြိုခွင်းရန်အတွက် လုကျိုးသည် အမည်မဲ့အပေါ်တွင် အနက်ရောင်သင်္ကေတတစ်ဝက်ကို အသုံးပြုခဲ့သည်။ သို့သော် ဆုံးရှုံးမှုအတွက် သူက နာကျင်မှုကို မခံစားရပေ။ မည်သည့်နည်းနှင့်မဆို သူတို့ကို အသုံးပြုရမည် မဟုတ်ပါလော။ မည်သည့်နည်းနှင့်မဆို သူသည် နောင်ကျ အနက်ရောင်သင်္ကေတများ ပိုမိုရရှိနိုင်လိမ့်မည်။

ပြီးနောက် လုကျိုးသည် ရွှေရောင်ထိုက်ရွှီကြေးမုံကို ထုတ်လျက် ယွီချန်းရှုအပေါ် ဖြာကျသွားစေသည်။ ရွှေရောင်အလင်းက ယခုဆို အားနည်းသော ထူးကဲအံ့ဖွယ်စွမ်းအားဖြင့် ထွန်းလင်းနေသည်။

ယခင်ကအတိုင်းပင် ယွီချန်းရှု၏ သွင်ပြင်အစစ်အမှန် ပေါ်လာ၏။ အရိုးခြောက်၏ရှေ့တွင် ထူးဆန်းသော ရုပ်သေးပုံသဏ္ဌာန်ရှိနေ၏။ အရိုးခြောက်နှင့် ရုပ်သေး၌ တူညီသည့်အရာတစ်ခုရှိသည်။ သူတို့ရင်ဘတ်က ထိခိုက်သွားတာပဲဖြစ်သည်။

ယင်းကို ထပ်တွေ့သောအခါ ကောင်းကင်ချားချိုင့်ဝှမ်းပေါ်ရှိ ကျင့်ကြံသူများက သူတို့ဘာသာဆွေးနွေးနေကြသည်။

“အဲဒါက ရုပ်သေးတစ်ခုဖြစ်နိုင်မလား”

“ဘာရုပ်သေးလဲ”

“ရုပ်သေးက သူ့ရဲ့သခင်ကိုတုပပြီး သခင်ကိုယ်စား ထိခိုက်မှုတွေ ယူပေးတယ်၊ သေခြင်းတရား အပါအဝင်ပေါ့၊ ဒါက ရှေးဟောင်းလျှို့ဝှက်ကျင့်စဉ်ပဲ၊ လျှို့ဝှက်ကျင့်စဉ်နဲ့ အဆောင်တွေကို အသုံးပြုပြီး ရုပ်သေးက အသက်အဆီအနှစ်နဲ့ လူပေါင်းရာချီရဲ့ သွေးနဲ့ အသက်အဆီအနှစ်ကို ခိုးယူနိုင်ပြီး သူတို့ကို သတ်နိုင်တယ်၊ ခိုးထားတဲ့ဟာကို သုံးရင် သူတို့ရဲ့အရိုး၊ သွေးနဲ့ အရေပြားတွေ အဲဒါတွေကို ပေါင်းစည်းရမယ်၊ အဲဒီလျှို့ဝှက်နည်းက ပျောက်နေခဲ့တာ အတော်ကြာပြီ၊ တစ်စုံတစ်ယောက်က ဒါကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်လိမ့်မယ်လို့ ငါမထင်ခဲ့ဘူး”

ရုပ်သေးသည် သခင်ကိုယ်စားသေပေးနိုင်၏။ ထို့အပြင် ရုပ်သေးက အစကတည်းက အသက်မဲ့၏။ ထို့ကြောင့် ၎င်းက မည်ကဲ့သို့သေနိုင်မည်နည်း။ ယင်းသည် ဖြေရှင်း၍မရသော ပြဿနာတစ်ရပ်ဖြစ်သည်။

“ဒါဆို ငါတို့တွေ အဲဒီရုပ်သေး ဒါမှမဟုတ် သူ့ရဲ့သခင်ကိုဘယ်လိုသတ်ကြမလဲ”

တစ်စုံတစ်ယောက်က ခေါင်းခါပြီး ဖြေလိုက်သည်။

“ငါမသိဘူး၊ ဒါပေမဲ့ အရာအားလုံးက သူတို့ကိုထိန်းချုပ်နိုင်တဲ့ဟာတွေရှိတာပဲ၊ ရှေးစာအုပ်တစ်အုပ်ထဲမှာပဲ အဲဒါကို ဖတ်ဖူးတာ၊ ရုပ်သေးအစေခံကို ဘယ်လိုသတ်ရမလဲ တကယ်မသိဘူး”

ထိုကျင့်ကြံသူများက ဆက်ကြည့်နေကြသည်။ သူတို့သည် တိုက်ပွဲဆက်ဖြစ်ပွားခဲ့လျှင် အကျိုးအမြတ်တချို့ရရှိကောင်း ရရှိနိုင်ဦးမည်။ ပွင့်ချပ်ဆယ်လွှာ သိုင်းပညာရှင်နှစ်ယောက်က ဒဏ်ရာပြင်းပြင်းထန်ထန် ရထားလျှင် အကျိုးအမြတ်တချို့ကို ရိတ်သိမ်းဖို့က မဖြစ်နိုင်တာ မဟုတ်ပေ။ ထိုသို့တိုင် မည်သူကမှ အဆင်ခြင်မဲ့ မလှုပ်ရှားရဲပေ။ ပွင့်ချပ်ဆယ်လွှာ သိုင်းပညာများသည် ဒဏ်ရာရထားလျှင်တောင် နောင်ကျ လက်စားချေရန် လာမရှာဟု မည်သူက အာမခံနိုင်မည်နည်း။

လုကျိုးသည် ရွှေရောင်ထိုက်ရွှီကြေးမုံကို သိမ်းလိုက်၏။ ထိုစဉ် ယွီချန်းရှုက ကောင်းကင်ကို အချိန်အတော်ကြာ မော့ကြည့်နေသည်။

အတော်ကြာပြီးနောက် လေထဲတွင် ခြောက်ခြားဖွယ်ရီသံတစ်သံက ပေါ်ထွက်လာသည်။

ထိုစဉ် ယွီချန်းရှု၏ရင်ဘတ်မှ သွေးများက ဆက်လက်စီးကျနေပြီး သူ့တစ်ကိုယ်လုံးစွန်းထင်းနေကာ ရယ်မောနေတော့သည်။

ယွီချန်းရှုက ရယ်မောလျက် ပြောလိုက်၏။

“မင်းက ဒီရုပ်သေးအစေခံကို နာကျင်အောင်လုပ်နိုင်တဲ့ ပထမဆုံးလူပဲ၊ မင်းကိုတကယ် လျှော့တွက်ခဲ့မိတယ်” ပြောနေစဉ် သွေးပေါက်သည် ဆန်းကြယ်သောအရှိန်ဖြင့် သူ့ဘာသာသူ ပြန်ပြင်သွားသည်။

လုကျိုးသည် ယင်းကို မြင်တွေ့သောအခါ မျက်မှောင်ကြုတ်သွား၏။

ဘာလားဟ

လုကျိုးသည် ယွီချန်းရှုကို ပြန်လည်ကုသရန် အခွင့်အရေးမည်ကဲ့သို့ ပေးနိုင်မည်နည်း။

လုကျိုးသည်လက်ဝါးစည်းတံဆိပ်ဖြင့် ထပ်မံတိုက်ခိုက်လိုက်၏။

ဖုန်း

လက်ဝါးစည်းတံဆိပ်သည် ကျယ်လောင်သောအသံဖြင့် ယွီချန်းရှု၏ ခန္ဓာကိုယ်ပေါ် ကျရောက်သွားပြီး သူ့ကိုနောက်သို့ လွင့်ထွက်သွားစေသည်။ သို့သော် ရုပ်သေးတစ်ရုပ်ကဲ့သို့ပင် သူသည် မည်သည့်နာကျင်မှုကိုမှ ခံစားရပုံမပေါ်။ သူသည် ခါးမှအနီရောင်အလံကို ဖြည်ပြီးနောက် သူရှေ့ရှိမြေပြင်ပေါ် ထိုးစိုက်လိုက်သည်။ ပြီးနောက် လက်ဝါးနှစ်ဖက် ပူးကပ်လိုက်တော့၏။ ဤနည်းဖြင့် သူ၏စွမ်းအားဗဟိုချက် ချီပင်လယ်ထဲမှ ကနဦးချီက စတင်စီးလာ၏။

အလံကို ဗဟိုပြုလျက် စွမ်းအင်နှင့် ကနဦးချီတို့သည် အရပ်မျက်နှာအနှံ့ စွမ်းအင်လက်တံများအသွင် ပြောင်းလဲသွားကာ ပျံ့သွားတော့သည်။

တစ်စုံတစ်ယောက်က ခြောက်ခြားဖွယ်အော်လိုက်တော့၏။

“အသက်စုပ်ယူခြင်း ရုပ်ထု၊ ယွီချန်းရှုက တကယ် နယ်ခြားတွေဆီက အဲဒီပစ္စည်းကို ပိုင်ဆိုင်ထားတယ်၊ မြန်မြန်နောက်ဆုတ်ကြ”

ထိုသတိပေးသံဖြင့် ကျင့်ကြံသူများသည် အရပ်မျက်နှာအနှံ့ တစ်ကွဲတစ်ပြားစီ ပြေးကုန်၏။

စွမ်းအင်လက်တံ၏ အကျယ်အဝန်းက အတော်လေးရှည်သည်။ ၎င်းတို့သည် ကောင်းကင်ချားတောင်တန်း နယ်နိမိတ်နားရှိ ကျင့်ကြံသူများဆီ အလွယ်တကူရောက်သွားကာ သူတို့အသက်ဓာတ်နှင့် စွမ်းအင်ကို စုပ်ယူတော့သည်။

အလံသည် ရုတ်တရက် အရွယ်အစားကြီးလာပြီး တောင်ကြားတစ်ခုလုံးကို လွှမ်းခြုံလုနီးပါးဖြစ်နေ၏။

လုကျိုးက မျက်မှောင်ကြုတ်သွားသည်။ သူက မြေပြင်ပေါ်နင်းလျက် ကောင်းကင်ထဲ ပျံတက်သွားတော့သည်။ ဒါက ဘာလားဟ

လုကျိုးသည် သူ၏ပတ်ဝန်းကျင်ကို လေ့လာလိုက်၏။ စွမ်းအင်လက်တံများအဖြစ် ဧရာမအလံက ကျင့်ကြံသူများ၏ အသက်ဓာတ်ကို စုပ်ယူနေပုံရသည်။

ကောင်းကင်ချားတောင်တန်းနယ်နိမိတ်၏ အောက်ခြေတွင် အစစ်အမှန်ခွန်းလွန်ဂိုဏ်းနှင့် လေဟာနယ်ဂိုဏ်းမှ လူများမှအပ ကျင့်ကြံသူအားလုံးသည် သူတို့၏ အသက်ဓာတ်ကို ယွီချန်းရှုအား ပေးချင်ကြပုံပေါ်သည်။

ယင်းကို လုကျိုးက သဘောပေါက်သွား၏။ သူက မေးလိုက်တော့သည်။

“ဒီတော့ သူတို့ကစားပွဲမှာ သူတို့ကို အနိုင်ယူဖို့က မင်းရဲ့အစီအစဉ်လား”

ယွီချန်းရှုက လက်ဆန့်ထုတ်လျက် သူသည် စုပ်ယူထားသောစွမ်းအင်ကို ပြန်လည်ဖြည့်သွင်းလိုက်သည်။ သူကပြောလိုက်၏။

“ငါက ပြိုင်ဘက်ကင်းတယ်”

“မြန်မြန်ဖြတ်ချဟေ့” ရွှမ်ချန်းကျစ်က ဓားသွားကို ထုတ်ယူလျက် သူ့နားကပ်လာသည့် စွမ်းအင်လက်တံကို ပိုင်းဖြတ်ချလိုက်သည်။

မော့ရှင်းလုကလည်း လိုက်ပါလာသည်။

“စုကြတော့”

အစစ်အမှန်ခွန်းလွန်ဂိုဏ်းမှ ကျင့်ကြံသူများနှင့် လေဟာနယ်ဂိုဏ်းမှလူများ စုလာ၏။

ပြီးနောက် မော့ရှင်းလုနှင့် ရွှမ်ချန်းကျစ်တို့သည် အသက်စုပ်ယူခြင်း စွမ်းအင်လက်တံများကို ပယ်ဖျက်ရန် အဆောင်များ ပစ်ထုတ်လိုက်သည်။

ကျန်သည့်ကျင့်ကြံသူများအတွက် သူတို့သည် ယွီချန်းရှုကို သူတို့အသက်ဓာတ်နှင့် စွမ်းအင်များ ပေးချင်စိတ်ရှိသောကြောင့် သူတို့က ဘာမှမလုပ်ပေ။

ယွီချန်းရှုသည် ကောင်းကင်ချားတောင်တန်းနယ်နိမိတ်သို့ မလာခင် ၎င်းက ထောင်ချောက်တစ်ခုဖြစ်နိုင်ကြောင်း သူခန့်မှန်းပြီးသားဖြစ်၏။ ထို့ကြောင့် သူသည် ဤဝှက်ဖဲကို ပြင်ဆင်ထားသည်။ ရွှမ်ချန်းကျစ်ဖြစ်စေ၊ မော့ရှင်းလုနှင့် သူတို့ဂိုဏ်းသားများက သူတို့အသက်စွမ်းအင်ကို စုပ်ယူမခံရအောင် တားနိုင်ခဲ့လျှင်လည်း ကိစ္စမရှိပေ။ ကျန်သည့် ကျင့်ကြံသူများက လုံလောက်နေပြီဖြစ်သည်။

လုကျိုးသည် အမည်မဲ့ကို ကိုင်ထားလျက် စွမ်းအင်လက်တံများကို ဖြတ်ချလိုက်သည်။ ပြီးနောက် ကံမီးတောက်သည် သူ၏ခန္ဓာကိုယ်အပြင်ဘက်သို့ ပေါ်ထွက်လာ၏။ ထင်သည့်အတိုင်း စွမ်းအင်လက်တံများသည် ကံမီးတောက်နား မကပ်နိုင်ပေ။ သို့သော် သူ၏ခန္ဓာကိုယ်တွင် ကံမီးတောက်ကို ထိန်းသိမ်းထားရန် သူ၏ကနဦးချီကို လျော့ပါးအောင်လုပ်ရမည်။ ကနဦးချီ လျော့ပါးသွားသည်နှင့် သူသည် ယွီချန်းရှုကို ဒုတိယအကြိမ် မည်ကဲ့သို့ဖြေရှင်းနိုင်တော့မည်နည်း။ ထိုစဉ် ယွီချန်းရှုက ပြုံးပြီးပြောလိုက်၏။

“ဒီအကွက်ကို သုံးရလိမ့်မယ်လို့ မထင်ထားဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းလို အကျော်အမော်တစ်ယောက်အတွက် အားကုန်ထုတ်သုံးပြီး လေးစားမှုပြသင့်တာပေါ့”

ဝှစ်

ထိုစဉ် ယွီချန်းရှုရပ်နေသည့်နေရာသည် ကနဦးချီနှင့် အသက်စွမ်းအင်လေပွေမျက်လုံးပမာ ဖြစ်သွားတော့သည်။

လုကျိုးသည် ကံမီးတောက်များ လွှမ်းနေသည့် သူ့ခန္ဓာဖြင့် ရှေ့သို့တိုးလာသည်။ ပြီးနောက်သူလက်ဝါးကို အောက်သို့ ဖိချလိုက်၏။

စွန့်ပစ်ခံ ဉာဏ်ပညာ

လုကျိုးသည် ဤလက်ဝါးစည်းတံဆိပ်တွင် သူ၏ထူးကဲအံ့ဖွယ် စွမ်းအားအားလုံးကို အသုံးပြုထားသည်။ ယွီချန်းရှုက မြေပြင်ပေါ် ခြေနှစ်ဖက်ဖြင့် ဆောင့်နင်းလိုက်စဉ် သူ၏အမူအရာက လေးနက်တည်ကြည်သွားလေ၏။ သူ့လုပ်ရပ်နှင့်အတူ ဝတ်ရုံက စုတ်ပြဲသွားတော့သည်။ မကြာမီ၌ ရုပ်သေးတစ်ခုက သူ့ရှေ့တွင် ပေါ်လာပြီး လက်တစ်ဖက်မြှောက်ကာ စွန့်ပစ်ခံ ဉာဏ်ပညာကို ပိတ်ဆို့ရန်ကြိုးစားနေတာ သိသာ၏။

ဖုန်း

အပြာရောင် လက်ဝါးစည်းတံဆိပ်သည် ယွီချန်းရှုနှင့် ရုပ်သေးကိုရိုက်မိသွားသည်။

လက်ရာထဲတွင် အချိုင့်လေးတစ်ခုက ရုတ်တရက်ပေါ်လာ၏။

ယွီချန်းရှုသည် လက်ဝါးစည်းတံဆိပ်ကြောင့် မျက်နှာက ဆိုးဆိုးဝါးဝါး ထိခိုက်သွားသည်။ သူ၏လက်သည်လည်း သဘာဝမကျသော ပုံသဏ္ဌာန်အတိုင်း ကွေးသွားလေ၏။

တစ်ဖက်တွင် ရုပ်သေး၏ခန္ဓာတစ်ဝက်က မြေပြင်ပေါ် ရိုက်ချခံလိုက်ရသည်။

လုကျိုးက မြေပြင်ပေါ် ဆင်းသက်လိုက်၏။ ဒါမလုံလောက်သေးဘူးလား။

အသက်စုပ်ယူခြင်းနည်းဖြင့် အလံသည် သူတို့အလုပ်ကို ဆက်လက်ထမ်းဆောင်နေကာ ဆန္ဒရှိသောကျင့်ကြံသူများ၏ စွမ်းအားကို စုပ်ယူနေသည်။

ယင်းသည် သူတို့၏ အသက်ကို သက်ရောက်စေသောကြောင့် ကောင်းကင်ထဲရှိ ကျင့်ကြံသူများသည် အသက်စွမ်းအင်များစွာ မထောက်ပံ့ရဲချေ။ အချိန်ကျလာသောအခါ သူတို့သည် စွမ်းအင်လက်တံများကို လျင်မြန်စွာ ဖြတ်တောက်လိုက်၏။

ယွီချန်းရှုသည် ကွေးညွတ်သွားသော သူ၏လက်ကိုကြည့်ပြီး ဖြတ်လတ်မှုတို့ဖြင့် မျက်လုံး တောက်ပနေသည်။

ထိုစဉ် လုကျိုးက ယွီချန်းရှု၏ ခန္ဓာကိုယ်ပေါ်တွင်ရှိသော ထူးဆန်းသည့်သင်္ကေတများကို မြင်ပြီး လုကျိုးက ယွီချန်းရှုကို မနှစ်မြို့စွာကြည့်လိုက်လေ၏။ ယွီချန်းရှု၏ခန္ဓာကိုယ်ပေါ်တွင် ရေးခြယ်ထားသော ရုပ်သေးက မျဉ်းများ အထင်းသားပေါ်နေပြီး အနက်ရောင်နှင့် မီးခိုးရောင်ဖြစ်သည်။ ဤခံစားချက်သည် သူယဲ့ကျန်းကို ရင်ဆိုင်ခဲ့စဉ်က ခံစားရသည့် ရွံ့ရှာမှုနှင့် ဆင်တူ၏။

ထိုစဉ် ယွီချန်းရှု၏ လက်များ ပြန်ဆန့်လာပြီးနောက် အက်ကွဲသံတစ်သံ ကြားလိုက်ရသည်။

“လာလေ၊ မင်းရဲ့မွေးဖွားဇယားချပ်စွမ်းအားပြလိုက်” ယွီချန်းရှုက လက်ဖဝါးဖြန့်လိုက်သည်။

ထိုချုပ်နှောင်ခြင်း စည်းတံဆိပ်သည် လျင်မြန်စွာ ကျုံ့သွားပြီးနောက် ယွီချန်းရှု၏လက်ထဲ ပြန်ရောက်သွားတော့သည်။

မြေပြင်ပေါ်ရှိ ရုပ်သေးက ပျောက်ကွယ်သွား၏။

ဘန်း

ယွီချန်းရှုသည် သူနှင့်အတူ ချုပ်နှောင်ခြင်းစည်းတံဆိပ်ကို သယ်လျက် လုကျိုးကို တိုက်ခိုက်လိုက်သည်။ သူ၏အရှိန်က မြန်ဆန်လွန်းသောကြောင့် သူသည်လေထဲ၌ စူးရှသည့်အသံတစ်သံပေါ်လာပြီး ပွတ်တိုက်မှုတစ်ခုကို ဖန်တီးလိုက်မိသည်။

ထိုစဉ် လုကျိုး၏ ထူးကဲစွမ်းအားအလုံးစုံကုန်သွားပြီဖြစ်သည်။ သူသည် ကနဦးချီနှင့် သဘာဝကို ရှုမြင်ခြင်း မုဒြာလေးခုနှင့် ရွှေရောင်ဗုဒ္ဓခန္ဓာသာ အသုံးပြုနိုင်တော့သည်။

လုကျိုးက ပျံသန်းသွား၏။

ယွီချန်းရှုက ရယ်မောလိုက်သည်။ သူ၏ရန်သူသည် တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားပြီး ယခု ခုခံရုံသာ တတ်နိုင်တော့မှန်း သူပြောနိုင်သည်။ ယခုအချိန်တွင် တိုက်ပွဲ၏သဘာဝကြောင့် သူ၏တည်ငြိမ်မှုအားလုံး ဆုံးရှုံးသွားပြီဖြစ်သည်။ ကြံစည်မှုများ၊ အကွက်ချမှုများက အသုံးမဝင်ပေ။ သူ၏အကြွင်းမဲ့ခွန်အားကိုသာ အားကိုးနိုင်၏။

ယွီချန်းရှုသည် ချုပ်နှောင်ခြင်း စည်းတံဆိပ်ကို လုကျိုးဆီ တွန်းပို့လိုက်ကာ လုကျိုးကို လျင်မြန်စွာ နောက်ဆုတ်သွားစေ၏။

အနီရောင် ကံမီးတောက်နှင့် ရွှေရောင် ကံမီးတောက်တို့က တောက်ပစွာလောင်ကျွမ်းနေလျက် ချုပ်နှောင်ခြင်းစည်းတံဆိပ်သည် နောက်ပြန်ဆုတ်နေသော လုကျိုးဆီသို့ တိုးဝင်သွား၏။

“သွားစမ်း” လုကျိုးက အော်ပြောလိုက်သည်။

ဘီး

ပေနှစ်ရာခန့်မြင့်သော ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာပြီး အရွယ်အစား လျင်မြန်စွာ တိုးလာလျက် ယွီချန်းရှုကို လွင့်ထွက်သွားစေသည်။

လုကျိုးနောက်ဆုတ်နေစဉ် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်က သူ့နောက်ရှိ တောင်ကို ထိခိုက်သွားတော့သည်။ ထိုစဉ် မောပန်းနွမ်းနွယ်သည့်အမူအရာက သူ၏မျက်နှာပေါ်တွင် ပေါ်လာ၏။ အချိန်အတော်ကြာပြီးနောက် သူ၏စွမ်းရည်အားလုံးနှင့် နည်းစနစ်အားလုံးကို အသုံးပြုခဲ့ပြီးဖြစ်၏။ ယခုအချိန်တွင် သူ့၌ကနဦးချီ မည်ကဲ့သို့လုံလောက်စွာ ရှိနိုင်တော့မည်နည်း။

ထိုစဉ် ရန်သူနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အဝေးကနေ ရင်ဆိုင်နေကြသည်။

ယွီချန်းရှုသည် ပျော်ရွှင်မှုကြောင့် မျက်လုံးများ တောက်ပနေကာ နှုတ်ခမ်းသပ်လိုက်သည်။ သူကပြောလိုက်၏။

“မင်းမောနေပြီနဲ့တူတယ်”

လုကျိုးက ခေါင်းခါလျက် တည်ငြိမ်စွာပြောလိုက်သည်။

“ဒါက မင်းထင်နေတာလား”

“ရုပ်သေးသည် မရေတွက်နိုင်သော လူများ၏အသက်ကို စုပ်ယူထားခဲ့ပြီး ပြိုင်စံရှား သိုင်းပညာရှင်များ၊ ပုခက်ထဲရှိ ကလေးများ၊ သက်ကြီးရွယ်အိုများ၊ အားနည်းသောအမျိုးသမီးတွေကို စုပ်ယူထားတာ၊ ရုပ်သေးတွေက ပြိုင်ဘက်ကင်းဆိုတဲ့ သဘောတရား ရလုနီးပါးပဲ၊ မင်းက မွေးဖွားဇယားချပ် ပညာရှင်မဟုတ်တာ ငါတကယ်ပြောနိုင်တယ်” ယွီချန်းရှုက ပြောလိုက်၏။

ယွီချန်းရှု၏စကားကိုကြားသည့် ကောင်းကင်ချားတောင်တန်းပေါ်ရှိ ကျင့်ကြံသူသည် သူတို့ဘာသာ တီးတိုးပြောလိုက်၏။

“သူက မွေးဖွားဇယားချပ် သခင် မဟုတ်ဘူးလား”

“သူက မွေးဖွားဇယားချပ် အသက်မသွင်းရသေးရင်တောင် သူ့ရဲ့ခွန်အားက ကောင်းကင်ကို ဖီဆန်နိုင်သေးတယ်၊ ပွင့်ချပ်ဆယ်လွှာ သိုင်းပညာရှင် အများစုက သူနဲ့မယှဉ်နိုင်ဘူး”

လုကျိုးသည် သူ့နောက်ရှိတောင်ကို တစ်ချက်ကြည့်လိုက်၏။ တောင်ကြားအတွင်းပိုင်းထဲရှိ ရုတ်ရုတ်သဲသဲဖြစ်ရပ် သောင်းကျန်းသံက ရပ်တန့်သွား၏။ လှုပ်ရှားမှုမရှိတော့ပေ။ နောက်ဆုံးတွင် သူသည် တည်တည်ငြိမ်ငြိမ်ဖြင့် ဝတ်ရုံပေါ်မှ ဖုန်များကို ခါချလိုက်၏။ အနည်းဆုံးတော့ သူသည် ယွီချန်းရှုထက် သွင်ပြင်ကသာနေသည်။

ယင်းကိုမြင်ပြီး ယွီချန်းရှု၏မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွား၏။ ကောင်းကင်သိုင်းခုံရုံးသခင်တစ်ယောက်အနေဖြင့် သူသည် မည်သည့်အချိန်မှစကာ ထိုကဲ့သို့ သနားစဖွယ်သွင်ပြင်မျိုး ဖြစ်သွားသနည်း။ ဘေးကင်းစေရေးအတွက် သူသည် ကောင်းကင်ကို မော့ကြည့်ကာ ကျယ်လောင်စွာပြောလိုက်သည်။

“အားလုံးနားထောင်ကြ၊ သူ့ကို သတ်နိုင်တဲ့လူတိုင်းကို ကောင်းကင်သိုင်းခုံရုံးက ရက်ရက်ရောရော ဆုချီးမြှင့်မယ်၊ ပွင့်ချပ်တစ်လွှာကနေ ပွင့်ချပ်ငါးလွှာ ကျင့်ကြံသူတွေက မြေကမ္ဘာအဆင့်လက်နက်၊ ပွင့်ချပ်ငါးလွှာကနေ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတွေက ကောင်းကင်အဆင့်လက်နက်၊ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတွေက ပြိုင်ဘက်ကင်းလက်နက်နဲ့ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတွေက လွှမ်းမိုးအဆင့် လက်နက်တစ်ခုရမယ်၊ ငါယွီချန်းရှုက ငါ့စကားကို သေချာပေါက်တည်မှာ”

တောင်ကြားနားရှိကျင့်ကြံသူများသည် တိုက်ပွဲကို တော်တော်ကြာလေ့လာခဲ့တာဖြစ်သည်။ အစက လုကျိုးသည် အသာစီးရနေပုံပေါ်၏။ သို့သော်ငြားလက်ရှိတွင် ယွီချန်းရှုက အနိုင်ရတော့မည့်ပုံပေါ်သည်။

“ရွှေကြာနယ်မြေက နယ်ခြားကမ္ဘာပဲ၊ သူတို့က ငါတို့ဆီ ကျူးကျော်လာနိုင်တယ်၊ တိုက်ခိုက်ဖို့အတွက် အခွင့်အရေးကောင်းတစ်ခုပဲ၊ မင်းတို့တွေကို ဒါတွေကို သတိပေးနေရဦးမှာလား” ယွီချန်းရှုက ပြောလိုက်၏။

“ဒါ့အပြင် သူက ရတနာတွေ အများကြီး ပိုင်ဆိုင်ထားတယ်ဆိုတာ မမေ့လိုက်နဲ့၊ အရေးအကြီးဆုံးက သူ့ဆီမှာ အသက်ဓာတ်နှလုံးသားရှိနေတာ”

ကျင့်ကြံသူအများစုသည် ဘက်မလိုက်ပေ။ သူတို့သည် အကျိုးအမြတ်ရိတ်သိမ်းရန် မျှော်လင့်ပြီး ဤနေရာသို့ ရောက်လာတာပဲဖြစ်သည်။ ယွီချန်းရှု၏စကားများကြောင့် သူတို့မည်ကဲ့သို့ စိတ်မလှုပ်ရှားပဲ နေမည်နည်း။

လုကျိုးသည် သူ၏ဝတ်ရုံရှေ့ကို သေသပ်အောင် ပြုပြင်လျက် ကျောမတ်ကာ မထူးမခြားပြောလိုက်တော့သည်။

“မင်းက ငါ့ကို နောက်ဆုတ်အောင် ဖိအားပေးနိုင်တဲ့ ပထမဆုံးကျင့်ကြံသူပဲ”

“ဟမ်”

“အလိုလေးလေး၊ မင်းတတ်နိုင်တာ ဒါအကုန်ပဲ”

လုကျိုးသည် ပြောပြီးနောက် သူ၏လက်ထဲတွင် အထွတ်အထိတ် အသွင်ကတ်က ပေါ်လာသည်။

“ငါ့ရဲ့ ဒေါသကို မင်းခံနိုင်ရည်ရှိဖို့ ငါမျှော်လင့်တယ်”

ယွီချန်းရှုက မျက်မှောင်ကြုတ်လိုက်၏။

“ဘာတွေစောင့်နေတာလဲ၊ ဒီနယ်ခြားသားကိုသတ်လိုက်ရင် ရတနာတွေက မင်းတို့အပိုင်ပဲ”

ရွှမ်ချန်းကျစ်၊ မော့ရှင်းလုနှင့် မလှုပ်ရှားသေးသည့် သူတို့ဂိုဏ်းများမှလွဲလျှင် ကောင်းကင်သိုင်းခုံရုံး၏ မဟာမိတ်များဖြစ်သော ကျန်သည့်ကျင့်ကြံသူများသည် ယွီချန်းရှု၏စကားကို ကြားသောအခါ ချက်ချင်းလှုပ်ရှားကြတော့သည်။

လုကျိုးသည် ထိုစဉ် အထွတ်အထိပ်အသွင်ကတ်ကို ခြေမွလိုက်၏။ သူ၏ရှင်းလင်းနေသော စွမ်းအင်ဗဟိုချက် ချီပင်လယ်သည် ချက်ချင်းပင် ပြည့်သွားတော့သည်။ ထို့နောက်သူသည် ပွင့်ချပ်ဆယ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်ရန် အချိန်မဖြုန်းတော့ပေ။ ပေနှစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာပြီးနောက် ယွီချန်းရှုဆီ မျက်နှာသေဖြင့် ပျံသန်းသွားလိုက်သည်။

“ဘာတွေဖြစ်ကုန်တာလဲ”

ကျင့်ကြံသူများ၏ရင်ထဲတွင် မကောင်းတာတစ်ခုခု ခံစားမိနေ၏။

သူတို့သည် လုကျိုးနားကပ်သွားသည်နှင့် သူတို့သည် ကောင်းကင်ထဲမရေမတွက်နိုင်သော လက်ဝါးစည်းတံဆိပ်များ ထုတ်သုံးလိုက်၏။

ကိုးပါးဖြတ်တောက်ခြင်း လက်စည်းတံဆိပ်

ဘန်း ဘန်း ဘန်း

လုကျိုးဆီ ပျံသန်းလာခါစ ကျင့်ကြံသူများသည် ကောင်းကင်ကနေ ယင်ကောင်များသဖွယ် တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာ၏။သူ့ကိုတားရန် ကြိုးစားသူများအားလုံးကို လက်ဝါးစည်းတံဆိပ်က တားလိုက်သည်။

လုကျိုးသည် သူ၏နားထဲ မြည်လာသည့် အသိပေးသံများကို လစ်လျုရှုထားသည်။ ယခုအချိန်တွင် သူ့မျက်လုံးထဲ၌ လူတစ်ယောက်သာရှိသည်။ ယွီချန်းရှု။

ယွီချန်းရှုက မျက်မှောင်ကြုတ်လျက် လက်နှစ်ဖက်ဖြင့် ချုပ်နှောင်ရေးစည်းတံဆိပ်ကို တွန်းထုတ်လိုက်သည်။

သို့သော် ယွီချန်းရှုက ချုပ်နှောင်ရေးစည်းတံဆိပ်ကို မတွန်းထုတ်လိုက်သေးခင် လုကျိုးက မဟာနည်းစနစ်ကိုသုံးပြီး သူ့ရှေ့သို့ရောက်လာပြီဖြစ်သည်။

လုကျိုးသည် ယွီချန်းရှုကို တုန့်ပြန်ရန် အခွင့်အရေးမပေးပဲ လက်ဝါးဖြင့် ချက်ချင်း ရိုက်ချလိုက်၏။

ကြောက်ရွံ့ခြင်းမဲ့ မဟာတံဆိပ်တော်

ဧရာမလက်ဝါးစည်းတံဆိပ်သည် ယွီချန်းရှုကို ပြန်တွန်းလိုက်သည်။

လုကျိုးသည် လျှပ်ပြက်သောအရှိန်ဖြင့် ယွီချန်းရှုရှေ့ ထပ်ရောက်လာ၏။

ယခင်ကနည်းတူ သူ၏လက်ဝါးဖြင့် ယွီချန်းရှု၏ရင်ဘတ်ကို ရိုက်ချလိုက်သည်။

ယွီချန်းရှုက သွေးတစ်ပွက် အန်သွားလေ၏။

သွေးသည် လုကျိုး၏ခန္ဓာကိုယ်ပေါ် မကျခင် လေထဲ၌ ဆူညံသံတစ်သံပေါ်ထွက်လာပြီး လုကျိုးနား၌ ရွှေရောင်ဗုဒ္ဓခန္ဓာပေါ်လာကာ သူ့ကို သွေးများ မစွန်းထင်းအောင် ထိန်းထားလိုက်သည်။

“…”

ယွီချန်းရှု၏ အမူအရာက ပြောင်းလဲသွား၏။ ဒီလူက သူ့ရဲ့သွေးစွန်းထင်းမှာကို ရှောင်ဖို့ ရွှေရောင်ဗုဒ္ဓခန္ဓာကို ဘယ်လိုလုပ်သုံးနိုင်ရတာလဲ။

လုကျိုးသည် သူ၏လက်ကို ရှေ့သို့ ထပ်တွန်းလိုက်သည်။ မဟာကြောက်ရွံ့ခြင်းမဲ့ တံဆိပ်တော်။

ဘန်း

တောင်တစ်တောင် ပြားကပ်သွားသည်။

ဘန်း

နောက်ထပ်တောင်တစ်တောင် ပြားကပ်သွား၏။

ယွီချန်းရှုက နောက်သို့လွင့်သွားစဉ် လူတိုင်းရှေ့၌ ထိတ်လန့်ဖွယ်မြင်ကွင်းပေါ်လာသည်။

လုကျိုးသည် ယခုအချိန်၌ ထွန်းလင်းတောက်ပနေ၏။ သူ၏ပေနှစ်ရာ ရွှေရောင် စိတ်ဝိညာဉ်သဏ္ဌာန်သည် ဘယ်ဘက်နှင့် ညာဘက်တွင် ဖျတ်ကနဲ လင်းနေလေ၏။ သူသည် လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်ချိန်တိုင်းတွင် သူ၏စိတ်ဝိညာဉ်ကလည်း လက်ဝါးရိုက်ချက်သုံးသည်။ ပိုတောင် အဓိပ္ပာယ်မရှိသည်ကား အကွက်တိုင်းသည် မဟာနည်းစနစ်ဖြစ်နေတာပဲဖြစ်သည်။

ကြောက်ရွံ့ခြင်းမဲ့ မဟာတံဆိပ်တော်

ကုဗဖြတ်တောက်ခြင်း စည်းတံဆိပ် လက်စည်းတံဆိပ်

စွန့်ပစ်ခံ ဉာဏ်ပညာ

မဟာမိုးကြိုး လက်စည်းတံဆိပ်

အားလုံးကို လုကျိုးသည် ဘာမှမဟုတ်သည့်ပမာ ထုတ်သုံးလိုက်သည်။

ကျင်ကြံသူများအားလုံးသည် ယခုအချိန်၌ သူတို့၏လောကအမြင် ဆန်းသစ်သွားပြီဟု ခံစားလိုက်ရသည်။

“…”

လေဟာနယ်ဂိုဏ်း၏ ရွှမ်ချန်းကျစ်နှင့် အစစ်အမှန်ခွန်းလွန်ဂိုဏ်း၏မော့ရှင်းလုကတောင် အံ့ဩဆွံ့အသွားတော့သည်။

…

အခန်း (၈၄၈) လှည့်ပတ်နေသော တိမ်တိုက်၊ ပြင်းထန်သော လေနှင့် မိုးကြိုး၊ အမျက်ဒေါသထွက်သော ရေ

ကောင်းကင်ချားတောင်နယ်နိမိတ်အထက်တွင် ပေ ၂၀၀ မြင့်မားသည့် ရွှေကြာစိတ်ဝိညာဥ်သဏ္ဌာန်က ဝင့်ဝင့်စွားစွား တောက်ပနေသည်။

အနီးတွင် ရှိကြသည့် ကျင့်ကြံသူများက ထိုအရာ၏ တောက်ပမှုကြောင့် သေချာမကြည့်နိုင်ကြပေ။ ထို့အပြင် သူတို့က ဘာမြင်နေရသည်ကိုပင် နားမလည်နိုင်ကြပေ။ သူတို့ ငုံ့ကြည့်လိုက်သည့်အခါ တောင်ကြားအနက်ပိုင်း၏ အဝင်ဝဆီမှ လက်ဝါးစည်းတံဆိပ်များနှင့် အလောင်းများကို ဖျတ်ခနဲ မြင်လိုက်ရသည်။

ထိုအရာအပြင် ကောင်းကင်ချားတောင်နယ်နိမိတ်က လက်ဝါးသဏ္ဌာန် တွင်းချိုင့်ကြီးများဖြင့် ပြည့်နှက်နေ၏။

အားကောင်းသည့် ကျင့်ကြံသူများဟု ကိုယ်တိုင် ပြောဆိုကြသည့်သူများက တုန်လှုပ်တကြီးဖြင့် မျက်လုံးအပြူးသား မဖြစ်ခင် လက်ဝါးစည်းတံဆိပ်ကြောင့် သွေးထွက်အောင် ရိုက်နှက်ခံလိုက်ရသည်။

ရွှမ်ချန်းကျစ်နှင့် မော့ရှင်းလုတို့က ယွီချန်းရှုကို ပိုအားကောင်းသည့် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူဟု သတ်မှတ်ထားကြသည်။ အများဆုံး လုကျိုးက ယွီချန်းရှုထက် အနည်းငယ်မျှ အားကောင်းရုံမျှသာ ဖြစ်နိုင်သည်။

သို့သော်လည်း ထိုစဥ် လုကျိုး၏ စွမ်းဆောင်နိုင်စွမ်းက သူတို့၏ အမြင်ကို လုံးဝပြောင်းလဲပစ်လိုက်သည်။ မွေးဖွားဇယားချပ်ကို အသက်သွင်းထားသည့် ပညာရှင်ပင် ဤမျှ ကောင်းကင်ဘုံ သွေဖည်မည် မဟုတ်ပေ။

ရွှမ်ချန်းကျစ်အနေဖြင့် လုကျိုးသည် ကောင်းကင်ချားတောင်နယ်နိမိတ်ဆီ တက်လာသည့် အသိအာရုံ ဖွဲ့စည်းခြင်းအဆင့် တပည့်တစ်ဦးကို တောက်ကိုးပါး ဖြတ်တောက်ခြင်း လက်ဟန် ထုတ်သုံးလိုက်သည်ကို မြင်လိုက်ရ၏။

သူက ထိုအရာက တောက် ကိုးပါး ဖြတ်တောက်ခြင်း လက်ဟန်ဖြစ်ကြောင်း မမှားယွင်းပေ။ ထိုသို့သော နည်းစနစ်မျိုးကို အသိအာရုံ ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအပေါ် အသုံးပြုသွားခဲ့သည်။

ရွှမ်ချန်းကျစ်က သူ့လက်များပင် တုန်တုန်ယင်ယင် ဖြစ်နေသလို ခံစားမိလိုက်၏။ သူနှင့် လုကျိုးကြားမှ အင်အား ကွာခြားချက်ကို မြင်တွေ့ပြီးသည့်နောက်တွင် သူ့ကိုယ်သူ သံသယ ဖြစ်လာမိသည်။

“ငါက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူအတုများလား”

ရွှမ်ချန်းကျစ်အနေနှင့် ဤသို့ခံစားမိသည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။ သူက ပွင့်ချပ်ဆယ်လွှာအဆင့် ရောက်ရှိရဲ့လားဟု အမှန်တကယ် စဥ်းစားလာမိသည်။

ထိုစကားကို ကြားပြီးသည့်နောက်တွင် မော့ရှင်းလုက ဝင်ပြောလိုက်၏။

“ကျွန်မလည်း အတူတူ ခံစားနေရတာ။ အဲဒီ ချန်းပေ့က အင်အားကို ချုပ်ထိန်းထားတဲ့ပုံပဲ”

“ထွက်ပြေးရင် ဘယ်လိုတုံး”

“ကျွန်မတို့တွေ ထွက်ပြေးလို့ မရဘူး”

တစ်ချိန်တည်းဆိုသလို ရွှမ်ချန်းကျစ်နှင့် မော့ရှင်းလု နောက်တွင် အသားအရေဖြူဖျော့နေသည့် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူများက ချောင်းအပြင်းအထန်ဆိုးလိုက်ကြသည်။

“ငါတို့တွေ တတ်နိုင်သမျှ ပြန်အားဖြည့်ရမယ်။ ကံမီးတောက်က ခန္ဓာကိုယ်တွင်း ကျူးကျော်ပြီးသွားပြီ။ တကယ်လို့ ငါတို့သာ အချိန်မီ မကုသနိုင်ရင် ငါတို့ရဲ့ အတွင်းအင်္ဂါတွေနဲ့ ချီသွေးကြော ရှစ်ခုက ပျက်စီးသွားလိမ့်မယ်”

အကယ်၍ သူတို့ ထွက်သွားပါက သေချာပေါက် သေလိမ့်မည်။ အကယ်၍ ဤနေရာတွင် သူတို့ အားဖြည့်ပါက အသက်ရှင်နိုင်ချေ ရှိနေသေး၏။ သူတို့ အားလုံးက ကံမီးတောက်၏ သက်ရောက်မှုကို သိထားကြသည်။

ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူကို မဆိုထားနှင့် စစ်ခုန်ပေချန်းကဲ့သို့ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူပင် ကံမီးတောက် ထိမှန်ပြီးသည့်နောက်တွင် ပြန်ကောင်းဖို့ အခက်တွေ့နေသည်။

“သွားပြီးတော့ ကိုယ့်ဘာသာကိုယ် ကုကြ”

“ဟုတ်ကဲ့”

လေဟာနယ်ဂိုဏ်းနှင့် အစစ်အမှန် ခွန်းလွန်ဂိုဏ်းတို့က တိုက်ပွဲတွင် ပါဝင်ရန် ရည်ရွယ်ချက် မရှိဘဲ ကောင်းကင်ချားတောင်နယ်နိမိတ်အတွင်း ဆင်းသက်လိုက်ကြသည်။

..............

ထိုစဥ် တခြားသော ကျင့်ကြံသူများက အရိုးထိအောင် ကြောက်ရွံ့နေကြ၏။ မဟာနည်းစနစ်တွေကို တစ်ခုပြီး တစ်ခု ထုတ်သုံးနေတာက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်သလဲ...

ထို့အပြင် ကံမီးတောက် လွှမ်းခြုံထားသည့် ရွှေရောင် လက်ဝါးစည်းတံဆိပ်က ပစ်မှတ်တိုင်းကို တိတိကျကျ ထိမှန်လေသည်။

ကောင်းကင်ချား တောင်နယ်နိမိတ်အထက် တိမ်တိုက်များက စွမ်းအင်များဖြင့် ထကြွနေပြီး မိုင်ဒါဇင်ချီရှိ မြေကြီးက ငလျင် လှုပ်ခတ်ထားသလိုမျိုး ဖြစ်နေသည်။ တစ်ချိန်တည်းဆိုသလို ကောင်းကင်အထက် မိုးခြိမ်းသံများနှင့် လေဟုန်ခွင်းသံများလည်း ထွက်ပေါ်လာသည်။

...............

ယုံကြည်ချက်ပြင်းထန်သည့် ယွီချန်းရှုက ထိုမြင်ကွင်းကို မြင်တွေ့ပြီးသည့်နောက်တွင် ပြိုလဲလုနီးပါး ဖြစ်သွားသည်။ သူ ဂုဏ်ယူရသည့် ရုပ်သေးရုပ်က လုကျိုးရှေ့တွင် ကစားစရာအရုပ်တစ်ရုပ်လား ဖြစ်နေ၏။

ဘန်း

ယွီချန်းရှုက တောင်တစ်ခုနှင့် ဝင်တိုက်မိသွားသည်။ သက်ရောက်မှုကြောင့် တောင်ပေါ်မှ ကျောက်တုံးများက သူ့နှလုံးသားလိုမျိုး တုန်ခါလာသည်။

ဘာလို့လဲ။ သူက ဘာလို့ စောစောလေးက အင်အားကို ချုပ်ထိန်းထားရတာလဲ။ ဘယ်လိုမျိုးလဲ။...

ဘန်း

ထိုစဥ် ယွီချန်းရှု၏ ခန္ဓာကိုယ်က တောင်ကြားအဝသို့ ရောက်ရှိလာသည်။ သိပ်မကြာခင် သူ့လက်နက် ချုပ်နှောင်ရေး စည်းတံဆိပ်ကလည်း သူ့ရှေ့သို့ ကျရောက်လာ၏။

လုကျိုးက အလျှော့မပေးပေ။ လက်ဝါးစည်းတံဆိပ်များ တစ်ခုပြီးတစ်ခု ယွီချန်းရှုအပေါ် ကျရောက်လာကာ သွေးအန်သွားစေသည်။ ထိုစဥ် ယွီချန်းရှု ခန္ဓာကိုယ်မှ အနက်ရောင်နှင့် မီးခိုရောင်တို့က သိသိသာသာ မှေးမှိန်သွားဟန်ပေါ်သည်။

ယွီချန်းရှုက လုကျိုးကို မယုံကြည်နိုင်စွာ ကြည့်နေ၏။ လုကျိုးက မဟာနည်းစနစ်များ တစ်ခုပြီး တစ်ခု ဆက်လက်ထုတ်ဖော်နေပြီး အားလုံးကို နှိမ်နှင်းနေသည်။ ထိုစဥ် သူက အမှားအယွင်း ပြုလုပ်ခဲ့ကြောင်း သဘောပေါက်သွားခဲ့၏။

ထို့နောက် ယွီချန်းရှုက လက်ကို ဝှေ့ကာ သူ့ကိုယ်သူ အက်ကြောင်းထဲမှ ထလိုက်ပြီး ချုပ်နှောင်ရေး စည်းတံဆိပ်ပေါ် တက်ရောက်လိုက်သည်။ သူက ပြင်းထန်စွာ အသက်လုရှူနေရပြီး နားထဲ၌ပင် တဝီဝီ မြည်နေသည်။

ဘန်း ဘန်း ဘန်း

နောက်ထပ် နတ်ဝိညာဥ်ဝဋ်ကြွေးချေအဆင့် ကျင့်ကြံသူ ၃ဦးက ကောင်းကင်မှ ပြုတ်ကျလာသည်။

ထိုစဥ် အလောင်းတစ်ခုက ယွီချန်းရှုဆီ ထိမှန်သွား၏။ သူက ထိုအလောင်းကို အနီရောင် တောက်ပနေသည့် လက်ဖြင့် တွန်းလွှတ်လိုက်သည်။

ထို့နောက် ယွီချန်းရှု ခန္ဓာကိုယ်အထက် အလင်းတန်းများ တောက်ပလာသည်။

ထိုစဥ် လုကျိုးက ယွီချန်းရှုအထက် ရောက်ရှိနေပြီ ဖြစ်၏။ သူက ရွှေရောင်ထိုက်ရွှီကြေးမုံကို သယ်ဆောင်ထားပြီး ယွီချန်းရှုကို ထပ်မံထိုးလိုက်ပြီး ကျန်ရှိနေသည့် သူ့ထူးခြားအံ့ဖွယ်စွမ်းအားကို ကြေးမုံအတွင်း ထည့်သွင်းလိုက်သည်။ ခရမ်းရောင် တောက်ပသံကျောက် အကူအညီဖြင့် သူသည် ထူးခြားအံ့ဖွယ်စွမ်းအား အနည်းငယ်မျှ ပြန်ကောင်းမွန်နိုင်ခဲ့သည်။ သို့သော်လည်း ထူးခြားအံ့ဖွယ်စွမ်းအား အနည်းဆုံး ပမာဏကပင် အသုံးဝင်နေ၏။

ကြေးမုံမှ တစ်ဆင့် လုကျိုးသည် ယွီချန်းရှု၏ ရုပ်သေးရုပ်က ဒဏ်ရာအပြင်းအထန် ရရှိထားကြောင်း တွေ့လိုက်ရသည်။ ထိုအရာ၏ အရွယ်အစားက တစ်ဝက်မက ကျုံ့သွားလေပြီ။ ရွှေရောင်ထိုက်ရွှီ ကြေးမုံကို သိမ်းဆည်းပြီးသည့်နောက်တွင် သူက မထူးမခြားနား ပြောလိုက်၏။

“ယွီချန်းရှု ပြောစမ်းပါအုံး။ မင်း ဘယ်လိုထင်လဲ”

လုကျိုး စကားအဆုံးတွင် ယွီချန်းရှုက ရယ်မောလိုက်ပြီး ယွီချန်းရှုက သွေးတစ်ပွက် အန်ကာ “

“မဖြစ်နိုင်ဘူး။ ဒီဟာက မဖြစ်နိုင်ဘူး။ မယုံဘူး”

ဘန်း

ယွီချန်းရှုက လုကျိုးကို ကြည့်နေရင်း သူ့ခန္ဓာကိုယ်မှ သွေးမြူများ စတင်မြင့်တက်လာသည်။ သူက လုကျိုးဆီ ပြေးဝင်သွားလိုက်၏။ သူက အသက်စုပ်ထုတ်နည်းစနစ် အကူအညီဖြင့် သူ စုစည်းထားသမျှ အသက်ဓာတ်အားလုံးကို ထုတ်သုံးပြီး လုကျိုးကို တိုက်ခိုက်လိုက်သည်။

ထိုစဥ် ယွီချန်းရှု၏ ပုံရိပ်များက ကောင်းကင်အထက် ပြည့်နှက်သွား၏။

လုကျိုးက ယွီချန်းရှုကို အမူအရာကင်းမဲ့စွာ ကြည့်နေပြီး ခေါင်းအသာယမ်းလိုက်သည်။ သူ့အနေဖြင့် ယွီချန်းရှု သူ့ဝှက်ဖဲ အားလုံးကို အသုံးပြုဖို့ စောင့်ဆိုင်းဖို့ လုံလုံလောက်လောက် အချိန်ရှိသည်။ သူက အထွတ်အထိပ် သဏ္ဌာန်ကတ်ကို များစွာ အသုံးပြုထားသောကြောင့် ထိုကတ်ကို အလားအလာအပြည့် မည်သို့အသုံးပြုရမည်ကို ကောင်းကောင်းသိထားသည်။

လုကျိုးက သူ့ကိုယ်ကို ကာကွယ်ဖို့ နည်းစနစ်တစ်ခု ထုတ်သုံးလိုက်၏။

သဘာဝကို သိမြင်ခြင်း၊ မုဒြာ ၄ပါး၊ လျို့ဟယ် စည်းတံဆိပ်၊ ပါကွား စည်းတံဆိပ်နဲ့ ရွှေရောင် ဗုဒ္ဒခန္ဓာ

ဤသို့ နည်းစနစ်အများကြီးကို တစ်ပြိုင်နက် ထုတ်သုံးဖူးသူကို မည်သူကများ မြင်တွေ့ဖူးမည်နည်း။

ထိုနည်းစနစ်များ၏ အသံပဲ့တင်မှုများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

ယွီချန်းရှုက လှုပ်ရှားကာ အသည်းအသန် တိုက်ခိုက်နေ၏။ သူ့ပုံရိပ်များက လုကျိုးကို ဝိုင်းရံထားကြသည်။

ဘန်း ဘန်း ဘန်း

မည်သို့ပင်ဆိုစေကာမူ လုကျိုးက သူ့ရွှေရောင် ဗုဒ္ဒခန္ဓာကိုယ်ဖြင့် ထိုက်တောင်တန်းအလား မလှုပ်မယှက် တည်ရှိနေသည်။ တစ်ခါတစ်ရံ __နည်းစနစ်များကို ထုတ်သုံးနေ၏။ ယွီချန်းရှုက မည်မျှပင် တိုက်ခိုက်စေကာမူ သူက အေးအေးဆေးဆေး ပြန်လည်ပြုပြင်နိုင်သည်။ တစ်ချိန်တည်းဆိုသလို သူက ရုပ်သေးရုပ်ကို မည်သို့ သတ်နိုင်မည်ကို စဥ်းစားနေမိ၏။ အကယ်၍ သူက အထွတ်အထိပ် သဏ္ဌာန်ကတ် အချိန်ပြတ်တောက်သွားပြီးသည့်နောက် ရုပ်သေးရုပ်ကို မသတ်နိုင်သေးလျှင်ပင် သူ့အတွက် အခြေအနေ ဆိုးသွားနိုင်သည်။

“မဟုတ်ဘူး။ ငါမယုံဘူး” ယွီချန်းရှု၏ မုန်တိုင်းအလား တိုက်ခိုက်မှုများက လုကျိုး၏ မထိုးဖောက်နိုင်သည့် ခုခံမှုအပေါ် ကျရောက်လာသည်။ သူတို့က လှိုင်းတွန့်မျှသာ ထသွားစေနိုင်၏။ သူက အရူးအမူး တိုက်ခိုက်နေသောကြောင့် ကမ္ဘာဦးချီ ကုန်ဆုံးနှုန်းက မြင့်မားသည်မှာ ပုံမှန်သာ ဖြစ်၏။

အချိန်ကုန်ဆုံးလာသည့်အခါ ယွီချန်းရှု၏ အမြန်နှုန်းက ဖြည်းဖြည်းချင် နှေးကွေးလာသည်။ သူ့လက်ဝါးစည်းတံဆိပ်များက အားလျော့လာဖို့ သိပ်မကြာတော့ပေ။ ထိုစဥ် သူက တစ်ဖက်လူ၏ ကာကွယ်စွမ်းနှင့် ရွှေရောင် ဗုဒ္ဒခန္ဓာကိုယ်ကို ကြည့်နေရင်း မျှော်လင့်ချက် ကုန်ခမ်းလာမိသည်။ ထို့အပြင် တစ်ဖက်လူ၏ ကမ္ဘာဦးချီက လျော့ကျသွားဟန် မပေါ်ပေ။

ဝှစ်

ယွီချန်းရှုက ကြံရာမရစွာဖြင့် နောက်ဆုံးတစ်ကြိမ် လက်ဝါးစည်းတံဆိပ်ကို ထုတ်သုံးလိုက်သည်။ ထို့နောက် သူက မြေပြင်ပေါ် လဲကျသွားကာ ဒူးတစ်ဖက် ထောက်လျက်သား ဖြစ်သွား၏။ သူ့ခန္ဓာကိုယ်မှ သွေးနှင့် ချွေးများ စီးကျနေကာ အသက်လုရှုနေရသည်။

“မောသွားပြီလား” လုကျိုးက ခေါင်းအသာယမ်းကာ မထူးမခြားနား ပြောလိုက်သည်။

“မင်းက ကိုယ့်ဘာသာကိုယ် အထင်ကြီးပြီး ကျောက်ဆောင်ကို ကြက်ဥနဲ့ ပေါက်ဖို့ ကြိုးစားနေတာပဲ”

လုကျိုးက အချိန်ကို စစ်ဆေးကြည့်လိုက်၏။ သူက အထွတ်အထိပ် သဏ္ဌာန်ကတ်မှ အချိန်တစ်ဝက်မျှ ကျန်ရှိသေးလေသည်။ ထို့နောက် သူက ယွီချန်းရှု၏ ခန္ဓာကိုယ်အပေါ် အာရုံစိုက်လိုက်၏။ ယခုအခါ အလင်းက ပိုမိုနည်းပါးလာသည်။

ဒီရေးဆွဲထားတာက ရုပ်သေးရုပ်ရဲ့ အသက်ဓာတ်များလား...

အကယ်၍ ထိုအသက်ဓာတ်သာ ပျောက်ကွယ်သွားရင် ရုပ်သေးရုပ်က ပျောက်ဆုံးသွားမည်လား...

လုကျိုးက သူသည် ယွီချန်းရှုကို အမည်မဲ့နှင့် ထိုးစိုက်ခဲ့ဖူးကြောင်း အမှတ်ရလိုက်သည်။ ရုပ်သေးရုပ်ကလည်း ပြင်းထန်သည့် ဒဏ်ရာကို ခံစားရဟန်ပေါ်၏။ ထိုအရာက ရုပ်သေးရုပ် သိမ်းဆည်းထားသည့် အသက်စုပ်ယူခြင်း ကျင့်စဥ်ကြောင့်လည်း ဖြစ်နေနိုင်သည်။ အသက်ဓာတ် စွမ်းအားဆီမှ အားဖြည့်မှု မရှိဘဲ ထိုအရာက ပြန်ကောင်းနိုင်မည်မဟုတ်ပေ။

လုကျိုး၏ စိတ်ထဲ အတွေးတစ်ခု ပေါ်ထွက်လာ၏။ သူက ဆင်းသက်လာကာ ယွီချန်းရှု ရှေ့မှောက် ရောက်ရှိလာသည်။

“မင်းက ဘယ်သူလဲ။ ဘယ်နေရာက ရောက်လာတာလဲ” ယွီချန်းရှုက အကြောက်တရားကို ချိုးနှိမ်ရင်း တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။

တမင် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူက လုကျိုးကို ယဥ်ယဥ်ကျေးကျေးပင် ခေါ်ဝေါ်လာသည်။

“မင်းလည်း အဲဒီအဖြေကို သိပါတယ်”

“...”

ယွီချန်းရှုက အမှန်တကယ် မသိပေ။ လုကျိုး၏ စွမ်းအားက ရွှေရောင်ဖြစ်ကာ တစ်ခါတစ်ရံတွင် အပြာရောင်ဖြစ်ပြီး တစ်ခါတစ်ရံတွင် အနက်ရောင် ဖြစ်၏။

ယွီချန်းရှုက ပိုမိုတည်ငြိမ်လာစဥ် အံကြိတ်ကာ မေးလိုက်သည်။ “ကောင်းပြီ။ နောက်ဆုံး ငါတို့ရဲ့ သေရေးရှင်ရေးကို ဆုံးဖြတ်ပေးတဲ့ နောက်ဆုံးတိုက်ကွက်ကို တိုက်မယ်”

ယွီချန်းရှုက သူ့ခန္ဓာကိုယ်အထက် အနက်ရောင် သင်္ကေတများ ရုတ်ခြည်းထွက်ပေါ်လာစဥ် ရှေ့သို့ ရုတ်ခြည်းပြေးလာလိုက်သည်။ ထိုအနက်ရောင် သင်္ကေတများက ဓားမော့အဖြစ် ဖွဲ့စည်းသွားကာ လုကျိုးကို ထိုးစိုက်လိုက်၏။

“အနက်ရောင် သင်္ကေတလား” လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။

ဝှစ်

လုကျိုးက ခေါင်းအသာယမ်းကာ အလွယ်တကူ နောက်ဆုတ်လိုက်၏။ အသက်ရှိုက်စာ အနည်းငယ်အတွင်း သူက သွေးများ မြစ်တစ်ခုလို စီးဆင်းနေသည့် တောင်ကြားအနက်ပိုင်းသို့ ရောက်ရှိလာသည်။ ယွီချန်းရှုက လုကျိုးနောက်မှ လိုက်လာ၏။ သူ့အမူအရာက မလိုလားမှုဖြင့် ပြည့်နှက်နေသည်။

ဒီလူက ဘာလို့ဒီလိုအချိန်မှာ နောက်ဆုတ်ဖို့ ရွေးချယ်ခဲ့တာလဲ။...

သူ့စိတ်အခြေအနေက အောက်ဆုံးသို့ ကျရောက်နေလေပြီ။ နောက်ဆုံးတွင် သူက လုကျိုး၏ စကားများကို နားလည်သွားခဲ့၏။ ကြည့်ရသည်မှာ သူက တစ်ဖက်လူအပေါ် ဘယ်တုန်းကမှ နားလည်ခဲ့ဖူးဟန် မပေါ်ပေ။

ထိုစဥ် ယွီချန်းရှုက လုကျိုးသည် တောင်ကြားထဲ ရပ်နေသည်ကို မြင်လိုက်ရ၏။ သူ့စိတ်ထဲမှ အမုန်းတရားများ တောက်လောင်လာကာ လုကျိုးကို ထိုးစိုက်လိုက်သည်။ သူက သူ့၏ သေခြင်းရှင်ခြင်းကို စွန့်စားလိုက်သည်။

ထိုစဥ် လုကျိုးက ရှေ့သုံးလှမ်းတိုးကာ ယွီချန်းရှု၏ နောက်သို့ ရောက်ရှိလာသည်။ သူက အကန့်သတ်မဲ့ ကမ္ဘာဦးချီကို ပိုင်ဆိုင်ထားသည့်အတွက် သူ့ခန္ဓာကိုယ်ကို ထိဖို့ မပြောနှင့် ယွီချန်းရှုက အနားပင် မကပ်နိုင်ပေ။

ယွီချန်းရှုက သူ့အပြုအမူ အသုံးမဝင်ကြောင်း သဘောပေါက်ပြီးသည့်နောက်တွင် လှည့်ကာ ပြေးမည် ကြံလိုက်၏။

“နောက်ကျသွားပြီ” လုကျိုးက လေသံအတက်အကျ မရှိ ပြောကာ စွန့်ပစ်ခံ ဉာဏ်ပညာကို ဆက်တိုက်ထုတ်လွှတ်လိုက်သည်။

ရွှေရောင် လက်ဝါးစည်းတံဆိပ် ဆယ်ခု၏ ထွက်ပေါ်လာမှုက နေမင်းအလား တောက်ပနေသည်။ ထိုလက်ဝါးများက တစ်ခုနှင့်တစ်ခု ထပ်နေသည့်အတွက် အစွန့်ပစ်ခံ ဉာဏ်ပညာဟူသော စာလုံးကိုပင် မြင်နိုင်ခဲသည်။ သူတို့က ယွီချန်းရှုဆီ ဥက္ကာပျံတစ်ခုအလား ကျဆင်းလာ၏။

ဘန်း

လက်ဝါးစည်းတံဆိပ်က ယွီချန်းရှု၏ နောက်ကျောအပေါ် ကျရောက်လာကာ ရှေ့ကို ယိုင်လဲသွားစေသည်။

လုကျိုးက ချောက်နက်ကို လှမ်းကြည့်လိုက်ပြီး နောက်ထပ် လက်ဝါးစည်းတံဆိပ်တစ်ခုကို ထုတ်ဖော်လိုက်၏။

“ငါက ဘာလို့ ဒီနေရာကို ရွေးလဲဆိုတာ သိလား”

ထိုစဥ် ယွီချန်းရှုက သွေးအန်နေသည်။ သူ့စိတ်ခံစားချက်များကို အကြောက်တရားနှင့် စိတ်ပျက်မှုများကသာ လွှမ်းမိုးသွား၏။ သူက တခြားအရာကို မည်သို့ တွေးနိုင်မည်နည်း။

ဘန်း

နောက်ထပ် လက်ဝါးစည်းတံဆိပ်များက ယွီချန်းရှုအပေါ် ထပ်မံကျရောက်လာသည်။ ထိုစဥ် သူ့ရှေ့ရှိ အနက်ရောင် ဓားမော့က တောင်ကြားရှိ တောအုပ်အတွင်း ရုတ်ခြည်း ပြေးဝင်သွားသည်။

ထို့နောက် အနက်ရောင် ဓားမော့က ဓားမော့ရာချီအဖြစ် ကွဲထွက်သွားပြီးသည့်နောက် ထောင်ချီဖြစ်လာကာ ပေါက်ကွဲထွက်သွားသည်။

ဝုန်း ဝုန်း ဝုန်း

ဤလှုပ်ရှားမှုတွင် ယွီချန်းရှု၏ စွမ်းအား အကုန်လုံး ပါဝင်နေကာ တောင်ကြားနှင့် တောင်ပေါ် ကျရောက်စေပြီး ကမ္ဘာမြေနှင့် တောင်တန်းကိုပင် အပြင်းအထန် တုန်ခါသွားစေသည်။

လုကျိုး ပြောသကဲ့သို့ ယွီချန်းရှု အသိဝင်လာသည့်အခါ နောက်ကျလွန်းသွားပြီ ဖြစ်၏။

…

အခန်း (၈၄၉) ငါ့ကို သတ်လိုက်ပါ

အသက်ရှင်ကျန်ရစ်သည့် ကျင့်ကြံသူများသည် မိုးခြိမ်းသံများကြောင့် သွေးဆောင်ခံလိုက်ရသည်။

တစ်ချိန်တည်းတွင် တောင်ကြားထဲရှိ မြေပြင်နှင့် ကောင်းကင်ချားနယ်နိမိတ်ရှိ တောင်တန်းများ လှုပ်ခါလာလေ၏။ ကျောက်စကျောက်နများက တောင်ပေါ်မှ လိမ့်ကျလာပြီးနောက် တောင်များသည် ပြိုလဲတော့မယောင် ဖြစ်နေသည်။ ကောင်းကင်ချားတောင်တန်းဒေသသည် အစကတည်းက အပျက်အစီးနယ်မြေဖြစ်ရာ ယခုပိုတောင် ဆိုးဝါးလာတော့သည်။

ဖုန်း ဖုန်း ဖုန်း

ဤအတိုင်းပင် ကျင့်ကြံသူအများစု လေးစားကြည်ညိုကြသည့် ကောင်းကင်ချားတောင်တန်းသည် ယခုအချိန်၌ တစ်စိတ်တစ်ပိုင်း ပြိုလဲနေပြီဖြစ်သည်။

ကျင့်ကြံသူများအားလုံးသည် လမ်းကြောင်းမှ အမြန်ထွက်ခွာလျက် ဖရိုဖရဲဖြစ်မှုနှင့် အပျက်အစီးများကို ရှောင်ရန်အတွက် ကောင်းကင်ထဲ ခုန်တက်ပျံသန်းကြတော့သည်။ သူတို့အားလုံး လေထဲ ဘေးကင်းနေစဉ် သူတို့က တောင်ကြားကို ထိတ်လန့်မှု၊ ဝေခွဲမရမှုတို့ဖြင့် ကြည့်လိုက်၏။ ဘာတွေဖြစ်ကုန်တာလဲ၊ တောင်တွေက ရုတ်တရက်ကြီး ဘာကြောင့်ပြိုတာလဲ၊ ဒီပျက်စီးမှုဖြစ်ရခြင်းက ဘာကြောင့်လဲ။

လုကျိုးကမူ တွေးထင်ထားပြီးသား ဖြစ်သည်။ သူသည် တောင်ကြား၏အတွင်းပိုင်းထဲမှ ပေါ်ထွက်လာသော မိုးခြိမ်းသံများကို ဆက်တိုက်ကြားနေရသောအခါ မွေးဖွားဇယားချပ်သားရဲတစ်ကောင် ထိုနေရာတွင် ပုန်းနေကြောင်း သူတွက်ချက်မိသည်။ ဤနေရာသို့ လာနေတာ ဖြစ်လောက်သော်ငြာ တောင်များက ပိတ်ဆို့နေ၏။ ကောင်းကင်ချားတောင်တန်း နယ်နိမိတ်နှင့် ကောင်းကင်ချားတောင်ကြား၏ ပျက်စီးမှုကို ကြည့်လျှင် သားရဲကယုံထက် ပိုသန်မာပြီး ပိုကြမ်းတမ်းလောက်သည်ဟု ခံစားမိသည်။ ရွှေကြာနယ်မြေ၏ အဆုံးမဲ့သမုဒ္ဒရာထဲ သူတွေ့ခဲ့သည့် အကောင်ထက် ပိုကြမ်းတမ်းလောက်သည်။

လုကျိုးက ယွီချန်းရှုသည် အစောတုန်းက အားနည်းသောလက်ဝါးစည်းတံဆိပ် ထုတ်လွှတ်ပြီး ခွန်အားတိုးလာတာကို တွေ့လိုက်ရ၏။ ထို့ကြောင့် သူသည် ယွီချန်းရှုက လျှို့ဝှက်နည်းတချို့ကို တတ်ကျွမ်းမှန်း သေချာသိလိုက်သည်။ အားနည်းပုံပေါ်ပြီး ချွန်ထက်သည့် အနက်ရောင် ဓားသွား၌ အဘယ်ကြောင့် သင်္ကေတအနည်းငယ်သာ ရှိနိုင်မည်နည်း။ သူ တွေးထင်ထားသည့်အတိုင်းပင် ထိုနည်းသည် သူ စိတ်ကူးနိုင်စွမ်းကို ကျော်လွန်သည့် သေရေးရှင်ရေးကျင့်စဉ်တစ်ခု ဖြစ်လောက်သည်။

တောင်ပေါ်မှ ကျောက်တုံးများသည် တောင်ကြားထဲရှိ ချောက်နက်ထဲသို့ လိမ့်ကျကုန်၏။

လုကျိုးသည် သူ၏ ကာကွယ်ရေးစွမ်းအင်ကို အသက်သွင်းပြီး အသူရာချောက်နက်ထဲ ဝင်လိုက်တော့သည်။ သူက လိုဏ်ဂူတစ်ခုထဲ ဝင်လိုက်သည့်ပမာဖြစ်နေသည်။ ထူးထူးဆန်းဆန်းပင် ဂူက အပြင်ဘက်ရှိ ပျက်စီးမှုကြောင့် သက်ရောက်မခံရပေ။

လုကျိုးက သူ့၌ကျန်ရှိသည့်အချိန်ကို စစ်ဆေးကြည့်လိုက်သည်။ သူ့၌ ဆယ်မိနစ်ကျော် ကျန်သေး၏။ တွေဝေမနေပဲ သူ့၏စွမ်းအင်ကို ထုတ်လွှင့်ကာ ကျောက်စကျောက်နများကို ပို့လွှတ်လိုက်သည်။

သူ၏လမ်းကြောင်းရှိ အတားအဆီးများကို ရှင်းလင်းပြီးနောက် သူသည် ဂူဘက်သို့ လျှောက်သွားလိုက်ရာ အံ့ဩဖွယ်မြင်ကွင်းကို တွေ့လိုက်ရသည်။ လူတိုင်းတွေးထင်ထားသည့် အက်ကွဲကြောင်းတစ်ခုက အသူရာဆီ ဦးတည်နေသည့် အက်ကွဲကြောင်းက ထိုတွင် မဟုတ်ပေ။ အမည်မသိ တည်နေရာဆီ စီးဆင်းသွားသည့် မီးတောင်အောက်၌ ချော်ရည်ဖြင့်ဖွဲ့တည်ထားသော ကတုတ်ကျင်းတစ်ခု ရှိနေလေ၏။

လုကျိုးက ခေါင်းမော့လိုက်သောအခါ ကတုတ်ကျင်း၏ တစ်ဖက်တွင် ယွီချန်းရှု ရှိနေလျက် သူကကျောက်နံရံထဲမြုပ်နေကာ မလှုပ်နိုင်ဖြစ်နေတာကို တွေ့လိုက်ရသည်။ သူ၏သွေးများက ကျောက်နံရံပေါ် စီးကျနေပြီး နီရဲနေစေတော့၏။

ယွီချန်းရှု၏သွေးစက်အချို့က စီးဆင်းနေသော မီးတောင်ချော်ရည်ထဲ ကျသွားသည့်အချိန်တိုင်းတွင် တရှဲရှဲအသံကို ကြားရသည်။ ချစ်ချစ်တောက်ပူနေသည့် ချော်ရည်များကြောင့် မျက်စိတစ်မှိတ်အတွင်း ၎င်းက ငွေ့ရည်ပျံသွားတာဖြစ်သည်။ အပူကြောင့် တောင်အောက်သို့ကျသွားသည့် သွေးသည် ခမ်းခြောက်သွားပြီး မာသွားရန် အချိန်သိပ်မကြာလိုက်ပေ။

“ကယ်..ကယ်ပါ..ငါ့ကို ကယ်ပါ..ငါ့ကိုကယ်ပါ..”

ရှားပါးသောမြင်ကွင်းပဲဖြစ်၏။ ယွီချန်းရှုက အကူအညီတောင်းနေသည်။

လုကျိုးသည် ယွီချန်းရှု၏ အကူအညီတောင်းမှုကို လျစ်လျူရှုထားလျက် ရွှေရောင်ထိုက်ရွှီကြေးမုံကို ထုတ်ယူလိုက်သည်။

ဘီး

လေထဲ၌ ဆူညံသံတစ်သံပေါ်ထွက်လာပြီး ကြေးမုံမှရောင်ခြည်တန်းသည် ယွီချန်းရှုပေါ် ဖြာကျသွား၏။

ရွှေရောင်ထိုက်ရွှီကြေးမုံကနေ လုကျိုးက ယွီချန်းရှု၏ရုပ်သေးက ယခုအချိန်တွင် စက်ဆုပ်ဖွယ်ကောင်းသည့် အကျည်းတန်သောပုံစံ ဖြစ်နေတာကို တွေ့ရ၏။ ထို့အပြင် ၎င်း၏ခန္ဓာကိုယ်သည် လျင်မြန်စွာ ကျုံ့နေ၏။ ထို့အပြင် အားနည်းလွန်းသောကြောင့် ပြိုင်ဘက်ကင်းအဆင့် ရွှေရောင်ထိုက်ရွှီကြေးမုံဆီကနေ မပုန်းကွယ်နိုင်တော့ပေ။

လုကျိုးက ငုံ့ကြည့်လိုက်ရာ ထိုဧရာမသားရဲ မည်သည့်နေရာသို့သွားလဲဆိုတာ သိချင်နေသည်။ ထူးဆန်းလိုက်လေခြင်း၊ သို့သော်ငြား သူစဉ်းစားမနေပဲ မေးလိုက်၏။

“လော့ရွှမ်းဘယ်မှာလဲ”

“ငါ့..ငါ့ကို ကယ်ပါ” ယွီချန်းရှု၏ အရှိန်အဝါတို့သည် အချိန်ကုန်လာသည်နှင့်အမျှ အားနည်းလာတာ သိသာသည်။ လုကျိုးက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ သူက ပြင်းထန်လွန်းသလားဟု တွေးမိသွားသည်။ ယွီချန်းရှု သေသွားခဲ့သောကြောင့် လော့ရွှမ်း၏တည်နေရာကို ရှာမတွေ့နိုင်လျှင် မည်သို့ပြုလုပ်ရမည်နည်း။

တစ်ချက်စဉ်းစားလိုက်ပြီးနောက် သူ၏မျက်နှာပေါ်ရှိ မျက်မှောင်ကြုတ်မှုက ပြေပျောက်သွားသည်။ ကောင်းကင်သိုင်းခုံရုံး၌ လူများစွာရှိသည်။ ယွီချန်းရှုဆီမှ သတင်းကို မရနိုင်ခဲ့လျှင် သူသည် စစ်မေးရန်အတွက် ကောင်းကင်သိုင်းခုံရုံးမှ တခြားတစ်ယောက်ကို ရှာနိုင်၏။

လုကျိုးက သူ၏လက်ကို ရုတ်တရက်မြှောက်လိုက်ရာ အမည်မဲ့သည် ချက်ချင်းပေါ်လာတော့သည်။ ယွီချန်းရှုကို ငရဲသို့ပို့ရန် အချိန်တန်ပြီဖြစ်သည်။ ဘေးကင်းရေးအတွက် သူသည် အသက်ရှင်ကျန်ရစ်သော ကျင့်ကြံသူများကို ခြိမ်းခြောက်နိုင်ဖို့ အထွတ်အထိပ်အသွင်ကတ်ကို ချွေတာရမည်။ သို့သော် ထိုစဉ် အောက်ကနေ ပုံရိပ်ကြီးတစ်ခု ရုတ်တရက် ခုန်တက်လာ၏။

နားထဲစူးသွားစေသော အော်သံတစ်သံက လေထဲပျံလွင့်လာ၏။

လုကျိုးသည် ကျားသစ်နှင့်တူသော ဧရာမသားရဲတစ်ကောင်ကို တွေ့လိုက်ရ၏။ သို့သော် ၎င်းက အနီရောင်ဖြစ်လေသည်။ အမြီးငါးချောင်းပါသည်။ ယခုအချိန်တွင် သားရဲက သူ့ဆီခုန်အုပ်လိုက်လေ၏။

“မွေးဖွားဇယားချပ်သားရဲလား” လုကျိုးသည် သားရဲကို ရှောင်နေစဉ် သူ၏စိတ်နှလုံးက ဆူပွက်လာ၏။

“ကျန်း.. ကျန်းပဲ” ယွီချန်းရှုက ရက်စက်ကြမ်းကြုတ်သောသားရဲကို မြင်သောအခါ အားနည်းဖျော့တော့စွာ ပြောလိုက်၏။ သူသည် ယခုအခြေအနေသို့ ရောက်နေသော်ငြား မွေးဖွားဇယားချပ်သားရဲကို မြင်တွေ့သောအခါ အံ့ဩသွားတာ သိသာသည်။

“ကျန်းလား”

ဖုန်း

ကျန်းသည် လုကျိုးကို ခုန်အုပ်လိုက်သည်။

လုကျိုးသည် ကျန်းကို ဖျတ်ခနဲ ရှောင်လိုက်၏။ တစ်ချိန်တည်းတွင် ရွှေရောင်ဗုဒ္ဓခန္ဓာက စည်းတံဆိပ်တစ်ခု ဖွဲ့တည်လျက် ချော်ရည်များမှ အပူဒဏ်ကို ကာထားသည်။ သူက ရက်စက်ကြမ်းကြုတ်စွာ အော်လိုက်၏။

“တိရစ္ဆာန်ကောင် မင်းကသေချင်နေတာပဲ”

သဘာဝတရားရှိ အရာအားလုံးကို ဓားတစ်လက်အဖြစ် အသုံးပြုခြင်း

လုကျိုးသည် ကမ္ဘာဦး ပြန်လည်ရောက်ရှိခြင်းကို ရွတ်ဆိုလိုက်သည်။

အမည်မဲ့က အလယ်တွင် ပျံဝဲနေလျက် နေရာတစ်ခုလုံးတွင် စွမ်းအင်ဓားများ ပြည့်နေတော့သည်။ ပြီးနောက်သူတို့အားလုံးကို ရက်စက်ကြမ်းကြုတ်သော မွေးဖွားဇယားချပ်သားရဲဆီ ပစ်ထုတ်လိုက်၏။

ရက်စက်ကြမ်းကြုတ်သော သားရဲက ဟိန်းဟောက်လျက် ၎င်း၏ သေစေနိုင်လောက်သော အစွယ်များကို ထုတ်ပြနေသည်။ ယင်းသည် ချွန်ထက်သော လက်သည်းများနှင့် လုကျိုးကို ရက်စက်စွာ လွှဲရိုက်လိုက်၏။ ၎င်း၏ ခန္ဓာပေါ်ရှိ အမွေးများထောင်ထလာပြီး ဖြူကောင်နှင့်တူနေတော့၏။ သို့သော်ငြား အမွေးက သံမဏိကဲ့သို့ဖြစ်နေသည်။ ၎င်းသည် စွမ်းအင်ဓားများကို ခုခံရန် အကောင်းဆုံးကြိုးစားနေတာ သိသာ၏။

ထိုစဉ် လုကျိုးက မျက်စိတစ်မှိတ်အတွင်း ပျံသန်းလာလျက် သူ့၏လက်ဝါးကို ဖိချလိုက်သည်။

စွန့်ပစ်ခံဉာဏ်ပညာက ရက်စက်ကြမ်းကြုတ်သောသားရဲအပေါ် ကျရောက်သွားသည်။

ပြီးနောက် အသက်တစ်ရှိုက်စာအတွင်း လုကျိုးသည် လက်ဝါးရိုက်ချက် ဆယ်ကွက်ဆက်တိုက်ကို ထုတ်သုံးလိုက်သည်။

ဘန်း ဘန်း ဘန်း

သားရဲ၏မျက်လုံးသည် သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပနေ၏။ သို့သော်ငြား လုကျိုး၏ တိုက်ခိုက်မှုသည် လူသားများ၏ကန့်သတ်မှုထက် ကျော်လွန်နေပြီး သားရဲ၏သတ်ဖြတ်လိုစိတ်ကို ပိုင်းဖြတ်သွား၏။

ဖောက်

နောက်ဆုံးလက်ဝါးချက်သည် သားရဲကို ချော်ရည်ထဲကျအောင် တွန်းပို့လိုက်သည်။ ချစ်ချစ်တောက်ပူနေသည့် ချော်ရည်များက သားရဲကို လောင်မျိုက်သွားစေတော့၏။

ထိုစဉ် ပိုတောင်အားနည်းလာသည့် ယွီချန်းရှုက လုကျိုးကို မယုံနိုင်စွာ ကြည့်လိုက်သည်။ သူသည် လုကျိုးကို အနိုင်ယူမည်ဟု တွေးထင်ခဲ့သည်။ ယခုအချိန်တွင်မူ သူ၏ပြိုင်ဘက်က သူ၏ မဟာနည်းစနစ်များကို ထုတ်ဖော်နိုင်သေးတာကို တွေ့လိုက်ရသည်။ သူ၏ပြိုင်ဘက်ရန်သူသည် အားနည်းသည့် အရိပ်အယောင်မရှိပေ။

ယွီချန်းရှုက ခေါင်းမော့လျက် ကျောက်နံရံပေါ် လက်နှစ်ဖက်ထားလျက် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းကာ အားနည်းဖျော့တော့စွာ မေးလိုက်လေ၏။

“မင်း.. မင်းက ဘယ်လောက်သန်မာတာလဲ”

လုကျိုးသည် ယွီချန်းရှုကို လျစ်လျူရှုထား၏။ သူသည် ကြမ်းကြုတ်သော မွေးဖွားဇယားချပ်သားရဲကိုသာ အပြည့်အဝ အာရုံစိုက်ထားသည်။ သူသည် စနစ်အသိပေးစာ မရသေးသောကြောင့် သားရဲမသေသေးကြောင်း သူသိသည်။

ဗွမ်း

ထိုစဉ် ကြမ်းကြုတ်သောသားရဲသည် ချော်ရည်ထဲမှ ခုန်ထွက်လာပြီး လေထဲတွင် အနီရောင်အရည်များကို မှုတ်ထုတ်လိုက်၏။

“မဟုတ်ဘူး.. ငါ့ကိုကယ်ပါ”

လုကျိုးသည် ထိုချော်ရည်စက်များက ယွီချန်းရှုပေါ် ကျတော့မှာကို မြင်လိုက်ရ၏။ ချစ်ချစ်တောက်ပူနေသော ချော်ရည်များသည် ယွီချန်းရှုပေါ်သာ ကျသွားပါက သူ့ကို သေသွားစေမည်ဆိုတာကို သံသယဖြစ်ဖွယ်မရှိပေ။ ထိုသို့သော အခိုက်အတန့်တွင် သူကယွီချန်းရှုဘေးသို့ သွားကာ လျှို့ဝှက်တာအိုစည်းတံဆိပ်ကို သုံးပြီး ချော်ရည်များကို ထိန်းထားရန် ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်ကို သုံးလိုက်၏။ ပြီးနောက် သူသည် လက်ထပ်မြှောက်လိုက်သည်။ ကြမ်းကြုတ်သောသားရဲဆီသို့ ရွှေရောင်ကြယ်မိုးများ ရွာသွန်းခြင်းနှင့် တူသည့် ကုဗဖြတ်တောက်ခြင်း လက်စည်းတံဆိပ် ဆယ်ကွက် ဆက်တိုက်ကို သုံးလိုက်၏။

နောက်ဆုံးတွင် လုကျိုးက ယွီချန်းရှုဘက် လှည့်ကြည့်လိုက်သည်။ လုကျိုးသည် ယွီချန်းရှုကို ကယ်တင်ခဲ့သော်ငြား သူ၏မျက်လုံးထဲတွင် မလိုလားရိပ်များကို မြင်နေရသည်။

လုကျိုးက မထူးမခြားနားပြောလိုက်လေ၏။

“ဒီနေ့ မင်းငါ့လက်ထဲမှာပဲ သေလို့ရမယ်” ပြောပြီးသည်နှင့် ယွီချန်းရှု၏ ရင်ဘတ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ဘန်း

ထိုလက်ဝါးရိုက်ချက်သည် လုကျိုး၏လက်ကို သွေးများစွန်းထင်းသွားစေပြီး ယွီချန်းရှု၏ ရင်ဘတ်က ချိုင့်သွားတော့၏။

“မင်း..” ယွီချန်းရှု၏ မျက်လုံးက ပြူးကျယ်သွားပြီးနောက် သေဆုံးသွားသည်။

“တင် ရုပ်သေးကို သတ်လိုက်ပါပြီ၊ ကုသိုလ်မှတ် ၆၀၀၀ရရှိပါပြီ”

လုကျိုးသည် ယွီချန်းရှုကို ဆုပ်ကိုင်လျက် ကောင်းကင်ထဲ ပျံသန်းသွားတော့သည်။ ထိုစဉ် မွေးဖွားဇယားချပ်သားရဲသည် စိတ်ရူးပေါက်သွားပုံပေါ်သော်ငြား လုကျိုးက မကြောက်ပေ။

လုကျိုးက ငုံ့ကြည့်လိုက်ရာ ယွီချန်းရှု၏ရင်ဘတ်ပေါ်ရှိ ရုပ်သေးလက္ခဏာသည် တစ်ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတာကို တွေ့လိုက်ရ၏။ ၎င်းစုဆောင်းထားသော အသက်ဓာတ်အားလုံးသည် ပျောက်ကွယ်သွားပုံပေါ်သည်။ နောက်ဆုံးတွင် ယွီချန်းရှု၏ ရင်ဘတ်ကိုကုသပေးရန် အသက်ဓာတ်စွမ်းအင်ကို သုံးလိုက်ရာ ၎င်းက အပြည့်အဝ ပျောက်ကွယ်သွားတော့၏။

မိမိမျက်စိဖြင့်သာ မမြင်ခဲ့လျှင် ထိုရုပ်သေးက မည်မျှအစွမ်းထက်သည်ဆိုတာ မည်သူက ယုံကြည်မည်နည်း။

ထိုစဉ် လုကျိုးက ရွှေရောင်ထိုက်ရွှီကြေးမုံကို ထပ်ထုတ်ပြီး ယွီချန်းရှုအပေါ် ဖြာကျစေရာ သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအင်များ ပေါ်ထွက်လာ၏။ ရုပ်သေးပျောက်ကွယ်သွားပြီး ယွီချန်းရှု၏ခန္ဓာပေါ်ရှိ ပန်းချီကားကလည်း မရှိတော့ပေ။ ဆိုလိုသည်က ယွီချန်းရှု၌ အသက်နှစ်သက်ရှိခဲ့သည်။ သို့သော် ရုပ်သေးက စွမ်းအင်များပြန်ဖြည့်နိုင်သော ကျန်းမာရေးဘားတန်းနှင့် ညီမျှပြီး အသက်စုပ်ယူသောနည်းစနစ်ဖြင့် ထပ်တလဲလဲ အားဖြည့်နိုင်၏။

ယခင်က ယဲ့ကျန်း၏ ကိုးကောင်ပေါက် စိတ်ဝိညာဉ်သဏ္ဌာန်သည် အလွန်ထူးဆန်းနေပြီးသားဟု လုကျိုးထင်ခဲ့မိသည်။ ယခု ရုပ်သေးကို မြင်သောအခါ ၎င်းကပိုတောင်ထူးဆန်းနေမှန်း သိလိုက်ရကာ သူ မယုံနိုင် ဖြစ်နေ၏။

ရုပ်သေးသေဆုံးခြင်းအကြောင်း အသိပေးစာ ရရှိပြီးနောက် လုကျိုးသည် စိတ်အေးသွားတော့သည်။ ယွီချန်းရှု၌ အသက်တစ်သက် ကျန်နေသေးသော်ငြား သူသည် လက်ဝါးရိုက်ချက်တစ်ချက်မျှဖြင့် ယွီချန်းရှု၏အသက်ကို အလွယ်တကူ နုတ်နိုင်သည်။ ဆိုရလျှင် ယွီချန်းရှုက သူ၏ရုပ်သေးကို ဆုံးရှုံးပြီး သေမင်းခံတွင်းဝသို့ ရောက်နေပြီဖြစ်သည်။ ထို့အပြင် ယွီချန်းရှုက ရုပ်သေးရှိပြီး အသက်နှစ်သက်ရှိလျှင်တောင် ယွီချန်းရှုသည် ကနဦးချီ အကန့်အသတ်မရှိသော လုကျိုးအတွက် ပြိုင်ဘက်မဟုတ်သေးပေ။

ဘန်း

ကြမ်းကြုတ်သောသားရဲသည် လျှပ်ပြက်သောအရှိန်ဖြင့် ထပ်မံခုန်တက်လာ၏။ လုကျိုးက တည်ငြိမ်နေသည်။ သူ့၌ အကန့်အသတ်မရှိ ကနဦးချီများ ရှိနေသေးသည်။ သူက လက်တစ်ဖက်ဖြင့် ယွီချန်းရှုကို ကိုင်ထားလျက် ကျန်လက်တစ်ဖက်ကို လျင်မြန်စွာ ဝှေ့ရမ်းလိုက်သည်။

ကောင်းကင်၌ စွမ်းအားများ ဖျတ်ခနဲ ပေါ်လာလေ၏။

ထိုစဉ် ယွီချန်းရှုက သူ၏စိတ်က နောက်ကျိနေသည့်တိုင် အသိစိတ်ဖြည်းဖြည်းချင်း ပြန်ရလာသည်။ လုကျိုး၏ အကန့်အသတ်မဲ့စွမ်းအင်တိုက်ကွက်၊ မဟာနည်းစနစ် စွမ်းအင်ဓားများ၊ လက်ဝါးစည်းတံဆိပ်များကို မြင်သောအခါ ထုံကျင်သွားပြီဖြစ်သည်။ သူက အချိန်အတော်ကြာ ပြင်းပြင်းထန်ထန် ချောင်းဆိုးနေပြီး နာကျင်နေတာ သိသာ၏။ သူ၏ခန္ဓာကိုယ် အပိုင်းပိုင်း ဆုတ်ဖြဲခံနေရပြီး နာကျင်မှုသည် ဆိုးဝါးလွန်းတာကို ခံစားမိ၏။ အဆုံးကျ သူသည် သည်းမခံနိုင်တော့ဘဲ တောင်းဆိုလိုက်သည်။

“သတ်.. သတ်.. ငါ့ကိုသတ်ပေးပါ”

ယွီချန်းရှုက အရှုံးပေးလိုက်၏။ ထိုသို့သော ညှဉ်းပန်းမှုအောက်တွင် မည်သူကများ အသက်ရှင်ချင်မည်နည်း။ ဤအတိုင်း ဆက်ဖြစ်နေခဲ့ပါက သူ၏အခြေအနေသည် သေတာထက် ဆိုးလိမ့်မည်။ သူ့အဖို့ သေဖို့တောင်းဆိုတာက ပိုကောင်းလိမ့်မည်။ နာကျင်မှုမှ လွတ်မြောက်ရေးအတွက် သူသည် သေခြင်းတရားကို ရွေးချယ်ခဲ့သည်။

“ငါ..ငါမင်းကို တောင်းဆိုပါတယ် ငါ့ကိုသတ်ပေးပါ”

All Chapters