← Chapters

အခန်း (၈၅၀-၈၅၂)

Vol. 57 Ch. 850-852

အခန်း (၈၅၀-၈၅၂)

Vol. 57 Ch. 850-852

အခန်း (၈၅၀) ဘုံတစ်ထောင်လေပွေ (၁)

လူအများ မော့ကြည့်ရသော ကောင်းကင်သိုင်းခုံရုံး၏ ခုံရုံးသခင်က ဤသို့မျိုး သေဆုံးမှုအတွက် တောင်းဆိုနေလိမ့်မည်ဟု မည်သူကများ ယုံကြည်မည်နည်း။

သို့သော်လည်း ဤသည်က ပုံမှန်သာ ဖြစ်သည့်အတွက် ယွီချန်းရှုကို အပြစ်မတင်နိုင်ပေ။ ဤသို့ နာကျင်မှုမျိုးကို ခံစားတွေ့ကြုံပြီးသည့်နောက်တွင် မည်သူကမှ အသက်ရှင်လိုမည် မဟုတ်ပေ။

ယွီချန်းရှုက ဆက်လက် တောင့်မခံနိုင်တော့ပေ။ ရုပ်သေးရုပ်၏ သေဆုံးမှုက သူ့၏ နောက်ဆုံးသော စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှုကို ချိုးဖောက်ပစ်လိုက်၏။ နှစ်များစွာကြာသည့်တိုင် ထိုရုပ်သေးရုပ်က သူ့ဝှက်ဖဲ ဖြစ်ခဲ့သည်။ ယဲ့ကျန်းလိုမျိုး ဉာဏ်များကာ အားကောင်းသည့်သူပင် သူ့အပေါ် လေးစားမှု ပြသရ၏။ ရုပ်သေးရုပ်ကို ဆုံးရှုံးလိုက်ခြင်းက သူ့အသက်ကို ဆုံးရှုံးခြင်းထက် ပို၍ ဆိုးဝါးသည်။ သူက အသုံးမဝင်ဘဲ ရုန်းကန်နေမည့်အစား သေဆုံးတရားကို တောင်းဆိုသည်က ပို၍ ကောင်းမွန်သည်ဟု တွေးမိသည်။

ထိုစဥ် ယွီချန်းရှုက စိတ်ကြည်လင်လာ၏။ သူက ခေါင်းအသာမော့ကာ လုကျိုးအား ခက်ခက်ခဲခဲ ကြည့်လိုက်ပြီး တောင်းဆိုလိုက်သည်။

“ငါ့ကို သတ်လိုက်ပါ”

ယွီချန်းရှုက လုကျိုး၏ လက်ထဲ ကျရောက်နေသည်။ သူ့အနေနှင့် လွတ်မြောက်ဖို့ရာ မဖြစ်နိုင်ပေ။ သူက လွတ်မြောက်သွားပြီး ချော်ရည်ပူထဲ ကျကာ သေဆုံးဖို့ရာပင် မျှော်လင့်နေမိ၏။ သို့သော်လည်း လက်ရှိ သူက အားနည်းလွန်းနေသည်။ သူက အသက်ရှူဖို့ပင် ခက်ခဲလွန်းလှအောင်အထိ အားနည်းလွန်းနေ၏။

လုကျိုးက ယွီချန်းရှုကို အာရုံမစိုက်ပေ။ သူ့အာရုံက ထိုကြမ်းတမ်းခက်ထန်သည့် သားရဲပေါ်သာ ရှိ၏။

ထိုကြမ်းတမ်းခက်ထန်သည့် သားရဲက ချော်ရည်ပူမှ ခုန်ထွက်လာပြီးသည့်နောက်တွင် တစ်ကိုယ်လုံးကို မီးတောက်များဖြင့် လွှမ်းခြုံထားသည်။ ထိုအရာက ရင်သက်ရှုမောဖွယ် မြင်ကွင်းတစ်ခု ဖြစ်၏။

လုကျိုးက အမြန်နှုန်းဖြင့် ရှေ့နောက် လှုပ်ရှားကာ လက်ဝါးစည်းတံဆိပ်များကို ထုတ်လွှင့်နေသည်။

ထိုအရာကို မြင်တွေ့ပြီး ယွီချန်းရှုက ဤကျယ်ပြောလှသည့် ကမ္ဘာကြီးအတွင်း ထူးခြားဆန်းကြယ်မှု အမျိုးမျိုးရှိကြောင်း သဘောပေါက်သွားခဲ့သည်။ ယခု သူသည် မည်မျှစိတ်ကြီးဝင်ကာ အားနည်းခဲ့ကြောင်း သဘောပေါက်သွားခဲ့၏။ တစ်ခါက သူသည် ပြိုင်ဘက်ကင်းသည်ဟု ထင်ထားခဲ့မိသည်။

တကယ်ကို ဟာသတစ်ခုပဲ...

သူက သူနှင့် တခြားသူများကို လိမ်လည်ခဲ့၏။ ထို့အပြင် သူ့တွင် ရုပ်သေးရုပ် ရှိနေလျှင်ပင် ဤဧရာမ သားရဲကြီးကို သတ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိပေ။

ထိုစဥ် လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။ သူက သားရဲ၏ အားနည်းချက်ကို ရှာဖို့ ကြိုးစားနေသည်။ သူက ယွီချန်းရှု၏ အနက်ရောင် သင်္ကေတစွမ်းအားကို အသုံးပြုကာ တောင်ကြားရှိ ချောက်နက်ထဲ အက်ကြောင်းတစ်ခု ဖွင့်လှစ်လိုက်၏။ သို့သော်လည်း တောင်ကြားအောက်ခြေတွင် ချော်ရည်ပူများ ရှိနေလိမ့်မည်ဟု ထင်မထားမိပေ။ အကယ်၍ သူ့အကန့်အသတ်မဲ့ ကမ္ဘာဦးချီကြောင့်သာ မဟုတ်ပါက ထိုအပူချိန်တစ်ခုတည်းကပင် သူ့အနေနှင့် ဆက်လက်လှုပ်ရှားဖို့ ခက်ခဲနေလောက်လေပြီ။

ကြမ်းတမ်းခက်ထန်သည့် သားရဲကြီး၏ တိုက်ခိုက်မှုများက ပိုမိုပြင်းထန်လာ၏။

လုကျိုးက သားရဲကြီးနှင့် ယှဥ်လိုက်လျှင် အတော်လေးကို သေးနုပ်နေသည်။ သို့သော်လည်း သူ့အရှိန်က မြန်လွန်းလှသည့်အတွက် သားရဲကို ရှောင်ရှားနိုင်သည်။

ဒီသားရဲက တကယ်ကို အားကောင်းတာပဲ...

ဒီလောက် အချိန်အကြာကြီး ဖြစ်နေတာတောင် မမောသေးဘူးလား...

လုကျိုးက အမည်မဲ့ကို ကြည့်လိုက်၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်း သူက မီတာရာချီ နောက်ဆုတ်လိုက်ပြီး သားရဲနှင့် သူ့ကြားမှ အကွာအဝေးကို ချဲလိုက်သည်။

ထို့နောက် လုကျိုး၏ ရှေ့မှောက်တွင် စွမ်းအင်ဓားဒါဇင်ချီ ထွက်ပေါ်လာ၏။ ထိုစဥ် သားရဲကြီးကလည်း တဖန် ခုန်ထွက်လာသည်။

ချော်ရည်ပူများ၏ မှိန်ဖျဖျ အလင်းရောင်အောက်တွင် လုကျိုးက စွမ်းအင်ဓားများကို လှုံ့ဆော်ကာ သားရဲ၏ ရင်ဘတ်ဆီ ပစ်လွှတ်လိုက်၏။

ဝှစ် ဝှစ် ဝှစ်

စွမ်းအင်ဓားများက သားရဲကြီးဆီ မုန်တိုင်းအလား ပြေးဝင်သွားသည်။ ထိုသားရဲ၏ လှုပ်ရှားမှုများက စွမ်းအင်ဓားများကြောင့် အတင်းအကျပ် ဟန့်တားခံလိုက်ရဟန်ပေါ်၏။

ထိုစဥ် အမည်မဲ့က စွမ်းအင်ဓားသောင်းချီ ဝန်းရံလျက် ရှိသည်။ တစ်ချိန်တည်းဆိုသလို အနက်ရောင် သင်္ကေတများက လှည့်ပတ်နေ၏။ ယခင်တိုက်ကွက်နှင့် တူညီစွာ သူတို့က သားရဲ၏ ရင်ဘတ်ဆီ ဝင်ရောက်သွားသည်။

ဘန်း

သားရဲက စွမ်းအင်ဓားများကို ဖယ်ရှားလိုက်နိုင်သော်လည်း အမည်မဲ့အတွက်မူ အခွင့်အရေး မရှိပေ။

ထိုစဥ် အသားပြဲသွားသည့်အသံက လေထုအထက် ထွက်ပေါ်လာ၏။ သားရဲကြီးက အော်ဟစ်လိုက်ရင်း ခန္ဓာကိုယ်ကို တွန့်လိမ်နေသည်။ နောက်ဆုံးတွင် အမည်မဲ့က ထိုသားရဲ၏ ရင်ဘတ်အထက် အပေါက်တစ်ခု ချန်ထားခဲ့၏။

လုကျိုးက ထိုသားရဲကြီးကို ကြည့်ကာ ပြောလိုက်သည်။

“မင်းက ယွီချန်းရှုထက် အားကောင်းတာပဲ။ မင်းက အမည်မဲ့ကိုတောင် တစ်စိတ်တစ်ပိုင်း တားဆီးနိုင်ခဲ့တယ်”

ယွီချန်းရှု “..."

ထိုသားရဲ၏ ဒဏ်ရာမှ သွေးများ စတင်စီးကျလာသည်။ ထိုအရာက ကြီးမားလွန်းသည့်အတွက် သွေးစက်များကပင် လူကြီးတစ်ယောက်၏ လက်သီးအရွယ်မျှ ဖြစ်နေသည်။ သို့သော်လည်း သူတို့က မြေပေါ်မကျခင် အပူချိန်ကြောင့် အငွေ့ပျံသွား၏။

လုကျိုးက အချိန်ကို စစ်ဆေးကြည့်လိုက်သည်။ သူက ၈မိနစ်ခန့်သာ ကျန်ရှိတော့၏။ သူက ကိစ္စများကို မြန်မြန် အဆုံးသတ်ဖို့ လိုအပ်လာသည်။ သူက ထွက်သွားဖို့ ရွေးချယ်ရမည်လား။ သို့မဟုတ် သားရဲကြီး၏ အားနည်းချက်ကို ရှာဖွေဖို့ ဤနေရာတွင် ဆက်နေရမည်လား။ စဥ်းစားရခက်နေသည်။ သို့မဟုတ် သူက အသေရိုက်ချက်ကတ်ကို အသုံးပြုရမည်လား။

သို့သော်လည်း သူက အထွတ်အထိပ် သဏ္ဌာန်ကတ်ကို အသုံးပြုထားသောကြောင့် အသေရိုက်ချက်ကတ် အသုံးပြုဖို့ မတန်ဘူးဟု ထင်မိသည်။

ထိုစဥ် သားရဲကြီးက တဖန် ထပ်မံ ခုန်အုပ်လာသည်။ ထိုအရာက ယခင်ထက်ပင် ပိုမိုကြမ်းတမ်းလာဟန်ပေါ်၏။ ထိုအရာ၏ မျက်ဝန်းများက မီးတောက်များဖြင့် တောက်လောင်နေဟန်ပေါ်ပြီး အော်ဟစ်သံက နံရံတစ်ခုလုံးကို ပဲ့တင်ထွက်နေသည်။

လုကျိုးက အချိန်မဖြုန်းဘဲ လက်ကို အလျင်အမြန် ဆန့်ထုတ်လိုက်သည်။

မဟာမိုးကြိုးဘီး လက်ဟန်သင်္ကေတ ဒါဇင်ချီ ထွက်ပေါ်လာပြီး သားရဲဆီ ကျရောက်လာသည်။

ဘန်း ဘန်း ဘန်း

"စိတ်ဝိညာဥ်သဏ္ဌာန်"

ပေ ၂၀၀မြင့်မားသည့် ရွှေကြာ စိတ်ဝိညာဥ်သဏ္ဌာန်က ချော်ရည်ပူအထက် ဝံ့ဝံ့စွားစွား ထွက်ပေါ်လာသည်။

"ရွှေရောင် ဗုဒ္ဓခန္ဓာ"

လုကျိုးက သူ့စိတ်ဝိညာဥ်သဏ္ဌာန်၏ ကြီးမားသည့် အရွယ်အစားကြောင့် အပူချိန် သက်ရောက်ခံရနိုင်ခြေရှိကြောင်း တွေးလိုက်သည်။ ထို့ကြောင့် သူက ရွှေရောင် ဗုဒ္ဓခန္ဓာကိုယ်ကို အသက်သွင်းလိုက်၏။

ယွီချန်းရှုက ကိုယ့်ကိုယ်ကို ရှုတ်ချလိုဟန်ဖြင့် ရယ်မောလိုက်ပြီးသည့်နောက် သူ့မျက်နှာအထက် ဝမ်းနည်းသည့် အပြုံးမျိုး ထွက်ပေါ်လာသည်။

ဒါက ဘယ်လိုလုပ် ပုံမှန်ဖြစ်မှာလဲ …

ဒီမြင်ကွင်းမျိုးက သူ့ဘဝတစ်လျှောက်လုံးတွင် မြင်တွေ့ဖူးခဲ့သမျှထဲ အရူးသွပ်ဆုံးနှင့် မယုံကြည်နိုင်ဖွယ်ကောင်းဆုံး မြင်ကွင်းတစ်ခု ဖြစ်၏။

မဟာနည်းစနစ်များ၊ စွမ်းအင်ဓားများ၊ လက်ဝါးစည်းတံဆိပ်များ၊ စွမ်းအင်ဓားမော့များနှင့် စွမ်းအင်လက်သီးချက် မြောက်မြားစွာ ထွက်ပေါ်လာသည်။ သူတို့က မိုးသက်လေပြင်း ကျနေသည့် သမုဒ္ဒရာအလား အပြင်းအထန် ထွက်ပေါ်လာသည်။

အချိန်က ရွှေလို တန်ဖိုးရှိ၏။

လုကျိုးက သားရဲ၏ အားနည်းချက်ကို ရှာဖွေဖို့ရာ အချိန်မရှိသည့်အတွက် သူ့နည်းစနစ်အားလုံးကို ထုတ်သုံးပြီး သတ်ဖို့ရာသာ ဆုံးဖြတ်လိုက်သည်။

ထိုစဥ် ယွီချန်းရှု၏ မြင်ကွင်းနှင့် အကြားအာရုံတို့က စတင်ယိုယွင်းလာသည်။ သူက ကောင်းကောင်းမမြင်ရသလို ဘာမှမကြားရတော့ပေ။

တကယ်တော့ သားရဲကြီးက ထိုသေးငယ်လှသည့် လူသားလေးသည် ဤသို့ အင်အားမျိုး ထုတ်ဖော်နိုင်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။

နောက်ဆုံးတွင် လွှမ်းမိုးမှုကောင်းသည့် စွမ်းအားအောက် သားရဲကြီးက ချော်ရည်ထဲ ပြန်ပို့ခံလိုက်ရသည်။ နောက်ဆုံးသော လက်ဝါးချက်က ကျရောက်လာသည့်အခါ လေထုထဲရှိ စွမ်းအင်များက ပျောက်ကွယ်သွားပြီး အရာအားလုံးက မူမမှန်တော့ပေ။

ထိုအချိန်၌ သိသာစေသည့် တစ်ခုတည်းသော လှုပ်ရှားမှုက ချော်ရည်ပူထဲမှ ပူဖောင်းများ ထွက်ပေါ်နေခြင်း ဖြစ်၏။ သို့သော်လည်း ထိုပူဖောင်းများက အပူချိန်ကြောင့် ထွက်ပေါ်နေဟန်မပေါ်ပေ။

"ပူဖောင်းတွေ ထွက်နေသေးတယ်ဆိုတော့ အသက်ရှင်နေသေးတာလား” လုကျိုးက အချိန်ကို ထပ်မံကြည့်လိုက်သည်။ အကယ်၍ သားရဲကြီးသာ မသေဆုံးသေးလျှင် သူ့အနေနှင့် အသေရိုက်ချက်ကတ်ကို အသုံးပြုရုံမှအပ ရွေးချယ်စရာ မရှိပေ။

ထိုစဥ် ချော်ရည်ပူများက ရုတ်ခြည်း ထွက်ပေါ်လာသည်။

မဖြစ်ဘူး...

လုကျိုးက လက်ဟန်စည်းတံဆိပ်များ ထုတ်ဖော်ကာ အမြန်နှုန်းဖြင့် ပျံသန်းလိုက်ပြီး ချော်ရည်ပူအထက်ရှိ အက်ကြောင်းထဲ ယွီချန်းရှုနှင့်အတူ ခုန်ဝင်လိုက်သည်။

ချော်ရည်ပူများက ဆက်လက်ထွက်ပေါ်နေ၏။

လုကျိုးက တစ်စုံတစ်ခု လွဲမှားနေသည်ကို ခံစားမိကာ ပြန်လှည့်ကြည့်လိုက်သည်။

ချော်ရည်ပူများက ဒီရေအလား စတင်ထွက်ပေါ်လာ၏။

လုကျိုးက ဤသည်မှာ သားရဲ၏ စွမ်းရည်လား သို့မဟုတ် သားရဲက အရွယ်အစား ကြီးမားလာတာလားဟု စဥ်းစားနေမိသည်။

လုကျိုးက ကျန်ရှိနေသည့်အချိန်ကို စစ်ဆေးကြည့်လိုက်၏။ သူ့အနေနှင့် ၅မိနစ်အတွင်း ဤနေရာမှ လွတ်မြောက်ဖို့ရာ ပြဿနာမရှိပေ။ သို့သော်လည်း အကယ်၍ သူ ထွက်သွားခဲ့လျှင် မွေးဖွားဇယားချပ်သားရဲ၏ အသက်ဓာတ် နှလုံးသားကို လက်လျှော့လိုက်ရလိမ့်မည်။ သူက အနည်းငယ် နောင်တရနေမိ၏။ အကယ်၍ သူသာ ဤသို့ ဖြစ်လာမည်မှန်း စောစောစီးစီး သိခဲ့လျှင် အချိန်များစွာ ဖြုန်းမည် မဟုတ်ဘဲ အသက်ဓာတ် နှလုံးသားကို မယူဆောင်ခင် အားကုန်သုံး၍ တိုက်ခိုက်မိလောက်သည်။

လုကျိုးက အထွတ်အထိပ် သဏ္ဌာန်ကတ်မှ ကျန်ရှိနေသည့်အချိန်ကို ထပ်မံကြည့်လိုက်၏။ ၅မိနစ်က သူ့အနေဖြင့် လွတ်မြောက်ဖို့ရာ အချိန် မဟုတ်ပေ။ သို့သော် သူက ဤသားရဲကြီးကို လက်လျှော့ရလိမ့်မည်။

လုကျိုးက လှုပ်ရှားရင်း ချော်ရည်ပူများက လမ်းတစ်လျှောက် မြင့်တက်လာသည်။

မြေကြီးက တုန်ခါလာပြီး ကောင်းကင်ချားတောင်နယ်နိမိတ် ဝန်းကျင်က ပျက်စီးသွားသည်။

ထိုစဥ် လုကျိုးက မြေအောက်မှ ထွက်ပေါ်နေသည့် ထူးကဲသော စွမ်းအင်ကို ခံစားမိလိုက်သည်။ ထိုအရာက သားရဲဆီမှ မဟုတ်ဘဲ တစ်စုံတစ်ခု ပိုအားကောင်းသည့်အရာမှ ဖြစ်ကြောင်း ချက်ချင်းသိလိုက်၏။

ဒါက သဘာဝလား...

မီးတောက် ပေါက်ကွဲတာလား။ ဒါမှမဟုတ် မြေငလျင်လား...

ဒါပေမဲ့ အဲ့လိုမျိုးလည်း ဖြစ်တာနဲ့ မတူဘူး...

ဝှစ်

အားကောင်းသည့် စုပ်ယူအားက လုကျိုးနှင့် ယွီချန်းရှုကို ဆွဲခေါ်နေ၏။

ယခင်က ချော်ရည်ပူများသည် စမ်းချောင်းတစ်ခုနယ် ဖြစ်ခဲ့သော်လည်း ယခုအခါ ချော်ရည်ပင်လယ်လောက် ဖြစ်လာလေပြီ။

"ငါက လုပ်ပြီးသွားပြီ..."

လုကျိုးက ခုခံရေးနည်းစနစ်များကို သုံးကာ ချော်ရည်ပူ၏ စီးချောင်းကို တားဆီးထားလိုက်၏။

ဝှစ်

ချော်ရည်ပူက အဝင်ဝမှ ထွက်မလာခင်အထိ ဆက်လက်မြင့်တက်နေသည်။

လုကျိုးက မြေအောက်အနက်ပိုင်းမှ ပြောမပြတတ်သည့် အန္တရာယ်ကို ခံစားမိလိုက်သည်။ ထိုစွမ်းအင်က သူသိထားသည့်အရာမျိုးနှင့် မတူသလို စိတ်ကူးကြည့်၍လည်း မရပေ။ ထိုစွမ်းအင်က မြင့်တက်လာကာ တိုက်ခိုက်လာ၏။

ထူးဆန်းသည့် အန္တရာယ်အေငွ့အသက်တစ်ခုက အောက်ဘက်မှ ထွက်ပေါ်လာသည်။ ထိုစဥ် လုကျိုးက သူမြင်လိုက်ရသည့် သတိပေးချက်ကြောင့် တုန်လှုပ်သွား၏။

"အရေးပေါ် အထိအခိုက်ပြင်း ကာကွယ်ကတ် -၁"

"အရေးပေါ် အထိအခိုက်ပြင်း ကာကွယ်ကတ် -၁"

"အရေးပေါ် အထိအခိုက်ပြင်း ကာကွယ်ကတ် -၁"

"အရေးပေါ် အထိအခိုက်ပြင်း ကာကွယ်ကတ် -၁"

ရွှေရောင် ဗုဒ္ဓခန္ဓာကိုယ်နှင့် ကာကွယ်ရေးနည်းစနစ်တွေက အသုံးမဝင်ဘူးလား...

ဒါက ဘယ်လိုတိုက်စားစွမ်းရည်လဲ...

"..."

"ငါ သွားတာကောင်းလိမ့်မယ်" လုကျိုးက ထိုသားရဲကြီးကို ဂရုမစိုက်တော့ပေ။ အကယ်၍ သူသာ ဆက်နေပါက သေဆုံးသွားနိုင်သည်။ သူက ယွီချန်းရှုကိုပင် လှည့်ကြည့်မနေဘဲ အရှိန်အပြည့်ဖြင့် ဆက်လက်လှုပ်ရှားလိုက်သည်။

လုကျိုးက အဝင်ဝမှ ထွက်သွားတော့မည့်ဆဲဆဲတွင်

ဗွမ်း

လုကျိုးက ချက်ချင်းဆိုသလို စိတ်ထဲ လေးလံသွားမိ၏။ ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက သူ့ကို ထိရိုက်လာသည်။

ထိုစဥ် ချော်ရည်ပူ မျက်နှာပြင်ကို ထိုးဖောက်သည့် အသံကိုလည်း ကြားလိုက်ရ၏။

လုကျိုးက ချော်ရည်ပူမှ ထွက်ပေါ်လာသည့် အနက်ရောင် လက်ဝါးကို မြင်လိုက်ရသည်။ ထိုအရာက လုကျိုးနှင့် သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို သယ်ဆောင်ထားပြီး တိုက်စားစွမ်းအားများကို တားဆီးပေးထားသည်။

ထို့နောက် အနက်ရောင် လက်ဝါးက ယွီချန်းရှုအပေါ် တောက်ပလာကာ ယွီချန်းရှုကိုလည်း တိုက်စားစွမ်းအားမှ ကာကွယ်ပေးထားသည်။

အနက်ရောင်ကြာလား။ အနက်ရောင်ကြာက ငါတို့ကို ကယ်လိုက်တာလား...

ဝုန်း

လုကျိုးနှင့် ယွီချန်းရှုတို့က ထိုလက်ဝါးထဲ ကျရောက်နေသည်။ ထိုအရာက အဝင်ဝကို ဖြတ်ကာ သူတို့ကို မြေပေါ်သို့ ပြန်လည် ခေါ်ဆောင်သွားပေးသည်။ ထို့နောက် သူက သူ့ခေါင်းကို အသာစောင်းကာ ကြည့်လိုက်စဥ် အရိပ်က သူ့အပေါ် ကျရောက်လာ၏။

သူက မဖော်ပြနိုင်သည့် အမြင့်ရှိနေသော စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခုကို မြင်လိုက်ရသည်။ ထိုအရာက အနက်ရောင် ဖြစ်ကာ တစ်ချိန်တည်းဆိုသလို တောက်ပနေလေ၏။

ထိုစဥ် ထိုဧရာမ အနက်ရောင်ကြာ အောက်ခြေတွင် ပွင့်ချပ်ဆယ်လွှာ အနက်ရောင် ကြာပွင့်များ ရှိနေသည်။ ထိုကြာပွင့် အလယ်တွင် အလင်းပျောက် တချို့ကိုပင် မြင်တွေ့နိုင်လေ၏။

လုကျိုးက ဆွံ့အနေမိသည်။

ဒါက လုံးဝ အနက်ရောင်ဆိုပေမဲ့ တောက်ပနေတုန်းပါ့လား...

အနက်ရောင်ကြာ အောက်ခြေမှ အနက်ရောင်မြူခိုးများ ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာ၏။ ထို့နောက် ခန္ဓာကိုယ်က ခပ်ဖျော့ဖျော့ အပြာရောင် အလင်းတန်း တောက်ပလာသည်။

လုကျိုးက အနက်ရောင် စိတ်ဝိညာဥ်သဏ္ဌာန်ကို သေချာကြည့်လိုက်သည့်အခါ အနက်ရောင် သရဖူတစ်ခု ရှိနေသည်ကို မြင်လိုက်ရ၏။ ထိုသရဖူတွင် အမှတ် ၁၀မှတ် ရှိနေပြီး အသေးစား ကြာပွင့်ချပ်နှင့် တူနေသည်။ ထိုအရာအပြင် စိတ်ဝိညာဥ်သဏ္ဌာန်၏ နဖူးအထက် အမှတ်အသား ထွင်းထားသည့် တောက်ပနေသည့် ကြာတစ်ခုလည်း ရှိနေ၏။ စိတ်ဝိညာဥ်သဏ္ဌာန်၏ အနောက်ဘက်တွင် မျောလွင့်နေသည့် ကြယ်တာရာ ဒိုင်ခွက်တစ်ခုလည်း ရှိနေသည်။

ဒါက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်လား...

လုကျိုးက သေချာကြည့်နေရင်း စာသင်သားဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသားက ထိုအနက်ရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်ကို မြင်လိုက်ရသည်။ ထိုသူက အတော်လေးကို ချောမောလှ၏။

ထိုအမျိုးသားက ဘာမှမလှုပ်ရှားဘဲ ပြောလိုက်သည်။

“ကောင်းကောင်း ကိုင်ထား”

ဝုန်း

ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က ကောင်းကင်ချားတောင်နယ်နိမိတ်ကို ၂ပိုင်း ပိုင်းခြားလိုက်၏။ တောင်နယ်နိမိတ်က စောစောလေးကတည်းက ပျက်စီးနေပြီးသားဖြစ်ကာ ယခုအခါ လုံးဝကို ကြေမွပျက်စီးသွားသည်။

နောက်ဆုံးတွင် သူက ကောင်းကင်ကို မြင်တွေ့ရလေပြီ။

အလင်းရောင်က ပြန်လည်ရောက်ရှိလာ၏။

…

အခန်း (၈၅၁) ဘုံတစ်ထောင်လေပွေ (၂)

ပတ်ဝန်းကျင်တွင် သူတို့ဒဏ်ရာကို ကုစားနေကြသော ကျင့်ကြံသူများသည် ကောင်းကင်ချားချိုင့်ဝှမ်းထဲမှ ပေါ်ထွက်လာသည့် အနက်ရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်သောအခါ မျက်လုံးပြူးသွားကုန်၏။

နေရောင်အောက်တွင် အနက်ရောင်အလင်းက တောက်ပနေ၏။ ယင်းသည် နေကို တိမ်စိုင်တိမ်မဲများက ကာထားသည့်ပမာ နေကို အုပ်ထားလေ၏။

“ဒါက ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ် သဏ္ဌာန်ပဲ၊ အဲဒါ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်၊ မြန်မြန်နောက်ဆုတ်ကြဟေး”

ကျင့်ကြံသူများသည် ထိတ်လန့်နေရန် အချိန်မရှိသလို သူတို့ဒဏ်ရာကို ဆက်လက်ကုသဖို့အချိန်လည်း မရှိတော့ပေ။ သူတို့အားလုံးက ယခုအချိန်၌ အမြန်နောက်ဆုတ်ကြသည်။

ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်နှင့်ယှဉ်လျှင် သူတို့သည် ယင်ကောင်များပမာ ဖြစ်နေသည်။

ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်သည် တောင်ကြားအတွင်းထဲမှ ပေါ်ထွက်လာသောအခါ ချော်ရည်များ လျှံကျလာ၏။ ဤအတိုင်းဖြင့် ချော်ရည်သည် ၎င်း၏ကီလိုမီတာအနည်းငယ်အတွင်းရှိ သစ်ပင်များအားလုံးကို ဖျက်ဆီးသွားသည်။ တောင်ကြားက မီးပင်လယ်အဖြစ် ချက်ချင်း ပြောင်းလဲသွားတော့သည်။

“အဲဒါက အနက်ရောင်ကြာ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ပဲ၊ ငါတို့ အနီရောင်ကြာနယ်မြေက အဆုံးသတ်သွားပြီ”

ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မျက်မြင်တွေ့သောအခါ စိတ်ပျက် အားငယ်ကုန်၏။ သူတို့၏ သေးသိမ်မှုနှင့် ကူကယ်ရာမဲ့မှုကို တိတိကျကျ ခံစားမိနေသည်။

ထိုစဉ် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဍန်၏ လက်ဝါးပေါ်တွင်ရပ်နေသော ရွှေရောင်ဗုဒ္ဓခန္ဓာနှင့် စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုကို အမြင်အာရုံကောင်းသည့် ကျင့်ကြံသူတချို့က တွေ့လိုက်သည်။ အဝေးကနေဆို ဗုဒ္ဓသည် သူ၏လက်ဖဝါးထဲ၌ ရွှေရောင်ကျောက်စိမ်းပုလင်းကို ကိုင်ထားတာနဲ့ တူနေ၏။

တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။

“ဟေး အဲဒါက ယွီချန်းရှုကို အနိုင်ယူခဲ့တဲ့ အကျော်အမော်ပဲ”

“ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်နဲ့ ရင်ဆိုင်တွေ့တာတောင် သူအသက်ရှင်တယ်ဆိုတာ မယုံနိုင်ဘူး”

“အရေးမကြီးတော့ဘူး အခု အနက်ရောင်ကြာ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်က ဒီရောက်နေပြီဆိုတော့ ကပ်ဘေးက ကျရောက်တော့မှာ”

ခဏအကြာတွင် ကျင့်ကြံသူများသည် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်က သူတို့ကို အာရုံမစိုက်တာကို တွေ့သောအခါ အံ့ဩသွားကြသည်။ ထိုအစား ၎င်းသည် ကောင်းကင်ထဲတွင် ဆက်လက်ပျံသန်းနေလျက် အရှေ့အရပ်ဆီသို့ သွားတော့သည်။ မျက်စိတစ်မှတ်အတွင်း ၎င်းက မိုးကုပ်စက်ဝိုင်းထဲမှ ပျောက်ကွယ်သွားလေ၏။

ထိုစဉ် လုကျိုးသည် သူ၏ရင်ထဲရှိ ထိတ်လန့်မှုကို ဖိနှိပ်ကာ အနက်ရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ နဖူးအလယ်တွင် ပျံဝဲနေသောလူကို ကြည့်လိုက်လေ၏။

စာသင်သားပုံစံဖြင့်လူက လုကျိုးကို လှည့်ကြည့်လာပြီးနောက် သူ၏အာရုံစိုက်မှုသည် လုကျိုး၏ ခုခံမှုကင်းမဲ့ခြင်းနှင့် ယွီချန်းရှုဆီ ရောက်သွားသည်။

လုကျိုးက မပြောနိုင်သေးခင် ထိုစာသင်သားက အပေါ်ကို မော့ကြည့်လျက် သက်ပြင်းချကာ ပြောလိုက်တော့သည်။

“လူသားတွေ.. အဆုံးကျ လူသားတွေက သူတို့အချင်းချင်း တိုက်ခိုက်နေတဲ့ တိရစ္ဆာန်တွေလိုပါပဲ၊ ဒီလို အသုံးမဝင်တဲ့လုပ်ရပ်တွေကို ဘယ်အချိန်ကျမှ ငါတို့ရပ်တန့်နိုင်မှာလဲ၊ ရှေ့ဆက်သွားဖို့ စဉ်းစားရမယ်လေ”

လုကျိုးသည် သူ့၌ ကျန်ရှိသော အထွတ်အထိပ်အသွင်ကတ်မှ ကျန်ရှိသည့်အချိန်ကို စစ်ဆေးကြည့်ပြီး မျက်မှောင်အနည်းငယ်ကြုတ်သွားသည်။ သူ့၌ အချိန်သုံးမိနစ်သာ ကျန်၏။ ထို့အပြင် သူသည် ပျံဝဲနေသော ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကိုကြည့်ပြီး စဉ်းစားလျက် မေးလိုက်တော့သည်။

“ကျုပ်တို့ အခုဘယ်သွားနေတာလဲ”

“အဲဒီကို ဘာလို့သွားနေတာလဲ” လုကျိုးက မေးလိုက်သည်။

ထိုစာသင်သားသည် လုကျိုးကို ထပ်ကြည့်ပြီး ပြောလိုက်လေ၏။

“ဒါက မင်းအသက်ကယ်တဲ့လူကို ပြောတဲ့ပုံစံလား”

လုကျိုးသည် သူ၏အမူအကျင့်ကို ပြန်သုံးသပ်လိုက်၏။ သူ မတတ်နိုင်ပေ။ သူသည် ဤနည်းအတိုင်း အချိန်အတော်ကြာ နေထိုင်လာခဲ့သောကြောင့် အသားကျနေတာ ဖြစ်နိုင်သည်။ သူမည်သူ့ကို ရင်ဆိုင်ရစေကာမူ သူ၏သဘောထားသည် မပြောင်းလဲနိုင်ပေ။

“ကျုပ်ရဲ့ ကယ်တင်ရှင်လား”

“မေ့လိုက်တော့၊ မင်းက မင်းဘာသာမင်း လွတ်မြောက်နိုင်အောင် သန်မာကောင်းသန်မာမှာပေါ့”

ထိုစာသင်သားက ပြောပြီး လက်ဝှေ့ရမ်းလျက် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ရုပ်သိမ်းလိုက်သည်။

ဤနည်းဖြင့် လုကျိုးက လေထဲတွင် ဝဲပျံလျက် ကျန်နေ၏။

သတိလစ်နေသော ယွီချန်းရှုလည်း ရှိသည်။

စာသင်သားက မေးလိုက်၏။

“မင်းငါ့ကို လိုက်မီနိုင်ရင် မင်းရဲ့မေးခွန်းကို ဖြေပေးမယ်”

“ဟုတ်ပြီ” လုကျိုးက ခေါင်းညိတ်လိုက်၏။

စာသင်သားသည် ခေါင်းခါပြီး သက်ပြင်းထပ်ချလိုက်တော့သည်။

“မင်းက ပိုအားနည်းလေလေ ကိုယ့်ကိုယ်ကိုယ် ပိုအထင်ကြီးလေလေပဲ”

ဘီး

ဤအတိုင်းဖြင့် စာသင်သားက လေထဲပျောက်ကွယ်သွားတော့သည်။

ဒီလောက် မြန်တယ်လား။ မည်သည့်နည်းနှင့်မဆို လုကျိုးကလည်း လိုက်မီရန် အလျင်မလိုပေ။ ယခုအချိန်တွင် နောက်ဆုံးသော အချိန်သုံးမိနစ်က စနစ်ဇယားကွက်ပေါ်၌ ဖျတ်ခနဲ ပေါ်လာ၏။ ထို့အပြင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် အကျော်အမော်သည် သူ့ကိုသတ်ရန် ရည်ရွယ်ချက် မရှိကြောင်း ပြောနိုင်၏။ မဟုတ်လျှင် ထိုလူသည် သူ့ကို ကယ်တင်ခဲ့မှာ မဟုတ်။ ပြောရန်မလို ထိုလူက သူ့ကို မကယ်လျှင်တောင် သူက လွတ်မြောက်နိုင်မှာ ကျိန်းသေသည်။

ထိုအရာအပြင် ထိုလူ၏ ပုံပန်းသွင်ပြင်သည် ကောင်းကင်ချားအက်ကွဲချိုင့်ဝှမ်း၏ အတွင်းပိုင်းက ရွှေကြာနယ်မြေရှိ အဆုံးမဲ့သမုဒ္ဒရာနှင့် ဆင်တူကြောင်း သူ၏ယူဆချက်ကို အတည်ပြုလိုက်နိုင်ပြီ ဖြစ်သည်။ ၎င်းတို့သည် အခြားသော ကမ္ဘာဆီသို့ ကူးပြောင်းပေးသည့် လမ်းကြောင်းဖြစ်သည်။

ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် လူသည် သူ့ကို သတ်ဖြတ်ရန် ရည်ရွယ်ခဲ့လျှင် သူပြုလုပ်ရန် ကျန်သည့် အရာတစ်ခုသာ ရှိသည်။ အသေရိုက်ချက်ကတ်အတွက် သူစုဆောင်းထားသော ကုသိုလ်မှတ်အားလုံးကို လဲလှယ်ပြီး အကောင်းဆုံးအတွက် မျှော်လင့်ရုံသာ ရှိသည်။

ကံကောင်းသည်မှာ ထိုလူသည် သူ့ကိုသတ်ရန်ရည်ရွယ်ချက်မရှိပေ။

ကမ်းခြေဘေး၌ အချိန်တချို့ ကုန်ဆုံးသွားလေ၏။

နေရောင်သည် တည်ငြိမ်နေသော ပင်လယ်ရေမျက်နှာပြင်ပေါ် တလက်လက်တောက်ပနေတော့သည်။

ဘီး

အနက်ရောင် စိတ်ဝိညာဉ်သဏ္ဌာန်သည် ကောင်းကင်ထဲ၌ ပေါ်လာပြီးနောက် ထပ်မံပျောက်ကွယ်သွား၏။

ထိုရည်မွန်သောလူက လေထုလေးထဲမှ ထွက်လာပြီး အစောတုန်းက သူ၏ စိတ်ဝိညာဉ်သဏ္ဌာန် ပေါ်လာသည့်နေရာမှ ဖြည်းဖြည်းချင်း ဆင်းသက်လာတော့သည်။

သူအောက်သို့ဆင်းသက်ချိန် လေပြေလေညင်းက တိုက်ခတ်လာ၏။ သူသည် နောက်ဆုံးတော့ ကမ်းခြေသို့ ဆင်းသက်လိုက်သောအခါ သူသည် သေမျိုးတစ်ယောက်ပမာ လမ်းလျှောက်ပြီး မပျံသန်းဖို့ ရွေးချယ်လိုက်သည်။

ယခုအချိန်တွင်သူက ကျယ်ဝန်းလှသော ပင်လယ်နှင့် နေဝင်ချိန်အလှတရားကြောင့် ရင်သပ်ရှုမော ဖြစ်နေပုံပေါ်သည်။ သို့သော် ခဏအကြာတွင် သူက သက်ပြင်းချလျက် သူ၏မျက်နှာပေါ်တွင် မှိုင်တွေသော အမူအရာပေါ်လာလေ၏။ ဤလှပသောနေရာမှ ထွက်ခွာရမှာကို တွန့်ဆုတ်နေသည်ဟု ခံစားရစေသည်။

သူက နေဝင်ချိန်ကို ဆက်ကြည့်နေချိန်...။

ဘီး

သူ့နားထဲ၌ ပဲ့တင်သံ ထွက်ပေါ်လာ၏။ သူက တစ်ချက်လှည့်ကြည့်လိုက်သည်။

“ဟမ်”

တောက်ပနေသော ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် သူ၏မြင်ကွင်းထဲ၌ ပေါ်လာပြီးနောက် ပျောက်ကွယ်သွား၏။

လုကျိုးသည် စွမ်းအင်အားလုံးကုန်ဆုံးသွားသောကြောင့် သူသည် ထင်ထားသည်ထက်စောပြီး ဆင်းသက်ရန် ဖိအားပေးခံလိုက်ရတော့သည်။

မကြာခင်၌ စာသင်သားသည် သူ့ကိုလုကျိုး လိုက်မီလာခြင်းကြောင့် ထိတ်လန့်နေရာမှ သက်သာရာရလာသည်။ သူက လက်နောက်ပစ်ထားလျက် အဆုံးမဲ့သမုဒ္ဒရာကို ဆက်ကြည့်ကာ မေးလိုက်တော့သည်။

“မင်းငါ့ကို ဘယ်လိုလုပ်လိုက်မီလာတာလဲ”

အထွတ်အထိပ်အသွင်ကတ်က အာနိသင်မရှိတော့ပေ။ တကယ်တော့ သူ၏ နောက်ဆုံးလှုပ်ရှားမှု နှစ်ခုသည် သူ၏ကိုယ်ပိုင်ကျင့်ကြံဆင့်သာ ဖြစ်သည်။ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်က ထိုမျှအစွမ်းထက်လိမ့်မည်ဟု သူတကယ်မထင်ထားပေ။

“မပြောပလောက်ပါဘူး” လုကျိုးသည် သူ၏အတွေးများကို ဖယ်ရှားပြီးနောက် ကမ်းခြေပေါ်ရှိ လူဘေး၌ မတ်တတ်ရပ်လိုက်သည်။

ပြီးနောက် ထိုလူက ပြောလိုက်လေ၏။

“ကျုပ်ရဲ့နာမည်က လုလီ”

လုကျိုးက လုလီ၏အမည်ကို ကြားသောအခါ အနည်းငယ်ထိတ်လန့်အံ့အားသင့်သွားသည်။ သူသည် သူ့ကိုယ်သူ ကျိထျန်းတောက်အနေဖြင့် မိတ်ဆက်ရန် ရည်ရွယ်ခဲ့သော်ငြား သူတို့က မျိုးရိုးတူနေတာကို သိလိုက်ရသောအခါ ဖော်ပြ၍မရသော ဆွေမျိုးတော်စပ်မှုမျိုးကို ခံစားလိုက်ရသည်။ လူသားများက ထူးဆန်းသောသတ္တဝါများ ဖြစ်၏။ တစ်ခါတစ်ရံတွင် တစ်စုံတစ်ယောက်နှင့် ဆက်နွှယ်သည်ဟု ခံစားရရန် စကားတစ်ခွန်းနှစ်ခွန်းသာ လိုအပ်သည်။ သူတို့၌ တူညီသည့်မျိုးရိုးရှိနေခြင်းကြောင့် သူတို့ကြားရှိ အကွာအဝေးနည်းပါးသွားတာကို ခံစားမိသည်။ အဆုံးကျ သူကပြောလိုက်တော့၏။

“ကျုပ်နာမည်က လုကျိုး”

“ဪ” လုလီက လုကျိုး၏နာမည်ကို ကြားသောအခါ အံ့ဩမှု အရိပ်အယောင်ပေါ်လာ၏။ ပြီးနောက် သူကပြောလိုက်တော့သည်။

“ဘုံတစ်ထောင်လေပွေ အဆင့်အောက်မှာ မင်းက ငါတွေ့ဖူးသမျှထဲ အသန်မာဆုံးလူပဲ”

“ကျုပ်က ခင်ဗျားတွေ့ဖူးသမျှထဲ ဘုံတစ်ထောင်လေပွေ အဆင့်အောက်မှာ အသန်မာဆုံးလူ ဖြစ်ရင်တောင် ဘာအရေးလဲ၊ ကျုပ်က ဒီမွေးဖွားဇယားချပ်သားရဲရဲ့ အသက်လေးကိုတောင် မယူနိုင်ဘူး”

လုကျိုးသည် သက်ပြင်းချလျက် ခေါင်းခါကာ ပြောလိုက်တော့သည်။

လုကျိုးပြောပြီးသည်နှင့် လုလီသည် သူ၏အင်္ကျီလက်ထဲမှ အနီရောင်အသက်ဓာတ်နှလုံးသားအား ယူလာပြီး လုကျိုးအား ပစ်ပေးလျက်ပြောလိုက်သည်။

“ဒါက ဘာမှမဟုတ်ပဲ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတစ်ကောင်ပဲ၊ မင်းကိုပေးလိုက်မယ်”

လုကျိုးသည် အသက်ဓာတ်နှလုံးသားကို အလိုလိုလှမ်းဖမ်းလျက် အံ့ဩသွားလေ၏။

လုလီက ပြုံးလိုက်ပြီး နေဝင်သည်ကို ကြည့်ကာ ပြောလိုက်တော့၏။

“ငါက မွေးဖွားဇယားချပ်တွေကို လုံလောက်အောင် အသက်သွင်းပြီးပြီ၊ အသက်ဓာတ်နှလုံးသားတွေက ငါ့အတွက် အသုံးမဝင်တော့ဘူး”

“မွေးဖွားဇယားချပ်တွေလား” လုကျိုးက မေးလိုက်၏။

“ပထမဆုံးမွေးဖွားဇယားချပ်ကို အသက်သွင်းပြီးရင် ဘုံတစ်ထောင်လေပေွ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်နိုင်ပြီ၊ ဆန်းကြယ်ကောင်းကင်နယ်ပယ်ကို ရောက်လိမ့်မယ်၊ လူတိုင်းမှာ မတူညီတဲ့ မွေးဖွားဇယားချပ် အရေအတွက်ရှိကြတယ်၊ ငါ့အတွက်တော့ ငါက မွေးဖွားဇယားချပ်ငါးခုပဲ အသက်သွင်းနိုင်ခဲ့တာ” လုလီက ရှင်းပြလိုက်သည်။ ခဏရပ်တန့်ပြီးနောက် သူက ဆက်ပြောလိုက်၏။

“မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့အကြောင်း မင်းငါ့ကို မေးဖို့မလိုဘူး၊ အနီရောင်ကြာနယ်မြေထဲမှာ အချက်အလက်တွေ ရှိမှာပဲ၊ မင်းငါ့ကို တခြားတစ်ခုမေးသင့်တယ်၊ နေဝင်သွားတာနဲ့ မေးခွန်းထပ်မေးတော့မှာ မဟုတ်ဘူး”

ထိုစဉ်နေက အပြည့်အဝဝင်တော့မှာ ဖြစ်သည်။ ကျန်ရှိသည့်အချိန်ဖြင့် လုကျိုးမေးနိုင်သည့် မေးခွန်းသိပ်မရှိပေ။ ခဏအကြာတွင် သူကမေးလိုက်၏။

“အနက်ရောင်ကြာနယ်မြေ တည်ရှိသလား”

“ရှိတယ်”

“ရှေးယခင်ကာလကတည်းက သန်မာတဲ့လူက အားနည်းတဲ့လူကို အမဲလိုက်တယ်၊ ခင်ဗျားက ကျုပ်ကို မသတ်ရုံတင်မကဘူး၊ ကျုပ်ကို ကယ်တင်ခဲ့သေးတယ်၊ ခင်ဗျားရဲ့ရည်ရွယ်ချက်က ဘာလဲ” လုကျိုးက မေးလိုက်၏။

လုလီက သက်ပြင်းချလျက် ပြောလိုက်တော့သည်။

“ငါအရင်တုန်းက မစဉ်းစားဘဲ သတ်လေ့ရှိတာ၊ ဒါပေမဲ့ နောက်ပိုင်းမှာ ဒါကအဓိပ္ပာယ်မဲ့တယ်ဆိုတာ သိလိုက်ရတယ်၊ လူသားတွေ အချင်းချင်း တိုက်ခိုက်တာ ရပ်သင့်တယ်၊ တစ်နေ့ကျ ငါတို့အရာအားလုံးကို အုပ်စိုးပြီး ကံကြမ္မာကို ထိန်းချုပ်မှပဲ စည်းလုံးညီညွတ်ဖို့ ဖြစ်နိုင်မယ်ထင်တာပဲ”

“အရာအားလုံးကို အုပ်စိုးတာလား” လုကျိုးသည် ဇဝေဇဝါဖြင့် မေးလိုက်တော့သည်။

“ဥပမာအနေနဲ့ မိုးနဲ့မြေရဲ့အတားအဆီး၊ ရက်စက်ကြမ်းကြုတ်တဲ့သားရဲတွေ၊ အမည်မသိတဲ့အရာတွေ”

လုကျိုးက ထပ်မေးလိုက်လေ၏။

“အနီရောင်ကြာနယ်မြေကို ခင်ဗျားဘာလို့လာတာလဲ”

“တာဝန်တစ်ခုကြောင့် ဒီရောက်လာတာ” လုလီသည် ရိုးရိုးသားသား ဖြေလိုက်၏။

“ဘာတာဝန်လဲ”

“ပင်လယ်သားရဲတစ်ကောင်ကို သတ်ဖို့၊ ငါအသတ်ခံရနိုင်ခြေလည်း ရှိတယ်၊ ဒီတော့ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် တွေ့တာ နောက်ဆုံးအခေါက်လည်း ဖြစ်သွားနိုင်တာပဲ”

နေကဝင်နေလေ၏။

လုကျိုးသည် အဆုံးမဲ့သမုဒ္ဒရာထဲတွင် သူကြုံတွေ့ခဲ့ရသော သားရဲကြီးကို ပြန်တွေးမိပြီး မေးလိုက်၏။

“ဘာပင်လယ်သားရဲလဲ”

“မင်းမှန်းဆချက်ထက် ကျော်လွန်တဲ့ ဧရာမသားရဲ၊ အခုတော့ အဲဒီအရာတွေကို မင်းစိုးရိမ်ပူပန်စရာ မလိုသေးဘူး” လုလီကပြောလိုက်သည်။

ထိုစဉ် မိုးကုပ်စက်ဝိုင်း၌ အလင်းတစ်ခုသာ မြင်ရတော့၏။

နေက ပျောက်ကွယ်သွားပြီဖြစ်သည်။

လုလီက သက်ပြင်းထပ်ချလိုက်သည်။

“အချိန်ပြည့်သွားပြီ”

နေဝင်သွားသော်ငြား လုကျိုးက မေးလိုက်သေးသည်။

“ခင်ဗျားဘာလို့ မနေတာလဲ၊ ကျုပ်ခင်ဗျားကို ကူညီကောင်း ကူညီနိုင်မှာပေါ့”

လုလီသည် ခေါင်းခါလျက် ကူကယ်ရာမဲ့စွာပြောလိုက်သည်။

“မင်းရဲ့ကျင့်ကြံဆင့်က ကူညီပေးဖို့ မင်းအတွက် အားနည်းလွန်းနေတယ်၊ ကံကောင်းလို့ မင်း ငါနဲ့တွေ့ခဲ့တာ၊ အခြားတစ်ယောက်သာဆိုရင် မင်းတစ်ကွက်တည်းနဲ့ အသတ်ခံရလောက်တယ်”

လုကျိုးသည် ခေါင်းခါလိုက်၏။

“ကံကောင်းလို့ ခင်ဗျား ကျုပ်ကို သတ်ဖို့ ရည်ရွယ်ချက် ရှိမနေတာ၊ မဟုတ်ရင် တစ်ကွက်တည်းနဲ့ ခင်ဗျားကို သတ်မိလောက်တယ်”

“…”

ညနေခင်းလေပြည်သည် သူတို့နှစ်ယောက်ဆီ တိုက်ခတ်သွားကာ ဝတ်ရုံများကို လေထဲလွင့်နေစေ၏။

လုလီသည် ဖြည်းဖြည်းချင်း လှည့်လာလျက် လုမျိုးရိုးဖြင့် လူရွယ်ကို ကြည့်လိုက်သည်။

ယခုအချိန်တွင် လုကျိုးက အသွင်ပြောင်းကတ်၏ အာနိသင်ကို ဖယ်ရှားလျက် မူလရုပ်သွင် ပြန်ရပြီဖြစ်သည်။ သူ၏အမူအကျင့် အရှိန်အဝါတို့က တူညီနေ၏။ သူ၏နုပျိုမှုသည် တစ်ခဏသာခံပြီး လက်ဖျောက်တစ်ချက်စာဖြင့် အဆုံးသတ်သွားလေ၏။

တဖန် လုလီ၏ မျက်လုံးထဲတွင် အံ့ဩမှု အရိပ်အယောင်ပေါ်လာတော့သည်။

…

အခန်း (၈၅၂) မွေးဖွားဇယားချပ် ၃၆ခု

လုလီက လုကျိုး၏ ရုပ်ဖျက်နိုင်စွမ်းကြောင့် အံ့အားသင့်နေမိသည်။ မွေးဖွားဇယားချပ်ကို အသက်မသွင်းရသေးသလို ဘုံတစ်ထောင်လေပွေကို မဖွဲ့စည်းထားရသေးသည့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူ့အမြင်ကို အရူးလုပ်နိုင်လေသည်။ တကယ်တော့ ထိုလူအိုကြီးသည် သူ့ရှေ့တွင် မူလသွင်ပြင်ကို ပြန်လည်ပြောင်းလိုက်စဥ်အခါက အန္တရာယ်အငွေ့အသက်ကိုပင် ခံစားမိခဲ့သည်။ ထိုအရာက သူ ထိပ်တန်းပညာရှင် ဖြစ်လာဖို့ အလိုလိုသိစိတ်တစ်ခု ဖြစ်၏။

“ခင်ဗျားက အံ့အားသင့်သွားတဲ့ပုံပဲ” လုကျိုးက ပြောလိုက်သည်။ သူက ပြောနေရင်း လက်ထဲမှ ဝှက်ထားသည့် အသေရိုက်ချက်ကတ်ကို ပြန်လည်ရုပ်သိမ်းလိုက်၏။ တကယ်တော့ သူက ရုပ်ဖျက်ကတ် သက်ရောက်မှုကို ဖယ်ရှားလိုက်ကတည်းက အသေရိုက်ချက်ကတ်ကို လိုလိုမယ်မယ် ထုတ်ယူထားခဲ့သည်။ အားကောင်းသည့် ကျင့်ကြံသူများက ခန့်မှန်းရ ခက်ခဲ၏။ အကယ်၍ လုလီက သူ့လှည့်ဖျားမှုကြောင့် ဒေါသထွက်သွားခဲ့လျှင် မည်သို့လုပ်ရမည်နည်း။

လူသားများက အမြဲလိုလို ခန့်မှန်းရ ခက်ခဲသည့် သတ္တဝါများ ဖြစ်ပေသည်။ သူတို့သည် ဂရုမစိုက်မိ၍ အကြောင်းအရင်း မသိဘဲ သေဆုံးသွားရသူ အမြောက်အမြား ရှိ၏။

လုလီက အသိ ပြန်ထိန်းနိုင်သည့်အခါ ပင်လယ်ပြင်ကို ကြည့်လိုက်ရင်း ပြောလိုက်သည်။

“မိတ်ဆွေဟောင်းတစ်ယောက်ကို သတိရသွားလို့ပါ”

“မိတ်ဆွေဟောင်းလား” လုကျိုးက နားမလည်စွာ ရေရွတ်လိုက်၏။

လုကျိုးက စကားပြောတော့မည့်ဆဲဆဲတွင် လုလီက ခေါင်းအသာခါကာ သက်ပြင်းချလျက် ပြောလိုက်သည်။

“တကယ်တော့ ကိစ္စမရှိပါဘူး။ မင်း မမေးရင် ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် ငါ ပြောတာ နားထောင်ပြီးတော့ ပျင်းရိသွားနိုင်တယ်”

“...”

ထုတ်ပြောမှာသာ ထုတ်ပြောလိုက်စမ်းပါ။ နားထောင်ရတာ မပျင်းပါဘူး...

အဆုံးသတ်တွင် လုကျိုးက ပြောလိုက်၏။

“ကျုပ်ဆီမှာ အချိန်အများကြီး ရှိပါတယ်။ ပြောချင်တာ ပြောလို့ရပါတယ်”

လုလီက ခေါင်းခါကာ ခိုကိုးရာမဲ့ အမူအရာဖြင့် ပြောလိုက်သည်။ “ငါ့အချိန်က အကန့်အသတ်ရှိတယ်။ ငါတို့တွေ တွေ့ဆုံတာက ကံပါလို့ပဲ။ နှုတ်ဆက်ပါတယ်”

“ခဏနေပါအုံး။ ခင်ဗျားက ကျုပ်ကို ကယ်ခဲ့တယ်ဆိုမှတော့ ခင်ဗျားကို တစ်ခုပြောချင်တယ်။ တကယ်လို့ အဆုံးမဲ့ပင်လယ်ထဲကို သွားပြီးတော့ ပေ ၁သောင်း မြင့်တဲ့ သတ္တဝါကြီးကို သွားသတ်မယ်ဆိုရင် လက်လျှော့ဖို့ပဲ အကြံပေးချင်တယ်။ ခင်ဗျားက ပြိုင်ဘက် မဟုတ်ဘူး”

လုလီက တအံ့တသြ ရေရွတ်လိုက်၏။ “မင်းက ပင်လယ်သားရဲကို မြင်ဖူးတာလား”

“အဆုံးမဲ့ပင်လယ်ထဲမှာ မြင်ခဲ့ဖူးတယ်။ အဲ့ကတည်းက ကျုပ် အနိုင်မရမှန်း သိတယ်။ သတ်ဖို့ဆိုတာ ပြောမနေနဲ့တော့” လုကျိုးက ရိုးရိုးသားသား ပြောလိုက်၏။

“...”

လုလီက လုကျိုးကို ငေးကြည့်နေသည်။ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို မဖွဲ့စည်းရသေးသလို မွေးဖွားဇယားချပ်ကို အသက်မသွင်းရသေးသည့် ထိုလူအိုကြီးက ဖိအားပြင်းပြင်း ရှိနေသည့် အကြောင်းအရင်းကို နားမလည်နိုင်ပေ။ အဆုံးသတ်တွင် သူက ပြောလိုက်၏။

“ငါက မင်းပြောတဲ့ ပင်လယ်သားရဲနဲ့ ရင်ဆိုင်ဖို့ လုပ်နေတာမဟုတ်ဘူး။ နောက်ထပ် သားရဲတစ်ကောင်ပဲ”

“အိုး”

“ဒါပေမဲ့ မင်း သတိပေးတာကိုတော့ ကျေးဇူးတင်ပါတယ်။ မင်းဆီမှာ အကန့်သတ်မဲ့ အလားအလာကို မြင်မိတယ်။ တစ်ရက်ကျရင် မင်းနားလည်လာမှာပါ။ အခုတော့ နှုတ်ဆက်ပါတယ်” လုလီက ပင်လယ်မျက်နှာပြင်ဆီ ရေတစ်စက်မှ မစိုဘဲ လမ်းလျှောက်သွားလေသည်။

“ခဏနေပါအုံး” လုကျိုးက ထပ်မံခေါ်လိုက်ပြန်သည်။ ထို့နောက် သူက မေးလိုက်၏။

“ယွီချန်းရှုက ကောင်းကင်သိုင်းခုံရုံးက ခုံရုံးသခင်ပါ။ သူက လူကောင်း မဟုတ်ဘူး။ ဘာလို့ သူ့ကို ကယ်လိုက်တာလဲ”

“သူက လူဆိုးလား လူကောင်းလားဆိုတာ မသိဘူး။ ဒါပေမဲ့ မင်းက သူ့ကို လူဆိုးလို့ ထင်ရင် သတ်လိုက်ပေါ့” လုလီက ပြန်ပြောသည်။

လုကျိုးက ထပ်မေးလိုက်၏။

“တကယ်လို့ ခင်ဗျားက လူသားတွေ စုစည်းပြီး တစ်ယောက်နဲ့ တစ်ယောက် ကူညီစေချင်တယ်ဆိုရင် အနီရောင်ကြာနယ်မြေကို ဘာလို့ မကူညီပေးရတာလဲ”

လုကျိုးက အမှန်ပင် နားမလည်နိုင်ပေ။ လုလီက အတော်လေး အားကောင်းလှ၏။ သူက ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်ပေသည်။ ထို့အပြင် လုလီက မွေးဖွားဇယားချပ်ကို အသက်သွင်းထားခဲ့၏။ လုလီ၏ အင်အားဖြင့် အနီရောင်ကြာနယ်မြေတွင် ရှိနေပါက ထိုသို့လုပ်ဆောင်နိုင်သည်။ အကယ်၍ လုလီသာ လှုပ်ရှားလိုက်ပါက ရွှေကြာနယ်မြေနှင့် အနီရောင်ကြာနယ်မြေကို တိုးတက်ဖို့ သို့မဟုတ် ငြိမ်းချမ်းရေး ယူဆောင်လာဖို့ ပိုမိုလွယ်ကူလိမ့်မည်။

လုကျိုး၏ မေးခွန်းကို ကြားကာ လုလီက လုကျိုးအား နားလည်ရခက်သည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။

ထိုစဥ် နေဝင်သွားသည့်အတွက် အမှောင်ထု ကျရောက်လာဖို့ သိပ်ကြာမည် မဟုတ်တော့ပေ။

အဆုံးသတ်တွင် လုလီက လုကျိုး၏ မေးခွန်းကို ပြန်မဖြေပေ။ ထို့အစား သူက အင်္ကျီလက်ထဲမှ တစ်စုံတစ်ခုကို ထုတ်ကာ လုကျိုးဆီ ပစ်ပေးလိုက်ပြီး ပြောလိုက်သည်။

“ဒီမြေပုံက မင်းကို ဘုံတစ်ထောင်လေပွေအတွက် ကူညီပေးလိမ့်မယ်။ မင်းရဲ့ ဘုံတစ်ထောင်လေပွေအဆင့်အတွက် ခရီးလမ်းမှာ အထောက်အကူ ဖြစ်ပါစေလို့ မျှော်လင့်တယ်”

လုကျိုးက ထိုပစ္စည်းကို ဖမ်းလိုက်သည့်ဆဲဆဲတွင်

ဝှစ်

လုကျိုး ရှေ့မှောက်တွင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ထွက်ပေါ်လာသည်။ ပင်လယ်ထဲရှိ ငါးများနှင့် သားရဲများက အလျင်အမြန် ကူးခတ်သွားကြပြီး ငှက်များနှင့် သားရဲများကပင် ကြောက်ကြောက်လန့်လန့်ဖြင့် ထွက်ပြေးကုန်ကြသည်။

လုကျိုးက ဧရာမ အနက်ရောင်ကြာကြီးကို ထပ်မံကြည့်လိုက်သည်။ သူက စိတ်ဝိညာဥ်သဏ္ဌာန်၏ ဦးခေါင်းအောက်ရှိ ကြယ်တာရာ ဒိုင်ခွက်ကို ကြည့်လိုက်သည့်အခါ အလင်းပျောက် ၅ခုကို မြင်လိုက်ရသည်။ ထိုကြယ်တာရာ ဒိုင်ခွက်က ကြီးမားပြီး ဝိုင်းနေ၏။ ထိုအရာက အနက်ရောင် ဖြစ်ပေသည်။ ကြာအလယ်တွင် ရှိနေသည့် သင်္ကေတများထက် ပိုမိုအာရုံဖမ်းစားဖွယ် ကောင်း၏။

ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က တစ်ခါမှ မတည်ရှိဖူး သကဲ့သို့ ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားသည်။

ွဤသို့ဖြင့် ပင်လယ်က ပုံမှန်ပြန်ဖြစ်သွားသည်။

“...”

လုကျိုးက လုလီသည် ထွက်သွားဖို့ အလျင်လိုနေသည့် အကြောင်းအရင်းကို မမှန်းဆနိုင်ပေ။ သို့သော်လည်း လုလီကို ဆက်နေခိုင်းဖို့ရာအတွက် သူ့တွင် နည်းလမ်းမရှိပေ။ လုလီ၏ တာဝန်က အချိန်ကန့်သတ်ချက် ရှိဟန်ပေါ်၏။ သူနှင့် လုလီ၏ တွေ့ဆုံမှုက အချိန်တိုတောင်းလှပြီး သူရရှိသည့် သတင်းအချက်အလက်က ကန့်သတ်ချက် ရှိနေသည်မှာ နှမြောစရာကောင်းလှသည်။ မည်သို့ပင်ဆိုစေကာမူ သူက အတော်လေး စိတ်ဓာတ်တက်ကြွလာမိ၏။ သူက ကမ္ဘာသစ်ဆီ ချောင်းကြည့်နိုင်ခဲ့သည် မဟုတ်ပါလော။

လုကျိုးက ဘေးပတ်လည်ကို ကြည့်ပြီးသည့်နောက်တွင် လုလီက အမှန်တကယ် ထွက်ခွာသွားသည်ကို အတည်ပြုလိုက်နိုင်၏။ ထို့နောက် သူက လုလီပေးခဲ့သည့် အရာကို ကြည့်လိုက်သည်။ ထိုအရာက ထူးကဲသည့် အဝတ်စတစ်ခု ဖြစ်၏။ ထိုအရာက ထိတွေ့ရသည်မှာ နူးညံ့လှသော်လည်း လေးလံလှသည်။ ထို့နောက် သူက အဝတ်ပေါ်မှ ပစ္စည်းကို ကြည့်လိုက်သည်။

သူက တြိဂံ ၃၆ခု ပုံစံရှိနေသည့် ပုံစံတစ်ခုကို မြင်လိုက်ရ၏။ ထိုတြိဂံများ၏ အလယ်က တစ်ခုနှင့်တစ်ခု ထပ်နေပြီး တြိဂံများက နာရီလက်တံအတိုင်း အစီအစဥ်တကျ ရှိနေသည်။ ထိုပုံစံက ရိုးရှင်းလှသော်လည်း ရှုပ်ထွေးလှ၏။ တစ်ချက်ကြည့်ရုံမျှဖြင့် ပန်းပွင့်နေသည့်ဟန် ထင်ရသည်။ ထိုအရာမှလွဲ၍ ထောင့် ၃၆ ခုက နာမည်များဖြင့် မှတ်သားထားသည်။

လုကျိုးက သူ့ဘာသာသူ ရေရွတ်လိုက်၏။

“ကြယ်တာရာတွေက စုတ်တံနဲ့ ဓား၊ ကျောက်တုံးထဲက လျှို့ဝှက်ကျောက်စိမ်း၊ တည်ငြိမ်နေတဲ့ ရေပြင်က လရောင်လိုမျိုး တည်ရှိတယ်။...”

သူက သူ ဖတ်နေသည့်အရာကို လုံးလုံးနားမလည်ပေ။ ကောင်းကင်ကျမ်းထက်ပင် နားလည်ရ ခက်ခဲသည်ဟု ထင်မိ၏။

ထိုအရာများအပြင် သူ့အနေဖြင့် တတ်နိုင်သည့်အရာ မရှိပေ။

သူက သူ့ဘာသာသူ စဥျးစားလိုကျ၏။

“ဒါက မွေးဖွားဇယားချပ်နဲ့ ဆိုင်နေတာလား”

လုကျိုးက ထိုအဝတ်စကို သိမ်းဖို့ ဆုံးဖြတ်လိုက်သည်။ သူကြည့်လေလေ ပိုမိုရှုပ်ထွေးလာလေလေ ဖြစ်၏။ ထို့နောက် သူက အဆုံးမဲ့ပင်လယ်ပြင်ကို ထပ်မံ လှမ်းကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း လုလီကို ရှာမတွေ့တော့ပေ။

ခေတ္တမျှကြာမြင့်ပြီးသည့်နောက်တွင် လုကျိုးက သူလာခဲ့သည့်လမ်းအတိုင်း ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။ ခဏကြာ ပျံသန်းပြီးသည့်နောက်တွင် သတိမေ့နေသည့် ယွီချန်းရှုကိုပါ သယ်ဆောင်ပြီး မိုးကုတ်စက်ဝန်းအတွင်း ပျံသန်းထွက်လာခဲ့၏။

...

အမှောင်ထုက ကျရောက်လာသည်။

အချိန်မည်မျှ ကုန်ဆုံးသွားမှန်း မသိသော်လည်း ကောင်းကင်ချားတောင်နယ်နိမိတ်တွင် မီးပင်လယ်လိုမျိုး ဖြစ်နေလေ၏။

အစစ်အမှန် ခွန်းလွန်ဂိုဏ်းနှင့် လေဟာနယ်ဂိုဏ်းတို့၏ ကျင့်ကြံသူများက အသက်ဓာတ်တချို့ ပြန်လည်ရရှိလာကြသည်။ သူတို့က အနီးနားသို့ သွားကာ ဘာဖြစ်လဲဟု သေချာကြည့်ဖို့ ကြိုးစားလိုက်သော်လည်း သက်တောင့်သက်သာ မဖြစ်သည့် အပူချိန်ကြောင့် နောက်ဆုတ်လိုက်ရသည်။ အဆုံးသတ်တွင် သူတို့က အနီးအနား မသွားရဲကြပေ။

လုကျိုးနှင့် ယွီချန်းရှုကြား ဘာဖြစ်သွားသည်ကို မည်သူကမှ မသိကြပေ။ အားကောင်းသည့် ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူက ကောင်းကင်ချားတောင်နယ်နိမိတ်တွင် အဘယ့်ကြောင့် ပေါ်ထွက်လာသည်မှန်းလည်း မသိကြပေ။

“ဒီလို ဖြစ်မယ်မှန်းသာ သိရင် ငါမလာခဲ့ဘူး။ ငါ ဘာလို့များ လာခဲ့မိပါလိမ့်” ရွှမ်ချန်းကျစ်က နောင်တရစွာ ပြောလိုက်၏။

“နောင်တ ရနေလို့ အပိုပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့တွေ ဒီကို ရောက်လာပြီးပြီ” မော့ရှင်းလုက ပြောလိုက်သည်။

ရွှမ်ချန်းကျစ်က နေရာအနှံ့ပြန့်ကျဲနေသည့် အလောင်းများကို ကြည့်ကာ ခေါင်းအသာယမ်းလိုက်၏။ အဆုံးသတ်တွင် သူက ပြောလိုက်၏။

“နောက်ဆုတ်ကြ”

ထိုဂိုဏ်း ၂ခု၏ ဂိုဏ်းသားများထံ အကြောက်တရား ကိန်းအောင်းနေဆဲ ဖြစ်၏။ ချော်ရည်ပူ၊ ကံမီးတောက်တို့က သူတို့ထံ ကြာရှည်စွာ ရှိနေမည့် မှတ်ဉာဏ်တစ်ခု ဖြစ်သည်။

...

ထိုဂိုဏ်း ၂ခု ထွက်သွားပြီး ၄နာရီ ကြာမြင့်ပြီးသည့်နောက်တွင် လုကျိုးနှင့် ယွီချန်းရှုတို့က အရှေ့ဘက် မိုးကုတ်စက်ဝန်းမှ ပေါ်ထွက်လာကြကာ ကောင်းကင်ချားတောင် နယ်နိမိတ်တွင် ရပ်တန့်လိုက်ကြသည်။

လရောင်အောက်တွင် လုကျိုးက တောင်ကြားကို ကြည့်ရင်း ခေါင်းအသာယမ်းလိုက်သည်။

ထိုစဥ် ယွီချန်းရှုက မျက်လုံးကို ဖွင့်ကာ ချောင်းဆိုးလာသည်။ သူကလည်း တအံ့တသြ ကြည့်နေမိ၏။ သူ့မျက်နှာအထက် အံ့အားသင့်သည့် အမူအရာမျိုး ပေါ်ထွက်လာသည်။ စောစောလေးက နာကျင်မှုကြောင့် ထုံထိုင်းနေသည့် သူသည် သေဆုံးဖို့ရာသာ မျှော်လင့်ထားခဲ့၏။

“နောက်ဆုံးတော့ နိုးလာပြီပဲ” လုကျိုးက ပြောလိုက်သော်လည်း ယွီချန်းရှုကို မကြည့်ပေ။ သူက မြေပြင်မှ အလောင်းများ၊ ပျက်စီးနေသည့် မြေပြင်နှင့် ကောင်းကင်ချားတောင်ကြားမှ မီးပင်လယ်ကိုသာ ကြည့်နေသည်။

ယွီချန်းရှုက ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီးသည့်နောက် မယုံကြည်နိုင်စွာ ဖြစ်နေမိ၏။ သူ့အနေနှင့် တည်ငြိမ်မှုကို ထိန်းပြီး မျက်စိရှေ့မှ အရာကို လက်ခံနိုင်ဖို့ ခေတ္တမျှကြာမြင့်ခဲ့သည်။

အဆုံးသတ်တွင် သူက မေးလိုက်၏။

“ငါ့ကို ဘာလို့ကယ်ခဲ့တာလဲ”

လုကျိုးက ယွီချန်းရှုကို မကြည့်ဘဲ ပြန်ဖြေလိုက်သည်။

“ငါက ကယ်လိုက်တယ်လို့ ဘာလို့ထင်တာလဲ”

“...”

နောက်ဆုံးတွင် လုကျိုးက လှည့်လာသည်။ လရောင်အောက်တွင် ယွီချန်းရှုက လုကျိုး၏ ပညာရှိဆန်သည့် အသွင်အပြင်ကို မြင်သည့်အခါ မနေနိုင်ဘဲ မေးမိသွားသည်။ “ခင်ဗျားက ဘယ်သူလဲ”

လုကျိုးက ယွီချန်းရှုကို အရူးတစ်ယောက်လား ကြည့်လိုက်သည်။ ထို့နောက် သူက မေးလိုက်၏။

“လော့ရွှမ်းက ဘယ်မှာလဲ”

ထိုမေးခွန်းကို ကြားပြီးသည့်နောက်တွင် ယွီချန်းရှုက သဘောပေါက်သွားသည်။ သူက ဒဏ်ရာများကြောင့် ချောင်းအပြင်းအထန် ဆိုးလာလေ၏။ သူ့အနေနှင့် အသက်ရှူနှုန်း ထိန်းညှိဖို့ရာ ခက်ခဲလာသည်။ ခဏအကြာတွင် သူက သွေးများပင် စတင်အန်လာသည်။ သူက ရင်ဘတ်ပေါ် ၂ကြိမ် တိုင်တိုင် ဒဏ်ရာအပြင်းအထန် ရရှိခဲ့၏။ သူ့အနေနှင့် အသက်ရှင်နေသည်ကပင် ဆန်းကြယ်မှုတစ်ခု ဖြစ်နေလေပြီ။ သူက ကျန်းမာနေဖို့ မမျှော်လင့်ထားပေ။

“အနိုင်ရရှိတဲ့သူက ဘုရင်ပဲ။ ငါ့ကို သတ်နိုင်သလို လုပ်ချင်တာ လုပ်လို့ရတယ်” ယွီချန်းရှုက ဆက်လက် မတိုက်တော့ပေ။

“မင်းကိုယ်မင်း ပြိုင်ဘက်ကင်းတယ်လို့ ထင်နေတာ မဟုတ်ဘူးလား”

“...”

ယွီချန်းရှုက ခေါင်းငုံ့ထားလိုက်၏။ သူ့အကြောင်းအရင်းနှင့် အတွေးအမြင်များက ထိုအချက်အလက်နှင့် ရင်ဆိုင်ရသည့်အခါ အားပျော့သွားသည်။

လုကျိုးက ပြောလိုက်သည်။

“မင်းလည်း စောစောက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို မြင်ခဲ့တာပဲ။ အဲဒီ လူတွေရဲ့ အမြင်မှာ အနီရောင်ကြာနယ်မြေဆိုတာက ပုရွက်ဆိတ်လိုမျိုး အရေးမပါဘူး။ ပြီးတော့ မင်း မပြောတာနဲ့တင် ငါက လော့ရွှမ်းကို မရှာနိုင်ဘူးလို့များ ထင်နေလား”

All Chapters