← Chapters

အခန်း (၈၅၃-၈၅၅)

Vol. 57 Ch. 853-855

အခန်း (၈၅၃-၈၅၅)

Vol. 57 Ch. 853-855

အခန်း (၈၅၃) သေခြင်းတရားကို ရူးမိုက်စွာ ရွေးချယ်ခြင်း

လုကျိုးသည် ယွီချန်းရှုကို ဤနေရာသို့ ခေါ်လာသောအခါ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့သည် သူတို့ပေါ်၌ ချန်ထားခဲ့သည့် အမှတ်အသားကနေ အာရုံခံမိသည်။ သူတို့နှစ်ယောက်လုံးသည် အမှတ်အသားကို မဖယ်ရှားခဲ့ပေ။ နှစ်ယောက်လုံးက ယွီချန်းရှုသည် ကောင်းကင်သိုင်းခုံရုံးထဲတွင် မရှိကြောင်း အတည်ပြုခဲ့၏။ သို့သော် သူတို့နှစ်လုံးသည် ပတ်လမ်း၏ တစ်နေရာတွင် ရှိနေသေးပြီး ပြန်မလာသေးပေ။

လုကျိုး၏ စကားကို ကြားသောအခါ ယွီချန်းရှုက သူ့၌ ရွေးချယ်စရာမရှိတော့ကြောင်း သဘောပေါက်သွားသည်။ လုကျိုးပြောခဲ့သည့်အတိုင်း သူ မပြောပင်လျှင် လုကျိုးက အခြားနည်းလမ်းများကနေ အဖြေရှာနိုင်သေး၏။

“ရုပ်သေးက သေသွားပြီ။ ဒီတော့ ငါ အသက်ရှင်ဖို့ ဘာမှမကျန်တော့ဘူး” ယွီချန်းရှုက တင်ပလင်ခွေချိတ်ထိုင်လျက် သူ့စွမ်းအားဗဟိုချက်၏ ချီပင်လယ်ပေါ် လက်တင်ထားလိုက်သည်။ သူက လေထဲတွင် နေနိုင်ရန် ခဲရာခဲဆစ်ဖြင့် စုစည်းထားသည့် ကနဦးချီလေးကို အသုံးပြုလိုက်သည်။ “မင်းရဲ့ ကရုဏာသက်မှု မလိုအပ်ဘူး”

လုကျိုးက ရှုတ်ချလိုက်သည်။

“မင်းကိုယ်မင်း အထင်ကြီးလွန်းနေတာပဲ။ ဘုံတစ်ထောင်လေပွေကျင့်ကြံသူကြောင့်သာ မဟုတ်ရင် အစောတည်းက မင်းကို သေအောင်ရိုက်ပြီးပြီ။ မင်းကို ဒီအတိုင်းဆက်ဟောင်ခွင့်ပေးမယ်လို့ ထင်နေလား”

“...”

လုကျိုးသည် ယွီချန်းရှုဆီမှာ ကနဦးချီကို အပြည့်အဝယူလိုက်သည်။

ယွီချန်းရှုက ယိမ်းယိုင်နေလျက် လေထဲတွင် သူ၏ပျံသန်းမှုကို ထိန်းထားနိုင်ရုံမျှသာရှိသည်။ သူသည် ကောင်းကင်တောင်ကြားချိုင့်ဝှမ်းထဲရှိ မီးပင်လယ်နှင့် လကို ကြည့်ပြီးပြောလိုက်တော့သည်။ “ငါက ကောင်းကင်သိုင်းခုံရုံးသခင်ပဲ။ ဒါ ဘယ်တုန်းကမှ မပြောင်းလဲဘူး”

ပြီးနောက် ယွီချန်းရှုသည် လက်ဗလာဖြင့် သူ့ဝတ်ရုံပေါ်ရှိ ဖုန်များကို ခါချကာ သူ တတ်နိုင်သမျှ သေသပ်အောင်လုပ်လိုက်သည်။ ကံဆိုးသည်မှာ သူ၏အရေပြားပေါ် စွန်းထင်းနေသော သွေးများက ဖယ်ရှားရန် ခက်ခဲနေ၏။ ပြီးနောက် သူ လက်နှစ်ဖက်ကို မြှောက်ကာ ဆံပင်များကို သပ်တင်လိုက်သည်။ နောက်ဆုံးတွင် သူက အသက်ပြင်းပြင်းရှူလိုက်တော့၏။

ခဏကြာပြီးနောက် ယွီချန်းရှုသည် သူ၏လက်ရှိသွင်ပြင်ကို မကျေနပ်သေးပုံပေါ်သည်။ ထို့ကြောင့် သူက လုကျိုးကို မော့ကြည့်ပြီး မေးလိုက်တော့သည်။ “ခင်ဗျား ကျုပ်ကို အဝတ်တစ်ထည်လောက် ပေးနိုင်မလား”

လုကျိုးသည် ယွီချန်းရှုကို လျစ်လျူရှုထား၏။ ယွီချန်းရှုသည် ယခုအချိန်၌ ထိုအရာများကို မည်ကဲ့သို့ ဂရုစိုက်နိုင်သနည်း။

ယွီချန်းရှုက သက်ပြင်းချလျက် တောင်အနောက်ဆီ ပျံသန်းသွားပြီးနောက် သူသည် ကျောက်စကျောက်နပုံများကြား ဆင်းသက်လိုက်၏။ သူသည် တစ်နေရာမှ ဝတ်ရုံရှည်ကို ဆွဲထုတ်လျက် ရေတစ်ဘူးရှာတွေ့သွားသည်။ ပြီးနောက် သူ့ကိုယ်သူ ရေဖြင့်သုတ်ပြီးနောက် ဝတ်ရုံရှည်ကို ဝတ်ဆင်လိုက်တော့သည်။

လုကျိုးသည် ယွီချန်းရှုထွက်ပြေးသွားမှာကို မကြောက်ပေ။ ယွီချန်းရှု၌ ရုပ်သေးမရှိတော့ဘဲ ဒဏ်ရာပြင်းပြင်းထန်ထန် ရထား၏။ ထို့အပြင် သူသည် အမည်မဲ့ကို လေးနှင့်မြားအဖြစ် ပြောင်းလဲနိုင်သည်။

မည်သို့ပင်ဆိုစေ လုကျိုးက အထူးတဆန်းဖြစ်နေသည်။ ယွီချန်းရှု ဘာလုပ်ဖို့ကြိုးစားနေတာလဲ။

ခဏအကြာတွင် ယွီချန်းရှုက ပြီးစီးသွားသောအခါ လေထဲ အားနည်းဖျော့တော့စွာ ပျံသန်းလာလျက် မူလနေရာသို့ ပြန်လာသည်။

လုကျိုးသည် ယွီချန်းရှုကို တစ်ချက်ကြည့်ပြီး ခေါင်းခါလိုက်တော့၏။ “ဒါက ဒီလောက်အရေးကြီးသလား”

“သေရေးရှင်ရေးထက် ပိုအရေးကြီးတယ်” ယွီချန်းရှုက ပြန်ပြောလိုက်သည်။

“လူသားတွေက သူတို့အချင်းချင်း တိုက်ခိုက်နေတဲ့ တိရိစ္ဆာန်နဲ့ ဘာမှမကွာဘူးလို့ ဆိုရိုစကားရှိတာ”

လုကျိုးက ရုတ်တရက်ပြောလိုက်၏။

“လူသားတွေက အစတည်းက ကြမ်းတမ်းတဲ့ သတ္တဝါတွေပဲ” ယွီချန်းရှုက ပြောလိုက်သည်။

လုကျိုးက သူ့ကို ခြိမ်းခြောက်လျက် မေးလိုက်သည်။ “ငါ မင်းကို မသတ်ဘူးလို့ တကယ် ထင်နေတာလား”

“အသက်ရှင်ဖို့ တိုက်ခိုက်တာက လူသားတွေရဲ့ သဘာဝပဲ။ ဒါပေမဲ့ ငါတို့ပြန်ရတဲ့အချိန် ဘာဖြစ်မလဲ”

ယွီချန်းရှုသည် သူ၏ကျရှုံးမှုကို လက်မခံနိုင်ပေ။ သူသည် ဂုဏ်ယူဝင့်ကြွားရသည့် ရုပ်သေးသခင်ဖြစ်ပြီး ပွင့်ချပ်ဆယ်လွှာကံမီးတောက်အသုံးပြုသူဖြစ်သောကြောင့် ကျရှုံးမှုကို ခံနိုင်ရည်မရှိပေ။ လုကျိုးက ဆိတ်ဆိတ်သာ နေနေ၏။

ယွီချန်းရှုက ဆက်ပြောလိုက်သည်။ “ကောင်းကင်သိုင်းခုံရုံးရဲ့ စာပေကြယ်တာရာဂိတ်အောက်မှာ ကျင့်ကြံသူတစ်ရာကျော်ကို အကျဉ်းချထားတယ်။ သူတို့တွေက ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးရဲ့ အဖွဲ့သားတွေပဲ။ ကောင်းကင်သိုင်းခုံရုံးက သူတို့ရဲ့ အားစိုက်ထုတ်မှုကြောင့် ဒီနေရာအထိ ရောက်လာနိုင်ခဲ့တာ။ ဒါပေမဲ့ …” သူသည် စကားပြောခဏရပ်ပြီးနောက် သက်ပြင်းချကာ ခေါင်းခါလျက် ဆက်ပြောလိုက်သည်။ “ကမ္ဘာပေါ်မှာ တူညီတဲ့လူနှစ်ယောက်မရှိဘူး။ သူတို့အားလုံးက အမှန်တရားရှာဖွေရတာကို သဘောကျပြီး အမည်မသိတာတွေကို စူးစမ်းရှာဖွေရင်း တူညီတဲ့စိတ်ဝင်စားမှုကို မျှဝေခဲ့ရင်တောင် သူတို့အားလုံးက စကားနားထောင်အောင်လုပ်ဖို့က မဖြစ်နိုင်ဘူး။ လူသားတွေက ကြင်နာနိုင်ပေမဲ့ ဆိုးယုတ်တာလည်းဖြစ်နိုင်တယ်။ တချို့က တခြားသူတွေထက် ပိုကြင်နာပြီး တချို့က ပိုဆိုးယုတ်ကြတယ်။ ဒါပေမဲ့ လူအများစုက အလယ်မှာပဲရှိနေကြတာ။ အဲ့ဒီလူတွေက ကြီးမားတဲ့ကိစ္စရပ်တွေအတွက် ကံပါပြီးသား။ ငါ ရွေးချယ်စရာမရှိဘဲ သူတို့ကို အကျဉ်းချထားရတာ”

ယွီချန်းရှုက ပြောပြီးနောက် ချောင်းစဆိုးပြန်သည်။

လုကျိုးသည် ခေါင်းခါလျက်ပြောလိုက်သည်။ “ကြယ်ပျံအိမ်တော်ရဲ့ ကျန့်ဝမ်ရွှီးက ရွှေကြာနယ်မြေမှာ နှစ်ပေါင်းသုံးရာကျော် နေခဲ့တာ။ သူက မင်းထက်ပိုပြီး ဆိုးရွားပြီး ရွံ့စရာကောင်းတယ်။ အဆုံးကျ သူက အချိန်ရဲ့ဒီရေကို မတားနိုင်ဘူး။ မင်းက မှန်ကန်တဲ့အရာကို လုပ်နေသေးတယ်လို့ ထင်နေသေးတာလား”

ယွီချန်းရှုက ကျယ်လောင်စွာပြောလိုက်၏။ “သူက ထည့်ပြောလောက်အောင်မတန်ဘူး။ ငါက လူတွေက ပိုပြီးနာခံသင့်တယ်လို့ တွေးမိရုံပဲ။ လူသားမျိုးနွယ်ရဲ့ တိုးတက်မှုကို ဟန့်တားဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူး”

“ငါ့ရဲ့ အမြင်မှာ မင်းတို့နှစ်ယောက်လုံးက ဘာမှ မကွာဘူး” လုကျိုးသည် လေသံအတက်အကျမရှိ ပြောလိုက်တော့၏။

“...” ယွီချန်းရှုသည် လုကျိုး၏ စကားများကြောင့် တောင့်တင်းသွားလေ၏။ သူက ပြောလိုက်သည်။ “လူတိုင်းက ပိုသန်မာချင်ပြီး ထိပ်မှာ ရပ်ချင်တာပဲ။ ငါက အရည်အချင်းရှိတယ်ဆိုတော့ ငါ လုပ်ခဲ့တာ ဘာမှမမှားဘူး”

“ဟုတ်ပြီ” လုကျိုးသည် လက်နောင်ပစ်ထားလျက် မျက်နှာသေဖြင့် ခေါင်းခါလိုက်သည်။ “မင်းရဲ့စကားတွေကို တခြားလူတွေအတွက် ချန်ထားလိုက်”

“နေဦး” ယွီချန်းရှုက လက်မြှောက်လိုက်၏။ သူ၏ အမူအရာက သဘာဝမကျဖြစ်နေပြီး သူက ပြောလိုက်သည်။ “ငါ့မှာ တောင်းဆိုချက်တစ်ခုပဲ ရှိတယ်။ အဲ့ဒီလူတွေကို အပြင်မထုတ်ပေးနဲ့” ပြီးနောက် သူသည် အသက်ပြင်းပြင်းရှူပြီးနောက် လုကျိုးကို ရှုပ်ထွေးသောအကြည့်ဖြင့်ကြည့်ကာ ပြောလိုက်၏။

“အခု လုပ်လို့ရပြီ” လုကျိုး၏ အမူအရာသည် ပြောင်းလဲမှုမရှိပေ။ သူသည် ယွီချန်းရှုကို ကြည့်တောင်မကြည့်ဘဲ လေထဲပျံဝဲလျက် ပြောလိုက်သည်။

“လော့ရွှမ်းနဲ့ စစ်ခုန်ပေချန်းနဲ့ တွေ့ပြီးရင် မင်းကို သေတွင်းပို့ပေးမယ်”

“ကံဆိုးတာက ငါ ပြန်မလာနိုင်တော့ဘူး” ယွီချန်းရှုသည် ပြောပြီးသည်နှင့် လှည့်ပတ်ကာ သူ့ရဲ့ကျန်ရှိသမျှ ကနဦးချီအကုန်ဖြင့် လုကျိုးဆီ သူ၏လက်ဝါးကို တွန်းထုတ်လိုက်၏။

လုကျိုးက မျက်မှောင်ကျုံ့လျက် လက်ဝါးရိုက်ချက်ကို သုံးလိုက်သည်။ “မင်း သေချင်နေတာလား”

ရွှေရောင်စွန့်ပစ်ခံဉာဏ်ပညာသည် ယွီချန်းရှုဆီရောက်သွား၏။

ထိုစဉ် ယွီချန်းရှုက သူ၏လက်ကို ဘေးသို့ လျင်မြန်စွာရုပ်လျက် လက်ဝါးစည်းတံဆိပ်ကို သူ၏ရင်ဘတ်ပေါ် ကျခွင့်ပေးလိုက်သည်။ ရွှေရောင်စွန့်ပစ်ခံဉာဏ်ပညာသည် ယွီချန်းရှုဆီ တိုးဝင်သွား၏။

ထိုစဉ် ယွီချန်းရှုက သူ၏လက်ကို ဘေးသို့အမြန်ရုတ်ကာ လက်ဝါးစည်းတံဆိပ်ကို သူ့ရင်ဘတ်ဆီ ရိုက်မိသွားစေ၏။

ဘန်း

ယွီချန်းရှုက နောက်သို့လွင့်ထွက်သွားသည်။ လေထဲ၌ ငြီးတွားသံတစ်သံပေါ်လာပြီးနောက် သူက သွေးတစ်ပွက်အန်တော့၏။ ထိုသို့တိုင် သူ၏မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့ကို မြင်နိုင်သည်။ “ကျေးဇူးတင်ပါတယ်”

ထင်သည့်အတိုင်းပင် ရွှေရောင်စွန့်ပစ်ခံဉာဏ်ပညာ သက်ရောက်အားသည် ယွီချန်းရှုကို ကောင်းကင်ကြား အက်ကွဲချိုင့်ဝှမ်းထဲရှိ မီးပင်လယ်ထဲ တွန်းထုတ်လိုက်သည်။

ခဏအကြာတွင် လုကျိုးဆီ အသိပေးသံရလာ၏။

“တင်း … ပစ်မှတ်တစ်ယောက်သတ်ပြီးပါပြီ။ ကုသိုလ်မှတ် ခြောက်ထောင်ရရှိပါတယ်။ နယ်မြေအပို ကုသိုလ်အမှတ် ထောင့်ငါးရာ”

လုကျိုးက ခေါင်းခါလျက် သက်ပြင်းချလိုက်တော့သည်။

“ရူးမိုက်လိုက်တာ”

လူအများစုသည် သာမန်တိုင်းသူပြည်သားများကို တုံးအသည်ဟု ထင်ကြသည်။ သို့သော် ကမ္ဘာလောကကြီး၏ စည်းမျဉ်းနှင့် အမိန့်များသည် သူတို့ကြောင့် တည်ဆောက်ထားတာပဲဖြစ်သည်။ သူတို့၏တုံးအမှုနောက်တွင် ဉာဏ်ပညာရှိနေ၏။ ဥပမာအနေဖြင့် လမ်းပေါ်ရှိ သူတောင်းစားတစ်ယောက်သည် အသက်ရှင်ရေးအတွက် သူ၏ဂုဏ်သိက္ခာနှင့် မာန်မာနကို လျစ်လျူရှုထား၏။ သို့သော်ငြား ယွီချန်းရှုသည် ကျရှုံးမှုကိုတောင် သည်းမခံနိုင်ဘဲ သေဖို့ရွေးချယ်ခဲ့၏။ သူသည် သူတောင်းစားတစ်ယောက်ထက် ပိုဆိုးပေသည်။

ပြီးနောက် လုကျိုးက လှည့်ထွက်သွားတော့၏။ သူ ပျံသန်းနေစဉ် အသိပေးသံရလိုက်လေ၏။

“တင်း … လွှမ်းမိုးအဆင့်လက်နက် ချုပ်နှောင်ရေးစည်းတံဆိပ်ကို ရရှိပါတယ်။ သင် ရယူလိုပါသလား”

“ယူမယ်” လုကျိုးက လက်မြှောက်လိုက်သည်။ ချုပ်နှောင်ခြင်းစည်းတံဆိပ်သည် သူ၏ လက်ဖဝါးထဲ ပျံသန်းလာ၏။ ၎င်းသည် သံမဏိကဲ့သို့ အလေးချိန်ရှိ၏။

တစ်ချက်ကြည့်ရုံဖြင့် ချုပ်နှောင်ခြင်းစည်းတံဆိပ်၏ လက်ရှိသွင်ပြင်သည် လေးထောင့်သေတ္တာနှင့် အတော်လေးဆင်တူနေ၏။ သို့သော်ငြား ချုပ်နှောင်ခြင်းစည်းတံဆိပ်သည် လေးထောင့်သေတ္တာထက် ပိုအစွမ်းထက်တာ သိသာ၏။ ၎င်း၏ စွမ်းရည်က ပိုကောင်းသည်။

“ချုပ်နှောင်ခြင်း စည်းတံဆိပ်ကို ရရှိပါပြီ။ အဆင့် လွှမ်းမိုးအဆင့်။ ပိုင်ရှင် ယွီချန်းရှု။ ၎င်းကို ထပ်မံအသုံးမပြုခင် ပြန်လည်သန့်စင်ရန်လိုအပ်ပါတယ်”

ထိုစဉ် လုကျိုးသည် အသက်ဆက်ယူခြင်း ကျင့်စဉ်နှင့် အလံကို အမှတ်ရသွား၏။ သူက ထွက်လာခဲ့သည့် နေရာကို အမြန်သွားလိုက်ရာ ပြာဖြစ်သွားသည့် အကြွင်းအကျန်အများစုကိုသာ တွေ့လိုက်ရသည်။ အလံဖျက်ဆီးခံလိုက်ရတာ နှမြောစရာကောင်းသည်ဟု မထင်ပေ။ တကယ်တော့ ထိုပစ္စည်းက ရွံ့ရှာစရာကောင်းသည်ဟု သူ တွေးနေတာဖြစ်သည်။

ပြီးနောက် သူသည် ၎င်းလက်တံပြုတ်ကျသွားသည့် နေရာကို ပျံသန်းသွားလိုက်သည်။

“တင်း … နဂါးနက်လှံတစ်စင်းကို ရှာတွေ့ပါပြီ။ လက်နက်က ထိခိုက်ထားပြီး ပြန်ပြင်၍မရနိုင်ပါ။ သင် ရယူချင်ပါသလား”

ဒါက ပြန်ပြင်လို့မရတာ နှမြောစရာပဲ။ မည်သို့ပင်ဆိုစေ သူက ၎င်းကို ယူရန် ရွေးချယ်လိုက်သေး၏။ ဆိုရလျှင် သက်တော်ရှည်ဓားကို ပြုပြင်ရန် ၎င်းကို အသုံးပြုနိုင်သည်။

လုကျိုးသည် လှံကို ကြည့်ပြီးနောက် ၎င်း ပျက်စီးသွားပြီမှန်း အတည်ပြုလိုက်၏။ သို့သော် သူသည် မီးပွင့်ခြင်း ကျောက်တုံးတစ်တုံး ရှာတွေ့သွား၏။

“တင်း … မီးပွင့်ခြင်း ကျောက်တုံးတစ်တုံးရှာတွေ့ပါတယ်”

ဒါက ဆိုးရွားတဲ့ အပေးအယူ မဟုတ်ဘူးပဲ။

လုကျိုးသည် အလောင်းများဖြင့် ပြည့်နေသော တောင်တန်းတဝိုက် ပျံသန်းနေသည်။ သူသည် လက်နက်ကောင်းရှာတွေ့မည်ဆိုတာ မည်သူက သိနိုင်မည်နည်း။ ကံဆိုးသည်မှာ လက်နက်အများစုသည် မြေကမ္ဘာအဆင့် လက်နက်များသာ ဖြစ်ပြီး ပြောပြလောက်အောင် မတန်သည့် လက်နက်များစွာရှိ၏။

ပြီးနောက် လုကျိုးသည် တိမ်တိုက်တောင်ဆီသို့ ပျံသန်းသွားတော့၏။

တိမ်တိုက်တောင်၏ တတိယတောင်ထွက်ပေါ်ရှိ ခန်းမထဲတွင်ဖြစ်သည်။

အာရုံမတက်ခင်၌ လုကျိုးသည် စနစ်မျက်နှာပြင်ကို ဖွင့်ကာ သူ၏ အသုံးပစ္စည်းကတ်များနှင့် လက်နက်များကို စစ်ဆေးလိုက်၏။

ကုသိုလ်မှတ်= ၅၁၇၃၉၀

အသုံးပစ္စည်း= အသေရိုက်ချက်ကတ် ၁ကတ်၊ ပစ်ချက်မဲ့ကတ် ၁ကတ်၊ အတိုက်အခိုက်ဒဏ်ပြင်း ကာကွယ်ကတ် ၅၈ကတ်၊ အလိုအလျောက်ရုပ်ဖျက်ကတ် ၁ကတ်၊ ရွှေရောင်ထိုက်ရွှီကြေးမုံ၊ အသွင်ပြောင်းကတ် ၃ကတ်၊ တောက်ပကျောက်တုံး ၁တုံး၊ သန့်စင်ခြင်း အဆောင် ၁ခု၊ အကြောင်းပြန်လှန်ကတ် ၅၃ကတ်၊ မီးပွင့်ခြင်း ကျောက်တုံး ၁တုံး။

လက်နက် အမည်မဲ့ (အမျိုးအမည်မသိ)၊ ကျောက်စိမ်းမြင်းမြီးတုတ် ကောင်းကင်အဆင့်၊ စီရင်ရေးစုတ်တံ သာလွန်ကောင်းကင်အဆင့်၊ ကြိုးမျှင်ကိုးသွယ် ဗျပ်စောင်း (အမျိုးအမည်မသိ)၊ လေးထောင့်သေတ္တာ (အခြေခံ ပြိုင်ဘက်ကင်းအဆင့်)၊ ခရမ်းရောင်တောက်ပသံကျောက် (အလယ်အလတ် ပြိုင်ဘက်ကင်းအဆင့်)၊ လေအေးသုံးခွမှိန်း (အခြေခံပြိုင်ဘက်ကင်းအဆင့်)၊ ချုပ်နှောင်ရေးစည်းတံဆိပ် (အလယ်အလတ်လွှမ်းမိုးအဆင့်)၊ နဂါးလင်းယုန်၏ အမျက်ဒေါသ (အလယ်အလတ် ပြိုင်ဘက်ကင်းအဆင့်)၊ လျှပ်တပြက်ချိတ်ကောက် (အလယ်အလတ် ပြိုင်ဘက်ကင်းအဆင့်)။

…

အခန်း (၈၅၄) အနီရောင်ကြာနယ်မြေတွင် ဖရိုဖရဲဖြစ်ခြင်း

လုကျိုးက သူ့တွင် ကုသိုလ်ရမှတ် ၅သိန်းကျော် ရှိနေသည်ကို မြင်လိုက်သည့်အခါ ပထမဦးဆုံးအတွေးက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဝယ်ဖို့ ပိုက်ဆံလုံလောက်သွားပြီဟူ၍ ဖြစ်သည်။ သူက ဒုက္ခမိုင်တစ်ရာ ရှုကွင်း စိတ်ဝိညာဥ်သဏ္ဌာန်ကို အသုံးပြုရသည်မှာ ငြီးငွေ့လာပြီ ဖြစ်၏။ အထူးသဖြင့် သူက ကြယ်တာရာ ဒိုင်ခွက်နှင့် လုလီ၏ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ကိုယ်တိုင်မြင်တွေ့ပြီးသည့်အခါတွင် ဖြစ်သည်။

ထိုအရာက ဆန်းကြယ်မှုကို ပေးစွမ်းသည်မှာ သံသယဖြစ်ဖွယ် မလိုပေ။ သူက မည်သို့မလိုချင်ဘဲ နေမည်နည်း။ အကယ်၍ အနက်ရောင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က ဤမျှ လှပနေလျှင် သူ့ရွှေကြာ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က မည်မျှ ကြော့ရှင်းနေလိုက်မည်နည်း။

လုကျိုးက စနစ်ကို ဖွင့်လိုက်သည်။

“ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဝယ်မယ်”

“တင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ရယူဖို့ ကုသိုလ်ရမှတ် ၅သိန်း ကျသင့်ပါတယ်”

“တင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က ပထမမွေးဖွားဇယားချပ် အသက်သွင်းဖို့ လိုအပ်ပါတယ်”

“...”

ယခင်က လုလီသည် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို အသက်မသွင်းခင် မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့လိုကြောင်း ပြောခဲ့ဖူးသည်။ သို့သော်လည်း ဤသို့ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

“မွေးဖွားနန်းဆောင်လား”

လုကျိုးက လုလီ ပေးခဲ့သည့် အဝတ်စကို သူ့ရှေ့တွင် ထားလိုက်၏။

တြိဂံ ၃၆ခုက နာရီလက်တံအတိုင်း အစီအစဥ်ကျစွာ ရှိနေသည်။ သူတို့က ပန်းပွင့်နှင့်တူသည့် ပုံစံတစ်ခုနှယ် ဖြစ်တည်နေ၏။ ထိုပုံစံ၏ အလယ်တွင် မွေးဖွားနန်းဆောင်ဟူ၍ စာလုံး ပါရှိသည်။

တစ်ဖက်တွင် တြိဂံ ၃၆ခု၏ တည်နေရာကိုမူ မွေးဖွားစက်ဝန်းပြားဟု ခေါ်ဆိုသည်။

လုကျိုးက မျက်မှောင်အသာကြုတ်လိုက်၏။ သူက ဤနေရာတွင် အတွေ့အကြုံ မရှိပေ။ သူ့အနေနှင့် ခေါင်းမပါသည့် ယင်ကောင်တစ်ခုလို ပျံသန်းခိုင်းနေသည်နှင့် တူနေသည်။ သူက ထိုကိစ္စကို အလျင်လိုဖို့ မလိုကြောင်း သိထား၏။

လုကျိုးက ထိုကိစ္စကို အာရုံမရှိတော့ပေ။ တကယ်တော့ သူက ကုသိုလ်ရမှတ် ၁၇၃၉၀ မှတ် ရှိနေသေးသည်ကို မြင်လိုက်သည့် စိတ်အခြေအနေ ကောင်းနေ၏။ အနည်းဆုံးတော့ သူက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ရယူပြီးသား ဖြစ်သွားလေပြီ။ တခြားသော ကျင့်ကြံသူများကဲ့သို့ အတားအဆီးများကို ဖြတ်ကျော်ဖို့ မလိုအပ်တော့ပေ။

သူက သူ့လက်နက်များကို စစ်ဆေးကြည့်လိုက်၏။

ဤတစ်ကြိမ် သူက မြောက်မြားစွာ ရရှိခဲ့သည်။ သူ့အကြီးမားဆုံး အကျိုးအမြတ်က ယွီချန်းရှု၏ လွှမ်းမိုးအဆင့် ချုပ်နှောင်ရေး စည်းတံဆိပ် ဖြစ်ပေသည်။ သူက ယွီချန်းရှုနှင့် တိုက်ခိုက်နေစဥ်အတွင်း ထိုလက်နက်၏ စွမ်းအားကို တွေ့ကြုံခံစားခဲ့ရသည့်အတွက် သူကိုယ်တိုင်သာ ကိုင်ဆောင်နိုင်လျှင် မည်မျှအားကောင်းသွားမည်နည်း။

ထို့အတွေးဖြင့် သူက နောက်ဆုံးသော သန့်စင်ရေးအဆောင်ကို ထုတ်ကာ ချုပ်နှောင်ရေး စည်းတံဆိပ်ကို မီးတောက်အတွင်း ပစ်ထည့်လိုက်သည်။

တခြားသော လက်နက်များအတွက်မူ အနာဂတ်တွင် လိုအပ်လာမည့်သူများပေါ် မူတည်လေ၏။ အကယ်၍ သူတို့အတွက် အသုံးပြုစရာ မရှိပါက ထိုလက်နက်များကို ပါဝင်ပစ္စည်းအဖြစ် အသုံးပြုပြီး တပည့်များဆီ မပေးခင် ပန်းပဲဆရာကောင်းတစ်ယောက်ကို ရှာဖွေလိုက်မည်။

ထို့နောက် သူ့အနှစ်သက်ဆုံး လက်နက် အမည်မဲ့ကို ကြည့်လိုက်သည်။ သူက အမည်မဲ့၏ စွမ်းအားသည် လွှမ်းမိုးအဆင့် လက်နက်၏ စွမ်းအားကို ကျော်လွန်နေသည့်အတွက် အလွန်ကျေနပ်နေမိသည်။

“အမည်မဲ့က ဘယ်အဆင့်များပါလိမ့်”

သူက အမည်မဲ့ကို အစောပိုင်းကတည်းက ရရှိခဲ့ကြောင်း အမှတ်ရသွားသည့်အခါ ကံကောင်းလွန်းသည်ဟု ခံစားမိလာသည်။ ပစ္စည်းကောင်းများက သူ့ထံ ကျရောက်လာ၏။ သို့သော်လည်း စနစ်က ယခုအခါ ကပ်စေးနဲသွားလေပြီ။ နေ့တစ်ဝက်ကြာ ကံစမ်းမဲ ဆွဲပြီးသည့်နောက်တွင်ပင် သူ့အနေနှင့် အကြောင်းပြန်လှန်ကတ်သာ ရရှိလေ၏။

ယနေ့ သူ ရရှိထားသည့် ပစ္စည်းများကို ပြန်လည်ကြည့်ပြီးသည့်နောက်တွင် စနစ်ကို ပြန်လည်ပေးလိုက်သည်။ ထို့နောက် သူက ခရမ်းရောင် တောက်ပသံကျောက်ကို အသုံးပြု၍ ကောင်းကင်ကျမ်းကို စတင်ဆင်ခြင်လိုက်သည်။

...

အရှေ့ဘက်မှ နေထွက်လာ၏။

ကောင်းကင်သိုင်းခုံရုံးအတွင်း

“အကြီးအကဲချိုး ကျုပ်တော့ တောင့်ခံမထားနိုင်တော့ဘူး။ အဲဒီ သူခိုး ၂ကောင်က ကျုပ်တို့ကို အနိုင်ကျင့်လွန်းနေပြီ။ အဲဒါတင်မကဘူး။ သူတို့က ကျုပ်တို့ ကောင်းကင်သိုင်းခုံရုံးမှာတောင် ပြဿနာ လာရှာနေသေးတယ်။ အစီအရင်ကို အသက်သွင်းပြီးတော့ သူတို့ကို နှိမ်နင်းပစ်ဖို့ အကြံပြုချင်တယ်”

“ကျုပ်လည်း သဘောတူတယ်။ အဲဒီ သူခိုး ၂ယောက်က ဘယ်ကနေ ရောက်လာလဲဆိုတာကို မသိရဘူး။ ဒါပေမဲ့ သူတို့က ကောင်းကင်သိုင်းခုံရုံးကိုတောင် ရန်စရဲတယ်။ ကျုပ်တို့သာ သူတို့ကို မဖယ်ရှားပစ်ရင် ကောင်းကင်သိုင်းခုံရုံးရဲ့ ဂုဏ်သိက္ခာက ဘယ်လိုဖြစ်သွားမလဲ”

“စိတ်မလောကြပါနဲ့။ ခုံရုံးသခင် ပြန်လာတဲ့အထိ စောင့်ကြတာပေါ့။ အဲဒီ ၂ယောက်က ထူးချွန်ပြောင်မြောက်တဲ့ ကျင့်ကြံဆင့် ရှိထားပြီးတော့ အင်မတန် ဉာဏ်များတယ်။ သူတို့က သာမန် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတွေ မဟုတ်ဘူး”

အားလုံးက ဆွေးနွေးနေကြစဥ် ပင်မတပည့်တစ်ဦးက ခန်းမအတွင်း ရောက်လာကာ အရုပ်ကြိုးပြတ်နီးပါး ဖြစ်သွားလေသည်။

သူ့နဖူးအထက် ချွေးများ စီးကျနေပြီး မျက်လုံးအပြူးသားဖြင့် ခန္ဓာကိုယ်ကလည်း တုန်တုန်ယင်ယင် ဖြစ်နေသည်။ သူက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောလိုက်၏။

“ဒါ ဒါ ဒါ ဒါ ဒါ … သွားပြီ သွားပြီ။ ခုံ … ခုံရုံးသခင် ... အကြီးအကဲမော့၊ အကြီးအကဲကျန့် … သူတို့ အသက်ကျောက်တုံးတွေ ကြေမွသွားပြီ”

“...”

ခန်းမအတွင်း တိတ်ဆိတ်မှုက ကြီးစိုးသွား၏။ လေထုက ချက်ချင်းဆိုသလို တင်းကျပ်လာသည်။

သူတို့က ရေခဲရေနှင့် လောင်းခံလိုက်ရသလိုမျိုး တုန်တုန်ယင်ယင် ဖြစ်လာကြ၏။

...

မြို့တော်၏ တည်းခိုဆောင်တစ်ခုအတွင်း

ယနေ့က အင်မတန် အသက်ဝင်လှသည်။ ကျင့်ကြံသူများက တစ်ယောက်နှင့် တစ်ယောက် သတင်းအချက်အလက် ဖလှယ်ကာ ပြောဆိုနေကြ၏။

“မနေ့က ကောင်းကင်ချားတောင်နယ်နိမိတ်မှာ ကြီးကြီးမားမား ဖြစ်ပျက်သွားခဲ့တယ်လို့ ကြားတယ်။ တောင်ကြားတစ်ခုလုံးက မီးပင်လယ် ဖြစ်သွားတယ်တဲ့။ လူတော်တော်များများလည်း အသက်ခံရပြီးတော့ ဒဏ်ရာရရှိသွားကြတယ်”

“အစစ်အမှန် ခွန်းလွန်ဂိုဏ်းနှင့် လေဟာနယ်ဂိုဏ်းတို့က ကောင်းကင်သိုင်းခုံရုံးနဲ့ တိုက်ခိုက်ခဲ့တဲ့ပုံပဲ။ နောက်ပိုင်း ငါ ကြားတာတော့ ရွှေကြာ ကျင့်ကြံသူတစ်ယောက်က လူအယောက် ၁၀၀၀ နဲ့ တိုက်ခိုက်ခဲ့တယ်တဲ့။ တိုက်ပွဲက ပြင်းထန်လွန်းလို့ မြေကြီးတွေတောင် တုန်ခါပြီး ကောင်းကင်တောင် မှောင်မည်းသွားရတယ်။ အဝေးက ကြည့်နေတဲ့သူတွေတောင် သေချာမမြင်ရတော့ ဘာမှန်းမသိကြဘူး။ ဘယ်သူနိုင်မှန်း ရှုံးမှန်း မသိကြသေးဘူး”

“ရွှေကြာ ကျင့်ကြံသူတဲ့လား။ အဲဒီနယ်ခြားမျိုးနွယ်ဝင်က တကယ်ကို သတ္တိကောင်းနေတာပဲ။ သူက ငါတို့အနီရောင်ကြာနယ်မြေမှာ ဒီလိုပြုမူရဲတယ်ပေါ့။ ခုံရုံးသခင်က သေချာပေါက် သူ့ကို နှိမ်နင်းပစ်မှာပဲ”

ထိုစကားများကို ကြားပြီးသည့်နောက်တွင် အလယ်ခေါင်တွင် ထိုင်နေသည့်လူက သက်ပြင်းချကာ ပြောလိုက်၏။

“အဲဒီခုံရုံးသခင် အဆုံးသတ်သွားမှာပဲ ဆိုးရတယ်”

အားလုံးက ထိုသူအား ပြိုင်တူလှည့်ကြည့်လာကြသည်။

“ခင်ဗျားက ဘာကိုပြောချင်တာလဲ”

“အဲဒီရွှေကြာ ကျင့်ကြံသူက ပညာရှင်တွေကို သတ်ရတာ သဘောကျတယ်လို့ ကြားတယ်။ အခုထိ သူက တစ်ခါမှ မကျရှုံးဖူးသေးဘူး”

“...”

“ခင်ဗျားက ညာနေတာပဲ။ ကျုပ်ရောင်းရင်းက အဲဒီမှာ ရှိပြီး အဝေးကနေ ကြည့်နေခဲ့တာ။ သူ ဘာမြင်ခဲ့တယ်ဆိုတာကို မှန်းဆကြည့်ပါအုံး”

“ဘာကိုလဲ”

“သူက တစ်နေရာကနေ အနက်ရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာတယ်ဆိုတာ သိလိုက်တယ်လေ။ အဲဒီမှာ ရွှေကြာ ကျင့်ကြံသူက ခြေမွှခံလိုက်ရတယ်။ ကျုပ်တို့တွေ တကယ်ကို ကံဆိုးတာပဲ။ အနက်ရောင်ကြာ ကျင့်ကြံသူ ပေါ်ထွက်လာပြီဆိုတော့ နောက်တစ်ရက် မိုးသောက်ယံကို မြင်ရပါ့အုံးမလားဆိုတာကို ဘယ်သူကများ သိမှာလဲ”

တစ်ယောက်က နှုတ်ခမ်းသပ်ကာ ပြောလိုက်သည်။ “မင်းရဲ့ အလိမ်အညာက သူ့ထက်တောင် ပိုဆိုးနေပြီ”

အားလုံး၏ အမြင်က မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ချားတောင်နယ်နိမိတ်သည် ပြိုလဲသွားကြောင်း သံသယဖြစ်ဖွယ် မရှိပေ။

သိပ်မကြာခင် ယွီချန်းရှု၊ မော့ပုရန်နှင့် ကျန့်ထင်ကျုံးတို့၏ သေဆုံးမှုကို အတည်လိုက်နိုင်၏။

ဤသို့ဖြင့် တာ့ထန်၏ ကျင့်ကြံရေးလောကရှိ လူများက ရုတ်ရုတ်သဲသဲ ဖြစ်လာကြသည်။

...

ထိုစဥ် တိမ်တိုက်တောင်ပေါ်တွင် ဖြစ်သည်။

လုကျိုးက မျက်လုံးဖွင့်လာသည့်အခါ သူ့ထူးခြားအံ့ဖွယ်စွမ်းအား၏ ၃ပုံ ၁ပုံကို ပြန်လည်ပြည့်ဝနေပြီ ဖြစ်၏။ သူက စိတ်ပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်လာသလို ခံစားရလိုက်သည်။

ထို့နောက် သူက နျဲ့ချင်းယွင်ကို ခေါ်ဖို့ တစ်စုံတစ်ယောက်ကို အမိန့်ပေးလိုက်၏။

နျဲ့ချင်းယွင်က လုကျိုးခေါ်ကြောင်း ကြားသည့်အခါ ချက်ချင်းအပြေးအလွှား ရောက်ရှိလာသည်။ သူက အခန်းအတွင်း ဝင်ရောက်လိုက်သည်နှင့် အလျင်အမြန် မေးလိုက်၏။

“လုချန်းပေ့ ကောင်းကင်ချားတောင်နယ်နိမိတ်ကို သွားခဲ့တာလား”

လုကျိုးက မငြင်းဘဲ ခေါင်းညိတ်ကာ မေးလိုက်သည်။

“မင်းတို့ရော သတင်းကြားသေးလား”

တစ်ညနှင့် နေ့တစ်ဝက်သာ ကုန်ဆုံးသွားသေးသော်လည်း သတင်းက မြန်မြန်ဆန်ဆန် ပျံ့လာသည်လား။

“ဟုတ်တယ်။ သတင်းက တောမီးလို ပျံ့နှံ့နေပြီ။ ပြီတော့ အနက်ရောင်ကြာ ကျင့်ကြံသူ ပေါ်ထွက်လာတယ်လို့လည်း ကြားတယ်။ ကပ်ဘေးက ရောက်ရှိလာပြီပဲ။ ကျုပ် ထင်တာကတော့ ...”

နျဲ့ချင်းယွင်က စကားပြောတာကို ရပ်တန့်လိုက်၏။ သူ့မျက်နှာအထက် မျက်နှာပူသည့် အမူအရာမျိုး ပေါ်ထွက်လာသည်။

လုကျိုးက သူ့ကိုယ်သူ ရှင်းပြဖို့ ပျင်းရိနေသည်။ မည်သို့ပင်ဆိုစေကာမူ နျဲ့ချင်းယွင်က အနှေးနှင့် အမှန်တရားကို သိသွားလိမ့်မည်။ ထို့ကြောင့် သူက မေးလိုက်၏။ “တိမ်တိုက်တောင်မှာ မွေးဖွားဇယားချပ် အသက်သွင်းတာနဲ့ ပတ်သက်ပြီးတော့ စာအုပ်တွေများ ရှိလား”

“ဒါက...”

နျဲ့ချင်းယွင်၏ မျက်နှာအထက် နေရခက်သည့် အမူအရာမျိုး ပေါ်ထွက်လာကာ “ကျုပ်တို့ဆီမှာ ရှိကောင်းရှိပေမဲ့ အခွင့်အရေးကတော့ နည်းတယ်။ အရှင်မင်းကြီးက ဗဟုသုတ ကြွယ်ဝတယ်ဆိုတော့ သူ့ကို ပြောကြည့်ပါ့လား”

လီယွင်ကျန်းက စာကောင်းကောင်းမွန်မွန် ဖတ်ရှုထားသူဖြစ်၏။ သူက နန်းတော်တွင်းဝယ် စာဖတ်ခြင်းနှင့်သာ ကုန်ဆုံးလေ့ရှိသည်။ တော်ဝင်နန်းတော်ရှိ စာကြည့်တိုက်က တခြားသာမန်လူများထံ ရောက်ရှိသည့် စာကြည့်တိုက်များထက် ပိုမိုသာလွန်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်၏။ “သူ့ကို ခေါ်လိုက်ပါအုံး”

“ဟုတ်ကဲ့” နျဲ့ချင်းယွင်က တတိယတောင်ထိပ်မှ ထွက်ကာ ပင်မတောင်ထိပ်ဆီ ပြန်ရောက်လာပြီး လီယွင်ကျန်းကို လုကျိုး၏ ခြံဝန်းအတွင်း ခေါ်ဆောင်သွားခဲ့သည်။

လီယွင်ကျန်းက ရုတ်တရက် ဖိတ်ကြားမှုကြောင့် စိတ်ရှုပ်ထွေးနေမိ၏။ သို့သော်လည်း သူက လုကျိုးကို မြင်သည့်အခါ ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်လိုက်သည်။

“ဆရာဘိုးဘိုး”

“ထိုင်” လုကျိုးက သူ့ရှေ့မှ နေရာကို လက်ညှိုးထိုးပြလိုက်၏။

လီယွင်ကျန်းက နာနာခံခံ ဝင်ထိုင်လိုက်သည်။

လုကျိုးက နျဲ့ချင်းယွင်ကို ကြည့်လိုက်သည့်နောက်တွင် နျဲ့ချင်းယွင်က သူတို့အား ချန်ထားခဲ့သည်။

နျဲ့ချင်းယွင် ထွက်သွားပြီးနောက် လုကျိုးက မုတ်ဆိတ်သပ်ကာ မေးလိုက်၏။ “မင်းက တော်တော်များများကို ဖတ်ရှုဖူးတယ်ဆိုတော့ မွေးဖွားဇယားချပ်အကြောင်းကိုရော သိထားလား”

“ကျွန်တော် မွေးဖွားဇယားချပ် စာအုပ်တွေ တော်တော်များများကို ဖတ်ဖူးတယ်။ ဒါပေမဲ့ ကျွန်တော်က ကျင့်ကြံသူ မဟုတ်တော့ အပြည့်အဝတော့ နားမလည်ဘူး။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင်တော့ ဆရာဘိုးဘိုးနဲ့တူတူ ဆွေးနွေးချင်ပါတယ်” လီယွင်ကျန်းက ပြောလိုက်၏။

“ကောင်းပြီ … ပြော”

“ရှေးဟောင်းစာအုပ်တွေထဲမှာ မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ နည်းလမ်းက လူတစ်ယောက်ရဲ့ ကြာပွင့်ရဲ့ နေရာတစ်ခုမှာ မွေးဖွားဇယားချပ်သားရဲရဲ့ အသက်ဓာတ် နှလုံးသားကို ထားဖို့ လိုတယ်လို့ ပြောတယ်။ အဲဒီအချိန်ကျရင် အသက်ဓာတ် နှလုံးသားရဲ့ ထူးကဲတဲ့ ဂုဏ်သတ္တိတွေက မွေးဖွားဇယားချပ် အသက်သွင်းမှုကို လှုံ့ဆော်ပေးလိမ့်မယ်။ အဲဒီဖြစ်စဥ်က အသက်ဓာတ် နှလုံးသားက အသက်ဓာတ်စွမ်းအားကို စုပ်ယူသွားလိမ့်မယ်။ အသက်ဓာတ် နှလုံးသားက အသက်ဓာတ်တွေ အပြည့်အဝ စုပ်ယူပြီးသွားတာနဲ့ မွေးဖွားဇယားချပ် အသက်ဝင်လာလိမ့်မယ်။ ဒါပေမဲ့ ကျင့်ကြံသူတွေက အဲဒီနေရာကို ဘယ်လိုရွေးရမလဲဆိုတာကိုတော့ သိချင်နေမိတာ”

“ငါလည်း အဲဒါကို ပိုသိချင်တယ်” လုကျိုးက တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။

“ ကြယ်တာရာတွေက စုတ်တံနဲ့ ဓား၊ ကျောက်တုံးထဲက လျှို့ဝှက်ကျောက်စိမ်း၊ တည်ငြိမ်တဲ့ ရေပြင်ပေါ်က လရောင်နဲ့ တစ်သားတည်း ဖြစ်နေတယ်... မွေးဖွားစက်ဝန်းပြားတိုင်းဆီမှာ နာမည်တစ်ခု ရှိတယ်”

လီယွင်ကျန်းက လုကျိုး၏ စကားများကို ကြားသည့်အခါ စိတ်သက်သာရာ ရသွားသည်။ သူက မေးလိုက်၏။

“ဆရာဘိုးဘိုးက တကယ့်ကို ဗဟုသုတ ကြွယ်ဝတာပဲ။ ကျွန်တော်က အဲဒီကြယ်တာရာက စုတ်တံနဲ့ ဓားနဲ့ တစ်သားတည်း ဖြစ်နေတယ်ဆိုတဲ့အကြောင်းကို ဖတ်ဖူးပေမဲ့ နောက် ၂ခုကိုတော့ မသိခဲ့ဘူး။ သူတို့က ဘာကိုဆိုလိုတာလဲ”

“...”

လုကျိုးက မုတ်ဆိတ်သပ်ကာ ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

“မင်း စတင်ကျင့်ကြံရင် မင်းရဲ့ ဆရာက ပြောပြလိမ့်မယ်။ အခု မင်းကို မေးပါအုံးမယ်။ လူတစ်ယောက်က မွေးဖွားဇယားချပ် ဘယ်လောက် ကျင့်ကြံနိုင်လဲ”

လီယွင်ကျန်းက စိတ်ရှုပ်ထွေးစွာဖြင့် ပြန်ဖြေလိုက်သည်။

“ကျွန်တော်လည်း အဲဒီအကြောင်းကို သိပ်မသေချာဘူး။ စာအုပ်တွေက အမျိုးမျိုးပြောထားကြတယ်။ တချို့တွေက ကျင့်ကြံသူတစ်ယောက်က မွေးဖွားဇယားချပ် ၆ခုအထိ အသက်သွင်းနိုင်တယ်လို့ ပြောပြီး တချို့တွေကကျတော့ ကျင့်ကြံသူတစ်ယောက်မှာ မွေးဖွားဇယားချပ် ၈ခုအထိ အသက်သွင်းနိုင်တယ်လို့ ပြောထားကြတယ်။ စာအုပ်တွေထဲမှာဆိုရင် မွေးဖွားဇယားချပ် ၁၂ ခုအထိ အသက်သွင်းနိုင်တယ်လို့ ပြောထားတာတွေလည်း ရှိတယ်။ ဘယ်လိုလုပ် အရေအတွက်က ကွဲပြားနေရတာလဲ”

“ဘာမှ အံ့အားသင့်ဖို့ မလိုဘူး။ ရှေးဟောင်းစာအုပ်တွေဆိုကလည်း အမြဲတမ်း တိကျတာ မဟုတ်ဘူးလေ” လုကျိုးက ပြောလိုက်၏။

“ဆရာဘိုးဘိုး ပြောတာမှန်တယ်။ နေရာတစ်ခုချင်းစီအတွက် နာမည်တစ်ခုချင်းစီ ရှိနေရင် ဘယ်လောက်တောင် စိတ်ဝင်စားဖို့ ကောင်လိုက်မလဲ။ ဒါပေမဲ့ ကျွန်တော် ဖတ်ဖူးတဲ့ ရှေးဟောင်းစာအုပ်တွေထဲမှာတော့ သတင်းအချက်အလက်က အကန့်အသတ်ရှိတယ်”

“မင်း သိတာကိုပဲ ပြောပြစမ်းပါအုံး”

လီယွင်ကျန်းက ခေါင်းညိတ်ကာ မရပ်မနား စတင်ပြောတော့သည်။

...

၂နာရီ ကြာမြင့်ပြီးနောက်

နောက်ဆုံးတွင် လုကျိုးက မွေးဖွားဇယားချပ်နှင့် ပတ်သက်ပြီး အခြေခံ နားလည်မှုတချို့ ရှိလာသည်။ ထိုအရာက လီယွင်ကျန်း၏ စကားအပေါ် အခြေခံထားခြင်း ဖြစ်၏။ သူက ထိုသတင်းအချက်အလက်သည် တိကျရဲ့လားဟု သူကိုယ်သူ ဆုံးဖြတ်ဖို့ လိုအပ်နေသေးသည်။

လီယွင်ကျန်း ပြောသည့်ပေါ် မူတည်၍ ကျင့်ကြံသူတစ်ယောက်က မွေးဖွားဇယားချပ် ၃၆ ခုကို အသက်သွင်းနိုင်သည်ဟု မှတ်တမ်းမရှိပေ။

သို့သော်လည်း မွေးဖွားနန်းဆောင်တွင် သေသေချာချာ စီစဥ်ထားသည်ကို အတည်ပြုထားပြီးသား ဖြစ်၏။ မွေးဖွားစက်ဝန်းပြားအတွက်မူ မွေးဖွားဇယားချပ် သေချာသည့် အရေအတွက်သို့ အသက်ဝင်လာမည့်အရာ ဖြစ်နိုင်သည်။ မွေးဖွားစက်ဝန်းပြားက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်၏ ကြယ်တာရာ ဒိုင်ခွက်၏ စွမ်းအားကို မြှင့်တင်ပေးနိုင်ဟန် ပေါ်၏။

အချိန်တော်ကြာ ပြောဆိုပြီးသည့်နောက်တွင် လီယွင်ကျန်းက မမောပန်းသေးပေ။ သူက အတော်လေးကို စိတ်ဓာတ် တက်ကြွကာ အားအပြည့်ဖြစ်နေ၏။ သူက မေးလိုက်သည်။

“ဆရာဘိုးဘိုး … ဆရာဘိုးဘိုးက မွေးဖွားဇယားချပ် အသက်သွင်းပြီးပြီလို့ ကြားတယ်။ ကျွန်တော်များ...”

“မရဘူး” လုကျိုးက တမ်းငြင်းလိုက်၏။ လီယွင်ကျန်းက စကားပင် မဆုံးလိုက်ပေ။ သူက ခေါင်းအသာခါကာ ပြောလိုက်သည်။

“မင်းက စာတွေ အများကြီး ဖတ်ထားတယ်ဆိုတာ အမှန်ပဲ။ ဒါပေမဲ့ မင်းက အာရုံမစိုက်ဘူး။ မင်းက အခုထိလည်း မကျင့်ကြံရသေးဘူး။ တကယ်လို့ မင်းရဲ့ လက်ကမ်းမမီတဲ့ အရာတွေကို နားလည်ဖို့ ကြိုးစားရင်း မင်းရဲ့ ယုံကြည်ချက်အပေါ် ထိုးနှက်မှု ဖြစ်လာလိမ့်မယ်”

“အို့” လီယွင်ကျန်း၏ မျက်နှာအထက် စိတ်ပျက်သွားသည့် အမူအရာမျိုး ပေါ်ထွက်လာသည်။

…

အခန်း (၈၅၅) ပထမဆုံးရွှေရောင်မွေးဖွားဇယားချပ်

လုကျိုးသည် လီယွင်ကျန်း၏မျက်နှာပေါ်ရှိ စိတ်အားထက်သန်နေသော အမူအရာကို မြင်သောအခါ သက်ပြင်းချလိုက်သည်။ ပြီးနောက် သူက ပြောလိုက်၏။

“မင်းအစောတုန်းက ပြောတဲ့ ရှေးစာအုပ်တွေကို ငါအချိန်ရှိတဲ့အခါ ကြည့်လိုက်မယ်”

လီယွင်ကျန်းက ခေါင်းညိတ်လိုက်သည်။

လုကျိုးက ဆက်ပြော၏။

“မွေးဖွားဇယားချပ်အကြောင်း မင်းပြောသွားတာတွေက မတိကျမှုတချို့ရှိနေတယ်၊ ဥပမာအနေနဲ့ ကျင့်ကြံသူတစ်ယောက်က အသက်သွင်းနိုင်တဲ့ မွေးဖွားဇယားချပ်အရေအတွက်က အများဆုံး ဆယ့်နှစ်ခုဝန်းကျင်ဆိုတာ မတိကျဘူး”

“တကယ်လား” လီယွင်ကျန်းသည် တအံ့တဩ ထုတ်ပြောလိုက်လေသည်။ သူသည် ဒဏ္ဍာရီပုံပြင်များကို နားထောင်ရတာ နှစ်ခြိုက်သော ကလေးတစ်ယောက်ပမာ ဖြစ်နေ၏။ သူသည် အသိပညာအသစ်များ ရရှိခြင်းကို အမြဲတစေ စိတ်လှုပ်ရှားနေခဲ့သည်။

“လူတစ်ယောက်က မွေးဖွားဇယားချပ်ကို အကြိမ်မည်မျှ ဘယ်လောက်အသက်သွင်းနိုင်မလဲဆိုတာ မသေချာဘူး၊ ဒါပေမဲ့ ဆယ့်နှစ်ခုထက် ပိုတာတော့ ကျိန်းသေတယ်” လုကျိုးက မုတ်ဆိတ်သပ်လျက် ပြောလိုက်သည်။

“မွေးဖွားနန်းဆောင်က ကြာပွင့်ရဲ့ဗဟိုကို ရည်ညွှန်းတာ ဖြစ်ပြီး မွေးဖွားဇယားချပ်တွေက မွေးဖွားနန်းဆောင်ထဲမှာ ရှိတယ်၊ မွေးဖွားဇယားချပ်တွေရဲ့နေရာကလည်း သူတို့ကိုယ်ပိုင်စည်းမျဉ်း ရှိလောက်တယ်၊ မွေးဖွားဇယားချပ်တစ်ခုက ကျင့်ကြံသူတစ်ယောက်ကို မတူညီတဲ့စွမ်းရည် ပေးနိုင်တယ်”

လုကျိုးက ဆက်ပြောလိုက်သည်။

“ဥပမာအနေနဲ့ ခုခံခြင်းမွေးဖွားဇယားချပ်တွေက လူတစ်ယောက်ရဲ့ခုခံမှုကို မြှင့်တင်ပေးနိုင်ပြီး တိုက်ခိုက်ရေးမွေးဖွားဇယားချပ်တွေက လူတစ်ယောက်ရဲ့ တိုက်ခိုက်မှုကို မြှင့်တင်ပေးနိုင်တယ်၊ မွေးဖွားဇယားချပ်အားလုံးက ဒီလိုမျိုးပဲ၊ မင်းနားလည်လား”

အတိတ်တုန်းက လီယွင်ကျန်းသည် ဗဟုသုတရရန်အတွက် စာအုပ်များသာ ဖတ်ရှုနိုင်ခဲ့သည်။ ထို့အပြင် သူ့ကိုယ်သူအားကိုးရသောကြောင့် သူသိ,မသိ အသိပညာများက ဝေဝေဝါးဝါးဖြစ်နေသည်။ ယခု ဆရာဘိုးဘိုး၏ လမ်းညွှန်မှုရရှိထားသောကြောင့် သူသည် လုကျိုး၏စကားကို သံသယမဖြစ်ပေ။ သူက လေးနက်တည်ကြည်စွာခေါင်းညိတ်လျက် ပြောလိုက်၏။

“ကျွန်တော်နားလည်ပါပြီ၊ မြေးတပည့်လည်း မေးစရာမေးခွန်းရှိပါသေးတယ်”

“ပြော”

လုကျိုးသည် ကျီထျန်းတောက်၏မှတ်ဉာဏ်မှ အတွေ့အကြုံနှစ်တစ်ထောင်ကို ပိုင်ဆိုင်ထားသော်ငြား သူမသိသည့် ကိစ္စများ ရှိသည်။ သူသည် မွေးဖွားဇယားချပ်အကြောင်း တကယ်မသိပေ။ သူ၏အတွေ့အကြုံနှင့် လီယွင်ကျန်း၏ ဗဟုသုတတချို့အပေါ် အခြေခံပြီး အခုမှသိတာဖြစ်သည်။

“ဆရာဘိုးဘိုး ယွီချန်းရှုကို အနိုင်ယူနိုင်စွမ်းရှိလား” လီယွင်ကျန်းသည် လုကျိုးကို ပြူးကျယ်တောက်ပသော မျက်လုံးများဖြင့် ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။

ယင်းက အရင်တုန်းက အတွေ့အကြုံနည်းပါးသည့် ရှောင်ယွမ်အာကို လုကျိုးအား အမှတ်ရသွားစေသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူ့မှာ ယခင်ကကဲ့သို့ မိန်းမငယ်လေး မဟုတ်တော့ပေ။

သို့သော် ဧကရာဇ်သည် ကလေးကဲ့သို့ အပြစ်ကင်းနေသေးဆဲဖြစ်သည်။

လုကျိုးက ရိုးရိုးသားသားဖြေလိုက်၏။

“ငါသူ့ကို သတ်ပြီးပြီ”

“…”

လီယွင်ကျန်းက ထိတ်လန့်သွားလေ၏။ ပြီးနောက် သူ၏မျက်နှာပေါ်တွင် မယုံနိုင်သည့် အမူအရာပေါ်လာကာ သူ့ဘာသာသူ တွေးလိုက်သည်။

ခင်ဗျားရဲ့ ဂုဏ်သတင်းနဲ့ ဂုဏ်သိက္ခာကို ဂရုစိုက်တာ ကျုပ်နားလည်နိုင်ပါတယ်၊ ပြီးတော့ တစ်ခါတစ်လေ ကြွားချင်တာကိုလည်း နားလည်နိုင်ပါရဲ့။

“မင်းငါ့ကို မယုံဘူးလား”

လီယွင်ကျန်းက ခေါင်းခါလျက် အမြန်ပြောလိုက်သည်။

“မဟုတ်ဘူး မဟုတ်ပါဘူး ယုံပါတယ်”

နှစ်ယောက်သားက သဟဇာတကျကျ စကားပြောနေစဉ် နျဲ့ချင်းယွင်၏အသံသည် အပြင်ကနေ ပေါ်ထွက်လာ၏။

“လုချန်ပေ့ မွေးဖွားဇယားချပ်အကြောင်း ရှေးစာအုပ်တချို့ ရှာတွေ့ထားပါတယ်”

“ဝင်လာခဲ့”

အခန်းထဲ ဝင်လာပြီးနောက် နျဲ့ချင်းယွင်သည် လုကျိုးရှေ့သို့ ရှေးဟောင်းစာအုပ်တချို့ကို ထားပေးပြီး တလေးတစား ပြောလိုက်၏။

“ကျွန်တော့်ရဲ့တပည့်ကို စာကြည့်တိုက်ထဲ ရှာဖွေခိုင်းပြီးပါပြီ၊ ဒါက သူတို့ရှာတွေ့တဲ့စာအုပ်တွေပါပဲ၊ သူတို့ကို ရှာဖို့မလွယ်ကူဘူး”

“သိပ်ကောင်းတယ်” လုကျိုးသည် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

လီယွင်ကျန်းသည် ရှေးဟောင်းစာအုပ်များကို အကြိမ်အနည်းငယ် ဖျတ်ခနဲကြည့်ပြီးနောက် ပြောလိုက်သည်။

“ဆရာဘိုးဘိုး ဒါကို အစောတုန်းက ကျွန်တော် ပြောခဲ့ပါတယ်၊ မွေးဖွားဇယားချပ်အကြောင်း အချက်အလက်တစ်ဝက်က အဓိပ္ပာယ် မရှိတာတွေပဲ၊ ဆရာဘိုးဘိုး ပြောသလိုမျိုး လူတစ်ယောက်က အသက်သွင်းနိုင်တဲ့ မွေးဖွားဇယားချပ်အရေအတွက်က မတိကျဘူး၊ တိကျတာ တစ်ခုနှစ်ခုလောက်ပဲ ရှိတယ်”

“မင်းပြီးပြီလား” လုကျိုးသည် လီယွင်ကျန်းကို မျက်နှာသေဖြင့် စိုက်ကြည့်လိုက်၏။

လုကျိုးက လီယွင်ကျန်းကို မျက်တောင်မခတ်ကြည့်နေသည်။

“…”

လီယွင်ကျန်းက မျက်နှာပေါ်တွင် အနေခက်သောအမူအရာဖြင့် မဝံ့မရဲ ပြုံးလိုက်သည်။ သူက ပညာရှင်တစ်ယောက်ရှေ့၌ ကြွားလုံးထုတ်မိမှန်း သဘောပေါက်သွား၏။

နောက်ဆုံးတွင် လုကျိုးက ပြောလိုက်တော့၏။

“ဘာကိစ္စမှမရှိရင် မင်းထွက်သွားလို့ရပြီ”

“ဟုတ်ကဲ့”

နျဲ့ချင်းယွင်နှင့် လီယွင်ကျန်းက အတူထွက်သွားတော့သည်။ ထိုစဉ် လုကျိုးက သူရှေ့ရှိ ရှေးစာအုပ်ပုံကို ကြည့်လိုက်သည်။ သူသည် ထိုစာအုပ်များကို ဖတ်ချင်၏။ ကျင့်ကြံခြင်းနှင့် ပတ်သတ်လျှင် လျစ်လျူမရှုထားနိုင်ပေ။ ထို့အပြင် လီယွင်ကျန်းက ငယ်ရွယ်၏။ သူက ကောင်းစွာ ဖတ်ရှုထားခဲ့လျှင်တောင် အမှားတချို့ရှိလောက်သည်။

အဆုံးကျ လုကျိုးသည် ရှေးဟောင်းစာအုပ်နှစ်အုပ်ကို ဖတ်ရန် အချိန်တစ်နာရီခန့် သုံးခဲ့သည်။

သူသိထားသည့်အရာနှင့် လီယွင်ကျန်းပြောခဲ့သည့် အရာများနှင့်ယှဉ်လျှင် စာအုပ်ထဲရှိ မွေးဖွားဇယားချပ်အကြောင်း သတင်းအချက်အလက်က ပိုပြီးနားလည်သဘောပေါက်စေပုံပေါ်၏။

လုကျိုးသည် သူ့ဘာသာသူ ရေရွတ်ပြောလိုက်တော့သည်။

“မွေးဖွားဇယားချပ်ရဲ့ အစဉ်က အတိအကျမဟုတ်ဘူး၊ နေရာကိုရွေးချယ်တာ အကောင်းဆုံးပဲ၊ မဟုတ်ရင် မွေးဖွားစက်ဝန်းပြားက အသက်နှလုံးသားရဲ့စွမ်းရည်ပေါ် မူတည်နေတယ်၊ မွေးဖွားဇယားချပ်တွေကို အမျိုးအစားသုံးမျိုး ခွဲနိုင်တယ်၊ ကောင်းကင်၊ မြေကြီးနဲ့ လူသား အသက်ဓတ်နှလုံးသားကို ကြယ်ကလောင်မျဉ်းဖြောင့်နဲ့ ဓားနေရာထဲ စိုက်သွင်းလို့ရတယ်”

“ဥပမာအနေနဲ့ မွေးဖွားနန်းဆောင်ထဲမှာ သတ်ဖြတ်ခြင်းနည်းခုနှစ်ရဲ့ နေရာထဲမှာ တိုက်ခိုက်ရေးစွမ်းအားနဲ့ အသက်ဓာတ်နှလုံးသားကို ထည်သွင်းရင်အကောင်းဆုံးပဲ”

စာအုပ်ထဲတွင် နေရာခြောက်ခု သို့မဟုတ် မွေးဖွားနန်းဆောင်ထဲရှိ မွေးဖွားစက်ဝန်းပြားတို့ ပါရှိသည်။ ထိုနေရာခြောက်ခုတွင် ထည့်မြုပ်နန် သင့်တော်သည့် အသက်ဓာတ်နှလုံးသား အမျိုးအစားများပါဝင်သည်။

တကယ်ပင် အချက်အလက်က အလွန်အကန့်ရှိသည်။

လုကျိုးသည် သူ့ကို လုလီပေးသည့်အဝတ်အစားကိုသယ်လာရာ စာအုပ်ထဲတွင် မွေးဖွားစက်ဝန်းပြား ခြောက်ခုက ထည့်ပြောထားသည့်အရာသည် ထိုအဝတ်အပိုင်းအစဖြစ်နေကြောင်း သိလိုက်ရသည်။

လုကျိုးက တအံ့တဩပြောလိုက်သည်။

“ဆိုလိုတာက ဒီပုံစံထဲက သုံးဆယ့်ခြောက်မှတ်က မွေးဖွားနန်းဆောင်ရဲ့ ပြီးပြည့်စုံတဲ့တည်နေရာတွေကို ကိုယ်စားပြုတာလား”

မည်သည့်နည်းနှင့်မဆို လုကျိုးသည် မွေးဖွားဇယားချပ်သားရဲတစ်ကောင်၏ အသက်ဓာတ်နှလုံးသားကလည်း မွေးဖွားဇယားချပ်ကို ခေါ်နိုင်ကြောင်း အတည်ပြုလိုက်ပြီဖြစ်သည်။ မွေးဖွားဇယားချပ်နှလုံးသားကလည်း မွေးဖွားနန်းဆောင်ထဲရှိ မွေးဖွားစက်ဝန်းများထဲတွင် မြုပ်နှံနိုင်ကြောင်းလည်း အတည်ပြုလိုက်၏။ မသင့်တော်သော မွေးဖွားစက်ဝန်းပြားထဲတွင် မြုပ်နှံခဲ့လျှင် အသက်ဓာတ်နှလုံးသား၏ စွမ်းရည်ကို ရရှိမှာ မဟုတ်ပေ။

လုကျိုးသည် စာအုပ်များချကာ သူ့ရှေ့ရှိ မွေးဖွားဇယားချပ်မြေပုံကို လေ့လာလိုက်သည်။ ပြီးနောက်သူက လက်ဖြန့်လိုက်တော့၏။

ဘီး

ဒုက္ခမာန်တစ်ရာရှုခင်း စိတ်ဝိညာဉ်သဏ္ဌာန်သည် လုကျိုးရှေ့၌ ပေါ်လာသည်။ သူသည် စိတ်ဝိညာဉ်သဏ္ဌာန်၏အရွယ်အစားကို ထုတ်နိုင်သမျှ ချဲ့လိုက်၏။ ပြီးနောက် သူသည် စိတ်ဝိညာဉ်သဏ္ဌာန်ကို သူ့ရှေ့ရှိ ကြာပန်းထိရောက်အောင် ရွေ့လိုက်သည်။ သူသည် ကြာပန်း၏အလယ်ကို ကြည့်လိုက်ရာ ပွင့်ချပ်ဆယ်လွှာက စားပွဲဝိုင်းတစ်ခုကို ဝန်းရံနေသည့်ပမာဖြစ်နေ၏။ ထိုစဉ် ကြာပန်း၏အလယ်ဖြစ်စေ၊ ကြာပလ္လင်ဖြစ်စေ အားလုံးက ရှင်းလင်းနေသည်။

လုကျိုးက သူ့စိတ်ထဲ၌ ပေါ်လာသည့်အတွေးတစ်ချက်ကြောင့် မျက်မှောင်ကြုတ်မိသွားသည်။ မွေးဖွားနန်းဆောင်နှင့် မွေးဖွားစက်ဝန်းပြားက ကြာပလ္လင်ထဲတွင် ရှိခဲ့လျှင် ယွီရှန်းရုန်က နောက်ကျမည်သို့ ပြုလုပ်မည်နည်း။

“…”

လုကျိုးသည် သူ့တပည့်ကို ထိခိုက်စေခဲ့မိသည်ဟု ခံစားလိုက်ရသည်။

ယွီရှန်းရုန်သည် သူ့ဘာသာသူ ရွှေကြာဖြတ်တောက်ပြီး လုကျိုးနှင့် ဘာမှမဆိုင်လျှင်တောင် ကျူးဟုန်ကုန်း၊ ကျောင်းယွဲ့၊ တွမ့်မူရှန်းနှင့် အကြီးအကဲလေးယောက်က မည်သို့ဖြစ်မည်နည်း။ သူသည် ထိုလူများကို သူတို့ကြာပွင့်များ ဖြတ်တောက်ရန် ဦးဆောင်ခဲ့မိသည်။

ရွှေကြာနယ်မြေမှလွဲလျှင် အခြားနေရာ၌ သူတို့ကြာပွင့်များကို ဖြတ်တောက်သည့် ကျင့်ကြံသူမရှိလောက်ပေ။

လုကျိုးသည် ခေါင်းခါလျက် သူ့စိတ်ထဲရှိ မလျော်ကန်သောအတွေးများကို ဖယ်ရှားလိုက်သည်။ သူ၏အကြည့်က ကြာပလ္လင်ဆီ ရောက်သွား၏။

သူ၏စိတ်ဝိညာဉ်သဏ္ဌာန်က ရှေ့သို့မျက်နှာမူနေပြီး မွေးဖွားနန်းဆောင်သည် နေရာတွင်ရှိကြောင်း အတည်ပြုပြီးနောက် လုကျိုးသည် မွေးဖွားဇယားချပ်မြေပုံကိုကြည့်ပြီး ၎င်းကို ကြာပလ္လင်နှင့်ယှဉ်လိုက်သည်။ သူသည် သူ့ဘာသာသူ ရေရွတ်ပြောလိုက်၏။

“ကြယ်မျဉ်းတန်းကလောင်နဲ့ဓားက ဒီမှာ”

ပြီးနောက်သူသည် ယုံ၏အသက်ဓာတ်နှလုံးသားကို ထုတ်လိုက်၏။ သူသည် အသက်ပြင်းပြင်းရှုသွင်းပြီးနောက် အသက်ဓာတ်နှလုံးသားကို ကြာပလ္လင်ပေါ်တွင် ထားလိုက်သည်။ ၎င်းသည် ရွှေရောင်အရည်ပင်လယ်ထဲ၌ မှော်ပစ္စည်းတစ်ခု မျောလွင့်နေသည့်ပမာ ကြာပလ္လင်ပေါ် ပြုတ်ကျသွား၏။

အသက်ဓာတ်နှလုံးသားသည် ကြာပလ္လင်ကို ထိသွားသည်နှင့် ကြာပလ္လင်၏မျက်နှာပြင်ပေါ်တွင် ဗဟုဂံသဏ္ဌာန်ဆိုတာ သိသာ၏။

လေထဲတွင် မြည်ဟီးသံတစ်သံပေါ်လာပြီး ကြာပလ္လင်က စတင်လှည့်ပတ်လာတော့သည်။ တစ်ချိန်တည်းတွင် အသက်ဓာတ်နှလုံးသားထဲမှ စွမ်းအင်များထွက်လာပြီး ကြာပလ္လင်ထဲ တိုးဝင်သွား၏။

ကြာပလ္လင်သည် ယုံ၏အသက်ဓာတ်နှလုံးသားမှ သက်တမ်းကို စုပ်ယူနေပြီး အသက်စွမ်းအင်အားလုံးကို ဆွဲသွင်းနေသည့်လေပွေတစ်ခုနှင့် တူနေတော့သည်။

လုကျိုးသည် ထိုမြင်ကွင်းကို မျက်တောင်မခတ်ကြည့်နေပြီး သူ၏စိတ်နှလုံးထဲ မွှေနှောက်ခံလိုက်ရတော့သည်။

“ဒါကမွေးဖွားဇယားချပ်ကို အသက်သွင်းတာလား”

လုကျိုးမှန်းဆထားသကဲ့သို့ မခက်ခဲပေ။ မွေးဖွားဇယားချပ်ကို အသက်သွင်းရသည့်ဖြစ်စဉ်က မရှုပ်ထွေးတာမှန်ပေ၏။ ခက်ခဲသည့်အပိုင်းက မွေးဖွားဇယားချပ်သားရဲတစ်ကောင်ကို ရှာပြီး ၎င်းကိုအနိုင်ယူကာ ၎င်း၏အသက်ဓာတ်နှလုံးသားကို ရယူတာပဲဖြစ်သည်။

ကြာပလ္လင်သည် တိုးမြင့်လာသောအရှိန်ဖြင့် ဆက်လက်လှည့်ပတ်နေသည်။ ထိုစဉ် လေပွေက ရွှေရောင်အလင်းထုတ်ဖော်နေလျက် ၎င်းသည် အသက်ဓာတ်နှလုံးသားမှ သက်တမ်းကို ဆက်လက်စုပ်ယူနေ၏။

မကြာမီ၌ အသက်ဓာတ်နှလုံးသားသည် စတင်ကျုံ့လာတော့သည်။ ရေခဲတုံး အရည်ပျော်နေသည့်အတိုင်းပင် တစ်ဖက်တွင်မူ အစောတုန်းက ပေါ်လာသည့်ပုံသဏ္ဌာန်က ပြောင်းလဲသွားခြင်း မရှိပေ။

သက်တမ်း ၁၅၀၀၊ အဲဒီအစား ဒါကိုထောက်ပံ့ပေးဖို့ အကြောင်းပြန်လှန်ကတ်သုံးခဲ့ရင် အသက်ဓာတ်နှလုံးသားကို ချွေတာထားနိုင်မှာလား။

မည်သည့်နည်းနှင့်မဆို ယခုအတွက် ယင်းသည် အကြံတစ်ခုမျှသာဖြစ်သည်။ လုကျိုးသည် ၎င်းကိုကြိုးစားဖို့ အစီအစဉ်မရှိပေ။ ယခုအချိန်၌ သူ့တွင် အကြောင်းပြန်လှန်ကတ် မလုံလောက်ပေ။ သူသည် အသက်ဓာတ်နှလုံးသားကိုသာ သုံးနိုင်၏။

အချိန်မည်မျှ ကုန်ဆုံးသွားပြီမှန်း မသိပေ။

ထိုစဉ် အသက်ဓာတ်နှလုံးသားက အပြည့်အဝပျောက်ကွယ်သွားပြီး ရွှေကြာပလ္လင်ထဲ အရည်ပျော်သွားတော့သည်။ ကြာပလ္လင်ကလည်း လှည့်ပတ်နေတာ ရပ်သွား၏။

လုကျိုးသည် ကြာပလ္လင်ကို လေ့လာလိုက်သည်။ အစောတုန်းက အသက်ဓာတ်နှလုံးသားရှိခဲ့သည့်နေရာက ပြည့်သွားပုံပေါ်၏။ ကြာပလ္လင်ထဲရှိ ဗဟုဂံပုံသဏ္ဌာန်ကလည်း ရံဖန်ရံခါ လင်းနေသည်။

ယင်းက သူ့ကို လုလီ၏မွေးဖွားဇယားချပ်ကို အမှတ်ရသွားစေသည်။ တစ်ခုတည်းသော ကွာဟချက်က လုကျိုး၏မွေးဖွားဇယားချပ်က ရွှေရောင်ဖြစ်နေသည်။

“ဒီတော့ ငါက ငါ့ရဲ့ရွှေရောင်မွေးဖွားဇယားချပ်ကို အောင်အောင်မြင်မြင် အသက်သွင်းလိုက်တာလား”

All Chapters