← Chapters

အခန်း (၈၅၉-၈၆၁)

Vol. 58 Ch. 859-861

အခန်း (၈၅၉-၈၆၁)

Vol. 58 Ch. 859-861

အခန်း (၈၅၉) ထန်ခမ်း၏ မင်္ဂလာရှိစွာ ရောက်ရှိလာမှု

မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်များနှင့် အကြီးအကဲလေးယောက်လုံးက ထရပ်ပြီး စီးဝူယာ့ကို ကြည့်လိုက်၏။

စီးဝူယာ့က တွေဝေမနေပဲ ခေါင်းညိတ်လိုက်တော့သည်။

“ငါကန့်ကွက်တယ်”

မင်ရှစ်ရင်က အရင်ဆုံးလက်မြှောက်လိုက်သူဖြစ်သည်။

“စစ်ရှစ်ရှိုး ရှစ်ရှိုးပဲ ကျွန်တော့်ကို ဆုံးဖြတ်ချက်ချစေချင်တယ်လို့ ပြောခဲ့တာ၊ ဒါပေမဲ့ အခုကျ”

စီးဝူယာ့က မျက်မှောင်ကြုတ်လိုက်၏။

“အခုနက အခုနပဲ၊ အခုက အခု”

မင်ရှစ်ရင်က ပြောလိုက်သည်။

“လက်ရှိအခြေအနေအရ အနီရောင်ကြာက ခံတပ်ကို ထိန်းထားဖို့ ပွင့်ချပ်ဆယ်လွှာရှိတယ်၊ သူတို့အားလုံးရှုပ်ထွေးနေတာ၊ ငါတို့မှာ ပွင့်ချပ်ကိုးလွှာပဲရှိတယ်၊ ငါတို့တွေ မလုံခြုံဘူး၊ အနီရောင်ကြာက ကျူးကျော်ဖို့ အခွင့်အရေးယူခဲ့ရင် ငါတို့အပြီးသတ်သွားမှာမလား၊ ငါတို့တွေ ရှစ်စွင်းပြန်လာတဲ့အထိ တာ့ရန်ကို စောင့်ကြပ်နေသင့်တယ်၊ ဒါက ဘုရင့်ရဲ့နည်းလမ်းပဲ”

“ရှစ်စွင်းအတွက် စိတ်ပူစရာမလိုအပ်ဘူး၊ မင်းတို့အားလုံး တစ်ခုခုဖြစ်သွားရင်တောင် ရှစ်စွင်းက ဘာမှဖြစ်မှာမဟုတ်ဘူး”

“ရှစ်ရှိုးရဲ့ စိုးရိမ်ပူပန်မှုက မလိုအပ်ဘူး၊ ရှစ်စွင်းက အနီရောင်ကြာမှာ ခြေကုပ်ယူနေပြီးပြီ၊ အနီရောင်ကြာက ထပ်ပြီးမကျူးကျော်ရဲတော့ဘူး၊ ဒါ့အပြင် လျှိုရှစ်ကျန်းနဲ့ ချန်ဟွမ်းတို့က စောင့်ကြပ်နေတာကြောင့် ပွင့်ချပ်ဆယ်လွှာက ကိုယ်တိုင်ရောက်လာနိုင်ရင်တောင် သူက ချန်ဟွမ်းရဲ့ ပြိုင်ဘက်ဖြစ်မှာမဟုတ်ဘူး”

“ချန်ဟွမ်းကို လေ့လာပြီးပြီ၊ သူက ကုစားနေသေးတုန်းပဲ၊ သူက တာ့ယန်ကို ပထမဆုံးလာချိန်ကထက် နှစ်ဆပိုသန်မာနေပြီ”

“ဒဿမသခင်လေးပြောတာမှန်တယ်၊ ကျုပ်တို့တွေ အနီရောင်ကြာနယ်မြေကို သွားမယ်ဆိုရင် ကျုပ်သွားချင်ပါတယ်” ဖန်လီထန်းက ပြောလိုက်၏။

“ငါ့ကို ဘယ်လိုလုပ် ချန်ခဲ့နိုင်မှာလဲ”

ဟွား၀ူတောက်က သူတို့သုံးယောက်ကို တစ်ချက်ကြည့်ပြီးနောက် အနေခက်စွာပြောလိုက်၏။

“ဒါဆိုကျုပ်လည်း ချန်ပေ့တို့နဲ့သွားမယ်”

“အားလုံးကြိုးစားရမယ်၊ ပွင့်ချပ်ကိုးလွှာက ဝင်ခွင့်ရဖို့ နောက်ဆုံးပဲ၊ မိန်းကလေး ယွဲ့ရှင်းက လိုက်မှီတော့မယ်” ကျော့ယွီရှုက သူ့ကိုကြည့်ပြီးပြောလိုက်၏။

ဟွား၀ူတောက်၏ မျက်နှာအိုကြီးက နီမြန်းသွားတော့သည်။

“သေချာတာပေါ့၊ သေချာတာပေါ့”

စီးဝူယာက တွမ့်မူရှန်းကို ကြည့်ပြီးပြောလိုက်လေ၏။

“စန်းရှစ်ရှိုး”

တွမ့်မူရှန်းက နတ်ရှင်လှံကို ပွတ်သပ်ပြီး အသက်ရှုထုတ်ကာ ပြောလိုက်လေ၏။

“မင်းသဘောပဲ”

ဝတ်စုံဖြူ ဝတ်ထားသော ယဲ့ထျန်းရှင်းက အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်လေ၏။

“ရှစ်တိရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်တယ်”

ကျုးဟုန်ကုန်းသည်လည်း ခုံကနေ အမြန်ထပြီး မျက်လုံးပွတ်လိုက်၏။

“ချီရှစ်ရှိုး ကျွန်တော့်ကို ခေါ်လိုက်တာလား”

မင်ရှစ်ရင်က လက်ဝှေ့ရမ်းလျက် ပြောလိုက်တော့သည်။

“မင်းတို့အားလုံးသွား၊ မိစ္ဆာဝေဟင်မျှော်နန်းမှာ ငါတစ်ယောက်တည်းနေလိုက်မယ်၊ လူထူးလူဆန်းတစ်သိုက် သူတို့တွေက မဟာမီးတောက်ထဲမှာ နေနေကြပြီး အိပ်ပြီး စားသောက်ပြီးရင် နိုးလာ၊ နေ့စဉ်နေ့တိုင်း ခွေးပဲကျောင်းထွက်ပေးနေတာ၊ သူတို့ဇိမ်ကျလွန်းနေတာမလား”

ထိုစဉ် တောင်ပိုင်းမျှော်နန်းအပြင်ဘက်ကနေ အသံတစ်သံထွက်လာ၏။

လူတိုင်းသည် အသံလာရာဘက်ကို ကြည့်လိုက်၏။

“ကျန်းအိုက်ကျန့်လား”

စီးဝူယာ့သည် ထိုလူကို ဇဝေဇဝါကြည့်လိုက်၏။

ကျန်းအိုက်ကျန့်က ခေါင်းညိတ်လျက် ဦးညွှတ်ကာ မျက်နှာချိုသွေးသော အပြုံးဖြင့် တောင်ဘက်မျှော်နန်းဆီသို့ လျှောက်လာ၏။

“မင်္ဂလာပါ မတွေ့ရတာ ကြာပြီနော်၊ မင်္ဂလာပါ ဆဋ္ဌမသခင်မလေး အရင်ကထက်တောင် ပိုလှလာသေးတယ်၊ အဋ္ဌမသခင်လေးကလည်း ပိုပိုပြီး ကျက်သရေရှိလာတယ်၊ စတုတ္ထသခင်လေးက”

ဝုတ် ဝုတ် ဝုတ် ဝူး

“သေစမ်း ဒီခွေးက ဘယ်ကနေ ရောက်လာတာလဲ” ကျန်းအိုက်ကျန့်က ဖျတ်ခနဲ လှုပ်ရှားလျက် တောင်ဘက်မျှော်နန်းကနေ ထွက်သွားတော့သည်။ မင်ရှစ်ရင်သည် ချုံးချီကို ပွတ်သပ်လျက် ပြောလိုက်၏။

“ငြိမ်ငြိမ်နေ”

ချုံးချီက မြေပြင်ပေါ်တွင် ဆက်လက်လှဲနေလျက် အိပ်ပျော်သွားတော့သည်။

ခဏအကြာတွင် ကျန်းအိုက်ကျန့်သည် အပြင်ကနေ ပြန်ရောက်လာလျက် လူတိုင်းကို ထပ်နှုတ်ဆက်၏။ အားလုံးက ဆွံ့အသွားကြတော့သည်။

စီးဝူယာ့သည် ကျန်းအိုက်ကျန့်ကို ကြည့်ပြီး‌ပြောလိုက်တော့သည်။

“ဒီကို ဘာလို့ရောက်လာတာလဲ”

ကျန်းအိုက်ကျန့်သည် လိုအင်ကို တန်းပြောလိုက်၏။

“ပင်လယ်သားရဲတွေ ပိုများလာပြီ”

“ပင်လယ်သားရဲတွေလား” လူတိုင်းက ဇဝေဇဝါဖြစ်ကုန်၏။

“မြေပြင်ပေါ်က သားရဲတွေကို လူသားတွေက ဖယ်ရှားလိုက်ပြီ၊ ဒါပေမဲ့ ပင်လယ်ထဲက သားရဲတွေကို သုတ်သင်လို့ မရဘူး၊ ဖန့်လိုင်ကျွန်းကို လတ်တလောမှာ ပင်လယ်သားရဲတွေ အများကြီး တိုက်ခိုက်နေကြတယ်၊ ကံကောင်းပြီး ကျုပ်ရဲ့ရှစ်စွင်းက အဲဒီပင်လယ်သားရဲတွေကို ဖယ်ရှားနိုင်ခဲ့တာ”

“အနီရောင်ကြာနယ်မြေက ကောင်းကင်သိုင်းခုံရုံးက အဲဒီအကြောင်း သုတေသနလုပ်ထားတယ်၊ အဲဒါကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုရှိလောက်တယ်၊ ဒါမှမဟုတ် ပင်လယ်သားရဲတွေကို အတူတကွဖယ်ရှားဖို့ အနီရောင်ကြာနယ်မြေနဲ့ ပူးပေါင်းလို့ရလောက်တယ်” ကျန်းအိုက်ကျန့်သည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။

“သူတို့အားလုံးကို ကုန်းမြေပေါ် ရွေ့လိုက်လို့မရဘူးလား” ကျုးဟုန်ကုန်းသည် သံသယဖြင့် မေးလိုက်တော့သည်။

“ဒါက ယာယီဖြေရှင်းနည်းတစ်ခုပဲ၊ တချို့ပင်လယ်သားရဲတွေက ကုန်းပေါ်တက်လာလိမ့်မယ်”

ကျန်းအိုက်ကျန့်က ပြောလိုက်သည်။

“ပင်လယ်သားရဲတွေက ကုန်းတွင်းပိုင်းသားရဲတွေထက် ပိုသန်မာတယ်၊ ရွှေကြာနယ်မြေကို စောစောသွားခဲ့မယ်ဆိုရင် မင်းရဲ့ဉာဏ်ရည်နဲ့ဆို ကျိချန်ပေ့ကို ရွှေကြာနယ်မြေနဲ့ အနီရောင်ကြာနယ်မြေပူးပေါင်းဆောင်ရွက်အောင် ဖျောင်းဖျနိုင်လောက်မယ်”

စီးဝူယာ့က ထိုင်ချလျက် အတွေးနက်နေတော့သည်။

မင်ရှစ်ရင်ကလည်း မျက်မှောင်ကြုတ်ပြီးပြောလိုက်လေ၏။

“ဒီလိုဆိုရင် ငါတို့အခက်တွေ့တော့မှာ”

ပင်လယ်သားရဲများ၏ အရေအတွက်နှင့် ခွန်အားသည် လူသားများထက် သာလွန်ကြောင်း လူတိုင်းသိထားကြသည်။

“သတ္တမသခင်လေး ဆုံးဖြတ်ချက်ချလိုက်ပါ”

“ဟုတ်တယ် ဆုံးဖြတ်ချက်ချလိုက် ငါတို့အားလုံး မင်းကိုယုံတယ်”

လူတိုင်းသည် စီးဝူယာ့ကို ကြည့်နေကြသည်။

စီးဝူယာ့က ခေါင်းညိတ်ပြီး ထရပ်လိုက်၏။ သူက လက်သီးဆုပ်မိုးကာ အရိုအသေပေးလိုက်တော့သည်။

“အားလုံးပဲ ကျုပ်ကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

သူသည် စကားပြော ခဏရပ်လျက် ဆက်ပြောလိုက်သည်။

“တာ့ရန်က မိစ္ဆာဝေဟင်မျှော်နန်း မရှိလို့မရတာ မဟုတ်ဘူး၊ ကမ္ဘာကြီးက အခြေကျနေပြီဆိုပေမဲ့ လျှို့ရှစ်ကျဲနဲ့ ချန်ဝမ်းတို့က မိစ္ဆာဝေဟင်မျှော်နန်းကို စောင့်ကြပ်ဖို့ နေခဲ့ပေး၊ ရှစ်ကျဲကျောင်းယွမ်က ရှန်းတုကို စောင့်ကြပ်၊ ကျုပ်သူ့ဆီ စာပို့လိုက်မယ်၊ လျှို့ရှစ်ကျဲဘယ်လိုထင်လဲ”

လူတိုင်းသည် ခေါင်းညိတ်ပြီး ယဲ့ထျန်းရှင်းကို ကြည့်လိုက်၏။ ယဲ့ထျန်းရှင်းက ပြုံးပြီး ပြောလိုက်တော့သည်။

“ကောင်းပြီ၊ ငါနေခဲ့မယ်”

သူမ တကယ် ထွက်မသွားချင်ပေ။ ဆိုရလျှင် ချန်ဝမ်းက အဆုံးမဲ့သမုဒ္ဒရာကို မကျော်ဖြတ်နိုင်ပေ။ ရထားလုံးအလွတ်က ကြီးသော်ငြား ချန်ဝမ်းအရွယ်အစား၏ ငါးပုံတစ်ပုံတောင် မဆံ့ပေ။ သူမသည် ချန်းဝမ်းကို ချန်ထားပြီး အနီရောင်ကြာနယ်မြေကို သွားချင်စိတ်မရှိပေ။

“ကျိုးကျစ်ဖုန်းနဲ့ ဖန်ကျုံးရဲ့ ကျင့်ကြံဆင့်က နိမ့်သေးတယ်၊ သူတို့မိစ္ဆာဝေဟင်မျှော်နန်းထဲမှာနေပြီး ကောင်းကောင်းကျင့်ကြံကြ၊ မိန်းကလေး ယွဲ့ရှင်းက ပထမတန်းစား နတ်လေးရှင်ဖြစ်နေပြီ၊ မြို့ထဲမှာ စောင့်ကြပ်ပြီး နောက်မှာနေခဲ့သင့်တယ်၊ မင်းတို့သုံးယောက်မေးစရာရှိသေးလား”

သုံးယောက်က အရိုအသေပေးလိုက်၏။

“သတ္တမသခင်လေးရဲ့အမိန့်ကို နာခံပါ့မယ်”

“ကျန်တဲ့သူတွေက သုံးရက်အတွင်းစုဝေးပြီး အနီရောင်ကြာနယ်မြေကို သွားကြမယ်” စီးဝူယာ့က ပြောလိုက်လေ၏။

မင်ရှစ်ရင်က လက်ဖြန့်လျက် သက်ပြင်းချလိုက်သည်။

“ငါကတကယ် အလုပ်ကြိုးကြိုးစားစား လုပ်နိုင်တဲ့လူတစ်ယောက်ပဲ၊ ရှစ်စွင်းရဲ့ ဂုဏ်အယူရဆုံးနဲ့ အားအကိုးရဆုံးတပည့်တစ်ယောက်အနေနဲ့ တကယ်ကူကယ်ရာမဲ့မိတယ်”

မိစ္ဆာဝေဟင်မျှော်နန်း၏ တောင်ဘက်မျှော်နန်းပေါ်ရှိ ကောင်းကင်ကနေ အော်သံများကြားရသည်။

“မြန်မြန် မြန်မြန် ကြမ်းကြုတ်တဲ့သားရဲကြီး ကျူးကျော်လာပြီ၊ ဖြေရှင်းကြ”

ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းက ကောင်းကင်ထဲ ပျံသန်းနေပြီး ကြမ်းကြုတ်သောသားရဲကို ဆက်လက်တိုက်ခိုက်နေလေ၏။

ကြမ်းကြုတ်သောသားရဲက ဝက်တစ်ကောင်နှင့်တူသည်။ ၎င်းသည် ခြောက်ပေခန့်ရှည်ပြီး လေးပေခန့်မြင့်၏။ ၎င်းတစ်ခုလုံးက အစိမ်းရောင်သန်းနေသည့် ဧရာမနားရွက်တစ်ခုရှိသည်။ အစွယ်လေးချောင်းက ခံတွင်းထဲမှ ပြူထွက်နေ၏။ ယင်းသည် ဆင်စွယ်ကဲ့သို့ပင် အပြင်ဘက်တွင် ပေါ်နေ၏။

ယင်းက တစ်ဟီးဟီး မြည်ဟည်းလျက် လူနှစ်ယောက်၏တိုက်ကွက်ကို ရှောင်ရှားလိုက်သည်။

“ဝက်ဝံရိုင်းလေးကများ ရာရာစစ မိစ္ဆာဝေဟင်မျှော်နန်းထဲ ပြေးလာရဲတယ်ပေါ့၊ အသက်ရှင်ရတာ တကယ်ငြီးငွေ့နေတဲ့ပုံပဲ၊ သူ့ကို အပိုင်းပိုင်းဖြတ်ပြီးကင်စားပစ်မယ်”

ဖန်ကျုံးသည် သူ၏လက်ဝါးကို လေထဲပစ်ထုတ်လိုက်၏။ ယင်လက်ဝါးသုံးခုနှင့် ယန်လက်ဝါးခြောက်ခုသည် နေရာအနှံ့ပျံသန်းသွားပြီး ၎င်းကို ပြင်းထန်စွာထိမှန်သွား၏။

ဝက်ဝံကဲ့သို့ ကြမ်းကြုတ်သောသားရဲသည် အင်မတန်မြန်ဆန်သောအရှိန်ဖြင့် ရုတ်တရက်ကျလာ၏။

“အဋ္ဌမသခင်လေး မြန်မြန်ရှောင်”

ထိုစဉ် ကျူးဟုန်ကုန်းသည် အခန်းထဲမှ လျှောက်လာပြီး အကြောဆန့်ကာသန်းဝေလိုက်၏။

ကျုးဟုန်ကုန်း၏မျက်လုံးက ပြူးကျယ်သွားကာ ထိတ်လန့်သွားတော့သည်။

“ဘုရားရေ၊ သူဒီကိုဘယ်လိုလုပ်‌ရောက်လာတာလဲ၊ အရံအတားက စာရွက်နဲ့လုပ်ထားတာလား”

သူသည် ချက်ချင်းပင် သားရဲ၏တိုက်ခိုက်မှုကို ရှောင်ရှားရန်သူ၏မဟာစွမ်းအင်ကို အသုံးပြုလိုက်တော့သည်။

သားရဲက မြေပြင်ပေါ် ဆင်းသက်လိုက်၏။ ၎င်းသည် ကျုးဟုန်ကုန်းကို မာန်ဖီနေလျက် မြေပြင်ပေါ် ပြုတ်ကျသွားတော့သည်။

“တိရစ္ဆာန်ကောင် ရာရာစစ အဋ္ဌမသခင်လေးကို နာကျင်အောင် လုပ်ရဲတယ်လား၊ မင်းသေချင်နေတာပဲ”

ဖန်ကျုံးသည် လက်နှစ်ဖက်ဖြင့် အသက်ဓားသွားကို ကိုင်ဆောင်လိုက်ရာ စွမ်းအင်ဓားက ပေါက်ကွဲလာပြီးနောက် ဓားသွားစွမ်းအင်က ပေါက်ကွဲထွက်လာပြီး သားရဲ၏ကျောကို ပိုင်းဖြတ်လိုက်တော့သည်။

ထိုစဉ် ကြမ်းကြုတ်သောသားရဲ၏ကျောက အလင်းရောင်ခြည် ဖျတ်ခနဲ ပေါ်လာပြီး အသက်ဓားသွားကို လွင့်ထွက်သွားစေ၏။

ယင်းသည် ဖန်ကျုံး၏လက်ကို ထုံကျင်သွားစေတော့သည်။

ကျိုးကျစ်ဖုန်းနှင့် ဖန်ကျုံးနှစ်ယောက်လုံးက ကြမ်းကြုတ်သောသားရဲကို တအံ့တဩ ကြည့်လိုက်ကြသည်။

ကြမ်းကြုတ်သောသားရဲ၏ကျောပေါ်၌ အမာရွတ်ဖြူတစ်ခုသာ ပေါ်လာတော့သည်။

ချက်ချင်းပင် ၎င်းက ကျုးဟုန်ကုန်းဆီသို့ တိုးဝင်သွား၏။ မြေပြင်ပေါ်တွင် ခြေလက်လေးဘက် ထောက်ထားလျက် အသံထွက်နေတော့သည်။ ကျူးဟုန်ကုန်းက အံ့ဩဆွံ့အသွား၏။

ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းကလည်း ဇဝေဇဝါဖြစ်သွားတော့သည်။

“မင်းဘာကို ဆိုလိုတာလဲ၊ ဒီသားရဲက မိစ္ဆာဝေဟင်မျှော်နန်းကို ပျက်ရယ်ပြုနေတာလား”

ဖန်ကျုံးက လက်မခံပေ။ သူက လက်ဆန့်ထုတ်လိုက်ရာ အသက်ဓားသွားက ပြန်ရောက်လာသည်။

စီးဝူယာ့က သူ၏လက်ထဲတွင် ဒေါင်းမြီးတောင်ပံကို ကိုင်ထားလိုက်ပြီး ကြော့ရှင်းစွာ လျှောက်လာလေ၏။

သူက ကြမ်းကြုတ်သောသားရဲကို သိမ်းကြုံးကြည့်ပြီးပြောလိုက်၏။

“ဒီသားရဲကို ထန်ခမ်းလို့ခေါ်တယ်၊ အဲဒါက ကောင်းကင်က မင်္ဂလာအရိပ်အယောင်ပဲ၊ ရှေးစာအုပ်တွေထဲမှာ မှတ်တမ်းတင်ထားတဲ့ ပထမတန်းစား ကြမ်းကြုတ်သောသားရဲပဲ၊ ထန်ခမ်းကိုယ်တိုင် အဲဒီနေရာကို ရောက်လာရင် အဲဒါက ကမ္ဘာကြီးကို နေရာကောင်းတစ်ခု ဖြစ်စေတယ်၊ စီးတော်သားရဲအနေနဲ့ သုံးဖို့က အလွန်သင့်တော်တာ”

ကျူးဟုန်ကုန်းသည် တံတွေးမျိုချလျက် အမြန်လျှောက်လာကာ ပြောလိုက်တော့သည်။

“ချီရှစ်ရှိုး ဒီဟာက ကင်စားဖို့ ပိုသင့်တော်တယ်လို့ ဘာလို့ခံစားမိနေတာပါလိမ့်”

စီးဝူယာ့က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်တော့သည်။

“မင်းက ဘာမှကောင်းတာမရှိဘူးပဲ၊ ဘယ်ဒဏ္ဍာရီလာသားရဲမဆို အနည်းနဲ့အများတော့ ကံကြမ္မာ ကြိုသတ်မှတ်ပြီးသား၊ ဒီသားရဲက မင်းနဲ့ကိုက်ညီတဲ့ပုံပဲ၊ မင်းသူ့ကို ယဉ်ပါးအောင်လုပ်လိုက်”

“လုပ်ပါ ချီရှစ်ရှိုးရာ သူ့ကို ဖုတ်စားလိုက်ရင် ပိုကောင်းမယ်ထင်တယ်”

ကျုးဟုန်ကုန်းသည် ထန်ခမ်းကိုကြည့်ပြီး သွားရည်ကျသွားတော့သည်။

…

အခန်း (၈၆၀) ကောင်းကင်သိုင်းခုံရုံးဆီ သွားရောက်ခြင်း

ထန်ခမ်းက တောဝက်ရိုင်းတစ်ကောင်လိုမျိုး အော်ညည်းလိုက်သည်။ ထိုအရာက မင်္ဂလာကောင်းချီး သားရဲဟု တွေးကြည့်ဖို့ရာ ခက်ခဲလှ၏။

စီးဝူယာ့က ပြောလိုက်သည်။

“ဒါက အကာအရံကို အလွယ်တကူ ချိုးဖောက်ဝင်ရောက်နိုင်တယ်ဆိုတော့ အင်အားကို ပြနေတာပဲ။ ပြီးတော့ ဖန်ကျုံးရဲ့ အသက်ဓားသွားကိုလည်း ထိခိုက်မှုမရှိ တားဆီးနိုင်တယ်။ သူ့ကာကွယ်နိုင်စွမ်းက နတ်ဝိညာဥ်ဝဋ်ကြွေးချေအဆင့် ကျင့်ကြံသူတွေထက် သာလွန်နေတယ်။ ဒီအရာရဲ့ ရုပ်ခန္ဓာအရ ဆယ်ကျော်သက်လောက်ပဲ ရှိအုံးမယ်။ သူ့ကို ကင်ပြီး စားချင်တာ သေချာရဲ့လား”

ကျူးဟုန်ကုန်းက သူ့ခေါင်းကို ကုတ်ကာ မြေပြင်ပေါ် လဲလျောင်းနေသည့် ထန်ခမ်းကို ကြည့်လိုက်သည်။ ထိုအရာက တောဝက်ရိုင်းနှင့် တူသော်လည်း အသက်ဓာတ် ဓားသွားကို အမှန်တကယ် တားဆီးနိုင်သည်မှာ အငြင်းပွားဖွယ် မရှိပေ။ သာမန်သားရဲက မည်သို့လုပ်ဆောင်နိုင်မည်နည်း။

အဆုံးသတ်တွင် သူက မေးလိုက်၏။

“ဒါက ဒီလောက်တောင် အားကောင်းတာလား”

စီးဝူယာ့က မေးလိုက်ကာ ကျူးဟုန်ကုန်းအား သူ လိုချင်သည့် ပုံစံအတိုင်း ဖြည်းဖြည်းချင်း ညွှန်ပြလိုက်သည်။

“မင်း တကယ်လို့ ယဥ်ပါးအောင် လုပ်နိုင်တယ်ဆိုရင် အပိုအကူတစ်ယောက် ရလာတာနဲ့ အတူတူပဲ။ ရှစ်စွင်းရဲ့ စီးတော်သားရဲကို အမှတ်ရသေးလား။ မင်း မလိုချင်ဘူးလား”

“ချီရှစ်ရှိုး ပြောတာ မှန်တယ်။ ချီရှစ်ရှိုးရဲ့ စကားကို နားထောင်ပြီးတဲ့နောက်မှာ ဒီတောဝက်ရိုင်းကို အတော်လေး သဘောကျသွားပြီ။ မဟုတ်သေးဘူး မဟုတ်သေးဘူး ထန်ခမ်းကို ပြောတာ။ ထန်ခမ်းက အတော်လေး ကြည့်ကောင်းတာပဲ။ အရမ်းကို လှပပြီးတော့ ကြော့ရှင်းနေတာပဲ” ကျူးဟုန်ကုန်းက ခေါင်းညိတ်ကာ ပြောလိုက်၏။

“...”

စီးဝူယာ့က ၂ခါ ချောင်းဟန့်လိုက်ပြီးနောက် ပြောလိုက်သည်။

“မင်းပြောတာ မှန်တယ်”

“ကောင်းပြီ။ ကျွန်တော် ချီရှစ်ရှိုးရဲ့ စကားကို နားထောင်မယ်”

“သွား” စီးဝူယာ့က ကျူးဟုန်ကုန်း၏ ပခုံးကို ပုတ်ကာ ပြောလိုက်ပြီးသည့်နောက် လှည့်ထွက်လာသည်။

ထို့နောက် ကျူးဟုန်ကုန်းက ထန်ခမ်းနား ချဉ်းကပ်လာ၏။

ထန်ခမ်းက ကျူးဟုန်ကုန်းကို မတိုက်ခိုက်သည်မှာ အံ့သြဖွယ် ဖြစ်၏။ ထိုအစား သူက ချုံးချီ မင်ရှစ်ရင်အနားတွင် ပြုမူသလိုမျိုး နာနာခံခံ လဲလျောင်းနေသည်။

မြင်ကွင်းရှိ လူများက အံ့အားသင့်သွားကြ၏။

အသက်ဓာတ် ဓားသွားကို ကိုင်ဆောင်ထားသည့် ဖန်ကျုံးပင် ထန်ခမ်းကို ကြည့်ကာ ရေရွတ်လိုက်၏။

“ဒါက ကံကြမ္မာများလား”

ဒဏ္ဍာရီလာ သားရဲကို ယဥ်ပါးအောင် လုပ်ဖို့ရာက အင်မတန် ခက်ခဲသည် မဟုတ်ပါလော။

ဒါက ဘာလို့ နည်းနည်းလေးမှ မခက်ခဲဘူးလို့ ထင်ရတာပါလိမ့်။...

ဖန်ကျုံးက အသက်ဓာတ် ဓားသွားကို သိမ်းဆည်းပြီးနောက် ထန်ခမ်းဆီ အပြုံးလေးဖြင့် လျှောက်လှမ်းသွားလိုက်သည်။ သူကလည်း ထန်ခမ်းနှင့် ကံကြမ္မာ ဆက်နွယ်နိုင်သည်လား။

သို့သော် ဖန်ကျုံး အနီးနား ရောက်ရှိလာသည်နှင့် ထန်ခမ်းက ရုတ်ခြည်းဆိုသလို ထကာ အစွယ်ဖြဲပြလေသည်။ ထိုအရာက တိုက်ခိုက်တော့မည့်အလား ဖြစ်၏။

ဖန်ကျုံးက အသက်ဓားသွားကို အလျင်အမြန် ဆွဲထုတ်လိုက်ပြီးသည့်နောက် သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။

..............

ထိုစဥ် စီးဝူယာ့က တောင်ဘက်မျှော်နန်းဆောင်ဆီ ပြန်လည်ရောက်ရှိလာ၏။

သူ ကြိုတင်ပြင်ဆင်ထားခဲ့သည့် အစီအရင်ကို အသုံးပြုကာ အဆောင်စာရွက်များကို အသက်သွင်းရင်း အနီရောင်ကြာနယ်မြေနှင့် ဆက်နွယ်လိုက်သည်။

ပုံရိပ် ပေါ်ထွက်လာသည့်အခါ စီးဝူယာ့က မုန့်ချန်းသုံကို မြင်လိုက်ရ၍ နှုတ်ဆက်လိုက်သည်။

“အစောင့်အရှောက်မုန့် မင်္ဂလာပါ”

မုန့်ချန်းသုံက လက်ဝှေ့ကာ ပြောလိုက်၏။ “ယဥ်ယဥ်ကျေးကျေး ပြောဖို့ မလိုပါဘူး။ သတ္တမ သခင်လေး ခဏလေး နေအုံးနော်။ မျှော်နန်းသခင်ကို အခု သွားရှာပေးမယ်”

အချိန်ကြာလာသည်နှင့်အမျှ မုန့်ချန်းသုံသည် အစောင့်အရှောက်အဖြစ် သူ့အဆင့်အတန်းကို နေသားကျနေပြီ ဖြစ်၏။ သူ စီးဝူယာ့နှင့် ဆက်နွယ်သည့် အချိန်တိုင်း မိစ္ဆာဝေဟင်မျှော်နန်းအပေါ် နားလည်မှု ပိုတိုးလာကာ လုကျိုးအား မျှော်နန်းသခင်ဟုပင် စတင်ခေါ်ဝေါ်လာသည်။

“ကျေးဇူးပါ”

သိပ်မကြာခင် ပုံရိပ်ယောင်နှင့် လှုပ်ရှားမှုတစ်ခု ထွက်ပေါ်လာသည်။

စီးဝူယာ့က ချက်ချင်းဦးညွှတ်ကာ “ဒီတပည့်က ရှစ်စွင်းကို ဂါရဝပြုပါတယ်”

ထိုစဥ် လုကျိုးက ထိုင်ခုံပေါ် ထိုင်လိုက်သည်။ သူ့လက်ကို ပေါင်ပေါ်တင်ထားပြီး မျက်လုံးကို အနည်းငယ် ဖွင့်ကာ မေးလိုက်၏။ “ဘာကိစ္စလဲ”

စီးဝူယာ့က စီရင်စု ၉ခုနှင့် ဖန်းလိုင်ကျွန်း၏ လက်တလော အဖြစ်အပျက်များကို တင်ပြလိုက်၏။

ထိုအရာကို ကြားကာ လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။

ထိုစဥ် မုန့်ချန်းသုံက ပြောလိုက်၏။ “လွန်ခဲ့တဲ့ နှစ် ၁၀၀၀တုန်းက အနီရောင်ကြာနယ်မြေကလည်း ပင်လယ်သားရဲ ကျူးကျော်မှုကို ခံစားခဲ့ရတယ်။ အဲဒီအချိန်တုန်းက ပင်လယ်က ကြမ်းတမ်းလာပြီးတော့ ကုန်းမြေကို ဝါးမျိုပစ်ခဲ့တာ။ လူသားတွေလည်း အမြောက်အမြား သေဆုံးခဲ့ရတယ်။ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတွေတောင် ပင်လယ်သားရဲတွေရဲ့ ပါးစပ်ထဲမှာ သေဆုံးခဲ့ကြရတယ်။ ရွှေကြာနယ်မြေကရော ဒီလို ကပ်ဘေးမျိုးကို ကြုံတွေ့နေတာလား”

စီးဝူယာ့က ပြောလိုက်သည်။

“အဲဒါက ကျွန်တော် စိုးရိမ်နေတဲ့ အရာပဲ။ ပြီးတော့ အနီရောင်ကြာနယ်မြေရဲ့ ရွှေကြာနယ်မြေအပေါ် ကျူးကျော်မှုက ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ ရွှေကြာနယ်မြေက အချိန်တစ်ခုအထိ ဘေးကင်းနေတယ်ဆိုပေမဲ့ နောင်အနာဂတ်မှာ ကပ်ဘေးနဲ့ ရင်ဆိုင်ရနိုင်ခြေ ရှိတယ်”

လုကျိုးက စီးဝူယာ့၏ စကားကို ကြားကာ ခေါင်းညိတ်လိုက်၏။

ရွှေကြာနယ်မြေ၏ လက်ရှိအနေအထားပေါ် မူတည်၍ အတိတ်တုန်းက အနီရောင်ကြာနယ်မြေ လျှောက်လှမ်းခဲ့သလိုမျိုး လမ်းစဥ်ကို လျှောက်လှမ်းနေဟန်ပေါ်သည်။

အကယ်၍ ရွှေကြာနယ်မြေက ဤကပ်ဘေးကို ရှောင်ရှားလိုလျှင် ကျင့်ကြံသူများက သူတို့၏ ကျင့်ကြံဆင့်ကို တိုးမြှင့်ရမည်။

“အံ့ဖွယ်မြို့တော်က အခြေအနေတွေကရော ဘယ်လိုလဲ” လုကျိုးက မေးလိုက်သည်။

“အံ့ဖွယ်မြို့တော်ကို လွန်ခဲ့တဲ့ ၅ရက်က သွားခဲ့ပါတယ်။ အရာအားလုံးက အခြေငြိမ်နေပြီ။ ဒါပေမဲ့ ရှစ်ကျဲရဲ့ ကျင့်ကြံနှုန်းက အတော်လေးကို နှေးကွေးနေတယ်။ ကြည့်ရတာ တိုင်းပြည်ရဲ့ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတဲ့ပုံပဲ”

တိုင်းပြည်ရဲ့ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာလား။...

ဤအရာက ကျင့်ကြံရေး နှေးကွေးနေသည့် အကြောင်းအရင်း မဖြစ်သင့်ပေ။

အနှေးဆုံးဖြစ်သည့် တွမ့်မူရှန်းပင် ပွင့်ချပ်ရှစ်လွှာအထိ ရောက်ရှိပြီ ဖြစ်၏။ ကျောင်းယွဲ့က ပိုမိုမြန်ဆန်သင့်ပေသည်။

“တခြား မူမမှန်မှုတွေရော”

“မရှိပါဘူး” စီးဝူယာ့က ခေါင်းခါလိုက်၏။

“သေချာ အာရုံစိုက်ပြီးတော့ သူမကို ဒီဆက်သွယ်ရေး နည်းလမ်းအကြောင်းကိုပါ ပြောပြလိုက်”

“ဟုတ်ကဲ့” စီးဝူယာ့ ဦးညွတ်ကာ မော့ကြည့်လိုက်ပြီး “မိစ္ဆာဝေဟင်မျှော်နန်းက အနီရောင်ကြာနယ်မြေကို လာမဲ့ကိစ္စနဲ့ ပတ်သက်ပြီး ...”

“မင်း ပြောတဲ့အတိုင်းပဲ လုပ်ကြမယ်လေ”

“ဒီတပည့်က ရှစ်စွင်းရဲ့ အမိန့်အတိုင်းပဲ လုပ်ပါ့မယ်”

လုကျိုးက အနီရောင်ကြာနယ်မြေကို အုပ်စိုးဖို့ရာ အားကောင်းနေပြီ ဖြစ်၏။ သို့သော်လည်း ရွှေကြာနယ်မြေနှင့် အနီရောင်ကြာနယ်မြေတို့က အတူတကွ အလုပ်လုပ်ကာ အနီရောင်ကြာနယ်မြေ၏ အခြေအနေများကို တည်ငြိမ်အောင် လုပ်နိုင်မည်ဆိုလျှင် ပို၍ ကောင်းပေမည်။ တစ်ချိန်လုံး အားသုံးနေစရာ မလိုအပ်ပေ။

ထို့အပြင် တိုင်းပြည်၏ အုပ်ချုပ်သူ လီယွင်ကျန်းက စီးဝူယာ့၏ လမ်းညွှန်မှုကို လိုအပ်နေ၏။

ဤသည်က အချိန်မှန် နေရာမှန်တွင် လူမှန်ရှိသည့် အနေအထားဖြစ်၏။

လုကျိုး၏ အမြင်တွင် ရွှေကြာနယ်မြေနှင့် အနီရောင်ကြာနယ်မြေတို့က အဆုံးမဲ့ပင်လယ် ခွဲခြားထားသော်လည်း တစ်ခုတည်းအဖြစ် မှတ်ယူလို့ ရပေသည်။ ထိုပိုင်နက် ၂ခုက ပင်လယ်သားရဲများကို တိုက်ခိုက်ဖို့ အတူတကွ ကြိုးစားသင့်၏။ ထို့အပြင် အနက်ရောင် ကြာနယ်မြေက အချိန်မရွေး ကျူးကျော်လာနိုင်သည်။

လုလီ ပြောထားသည့်အတိုင်း လူသားများက သူတို့အချင်းချင်း တိုက်ခိုက်ရသည်ကို သဘောကျကြ၏။ လုလီက ရန်မလိုသော်လည်း တခြားသော အနက်ရောင်ကြာ ကျင့်ကြံသူများက မကောင်းသည့် အတွေးအမြင်များ မရှိဘူးဟု မည်သူကများ အာမခံနိုင်မည်နည်း။

...

၂ရက် ကြာမြင့်ပြီးသည့်နောက် မနက်စောစောတွင်

အနီရောင်ကြာနယ်မြေ၏ တာ့ထန်ရှိ တိမ်တိုက်တောင်ပေါ်

လုကျိုးက ကြယ်တာရာ ဒိုင်ခွက်စွမ်းအားနှင့် ရင်နှီးလာပြီဖြစ်ကာ သူ့ဒုတိယမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ ကျန့်အသက်ဓာတ် နှလုံးသားကို အသုံးပြုဖို့ စီစဥ်ထားသည်။ သို့သော်လည်း မွေးဖွားဇယားချပ်များကို အသက်သွင်းရာတွင် အလျင်လိုသည်က မကောင်းကြောင်း ပြောထားဖူးသည့် ရှေးဟောင်းစာအုပ်များ ရှိ၏။ ထို့ကြောင့် သူက သူ့အခြေအနေ တည်ငြိမ်သည့်အထိ စောင့်ဆိုင်းပြီးမှ ဒုတိယမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ စီစဥ်ထားသည်။

ယခင် ၂ရက်အတွင်း လုကျိုးက ထူးခြားအံ့ဖွယ် စွမ်းအားကို အပြည့်အဝပြန်လည် ဖြည့်တင်းပြီးသွားပြီ ဖြစ်၏။ သူ့မွေးဖွားဇယားချပ်စွမ်းအားကလည်း ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သည်။ သူက ထူးခြားအံ့ဖွယ်စွမ်းအားနှင့် မွေးဖွားဇယားချပ်စွမ်းအား ပြန်လည်ကောင်းမွန်နှုန်းက အတူတူဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ပြောရလျှင် ခရမ်းရောင် တောက်ပသံကျောက်၏ သက်ရောက်မှုကြောင့် အရှိန်တိုးမြင့်လာခြင်း ဖြစ်၏။

“ပြိုင်ဘက်ကင်းအဆင့် ခရမ်းရောင် တောက်ပသံကျောက်ရဲ့ သက်ရောက်မှုက အတော်လေး ကောင်းတာပဲ။ ဒါကို လွှမ်းမိုးအဆင့် အဖြစ်သာ မြှင့်တင်နိုင်ရင် ဘယ်လောက်တောင် ကောင်းသွားလိုက်မလဲ”

ပြိုင်ဘက်ကင်းအဆင့်မှ လွှမ်းမိုးအဆင့်သို့ အဆင့်မြှင့်တင်ရာတွင် မီးတောက် ဝိညာဥ်ကျောက်တုံး ၃တုံး လိုအပ်၏။ မီးတောက် ဝိညာဥ်ကျောက်တုံး ၃တုံး၊ ထုဆစ်ရေး ပစ္စည်းတချို့နှင့် အင်မတန် ကျွမ်းကျင်သည့် ပန်းပဲဆရာတို့ကို လိုအပ်ပေသည်။

သူက ယွီရှန်းရုန်ကို တခြားမီးတောက် စိတ်ဝိညာဥ်ကျောက်တုံးကို ပေးလိုက်ပြီ ဖြစ်၏။ ယွီရှန်းရုန်၏ အသက်ရှည်ဓားက ကောင်းကင်အဆင့်မျှသာ ဖြစ်ပြီး ပျက်စီးသွားလေပြီ။ ယွီရှန်းရုန်က သူ့ထက်စာလျှင် မီးတောက် စိတ်ဝိညာဥ် ကျောက်တုံးကို ပိုမိုလိုအပ်လိမ့်မည်။

လုကျိုးက ထိုအတွေးကို တွေးမိပြီးသည့်နောက်တွင် ခေါင်းအသာယမ်းလိုက်၏။

အခု ကောင်းကင်သိုင်းခုံရုံးကို သွားရမဲ့အချိန်ပဲ။ ကောင်းကင်သိုင်းခုံရုံးက ခိုင်မာတဲ့ အုတ်မြစ်ရှိထားတာဆိုတော့ သူတို့ဆီမှာ အဲဒီပစ္စည်းတွေ ရှိနိုင်လောက်မလား။...

“အစောင့်တို့”

“လုချန်းပေ့ အမိန့်ရှိပါ”

“ငါတို့တွေ ကောင်းကင်သိုင်းခုံရုံးကို သွားမယ်လို့ သတင်းပါးလိုက်”

“ဟုတ်ကဲ့”

...

နေ့ခင်းဘက်တွင်

တိမ်တိုက်တောင်မှ ဧရာမ ရထားလုံးပျံတစ်ခု မြင့်တက်လာကာ လူအချို့ကို သယ်ဆောင်ရင်း မြို့တော်ဆီ ပျံသန်းလာလိုက်၏။

သူတို့က လမ်းတစ်ဝက် ရောက်သည့်အခါ နျဲ့ချင်းယွင်က အလေးအနက် ပြောလိုက်သည်။

“ညီအစ်ကိုယွီရဲ့ ပဲ့ကိုင်တဲ့ အရည်အချင်းက တကယ့်ကို ပြီးပြည့်စုံတယ်”

ယွီကျန့်ဟိုင်က အပြုံးလေးဖြင့် ပြောလိုက်၏။ “ခင်ဗျားက ဂိုဏ်းချုပ်ဆိုတော့ ရထားလုံးပျံကို ပဲ့ထိန်းဖူးမှာ မဟုတ်လောက်ဘူး။ အဲဒါကြောင့် ရထားလုံးပျံရဲ့ နည်းစနစ်တွေနဲ့ လှည့်ကွက်တွေနဲ့ ပတ်သက်ပြီး မရင်းနှီးတာ နားလည်လို့ ရပါတယ်”

မုန့်ချန်းသုံက ကြည့်ကာ ပြောလိုက်၏။ “ကျုပ် ပဲ့ထိန်းလိုက်မယ်လေ”

သူက မိစ္ဆာဝေဟင်မျှော်နန်း၏ အစောင့်အရှောက်ဖြစ်သော်လည်း ရထားလုံးပျံကို ပဲ့ထိန်းဖို့ရာ အကြီးဆုံး တပည့်ကို လုပ်ဆောင်ခိုင်းသည်မှာ သင့်တော်သည်ဟု မထင်ပေ။

မုန့်ချန်းသုံက သူသာ မသိတတ်လျှင် ကြယ်ပျံအိမ်တော်အတွင်း ယဲ့ကျန်း ရှိလျက်နှင့် မည်မျှကြာရှည်စွာ နေထိုင်နိုင်ခဲ့မည်နည်း။ မိစ္ဆာဝေဟင်မျှော်နန်းတွင်လည်း သူက သတိထားမိပြီးသားဖြစ်ကာ ရှောင်ယွမ်အာနှင့် ခရုလေးတို့က အမိန့်ပေးလို့ မရသည့် ဘိုးဘေးကဲ့သို့ လူများ ဖြစ်ကြသည်။

ယွီကျန့်ဟိုင်က နှိမ့်ချသော်လည်း သင်းကွဲ ဝံပုလွေ ဖြစ်၏။ ယွီရှန်းရုန်အတွက် တခြားသူများကို ကူညီဖို့ရာ မဖြစ်နိုင်ပေ။ ထိုအရာများကို စဥ်းစားကြည့်ပြီးသည့်နောက်တွင် သူသာ ပဲ့ထိန်းသည့်သူ ဖြစ်သင့်သည်ဟု ခံစားမိလာသည်။

သို့သော်လည်း ယွီကျန့်ဟိုင်က မုန့်ချန်းသုံအား ကြည့်ကာ “အစောင့်အရှောက်မုန့်က စိုးရိမ်ဖို့ မလိုပါဘူး။ ကောင်းကောင်းထိုင်ပါ။ အခု အရှိန်မြှင့်တော့မယ်”

ယွီကျန့်ဟိုင်က ထိုစကား ပြောပြီးသည့်နောက်တွင် အရှိန်ကို မြင့်တင်လိုက်သည်။ ပြင်းထန်သည့် ကမ္ဘာဦးချီ ထွက်ပေါ်လာပြီးသည့်နောက်တွင် ရထားလုံးပျံတစ်ခုလုံးကို လွှမ်းခြုံသွား၏။ ကမ္ဘာဦးချီက ရထားလုံးပျံကို ကတော့ပုံသဏ္ဌာန် အနေအထားဖြင့် ဖုံးလွှမ်းထားပြီး တိမ်တိုက်များကို ကျည်ဆန်အလား ထိုးဖောက်လာခဲ့သည်။

ထိုစဥ် လီယွင်ကျန်း၊ ရှောင်ယွမ်အာ၊ ခရုလေးနှင့် တခြားသူများက ကုန်းပတ်ပေါ်မှာနေရင်း မြင်ကွင်းကို ရှုစားနေကြ၏။

ရထားလုံးပျံအတွင်း

လုကျိုးက ဝမ်ရှစ်ကျုံးကို ကြည့်ကာ မေးလိုက်သည်။

“ဘာလဲ။ မင်းက အငြိုးထားနေတာလား”

မျက်တွင်းများ ချောင်ချနေသည့် ဝမ်ရှစ်ကျုံးက ပြန်ဖြေလိုက်၏။

“ကျုပ်က အကျဉ်းသားပဲ။ ဘာလို့ လှောင်ပြောင်နေရတာလဲ”

“မင်းကို ဘာလို့ မသတ်တာလဲဆိုတာ သိလား” လုကျိုးက မေးလိုက်သည်။

“တော်ဝင်ခုံရုံးကို ကြောက်လို့ မဟုတ်ဘူးလား” ဝမ်ရှစ်ကျုံးက မေးလိုက်၏။

လုကျိုးက ခေါင်းခါကာ “ငါသာ အလိုရှိရင် အနီရောင်ကြာနယ်မြေတစ်ခုလုံးကို ပြားပြားဝပ်အောင် လုပ်လို့ရတယ်”

“...”

ဝမ်ရှစ်ကျုံးက အကြည့်လွှဲလိုက်၏။ သူ့အမြင်တွင် လုကျိုးက လျှောက်ပြောနေခြင်းသာ ဖြစ်၏။

အနိုင်ရရှိသူက ဘာမဆို လုပ်နိုင်လေသည်။ ကြွားဝါခြင်းက ပို၍ အရူးနှင့် တူနိုင်လေ၏။ ထို့ကြောင့် ဝမ်ရှစ်ကျုံးက ဘေးဘက်လှည့်ကာ အကြည့်လွှဲထားလိုက်သည်။

“မင်းက ငါ့ကို မယုံဘူးလား”

“ကျုပ် ယုံတော့ရော ဘာဖြစ်လဲ။ မယုံတော့ရော ဘာဖြစ်လဲ” ဝမ်ရှစ်ကျုံးက ကူကယ်ရာမဲ့စွာ ပြန်မေးလိုက်၏။

“မင်းကိုယ်မင်း သိပ်ပြီးတော့ အထင်ကြီးမနေနဲ့။ ကောင်းကင်သိုင်းခုံရုံး ဒါမှမဟုတ် တော်ဝင်ခုံရုံးကို ခြိမ်းခြောက်ဖို့ မင်းအသက်ကို ချမ်းသာပေးတယ်များ ထင်နေလား။ ပြီးတော့ သူတို့ရဲ့ အမြင်မှာ မင်းက အလကားပဲ” လုကျိုးက မုတ်ဆိတ်သပ်ရင်း ပြောလိုက်သည်။

“...”

ဝမ်ရှစ်ကျုံးက ကုန်းပတ်ပေါ်တွင် ဂုဏ်ယူစွာ ရပ်နေသည့် လီယွင်ကျန်းအား ကြည့်လိုက်ကာ တစ်စုံတစ်ခု နားလည်သွားဟန်ပေါ်၏။

......................

အနောက်ဘက်သို့ နေဝင်သွားသည့်အခါ ရထားလုံးပျံက ကောင်းကင်သိုင်းခုံရုံးအနီးသို့ ရောက်ရှိလာလေသည်။ ထိုစဥ် ကောင်းကင်သိုင်းခုံရုံး၏ မြင့်မြတ်ထုံးတမ်း ခန်းမဆောင် အတွင်းနှင့် အပြင်တွင် ရုန်းရင်းဆန်ခတ် ဖြစ်နေကြ၏။

“အကြီးအကဲချိုး တစ်စုံတစ်ခုတော့ ဖြစ်ခဲ့ပြီ။ တိမ်တိုက်တောင်ရဲ့ လူတွေ ရောက်ရှိလာပြီ”

အကြီးအကဲချိုးနှင့် တခြားအကြီးအကဲများ၏ အမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွားကာ ထရပ်လိုက်ကြသည်။

“အကြီးအကဲချိုး ကောင်းကင်သိုင်းပညာ အစီအရင်ကို အသက်သွင်းဖို့ အကြံပြုချင်တယ်။ အခု ခုံရုံးသခင်ယွီက တစ်ခုခုဖြစ်သွားပြီဆိုတော့ တိမ်တိုက်တောင်က အခြေအနေကို အခွင့်ကောင်းယူဖို့ ရောက်လာတာပဲ။ သူတို့ကို အောင်မြင်အောင် လွှတ်ထားလို့ မဖြစ်ဘူး။ မဟုတ်ရင် ကျုပ်တို့ ကောင်းကင်သိုင်းခုံရုံးကို အလွယ်တကူ တက်နင်းလို့ ရတယ် ထင်နေမှာပေါ့”

ယွီချန်းရှုက ကောင်းကင်သိုင်းခုံရုံးအနေဖြင့် တာ့ထန်တွင် ဂုဏ်သတင်း ကျော်ကြားသည့် တစ်ခုတည်းသော အကြောင်းအရင်း မဟုတ်ပေ။

အကြီးအကဲချိုးက ခေါင်းခါကာ ပြောလိုက်၏။ “အစောင့်တွေ”

“ဟုတ်ကဲ့”

“မြို့စားကြီး ၅ယောက်နဲ့ ခေါင်းဆောင်ကို ဒီအကြောင်း အသိပေးလိုက်”

“ဟုတ်ကဲ့”

“တခြားသူတွေက သူတို့ကို ကြိုဆိုဖို့ ငါနဲ့ လိုက်ခဲ့။ ငါ့ရဲ့ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ အားမသုံးရဘူး” အကြီးအကဲချိုးက ပြောလိုက်သည်။

…

အခန်း (၈၆၁) ဉာဏ်ကောင်းသည့် လူတစ်ယောက်က အခြေအနေကို လိုက်လျောညီထွေစွာနေတတ်

ကောင်းကင်သိုင်းခုံရုံးရှိလူတိုင်းသည် ယွီချန်းရှုသေဆုံးကြောင်းကို သတိပြုမိခဲ့တာ ကြာပြီဖြစ်သည်။ အနက်ရောင်ကြာ ကျင့်ကြံသူပေါ်ပေါက်လာမှုကြောင့် ယွီချန်းရှုသည် အနက်ရောင်ကြာ ကျင့်ကြံသူသတ်တာ ခံလိုက်ရသည်ဟု အပြင်ဖက်တွင် ကောလာဟလများ ထွက်ပေါ်နေသည်။ သို့သော် ကောင်းကင်သိုင်းခုံရုံးမှ သူလျှိုများသည် သူတို့ခုံရုံးသခင်နှင့် တိမ်တိုက်တောင်ပေါ်မှ သိုင်းပညာရှင်ကြားတိုက်ပွဲကို မျက်မြင်တွေ့ခဲ့၏။ သူလျှိုများသည် တိမ်တိုက်တောင်မှ သိုင်းပညာရှင်သည် သူတို့၏ ခုံရုံးသခင်ကို သတ်ခဲ့တာကို မတွေ့ခဲ့သော်ငြား သူတို့ခုံရုံးသခင်သည် ဖိနှိပ်ခံထားရပြီး တစ်ချိန်လုံး အရိုက်ခံရသည်ဆိုတာ ကျိန်းသေသည်။

ယွီချန်းရှု၏ အသက်ကျောက်တုံးက ကြေမွသွားပြီဖြစ်သည်။ သူ့ကို မည်သူသတ်နိုင်မည်နည်း။ ယင်းက အနက်ရောင်ကြာ ကျင့်ကြံသူဟု လူတိုင်းက ပြောကြသော်ငြား အနက်ရောင်ကြာ ကျင့်ကြံသူ၏ အရိပ်ကိုတောင် မတွေ့ရပေ။ ထို့အပြင် လုကျိုးက မော့ပုရန်နှင့် ကျန်းထင်းကျုံးကို လျှပ်ပြက်သောအရှိန်ဖြင့် လျင်မြန်စွာသတ်ခဲ့တာကို လူများစွာက မျက်မြင်တွေ့ခဲ့သည်။

သတင်းများကို အတည်ပြုရန်အတွက် ချိုးဟဲသည် လေဟာနယ်ဂိုဏ်းဆီသို့တောင် လူလွှတ်ခဲ့သည်။

တိုက်ပွဲပြီးနောက် လေဟာနယ်ဂိုဏ်းသည် ကောင်းကင်သိုင်းခုံရုံးကို ရန်မစချင်ခဲ့ပေ။ သူတို့သည် ထိုကိစ္စကို လက်ရှောင်ရန် စိုးရိမ်ပူပန်သောကြောင့် အမှန်အတိုင်းပြောပြခဲ့သည်။

ထို့ကြောင့် ကောင်းကင်သိုင်းခုံရုံးမှ လူများအဖို့ တိမ်တိုက်တောင်မှ လုချန်းပေ့၊ နျဲ့ချင်းယွင်၊ မိုးမခတစ်ထောင်ဘုရားကျောင်းသခင်နှင့် ကျန်သည့်သူများက ယွီချန်းရှုကို သတ်လိုက်တာပဲဖြစ်သည်။

လူသတ်သမားကို သိသည့်သူများက ကောင်းကင်သိုင်းခုံရုံးဆီ နေ့ခင်းကြောင်တောင် ရဲတင်းစွာ လာရဲသည်လော။ ကောင်းကင်သိုင်းခုံရုံးမှလူများ မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေမည်နည်း။

ကံကောင်းသည်မှာ ချိုးဟဲသည် အမြဲတစေတည်ငြိမ်ပြီး ဆင်ခြင်တုံတရားရှိ၏။ ယွီချန်းရှုတောင် မယှဉ်နိုင်သည့် ရန်သူကို သူတို့ဘာများပြုလုပ်နိုင်မည်နည်း။ ထို့ကြောင့် သူသည် မြို့စားငါးဦးကို ဖိတ်ကြားခဲ့ပြီးနောက် မဟာစစ်သူကြီးရှောက်ဟုကို သူတို့အားဦးဆောင်ခိုင်းလာဖို့ စီစဉ်ထားတာဖြစ်သည်။ ကောင်းကင်သိုင်း၊ ကောင်းကင်အစီအရင်ဖြင့် သူတို့သည် တိုက်ခိုက်ရန် အခွင့်အရေးတစ်ခုရှိလောက်သည်။

ကောင်းကင်သိုင်း တောင်ပေါ်တွင်ဖြစ်သည်။

ယခုအချိန်၌ ကောင်းကင်သိုင်းခုံရုံးတပည့်များစွာသည် လေထဲခုန်တက်လျက် ဧရာမရထားလုံးဆီ ပျံသန်းသွားကြသည်။ ရထားလုံးပျံ၏ ရှေ့နောက်တွင် ပျံဝဲနေကြသော တပည့်လေးဆယ်မှ ငါးဆယ် ဝန်းကျင်ရှိသည်။

ထိုတပည့်များက စကားမပြောနိုင်သေးခင် နျဲ့ချင်းယွင်က ပြောလိုက်၏။

“လုချန်းပေ့ကို တွေ့ဖို့အတွက် ချိုးဟဲကို ဒီနေရာဆီဆင့်ခေါ်လိုက်”

ပွင့်ချယ်ဆယ်လွှာသိုင်းပညာရှင်သည် ကောင်းကင်သိုင်းခုံရုံး၏ ငယ်ရွယ်သော တပည့်များ ယှဉ်နိုင်သည့်သူ မဟုတ်ပေ။ နျဲ့ချင်းယွင်၏ အသံလှိုင်းက သူတို့ကို ထိတ်လန့်သွားစေ၏။ ထို့ကြောင့် သူတို့ပြိုလဲကုန်တော့သည်။ သူတို့မျက်နှာဖြူဆုတ်နေပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

ထိုစဉ် ကောင်းကင်သိုင်းခုံရုံးဖက်ဆီမှ လူငါးယောက်ပျံသန်းလာတော့သည်။

ဦးဆောင်လာသည့် သူက မီးခိုးရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ခြိမ်းခြောက်နိုင်သော ဟန်ပန်ရှိသည်။

“အကြီးအကဲချိုး” ကောင်းကင်သိုင်းခုံရုံးတပည့်များက ဦးညွှတ်လိုက်သည်။

ချိုးဟဲက အလွန်ပညာသားပါ၏။ သူသည် ကွေ့ဝိုက်မနေဘဲ ဖိတ်ခေါ်လိုက်ကာ ပြောလိုက်တော့သည်။ “အားလုံးပဲ ကျေးဇူးပြုပြီး”

နျဲ့ချင်းယွင်သည် ချိုးဟဲကို တချက်ကြည့်ပြီးနောက် ပြောလိုက်သည်။ “မင်းမှာ အမြင်ကောင်းရှိတာပဲ”

ချိုးဟဲသည် ကူကယ်ရာမဲ့သော အကြည့်ရိပ်ဖျတ်ခနဲ ပေါ်လာလျက် နျဲ့ချင်းယွင်ကိုသာ ကြည့်လိုက်၏။

“နှုတ်ခွန်းဆက်ပါတယ် ဂိုဏ်းချုပ်နျဲ့”

“နှုတ်ခွန်းဆက်ပါတယ် လုချန်းပေ့”

“ငါ့ကို ဦးညွှတ်ဖို့မလိုဘူး။ မင်းကို သတိမပေးလို့ဆိုပြီး အပြစ်မတင်နဲ့။ လုချန်းပေ့အပြင် ဒီလူလေးယောက်ကို လျစ်လျူမရှူမှ ဖြစ်ရမယ်” နျဲ့ချင်းယွင်က ပြောပြီး ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ ရှောင်ယွမ်အာနှင့် ညာဖက်တွင်ရပ်နေသော ခရုလေးကို ပြလိုက်၏။

ချိုးဟဲသည် ထိုလူလေးယောက်ကို ဦးညွှတ်လိုက်တော့သည်။

“ပြီးတော့ သူ့ကိုကောပဲ”

ချိုးဟဲက မော့ကြည့်ပြီးနောက် အမြန်ပြောလိုက်သည်။

“နှုတ်ခွန်းဆက်ပါတယ် အရှင်မင်းကြီး”

ကောင်းကင်သိုင်းခုံရုံးတပည့်များက လီယွင်ကျန်းကို နှုတ်ခွန်းဆက်လိုက်တော့သည်။

လီယွင်ကျန်းက လက်ဝေ့ယမ်းလျက် ပြောလိုက်၏။

“မလိုဘူး”

သိပ်မကြာသေးခင်က ထိုလူများသည် နျဲ့ချင်းယွင်ကို အထင်သေးခဲ့ကြသည်။ သူ့၌ ပွင့်ချယ်ဆယ်လွှာကျင့်ကြံဆင့်ရှိသော်ငြား ကောင်းကင်သိုင်းခုံရုံးထဲတွင် သူက အကြီးအကဲတစ်ယောက်ကိုတောင် မယှဉ်နိုင်ခဲ့ပေ။ ကောင်းကင်သိုင်းခုံရုံးနှင့် ကြယ်ပျံအိမ်တော်၏ ယဲ့ကျန်းကဆို တိမ်တိုက်တောင်တိုက်ကိုတောင် ချေမှုန်းနိုင်ခဲ့ကြသည်။

ကမ္ဘာလောကကြီးက အမြဲတစေပြောင်းလဲနေပြီး အနာဂတ်ကို မှန်းဆ၍မရပေ။

သူသည် မိုးမခတစ်ထောင်ဘုရားကျောင်း၏ ဘုရားကျောင်းသခင် ရှားချန်းချိုးကို ကြည့်ပြီး ပြောလိုက်၏။

“ဘုရားကျောင်းသခင်ရှား အဲ့ဒီနေ့တုန်းက သတိပေးခဲ့တာ ကျေးဇူးတင်ပါတယ်”

“ဘာမှမဟုတ်ပါဘူး … ဘာမှမဟုတ်ပါဘူး” ရှားချန်းချိုးက ပြောလိုက်၏။

ပြီးနောက် ချိုးဟဲသည် ရထားလုံးပျံကို ဦးဆောင်သွားသည်။

ရထားလုံးပျံသည် ကောင်းကင်သိုင်းခုံရုံး၏ မြင့်မြတ်သော ရိုးရာခန်းမအပြင်ဖက်၌ ရပ်သွားသည်။

ချိုးဟဲသည် မြင့်မြတ်သော ရိုးရာခန်းဆောင်ထဲ အကြီးအကဲများကို ဦးဆောင်သွားစဉ် ကောင်းကင်သိုင်းခုံရုံး၏ ပင်မတပည့်များက အပြင်ဖက်တွင်သာ စောင့်နေ၏။

လုကျိုးသည် ရထားလုံးပျံထဲမှ ဆင်းလာချိန် ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ ထိုစဉ် သူက ကောင်းကင်သိုင်းခုံရုံး၏ ခမ်းနားကြီးကျယ်ပုံကို တွေ့သွားသည်။ သူ ခန်းမထဲလျှောက်သွားချိန်တွင် တာအိုသဏ္ဌာန်ထွင်းထုထားသည့် ဧရာမကျောက်တိုင်များကို တွေ့လိုက်ရသည်။ ကြမ်းပြင်ကတောင် တာအိုသဏ္ဌာန်များ ပြည့်နေ၏။ ကောင်းကင်သိုင်းခုံရုံး၏ တပည့်များအားလုံးသည် မြေကမ္ဘာအဆင့်နှင့် အထက်လက်နက်များကို ပိုင်ဆိုင်ထားကြောင်း သတိပြုမိသည်။ ပင်မတပည့်များဆို ကောင်းကင်အဆင့် လက်နက်များ ပိုင်ဆိုင်ထား၏။ ယင်းက ကျန်သည့်ဂိုဏ်းများအတွက် မမှန်းဆနိုင်သော အရာဖြစ်သည်။ သူ ယခုမြင်တွေ့နေရသည့် အရာက အပေါ်ယံသာ ရှိသေးသည်။ ယွီချန်းရှုက ထိုမျှ ယုံကြည်ချက်ရှိပြီး ရက်ရောနေတာ အံ့ဩစရာမရှိပေ။ သူသည် ထိုနေ့က ကောင်းကင်သိုင်းခုံရုံးတွင် ယွီချန်းရှုနှင့် တိုက်ခိုက်ခဲ့ပါက ယွီချန်းရှုကို သတ်ဖြတ်ဖို့က ကောင်းကင်ကို တက်လှမ်းရသကဲ့သို့ ခက်ခဲလိမ့်မည်။ ယွီချန်းရှုသည် အသက်စုပ်ယူခြင်းနည်းကို ရွတ်ဆိုနိုင်ပြီး သူ၏ ရုပ်သေးအတတ်ကို ဖြည့်နိုင်သော အလံတစ်ခုရှိသည်။ ယွီချန်းရှုက ကောင်းကင်သိုင်းခုံရုံးထဲတွင် အခြားသော မည်သည့်ရတနာများ ဝှက်ဖဲများ ရှိနေမည်နည်း။

လူတိုင်းသည် မြင့်မြတ်သော ရိုးရာခန်းမထဲဝင်လာသည့်အချိန် ချိုးဟဲက ဦးညွှတ်လျက် ပြောလိုက်သည်။

“အရှင်မင်းကြီး ကျေးဇူးပြုပြီး ပင်မဆောင်ပေါ်မှာ နေရာယူပေးပါ”

လီယွင်ကျန်းက မျက်မှောင်ကျုံ့လျက် ချိုးဟဲကို လျစ်လျူရှုထားလိုက်သည်။ ထိုအစား သူက လုကျိုးကို ပြောလိုက်၏။

“ဆရာဘိုးဘိုး ကျေးဇူးပြုပြီး ပင်မခုံမှာ နေလိုက်ပါ”

ချိုးဟဲ “...”

ဆရာဘိုးဘိုးလား ….

ချိုးဟဲက နောက်တွင် မတ်တတ်ရပ်နေသော ဝမ်ရှစ်ကျုံးကို ကြည့်လိုက်သည်။ ဝမ်ရှစ်ကျုံးက တော်ဝင်ခုံရုံး၏ အတွင်းဝန်ခေါင်းဆောင်ဖြစ်သည်။ သူ အဘယ်ကြောင့် ထိုမျှ နာခံနေသနည်း။ ဧကရာဇ်ဝမ်ရှစ်ကျုံး …

ထိုစဉ် လုကျိုးက လှေကားတက်မနေတော့ပေ။ သူက ဘယ်ဖက်ရှေ့ခုံတွင်သာ ဝင်ထိုင်လိုက်၏။ ပြီးနောက် ချိုးဟဲဖက် လှည့်ပြီးပြောလိုက်သည်။

“အခု ကောင်းကင်သိုင်းခုံရုံးမှာ ဘယ်သူက စကားပြောပိုင်ခွင့်ရှိသူလဲ”

ချိုးဟဲက ပြန်ပြောလိုက်၏။ “ခုံရုံးအကြီးအကဲတွေပါ”

ချိုးဟဲ၏နောက်၌ အကြီးအကဲငါးယောက် ခြောက်ယောက်ခန့်ရပ်နေသည်။ သူတို့အားလုံးက သက်ကြီးဝါကြီးများဖြစ်ပြီး မီးခိုးရောင်ဝတ်ရုံရှည်ကို ဝတ်ထား၏။ သူတို့အားလုံး၌ မြင့်မားသော ကျင့်ကြံဆင့်ပိုင်ဆိုင်ထားပုံရဿည်။

ထိုတချက်တည်းကိုကြည့်လျှင် ကောင်းကင်သိုင်းခုံရုံးအစွမ်းထက်ပုံကို မြင်နိုင်၏။

လုကျိုးက မေးလိုက်သည်။ “ငါ ကောင်းကင်သိုင်းခုံရုံးကို ဘာကြောင့်လာလဲဆိုတာ သိလား”

ချိုးဟဲက ခေါင်းခါပြီးပြောလိုက်သည်။ “ကျေးဇူးပြုပြီး အလင်းပြပေးပါ လုချန်းပေ့”

“နဝမဘုရားကျောင်းရဲ့ ဘုရားကျောင်းသခင် စစ်ခုန်ပေချန်းက ကျုပ်ရဲ့မိတ်ဆွေပဲ။ ငါ့မိတ်ဆွေ အခက်တွေ့နေတာကို ဘယ်လိုလုပ် ရပ်ကြည့်နေနိုင်မှာလဲ” လုကျိုးက ပြောလိုက်၏။

ကောင်းကင်သိုင်းခုံရုံး၏ အကြီးအကဲတွမ့်က ပြောလိုက်သည်။

“နဝမဘုံကျောင်းက သစ္စာဖောက်တစ်ယောက်ပဲ။ စစ်ခုန်ပေချန်းက တော်ဝင်ခုံရုံးရဲ့ အရေးကြီးတဲ့အရာရှိ စစ်သူကြီးချန်ကို သတ်ခဲ့တယ်။ ဒါက သေသင့်တဲ့ပစ်မှုပဲ။ ခုံရုံးသခင်ယွီက စစ်ခုန်ပေချန်းကို ဖမ်းဖို့အမိန့်ပေးခဲ့တာ အံ့ဩစရာမရှိဘူး”

“သောက်အဓိပ္ပာယ်မရှိတာ” နျဲ့ချင်းယွင်က ကျိန်ဆဲလိုက်၏။

လူတိုင်း နျဲ့ချင်းယွင်ကို တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။

ရှားချန်းချိုးတောင် ထိတ်လန့်သွား၏။ နဲ့ချင်းယွင်သည် မည်သည့်အချိန်ကစပြီး ထိုမျှ စိတ်ပြင်းပြသွားသနည်း။ သူသည် တိမ်တိုက်တောင်၏သခင် ပွင့်ချယ်ဆယ်လွှာ သိုင်းပညာရှင်တစ်ယောက် ဖြစ်၏။ သူ၏အတွေးကို အဘယ်ကြောင့်များ ထိုမျှ ပွင့်လင်းစွာ ပြောနိုင်ရသနည်း။

နဲ့ချင်းယွင်သည် သူ့ဆီရောက်လာသည့် ထူးထူးဆန်းဆန်းအကြည့်များကို ဂရုမစိုက်ပေ။

“ယွီချန်းရှု အသက်ရှိနေသေးရင်တောင် လုချန်းပေ့ကို ဒီလိုပုံစံမပြောရဲဘူး။ မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီလား”

“မင်း …” တွမ့်ယွီက ပြောလိုက်သည်။

ချိုးဟဲက လက်သီးဆုပ်မိုးလျက် အမြန်ဝင်ပြောလိုက်သည်။ “အားလုံးပဲ ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့” ပြီးနောက် သူက လုကျိုးဖက် လှည့်ပြောလိုက်သည်။ “လုချန်းပေ့ … ကျုပ်တို့ ညှိနှိုင်းဆွေးနွေးမှု မစခင် မေးစရာရှိပါတယ်”

“ပြော”

“လုချန်းပေ့ … ခုံရုံးသခင်ယွီကို တကယ်သတ်ခဲ့တာလား”

သူတို့ရှေ့သို့ လာရောက်လည်ပတ်သူများသည် လူသတ်သမားများဟု ယုံလျှင်တောင် ယင်းကို အတည်ပြုရန်က အရေးကြီးသေးသည်။

လုကျိုးက မုတ်ဆိတ်သပ်လျက် ပြောလိုက်သည်။

“မင်းရဲ့ မေးခွန်းကို မဖြေခင် ရှင်းစရာတစ်ခု ရှိသေးတယ်” သူ စကားပြောစဉ် လေသံက တိုးသွား၏။

“မင်းတို့နဲ့ ညှိုနှိုင်းဖို့ ငါ ဒီရောက်လာတာလို့ ထင်နေရင် မင်းတို့ မှားသွားပြီ။ မင်းတို့ကို ပြောသမျှကို မင်းတို့ လုပ်ရမှာပဲ။ မင်းတို့က ညှိုနှိုင်းဆွေးနွေးဖို့ အရည်အချင်းမမီဘူး။ ပြီးတော့ ဟုတ်တယ်။ ငါ ယွီချန်းရှုကို သတ်လိုက်တာ။ မင်း စိတ်မကျေနပ်ရင် နောက်ထပ်သတ်ရလည်း ငါ စိတ်မရှိဘူး”

မြင့်မြတ်သော ရိုးရာခန်းဆောင်ထဲရှိ လေထုအခြေအနေက ချက်ချင်းတင်းမာသွားသည်။

အကြောင်းအရင်း၊ ဆင်ခြေနှင့် ချိုးဟဲပြင်ဆင်ထားသည့် စကားများအားလုံးသည် ယခုအချိန်၌ အသုံးမဝင်တော့ပေ။

ချိုးဟဲနှင့် သူ့နောက်တွင်ရပ်နေသော အကြီးအကဲများသည် နှလုံးခုန်မြန်လာတော့သည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကောင်းကင်သိုင်းခုံရုံးအကြီးအကဲတွမ့်ယွီက သတ္တိမွေးလျက် ပြောလိုက်သည်။

“လုချန်းပေ့ ခုံရုံးသခင်ယွီကို သတ်ပြီးပြီပဲ။ ကျုပ်တို့အားလုံးကို သတ်ချင်နေတယ်လို့ မပြောနဲ့နော်။ ဒါက ကောင်းကင်သိုင်းခုံရုံး တိမ်တိုက်တောင်မဟုတ်သလို ကောင်းကင်ချားတောင်တန်းဒေသလည်း မဟုတ်ဘူး”

လုကျိုးသည် တွမ့်ယွီကို ကြည့်လိုက်၏။ သူက ဆိတ်ဆိတ်သာနေပြီး တွမ့်ယွီကို စက္ကန့်အနည်းငယ်ကြာ ကြည့်ပြီးနောက် ချိုးဟဲဆီ ပြန်ကြည့်လိုက်သည်။

ချိုးဟဲက ပြန်ပြောလိုက်သည်။

“အကြီးအကဲတွမ့်က နေမကောင်းဘူး။ မြင့်မြတ်သော ရိုးရာခန်းဆောင်ထဲမှာ သူ နေဖို့ မသင့်တော်ဘူး။ သူ့ကို ခေါ်သွားပေးလိုက် … ဒါမှ သူ အနားယူနိုင်မှာ”

“နားလည်ပါပြီ” တပည့်များစွာက ခန်းမထဲသို့ လျှောက်လာသည်။

တွမ့်ယွီက အနည်းငယ်စိတ်တိုသွားသည်။ သူက ကန့်ကွက်ချင်သော်ငြား ချိုးဟဲက လက်ဝေ့ယမ်းလျက် သူ့ကို အကြောပိတ်လိုက်သည်။ ပြီးနောက် သူသည် တပည့်များ ဆွဲထုတ်သွားတာ ခံလိုက်ရ၏။

မိုးမခတစ်ထောင်ဘုရားကျောင်းမှ ရှားချန်းချိုးက ခေါင်းခါလျက် ရေရွတ်ပြောဆိုလိုက်သည်။

“ဂိုဏ်းကြီးက လူတွေက အတော်ထက်မြတ်မယ်လို့ ထင်ခဲ့တာ။ ကြည့်ရတာ သူတို့ အတော်တုံးအနေသလိုပဲ”

အားလုံးက ဒီရောက်နေပြီဆိုမှတော့ ဒီနေရာက ကောင်းကင်သိုင်းခုံရုံးဆိုတာ သူတို့မသိဘဲ နေမှာလဲ။

ချိုးဟဲ၏မျက်နှာက မျက်နှာသေဖြစ်နေလျက် လေသံအတက်အကျမရှိ ပြောလိုက်သည်။

“လုချန်းပေ့ တောင်းဆိုစရာရှိရင် ကျေးဇူးပြုပြီး ပြောပေးပါ”

လုကျိုးက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ “ဉာဏ်ကောင်းတဲ့လူတစ်ယောက်က အခြေအနေကို အညံ့ခံတတ်တယ်”

ချိုးဟဲက လုကျိုး ဆိုလိုတာ သဘောပေါက်၏။ သူက အင်္ကျီလက်ဝေ့ယမ်းကာ ပြောလိုက်သည်။

“ဘုရားကျောင်းသခင် စစ်ခုန်ကို လွှတ်လိုက်”

“အကြီးအကဲချိုး ဒါက တော်ဝင်ခုံရုံးရဲ့ရာဇဝတ်သားပဲ။ ဒီကိစ္စကို စစ်သူကြီးရှောင်းဟုဆီ ဘယ်လိုရှင်းပြမှာလဲ”

ချိုးဟဲ၏ မျက်နှာအမူအရာက မည်းမှောင်သွားပြီး သူ၏လေသံက ခက်ထန်စွာပြောလိုက်တော့သည်။

“ငါ သူ့ကို ပြောရင်လွှတ်လိုက်လေ”

All Chapters