← Chapters

အခန်း (၈၆၂-၈၆၄)

Vol. 58 Ch. 862-864

အခန်း (၈၆၂-၈၆၄)

Vol. 58 Ch. 862-864

အခန်း (၈၆၂) မင်းတို့အားလုံး သစ္စာဖောက်တွေ

ချိုးဟဲ၏လေသံကို ကြားသောအခါ ကောင်းကင်သိုင်းခုံရုံးမှ ကျန်သည့်အကြီးအကဲများသည် စောဒက မတက်တော့ဘဲ တိတ်ဆိတ်ကုန်ကြ၏။

ချိုးဟဲ၏လေသံသည် ခန်းမထဲ၌ ပဲ့တင်သံ ထွက်ပေါ်နေသေးစဉ်

ဘန်း

လုကျိုးဘေးတွင် ထိုင်နေသော လီယွင်ကျန်းသည် သူ၏ခုံလက်တန်းပေါ် ရုတ်တရက်ရိုက်ချလိုက်ပြီး ဒေါသတကြီးပြောလိုက်လေ၏။

“ရာရာစစ”

ကောင်းကင်သိုင်းခုံရုံး၏ အကြီးအကဲများသည် အထိတ်တလန့်ဖြစ်ကုန်လျက် လီယွင်ကျန်းကို တစ်ယောက်ပြီးတစ်ယောက် ကြည့်လိုက်ကြသည်။

တိမ်တိုက်တောင်မှ လူများအပါအဝင် လူတိုင်းက ဇဝေဇဝါဖြစ်နေသည်။

ဒီဧကရာဇ်လေးက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။

လီယွင်ကျန်းက ဆိတ်ဆိတ်သာနေလျက် သူ၏မျက်နှာပေါ်၌ ကြီးမြတ်သောအမူအရာကို ထိန်းသိမ်းထားသည်။ သူ့လက်ရှိ နာကျင်မှုက တဖြည်းဖြည်း ပျောက်ကွယ်သွားသောအခါ သူက ဒေါသတကြီး ပြောလိုက်၏။

“မင်းတို့က ပုန်ကန်ဖို့ကြိုးစားနေတာလား”

ချိုးဟဲသည် မှင်တက်သွားကာ အမြန်အရိုအသေပေးပြီး ပြောလိုက်တော့၏။

“အရှင်မင်းကြီး ဒီကိစ္စက ကောင်းကင်သိုင်းခုံရုံးနဲ့ တကယ်မသက်ဆိုင်ပါဘူး၊ နဝမဘုံကျောင်းက တောင်ဝင်ခုံရုံးကို မကြာခဏ ရန်စခဲ့တာ၊ နဝမဘုံကျောင်းက မိုးမခတစ်ထောင်ဘုရားကျောင်းနဲ့ ပူးပေါင်းနေကြောင်း သူတို့သတင်းကြားတုန်းက သူတို့တွေက မြောက်ပိုင်းရဲ့ စစ်သူကြီး၊ စစ်သူကြီးချန်းကို ဒီကိစ္စ စုံစမ်းစစ်ဆေးဖို့ စေလွှတ်ခဲ့တယ်၊ ဒါပေမဲ့နောက်ပိုင်းမှာ စစ်သူကြီးချန်းက သေသွားတယ်၊ မြို့စားဖူက ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ ကောင်းကင်သိုင်းခုံရုံးဆီ အာဏာအပြည့် ပေးထားတာ၊ ခုံရုံးသခင်ယွီက ဘုရားကျောင်းသခင် စစ်ခုန်ကို ဖမ်းဖို့အမိန့်ရထားတယ်၊ ဒါကြောင့် ဒီနေ့ဒီလိုဖြစ်လာတာပဲ၊ ကောင်းကင်သိုင်းခုံရုံးက အမိန့်အတိုင်း ဆောင်ရွက်ရုံပါ”

လီယွင်ကျန်းသည် အာဏာအမှန် မဆုပ်ကိုင်ထားသော်ငြား သူသည် အရူးတစ်ယောက် မဟုတ်ပေ။ သူက ရှုတ်ချလျက် ပြောလိုက်တော့သည်။

“မြို့ဝန်ဖူရဲ့ လျှောက်တင်ချက်ကို ဘာကြောင့်မရတာပါလိမ့်၊ ဒါ့အပြင် ဘုရားကျောင်းသခင်စစ်ခုန်ကို ဖမ်းဖို့ ခုံရုံးသခင်ယွီကို အမိန့်ပေးခဲ့တဲ့လူက ဘယ်သူလဲ”

“ဒါက”

ချိုးဟဲသည် ထိုမေးခွန်းကို မည်သို့ဖြေရမည်မှန်း မသိပေ။ နန်းတော်၏အရေးကိစ္စများသည် အမြဲတစေ ရှုပ်ထွေးသည်။ သူသည် အချက်အလက်များရှိလျှင်တောင် သတိလက်လွတ် ပြော၍မရသည့် ကိစ္စများစွာရှိသည်။

လီယွင်ကျန်းက လုကျိုးကို လှည့်ကြည့်လိုက်ရာ လုကျိုးက လက်ချောင်းများ တတောက်တောက် ခေါက်နေလျက် သူဆက်ပြောရန် ညွှန်ပြနေတာကို တွေ့လိုက်ရသည်။ ပြောရန်မလို သူ့စိတ်က ဆရာဘိုးဘိုး၏ ပံ့ပိုးမှုဖြင့် ယုံကြည်ချက် ပိုတိုးလာတော့သည်။

“ထူးဆန်းလိုက်တာ တိုင်းပြည်ရဲ့အုပ်စိုးသူအနေနဲ့ ဒီလိုအရေးကြီးတဲ့ကိစ္စကို ငါဘယ်လိုလုပ်ပြီးများ သတိမပြုမိပါလိမ့်၊ ဒါ့အပြင် စစ်ခုန်ပေချန်းက တော်ဝင်ခုံရုံးရဲ့ သစ္စာဖောက်တစ်ယောက်ဆိုရင် သူ့ကိုကောင်းကင်သိုင်းခုံရုံးမှာ ဘာကြောင့်များ ချုပ်ထားရတာလဲ၊ စီရင်ပြီးအကျဉ်းချဖို့အတွက် သူ့ကို အချုပ်အခြာခုံရုံးဆီ ပို့သင့်တာမလား”

လီယွင်ကျန်းသည် သူ့မေးခွန်းအတွက် အဖြေကိုသိသော်ငြား မေးနေမှန်းလူတိုင်းသိ၏။ ဧကရာဇ်လေးက ခွန်အားပြသနေမှန်းလည်း သူတို့အားလုံးသိကြသည်။

လီယွင်ကျန်းသည် အဖြေသိသော်ငြား မေးနေမှန်း လူတိုင်းသိကြသည်။

“ချိုးဟဲ တာ့ထန်ကို ဘယ်သူပိုင်တာလဲ ငါ့ကိုပြော၊ ဘယ်သူက ဆုံးဖြတ်ချက်ချတာလဲ”

ဒုန်း

ချိုးဟဲက ချက်ချင်း ဒူးထောက်လိုက်တော့၏။

“အရှင်မင်းကြီးပါ၊ ဒီမြေက အရှင်မင်းကြီးအပိုင်ပါ၊ ဒါကြောင့် အရှင်မင်းကြီးက ဆုံးဖြတ်ချက်ချတဲ့လူပါ”

“မင်းပြောသလိုဆိုရင်တော့ မင်းတို့အားလုံးက သစ္စာဖောက်တွေပဲ”

“ကျွန်..ကျွန်..ကျွန်တော်မျိုး အပြစ်ကိုသိပါပြီ ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ် အရှင်မင်းကြီး”

ကောင်းကင်သိုင်းခုံရုံးမှ ကျန်သည့်အကြီးအကဲများက ဒူးထောက်လိုက်ကြသည်။

ဆိုရလျှင် ပုန်ကန်သူတစ်ယောက်ဟု တံဆိပ်ရိုက်ခံရခြင်းသည် ပေါ့သေးသေး မဟုတ်ပေ။

လီယွင်ကျန်း၌ အာဏာအစစ်အမှန်မရှိတာ ဆိုးလှပေ၏။ ထိုအကြီးအကဲများအားလုံးသည် မြေခွေးအိုကြီးများ ဖြစ်သည်။ အလွန်ဆုံးမှ လိုက်ပါဆော့ကစားပေးရုံသာရှိသည်။ တကယ်တော့ သူတို့ဘာမှ မဆုံးရှုံးပေ။

သို့သော် နျဲချင်းယွင်သည် မြေခွေးအိုကြီးများ၏အတွေးကို မည်သို့နားမလည်ဘဲ နေမည်နည်း။ သူက ပြောလိုက်၏။

“မင်းတို့ရဲ့ အပြစ်ကို သိတယ်ဆိုမှတော့ မင်းတို့ရဲ့သေခြင်းတရားနဲ့ ဘာကြောင့်မတောင်းပန်တာလဲ”

ချိုးဟဲသည် ထိတ်လန့်အံ့အားသင့်သွား၏။

တိမ်တိုက်တောင်နှင့် နဝမဘုရားကျောင်းကြား၌ အငြိုးအတေးရှိပြီး နှစ်ပေါင်းများစွာ ဖြေရှင်းနိုင်ခဲ့ခြင်း မရှိကြောင်း သူတို့သိထားကြပေ၏။ နျဲ့ချင်းယွင်နှင့် စစ်ခုန်ပေချန်းကလည်း အမြဲတစေ ထိပ်တိုက်တိုက်နေခဲ့သည်။ နျဲ့ချင်းယွင်သည် ယနေ့ကျ နဝမဘုံကျောင်းအတွက် အဘယ်ကြောင့်ပြောပေးရသနည်း။

ကောင်းကင်သိုင်းခုံရုံးမှ လူများသည် တိတ်ဆိတ်သွားတော့သည်။ ထိုစဉ် ကောင်းကင်သိုင်းခုံရုံးမှ တပည့်တချို့သည် စစ်ခုန်ပေချန်းကို ခန်းမထဲသို့ ခေါ်လာ၏။

ယောင်ချင်းချွမ်နှင့် ကျောက်ကျန်းဟဲက ယနေ့တွင်မရှိပေ။ သူတို့ဒဏ်ရာရသွားပြီးနောက် နဝမဘုံကျောင်းသို့ မပြန်ခင် တိမ်တိုက်တောင်တွင် နှစ်ရက်အနားယူပြီးနောက် ပြန်လည် ကုစားနေခဲ့သည်။ သူတို့ရှိနေခဲ့လျှင် သူတို့က စစ်ခုန်ပေချန်း၏ လက်ရှိအခြေအနေကို တွေ့ပါက မည်သို့တွေးမည်နည်း။

နျဲ့ချင်းယွင်သည် စစ်ခုန်ပေချန်းကို ကူတွဲဖို့ ရှေ့သို့အမြန်သွားလိုက်၏။ စစ်ဆေးပြီးနောက် စစ်ခုန်ပေချန်း၏အခြေအနေက သိပ်မကောင်းတာကို သတိပြုမိချိန်၌ သူခေါင်းခါလိုက်တော့သည်။

ဆိုရလျှင် ဤနေရာက ကောင်းကင်သိုင်းခုံရုံး၊ ယွီချန်းရှု၏ နယ်မြေပဲဖြစ်သည်။ အကျဉ်းသားများကို ညှဉ်းပန်းနှိပ်စက်ရန် နည်းလမ်းများစွာရှိ၏။ ပွင့်ချပ်ဆယ်လွှာ သိုင်းပညာရှင်တောင် ၎င်းကို ခံနိုင်ရည်ရှိမှာ မဟုတ်ပေ။ နျဲ့ချင်းယွင်က ခေါင်းထပ်ခါလျက် သူ၏ရှာဖွေတွေ့ရှိချက်ကို သတင်းပို့လိုက်သည်။

“သူ့ရဲ့ထူးကဲ ချီသွေးကြော ရှစ်ကြောက စည်းပိတ်ခံထားရပြီး သူ့စွမ်းအားဗဟိုချက် ချီပင်လယ်ကလည်း ထူးကဲတဲ့စွမ်းအင်နဲ့ ပိတ်ဆို့ခံထားရတယ်၊ အတွင်းဒဏ်ရာကလည်း ပြင်းထန်တယ်”

ဘန်း

လီယွင်ကျန်းက ထိုင်ခုံလက်ရန်းကို ထပ်ရိုက်ပြီးနောက် ကြိမ်းမောင်းလိုက်တော့သည်။

“သိပ်ကောင်းတယ်၊ ချိုးဟဲ တစ်စုံတစ်ယောက်ကို တရားလက်လွတ် စစ်ဆေးတာအတွက် အပြစ်ဒဏ်က ဘာလဲ”

ချိုးဟဲက အရိုအသေပေးလျက်ပြောလိုက်သည်။

“အရှင်မင်းကြီး ကျွန်တော်မျိုးတို့ မတရားခံရတာပါ၊ စစ်ခုန်ပေချန်းနဲ့ ခုံရုံးသခင်က တိုက်ပွဲအတွင်းမှာ ဒဏ်ရာရခဲ့တာ၊ ဘယ်သူ့ကိုမှ စစ်မမေးခဲ့ပါဘူး”

ယခုအချိန်တွင် ကောင်းကင်သိုင်းခုံရုံးမှ ကျန်သည့်အကြီးအကဲများသည် စကားမပြောရဲတော့ချေ။

“မင်းတို့တွေက ငါ့ကိုအရူးလို့ထင်နေလား”

လီယွင်ကျန်းက ထရပ်လျက် စစ်ခုန်ပေချန်းဘေးသို့ လျှောက်သွားလိုက်သည်။ သူသည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို လက်ညှိုးထိုးပြလိုက်၏။ စစ်ခုန်ပေချန်း၏ကိုယ်ပေါ်ရှိ ဒဏ်ရာတချို့က သစ်လွင်နေပြီး တချို့က ဒဏ်ရာဟောင်းများဖြစ်သည်။

ချိုးဟဲက မှင်တက်သွားတော့သည်။ သူသည်စစ်ခုန်ပေချန်းကို အံ့ဩဆွံ့အနေသော အမူအရာဖြင့်ကြည့်လိုက်၏။ မည်သည့်မျိုးမစစ်ကများ စစ်ခုန်ပေချန်းကို တိတ်တဆိတ်ရိုက်ခဲ့မှန်း သူတကယ်မသိပေ။ ထိုလူက ယနေ့တွင် ဒုက္ခများစွာကို ဆောင်ယူလာတာဖြစ်သည်။

နောက်ဆုံး၌ လုကျိုးကပြောလိုက်၏။ သူက လေသံအတက်အကျမရှိ ပြောလိုက်တော့သည်။

“နောက်ဆုတ်”

လီယွင်ကျန်းက ဘေးထွက်ရပ်လျက် သူ၏နေရာသို့ ပြန်သွားလိုက်သည်။

လုကျိုးသည် စစ်ခုန်ပေချန်းဆီ သူ၏လက်ကို တွန်းထုတ်လျက် သူ့၏လက်ဖဝါးမှ အပြာရောင်ကြာပွင့်တချို့ ထွက်ပေါ်လာသည်။

ကောင်းကင်သိုင်းခုံရုံးမှ အကြီးအကဲများသည် အပြာရောင်ကြာပွင့်ကို အထိတ်တလန့် မယုံနိုင်စွာ ကြည့်နေကြသည်။ ရွှေကြာနယ်မြေနှင့် အနက်ရောင်ကြာနယ်မြေအကြောင်း သူတို့သိကြသည်။ သို့သော် ဤအပြာရောင်ကြာသည် မည်သည့်နေရာမှ ရုတ်တရက်ပေါ်လာရသနည်း။

အပြာရောင်ကြာမှ အားကောင်းသောအသက်ဓာတ်စွမ်းအင်တို့သည် စစ်ခုန်ပေချန်း၏ ခန္ဓာကိုယ်ထဲ တိုးဝင်သွားတော့သည်။ ၎င်းတို့က သူ့ကိုကုသပေးနေ၏။ သူ့မျက်နှာပေါ်ရှိ ဒဏ်ရာဒဏ်ချက်များက တဖြည်းဖြည်းချင်း မှေးမှိန်သွားပြီး သူ၏မျက်မှောင်ကြုတ်နေသော အမူအရာကလည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။ မကြာမီ၌ သူမျက်လုံးဖွင့်လိုက်သည်။ နျဲ့ချင်းယွင်၏ အကူအညီဖြင့် သူခေါင်းမော့လိုက်၏။ သူ၏ဖွာထွက်နေသော ဆံပင်ဖြူများက သူ့ကိုအင်မတန် သနားစရာကောင်းနေစေပုံ ပေါ်နေတော့သည်။

စစ်ခုန်ပေချန်း ပထမဆုံး တွေ့လိုက်သည့်လူက လုကျိုးပဲဖြစ်၏။ သူကပြုံးလျက် ပြောလိုက်တော့သည်။

“ညီ..ညီအစ်ကိုလု”

လုကျိုးက မျက်နှာသေဖြင့်မေးလိုက်သည်။

“မင်းကို နာကျင်အောင်ဘယ်သူလုပ်လိုက်တာလဲ”

စစ်ခုန်ပေချန်းက ဘယ်ညာကြည့်လိုက်သည်။ တိမ်တိုက်တောင်နှင့် မိုးမခတစ်ထောင်ဘုရားကျောင်းမှ လူများကို မြင်သောအခါ သူဘေးကင်းမှန်း သိလိုက်၏။ ပြီးနောက် သူကပြောလိုက်သည်။

“ကျုပ် တကယ် မတွေ့ရဘူး၊ မြေအောက်မှာမှောင်မည်းလွန်းတယ်”

သူသည် စကားဆက်ပြောနိုင်ရန် အသက်သုံးရှိုက်ခန့် ရှုလိုက်ရသည်။

“ဒါပေမဲ့ ယွီချန်းရှုက သူတို့ထဲက တစ်ယောက်ပဲ”

လုကျိုးက ခေါင်းညိတ်လိုက်၏။

“သူ့ကို ထိုင်ဖို့ ကူညီပေးလိုက်”

နျဲ့ချင်းယွင်သည် စစ်ခုန်ပေချန်းကို ဘယ်ဘက်သို့ခေါ်သွားပြီး သူ့ကိုထိုင်ရန်ကူညီပေးလိုက်သည်။

လုကျိုးက ချိုးဟဲနှင့် ကျန်သည့်အကြီးအကဲများကို ကြည့်ပြီးပြောလိုက်တော့၏။

“ငါ့ကိုပြော၊ ဒီစာရင်းကို ငါတို့ဘယ်လိုရှင်းသင့်လဲ”

ချိုးဟဲနှင့် ကျန်သည့်လူများသည် အင်မတန် စိတ်ရှုပ်ထွေးသွားကြ၏။ ယွီချန်းရှုက သေပြီဖြစ်သည်။ ယင်းက မလုံလောက်ပေလော။

“စစ်ခုန်ပေချန်းကို ဘယ်သူရိုက်ခဲ့လဲဆိုတာ ကျုပ်တကယ် မသိပါဘူး၊ ပုံမှန်ဆို ခုံရုံးသခင်နဲ့ သူ့နားကလူတွေပဲ မြေအောက်အကျဉ်းထောင်ထဲ ဝင်ခွင့်ရှိတာ၊ အဲဒါတွေအပြင် ဘယ်သူမှဝင်ခွင့်မရှိဘူး”

ချိုးဟဲသည်စကားပြောနေစဉ် မခံမရပ်နိုင်ဖြစ်လာတော့၏။ ထိုစဉ် အပြင်ဘက်မှ ကျယ်လောင်သည့်အသံတစ်သံ ပေါ်ထွက်လာ၏။

“မြို့စားဖူရောက်ရှိလာပါပြီ”

မျက်နှာကြီးကြီးဖြင့် လူရွယ်တစ်ယောက်သည် အမှုထမ်းဝတ်စုံကို ဝတ်ထားလျက် ပိုးသားခေါင်းဆောင်းကို ဆောင်းထားကာ လက်နောက်ပစ်ထားလျက် ဖြည်းဖြည်းချင်းလျှောက်လာသည်။ သူ၏ခြေလှမ်းက တည်ငြိမ်နေပြီး လမ်းလျှောက်ချိန်တွင် သူက ခြိမ်းခြောက်နိုင်စွမ်းရှိသည်။ သူ့နောက်မှ စစ်သည်လေးယောက်သည် ဓားမော့များ ကိုင်ထားလျက် ခန်းမထဲဝင်လာသည်။

မြင့်မြတ်သောရိုးရာခန်းမထဲ ဝင်လာပြီးနောက် မြို့စားဖူဟု အမည်ရသည့် ချွေ့အန်းက တစ်ချက်ရပ်လိုက်သည်။ သူ၏အကြည့်များက လူတိုင်းဆီ ဖြတ်သွားပြီးနောက် သိမ်းငှက်အကြည့်ပမာ ဖြစ်နေတော့သည်။ ပထမဆုံးမှာ ဒူးထောက်နေသော ချိုးဟဲဖြစ်၏။ ပြီးနောက် ညာဘက်ခြမ်းတွင်ရပ်နေသော တိမ်တိုက်တောင်မှလူများဖြစ်သည်။ နောက်ဆုံးတွင် တည်ငြိမ်နေသော လုကျိုးဆီရောက်သွာပြီး စိတ်ဓာတ်ကျနေသော ဝမ်ရှစ်ကျုံး၊ ပြီးနောက် ဧကရာဇ်လေး လီယွင်ကျန်းဆီ ရောက်သွား၏။

ချွေ့အန်းက နောက်ဆုံးတွင် ပြောလိုက်တော့သည်။

“နှုတ်ခွန်းဆက်ပါတယ် အရှင်မင်းကြီး”

“မင်းဒီကိုဘာလာလုပ်တာလဲ” လီယွင်ကျန်းက မေးလိုက်၏။

“အရှင်မင်းကြီး အနားမှာသစ္စာဖောက်တွေ အများကြီးရှိပါတယ်၊ ဒါ့ကြောင့် မလုံခြုံပါဘူး၊ ကျေးဇူးပြုပြီး နန်းတော်ကိုပြန်ပါ”

ချွေ့အန်းသည် အလွယ်တကူ ဖိနှိပ်ခံရသည့် အဆင့်နိမ့်အရာရှိများနှင့် မတူပေ။ သူစကားပြောချိန်၌ သူ၏လေသံက ဩဇာညောင်းနေလျက် မာန်ပါသည်။ သူသည် လီယွင်ကျန်းကို စကားပြောရန် အခွင့်အရေးတစ်ချက်တောင် မပေးပဲ အင်္ကျီလက်ကိုဝှေ့ရမ်းလိုက်၏။

ချွေ့အန်းနောက်တွင်ရပ်နေသည့် လူလေးယောက် လီယွင်ကျန်းဆီ ချက်ချင်းလျှောက်သွားလိုက်သည်။

ယင်းကိုမြင်သောအခါ ဝမ်ရှစ်ကျုံးသည် သူ့ရင်ထဲ၌ မကောင်းသည့်နိမိတ်ကို ခံစားလိုက်ရပြီး ရင်ထဲအော်နေမိသည်။ သူက အမြန်နောက်ဆုတ်လိုက်လေ၏။

လီယွင်ကျန်းက မျက်မှောင်ကြုတ်သွားသည်။ သူ၏ရင်ဘတ်ပေါ်၌ ပြင်းထန်သော ဖိအားကို ခံစားနေရပြီး သူအသက်မရှုနိုင်တော့ပေ။ ထိုကဲ့သို့အရာမျိုး သူကြိမ်ဖန်များစွာဖြစ်ပွားခဲ့၏။ နန်းတော်ထဲတွင်သာဆိုလျှင် သူသိပ်ဂရုစိုက်မှာမဟုတ်ဘဲ သူဒေါသကို မျိုသိပ်လိုက်ရုံသာဖြစ်သည်။ သို့သော် ယနေ့ကမူ အတိတ်နှင့် မတူညီတော့ပေ။ သူက မျှော်လင့်ချက်အရိပ်အယောင်ကို ပြသခဲ့ပြီးဖြစ်၏။ တိုင်းပြည်ကို ပံ့ပိုးပေးနေသော အမှုထမ်းဟု ခေါ်သူက သူ့မျှော်လင့်ချက်ကို သတ်ချင်နေသည်လော။ သူမည်ကဲ့သို့ မမွန်းကြပ်ပဲနေမည်နည်း။

လီယွင်ကျန်းသည် တောင်းဆိုသောအမူအရာဖြင့် လုကျိုးဘက် လှည့်ကြည့်ပြီးခေါ်လိုက်၏။

“ဆရာဘိုးဘိုး”

လုကျိုးသည် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်ကို အချက်ပြလိုက်သည်။

သူတို့နှစ်ယောက်က သူတို့ရှစ်စွင်းကို သဘောပေါက်၏။

အစောင့်လေးယောက် ရောက်လာချိန်တွင် စွမ်းအင်ဓားနှစ်ခုနှင့် စွမ်းအင်ဓားမော့နှစ်ခုက လျှပ်ပြတ်သော အရှိန်ဖြင့် အစောင့်များ၏ လည်ပင်းကို ပိုင်းဖြတ်သွားသည်။

ထောက် ထောက် ထောက် ထောက်

အစောင့်လေးဦး၏ မျက်လုံးများက ထိတ်လန့်မှုကြောင့် ပြူးကျယ်နေကာ မြေပြင်ပေါ်ပြုတ်ကျသွားတော့သည်။ သူတို့က တုံ့ပြန်ရန် အချိန်တောင် မရှိတော့ပေ။ လည်ပင်းမှ သွေးများစီးကျလာပြီးနောက် မြင့်မြတ်သောရိုးရာခန်းမဆောင်ထဲရှိ အညိုရောင်သစ်သားကြမ်းပြင်ထဲ စီးကျသွားသည်။

ယင်းကို မြင်သောအခါ မြို့စားဖူ ချွေ့အန်းက မျက်မှောင်ကြုတ်လိုက်တော့၏။

…

အခန်း (၈၆၃) ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်နဲ့ ဘယ်သူက ယှဉ်နိုင်မှာလဲ

ချွေ့အန်းသည် အစောင့်လေးဦးအသတ်ခံရတာကို မြင်သောအခါ မျက်မှောင်အနည်းငယ်သာ ကျုံ့သွား၏။ သူ စိတ်မလွတ်သွားပေ။ ပြီးနောက် သူသည် လုကျိုးကို ကြည့်ပြီးမေးလိုက်တော့သည်။

“မနက်တုန်းက တစ်စုံတစ်ယောက်က ယွီချန်းရှုကို သတ်လိုက်တဲ့အကြောင်း ကောလာဟလ ကြားခဲ့တယ်။ ခင်ဗျားက ကောလာဟလတွေထဲမှာပါတဲ့ သိုင်းပညာရှင် လုမျိုးရိုးလား”

လီယွင်ကျန်းက အသက်နက်နက်ဖြင့်ပြောလိုက်သည်။

“ချွေ့အန်း ငါ့ကို မြင်တဲ့အချိန် ဒူးမထောက်ဘူးလား။ ရာရာစစ မင်းရဲ့သခင်ကို မလေးမစားပြုရဲတယ်ပေါ့”

ချွေ့အန်းသည် ဒေါသထွက်နေသော လီယွင်ကျန်းကို လျစ်လျူရှုထားလျက် ပြောလိုက်သည်။

“အရှင်မင်းကြီး အရှင်က ငယ်ရွယ်သေးပြီး အလွယ်တကူ လွှမ်းမိုးခံရနိုင်ပါသေးတယ်။ ဒီကိစ္စဖြေရှင်းပြီးတာနဲ့ အရှင်မင်းကြီးကို တောင်းပန်ပါ့မယ်။ မြို့စားလေးဦးက ဒီနေရာကို လာနေပါပြီ”

လီယွင်ကျန်းသည် ဆက်ပြောချင်သေးသော်ငြား လုကျိုးက သူ့ကိုတားရန် လက်မြှောက်လိုက်သည်။

လုကျိုး၏ အမူအရာကပုံမှန်အတိုင်းတည်ငြိမ်နေလျက် မေးလိုက်၏။

“ဒီတော့ ခင်ဗျားက မဟာမြို့စားငါးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ချွေ့အန်းလား”

ချွေ့အန်း၏ လူများသာ အနားတွင်ရှိနေခဲ့လျှင် လုကျိုးက သူ့ကိုဘွဲ့အမည်အစား အမည်အတိုင်း ခေါ်ဝေါ်လိုက်သည့်အတွက်ကြောင့် သူတို့ ဒေါသထွက်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေ ချွေ့အန်းက ရန်စခံလိုက်ရသည်ဟု ထင်ပုံမပေါ်။ သူက လက်ပိုက်တာကို ဖြည်ချလျက် လက်နောက်ပစ်ကာ ပြန်ပြောလိုက်သည်။

“ဟုတ်တယ်”

လုကျိုးသည် ချွေ့အန်၏ မျက်လုံးထဲရှိ ရန်လိုမှုကို မြင်နိုင်သည်။ ထို့ကြောင့် သူသည် ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

“မင်းက မကျေမနပ်ဖြစ်နေပုံပဲ”

လုကျိုးသည် ထူးဆန်းတာ ရှာတွေ့သွားသည်။ ကောင်းကင်သိုင်းခုံရုံးမှ အကြီးအကဲများသည် သူက ယွီချန်းရှုကို သတ်ခဲ့သူမှန်းသိ၏။ သို့သော် အဆုံးကျ သူရောက်လာချိန်တွင် သူတို့အမြင်ကို ထုတ်မပြောရဲပေ။ ချွေ့အန်း၏ ယုံကြည်ချက်က မည်သည့်နေရာမှ လာသနည်း။

ချွေ့အန်းက အသံတိုးတိုးဖြင့်ပြောလိုက်သည်။ “မကျေနပ်တာလား … ဒီနေရာက ကောင်းကင်သိုင်းခုံရုံးဆိုတာ ခင်ဗျားသိလား။ ခင်ဗျားက ကောင်းကင်သိုင်းခုံရုံးရဲ့ ခုံရုံးသခင်ကို သတ်ခဲ့ရုံမကဘူး ဒီနေရာကို လာရဲသေးတယ်။ ကျုပ် ခင်ဗျားကို နားမလည်ဘူး”

တကယ်ပဲ လုကျိုး၏ လုပ်ရပ်များသည် သာမန်လူများ နားလည်ရန် ခက်ခဲလှပေသည်။ တစ်ဖက်အဖွဲ့၏ခေါင်းဆောင်ကို သတ်ဖြတ်ပြီးနောက် သူသည် နေ့ခင်းကြောင်တောင်၌ တစ်ဖက်အဖွဲ့၏အိမ်သို့ ရောက်လာကာ တောင်းဆိုမှုမျိုးစုံ ပြုလုပ်ခဲ့၏။ ယင်းက အနည်းငယ်လွန်လွန်းသည်။

လုကျိုးသည် ခေါင်းခါပြီးပြောလိုက်သည်။

“ငါက ကိစ္စတွေကို ဖြေရှင်းတဲ့အချိန် အမြဲတမ်းအကျိုးအကြောင်းသင့်တယ်။ ယွီချန်းရှုက ငါ့မိတ်ဆွေကို သတ်ဖို့ ကြိုးစားတာကြောင့် သူ မသေသင့်ဘူးလား”

“သူ သေသင့် မသေသင့်က ခင်ဗျား ဆုံးဖြတ်ရမှာမဟုတ်ဘူး။ အချုပ်အခြာ ခုံရုံးကပဲ ဆုံးဖြတ်ရမှာ။ ဒါ့အပြင် ယွီချန်းရှုရဲ့တာဝန်ကို တော်ဝင်ခုံရုံးက ပေးထားတာ” ချွေ့အန်းသည် မှန်ကန်သည့်ဖက်တွင် နေနေသည့်ပမာ တည်ငြိမ်စွာ ယုံကြည်ချက်ရှိရှိပြောလိုက်၏။

“တောင်ဝင်ခုံရုံးက တာဝန်လား” လုကျိုးသည် လီယွင်ကျန်းဖက်လှည့်ပြီး မေးလိုက်တော့၏။

“မင်းက ဧကရာဇ်ပဲ။ မင်းအဲ့လိုအမိန့်မျိုး ပေးထားလား”

လီယွင်ကျန်းသည် ခေါင်းအမြန်ခါလျက် ပြောလိုက်တော့သည်။ “အရှင်မင်းကြီး ဒီလိုအမိန့်မျိုး ဘယ်လိုလုပ်ပေးနိုင်မှာလဲ။ ချွေ့အန်း ရာရာစစ ဧကရာဇ်အမိန့်ကို ဖီဆန်တယ်ပေါ့”

“...”

ဧကရာဇ်ကိုယ်တိုင်က ချွေ့အန်း၏ စကားများကို ဆန့်ကျင်လျက် ငြင်းဆိုနေတော့သည်။

လီယွင်ကျန်း၏ စကားကို ကြားသောအခါ ချွေ့အန်း၏ အမူအရာက မပြောင်းလဲသွားပေ။

ထိုအစား သူက ရှုတ်ချလျက်ပြောလိုက်သည်။

“ဧကရာဇ်ကို ပြန်ပေးဆွဲထားရုံနဲ့ မင်း ငါ့ကို ခြိမ်းခြောက်နိုင်မယ်လို့ထင်လား”

လုကျိုးသည် ချွေ့အန်း ပြောတာနားထောင်စဉ် မုတ်ဆိတ်သပ်လိုက်၏။ အစက သူသည် ကောင်းကင်တောင်တန်းခြားဒေသထဲတွင် ယွီချန်းရှုကို သတ်ဖြတ်ပြီးနောက် ကောင်းကင်သိုင်းခုံရုံးနှင့် တော်ဝင်ခုံရုံးကို ခြိမ်းခြောက်ရန်လုံလောက်သည်ဟု ထင်ခဲ့သည်။ ထိုမျှ မောက်မာထောင်လွှားပြီး ရူးမိုက်သည့်သူ ရှိနေဦးမည်ဟု သူ မထင်ထားပေ။ သို့သော် ၎င်းက အံ့ဩစရာမဟုတ်ပေ။ ကမ္ဘာလောကကြီးက ကြီးမားလှပေ၏။ အရူးတစ်ယောက်နှစ်ယောက်က ရှိမှာ မလွှဲမသွေဘဲဖြစ်သည်။ ဒါလည်းကောင်းပေ၏။ သူသည် ဤအခြေအနေမှ တစ်စုံတစ်ခုကို ရရှိနိုင်သည်။

ချွေ့အန်းက ဆက်ပြောလိုက်သည်။ “ခင်ဗျား မလာလည်း အဆင်ပြေတယ်။ ဒါပေမဲ့ ဒီနေရာကို ရောက်လာသေးတယ်။ ဆိုရိုးစကားရှိတဲ့အတိုင်း ကောင်းကင်ကို သွားရာလမ်းကို ခင်ဗျား မလိုချင်ဘဲ ငရဲကို ခုန်ဆင်းဖို့ ရွေးချယ်ခဲ့တာပဲ။ ဒါအတွက် ကျုပ်ကို အပြစ်မတင်နဲ့”

ချွေ့အန်းက ပြောပြီးနောက် လူအုပ်ကြီးကို ကြည့်ကာ တင်းမာခက်ထန်စွာ ပြောလိုက်သည်။

“ချိုးဟဲ … ကောင်းကင်သိုင်းခုံရုံးရဲ့ ဒုတိယအကြီးအကဲတစ်ယောက်အနေနဲ့ မင်းက မင်းတို့ ခုံရုံးသခင်ရဲ့ သေဆုံးခြင်းအတွက် လက်စားမချေရုံတင်မကဘူး သူ့ကို သတ်တဲ့သူဆီကနေ သက်ညှာပေးဖို့ ဒူးထောက်တောင်းဆိုနေတယ်။ မင်းက ကောင်းကင်သိုင်းခုံရုံးကို အရှက်ကွဲစေတာပဲ”

ချိုးဟဲသည် ဆိတ်ဆိတ်သာနေလျက် မြေပြင်ပေါ်တွင် ဒူးထောက်နေဆဲဖြစ်သည်။

ချွေ့အန်းက ကောင်းကင်သိုင်းခုံရုံးမှ ကျန်သည့်အကြီးအကဲများကို ကြည့်ပြီး အသံမြှင့်ကာ ပြောလိုက်တော့သည်။

“မင်းတို့ ဘာတွေစောင့်နေတာလဲ။ မြန်မြန် ကောင်းကင်သိုင်း ကောင်းကင်အစီအရင်ကို အသက်သွင်းတော့လေ”

ချိုးဟဲက ငြိမ်နေသေးဆဲဖြစ်သည်။

ချွေ့အန်းက သက်ပြင်းချလျက် ခေါင်းခါလိုက်တော့သည်။

“အမှိုက်တစ်သိုက်”

ပြီးနောက် ချွေ့အန်းသည် လက်မြှောက်လိုက်ပြီး ဝေ့ယမ်းလိုက်တော့သည်။

ဘီး

ခန်းမအပြင်ဖက်မှ အသံတစ်သံပေါ်ထွက်လာသည်။

မကြာမီ၌ မြေပြင်က အနည်းငယ်လှုပ်လာပြီး ခန်းမထဲရှိ ပရိဘောဂများလည်း လှုပ်လာကြတော့သည်။ အဆောက်အအုံကတောင် အနည်းငယ်လှုပ်ခါသွားပုံပေါ်၏။

ချိုးဟဲက အထိတ်တလန့်ပြောလိုက်သည်။ “ကောင်းကင်သိုင်း ကောင်းကင်ဘုံအစီအရင်လား။ အစီအရင် အသက်သွင်းတာကို ဘယ်လိုလုပ်သိနေတာလဲ”

လူတိုင်းက စိတ်ရှုပ်ထွေးသွားကြသည်။

ထိုစဉ် စစ်ခုန်ပေချန်းက ချောင်းဟန့်လျက်အားနည်းစွာပြောလိုက်သည်။

“ဒီတော့ ညအချိန်မှာ မြေအောက်အကျဉ်းထောင်ထဲ ခိုးဝင်လာပြီး ငါ့ကို ဒဏ်ရာရအောင် လုပ်တဲ့သူက မင်းပဲ”

ချွေ့အန်းက နှာခေါင်းရှုံ့လိုက်၏။

“ခင်ဗျားက အသက်ကြီးပြီး စိတ်နောက်နေပြီပဲ။ နေ့လားညလားတောင် မခွဲနိုင်ဘူး။ ကျုပ်က တော်ဝင်ခုံရုံးရဲ့ အရေးပါတဲ့ အရာရှိတစ်ယောက်။ တိုင်းပြည်ကို ထိခိုက်အောင် လုပ်ချင်တဲ့သူတွေကို သတ်ဖို့က ကျုပ်ရဲ့တာဝန်ပဲ။ တိုင်းပြည်အတွက် မှန်ကန်စွာဆောင်ရွက်ပေးနေတာ။ ကျုပ်အတွက် ဘာခိုးကြောင်ခိုးဝှက် ဝင်နေစရာလိုလဲ စစ်ခုန်ပေချန်း။ ယွီချန်းရှုကြောင့်သာ မဟုတ်ရင် ခင်ဗျားကို တစ်ချက်တည်းနဲ့သတ်ပြီးပြီ။ ဒီနေ့ ဟောင်နေဖို့အခွင့်အရေးတောင် ရမှာမဟုတ်ဘူး”

စစ်ခုန်ပေချန်းက မျက်မှောင်ကျုံ့လိုက်၏။ “မင်း …”

ထိုစဉ် လုကျိုးက ချွေ့အန်းဖက် လှည့်ကြည့်ပြီးမေးလိုက်သည်။ “မင်း ပြီးပြီလား” သူ၏အရှိန်အဝါသည် အစောတုန်းကနှင့် အနည်းငယ် ကွဲပြားသွားလေသည်။

မည်သူကမှ လုကျိုးကို မနှောင့်ယှက်ရဲချေ။

ချွေ့အန်းက ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ် ကျူပ် ပြီးပြီ။ ဒီလောက်အများကြီးပြောရတာ ကျုပ်လေကုန်တယ်”

“သူ့ကို ဖြေရှင်းလိုက်” လုကျိုးသည် သူ၏ အင်္ကျီလက်ကို ဝေ့ယမ်းလိုက်သည်။

ယွီကျန့်ဟိုင်က ပထမဆုံး လှုပ်ရှားသူဖြစ်၏။ သူ၏ လက်သည် ရွှေရောင်အလင်းတောက်ပသွားလျက် ချွေ့အန်း၏ လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။

ချွေ့အန်းသည် သူ၏လက်ကို ချက်ချင်းတွန်းထုတ်ကာ ရန်သူနှစ်ယောက်၏ စွမ်းအင်က တိုက်မိသွားတော့သည်။

ဘန်း

ချွေ့အန်းသည် မြင့်မြတ်သောရိုးရာခန်းဆောင်အပြင်ဖက်သို့ လွင့်ထွက်သွား၏။ သို့သော် သူ ပျာယာခတ်သွားပုံမပေါ်။ သူက ခေါင်းမော့လျက် ကောင်းကင်ကို ကြည့်ပြီးပြောလိုက်သည်။ သူက တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။

“အစီအရင်ကို အသက်သွင်းပြီးသွားပြီ။ မင်းရဲ့ရွေးချယ်မှု လုပ်ပြီးသွားပြီဆိုတော့ ဒီမှာ တစ်သက်လုံးနေလိုက်တော့”

“မင်း တစ်ယောက်ပဲ ဒါမျိုးလုပ်နိုင်တယ်လို့ ထင်နေလား” ယွီကျန့်ဟိုင်က ရှုတ်ချလိုက်၏။

“ဒါပေါ့ … ဒါတင်မကဘူး လက်ဆောင်ပြင်ဆင်ထားတယ်”

ထိုစဉ် ခန်းမ၏အရှေ့ဖက်ရှိ အဆောက်အအုံများထဲမှ လူတစ်ယောက်ပြီးတစ်ယောက်ထွက်လာသည်။ သူတို့အားလုံးက ညစ်ပတ်ပေကျံနေလျက် သွင်ပြင်များက မသေမသပ်ဖြစ်နေသည်။ ဆံပင်များက ရှုပ်ပွနေလျက် မုတ်ဆိတ်များ မရိတ်သင်တာ အတော်ကြာပြီဖြစ်ပုံပေါ်၏။ ထိုလူများထဲတွင် မျက်စိကန်းနေသည့်သူများ၊ ကတုံးများ၊ မသန်စွမ်းသည့်သူများနှင့် ခေါင်းအနည်းငယ်စောင်းနေသည့် လူများရှိပြီး ရူးသွပ်နေသည့် အမျိုးသမီးများ၊ ခါးကိုင်းနေသည့် အဖိုးအိုများရှိ၏။

ချွေ့အန်းသည် သူတောင်းစားများနှင့် တူသည့် ထိုလူများကိုကြည့်ပြီး ပြောလိုက်၏။ “မင်းတို့တွေ မြင့်မြတ်သော ရိုးရာခန်းဆောင်ထဲက လူတိုင်းကို သတ်နိုင်သရွေ့ မင်းတို့အားလုံးရဲ့ လွတ်လပ်ခွင့်ကို ပြန်ရစေရမယ်”

ကတုံးက ရူးသွပ်စွာပြောလိုက်၏။ “ချွေ့ … ချွေ့အန်း မင်းကိုယ်တိုင်ပြောတာနော်။ မင်း ငါတို့ကို လိမ်ရဲရင် ….”

“မင်းတို့ကို ထောင်ထဲက လွှတ်ပေးပြီးသားမလား” ချွေ့အန်းက ပြန်ပြောလိုက်၏။

နောက်ထပ် လူတစ်ယောက်က ရယ်မောလိုက်သည်။ “အပေးအယူဖြစ်ပြီ။ အပေးအယူဖြစ်ပြီ”

“အပြင်ဖက်က လေထုက သိပ်ကောင်းလိုက်တာ သွေးတွေ ပက်ဖြန်းလိုက်ရင် ပိုတောင်ကောင်းသွားဦးမယ်”

လေထဲ၌ အက်ကွဲသံပေါ်ထွက်လာပြီးနောက် တစ်စုံတစ်ယောက်က ပြောလိုက်သည်။ “မြင့်မြတ်သော ရိုးရာခန်းဆောင်ထဲက လူတွေရဲ့ခေါင်းကို ဆွဲဖြုတ်လိုက်ရင်ကော … မြန်မြန် ငါ မစောင့်နိုင်တော့ဘူး”

ယင်းကို မြင်သောအခါ မုန့်ချန်းတုံက တအံ့တဩပြောလိုက်သည်။ “ကောင်းကင်စူးစမ်းရှာဖွေရေး ခုံရုံးရဲ့အဖွဲ့သားတွေ”

“ကောင်းကင်သိုင်းစူးစမ်းရှာဖွေရေးခုံရုံးက လူထူးလူဆန်းတွေပဲ … အားလုံး ဂရုစိုက်ကြ”

ထိုသတိပေးသံဖြင့် လူတိုင်းက စိုးရိမ်ပူပန်လာကြသည်။

တာ့ထန်တွင် ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးအကြောင်း မကြားဖူးသူ မရှိပေ။ ဆိုရလျှင် ကောင်းကင်သိုင်းခုံရုံး၏ လက်ရှိအဆင့်အတန်းသည် ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံး၏ အုတ်မြစ်ပေါ် အခြေခံပြီး တည်ဆောက်ထားတာဖြစ်သည်။ တာ့ထန်ရှိ နယ်ခြားမျိုးနွယ်များကတောင် ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးနှင့် ဝေးဝေးနေပြီး သူတို့ကို လေးစားရသည်။

ထိုစဉ် ချွေ့အန်းက အဆောက်အအုံတစ်ခုအပေါ်ခုန်တက်လျက်ပြောလိုက်သည်။

“ကောင်းကင်သိုင်း ကောင်းကင်ဘုံအစီအရင်ကို အသက်သွင်းလိုက်ပြီ။ မင်းတို့ခွန်အားတိုးလာလိမ့်မယ်။ သွားတော့”

ယွီကျန့်ဟိုင်က ခေါင်းခါလိုက်၏။ သူက လှုပ်ရှားတော့မည့်အချိန်တွင် လုကျိုး၏ အသံက နောက်မှ ပေါ်ထွက်လာ၏။ “နောက်ဆုတ်”

သူ့ရှစ်စွင်း၏ စကားကြောင့် ယွီကျန့်ဟိုင်၏ တိုက်ခိုက်လိုစိတ်က ချက်ချင်းကုန်ဆုံးသွားသည်။ တစ်စုံတစ်ယောက်သည် သူ့ကို ရေခဲရေတစ်ပုံးလောင်းလိုက်သည့်ပမာ ဖြစ်နေ၏။ မည်သို့ပင်ဆိုစေ သူသည် မြင့်မြတ်သော ရိုးရာခန်းဆောင်ဆီသို့ လိမ်လိမ်မာမာပြန်သွားလိုက်သည်။

တကယ်တော့ လုကျိုးသည် သူ၏တပည့်အတွက် ဂရုစိုက်နေတာပဲဖြစ်သည်။ ဆိုရလျှင် ဤနေရာက ကောင်းကင်သိုင်းခုံရုံးဖြစ်၏။ သတိထားတာ မမှားပေ။ ထို့အပြင် ဖြစ်နိုင်ပါက သတိထားလျှင် ပိုကောင်းသည်။ ကောင်းကင်ပြိုလဲသွားပြီး မြေကြီးအက်ကွဲသည်အထိ တိုက်ခိုက်ဖို့က မလိုအပ်သရွေ့ ကောင်းကင်ပြိုလဲပြီး မြေကြီးအက်ကွဲသည်အထိ မလိုအပ်ပေ။

မျက်စိတစ်မှိတ်အတွင်း လုကျိုးသည် မြင့်မြတ်သောရိုးရာခန်းဆောင်ရှေ့တွင် ပေါ်လာ၏။ သူက ထိုလူတစ်စုကို ကြည့်ပြီး လက်နောက်ပစ်လျက် ရပ်နေသည်။

“ကောင်းကင်စူးစမ်းရှာဖွေရေး ခုံရုံးလား”

ကတုံးဖြင့်လူက ရယ်မောသံများဖြင့်ပြောလိုက်သည်။ “ဟေ့ ဟေ့ … တစ်စုံတစ်ယောက်က ငါတို့ကို မှတ်မိတယ်ဟ။ ဒီလောက်ကြာသွားပြီ ငါတို့ကို သိတဲ့လူရှိသေးတယ်။ အဖိုးကြီး မင်းမှာ အမြင်ကောင်းရှိတယ်ဆိုတော့ မင်းကို ငါတို့မသတ်ဘူး။ ငါ့ရှေ့ကနေဖယ်”

သူ့ရှေ့က လူတစ်စုသည် ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှလူဖြစ်ကြောင်း အတည်ပြုပြီးနောက် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

တစ်ဖက်တွင်မူ ချွေ့အန်းက ကတုံး၏စကားကို ကြားသောအခါ အမြန်ပြောလိုက်၏။

“မရဘူး … သူ့ကို အရင်ဆုံးသတ်ရမယ်။ ဘာတွေစောင့်နေတာလဲ”

ကောင်းကင်စူးစမ်းရှာဖွေရေး အဖွဲ့သားများက သူ့ကို စိုက်ကြည့်လိုက်၏။

ထိုစဉ် ချွေ့အန်းက လေထဲပျံတက်သွားလျက် လှည့်ပတ်ကြည့်ပြီး ပြန်ပြောလိုက်သည်။ “ငါ တစ်နာရီအတွင်း ပြန်လာမယ်”

ချွေ့အန်းက အလွန်ထက်မြတ်သည်။ သူက အဝေးသို့ဆုတ်ခွာသွား၏။

“ဟ အဲ့ဒီမျိုးမစစ်က သူ့တိုက်ပွဲတွေကို တိုက်ခိုက်ဖို့ ငါတို့ကို အသုံးချနေတာ” ကတုံးက တံတွေးထွေးလိုက်သည်။

“တော်ဝင်ခုံရုံးက လူတိုင်းက ဒီအတိုင်းပဲ။ ရွံ့စရာကောင်းတယ်” အမျိုးသမီးများထဲမှ တစ်ယောက်က လုကျိုးကိုကြည့်ပြီးပြောလိုက်သည်။

“အဖိုးကြီး … တောင်းပန်ပါတယ်။ ဒါပေမဲ့ ငါ့ လွတ်လပ်ရေးအတွက် လုပ်ရမှာပဲ”

ထိုသို့ပြောပြီး ကောင်းကင်သိုင်းခုံရုံးမှ လူများသည် ရှေ့တိုးလာသည်။

“စိတ်ဝိညာဉ်သဏ္ဌာန်”

ဘီး

လူတိုင်း၏ရှေ့မှောက်၌ ရေအိုင်တစ်အိုင်နှင့်တူသော ရွှေကြာပွင့်က ပေါ်လာသည်။ ပြီးနောက် ပွင့်ချပ်ဆယ်လွှာသည် ရွှေရောင်အလင်းဖြင့် တောက်ပနေလျက် တလက်လက်ဖြစ်နေသည်။ ပြီးနောက် မြေပြင်ထဲမှ ထုပုံစံစိတ်ဝိညာဉ်သဏ္ဌာန်ပေါ်ထွက်လာပြီး မြင့်မြတ်သော ရိုးရာခန်းဆောင်ပေါ်ရှိ ကောင်းကင်ထဲ မြင့်တက်သွားသည်။ ချက်ချင်းပင် ၎င်း၏အမြင့်သည် ပေသုံးရာအထိ မြင့်တက်သွားသည်။ ရွှေရောင်ကံမီးတောက်က ပေါ်ထွက်လာသည်။

ကောင်းကင်ရှာဖွေရေးခုံရုံး၏အဖွဲ့သားများသည် နောက်ဆုတ်လျက် ထိတ်လန့်မှုကြောင့် မျက်လုံးပြူးကျယ်ကုန်၏။ ပြီးနောက် သူတို့သည် စိတ်ဝိညာဉ်သဏ္ဌာန်၏ ခေါင်းကို မော့ကြည့်လိုက်သည်။

ကြယ်တာရာဒိုင်ခွက်တစ်ခုပေါ်လာပြီး မွေးဖွားဇယားချပ်တစ်ခုက လင်းနေလေ၏။

လူတိုင်းသည် ထိုမြင်ကွင်းကို ရင်သပ်ရှုမောစွာကြည့်နေကြပြီး စိတ်လှုပ်ရှားမှု၊ ထိတ်လန့်မှု၊ မယုံနိုင်မှုတို့က မွေးဖွားဇယားချက်မှု အလင်းဖြစ်တည်လာချိန်တွင် ပေါ်ထွက်လာ၏။

ချွေ့အန်းသည် သူ၏အစီအစဉ်က ချောမွေ့နေသောကြောင့် အတော်လေး ကျေနပ်အားရနေတာဖြစ်သည်။ ရုတ်တရက် သူ့နောက်ကျော၌ အန္တရာယ်ကို ခံစားမိ၏။ သူ လှည့်ကြည့်လိုက်ရာ သူ ဘယ်တော့မှ မေ့မှာမဟုတ်သည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။

ရွှေရောင်မီးဖြင့် တောက်လောင်နေသော ပေသုံးရာခန့်မြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန်နှင့် မြင့်မြတ်သော ရိုးရာခန်းဆောင် ခန်းမထက်မြင့်သော ခေါင်း၏နောက်တွင် ရွှေရောင်ကြယ်တာရာဒိုင်ခွက်ပျံသန်းနေတာကို တွေ့လိုက်ရ၏။ ထိုစဉ် အလင်းတန်းက ရွှေရောင်ကြယ်တာရာဒိုင်ခွက်ထဲကနေ သူ့ဆီ လွင့်ထွက်လာ၏။

ချွေ့အန်းသည် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် မျက်လုံးပြူးကျယ်သွားပြီး သူ တုန်လှုပ်လာတော့သည်။ သူ့နှလုံးခုန်နှုန်းက အဆတစ်သောင်းမြန်လာ၏။ “တစ်ထောင်”

ဝှစ်

စွမ်းအင်တန်းက ချွေ့အန်း၏ နှလုံးကို တိကျစွာထိုးဖောက်သွားပြီး သေသပ်သော သွေးပေါက်တစ်ပေါက် ချန်ရစ်ခဲ့၏။

ချွေ့အန်း မသေခင် သူ၏စိတ်က ဗလာကျင်းသွားသည်။ ရွှေရောင်ကြယ်တာရာဒိုင်ခွက်ဖြင့် ပေသုံးရာစိတ်ဝိညာန်သဏ္ဌာန်သည် သူ၏မျက်လုံးထဲ ရောင်ပြန်ဟပ်နေပြီး ကောင်းကင်ထဲမှ ပြုတ်ကျလာတော့၏။ သူ အသက်ရှူရန်ကြိုးစားသော်ငြား အသက်မရှူနိုင်ပေ။ သိပ်မကြာခင်၌ သူ ခေါင်းငိုက်စိုက်ကျပြီး သေသွားတော့၏။

ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ လူများက ကြက်သေသေကုန်တော့၏။

…

အခန်း (၈၆၄) ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ပေါ်ထွက်လာတာနဲ့ ဘယ်သူကများ ယှဥ်ပြိုင်ရဲမည်နည်း

ကောင်းကင်သိုင်းပညာခုံရုံးမှ အရူးများက တောက်လောင်နေသည့် ရွှေရောင် ကံကြမ္မာမီးတောက်၏ အပူချိန်ကို ခံစားမိကြသည်။ အပူချိန်က သူတို့၏ ခန္ဓာကိုယ်နှင့် မျက်နှာအထက် ဖြတ်သန်းသွား၏။ သူတို့၏ အတွေးများပင် လောင်ကျွမ်းသွားဟန်ပေါ်ကာ စိတ်က ဗလာကျင်းသွားလေသည်။

ထိုလူများက ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံး၏ ထိပ်သီး ပါရမီရှင်များ ဖြစ်ခဲ့ဖူး၏။ စိတ်ဝိညာဥ်သဏ္ဌာန်နှင့် ပတ်သက်ပြီး မည်သူကမှ သူတို့ထက် ပိုမို နားမလည်နိုင်ပေ။ အကယ်၍ စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခုတွင် ကွဲပြားချက် အနည်းငယ် ရှိပါက သူတို့၏ သတိထားမှုအောက်မှ လွတ်မြောက်မည် မဟုတ်ပေ။

ပေ ၃၀၀ စိတ်ဝိညာဥ်သဏ္ဌာန်

ထိုတောက်ပနေသည့် ရွှေရောင် ကြယ်တာရာ ဒိုင်ခွက်၊ နာရီတစ်ခုနှင့် တူသည့် ရွှေရောင် ကြိုးမျှင် ၁၂ခု၊ ပုံစံတစ်ခု ဖွဲ့စည်းနေသည့် တြိဂံ ၃၆ခု...

ရွှေရောင်အလင်းဖြင့် တောက်ပနေသည့် စက်ဝန်းတိုင်းနှင့် မျဉ်းကြောင်းတိုင်းက ပြိုင်ဘက်ကင်း အနုပညာတစ်ခုအလား ဖြစ်၏။

အလင်းတန်းက ထွက်မလာခင် ဝေးကွာနေသည့် မွေးဖွားဇယားချပ်က တောက်ပလာသည်။ ထိုအရာက မွေးဖွားဇယားချပ် စွမ်းအား ဖြစ်၏။

သူတို့၏ စိတ်ထဲ စကားလုံး ၄ခု ထွက်ပေါ်လာသည်။

ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်

“ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်”

ထိုစဥ် အတွေ့အကြုံ များပြားကာ ဗဟုသုတကြွယ်ဝလှသည့် စစ်ခုန်ပေချန်း၊ ကောင်းကင်သိုင်းပညာခုံရုံးမှ အကြီးအကဲများ၊ မိစ္ဆာဝေဟင်မျှော်နန်း၊ တိမ်တိုက်တောင်၊ မိုးမခတစ်ထောင် ဘုရားကျောင်းနှင့် ငယ်ရွယ်ကာ အကြောက်အလန့် မရှိသည့် ဧကရာဇ်ငယ် လီယွင်ကျန်းတို့က ထိုကြီးကျယ်ခမ်းနားသည့် စိတ်ဝိညာဥ်သဏ္ဌာန်ကြောင့် တအံ့တသြ ဖြစ်နေကြသည်။

ကျင့်ကြံသူအားလုံးက ပြိုင်ဘက်ကင်း အင်အားကြီး ပုဂ္ဂိုလ်ဖြစ်လာဖို့ အိမ်မက်မက်ကြ၏။ သို့သော် လူအများစုက သူတို့၏ ဘဝတစ်လျှောက်လုံးတွင် ထိုအနေအထားသို့ မရောက်ရှိနိုင်ကြပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့က ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ပေါ်ထွက်လာမှုကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လိုက်ရသည့်အတွက် မည်မျှကံကောင်းလိုက်သနည်း။

ထို့နောက် အားလုံးက တည်ငြိမ်ကာ အဟိတ်အဟန်ကောင်းသည့် လူအိုကြီးကို အမှတ်ရသွားကြသည်။

တစ်ချိန်တည်းဆိုသလို ဒူးထောက်နေဆဲဖြစ်သည့် ကောင်းကင်သိုင်းပညာမှ အကြီးအကဲများက ကြောက်ကြောက်လန့်လန့် ဖြစ်လာကြ၏။ သူတို့၏ အကြောက်တရားများက ကောင်းကင်သိုင်းပညာခုံရုံး၏ အရူးများထက် မနည်းပါးပေ။

တစ်ဖက်တွင် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့၏ တုံ့ပြန်မှုက တခြားသူများလောက် မလွန်ကဲကြပေ။ သူတို့က သူတို့၏ ရှစ်စွင်း၏ စိတ်ဝိညာဥ်သဏ္ဌာန်ကိုသာ တလေးတစား ရှုစားနေကြ၏။ ထာဝရစံပြ၏ သက်ရောက်မှုကြောင့် လုကျိုး၏ တပည့် ၄ယောက်လုံးက သူတို့ ရှစ်စွင်း၏ စိတ်ဝိညာဥ်သဏ္ဌာန်ကို လေးစားအားကျနေကြစဥ် အလေးအနက် ဖြစ်လာကြသည်။ သူတို့၏ စိတ်နှလုံးသားထဲ အိမ်မက်တစ်ခု သို့မဟုတ် ရည်ရွယ်ချက်တစ်ခုကို တွေ့လိုက်သည့်အလား မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်လာမိ၏။

...

ကောင်းကင်သိုင်းပညာတောင်၏ အနောက်ဘက်တွင် ရထားလုံးပျံ ၄စင်းက တူညီသည့် အရှိန်ဖြင့် ပျံသန်းလာကြ၏။

ဘယ်ဘက်ရှိ ရထားလုံးပျံမှ အသံတစ်သံ ထွက်ပေါ်လာသည်။

“မြို့စားကြီး ကြည့်ရတာ ကောင်းကင်သိုင်းပညာခုံရုံးရဲ့ ကောင်းကင်အစီအရင်ကို အသက်သွင်းလိုက်တဲ့ပုံပဲ”

“အစီအရင်ကို အသက်သွင်းလိုက်ပြီဆိုတော့ ကောင်းကင်သိုင်းပညာခုံရုံးက လူသတ်ပွဲပြီး စတော့မှာပဲ စိုးရိမ်တယ်။ အကြီးအကဲချိုးက သူ့စာထဲမှာ အပိုပြောထားတဲ့ပုံတော့ မပေါ်ဘူး။ အစီအရင်အပြင် ကောင်းကင်သိုင်းပညာခုံရုံးရဲ့ မြေအနေအထားကိုပါ တွက်လိုက်မည်ဆိုရင် အံ့မခန်း အဖျက်စွမ်းအားကို စုစည်းနိုင်လိမ့်မယ်။ ယွီချန်းရှု ကိုယ်တိုင်တောင် ဒီအရာကို ယှဥ်နိုင်မှာ မဟုတ်ဘူး”

တစ်ယောက်က သက်ပြင်းချကာ “အဲဒီ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက အရူးတွေက တကယ့်ကို ပါရမီရှိတယ်။ သူတို့က ဉာဏ်များပြီးတော့ မရိုးသားတာ နှမြောစရာပဲ”

“အရှိန်မြှင့်ကြစို့။ အစီအရင်က သိပ်ကြာကြာခံမှာ မဟုတ်ဘူး”

ဤသို့ဖြင့် ရထားလုံးပျံ ၄ စင်းက အဆများစွာ အရှိန်မြှင့်တင်လိုက်ကြသည်။

...

လုကျိုး၏ စိတ်ထဲ နှလုံးခုန်မြန်သွားမိ၏။

အသိပေးချက် မရှိဘူးလား...

ယဲ့ကျန်းနှင့် ယွီချန်းရှုတို့ကို နမူနာထားကာ လုကျိုးသည် သတိလက်လွတ် မနေပေ။

လုကျိုးက ကောင်းကင်သိုင်းပညာခုံရုံး၏ အရူးများကို လျစ်လျူရှုထားကာ ခြေဖျား အသာထောက်လိုက်၏။ သူက ကောင်းကင်အထက် ပျံလွှားငှက် တစ်ကောင်အလား ပျံသန်းလိုက်သည်။ သူက ပေ ၃၀၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်နှင့်အတူ မိုးကုတ်စက်ဝန်းဆီ ပျံသန်းသွားလိုက်၏။

ရွှေရောင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က ဝံ့ဝံ့စွားစွား တောက်ပနေပြီး ထွက်ပေါ်နေသည့် ကံကြမ္မာမီးတောက်များက အားလုံးကို အံ့အားသင့်သွားစေကာ ရင်သက်ရှုမောစေ၏။ သူတို့က အသိပြန်ဝင်လာသည့်အခါ မြင့်မြတ်ထုံးတမ်းခန်းမဆောင်မှ ပြေးထွက်လာကြသည်။

“လုချန်းပေ့ ဘာလုပ်မလို့လဲ”

“ကောင်းကင်သိုင်းပညာခုံရုံးကို ဖြိုဖျက်တော့မလို့လား”

ချိုးဟဲက ထိုစကားများကို ကြားသည့်အခါ သူ့မျက်လုံးများက နောက်ပြန်လှန်သွားပြီး ခေါင်းက တစ်ဘက်သို့ စောင်းကာ သတိမေ့သွားလေသည်။

“အကြီးအကဲချိုး”

“အကြီးအကဲချိုး”

ကောင်းကင်သိုင်းပညာခုံရုံးမှ အားနည်းသည့် သူများက သနားဖို့ မထိုက်တန်ပေ။ သူတို့က အားနည်းသူများကို အနိုင်ကျင့်ခဲ့သည်မှာ အချိန်တော်ကြာ ကြာမြင့်လာပြီ ဖြစ်၏။ သူတို့၏ မာနက ထိုလူများ၏ စိတ်နှလုံးသားထဲ နက်ရှိုင်းစွာ အမြစ်တွယ်နေလေ၏။ သို့သော် ယခုက အခြေအနေ ပြောင်းလဲသွားလေပြီ။

ထိုစဥ် ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ အရူးများက စိတ်ဝိညာဥ်သဏ္ဌာန်ကို ကြည့်နေကြဆဲ ဖြစ်၏။

ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က ကောင်းကင်သိုင်းပညာတောင်တစ်ခုလုံးကို အလင်းပေးထားသည့် နေမင်းသဖွယ် ဖြစ်၏။ ထိုအရာ၏ အားကြီးဖွယ် အငွေ့အသက်ကို နေရာတိုင်းမှ ခံစားနိုင်သည်။ ကောင်းကင်သိုင်းပညာတောင်ရှိ ငှက်များနှင့် သားရဲများက ပျံသန်းကာ ကြောက်ကြောက်လန့်လန့်ဖြင့် ထွက်ပြေးသွားကြ၏။

ထိုစဥ် လုကျိုးက စိတ်ဝိညာဥ်သဏ္ဌာန်၏ ရင်ဘတ်ဆီ ပျံသန်းလာလိုက်သည်။ လူတစ်ယောက်နှင့် စိတ်ဝိညာဥ်သဏ္ဌာန်က အတူတူပျံသန်းလာ၏။

လုကျိုးက ဖြတ်သန်းသွားသည့်အခါ ကောင်းကင်သိုင်းပညာခုံရုံး၏ တပည့်များက တုန်တုန်ယင်ယင် ဖြစ်သွားပြီး မြေပြင်ပေါ် ဒူးထောက်လိုက်ကြသည်။

လုကျိုးက စာပေကြယ်စင်ဂိတ်ပေါက်ကို ဖြတ်သန်းသွားသည့်အခါ တချို့သော အမျိုးသမီး တပည့်များ၏ မျက်နှာက ဖြူဖျော့ကာ မေ့လဲသွားကြသည်။

နောက်ဆုံးတွင် လုကျိုးက စက်ဝိုင်းပြတ် ရေကန်အထက်တွင် ရပ်တန့်လိုက်ပြီး ငုံ့ကြည့်လိုက်၏။

အပြာရောင် ရေကန်က ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်၏ ကြီးကျယ်လှသည့် ပုံရိပ်ကို ရောင်ပြန်ဟပ်နေသည်။

ဖူ၏ မြို့စားကြီး ကွေ့အန်းက ထိုနေရာသို့ ကျသွားလောက်သည်။

လုကျိုးက ထူးခြားအံ့ဖွယ်စွမ်းအားကို အသက်သွင်းကာ အကြားစွမ်းအင်ကို မြှင့်တင်လိုက်သည်။

ထိုအရာက တိတ်ဆိတ်လွန်းလှသည့်အတွက် သာမန် မဟုတ်သည့် အရာကို မကြားမိပေ။

လုကျိုးက မွေးဖွားဇယားချပ် စွမ်းအားသည် ကွေ့အန်း၏ ခန္ဓာကိုယ်ထဲ ထိုးဖောက်သွားကြောင်း သေချာလေ၏။ သာမန်အခြေအနေအောက်တွင် သူ့အနေဖြင့် အသက်ရှင်ဖို့ မဖြစ်နိုင်ပေ။

ထိုစဥျ

ဗွမ်း

လုကျိုးက ရေကန်ထဲ ရေသံကို ကြားလိုက်ရသည်။

ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က မားမားမတ်မတ် ရှိနေ၏။ ရွှေရောင် ကြယ်တာရာဒိုင်ခွက်ကလည်း စတင်လည်ပတ်လာသည်။

ကွေ့အန်း ပေါ်ထွက်လာသည်နှင့် မွေးဖွားဇယားချပ်စွမ်းအားက သူ့ကို ရိုက်ချလိမ့်မည်။

လုကျိုး၏ အစောပိုင်း လေ့လာမှုအပြီးတွင် မွေးဖွားဇယားချပ်စွမ်းအားက အသေရိုက်ချက်ကတ် ၄ ကတ်နှင့် တူညီကြောင်း တွေ့ရှိခဲ့ရ၏။

ဗွမ်း

ရေကန်မျက်နှာပြင် အပေါ်ထက်တွင် အနှောင့်အယှက်သံများကို ကြားနေရပြီး ပိုမိုပြင်းထန်လာလေ၏။

ရုတ်ခြည်းဆိုသလို …

“တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”

“သူက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူပဲ။ ဒါပေမဲ့ ငါက နယ်မြေအပိုဆုလာဘ် ဘာလို့မရပါလိမ့်”

ရေကန်ထဲတွင် အနှောင့်အယှက်က ပိုမိုပြင်းထန်လာလေလေ ဧရာမ အနက်ရောင်ကြာပွင့်ကြီး ရုတ်ခြည်း ပေါ်ထွက်လာ၏။ ထို့နောက် ထိုအရာက ရေကန်ထဲ ဖြည်းဖြည်းချင်း နှစ်မြှုပ်သွားကာ ရေကန်ထဲ မင်ရည် စွန်းသလိုမျိုး ပျံ့နှံ့သွားသည်။ နောက်ဆုံးတွင် ရေကန်တစ်ခုလုံးကို လွှမ်းခြုံသွား၏။

ထိုစဥ် ကောင်းကင်သိုင်းပညာခုံရုံးမှ သတ္တိကောင်းသည့် တပည့်တချို့က စက်ဝိုင်းပြတ် ရေကန်အနီးသို့ ရောက်လာစဥ် အနက်ရောင်ကြာကို မြင်လိုက်ရသည်။

“အနက်ရောင်ကြာပဲ”

တပည့်များက မော့ကြည့်ပြီး ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို မြင်သည့်အခါ တံတွေးမျိုချလိုက်သည်။

ထိုစဥ် ရေကန်က ပြန်လည်တည်ငြိမ်သွားပြီ ဖြစ်၏။

လုကျိုးက ရွှေရောင်ထိုက်ရွှီကြေးမုံကို ထုတ်ကာ ရေကန်ပေါ် အလင်းထိုးလိုက်သည်။

လုကျိုးက သူ့ဘာသာသူ စဥ်းစားလိုက်၏။

“သူက ရုပ်သေးရုပ်တော့ မဟုတ်ဘူး။ ဒါက မိစ္ဆာကိုယ်ပွား ကျင့်စဥ်များလား”

တခြားနည်းဖြင့် ဆိုရလျှင် တကယ့်ကွေ့အန်းက သေသွားသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ လုကျိုး၏ မွေးဖွားဇယားချပ်က ကွေ့အန်း၏ ခန္ဓာကိုယ်ထဲတွင် နေထိုင်သည့် အနက်ရောင်ကြာ ကျင့်ကြံသူကို သတ်ဖြတ်ပစ်လိုက်ခြင်း ဖြစ်သည်။

ထိုအရာက ရွှေကြာနယ်မြေအတွင်း စုန်းအတတ်ကို ပြန်လည်အမှတ်ရစေသည်။ ကျောင်းယွဲ့က စုန်းအတတ် ကျင့်ကြံသူ၏ ထိန်းချုပ်မှုကို ခံခဲ့ရ၏။ လန်းလော့၊ ကျန့်ယွင်ရှန်းတို့နှင့် သမာသမတ်ဂိုဏ်းမှ တခြားသူများပင် စုန်းအတတ်၏ ထိန်းချုပ်မှုကို ခံခဲ့ရသည်။

လုကျိုးက ထိုအရာသည် စိတ်ပျက်ဖွယ်ကောင်းသည့် နည်းစနစ်ဟု တွေးမိ၏။

မည်သို့ပင်ဆိုစေကာမူ လုကျိုး၏ ရည်မှန်းချက်က အောင်မြင်သွားပြီ ဖြစ်၏။ တခြားသောသူ၏ ပင်မခန္ဓာကိုယ်က ဤနေရာတွင် မရှိလေရာ စုံစမ်းနေ၍လည်း အသုံးမဝင်ပေ။

ထိုစဥ် လေထုထဲ အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံက ကောင်းကင်အထက် အကာအရံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

လုကျိုးက ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်၏။

ထိုစဥ် အဘက်ဘက်မှ ကောင်းကင်အထက် အနီရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။

လုကျိုးက ထိုစက်ဝိုင်းပြတ် ရေကန်ကို အာရုံမစိုက်တော့ပေ။ ထို့အစား သူက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ထိန်းချုပ်ကာ လေထဲ ပျံသန်းလာလိုက်၏။

...

“ကောင်းကင်သိုင်းပညာ ကောင်းကင်အစီအရင်”

နျဲ့ချင်းယွင်က လေထုထဲ ပျံသန်းလာကာ ပေ ၂၀၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်ပြီး ကူညီဖို့ ကြိုးစားလိုက်သည်။ သူ့ပေ ၂၀၀မြင့်မားသည့် ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဥ်သဏ္ဌာန်က ပေ ၃၀၀ရှိသည့် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်နှင့် ယှဥ်လိုက်လျှင် အနည်းငယ် စုတ်ပြတ်နေသည်။ သူက လှမ်းအော်လိုက်၏။

“လုချန်းပေ့ သတိထား။ ဒါက ကောင်းကင်သိုင်းပညာခုံရုံး ကောင်းကင်အစီအရင်ပဲ”

ထိုစဥ် စာပေကြယ်စင်ဂိတ်ရှေ့ရှိ ကျောက်တိုင်လုံးထံ အလင်းတန်းများ ဖြာကျလာသည်။

စစ်ခုန်ပေချန်း၏ အသံက လုကျိုး၏ နားထဲ ထွက်ပေါ်လာ၏။

“ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက ဒီအစီအရင်အတွက် ဆယ်စုနှစ်အကုန်ခံပြီးတော့ တည်ဆောက်ထားတာ။ ဒီအရာက မွေးဖွားဇယားချပ် ဆရာသခင်ကိုတောင် သတ်နိုင်စွမ်း ရှိနိုင်တယ်။ အစ်ကိုလု သတိထားပါ”

ထိုစဥ် ကောင်းကင်သိုင်းပညာ ကောင်းကင်အစီအရင်က နောက်ဆုံးတွင် အောင်အောင်မြင်မြင် အသက်ဝင်လာပြီ ဖြစ်၏။

နျဲ့ချင်းယွင်က မြင့်မြတ်ထုံးတမ်းခန်းမအရှေ့ရှိ အရူးအုပ်စုအား အော်ပြောလိုက်သည်။

“ခင်ဗျားတို့ ဘာလုပ်နေတာလဲ။ ဒီအစီအရင်ကို ဘာလို့မရပ်တန့်ရတာလဲ”

ကတုံးပြောင်ပြောင် အမျိုးသားက အသိပြန်ဝင်လာကာ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ရှေ့ရှိ လူအိုကြီးကို ကြည့်နေရင်း တုန်တုန်ယင်ယင် ဖြစ်နေမိသည်။

“ကျုပ် … ကျုပ် … ကျုပ် … ကျုပ်တို့ ရပ်လို့ မရဘူး”

ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ တခြားသော အရူးများကလည်း တစ်ယောက်ပြီး တစ်ယောက် အသိပြန်ဝင်လာကာ ကောင်းကင်သိုင်းပညာခုံရုံးတစ်လျှောက် လွှမ်းမိုးသွားသည့် အနီရောင် အလင်းတန်းများကို ကြည့်လိုက်ကြ၏။

တောင်တန်းနှင့် မြစ်များကို အစီအရင်သဖွယ် ထားပြီး မိုးမြေကို အကျဉ်းထောင်အဖြစ် ခစားကာ ဤသတ်ဖြတ်ရေး အစီအရင်ကို ဖန်တီးထားခြင်း ဖြစ်၏။

လုကျိုး၏ မျက်နှာအထက် မျက်မှောင်ကြုတ်မှု တစ်ခု ပေါ်ထွက်လာကာ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ပြန်လည်ရုတ်သိမ်းလိုက်၏။ ယွီချန်းရှုက မလိုအပ်လာသရွေ့ ကောင်းကင်သိုင်းပညာခုံရုံးမှ ထွက်မသွားဘဲ ယုံကြည်ချက် ရှိနေသည်မှာ အံ့အားသင့်စရာ မရှိပေ။

လုကျိုးက ခပ်မြင့်မြင့် ပျံသန်းလိုက်သည်။ သူက အကာအရံမှ ထွက်သွားတော့မည့်ဆဲဆဲတွင် စာပေကြယ်စင်ဂိတ်ပေါက်ရှေ့မှ ပွင့်ကူအိမ်သဖွယ် အလင်းတန်း ထွက်ပေါ်လာ၏။

လေနှင့် တိမ်တိုက်များ တွေ့ဆုံသွားသည့်အတွက် မိုးမြေက ပြောင်းလဲသွားသည်။

လုကျိုးက သူ့ဘာသာသူ တွေးလိုက်မိ၏။ ထိုစဥ် ကောင်းကင်သိုင်းပညာခုံရုံးတစ်ခုလုံးက သူ့မြင်ကွင်းထဲ ရှိနေကာ သူက စာပေကြယ်စင်ဂိတ်ပေါက်နေရာကို မျက်တောင်မခတ်ဘဲ ကြည့်နေမိသည်။

လေထုထဲ စွမ်းအင်ပဲ့တင်သံများက ပိုမိုကျယ်လောင်လာ၏။ ကောင်းကင်သိုင်းပညာခုံရုံး၏ အကြီးအကဲများက ဝေဟင်အထက်မှ လူအိုကြီးအား စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြသည်။

ထိုစဥ် ချိုးဟဲက အသိပြန်ဝင်လာကာ အော်ပြောလိုက်သည်။

“ရပ်လိုက်ကြ ရပ်လိုက်ကြ”

ကံဆိုးစွာဖြင့် ကောင်းကင်သိုင်းပညာခုံရုံး အကြီးအကဲများက အစီအရင်သည် အပြည့်အဝ အသက်ဝင်လာသည်နှင့် လူတစ်ယောက်တွင် တောင်များကို ရွေ့လျားစေကာ ပင်လယ်ကို ဖြည့်တင်းနိုင်ပြီး လက်ဖြင့် နေကို ကာနိုင်သည့် စွမ်းရည် မရှိသရွေ့ တားဆီးဖို့ မဖြစ်နိုင်ကြောင်း သိထားကြသည်။ ထိုသို့ လွန်ကဲလှသည့် စွမ်းရည်မျိုးကို မည်သူကများ ပိုင်ဆိုင်ထားမည်နည်း။

...

ထိုစဥ် တာ့ထန်၏ တခြားသော မြို့စားကြီးများကလည်း ရောက်ရှိလာကာ သူတို့၏ ရထားလုံးပျံမှ ပျံသန်းထွက်လာကြသည်။

သူတို့က ကောင်းကင်သိုင်းပညာတောင်နှင့် စာပေကြယ်စင်ဂိတ်ပေါက်ရှိ ဖြာကျနေသည့် အနီရောင်အလင်းတန်းများကို အလေးအနက် စိုက်ကြည့်လိုက်ကြသည်။

“သတ်ဖြတ်ရေး အစီအရင်က အောင်အောင်မြင်မြင် အသက်ဝင်သွားပြီ”

“အဲဒါက ဘယ်သူလဲ”

“ဒါက ...”

“သူက ယွီချန်းရှုကို သတ်လိုက်တဲ့ ပညာရှင်လား”

ထိုစဥ် စာပေကြယ်စင်ဂိတ်ပေါက် အရှေ့ရှိ ဧရာမကျောက်တုံးကြီးမှ ဝေဟင်ထဲ ဝဲပျံနေသည့် လုကျိုးထံ အနီရောင်အလင်းတန်း ပစ်လွှတ်လာသည်။

All Chapters