အခန်း (၈၇၁-၈၇၃)
Vol. 59 Ch. 871-873
အခန်း (၈၇၁) လော့ရွှမ်း၏အဖြေ
လုကျိုးသည် အပြာရောင်ကြာပွင့်ကို တွန်းထုတ်လိုက်ရာ ၎င်းက ခရုလေးပေါ် ကျသွားလေ၏။ ကြွယ်ဝလှသော အသက်စွမ်းအင်တို့က ကျောက်အခန်းထဲတွင် ချက်ချင်းပြည့်သွားတော့သည်။
အပြာရောင်ကြာပွင့်၏ ထူးကဲအံ့ဖွယ်စွမ်းအားသည် ခရုလေး၏ ကိုယ်အပူချိန်ကို လျှော့ပေးပြီး သူမသည် ယခင်ကလောက် ချွေးစေးများ မပြန်တော့ပေ။
ရှောင်ယွမ်အာက အနည်းငယ်စိုးရိမ်ပူပန်သွားတော့သည်။
“ရှစ်စွင်း … ခရုလေး တစ်ခုခုဖြစ်နေတာလား”
“ငါ ဒီမှာရှိနေရင် သူ ဘာမှဖြစ်မှာမဟုတ်ဘူး” လုကျိုးသည် ခရုလေးကို ကုသပေးရန် အပြာရောင်ကြာပွင့်ကို ထိန်းချုပ်လိုက်သည်။ စိတ်ထဲတွင်မူ သူက မတွေးတတ်အောင် ဖြစ်နေတော့သည်။ ခရုလေးသည် သူမ၏ကျင့်ကြံဆင့်ကို နိုးထပြီးပြီဖြစ်၏။ ထို့အပြင် သူမ၏ လက်ရှိကျင့်ကြံဆင့်က မနိမ့်ပေ။ ထိုကဲ့သို့အရာက သူမဆီ မည်ကဲ့သို့ ဖြစ်လာသနည်း။ ယင်းက တကယ်ထူးဆန်းလှပေ၏။
အပြာရောင်ကြာပွင့်ကို ခရုလေးကို ကုသပေးနေစဉ် လုကျိုးက ခရုလေး၏ထူးကဲချီသွေးကြောရှစ်ခုကို စစ်ဆေးရန်အတွက် သူ၏ကနဦးချီကို ထုတ်လွှတ်လိုက်သည်။ သို့သော်ငြား သူသည် မည်သည့်မူမမှန်မှုကိုမျှ ရှာမတွေ့ခဲ့ပေ။ ထိုရှာဖွေတွေ့ရှိမှုကြောင့် သူသည် ပိုတောင် စိုးရိမ်ပူပန်သွားသည်။ ဆိုရလျှင် သူသည် ပြဿနာကို ရှာတွေ့လျှင် ၎င်းကို ဖြေရှင်းနိုင်လိမ့်မည်။ သူက ပြဿနာကို ရှာမတွေ့လျှင် မည်သို့ဖြေရှင်းရမည်နည်း။
လုကျိုးသည် မတားခဲ့ပေ။ ယခုအချိန်၌ သူသည် သူ၏ထူးကဲအံ့ဖွယ်စွမ်းအားတစ်ဝက်ကို အသုံးပြုပြီးဖြစ်သည်။
ထိုစဉ် ရှောင်ယွမ်အာက အိပ်ရာကို ရုတ်တရက် လက်ညှိုးထိုးပြပြီး ပြောလိုက်တော့၏။
“ရှစ်စွင်း”
လုကျိုးက မော့ကြည့်လိုက်ရာ လေထဲမျောလွင့်နေသော လော့ရွှမ်းကို တွေ့လိုက်ရသည်။ ထိုရုတ်တရက် ပေါ်ပေါက်လာသော အခြေအနေကြောင့် သူ အနည်းငယ် အံ့ဩသွားလေ၏။ ယခုအချိန်တွင် လော့ရွှမ်းနှင့် ခရုလေးကြား ဖွင့်ဆိုရှင်းပြ၍မရသော စွမ်းအင်တစ်ခုကို ခံစားမိလိုက်ပြီး တစ်ယောက်နှင့် တစ်ယောက် ဆွဲငင်နေ၏။
“ဟမ် … သူတို့က တကယ် ဆက်စပ်နေတာလား” လုကျိုး၏ စိတ်ထဲ ထိုအတွေး ပေါ်ပေါက်လာခဲ့ဖူးသောအချိန်တွင် အစ၌ ၎င်းကို သူ ငြင်းဆန်ခဲ့သည်။ လော့ရွှမ်းနှင့် ခရုလေးကြား အသက်ကွာဟချက်က ကြီးမား၏။ သူ၏တပည့် ယွီကျန့်ဟိုင်က ဆယ်ကျော်သက်အဖြစ် ပြောင်းလဲသွားပြီး နိုးထကာစအခြေအနေ ဖြစ်ပေါ်လာချိန်တွင် သူ၏ သံသယ ထပ်ပေါ်လာသည်။ ထိုစဉ်က ယွီကျန့်ဟိုင်၏ အခြေအနေသည် ခရုလေးနှင့်ဆင်တူ၏။ သို့သော်ငြား ကျန့်ဝမ်ရွှီက နောက်ပိုင်းတွင် ထိုသီအိုရီကို ခိုင်မြဲစွာငြင်းဆန်ခဲ့သည်။ ထို့အပြင် သူသည် သူ၏ မှတ်ဉာဏ်သလင်းတဝက်ကို ရှာတွေ့ပြီးနောက် သီအိုရီကို ထပ်မံဖယ်ရှားခဲ့၏။ မှတ်စုများထားပြီး ထွက်သွားသော လော့ရွှမ်းက ခရုလေး မဟုတ်ဟု သူ သေချာသလောက်ရှိခဲ့သည်။
သို့သော်ငြား ယခု ဘာတွေဖြစ်နေသနည်း။
လော့ရွှမ်းရှေ့ရှိ လေးထောင့် နေရာလပ်က ရုတ်တရက် လင်းထိန်လာတော့သည်။
ခရုလေး၏ ဆရာအနေဖြင့် လုကျိုးသည် သူ၏တပည့်ကို ထိခိုက်ခွင့်မပေးနိုင်ပေ။ သူက စွမ်းအင်ကို ဖယ်ရှားရန် လက်ကို ဝေ့ယမ်းလိုက်သည်။ ထိုစဉ် လော့ရွှမ်း၏ ခန္ဓာကိုယ်ပေါ်ရှိ ကျောက်စိမ်းဆွဲသီးကို တွေ့လိုက်ရသည်။ ယင်းက တောက်ပနေ၏။ ခရုလေးကို လှည့်ကြည့်လိုက်စဉ် ခရုလေးကလည်း ကျောက်စိမ်းဆွဲပြားကို ပိုင်ဆိုင်ထားတာကို တွေ့လိုက်ရသည်။ ထိုအချိန်၌ ကျောက်စိမ်းဆွဲပြားနှစ်ခုသည် ပြန်လည်ပေါင်းစည်းရန် ကြိုးစားနေသည့်ပမာ ချိတ်ဆက်နေပုံရသည်။
ဟမ် … လုကျိုးက ပိုတောင် ဇဝေဇဝါဖြစ်သွား၏။
ထိုစဉ် ရှောင်ယွမ်အာက ပြောလိုက်၏။
“ရှစ်စွင်း … ရှစ်မေ့ရဲ့အသားအရောင်က အခု ပိုကောင်းလာပြီ”
လုကျိုးသည် ခရုလေးကို တစ်ချက်ကြည့်လိုက်၏။ တကယ်ပင် သူမ ယခင်ကထက် ပိုကောင်းလာပုံပေါ်သည်။ အစောတုန်းက အပြာရောင်ကြာမှ ကုသမှုသည် နှောင့်ယှက်ခံခဲ့ရသောကြောင့် ယင်းသည် ကျောက်စိမ်းဆွဲပြား၏ လုပ်ရပ်ဖြစ်လောက်သည်။
ဘီး
ကျောက်စိမ်းဆွဲပြားမှ ဖြာထွက်နေသော အသက်စွမ်းအင်က လေထဲ ပေါ်ထွက်လာတော့သည်။
ယခုအချိန်၌ လုကျိုးက လော့ရွှမ်း၏ခန္ဓာကိုယ်နား စုဝေးနေသည့် ကြယ်အလင်းစက်များက သူမ၏ ကျောက်စိမ်းဆွဲပြားနား တိုးဝင်သွားတာကို မြင်သောအခါ ဇဝေဇဝါဖြစ်နေသေးသည်။ ပြီးနောက် သူမ၏ ကျောက်စိမ်းဆွဲပြားက အလင်းဖျတ်ခနဲပေါ်လာပြီး ခရုလေး၏ ခန္ဓာကိုယ်ထဲ စွမ်းအင်များ ကူးပြောင်းပေးနေပုံပေါ်၏။
လုကျိုးသည် ယင်းကို နားလည်ရခက်ခဲနေသည်။
ခရုလေး၏ ကျောက်စမ်းဆွဲပြားမှ အလင်းသည် ပိုမိုတောက်ပလာတော့သည်။ တောက်ပလွန်းသောကြောင့် လုကျိုးက အကြည့်လွှဲလိုက်ရတော့၏။ ဘေးကင်းစေရေးအတွက် သူသည် ရှောင်ယွမ်အာကို သူ့ဘေးသို့ ခေါ်လိုက်သည်။
“ယွမ်အာ … ဒီကိုလာ”
“ဟုတ်”
ကျောက်စိမ်းဆွဲပြားနှစ်ခုကြား ဆက်နွယ်မှုက ပိုမိုသန်မာလာပြီး ကူးပြောင်းမှုက ပိုအစွမ်းထက်လာ၏။
ဘီး
လုကျိုးသည် ကောင်းကင်ကျမ်းစာ၏ လူသားစာလိပ်မှ စာကို တိတ်ဆိတ်စွာ ရွတ်နေသည်။
“စကြာဝဠာထဲက သက်ရှိအားလုံးအတွက် သူတို့သေခြင်း၊ ရှင်ခြင်း၊ ကုသိုလ်၊ အကုသိုလ်၊ ဆိုးယုတ်မှု၊ ကြင်နာမှု အားလုံးကို ရှင်းရှင်းလင်းလင်းမြင်နိုင်မယ်”
ထူးကဲအံ့ဖွယ်စွမ်းအားသည် လုကျိုး၏ မျက်လုံးထဲ တိုးဝင်လာတော့သည်။
ယခုအချိန်တွင် သူသည် ကျောက်စိမ်းဆွဲပြားများကြားရှိ စွမ်းအင်ကူးပြောင်းမှု အရှိန်တိုးလာတာကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ချီသွေးကြော ရှစ်ကြောနှင့် စွမ်းအင် ဗဟိုချက်၏ ချီပင်လယ်က ပေါ်လာတော့သည်။
တစ်ချက်ရပ်သွားပြီးနောက် လုကျိုးသည် ကောင်းကင်ကျမ်းစာ၏ လူသားစာလိပ်မှ စွမ်းအားကို ရပ်တန့်လိုက်တော့သည်။
ကျောက်စိမ်းဆွဲပြားက တလက်လက်တောက်ပနေသေးဆဲဖြစ်သည်။
လုကျိုးက လော့ရွှမ်း၏ မျက်လုံးကို ကြည့်လိုက်ရာ အသက်ကင်းမဲ့နေသည်။ သို့သော်ငြား သူမ၏မျက်လုံးများက အာရုံစိုက်မှု ကင်းမဲ့နေပုံပေါ်သော်ငြား ခရုလေးကို ကြည့်နေပုံပေါ်သည်မှ ထူးဆန်းလှပေ၏။
လုကျိုး၌ အဖြေမရှိသေးပေ။ ကံကောင်းသည်မှာ ကျောက်စိမ်းဆွဲပြားများကြား စွမ်းအင်ကူးပြောင်းမှုက ထိခိုက်မှု မဖြစ်စေကြောင်း အာရုံခံနိုင်သည်။ မဟုတ်လျှင် သူ ၎င်းကို တားမိလိမ့်မည်။
လော့ရွှမ်းက ခရုလေးကို ဘာကြောင့် ရွေးချယ်ခဲ့တာလဲ။ ခရုလေးရဲ့ အထောက်အထားက ဘာလဲ …။
ထိုစဉ် ခရုလေးကလည်း လော့ရွှမ်းကဲ့သို့ လေထဲမျောလွင့်နေပြီး အိပ်ပျော်နေပုံပေါ်သည်။ သူမ၏ အမူအရာက ငြိမ်သက်အေးချမ်းနေပေ၏။
ထိုစဉ် ခရုလေးက လော့ရွှမ်းကို လက်ညှိုးထိုးပြပြီး လှမ်းခေါ်လိုက်သည်။
“ရှစ်စွင်း … ရှစ်စွင်း ကြည့်ဦး။ မြန်မြန် … ကြည့်ဦး”
“ရှုပ်နေတာ ရပ်လိုက်” လုကျိုးက ရှောင်ယွမ်အာကို ညင်သာစွာပြောပြီးနောက် သူ့လက်ကိုမြှောက်ကာ သူမခေါင်းကို ခေါက်လိုက်၏။
သို့သော် သူ လှည့်ကြည့်လိုက်ချိန်တွင် သူ့အကြည့်ကို ဆီးကြိုနေသော မြင်ကွင်းကို ထိတ်လန့်သွားသည်။ ရှောင်ယွမ်အာ ထိုသို့ထအော်တာ အံ့ဩစရာမရှိပေ။
ယခုအချိန်တွင် လော့ရွှမ်းက ခရုလေးကို ယခင်ကအတိုင်း စိုက်ကြည့်နေတာကို လုကျိုးတွေ့လိုက်ရ၏။ သို့သော် သူမ၏ မှင်ကဲ့သို့မည်းနက်နေသော မျက်ဝန်းများသည် ယခုအချိန်တွင် ကောင်းကင်ထက်ရှိ တောက်ပနေသော လ ကဲ့သို့ ထွန်းလင်းတောက်ပနေပြီး သူ၏ မျက်လုံးတစ်ဖက်၏ ထောင့်ဖက်မှ ကြည်လင်နေသော မျက်ရည်စက်တစ်စက်ကျလာ၏။ သူက မျက်တောင်ခတ်လိုက်တော့သည်။
တောက်
မျက်ရည်စက်က ကျောက်မြေပြင်ပေါ်ကျသွားပြီး အသံက အခန်းထဲ၌ ရှင်းလင်းစွာပေါ်ထွက်လာလျက် လုကျိုးကို ပစ္စုပ္ပန်သို့ ပြန်ခေါ်လိုက်သည်။
“လော့ရွှမ်း” လုကျိုးက လှမ်းခေါ်လိုက်၏။
ကံဆိုးသည်မှာ လော့ရွှမ်းသည် သူ ပြောတာကို ကြားပုံမရ။ သူမက ခရုလေးကို ဆက်ကြည့်နေသည်။ မကြာမီ၌ သူ၏အကြည့်က ခရုလေးဆီရောက်နေသော်ငြား သူတို့က အသက်မဲ့သွားပြန်၏။
ပြီးနောက် လော့ရွှမ်းပေါ်ရှိ ကျောက်စိမ်းဆွဲပြားက လေထဲပိုမြောက်တက်လာတော့သည်။ သူမကိုယ်က အလင်းမှုန်များအဖြစ် ပျော်ဝင်ပျောက်ကွယ်နေပြီး တလက်လက်တောက်ပသော သဲပွင့်များပမာ ဖြစ်နေကာ ကျောက်စိမ်းဆွဲပြားနှင့်အတူ မြင့်တက်လာတော့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူမ၏ခန္ဓာကိုယ်သည် အလင်းမှုန်လေးများအဖြစ် အပြည့်အဝပျောက်ကွယ်သွားလျက် အလင်းစက်တို့သည် ကျောက်စိမ်းဆွဲပြားထဲ တိုးဝင်ပြီးနောက် ခရုလေး၏ကျောက်စိမ်းဆွဲပြားကနေ ခရုလေး၏ ခန္ဓာကိုယ်ထဲ တိုးဝင်သွားတော့သည်။
လော့ရွှမ်းသည် ဤနေရာ၌ မရှိတော့ပုံပေါ်၏။
လုကျိုးက မျက်မှောင်ကျုံ့လိုက်သည်။
သူ ကြည့်နေစဉ် လော့ရွှမ်း၏ ကျောက်စိမ်းဆွဲပြားက လေထဲ ဖြည်းဖြည်းချင်း ကျလာ၏။ လက်တစ်ချက် ဝေ့ယမ်းလျက် ကျောက်စိမ်ဆွဲပြားကို သူ့ဆီဆွဲယူလိုက်သည်။ နောက်တစ်ချက် ဝေ့ယမ်းပြီး သူက ယခုလွတ်သွားပြီဖြစ်သော အိပ်ရာပေါ်ဆီ ခရုလေးကို ရွေ့လိုက်၏။
ထိုစဉ် ရှောင်ယွမ်အာကမူ သူမ၏ ဆရာကို အံ့ဩဆွံ့အနေသော အမူအရာဖြင့် ကြည့်နေသည်။ ဘာတွေဖြစ်နေမှန်း သူမ မသိပေ။
လုကျိုးသည် သူ့လက်ထဲရှိ ကျောက်စိမ်းဆွဲပြားကို ကြည့်လိုက်၏။ သူက လက်သီးအနည်းငယ်ဆုပ်ရာ ကျောက်စိမ်းဆွဲပြားက အမှုန့်ဖြစ်သွားတော့သည်။ ဤနည်းဖြင့် ကျောက်စိမ်းဆွဲပြားထဲ၌ ဝှက်ထားသော စာတစ်စောင်က ပေါ်လာသည်။
လုကျိုးက စာကို ဖွင့်ဖတ်လိုက်၏။
စာတွင် ရေးထားသည်မှာ ……….
“နင် ဒီစာကို ဖတ်နေပြီဆိုရင် ငါ့ကို ရှာတွေ့သွားပြီဖြစ်မှာပဲ။ ဒီကမ္ဘာထဲမှာ နင်ကလွဲရင် ဒီစာကို ဘယ်သူမှ မဖတ်နိုင်ဘူး။ ထပ်တွေ့ရတာ အလွန်ဝမ်းသာပါတယ်။ နင်က ငါ တွေးထင်ထားသလို အလွန်ဉာဏ်ကောင်း၊ ချစ်စရာကောင်းပြီး လှပမှာပဲ။ စိုးရိမ်ကြောင့်ကြမှုတွေ ကင်းမဲ့ပြီး လွတ်လပ်ဖို့ ငါ မျှော်လင့်တယ်။ ဒီစာကို ဖတ်ဖို့ မျှော်လင့်တယ်။ ငါ့လမ်းစဉ်ကို မလိုက်စေချင်ဘူး။ နင့်ကို တခြားသူတွေရဲ့ အသုံးချခံ မဖြစ်စေချင်ဘူး။ မင်းမှာ မေးခွန်းတွေ အများကြီးရှိတယ်ဆိုတာ ငါ သိတယ်။ ဒါပေမဲ့ ငါ မဖြေနိုင်ဘူး။ နင်က အမည်မသိနေရာတစ်ခုကနေလာတာ။ ဒုက္ခဝေဒနာတွေ၊ အမှောင်ထုတွေပြည့်နေတဲ့ နေရာပေါ့ … အဲ့ဒီတုန်းက နင် ဒဏ်ရာပြင်းပြင်းထန်ထန်ရထားပြီး နင့်အသက်အန္တရာယ်ရှိနေတယ်။ နင့်အသက်ကို ကယ်ချင်ခဲ့တာ … ပြီးတော့ တချိန်တည်းမှာပဲ ငါ့ရဲ့ ဒုက္ခဝေဒနာတွေ လွတ်မြောက်ချင်တယ်။ ဒါကြောင့် နှစ်ယောက်လုံး ကူညီဖို့အတွက် ငါ့စွမ်းအင်အပါအဝင် ငါ့ရဲ့အရာအားလုံးကို နင့်ဆီပေးလိုက်တယ်။ ငါ့အတွက် ပြန်တွေးကြည့်ရင် သည်းမခံနိုင်စရာကောင်းလောက်တဲ့ မှတ်ဉာဏ်တွေကတော့ ခြွင်းချက်ပေါ့။ ငါ့ရဲ့အမှားမျိုး ထပ်မလုပ်ဖို့ တကယ်မျှော်လင့်တယ်။
မဟာလေဟာနယ်မျိုးစေ့က နင့်ရဲ့ခန္ဓာကိုယ်ထဲမှာ တိုးတက်လာပြီ။ ဒီတော့ နင့်ခန္ဓာကိုယ်က ငါ့စွမ်းရည်အားလုံးကို ခံနိုင်ရည်ရှိလိမ့်မယ်။
လူတွေအိုမင်းတာနဲ့ သေမယ်ဆိုတာ ပုံမှန်ပဲ။ ငါ ရွေးချယ်စရာရှိခဲ့ရင် သာမန်ဘဝတစ်ခုကိုပဲ နင့်ကို ရစေချင်တယ်။ ဒါပေမဲ့ ကောင်းကင်ဘုံက ငါတို့ကို လှည့်စားရတာ သဘောကျတယ်နဲ့ တူပါရဲ့။ ကောင်းကင်ဘုံက ဘာကြောင့်များ နင့်ကို ဒုက္ခခံစားစေချင်ရတာလဲဆိုတာ ငါ နားမလည်ဘူး။ ဘာကြောင့်လဲ။
ငါ သေသွားရင်တောင် နင် အသက်ရှင်အောင် စွမ်းအင်အားလုံး သုံးပေးမယ်။
ဒီကျောက်စိမ်းစက်ဝိုင်းက နင့်ရဲ့စွမ်းအားနဲ့ နင့်မှာရှိတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ သော့ပဲ။ နင် ခံနိုင်ရည်မရှိလောက်တဲ့ ခွန်အားတစ်စိတ်တပိုင်းကို အခု ငါ့ခွန်အားကို စည်းပိတ်ထားတယ်။ ဒါပေမဲ့ ဒီကျောက်စိမ်းသော့ထဲမှာပေါ့။ ငါတို့ တစ်နေ့ထပ်တွေ့ကြတဲ့ အခါ ငါ ထင်ထားသလို နင် နေနေမယ်လို့ မျှော်လင့်တယ်။
အဲ့ဒီ ကောက်ကျစ်တဲ့လူတွေ နင့်ကို အသုံးမချစေနဲ့ … ကျန့်ဝမ်ရွှီ၊ ယွီချန်းရှု၊ ကောင်းကင်သိုင်းခုံရုံးနဲ့ ဝေးဝေးနေ”
…
အခန်း (၈၇၂) လရောင်က ပင်လယ်ပြင်ပေါ် ဖြာကျနေပြီး အဝေးကနေ ဒီအခိုက်အတန့်လေးကို အတူ မျှဝေခံစားနေကြရတယ်
စာထဲတွင် ပြောထားသည်က
“ဒီဟာက မှန်ပါ့မလားဆိုတာကို မသိပေမဲ့ မင်းအတွက် အသက်ရှင်နိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းပဲ။ ဒီစွမ်းအားက မင်းကို ကာကွယ်ပြီးတော့ တစ်ခြားသူတွေကို သတိထားမိအောင် လုပ်ပေးလိမ့်မယ်။ ဒီကျောက်စိမ်းပြားမှာ ရှိတဲ့ စွမ်းအားက လုံလုံလောက်လောက် အားကောင်းပါစေလို့ပဲ မျှော်လင့်ပါတယ်။
တကယ်လို့ တစ်ရက်ကျရင် မင်းက ထူးချွန်ပြောင်မြောက်တဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်လာတဲ့အခါ ငါ့ရဲ့ ဆရာကို သွားရှာလိုက်ပါ။ သူက အရမ်းကို ပါရမီထူးကဲပြီးတော့ အားကောင်းတဲ့သူပဲ။ နောင်အနာဂတ်ကျ တာ့ယန်မှာ အကြီးမြတ်ဆုံး ကျင့်ကြံသူတစ်ယောက် ဖြစ်လာလိမ့်မယ်။ သူက ဒီကဗျာကို ရေးခဲ့ဖူးတယ်။
လရောင်က ပင်လယ်ပြင်ပေါ် ဖြာကျနေပြီး အဝေးကနေ ဒီအခိုက်အတန့်လေးကို အတူမျှဝေခံစားနေကြရတယ်။
ငါ မင်းကို ပေးထားတဲ့ နာမည်ကို မှတ်ထား … လော့ရှစ်ယင် မင်းကောင်းကောင်း နေနိုင်ဖို့ မျှော်လင့်ပါတယ်။ နှုတ်ဆက်ပါတယ်”
စာရွက်ဖြူပေါ်တွင် မှော်စွမ်းအား သွင်းလိုက်သည့်အလား စာကြောင်းများက တစ်ခုပြီး တစ်ခု ထွက်ပေါ်လာသည်။
လုကျိုးက ထိုအရာအားလုံးသည် ကံကြမ္မာတိုက်ဆိုင်လှသည်ဟုသာ ခံစားခဲ့မိ၏။
သူက ခရုလေးကို ပထမဆုံးတွေ့ခဲ့စဥ် အချိန်ကို ပြန်လည်အမှတ်ရလိုက်သည်။ ထိုစဥ်အချိန်က သူမသည် သူတောင်းစားသဖွယ် ဖြစ်ကာ ကောင်းကင်ဘုံထံ ယစ်ပူဇော်ခံရပြီး မီးရှို့ခံရကာ သေဆုံးလုနီးပါး ဖြစ်နေလေသည်။ အကယ်၍ သူသာ ထိုနေရာကို မသွားခဲ့ပါက သူမသည် မီးလောင်တိုက်သွင်းခံမည်ဖြစ်ကာ သူ့တပည့် ဖြစ်လာနိုင်ချေ မည်သို့ရှိမည်နည်း။
သို့မဟုတ် သူက ခရုလေးအား သာမန်မိသားစုဆီ ပြုစုပျိုးထောင်ဖို့ ပေးခဲ့ပြီး သူ့တပည့်အဖြစ် လက်မခံလိုက်လျှင် မည်သို့ဖြစ်သွားမည်နည်း။
ယနေ့ကိစ္စမျိုး ဖြစ်မလာခဲ့လျှင် မည်သို့ ဖြစ်သွားခဲ့မည်နည်း။ အကယ်၍ သူတို့၏ အပြုအမူများတွင် အနည်းငယ် ကွာဟချက်များသာ ရှိသွားပါက ၂ဦးလုံးသည် တစ်ယောက်နှင့် တစ်ယောက် ဆုံစည်းနိုင်မည် မဟုတ်ပေ။ ဤသည်က အမှန်ပင် ကံကြမ္မာ ဖြစ်၏။
သို့သော်လည်း လော့ရွှမ်းက အနီရောင်ကြာနယ်မြေကို အဘယ့်ကြောင့် ပြန်သွားခဲ့ရသနည်း။
ခရုလေးကို ဘယ်နေရာ ဘယ်အချိန်မှာ တွေ့ခဲ့တာလဲ။ ခရုလေးက ဘယ်လို့လုပ် ဒဏ်ရာရသွားတာလဲ။...
လုကျိုးက ထိုကိစ္စကို စဥ်းစားနေစဥ် သူ့လက်ထဲရှိ စာရွက်ဖြူက ကြယ်တာရာအလင်းပျောက်များအဖြစ် ခရုလေးဆီ ပျံသန်းဝင်ရောက်သွားသည်။
လုကျိုးက လက်ဆန့်ထုတ်လိုက်ပြီး ကြယ်တာရာအလင်းပျောက်များကို တားဆီးဖို့ ကမ္ဘာဦးချီကို ထုတ်လွှင့်လိုက်သည်။ ထိုကြယ်တာရာအလင်းပျောက်က သူ့ကမ္ဘာဦးချီအကာအရံကို ဖြတ်သန်းသွားလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ သူက ထူးခြားအံ့ဖွယ်စွမ်းအားကို အကာအရံဖြင့် ပိတ်ဆို့ကာ တားဆီးလိုက်၏။
လုကျိုးက လက်ရုပ်သိမ်းလိုက်သည့်အခါ ကြယ်တာရာအလင်းပျောက်များက လုကျိုးထံ ရွေ့လျားလာသည်။
မျက်စိတစ်မှိတ်အတွင်း သူ့စိတ်ထဲ ရိုးရှင်းသည့် မှတ်ဉာဏ်နှင့် လှပသည့် မြင်ကွင်းတချို့ ပြန်လည်ပေါ်ထွက်လာ၏။
...
လွန်ခဲ့သည့် နှစ် ၃၀၀ခန့်က လော့ရွှမ်းသည် ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ ထွက်လာခဲ့၏။ သူမက ရေနက်ဆန်းကြယ်ဂူဖြင့် သွားလာကာ တာ့ယန်ဆီ ရောက်ရှိလာခဲ့သည်။ ခဏအကြာတွင် လော့ရွှမ်းက တာ့ယန်မှ ထွက်ခွာကာ မဟာလေဟာနယ်ဆီ သွားဖို့ ဆုံးဖြတ်ခဲ့သည်။ လမ်းတစ်ဝက်တွင် ကျိထျန်းတောက်နှင့် တွေ့ဆုံခဲ့ပြီး ဆရာဟု ခေါ်ဆိုခဲ့၏။ ကျိထျန်းတောက်ဆီမှ မဟာလေဟာနယ်မျိုးစေ့ကို ရရှိလာခြင်း ဖြစ်သည်။
ထို့နောက် လွန်ခဲ့သည့် ၁၇နှစ်ခန့်က ကျန့်ဝမ်ရွှီကို ရှင်းထုတ်ရန်အတွက် သူမက မဟာလေဟာနယ်ဆီ ပြန်သွားစဥ် သေဆုံးလုနီးပါးဖြစ်နေသည့် ကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထို့နောက် သူမက တာ့ယန်ဆီ ပြန်ရောက်လာခဲ့၏။
.............
လုကျိုးက ထိုမြင်ကွင်းများကို မြင်သည့်အခါ သဘောပေါက်သွားခဲ့သည်။ သူက လော့ရွှမ်း ချန်ခဲ့သည့် မှတ်တမ်းများကို အမှတ်ရသွား၏။ သူက လော့ရှစ်ယင် စာလုံးမှ ရှစ်စာလုံးကို ဖျောက်ထားခဲ့သည်မှာ ကျန့်ဝမ်ရွှီအနေဖြင့် တစ်စုံတစ်ခုကို မသိသွားစေလို၍ ဖြစ်နိုင်သည်။ သူမက လော့ရှစ်ယင် နာမည် ပါဝင်သည့် မှတ်တမ်းများကိုပင် စုတ်ဖြဲပစ်ခဲ့၏။
ခရုလေးက လော့ရှစ်ယင် ဖြစ်သည်။
လုကျိုးက ပထမဦးစွာ မှန်မှန်ကန်ကန် မှန်းဆမိလိုက်၏။ ထို့နောက် သူက သူ့ကောက်ချက်ချမှုကို ဖယ်ရှားကာ သံသယဖြစ်လာမိသည်။ ယခုအခါ အတည်ပြုလိုက်နိုင်ပြီ ဖြစ်၏။
လော့ရွှမ်းက တာ့ယန်တွင် လော့ရှစ်ယင် နာမည်ကို အသုံးပြုခဲ့သည်မှာ မထူးဆန်းတော့ပေ။
လုကျိုးက ခရုလေး၏ ကျောက်စိမ်းဆွဲပြားကို ကြည့်လိုက်၏။ ထိုစဥ် ကျောက်စိမ်းဆွဲပြားမှာ စွမ်းအား အားလုံးက သူမ၏ ခန္ဓာကိုယ်အတွင်း ရောက်ရှိသွားသည်။
ထိုစဥ် ရှောင်ယွမ်အာက မေးလိုက်၏။ “ရှစ်စွင်း ဒါက ဘာကြီးလဲ”
လုကျိုးက ကျောက်စိမ်းပြားကို သေချာကြည့်လိုက်သည်။ ထိုကျောက်စိမ်းပြားအလယ်တွင် ထွင်းထုထားသည့် ရုပ်ပုံကားချပ်တစ်ခု ရှိနေသည်။ ကလေးငယ်လေးက မြစ်ကမ်းပါးဘေးတွင် နွယ်ကြိုးဖြင့် တင်းတင်းကျပ်ကျပ် ချည်နှောင်ထားစဥ် ဆံပင်ရှည်ရှည်ရှိသည့် အမျိုးသမီးက ကလေးဆီ လက်လှမ်းနေသည့်ပုံ ဖြစ်၏။
ကျောက်စိမ်းဆွဲပြား သို့မဟုတ် ကျောက်စိမ်းအပြားလေးက နောက်ဆုံးတွင် တစ်သားတည်း ဖြစ်သွားကြသည်။
“လော့ရှစ်ယင်”
လော့ရှစ်ယင်က အမည်မသိ နေရာမှ ရောက်လာခြင်း ဖြစ်၏။
မဟာလေဟာနယ်ရဲ့ အမည်မသိနေရာလား...
အကယ်၍ လော့ရှစ်ယင်က မဟာလေဟာနယ်မှ ဖြစ်ခဲ့လျှင် သူမက ထိုမဟာလေဟာနယ်မှ လူတွေ ကျင့်ကြံသည့် အရောင်အစား အဘယ့်ကြောင့် အနီရောင်ကြာ ဖြစ်နေရသနည်း။
ဝုန်း
ကျောက်တုံးနှင့် တိုင်လုံးများက အပေါ်မှ ပြုတ်ကျလာသည်။
ရှောင်ယွမ်အာက ခေါင်းမော့ကာ ကြည့်လိုက်ပြီး “ရှစ်စွင်း ဒီနေရာက ပြိုကျတော့မယ်”
“သွားကြစို့”
“ရှောင်ရှစ်မေးက ဘာလို့ မနိုးသေးတာပါလိမ့်”
“ကျောက်စိမ်းပြားရဲ့ စွမ်းအားက နည်းနည်းတော့ လျော့သွားပြီ။ မစိုးရိမ်နဲ့။ ငါ နည်းလမ်း ရှာလိုက်မယ်” လုကျိုးက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ခရုလေးကို ထုတ်လာ၏။
သူတို့က လျှောက်လမ်းမှတဆင့် မြေအောင်အကျဉ်းထောင်မှ ထွက်လာပြီး စာပေကြယ်တာရာဂိတ်ပေါက်ရှေ့ ရောက်ရှိလာကြသည်။
သူတို့ ထွက်လာသည်နှင့် စာပေကြယ်စင်ဂိတ်ပေါက်က...
ဝုန်း
အသံကျယ်ကြီးနှင့်အတူ ပြိုလဲကျသွားသည်။
မည်သို့ပင်ဆိုစေကာမူ မည်သူကမှ လုကျိုး၏ ဘေးကင်းမှုကို မစိုးရိမ်ကြပေ။ သူတို့က စိတ်ရှည်လက်ရှည်ဖြင့် ဆက်လက် စောင့်ဆိုင်းနေကြ၏။ သူတို့က လုကျိုးသည် အထိအခိုက်မရှိ ပေါ်ထွက်လာသည်ကို မြင်သည့်အခါ ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြသည်။
“လုချန်းပေ့”
“ရှစ်စွင်း”
“ဒီမိန်းကလေးက...”
ဟွမ်းယွီက သတိမေ့နေသည့် ခရုလေးပေါ်မှ ကျောက်စိမ်းပြားကို မြင်သည့်အခါ အကြည့်များ တောက်ပလာ၏။
“မင်းက ဒါကို သိလား” လုကျိုးက မေးလိုက်သည်။
“ဒါက လော့ရွှမ်းရဲ့ ကျောက်စိမ်းဆွဲပြားပဲ”
ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ လူများသည် ကျောက်စိမ်းဆွဲပြားကို မြင်လိုက်သည့်အခါ စိတ်လှုပ်ရှားလာကြဟန်ပေါ်သည်။
လုကျိုးက မုတ်ဆိတ်သပ်ကာ မေးလိုက်သည်။ “ယွီချန်းရှုရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် လော့ရွှမ်းကို အလွယ်တကူ ဖမ်းဆီးနိုင်မှာ မဟုတ်ဘူး။ သူက ဘယ်လိုလုပ်ခဲ့တာလဲ”
လော့ရွှမ်းက တာ့ယန်၊ ရွှေကြာနယ်မြေနှင့် အနီရောင်ကြာနယ်မြေတို့ကို လွတ်လပ်စွာ သွားလာနိုင်သူဖြစ်ကာ ထိုအရာတစ်ခုတည်းဖြင့် ယွီချန်းရှုသည် သူမကို ရှာဖွေဖို့ မပြောနှင့် နောက်ယောင်ခံလိုက်ဖို့ပင် ခက်ခဲလိမ့်မည်။ လော့ရွှမ်းက ကောင်းကင်သိုင်းပညာခုံရုံး၏ မြေအောက်အကျဉ်းထောင်တွင် မည်သို့အဆုံးသတ်သွားရသနည်း။
ဟွမ်းယွီက သက်ပြင်းချကာ “လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ယွီချန်းရှုက လော့ရွှမ်းကို ရှာဖို့ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက လူတွေကို အသုံးချခဲ့တယ်။ သူမကို ရှာဖွေဖို့ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက လူတွေကို သတ်ပစ်ခဲ့သေးတယ်။
အဲဒီအတွက်ကြောင့် ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက လူတွေ အယောက် ၇၀ကျော် သေသွားခဲ့ရတယ်။ လော့ရွှမ်းက ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှာ လုပ်တာဆိုတော့ အဖွဲ့သားတွေ အကုန်လုံးနဲ့က ရင်းနှီးနေပြီးသား။ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက လူတွေက လော့ရွှမ်းရဲ့ တည်နေရာကို ရှာတွေ့ဖို့ ရှေးဟောင်းကျမ်းကနေ လျို့ဝှက်နည်းစနစ်တွေကို လေ့လာခဲ့ကြတယ်”
ထိုစဥ် ဟယ်ကျုံးက ဝင်ပြောလိုက်၏။
“အဲဒီ မြေခွေးအိုကြီးက ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးကို သူ့အကျိုးအမြတ်အတွက် အသုံးချနေရုံတင် မကဘူး။ သူက ရုပ်သေးရုပ်ကိုပါ ဖန်တီးထားသေးတယ်။ လော့ရွှမ်းကို ရှာချင်တဲ့ ရည်ရွယ်ချက်က အမည်မသိနေရာကို သွားပြီးတော့ မဟာလေဟာနယ်မျိုးစေ့ကို သွားရှာချင်လို့ပဲ”
လုကျိုးက သံသယ ဖြစ်မိလိုက်သည်။ “မင်းတို့က မဟာလေဟာနယ်မျိုးစေ့အကြောင်း သိထားကြတာလား”
“မဟာလေဟာနယ်မျိုးစေ့က ရှေးဟောင်းဒဏ္ဍာရီတစ်ခုပဲ။ နှစ်တစ်သောင်းတိုင်းမှာ မဟာလေဟာနယ်မျိုးစေ့ အရေအတွက်တစ်ခုက အမည်မသိကုန်းမြေမှာ ပေါ်ထွက်လာတယ်လို့ ပြောကြတယ်။ တကယ်လို့ မဟာလေဟာနယ်မျိုးစေ့ကို ရမယ်ဆိုရင် ကမ္ဘာကြီးထဲက အားအကောင်းဆုံးလူ ဖြစ်လာနိုင်တယ်။
လွန်ခဲ့တဲ့ နှစ် ၃၀၀ခန့်က လော့ရွှမ်းက အဲဒီသတင်းကို ကောင်းကင်သိုင်းပညာခုံရုံးဆီ ပြန်ပို့ခဲ့တယ်။ ယွီချန်းရှုက အဲဒီမျိုးစေ့တွေကို လိုချင်ပြီး သူမကို ယူလာခိုင်းဖို့ တောင်းဆိုလိမ့်မယ်လို့တော့ ထင်မထားခဲ့မိဘူးပေါ့။ သူမက သဘောမတူခဲ့ဘူးလေ။
အဲဒီကနေ စပြီးတော့ လော့ရွှမ်းက ကောင်းကင်သိုင်းပညာခုံရုံးနဲ့ လမ်းခွဲသွားတော့တာပဲ။ ပြီးတော့ အဲဒီအချိန်က သူမ ပျောက်ကွယ်သွားတဲ့ အချိန်ပဲ” ဟွမ်းယွီက ပြောလိုက်သည်။
အားလုံးက ထိုစကားကို ကြားကာ သက်ပြင်းချလိုက်ကြ၏။
ဟွမ်းယွီက ခရုလေးပေါ်မှ ကျောက်စိမ်းဆွဲပြားကို ကြည့်ကာ “ဒါက လော့ရွှမ်း သူမနဲ့အတူ သယ်ဆောင်ထားတဲ့ ကျောက်စိမ်းပြားပဲ။ မြေအောက်အကျဉ်းထောင်ရဲ့ အပြိုအပျက်ထဲမှာ ပျောက်ဆုံးသွားတာထက်စာရင်တော့ ပိုကောင်းပါသေးတယ်”
ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။
ထိုစဥ် လုကျိုးက ပြောလိုက်၏။ “ဒါက ကျုပ်တပည့်အငယ်ဆုံး။ သူ့ရဲ့ မျိုးရိုးနာမည်က လော့ပဲ။ သူ့နာမည်က ရှစ်ယင်”
“သူ့မျိုးရိုးနာမည်ကလည်း လော့ပဲလား”
အားလုံးက နားရှုပ်သွားကြ၏။
ထိုစဥ် မှော်ဆန်ဆန် မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
လော့ရှစ်ယင်၏ ခန္ဓာကိုယ်က လေအထက် ဖြည်းဖြည်းချင်း မျောလွင့်သွားကာ လက်ဆန့်တန်းလျက် ဖြစ်သွားသည်။ ထို့နောက် သူမ ခန္ဓာကိုယ်ပေါ်ရှိ ကျောက်စိမ်းပြားက ဘေးပတ်ဝန်းကျင်မှ စွမ်းအားများကို စတင်စုပ်ယူနေ၏။
“ဒါ ဒါ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“သူမက လော့ရွှမ်းရဲ့ စွမ်းအားကို အမွေဆက်ခံရရှိထားတာလား”
တခြားသူများကို မဆိုထားနှင့် ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ ပါရမီရှင်များပင် ထိုမြင်ကွင်းကြောင့် အံ့အားသင့်နေကြသည်။
ထိုကျောက်စိမ်းစွမ်းအားအောက်တွင် လော့ရှစ်ယင်၏ ဆံပင်က ပိုမိုရှည်လျားလာ၏။ သူမ၏ မျက်တောင်များပင် ပိုမိုရှည်လျားလာဟန်ပေါ်သည်။ သိပ်မကြာခင် သူမ၏ သွင်ပြင်က အရွယ်ရောက်ပြီးသား လူတစ်ယောက်အသွင်အဖြစ် ပြောင်းလဲသွား၏။ သူမ၏ အနက်ရောင်ဆံပင်များက ရေတံခွန်သဖွယ် ကျဆင်းနေပြီး သူမ၏ နှုတ်ခမ်းပါးလေးက နွေဦးမှ ပန်းပွင့်အလား အနီရောင်သမ်းနေသည်။ သူမက သတိမေ့မျောနေသော်လည်း ကြော့ရှင်းသည့် ခံစားချက်ကို ဖုံးကွယ်၍ မရပေ။ သူမ၏ သွင်ပြင်က ရှေးခေတ်အချိန်ကတည်းက မမြင်တွေ့ရသည့် ပုံလိုမျိုး ဖြစ်၏။
အသွင်ပြောင်းမှုက မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားသည်။
“ရှောင်ရှစ်မေ့လား” ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က အံ့အားသင့်နေကြ၏။
“ရှောင်ရှစ်မေ့” ရှောင်ယွမ်အာက အံ့အားသင့်နေသည်။ သူမထက် ခေါင်းတစ်လုံးနိမ့်သည့် ခရုလေးသည် ယခုအခါ သူမနှင့် အရပ်တူတူ ဖြစ်နေလိမ့်မည်ကို မယုံနိုင်ပေ။ တကယ်တော့ ခရုလေးက သူ့မထက်ပင် ပိုမို ရင့်ကျက်နေဟန်ပေါ်၏။ သူမ၏ တိမ်တိုက်နှင့်တူပြီး ငှက်မွှေးလိုမျိုး ဝတ်ရုံက ထူးခြားသည့် ပစ္စည်းများဖြင့် ပြုလုပ်ထားသည့်အတွက် သူမနှင့် သင့်တော်စွာ ပြောင်းလဲသွားသည်။
ထိုမြင်ကွင်းက ယွီကျန့်ဟိုင် နဂိုအသက်အရွယ်သို့ ပြန်လည်ပြောင်းသွားသည်နှင့် တူညီသည်။ ထိုစဥ် သူက နဂိုအသွင်အပြင် ပြန်လည်မပြောင်းခင် အနီရောင် အသက်ဓာတ် နှလုံးသားကို စားသုံးပြီးသည့်နောက် ဖြစ်၏။ သူက ရှောင်ရှစ်မေ့၏ အသွင်ပြောင်းမှုကို မြင်သည့်အခါ မနေနိုင်ဘဲ စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။
နေရောင်အောက်တွင် ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံး၊ တိမ်တိုက်တောင်နှင့် မိုးမခတစ်ထောင်ဘုရားကျောင်းမှ လူများက လော့ရှစ်ယင်ကို တအံ့တသြဖြင့် ကြည့်နေကြ၏။
ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံး၏ အဖွဲ့သားများက လူ့ဂွစာအုပ်စု ဖြစ်၏။ သို့သော်လည်း ထိုစဥ် သူတို့က သူတို့ရှေ့မှ လူကို ကြည့်ရင်း သူတို့၏ အမူအရာကို မဖုံးကွယ်နိုင်ကြပေ။
မည်သို့ပင် အပြောင်းအလဲဖြစ်စေကာမူ သူမက အားလုံး၏ မြင်ကွင်းထဲ ကလေးမလေး သဖွယ်သာ ဖြစ်၏။
ထိုစဥ် အဘက်ဘက်မှ အနီရောင်လေမုန်တိုင်း ထွက်ပေါ်လာပြီး တစ်ခုတည်းအဖြစ် ပြောင်းလဲသွားသည်။
စာပေကြယ်တာရာဂိတ်ပေါက်ရှိ ကမ္ဘာဦးချီများကလည်း အားနည်းသွားဟန်ပေါ်၏။
“ကြည့်ရတာ မင်းကို ကူညီဖို့ ငါတို့တွေ ကံစပ်ပုံပဲ” ဟွမ်းယွီက ပြောလိုက်သည်။ သူက အရင်ဦးစွာ လက်ကို ဆန့်ထုတ်လိုက်၏။
“ငါ့ကိုလည်း စောင့်အုံး”
“ငါရောပဲ”
ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ လူများသည် လက်ကို ဆန့်ထုတ်လိုက်ကြပြီး သူတို့၏ ကျင့်ကြံရေးတစိတ်တပိုင်းကို လော့ရှစ်ယင်၏ ခန္ဓာကိုယ်အတွင်း ပို့ဆောင်ပေးလိုက်ကြသည်။
“ဘာတွေဖြစ်နေတာလဲ” ရှောင်ယွမ်အာက နားမလည်နိုင်ဘဲ မေးလိုက်၏။
“လော့ရွှမ်းရဲ့ စွမ်းအားက ကျောက်စိမ်းထဲမှာ ရှိနေပြီးသား။ ဒီနတ်ဘုရားသတ်ဖြတ်ရေး အစီအရင်က ပတ်ဝန်းကျင်က ကမ္ဘာဦးချီတွေကို စုပ်ယူနေတာ။ ကြည့်ရတာ လော့ရွှမ်းရဲ့ ပျောက်ဆုံးသွားတဲ့ ဝိညာဥ်က ဒီအစီအရင်ရဲ့ စွမ်းအားအတွက် အားဖြည့်ပေးခဲ့တဲ့ပုံပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ငါတို့တွေ ဆုံးရှုံးသွားတဲ့အရာကို ပြန်ကာမိအောင် လုပ်နိုင်တယ်”
သိပ်မကြာခင် ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ လူအယောက် ၃၀ကျော်သည် သူတို့၏ လက်များကို ဆန့်ထုတ်လိုက်ကြ၏။ သူတို့၏ ကျင့်ကြံဆင့်က မည်သို့ပင်ဆိုစေကာမူ အားလုံးက တုံ့ဆိုင်းနေခြင်း မရှိပေ။ သူတို့က လော့ရှစ်ယင်ကို အတိတ်မှ လော့ရွှမ်းကို မြင်လိုက်ရသည့်အလား၊ သူတို့၏ ကလေးငယ်ကို ပြန်မြင်လိုက်ရသည့်အလား ကြည့်ရှုနေကြသည်။
…
အခန်း (၈၇၃) ပွင့်ချပ်ဆယ်လွှာ လော့ရှစ်ယင်
ကျောက်စိမ်းပြာသည် သူတို့ကနဦးချီနှင့် ကျင့်ကြံမှုကို အထဲသို့ ကူးပြောင်းလိုစိတ်ရှိသည့် ကောင်းကင်သိုင်းခုံရုံးမှ လူများကြောင့် လှုံ့ဆော်ခံလိုက်ရပုံပေါ်သည်။
ယင်းကို ကောင်းကင်သိုင်းခုံရုံးမှ အကြီးအကဲများမြင်သောအခါ ခေါင်းခါလိုက်လေ၏။
“ကြည့်ရတာ မြတ်စွာဘုရားက ငါတို့အပြစ်ကြွေးတွေချေဖို့ အခွင့်အရေးပေးနေတဲ့ပုံပဲ”
ကမ္ဘာပေါ်တွင် လော့ရွှမ်းကို အကြွေးအတင်ဆုံးက မည်သူနည်း။ အဖြေက ကောင်းကင်သိုင်းခုံရုံးဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။ ချိုးဟယ်က ခေါင်းခါလျက် သက်ပြင်းချလိုက်တော့သည်။
ချိုးဟယ်နောက်တွင် ရပ်နေသော အကြီးအကဲဆယ်ယောက်က တစ်ယောက်ပြီးတစ်ယောက် သက်ပြင်းချလိုက်၏။
ကောင်းကင်သိုင်းခုံရုံးသည် လော့ရွှမ်းကို အမှန်တကယ် အကြွေးတင်တာများလွန်းသည်။
လုကျိုးသည် ထိုလူများ ကနဦးချီပေးပို့ခြင်းနှင့် ကျောက်စိမ်းပြာထဲ ကျင့်စဉ်ကူးပြောင်းပေးခြင်းကို မတားမြစ်ခဲ့ပေ။ ကောင်းကင်သိုင်းခုံရုံးမှ လူများ၏ ပံ့ပိုးပေးမှုဖြင့် ကျောက်စိမ်းပြာထဲ စွမ်းအင်များ လုံလောက်စွာ စုစည်းပြီးသွားပြီဖြစ်သည်။ စွမ်းအင်များက လော့ရှစ်ယင်၏ ခန္ဓာကိုယ်ထဲ တိုးဝင်နေသည်မှာ ရေကန်၏ အပေါ်ယံမျက်နှာပြင်ပေါ်တွင် လှိုင်းဂယက်တစ်ခု ထနေသည့်ပမာ ဖြစ်နေတော့၏။
ဘီး
တလက်လက်တောက်ပနေသော အနီရောင်ကြာပွင့်သည် လော့ရှစ်ယင်၏ ခြေထောက်အောက်၌ ပေါ်လာလေ၏။ တစ်ချိန်တည်းတွင် ကောင်းကင်သိုင်းခုံရုံးမှ လူများသည် အားကောင်းသည့် စွမ်းအင်တစ်ခုက သူတို့ဆီ တဟုန်ထိုးဝင်ရောက်လာတာကို ခံစားမိသည်။ သူတို့နောက်သို့ယိုင်သွားကာ မြေပြင်ပေါ်ပြုတ်ကျသွားလျက် ချွေးများရွှဲနေ၏။ သူတို့ လော့ရှစ်ယင်ကို ကြည့်လိုက်သည်။ ပြီးနောက် အနီရောင်ကြာပွင့်လှည့်ပတ်လာ၏။
ပွင့်ချပ်တစ်လွှာ၊ ပွင့်ချပ်နှစ်လွှာ၊ ပွင့်ချပ်သုံးလွှာ ၎င်းက လှည့်ပတ်နေစဉ် ပွင့်ချပ်များ ဆက်လက်ဖူးပွင့်နေသည်။
ပွင့်ချပ်လေးလွှာ၊ ပွင့်ချပ်ငါးလွှာ၊ ပွင့်ချပ်ခြောက်လွှာ
“ဒါက”
လုကျိုးမှအပ ဤနေရာရှိလူတိုင်းသည် ဤမြင်ကွင်းကို စိတ်ရှုပ်ထွေးနေကြ၏။ သူတို့သည် အချိန်တိုအတွင်း ထိုမျှပွင့်ချပ်များစွာ ကြာပွင့်ကဖူးပွင့်သည်ကို တစ်ခါမှ မတွေ့ဖူးပေ။ ခရုလေး၏ ကျင့်ကြံစဉ်သည် ယခင်က မနိမ့်သော်ငြား သူမ၏ကျင့်ကြံဆင့်ကို သူတို့ခံစားမိသေး၏။
ပွင့်ချပ်ခုနစ်လွှာ၊ ပွင့်ချပ်ရှစ်လွှာ
အနီရောင်ကြာပွင့်သည့် ပွင့်ချပ်ဖူးပွင့်တာ မရပ်တန့်ပေ။
ရှောင်ယွမ်အာတောင် အနည်းငယ် အားကျမိသွား၏။ သူမ အမြဲတစေ ဂရုစိုက်ပေးခဲ့သော ရှောင်ရှစ်မေ့က သူမကို အချိန်တိုအတွင်းလိုက်မှီလာ၏။
အဋ္ဌမမြောက်ပွင့်ချပ် ဖူးပွင့်လာပြီးနောက် အနီရောင်ကြာပွင့်၏ လှည့်ပတ်သော အရှိန်က အနည်းငယ်တိုးလာသည်။ ယင်းက မရပ်တန့်သွားပေ။
“ပွင့်ချပ်ကိုးလွှာ”
လူတိုင်းက အသက်အောင့်ထားလျက် ထိုဆန်းကြယ်သော မြင်ကွင်းကို ကြည့်နေကြသည်။ လုကျိုးက သူ၏ အငယ်ဆုံးတပည့်က အမြန်ဆုံးအတိုးတက်သူအဖြစ် အဆုံးသတ်မည်ဟု မထင်ထားပေ။ သူ စိတ်ပြင်ဆင်ပြီးသား ဖြစ်သော်ငြား ထိုအရာကြောင့် အနည်းငယ် အံ့အားသင့်သွားသေးသည်။
သို့သော်ငြား အံ့အားသင့်စရာက ဤနေရာတွင် အဆုံးမသတ်ပေ။ အနီရောင်ကြာက ပျောက်ကွယ်သွားခြင်းမရှိ။ ရုတ်တရက် အနီရောင်ကြာသည် မီးတောက်မီးလျှံများ ပေါက်ကွဲလာ၏။ အပြာရောင်တစွန်းတစက အနီရောင်မီးတောက်မီးလျှံများထဲ ပေါ်ထွက်လာတာကို မြင်လိုက်ရ၏။
လူတိုင်းက တအံ့တဩထပ်အော်လိုက်ပြန်သည်။ “ကံမီးတောက်”
“ကံမီးတောက်တဲ့ အနီရောင်ကြာပွင့်ပဲ” ပွင့်ချပ်ကိုးလွှာအဆင့်သို့ ရောက်ပြီးနောက် ကျင့်ကြံသူတစ်ယောက်သည် ကံမီးတောက်ကို ရရှိပြီး တတ်ကျွမ်းနိုင်သည့် အခွင့်အရေးရှိသည်။ ကံမီးတောက်ကို တတ်ကျွမ်းသည့်သူများက သူတို့နှင့် အရွယ်တူများကို ချေမှုန်းနိုင်သည့် ခွန်အားပိုင်ဆိုင်တာ သံသယဖြစ်ဖွယ်မရှိပေ။ ယင်းက မြှင့်တင်ပေးမှုကဲ့သို့ ဖြစ်နေ၏။
ယခုအခေါက်တွင် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တောင် အနည်းငယ်အားကျသွားကြသည်။ သူတို့သည် ပွင့်ချပ်ရှစ်လွှာအဆင့်တွင် ရှိစဉ်က ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူများကြားထဲတွင် ပြိုင်ဘက်ကင်းကြောင်း ပြောကြားခဲ့ဖူးသည်။ ယခု သူတို့ပွင့်ချပ်ကိုးလွှာအဆင့်သို့ ရောက်ရှိပြီဖြစ်ကာ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူများကြားထဲတွင် ပြိုင်ဘက်ကင်းဖို့ မျှော်လင့်နေသေး၏။ သို့သော်ငြား ကံမီးတောက် မပိုင်ဆိုင်ထားသည့် အချိန်တွင် သူတို့နှင့်ရွယ်တူများကြား မည်သို့ ပြိုင်ဘက်ကင်းနိုင်မည်နည်း။
ကံမီးတောက်ကို မပိုင်ဆိုင်ထားလျှင် ၎င်းကို လေ့လာလျှင်တောင် ကံမီးတောက်ကို နားလည်သဘောပေါက်မှာ မဟုတ်ပေ။ ကံမီးတောက်လောင်ကျွမ်းချိန်တွင် ယင်းက ဖြုံလောက်သည့်စွမ်းအား ထုတ်လွှတ်ပေ၏။
လုကျိုးသည် ယင်းကို မြင်သောအခါ ကောင်းကင်ခြားအက်ကွဲတောင်တန်းဒေသထဲက မြင်ကွင်းကို အမှတ်ရသွားသည်။ ထို့စဉ်က သူသည် ခုခံမှုအလုံးစုံနှင့် ကာကွယ်ရေးစွမ်းအင်များ အသက်သွင်းခဲ့သော်ငြား ချော်ရည်၏လောင်ကျွမ်းနေသော အပူဒဏ်ကို ပိတ်ဆို့နိုင်စွမ်းမရှိသေးပေ။ ထိုစဉ်က လို့လီက ပေါ်မလာခဲ့ပါက သူသည် သူ၏ အတိုက်အခိုက်ဒဏ်ပြင်း ပိတ်ဆို့ကတ်များ ပိုတောင် ဆုံးရှုံးရလောက်သည်။
ချော်ရည်သည်လည်း ကံမီးတောက် ရှိသလားဟု သူ တွေးမိသွားသည်။ ထိုသို့ဆိုလျှင် မည်သူ၏ ကံမီးတောက်ဖြစ်မည်နည်း။ သူသည် လေထဲ၌ ရင်းနှီးနေသော ဆူညံသံတစ်သံ ပေါ်ထွက်လာသောအခါ အသိပြန်ကပ်သွားတော့သည်။ သူက မော့ကြည့်လိုက်သောအခါ လော့ရှစ်ယင်၏ အနီရောင်ကြာပွင့်သည် ဒဿမမြောက်ပွင့်ချပ်ဖူးပွင့်နေတာကို မြင်လိုက်ရ၏။ “ကံမီးတောက်နဲ့ ပွင့်ချပ်ဆယ်လွှာအနီရောင်ကြာပွင့်ပဲ” လူတိုင်းက ထိတ်လန့်သွားတော့၏။
“မယုံနိုင်စရာပဲ။ တကယ် မယုံနိုင်စရာပဲ။ သူက လော့ရွှမ်းရဲ့ကျောက်စိမ်းပြာကို ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် အချိန်တိုအတွင်း ပွင့်ချယ်ဆယ်လွှာဖူးပွင့်ဖို့က မဖြစ်နိုင်ဘူးလေ။ ဒါ အဓိပ္ပာယ်မရှိတာ” ဟယ်ကျုံးသည် သူ့ဖာသာသူ ရေရွတ်ပြောလိုက်သည်။
အနားတွင် ရပ်နေသော ဝမ်တာ့ချွေ့က ရယ်မောလိုက်၏။ “ဒါ ဘာထိတ်လန့်စရာကောင်းလို့လဲ။ ဘာက မဖြစ်နိုင်တာလဲ။ မင်းတို့အားလုံးက ပါရမီရှင်တွေ မဟုတ်လို့လား။ ပါရမီရှင်တစ်ယောက်က အချိန်တိုအတွင်း ပွင့်ချပ်ဆယ်လွှာဖူးပွင့်နိုင်မယ်ဆိုရင် ထူးဆန်းနေတာလား။ မဖြစ်နိုင်တာလား။ မင်းတို့တွေ စဉ်းစားကြည့်ရင် ဒါ ထူးဆန်းမနေဘူးဆိုတာ သိသွားလိမ့်မယ်”
တကယ်ပင် ကောင်းကင်သိုင်းခုံရုံးမှ ပါရမီရှင်များကို လူထူးလူဆန်းများဟု မကြာခဏခေါ်လေ့ရှိသည်။ လူတို့က မဖြစ်နိုင်ဘူးဟု ပြောသည့်အချိန်တိုင်းတွင် သူတို့က ထူးဆန်းမှုများကို ဖန်တီးခဲ့၏။ တစ်စုံတစ်ယောက်က ဆန်းကြယ်မှုကို ဖန်တီးချိန်တွင် သူတို့က အသားမကျပုံပေါ်၏။
လုကျိုးသည် ကံမီးတောက်ဖြင့် အနီရောင်ကြာပွင့်ကို ကြည့်လိုက်၏။ သူ၏ မျက်လုံးသည် ပုံမှန်မဟုတ် တည်ငြိမ်နေပြီး စိတ်ထဲစကားလုံးလေးလုံးသာ ပေါ်လာတော့သည်။ မဟာလေဟာနယ်မျိုးစေ့
ပွင့်ချယ်ဆယ်လွှာကျင့်ကြံဆင့်အပြင် လော့ရွှမ်း၌ မဟာလေဟာနယ်မျိုးစေ့ရှိသည်။ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးနှင့် ကောင်းကင်သိုင်းခုံရုံးမှ အကြီးအကဲများ၏ အကူအညီဖြင့် သူမသည် ပွင့်ချပ်ဆယ်လွှာအဆင့်သို့ ရောက်တာ အံ့ဩစရာမဟုတ်ပေ။ သို့သော် လော့ရှစ်ယင်ကံမီးတောက် ရလိမ့်မည်ဟု သူ မထင်ထားတာပဲဖြစ်သည်။
ထိုစဉ် လော့ရှစ်ယင်က မျက်လုံးဖြည်းဖြည်းချင်းပွင့်လာ၏။ သူသည် ကောင်းကင်သိုင်းခုံရုံးကို ကြည့်ပြီး သူမ စိတ်ထဲ၌ ဖော်ပြ၍မရသော ရင်းနှီးမှု ခံစားချက်ပေါ်လာတော့သည်။ သူမ ခေါင်းငုံလိုက်ပြီး သူမခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ သူမအဝတ်အစား၊ ဆံပင်၊ လက်ငါးချောင်း … လူတိုင်းက သူမကိုကြည့်နေတာကို သတိပြုမိလိုက်၏။
လော့ရှစ်ယင်သည် သူမ အချိန်အတော်ကြာ အိပ်စက်ခဲ့ပြီး အိမ်မက်မှနိုးထလာကာ လက်တွေ့သို့ ပြန်ရောက်လာသည်ဟု ခံစားမိလိုက်သည်။
ယခု သူမသည် ခရုလေးမဟုတ် လော့ရှစ်ယင်ဖြစ်သည်ဟု သတိပြုမိသွား၏။ သူမသည် လော့ရွှမ်းပျိုးထောင်ခဲ့သည့် မိန်းမငယ်လေးဖြစ်သည်။ အချိန်မည်မျှကုန်လွန်သွားပြီမှန်း မသိ။ ရှောင်ယွမ်အာက မဝံ့မရဲခေါ်လိုက်သည်။ “ခရုလေး … ရှောင်ရှစ်မေ့”
“ကျိုးရှစ်ကျဲလား” လော့ရှစ်ယင်က ရှောင်ယွမ်အာဖက်လှည့်ကြည့်လိုက်၏။ သူမအကြည့်တို့က မှုန်မှိုင်းမှုတချို့ဆုံးရှုံးနေပုံပေါ်သည်။
“လော့ရှစ်ယင်” လုကျိုးက ပြောလိုက်၏။ သူမ ရုပ်ရည်သွင်ပြင်က ပြောင်းလဲသွားပြီး ခရုလေးမဟုတ်တော့သော်ငြား သူ့အမြင်တွင် ကလေးတစ်ယောက် အမြဲတမ်းဖြစ်နေလိမ့်မည်။
လုကျိုး၏ အသံသည် သူမကို အာရုံပြန်ကပ်သွားစေပုံပေါ်၏။ သူမ ခြေထောက်အောက်ရှိ အနီရောင်ကြာပွင့်က ပျောက်ကွယ်သွားပြီး သူမ မြေပြင်ပေါ် ဆင်းသက်လာ၏။ ပြီးနောက် သူမ တလေးတစားဒူးထောက်လျက် ပြောလိုက်၏။ “ရှစ်စွင်း”
“အခု မှတ်မိသွားပြီလား” လုကျိုးက မေးလိုက်သည်။
လော့ရှစ်ယင်က ပြုံးလျက်ခေါင်းညိတ်လိုက်၏။ “ဟုတ်ကဲ့”
“ကောင်းတယ် ထလိုက်တော့” လုကျိုးက ပြောလိုက်သည်။
“ကျေးဇူးပါ ရှစ်စွင်း” လော့ရှစ်ယင်က ထရပ်ပြီး ကျောမတ်လိုက်ကာ တဖြည်းဖြည်းချင်း လှည့်လာလျက် ကောင်းကင်းစူးစမ်းရှာဖွေရေးခုံရုံးမှ လူများကို အရိုအသေပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် အားလုံးပဲ”
“ရပါတယ်” ဟွမ်းယွီက ဦးဆောင်လျက် လက်ဝေ့ယမ်းပြလိုက်သည်။
“ဒါဘာမှမဟုတ်ဘူး”
လုကျိုးသည် အသေးစိတ်ပြုလုပ်ထားသည် ရှေးဟောင်းဗျပ်စောင်းကို ထုတ်လိုက်ပြီး ပြောလိုက်သည်။ “ဒါကို မူလပိုင်ရှင်ဆီပြန်ပေးမယ်”
ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံး၏ လူများက လုကျိုးကို အထိတ်တလန့်ကြည့်နေကြသည်။
“ဒါက ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းပဲ”
တစ်စုံတစ်ယောက်က ရယ်မောလိုက်၏။ “တကယ်ပဲ ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်း”
ယင်းကို မည်သူမှ မတွေ့ခဲ့ဖူးပေ။ ကြားသာကြားဖူးသော ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ လူများသည် ယင်းကို တွေ့သောအခါ ၎င်းကို ချက်ချင်းမှတ်မိသွားကြသည်။
ဝမ်တာ့ချွေ့က အနားကပ်လာလျက် မှင်တက်စွာပြောလိုက်၏။ “ဒါက ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းပဲ”
ရှားချန်းချိုးက တအံ့တဩပြောလိုက်တော့သည်။ “ကောင်းကင်သိုင်းခုံရုံးက ဖန်တီးထားတဲ့ အပြီးပြည့်စုံဆုံးသော လက်နက်ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းလို့ ခေါ်တဲ့ ကောလဟလတွေထွက်နေတာ အဲ့ အဲဒါလား”
ဗျပ်စောင်းသည် အလွန်ထူးကဲပြီး သေးငယ်သည်။ ကောင်းကင်စူးစမ်းရှာဖွေရေးအဖွဲ့က ဖန်တီးထားသော အပြီးပြည့်စုံဆုံးလက်နက်ဆိုတာ မှန်းဆရန်ခက်ခဲနေသည်။
ဟွမ်းယွီက မေးလိုက်တော့၏။ “ဒီကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းက လုချန်းပေ့နဲ့ ဘာလို့ရှိနေတာလဲ”
“ကျန့်ဝမ်ရွှီဆီကနေ ငါ ပြန်ယူလာတာ” လုကျိုးက ရိုးရိုးသားသားဖြေလိုက်သည်။
“ဒီတော့ တကယ်ကျန့်ဝမ်ရွှီပဲ။ အဲ့ဒီမျိုးမစစ်သူခိုး”
ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ လူများသည် ထိုစကားကို ကြားသောအခါ ဒေါသထွက်သွားသည်။
ဟယ်ကျုံးက နှာမှုတ်လျက်ပြောလိုက်သည်။ “ကျန့်ဝမ်ရွှီရဲ့ အရည်အချင်းနဲ့ဆို ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းကို ခိုးယူနိုင်မှာမဟုတ်ဘူး။ ဒီကိစ္စမှာ ယဲ့ကျန်းပါဝင်နေမှာ စိုးရိမ်ရတယ်။ ယဲ့ကျန်းအပြင် ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းကိုခိုးယူနိုင်တဲ့ တခြားတစ်ယောက်မတွေးမိဘူး”
“ငှက်အမွေးတွေ အကုန်စုနေတာပဲ”
“ဂရုမစိုက်မိခဲ့တာ ငါတို့အမှားပဲ။ အဲ့ဒီတုန်းက ငါတို့တွေ ယဲ့ကျန်းကို ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်း လေ့လာဖို့ မပေးသင့်ခဲ့ဘူး”
“ဒီအဆုံးသတ်က အတော်လေးကောင်းသား။ ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းသာ အခိုးမခံရရင် ယွီချန်းရှုက ဒါကို အစောတည်းက ဖျက်ဆီးလိုက်မှာ စိုးရိမ်ရတယ်”
ထိုစကားကို ကြားသောအခါ လူတိုင်းခေါင်းညိတ်လိုက်၏။
လော့ရှစ်ယင်သည် ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းကိုထိမိချိန်တွင် ၎င်းကို ပထမဆုံးမြင်ခဲ့ချိန်ကို အမှတ်ရသွား၏။ သူမစိတ်ထဲရှုပ်ထွေးနေသည်။ လက်ချောင်းထုတ်လိုက်ပြီး သွေးစက်က ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းပေါ် ကျသွားတော့သည်။
“တင်း … ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းက သခင်ကို အသိအမှတ်ပြုလိုက်ပါပြီ။ ပိုင်ရှင် လော့ရှစ်ယင်။ အဆင့် လွှမ်းမိုးအဆင့်၊ ဆုလာဘ် ကုသိုလ်မှတ် ၁၅၀၀”
“နောက်ပိုင်းကျ မင်းကို လှည့်လည်တေးသံအပိုဒ်အစား ပေးမယ်” လုကျိုးက ပြောလိုက်၏။ ရှောင်ယွမ်အာက ခေါင်းမော့လျက် စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ “ရှစ်စွင်းက ဒါတွေ မသိဘူးမလား။ ဂီတအကြောင်း သိတယ်လား”
“တိတ်တိတ်နေ” လုကျိုးက ရှောင်ယွမ်အာကို ကြည့်လိုက်၏။
ထိုစဉ် များစွာသော သားရဲပျံများက ဝေဟင်ထဲတွင် ပေါ်လာသည်။ များပြားလွန်းသောကြောင့် ကောင်းကင်ကို လွှမ်းထားပုံပေါ်သည်။ သို့သော်ငြား ဧရာမသားရဲများ မရှိပေ။
“ဒီသားရဲက အစောတုန်းက နဝမမြောက်ပွင့်ချပ်ဖူးပွင့်လာတာကြောင့် ရောက်လာတာပဲ။ ကျုပ်တို့ဆီ အပ်ထားလိုက်” ဟွမ်းယွီက စိတ်အားထက်သန်စွာ ပြောလိုက်သည်။ ဆိုရလျှင် ဤလူများ အတိုက်ခိုက်တာရ ကြာပြီဖြစ်၏။
သို့သော် လော့ရှစ်ယင်က ပြောလိုက်၏။ “ကျွန်မဆီ အပ်ထားလိုက်”
“ဒါ ကောင်းတာပဲ။ ငါတို့ကြည့်ချင်တယ်” ဟွမ်းယွီက ပြောလိုက်သည်။
လုကျိုးက မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်လိုက်၏။ “သွား”
လော့ရှစ်ယင်က မြေပြင်ပေါ် ခြေအသာဖော့နင်းလျက် ကောင်းကင်ထဲပျံတက်သွားတော့သည်။ အတိတ်တုန်းက ခရုလေးနှင့်ယှဉ်လျှင် သူမ စိတ်နေသဘောထားက လုံးဝပြောင်းသွားပြီဖြစ်သည်။ ခရုလေး၏ နုံအအ ကလေးဆန်မှုနေရာတွင် ယုံကြည်ချက်နှင့် ဇွဲလုံ့လ ဝီရီယတို့က နေရာယူလာ၏။ သူမ မျက်လုံးက တောက်ပနေပြီး ဆုံးဖြတ်ချက်ပြတ်သားနေသည်။ ယင်းက လော့ရွှမ်း၏မျက်လုံးနှင့် တကယ်ဆင်တူလှသည်။
ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းပေါ်လာပြီး လော့ရှစ်ယင်ရှေ့၌ ပျံဝဲနေ၏။ ယင်းက အနီရောင်စွမ်းအင် လွှမ်းခြုံနေသည်။ ပြီးနောက် သူမသည် ကျောက်စိမ်းကဲ့သို့ လက်ကိုမြှောက်လျက် ကြိုးကို ဖိလိုက်၏။ သူမလက်သည် ဗျပ်စောင်းဆီဖြတ်သွားလျက် သူမ လက်ချောင်းများသည် ကြိုးမျှင်ကိုးသွယ်ကို ကျွမ်းကျင်စွာ တီးခတ်နေသည်။
တေးသွားက လေထဲပျံလွင့်လာပြီး အနီရောင်စွမ်းအင်က ပတ်ဝန်းကျင်ထဲ ပေါ်ထွက်လာတော့သည်။ အနီရောင်စွမ်းအင်လှိုင်းသည် စပြီးကြယ်တာရာဂိတ်၏ မီတာတစ်ရာအတွင်းရှိ သားရဲပျံများ၏ အသက်ကို နုတ်သွားသည်။
သားရဲပျံများသည် ကောင်းကင်မှ ယင်ကောင်များကဲ့သို့ စတင်ပြုတ်ကျလာ၏။
ပြီးနောက် လော့ရှစ်ယင်သည် သူမ၏ ကျောက်စိမ်းကဲ့သို့လက်ကို ဝေ့ယမ်းလိုက်သည်။ ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်း ပျောက်ကွယ်သွား၏။
လူတိုင်းခေါင်းမော့လိုက်ချိန်တွင် ကောင်းကင်ကြည်လင်နေတာကို တွေ့လိုက်ရ၏။ ပျံသန်းနေသော သားရဲလက္ခဏာမရှိပေ။ အပြာရောင်ကောင်းကင်ကိုသာ မြင်နေရသည်။
“သားရဲပျံတွေ ဒီတိုင်းမရှိတော့ဘူးလား။ သူမက သန်မာလွန်းနေတာ မဟုတ်ဘူးလား”