အခန်း (၈၇၄-၈၇၆)
Vol. 59 Ch. 874-876
အခန်း (၈၇၄) အမည်မသိနေရာ
ကြိုးမျှင်ကိုးသွယ် ဗျပ်စောင်း၏ စွမ်းအားဖြင့် ပွင့်ချပ်ဆယ်လွှာ ကံမီးတောက် အသုံးပြုသူ ဖြစ်နေသည့် လော့ရှစ်ယင်က စာပေကြယ်စင်ဂိတ်အထက်ရှိ သားရဲပျံများကို တစ်ချက်တည်းဖြင့် အလွယ်တကူ သတ်ပစ်နိုင်လိုက်သည်။ တစ်ချိန်တည်းဆိုသလို သူမက သားရဲများထံ ချဉ်းကပ်မလာဖို့နှင့် မတိုက်ခိုက်ဖို့ရာပါ သတင်းစကား ပါးလိုက်၏။
သက်ရောက်မှုက ထူးဆန်းလှသည်။
အားလုံးက ထိုမိန်းမလှလေးအား မယုံကြည်နိုင်စွာ ကြည့်နေကြ၏။
ထိုစဉ် ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ လူများက သူမဆီမှ လော့ရွှမ်း၏ ပုံရိပ်ကို မြင်လိုက်ရသလိုမျိုး ခံစားနေကြရသည်။ သူမက တေးဂီတနှင့် သားရဲဘာသာစကားကို ကျွမ်းကျင်လှ၏။ အကယ်၍ သူမသာ လော့ရွှမ်း မဟုတ်လျှင် မည်သူဖြစ်မည်နည်း။
ဟွမ်းယွီက လော့ရှစ်ယင် ရှေ့နား ရောက်ရှိလာကာ တုန်တုန်ယင်ယင် ဖြစ်နေသည်။ သူ့ရှေ့ရှိ အမျိုးသမီးက လော့ရွှမ်းနှင့် မတူသော်လည်း သူက ခေါ်လိုက်၏။
“လော့ … လော့ရွှမ်းလား”
သူမ၏ မျက်နှာအထက် ခပ်ယဲ့ယဲ့အပြုံးမျိုး ပေါ်ထွက်လာကာ ပြောလိုက်သည်။
“ကျွန်မနာမည်က လော့ရှစ်ယင်ပါ။ လော့ရွှမ်းက ကျွန်မအမေပါ”
အားလုံး၏ အကြည့်များက တောက်ပလာ၏။
အချိန်ကုန်ဆုံးလာပြီး အတိတ်က အခိုးအငွေ့အဖြစ် ပြောင်းလဲသွားသည်။ ဘဝဆိုသည်မှာ ထပ်ခါထပ်ခါ ဖြစ်နေသည့် သံသရာတစ်ခုသာ ဖြစ်၏။
အမေ ဟူသည့် စကားလုံးက အဓိပ္ပာယ်ပြည့်ဝပြီး လော့ရှစ်ယင်၏ ခံစားချက်များကို အပြည့်အဝ ထင်ဟပ်ပြသနသေည်။ လုကျိုး ဖတ်ထားသည့် စာက သူမ၏ စိတ်အတွင်း ပြန်လည်ဝင်ရောက်လာ၏။ သူမကို ပြုစုပျိုးထောင်ခဲ့သူက သူမ၏ မိဘများထက် ကျော်လွန်သည့် ဂုဏ်ကျက်သရေကို ပိုင်ဆိုင်ထားလေသည်။ သူမက သူမကို မွေးဖွားပေးခဲ့သည့် ကျေးဇူးအတွက် သူမ၏ မိဘများဆီ ပြန်လည်ပေးဆပ်ခြင်းတို့ လုပ်ဆောင်နိုင်သော်လည်း လော့ရွှမ်း၏ ပြုစုပျိုးထောင်ပေးခဲ့သည့် ကျေးဇူးကြွေးကို ဆပ်ဖို့ရာ သူမတွင် အသက် ၁၀၀ ရှိနေလျှင်ပင် ကျေးဇူးကို ပြန်လည်ဆပ်နိုင်ဖို့ ခက်ခဲလိမ့်မည်။ ထို့ကြောင့် သူမက လော့ရွှမ်းကို အမေဟု ခေါ်ဆိုသည်မှာ သင့်တော်သည်ဟု တွေးမိလိုက်သည်။
ခေတ္တမျှကြာမြင့်ပြီးသည့်နောက်တွင် လော့ရှစ်ယင်က ယွီကျန့်ဟိုင်နှင့် တခြားသူများဘက် လှည့်လာကာ ပြောလိုက်သည်။
“တာ့ရှစ်ရှိုးကို ဂါရဝပြုပါတယ်”
ယွီကျန့်ဟိုင်က အသိပြန်ဝင်လာကာ အပြုံးလေးဖြင့် ပြောလိုက်သည်။
“အားနာနေဖို့ မလိုဘူး ခရုလေး … အော် ရှောင်ရှစ်မေး လော့ရှစ်ယင် ဖြစ်ရမှာပဲ”
“တာ့ရှစ်ရှိုး ကျွန်မကို ခရုလေးလို့ ခေါ်လို့ရပါတယ်”
“ကောင်းပြီ” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
ထို့နောက် ခရုလေးက ယွီရှန်းရုန် ဘေးနား ရောက်ရှိလာ၏။ သူမက ယခုအခါ အရပ်မြင့်နေပြီဖြစ်ကာ သူ့နှာခေါင်းဖျားနားလောက် ရောက်ရှိနေပြီဖြစ်၏။ သူမက သူ့ကို နှုတ်ဆက်လိုက်သည်။
“အာ့ရှစ်ရှိုးကို ဂါရဝပြုပါတယ်”
သဘောထားနှင့် သွင်ပြင် အပြောင်းအလဲကြောင့် ယွီရှန်းရုန်က အနည်းငယ် နေရခက်နေမိသည်။ သို့သော်လည်း သူတို့က ဆရာရင်း တပည့််များသာ ဖြစ်၏။ ထို့ကြောင့် သူက ပြန်ဖြေလိုက်သည်။
“အင်း”
ခရုလေးက ရှောင်ယွမ်အာရှေ့ ရောက်ရှိလာကာ ခေါ်လိုက်သည်။
“ကျိုးရှစ်ကျဲ”
ရှောင်ယွမ်အာက ရှက်ရွံ့သည့် အမူအရာမျိုးဖြင့် ပြောလိုက်သည်။
“နင်က ငါ့ထက် အခုအသက်ကြီးနေတဲ့ပုံပဲ။ ငါကပဲ နင့်ကို ရှစ်ကျဲလို့ ခေါ်ရမလား”
ကျင့်ကြံဆင့်နှင့် ပတ်သက်လာသည့်အခါ ရှောင်ယွမ်အာက သူမသည် ခရုလေးထက် နိမ့်ကျနေသည်ဟု ခံစားမိနေသည်။ ရုပ်ပိုင်းဆိုင်ရာအရ ပတ်သက်လာလျှင်လည်း အနှစ်ချုပ်လိုက်လျှင် သူမက ကဏ္ဍအသီးသီး၌ နိမ့်ကျနေသလို ခံစားမိနေသည်။ အပြင်ပိုင်းတွင်မူ သူမက မပြောင်းမလဲသာ ကျန်ရှိနေ၏။ သို့သော်လည်း စိတ်အတွင်း၌မူ သူမက ထိုအဖြစ်အပျက်ကြောင့် တုန်လှုပ်နေမိဆဲ ဖြစ်သည်။ သူမက ကစားမနေတော့ဘဲ ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်မည်ဟု ကတိစကားဆိုထားလိုက်သည်။
ယွီကျန့်ဟိုင်က ခေါင်းအသာယမ်းကာ သက်ပြင်းချလိုက်သည်။
မိတ်ဆွေဆက်ဆံရေးက ဒီလိုမျိုး ပျောက်ကွယ်သွားတော့မှာလား ...
ဘဝဆိုတာ တကယ်ကို ခန့်မှန်းလို့မရနိုင်ဘူးပဲ ...
ခရုလေးက ရှောင်ယွမ်အာ လက်ကို ကိုင်ဆွဲကာ ပြောလိုက်သည်။
“ကျိုးရှစ်ကျဲ ဘာတွေပြောနေတာလဲ။ ရှစ်ကျဲက ကျွန်မထက်အရင် မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ရောက်ခဲ့တာလေ။ စည်းမျဉ်းကို ဒီလိုမျိုး ချိုးဖျက်လို့ ဘယ်လိုလုပ်ရမှာလဲ။ ပြီးတော့ အတိတ်တုန်းက ကျွန်မကို ကာကွယ်ပေးခဲ့တာဆိုတော့ နောင်ကျရင် ရှစ်ကျဲကို ပြန်ပြီးတော့ ကာကွယ်ပေးမယ်။ ဒီစွမ်းအားမျိုး ရလာတာက အမေ့အပေါ် မှီခိုခဲ့လို့ပါ။ တကယ်တော့ ရှစ်ကျဲက ကျွန်မထက် ပိုပြီးတော့ အားကောင်းပါတယ်”
ရှောင်ယွမ်အာက ထိုစကားများ နားထောင်ရသည်ကို သဘောကျမိ၏။ သူမက ရယ်မောကာ ပြောလိုက်သည်။
“အဲဒါဆိုလည်း ကောင်းပြီ။ ရှောင်ရှစ်မေးက အကောင်းဆုံးပဲ”
ယွီကျန့်ဟိုင်က အနည်းငယ် အံ့အားသင့်သွားမိ၏။ မိတ်ဆွေဆက်ဆံရေးက ဤသို့ ပြန်လည်ဆောက်တည်နိုင်သွားသည်လား။
သူက ခေါင်းအသာယမ်းလိုက်ကာ အမျိုးသမီးများသည် တူရာတူရာ စုသည့် သတ္တဝါများဟုသာ တွေးလိုက်မိသည်။
လုကျိုးက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်၏။ ခရုလေးက လော့ရွှမ်း၏ အင်အားကို ရရှိကာ မဟာလေဟာနယ်မျိုးစေ့ကို ပိုင်ဆိုင်ထားသော်လည်း သူမ၏ ဇစ်မြစ်က မရှင်းလင်းသေးပေ။
အမည်မသိနေရာ ... အဲဒါက မဟာလေဟာနယ်များ ဖြစ်နေမလား ...
မှတ်ဉာဏ်သလင်းကျောက်ထဲမှ မှတ်ဉာဏ်များသည် သူ့စိတ်ထဲ ပြန်လည်ပေါ်ထွက်လာ၏။ သူက ကောင်းကင်မှ ဆင်းသက်လာသည့် အနက်ရောင်ကြာများကို ပြန်လည်စဉ်းစားမိပြီး အဘက်ဘက်တွင် ပုန်းအောင်းနေသည့် လျို့ဝှက်အန္တရာယ်များကို ပြန်လည်တွေးမိသွားသည်။
လုကျိုးက ထိုအမည်မသိနေရာသည် မည်သို့ပုံစံနှင့်တူကြောင်း တွေးတောဖို့ အကောင်းဆုံး ကြိုးစားလိုက်သော်လည်း သူ မြင်ရသည့် နေရာက မည်းမှောင်နေသည့် နေရာတစ်ခုသာ ဖြစ်၏။
“လုချန်းပေ့ ဂုဏ်ပြုပါတယ်”
“အစ်ကိုလု ဂုဏ်ပြုပါတယ်”
အားလုံးက ဦးညွတ်ကာ လုကျိုးကို ဂုဏ်ပြုစကား ဆိုလိုက်ကြသည်။
လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်၏။
“ငါတို့တွေ ရက်ပိုင်းလောက် ကောင်းကင်သိုင်းပညာခုံရုံးမှာ နေအုံးမယ်”
“ဟုတ်ကဲ့”
ချိုးဟယ်က သူ့လူများကို အမိန့်ပေးလိုက်၏။
“မြန်မြန်သွက်သွက်လက်လက် ပြင်ဆင်ကြ။ ပစ္စည်းဟောင်းတွေကို ထုတ်ပြီးတော့ အသစ်တွေ ပြင်လိုက်။ ခဏနေအုံး။ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက အပေါင်းအပါတွေကိုပါ မေ့မထားနဲ့အုံး”
ဟွမ်းယွီနှင့်တခြားလူများက ကောင်းကင်သိုင်းပညာခုံရုံးမှ လူများကို တစ်ချက်သာ ကြည့်လိုက်ကြသည်။ သူတို့က ဤသို့ကိစ္စအသေးအမွှားလေးကြောင့် စိတ်လှုပ်ရှားမည် မဟုတ်ပေ။
...
ညဘက်တွင်
လုကျိုး၏ နေထိုင်ရာက စာပေကြယ်စင်ခန်းမတွင် ဖြစ်၏။
ကောင်းကင်သိုင်းပညာခုံရုံးက သေခြင်းတရားနှင့် ရင်ဆိုင်ပြီးသည့်နောက်တွင် သူတို့က လုကျိုးကို စိတ်ရောကိုယ်ပါနှစ်၍ ခစားရုံမှအပ ရွေးချယ်စရာ မရှိပေ။
အချုပ်အားဖြင့် ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ လူများက အရှင်သခင်အလား ဖြစ်နေကြသည်။ သူတို့က ဆေးကြောကာ အဝတ်အစားများ လဲလှယ်ပြီး သဘောတွေ့နေကြ၏။ ဤသည်က သူတို့နှင့် ထိုက်တန်သည့်အရာ ဖြစ်ပေသည်။ နှစ် ၁၀၀ကြာ ပိတ်လှောင်ခံပြီး လူတစ်ယောက်နှင့် မသင့်တော်သည့် ဘဝမျိုးကို နေထိုင်ခဲ့ပြီးသည့်နောက်တွင် ဤသည်က သူတို့၏ တစ်ခုတည်းသော တုံ့ပြန်မှုဟု ယူဆရသည်မှာ ကောင်းလှပြီ ဖြစ်၏။ သူတို့က ပြဿနာများများစားစား မရှာသည်မှာ လုကျိုးကြောင့်သာ ဖြစ်သည်။
...
ထိုစဥ် လုကျိုးက ခန်းမအလယ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူက ခရမ်းရောင် တောက်ပသံကျောက်ကို အသုံးပြုပြီး ကောင်းကင်ကျမ်းကို ဆင်ခြင်ကာ ထူးခြားအံ့ဖွယ်စွမ်းအားကို ပြန်လည်ဖြည့်တင်းနေ၏။
“တပည့်က ရှစ်စွင်းကို ဂါရဝပြုပါတယ်”
ခရုလေးက သူမနှင့် သင့်တော်သည့် ကြော့ကြော့ရှင်းရှင်း ဝတ်ရုံကို ပြောင်းလဲဝတ်ဆင်ထားသည်။ သူမ၏ ဆံပင်များကို ယခုအခါ ဆံထုံးအဖြစ် ဖွဲ့နှောင်ထား၏။ သူမ၏ အကြည့်များက တောက်ပနေကာ သွားများကလည်း ဖြူဖွေးနေသည်။ သူမက ခန်းမအတွင်း လျှောက်လာကာ လုကျိုးရှေ့ ဒူးထောက်လိုက်၏။
လုကျိုးက မျက်လုံးဖွင့်ကာ “ထပြီးတော့ ပြော”
ခရုလေးက ထကာ ပြောလိုက်သည်။
“ရှစ်စွင်း ဒီလောက် ညဉ့်နက်ကြီးမှာ နှောင့်ယှက်ဖို့ မရည်ရွယ်ပါဘူး”
လုကျိုးက ခရုလေး၏ မျက်ဝန်းအထက် ယခင်က မရှိခဲ့ဖူးသော ဆုံးဖြတ်ချက်အရိပ်အယောင်ကို သတိထားမိလိုက်သည်။ သူက သိပ်အသားမကျပေ။ ထို့အပြင် သူမ၏ အကြည့်က ထွက်သွားတော့မည့်အလား နှုတ်ဆက်စကား ဆိုတော့မည့်ဟန်ပေါ်နေသည်။ သူက ထိုကိစ္စကို ဆက်လက်မမေးပေ။ သူ့အလိုလိုသိစိတ်က မှားယွင်းနေသည်လား သို့မဟုတ် သူ အတွေးလွန်နေသည်လား တစ်ခုခု ဖြစ်နေနိုင်၏။ မည်သို့ပင်ဆိုစေကာမူ သူ့အမူအရာက မပြောင်းမလဲကျန်ရှိနေကာ ပြောလိုက်သည်။
“တစ်ခုခု ပြောစရာရှိရင်လည်း ပြောလိုက်”
ခရုလေးက ပြောလိုက်သည်။ “ရှစ်စွင်း တပည့် အဲဒီအမည်မသိနေရာကို သွားချင်တယ်”
ခန်းမအတွင်း တိတ်ဆိတ်သွားလေ၏။
လုကျိုးက တည်ငြိမ်နေလျက် တင်ပျဉ်ခွေထိုင်ကာ လက်ကို ဘယ်ဘက်ပေါင်နှင့် ညာဘက်ပေါင်ပေါ် အသီးသီးတင်ထားလိုက်သည်။ ခဏအကြာတွင် သူက ခရုလေးကို ကြည့်ကာ ပြောလိုက်၏။
“မင်းက အရွယ်ရောက်လာပြီပဲ”
ခရုလေးက တိတ်ဆိတ်နေသည်။
လုကျိုးက ဆက်ပြောလိုက်သည်။
“မင်းကို လက်ခံခဲ့တုန်းက ငယ်ပြီးတော့ အမှားနဲ့ အမှန်ကို ဘယ်လိုခွဲခြားရမှန်း မသိသေးဘူး။ အခု မင်းကအရွယ်ရောက်ပြီဆိုတော့ နောက်ထပ် အခွင့်အရေးတစ်ခု ပေးမယ်”
ခရုလေးက ခေါင်းအသာယမ်းကာ ဒူးထောက်လိုက်ပြန်သည်။
“ရှစ်စွင်း တပည့် မလုပ်ရဲပါဘူး။ ဒါက တပည့် ရည်ရွယ်ချက် မဟုတ်ပါဘူး”
“တစ်ခါတုန်းက လော့ရွှမ်းက ငါ့ကို သူ့ဆရာဖြစ်စေချင်ခဲ့တယ်။ သူမရဲ့သဘောထားက မတည်ငြိမ်တာ သိလို့ တပည့်အဖြစ် လက်မခံခဲ့ဘူး။ သူမက မင်းအမေဆိုတော့ သူမအပေါ် အကြွေးတင်နေမှာပဲ။ သူမရဲ့ ဆန္ဒကို နားထောင်ပြီးတော့ ငါ့ကို ရှစ်စွင်းလို့ ခေါ်ခဲ့တာ။ ဒါပေမဲ့ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စည်းမျဉ်းတွေက ချိုးဖျက်လို့ မရဘူး။ မင်းက မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ရောက်ပြီးပြီဆိုတော့ စည်းမျဉ်းအတိုင်း လိုက်နာရမယ်” လုကျိုးက မပြောင်းမလဲ ပြောလိုက်၏။
“တပည့်က အမည်မသိနေရာကို သွားပြီး တစ်ချက်လောက် ကြည့်ချင်ရုံပါ”
လုကျိုးက အသံအနည်းငယ်မြင့်ကာ မေးလိုက်သည်။
“မင်းက မင်း နောက်ခံကို စုံစမ်းချင်တာလား”
တစ်ခါက ဝေဟင်မှ အနက်ရောင်ကြာများ ဆင်းသက်လာသည့် မြင်ကွင်းသည် သူ့စိတ်ထဲ ပြန်လည်ပေါ်ထွက်လာ၏။
ခရုလေး၏ အကြည့်များက ဆုံးဖြတ်ချက်ဖြင့် တောက်ပနေသည်မှာ မထူးဆန်းတော့ပေ။
“ဟုတ်ပါတယ်”
“အဲဒီနောက်ရော”
“တပည့်က ရှစ်စွင်းကို နှုတ်ဆက်ချင်ရုံပါ။ သင်ကြားပြသပေးတဲ့အတွက် ရှစ်စွင်းကို ကျေးဇူးတင်ချင်လို့ပါ” ခရုလေးက ပြောလိုက်သည်။
လုကျိုးက ခရုလေးအား ကြည့်ကာ ခေါင်းအသာယမ်းလိုက်ပြီး သက်ပြင်းချကာ “မင်းက မင်းရဲ့နောက်ခံကို ဘာလို့ စုံစမ်းချင်တယ်ဆိုတာကို နားလည်တယ်။ ဒါပေမဲ့ မင်းက အဲဲဒီလိုလုပ်နိုင်စွမ်း ရှိတယ်လား”
“တပည့်က ပွင့်ချပ်ဆယ်လွှာ ရှိထားတော့ ယုံကြည်ချက် ရှိပါတယ်” ခရုလေးက ပြန်ဖြေလိုက်သည်။
အရွယ်ရောက်လာသည့် ခရုလေးက ယခင်နှင့် ကွဲပြားလှသည်။ သူမက ယခင်လို မတုံးအတော့ပေ။
လုကျိုးက ဖြည်းဖြည်းချင်း ထရပ်ကာ “ပွင့်ချပ်ဆယ်လွှာတည်းနဲ့ ယုံကြည်ချက်ရှိတယ်လား”
“ရှစ်စွင်း သဘောတူဖို့ မျှော်လင့်ပါတယ်။ တပည့်က ယုံကြည်ချက်ရှိပါတယ်။ တကယ်လို့ ရှစ်စွင်း သဘောမတူဘူးဆိုရင်တော့ ကျွန်မ ... “ ခရုလေးက တုံ့ဆိုင်းသွား၏။
“ရိုင်းပျလိုက်တာ” လုကျိုးက ပြောလိုက်၏။ သူက လက်ကို မြှောက်ကာ လက်ချောင်းမှ အပြာရောင် အလင်းတန်း တောက်ပလာသည်။
သူ့လက်ချောင်းမှ အစွန့်ပစ်ခံ ဉာဏ်ပညာက ခရုလေးဆီ ကျရောက်လာ၏။
ခရုလေးက ခေါင်းကို မော့လိုက်ပြီး ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ မကြောက်ရွံ့ပေ။ အနှစ်ချုပ်အားဖြင့် သူမ၏ အကြည့်များက ပိုမိုဆုံးဖြတ်ချက် ပြတ်သားလာ၏။ သူမက လက်ကို မြှောက်ကာ ကံမီးတောက်ကို ပစ်ခွင်းလိုက်သည်။
ဝှစ်
ခရုလေး၏ လက်ဝါးက ထိုလက်ဝါးစည်းတံဆိပ်ဖြင့် ထိပ်တိုက်တွေ့ဆုံသွား၏။
ခရုလေး၏ မျက်ဝန်းမှ ဆုံးဖြတ်ချက်ကို မြင်တွေ့ပြီးသည့်နောက်တွင် လုကျိုးက ဆက်လက်ဖိနှိပ်လိုက်သည်။
ဝုန်း
သူမ၏ လက်ဝါးချက်က အစွန့်ပစ်ခံ ဉာဏ်ပညာနှင့် တွေ့ဆုံပြီး စွမ်းအားကွယ်ပျောက်ပြီးသည့်နောက် လုကျိုးက နောက်ထပ် လက်ဝါးစည်းတံဆိပ်တစ်ခု ထုတ်ဖော်လိုက်သည်။
ဘန်း
ခရုလေးက နောက်လွင့်သွားကာ ခြေတစ်လှမ်းမျှ ခုန်ပြီး တားလိုက်ရသည်။ သူမ၏ လက်မောင်းများက ထုံထိုင်းနေပြီး သွေးချီများပင် ဆူပွက်နေသည်။ သူမ၏ မျက်ဝန်းများက မယုံကြည်နိုင်စွာ ဖြစ်နေ၏။
သူမက တိုက်ကွက်တစ်ခုတည်းဖြင့် ရှုံးနိမ့်သွားသည်လား။
“မင်းက ပွင့်ချပ်ဆယ်လွှာ ထွက်တာနဲ့ပဲ အတောင်စုံပြီ ထင်နေတာလား” လုကျိုးက စာပေကြယ်စင်ခန်းမမှ လက်နောက်ပစ်ကာ ထွက်လာသည်။
ရုတ်ရုတ်သဲသဲဖြစ်မှုက ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်နှင့် ရှောင်ယွမ်အာတို့ကို ဆွဲဆောင်နိုင်လိုက်သည်။ ထိုစဥ် ၃ယောက်သားက ခန်းမအပြင်ဘက် ရောက်ရှိလာ၏။
“ရှောင်ရှစ်မေးလား”
ခရုလေးက ပြန်လည်ဆင်းသက်ပြီးသည့်နောက် ခြေငြိမ်ဖို့ရာအတွက် ခြေလှမ်းအနည်းငယ် တုံ့ဆိုင်းသွားသည်။
လုကျိုးက ထို ၃ယောက်ကို ကြည့်ကာ ဒေါသထွက်ကာ ပြောလိုက်၏။ “ဘယ်သူမှ ဝင်မပြောနဲ့။ ဝင်ပြောတဲ့ သူတိုင်းကို မိစ္ဆာဝေဟင်မျှော်နန်းက နှင်ထုတ်ခံရမယ်”
၃ယောက်သားက သူမအစားဝင်ကာ တောင်းဆိုပေးပြီး ကူညီလိုကြသော်လည်း သူတို့ ရှစ်စွင်း၏ စကားကို ကြားပြီးသည့်နောက်တွင် မလှုပ်မယှက်သာ ရပ်နေလိုက်ကြသည်။
ခရုလေးက မယုံကြည်နိုင် ဖြစ်နေဆဲဖြစ်၏။ သူမက တိုက်ကွက်တစ်ခုတည်းဖြင့် ရှုံးနိမ့်သွားသည်ကို လက်ခံဖို့ရာ အခက်တွေ့နေဟန်ပေါ်သည်။ သူမ၏ ရှစ်စွင်းက အလွန်အားကောင်းမှန်း သိထားခဲ့သော်လည်း ယခုစွမ်းအားကြောင့် အံ့အားသင့်မိဆဲ ဖြစ်သည်။
သူမ၏ ရှစ်စွင်းနှင့် တိုက်ခိုက်ပြီးသည့်နောက်တွင် သူမ၏ စိတ်ခံစားချက်များကို တစ်ယောက်ကသာ နားလည်နိုင်လိမ့်မည်။
လရောင်က လုကျိုး၏ ပုံရိပ်ကို အလင်းပေးထားလေ၏။ သူက ခရုလေးကို ကြည့်ကာ ပြောလိုက်သည်။
“ငါ မင်းကို စိတ်ပျက်မိတယ်”
ဝုန်း
ခရုလေးက ဒူးချက်ချင်း ထောက်ကာ ဝပ်တွားလိုက်ပြီး “တပည့် အမှားကို သိပါတယ်။ ရှစ်စွင်း ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
“တင် တာဝန်ပြီးမြောက်သွားပါပြီ။ ဆုလာဘ်ကုသိုလ်ရအမှတ် ၅၀၀၀ ရရှိပါတယ်”
“တင် တပည့် လော့ရှစ်ယင်ကို ရရှိပါတယ်”
“တင် လော့ရှစ်ယင်ကို သင်ကြားပြသတဲ့အတွက် ကုသိုလ်ရမှတ် ၁၀၀၀ ရရှိပါတယ်”
…
အခန်း (၈၇၅) မိစ္ဆာဝေဟင်မျှော်နန်း ရောက်ရှိလာမှု
စနစ်သတိပေးသံများ ဆက်တိုက်ကြားလိုက်ရပြီးနောက် လုကျိုး၏စိတ်နှလုံးက အနည်းငယ် လှုပ်ရှားသွားလေ၏။ သူသည် စနစ်မျက်နှာပြင်ကိုကြည့်လိုက်ရာ တပည့်ဆယ်ယောက်ကို သွန်သင်ဆုံးမခြင်းအတွက် တာဝန်ကိုတွေ့လိုက်ရသည်။ သူသက်ပြင်းချလိုက်မိသည်။
ခရုလေးက လုံးဝမှားနေတာ မဟုတ်ပေ။ သူမသည် သူမနောက်ခံကို စုံစမ်းစစ်ဆေးချင်ပြီး လော့ရွှမ်းအတွက် တရားမျှတမှု ရှာချင်ရုံသာရှိသည်။ ထိုကဲ့သို့ ကျေးဇူးတရားသိတတ်သူတစ်ဦး ဖြစ်နေလေရာ သူမ၏သဘာဝက မည်ကဲ့သို့ ဆိုးဝါးနိုင်မည်နည်း။ သူမသည် လော့ရွှမ်း၏အကျင့်စရိုက်ကို အမှန်တစ်ကယ် အမွေဆက်ခံထားပုံရသည်။
အဆုံးကျ လုကျိုးသည် ပြောလိုက်တော့သည်။
“မင်းရဲ့ ခံစားချက်ကို ငါဘယ်လိုလုပ် နားမလည်ပဲနေမှာလဲ၊ ဒါပေမဲ့ မင်းရဲ့ကျင့်ကြံဆင့်နဲ့ စုံစမ်းစစ်ဆေးနိုင်တယ်လို့ ထင်နေတာလား၊ ပြဿနာတွေဖြစ်လာခဲ့ရင် မင်းဖြေရှင်းနိုင်မယ်လို့ထင်လား”
ခရုလေးသည် လုကျိုး၏အမေးကြောင့် ဆွံ့အသွားတော့သည်။
လုကျိုးက ဆက်ပြောလိုက်၏။
“မင်းမပြောနဲ့ ငါတောင် အဲဒီအမည်မသိနေရာကို သွားမယ်ဆိုရင် ငါ့ကိုယ်ငါ ကာကွယ်နိုင်မှာမဟုတ်ဘူး”
“ဒါပေမဲ့ တပည့်ရဲ့ အမေကို အချည်းနှီးသေခွင့်မပေးနိုင်ဘူး”
လုကျိုး၏ ကျန်သည့်တပည့်သုံးဦးက မှင်တက်သွားကြသည်။
လုကျိုးက ခရုလေးကို ကြည့်လိုက်၏။
ခရုလေးက ပြောလိုက်တော့သည်။
“ကျွန်မအမေက ကျွန်မကိုကယ်ဖို့ သူ့ကိုယ်သူစတေးခဲ့တာ၊ ကျွန်မဒဏ်ရာမရခဲ့ရင် ကျွန်မအမေ သေမှာ မဟုတ်ဘူး”
“မင်းလော့ရွှမ်းကို အကြွေးတင်နေသလို ခံစားနေစရာမလိုဘူး” လုကျိုးက ပြောလိုက်၏။
“မင်းရဲ့အမေက ဒီလိုမခံစားစေချင်မှာ ကျန်းသေတယ်”
ခရုလေးသည် လုကျိုး၏စကားများကြောင့် မှင်တက်သွားပုံပေါ်၏။ လုကျိုးက ဆက်ပြောလိုက်သည်။
“မင်းရဲ့နောက်ခံကို စုံစမ်းစစ်ဆေးချင်တယ်ဆိုရင် စစ်ဆေးလို့ရတယ်၊ မင်းရဲ့ကျင့်ကြံဆင့် လုံလောက်အောင် မြင့်သွားတဲ့အခါ မင်းကို သွားခွင့်ပေးမယ်၊ ဒါပေမဲ့ အခုမင်းထွက်သွားလို့မရဘူး”
ယခုအချိန်တွင် သုံးယောက်သားက နောက်ဆုံးတော့ သဘောပေါက်သွားလေ၏။
ယွီကျန့်ဟိုင်က အရင်ဆုံးပြောလိုက်သည်။
“ရှစ်မေ့ ရှစ်စွင်းက မင်းကောင်းဖို့အတွက် လုပ်ပေးနေတာ၊ မင်းကျင့်ကြံမှုက အခု အလွန်အားနည်းနေတယ်၊ အမည်မသိနေရာကိုသွားတာက မင်းအသက်ကို ပစ်ထုတ်လိုက်တာနဲ့ မခြားဘူး၊ မင်းမှာပွင့်ချပ်ဆယ်လွှာ ကျင့်ကြံဆင့်ရှိနေပေမဲ့ တိုက်ခိုက်ရေးစွမ်းအားနဲ့ အတွေ့အကြုံ ချို့တဲ့နေတယ်”
ထိုစဉ် ယွီရှန်းရုန်၏အသံသည် ခါတိုင်းလိုပင် ညင်သာနေလျက် ပြောလိုက်သည်။
“ဘာကြောင့် ဒီလောက်လောနေတာလဲ၊ မင်းရဲ့တာ့ရှစ်ရှိုးက ဝူချီအန်၊ သူ့ရင်ထဲက အထုံးကို ဖြည်ဖို့အတွက် နှစ်ပေါင်းသုံးရာ အချိန်ယူခဲ့ရတယ်၊ မင်းရဲ့အာ့ရှစ်ရှိုးက မဟာနွယ်တစ်ယောက်အနေနဲ့ သက်တမ်းအကန့်အသတ်ကို ဖြေရှင်းဖို့ နှစ်ပေါင်းရာချီ သုံးခဲ့ရတာ၊ မင်းလုံလောက်အောင် သန်မာပြီဆိုတာနဲ့ အမည်မသိနေရာကို သွားတာက ပိုမကောင်းဘူးလား”
ရှောင်ယွမ်အာက ဝင်ပြောလိုက်၏။
“ရှောင်ရှစ်မေ့ တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုး ပြောတာမှန်တယ်လို့ထင်တယ်၊ ခေါင်းမမာပါနဲ့”
ခရုလေးသည် သူမ၏လက်ကို ကြည့်လိုက်သည်။ ပွင့်ချပ်ဆယ်လွှာ ကံမီးတောက် အသုံးပြုသူဖြစ်ခြင်းက လုံလောက်ပြီဟု သူမထင်ခဲ့သည်။ သူမရှစ်စွင်းဆီမှ ရိုက်ချက်တစ်ချက်တောင် ခံနိုင်ရည်မရှိဖြစ်နေလိမ့်မည်ဟု သူမ မထင်ထားပေ။ ထိုကဲ့သို့ ခွန်အားဖြင့် အမည်မသိနေရာတွင် သူမဘာလုပ်နိုင်ဦးမည်နည်း။
ခရုလေးက အရိုအသေပေးလိုက်၏။ ပြီးနောက် သူမဒူးထောက်လျက် ထပ်ကန်တော့လိုက်တော့သည်။
“တပည့်ရူးမိုက်ခဲ့တာပါ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ရှစ်စွင်း”
“နားလည်တာကောင်းတယ်၊ ဒါပေမဲ့ ဒီကိစ္စ ပြောပြဦးမယ်၊ ခွင့်ပြုချက်မရှိပဲ အမည်မသိနေရာကို မင်းသွားရဲမယ်ဆိုရင် မင်းကိုအလွယ်တကူ အလွတ်ပေးမှာမဟုတ်ဘူး”
“ဟုတ်ကဲ့”
“မင်းက လော့ရွှမ်းရဲ့စွမ်းအားကို အမွေဆက်ခံထားပေမဲ့ သူ့ရဲ့ဉာဏ်ရည်ကို အမွေမဆက်ခံခဲ့ဘူး၊ မင်းလမ်းလွဲသွားတာကို ငါဘယ်လိုလုပ်ကြည့်နေနိုင်မှာလဲ”
လုကျိုးက စိတ်ပျက်လက်ပျက်ပြောလိုက်၏။
“ဒီမှာ ဂီတစာရွက်၊ ပြန်ယူသွားပြီး ကျင့်ကြံနေလိုက်”
သူ၏အိတ်ထဲမှ လှည့်လည်ခြင်းတေးသွားအတွက် ဂီတမှတ်စုကို အင်္ကျီလက်ထဲမှထုတ်ကာ ခရုလေးအား ပေးလိုက်၏။
ဂီတအပေါ် ခရုလေး၏နားလည်သဘောပေါက်မှုက မခိုင်မာပေ။ ထို့ကြောင့် သူသည် လှည့်လည်ခြင်းတေးသွားကိုသာ ကူးယူလိုက်၏။
ခရုလေးသည် သူမရှစ်စွင်း၏ အားစိုက်ထုတ်မှုကို နားလည်သဘောပေါက်ပြီး သူမကိုယ်သူမ ပိုတောင် အရှက်ရသွားမိ၏။ သူမထပ်ကန်တော့ကာ ပြောလိုက်တော့သည်။
“ရှစ်စွင်းရဲ့စကားကို မှတ်ထားပါ့မယ်၊ မမေ့ရဲပါဘူး”
“တင် လော့ရှစ်ယင်းကို သွန်သင်ဆုံးမပြီးပါပြီ၊ ကုသိုလ်မှတ်တစ်ထောင်”
“သွားတော့”
လုကျိုးက လက်ဝှေ့ရမ်းလိုက်၏။
ဤနည်းဖြင့် ရှောင်ယွမ်အာက ခရုလေး ထရပ်နိုင်အောင် ကူညီပေးဖို့ ခရုလေးဆီ အမြန် ပြေးသွားလိုက်သည်။ နှစ်ယောက်စလုံးက စာပေကြယ်တာရာခန်းမထဲမှ ထွက်သွားတော့သည်။
လုကျိုးသည် လကိုမော့ကြည့်လျက် သက်ပြင်းချလိုက်၏။ သူ၏အငယ်ဆုံးတပည့်များသည် စိုးရိမ်ပူပန်စရာ အနည်းဆုံးဟု သူထင်ခဲ့သည်။ သူမက စိတ်အပူပန်ရဆုံးဖြစ်နေလိမ့်မည်ဟု သူတစ်ကယ် မထင်ထားပေ။
သူတို့သာ မဟာလေဟာနယ်ဆီသွားခဲ့လျှင် တစ်ကယ်ဒုက္ခရောက်လိမ့်မည်။
နောက်နေ့နံနက်တွင်ဖြစ်သည်။
ရွှေကြာနယ်မြေ၏ မိစ္ဆာဝေဟင်မျှော်နန်းထဲရှိ တောင်ဘက်မျှော်နန်းထဲတွင် ဖြစ်သည်။
“ချီရှစ်ရှိုး အရာအားလုံးနဲ့ လူတိုင်းအဆင်သင့်ဖြစ်ပါပြီ၊ အားလုံး ရှစ်ရှိုးအပေါ်ပဲ မူတည်တယ်”
စီးဝူယာ့သည် သူ့ရှစ်စွင်း၏ ညွှန်ကြားချက်အတိုင်းလိုက်နာကာ အရှေ့ဘက်မျှော်နန်းထဲတွင် ရှေးဟောင်းမြေပုံများကို ထုတ်ပိုးပြီး မူကြမ်းများအားလုံးကို သိမ်းလိုက်သည်။ သူက ပြောလိုက်သည်။
“ငါလာပြီ”
တောင်ဘက်မျှော်နန်း အပြင်ဘက်တွင် ဖြစ်သည်။
ကျူးဟုန်ကုန်းက အဓိပ္ပာယ်ပါပါ ပြုံးလျက် ပြောလိုက်သည်။
“ချီရှစ်ရှိုး မင်းသမီးရုန်နဉ်က ရှစ်ရှိုးကိုလိုက်ပို့ဖို့ အံ့ဖွယ်မြို့တော်ကနေ ရောက်လာတာ”
“ရုန်နဉ်လား”
စီးဝူယာ့က လှည့်ကြည့်လိုက်ရာ တောင်ဘက်မျှော်နန်းဝင်ပေါက်တွင် စောင့်နေသော မင်းသမီးရုန်နဉ်ကို တွေ့လိုက်ရ၏။ သူသည် သူမဆီ လျှောက်သွားလိုက်တော့သည်။
ရုန်နဉ်က ဝတ်ရုံဗြောင်ကို ဝတ်ထားသော်ငြား ကျော့ရှင်းပြီး ကျက်သရေရှိသည်။
“အစ်မကျောင်းယွဲ့က အလုပ်များနေလို့ ရှင့်ကိုလာမတွေ့နိုင်တာ၊ ဒါကြောင့် ကျွန်မလာလိုက်တာပဲ”
စီးဝူယာ့က ခေါင်းညိတ်ပြီး ပြောလိုက်တော့သည်။
“ကျေးဇူးပါပဲ”
ရုန်နဉ်သည် သက်ပြင်းချလျက် ပြောလိုက်သည်။
“အနီရောင်ကြာနယ်မြေဆီ ဒီခရီးစဉ်က အန္တရာယ်တွေများတယ်”
“ကျုပ်သိတယ်”
“ရှင်က အမြဲတမ်း ယုံကြည်ချက်ရှိနေတာ၊ ဒါပေမဲ့ လူသားတွေဆိုတာ လူသားတွေပါပဲလေ၊ လူသားတွေအဖို့ အမှားမလုပ်မိဖို့က မဖြစ်နိုင်ဘူး”
“ကျုပ်သိတယ်”
“…”
ရုန်နဉ်သည် စကားတစ်ချို့ထပ်ပြောချင်သေးသော်ငြား စိတ်အခြေအနေကို မပျက်စီးစေချင်ပေ။ အဆုံးကျ သူမ ပြုံးရုံသာပြုံးလျက် ပြောလိုက်တော့သည်။
“ဂရုစိုက်”
စီးဝူယာ့က ပြောလိုက်၏။
“ရှစ်ကျဲကျောင်းယွဲ့ရဲ့ ကျင့်ကြံမှုအရှိန်က နည်းနည်းနှေးနေတယ်၊ အစီအရင်တစ်ချို့ ရေးဆွဲထားတယ်၊ ဒါတွေကို ကျေးဇူးပြုပြီး ပြန်ယူသွားပေးပါ၊ လိုအပ်လာတဲ့အချိန် လမ်းညွှန်ချက်အတိုင်းသုံး၊ ကျုပ်ဖြစ်ဖြစ် ရှစ်စွင်းကို ဖြစ်ဖြစ် ဆက်သွယ်နိုင်လိမ့်မယ်”
“အင်း စိတ်မပူပါနဲ့” ရုန်နဉ်က ပြောလျက်လက်ဆန့်လိုက်၏။
“မင်းလည်း ဂရုစိုက်ပါ”
ယင်းက စီးဝူယာ့က လှည့်ထွက်သွားပြီး ကောင်းကင်လွန်းဆီမသွားခင် ပြောသွားသည့်စကားများသာ ဖြစ်သည်။
ထိုစဉ်လူတိုင်းက ကောင်းကင်လွန်းပေါ် ရောက်ပြီဖြစ်သည်။
“သွားကြမယ်”
“လူတိုင်းအောင်မြင်ဖို့ မျှော်လင့်တယ်” ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းက သူတို့လက်များ ဝှေ့ရမ်းလိုက်ကြ၏။
ဘီး
ထိုစဉ် ကောင်းကင်လွန်းပေါ်ရှိ သင်္ကေတအက္ခရာများက လင်းထိန်လာပြီး ကောင်းကင်ထဲ ဖြည်းဖြည်းချင်း မြင့်တက်သွားတော့သည်။
ရုန်နဉ်က တစ်စုံတစ်ခုပြောချင်သေးသောကြောင့် လက်မြှောက်လိုက်သည့်တိုင် သူမကိုယ်သူမ ဟန့်တားလိုက်၏။ သူမဘာသာ ရေရွတ်ပြောလိုက်တော့သည်။
“ဂရုစိုက်”
ကောင်းကင်လွန်းသည် အဆုံးမဲ့သမုဒ္ဒရာဆီ ပျံသန်းသွားတော့၏။
ကောင်းကင်လွန်းထဲတွင် ဖြစ်သည်။
ဝုတ် ဝုတ် ဝုတ်
ဂီး
ဝက်ဝံရိုင်းနှင့် ခွေးက ဆက်သွယ်နေပုံရ၏။ အင်မတန် စည်ကားနေတော့သည်။
“ပါ့ရှစ်တိ မင်းရဲ့ဝက်ဝံရိုင်းကို ဘာပြောရမှန်းမသိတော့ဘူး၊ ခွေးက သူနဲ့ဆက်သွယ်ဖို့ ကြိုးစားတဲ့အချိန်တိုင်း သတ္တိကြောင်ပြီး ကြောက်နေတာ”
မင်ရှစ်ရင်က လက်ပိုက်လျက် အထင်တသေးပြောလိုက်သည်။
ထိုစဉ် ကုန်းပတ်တွင် မတ်တတ်ရပ်နေသော အကြီးအကဲလေးဦးက လှည့်ကြည့်လာ၏။
ကျူးဟုန်ကုန်းက ပြောလိုက်သည်။
“စစ်ရှစ်ရှိုး ကျွန်တော်တို့ လဲကြရင်ရော၊ ဝက်ဝံရိုင်းက ရှစ်ရှိုးနဲ့ သင့်တော်တယ်လို့ ထင်တယ်”
“မင်းအရိုက်ခံချင်ပြီလား”
ကျူးဟုန်ကုန်းက တွေဝေမနေဘဲ ပြောလိုက်၏။
“စစ်ရှစ်ရှိုး ကျွန်တော်မှားပါတယ်”
ထိုစဉ် ကျန်းအိုက်ကျန်းနှင့် စီးဝူယာ့တို့က ကုန်းပတ်၏ တစ်ဖက်တစ်ချက်စီတွင် ရပ်နေသည်။
စီးဝူယာ့က ပြောလိုက်သည်။
“ငါတို့နဲ့အတူ လိုက်ဖို့ ဆုံးဖြတ်ပြီးပြီလား”
“ဖန်းလိုင်ကျွန်းမှာနေခဲ့မယ်ဆိုရင် ကျုပ်မှိုတက်သွားတော့မယ်၊ ကျုပ်ရှစ်စွင်းနဲ့ သူ့ဇနီးက တစ်ချိန်လုံး နားပူနားဆာတိုက်နေတာ၊ တစ်ခါတစ်လေကျ ဘဝမှာ တစ်ကိုယ်တည်းနေရတာ ပိုကောင်းတယ်”
ကျန်းအိုက်ကျန်းက သက်ပြင်းချလိုက်သည်။
“အနီရောင်ကြာနယ်မြေကို ရောက်တဲ့အခါ မင်းရဲ့သူရဲဘောကြောင်တဲ့ သဘာဝကို ပြောင်းလဲရမယ်”
“ကျုပ်ရဲ့ အကျင့်စရိုက်ကို မပြောင်းလဲနိုင်ဘူး၊ စတုတ္ထသခင်လေးဆီက သင်ယူထားတာ”
“မင်းက သူ့လိုမဟုတ်ဘူး၊ မင်းက ကြွက်တစ်ကောင်လို သတ္တိကြောင်နေတာ၊ တစ်ဖက်မှာတော့ ငါ့ရဲ့ စစ်ရှစ်ရှိုးက အပြင်ဘက်မှာ သတ္တိကြောင်ပုံပေါ်ပေမဲ့ သူကဘယ်လိုသင့်တော်အောင် ဆောင်ရွက်ရမလဲဆိုတာ သိတယ်”
စီးဝူယာ့က ပြောလိုက်၏။
“ခင်ဗျားမှန်တယ်၊ ကျုပ်အရှုံးပေးတယ်”
ဝူး ဝူး ဝူး
တစ်နာရီကြာပြီးနောက် ကောင်းကင်လွန်းသည် အဆုံးမဲ့သမုဒ္ဒရာ၏ ကမ်းစပ်သို့ ရောက်သွားပြီဖြစ်သည်။
စီးဝူယာ့၏ စီမံခန့်ခွဲမှုအောက်တွင် ကမ်းစပ်၌ ရွှေကြာကျင့်ကြံသူများစွာ စောင့်နေသည်။ ကျင့်ကြံသူဒါဇင်က ကောင်းကင်ထဲပျံသန်းလာ၏။
အကြီးအကဲလေးယောက်သည် သူတို့စိတ်ဝိညာဉ်သဏ္ဌာန်များကို ချက်ချင်း သရုပ်ပြလိုက်တော့သည်။
ဖန်လီထျန်း ပွင့်ချပ်ကိုးလွှာ
လန်လော့ ပွင့်ချပ်ကိုးလွှာ
ဟွားဝူထောင် ပွင့်ချပ်ကိုးလွှာ
ကျော့ယွီရှု ပွင့်ချပ်ကိုးလွှာ
စိတ်ဝိညာဉ်သဏ္ဌာန်လေးခုသည် ခဏတာပေါ်လာပြီး ပျောက်ကွယ်သွား၏။
ယင်းကို မြင်သောအခါ ကျင့်ကြံသူများက အရိုအသေပေးလိုက်၏။
“ဒါက မိစ္ဆာဝေဟင်မျှော်နန်းက အကြီးအကဲလေးယောက်ပဲ၊ သူတို့ကို ဖြတ်ခွင့်ပေးလိုက်”
ဖန်လီထျန်းက ပြောလိုက်သည်။
“ကျေးဇူးပါပဲ”
“ဘာမှမဟုတ်ပါဘူး၊ မိစ္ဆာဝေဟင်မျှော်နန်းက ရွှေကြာနယ်မြေကို ဘေးကင်းကင်းနဲ့ ပြန်လာခဲ့ပါ”
ကျင့်ကြံသူဒါဇင်ချီက ဆင်းသက်လာပြီးနောက် ကောင်းကင်လွန်းဆီ တစ်ညီတစ်ညွှတ်တည်း အရိုအသေပေးလိုက်၏။
“တင် လူပေါင်းလေးဆယ်ရဲ့ ကိုးကွယ်ယုံကြည်မှုခံရပါတယ်၊ ဆုလာဘ်ကုသိုလ်မှတ်လေးဆယ်”
လုကျိုးသည် လူလေးဆယ်ဆီမှ မထင်မှတ်ထားသည့် ကိုးကွယ်ယုံကြည်မှုဆုလာဘ်ကို ရသောအခါ ဇဝေဇဝါဖြစ်သွား၏။
ပြီးနောက် သူကမျက်လုံးမှိတ်လျက် ကောင်းကင်ကျမ်းစာကို ဆက်လက်ဆင်ခြင်သုံးသပ်နေတော့သည်။
ထိုစဉ် ကောင်းကင်လွန်းက အဆုံးမဲ့သမုဒ္ဒရာထဲ ပျံသန်းနေ၏။ ကောင်းကင်လွန်းသည် လုကျိုးယခင်က အသုံးပြုခဲ့သော ကောင်းကင်လွန်းထက် ပိုကြီးမား၏။ ယင်းသည် ပိုကြီးမားရုံသာမက အရှိန်က ပိုမြန်ဆန်သည်။
အကြီးအကဲလေးဦးက မိုးကုပ်စက်ဝိုင်းကို ကြည့်နေစဉ် သူတို့ရုတ်တရက် ရင်ထဲလေးလံလာပြီး ထွက်ခွာရမှာ တွန့်ဆုတ်နေတော့၏။ သူတို့အကြည့်ချင်း ဖလှယ်လျက် သက်ပြင်းချလိုက်တော့သည်။
သုံးရက်ကြာပြီးနောက် ကောင်းကင်လွန်းသည် အဆုံးမဲ့မြူတိမ်တိုက်များကဲ့သို့ နေရာဆီ ပျံသန်းသွားတော့သည်။
စီးဝူယာ့ကပြောလိုက်၏။
“မကြောက်နဲ့၊ ကျွန်တော်တို့တွေက အဆုံးမဲ့သမုဒ္ဒရာအပေါ် ပျံသန်းတဲ့အချိန် အဆုံးမဲ့မြူတိမ်တိုက်ကို ဖြတ်ကျော်ရမယ်လို့ ရှစ်စွင်းပြောဖူးတယ်၊ ကျွန်တော်တို့လမ်းကြောင်းကို ထိန်းပြီး အနေအထားကို ထိန်းထားဖို့ပဲလိုတယ်”
ဗွမ်း
ပင်လယ်သားရဲသည် ပင်လယ်ထဲမှခုန်ထွက်လာသည့်အသံက အောက်မှပေါ်ထွက်လာ၏။
“ချီရှစ်ရှိုး အဲဒါက ဧရာမပင်လယ်သားရဲများလား”
“အသံအရ ပင်လယ်သားရဲလေးတစ်ကောင်ပဲ ဖြစ်လောက်မယ်၊ မလောနဲ့၊ ပင်လယ်သားရဲကို ငါတို့မြင်ရင် မြူကိုခွဲပြီး တစ်ချက်ကြည့်မယ်”
ကောင်းကင်လွန်းသည် သူ၏အရှိန်ကို ထိန်းထားလျက် မြူထဲပျံသန်းနေတော့သည်။
ပင်လယ်ထဲတွင် ပင်လယ်သားရဲပျံတစ်စုက သူတို့၏ဆူးတောင်များကို လှုပ်လျက် တံတားတစ်စင်းဖွဲ့တည်ကာ အရှေ့အနောက် ခုန်နေကြသည်။
…
အခန်း (၈၇၆) မွေးဖွားဇယားချပ် ၅ခု အနက်ရောင်ကြာ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်
ဤနေရာတွင် ပင်လယ်သားရဲအမျိုးအစားများစွာ ရှိ၏။ သူတို့က စုဝေးကာ သားကောင်အတွက် တိုက်ခိုက်နေကြပြီး လေထဲတွင် ခုန်ကူးကာ ရေထဲသို့ ပြန်လည်ကျဆင်းသွားကြသည်။
ထို့နောက် တောင်တစ်ခုလောက် ကျယ်ပြန့်သည့် ဧရာမလှိုင်းလုံးကြီးက ကောင်းကင်အထက် မြင့်တက်လာသည်။ ထူးဆန်းသည်က ထိုဧရာမလှိုင်းလုံးကြီးသည် ပျောက်ကွယ်မသွားပေ။ ထိုအစား ခေတ္တမျှ မျောလွင့်နေ၏။ ထိုအရာက ပင်လယ်အတွင်း ပြန်လည်ကျဆင်းသွားသည့်အခါ မှုန်ဝါးဝါးအရိပ်တစ်ခုသာ မြင်နေရလေသည်။
...
အဆုံးမဲ့ပင်လယ်အထက် မြူခိုးများအလယ်တွင်
ကောင်းကင်လွန်းက တည်တည်ငြိမ်ငြိမ်ဖြင့် တိတ်တဆိတ် ပျံသန်းလာလေ၏။
မိစ္ဆာဝေဟင်မျှော်နန်းမှ အကြီးအကဲ ၄ဦးက ပဲ့ထိန်းဖို့ရာအတွက် အလှည့်ကျ တာဝန်ယူထားကြသည်။
ကျွီ ကျွီ ကျွီ
ကောင်းကင်လွန်း အသံမြည်လာသည့်အခါ အနားယူနေသည့် စီးဝူယာ့က ရုတ်ခြည်းဆိုသလို မျက်လုံးဖွင့်လာပြီး “အကြီးအကဲဟွား”
ဟွားဝူတောက်က ပြုံးလိုက်၏။ သူတို့က သူတို့သက်ဆိုင်သည့် တာဝန်အသီးသီး ရှိထားကြသည့်အတွက် ဘာလုပ်ရမည်ကို သိနေသည်။
“ကောင်းပြီ”
အားလုံးက ဟွားဝူတောက်ကို လှည့်ကြည့်လိုက်ကြသည်။
ဟွားဝူတောက်က ရှေ့တိုးကာ လျို့ဟယ်တာအိုစည်းတံဆိပ်က ချက်ချင်း ထွက်ပေါ်လာ၏။ စက်ဝန်းသဏ္ဌာန် စည်းတံဆိပ်က ကောင်းကင်လွန်းတစ်ခုလုံးကို လွှမ်းမိုးထားပြီး ပူဖောင်းတစ်ခုအတွင်း ကျရောက်သလိုမျိုး ပြုလုပ်ထားကာ မြူခိုးများဖြင့် ပိုင်းခြားထား၏။
သူ့ပွင့်ချပ်ကိုးလွှာ ကျင့်ကြံဆင့်ဖြင့် ဟွားဝူတောက်သည် သူ့ခုခံကာကွယ်ရေးစွမ်းရည်အပေါ် အာရုံစိုက်မည့်အစား လျို့ဟယ်စည်းတံဆိပ်၏ နယ်နိမိတ်ကို ချဲ့ထွင်းဖို့ရာသာ ရွေးချယ်ခဲ့သည်။ သူက မီတာ ၁၀၀၀ကျယ်ဝန်းသည်အထိ ချဲ့ထွင်းလိုက်ပြီး အားလုံး၏ မြင်ကွင်းကို ရှင်းလင်းစေလိုက်သည်။
သို့သော်လည်း ဟွားဝူတောက်က စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။
“မြူခိုးက တကယ်ကို အဆုံးမရှိဘူးပဲ။ ကျုပ်တို့တွေ ဘာမှမမြင်ရဘူး”
ကျွီ ကျွီ ကျွီ
ကောင်းကင်လွန်းက ဆက်လက်၍ အသံမြည်လာသည်။
“ထပ်ပြီး ကြိုးစားကြည့်ပါအုံး” စီးဝူယာ့က ပြောလိုက်သည်။
“ငါ လုပ်လိုက်မယ်” ကျော့ယွီရှုက ရစ်ပတ်နဂါးတုတ်ကောက်ကို ကုန်းပတ်ပေါ် အသာထိလိုက်၏။
ဘန်း
စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာပြီး အဆောင်များစွာက ပျံသန်းလာကာ ပြွန်ပုံသဏ္ဌာန် စည်းတံဆိပ်အဖြစ် ပြောင်းလဲသွား၏။ ထိုအရာက ရွှေရောင် အလင်းတိုင်လုံးလိုမျိုး ဖြစ်နေသည်။ ထိုစည်းတံဆိပ်၏ ရည်ရွယ်ချက်က သူတို့၏ အမြင်အာရုံကို ကောင်းမွန်စေဖို့ ဖြစ်သည့်အတွက် စွမ်းအားကို မှတ်ယူဖို့ မလိုပေ။ ထို့အပြင် ထိုအရာက စွမ်းအားများစွာ မကုန်ဆုံးသည့်အတွက် ဆက်ထိန်းထားဖို့ ဖိအားမများပေ။
ကောင်းကင်လွန်းက မြူခိုးများကို ဆက်လက်တွန်းကန်ရင်း ပျံသန်းလာသည်။
ထိုစဥ် အားလုံးက ဧရာမလှိုင်းလုံးကြီးများ ထွက်ပေါ်လာသည့် ပင်လယ်ကို မြင်လိုက်ရသည်။
“ကြည့်ရတာ လှိုင်းလုံးကြီးတွေက လေထဲအထိ မြင့်တက်လာပြီးတော့ ကောင်းကင်လွန်းကို လှုပ်ခါသွားစေတယ် တူတယ်” စီးဝူယာ့က ပြောလိုက်သည်။
“အားလုံး သတိထားကြ။ ရှစ်စွင်း ပြောတဲ့ ဧရာမသားရဲကြီးက ငါတို့ အောက်မှာ ရှိနေနိုင်တယ်”
ကျူးဟုန်ကုန်းက မေးလိုက်သည်။
“ချီရှစ်ရှိုး အဲဒီသားရဲက ဘယ်လောက်တောင်ကြီးတာလဲ”
“ငါလည်း သေချာမသိဘူး။ ရှစ်စွင်း ပြောတာကတော့ ဆက်ပြီးတော့ ပျံဖို့ပဲ ပြောထားတယ်။ ငါတို့တွေ တိုက်ခိုက်နိုင်ဖို့ အခွင့်အရေး မရှိဘူး” စီးဝူယာ့က ပြောလိုက်၏။
“တွေ့ကြုံပြီးရင် သိမှာ မဟုတ်ဘူးလား” မစ်ရှစ်ရင်က မေးလိုက်သည်။
အားလုံးက အနည်းငယ် စိတ်လှုပ်ရှားလာကြ၏။
သူ့ဓားရှည်ကို ပိုက်ကာ နံရံပေါ် မှီနေသည့် ကျန်းအိုက်ကျန့်ကသာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး သွားရည်များပင် ကျနေလေသည်။
အားလုံး “...”
ကျွီ ကျွီ ကျွီ
ကောင်းကင်လွန်းမှ အသံများက ပိုမိုကျယ်လောင်လာ၏။
ဝုန်း
အောက်ဘက်မှ လှိုင်းလုံးသံများ ထွက်ပေါ်လာသည်။
စီးဝူယာ့က သူ့အလိုလိုသိစိတ်ပေါ် မူတည်၍ ပြောလိုက်သည်။
“ဧရာမ သားရဲကြီးပဲ”
အားလုံးက ကုန်းပတ်ဘေးသို့ အလျင်အမြန် ပြေးလွှားသွားလိုက်ကြသည်။
ကောင်းကင်လွန်းက အနည်းငယ် နိမ့်ကျသွားသည့်အတွက် စွမ်းအင်စည်းတံဆိပ်က မြူခိုးများကို ခွဲခြားပစ်လိုက်သည်။
“ရပ်လိုက်” ကောင်းကင်လွန်းက ရပ်တန့်သွား၏။
ဝှစ်
အားလုံး၏ မြင်ကွင်းထဲ မမေ့လျော့နိုင်စွာ မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ သူတို့က တောင်တစ်ခုလောက် ကြီးမားသည့် လှိုင်းလုံးကြီးသည် ကောင်းကင်အထက် မြင့်တက်လာပြီးသည့်နောက် ရေယပ်တောင်တစ်ခု ဖျတ်ခနဲ ဖြတ်သန်းသွားသည်ကို မြင်လိုက်ရသည်။
“ဒါ ဒါက ရေယပ်တောင်လား။ ဘယ်လိုလုပ် အဲဒီလောက်တောင် ကြီးနေရတာလဲ” နိုးထလာသည့် ကျန်းအိုက်ကျန့်က မျက်လုံးအပြူးသားဖြင့် ရေရွတ်လိုက်၏။
“ရုတ်ရုတ်သဲသဲတွေ လုပ်မနေနဲ့။ မင်းက နားညည်းလွန်းတယ်” မင်ရှစ်ရင်က မျက်လုံးဝှေ့ကာ ပြောလိုက်သည်။ သို့သော်လည်း စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက အော်ပြောလိုက်သည်။
“တကယ် သောက်ရမ်း ကြီးတာပဲ”
ထိုစဥ် ဧရာမ သားရဲကြီးက ခန္ဓာကိုယ်ကို လိမ်ကာ ရေအတွင်း တစ်ဖန်ငုံ့ဆင်းသွားသည်။ သူတို့ မြင်တွေ့ရသလောက် ပင်လယ်ရေပြင်သည် ချက်ချင်းဆိုသလို မြင့်တက်လာ၏။
စီးဝူယာ့က ပြောလိုက်သည်။ “သွားကြစို့။ အရှိန်မြှင့်ကြ”
ဝှစ်
ကောင်းကင်လွန်းက အရှိန်မြှင့်ကာ သိပ်သည်းလွန်းသည့် မြူခိုးများအကြား ဖြတ်သန်းလာသည်။
သို့သော်လည်း သူတို့က မည်မျှပျံသန်းစေကာမူ လှိုင်းလုံးကြီးများ၏ အသံနှင့် အောက်ဘက်မှ ရွေ့လျားသံများကို ကြားနေရဆဲဖြစ်၏။
ဝုတ် ဝုတ် ဝုတ်
ချုံးချီက ကုန်းပတ်ဘေးဘက်သို့ ပြေးသွားပြီးသည့်နောက်တွင် ခက်ထန်စွာ ဟောင်လိုက်သည်။ ထိုအရာက အစွယ်ကို ဖြဲကာ ခက်ထန်ကြမ်းတမ်းသည့် အမူအရာမျိုးဖြင့် ဆက်လက်ဟောင်နေလေ၏။
“ဟောင်မနေနဲ့။ ကောင်းကောင်းနေ” မင်ရှစ်ရင်က ချုံးချီကို ပြောလိုက်၏။
ချုံးချီက နှစ်ကြိမ်ညည်းတွားပြီးသည့်နောက်တွင် တိတ်ဆိတ်သွားသည်။
ကျူးဟုန်ကုန်းက ရယ်မောလိုက်ပြီး “စစ်ရှစ်ရှိုး … စစ်ရှစ်ရှိုးရဲ့ ခွေးက တကယ်ကို အားနည်းလွန်းတာပဲ”
“ဟမ်” ကျူးဟုန်ကုန်းက သူ့မာနကို စွန့်ပစ်ဖို့ တုံ့ဆိုင်းနေခြင်းမရှိဘဲ တိုးတိုးလေးဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ သူက ကျွန်တော်ထက်တော့ အားကောင်းတယ်”
ကောင်းကင်လွန်းက မြူခိုးများကြား ဆက်လက်ပျံသန်းလာသော်လည်း အားလုံးက အောက်ဘက်မှ သဘာဝမကျသည့် လှိုင်းသံများကို ကြားနေရဆဲဖြစ်၏။
သူတို့က ရံဖန်ရံခါ သူတို့၏ အမြင်အာရုံကို တိုးတက်စေဖို့အတွက် စွမ်းအားများကို ထုတ်သုံးကြသည်။ ထိုစဥ် စီးဝူယာ့က သူတို့အောက်ရှိ ပင်လယ်ပြင်ကို ဂရုတစိုက် လေ့လာနေ၏။
သူတို့၏ ရှစ်စွင်း သွားလာခဲ့သည့် ကောင်းကင်လွန်းသည် သေးငယ်ကာ လူသိပ်မဆန့်သော်လည်း သူတို့၏ ကောင်းကင်လွန်းသည် အဆင့်မြှင့်တင်ထားပြီဖြစ်ကာ လူများစွာကို သယ်ဆောင်နိုင်လေသည်။ အကယ်၍ သူတို့သာ ဤခက်ခဲမှုကို မတောင့်ခံနိုင်ပါက အမှန်တကယ် ရှက်ဖို့ကောင်းလှပေသည်။
ကောင်းကင်လွန်းက ဆက်လက်၍ ပျံသန်းလာ၏။
ရုတ်ခြည်းဆိုသလို
ဘန်း ဘန်း ဘန်း
ထိပ်တိုက်တွေ့ဆုံသည့် အသံများ ထွက်ပေါ်လာ၏။
ကျူးဟုန်ကုန်းက သိချင်စွာဖြင့် မေးလိုက်သည်။ “ဟေး ဟေး ဒါက အပေါ်ဘက်က အသံပဲ။ ချီရှစ်ရှိုး ကျွန်တော်တို့တွေ နောက်တစ်ခေါက် ဘယ်ပြပွဲကို ကြည့်ရမှာလဲ”
စီးဝူယာ့က မျက်မှောင်ကြုတ်လိုက်၏။ ခဏအကြာတွင် သူ့မျက်နှာအထက် လင်းလက်သည့်အမူအရာမျိုး ပေါ်ထွက်လာကာ “ဒီအကြောင်းက ရှစ်စွင်းရဲ့ ပြောထားတဲ့အထဲမှာ မပါဘူး”
“...”
ကျူးဟုန်ကုန်းက အနည်းငယ် အံ့အားသင့်သွားမိ၏။ သိပ်မကြာခင် သူ့မျက်နှာအထက် စိတ်ပျက်လက်ပျက် အမူအရာမျိုး ပေါ်ထွက်လာကာ ညည်းတွားလိုက်သည်။
“အခုတော့ သွားပြီ။ တကယ်ကို ပြီးဆုံးသွားပြီ။ ထင်ထားတဲ့အတိုင်းပဲ အစီအစဥ်တွေက အပြောင်းအလဲနဲ့ လိုက်မမီဘူး။ အပြောင်းအလဲတွေက တကယ့်ကို နတ်ဆိုးပဲ”
“ပါးစပ်ပိတ်ထား” မစ်ရှစ်ရင်က ကုန်းပတ်ဘေးသို့ သွားကာ ပြောလိုက်သည်။
ဟွားဝူတောက်က ပြောလိုက်၏။
“ငါလုပ်လိုက်မယ်”
လျို့ဟယ်စည်းတံဆိပ်က ပေါ်ထွက်လာ၏။ ထိုအရာက မိုးမြေကို လွှမ်းခြုံသွားပြီး မြင်ကွင်းကို ရှင်းလင်းသွားစေဟန်ပေါ်သည်။
အားလုံး၏ ရှေ့မှောက် မယုံကြည်နိုင်လောက်သည့် တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
ပေ ၅၀၀ထက် အမြင့်ရှိသည့် စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခုသည် ပင်လယ်ရေမျက်နှာပြင်အထက် မျောလွင့်နေပြီး ပင်လယ်သားရဲများကို သတ်ဖြတ်နေသည်။
ကောင်းကင်လွန်းရှိ လူအားလုံးက ကြက်သီးတဖြန်းဖြန်း ထသွားကြ၏။
စိတ်ဝိညာဥ်သဏ္ဌာန်၏ အရွယ်အစားကို ဘေးဖယ်ထားလျှင်ပင် ထိုစိတ်ဝိညာဥ်သဏ္ဌာန်က အနက်ရောင်ကြာ ဖြစ်နေ၍ ပိုမိုအံ့အားသင့်သွားကြသည်။
“အနက် နက် အနက်ရောင်ကြာလား။ ဒါက အနီရောင် ဖြစ်ရမှာ မဟုတ်ဘူးလား” ကျူးဟုန်ကုန်းက ပြောလိုက်သည်။
ဝုတ် ဝုတ် ဝုတ်
ချုံးချီကလည်း ခက်ထန်စွာ ဟောင်လိုက်၏။
အနက်ရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန်က ပင်လယ်သားရဲများကို ဆက်လက် သတ်ဖြတ်နေသည်။
ဝှစ်
ပေ ၃၀၀မြင့်မားသည့် ပင်လယ်သားရဲကြီးက ရုတ်ခြည်းဆိုသလို ရေထဲမှ ခုန်ထွက်လာသည်။
ထိုစဥ် လေထုက ရပ်တန့်သွားဟန်ပေါ်သည်။ ရေစက်အားလုံးက ချက်ချင်းဆိုသလို အေးခဲသွားပြီး ရေခဲများအဖြစ် ပြောင်းလဲသွား၏။
ဟွားဝူတောက်က မျက်လုံးအပြူးသားဖြင့် အော်ပြောလိုက်သည်။
“ငါလုပ်လိုက်မယ်”
ဟွားဝူတောက်က ရှေ့တိုးကာ သူ့တစ်ဘဝလုံး ကြိုးစားခဲ့ရသည့် နည်းစနစ်ကို ထုတ်ဖော်လိုက်သည်။
လျို့ဟယ်တာအိုစည်းတံဆိပ်
ကောင်းကင်၊ မြေကြီး၊ ရှင်သန်ခြင်း၊ သေဆုံးခြင်း၊ ရေ၊ မီး၊ တည်ရှိခြင်း၊ မတည်ရှိခြင်း၊ ခွဲခွာခြင်းနှင့် ပေါင်းစည်းခြင်း ရှိသည့် သင်္ကေတ ၁၀ခုက ရွှေရောင် အလင်းတန်းများဖြင့် ထွက်ပေါ်လာပြီး စည်းတံဆိပ်ဝန်းကျင်တွင် လှည့်ပတ်ကာ တိုက်ကွက်ကို တားဆီးထားလိုက်သည်။
ဝှစ်
လေထဲတွင် အသံတစ်ခု ထွက်ပေါ်လာ၏။
တခြားသော အကြီးအကဲ ၃ယောက်က တစ်စုံတစ်ခု လွဲမှားနေသည်ဟု ခံစားမိကာ သူတို့၏ စွမ်းအားများကို ထုတ်လွှင့်ပြီး ဟွားဝူတောက်အား ကူညီလိုက်ကြသည်။
ဘန်း ဘန်း ဘန်း
ရေခဲမြားများက များပြားလွန်းလှသည့်အတွက် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားကာ လျို့ဟယ်တာအိုစည်းတံဆိပ်အပေါ် ဆက်တိုက်ကျဆင်းလာ၏။
အားလုံးက စီးဝူယာ့ကို တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။
“သတ္တမ သခင်လေး ကျုပ်တို့ ဘာလုပ်ကြမှာလဲ”
စီးဝူယာ့က ပြောလိုက်သည်။
“မြားတွေကို ရှောင်တိမ်းကြ”
“အင်း”
ကောင်းကင်လွန်းက တည်နေရာ ပြောင်းလဲလိုက်သည်။
တစ်ချိန်တည်းဆိုသလို ရေခဲမြားများက မိုးသဖွယ် ဆက်လက်ကျဆင်းလာပြီး လျို့ဟယ်တာအိုစည်းတံဆိပ်ကို ထိမှန်နေ၏။
ဟွားဝူတောက်က စည်းတံဆိပ်ကို ထိန်းသိမ်းထားရ၍ မျက်နှာက နီလာပြီး အံကြိတ်ကာ ပြောလိုက်သည်။
“ကျုပ်ကို ကူကြအုံး”
တခြားအကြီးအကဲ ၃ယောက်က သူတို့၏ လက်များကို ဆန့်ထုတ်ကာ ဟွားဝူတောက်၏ ကျောကို ဖိကပ်လိုက်ကြသည်။
သိပ်သည်းလွန်းလှသည့် ကမ္ဘာဦးချီက ဟွားဝူတောက်၏ ခန္ဓာကိုယ်အတွင်း စီးဆင်းသွားကာ သူ့ချီသွေးကြော ၈ခုအထိ ဖြတ်ဆင်းသွားပြီး စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ကို ဖြည့်တင်းပေးနေသည်။ ထို့ကြောင့် လျို့ဟယ်တာအိုစည်းတံဆိပ်က ရုတ်ခြည်းဆိုသလို ပြန်လည်တောက်ပလာ၏။
သို့သော်လည်း ရေခဲမြားများက ရပ်တန့်မည့် အရိပ်အယောင် မရှိပေ။ တကယ်တော့ သူတို့က ပိုမိုအားကောင်းလာနေ၏။
တည်နေရာ ပြောင်းလဲပြီးသည့်နောက်တွင် ကောင်းကင်လွန်း၏ အရှိန်က မြင့်လာသည်။ မျက်စိတစ်မှိတ်အတွင်း မီတာရာချီ ပျံသန်းသွားလိုက်၏။ ထိုစဥ် လေထုထဲ နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအရာက ယခင်ထက် ပိုမိုအားကောင်းဟန်ပေါ်၏။
ရေခဲနေသည့် လေထုက ချက်ချင်းဆိုသလို နေရာတစ်ခုလုံးကို စိမ့်ဝင်ပျံ့နှံ့သွားဟန်ပေါ်သည်။
ရုတ်ခြည်းဆိုသလို
ဝုန်း
လျို့ဟယ်စည်းတံဆိပ်အပေါ် ပြင်းထန်သည့် အင်အားတစ်ခု ကျဆင်းလာဟန်ပေါ်၏။
ဟွားဝူတောက်က နောက်ဆုတ်လိုက်ရသည်။
ဝှစ်
ကောင်းကင်လွန်းက သက်ရောက်မှုကြောင့် တုန်ခါသွား၏။ ကောင်းကင်လွန်း၏ ကိုယ်ထည်ပေါ် ထိုးထွင်းထားသည့် သင်္ကေတများက ချက်ချင်းဆိုသလို တောက်ပလာသည်။
စီးဝူယာ့က ကောင်းကင်လွန်း၏ ကိုယ်ထည်ကို လက်ဝါးဖြင့် ဖိနှိပ်လိုက်သည်။ ထိုအရာက ဆက်တိုက် အသံမြည်နေသော်လည်း ယခုအခါ သူက တစ်စစီ ကျိုးပျက်သွားခြင်းကို တားဆီးလိုက်နိုင်သည်။
“ငါ တားထားလိုက်မယ်” ဖန်လီထန်းက အော်ပြောလိုက်၏။
ကတော့ပုံသဏ္ဌာန် ဒိုင်းကာတစ်ခု ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာသည်။ ထိုအရာဖြင့် အားလုံး၏ မြင်ကွင်းက တဖန် ရှင်းလင်းလာ၏။ သူတို့က ၄၅ဒီဂရီ အပေါ်ကို မော့ကြည့်လိုက်သည့်အခါ ဧရာမ အနက်ရောင်ကြာပွင့်ကို မြင်လိုက်ရသည်။
အားလုံးက ကြိုတင်သဘောတူထားသည့်အလား အသက်အောင့်လိုက်ကြ၏။
ထိုဧရာမ အနက်ရောင်ကြာနှင့် အမြင့်ကို ကြည့်နေရင်း စီးဝူယာ့၏ မျက်နှာအထက် စိတ်ရှုပ်ထွေးသည့် အမူအရာမျိုး ပေါ်ထွက်လာသည်။ သိပ်မကြာခင် သူ့စိတ်ထဲ နာမည်တစ်ခု ပေါ်ထွက်လာ၏။
ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်၊ ဆန်းကျယ်ဝေဟင် ပညာရှင်ပဲ ...