အခန်း (၈၈၃-၈၈၅)
Vol. 59 Ch. 883-885
အခန်း (၈၈၃) အသန်မာဆုံးဧည့်သည်
ထိုလူသည် ဦးဆောင်ပြီး လေထဲပျံသန်းသွားလေ၏။
ကျူးဟုန်ကုန်းသည် ထန်ခမ်းကို ခေါ်လိုက်ပြီး သူနှင့်လုလီသည် သူနှင့်လုလီသည် ထန်ခမ်း၏ ကျောပေါ်ခုန်တက်လိုက်ကြသည်။
ထိုစဉ် လုလီက ကျူးဟုန်ကုန်း၏ ပခုံးကိုပုတ်လျက် ပြောလိုက်တော့သည်။ “အခြေအနေအလိုက်ပြုမူ”
“ကောင်းပါပြီ”
ကျူးဟုန်ကုန်းနှင့် လုလီက ထန်ခမ်း၏ကျောပေါ်တွင် စီးနင်းလျက် ထိုလူနောက်လိုက်ကာ မြောက်ဖက်ကမ်းရိုးတန်းဆီ ပျံသန်းသွားသည်။
ကျူးဟုန်ကုန်းသည် သူ့ရှေ့ရှိလူကို လေ့လာလိုက်သည်။ ထိုလူသည် ထူးကဲသော အငွေ့အသက်ရှိပြီး မကောင်းသည့် ရည်ရွယ်ချက်ရှိပုံမရ။ မည်သို့ပင်ဆိုစေ သူ သတိထားနေသေး၏။ ထို့ကြောင့် သူသည် ထိုလူနှင့်နီးကပ်စွာ လိုက်ပါခြင်း မပြုပေ။ ထို့အပြင် သူသည် ထိုလူ၏ ကျင့်ကြံဆင့်ကို အာရုံမခံနိုင်။ ဆိုလိုသည်က ဤလူသည် မယုံနိုင်စရာကောင်းလောက်အောင် အစွမ်းထက်၏။
ထိုစဉ် ထိုလူက ပျံသန်းလာလျက် ပြောလိုက်သည်။ “ကျုပ်နာမည်က ရွှီဝမ်ချင်း။ ကျုပ်က ရွှေလွှမ်းခြင်းဂိုဏ်းရဲ့ အကြီးဆုံးတပည့်။ ခင်ဗျားတို့နှစ်ယောက်လုံးကို အရင်က ဒီနားမှာ တစ်ခါမှမတွေ့ဖူးသလိုပဲ”
“ကျုပ်နာမည်က ကျူးဟုန်ကုန်း” ကျူးဟုန်ကုန်း၏ ပြန်ပြောကြားချက်သည် မလိုလားအပ်သည့်စကားများ မပါဘဲ ရိုးရှင်း၏။
လုလီက ပြန်ပြောလိုက်တော့သည်။ “လုလီ”
ရွှီဝမ်ချင်းက သူတို့နှစ်ယောက်ကိုကြည့်ပြီးမေးလိုက်သည်။ “ခင်ဗျားတို့နှစ်ယောက်လုံးက ဒီနားတဝိုက်က မဟုတ်ဘူးမလား”
“လုချန်းပေ့နဲ့ကျုပ်က ဒီနေရာအထိ ခရီးရှည်ကြီးပျံသန်းလာခဲ့တာ” ကျူးဟုန်ကုန်းက ဖာသိဖာသာဖြေလိုက်သည်။
ရွှီဝမ်ချင်းက ခေါင်းညိတ်လျက် မေးလိုက်တော့သည်။ “ခင်ဗျားတို့နှစ်ယောက် ကျုပ်နာမည်ကို အရင်က ကြားဖူးလား”
ကျူးဟုန်ကုန်းက ရိုးသားစွာ ခေါင်းခါလိုက်တော့သည်။
နှမြောစရာပဲ။ ရွှီဝမ်ချင်းသည် သူ့ဖာသာသူ စဉ်းစားလိုက်ပြီး ထန်ခမ်းကို ကြည့်လိုက်၏။ သူ့ရှေ့ရှိ သူစိမ်းသည် စီးတော်သားရဲတစ်ကောင်ပိုင်ဆိုင်ထားသောကြောင့် ထူးကဲသောနောက်ခံတစ်ခု ရှိရမည်။ မည်သည့်နည်းနှင့်မဆို သူတို့လာရောက်လည်ပတ်သည့် အကြောင်းအရင်းကို ဖော်ထုတ်ဖို့ ဆုံးဖြတ်ထားသည်။ သူတို့က ကျွန်းပေါ်မှ မရည်ရွယ်ဘဲ ဖြတ်သွားတာမှန်လျှင် အလွတ်ပေးလိုက်မည်။ ပြီးနောက် သူက မေးလိုက်၏။ “ခင်ဗျားတို့နှစ်ယောက် ဘယ်ကနေလာတာလဲ”
“အလွန်ဝေးကွာတဲ့နေရာက ခင်ဗျားကြားဖူးမယ် မထင်ဘူး” ကျူးဟုန်ကုန်းက အမှန်အတိုင်း ပြောလိုက်၏။
ရွှီဝမ်ချင်းက ပြုံးလျက် ပြောလိုက်သည်။
“ငါ့ရဲ့မိတ်ဆွေတို့ ခင်ဗျားအတွက် အခြေအနေက ကောင်းပုံမပေါ်ဘူး”
ထိုစဉ် လုလီက ပြင်းပြင်းထန်ထန်ချောင်းဆိုတာ့၏။ သူက တစ်ခုခုကို စကားပြောတော့မည့်အချိန်တွင် ပင်လယ်လေပြည်များရှူသွင်းလိုက်လေပြီး ချောင်းအပြင်းအထန် ဆိုးတော့သည်။ ရုတ်တရက် သွေးအန်လေသည်။
ရွှီဝမ်ချင်းက အထိတ်တလန့် ပြောလိုက်တော့၏။ “သူ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတာပဲ”
ထိုစဉ် ကျူးဟုန်ကုန်းက လုလီ၏လက်ကို ဆုပ်ကိုင်ထားမှုကို တင်းကြပ်လိုက်သည်။ အခြေအနေတွေက ဆိုးရွားလျှင် သူသည်လုလီနှင့် ချက်ချင်း ထွက်ပြေးမှာဖြစ်၏။ တချိန်တည်းတွင် သူသည် ရွှီဝမ်ချင်းကို သတိထားနေ၏။
ရွှီဝမ်ချင်းက ပြောလိုက်သည်။ “ဒီအခြေအနေနဲ့ ခရီးသွားဖို့က သူ့အတွက်က မသင့်တော်ဘူး။ ခင်ဗျားတို့ စိတ်မရှိရင် ရေလွှမ်းခြင်းဂိုဏ်းမှာ နေလို့ရတယ်”
လုလီသည် သူ့ဝမ်းဗိုက်ထဲရှိ နာကျင်မှုကို သည်းခံလျက် ပြောလိုက်သည်။ “ဒဏ်ရာအသေးအမွှားလေးပါပဲ”
ထိုစဉ် ရွှီဝမ်ချင်းက သူ့ရှေ့ရှိလူနှစ်ယောက်သည် လေဟုန်ကျွန်းသို့ မရည်ရွယ်ဘဲ ရောက်ရှိလာသည် ဆိုတာကို ယုံကြည်သွားသည်။ သူတို့သာ သူလျှိုများ ဆိုပါက ဒဏ်ရာရနေသည့်သူကို ခေါ်လာမှာမဟုတ်သလို ကိုယ်ပိုင်စီးတော်သားရဲလည်း ခေါ်လာမှာမဟုတ်။ သူလျှိုများသည် စီးတော်သားရဲတစ်ကောင်ပေးအပ်ခံရသည်အထိ ကောင်းကောင်းမွန်မွန်မဆက်ဆံခံရပေ။ ခဏအကြာတွင် သူက ပြောလိုက်၏။ “မြောက်ပိုင်းကျွန်းက ရှေ့မှာပဲ။ ကျူပ်တို့ ဒီနေရာကို ဖြတ်ကျော်ပြီးရင် ဘေးကင်းပြီ”
“ကျေးဇူးပါပဲ”
သုံးယောက်သားက တိတ်ဆိတ်စွာပျံသန်းနေသည်။
သူတို့သည် ကောင်းကင်ထဲ နောက်ဆုံးတော့ ရောက်လာသောအခါ ကျွန်းနှစ်ကျွန်းထက်ရှိ ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ရောက်လာသည့်အချိန်တွင် ရွှီဝမ်ချင်းက ခေါင်းငုံ့လျက် တစ်ချက်ကြည့်လိုက်သည်။
တစ်ချိန်တည်းတွင် ထန်ခမ်းက ညီးတွားလျက် အော်ငြီးလိုက်တော့သည်။
ပင်လယ်ရေမျက်နှာပြင်အောက်တွင် အနက်ရောင်အရိပ်တစ်ခု ရွေ့လျားလာပုံရ၏။
ရွှီဝမ်ချင်းက မျက်မှောင်ကျုံ့လိုက်သည်။ “ကျုပ်တို့တော့ ကံဆိုးပြီနဲ့တူတယ်။ မြန်မြန်ပုန်း”
ဗွမ်း
လက်ဝါးသဏ္ဌာန်သစ်ရွက်နှင့်ဆင်တူသည့် ငါးပြားသည် သူတို့သုံးယောက်ဆီခုန်တက်လာတော့သည်။
ရွှီဝမ်ချင်းက လေထဲ ခြေအသာထောက်နင်းလျက် စွမ်းအင်များ ချက်ချင်းပို့လွှတ်လိုက်သည်။
ဘန်း
ပြီးနောက် ရွှီဝမ်ချင်းသည် လေထဲပိုမြန်မြန်ပျံသန်းသွား၏။ သူသည် ကျူးဟုန်ကုန်းနှင့် လုလီကို ပြန်လှည့်ကြည့်သောအခါ သူ တအံ့အဩပြောလိုက်၏။
“ခင်ဗျားတို့နှစ်ယောက် ပင်လယ်သားရဲကို ဘာကြောင့် မရှောင်တာလဲ”
ကျူးဟုန်ကုန်းသည် ခေါင်းကုတ်လိုက်လေ၏။ “ဒါကရှောင်ဖို့မလိုဘူးလေ ဟုတ်တယ်မလား”
ရွှီဝမ်ချင်းက မျက်မှောင်ကျုံ့လိုက်သော်ငြား ပြောလိုက်သေးသည်။
“ဂရုစိုက်” ငါးပြားသည် ပင်လယ်ရေမျက်နှာပြင်သို့ ထပ်တက်လာ၏။ ယခုတစ်ခေါက်တွင် သူ့ပစ်မှတ်က ထန်ခမ်း၏ ဝမ်းဗိုက်အောက်ပိုင်း ဖြစ်ပုံရသည်။
ကျူးဟုန်ကုန်းသည် မျက်မှောင်ကျုံ့လျက် ကျိန်ဆဲလိုက်တော့သည်။ “သေစမ်း … ရှောင်ဦး”
သူသည် ထန်ခမ်း၏ နံပါးကို ခြေထောက်ဖြင့် ထိလျက် ပျံသန်းဖို့ ဆော်ဩလိုက်တော့သည်။
ထန်ခမ်းသည် သတိပေးဖို့မလိုအပ်ဘဲ လျင်မြန်စွာ ပျံသန်းလိုက်လေ၏။
ပစ်မှတ်ကို လွှဲချော်သွားပြီးနောက် ငါးပြားကဲ့သို့ ပင်လယ်သားရဲသည် ပင်လယ်ထဲ ပြန်ဆင်းသွားပြီးနောက် မိုးကုပ်စက်ဝိုင်းဆီ ကူးခတ်သွားလေ၏။
ယင်းကို တွေ့သောအခါ ရွှီဝမ်ချင်းက သက်ပြင်းချပြီးပြောလိုက်သည်။ ”ကောင်လေး … မင်းက တကယ်ပဲ ဘယ်လိုရှောင်ရမယ်မှန်း သိနေတာပဲ။ မြန်မြန် သွားကြရအောင်”
ထိုစဉ် ငါးပြားကဲ့သို့ ပင်လယ်သားရဲသုံးလေးကောင်သည် ပင်လယ်ထဲမှ ရုတ်တရက်ခုန်တက်လာပြီး လေထဲ၌ ပြီးပြည့်စုံသောအကွေ့တစ်ခု ဖန်တီးနေကာ သူတို့သည် ပင်လယ်ထဲ ဗွမ်းကနဲ ပြန်ခုန်ဆင်းသွား၏။
ရွှီဝမ်ချင်းသည် သူတို့နောက်ကိုကြည့်လိုက်သောအခါ နောက်ထပ်ပင်လယ်ငါး သုံးလေးကောင်ကို တွေ့လိုက်ရသည်။ သူ၏အမူအရာက လေးနက်တည်ကြည်သွားပြီး ပြောလိုက်၏။
“ကျုပ်တို့တကယ် ကံဆိုးတာပဲ”
ရွှီဝမ်ချင်း၏ မျက်နှာပေါ်ရှိ တည်ကြည်သော အမူအရာကို မြင်သောအခါ ကျူးဟုန်ကုန်း၏ စိုးရိမ်ပူပန်စိတ်တို့ တိုးလာသည်။ “ရွှီချန်းပေ့ ကျုပ်တို့ ဘာလုပ်သင့်လဲ”
“မြောက်ဖက်ကျွန်းဆီ မြန်မြန်သွားဖို့ဘဲ ရှိတော့တယ်” ရွှီဝမ်ချင်းက ထိုသို့ပြောပြီး လေထဲခုန်တက်လိုက်၏။
ဘီး
စိတ်ဝိညာဉ်သဏ္ဌာန်က လေထဲတွင် ပေါ်ထွက်လာသည်။ စိတ်ဝိညာဉ်သဏ္ဌာန်ပေါ်ပေါက်လာပြီး မကြာမီ၌ ကျူးဟုန်ကုန်း၏ မျက်လုံးသည် ပြူးကျယ်မှုကြောင့် ထိတ်လန့်သွားလေ၏။
စိတ်ဝိညာဉ်သဏ္ဌာန် စိတ်ဝိညာဉ်သဏ္ဌာန်မှာ အဝါရောင်ကြာရှိတယ်။ ဒါက အဝါရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်ပဲ။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျူးဟုန်ကုန်းက ထိတ်လန့်နေသေးသည်။
လုလီကလည်း အံ့ဩနေသေး၏။ “အမှတ်အသားက ငါတို့ကို အဝါရောင်ကြာနယ်မြေဆီ ဦးဆောင်သွားလိမ့်မယ်လို့ မထင်ထားဘူး”
ထိုစဉ် ရွှီဝမ်ချင်း၏ စိတ်ဝိညာဉ်သဏ္ဌာန်သည် ငါးပြားကဲ့သို့ ပင်လယ်သားရဲနှစ်ကောင်ကို တွန်းကန်လိုက်၏။
ရွှီဝမ်ချင်းက လှည့်လာပြီး ကျူးဟုန်ကုန်း၏ မျက်နှာပေါ်ရှိ အမူအရာကို မြင်သောအခါ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။ “အဟုတ်ပဲ။ ကျုပ်က ရေလွှမ်းခြင်းဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင်လေ။ နှစ်နှစ်မပြည့်မီမှာ ကျုပ်က ဆဋ္ဌမမြောက်ပွင့်ချပ် ဖူးပွင့်တော့မှာ”
“...”
ကျူးဟုန်ကုန်းသည် ထိတ်လန့်နေရာမှ သတိပြန်မဝင်သေးပေ။ အဝါရောင်ကြာလား … ဒီနေရာက ဘယ်နေရာလဲ။ ဘာတွေဖြစ်နေလဲဆိုတာ ငါ့ကို တစ်ယောက်ယောက် ပြောပြပေးနိုင်မလား။
ရွှီဝမ်ချင်းသည် ငါးပြားနှစ်ကောင်ကို မောင်းထုတ်ပြီးနောက် သူသည် ရှေ့သို့ ဆက်လက်ပျံသန်းသွား၏။ ပြီးနောက် သူက ပြောလိုက်သည်။ “အဲ့မှာ ရပ်မနေနဲ့။ ကျုပ် နောက်က လိုက်ခဲ့ကြ”
“ဪ” ကျူးဟုန်ကုန်းသည် ထန်ခမ်းကို ရွှီဝမ်းချင်းနောက် လိုက်ခိုင်းလိုက်သည်။ ပြီးနောက် သူသည်ကျယ်လောင်စွာ ပြောလိုက်၏။ “ရွှီချန်းပေ့ ခင်ဗျား သိုဝှက်ထားဖို့ မလိုပါဘူး။ ကျုပ်တို့ တကယ် မကောင်းတဲ့ ရည်ရွယ်ချက်မရှိပါဘူး”
“ကွယ်ဝှက်တာလား” ရွှီဝမ်ချင်းက ဇဝေဇဝါဖြစ်သွားသည်။ သူသည် ကျူးဟုန်ကုန်း ဘာကိုဆိုလိုမှန်းမသိပေ။
ရွှီဝမ်ချင်းက ရုတ်တရက်အာရုံများသွားစဉ် အော်လိုက်လေ၏။ “အား မဟုတ်ဘူး”
ပိုကြီးမားပြီး ပိုအစွမ်းထက်ပုံပေါ်သည့် ငါးပြားကဲ့သို့ ပင်လယ်သားရဲသည် သူတို့အောက်မှ ရုတ်တရက်ပေါ်လာသည်။ ယင်းသည် ရှစ်ပေမှ ကိုးပေမှရှည်ပြီး အနံသည် သုံးပေမှ လေးပေခန့်ရှည်၏။ တစ်ကိုယ်လုံးက အလင်းဖျော့ဖျော့ တောက်ပနေသည်။
ဘန်း
ငါးပြားသည် အဝါရောင်ကြာစိတ်ဝိညာဉ်သဏ္ဌာန်၏ ခန္ဓာကို ချွန်ထက်သော အစွယ်များဖြင့် ကိုက်ချလိုက်ရာ ရွှီဝမ်ချင်းသည် သွေးတစ်ပွက်အန်လိုက်ရ၏။
ကြောက်လန့်သွားပြီးနောက် ရွှီဝမ်ချင်းက အမြန်နောက်ဆုတ်လိုက်တော့သည်။
“ဒီနေရာမှာ ဘယ်လိုလုပ် ဧရာမပင်လယ်သားရဲ ပေါ်လာတာလဲ”
ကျူးဟုန်ကုန်းသည် စိတ်ရှုပ်ထွေးသွား၏။ ရွှီဝမ်ချင်းသည် သူ၏ ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားရသည့် အကြောင်းအရင်းကို သူ နားမလည်ပေ။
ကျူးဟုန်ကုန်း၏ အတွေးကို နားလည်နိုင်သည့် လုလီက တီးတိုးပြောလိုက်၏။ “သူ့ရဲ့ ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားတာ မဟုတ်ဘူး။ သူ့မှာ ပွင့်ချပ်ငါးလွှာပဲရှိတာ”
“ငါး ငါးလွှာလား” ကျူးဟုန်ကုန်းက မယုံနိုင်စွာပြောလိုက်၏။ “မဟုတ်ဘူး။ သူ့လှည့်ကွက်ထဲ ကျသွားလို့ မဖြစ်ဘူး။ သူ့ကို ကျုပ်တို့ ယုံလို့မရသေးဘူး”
လုလီက ပြောလိုက်၏။ “မှားစရာ မရှိဘူး။ သူ့မှာ ပွင့်ချပ်ငါးလွှာပဲရှိတာ”
“...”
ဗွမ်း
ထိုစဉ် ပိုတောင်ကြီးမားပြီး ပေသုံးဆယ်ခန့်ရှည်သော ငါးပြားသည် ကျူးဟုန်ကုန်းကို တိုက်ခိုက်လိုက်၏။
ရွှီဝမ်ချင်းက သူ့ရင်ဘတ်ပေါ် လက်တင်လျက် သက်ပြင်းချလိုက်၏။ “ကျုပ်တောင်းပန်ပါတယ်။ ကျုပ် အကောင်းဆုံး လုပ်ခဲ့ပြီးပြီ။ ဂရုစိုက်ပါ”
ဤနည်းဖြင့် သူ လှည့်ပြေးရန် ပြင်ဆင်တော့သည်။
ကျူးဟုန်ကုန်းသည် ထန်ခမ်းပေါ်မှ မဆင်းဘဲ ကျောကိုပုတ်လိုက်၏။ ထန်ခမ်းသည် လုလီကို ကျောပေါ်တင်ပြီး ပျံသန်းသွားကာ ကျူးဟုန်ကုန်းသည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်လိုက်၏။
ဘီး
ပေတစ်ရာ့နှစ်ဆယ်ခန့် မြင့်မားသော စိတ်ဝိညာဉ်သဏ္ဌာန်သည် ကျူးဟုန်ကုန်း ရှေ့၌ ချက်ချင်း ပေါ်လာသည်။
ထွက်သွားတော့မည့် ရွှီဝမ်ချင်းက စွမ်းအင်အသံကိုကြားသောအခါ ချက်ချင်းလှည့်လာ၏။ သူ့ရှေ့ရှိ မြင်ကွင်းကို မြင်သောအခါ မျက်လုံးပြုတ်ကျလုနီးပါး ပြူးကျယ်လာတော့သည်။
“ဘာ”
ရွှီဝမ်ချင်းသည် သူ ထင်ယောင်ထင်မှား ဖြစ်နေသလား။ သူ မြင်ချင်ရာမြင်နေသလားဟု တွေးထင်မိသည်။ သူ့ကိုယ်သူ ဆွဲဆိတ်လိုက်တော့သည်။ သူ့ရှေ့ရှိ မြင်ကွင်းက သူ့အာရုံကြောများကို ထုံထိုင်းသွားစေပြီး သူ တွေ့သမျှအားလုံးကို ပြောင်းပြန်လှန်လိုက်၏။
ထိုစဉ် ပေတစ်ရာ့နှစ်ဆယ်ခန့်ရှိသော စိတ်ဝိညာဉ်သဏ္ဌာန်သည် လက်နှစ်ဖက်ဖြင့် စွမ်းအင်ဓားကို ကိုင်ဆောင်ထားလျက် ကြောက်မက်ဖွယ်ကောင်းသော ငါးပြားကို ခုတ်ချလိုက်တော့သည်။
ဝှစ်
စွမ်းအင်ဓားသည် ငါးပြား၏ခေါင်းပေါ်သို့ ကျရောက်လာ၏။
ပြီးနောက် ကျူးဟုန်ကုန်းသည် သူ၏ မျက်ရည်စွန်းထင်း လက်ဝှေ့အိတ်ကို ထုတ်လိုက်သည်။
ဘန်း
ကျူးဟုန်ကုန်းသည် ငါးပြား၏ခေါင်းကို ထိုးချလိုက်ရာ ၎င်း၏ခေါင်းသည် ကွဲသွားတော့သည်။
လုလီ၏အမြင်တွင် ထိုကဲ့သို့တိုက်နေသည့် ပုံသည် တစ်ကောင်နှင့်တစ်ကောင် ဆိတ်နေကြသည့် ကြက်ပေါက်လေးများနှင့် မခြားပေ။ ထို့ကြောင့် သူသည် တည်ငြိမ်နေပြီး မည်သည့်အန္တရာယ်ကိုမှ မခံစားရပေ။
ခဏအကြာတွင် လုလီသည် ဤနေရာသည် ရွှေကြာနယ်မြေထက်တောင် ပိုအားနည်းသည့်နေရာ ဖြစ်နိုင်တာ ၁၀၀ရာခိုင်နှုန်း ပိုသေချာသွားသည်။ ယင်းက သူတို့ကံကြမ္မာဖြစ်နိုင်၏။ ကျူးဟုန်ကုန်း၏ ကံကြမ္မာ တစ်စိတ်တစ်ပိုင်းလည်းဖြစ်နိုင်သည်။
ကျူးဟုန်ကုန်းသည် ပင်လယ်သားရဲ၏ခေါင်းကို ထပ်ထိုးလိုက်သည်။ ယခုအခေါက်တွင် သူသည် ၎င်းကို အပြည့်အဝဖျက်ဆီးလိုက်သည်။
မကြာမီ၌ ပင်လယ်သားရဲဆီမှ အလင်းရောင်အသက်ဓာတ်နှလုံးသားတစ်ခု ပေါ်ထွက်လာပြီး ကျူးဟုန်ကုန်းသည် ၎င်းကို လက်ဖြင့်ဖမ်းလိုက်သည်။ ၎င်းသည် ပင်လယ်သားရဲဘုရင်၏ အသက်ဓာတ်နှလုံးသားနှင့် မယှဉ်နိုင်သော်ငြား ဘာမှမရှိတာထက် တစ်စုံတစ်ခုရှိသည်က ပိုကောင်းသေးသည်ဟု ဆိုရိုးစကားအတိုင်းပေ။
မလှမ်းမကမ်းကနေ ကြည့်နေသော ရွှီဝမ်ချင်း “...”
ကျူးဟုန်ကုန်းသည် သူ၏ပေတစ်ရာ့နှစ်ဆယ် စိတ်ဝိညာဉ်သဏ္ဌာန်ကို ရုတ်သိမ်းလိုက်ပြီး ထန်ခမ်း၏ကျောပေါ်သို့ ပျံသန်းလာကာ ရှေ့သို့ဆက်လက်ပျံသန်းသွားသည်။
ရွှီဝမ်ချင်းက ကြက်သေသေနေသော အမူအရာဖြင့် တောင့်ခံနေတော့သည်။ သူ၏ခန္ဓာကိုယ်က တောင့်တင်းနေကာ သူ၏လက်ချောင်းများက တုန်ယင်နေတော့သည်။
ကျူးဟုန်ကုန်းသည် သူ၏လက်ဝှေ့အိတ်ကို ပြန်သိမ်းပြီးနောက် လက်ဝေ့ယမ်းလျက် ခေါ်လိုက်တော့သည်။ “ရွှီချန်းပေ့”
မှင်သက်နေသော ရွှီဝမ်ချင်းက မတုန့်ပြန်ခဲ့ပေ။ သူသည် ကျူးဟုန်ကုန်းပြောတာ ကြားပုံမရ။
ကျူးဟုန်ကုန်းက လက်ဝေ့ယမ်းလျက် ခေါ်လိုက်၏။ “ဟေ့ … ရွှီချန်းပေ့”
ဤနည်းဖြင့် ရွှီဝမ်ချင်းက အသိပြန်ကပ်လာတော့သည်။ သူသည် နာကျင်မှုကို တောင့်ခံလျက် ဦးညွှတ်လိုက်တော့သည်။ “ချန်း ချန်းပေ့လား။ မဟုတ်ဘူး မဟုတ်ဘူး … ဒီလိုနာမည်တပ်ခေါ်တာကို မခံရဲပါဘူး”
…
အခန်း (၈၈၄) ကမ္ဘာမှာ အားအကောင်းဆုံးလူ ဖြစ်စေချင်တယ်
ရွှီဝမ်ချင်းက ပင်လယ်ထဲ ပြုတ်ကျမသွားအောင် ပျံသန်းဖို့ အကောင်းဆုံး ကြိုးစားနေရသည်။ ထိုစဥ် သူ့စိတ်ထဲ မုန်တိုင်းတစ်ခု ဖြစ်ပေါ်နေ၏။
ကျူးဟုန်ကုန်းက မပြောခင် လုလီက ပြောလိုက်သည်။
“မင်းကို မေးခွန်းတစ်ခု မေးမယ်။ အရိုးသားဆုံး ဖြေပေးရမယ်”
“ဟု … ဟု … ဟုတ် ဟုတ်ကဲ့ပါ” ရွှီဝမ်ချင်းက တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။
လုလီက မေးလိုက်၏။ “မင်းတို့ရဲ့ ရေလွှမ်းခြင်းဂိုဏ်းမှာ ကျင့်ကြံဆင့်အမြင့်ဆုံးက ဘယ်သူလဲ”
ရွှီဝမ်ချင်းက ပြောလိုက်သည်။
“ကျွန်တော်ဆရာ ထောင်ကျင်းပါ။ သူက နတ်ဝိညာဥ်ဝဋ်ကြွေးချေအဆင့် ရောက်နေပြီ။ သူက ထိပ်သီးပွင့်ချပ်ခြောက်လွှာအဆင့်ပါ”
လုလီက မေးလိုက်၏။
“ပွင့်ချပ်ခြောက်လွှာနဲ့ ဘယ်လိုလုပ် အားအကောင်းဆုံး ဖြစ်မှာလဲ”
ရွှီဝမ်ချင်း၏ အမူအရာက ရုတ်ခြည်းဆိုသလို ရှုပ်ထွေးသွားဟန်ဖြင့်
“ ချန်း ချန်း ချန်းပေ့ ပွင့်ချပ်ခြောက်လွှာက အရေအတွက် အမြင့်ဆုံး မဟုတ်ဘူးလား”
လုလီက ပြောလိုက်၏။
“မသိတတ်လိုက်တာ”
ရွှီဝမ်ချင်း၏ မျက်နှာက အနီရောင်သမ်းသွားသော်လည်း လုလီ၏ စကားများကို ပြန်လည်မတုံ့ပြန်ရဲပေ။ သူက ကျူးဟုန်ကုန်း၏ စွမ်းအားကို ကြည့်ရှုခဲ့ပြီးသားဖြစ်သည့်အတွက် ဤသို့တုံးအအ မေးခွန်းကို မည်သို့မေးနိုင်မည်နည်း။ သူက ကျူးဟုန်ကုန်းသည် ပွင့်ချပ်ကိုးလွှာနီးပါး ရှိထားသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။
ထိုစဥ် ကျူးဟုန်ကုန်းက အခြေအနေတစ်ခုလုံးသည် ရယ်စရာကောင်းသည်ဟု မထင်မိပေ။ အကြောင်းမှာ သူက ရွှီဝမ်ချင်းဆီ ရွှေကြာနယ်မြေမှ လူများ၏ အရိပ်ကို မြင်တွေ့လိုက်ရ၍ ဖြစ်သည်။ သူက သက်ပြင်းချကာ အားနည်းခြင်းက အပြစ်ကြွေးတစ်ခုဟု စတင်စဥ်းစားမိလာ၏။
လုလီက ဆက်မေးလိုက်သည်။
“ဒီကမ္ဘာမှာ အားအကောင်းဆုံး အင်အားစုက ဘယ်ဟာလဲ”
ရွှီဝမ်ချင်းက တုံ့တုံ့ဆိုင်းဆိုင်းဖြင့် ပြောလိုက်သည်။
“တာ့ တာ့ တာ့ချင်ပါ”
လုလီက ထပ်မေးလိုက်သည်။
“တာ့ချင်လား”
ရွှီဝမ်ချင်းက ပြောလိုက်သည်။
“တာ့ချင်ရဲ့ တော်ဝင်ခုံရုံးက နယ်မြေအားလုံးကို စုစည်းနိုင်တဲ့ ပွင့်ချပ်ခြောက်လွှာ ကျင့်ကြံသူအများကြီး ရှိတယ်။ နှစ်စဥ်နှစ်တိုင်း သူတို့က အင်အားစုအသီးသီးနဲ့ ဂိုဏ်းအသီးသီးကနေ ပါရမီရှင်တွေကို ရွေးချယ်လေ့ရှိတယ်။ တာ့ချင်ရဲ့ တော်ဝင်ခုံရုံးမှာ ပွင့်ချပ်ခြောက်လွှာ ကျင့်ကြံသူ ၁၀ ယောက်ကျော် ရှိတယ်လို့ ပြောကြတယ်”
ကျူးဟုန်ကုန်းနှင့် လုလီ “...”
ကျူးဟုန်ကုန်းက သဘာဝမဆန်သည့် အမူအရာမျိုး ရှိနေလေသည်။ သူက ရွှေကြာနယ်မြေမှ လူများသည် တာ့ယန်တွင် ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူ မည်မျှရှိကြောင်း ကြွားဝါခဲ့စဥ် အချိန်ကိုပင် ပြန်လည်သတိရသွား၏။
လုလီက မေးလိုက်သည်။
“အခုထိ ပွင့်ချပ်ခုနှစ်လွှာ ကျင့်ကြံသူ မရှိသေးဘူးလား”
ရွှီဝမ်ချင်းက ခေါင်းအသာယမ်းကာ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
“မ မ မရှိပါဘူး။ ဒါနဲ့လေ ကျွန်တော် နားမလည်လို့ပါ ချန်းပေ့။ ဘယ်လိုလုပ် ပေ ၁၂၀ ဖြစ်တာလဲ။ ပြီးတော့ ကြာပွင့်လည်း မရှိဘူး။ ပြီးတော့ အရောင်က ဘာလို့ မှိုင်းနေရတာလဲ”
ရွှီဝမ်ချင်း၏ မြင်ကွင်းကို ကြားပြီးသည့်နောက်တွင် ကျူးဟုန်ကုန်းက ရွှေရောင်နှင့် အဝါရောင်သည် ဆင်တူကြောင်း သဘောပေါက်သွားခဲ့သည်။ ရွှီဝမ်ချင်းက သူ့ရွှေကြာ စိတ်ဝိညာဥ်သဏ္ဌာန်ကို အဝါရောင်အဖြစ် မှားယွင်းသွားသည်ကို နားလည်၍ ရပေသည်။ ထို့အပြင် ရွှီဝမ်ချင်းက ပွင့်ချပ်ခုနှစ်လွှာကြောင့် အံ့အားသင့်နေသည်ဖြစ်ကာ ကွာဟချက်ကို သတိပြုဖို့ ခက်ခဲလိမ့်မည်။
လုလီက ပြောလိုက်၏။
“မင်းရဲ့ ဂိုဏ်းချုပ်ဆီ ခေါ်သွား”
ရွှီဝမ်ချင်းက အံ့အားသင့်သွားကာ “ချန်းပေ့တို့က တာ့ချင်ဆီ မသွားဘူးလား”
လုလီက ပြောလိုက်၏။
“ငါတို့က တာ့ချင်ဆီ သွားမယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး။ အခု လေဟုန်ကျွန်းဆီ အရင်သွားမယ်”
ရွှီဝမ်ချင်းက စိတ်ရှုပ်ထွေးသွားလေ၏။
ကျူးဟုန်ကုန်းကလည်း စိတ်ရှုပ်ထွေးနေမိသည်။ သူက လုလီ၏ အစီအစဥ်ကို မသိရပေ။
ရွှီဝမ်ချင်းက မငြင်းဆန်ရဲပေ။ သူက လေဟုန်ကျွန်းဆီသာ ဦးတည်၍ ပျံသန်းလိုက်၏။
ကျူးဟုန်ကုန်းက လုလီအား အလျင်စလိုဖြင့် မေးလိုက်သည်။
“ချန်းပေ့ ဘာလုပ်ချင်နေတာလဲ”
လုလီက ပြောလိုက်၏။
“အဝါရောင်ကြာနယ်မြေရဲ့ ကန့်သတ်ချက်က ပွင့်ချပ်ခြောက်လွှာပဲ။ မင်းက ပွင့်ချပ်ခြောက်လွှာထက် ပိုပြီးတော့ ရှိတယ်ဆိုတော့ ဒီနေရာက ကန့်သတ်ချက်တွေနဲ့ တားဆီးမခံရဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ တကယ်လို့ အဝါရောင်ကြာနယ်မြေက အရင်းအမြစ်တွေ အားလုံးကို စုစည်းနိုင်မယ်ဆိုရင် မင်းကို ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ဖွဲ့စည်းဖို့ ကူညီပေးနိုင်လောက်တယ်”
ကျူးဟုန်ကုန်းက အံ့အားသင့်သွားဟန်ဖြင့် “အဝါရောင်ကြာနယ်မြေတစ်ခုလုံးက အရင်းအမြစ်တွေလား”
“ယုံကြည်ချက်ရှိစမ်းပါ” လုလီက ညင်သာစွာ ပြောလိုက်၏။
“မစိုးရိမ်နဲ့။ မင်းကို လူသတ်ခိုင်းနေတာ မဟုတ်ဘူး။ မင်း စိတ်ကူးကြည့်လို့ မရတဲ့အရာတွေ ရှိတယ်။ အဝါရောင်ကြာနယ်မြေက အားနည်းပြီးတော့ တခြားကမ္ဘာက သားရဲတွေ ပါရမီရှင်တွေကို ဆွဲဆောင်မိမှာ မဟုတ်ဘူး။ ဒါက မင်းအတွက် အခွင့်အရေးပဲ”
“...”
အခွင့်အရေးတဲ့လား ...
ကျူးဟုန်ကုန်းက ရုတ်ခြည်းဆိုသလို သူ့တွင် ဦးနှောက်ဆဲလ် လုံလုံလောက်လောက် မရှိကြောင်း ခံစားမိလိုက်သည်။ သူက ထပ်မံမေးလိုက်၏။
“အဲဒါဆိုရင် ကျွန်တော်တို့ ဘာလုပ်ကြမှာလဲ”
လုလီက ပြောလိုက်သည်။
“ငါတို့က သူတို့ရဲ့ ကိုးကွယ်ရာ ဖြစ်လာလိမ့်မယ်”
...
လေဟုန်ကျွန်းက အဝါရောင်ကြာနယ်မြေတွင် တည်ရှိလေသည်။
ရွှီဝမ်ချင်းက ကျွန်းပေါ် ရောက်ရှိသည်နှင့် ကျင့်ကြံသူတချို့က သူ့ဆီ ပြေးလွှားရောက်လာကြသည်။
“တာ့ရှစ်ရှိုး ပြန်လာပြီ”
“တာ့ရှစ်ရှိုး ဒါက သူလျှို ၂ယောက်လား။ သူတို့ကို ကောင်းကောင်းရိုက်နှက်ပြီးသွားပြီလား။ ကျွန်တော်တို့ ရေလွှမ်းခြင်းဂိုဏ်းကို လက်လွတ်စပယ် ရန်မစနိုင်အောင် သင်ခန်းစာ ပေးလိုက်စမ်းပါ”
ရွှီဝမ်ချင်းက လက်မြှောက်ကာ သူတို့အား တားဆီးလိုက်ရသည်။
“တာ့ရှစ်ရှိုး ဘာမှားလို့လဲ”
မျက်စိတစ်မှိတ်အတွင်း လူအုပ်က ရွှီဝမ်ချင်းရှေ့ စုဝေးလာကြသည်။ အားလုံးက သူ့အား စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေကြ၏။ သူက ဂိုဏ်းချုပ်နှင့် ရှိနေစဥ်မှလွဲ၍ ယနေ့ကဲ့သို့ ကြောက်စရာ မကောင်းဖူးပေ။
ရွှီဝမ်ချင်းက ဘယ်လိုပြောရမှန်း မသိတော့ပေ။ ပါရမီရှင် ၂ယောက်က ထွက်သွားဖို့ ရည်ရွယ်ထားမှန်း သိသာလှ၏။ သူတို့က အဘယ့်ကြောင့် စိတ်ပြောင်းကာ ကျွန်းဆီ လာဖို့ ဆုံးဖြတ်လိုက်သနည်း။
သူတို့က အဘယ့်ကြောင့် အားနည်းယောင်ဆောင်ထားမှန်း နားမလည်နိုင်ပေ။
ဒါက အနိုင်ကျင့်ခြင်း တစ်မျိုးလား ဒါမှမဟုတ် သူတို့က အားနည်းယောင်ဆောင်ရတာကို သဘောကျတာလား ...
ရွှီဝမ်ချင်းက စဥ်းစားပြီးသည့်နောက်တွင် သူ့အပေါင်းအပါများကို အမိန့်ပေးလိုက်၏။
“ငါ့အမိန့်မရှိဘဲ ဘယ်သူမှ မလှုပ်ရှားကြနဲ့”
ထိုစဥ် ကျူးဟုန်ကုန်းနှင့် လုလီတို့က ကောင်းကင်မှ ဆင်းသက်လာကြသည်။
တပည့်များက ထပ်မံပြောတော့မည့်ဆဲဆဲတွင် ရွှီဝမ်ချင်းက သူတို့အား စိုက်ကြည့်လိုက်၏။ သူတို့က ချက်ချင်းဆိုသလို ပါးစပ်ပိတ်သွားကာ မပြောရဲကြတော့ပေ။
ရွှီဝမ်ချင်းက ဦးညွတ်ကာ ပြောလိုက်သည်။
“ချန်းပေ့တို့”
လုလီက ပြောလိုက်သည်။
“ရှေ့ကနေ လမ်းပြ”
ကျူးဟုန်ကုန်းနှင့် လုလီတို့က ရွှီဝမ်ချင်း နောက်မှ လိုက်ကာ ကျွန်းအလယ်သို့ သွားလိုက်ကြသည်။ အစပိုင်းတွင် သူတို့က သိပ်သည်းလှသည့် တောအုပ်ကို ဖြတ်သန်းလာခဲ့ကြ၏။ ထို့နောက် သူတို့က လူနေထိုင်ရာ မတွေ့ခင် ကြမ်းတမ်းသည့် တောင်လမ်းကို ဖြတ်သန်းခဲ့ကြရသည်။ သူတို့က ထိုလူနေထိုင်ရာ အဝင်ဝတွင် တပည့်များ စောင့်ကြပ်နေသည်ကို မြင်လိုက်ရသည်။
“တာ့ရှစ်ရှိုး”
“ဂိတ်တံခါးကို ဖွင့်လိုက်”
“ဟုတ်ကဲ့”
တပည့် ၂ဦးက ချက်ချင်းဆိုသလို ဂိတ်ပေါက်ကို ဖွင့်လိုက်ကြ၏။
ကျူးဟုန်ကုန်းက ထိုနေရာသည် တောင်အမာခံနယ်မြေလိုမျိုး ဖြစ်နေသည်ဟု ခံစားမိလိုက်သည်။ သူက သူ့ဓားပြအဖွဲ့ရှိ တောင်ထက် ပိုမိုကောင်းမွန်ကြောင်း ဝန်ခံရပေမည်။
ကျူးဟုန်ကုန်းနှင့် လုလီတို့က ရွှီဝမ်ချင်း နောက်မှ လိုက်သွားလေသည်။ သူတို့ ဝင်ရောက်လိုက်သည်နှင့် တပည့်များစွာက သူတို့အနား စုဝေးလာကြ၏။
သူတို့က တပည့်ရာချီ ရှိလေသည်။ အားလုံးက လုပ်လက်စကို ရပ်လိုက်ပြီး အလျင်အမြန် ပြေးလာကြသည်။
“တာ့ရှစ်ရှိုး ပြန်လာပြီ”
“ဒီလူ ၂ယောက်က ဘယ်သူတွေလဲ”
“တောဝက်ရိုင်းလည်း ပါလာတယ်”
ရွှီဝမ်ချင်းက အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။ ဒါက အဝေးက ဂုဏ်သရေရှိ ဧည့်သည်တွေပဲ။ မရိုင်းပျကြနဲ့”
ကံဆိုးစွာဖြင့် ကျူးဟုန်ကုန်းနှင့် လုလီတို့ တွေ့ဆုံခဲ့သည်မှာ ရွှီဝမ်ချင်း ဖြစ်နေလေသည်။ မဟုတ်ပါက ရေလွှမ်းခြင်းဂိုဏ်းမှ လူများသည် ပြဿနာ တက်သွားနိုင်၏။
တာ့ရှစ်ရှိုးအနေဖြင့် တပည့်များက ရွှီဝမ်ချင်းကို မလေးမစား မပြုမူရဲကြပေ။ အားလုံးက ကျူးဟုန်ကုန်းနှင့် လုလီကို လှည့်ကြည့်လိုက်ကြပြီး ဦးညွတ်လိုက်ကြသည်။
လုလီ၏ ချီပင်လယ်က ပျက်စီးသွားသော်လည်း သူ့အမြင်က မပြောင်းလဲပေ။ သူ့အမြင်၌ ထိုသူများသည် ပုရွက်ဆိတ်မျှသာ တည်ရှိမှုမျိုး ဖြစ်၏။ ထို့ကြောင့် သူက မထူးမခြားနားဖြင့် သူတို့အပေါ် အာရုံစိုက်ခြင်းမရှိပေ။
ရွှီဝမ်ချင်းက မေးလိုက်သည်။ “ဂိုဏ်းချုပ်က ဘယ်မှာလဲ”
“ဂိုဏ်းချုပ်က အနားယူနေပါတယ်။ သူက အနားယူနေတုန်း ဘယ်သူမှ မနှောင့်ယှက်ဖို့ မှာထားပါတယ်” တပည့်တစ်ဦးက ပြန်ဖြေလိုက်၏။
“ဂိုဏ်းချုပ်ကို ဒီနေရာလာဖို့ သွားပြီး ခေါ်ခဲ့”
“ဟမ်”
“ငါ ပြောတာကို နားမလည်ဘူးလား” ရွှီဝမ်ချင်းက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ ဂိုဏ်းချုပ် မှာထားတာက ... “
ရွှီဝမ်ချင်းက တပည့်ကို တွန်းလွှတ်လိုက်၏။
ထိုစဥ် ပိုးဝတ်ရုံ ဝတ်ဆင်ထားသည့် လူလတ်အရွယ် အမျိုးသားတစ်ဦးက အဆောက်အဦးအထက် ပေါ်ထွက်လာသည်။ သူက မကျေမနပ်ဖြင့် ပြောလိုက်၏။
“ရွှီဝမ်ချင်း ဘာဖြစ်နေတာလဲ။ ဒီနေရာမှာ ဘာလို့ရုတ်ရုတ်သဲသဲ လုပ်နေတာလဲ”
ရွှီဝမ်ချင်းက အလျင်အမြန် ပြောလိုက်သည်။
“ရှစ်စွင်း ဒီ ၂ယောက်က အဝေးက လာတဲ့ ဂုဏ်သရေရှိ ဧည့်သည်တွေပါ”
“ဂုဏ်သရေရှိ ဧည့်သည်တွေလား”
လူလတ်အရွယ်အမျိုးသားက ရေလွှမ်းခြင်းဂိုဏ်း၏ ဂိုဏ်းချုပ် ထောင်ကျင်းမှလွဲ၍ တခြားသူ မဟုတ်ပေ။ သူက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်၏။ “သူစိမ်းတွေကို ဒီကျွန်းပေါ် ဘယ်သူခေါ်လာခွင့်ပြုတာလဲ”
လုလီက လူလတ်အရွယ်အမျိုးသားကို ကြည့်ပြီးသည့်နောက် ကျူးဟုန်ကုန်းကို ကြည့်ကာ ပြောလိုက်သည်။
“မင်း စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ပြလိုက်”
“ကောင်းပြီ”
ကျူးဟုန်ကုန်းက သူ့ခြေထောက်ကို ဗွီပုံသဏ္ဌာန် ချဲလိုက်သည်။
ဝှစ်
ပေ ၁၂၀မြင့်မားသည့် ရွှေကြာစိတ်ဝိညာဥ်သဏ္ဌာန်က ကောင်းကင်အထက် ထွက်ပေါ်လာ၏။
တပည့်ရာချီက ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။ သူတို့၏ ပါးစပ်များက ကျယ်လွန်းလှသည့်အတွက် ခြေထောင်ပင် ဆန့်လောက်၏။
ထိုစဥ် ရွှီဝမ်ချင်းကို ဆက်လက်ဆူပူတော့မည့် ထောင်ကျင်းက စိတ်ဝိညာဥ်သဏ္ဌာန်ကို မြင်လိုက်ရသည်။ ထိုအရာက သူ့ထက်မြင့််မားကာ သူ့ကို ငုံ့ကြည့်နေလေ၏။
ရေလွှမ်းခြင်းဂိုဏ်းတစ်ခုလုံးက သုသာန်တစပြင်အလား တိတ်ဆိတ်သွားကြသည်။
လုလီက သိုးယောင်ဆောင်သည့် ဝံပုလွေဖြစ်ရသည်ကို သဘောမကျပေ။ သူ့ချဉ်းကပ်မှုက ရိုးရှင်းကာ တဲ့တိုးဆန်လှ၏။ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖော်ပြကာ တစ်ဖက်သူကို အနိုင်ယူလိုက်ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူ့ချဉ်းကပ်မှုက သက်ရောက်မှု ရှိ၏။
ဤသို့ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်ကို ဘယ်အချိန်ကများ မြင်တွေ့ဖူးမည်နည်း။ သူတို့၏ အသိဉာဏ်ပေါ် မူတည်၍ ပွင့်ချပ်ခြောက်လွှာကသာ ကန့်သတ်ချက်ဖြစ်၏။ အမြင့်မားဆုံး စိတ်ဝိညာဥ်သဏ္ဌာန်က ပေ ၇၀မျှသာဖြစ်ပေသည်။
ပေ ၁၂၀စိတ်ဝိညာဥ်သဏ္ဌာန် ပေါ်ထွက်လာမှုက သူတို့၏ လောကအမြင်ကို ပြောင်းလဲသွားစေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ပြောရလျှင် အကြွင်းမဲ့အင်အားရှေ့တွင် လှည့်ကွက်အားလုံးက အသုံးမဝင်ပေ။
လုလီက တိတ်ဆိတ်မှုကို ချိုးဖောက်လိုက်၏။
“မင်းကို ပြောစရာ ၃ခုရှိတယ်။ ပထမ ငါတို့က အကြံဆိုးနဲ့ ရောက်လာတာ မဟုတ်ဘူး။ ဘယ်သူ့ကိုမှ သတ်ဖို့လည်း မရည်ရွယ်ထားဘူး”
ထို့နောက် သူက ကျူးဟုန်ကုန်းကို လက်ညှိုးထိုးကာ ဆက်ပြောလိုက်သည်။
“ဒုတိယတစ်ခုအနေနဲ့ ကျူးဟုန်ကုန်းက မင်းရဲ့ ဂိုဏ်းချုပ်နေရာကို ယူလိမ့်မယ်။ မငြင်းခင် ၂ခါပြန်ပြီးတော့ စဥ်းစား။
တတိယတစ်ခုအနေနဲ့ ကျူးဟုန်ကုန်းက ရေလွှမ်းခြင်းဂိုဏ်းကို ထောင်ပံ့ပေးပြီးတော့ တာ့ချင်မှာ အားအကောင်းဆုံးဂိုဏ်း ဖြစ်အောင် လုပ်ပေးလိမ့်မယ်။ ၅နှစ် ပြီးသွားရင် ငါတို့ ၂ယောက်လုံး ထွက်သွားမယ်”
လုလီက ခေတ္တမျှ တုံ့ဆိုင်းပြီးသည့်နောက်တွင် ဆက်လက်ပြောလိုက်သည်။
“ငါတို့ရဲ့ အချိန်က အဖိုးတန်တယ်။ မင်းတို့ ဆုံးဖြတ်ဖို့ အသက်ဆယ်ရှိုက်စာ ရမယ်”
ယနေ့မတိုင်ခင် ရေလွှမ်းခြင်းဂိုဏ်းရှိ လူများက လေဟုန်ကျွန်းမှ လေသည် ဓားတစ်ချောင်းလိုမျိုး အေးစက်နေလိမ့်မည်ဟု မထင်ခဲ့မိပေ။
ဉာဏ်ကောင်းသည့်သူများက အချိန်တိုအတွင်း ကောင်းကျိုးနှင့် ဆိုးကျိုးကို ချင့်ချိန်နိုင်ကြသည်။
ဂိုဏ်းချုပ်ဖြစ်သည့် ထောင်ကျင်းက အရူးတစ်ယောက် မည်သို့ဖြစ်မည်နည်း။ စက္ကန့်ပိုင်းအတွင်း သူက ဆုံးဖြတ်ချက် ချလိုက်သည်။
ပထမဦးစွာ ထိုပါရမီရှင် ၂ယောက်က သူ နားလည်နိုင်စွမ်းထက် ကျော်လွန်နေလေသည်။ ထိုသူ ၂ဦးက ဤနေရာရှိ လူများကို သတ်ဖြတ်ဖို့ စိတ်ဝင်စားမှု မရှိသည်မှာ အလွန်လွယ်ကူနေပြီး ထိုသူ ၂ဦးက သတ်ဖြတ်ဖို့ရာအတွက် ပျင်းရိနေသည့်အတွက် ဖြစ်သည်။
ဒုတိယအနေဖြင့် ထိုသူ ၂ဦးက အမှန်တိုင်း ပြောနေခြင်းဖြစ်၏။ ဤသို့ နက်နဲလှသည့် စွမ်းအားဖြင့် လိမ်ညာဖို့ရာ အဘယ့်ကြောင့် လိုမည်နည်း။
တတိယအနေဖြင့် သူတို့သာ ထိုသူ ၂ဦးသည် အညံ့ခံလိုက်မည်ဆိုလျှင် အကျိုးအမြတ်များစွာ ရှိလာလိမ့်မည်။ ထိုသူ ၂ဦးက ဤစွမ်းအားမျိုး မည်သည့်နေရာမှ ရရှိလာမှန်း မသိရသော်လည်း သူတို့က ရေလွှမ်းခြင်းဂိုဏ်းကို တာ့ချင်တွင် အကြီးမားဆုံးဂိုဏ်းဖြစ်လာအောင် လုပ်ပေးနိုင်စွမ်း ရှိသည်မှာ သံသယဖြစ်ဖို့ မလိုပေ။
အသက်ဆယ်ရှိုက်စာ အပြီးတွင် ထောင်ကျင်းက အံ့အားသင့်မှုနှင့် အကြောက်တရားကို ချိုးနှိမ်ကာ အဆောက်အဦးပေါ်မှ ခုန်ဆင်းလာခဲ့သည်။ သူက ဒူးတစ်ဖက်ထောက်ကာ ညာဘက်လက်ကို မြေပြင်ပေါ် ထောက်ထားပြီး ပြောလိုက်သည်။
“ဂိုဏ်းချုပ်ရာထူးကို ပေးဖို့ လိုလားပါတယ်။ ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”
ပတ်ဝန်းကျင်ရှိ တပည့်အားလုံးကလည်း ဒူးထောက်ကာ ဂါရဝပြုလိုက်ကြသည်။
“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”
သို့သော်လည်း လူအများကြား အမြဲတမ်းလိုလို မတူညီသည့်သူများ ရှိတတ်ကြသည်။ အချိန်တိုအတွင်း လူအားလုံးကို နာခံစေဖို့ရာ မဖြစ်နိုင်ပေ။ ကမ္ဘာကြီးတွင် အကြွင်းမဲ့ဟူ၍ မရှိပေ။
လူ ၂ဦးက ကျူးဟုန်ကုန်းနှင့် လုလီကို စိုက်ကြည့်ပြီး ပြေးဝင်လာကြ၏။
“ဒါက အတုပဲ နေမယ်။ အရူးလုပ် မခံနဲ့”
ထောင်ကျင်းက လှမ်းငေါက်လိုက်သည်။
“နောက်ဆုတ်ကြ”
တစ်ချိန်တည်းဆိုသလို ရွှီဝမ်ချင်းက အော်ပြောလိုက်၏။
“မဖြစ်ဘူး”
ကံဆိုးစွာဖြင့် နောက်ကျလွန်းသွားခဲ့လေပြီ။
လုလီက ခေါင်းအသာယမ်းလိုက်၏။
ကျူးဟုန်ကုန်းက မည်မျှပင် တုံးအစေကာမူ သူက တစ်စုံတစ်ယောက် တိုက်ခိုက်လာမည်ကို ငြိမ်ငြိမ်လေးထိုင်နေမည့်သူ မဟုတ်ပေ။ စက္ကန့်ပိုင်းအတွင်း သူက စွမ်းအားကို ထုတ်လွှင့်လိုက်၏။
ဘန်း ဘန်း
လူ ၂ယောက်က လွင့်စင်သွားပြီး သွေးအန်လိုက်ရသည်။
ကျူးဟုန်ကုန်းက ထိုသူ ၂ဦးကို မသတ်ခဲ့ပေ။ သူတို့၏ မျှော်လင့်ချက်ကို သတ်ပစ်သည်က လုံလောက်နေပြီ ဖြစ်၏။ ထို့အပြင် ထိုသူ ၂ဦးက ပွင့်ချပ်သုံးလွှာနှင့် ပွင့်ချပ်လေးလွှာ ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့က ရေလွှမ်းခြင်းဂိုဏ်းတွင် ထိပ်သီးပါရမီရှင်ဟု မှတ်ယူ၍ ရလျှင်ပင် သူ့အမြင်၌ သူတို့က ညွှန်းဆိုဖို့ရာ မထိုက်တန်လောက်အောင်အထိ အားနည်းနေလေ၏။
...
စာပေကြယ်တာရာခန်းမအတွင်း
“တင် လူ ၂၁၀ရဲ့ ကိုးကွယ်ယုံကြည်မှုကို ရရှိပါတယ်။ ကုသိုလ်ရမှတ် ၂၁၀ ရရှိပါတယ်”
“တင် လူ ၃၅၀ရဲ့ ကိုးကွယ်ယုံကြည်မှုကို ရရှိပါတယ်။ ကုသိုလ်ရမှတ် သုည ရရှိပါတယ်”
အနီရောင်ကြာနယ်မြေ၊ ဝမ်ရှင်းနန်းဆောင်အတွင်း
လုကျိုးက စနစ်၏ အသိပေးချက်ကို ကြားကြားချင်း မျက်လုံးဖွင့်လာလေ၏။
…
အခန်း (၈၈၅) အသန်မာဆုံးဂိုဏ်းချုပ်
လုကျိုးသည် စနစ်အသိပေးသံကိုကြားသောအခါ ဇဝေဇဝါဖြစ်သွားလေ၏။ သူသည် ကိုးကွယ်ယုံကြည်မှုရရှိတာ ပထမဆုံးအကြိမ်မဟုတ်။ ကမ္ဘာကြီးက ကျယ်ဝန်းလွန်းလှပြီး သူ့ကို စိတ်ရင်းစစ်မှန်မှုမရှိဘဲ ကိုးကွယ်သည့်သူများရှိနိုင်သေးတာကို နားလည်နိုင်သေး၏။
ထိုကိုးကွယ်သူများသည် ရွှေကြာနယ်မြေမှ မဟုတ်လောက်ပေ။ မိစ္ဆာဝေဟင်မျှော်နန်းသည် အနီရောင်ကြာနယ်မြေထက် ရွှေကြာနယ်မြေတွင် ပိုပြီးကြည်ညိုမှုရရှိသည်။ သူသည် အကြိမ်ပေါင်းများစွာ ကိုးကွယ်မှုရရှိပြီးဖြစ်သောကြောင့် သူတို့ဆီမှ ကုသိုလ်မှတ်မရနိုင်တော့ပေ။
ထို့အပြင် သူ၏ကိုးကွယ်သူများက ထိုမျှစိတ်ရင်းစစ်မှန်တာက ရှားသည်။
ထိုသို့ဆိုလျှင် ဤကိုးကွယ်သူများ မည်သည့်နေရာမှလာသနည်း။
ရွှေကြာနယ်မြေမှ မဟုတ်လျှင် အနီရောင်ကြာနယ်မြေမှ ဖြစ်နိုင်သည်လော။
လုကျိုးသည် အပြင်ဘက်ကိုကြည့်လိုက်ရာ သူ့၏မည်သည့်တပည့်ကများ ပြဿနာထပ်ရှာပြီလဲဟု တွေးနေမိသည်။
ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်က ထိုသို့ပြုလုပ်ရန် အချိန်မအားပေ။ ခရုလေးက တံခါးပိတ်ကျင့်ကြံနေသေးဆဲ ဖြစ်၏။ ဤကာလအတွင်း သူမသည် နယ်လှည့်ခြင်းတေးသွားကို လေ့လာနေပြီး အခန်းထဲမှ မထွက်ပေ။
လုကျိုးသည် သူ့ဘာသာသူစဉ်းစားလိုက်၏။ တရားခံသည် လောင်စစ် သို့မဟုတ် လောင်ချီသာ ဖြစ်လောက်သည်။
ထိုသို့သောတွေးမိလေရာ လုကျိုးသည် သူဘာလုပ်ခဲ့လဲဆိုတာ မင်ရှစ်ရင်ကို ဆင့်ခေါ်ရန်အတွက် တစ်စုံတစ်ယောက်ကို ခိုင်းလိုက်သည်။
မင်ရှစ်ရင်ရောက်လာပြီးနောက် ရှစ်စွင်း၏အမေးကိုကြားသောအခါ စိတ်ရှုပ်ထွေးသွားတော့သည်။ သူကအပြစ်ကင်းစွာပြောလိုက်၏။
“ရှစ်စွင်း ဒီတစ်ခေါက် တပည့်ဘာမှမလုပ်ခဲ့ပါဘူး၊ တပည့်ကျင့်ကြံနေတာပဲ၊ အနီရောင်ကြာနယ်မြေကို ရောက်လာတဲ့အချိန်ကစပြီး တပည့်ဘယ်လောက်အားနည်းမှန်း သဘောပေါက်သွားတာ”
လုကျိုးက မေးလိုက်၏။
“တခြားသူတွေကရော”
“စန်းရှစ်ရှိုးက သူ့ရဲ့လှံနဲ့လေ့ကျင့်နေတယ်၊ ချိရှစ်တိက လီယွင်ကျန်းကို သင်ကြားပေးနေပြီး သူ့ဘာသာသူ တချို့ပေစာတွေကို လေ့လာနေတယ်”
မင်ရှစ်ရင်က ပြန်ပြောလိုက်၏။ ခဏကြာပြီးနောက် ဆက်ပြောလိုက်သည်။
“လီယွင်ကျန်းက အခုနောက်ပိုင်း တော်တော်သနားစရာပဲ၊ သူ့မျက်နှာက ဝါကျင့်ကျင့်နဲ့ ချိုင့်နေပြီ၊ မျက်ကွင်းတွေတောင် ညိုနေသေးတယ်၊ ဆံပင်တွေလည်း ရှုပ်ပွနေတာ ဧကရာဇ်တစ်ပါးနဲ့ မတူတော့ဘူး”
လုကျိုးသည် အနည်းငယ် ဇဝေဇဝါဖြစ်သွားကာ မေးလိုက်တော့၏။
“လီယွင်ကျန်းက စာဖတ်နာပါတယ်၊ သူဘာကြောင့် ဒီလိုသနားစရာအခြေအနေ ရောက်သွားတာလဲ”
“အဲဒီအကြောင်း ကျွန်တော်လည်း မသိဘူး၊ မနေ့တုန်းက တစ်ချက်သွားကြည့်လိုက်တာ၊ လောင်ချီပြောတာတော့ ရှစ်စွင်းရဲ့နည်းလမ်းက သူ့နေရာသူသိအောင်နဲ့ သူ့ကိုနာခံလာအောင် တွန်းတင်ဖို့ အထိရောက်ဆုံးနည်းလမ်းလို့ပြောတယ်” မင်ရှစ်ရင်က ပြောလိုက်၏။
“ငါ့နည်းလမ်းလား”
လုကျိုးက ပိုတောင် စိတ်ရှုပ်ထွေးသွားလေ၏။ သူသည် ကျောင်းသားတစ်ယောက်ကို သင်ပြပေးရာ၌ ထူးချွန်သည့်လူမဟုတ်ပေ။ လီယွင်ကျန်းကို စီးဝူယာ့ဆီ အပ်လိုက်ခြင်းမှာ သူသည် စီးဝူယာ့၏အရည်အချင်းကို ယုံကြည်ပြီး တန်ဖိုးထားသောကြောင့်သာမက သူသည် လီယွင်ကျန်းကို ကောင်းမွန်စွာ သင်ကြားပြသပေးရန် အစီအစဉ်ကောင်းနှင့် စွမ်းအင်မရှိသောကြောင့် ဖြစ်သည်။
လုကျိုးက မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်လိုက်၏။
လောင်ချီက ငါ့ကိုတကယ် စိတ်မပျက်စေဘူးပဲ။
ပြီးနောက် လုကျိုးသည် သူ၏ကျန်သည့်တပည့်များအကြောင်း ဆက်မေးလိုက်၏။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ခရီးရှည်ကြောင့် အနားယူနေသည်မှအပ သူတို့သည် အနီရောင်ကြာနယ်မြေအကြောင်းသာ ဆွေးနွေးပြီး ကျင့်ကြံနေခဲ့သည်။ ထို့အပြင် သူတို့သည် အနီရောင်ကြာနယ်မြေနှင့် မရင်းနှီးသောကြောင့် သူတို့သွားနိုင်သည့် နေရာမရှိသလို သူတို့ လုပ်နိုင်သည့်ကိစ္စ သိပ်မများပေ။
နောက်ဆုံးတွင် လုကျိုးက မင်ရှစ်ရင်ကို ထွက်သွားခိုင်းလိုက်တော့သည်။
“မင်းထွက်သွားလို့ရပြီ”
“နားလည်ပါပြီ”
“ဒါနဲ့ လောင်ချီကို မွေးဖွားဇယားချပ်သားရဲအကြောင်း ပိုလေ့လာဖို့ ပြောလိုက်” လုကျိုးက ထပ်ပေါင်းထည့်လိုက်သည်။
“နားလည်ပါပြီ”
မင်ရှစ်ရင်သည် စာပေကြယ်တာရာခန်းမထဲမှ မထွက်သွားခင် ပြောလိုက်၏။
အတိတ်တုန်းက ရွှေကြာနယ်မြေရှိ ကျင့်ကြံသူများ၏ လမ်းကြောင်းတွင်ရှိသည့်ပြဿနာသည် ပွင့်ချပ်ရှစ်လွှာအကန့်အသတ်ပဲ ဖြစ်သည်။ နဝမမြောက်ပွင့်ချပ် ဖူးပွင့်ခြင်းသည် လူတစ်ယောက်၏ သက်တမ်းထောင့်နှစ်ရာကို ယူဆောင်သွားသောကြောင့် နဝမမြောက်ပွင့်ချပ် ဖူးပွင့်နိုင်သူမရှိ။ ပွင့်ချပ်ရှစ်လွှာ အကန့်အသတ်ကို ချိုးဖျက်နိုင်သည့် ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူမရှိခဲ့လျှင် မချိုးဖျက်နိုင်သည့် ရက်စက်သောသံသရာတစ်ခု ဖြစ်လာလိမ့်မည်။ သို့သော် ဥပမာအနေဖြင့် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူ သို့မဟုတ် ပိုသန်မာသည့်သူပေါ်လာပါက သူတို့သည် ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူများကို နဝမမြောက်ပွင့်ချပ် ဖူးပွင့်စေရန် အသက်ဓာတ် နှလုံးသား ရယူပေးနိုင်သည်။ ရက်စက်သောသံသရာမှ ရုန်းထွက်ခွင့်ပေးလိမ့်မည်။ အဓိကအချက်က ရက်စက်သောသံသရာသည် နေရာအနှံ့ဆက်လက်ချိုးဖျက်နေခဲ့မည်ဆိုလျှင် လူသားမျိုးနွယ်စုတစ်စုလုံး အဆင့်တက်ဖို့က သိပ်မကြာလောက်တော့ပေ။
အနီရောင်ကြာနယ်မြေရှိ ကျင့်ကြံသူများ၏လမ်းကြောင်းတွင်ရှိသော ပြဿနာက မွေးဖွားဇယားချပ်သားရဲများပဲ ဖြစ်သည်။ ပြဿနာကို ဖြေရှင်းဖို့ ကောင်းကင်သိုင်းခုံရုံးသည် မွေးဖွားဇယားချပ်သားရဲများကို ဖြေရှင်းရန် နည်းလမ်းမျိုးစုံ ကြိုးစားခဲ့၏။ လက်ရှိပြဿနာက မွေးဖွားဇယားချပ်သားရဲများသည် အင်မတန်ရှားပါးပြီး ရှာတွေ့ဖို့ ခက်ခဲတာပဲဖြစ်သည်။ ရွှေကြာနယ်မြေနှင့်ယှဉ်လျှင် အနီရောင်ကြာနယ်မြေ၏ပြဿာနာက ပိုဒုက္ခများသည်။
လုကျိုး၌လည်း နောက်ထပ်မေးခွန်းတစ်ခုရှိသည်။ သူက ဒဿမမြောက်ပွင့်ချပ်ဖူးပွင့်ချိန်တွင် အခြားသူများက မွေးဖွားဇယားချပ်ကို သွေးမဆောင်မိသော်ငြား သူအဘယ်ကြောင့် ဆွဲဆောင်မိရသနည်း။
ခဏအကြာတွင် လုကျိုးခေါင်းခါလိုက်လေ၏။ ထိုအတွေးများကို ဖယ်ရှားလိုက်တော့သည်။ သူသည် နောင်ကျထိုပြဿနာများကို ဖြေရှင်းရမည်။ အနည်းဆုံးတော့ ကောင်းကင်ချားအက်ကွဲချိုင့်ဝှမ်းသည် သူ့ကို အဆင့်ချိုးဖျက်တက်အောင် ကူညီပေးခဲ့သည်။ အဆုံးကျ လုကျိုး၏စိတ်သည် အစောတုန်းက အခြေအနေသို့ပြန်ရောက်လာ၏။ ထိုကိုးကွယ်ယုံကြည်သူများသည် မည်သူ့ကြောင့် ရလာသနည်း။
ကျောင်းယွဲ့လား၊ ယဲ့ထျန်းရှင်းလား၊ ဒါမှမဟုတ် ကျုးဟုန်ကုန်းလား။
သူ၏အဋ္ဌမတပည့်အကြောင်း တွေးမိသောအခါ လုကျိုးသည် အနည်းငယ်စိုးရိမ်ပူပန်သွားသည်။ သူသည် ကျုးဟုန်ကုန်းကို နှစ်ရက်တစ်ကြိမ် ရှာဖွေခဲ့၏။ နောက်ဆုံးတစ်ခေါက် သူစစ်ဆေးကြည့်ချိန် ကျူးဟုန်ကုန်းက ပျံသန်းနေသေးဆဲဖြစ်သည်။ ကျူးဟုန်ကုန်းက အဆုံးမဲ့သမုဒ္ဒရာထဲမှ ထွက်လာပြီလားဆိုတာ မသိရပေ။
လုကျိုးသည် ကောင်းကင်ကျမ်းစာစွမ်းအားအတွက် မန္တာန်ကို တိတ်တဆိတ် ရွတ်ဆိုလိုက်ပြီး မျက်လုံးမှိတ်လိုက်လေ၏။
သူ၏မျက်လုံးသည် အပြာရောင်အလင်း တောက်ပလာပြီးနောက် ကျူးဟုန်ကုန်းကို တွေ့လိုက်ရပြီး သူ့နား၌ ဒူးထောက်နေသော လူတစ်စုကို တွေ့လိုက်ရ၏။
ကျုးဟုန်ကုန်းက အလယ်တွင် ရပ်နေလျက် လုလီသည် သူ့ဘေးတွင် ရပ်နေတော့သည်။ လုကျိုးသည် အံဩသွားပြီး သူ့အဋ္ဌမတပည့်သည် ကုန်းမြေပေါ်သို့ ရောက်ရှိလာခြင်းအတွက်ကြောင့်လည်း စိတ်အေးသွား၏။ မည်သို့ပင်ဆိုစေ အဋ္ဌမတပည့်သည် အဆုံးမဲ့သမုဒ္ဒရာထဲမှ လွတ်မြောက်လာနိုင်တာ ကိစ္စကောင်းဆိုတာ သေချာ၏။
ပြောရန်မလို ကျူးဟုန်ကုန်းနား၌ ဒူးထောက်နေသော လူတစ်စုကို တွေ့ပြီးနောက် သူ၏ လတ်တလောကုသိုလ်မှတ်များ၏ အရင်းအမြစ်ကို သူသိသွားပြီဖြစ်သည်။ ထိုလူတစ်ယောက်ကျော်က စိတ်ရင်းစစ်မှန်မှုမရှိဘဲ အပိုဆောင်ရွက်ခြင်းသာဖြစ်နေတာ နှမြောစရာကောင်းလှပေ၏။
လုကျိုးသည် ကျူးဟုန်ကုန်းကို ဆက်ကြည့်လိုက်သည်။
ကျူးဟုန်ကုန်းက ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားသည့် ကျင့်ကြံသူနှစ်ယောက်ကိုကြည့်ပြီး ပြောလိုက်၏။
“ဒါမင်းအတွက် သင်ခန်းစာပဲ၊ မင်းတို့တွေ လုချန်ပေ့ရဲ့စကားကို ဂရုတစိုက်စဉ်းစားရင် ပိုကောင်းလိမ့်မယ်”
လုလီက ထပ်ပြောလိုက်၏။
“ဒီကျူးဟုန်ကုန်းက မင်းတို့တွေအားလုံးကို ရွေးချယ်လိုက်တာ ကံကောင်းတယ်လို့ ခံစားသင့်တယ်၊ သူ့ကျင့်ကြံဆင့်နဲ့ဆို သူ့အဖို့ မင်းတို့ရဲ့ရေလွှမ်းခြင်းဂိုဏ်းကို ဖျက်ဆီးပစ်ဖို့ အလွယ်လေးပဲ၊ တာ့ချင်ရဲ့ တောင်ဝင်ခုံရုံးကတောင် သူ့အတွက် ဘာမှမဟုတ်ဘူး”
လူတိုင်းသည် ခေါင်းမမော့ရဲတော့ပေ။
တစ်ဖက်တွင်မူ ထောင်ကျင်း၏ စိတ်နှလုံးသည် ကျူးဟုန်ကုန်းက လက်တစ်ဖက်မြှောက်ရုံဖြင့် ရေလွှမ်းခြင်းဂိုဏ်းမှ သိုင်းပညာရှင်နှစ်ယောက်ကို ဒဏ်ရာရအောင်လုပ်လိုက်တာ မြင်ချိန်၌ တုန်လှုပ်သွားသည်။ သူ၏တပည့်ကြီး ရွှီဝမ်ချင်းကတောင် အလျော့ပေးထားရသည့် ထိုကဲ့သို့ လူတစ်ယောက်သည် သူသွားသည့်နေရာတိုင်း အရှင်သခင်ဖြစ်နိုင်ပေ၏။ လှည့်ကွက်တချို့မဟုတ်တာ သိသာနေ၏။
မကြာမီ၌ လူရာချီက အဝေးကနေ ပျံသန်းလာလျက် ဆင်းသက်လာကြတော့သည်။
ထောင်ကျင်းသည် သူတို့ကို အချည်းနှီးမရုန်းကန်စေချင်သောကြောင့် ခက်ထန်သောလေသံဖြင့် ပြောလိုက်၏။
“မင်းတို့တွေ ဂိုဏ်းချုပ်အသစ်ကို ဘာကြောင့် မနှုတ်ဆက်တာလဲ”
သူတို့၏မျက်နှာထက်တွင် စိတ်ရှုပ်ထွေးသည့် အမူအရာရှိနေသော်ငြား လူရာချီက ဒူးထောက်လိုက်လေ၏။
“နှုတ်ခွန်းဆက်ပါတယ် ဂိုဏ်းချုပ် ဂိုဏ်းချုပ်”
“တင် လူပေါင်းသုံးဆယ်၏ ကိုးကွယ်ယုံကြည်မှု ရရှိပါတယ်၊ ဆုလာဘ်ကုသိုလ်မှတ် သုံးဆယ်”
“တင် လူပေါင်း၂၅၀ရဲ့ ကိုးကွယ်ယုံကြည်မှု ရရှိပါတယ်၊ ဆုလာဘ်ကုသိုလ်မှတ် သုံးရာ”
လုကျိုးသည် စနစ်အသိပေးစာ ထပ်ရလိုက်သောအခါ အလွန်စိတ်ရှုပ်ထွေးသွား၏။ သူ၏ အဋ္ဌမတပည့်သည် ကျန်သည့်သူများကို ဖိနှိပ်ရန် သူ၏ခွန်အားကို အဘယ်ကြောင့် အသုံးပြုနေရသနည်း။ ထို့အပြင် သူ့ကိုအညံ့ခံသည့်လူ၌ စိတ်ရင်းစစ်မှန်မှုမရှိသည့်လူက အဘယ်ကြောင့် များပြားနေရသနည်း။ သူသည် ထူးကဲအံ့ဖွယ်စွမ်းအားကို သုံးလျက် ကောင်းကင်ကျမ်းစားစွမ်းအားကို ထိန်းသိမ်းထားကာ လုလီကို ကြည့်လိုက်သည်။ တကယ်တော့ သူသည် လုလီကို အသက်ရှင်လျက် ရှိနေသေးတာကိုမြင်လိုက်ရချိန် အံ့ဩသွားလေ၏။
ထိုစဉ် လုလီက ပြောလိုက်၏။
“ထောင်ကျင်း အခုကစပြီး မင်းက ရေလွှမ်းခြင်းဂိုဏ်းရဲ့ ပထမအကြီးအကဲပဲ၊ တို့နှစ်ယောက်ထွက်သွားတဲ့အချိန် ဂိုဏ်းချုပ်ရာထူးကို မင်းဆီ ပြန်ပေးခဲ့မယ်၊ မင်းဆန္ဒရှိလား”
ထောင်ကျင်းသည် သူ၏လောကအမြင် ပြိုကွဲသွားပြီးနောက် ထိတ်လန့်မှုနှင့် သူ့ရင်ထဲရှိ စိတ်ရှုပ်ထွေးမှုကို ဖိနှိပ်လိုက်သည်။ ထို့နောက် သူက ခေါင်းငုံ့လျက် ပြောလိုက်တော့၏။
“ကျုပ် ဆန္ဒရှိပါတယ်”
သူ၏ နားလည်သဘောပေါက်မှုများ ပြိုလဲသွားပြီဖြစ်၏။ သူခေါင်းငုံ့လျက် ပြောလိုက်တော့သည်။
“ဆန္ဒရှိပါတယ်၊ ကျေးဇူးတင်ပါတယ်”
“ကောင်းပြီ”
လုလီက ခေါင်းညိတ်လိုက်၏။ ပြီးနောက်သူသည် ရွှီဝမ်ချင်းဘက် လှည့်ပြောလိုက်တော့သည်။
“ရွှီဝမ်ချင်း မင်းရေလွှမ်းခြင်းဂိုဏ်းရဲ့ ဒုတိယအကြီးအကဲဖြစ်ချင်လား”
ရွှီဝမ်ချင်းသည် အစောတုန်းက ကြောက်မက်ဖွယ်ကောင်းသည့်ငါးပြားကို ကျူးဟုန်ကုန်းသတ်တာ မျက်မြင်တွေ့ခဲ့ပြီးဖြစ်၏။ ထို့ကြောင့်သူသည် ကျူးဟုန်ကုန်း၏ ခွန်အားကို သံသယမဝင်ခဲ့ပေ။ သူက တွေဝေမနေဘဲ ပြောလိုက်၏။
“ကျွန်တော် ဆန္ဒရှိပါတယ်”
သူတို့ယခင်ဂိုဏ်းချုပ် ထောင်ကျင်းနှင့် သူတို့၏တာ့ရှစ်ရှိုး ရွှီဝမ်ချင်းကတောင် လူသစ်နှစ်ယောက်ကို အညံ့ခံနေ၏။ သူတို့ မည်ကဲ့သို့ မလိုက်နာဘဲ နေမည်နည်း။
ထိုစဉ် ကျူးဟုန်ကုန်းသည် လုလီကို ဘေးသို့ခေါ်သွားသည်။ ပြီးနောက် သူလက်ဝှေ့ရမ်းလျက် သူနှင့်လုလီနားတွင် ကျန်သည့်သူများ စကားပြောခန်းကို ချောင်းနားထောင်မှာကာကွယ်ရန်အတွက် သူတို့နား၌ စွမ်းအင်အရံအတားတစ်ခု ဖွဲ့တည်လိုက်သည်။
ယခုအချိန်တွင် လုကျိုးက ထူးကဲအံ့ဖွယ်စွမ်းအားကို ပိုသုံးရတော့မည်။ ထို့မှသာ သူသည် စွမ်းအင်အရံအတားထဲ၌ ကျူးဟုန်ကုန်းနှင့် လုလီ၏စကားပြောဆိုမှုကို နားထောင်နိုင်မှာပဲဖြစ်သည်။
ကောင်းကင်ကျမ်းစာစွမ်းအား၏ ကုန်ဆုံးမှုနှုန်းသည် ယခင်ကထက် ပိုနှေးသွားလျှင်တောင် မြန်နေသေးဆဲဖြစ်၏။ ထူးကဲအံ့ဖွယ်စွမ်းအား တစ်ဝက်နီးပါးလျော့သွား၏။ ထိုအရာအပြင် သူ၏စွမ်းရည်သည် သူ၏စိတ်တိုင်းကျ မမြှင့်နိုင်သေးပေ။
သူသည် ခေါင်းခါလျက် လုလီနှင့် ကျူးဟုန်ကုန်းကို အာရုံစိုက်လိုက်သည်။
ကျူးဟုန်ကုန်းက ပြောလိုက်၏။
“လုချန်ပေ့ ကျွန်တော်တို့ ဒါမျိုးလုပ်လို့မရဘူးလေ၊ သူတို့က ဆန္ဒမရှိ မကျေမနပ်ဖြစ်နေတာ သိသာရဲ့သားနဲ့၊ ကျုပ်ရဲ့ရှစ်စွင်းက အတိတ်တုန်းက ဒီနည်းလမ်းဆောင်ရွက်ခဲ့ဖူးတယ်၊ အချိန်ကြာလာတာနဲ့အမျှ မကျေမချမ်းဖြစ်တာတွေ တိုးလာပြီး ဆရာတူတပည့်တွေ ပုန်ကန်ကုန်တာ ၊ ကျွန်တော့်ရှစ်စွင်းကို သစ္စာဖောက်ပြီးတော့ ဂိုဏ်းကနေ ထွက်သွားကြတယ်”
လုလီက ပြုံးပြီးပြောလိုက်၏။
“ဒါက အချိန်တိုအတွင်းမှာ ရလာဘ်ကောင်းရဖို့ အမြန်ဆုံးနည်းလမ်းပဲ၊ သူတို့ဆန္ဒရှိရှိ မရှိရှိ ကိစ္စမရှိဘူး၊ ပြဿနာကို ငါတို့နောက်ကျဖြေရှင်းနိုင်တယ်၊ အရင်ဆုံးက သူတို့ကို ခြိမ်းခြောက်ဖို့ ခွန်အားပြသရမယ်၊ ပြီးရင်ငါတို့က သူတို့ကို ဂုဏ်သတင်းနဲ့ အာဏာချီးမြှင့်ပြီး ကြင်နာမှုနဲ့ ရက်ရောမှုပြသရမယ်၊ ဒီနည်းနဲ့ဆို အနှေးနဲ့အမြန် သူတို့အားလုံးက ငါတို့ကို အညံ့ခံလာလိမ့်မယ်”
ခဏအကြာတွင် လုလီက ဆက်ပြောလိုက်၏။
“မင်းရှစ်စွင်းလုပ်ခဲ့တာက ငါနဲ့ဘာမှမဆိုင်ဘူး၊ မင်းရဲ့ရှစ်စွင်းက ဒီလိုဆိုမှတော့ မင်းအဖို့ မင်းရဲ့ရှစ်စွင်းအစား ငါ့ကို ဆရာအဖြစ် လက်ခံဖို့ အကြောင်းပြချက် ပိုရှိလာပြီ”
“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ကျုပ်ရဲ့ရှစ်စွင်းက စိတ်နေသဘောထားဆိုးခဲ့ပေမဲ့ ဒီနှစ်တွေထဲ ပိုကောင်းလာပြီ၊ ဘာပဲဖြစ်ဖြစ် ကျုပ်ရှစ်စွင်းကို စိတ်ပျက်စေမှာ မဟုတ်သလို စွန့်ခွာမှာလည်း မဟုတ်ဘူး” ကျူးဟုန်ကုန်းသည် အမြန်ပြောလိုက်၏။
ယင်းကိုတွေ့သောအခါ လုကျိုးက သူ့ဘာသာသူ စဉ်းစားလိုက်သည်။ အနည်းဆုံးတော့ သူ့မှာအသိစိတ် ရှိသေးတယ်။
ပြီးနောက် သူသည် ကျူးဟုန်ကုန်း၏ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
ဒါဘယ်နေရာလဲ၊ လုလီက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။
သူသည် အနည်းငယ်လေ့လာလိုက်သည်။ အရေးကြီးသည့် အင်အားများကို မမြင်ရသေးခင် ကောင်းကင်ကျမ်းစာစွမ်းအားက ရပ်တန့်သွားတော့၏။ ထို့အပြင် မိုးရွာသည့်နေ့၌ ထူးကဲအံ့ဖွယ်စွမ်းအား သုံးပုံတစ်ပုံကို ဖြည့်သွင်းရန် အကောင်းဆုံးဖြစ်သည်။
အဝါရောင်ကြာနယ်မြေရှိ လေဟုန်စီးကျွန်းပေါ်ရှိ ရေလွှမ်းခြင်းဂိုဏ်းတွင်ဖြစ်သည်။
လုလီက မေးလိုက်၏။
“ငါတို့ဒီနေရာက မထွက်သွားခင် ဘုံတစ်ထောင်လေပွေထဲ မင်းဝင်ချင်လား”
“ဒါပေါ့”
“ဒါဆို ငါပြောသလိုလုပ်၊ ကောင်းကောင်းလုပ်၊ ဒါက မင်းရဲ့အခွင့်အရေးပဲ၊ လွဲချော်သွားရင် ထပ်ရမလာဘူး” လုလီကပြောလိုက်၏။
“ဒါကျွန်တော့်ရဲ့ အခွင့်အရေးလား၊ ဘာကြောင့်အဲလိုမခံစားမိတာလဲ”
“အဝါရောင်ကြာနယ်မြေက အားနည်းတယ်၊ ကြမ်းကြုတ်သားရဲတွေနဲ့ မွေးဖွားဇယားချပ်သားရဲတွေက ဒီနေရာဆီ ဆွဲဆောင်ခံရမှာမဟုတ်ဘူး၊ ဒီတော့ ကျင့်ကြံဖို့နေရာကောင်းတစ်ခုပဲ၊ ဒါ့အပြင် မင်းက ပင်လယ်သားရဲဘုရင်ရဲ့ အသက်ဓာတ်နှလုံးသားရှိနေပြီဆိုတော့ အသက်ဓာတ်နှလုံးသားရဖို့ စိတ်ပူစရာမရှိဘူး၊ အရေးအကြီးဆုံးက မင်းရဲ့ခန္ဓာကိုယ်ထဲက မဟာလေဟာနယ်စွမ်းအင်ကို အသက်သွင်းဖို့ အရင်းအမြစ်တွေကို သုံးဖို့ နည်းလမ်းရှာလိုက်မယ်”
လုလီက ပြောလိုက်သည်။
ကျူးဟုန်ကုန်းက လုလီကိုကြည့်စဉ် ခံစားချက်များ ရှုပ်ထွေးလာတော့သည်။ သူက မေးလိုက်တော့၏။
“ခင်ဗျား ကျုပ်ကို ဘာကြောင့် ကူညီပေးနေတာလဲ”
ကျူးဟုန်ကုန်းသည် ကမ္ဘာပေါ်၌ အခမဲ့နေ့လည်စာကဲ့သို့ အရာမရှိကြောင်း သူ၏စစ်ရှစ်ရှိုး သူ့ကို ပြောပြခဲ့ဖူးတာကို အမှတ်ရသွားသည်။
လုလီသည် ကျူးဟုန်ကုန်းကို ကြည့်ပြီး လေးနက်တည်ကြည်စွာပြောလိုက်၏။
“မင်းက မင်းအသက်ကို စွန့်စားပြီး ငါ့ကို ကယ်တင်ခဲ့တာ၊ စိတ်မပူနဲ့၊ မင်းဆီက တစ်ခုခုလိုချင်ရင် မင်းကိုကယ်ဖို့ ငါ့အသက်ကို ဘာကြောင့်စွန့်စားမှာလဲ၊ အဆုံးမဲ့သမုဒ္ဒရာထဲမှာ မင်းသေနေမှာကို ကြည့်နေမှာပေါ့”
ကျူးဟုန်ကုန်းက ခေါင်းကုပ်လျက် လုလီ၏စေတနာကို သံသယဝင်မိတာ ရှက်သွားသည်။ ခဏအကြာတွင် သူသည် စွမ်းအင်အရံအတားကို ပယ်ဖျက်လိုက်၏။ ပြီးနောက်သူက လှည့်ပတ်ကြည့်ကာ လူအုပ်ကြီးကို ရင်ဆိုင်လိုက်တော့သည်။
သူ့စိတ်ထဲရှိ ရှစ်စွင်း၏ပုံရိပ်ဖြင့် ကျူးဟုန်ကုန်းသည် လည်ချောင်းရှင်းကာ လက်နောက်ပစ်လျက် အရှေ့သို့လျှောက်သွားပြီးနောက် ပြောလိုက်သည်။
“မင်းတို့အားလုံးထပြီး စကားပြောလို့ရပြီ”
“ကျေးဇူးပါ ဂိုဏ်းချုပ်”
လူအုပ်ကြီးသည် ကျူးဟုန်ကုန်းကို ကျေးဇူးတင်ပြီးနောက် ထရပ်လိုက်သည်။
“မင်းတို့အားလုံး ကြောက်လန့်ပြီး အညံ့ခံတယ်ဆိုတာ သိတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စမရှိဘူး၊ အချိန်က စကားပြောသွားမှာ”
ပြီးနောက် သူကပြောလိုက်၏။
“ငါပင်ပန်းနေပြီ”