← Chapters

အခန်း (၈၈၉-၈၉၁)

Vol. 60 Ch. 889-891

အခန်း (၈၈၉-၈၉၁)

Vol. 60 Ch. 889-891

အခန်း (၈၈၉) မင်းဘယ်သူလဲ

လုကျိုး၏ရင်ထဲ ထိတ်ကနဲဖြစ်သွားလေ၏။ မိစ္ဆာကောင်လား။ သူ့ကို ရှာတွေ့သွားပြီလား။

တစ်ချိန်ထဲတွင် လေထဲ၌ မိုးချိန်းသံတစ်သံကြားလိုက်ရသည်။

ချော်ရည်များသည် မီးနဂါးတစ်ကောင်က ပင်လယ်ရေမျက်နှာပြင်ထဲမှ ဖောက်ထွက်လာသည့်ပမာ လေထဲမြင့်တက်လာတော့သည်။

ကြမ်းတမ်းခက်ထန်သားရဲ၏ အသက်ဓာတ်နှလုံးသားမှ မီးခုခံမှုစွမ်းရည်ရထားသော လုကျိုးကတောင် သူ၏မီးခုခံမှုတိုးမြှင့်ပြီးသည့်တိုင် ချော်ရည်မှ အပူဒဏ်ကို ခံစားမိသည်။ အနီရောင်ရေလှိုင်းပမာ သားရဲပျံတစ်ကောင်သည် လေထဲ တောင်ပံတဖျပ်ဖျပ်ခတ်ကာ ကောင်းကင်ထဲကနေ ချော်ရည်များ ရွာသွန်းကျစေတော့သည်။

မွေးဖွားဇယားချပ်သားရဲလား။ လုကျိုးသည် ထိတ်လန့်အံ့အားသင့်သွား၏။ ၎င်း၏ အရှိန်အဝါအရ ဤသားရဲကြီးသည် အနည်းဆုံးတော့ သက်တမ်း၁၅၀၀ရှိမည်ဟု သူ တွက်ချက်မိသည်။ သူသည် အချိန်အတော်ကြာသည့်တိုင် ဘာမှ ရှာမတွေ့ခဲ့။ ယီယောင်က ဤမျှလျင်မြန်စွာ ရှာတွေ့လိမ့်မည်ဟု သူ မထင်ထားပေ။

မီးလျှံများက ယီယောင်၏ စွမ်းအင်အရံအတားပေါ်၌ ပေါ်လာသည်။ ချော်ရည်များကို သူက ဆက်လက်ဟန့်တားထားသည်။ ချော်ရည်မိုးသည် စွမ်းအင်အရံအတားပေါ် ရွာသွန်းကျနေသော်ငြား အရံအတားသည် ခိုင်မာသော ခံတပ်တစ်ခုကဲ့သို့ဖြစ်နေသည်။

ယီယောင်သည် လုကျိုးကို ရှာမတွေ့တာ သိသာသွားပြီဖြစ်သည်။

သို့သော် လုကျိုးက ယခုပြဿနာအသစ်ကြုံတွေ့နေရသည်။ ချော်ရည်မိုးကို တားရန်အတွက် သူသည် ကနဦးချီကို အသုံးပြုရမည်။ လေထဲမော့ကြည့်လိုက်ပြီးနောက် သူသည် ထူးကဲအံ့ဖွယ်စွမ်းအားကို အသုံးပြုလိုက်၏။ ချော်ရည်များ သူ့အပေါ်ရွာသွန်းမကျခင် ထူးကဲအံ့ဖွယ်စွမ်းအားက ၎င်းကို ဖယ်ရှားပြီးဖြစ်သည်။

တစ်ဖက်တွင်မူ ယီယောင်သည် တောင်ပံတဖျပ်ဖျပ်ခတ်နေသော မွေးဖွားဇယားချပ်သားရဲကို ကြည့်ပြီး အသံနက်နက်ဖြင့် ပြောလိုက်၏။ “ကြက်သွေးရောင်ရစ်ငှက်လား။ မဆိုးဘူးပဲ”

ယီယောင်နှင့် ကျန့်ရှောင်ရှန်းတို့ စကားပြောခန်းအရ အနက်ရောင်ကြာနယ်မြေသည် အနီရောင်ကြာနယ်မြေထဲတွင် အစီအရင်အမျိုးမျိုးဖြင့် မွေးဖွားဇယားချပ်သားရဲများကို လက်ဝါးကြီးအုပ်ထားတာ သံသယဖြစ်ဖွယ်မရှိပေ။ သို့သော် လုလီသည် ထိုအချိန်က သူ့ကို ကြမ်းတမ်းခက်ထန်သားရဲ၏ မွေးဖွားဇယားချပ် နှလုံးသား အဘယ်ကြောင့် ပေးခဲ့ရသနည်း။ ထိုအရာအပြင် ချော်ရည်အောက်၌ အနီရောင်ကြာနယ်မြေဆီ လမ်းကြောင်းက အမှန်တကယ် တည်ရှိနေသည်လော။

ထိုစဉ် ကြက်သွေးရောင်ရစ်ငှက်က စူးရှစွာအော်လိုက်လေရာ ကောင်းကင်ချားချိုင့်ဝှမ်းကို လှုပ်ခါသွားစေသည်။

ယီယောင်သည် ကြက်သွေးရောင်ရစ်ငှက်ကို ဖြေရှင်းရန် နည်းလမ်းများစွာရှိ၏။ ယခုအချိန်တွင် သူက တလက်လက်တောက်ပနေသော ချိန်းကြိုးဖြင့် ကြက်သွေးရောင်ရစ်ငှက်ဆီ ကြိုးကွင်းပစ်ရန် ကြိုးစားလိုက်သည်။ လေထဲတွင် တောက်ပနေသော ချိန်းကြိုးက ကြက်သွေးရောင်ရစ်ငှက်ဆီသို့ ကူးခတ်နေသော နဂါးတစ်ကောင်ပမာ တိုးဝင်သွားသည်။

ကြက်သွေးရောင်ရစ်ငှက်သည် ခြိမ်းခြောက်မခံရပေ။ ထိုအစား ၎င်းသည် တောင်ပံခတ်လျက် ယီယောင်ဆီသို့ ပျံသန်းလာတော့သည်။

ဘီး

ယီယောင်သည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ချက်ချင်းဖွဲ့တည်လိုက်၏။

မွေးဖွားဇယားချပ်ငါးခု၊ ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်သည် ကြက်သွေးရောင်ရစ်ငှက်ကို တုန်လှုပ်သွားစေပြီး နောက်ရောက်သွားစေသည်။ ထိုစဉ် ဂူနံရံမှ ကျောက်တုံးများ လှိမ့်ကျလာတော့သည်။

လုကျိုးက မျက်မှောင်အနည်းငယ်ကျုံ့လိုက်၏။ သူ၏ ထူးကဲအံ့ဖွယ်စွမ်းအားသည် သူ့အတွက် နောက်ဆုံးကျန်သည့်အရာဖြစ်သည်။ ၎င်းကို ခဏတာစဉ်းစားပြီးနောက် သူသည် ခရမ်းရောင်တောက်ပသံကျောက်ဖြင့် နောက်ဆုတ်လိုက်၏။

ယီယောင်က ကြက်သွေးရောင်ရစ်ငှက်ကို တိုက်ခိုက်နေသေးဆဲဖြစ်သည်။ သူ၏ကျင့်ကြံမှုဖြင့် ကြက်သွေးရောင်ရစ်ငှက်သည် အလွန်ကြာရှည်စွာ တောင့်ခံနိုင်လိမ့်မည်။

လုကျိုးသည် စစ်မြေပြင်ကနေ အဝေးကို ဆက်ကြည့်နေ၏။

ယီယောင်၏လက်ထဲရှိ တောက်ပနေသော ချိန်းကြိုးက ကြက်သွေးရောင်ရစ်ငှက်ပေါ် အောင်မြင်စွာ ကျရောက်လာပြီးနောက် အနီရောင်နှင့် အနက်ရောင်တောက်ပနေပြီး ၎င်းကို ချည်နှောင်လိုက်တော့သည်။

ထန်း ထန်း ထန်း

သတ္တုခြင်းထိခတ်သော အသံက လေထဲတွင် ပေါ်ထွက်လာပြီး ကြက်သွေးရောင်ရစ်ငှက်က လေထဲတွင် ရုန်းကန်နေလျက် မိုးနှင့်မြေတွင် ပဲ့တင်သံထွက်သွားစေသော စူးရှသည့် အော်သံတစ်သံ ထွက်ပေါ်လာ၏။ ကံကောင်းသည်မှာ လုကျိုးသည် ကောင်းကင်ကျမ်းစာမှ အသံတိတ်စွမ်းအားကို ရရှိထား၏။ ထို့ကြောင့် သူသည် ကြက်သွေးရောင်ရစ်ငှက်၏ အသံနည်းစနစ်ကို ပိတ်ထားနိုင်သည်။

အနက်ရောင်ကြယ်တာရာတိုက်ကွက်က စတင်လည်နေတော့သည်။ ဧရာမကြယ်တာရာ တိုက်ကွက်ပေါ်တွင် သိသာသော အပိုင်းငါးခုက လင်းထိန်လာ၏။ တြိဂံသဏ္ဌာန်က ထွန်းလင်းလာပြီးနောက် မွေးဖွားဇယားချပ်ကလည်း တောက်ပလာသည်။

ယီယောင်၏ ကြယ်တာရာတိုက်ကွက်ကို ကြည့်ပြီးနောက် တြိဂံ၃၆ခုက ဧရာမ ကြယ်တာရာ တိုက်ကွက်နားတွင် ဖွဲ့တည်ပြီး တြိဂံတိုင်းသည် မွေးဖွားဇယားချပ်တစ်ခုကို ကိုယ်စားပြုကြောင်း လုကျိုးအတည်ပြုလိုက်နိုင်ပြီဖြစ်သည်။ ထို့အပြင် ထိုတြိဂံများ၏ နှင့် မွေးဖွားဇယားချပ်သည် အစတည်းက အစဉ်လိုက်စီမံထားတာ သိသာသည်။

ယခုအချိန်၌ လုကျိုးသည် လုလီသူ့အားပေးခဲ့သည့် အဝတ်စ၏အရေးပါမှုကို တိတိကျကျခံစားမိလိုက်သည်။ ထိုအရာကြောင့်သာ မဟုတ်လျှင် သူသည် ဘာမှမမြင်ဘဲ ပျံသန်းနေရမှာဖြစ်သည်။ အသက်ဓာတ်နှလုံးသားထားရန် နေရာအမှန်ကို ဆုံးဖြတ်နိုင်မှာမဟုတ်။

ဘီး

ယီယောင်သည် သူ၏ ကြယ်တာရာဒိုင်ခွက်ကို အသက်သွင်းလိုက်သောအခါ လေထဲ၌ ဆူညံသံတစ်သံပေါ်ထွက်လာ၏။ ကြယ်တာရာဒိုင်ခွက်ပေါ်ရှိ တြိဂံ၃၆ခုက လင်းလာပြီး မွေးဖွားဇယားချပ်ငါးခု၏ ထင်ရှားသော အပိုင်းငါးခုသည် ထွန်းလင်းတောက်ပလာတော့သည်။ မျက်စိတမှိတ်အတွင်း အနက်ရောင်အလင်းတန်းငါးခု ပစ်ထုတ်လိုက်၏။

အနက်ရောင်အလင်းတန်းငါးခုသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီးနောက် တင်းကြပ်စွာ ချည်နှောင်ထားသော ကြက်သွေးရောင်ရစ်ငှက်၏ ရင်ဘတ်ကို ထိုးဖောက်သွားသည်။ ဤနည်းဖြင့် ကြက်သွေးရောင်ရစ်ငှက်သည် ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားသည်။

သူ စုဆောင်းထားသည့် သတင်းအချက်အလက်အားလုံးနှင့် သူ၏ကိုယ်ပိုင်စိတ်ဝိညာဉ်သဏ္ဌာန်ကို လေ့လာထားပုံအရ လုကျိုးသည် ကြာပလ္လင်က မွေးဖွားနန်းဆောင်ဟု ခေါ်မှန်းသိသည်။ မွေးဖွားနန်းဆောင်၏အလယ်တွင် မွေးဖွားချပ်ပြားဖွဲ့တည်ရန်အတွက် တြိဂံ၃၆ခုရှိပြီး ၎င်းသည် မွေးဖွားဇယားချပ်နှလုံးသားထားရန်ဖြစ်သည်။ တြိဂံ၃၆ခုက အစဉ်လိုက်ထားရှိပြီး မွေးဖွားဇယားချပ်များကို ကိုယ်စားပြု၏။ စိတ်ဝိညာဉ်သဏ္ဌာန်၏ နောက်ကျော၌ ကြယ်တာရာဒိုင်ခွက်မဖွဲ့တည်ခင် ထိုအရာအားလုံးက ထွက်ပေါ်လာလိမ့်မည်။

ဤဖြစ်စဉ်ပြီးနောက် ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်နိုင်လိမ့်မည်။ မွေးဖွားချက်ပြသည့် ကြယ်တာရာဒိုင်ခွက်ဖြင့်ပေါ်ထွက်လာပြီးနောက် မွေးဖွားဇယားချပ်၏ စွမ်းအားကို ထုတ်လွှင့်လိုက်မည်။

လုကျိုးသည် ထို့နောက် တောက်ပသံကျောက်ထဲသို့ သူ၏ ထူးကဲအံ့ဖွယ်စွမ်းအားကို ဆက်တိုက်ထည့်နေပြီး သူ့ရှေ့ရှိမြင်ကွင်းကို ကြည့်နေ၏။ ယီယောင်သည် သူ၏ချို့တဲ့မှုကို သူ့ကို သဘောပေါက်နားလည်သွားအောင် ဖွင့်ပေးသည်။

ရှေးစာအုပ်များဖတ်ကြည့်ပြီး မွေးဖွားဇယားချပ်ပေါ် လီယွင်ကျန်း၏ ရှင်းပြချက်များကို နားထောင်ပြီး လုကျိုးသည် မွေးဖွားဇယားချပ်အသက်သွင်းရန် နည်းလမ်းကို စီမံနိုင်ခဲ့၏။ သို့သော်ငြား ဘုံတစ်ထောင် စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ယှဉ်တွဲတိုက်ခိုက်ရာတွင် ဖြစ်စေ သို့မဟုတ် စိတ်ဝိညာဉ်သဏ္ဌာန်၏ စွမ်းအားကို အသုံးချရာတွင် ဖြစ်စေ သူသည် အတွေ့အကြုံသိပ်မရှိပေ။ ထို့ကြောင့် သူ၏အရည်အချင်းက မူလအခြေခံသာဖြစ်နေသည်။ ထို့ကြောင့် အစောတုန်းက ယီယောင်သည် စွမ်းအင်များကို တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းလိုက်တာကို သူ မြင်သွားသောအခါ သူ၏မျက်လုံးများ လက်သွားတာပဲဖြစ်သည်။

ထိုစဉ် ဂူထဲရှိ အပျက်အစီးပုံ၏ ရုတ်ရုတ်သဲသဲသည် ယခင်ကလောက် မကျယ်ပေ။

“မိစ္ဆာကောင် မင်းက ခုခံချင်သေးတာလား” ယီယောင်သည် ကြက်သွေးရောင်ရစ်ငှက်ဆီ ပျံသန်းသွား၏။ သူက ညာလက်ကို မြှောက်လိုက်ပြီး အနက်ရောင်စွမ်းအင်ဓားက သူ့လက်ထဲတွင် ပေါ်လာ၏။ အချိန်ဖြုန်းမနေတော့ဘဲ သူသည် ဓားကို ကြက်သွေးရောင်ရစ်ငှက်၏ ရင်ဘတ်ဆီ ထိုးစိုက်လိုက်တော့သည်။

ယီယောင်သည် အနက်ရောင်စွမ်းအင်ဓားကို ထိုးထည့်လိုက်သည်နှင့် ဒဏ်ရာထဲမှ သွေးများပန်းထွက်လာတော့သည်။ သွေးရောင်သည် ပတ်ဝန်းကျင်ရှိ ချော်ရည်ထဲပြည့်သွားစေသည်။ သို့သော်ငြား လေထဲ၌ သွေးက ပေတဝက်ခန့်သာကျပြီး ချော်ရည်၏ မြင့်မားလှသော အပူရှိန်ကြောင့် ငွေ့ရည်ပြန်သွားတော့သည်။

ကြက်သွေးရောင်ရစ်ငှက်သည် နောက်ဆုံးတစ်ကြိမ် သနားစဖွယ်အော်လိုက်ပြီးနောက် ၎င်း၏ ခေါင်းသည် ငိုက်စိုက်ကျသွားတော့သည်။

ထိုစဉ် ယီယောင်သည် ကြက်သွေးရောင်ရစ်ငှက်၏ ရင်ဘတ်မှ အနက်ရောင်ဓားကို ပြန်ဆွဲထုတ်လိုက်သည်။ သို့သော်ငြား ဓားထိပ်ဖျားက ယခုဆို ချိတ်ကောက်ကဲ့သို့ ကွေးနေပြီးဖြစ်သည်။ ကြက်သွေးရောင်ရစ်ငှက်၏ အသက်ဓာတ်နှလုံးသားသည် ချိတ်ကောက်ထိပ်၌ ချိတ်ဆွဲနေ၏။

ယီယောင်သည် ကျေနပ်နေသော အမူအရာဖြင့် အသက်ဓာတ်နှလုံးသားကို ကြည့်ပြီး သူ့ဖာသာသူရေရွတ်ပြောလိုက်၏။

“မင်းကို သတ်တာအတွက် ငါ့ကို အပြစ်မတင်နဲ့။ လူသားတွေကို အဆာပြေအနေနဲ့ မင်းကို ဘယ်သူက စားခိုင်းလို့လဲ”

ပြီးနောက် ယီယောင်သည် သူ၏အိတ်ကပ်ထဲ အသက်ဓာတ်နှလုံးသားကို ထည့်ကာ ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ကို ရုတ်သိမ်းလိုက်သည်။ ထူးဆန်းသည်မှာ သူသည် ရေထဲ၌ သူ၏တောက်ပသော ချိန်းကြိုးများ ချည်နှောင်ခံထားရသော ကြက်သွေးရောင်ရစ်ငှက်၏ အလောင်းကို လှမ်းကြည့်မိချိန် သူ၏လေသံထဲ၌ ရှုံ့ချသံဖြင့် ဆက်ပြောလိုက်သည်။

“လူသားတွေကို သတ်ပြီးနောက် မွေးဖွားဇယားချပ်သားရဲတွေက အပြစ်ရှိသလို ခံစားရလို့လား။ မခံစားရဘူးလေ။ ဒီတော့လူသားတွေက မွေးဖွားဇယားချပ်သားရဲကို သတ်ပြီးရင် အပြစ်မကင်းသလို မဖြစ်သင့်ဘူး။ ဆူပွက်မှုအားလုံးက တစ်ခုတည်းရှိတယ်။ အားနည်းတာအတွက် ကိုယ့်ကိုကိုယ်အပြစ်တင်ဖို့ပဲရှိတယ်။ လူသားဖြစ်ဖြစ် သားရဲဖြစ်ဖြစ်ပေါ့”

ထန်း

ယီယောင်သည် ကြက်သွေးရောင်ရစ်ငှက်ကို ထိန်းချုပ်ထားသော တောက်ပသည့်ချိန်းကြိုးကို လွှတ်လိုက်ရာ ၎င်းသည် ချက်ချင်းပြုတ်ကျသွား၏။

ဖုန်း

ကြက်သွေးရောင်ရစ်ငှက်၏ အလောင်းသည် ချော်ရည်ထဲပြုတ်ကျသွားသောအခါ ၎င်းသည် ချော်ရည်လှိုင်းများပေါ်ထွက်လာစေပြီး နေရာအနှံ့ချော်ရည်စက်များ ပြန့်ကားစေ၏။

ယီယောင်သည် ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ကို ထပ်မံဖွဲ့တည်ပြီး ချော်ရည်များကို ဟန့်တားလိုက်၏။

အစတည်းက တောင်ကြားသည် လုကျိုးနှင့် ယွီချန်းရှု၏ တိုက်ပွဲကြောင့် ပျက်စီးနေပြီဖြစ်သည်။ ယီယောင်နှင့် ကြက်သွေးရောင်ရစ်ငှက်တို့၏ တိုက်ပွဲပါ ထပ်ပေါင်းထည့်လိုက်သည့်အခါ အခြေအနေပိုဆိုးသွားတော့၏။ ပြိုလဲသွားတော့မည့် သဘောပါရှိသည်။

အရွယ်အစားမျိုးစုံကျောက်တုံးများ စတင်လိမ့်ကျလာပြီးနောက် နေရာတစ်ခုလုံး စတင်လှုပ်ခါလာတော့သည်။

“ဒါက”

လုကျိုးသည် မွေးဖွားဇယားချပ်သားရဲဖြင့် သိုင်းပညာရှင်ကို မကြောက်ပေ။ သို့သော် အချိန်အတော်ကြာသည်အထိ ရန်သူကို စီမံရန် မလိုသေးဟု ခံစားမိသည်။ သို့သော် ဤနေရာ ထပ်ပြိုလဲတော့မည်ဟု သူ မထင်ပေ။ ကျောက်တုံးများ နေရာအနှံ့လိမ့်ကျလာပြီး ၎င်းတို့က ချော်ရည်ထဲကျသောအခါ တဗွမ်းဗွမ်းဖြစ်ကုန်၏။

ထိုစဉ် လုကျိုးက ယီယောင်ကို ကြည့်လျက် ပြုတ်ကျလာသော ကျောက်တုံးတချို့ကို ရှောင်လိုက်သည်။

ယီယောင်သည် လုကျိုးကို လုံးဝသတိမပြုမိဘဲ လမ်းညွှန်အမှတ်အသားဆီပျံသန်းသွား၏။ ပြီးနောက် သူ၏လက်ဖြင့် အမှတ်အသားကို ရိုက်ချလိုက်ရာ ကျောက်တုံးများ ပိုတောင် ပြိုကျလာစေသည်။

လုကျိုး “...”

ယီယောင်၏လက်က လမ်းညွှန်အမှတ်အသားပေါ်တွင် ရှိသေး၏။ သူက အမှတ်အသားကို တွန်းလိုက်ရာ ၎င်းသည် ကျောက်နံရံထဲ ပိုတောင်နစ်ဝင်သွား၏။ ကျောက်တုံးများ ပိုတောင် ကျလာတော့သည်။

ယီယောင်သည် ပြုတ်ကျလာသော ကျောက်တုံးများကို ပိတ်ဆို့ရန် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်သာလိုသည်။

တစ်ဖက်တွင်မူ လျှို့ဝှက်စွာနေရန် ကြိုးစားနေသော လုကျိုးက သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဝါကြွားစွာ ထုတ်ပြဖို့က မဖြစ်နိုင်ပေ။ သူသည် သူ၏ကိုယ်ဖော့သိုင်းကိုသုံးပြီး ဘယ်ညာရှောင်နေရ၏။ ရုတ်ရုတ်သဲသဲဖြစ်ရပ်ကြောင့် ဖြစ်ဟန်တူသည် ယီယောင်သည် လုကျိုးကို ရှာမတွေ့သေးပေ။ ခဏအကြာတွင် ကျောက်တုံးများအားလုံး ပြုတ်ကျသွားပြီဟု ထင်ရချိန်၌ နောက်ဆုံး၌ ငြိမ်ကျသွားတော့သည်။

ယီယောင်သည် လမ်းညွှန်အမှတ်အသားပြုလုပ်သည့်နေရာကို စစ်ဆေးပြီးနောက် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ပြီးနောက် သူက လှည့်ကြည့်ကာ အဝေးသို့ ပျံသန်းသွားသည်။

လုကျိုးက စိတ်ရှုပ်ထွေးသွား၏။ ယီယောင်က အနီရောင်ကြာနယ်မြေဆီမှာ နေဖို့ ကြိုးစားနေတာလား။ ဒါမှမမဟုတ် ချော်ရည်အောက်မှာ အနက်ရောင်ကြာနယ်မြေဆီလမ်းကြောင်း မရှိတာလား။ ချော်ရည်အောက်မှ အနက်ရောင်ကြာနယ်မြေဆီလမ်းကြောင်းက ချော်ရည်အောက်မှာ မဟုတ်တာလား။

ယခု ယီယောင်ထွက်သွားပြီဖြစ်သောကြောင့် လုကျိုးသည် ပုန်းနေရာမှ ထွက်လာကာ လမ်းညွှန်အမှတ်အသားဆီ ပျံသန်းသွား၏။ အမှတ်အသားပေါ်ရှိ ပုံသဏ္ဌာန်က ယီယောင်သည် ၎င်းကို ကျောက်နံရံထဲ ပိုနစ်ဝင်အောင် တွန်းပြီးနောက် သိသာလာပြီဖြစ်သည်။ ၎င်းသည် လမ်းညွှန်အမှတ်အသားဆိုတာ သေချာသွားပြီဖြစ်၏။

လုကျိုးသည် သူ့ခြေထောက်အောက်ရှိ ချော်ရည်ကို ကြည့်ပြီး သူ့ဖာသာသူ ရေရွတ်ပြောလိုက်တော့သည်။ “ဒီတော့ ဝင်ပေါက်က ချော်ရည်အောက်မှာလား”

လုကျိုးအသံ ပေါ်ထွက်ပြီး မကြာမီ၌ အနည်းငယ်ဇဝေဇဝါဖြစ်မှုရောနေသော တည်ငြိမ်သည့်အသံက အမှောင်ထုထဲမှ ထွက်ပေါ်လာသည်။

“မင်း မင်းက ဘယ်သူလဲ” လုကျိုးသည် အသံလာရာဖက်ကို လှည့်ကြည့်လိုက်ရာ မျက်နှာထက်တွင် အပြုံးတစ်ပွင့်ဖြင့် ယီယောင်ပျံသန်းလာပြီး မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ရှိနေတာကို တွေ့လိုက်ရ၏။

…

အခန်း (၈၉၀) လက်ဦးမှုယူရင်း ခိုးယူခြင်းနှင့် သတ်ဖြတ်ခြင်း

လုကျိုးက ယီယောင်၏ အသံကို ကြားလိုက်စဥ် သူ့နှလုံးခုန်နှုန်း အတက်အကျ ကြီးကြီးမားမား မရှိပေ။ စောစောလေးက ယီယောင်၏ တိုက်ပွဲပေါ် မူတည်၍ လုကျိုးသည် မွေးဖွားဇယားချပ် ၂ခုနှင့် ၅ခုကြားမှ ကွာဟချက်ကို ပြောနိုင်လေသည်။ ထို့ကြောင့် သူ့တည်ရှိမှုကို စောစောစီးစီး ရှာတွေ့သွားလျှင်ပင် အံ့သြစရာတော့ မဟုတ်ပေ။ သို့သော်လည်း ယီယောင်က ဤမျှသတိကြီးလိမ့်မည်ဟု ထင်မထားမိပေ။

လုကျိုးက မေးလိုက်၏။

“ငါ့တည်ရှိမှုကို စောစောလေးကတည်းက သိသွားတယ် မဟုတ်ဘူးလား”

“မဟုတ်ဘူး” ယီယောင်က ခေါင်းယမ်းကာ အရိုးသားဆုံး တုံ့ပြန်လိုက်သည်။

“လမ်းညွှန်အမှတ်သားက အမြဲတမ်း အရေးကြီးတယ်။ ကျုပ်က ကိစ္စတွေကို ဖြေရှင်းတဲ့အခါမှာ သတိကြီးကြီးထားလေ့ရှိရုံပဲ”

ယီယောင်က သူ့လုပ်ဆောင်လုပ်နည်း ရှိလေသည်။

သို့သော်လည်း ထိုအရာက ထူးခြားအံ့ဖွယ်စွမ်းအားသည် ယုံကြည်ဖို့ ကောင်းကြောင်း သတ်သေပြနေလေ၏။

လုကျိုးက ထပ်မေးလိုက်သည်။

“ကျန့်ရှောင်ရှန်းက မင်းတို့ထဲက တစ်ယောက်လား”

ယီယောင်က ထိုမေးခွန်းကို ပြန်မဖြေပေ။ ထိုအစား သူက ပြောလိုက်သည်။

“ကြည့်ရတာ ခင်ဗျားက အကုန်ကြားသွားတဲ့ပုံပဲ။ ကျုပ်ရဲ့ အာရုံခံစားမှုအောက်ကနေတောင် ဖုံးကွယ်ထားနိုင်တယ်ဆိုတော့ ခင်ဗျားရဲ့ ကျင့်ကြံဆင့်က နက်နဲလိမ့်မယ်”

“သာမန်ပါပဲ” လုကျိုးက ဝေဝေဝါးဝါးသာ ပြန်ဖြေလိုက်သည်။ မွေးဖွားဇယားချပ် ၅ခုပိုင်ရှင်ရှေ့တွင် သူက ဘာမှကြွားဝါနေစရာ မရှိပေ။

ယီယောင်က မေးလိုက်၏။

“ဒီကို လာတဲ့ ရည်ရွယ်ချက်က ဘာလဲ”

“မွေးဖွားဇယားချပ် သားရဲကို လာရှာရုံပဲ”

ယီယောင်က ခေါင်းညိတ်ကာ “ကံဆိုးတာက မွေးဖွားဇယားချပ် သားရဲတွေကို ကျုပ်သတ်လိုက်ပြီးပြီ”

လုကျိုးက အဖြေကို သိနေသော်လည်း မေးလိုက်သည်။ “အနီရောင်ကြာနယ်မြေမှာရှိတဲ့ မွေးဖွားဇယားချပ် သားရဲတွေ အကုန်လုံးကို မင်းက အုပ်စိုးထားတာလား”

“ဟုတ်တယ်။ ဒါက အနီရောင်ကြာနယ်မြေကို ကာကွယ်ဖို့ပဲ။ မွေးဖွားဇယားချပ် သားရဲ ပမာဏတစ်ခု ရှိထားတဲ့ အချိန်မှာ သားရဲဒီရေလှိုင်းကို ဖြစ်ပေါ်စေပြီးတော့ အားကောင်းတဲ့ သားရဲဘုရင်တွေ ထွက်ပေါ်လာလိမ့်မယ်။ မွေးဖွားဇယားချပ် သားရဲဖြစ်ဖြစ် သားရဲဘုရင်ဖြစ်ဖြစ် ကျုပ်တို့က ဖြေရှင်းနိုင်တယ်”

လုကျိုးက အသက်ပြင်းပြင်းရှူကာ ခေါင်းအသာယမ်းလိုက်၏။

ယီယောင်က မေးလိုက်သည်။

“ခင်ဗျားဆီမှာ အကြံပြုစရာ ရှိလို့လား”

လုကျိုးက ပြောလိုက်၏။

“ဝံပုလွေသားကို စားရတာ ကြိုက်တဲ့ အမဲလိုက်မုဆိုးတစ်ယောက် ရှိဖူးတယ်။ တစ်ရက်ကျ မုဆိုးက သိုးတွေနဲ့ ဝံပုလွေကို ဆွဲဆောင်နိုင်တယ်ဆိုတာကို သိသွားတယ်လေ။ အဲဒါကြောင့် သူက သိုးအုပ်ကို စောင့်ကြပ်ကာကွယ်ဖို့ လူတွေကို စေလွှတ်ပြီးတော့ အခွင့်အခါကောင်းကို စောင့်ဆိုင်းခဲ့တယ်။ လူတွေက သိုးတွေကို အစာကျွေးဖို့တောင် မလုပ်ဘူးလေ။ သိုးတွေက သူတို့ဘာသာသူတို့ ကောင်းကောင်းရှင်သန်နိုင်တယ်”

ယီယောင်က ဖြတ်ပြောလိုက်သည်။

“စိတ်ဝင်စားစရာ ကောင်းသားပဲ။ ဒါပေမဲ့ ခင်ဗျားက သိုးတစ်ကောင် မဟုတ်ဘူး”

လုကျိုးက ဆက်ပြောလိုက်သည်။

“တစ်ရက်ကျ သိုးအုပ်စုက သူတို့တွေက ဝံပုလွေကို စားရင်းနဲ့ ဝံပုလွေ ဖြစ်လာနိုင်တယ်ဆိုတာကို သိလာကြတယ်။ အဲဒါက မုဆိုးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တယ်။ အဆုံးသတ်မှာ မုဆိုးက ရွေးချယ်စရာ မရှိဘဲ သိုးတွေဆီကနေ ဝံပုလွေကို ဝေးဝေးထားဖို့ ဆုံးဖြတ်လိုက်ရတယ်”

ယီယောင်က ခေါင်းညိတ်ကာ “ဒါပေမဲ့ ဝံပုလွေအဖြစ် ပြောင်းလဲနိုင်တဲ့ ဉာဏ်များတဲ့ သိုးတွေကတော့ အမြဲတမ်းရှိနေအုံးမှာပဲ။ အဆုံးသတ်မှာ မုဆိုးက သူ့ရဲ့ ဘေးကင်းမှုကို သေချာစေဖို့ ရှင်းထုတ်ပစ်ရမှာပဲ”

ထိုစဥ် သုသာန်တစပြင်အလား တိတ်ဆိတ်သွား၏။

ယီယောင်က လုကျိုးအား မျက်တောင်မခတ်ဘဲ စိုက်ကြည့်လိုက်သည်။

လုကျိုးက ယီယောင်၏ အကြည့်ကို ပြန်ကြည့်လိုက်ပြီး မေးလိုက်သည်။

“အဲဒါဆိုတော့ ငါ့ကို ဖယ်ရှားပစ်ချင်တာလား”

“အဲဒီလိုပါပဲ။ ဒါပေမဲ့ အရာအားလုံးအတွက် ခြွင်းချက်ဆိုတာ ရှိတယ်။ သိုးတွေ အကုန်လုံးက ဝံပုလွေအဖြစ် ပြောင်းလဲသွားနိုင်တာတော့ မဟုတ်ဘူးလေ။ တချို့က မုဆိုး တိုက်ရိုက်ဖြစ်လာနိုင်ချေ ရှိတယ်”

“ဟမ်”

“ကျန့်ရှောင်ရှန်းက အားနည်းပြီးတော့ တုံးအတယ်။ သူက အနီရောင်ကြာနယ်မြေမှာ ငါတို့အတွက် မသင့်တော်ဘူး” ယီယောင်က ပြောလိုက်သည်။

လုကျိုးက မေးလိုက်၏။

“ငါ့ကို ကျန့်ရှောင်ရှန်းရဲ့ နေရာ တာဝန်ယူစေချင်တာလား”

“ဟုတ်တယ်”

“အကျိုးအမြတ်ကရော”

“ခင်ဗျားကို မုဆိုးတစ်ယောက် ဖြစ်ခွင့်ပေးပြီးတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးလက်နက်ကို ပေးနိုင်တယ်” ယီယောင်က ပြောလိုက်သည်။

“ဒါပေမဲ့ ကမ္ဘာပေါ်မှာ အလကားရတဲ့ အရာဆိုတာ မရှိဘူး။ ခင်ဗျား ရထားသလောက် ပြန်လည်ပေးရမှာပဲ။ အဲဒါမတိုင်ခင် ဒါကို ယူသင့်တယ်” ယီယောင်က နက်မှောင်သည့် ခရမ်းရောင် သလင်းကျောက်တစ်ခုကို ထုတ်ကာ ပေးလိုက်သည်။

ထိုသလင်းကျောက်က ထူးဆန်းသည့် စွမ်းအားမျိုး ရှိနေလေသည်။

လုကျိုးက မေးလိုက်သည်။

“ဒါက ဘာကြီးလဲ”

“ဒီပစ္စည်းက ခင်ဗျားရဲ့ စွမ်းအင်ဗဟိုချက်ရဲ့ ချီပင်လယ်ထဲ ဝင်ရောက်သွားလိမ့်မယ်။ ခင်ဗျားက အနက်ရောင် မျှော်စင်အဖွဲ့အစည်းရဲ့ အလိုဆန္ဒကို မဆန့်ကျင်သရွေ့ သက်ရောက်မှုကို လှုံ့ဆော်ပေးမှာ မဟုတ်ဘူး။ မဟုတ်ရင်တော့ ခင်ဗျား သေဖို့ရာ ဆုတောင်းတဲ့အထိ ဖြစ်သွားနိုင်တယ်” ယီယောင်က လုကျိုးဆီ ခရမ်းရင့် သလင်းကျောက်ကို ပစ်ကာ ပြောလိုက်သည်။

လုကျိုးက ခရမ်းရင့် သလင်းကျောက်ကို ဖမ်းယူလိုက်၏။ သူ့လက်နှင့် ထိတွေ့သည့်အခါ သူ့တစ်ကိုယ်လုံး ပွက်ပွက်ဆူလာသလို ခံစားလိုက်ရသည်။ သူအလိုလိုသိစိတ်က ထိုသလင်းကျောက်သည် ထူးခြားသည့် သားရဲဆီမှ ဖြစ်ကြောင်း ပြောနေလေ၏။

“ယူထား” ယီယောင်က ညှိနှိုင်းမှု မရှိဘဲ ပြောလိုက်၏။

လုကျိုးက သလင်းကျောက်ကို အသာဖိကြည့်လိုက်သည်။

ဂျွတ်

ခရမ်းရင့် သလင်းကျောက်က တောင့်တင်းခြင်း မရှိဘဲ မြေပဲခွံလိုမျိုး အက်ကွဲသွားသည်။ ထိုသလင်းကျောက်ဆီမှ ခရမ်းရောင် မီးခိုးများ ထွက်ပေါ်လာ၏။ လုကျိုးက သလင်းကျောက်ကို ချော်ရည်ပူထဲ ပစ်ချလိုက်သည်။

လုကျိုးက သလင်းကျောက်ကို ဖျက်ဆီးလိုက်သည့်အခါ ယီယောင်၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ သစ်ခေါက်လိုမျိုး ဖြစ်နေသည့် ယီယောင်၏ မျက်နှာထားက အနည်းငယ် မလိုလားသည့်ဟန် ပြောင်းလဲသွားသည်။ မည်သို့ပင်ဆိုစေကာမူ လုကျိုးက ပြောလိုက်သည်။

“ငါက လွတ်လပ်ရတာကို နေသားကျနေတာ နှမြောစရာပဲ။ ဒီကမ္ဘာမှာ တခြားသူတွေကပဲ ငါ့ကို နာခံတယ်။ ငါက ဘယ်သူ့ဆီကိုမှ မနာခံဘူး”

ယီယောင်က လုကျိုး၏ အရှိန်အဝါ အပြောင်းအလဲကို ခံစားမိလိုက်သည်။

“ဉာဏ်များတဲ့ သိုးက ဉာဏ်များတဲ့ ဝံပုလွေ ဖြစ်လာရုံတင်မကဘဲ ဉာဏ်များတဲ့ မုဆိုးတစ်ယောက်အထိ ဖြစ်လာနိုင်တာပဲ။ ဘာပဲဖြစ်ဖြစ် ခင်ဗျားက သေချင်နေတာပဲ”

ဝှစ်

မွေးဖွားဇယားချပ် ၅ခု ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က လေထုအထက် ထွက်ပေါ်လာကာ ကြယ်တာရာ ဒိုင်ခွက်ကလည်း လှည့်ပတ်နေသည်။

လုကျိုးက လက်မြှောက်လိုက်ပြီးသည့်နောက် လက်ဝါးစည်းတံဆိပ် တစ်ခုကို ထုတ်ဖော်လိုက်၏။

ကြောက်ရွံ့ခြင်းမဲ့ မဟာစည်းတံဆိပ်

လုကျိုးက ထိုစည်းတံဆိပ်တွင် သူ့ထူးခြားအံ့ဖွယ် စွမ်းအားတစ်ဝက်ကို အသုံးပြုထားသည်။

ယီယောင်၏ အမူအရာက ထိုအရာကို မြင်တွေ့ပြီးသည့်နောက်တွင် ပြောင်းလဲသွား၏။

“အပြာရောင်လား”

ယီယောင်က နောက်ဆုတ်လိုက်သည်။ တစ်ချိန်တည်းဆိုသလို သူ့ပေ ၅၀၀မြင့်မားသည့် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က ၁၈၀ဒီဂရီ လှည့်ပတ်သွားပြီး ကြယ်တာရာ ဒိုင်ခွက်ကို အသုံးပြုကာ အပြာရောင် လက်ဝါးစည်းတံဆိပ်ကို တားဆီးလိုက်သည်။

ဝုန်း

ကြယ်တာရာ ဒိုင်ခွက်က အသံထွက်လာကာ ချိုင့်သွားဟန်ပေါ်သည်။

ယီယောင်က သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ထိန်းချုပ်ကာ လှည့်လိုက်၏။ သူ့ကြယ်တာရာ ဒိုင်ခွက်က မှေးမှိန်သွားလေသည်။ သူက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“ခင်ဗျားက အနီရောင်ကြာနယ်မြေက မဟုတ်ဘူးလား”

လုကျိုးက သူ့ထူးခြားအံ့ဖွယ် စွမ်းအားကို သိပ်မကျေနပ်ပေ။ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ကျင့်ကြံဆင့်နှင့် သူ့ထူးခြားအံ့ဖွယ်စွမ်းအား တစ်ဝက်ဖြင့် ချီယောင်ကို ချက်ချင်းသတ်နိုင်ခဲ့သည်။ ယီယောင်က သူ့ဒိုင်ခွက် ချိုင့်သွားပြီးသည့်နောက်တွင်ပင် အထိအခိုက်မရှိ ကျန်ရှိနေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ သူက အမှန်တကယ် ထွက်ပြေးဖို့ လိုအပ်နေလားဟု စဥ်းစားမိလိုက်၏။

မည်သို့ပင်ဆိုစေကာမူ လုကျိုးက ထိုသို့တွေးနေမိသော်လည်း သူ့အမူအရာက အပြောင်းအလဲ မရှိပေ။

“ငါက အနီရောင်ကြာနယ်မြေကလို့ ဘယ်တုန်းကများ ပြောခဲ့လို့လဲ”

ယီယောင်၏ အမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွားကာ “နောက်ထပ် မုဆိုးတစ်ယောက်က မုဆိုးတစ်ယောက်နဲ့ တွေ့ခဲ့တာပဲ။ ဒီသိုးအုပ်ကို သူ့အတွက်သူ လိုချင်နေတာလား”

စိတ်ထဲ၌မူ ယီယောင်က တွေးလိုက်မိသည်။

ဒီလူအိုကြီးရဲ့ ကျင့်ကြံဆင့်က တကယ့်ကို နက်ရှိုင်းတယ်။ သူက ငါ့အာရုံခံမှု အောက်ကနေ ရှောင်ရှားနိုင်တယ်ဆိုတော့ သူ့ကျင့်ကြံဆင့်ကလည်း ငါ့ထက် မြင့်နိုင်ချေရှိတယ်။ ငါက သတိလက်လွတ်ဖြစ်သွားတယ်။ ထွက်ပြေးမဲ့နည်းလမ်းကို စဥ်းစားရမယ် ...

ယီယောင်က ဤတစ်ကြိမ် သတိလက်လွတ်ဖြစ်သွားကြောင်း ခံစားမိလေသည်။ သူက ထိုပညာရှင်နှင့် အချိန်တော်ကြာ စကားစမြည်းပြောနေခဲ့မိ၏။

လုကျိုးက ပြောလိုက်သည်။

“တကယ်လို့ မင်းက အဲဒီလိုတွေးတယ်ဆိုရင် မငြင်းတော့ဘူး”

ယီယောင်၏ မျက်နှာအထက် ကြောက်ရွံ့သည့် အရိပ်အယောင်တချို့ ဖြတ်ပြေးသွားသည်။ အကယ်၍ သူက တစ်ချက်တည်းဖြင့် စွမ်းအားကုန်သုံးကာ ထွက်ပြေးမည့်နည်းလမ်းကိုသာ စဥ်းစားနေလေသည်။ သူက သတိထားကာ ပြောလိုက်သည်။

“ချန်းပေ့ ခင်ဗျားရဲ့ အပြုအမူတွေက မရိုးဖြောင့်တာ မဟုတ်ဘူးလား”

“မင်းကို မသိဘူး။ အဲဒီအကြောင်းကို ပြောနေဖို့ လိုလို့လား” လုကျိုးက ခေါင်းယမ်းလိုက်သည်။

“ချန်းပေ့ နေ့ခင်းကြောင်တောင် ဓားပြတိုက်ချင်နေတာလား” ယီယောင်က သူ့ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ချက်ချင်းထုတ်ဖော်လိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက သူ့ဘာသာသူ တွေးလိုက်မိ၏။

ဘာပဲဖြစ်ဖြစ် ငါ အရှိန်အဟုန် ပျက်သွားလို့ မဖြစ်ဘူး။

“အဲဒီလိုဖြစ်တော့ရော ဘာဖြစ်လဲ” လုကျိုးက အသံမြှင့်ကာ မေးလိုက်သည်။ စိတ်ထဲကမူ သူကလည်း အရှိန်အဟုန် မပျက်ဖို့ရာ ကိစ္စသာ စဥ်းစားနေလေသည်။

ဝှစ်

အနက်ရောင် ကြယ်တာရာ ဒိုင်ခွက်က တောက်ပကာ လည်လာသည်။

တစ်ချိန်တည်းဆိုသလို ယီယောင်က အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ မွေးဖွားစက်ဝန်းပြားပေါ်ရှိ တြိဂံ ၃၆ခုကို ရွေ့လျားစေလိုက်သည်။ စက္ကန့်ပိုင်းအတွင်း မွေးဖွားစက်ဝန်းပြားက လင်းလက်လာ၏။ ရလဒ်အနေဖြင့် မွေးဖွားဇယားချပ်အတွက် သက်ဆိုင်ရာဇုံ ၅ခုက အနက်ရောင် အလင်းတန်းဖြင့် စတင်တောက်ပလာသည်။

လုကျိုးက ဘာမှမပြောဘဲ သူ့လက်ကိုသာ ဆန့်ထုတ်လိုက်သည်။ ကျန်ရှိနေသည့် သူ့ထူးခြားအံ့ဖွယ်စွမ်းအား တစ်ဝက်က ချက်ချင်းထွက်ပေါ်လာ၏။

ယီယောင်၏ အမူအရာက ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားသည်။ သူ့ မွေးဖွားဇယားချပ်ဆီမှ အလင်းတန်းများ ထွက်ပေါ်လာ၍ အလျင်အမြန် နောက်ဆုတ်လိုက်သည်။

ဝုန်း

လုကျိုးက သူ့ထူးခြားအံ့ဖွယ် စွမ်းအားဖြင့်ယီယောင်၏ မွေးဖွားဇယားချပ်မှ စွမ်းအားအလင်းတန်း ၄ခုကို ပိတ်ဆို့ထားပြီးသည့်နောက် ဆက်လက် ရှေ့တိုးလာခဲ့သည်။ သို့သော်လည်း သူက ခေါင်းမော့ကြည့်လိုက်သည့်အခါ နောက်ထပ် အလင်းတန်းတစ်ခုက သူ့ဆီ ကျရောက်လာသည်ကို မြင်လိုက်ရ၏။

“စိတ်ဝိညာဥ်သဏ္ဌာန်”

ဝှစ်

ပေ ၃၅၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခုက လုကျိုးရှေ့မှောက် ထွက်ပေါ်လာသည်။ ထို့နောက် သူ့ကြယ်တာရာ ဒိုင်ခွက်က ရှေ့ထွက်ပေါ်လာကာ ယီယောင်၏ မွေးဖွားဇယားချပ် တိုက်ကွက်ကို တားဆီးထားလေသည်။

ဝုန်း

လုကျိုးက ယီယောင်၏ တိုက်ကွက်ကို အောင်အောင်မြင်မြင် ပိတ်ဆို့ထားနိုင်သော်လည်း သက်ရောက်မှုက သူ့ကို မီတာဒါဇင်ချီ လွင့်စင်သွားစေသည်။ တစ်ချိန်တည်းဆိုသလို သူက ယီယောင်ကို ချီးကျူးလိုက်မိ၏။

မွေးဖွားဇယားချပ် ၅ခု ပညာရှင်ဆိုတဲ့အတိုင်းပဲ ...

ကံဆိုးစွာဖြင့် လုကျိုးက သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ဖော်ခဲ့မိသည်။ ဆိုလိုသည်မှာ ယီယောင်က ယခုအခါ သူ့ကို အဆုံးသတ်ထိ တိုက်ခိုက်နိုင်ချေ ရှိ၏။

တစ်ဖက်တွင် ယီယောင်က စွမ်းအားအပြည့် အလင်းတန်း ၄ခုကို ထုတ်ဖော်ခဲ့သော်လည်း အပြာရောင် လက်ဝါးစည်းတံဆိပ်ကို တားဆီးဖို့ ကျရှုံးခဲ့သည်။

ဘန်း

အပြာရောင် လက်ဝါးစည်းတံဆိပ်က ယီယောင်၏ စိတ်ဝိညာဥ်သဏ္ဌာန်ပေါ် ကျရောက်လာ၏။

စိတ်ဝိညာဥ်သဏ္ဌာန်မှ မိုးခြိမ်းလုမတတ် အသံကျယ်တစ်ခု ထွက်ပေါ်လာသည်။ ထိုစဥ် သူ့ကြယ်တာရာ ဒိုင်ခွက်က မဲမှောင်သွားပြီး အလင်းရောင် မရှိတော့ပေ။ သူ မော့ကြည့်လိုက်သည့်အခါ လုကျိုး၏ စိတ်ဝိညာဥ်သဏ္ဌာန်ကို မြင်လိုက်ရပြီး မျက်လုံးအပြူးသား ဖြစ်သွားလေသည်။

ပေ ၃၅၀လား ...

မွေးဖွားဇယားချပ် ၂ခုလား ...

ရွှေရောင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်လား ...

ယီယောင်က စိတ်ထဲမှ တွေးလိုက်မိသည်။

ဘာတွေဖြစ်နေတာလဲ။ သူက ဒီတစ်ချိန်လုံး လိမ်ညာနေခဲ့တာလား။ ဒီအပြာရောင် လက်ဝါးစည်းတံဆိပ်က နည်းစနစ်တစ်ခုခုဆီကလား ...

အပြင်ပိုင်းတွင်မူ ယီယောင်က ဘာမှမပြောပေ။ သူက စိတ်ဝိညာဥ်သဏ္ဌာန် အလယ်ဆီ ပျံသန်းသွားလိုက်ပြီး လုကျိုးဆီ ပြေးဝင်လာ၏။

လုကျိုးက မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် အသေရိုက်ချက်ကတ်ကို အသင့်ပြင်ထားလိုက်သည်။ ထို့နောက် သူက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်အဖြစ် ပြောင်းလဲလိုက်၏။

ရွှေရောင် မွေးဖွားဇယားချပ်က ချက်ချင်းဆိုသလို တောက်ပလာသည်။

ဘန်း ဘန်း

အလင်းတန်း ၂ခုက ယီယောင်၏ စိတ်ဝိညာဥ်သဏ္ဌာန်ကိုယ်ထည်အပေါ် ကျရောက်လာသည်။ ယီယောင်က ညည်းတွားလိုက်ရပြီး သူ့စွမ်းအားနှင့် ချီများက ခန္ဓာကိုယ်ထဲ ဆန်တက်လာသည်။ သို့သော်လည်း သူ့မျက်နှာ၌ ပျော်ရွှင်မှုမျိုး ရှိနေလေ၏။ “ထင်ထားတဲ့အတိုင်း မင်းက မွေးဖွားဇယားချပ် ၂ခုပဲ ရှိတာပဲ”

ရုတ်ခြည်းဆိုသလို အနက်ရောင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က အနက်ရောင်စွမ်းအားများဖြင့် ပေါက်ကွဲထွက်သွားသည်။

လုကျိုးက အသေရိုက်ချက်ကတ်ကို ဘာမှမပြောဘဲ ချေမွပစ်လိုက်၏။ ထိုစဥ် သူ့လက်ဝါးအထက် ဝဲဂယက်တစ်ခု ထွက်ပေါ်လာကာ ယီယောင်ဆီ ပစ်လွှတ်လိုက်သည်။

“တူညီတဲ့ တိုက်ကွက်က အသုံးမဝင်ဘူး” ယီယောင်က လက်မြှောက်ကာ ပြောလိုက်သည်။

ကြောက်ရွံ့ခြင်းမဲ့ မဟာစည်းတံဆိပ်တော်နှင့် မတူညီဘဲ ဤတစ်ကြိမ်တွင် ရွှေရောင် ကြောက်ရွံ့ခြင်းမဲ့ စည်းတံဆိပ် ဖြစ်၏။

ဂျွတ်

ထိုအရာက အားပြင်းဟန်မပေါ်သော်လည်း ရွှေရောင် လက်ဝါးစည်းတံဆိပ်က ယီယောင်၏ လက်ဝါးချက်နှင့် ထိပ်တိုက်တွေ့ဆုံသည့်အခါ သူ့လက်မောင်းကို ကျိုးသွားစေသည်။

ယီယောင်က နာကျင်စွာ ညည်းညူလိုက်ရ၏။ သူ့ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်း ထသွားကာ ဆံပင်များပင် ထောင်မတ်သွားလေသည်။ သူက ထိုရွှေရောင် ကြောက်ရွံ့ခြင်းမဲ့ စည်းတံဆိပ်သည် ဆက်လက်တိုးလာသည်ကို မြင်လိုက်ရသည်။ ထိုလက်ဝါးချက်က သူ့မျက်နှာနှင့် ခန္ဓာကိုယ်အပေါ် ကျရောက်လာ၏။

ဝုန်း

ထိုရွှေရောင် လက်ဝါးစည်းတံဆိပ်မှ အဖျက်စွမ်းအားက ယီယောင်၏ ဝတ်ရုံကို ပျက်စီးသွားစေပြီး ခန္ဓာကိုယ်ရှိ အရိုးများကိုပင် ကြေမွသွားစေသည်။ တစ်ချိန်တည်းဆိုသလို အနက်ရောင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က ကျုံ့သွားပြီး ယီယောင်နှင့် တစ်သားတည်းဖြစ်သွားလေသည်။

ထိုစဥ် အားကောင်းသည့် တိုက်ကွက်မှ ဖြစ်ပေါ်လာသည့် တုန်ခါနှုန်းများက ကျောက်နံရံတစ်ခုကို ဖျက်ဆီးပစ်လိုက်သည်။ ချော်ရည်ပူများက ထွက်ပေါ်လာကာ လေထုအထက် မြင့်တက်လာပြီး လေထဲ အနီရောင် လိုက်ကာအလား ဖြစ်နေသည်။

“စက်ဆုပ်ဖို့ ကောင်းလိုက်တာ” ယီယောင်က သွေးတစ်ပွက် အန်ရင်း ပြောလိုက်သည်။

ဖြစ်ချင်တော့ သူက ငါ့ကို သတိလက်လွတ်ဖြစ်အောင် လှည့်စားနေခဲ့တာပဲ ...

ထိုလက်ဝါး စည်းတံဆိပ်ကြောင့် ဝတ်ရုံစုတ်ပြဲနေသည့် ယီယောင်က မွေးဖွားဇယားချပ် နှလုံးသား ပျံသန်းထွက်သွားသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေလေသည်။

လုကျိုးက မွေးဖွားဇယားချပ် နှလုံးသားကို ဖမ်းယူလိုက်ပြီး အလျင်အမြန် နောက်ဆုတ်လိုက်၏။ သူက ယီယောင်၏ သေဆုံးမှုအကြောင်း စနစ်၏ သတိပေးချက်ကို မကြားရပေ။ ထို့ကြောင့် သူ့အနေဖြင့် ထွက်ပြေးဖို့ရာသာ ရှိတော့၏။ ပြောရလျှင် သူက ထွက်ပြေးဖို့ မရည်ရွယ်ခဲ့ပေ။ သူဆိုလိုသည်မှာ သူက အရေးသာနေတုန်း လက်ဦးမှု ရယူလိုက်ခြင်းသာဖြစ်ပေသည်။

ယီယောင်ကလည်း လုကျိုးနှင့် အတွေးတူတူ ရှိ၏။ ထိုလက်ဝါးစည်းတံဆိပ်က အသက်ဓာတ် နှလုံးသားကို ဆုံးရှုံးစေခဲ့ရုံသာမကဘဲ သူ့လက်တစ်ဖက်နှင့် ခန္ဓာကိုယ်ရှိ အရိုးများကိုပင် ကြေမွစေခဲ့သည်။ ထိုသို့သော အားကောင်းသည့် ပြိုင်ဘက်နှင့် ရင်ဆိုင်ရသည့်အခါ တစ်ခုတည်းသော ရွေးချယ်ဖို့က ထွက်ပြေးဖို့ရာသာဖြစ်၏။ ခဏအကြာတွင် သူက လုကျိုးသည် သူ့နောက် လိုက်မလာသည်ကို တွေ့ရှိသွားသည့်အခါ စိတ်သက်သာရာ ရသွားမိသည်။ သူက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ဖြင့် ဖျတ်ခနဲ ထွက်ပြေးသွား၏။

“တင် မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၆၀၀၀ ရရှိပါတယ်။ မွေးဖွားဇယားချပ်ကို ဖျက်ဆီးခဲ့တဲ့အတွက် နယ်မြေအပိုဆုလာဘ်တော့ မရရှိပါ။

ဘုံတစ်ထောင် ကျင့်ကြံသူတွေက သူတို့ပြိုင်ဘက်ကို သတ်နိုင်မဲ့ ကိုယ်ပိုင်နည်းလမ်းများ ရှိကြပါတယ်”

ထိုသတိပေးချက်ကို ကြားသိပြီးသည့်နောက်တွင် လုကျိုးက ခေါင်းမော့ကြည့်လိုက်၏။ အဝေးမှ အနက်ရောင် ကြယ်တာရာ ဒိုင်ခွက်ပေါ်တွင် နဂိုမွေးဖွားဇယားချပ် ၅ခုအစား ယခုအခါ ၄ ခုအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။

မွေးဖွားဇယားချပ် ၁ခုက အသက်ပို တစ်သက်နဲ့ညီမျှတာလား ...

သို့သော်လည်း သူက ယီယောင်၏ သတိကြီးကြီး လုပ်ဆောင်ပုံများကို အမှတ်ရလိုက်သည့်အခါ ထိုအရာကို ဆက်လက်မတွေးတော့ပေ။ သူက မြန်မြန် သွက်သွက်လက်လက် ထွက်လာခဲ့လိုက်၏။

…

အခန်း (၈၉၁) နန်းတော်ထဲရှိ ကံမီးတောက်

လုကျိုးသည် အသက်ဓာတ်နှလုံးသားကို သိမ်းပြီး မှန်းဆ၍မရအောင် စိတ်အားထက်သန်နေတော့သည်။ မည်သို့ပင်ဆိုစေ သူသည် ထူးကဲအံ့ဖွယ်စွမ်းအားကို စိတ်ထဲညည်းတွားလျက် ထွက်လာတော့သည်။ တစ်ချိန်တည်းတွင် သူသည် စနစ်မျက်နှာပြင်ကို ဖွင့်လိုက်၏။

ကုသိုလ်မှတ်။ ။ ၃၃၁၃၀

သူသည် အသေရိုက်ချက်ကတ်တန်ဖိုးကို ကြည့်လိုက်သည်။

ကုသိုလ်မှတ် ၂၆၀၀၀။

အသေရိုက်ချက်နှစ်ခုတည်းဖြင့် ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ကျင့်ကြံသူများကို သတ်ဖြတ်ခြင်းက သူ့အတွက် နစ်နာလွန်းလှပေ၏။ ထို့အပြင် မွေးဖွားဇယားထည့်သွင်းနိုင်သော ဘုံတစ်ထောင်လေပွေကျင့်ကြံသူများသည် ပိုတောင် ပြဿနာများ၏။ မွေးဖွားဇယားချပ်များဖြင့် အသေရိုက်ချက်ကတ်၏ အာနိသင်သည် လျော့ကျသွားတော့သည်။ ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူကိုယ်တိုင်က မိမိ၏ မွေးဖွားဇယားချပ်ကို အသက်သွင်းရန် အသက်ဓာတ်နှလုံးသားများကို ရှာဖွေရန် ခက်ခဲမှန်း သူ သိနေသည်။

အသက်ဓာတ်နှလုံးသားရှားပါးမှုကို တွေးပြီး ယီယောင်က အသေရိုက်ချက်ကတ်နှင့်အတူ သူ့မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးခံလိုက်ရခြင်းအတွက် သူ့ကို သေအောင်မုန်းတီးနေလိမ့်မည်။

မကြာမီ၌ လုကျိုး၏ စိတ်သည် ယီယောင်က ကျောက်နံရံတွင် ထားထားခဲ့သည့် လမ်းညွှန်အမှတ်အသားဆီ ရောက်သွား၏။

“အဲဒီလမ်းညွှန်အမှတ်အသားက ဘာလဲ”

၎င်းသည် အချိန်အတော်ကြာ အသုံးပြုခဲ့သော အမှတ်အသား ဖြစ်ရ‌ပေမည်။ ထို့အပြင် ချော်ရည်အောက်၌ အနက်ရောင်ကြာနယ်မြေဆီလမ်းကြောင်းရှိခဲ့ပါက ယီယောင်သည် ကောင်းကင်ချားချိုင့်ဝှမ်းအတွင်းသို့ ထွက်ပြေးရပေမည်။ သူ ယခု ပြန်သွားပါက ယီယောင်နှင့် တွေ့မိလောက်သည်။ သူ ယခုအလျင်စလိုထွက်လာမိသောကြောင့် လမ်းညွှန်အမှတ်အသားကို မဖျက်ဆီးမိခဲ့တာ နောင်တရနေ၏။

ကောင်းကင်ချားချိုင့်ဝှမ်းထဲမှ ပျံတက်လာပြီးနောက် လုကျိုးသည် ချက်ချင်းမထွက်ခွာခဲ့ပေ။ သူသည် ကြယ်ပြည့်နေသော ကောင်းကင်ထဲတွင် ပျံဝဲလျက် သူ့ဖာသာသူ ရေရွတ်ပြောလိုက်သည်။

“သူ လက်မခံနိုင်သေးရင် ငါက သူ့ရဲ့မွေးဖွားဇယားချပ် နောက်တစ်ခုကို ဖျက်ဆီးလိုက်ရုံပေါ့”

လုကျိုးသည် ယီယောင်၏ မွေးဖွားဇယားချပ် နောက်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့လျှင် မွေးဖွားဇယားချပ် သုံးခုသာကျန်သော ယီယောင်ကို သူ၏မွေးဖွားဇယားချပ်နှစ်ခုနှင့် ထူးကဲအံ့ဖွယ်စွမ်းအားတို့ဖြင့် အနိုင်ယူနိုင်မှာ သေချာသည်။ ထို့အပြင် ယီယောင်က လက်တစ်ဖက်ပြတ်သွားပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရနေ၏။

ခဏစဉ်းစားပြီးနောက် လုကျိုးသည် တစ်စုံတစ်ခု လွဲချော်နေတာကို ခံစားမိသွားသည်။

ငါ အခု အဲ့ဒီအကြောင်း စဉ်းစားပြီးတော့ ငါ အနိုင်ရတယ်လို့ ထင်ရတာပဲ။ သူ့နောက်ကို လိုက်ဖမ်းပြီး တိုက်ခိုက်ဖို့အခွင့်အရေးယူသင့်တာ။ အခြေအနေက အခွင့်သာနေတဲ့အချိန် ဘာကြောင့် ရပ်တန့်မိလိုက်တာလဲ။ ငါ ဆုံးရှုံးမှုကြီး ခံစားခဲ့ရတာပဲ။

စိတ်ထဲ၌ ထိုအတွေးပေါ်လာလေရာ လုကျိုးသည် ကောင်းကင်ချားတောင်တန်းချိုင့်ဝှမ်းထဲ ပြန်ခုန်ဆင်းသွားပြီး မြေအောက်ဂူထဲ ထပ်ဝင်သွားလိုက်၏။ ကံဆိုးသည်မှာ သူသည် ယီယောင်ကို မတွေ့ပေ။

သူသည် လမ်းညွှန်အမှတ်အသားဆီ ပျံသန်းသွားလျက် လက်ဝါးဖြင့် ရိုက်ချလိုက်၏။ ထိခိုက်ထားပြီးသား ကျောက်နံရံက ချက်ချင်းပင် သူ ရိုက်ချပြီးသည်နှင့် ကျောက်ခဲပုံ ဖြစ်သွားတော့သည်။ မှိန်ဖျော့ဖျော့ လမ်းညွှန်အမှတ်အသားက အပြည့်အဝဖျက်ဆီးခံလိုက်ရတော့၏။

ဖုန်း ဖုန်း ဖုန်း

ကျောက်တုံးများက တဗွမ်းဗွမ်းထနေသော ချော်ရည်ထဲ ဆက်လက်ကျနေတော့သည်။

“လမ်းကြောင်းပိတ်သွားပြီလား” လမ်းညွှန်အမှတ်အသားသည် လမ်းညွှန်အမှတ်အသားဖြစ်ရုံသာမက ၎င်းသည် အနက်ရောင်ကြာနယ်မြေနှင့် အနီရောင်ကြာနယ်မြေကို ချိတ်ဆက်ပေးထားသော လမ်းကြောင်းကိုလည်း မှတ်သားထားသည်။

အနက်ရောင်ကြာနယ်မြေသည် အနီရောင်ကြာနယ်မြေထဲတွင် မွေးဖွားဇယားချပ်များကို လက်ဝါးကြီးအုပ်နိုင်စွမ်းရှိအောင် သန်မာပေ၏။ သူတို့သာ ရွှေကြာနယ်မြေကို မျက်စိကျသွားလျှင် မည်သို့ဖြစ်မည်နည်း။

ရွှေကြာနယ်မြေ၏ ကျင့်ကြံမှုအကန့်အသတ်သည် အဋ္ဌမ သို့မဟုတ် နဝမပွင့်ချပ်သာရှိသည်။ မိမိ၏စုပ်ယူသော ရွှေကြာသည် မိုးနှင့်မြေ၏ အတားအဆီးပဲဖြစ်သည်။ နဝမပွင့်ချပ်ဖူးပွင့်သော ဖြစ်စဉ်သည် ဧရာမသားရဲများကို ဆွဲဆောင်မိတတ်၏။ ပျမ်းမျှကျင့်ကြံမှုအချိန်ကို ကြည့်လျှင် ရွှေကြာနယ်မြေက နှစ်အနည်းငယ်အတွင်း ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတချို့ရှိလာလောက်သည်။ ထိုအချိန်ကျ ရွှေကြာနယ်မြေသည် မွေးဖွားဇယားချပ်သားရဲများကို ပိုဆွဲဆောင်မိလိမ့်မည်။

တောတွင်းဥပဒေအရ ရွှေကြာနယ်မြေသည်လည်း ကြုံတွေ့ရမည့် အတိတ်တုန်းက ရွှေကြာနယ်မြေ၏ အားနည်းမှုကြောင့် ၎င်းသည် ကိုယ်ပျောက်နေနိုင်ခဲ့သည်။ သို့သော်ငြား မွေးဖွားဇယားချပ်သားရဲများ စတင်ပေါ်ပေါက်လာသည်နှင့် အနက်ရောင်နယ်မြေသည် ရွှေကြာနယ်မြေရှိ မွေးဖွားဇယားချပ်သားရဲများကို လက်ဝါးကြီးအုပ်လိမ့်မည်လော။

လုကျိုး ခေါင်းခါလိုက်၏။ ယခုအချိန်တွင် ဤကိစ္စကို စဉ်းစားနေလို့ အကျိုးမထူးပေ။ သူ အရင်ဆုံးပြန်တာ ကောင်းလိမ့်မည်။

ဤနည်းဖြင့် လုကျိုးသည် ကောင်းကင်ချားချိုင့်ဝှမ်းထဲမှ ထွက်လာခဲ့၏။

လုကျိုးထွက်သွားပြီး နာရီဝက်အကြာတွင်ဖြစ်သည်။ ယီယောင်က ချော်ရည်များပြည့်နေသော ဂူထဲဝင်သွားပြီးနောက် သူ၏ပခုံးကို လက်တစ်ဖက်ဖြင့် ဖိကိုင်ထားလိုက်သည်။

“ဒီလောက်သတိထားတယ်လား” ယီယောင်က ရင်ထဲတွင် အကြောက်တရားတို့ဖြင့် မြေအောက်ဂူဝင်ပေါက်ကို ကြည့်လိုက်သည်။ ကံကောင်းသည်မှာ သူသည် တစ်နာရီကြာ ပုန်းနေရန် သည်းခံနိုင်စွမ်းရှိခဲ့တာပဲဖြစ်သည်။ ထိုအကြောင်းကြောင့်သာ မဟုတ်ရင် သူသည် ဆန်းကြယ်သော သိုင်းပညာရှင် ထပ်အနိုင်ယူရန် ခံရလိမ့်မည်။

ယီယောင်က လေထဲခုန်တက်လိုက်စဉ် သူက သွေးတစ်ပွက်အန်တော့၏။ သူက အံကြိတ်လျက် ဖျက်ဆီးခံထားရသော လမ်းညွှန်အမှတ်အသားကိုကြည့်လိုက်သည်။

“သူ ဘယ်သူလဲ။ အပြာရောင်ကြာနယ်မြေက တမန်တော်လား။ ဒါပေမဲ့ အနက်ရောင်ကြာကောင်စီထဲမှ အပြာရောင်ကြာနယ်မြေအကြောင်း မှတ်တမ်းမရှိဘူး။ ဘာတွေဖြစ်နေတာလဲ။ ဓားခုတ်ကောင်က ရှိခိုးကောင်ကို ချောင်းနေတဲ့အချိန် အနောက်က စာဝါငှက်ကို သတိမထားမိတာလား”

ယီယောင်သည် အံကြိတ်လျက် နာကျင်မှုကို တောင့်ခံလိုက်သည်။ သူ့စိတ်ထဲ ထိုအတွေးပေါ်လာသောအခါ မတုန်ယင်ဘဲ မနေနိုင်တော့ပေ။ သူ၏ စိတ်ထဲတွင် အနက်ရောင်ကြာနယ်မြေသည် အမြဲတစေ မုဆိုးများဖြစ်ခဲ့ပြီး ကျန်သည့်နယ်မြေများက သိုးကဲ့သို့ဖြစ်ခဲ့၏။ ထိုသို့ဆိုလျှင် အပြာရောင်ကြာနယ်မြေက အဘယ်နည်း။ သူ မဖော်ထုတ်နိုင်ပေ။

“ဒီကိစ္စကို အနက်ရောင်မျှော်စင်ကောင်စီဆီ သတင်းပို့မှရမယ်” ယီယောင်က ရေရွတ်ပြောလျက် ချော်ရည်ကို ကြည့်လိုက်သည်။

ဘီး

ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာ၏။ ၎င်းအမြင့်သည် ပေ ၄၀၀မှ ပေ ၅၀၀အထိ ကျသွားတော့သည်။

ယီယောင်က ရွှေရောင်ကြောက်ရွံ့ခြင်းမဲ့ မဟာတံဆိပ်တော်ကို ပြန်တွေးမိချိန်၌ တုန်လှုပ်သွားလေ၏။

ကြမ်းတမ်းခက်ထန်သားရဲ၏ သက်တမ်းကနေ မွေးဖွားဇယားချပ်ကို အသက်သွင်းခြင်းသည် ၎င်း၏အသက်ဓာတ်နှလုံးသားကနေ ကြမ်းတမ်းခက်ထန်သားရဲ၏ သက်တမ်း ၁၅၀၀ကို စုပ်ယူနိုင်၏။ ပြီးနောက် ထင်ရှားသော မွေးဖွားနယ်မြေက ပေါ်လာပြီး ကျင့်ကြံသူတစ်ယောက်သည် ထပ်တိုး သက်တမ်း ၅၀၀ ရလာမည်။ မိမိ၏ကျင့်ကြံဆင့်ကို မြှင့်တင်နိုင်သည့်အပြင် အသက်ရှည်စေနိုင်ကာ ထူးခြားသော အရည်အချင်းလည်းရရှိပြီး မွေးဖွားဇယားချပ်က သေစေနိုင်သည့်ဒဏ်ရာကို ပိတ်ဆို့နိုင်သည့် ကျင့်ကြံသူကို ကူညီပေးလိမ့်မည်။ ယင်းသည် အသက်အပိုတစ်ချောင်းရှိနေသည်နှင့် ညီမျှ၏။ မွေးဖွားဇယားချပ်ကို ဆုံးရှုံးနိုင်သည်ဟုလည်း ဆိုလိုနေတာဖြစ်သည်။

ယီယောင်သည် မွေးဖွားဇယားချပ်ကဲ့သို့ တန်ဖိုးရှိသည့်အရာကို ဆုံးရှုံးလိုက်ရသည့်အတွက် မည်သို့ခံစားရမည်ဆိုတာ သူပဲ သိမည်။ မွေးဖွားဇယားချပ်တစ်ခုနှင့် လက်တစ်ဖက်ကို ဆုံးရှုံးလေရာ သူ မည်ကဲ့သို့ အခဲမကြေ မဖြစ်ဘဲနေမည်နည်း။ သူသည် ဝင်ပေါက်ကို မှုန်မှိုင်းနေသော မျက်လုံးဖြင့် ကြည့်ပြီး သူ့ဖာသာသူ ရေရွှတ်ပြောလိုက်၏။ “ငါ မင်းကို မှတ်ထားမယ်။ နောက်တစ်ခေါက် ငါတို့တွေ့တဲ့အခါ မင်းရဲ့မွေးဖွားဇယားချပ်ကို ဖျက်ဆီးပြီးမှ မင်းအသက်ကို ယူမယ်”

ဖုန်း

ဗွမ်း

ယီယောင်သည် သူ၏ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ရေထဲခုန်ဆင်းလိုက်သည်။ ခဏအကြာတွင် ပွက်ပွက်ထနေသော လှုပ်ရှားမှုများမှ အပ မြေအောက်ဂူထဲတွင် မည်သည့်လှုပ်ရှားမှုမှ မရှိတော့ပေ။

လုကျိုးသည် ကောင်းကင်သိုင်းခုံရုံးရှိ စာပေကြယ်တာရာ ခုံရုံးသို့ ပြန်ရောက်သောအခါ သန်းခေါင်အချိန် ရောက်သွားပြီဖြစ်သည်။

ခရမ်းရောင်တောက်ပသံကျောက်နှင့် ဆန်းကြယ်ကောင်းကင်ဘုံကျင့်ကြံဆင့်ဖြင့် အားလုံးနီးပါး သူ့ကို သတိမပြုမိသလောက်ရှိသည်။

လုကျိုးသည် အသက်ဓာတ်နှလုံးသားအသစ်ရခဲ့သောကြောင့် ပျော်ရွှင်မှုကို မခံစားရပေ။ သူ အားအကိုးနိုင်ဆုံး အသေရိုက်ချက်ကတ်က အစွမ်းထက်ဆုံးဝှက်ဖဲမဟုတ်တော့တာကို ရှာတွေ့လိုက်သောကြောင့် ဖြစ်သည်။

သို့သော် ဘုံတစ်ထောင်လေပွေကျင့်ကြံသူနှင့် သူ၏ ပထမဆုံးတိုက်ပွဲကနေ သူသည် မွေးဖွားဇယားချပ်၏ အသုံးပြုပုံအကြောင်း သိရှိလိုက်ရသည်။

လုကျိုးသည် လုလီနှင့် ပထမဆုံးတွေ့သည့်အခေါက်ကို ပြန်တွေးမိသွားသည်။ သူတို့တိုက်ခိုက်ခဲ့လျှင် သူ အရေးနိမ့်လောက်ပေ၏။ သို့သော် ကုသိုလ်မှတ် ငါးသိန်းကျော်ရှိခဲ့သည်။ မွေးဖွားဇယားချပ်ငါးခုကို ဖျက်ဆီးဖို့က သူ့အတွက်လုံးဝမဖြစ်နိုင်တာ မဟုတ်ပေ။

အတိတ်တုန်းက လုကျိုးသည် နောက်ဆုံးအားထားရာအနေဖြင့် အသေရိုက်ချက်ကတ်ကိုသာ အသုံးပြုခဲ့သည်။ ၎င်းက ကုသိုလ်မှတ်ရရန် မရည်ရွယ်ခဲ့ပေ။ ထို့အပြင် သူသည် ကတ်၏တန်ကြေးများ မြင့်သွားမှာကြောင့် အသုံးပြုဖို့ရန် တွန့်ဆုတ်နေတာဖြစ်သည်။

သို့သော်ငြား လက်ရှိတွင် အသေရိုက်ချက်ကတ်က အသုံးမဝင်ဖြစ်လာပုံရသည်။

ဆန်းကြယ်နယ်ပယ်အောက်ရှိ ကျင့်ကြံသူများကို ဖြေရှင်းရန် အသေရိုက်ချက်ကတ်မလိုအပ်တော့ပေ။ သို့သော် ယခု ဆန်းကြယ်နယ်ပယ်အထက်ရှိလူများကို အသေရိုက်ချက်ကတ်ဖြင့် မဖြေရှင်းနိုင်။ အသေရိုက်ချက်ကတ်သည် ယခု အသုံးမဝင်တော့ဟု ဆိုလိုခြင်း မဟုတ်ပါလော။

“ယီယောင်က ငါ့ကို လက်စားလာချေမှာ သေချာတယ်။ သူ့ကို ငါ ဘယ်လိုဖြေရှင်းသင့်သလဲ”

လုကျိုးသည် စနစ်မျက်နှာပြင်ကို ကြည့်လိုက်၏။ ကုသိုလ်မှတ် ၃၃၁၃၀

ကျန်ရှိသော သက်တမ်း ၉၆၁၄၀၁ရက်၊ ၂၆၃၄နှစ်အပြင် နှစ် ၁၂၀သည် အကြောင်းပြန်လှန်ကတ်မှ ဖြစ်သည်။

ကုသိုလ်မှတ် သုံးသောင်းထက် နည်းနည်းလေးပဲပိုရှိတာလား။ လုကျိုးသည် ဆင်းရဲမွဲတေမှုကို ခံစားလိုက်ရတော့၏။

အသေရိုက်ချက်ကတ်ကို ယခုဝယ်ရန်မတန်ပေ။ ဘုံတစ်ထောင်လေပွေကျင့်ကြံသူကို အသေရိုက်ချက်ကတ်ကို အားကိုးမည့်အစား မွေးဖွားဇယားချပ်၌ သူ အားစိုက်ထုတ်တာ ပိုကောင်းပေလိမ့်မည်။

လုကျိုးသည် ရဲရဲနီရစ်ငှက်၏ အသက်ဓာတ်နှလုံးသားကို ထုတ်ယူပြီး ၎င်းကို သူ့ရှေ့တွင် ထားလိုက်၏။

“တင်း … ရဲရဲနီရစ်ငှက်ရဲ့ အသက်ဓာတ်နှလုံးသားမှ သက်တမ်း ၂၀၀၀ ပါဝင်ပြီး မွေးဖွားဇယားချပ်သားရဲ အသက်သွင်းဖို့ အသုံးပြုနိုင်ပါတယ်။ မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်က ကျင့်ကြံသူကို သက်တမ်းနှစ် ၅၀၀ ချီးမြှင့်ပေးပါတယ်။ မွေးဖွားနန်းဆောင်က အသက်ဓာတ်နှလုံးသားရဲ့ သက်တမ်း ၁၅၀၀ ကိုစုပ်ယူပြီး ထပ်တိုး ၅၀၀ ချန်ခဲ့မှာပါ။ စွမ်းရည် … မီးထိန်းချုပ်မှု”

လုကျိုးသည် လုလီ သူ့ကို ပေးထားသည့် အဝတ်စကို ယူပြီး လူသားအဆင့်မွေးဖွားဇယားချပ်၏ နေရာကို မီးစွမ်းရည်ဖြင့် အသက်ဓာတ်နှလုံးသားအတွက် သင့်တော်သည့်နေရာကို ရှာဖွေရန် စဉ်းစားလိုက်သည်။ ယုန်သည် သူ၏ ခုခံမှုကို တိုးမြှင့်ပေးပြီး နောက်ထပ် ကြမ်းတမ်းခက်ထန်သားရဲသည် သူ၏ တိုက်ခိုက်နိုင်သည့်စွမ်းအားကို မြှင့်တင်ပေးကာ သူ၏မီးခုခံမှု စွမ်းရည်ကို ချီးမြှင့်၏။ ရဲရဲနီရစ်ငှက်၏ အသက်ဓာတ်နှလုံးသား မီးထိန်းချုပ်မှုသည် ကြမ်းတမ်းခက်ထန်သားရဲ၏ မီးခုခံမှုနှင့် သဟဇာတရှိသည်။

သူသည် အဝတ်ပေါ်ရှိ အညွှန်းကို ကြည့်နေစဉ် လုကျိုးက မီးစွမ်းရည်ဖြင့် မြေကမ္ဘာအဆင့် မွေးဖွားဇယားချပ်ကို ကြည့်ပြီး သူ၏အကြည့်က ဘယ်ဖက်နှင့် လူသားမွေးဖွားဇယားချပ်နှင့် ညာဖက်ရှိ မွေးဖွားနန်းဆောင်ဆီ ရောက်သွား၏။ သူ ရထားသည့် အသက်ဓာတ်နှလုံးသားသည် မီးထိန်းချုပ်နိုင်စွမ်းပေးသည်။ သူသည် ယခင်က မီးခုခံမှုစွမ်းရည်ချီးမြှင့်ခဲ့သော အသက်ဓာတ်နှလုံးသား ယခင်က အသက်ဓာတ်နှလုံးသားသည် မီးခုခံမှုစွမ်းရည်ချီးမြှင့်ပေးသောကြောင့် မွေးဖွားနန်းဆောင်ထဲရှိ နေရာတူတူတွင် ထားနိုင်သည်။

လုကျိုးက စိတ်ရှုပ်ထွေးနေ၏။ “ငါက လူသားအဆင့် မွေးဖွားဇယားချပ်အားလုံး အသက်မသွင်းနိုင်သေးဘူး။ မြေကမ္ဘာအဆင့် မွေးဖွားဇယားချပ်ကို ငါ အသက်သွင်းနိုင်မလား သိချင်မိတယ်”

ဘီး

လုကျိုးသည် သူ၏ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ကို ချဲ့ထွင်လိုက်သည်။ သူ၏ ကြာပလင်၌ မွေးဖွားနန်းဆောင်ထဲတွင် နေရာများကို ကြည့်လိုက်၏။ ပြီးနောက် သူသည် ရဲရဲနီရစ်ငှက်၏ အသက်ဓာတ်နှလုံးသားကို ကြာပလင်ပေါ်ရှိ မီးစွမ်းအင်ဇုံတွ၍် ညင်သာစွာ ထားလိုက်၏။

“တင်း … ဤမွေးဖွားဇယားချပ်ကို အသက်သွင်းရန် အရင်ဆုံး မွေးဖွားဇယားချပ်ငါးခုကို အသက်သွင်းဖို့ လိုပါတယ်”

ထင်တဲ့အတိုင်းပဲ … လုကျိုးသည် သူ့ဖာသာသူ စဉ်းစားလိုက်၏။ ဤသို့ ဖြစ်နေသောကြောင့် သူသည် မီးခုခံမှုစွမ်းရည် ချီးမြှင့်ပေးသော ကြမ်းတမ်းခက်ထန်သားရဲ၏ အသက်ဓာတ်နှလုံးသားနှင့် တူညီသည့် နေရာတွင်သာ သူ၏အသက်ဓာတ်နှလုံးသားကို ထားနိုင်လိမ့်မည်။

ဝှစ်

လုကျိုးသည် ကြာပလင်ပေါ်တွင် အသက်ဓာတ်နှလုံးသားကို ထားပြီး အသက်ဓာတ်နှလုံးသားက မွေးဖွားနန်းဆောင်ထဲ နစ်ဝင်သွား၏။ အသက်စွမ်းအင်တို့က မျက်စိတစ်မှတ်အတွင်း အသက်ဓာတ်စွမ်းအင် အနီးတဝိုက်တွင် ရစ်ဝဲနေတော့သည်။

လုကျိုးသည် ထိုဖြစ်စဉ်က အချိန်ကြာမည်မှန်းသိသောကြောင့် သူ အာရုံမစိုက်တော့ပေ။ ထိုအစားသူသည် မျက်လုံးမှိတ်လျက် ဆင်ခြင်သုံးသပ်ခြင်း အနေအထားတွင် ဝင်ကာ မွေးဖွားဇယားချပ် အသက်သွင်းမှု ပြီးမြောက်ရန်စောင့်နေလိုက်သည်။

တစ်နာရီခန့်ကြာပြီးနောက် ဖြစ်သည်။

ဝှစ်

လုကျိုးသည် သူ၏မျက်နှာကို ရိုက်ခတ်လာသော လေပူများကို ခံစားမိလိုက်၏။ သူ့မျက်လုံး ဖွင့်လိုက်သောအခါ ကြာပလင်ပေါ်ရှိ သူ၏ မွေးဖွားနန်းဆောင်တွင် တောက်လောင်နေသော မီးက လောင်ကျွမ်းနေတာကို တွေ့လိုက်ရသည်။

“ကံမီးတောက်လား”

ယခင်က ကြာပွင့်နားတဝိုက်တွင် သို့မဟုတ် သူ့လက်ပေါ်တွင် ပေါ်လာတတ်သော ကံမီးတောက်က လောင်ကျွမ်းနေ၏။ သို့သော် ယခုယင်းက လောင်ကျွမ်းနေပြီး မွေးဖွားနန်းဆောင်ထဲ၌ ဝေ့တက်လာတော့သည်။

ဝှစ်

မီးညွန့်များ ဝေ့တက်လာပြီး လောင်ကျွမ်းနေတော့သည်။

“တင်း … အသက်ဓာတ်နှလုံးသားမှ ကျန်ရှိတဲ့သက်တမ်းတွေက ဖြစ်ပါတယ်။ ၎င်းတို့ကို စွမ်းအင်အဖြစ် ပြောင်းလဲနိုင်ပါပြီ”

လုကျိုးသည် စနစ်အသိပေးသံကို ကြားရသောအခါ သူ၏ခန္ဓာကိုယ်ထဲ ပူလောင်သည့် ခံစားချက်ကို ခံစားလိုက်ရပြီး သူ၏အတွင်းကလီစာများ စွမ်းအင်ဗဟိုချက် ချီပင်လယ်အထိအောင် ပူနေ၏။ အားလုံးက ယခုအချိန်တွင် ကံမီးတောက်ကြောင့် လောင်ကျွမ်းခံနေရသည်။

“ဒါ ဆိုးတာပဲ” ထင်သည့်အတိုင်းပင် အသက်ဓာတ်နှလုံးသားကို အဆင်အခြင်မဲ့ အသုံးမပြုသင့်ပေ။ ဆေးအတိုင်းပင် တစ်ခါတည်း သုံးစွဲတာများလွန်းပါက အဆင်မပြေသည့် အာနိသင်များ ရလာလိမ့်မည်။

All Chapters