← Chapters

အခန်း (၈၉၂-၈၉၄)

Vol. 60 Ch. 892-894

အခန်း (၈၉၂-၈၉၄)

Vol. 60 Ch. 892-894

အခန်း (၈၉၂) ကောင်းကင်ကျမ်းမှ အရေးသာချက်

လုကျိုးက မွေးဖွားဇယားချပ် နှလုံးသားကို အသုံးမပြုခင် ထိုအရာသည် မြေကမ္ဘာအဆင့် မီးဓာတ် မွေးဖွားဇယားချပ်တွင် ထားသည်က ပိုမိုသင့်တော်ကြောင်း ခံစားချက်ရနေမိသည်။ လူသားအဆင့် မွေးဖွားဇယားချပ်နေရာတွင် ထားလိုက်ခြင်းက လွန်လွန်းနေလေ၏။ အကယ်၍ သူသာ တောင့်မခံနိုင်လျှင် သူ့အပေါ် ပြန်လည်ထိနှက်ချက် ဖြစ်လာစေလိမ့်မည်။

လုကျိုးက သူ့ခန္ဓာကိုယ်ထဲမှ မီးတောက်နှင့် အပူဓာတ်ကို တောင့်ခံလိုက်ပြီး သွေးချီနှင့် စွမ်းအားတို့ကို တည်ငြိမ်အောင် အကောင်းဆုံး ကြိုးစားထားလိုက်သည်။ သူက ထိုမီးတောက်လှိုင်းကို ကျော်လွှားနိုင်သရွေ့ မွေးဖွားဇယားချပ်ကို အောင်အောင်မြင်မြင် အသက်သွင်းနိုင်လိမ့်မည်။

သူက သူ့ကိုယ်ပိုင် ကံမီးတောက်ဖြင့် လောင်ကျွမ်းသွားမည်ဆိုလျှင် မည်မျှ လှောင်ပြောင်ခံလိုက်ရမည်နည်း။

တောက်လောင်နေသည့် ခံစားချက်က ပိုမိုပြင်းထန်လာသည်။

ဝှစ်

လုကျိုး၏ နဖူးမှ ချွေးများ စီးကျလာကာ သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ဖော်ပြီး ကံမီးတောက် လောင်ကျွမ်းသည့် ခံစားချက်ကို တားဆီးလိုက်သည်။

လုကျိုးက မျက်မှောင်အသာကြုတ်လိုက်ပြီးသည့်နောက်တွင် စိတ်ဝိညာဥ်သဏ္ဌာန်၏ ပခုံးမှ မီးတောက်ကို ကြည့်လိုက်သည်။ မီးတောက်က မူမမှန်လောက်အောင် တောက်ပနေလေ၏။

သူက အကောင်းဆုံးကြိုးစားကာ သူ့ဓမ္မခန္ဓာကိုယ်ပေါ်ရှိ မီးတောက်ကို အဆောက်အဦးအား လောင်ကျွမ်းမသွားစေရန် အကောင်းဆုံး ထိန်းချုပ်ထားလိုက်သည်။ သူက ဓမ္မခန္ဓာကိုယ်ဖြင့် ရစ်ပတ်ထားဖို့သာ လိုအပ်ပေသည်။

“ထူးခြားအံ့ဖွယ် စွမ်းအား” သူက သိုလှောင်ထားသည့် ထူးခြားအံ့ဖွယ်စွမ်းအားကို အသုံးပြုခဲ့သည်။

ထူးခြားအံ့ဖွယ် စွမ်းအား ပေါ်ထွက်လာကာ သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို လွှမ်းခြုံသွား၏။ ကြည့်ရသည်မှာ လည်တာ ရပ်တန့်တော့မည့်ဆဲဆဲ ဖြစ်နေလေသည်။ ထိုအရာမှလွဲ၍ မွေးဖွားဇယားချပ်ဇုံတွင် လှုပ်ရှားမှု မရှိပေ။ သိသာသည့် အစွန်များက တောက်ပလာမည့် အရိပ်အယောင် မရှိသေးပေ။

“ငါ ကျရှုံးတော့မှာလား”

“...”

လုကျိုးက ခေတ္တမျှ စောင့်ဆိုင်းလိုက်၏။ သူ မွေးဖွားဇယားချပ်တစ်ခု အောင်အောင်မြင်မြင် အသက်သွင်းနိုင်သည်ကို ညွှန်ပြနေသည့် အပြောင်းအလဲ မရှိသေးပေ။

“ကျရှုံးခြင်းဆိုတာက အောင်မြင်မှုရဲ့ ရှေ့ပြေးပဲ” လုကျိုးက သက်ပြင်းချကာ ခေါင်းအသာယမ်းလိုက်၏။ သူက ယခင်အမှားမှ သင်ယူနိုင်လေသည်။

လုကျိုးက စိတ်ဝိညာဥ်သဏ္ဌာန်ကို ပြန်လည်ရုပ်သိမ်းတော့မည့်ဆဲဆဲတွင်

ဝှစ်

ကြာပလ္လင်ပေါ်ရှိ မီးတောက်က ပြန်လည်တောက်ပလာလေသည်။

ဟမ် ...

သူက ရဲရဲနီ ရစ်ငှက်၏ အသက်ဓာတ် နှလုံးသားကို ထားရှိခဲ့သည့် မွေးဖွားနန်းဆောင်နေရာကို ကြည့်လိုက်မိစဥ် မီးတောက်က ပြန်လည်တောက်လောင်လာကြောင်း မြင်လိုက်ရသည်။

“တော်သေးတယ်။ စောစောလေးက ငါ ထူးခြားအံ့ဖွယ် စွမ်းအားများများ မသုံးမိတာ ကံကောင်းသွားတယ်” လုကျိုးက သူ့ကိုယ်သူ စိတ်သက်သာရာရသွားမိသည်။

သူက စိတ်ဝိညာဥ်သဏ္ဌာန်ကို ဆက်လက် ထိန်းထားလိုက်သည်။

ဤတစ်ကြိမ် တောက်လောင်နေသည့် ခံစားချက်က ပျောက်ကွယ်သွား၏။ ထိုစွမ်းအားအမြောက်အမြား စီးဆင်းမှုမှ ယူဆောင်လာသည့် ဆိုးကျိုးကလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။ မွေးဖွားဇယားချပ်ကို အသက်သွင်းသည့် ဖြစ်စဥ်က ယခင်မွေးဖွားဇယားချပ် ၂ခုကို အသက်သွင်းသည့် ပထမ ၂ကြိမ်နှင့် တူညီနေပြီ ဖြစ်သည်။

လုကျိုးက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ သူက မွေးဖွားဇယားချပ်ကို အောင်အောင်မြင်မြင် အသက်သွင်းနိုင်ခဲ့သည်မှာ အမှန်တကယ် ကံကောင်းလွန်းလှသည်ဟု ခံစားမိနေသည်။ အနည်းငယ်ဆုံး အမှားအယွင်းကပင် အသက်ဓာတ် နှလုံးသားကို အသုံးမဝင်ဖြစ်သွားစေနိုင်သည်။

လုကျိုးက မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ အာရုံစိုက်ထားလိုက်သည်။ သူက လမ်းကြောင်းမှန်တွင် ရောက်ရှိနေကြောင်း အတည်ပြုပြီးသည့်နောက်တွင် မျက်လုံးအသာမှိတ်ကာ ကောင်းကင်ကျမ်းကို ဆင်ခြင်လိုက်သည်။

...

နောက်တစ်ရက် မနက်စောစော

လုကျိုးက မျက်လုံးဖွင့်ကာ ကြာပလ္လင်အလယ်ရှိ မွေးဖွားနန်းဆောင်ကို ကြည့်လိုက်သည်။ ထိုအရာက တောက်လောင်နေဆဲဖြစ်ကာ အသက်ဓာတ် နှလုံးသားက အသက်ဓာတ်စွမ်းအားကို စုပ်ယူနေဆဲ ဖြစ်၏။

“ဘာလို့ အဲဒီလောက်တောင် ကြာနေပါလိမ့်”

ဤတစ်ကြိမ် မွေးဖွားဇယားချပ် အသက်သွင်းမှုက ယခင် ၂ ကြိမ်ထက် ပိုမိုကြာမြင့်နေသည်။

သူက ထူးခြားအံ့ဖွယ် စွမ်းအားကို အကဲဖြတ်လိုက်စဥ် အပြည့်အဝ ပြန်လည်ဖြည့်တင်းဖို့ နောက်ထပ် ၂ရက်တာ ကြာမြင့်မည်ဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက ခရမ်းရောင် တောက်ပသံကျောက်ကို အသုံးပြုကာ ကောင်းကင်ကျမ်းကို ဆက်လက် ဆင်ခြင်လိုက်၏။

ကောင်းကင်ကျမ်းမှ သင်္ကေတများက သူ့စိတ်ထဲ ထွက်ပေါ်လာသည်။ ခရမ်းရောင် တောက်ပသံကျောက်၏ အကူအညီဖြင့် ကောင်းကင်ကျမ်း၏ သင်္ကေတများက ယခင်ထက် ပိုမိုမြန်ဆန်စွာ ပေါ်ထွက်လာ၏။

သူက နက်နက်နဲနဲ ဆင်ခြင်နေသည့် ခံစားချက်က အတော်လေး သက်တောင့်သက်သာ ရှိလှသည်။ ဤသည်မှာ အချိန်ကြာမြင့်စွာ ကွဲကွာပြီးသည့်နောက် ပြန်လည်ဆုံတွေ့ရသလိုမျိုး ဖြစ်၏။

...

၂ရက်တာက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေသည်။

စာပေကြယ်တာရာခန်းမ အပြင်ဘက်နှင့် အထဲတွင် တိတ်ဆိတ်နေလေ၏။

...

စီးဝူယာ့က သူ့ရှစ်စွင်းကို လာရောက်ရှာဖွေခဲ့သေးသည်။ သို့သော်လည်း သူက တုံ့ပြန်မှု မရှိသည့်အတွက် ခွင့်ပြုချက် မရှိဘဲ မဝင်ရောက်ရဲပေ။ ကံကောင်းစွာဖြင့် သူ့ရှစ်စွင်းက သူ့ကို ယုံကြည်သည့်အတွက် သူ့ဘာသာသူ ဆုံးဖြတ်ချက်တွေ တစ်ခုပြီးတစ်ခု ချမှတ်နိုင်၏။

သူက အထွတ်အထိပ် မြင့်မြတ်ထုံးတမ်းခန်းမဆောင်ဆီ ပြန်ရောက်လာသည့်အခါ မျက်တွင်းဟောက်ပက်နှင့် လီယွင်ကျန်းက သူ့အား စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရ၏။

“ဆရာ ကျွန်တော် ဒီမေးခွန်းကို နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ။ ကျွန်တော်ကို နောက်ထပ် ၁လလောက် အချိန်ပေးလို့ ရမလား” လီယွင်ကျန်းက စာရွက်တချို့ကို ပေးရင်း ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

ဤတစ်ချိန်လုံး သူက စီးဝူယာ့ ပေးထားသည့် ပဟေဠိများကို လေ့လာဖြေရှင်းနေခဲ့သည်။ ယခုမတိုင်ခင်အထိ သူက တချို့ကို နားလည်ခဲ့ရုံမျှသာဖြစ်ကာ ဖြေရှင်းဖို့ရာ ထည့်ပြောဖို့ မလိုတော့ပေ။

စီးဝူယာ့က စားပွဲဆီ ရောက်ရှိလာကာ လီယွင်ကျန်းကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“အဲဒါအတွက် မလိုတော့ဘူး။ မင်းက ဒီမေးခွန်းကို မဖြေရှင်းနိုင်ဘူး”

“ဘာလို့လဲ။ အော် သိပြီ။ ဒါက မဖြေရှင်းနိုင်တဲ့ ပဟေဠိလား” လီယွင်ကျန်းက မေးလိုက်သည်။

“ဖြေရှင်းနည်း ရှိတယ်။ ဒါပေမဲ့ မင်းရဲ့ စွမ်းရည်နဲ့ဆိုရင် မဖြေရှင်းနိုင်ဘူးလို့ ပြောတာ” စီးဝူယာ့က ပြောလိုက်သည်။

“ဟမ်”

ဤတစ်ချိန်လုံး လီယွင်ကျန်း၏ ယုံကြည်ချက်က အပြီးတိုင် ဖျက်ဆီးခံလိုက်ရသည်။ ကောင်းကောင်း စာဖတ်ထားသည့်သူက စီးဝူယာ့၏ ရှေ့မှောက်တွင် ကဏ္ဍအသီးသီး၌ ရှုံးနိမ့်သွားလေသည်။

အတိတ်တွင် စီးဝူယာ့က တော်ဝင်ခုံရုံး၌ မင်းဆရာ ဖြစ်ခဲ့ဖူးသည်။ ထိုအရာအပြင် သူက လီယွင်ကျန်းထက် အသက်များစွာ ကြီးလေ၏။ ထို့ကြောင့် သူ့ဗဟုသုတနှင့် အတွေ့အကြုံတို့က လီယွင်ကျန်း လိုက်ယှဥ်နိုင်ဖို့ မျှော်လင့်နိုင်သည့် အရာမျိုး မဟုတ်ပေ။

စီးဝူယာ့က မေးလိုက်သည်။

“မင်း အမြင်မှာ မင်းရဲ့ အာဏာကို ပြန်သိမ်းချင်တယ်ဆိုရင် ဘယ်နေရာက စရမယ် ထင်လဲ”

“ကျွန်တော်က ပြည်သူပြည်သားတွေနဲ့ စစ်တပ်ကနေ စရမယ်လို့ ထင်တယ်။ သူတို့ဆီကနေ ငြင်းဆန်မှု မရှိဘူးဆိုရင် ပလ္လင်ပေါ်မှာ ခိုင်ခိုင်မာမာ ထိုင်နိုင်လိမ့်မယ်” လီယွင်ကျန်းက ပြောလိုက်သည်။

“ထပ်တွေးကြည့်အုံး” စီးဝူယာ့က စုတ်တံတစ်ကြောင်းကို ကောက်ယူလိုက်သည်။ သူက လီယွင်ကျန်း၏ အဖြေကို များများမစဥ်းစားထားမှန်း သိသာလှ၏။

“ဆရာ ကျွန်တော် မှားသွားတာလား။ မြို့စားကြီး ၄ယောက်က ကျွန်တော်ဆရာဘိုးဘိုးကြောင့် ရှုံးနိမ့်သွားကြပြီလေ။ ဆရာဘိုးဘိုးသာ ဘေးမှာရှိတယ်ဆိုရင် သူတို့က ကျွန်တော်ဘက်မှာ သေချာပေါက် ရပ်တည်ကြမှာပဲ။ မြို့စားကြီး ၄ယောက်ရဲ့ ထောက်ခံမှုနဲ့ဆိုရင် ပြည်သူပြည်သားတွေနဲ့ စစ်တပ် အရာရှိတွေကို အကျိုးအမြတ် အနည်းငယ် ပေးပြီးတော့ ဖျောင်းဖျဖို့ပဲ လိုတယ်” လီယွင်ကျန်းက ပြောလိုက်သည်။

“ထပ်တွေးကြည့်အုံး” စီးဝူယာ့က ခေါင်းယမ်းလိုက်၏။

“...”

လီယွင်ကျန်းက ခေါင်းကုတ်လိုက်၏။ သူ မည်မျှပင် စဥ်းစားစေကာမူ ပိုမိုကောင်းမွန်သည့် နည်းလမ်းကို မစဥ်းစားမိပေ။ တစ်နာရီကြာမြင့်ပြီးသည့်နောက်တွင် လက်လျော့လိုက်၏။ သူက ဦးညွတ်ကာ ပြောလိုက်သည်။

“ဆရာ ကျွန်တော်ကို သင်ပြပေးပါ”

စီးဝူယာ့က စုတ်တံကို ချကာ ပြောလိုက်သည်။

“ရှားဟို့ရှန်းက တော်ဝင်အစောင့်တပ်ဖွဲ့ကို ဦးဆောင်တယ်။ အဲဒါက မြို့တော်ကို ထိန်းချုပ်ထားတဲ့ ပင်မတပ်ဖွဲ့ပဲ”

လီယွင်ကျန်းက မေးလိုက်သည်။

“ရှားဟို့ရှန်းက ဘယ်မှာ ပုန်းနေတယ်ဆိုတာကို ကျွန်တော် မသိဘူး။ မြို့တော်မှာ သူ့သတင်း မကြားမိသေးဘူး။ ဆရာဘိုးဘိုးသာ ရှိနေမယ်ဆိုရင် သူက ထွက်လာရဲမှာ မဟုတ်လောက်ဘူးမလား”

ယွီချန်းရှု သေဆုံးကတည်းက ရှားဟို့ရှန်းကို မမြင်တွေ့ရပေ။

“ကမ္ဘာကြီးမှ ဘာမှတစ်သမတ်တည်း သတ်မှတ်ထားလို့ မရဘူး” စီးဝူယာ့က မတ်တတ်ရပ်ကာ လက်နောက်ပစ်လျက် ပြောလိုက်သည်။

“ရှားဟို့ရှန်းရဲ့ ထိန်းချုပ်မှုအောက်မှာ တော်ဝင်အစောင့်တပ်အယောက် ၁သိန်း ရှိတယ်။ မင်းအဲဒါကို ဘယ်တော့မှ မမေ့နဲ့”

“ဆရာ ကျေးဇူးပြုပြီး သင်ကြားပေးပါ” လီယွင်ကျန်းက ပြောလိုက်သည်။

“အားနည်းတဲ့ သူက ပြောဆိုခွင့် မရှိဘူး” စီးဝူယာ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“မင်းက တိုင်းပြည်ရဲ့ အုပ်ချုပ်သူဆိုတော့ ဒီအရာကို နားလည်သင့်တယ်”

လီယွင်ကျန်းက ခေါင်းညိတ်လိုက်သည်။

စီးဝူယာ့က ဆက်ပြောလိုက်၏။

“မင်းက ပတ်လမ်းဆယ်ခုမှာရှိတဲ့ စစ်သူကြီး ၈ယောက်ကို နာခံအောင် လုပ်ရမယ်”

လီယွင်ကျန်းက တုံ့ဆိုင်းစွာ ပြောလိုက်၏။

“သူတို့က တိုင်းပြည်နဲ့ လူတွေကို ကာကွယ်ပေးခဲ့တဲ့ အာဇာနည်တွေပါ။ တကယ်လို့ ကျွန်တော်သာ ... “

“အုပ်ချုပ်သူတစ်ယောက်အနေနဲ့ မင်းက ဆုံးဖြတ်ချက် မပြတ်မသားဖြစ်လို့ မဖြစ်ဘူး။ မင်းက ငယ်ရွယ်သေးတယ်ဆိုတော့ ငါက မင်းအတွက် ဆုံးဖြတ်ချက် ချပေးလို့ရတယ်။ ဒီနှစ်ပိုင်းလေးအတွင်းမှာ မင်း နားလည်လာလိမ့်မယ်။ တကယ်လို့ မင်းအတွက် ငါ့ကို ဆုံးဖြတ်ချက် မချစေချင်ဘူးဆိုရင် အခုထွက်သွားလို့ ရတယ်။ ငါတို့ရဲ့ ဆရာတပည့် ဆက်ဆံရေးက ဒီနေရာမှာတင် အဆုံးသတ်လိုက်မယ်”

စီးဝူယာ့၏ ကိုင်တွယ်ဖြေရှင်းနည်းက လီယွင်ကျန်းကို အံ့အားသင့်စေခဲ့သည်။ သူက လက်ခံဖို့ရာအတွက် အခက်တွေ့နေ၏။

စီးဝူယာ့က သူသည် ရက်စက်ရမည်ဖြစ်ကြောင်း သိလေသည်။

သို့သော်လည်း သူက လီယွင်ကျန်း၏ ငယ်ရွယ်မှုကို ပြန်လည်အမှတ်ရသည့်အခါ သက်ပြင်းချလိုက်၏။ သူက လီယွင်ကျန်းကို အတင်းဖိအားပေး၍ မဖြစ်ကြောင်း သိလေသည်။

စီးဝူယာ့က ရွှေကြာနယ်မြေ၏ တော်ဝင်ခုံရုံး၏ မြင့်တက်မှုနှင့် ကျရှုံးမှုကို မြင်တွေ့ခဲ့ဖူးသူ ဖြစ်၏။ သူက တော်ဝင်မိသားစု၏ ကျရှုံးမှုနှင့် မိသားစုများ တစ်ယောက်နှင့် တစ်ယောက် သတ်ဖြတ်နေသည်ကိုပင် မြင်တွေ့ခဲ့ဖူးသည်။

စီးဝူယာ့က ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ကာ မေးလိုက်သည်။

“ငါနဲ့အတူလာတဲ့ ကျန်းအိုက်ကျန့် … သူ့ရဲ့ တကယ့်ဇစ်မြစ်ကို သိလား”

လီယွင်ကျန်းက ခေါင်းခါလိုက်ပြီး မသိကြောင်း ပြလိုက်သည်။

စီးဝူယာ့က ပြောလိုက်၏။

“သူက တာ့ယန်တော်ဝင်မိသားစုရဲ့ တတိယမင်းသား လျိုချန်း … အဲဒီအချိန်တုန်းက လူတော်တော်များများက သူက နန်းပလ္လင်ရဲ့ ဆက်ခံသူ ဖြစ်လိမ့်မယ်ဆိုတာကို တွေးထားခဲ့ကြတာ။ သူက တာ့ယန်ရဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ အလားအလာ အကောင်းဆုံး မင်းသားတစ်ပါး ဖြစ်ရုံတင် မကဘူး။ မျက်နှာသာ အပေးခံရဆုံး မင်းသားတစ်ပါးလည်း ဟုတ်တယ်။

ဒါပေမဲ့ သူ့နန်းဆောင်မှာ မီးလောင်ပြီးတော့ လူထောင်ချီ သေဆုံးခဲ့ကြရတယ်။ အဲဒီအချိန်တုန်းက တော်ဝင်စစ်တပ်၊ မဟူရာ စစ်သည်တော်နဲ့ စီရင်စု ကိုးခုလုံးမှာရှိတဲ့ စစ်သူကြီးတွေက ဘယ်သူကမှ သူ့ဘက်မှာ မရပ်တည်ပေးခဲ့ကြဘူး”

သူက အသံတိုးကာ ဆက်ပြောလိုက်သည်။

“လုံလောက်တဲ့ စွမ်းအား မရှိဘဲနဲ့ မင်းနဲ့ အနီးကပ်ဆုံး သူတွေကတောင် မင်းကို သစ္စာဖောက်နိုင်တယ်။ မင်းရဲ့ နှလုံးသားကို ဓားနဲ့ ထိုးလိုက်လို့ ထွက်လာတဲ့ သွေးကလည်း အနက်ရောင် ဖြစ်နေနိုင်တယ်။ နားလည်လား”

ထို့နောက် စီးဝူယာ့က အလေးအနက် ပြောလိုက်သည်။

“မှတ်ထား။ အဲဒီစစ်သူကြီးတွေက မင်းရဲ့ စစ်သူကြီးတွေ မဟုတ်ဘူး”

သူက မင်း ဆိုသည့် စကားအပေါ် အသေအချာ ဖိပြောခဲ့သည်။

လီယွင်ကျန်းက တုန်ယင်သွား၏။

စီးဝူယာ့က ဆက်ပြောလိုက်သည်။

“ရက်အနည်းငယ်အတွင်း မင်းရဲ့ ဆရာဘိုးဘိုးနဲ့ နန်းတော် ဝင်ရောက်မဲ့ကိစ္စကို ဆွေးနွေးကြမယ်။ အခုတော့ ပြန်ပြီးတော့ သေချာစဥ်းစားကြည့်”

“အဲဒါဆို ကျွန်တော် သွားလိုက်ပါအုံးမယ်” စီးဝူယာ့၏ ရိုးရှင်းသည့် စကားများက လီယွင်ကျန်း၏ စိတ်ထဲ ဗြောင်းဆန်စေခဲ့သည်။

...

ထိုစဥ် စာပေကြယ်တာရာခန်းမ

“တင် မြေကမ္ဘာစာလိပ်ကို အကြိမ် ၃၀၀ဆင်ခြင်ခဲ့တဲ့အတွက် ကောင်းကင်ကျမ်းရဲ့ အရေးသာချက်ကို ရရှိပါတယ်”

“ဒီအရေးသာချက်နဲ့ဆိုရင် ထူးခြားအံ့ဖွယ်စွမ်းအားကို အထွတ်အထိပ် ဆန်းကြယ်စွမ်းအားအဖြစ် အဆင့်မြင့်နိုင်ပါတယ်”

လုကျိုးက စနစ်၏ သတိပေးချက်ကို ရရှိပြီးသည့်နောက်တွင် မျက်လုံးဖွင့်လိုက်သည်။

၃ရက် ကြာမြင့်ပြီးသည့်နောက်တွင် သူက အိပ်မောကျသွားပြီး အိပ်မက်မှ ရုတ်ခြည်းနိုးထလာသလို ခံစားနေရသည်။

ထိုစဥျ

“တင် လူပေါင်း ၁၅၅၀၀ ရဲ့ ကိုးကွယ်မှုကို ရရှိပါတယ်။ ဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၅ ၅၀၀ ရရှိပါတယ်”

“တင် ၈၇၅၀ ရဲ့ ကိုးကွယ်မှုကို ရရှိပါတယ်။ ကုသိုလ်ရမှတ် သုညရရှိပါတယ်”

…

အခန်း (၈၉၃) တတိယမြောက် မွေးဖွားဇယားချပ်၏ မီးထိန်းချုပ်မှု စွမ်းအား

လုကျိုးသည် အသိပေးသံဆက်တိုက်ကြောင့် ဝေခွဲမရဖြစ်သွားလေ၏။

“အထွတ်အထိပ် ဆန်းကြယ်စွမ်းအားလား”

သူသည် လူသားစာလိပ်နှင့် မြေကမ္ဘာစာလိပ်အပါအဝင် စာလိပ်ခြောက်ခုရထား၏။ ဤကာလအတွင်း သူသည် ဖွင့်လှစ်ခြင်းကောင်းကင်ကျမ်းစာ စာလိပ်များစွာလည်း ရထားသည်။ ဖွင့်လှစ်ခြင်းကောင်းကင်ကျမ်းစာ စာလိပ်တစ်လိပ်ရရှိခြင်းသည် စွမ်းအားအသစ်ပွင့်လာခြင်းနှင့် ညီမျှသည်။ ယခုအခေါက်တွင် သူ၏ဆင်ခြင်သုံးသပ်မှုက ကောင်းကင်ကျမ်းစာမှု အကျိုးခံစားခွင့်တစ်ခု သူ့အားပေးခဲ့သည်။

“အသုံးပြုမယ်”

“တင်း … ကောင်းကင်ကျမ်းစာမှ ခံစားခွင့်ကို အသုံးပြုလိုက်ပါပြီ။ ထူးကဲအံ့ဖွယ်စွမ်းအားကို အထွတ်အထိပ်အံ့ဖွယ်စွမ်းအားအဖြစ် မြှင့်တင်လိုက်ပါပြီ”

ပြီးနောက် လုကျိုးသည် သူ၏စိတ်ကို အသက်စွမ်းအင်တို့ လှုံ့ဆော်နေသည့် အေးမြမှုကို ခံစားလိုက်ပြီး အသက်စွမ်းအင်၏ အေးမြသောခံစားချက်သည် သူ၏စိတ်၊ သူ၏ချီသွေးကြောရှစ်ခု၊ ချီပင်လယ်တို့ကို လှုံ့ဆော်နေတာကို ခံစားလိုက်ရ၏။ သူ၏ အပေါ်ယံအရေပြားမှ ခန္ဓာကိုယ်အတွင်းထဲအထိ သူသည် ညင်သာသော လျှပ်စီးကြောင်းကို ခံစားလိုက်ရပြီး သူ ထုံကျဉ်သွားတော့သည်။ သူ့အရေပြားပေါ်ရှိ မွေးညင်းများ ထောင်ထလာ၏။ ထိုအရာအပြင် သူ၏စိတ်သည် မှန်းဆ၍ မရသော အဆင့်အထိ လှုံ့ဆော်ခံလိုက်ရသည်။

သူ့စိတ်အခြေအနေ နောက်ဆုံးတည်ငြိမ်သွားသောအခါ သူ၏ထူးကဲအံ့ဖွယ်စွမ်းအားနေရာတွင် အထွတ်အထိပ်ထူးကဲစွမ်းအားက နေရာယူထားကြောင်း ရှာတွေ့သွား၏။

ထူးကဲအံ့ဖွယ်စွမ်းအားသည် ချဲ့ကားရာရောက်နေပြီဖြစ်ရာ အထွတ်အထိပ်ထူးကဲစွမ်းအားဆို မည်မျှအစွမ်းထက်မည်နည်း။

အစ၌ လမ်းကြောင်းတစ်ခုရှိခဲ့သည်။ လမ်းကြောင်းက သန့်ရှင်းပြီး အံ့ဩစရာဖွယ်ရာများ၊ဆန်းကြယ်မှု မျိုးစုံကို ဦးဆောင်သွား၏။ မျက်ကန်းခန့်မှန်းနေခြင်းထက် စမ်းသပ်လိုက်တာ ပိုကောင်းမည်။

လုကျိုးက လက်ဖြန့်လိုက်ရာ အပြာရောင်အလင်းပေါ်ထွက်လာ၏။

“အပြာရောင်လား” အပြာရောင်ဖြစ်နေသေး၏။ သို့သော်ငြား အထွတ်အထိပ်စွမ်းအားက ထူးကဲအံ့ဖွယ်စွမ်းအားနှင့်ယှဉ်လျှင် ပိုကြည်လင်ပြီး အပြာရောင်ပိုရင့်သည်။ ယင်းသည် ယခင်ကထက်တောင် ပိုတောက်ပစွာ ထွန်းလင်းနေသေး၏။

“ဒီတော့ ဒါက အထွတ်အထိပ်ဆန်းကြယ်စွမ်းအားလား။ ဒါဘယ်လောက် အစွမ်းထက်လဲ သိချင်လိုက်တာ”

လုကျိုးက လှည့်ပတ်ကြည့်လိုက်သည်။ သူသည် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို စမ်းသပ်ဖို့ ကောင်းကင်သိုင်းခုံရုံးအတွင်းရှိအဆောက်အဦးများကို သုံးနိုင်စရာအကြောင်းမရှိပေ။ သူ အခြားတစ်နေရာမရွေ့ချင်ပေ။ ဤနေရာကို သဘောကျ၏။ ဤနေရာက ကျယ်ဝန်းပြီး ဇိမ်ကျကာ လူများများစားစားမရှိပေ။ ထို့အပြင် အဆောက်အအုံသည် သူ၏ စွမ်းအားအသစ်ကို တိတိကျကျ စစ်ဆေးကြည့်ရှုနိုင်အောင် ထောက်ပံ့ပေးနိုင်မှာ မဟုတ်။

“မေ့လိုက်တော့ … အခွင့်အရေးရှိလာတဲ့အချိန်ကျမှ စမ်းသပ်ကြည့်တာပေါ့”

အနား၌ ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူတစ်ယောက်မရှိဘဲ သူ၏ စွမ်းအားကို စစ်ဆေးဖို့က ခက်ခဲ၏။ ယခင်က ထူးကဲအံ့ဖွယ်စွမ်းအားသည် သူသည် နတ်ဒေဝါဦးတည်နယ်ပယ်တွင် ရှိစဉ်က နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကျင့်ကြံသူများကို အနိုင်ယူခွင့်ပေးခဲ့သည်။ သို့သော် နဝမနှင့် ဒသမ ပွင့်ချပ်ဖူးပွင့်ပြီးနောက် ထူးကဲအံ့ဖွယ်စွမ်းအားသည် ယခင်ကလောက်မဟုတ်ပေ။ အနီရောင် သင်္ကတများနှင့် ချပ်ဝတ်တန်ဆာများကို ရင်ဆိုင်ရန်အသုံးပြုပြီးနောက် ထူးကဲအံ့ဖွယ်စွမ်းအားသည် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူထက် ပိုသန်မာကြောင်း အတည်ပြုခဲ့ပြီးဖြစ်သည်။ သူ၏ လက်ရှိ ကျင့်ကြံဆင့်ဖြင့် ထူးကဲအံ့ဖွယ်စွမ်းအားတဝက်သည် မွေးဖွားဇယားချပ်ငါးခု၊ ဘုံတစ်ထောင်လေပွေစိ တ်ဝိညာဉ်သဏ္ဌာန် ကြယ်တာရာသိုင်းကွက်တစ်ခု ဖြစ်စေလိမ့်မည်။ ၎င်းသည် ကြယ်တာရာကို ဒိုင်ခွက်ကို မှေးမှိန်သွားစေရုံသာ ရှိစေပြီး ထိခိုက်မှုဖြစ်စေမှာ မဟုတ်ပေ။ အထွတ်အထိပ် ဆန်းကြယ်စွမ်းအားသည် ကြယ်တာရာဒိုင်ခွက်ကို ထိခိုက်မှုဖြစ်စေမည်လော။

ခဏအကြာတွင် လုကျိုးက သူက လက်သီးကျစ်ကျစ်ဆုပ်လျက် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို ရဲရဲနီရစ်ငှက်နှလုံးသားထားသည့်နေရာသို့ ထည့်လိုက်သည်။ ထိုစဉ် အသက်ဓာတ် နှလုံးသားကို မတွေ့ရတော့ပေ။ ကျန်သည့် မွေးဖွားဇယားချပ်နှစ်ခုနှင့် မတူဘဲ တတိယမြောက် မွေးဖွားဇယားချပ်၏ သိသာသော အစင်းများသည် အနီရောင်ဖျော့ဖျော့ ဖွဲ့တည်နေပြီး တတိယမြောက်မွေးဖွားဇယားချပ်ဇုံကို ရွှေနီရောင်ဖြစ်သွားစေသည်။

တချိန်တည်းတွင် သူသည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန် ပိုမြင့်မားလာတာကို အာရုံခံမိ၏။ ယခုလောက်ဆို ပေလေးရာရှိနေပြီဖြစ်သည်။

လုကျိုးသည် သူ၏ ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ကို ရုပ်သိမ်းပြီးနောက် စနစ်မျက်နှာပြင်ကို ထပ်ကြည့်လိုက်သည်။

ကုသိုလ်မှတ် ၄၈၆၃၃၀

“လောင်ပါ့ဆီက ကုသိုလ်မှတ် တစ်သောင်းခွဲလား”

ကျူးဟုန်ကုန်းကို သတိရသွားသောအခါ လုကျိုးသည် ကျူးဟုန်ကုန်း ဘာလုပ်နေလဲဆိုတာ ကြည့်ရန်ဆုံးဖြတ်လိုက်၏။ ထူးကဲအံ့ဖွယ်စွမ်းအားနေရာတွင် အထွတ်အထိပ်ဆန်းကြယ်စွမ်းအား ရောက်ရှိလာသောကြောင့် ကောင်းကင်ကျမ်းစာ စွမ်းအားထဲ၌ ပြောင်းလဲမှု ရှိလောက်သည်။ မဟုတ်ပါလော။

လုကျိုးသည် မျက်လုံးမှိတ်ထားလျက် ကောင်းကင်ကျမ်းစာစွမ်းအား၏ မန္တန်ကို တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။

သူ၏မျက်လုံးက အပြာရောင်လင်းလာပြီးနောက် သူ့ရှေ့တွင် ကျူးဟုန်ကုန်းပေါ်လာတော့သည်။

ထိုစဉ် ကျူးဟုန်ကုန်းက ဝတ်ရုံရှည်ကို ဝတ်ဆင်ထား၏။ သူက အမြင့်ဆုံးခုံပေါ်တွင် ထိုင်နေကာ သူ၏လက်ကို ကျားခေါင်းပုံသဏ္ဌာန်ထွင်းထုထားသည် ထိုင်ခုံလက်တန်းပေါ်တွင် တင်ထားသည်။

မြေပြင်ပေါ်တွင် လူငယ်တစ်ယောက် တစ်စုံတစ်ခုကို တင်ပြနေ၏။ “ဂိုဏ်းချုပ် … လေပြည်အေးဂိုဏ်း၊ မှန်ကန်ဖြောင့်မတ်ခြင်းဂိုဏ်းနဲ့ ကျင့်ဝတ်မှန်ကန်ခြင်းဂိုဏ်းတို့က အညံ့ခံဖို့ သဘောတူလိုက်ပါပြီ။ ဒါမတိုင်ခင် ဂိုဏ်းခေါင်းဆောင်သုံးယောက်ကို တွေ့ရမှာပါ။ သူတို့ကို သတ်ချင်တယ်ဆိုရင် ပြောလိုက်ဖို့ပဲလိုတယ်”

ကျူးဟုန်ကုန်းက မျက်လုံးဖွင့်လျက် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူက လက်ဝေ့ယမ်းလျက် ထူးမခြားနားပြောလိုက်၏။ “သူတို့ကို သတ်လိုက်”

“နေဦး” ဘယ်ဖက်တွင် ထိုင်နေသောလုလီက ပြောလိုက်သည်။ “အခုက လူတွေရဲ့စိတ်နှလုံးကို ရဖို့က အချိန်ကောင်းပဲ။ စပြီး မသတ်ဖြတ်နဲ့”

ကျူးဟုန်ကုန်းက မဝံ့မရဲပြုံးပြီး ပြောလိုက်လေ၏။

“အာ … ဟုတ်သား။ ကျုပ်ရဲ့ဆရာလိုမျိုး စိတ်နှစ်တာ များသွားတယ်။ မတတ်နိုင်ဘူးလေ။ ကျေးဇူးပြုပြီး ကျုပ်ကို နားလည်မှု မလွဲပါနဲ့ ချန်းပေ့”

“မင်းရဲ့ရှစ်စွင်းက လူတွေကို သတ်ရတာ သဘောကျတာလား” လုလီက မျက်မှောင်ကျုံ့လျက် မေးလိုက်တော့သည်။

“အမ် … အဲ့လိုမဟုတ်ဘူး။ ဒါပေမဲ့ သူက သေသင့်တဲ့လူတွေကို သတ်တဲ့အချိန်မှာ ဆုံးဖြတ်ချက် မပြတ်သားတာ မရှိဘူး” ကျူးဟုန်ကုန်းက ပြောလိုက်သည်။

“မသတ်ခင်မှာ အခြေအနေကို ကြည့်သင့်တယ်။ ဒီကဂိုဏ်းတွေအမြင်မှာ မင်းက ပြိုင်ဖက်ကင်းပဲ။ မင်းအတွက် အဲ့ဒီစိတ်တွေဝင်လာအောင် မင်းကိုယ်မင်းနှိမ့်ချဖို့မလိုဘူး” လုလီက ပြော၏။

“ဘာကိုဆိုလိုတာလဲ ချန်းပေ့” ကျူးဟုန်ကုန်းက မေးလိုက်သည်။

“ငါတို့က အကြင်နာတရားရယ် အာဏာရပ်နှစ်ရပ်လုံးနဲ့ အုပ်စိုးတယ်။ ရေလွှမ်းခြင်းဂိုဏ်းရဲ့ မူလဂိုဏ်းသားတွေကို မြေကမ္ဘာအဆင့်လက်နက်ကျင့်စဉ်တွေ၊ တခြားရတနာတွေ ဆုချီးမြှင့်လိုက်။ သုံးရက်ကြာပြီးရင် ဂိုဏ်းဆယ်ဂိုဏ်းက ဖွဲ့တည်တဲ့ ကျင့်ကြံခြင်းလောကရဲ့မဟာမိတ်ထဲ ဝင်ပြီး အမြင့်ဆုံးနေရာကို ယူလိုက်” လုလီက ပြောလိုက်၏။

ကျူးဟုန်ကုန်းက မှင်သက်သွားတော့သည်။

ရွှီဝမ်ချင်းက မြေကမ္ဘာအဆင့်လက်နက် အကြောင်းကြားသောအခါ သူ၏မျက်လုံးများ ချက်ချင်း လက်သွားလေ၏။ သူက ဒူးတစ်ဖက်ထောက်လျက် ပြောလိုက်သည်။

“ကျေးဇူးပါ ဂိုဏ်းချုပ်။ ကျေးဇူးပါ ချန်းပေ့။ ကျွန်တော့်ကို မြေကမ္ဘာအဆင့်လက်နက် ချီးမြှင့်တဲ့အတွက် ကျွန်တော့်တစ်ဘဝလုံး ဂိုဏ်းချုပ်နောက်လိုက်ပါ့မယ်”

ကျူးဟုန်ကုန်းက မျက်မှောင်ကျုံ့ပြီးပြောလိုက်သည်။ “မြေကမ္ဘာအဆင့်လက်နက်က ဘာမှမဟုတ်ဘူး”

သူ၏ လက်အိတ်ကို တိတ်တဆိတ်ကြည့်လိုက်သည်။ သူ ၎င်းကို အသက်မသွင်းခဲ့ပေ။ ယင်းသည် ကောင်းကင်အဆင့်လက်နက်ထက် ပိုကောင်းမှန်းသိနေသောကြောင့်ဖြစ်သည်။

“ကျေးဇူးပါ ဂိုဏ်းချုပ်” ရွှီဝမ်ချင်းက ပြောပြီးထွက်ခွာသွားတော့၏။

လုလီသည် ရွှီဝမ်ချင်း၏ ဆုတ်ခွာသွားသော နောက်ကျောကိုကြည့်ပြီး ပြောလိုက်၏။

“ဒါက ကြင်နာမှုရဲ့စွမ်းအားပဲ။ မြေကမ္ဘာအဆင့်လက်နက်တွေက မင်းအတွက် ဘာမှမဟုတ်ဘူး။ ဒီတော့ အဲ့ဒီလူတွေကို ပေးလိုက်ပေါ့။ ဒီလိုအရင်းအမြစ်ရှားပါးတဲ့နေရာကို ထိန်းချုပ်ဖို့ မင်းလုပ်သင့်တာ အဲဒါပဲ။ ဥပမာ မီးဝိညာဉ်ကျောက်တုံး၊ ခရမ်းရောင်မီးဝိညာဉ်ကျောက်တုံးနဲ့ အသက်ဓာတ်နှလုံးသားတွေ မွေးဖွားဇယားချပ်သားရဲတွေ”

“ဒါ သင့်တော်ပါ့မလား” ကျုးဟုန်ကုန်းက မေးလိုက်၏။

“မသင့်တော်စရာ မရှိဘူး။ မင်းက နောင်ကျ အနက်ရောင်မျှော်စင်ကောင်းကင်အကြောင်း သင်ယူခဲ့ရင် ဒီနည်းလမ်းက ဘယ်လိုမျိုးလဲဆိုတာ နားလည်လာလိမ့်မယ်” လုလီက ပြောလိုက်သည်။

ကျူးဟုန်ကုန်းက ခေါင်းညိတ်လိုက်၏။ ပြီးနောက် သူက သက်ပြင်းချပြီး ပြောလိုက်တော့သည်။ “အဆုံးကျ ကိုယ်မုန်းတီးတဲ့လူတွေလို ပြုမူရတာပဲ”

ထိုစဉ် ရွှီဝမ်ချင်းက ခန်းမထဲ ရုတ်တရက်ပြန်ဝင်လာ၏။ သူက ဦးညွှတ်လျက် ပြောလိုက်တော့လေသည်။ "ဂိုဏ်းချုပ် သတင်းကောင်း ရလာပါတယ်”

"ပြော"

"မနေ့တုန်းက အဲ့ဒီကဂိုဏ်းသုံးဂိုဏ်းရဲ့ ထိပ်သီးဆရာကြီး ဆယ်ယောက်ကို ဂိုဏ်းချုပ် အနိုင်ယူလိုက်ချိန်ကစပြီး နောက်ထပ်ဂိုဏ်းငါးဂိုဏ်းက ကျွန်တော်တို့ရေလွှမ်းခြင်းဂိုဏ်းကို ဝင်ချင်နေပါပြီ” ရွှီဝမ်ချင်းကပြောလိုက်၏။

"ဟုတ်ပြီ ပြီးရင် သူတို့ကိုတွေ့လိုက်မယ်”

"နားလည်ပါပြီ” ရွှီဝမ်ချင်းက လှည့်ထွက်သွားတော့သည်။

လုလီသည် သူ့စိတ်ထဲ၌ အခြေအနေကို တွက်စလိုက်သည်။ ခန်းမထဲ၌ အပြင်လူ မရှိတော့သောအခါ သူသည် ကျူးဟုန်ကုန်းကို ‌ပြောလိုက်၏။ "မင်းရဲ့ စိတ်ဝိညာဉ်သဏ္ဍာန်ကိုပြ။ ဒါမှ ငါကြည့်လို့ရမှာ”

ကျူးဟုန်ကုန်းက ခေါင်းညိမ့်ပြီး သူ၏စိတ်ဝိညာဉ်သဏ္ဍာန်ကို ဖွဲ့တည်လိုက်သည်။

လုလီသည် စိတ်ဝိညာဉ်သဏ္ဍာန်ကို လေ့လာပြီး ပြောလိုက်၏။ "သူရဲ့ အမြင့်အမှန်က အခု ပေ ၁၃၀ ပဲ။ ငါ အနက်ရောင်ကောင်စီမှာတုန်းက နဝမမြောက်ပွင့်ချပ် ဖူးပွင့်တဲ့အချိန် သက်တမ်း ၁၂၀၀ လိုတယ်လို့ ဖတ်ဖူးတယ်။ ငါးပြားရဲ့ အသက်ဓာတ်က သက်တန်း ၃၀၀ပဲရှိတာ။ မင်းဆီမှာ သတ်တန်း ၉၀၀ ကျန်မယ်။ အရည်အတွက်က လုံလောက်ရုံလောက်ပဲ”

"အမ်း … ချန်းပေ့ ကျွန်တော် အဖိုးကြီးဖြစ်သွားမယ်လို့ ဆိုလိုတာလား” ကျူးဟုန်ကုန်းက မေးလိုက်၏။

"ပင်လယ်သားရဲဘုရင်ရဲ့ အသက်ဓာတ်နှလုံးသားက သက်တမ်းထောင့် ၁၉၀၀ ရှိတယ်”

"ပင်လယ်သားရဲဘုရင်ရဲ့ အသက်ဓာတ်နှလုံးသားက သက်တမ်း ၁၉၀၀ ကျန်တာ မင်းသက်တမ်းကို ၄၀၀ ရှည်အောင် သုံးလို့ရတယ်။ ကျန်တဲ့ ၁၅၀၀က မင်း မွေးဖွားဇယားချပ်ကို အသက်သွင်းတဲ့အချိန်သုံးဖို့ ချန်ထယးသင့်တယ်။ နဝမမြောက်ပွင့်ချပ် ဖူးပွင့်တဲ့အခါ မင်းရဲ့သက်တမ်းက ရှည်လာလိမ့်မယ်။ ဒါကြောင့် မင်းအဲဒါကို စိတ်ပူဖို့မလိုဘူး” လုလီကပြောပြီး ကျူးဟုန်ကုန်း၏ စိတ်ဝိညာဉ်သဏ္ဍာန်ကို ဆက်ကြည့်လိုက်သည်။ သူသည် ရွှေကြာဖြတ်တောက်သည့် နည်းလမ်းကို သတိပြုမိပုံမရ။

"ချန်းပေ့ပြောတာ ယုတ္တုရှိတယ်။ ချန်းပေ့က ကျွန်တော့်ရဲ့ချီရှစ်ရှိုးနဲ့ အတော်တူတာပဲ” ကျူးဟုန်ကုန်းက ပြောလိုက်၏။

"မင်းရဲ့ ချီရှစ်ရှိုးလား”

"သူ့ကို ကောင်းကင်လွန်းပေါ်မှာ တွေ့ဖူးပါတယ်။ အဲဒီတုန်းက ကျွန်တော့ရဲ့ ချီရှစ်ရှိုးကို ကယ်ဖို့အတွက် ကျွန်တော်က ထန်ခန်းကို ကျွန်တော်နဲ့အတူ ခေါ်လာတာ။ ပင်လယ်သားရဲတွေကို မျှားလာတာလေ” ကျူးဟုန်ကုန်းက သက်ပြင်းချပြီး ပြောလိုက်၏။ "ကျွန်တော်တို့က ဆက်ဆံရေးကောင်းလှတာ။ အခုလောက်ဆို သူ့မျက်လုံးတွေ ဖူးယောင်နေအောင် ငိုနေမှာပဲ”

လုလီသည် အဆုံးမဲ့သမုဒ္ဒရာထက်က မြင်ကွင်းကို ပြန်တွေးမိသွား၏။ "သူလား သူလည်း မဟာလေဟာနယ်စွမ်းအင် အငွေ့အသက်ရှိတာပဲ”

"မဟာလေဟာနယ်ရဲ့ အငွေ့အသက်ကဘာလဲ” ကျူးဟုန်ကုန်းက မေးပြီး လက်မြောက်ကာ သူ၏ ချိုင်းနားကပ်ကာ တရှုံ့ရှုံ့လုပ်လိုက်၏။

"ဒါ ထူးဆန်းတာပဲ။ ငါတို့ နှစ်ယောက်လုံး ပြန်‌ရောက်တဲ့ချိန် မင်းရဲ့ရှစ်စွင်းနဲ့ တွေ့တဲ့အချိန် အဖြေရလောက်တယ်။ ဒါပေမဲ့ မင်းရဲ့ကိုယ်ထဲက မဟာလေဟာနယ်စွမ်းအားကို ကာပေးဖို့ နည်းလမ်းတစ်ခု စဉ်းစားရမယ်”

"ကျေးဇူးပါ ချန်းပေ့။ ကျွန်တော့်ရဲ့ ရှစ်စွင်းကလွဲရင် အာ … မဟုတ်ဘူး တာ့ရှစ်ရှိုး၊ အာ့ရှစ်ရှိုး၊ ချီရှစ်ရှိုးကလွဲရင် ကျွန်တော်တွေ့ဖူးသမျှထဲ ကောင်းကောင်းဆက်ဆံတဲ့ ပထမဆုံးလူပဲ”

"..."

ကောင်းကင်ကျမ်းစာ စွမ်းအားကို ဖြတ်တောက်လိုက်၏။

လူကျိုး စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်တော့သည်။ သူ၏တပည့် ဘေးကင်းကြောင်း သိလိုက်ရသောကြောင့် စိတ်ကျေနပ်သွား‌တာ့သည်။ သူမြင်လိုက်ပုံအရ လုလီသည် သူ၏တပည့်ကို နဝမမြောက်ပွင့်ချပ် ဖူးပွင့်အောင် ကူညီပေးတော့မည့် ပုံပေါ်သည်။

"လုလီကလည်း အနက်ရောင် မျှော်စင်ကောင်စီဝင်ပဲလား။ သူက ယီယောင်နဲ့ ဘာကြောင့် ကွဲရတာလဲ။ ကောင်စီထဲမှာ အတွင်းပဋိပက္ခ ရှိနေတာလား”

လုကျိုးသည် ထိုကိစ္စကို မစဉ်းစားတော့ပေ။ ထိုအစား သူ၏ အထွတ်အထိပ်ဆန်းကျယ်စွမ်းအားကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ ခဏကြာပြီးနောက် သူ့၌ လေးပုံသုံးပုံသာ ကျန်တာကို တွေ့လိုက်ရသည်။ သူ ဆန္ဒရှိလျှင် ကျူးဟုန်ကုန်းကို ဆက်လက်လေ့လာနိုင်၏။ "အထွတ်အထိပ်ဆန်းကြယ်စွမ်းအားက ဘလောက်အစွမ်းထက်တာလဲ။ ဒါ့အပြင် တတိယမြောက်မွေးဖွားဇယားချပ်ဆီက မီးဓာတ်ထိန်းချုပ်ခြင်းစွမ်းအားရှိနေသေးတယ်”

သူသည် တတိယမြောက်မွေးဖွား ဇယားချပ်အကြောင်းတွေးမိသောအခါ အပြင်ကို ကြည့်လိုက်၏။ ခဏကြာပြီးနောက် သူ၏စွမ်းအင်ကို ခရမ်းရောင်တောက်ပသံကျောက် ထဲထည့်ပြီးနောက် သူ အပြင်ဖက်သို့ ပြန်ထွက်လာတော့သည်။

…

အခန်း (၈၉၄) အသေရိုက်ချက်

လုကျိုးက ကောင်းကင်သိုင်းပညာတောင်မှ လေဟုန်အလား တိတ်တဆိတ် ထွက်ခွာလာပြီး သီးခြားဆန်သည့် တောင် ၂လုံးရှိရာဆီ ရောက်ရှိလာသည်။

ထို့နောက် သူက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်၏။

ဝှစ်

လေထုထဲ ရင်းနှီးသည့် အသံတစ်ခု ထွက်ပေါ်လာစဥ် ငှက်များက ကြောက်ကြောက်လန့်လန့်ဖြင့် ပျံသန်းထွက်သွားပြီး သားရဲများက ပြန့်ကျဲသွားကြသည်။

လုကျိုးက သူ့ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို လေ့လာကြည့်လိုက်၏။ သူ့စိတ်ဝိညာဥ်သဏ္ဌာန်တွင် ပေ ၅၀ ပိုမိုမြင့်မားလာသည်မှလွဲ၍ သိသာသည့် အပြောင်းအလဲဟူ၍ မရှိပေ။ ထို့အပြင် သူ့စိတ်ဝိညာဥ်သဏ္ဌာန်က သရဖူလည်း မရှိပေ။ မည်သို့ပင်ဆိုစေကာမူ သူက ထိုသို့အသုံးမဝင်သည့် တောက်တောက်ပြောင်ပြောင် အရာများကို ဂရုမစိုက်ပေ။

ထို့နောက် သူက စိတ်ဝိညာဥ်သဏ္ဌာန် အောက်ခြေရှိ ရွှေရောင်ကြယ်တာရာ ဒိုင်ခွက်ကို အာရုံစိုက်လိုက်သည်။ သူက မနေနိုင်ဘဲ စဥ်းစားလိုက်သည်။ “မွေးဖွားဇယားချပ် ၃၆ခုလုံးကိုသာ အသက်သွင်းလိုက်ရင် ဘယ်လိုဖြစ်သွားမလဲ”

မွေးဖွားဇယားချပ် အားလုံးကို အသက်သွင်းပြီးသည့်နောက် သူက ထိုအရာ၏ စွမ်းအားများကို တစ်ပြိုင်နက် အသုံးပြုလိုလျှင် ကြယ်တာရာ ဒိုင်ခွက်ကို ပေါက်ကွဲထွက်သွားစေမည်လား။

အကယ်၍ သူက ထိုသို့အရာမျိုး မရရှိလျှင်ပင် အဆင်ပြေသော်လည်း သူက ထိုသို့အရာမျိုး လုပ်ချင်နေခဲ့လျှင် ပြဿနာဖြစ်လာနိုင်သည်။

လုကျိုးက ခေါင်းအသာယမ်းလိုက်၏။

အခုတွေးနေလို့ အလကားပဲ။ ငါတို့က ဖြတ်ကျော်သင့်တဲ့အချိန်မှာ ဖြတ်ကျော်ရမှာပဲ ...

သူက တတိယမြောက် မွေးဖွားဇယားချပ် စွမ်းအားကို လှုံ့ဆော်လိုက်သည်။ တတိယမြောက် မွေးဖွားဇယားချပ်ဇုန်က ချက်ချင်းဆိုသလို တောက်ပလာ၏။

လုကျိုးက အဝေးမှ တောင်ကို လှမ်းကြည့်လိုက်သည်။ သူ့အတွေးတစ်ချက်ဖြင့် ရွှေရောင် မီးတောက် တောက်လောင်နေသည့် အလင်းတန်းတစ်ခုက ရွှေရောင်ကြယ်တာရာ ဒိုင်ခွက်ပေါ်ရှိ တတိယမြောက် မွေးဖွားဇယားချပ်ဆီမှ ထွက်ပေါ်လာသည်။

ဝှစ်

ဝုန်း

အလင်းတန်းက တောင်ကို အလွယ်တကူ ထိုးဖောက်သွား၏။

ဧရာမကျောက်တုံးများက တောင်မှ လှိမ့်ဆင်းလာကာ ဧရာမမီးတောက်ကြီးတစ်ခု စတင်တောက်လောင်လာသည်။ တောင်ပေါ်မှ လှိမ့်ဆင်းလာသည့် ကျောက်တုံးများကလည်း မီးတောက်လောင်လာဖို့ သိပ်မကြာမြင့်လိုက်ပေ။

သူက ဤသည်မှာ မီးထိန်းချုပ်နိုင်စွမ်းလားဟု စဥ်းစားမိလာသည်။

“မွေးဖွားဇယားချပ်ရဲ့ စွမ်းအားကို အရင်တုန်းက လေးကြိမ် အသုံးပြုလို့ ရတယ်။ အခုတတိယမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းပြီးပြီဆိုတော့ ငါဘယ်နှကြိမ် အသုံးပြုနိုင်မလဲ” လုကျိုးက စဥ်းစားလိုက်၏။

သူက တောင်ကို ထပ်ကြည့်လိုက်သည်။ ထိုအရာက ပျက်စီးသွားပြီးသားဖြစ်ကာ သူ့အနေဖြင့် ထပ်မံ စမ်းသပ်လိုလျှင်ပင် ကွဲပြားချက်ရှိမည် မဟုတ်ပေ။

လုကျိုး၏ စိတ်ဝိညာဥ်သဏ္ဌာန်က တောင်နှင့် မျက်နှာချင်းဆိုင်ကာ တတိယမြောက် မွေးဖွားဇယားချပ်က ကြယ်တာရာ ဒိုင်ခွက်ဆီမှ အလင်းတန်းများ ထပ်မံထုတ်လွှင့်နေသည်။

ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း

လုကျိုးက အလင်းတန်းများကို တိတ်တဆိတ် ရေထားလိုက်ပြီး တတိယမြောက် မွေးဖွားဇယားချပ်ဇုန် မှေးမှိန်သွားသည်အထိ ပစ်ခတ်လိုက်သည်။

“၁၂ ကြိမ်လား” ဆိုလိုသည်မှာ သူ့မွေးဖွားဇယားချပ် အသက်သွင်းသည့် အချိန်တိုင်း သူမွေးဖွားဇယားချပ်ဆီမှ အသုံးပြုနိုင်သည့် စွမ်းအားပမာဏက ၄ကြိမ် တိုးပွားသွားလိမ့်မည်။ သဘောတရားအရ သူသည် မွေးဖွားဇယားချပ်ကို ဆက်တိုက်အသက်သွင်းမှုဖြင့် တူညီနေမည်ဟုတော့ အာမမခံရဲပေ။

အခြားနည်းဖြင့် ပြောရလျှင် သူက မွေးဖွားဇယားချပ် စွမ်းအားကို ၁၂ကြိမ် အသုံးပြုနိုင်သည့်အတွက် ကျေနပ်နေမိသည်။ ထိုစွမ်းအားက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်အဆင့် အောက်ရှိ လူများကို မျှော်လင့်ချက် ကုန်ဆုံးသွားစေနိုင်သည်။ အကယ်၍ ယခု ယဲ့ကျန်းသာ သူ့ရှေ့တွင် ရပ်နေပါက မွေးဖွားဇယားချပ် စွမ်းအားတစ်ခုတည်းဖြင့် သူ့အရိုးများကို ချေမွကာ ပြာအဖြစ် ပြောင်းလဲပစ်နိုင်သည်။

ထိုစဥ် လုကျိုးက သူသည် တူညီသည့် ကျင့်ကြံဆင့်ရှိသူနှင့် တိုက်ခိုက်နေလျှင် သူ့အထွတ်အထိပ် ဆန်းကြယ်စွမ်းအားနှင့် မွေးဖွားဇယားချပ် စွမ်းအားတို့ဖြင့် မည်သို့ဖြစ်မည်ကို သိချင်လာမိသည်။ သူသာ အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို အသုံးပြုလျှင် အရေးသာချက် မည်မျှကြီးမားသွားမည်နည်း။

ထိုအတွေးဖြင့် လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။

“ငါ စမ်းသပ်ကြည့်လို့ရအောင် အထွတ်အထိပ် ဆန်းကြယ်စွမ်းအားများများကို သိမ်းဆည်းထားသင့်တာ”

လုကျိုးက လေထုအထက် ပျံသန်းကာ တတိယမြောက် မွေးဖွားဇယားချပ်၏ အဖျက်စွမ်းအားနှင့် သက်ရောက်မှုနှင့် ပတ်သက်ပြီး ကျေနပ်နေမိသည်။

သူက ကံမီးတောက် မည်မျှကြာကြာလောင်ကျွမ်းနိုင်မည်ကို သိချင်နေမိ၏။ အကယ်၍ သူသာ လောင်ကျွမ်းစေလိုက်လျှင် မီးတောက်က ကမ္ဘာမြေပေါ်ရှိ မီးတောက်များကဲ့သို့ မိုင်ရာချီ လောင်ကျွမ်းသွားမည်ကို သေချာနေသည်။ ထိုစဥ် သူက အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

သူက လက်ကို ဆန့်ထုတ်လိုက်သည့်အချိန် အပြာရောင် လက်ဝါးစည်းတံဆိပ်တစ်ခု ထွက်ပေါ်လာသည်။

ဝုန်း

ထိုအရာက မီးတောက်လောင်နေသည့် နေရာပေါ် ကျရောက်သွား၏။

တောင်က လုကျိုး၏ တတိယမြောက် မွေးဖွားဇယားချပ်ဆီမှ ၁၂ချက်ကို ခံစားခဲ့ရပြီး ပြိုလဲလုနီးပါး ဖြစ်နေလေသည်။ ထိုလက်ဝါးချက်ဖြင့် အပြီးတိုင် ပြိုလဲကျသွား၏။

...

ပြိုလဲကျသွားသော တောင်၏ တခြားတစ်ဘက်တွင်

အပြိုအပျက်များကြားမှ ပေတီပေစုတ် မျက်နှာဖြင့် လူတစ်ယောက် ထွက်ပေါ်လာသည့်အခါ အချိန်မည်မျှကြာမြင့်သွားမှန်းပင် မည်သူမှ မသိကြပေ။ သူက ကောင်းကင်ကို လက်ညှိုးထိုးကာ ချောင်းအသာဟန့်လိုက်ပြီး အော်ပြောလိုက်သည်။

“ကောင်းကင်ဘုံ ကျုပ်က ဘာများအမှားလုပ်မိလို့လဲ။ အရင်တစ်ခေါက် ထိမှန်ခဲ့ကတည်းက ကောင်းကင်ဘုံကို တစ်ခါမှ မကျိန်ဆိုခဲ့ဖူးဘူး။ အခုနေရာ ပြောင်းလိုက်တော့လည်း လာပြီးတော့ လုပ်ပြန်ပြီ။ ခင်ဗျား စည်းကျော်နေပြီ မထင်ဘူးလား။ ဒီတစ်ခါဆိုရင်လည်း အများကြီးတောင် ဒုက္ခပေးခဲ့သေးတယ်။ တကယ်ကို နာတယ်”

...

စာပေကြယ်တာရာခန်းမအတွင်း

လုကျိုးက သူ့စွမ်းအားကို သိရှိသွားပြီ ဖြစ်၏။ ထို့ကြောင့် သူက လုံလောက်သည်ဟု ခံစားနေရသည်။ ဤတစ်ကြိမ် သူ့တွင် ရှိထားသည့် ဝှက်ဖဲက အထွတ်ထိပ် ဆန်းကြယ်စွမ်းအားသာ ဖြစ်သည်။ တခြားသူများက မွေးဖွားဇယားချပ်၊ လက်နက်နှင့် ကံမီးတောက်များကို ပိုင်ဆိုင်ထားကြပြီး ထိုအရာများကို မှတ်ယူ၍ မရပေ။ ထို့အပြင် ထိုသူများက အချိန်တော်ကြာ နေထိုင်ခဲ့သည့် သက်တမ်းရင့် မြေခွေးအိုကြီးများဖြစ်ကာ သူတို့တွင် ရတနာ ၁ခု ၂ခု မပိုင်ဆိုင်ထားဘဲ မည်သို့နေမည်နည်း။

ထိုစဥ် သူက အမည်မဲ့ကို ထုတ်ယူလိုက်သည်။ သူက အနက်ရောင် သင်္ကေတများကို နေသားကျနေပြီ ဖြစ်၏။ ယခု သူသိထားသလောက် ထိုအနက်ရောင် သင်္ကေတများသည် အနက်ရောင်ကြာနယ်မြေမှ ဖြစ်နိုင်ချေ များ၏။ ဆိုလိုသည်မှာ အနက်ရောင်ကြာနယ်မြေမှ အနာဂတ်ရန်သူသည် ပိုမိုအားကောင်းသည့် တိုက်ခိုက်စွမ်းရည် ရှိနေနိုင်သည်။

လုကျိုးက စနစ်ကို ခေါ်လိုက်၏။

ကုသိုလ်ရမှတ် - ၄၈ ၆၃၀ မှတ်

“ကံစမ်းမဲ”

“တင်း ကုသိုလ်ရမှတ် ၅၀ ကျသင့်ပါတယ်။ အကြောင်းပြန်လှန်ကတ် ၁၀ကတ် ရရှိပါတယ်”

လက်ရှိ သူက အကြောင်းပြန်လှန်ကတ်များသည် အသုံးမဝင်တော့ကြောင်း ခံစားနေရသည်။ သူ့သက်တမ်းက ယခုအခါ နှစ် ၂၆၀၀ရှိသွားပြီဖြစ်၏။

“အင်း နောက်တစ်ကြိမ် မွေးဖွားဇယားချပ်ကို အသက်သွင်းရင် ငါ့သက်တမ်းကို သုံးလိုက်ရမလား” လုကျိုးက ခေတ္တမျှ စဥ်းစားလိုက်သည်။ သူက ထိုနည်းလမ်းကို လေ့လာရန် စမ်းကြည့်ဖို့ ဆုံးဖြတ်ထား၏။

သူ့တပည့်များ၏ ကျင့်ကြံဆင့်က သိပ်မမြင့်မားသေးပေ။ နောင်အနာဂတ်တွင် မွေးဖွားဇယားချပ် နှလုံးသား လိုအပ်သည့် အရေအတွက်က ပိုမိုများပြားလာလိမ့်မည်။

“ကံစမ်းမဲ”

“တင် ကုသိုလ်ရမှတ် ၅၀ ကျသင့်ပါတယ်။ ပါဝင်ကံစမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှတ် +၁”

လုကျိုးက ဆယ်ကြိမ်ဆက်တိုက် ကံစမ်းပြီးသည့်နောက်တွင် ဆယ်ကြိမ်ကျေးဇူးတင်မှုကို ခံလိုက်ရသည်။

သူက ကံစမ်းမဲ ဆွဲလွန်းတာ များသည့်အတွက် စနစ်၏ ကံစမ်းမဲက တစ်သမတ်တည်း မဟုတ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူက ဖိအားမရှိဘဲ ဆက်လက် ကံစမ်းနေသည်။ သူက ချက်ကောင်း ထိထိ၊ မထိထိ သိပ်များများစားစား မတွေးထားပေ။

“ကံစမ်းမဲ”

“တင် ကုသိုလ်ရမှတ် ၅၀ကျသင့်ပါတယ်။ ကံေကာင်းမှတ် +၁၁၊ ပေါင်းစပ်ရေးကတ် တစ်ကတ် ရရှိပါတယ်”

“ပေါင်းစပ်ရေးကတ်လား” လုကျိုးက ကတ်အသစ်ကို မြင်သည့်အခါ နှလုံးခုန် မြန်လာမိသည်။ နောက်ဆုံးတွင် စနစ်က သူ့အား တစ်စုံတစ်ခု အသစ်အဆန်း ပေးလာခဲ့ပြီဖြစ်၏။ သူစိတ်လှုပ်ရှားသည်မှာ သဘာဝကျပေသည်။ နေ့တိုင်း ငါးစားနေရလျှင် လူတစ်ယောက်က ငြီးငွေ့သွားမည်သာဖြစ်သည်။

“ပေါင်းစည်းရေးကတ်၊ တူညီတဲ့ကတ် ၃ကတ်ကို ပေါင်းစပ်ပြီးတော့ အကျိုးသက်ရောက်မှုကို မြှင့်တင်နိုင်ပါတယ်”

“အဲဒီလောက်တောင် အသုံးဝင်တယ်လား” လုကျိုးက မုတ်ဆိတ်သပ်ကာ သူ့ဘာသာသူ ရေရွတ်လိုက်၏။ အကယ်၍ ထိုသို့ဖြစ်ခဲ့ပါက အသေရိုက်ချက်ကတ်၏ သက်ရောက်မှုသည် အတော်အတန် အားနည်းသွားပြီဖြစ်၏။ အကယ်၍ စွမ်းအားမြှင့်တင်နိုင်လျှင် မည်သို့ဖြစ်မည်လာမည်နည်း။

ထိုစဥ် သူက ထပ်မံ ကံစမ်းလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း အချိန်ကုန်ဆုံးသွားလေ၏။

လုကျိုးက သူ့ကံကောင်းမှတ်များသည် ၂၂၀အထိ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

သူက လှည့်ဖြားခံရသလို ခံစားနေရ၏။ ယခင်က ကံကောင်းမှတ် ၂၀၀သည် အမြင့်ဆုံး ဖြစ်ခဲ့ဖူးသည်။ ထိုမှတ်တမ်းကို ချိုးဖောက်ပြီးသည့်နောက်တွင် သူက ဆက်လက် ကံဆွဲနေပါက နောင်အနာဂတ်တွင် သူ့ကိုယ်ပိုင်မှတ်တမ်းကို ချိုးဖောက်ဖို့ပင် ခက်ခဲလာလိမ့်မည်။

သူက တစ်ညတာလုံး ကံစမ်းနေပြီးသည့်နောက် တစ်ညတာလုံး ကျေးဇူးတင်ကြောင်းသာ ရရှိခဲ့သည်။ ထိုသို့ဆက်လုပ်နေ၍ မဖြစ်တော့ပေ။

သူက တစ်စုံတစ်ခုကို ဆွဲမိသည်နှင့် ရပ်တန့်နိုင်မည် ဖြစ်သည်။

“ကံစမ်းမဲ”

“တင် ကုသိုလ်ရမှတ် ၅၀နဲ့ ကံကောင်းမှတ် ၂၂၀ ကျသင့်ပါတယ်။ အကြောင်းပြန်လှန်ကတ် ၁၀ကတ်၊ မီးတောက် စိတ်ဝိညာဥ်ကျောက်တုံး ၃တုံး၊ အသေရိုက်ချက်ကတ် ၁ကတ် ရရှိပါတယ်”

စနစ်မှ လေ့ကျင့်ပေးထားသည့် လုကျိုး၏ စိတ်အခြေအနေက မလှုပ်ခတ်နိုင်ပေ။ သူက ထိုဆုလာဘ်များကို မြင်သည့်အခါ ကျေကျေနပ်နပ် ခေါင်းအသာညိတ်လိုက်၏။ အရာအားလုံးကို ဘေးဖယ်ထားလျှင်ပင် အသေရိုက်ချက်ကတ်ကို ရရှိခြင်းက သူဆုံးရှုံးမှုအားလုံးကို ကာမိစေသည်။

အသေရိုက်ချက်ကတ်က ကုသိုလ်ရမှတ် ၂၆၀၀၀ ကျသင့်လေရာ တစ်ညတာ ကံစမ်းမှုက ကုသိုလ်ရမှတ် ၁၀၀၀ ကျော်သာ ကျသင့်လေသည်။

မဆိုးဘူးပဲ ...

လုကျိုးက ကုသိုလ်ရမှတ် ၃၆၉၈၀ ကျန်ရှိနေသေး၏။

ပေါင်းစည်းရေးကတ်က တူညီသည့် ကတ် ၃ကတ်ကိုသာ ပေါင်းစည်းနိုင်လေသည်။

ခဏအကြာတွင် လုကျိုးက ကုသိုလ်ရမှတ် ၂၆၀၀၀ ကို အသုံးပြုကာ နောက်ထပ် အသေရိုက်ချက်ကတ် ၁ကတ် ဝယ်ယူလိုက်သည်။ သူက ကုသိုလ်ရမှတ် ၁၀၉၈၀ သာ ကျန်ရှိတော့၏။

“နောက်ထပ် လိုသေးတယ်။ ထားလိုက်ပါတော့။ နောင်အနာဂတ်ကျမှ ပေါင်းစည်းရင်လည်း နောက်မကျသေးပါဘူး”

ထို့အပြင် ထိုအသေရိုက်ချက်ကတ် ၂ကတ်က ယခုအခါ လုံလောက်နေပြီဖြစ်၏။ အကယ်၍ ယီယောင် လက်စားချေဖို့ ရောက်ရှိလာပါက ယီယောင်ကို နှိမ်နင်းနိုင်လိမ့်မည်။

လုကျိုးက ထရပ်တော့မည့်ဆဲဆဲတွင်

“တင် လူ ၃၂၃၄၀ ယောက်ရဲ့ ကိုးကွယ်ယုံကြည်မှုကို ခံရပါတယ်။ ဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၃၂ ၃၄၀ ရရှိပါတယ်”

“တင် လူ ၁၂၀၃၄ ရဲ့ ကိုးကွယ်ယုံကြည်မှုကို ရရှိပါတယ်။ ဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် သုညရရှိပါတယ်”

လုကျိုးက မနေနိုင်ဘဲ ရေရွတ်လိုက်သည်။

“လောင်ပါ့က ဘယ်နေရာ ရောက်နေတာလဲ”

သူ့ ရှစ်ယောက်မြောက် တပည့်က တာ့ယန်ဆီ ပြန်သွားကာ အာဏာရှင်တစ်ယောက် ဖြစ်လာပြီလားဟု စဥ်းစားနေမိသည်။ ခဏအကြာတွင် သူက မျက်လုံးမှိတ်လိုက်ပြီးသည့်နောက် ကောင်းကင်ကျမ်းစွမ်းအားကို အသက်သွင်းဖို့ ကျမ်းကို ရွတ်ဖတ်လိုက်သည်။

သိပ်မကြာခင် လုကျိုး၏ ရှေ့မှောက် မြင်ကွင်းတစ်ခု ပေါ်ထွက်လာသည်။

ကျူးဟုန်ကုန်းက စင်မြင့်ပေါ်တွင် ရပ်ကာ သူ့ပွင့်ချပ်ရှစ်လွှာနှင့်တစ်ပိုင်း စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ဖော်ထားသည်။

ထိုစဥ် အဘက်ဘက်မှ ကျင့်ကြံသူများက မြေပြင်ပေါ် ဝပ်တွားနေကြ၏။

“ဂိုဏ်းချုပ်ရဲ့ အံ့မခန်းစွမ်းအားက မျိုးဆက်ထောင်ချီ တည်တံ့ပါစေ”

“ဂိုဏ်းချုပ်ရဲ့ အံ့မခန်းစွမ်းအားက မျိုးဆက်ထောင်ချီ တည်တံ့ပါစေ”

“ဂိုဏ်းချုပ်ရဲ့ အံ့မခန်းစွမ်းအားက မျိုးဆက်ထောင်ချီ တည်တံ့ပါစေ”

သေချာလေ့လာကြည့်ပါက လုကျိုးသည် စင်မြင့်ပေါ်ရှိ အလောင်း ၃လောင်းကို မြင်လိုက်ရသည်။ သူက သူ့ဘာသာသူ ရေရွတ်လိုက်၏။

“လောင်ပါ့က ကျောင်းယွဲ့ဆီကနေ ပလ္လင်ကို လုဖို့ ကြိုးစားနေတာလား”

ဘာဂိုဏ်းချုပ်လဲ။ သူက မိစ္ဆာဝေဟင်မျှော်နန်းဆီ မပြန်ဘူးလား ...

လုကျိုးက ထိုအရာသည် ထူးဆန်းသည်ဟု ထင်မိသည်။ လုကျိုးက ယခင် ကျူးဟုန်ကုန်းကို စစ်ဆေးခဲ့ကတည်းက ထူးဆန်းသည်ဟု ထင်နေမိသည်။ ထိုစဥ် ကျူးဟုန်ကုန်းက ခေါင်းဆောင်တစ်ယောက်၏ ခံစားချက်ကို လွမ်းဆွတ်နေသည်ဟုသာ ထင်ခဲ့မိ၏။ ပြောရလျှင် သူက ဓားပြအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။

အဖွဲ့ဖြိုခွဲဖို့ အတင်းအကျပ် ဖိအားပေးခံရသည့်နောက်တွင် သူက မြင့်မားသည့် နေရာတွင် ပြန်လည်ရပ်လိုသည်မှာ နားလည်ပေးလို့ ရပေသည်။ သို့သော်လည်း ဤတစ်ကြိမ် လောင်ပါ့က လူ လေးသောင်း၊ ငါးသောင်းခန့် ကိုးကွယ်ခံနေရသည်။ ဤသို့သော စွမ်းအားမျိုးက များများစားစား မဟုတ်ရင်ပင် လျော့တွက်၍ မရပေ။ သူ့တပည့်က သူ့ကိုယ်တိုင်အတွက် ဤသို့ နောက်လိုက်များစွာ ဖန်းတီးနေရသည့် အကြောင်းအရင်းကို နားမလည်နိုင်ပေ။

ထိုစဥ် ကျူးဟုန်ကုန်းက သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ပြန်လည်ရုပ်သိမ်းပြီးသည့်နောက် မထူးမခြားနား အသံဖြင့် ပြောလိုက်သည်။

“ဘာမှပြောဖို့ မလိုဘူး”

လုကျိုးက သူ့ဘာသာသူ တွေးလိုက်မိ၏။

သူက ငါ့တပည့်ဆိုတာနဲ့ ထိုက်တန်တယ်။ သူက ငါ့ပုံစံနဲ့တောင် တူသေးတယ် ...

ထို့နောက် ကျူးဟုန်ကုန်းက ဘေးကို ရုတ်ခြည်းဆိုသလို ရောက်သွားပြီး စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ မေးလိုက်သည်။

“ချန်းပေ့ ချန်းပေ့ ဘယ်လိုထင်လဲ။ ကျွန်တော် အတော်လေး မိုက်တယ်မလား”

လုကျိုး “...”

သူက သူ့တပည့်အကြောင်းကို ကောင်းကောင်းသိနေလေသည်။

ထို့စဥ် ဝေဟင်အထက်မှ ပုံရိပ်တစ်ခုက အံ့မခန်း အလျင်ဖြင့် ဆင်းသက်လာ၏။ သူက ထက်ရှသည့် ဓားကို ထုတ်ကာ ကျူးဟုန်ကုန်း၏ မျက်နှာဆီ ထိုးစိုက်ဖို့ ရည်ရွယ်ထားသည်။

ထိုအရာကို မြင်တွေ့ပြီး လုကျိုးက လက်ဝှေ့ကာ ဝင်စွက်ဖက်လိုက်သည်။

ဝုန်း

သူက စာပေကြယ်တာရာခန်းမ၏ စားပွဲခုံကို ကြေမွသွားစေသည့်အတွက် အသံကျယ်ကြီး ထွက်ပေါ်လာ၏။

All Chapters