အခန်း (၈၉၅-၈၉၇)
Vol. 60 Ch. 895-897
အခန်း (၈၉၅) အနက်ရောင်ကောင်စီ၊ တော်ဝင်နန်းဆောင်ထဲ ဝင်မှာလား မဝင်ဘူးလား။
လုကျိုးသည် ဝင်စွက်ဖက်ဖို့ ကျရှုံးခဲ့ရုံသာမက စာပေကြယ်တာရာခန်းမထဲရှိ စားပွဲခုံကိုတောင် ဖျက်ဆီးခဲ့မိသည်။
သူသည် မျက်မှောင်အနည်းငယ်ကျုံ့သွားလိုက်၏။
တကယ်တော့ ကောင်းကင်ကျမ်းစာ စွမ်းအားသည် သူ့ကို မြင်နိုင်ကြားနိုင်ခွင့်ပေးးသည်ကပင် ကောင်းလွန်းနေပြီဖြစ်၏။ သူ၏ နားလည်သဘောပေါက်ထားမှုအရ သူသည် ထူးကဲအံ့ဖွယ်စွမ်းအားကို မှီခိုခဲ့လျှင် သူ အကြားနှင့်အမြင်အကျယ်အဝန်းသည် ထိုမျှ ဆန်းကြယ်ပြီး ကန့်သတ်ခံထားရမည် မဟုတ်။ ယခုအချိန်တွင် ရရှိထားသည့် အကြားစွမ်းအားနှင့် အမြင်စွမ်းအားတို့သည် ကောင်းကင်ကျမ်းစာကြောင့်ပဲဖြစ်သည်။
လုကျိုးသည် ကောင်းကင်ကျမ်းစာ စွမ်းအားကို ထိန်းသိမ်းလျက် ဆက်ကြည့်နေသည်။
ပုံရိပ်သည် ကျူးဟုန်ကုန်းနှင့် မီတာအနည်းငယ်အကွာတွင် သူက စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်လိုက်၏။
အဝါရောင်ပွင့်ချပ်ခြောက်လွှာ ကြာပွင့်
“ဟမ်” ရွှေရောင်နှင့် အဝါရောင်ကြာ အနည်းငယ်ကွာဟချက်ကြောင့် လုကျိုးသည် အဝါရောင်ကြာပွင့်ကို သတိမပြုမိပေ။ ယခုအချိန်၌ ပွင့်ချပ်ခြောက်လွှာသည် ကျူးဟုန်ကုန်းကို ခြုံခို တိုက်ခိုက်ရလောက်သည်အထိ အမှန်တကယ် ရဲတင်းသည်ဟုသာ သူ ခံစားမိသည်။
ဖုန်း
ကျူးဟုန်ကုန်းသည် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်လျက် ထိုပုံရိပ်ကို လွင့်ထွက်သွားစေကာ သူက သွေးအန်တော့စေ၏။ ပြီးနောက် သူက ခြေဖော့နင်းလျက် ကောင်းကင်ထဲ ခုန်တက်တော့သည်။ ထိုသို့ ကျူးဟုန်ကုန်းသည် ယခုအချိန်၌ ပျံလွှားငှက်ပမာ ပေါ့ပါးပြီး လေ၏အဟုန်ကဲ့သို့ မြန်ဆန်နေသည်။ မျက်စိတစ်မှတ်အတွင်းသူက စိတ်ဝိညာဉ်သဏ္ဌာန်ရှေ့သို့ ရောက်ရှိလာပြီး သူ့ကို တိုက်ခိုက်သူ ရှေ့သို့ ရောက်ရှိသွား၏။
လူအုပ်ကြီးထဲတွင် ကြာပွင့်မရှိသော ပေ၁၄၀ စိတ်ဝိညာဉ်သဏ္ဌာန်က ထပ်ပေါ်လာ၏။ သူတို့သည် ကျူးဟုန်ကုန်းကို လေးစားစွာကြည့်နေပြီး တညီတညွတ်တည်း ပြောလိုက်သည်။
“ငါတို့ဂိုဏ်းချုပ်က ဒီလောက်အစွမ်းထက်တာ သူက လောကကို စိုးမိုးနိုင်မှာပဲ”
ကျူးဟုန်ကုန်း၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်ရတာ လုလီအဖို့ ပထမဆုံးအကြိမ်မဟုတ်ပေ။ သို့သော် ဒီတော့မှ ကျူးဟုန်ကုန်း၏ စိတ်ဝိညာဉ်သဏ္ဌန်၌ ကြာပွင့်မရှိမှန်း သဘောပေါက်သွားတာဖြစ်သည်။
လုကျိုးသည် လွင့်ထွက်သွားသော သူကို ကြည့်ပြီး သူ့ကို ကြည့်ပြီး သူ၏ကြာပွင့်ကို ကြည့်လိုက်၏။ နောက်ဆုံး၌ အဝါရောင်ကြာကို သတိပြုမိသွားတော့သည်။
သူ လေ့လာတာ ရပ်လျက် အတွေးနက်သွားတော့၏။ တစ်ချိန်တည်းတွင် သူ့၌ အထွတ်အထိပ်ဆန်းကြယ်စွမ်းအား တဝက်ရှိတာကို အာရုံခံမိသည်။ အချိန်အတော်ကြာ လေ့လာပြီးနောက် အထွတ်အထိပ် ဆန်းကြယ်စွမ်းအားများ ကျန်နေသေး၏။ တကယ်ပဲ ထူးကဲစွမ်းအားထက် ၎င်းက ပိုအစွမ်းထက်သည်။
“လောင်ပါ့နဲ့ လုလီက အနက်ရောင်ကောင်စီမျှော်စင်က နည်းလမ်းတွေ သုံးနေတာလား” လုကျိုးသည် သူ့ဖာသာသူ ရေရွတ်ပြောလိုက်၏။ “အဆင်ပြေလောက်မှာပါ”
လုကျိုးက လုလီအပေါ် အမြင်ကောင်းရှိသည်။ ယီယောင်ကဲ့သို့ တစ်စုံတစ်ယောက်၏ နည်းလမ်းသာဆိုရင် သူတို့ကို လက်ခံဖို့က သူ့အတွက်ခက်ခဲလိမ့်မည်။
ကမ္ဘာပေါ်ရှိ အရာအားလုံးက အစာကွင်းဆက် အစိတ်အပိုင်းပဲဖြစ်သည်။ လူသားများသည် သူတို့အချင်းချင်း တိုက်ခိုက်နေစဉ် ကောင်းကင်ဘုံ၏အမြင်၌ သူတို့က ပုရွတ်ဆိတ်များနှင့်တောင် မယှဉ်နိုင်မှန်း သတိမပြုမိပေ။
ခဏအကြာတွင် လုကျိုးက သူရရှိထားသော ကုသိုလ်မှတ်များကို ပြန်တွေးမိချိန်၌ သူ၏အတွေးတို့က ယိမ်းယိုင်ကုန်သည်။ “ငါ ဆက်ပြီး ကံစမ်းမဲနှိုက်သင့်လား”
သို့သော် ကံစမ်းမဲအပေါ် သူ၏ သဘောပေါက်မှုက နောက်ထပ် အသေရိုက်ချက်ကတ် နှိုက်မိနိုင်ခြေက အလွန်နိမ့်သည်။
ကုသိုလ်မှတ် ၄၃၃၂၀
ခဏအကြာတွင် လုကျိုးသည် အသေရိုက်ချက်ကတ် ဝယ်ဖို့ပဲ ဆုံးဖြတ်လိုက်သည်။ တန်ကြေးမြင့်မတက်သွားတာကို မြင်သောအခါ သူ့စိတ်အခြေအနေက မြင့်တက်လာ၏။ ပြီးနောက် သူသည် ပေါင်းစပ်ကတ်ကို ထုတ်လိုက်သည်။
“သင်ပေါင်းစည်းချင်တဲ့ကတ်တွေနဲ့အတူ ပေါင်းစပ်ကတ်ကို အတူထားလိုက်ပါ”
အသေရိုက်ချက်ကတ် သုံးကတ်ထုတ်ပြီးနောက် သူသည် ကတ်လေးကတ်ကို အတူပေါင်းစည်းထားလိုက်၏။
“ကတ်တွေ ပေါင်းစည်းချင်ပါသလား”
“ပေါင်းမယ်”
“တင်း … ပေါင်းစပ်ခြင်း အောင်မြင်သွားပါပြီ။ အဆင့်မြင့် အသေရိုက်ချက်ရရှိပါတယ်”
“အဆင့်မြင့်အသေရိုက်ချက်ကတ်က သင့်ကို ဖော်ပြ၍မရတဲ့စွမ်းအားများ ပေးစွမ်းမှာပါ။ အာနိသင်နှစ်ခုကြား ရွေးလို့ရပါတယ်။ မွေးဖွားဇယားချပ်ရှစ်ချပ်အောက်ရှိတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစစ်အမှန်ကို ပြင်းထန်စွာ ရိုက်လို့ရတယ်။ ဒါမှမဟုတ် ပစ်မှတ်ငါးယောက်ကို သေအောင်ရိုက်ဖို့ ရွေးချယ်နိုင်ပါတယ်”
လုကျိုးသည် ခေါင်းညိတ်လိုက်၏။ သာမန်နှင့် အဆင့်မြင့်ကြားအသေရိုက်ချက် ကွာဟချက်က ကြီးမားလွန်းသည်။ သူ ရွေးချယ်မှုနှစ်မျိုးရွေးနိုင်၏။ ပထမတစ်မျိုးသည် သူ့ပစ်မှတ်၏ ခန္ဓာကိုယ်အစစ်ကို တိုက်ရိုက်တိုက်ခိုက်နိုင်မှာဖြစ်သည်။ ထို့ကြောင့် မွေးဖွားဇယားချပ် အပိုဆောင်းရတော့မှာ မဟုတ်ပေ။ ဒုတိယတစ်ချက်သည် အသေရိုက်ချက်ကတ် သုံးကတ်ကို အသေရိုက်ချက်ကတ် ငါးကတ်အဖြစ် ပြောင်းလဲလိုက်ခြင်းနှင့် ညီမျှ၏။ ယင်းက အမြတ်ရှိသည်။ သို့သော် သူ သိပ်မြတ်သည်ဟု မခံစားရပေ။ ပစ်မှတ်ငါးမှတ်အစား ပစ်မှတ်ရှစ်မှတ်ကို ရှင်းပစ်နိုင်လျှင် ပိုကောင်းသည်။
မည်သို့ပင်ဆိုစေ ဘာမှ မရှိတာထက် ပိုကောင်းသည်။
လုကျိုးသည် ကျူးဟုန်ကုန်းအကြောင်း ထပ်မစဉ်းစားခင် မူလအခြေခံမြှင့်တင်ထားသည့် အသေရိုက်ချက်ကတ်ကို သိမ်းလိုက်သည်။
“လုလီက ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ရတာပဲ။ ဒါပေမဲ့ သူတို့တွေက အဝါရောင်နယ်မြေထဲမှာ နေချင်တယ်ဆိုရင်လည်း နေခွင့်ပေးလိုက်မယ်” ခဏအကြာတွင် သူသည် ယီယောင်၏ စကားကို ပြန်တွေးမိသွားသည်။ “အနက်ရောင်ကောင်စီက ဘယ်လိုအဖွဲ့အစည်းမျိုးလဲ”
အနက်ရောင်ကောင်စီသည် အနီရောင်ကြာနယ်မြေရှိ မွေးဖွားဇယားချပ်အားလုံးကို လက်ဝါးကြီးအုပ်ထားတာ သံသယဖြစ်ဖွယ်မရှိပေ။ တကယ်တော့ အနက်ရောင်မျှော်စင်သည် မွေးဖွားဇယားချပ်သားရဲကို ရေရှည်ထောက်ပံ့မှု ထိန်းသိမ်းထားနိုင်ရန် အနီရောင်ကြာနယ်မြေ၏ လူများကို သတ်မှာမဟုတ်။ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက် ပေါ်လာချိန်၌ အနက်ရောင်ကောင်စီက သူတို့ကို လေ့လာလိမ့်မည်။ သူတို့ဒဿမမြောက်ပွင့်ချပ်ဖူးပွင့်ချိန်တွင် အနက်ရောင်ကောင်စီက ပေါ်ပေါက်လာမည့် မွေးဖွားဇယားချပ်ကို စောင့်ကြည့်နေမှာဖြစ်သည်။
ဤအတိုင်းသာဆိုပါက နောင်ကျ ရွှေကြာနယ်မြေသည်လည်း တူညီသည့်အကြပ်အတည်းကို ကြုံတွေ့ရလောက်သည်။ လုကျိုးသည် ထိုအတွေးကို တွေးမိချိန်၌ အနည်းငယ်သာ စိုးရိမ်ပူပန်မ၏။ လုကျိုးသည် သူ့၌ အထွတ်အထိပ်ဆန်းကျယ်စွမ်းအားရှိပြီဖြစ်သောကြောင့် တာ့ယန်ကို လေ့လာရန် ကောင်းကင်ကျမ်းစာ စွမ်းအားကို ထုတ်လိုက်သည်။ မျက်လုံးမှိတ်လျက် ကောင်းကင်စွမ်းအား၏ မန္တန်ကို တိတ်တဆိတ်ရွတ်ဆိုလိုက်တော့သည်။
သူ၏မျက်လုံးက အပြာရောင်အလင်းဖြင့် တောက်ပလာပြီးနောက် သူ့ရှေ့၌ မြင်ကွင်းများ ပေါ်လာတော့သည်။
တာ့ယန်၏ တော်ဝင်နန်းဆောင်ထဲတွင်ဖြစ်သည်။
ကျောင်းယွဲ့က ခုံတွင်ထိုင်ကာ စာလိပ်များကို ကြည့်ရှုနေ၏။ ထိုစဉ် မင်းသမီးယုံနဉ်က အထဲဝင်လာလျက် ပြုံးပြီးပြောလိုက်တော့သည်။
“အစ်မကျောင်းယွဲ့ အလုပ် အလွန်အကျွံ့မလုပ်နဲ့လေ”
“အဆင်ပြေပါတယ်။ အစ်မက ကျင့်ကြံသူတစ်ယောက်ပဲ”
“အစ်မရဲ့ညီမကော” ယုံနဉ်က မေးလိုက်၏။
“သူ ဒီကို တစ်ခါတစ်လေပဲ လာတာ” ကျောင်းယွဲ့က ပြန်ပြောလိုက်သည်။
လုကျိုးက စိတ်ရှုပ်ထွေးသွား၏။ ကျောင်းယွဲ့က ဘယ်အချိန်က ညီအစ်မတစ်ယောက်ရှိသွားတာလဲ။ ဒါ့အပြင် ကျောင်းယွဲ့ရဲ့ လေသံနဲ့ဆက်ဆံပုံအရ အဲ့ဒီညီမလို့ခေါ်နဲ့ ဆက်ဆံရေးကောင်းရှိနေပုံပဲ။
“အင်း မတတ်နိုင်ဘူးလေ။ တာ့ယန်ရဲ့အနာဂတ်က အစ်မကျောင်းယွဲ့ပေါ်မှာ မူတည်နေတာပဲ” ယုံနဉ်က သက်ပြင်းချလျက်ပြောလိုက်သည်။
ကျောင်းယွဲ့က ပြုံးလိုက်၏။ “ရှစ်မေ့ထျန်းရှင်းက အရေးပါတဲ့နေရာမှာ ရှိနေတာ”
မင်းသမီးယုံနဉ်ခေါင်းညိတ်လိုက်၏။ “အဋ္ဌမသခင်မလေးက အံ့ဖွယ်မြို့တော်နဲ့ စီရင်စုကိုးခုရဲ့ အစောင့်အရှောက်လိုပဲ။ ဒါ့အပြင် ကျင့်ကြံသူတွေက ချန်ဟွမ်းဆီ စားစရာတွေ မကြာခဏပို့ပေးကြတယ်”
“ဒါကြောင့်ပဲ လူတွေနဲ့ အကူအညီနဲ့ ပံ့ပိုးမှုကို တွေးဆမိတာ”
“အစ်မ ဘုရင်မ လုပ်ပါလား။ အစ်မက ဘယ်လိုပဲဖြစ်ဖြစ် တော်ဝင်မိသားစုဝင်တစ်ယောက်ပဲလေ”
ယုံနဉ်က ပြုံးလိုက်သည်။
“မပြေဘူး။ ထီးနန်းအကြောင်း စိတ်ထဲမရှိဘူး။ ရှစ်စွင်း ပြန်လာတဲ့အခါ လွဲယူဖို့ တစ်ယောက်ယောက်ကို ရွေးချယ်လိုက်မယ်” ကျောင်းယွဲ့က သက်ပြင်းချလျက် ပြောလိုက်သည်။
“ကျင့်ကြံမှုက နှေးနေတာ။ ငါ အလု့ပ်မကြိုးစားရင် ရှစ်စွင်းက အမြင်တစ်ခုရှိလောက်တယ်”
လုကျိုးသည် ကောင်းကင်ကျမ်းစာ စွမ်းအားကို ဖြတ်တောက်လိုက်၏။
“ကျောင်းယွဲ့ပြောတဲ့ ညီအစ်မက ဘယ်သူလဲ”
ခဏအကြာတွင် ယဲ့ထျန်းရှင်းအကြောင်း သူ တွေးလိုက်သည်။ ဤတပည့်သည် ငယ်ရွယ်စဉ်တည်းက များစွာဖြတ်ကျော်ခဲ့ရသည်။ ယခု သူ့ကို ကူညီနိုင်သည်အထိ အရွယ်ရောက်လာကာ သန်မာလာပြီဖြစ်သည်။ အနက်ရောင်မျှော်စင်က ယဲ့ထျန်းရှင်းကို စောင့်ကြည့်နေလောက်၏။
သူ့စိတ်ထဲ အတွေးတစ်ချက်ပေါ်လာတော့သည်။
“ဟုတ်သားပဲ။ အဲဒါ ချန်ဟွမ်း။ သူက သက်တမ်းနှစ်ထောင်ပေးနိုင်တယ်။ ချန်ဝှမ်းက မွေးဖွားဇယားချပ်သားရဲကို ဆိုလိုတာမလား”
လုကျိုးသည် မျက်လုံးချက်ချင်းမှိတ်လျက် ကောင်းကင်ကျမ်းစာ စွမ်းအားကို သုံးလိုက်သည်။
ယင်းက သူ့ရှေ့၌ ပေါ်လာ၏။ သူမသည် မိစ္ဆာဝေဟင်မျှော်နန်းရှေ့တွင် ရပ်နေလျက် သူ့ရှေ့တွင် တောင်တန်းများကို ကြည့်နေ၏။
လုကျိုးသည် ချန်ဝှမ်းကိုကြည့်လိုက်သည်။ ချန်ဝှမ်း၏ ခန္ဓာကိုယ်က အတော်လေးကျုံ့သွားသည်။
“ချန်ဝှမ်းက အနက်ရောင်မျှော်စင်ရဲ့တည်ရှိမှုကို သတိပြုမိတာ ဖြစ်နိုင်လောက်တယ်။ ဒါကြောင့် သူ့ရဲ့နှလုံးသား တစ်စိတ်တစ်ပိုင်းကို တမင်တကာခွဲထားတာ။ ဒါမှရှာမတွေ့နိုင်မှာမလား”
ယင်းက ဖြစ်နိုင်ချေမြင့်သည်။ အရာအားလုံး ယခုယုတ္တိုရှိသွားပြီ။
“ချန်ဝှမ်းက တကယ်ပါးနပ်တာပဲ” လုကျိုးက သူ့ဖာသာသူရေရွတ်လျက် ကောင်းကင်ကျမ်းစာ စွမ်းအားကို ဖြတ်ချလိုက်သည်။
ယင်းက ချန်ဝှမ်းသည် လရောင်သစ်သားတောအုပ်ထဲ၌ ပုန်းကွယ်နေပြီး မြို့ကြီးများထဲတွင် ပေါ်မလာရသည့် အကြောင်းအရင်းကို ရှင်းပြလိုက်ပြီဖြစ်သည်။
မည်သို့ပင်ဆိုစေ ယဲ့ထျန်းရှင်းက ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ပြီး ကံမီးတောက်လည်း ရထား၏။ ထို့အပြင် သူမဆီ၌ မဟာလေဟာနယ်မျိုးစေ့ရှိသည်။ သူမ ဆက်လက်ကျင့်ကြံခဲ့လျှင် ဒဿမမြောက်ပွင့်ချပ် ဖူးပွင့်ဖို့ သိပ်လိုတော့မှာ မဟုတ်ပေ။
အနက်ရောင်တောအုပ်သည် အစတည်းက လူသားမြို့များ၌ ပေါ်မလာခဲ့ပေ။
“အနက်ရောင်မျှော်စင်ကောင်စီ” လုကျိုးက သူ့ဖာသာသူပြောပြီး အတွေးနက်သွားတော့သည်။
ထိုစဉ် စီးဝူယာ့၏အသံက အပြင်ကနေပေါ်ထွက်လာသည်။
“တပည့် ရှစ်စွင်းကို နှုတ်ခွန်းဆက်ပါတယ်”
“ဝင်လာခဲ့”
လုကျိုးသည် ယခုတော့ သူ့အတွေးများကို ဖယ်ရှားလျက် ခန်းမအပြင်ဖက်ကို ကြည့်လိုက်သည်။
စီးဝူယာ့သည် သူ၏လက်ထဲတွင် ဆိတ်သားရေမြေပုံကို ကိုင်လျက်လျှောက်လာသည်။ လီယွင်ကျန်းက လေးစားသော အမူအရာဖြင့် နောက်မှလိုက်လာသည်။
“နှုတ်ခွန်းဆက်ပါတယ် ဆရာဘိုးဘိုး” လီယွင်ကျန်းက ပြောလိုက်၏။
လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်တော့သည်။ " ဘာလိုချင်လဲပြော"
စီးဝူယ့ာက ဦးညွတ်လျက် ပြောလိုက်သည်။ "ရှစ်စွင်း ကောင်းကင်သိုင်းခုံရုံးက ကိစ္စကို အများစု ဖြေရှင်းပြီးပါပြီ။ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးထဲမှာ လူ ၃၅ယောက်ရှိပြီး သူတို့က စည်းမျဉ်းအသစ်တွေ လိုက်နာဖို့ သဘောတူပါတယ်။ စည်းမျဉ်းမရှိရင် အမိန့်တွေမရှိ ဘာမှပြီးမြောက်မှာ မဟုတ်ပါဘူး”
ဒီလူတွေကို ဖြေရှင်းဖို့မလွယ်ဘူး။ မင်းလိူ လူငယ်တစ်ယောက်က ဘယ်လိုလုပ်လိုက်လဲ။ မင်းအတော်လေး အားစိုက်ထုတ်ခဲ့ရမှာပဲ မဟုတ်လား” လုကျိုးသည် သိချင်စိတ်ဖြင့် မေးလိုက်သည်။
"မဟုတ်ပါဘူး။ ရှစ်စွင်းက အခြေအနေကို လိုက်လျောညီထွေနေတတ်တဲ့သူတွေကို တန်ဖိုးထားတယ်ပဲ ပြောလိုက်တာ”
"ဒါပဲလား”
"ဒါပါပဲ” စီးဝူယာ့က ထပ်ပြောလိုက်သည်။ "ဒါပေမဲ့ ကျွန်တော် စာရွက်တစ်ရွက်ရေးပြီး သူတို့ကိုကူးပြီး တစ်ယောက်ဆီပေးလိုက်တယ်”
လုကျိုး "..." ဆိုရိုးစကားရှိသည်။ တစ်ခါတစ်ရံ လူတစ်ယောက်၏ စိတ်ကိုသိမ်းပိုက်ခြင်းက မြို့ကို အနိုင်ယူသည်ထက်ပိုကောင်းသည် ဟူသည်က မထင်မှတ်ပဲ အသုံးဝင်နေပုံရ၏။ စီးဝူယာ့က ထပ်ပြောလိုက်သည်။ "နောက်ထပ် ကိစ္စတစ်ခုရှိပါသေးတယ်။ ကျွန်တော်တို့ နန်းတော်ထဲ ဝင်ဖို့ အချိန်တန်ပါပြီ”
"နန်းတော်ထဲ ဝင်ဖို့လား”
"မြို့စားကြီးလေးဦးက တာ့ထန်မှာ လီယွင်ကျန်း အာဏာပြန်ရဖို့ ပံ့ပိုးပေးဖို့ သဘောတူထားပါတယ်” စီးဝူယာ့က ပြောလိုက်၏။
လုကျိုးသည် လီယွင်ကျန်းကို ကြည့်ပြီးမေးလိုက်သည်။ "မင်း အဆင်သင့်ပဲလား”
လိယွင်ကျန်းက ဦးညွှတ်လျက်ပြောလိုက်သည်။ "မြေးတပည့်က အသင်ပါ့ပဲ။ ဆရာနဲ့ကျွန်တော် ဒီကိစ္စကို ဆွေးနွေးပြီးပါပြီ။ ကျွန်တော်တို့ ဆရာဘိုးဘိုးရဲ့ အကူအညီလိုအပ်နေပါတယ်”
…
အခန်း (၈၉၆) တာ့ထန်ကို ပြန်လည် ထိန်းချုပ်ခြင်း
လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်သည်။
“မင်းရဲ့ အတွေးကို ပြောပါအုံး”
လီယွင်ကျန်းက ဦးညွတ်ကာ ပြောလိုက်သည်။
“ဆရာဘိုးဘိုး ကျွန်တော်က ငယ်သေးတော့ ဆရာပြောသမျှကို နားထောင်ပါ့မယ်”
“အို့” လုကျိုးက စီးဝူယာ့ကို ကြည့်လိုက်၏။
စီးဝူယာ့က ပြောလိုက်သည်။
“ရှစ်စွင်း လီယွင်ကျန်းက ငယ်သေးပြီးတော့ အခုဆုံးဖြတ်ချက် မပြတ်မသားဖြစ်လွန်းတယ်။ သူက အုပ်ချုပ်သူတစ်ယောက် မရှိသင့်တဲ့ အားနည်းချက်တွေ ရှိနေတယ်။ မတော်တဆ ဖြစ်ရပ်မျိုးကို ကာကွယ်ဖို့အတွက် ကျွန်တော်က သူနဲ့ စာချုပ် ချုပ်ထားတယ်”
လုကျိုးက သူ့အား လက်ပြကာ ဝင်ဖြတ်ပြောလိုက်သည်။
“မင်းတို့ နှစ်ယောက်ကြားက ကိစ္စတွေကို ငါဝင်မပါဘူး။ ပြီးတော့ ငါ့အတွက် မင်းကို စိုးရိမ်စရာလည်း မလိုတော့ဘူး”
စီးဝူယာ့က သူ့စိတ်ထဲ တစ်စုံတစ်ခုဖြစ်လာသလို ခံစားမိလိုက်သည်။ သူက ဦးညွတ်ကာ ပြောလိုက်၏။
“ရှစ်စွင်း ကျေးဇူးပါ။ အခုအရာအားလုံး အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့က ရှစ်စွင်းကို စောင့်နေတာပါ”
လုကျိုးက ခေါင်းညိတ်ကာ မေးလိုက်သည်။
“ငါ့ကို ဘာလို့စောင့်နေတာလဲ”
“ရှစ်စွင်းက အခန်းတွင်းမှာ အမြင့်ဆုံးကုလားထိုင်ကို ထိုင်ရုံပါပဲ။ ရှစ်စွင်းက ဘာမှလုပ်စရာ မလိုပါဘူး။ အားလုံးကို ကျွန်တော်ဆီ အပ်ထားလိုက်ပါ” စီးဝူယာ့က ပြန်ဖြေလေ၏။
“ငါတို့တွေ ဘယ်အချိန်သွားမှာလဲ”
“မနက်ဖြန်ပါ”
“မဟုတ်သေးဘူး။ နောက်ထပ် ၃ရက်နေမှ သွားမယ်” လုကျိုးက ပြောလိုက်သည်။
“အဲဒီလိုဆိုရင်လည်း ရှစ်စွင်း သဘောပါပဲ။ ကျွန်တော်တို့တွေ နောက် ၃ရက်နေမှ ထွက်သွားကြတာပေါ့” စီးဝူယာ့က အကြောင်းရင်းကို မမေးဘဲ ရှစ်စွင်း၏ အလိုဆန္ဒအတိုင်း လိုက်လုပ်ကာ နောက် ၃ရက်နေမှ ထွက်သွားမည်ဟု ဆုံးဖြတ်လိုက်သည်။
ကောင်းကင်ကျမ်းစွမ်းအားကို သူ့တပည့်များအပေါ် စစ်ဆေးကြည့်ဖို့ အကြိမ်တချို့ အသုံးပြုပြီးသည့်နောက်တွင် လုကျိုးက သူ့အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို ပြန်လည်ဖြည့်တင်းဖို့ အချိန်တချို့ လိုအပ်နေသည်။ ထိုအရာအပြင် သူက အထွတ်အထိပ် ဆန်းကြယ်စွမ်းအား ဖြည့်တင်းနှုန်းသည် ပြောင်းလဲသွားလားဟု အတည်ပြုရဦးမည် ဖြစ်သည်။
လုကျိုးက စီးဝူယာ့ ထွက်မသွားသေးသည်ကို မြင်သည့်အခါ မေးလိုက်၏။
“တခြားတစ်ခု ရှိသေးလို့လား”
စီးဝူယာ့က လုကျိုးရှေ့တွင် ရှေးဟောင်းမြေပုံကို ထားကာ ဖြန့်လိုက်ပြီး
“ဒါက အရှေ့မျှော်နန်းဆောင်ကနေ ယူလာဖို့ ညွှန်ကြားထားတဲ့ ရှေးဟောင်းမြေပုံပါ။ ဒီမြေပုံက အတော်လေး ဆန်းကြယ်တယ်။ ဒီအရာက အနီရောင်ကြာနယ်မြေနဲ့ ရွှေကြာနယ်မြေရဲ့ ပုံရိပ်တွေက ပြီးပြည့်စုံသွားပြီ။ ရှစ်စွင်း ကြည့်ကြည့်ပါအုံး”
လုကျိုးက ရှေးဟောင်းမြေပုံကို ကြည့်လိုက်သည်။
အနီရောင်ကြာနယ်မြေနှင့် ရွှေကြာနယ်မြေတို့၏ ပုံရိပ်က သူထင်ထားသည့်အတိုင်း ဖြစ်လာပြီဖြစ်ကာ သူတို့က ဆင်တူနေလေသည်။
“မင်း အမြင်မှာ အနက်ရောင်ကြာနယ်မြေက ဘယ်နေရာမှာလဲ” လုကျိုးက မေးလိုက်သည်။
စီးဝူယာ့က ပြောလိုက်၏။
“ရွှေကြာနယ်မြေနဲ့ အနီရောင်ကြာနယ်မြေထပ်နေတဲ့ နေရာက ရေနက်ဆန်းကြယ်ဂူ၊ တောအုပ်ကြီး ၄ခုရဲ့ နောက်မှာရှိတဲ့ အမည်မသိနေရာ၊ ကျွန်တော်တို့တွေ ကောင်းကင်လွန်းနဲ့ ဖြတ်သန်းလာခဲ့တဲ့ အဆုံးမဲ့ပင်လယ်တို့ပဲ။ ရှေးဟောင်းစာအုပ်တွေကို လေ့လာပြီးတဲ့နောက်မှာ အဆုံးမဲ့ပင်လယ်က ကျွန်တော်တို့ ထင်ထားတာထက် ပိုမိုကျယ်ပြန့်နေတယ်ဆိုတာကို သိခဲ့ရတယ်”
ထိုကိစ္စကို အမြဲလိုလို စိတ်ဝင်စားနေသည့် လီယွင်ကျန်းက ဝင်ပြောလိုက်သည်။
“ကျွန်တော်လည်း ဖတ်ဖူးတယ်။ သူတို့က အဆုံးမဲ့ ပင်လယ်က နာမည်အတိုင်း တကယ့်ကို အဆုံးစွန်မဲ့ နေရာတစ်ခုတဲ့”
စီးဝူယာ့က မေးလိုက်သည်။
“ဘယ်လိုပင်လယ်မျိုးက အဆုံးစွန်မဲ့ ဖြစ်မှာလဲ”
လီယွင်ကျန်းက ခေါင်းယမ်းလိုက်သည်။
ကမ္ဘာမြေ၏ ဗဟုသုတများ ကြွယ်ဝနေသည့် လုကျိုးက ပြောလိုက်သည်။
“စက်ဝိုင်းပုံစံ ရှိနေတဲ့ ပင်လယ်တစ်ခုပေါ့”
“ရှစ်စွင်းက ဉာဏ်ပညာ ကြီးမားပါပေတယ်။ ဒီလူသားတွေ သိနေတဲ့ ကုန်းမြေတွေက အဆုံးမဲ့ပင်လယ်ပြင်ကို ဝိုင်းထားတယ်လို့ ထင်တယ်” စီးဝူယာ့က ပြောလိုက်သည်။
လီယွင်ကျန်းက ထိုစကားကြောင့် အံ့အားသင့်သွား၏။
“ရှစ်စွင်း ကောင်းကင်ချားတောင် နယ်နိမိတ်ဝန်းကျင်မှာ အနက်ရောင်ကြာ ကျင့်ကြံသူကို မြင်လိုက်တယ်လေ။ အဲဒီအချိန်မှာ ကောင်းကင်ချားတောင် နယ်နိမိတ်က ရွှေကြာနယ်မြေမှာရှိတဲ့ အဆုံးမဲ့ချောက်နက်နဲ့ ထပ်တူညီနေတယ်”
စီးဝူယာ့က လက်မြှောက်ကာ ကောင်းကင်ကျုံးမှ အဆုံးမဲ့ချောက်နက်နှင့် ရေနက်ဆန်းကြယ်ဂူဆီ ညွှန်ပြလိုက်သည်။ ထို့နောက် သူ့လက်ချောင်းက ကောင်းကင်ချားတောင် နယ်နိမိတ်ဝန်းကျင်တွင် ရပ်တန့်သွား၏။ ထို့နောက် သူက ဆက်ပြောလိုက်သည်။
“ဒီလိုင်းက ၂ဖက်လုံးအထိ တန်းနေတယ်။ အဲဒါကြောင့် အနက်ရောင်ကြာနယ်မြေပဲဖြစ်ဖြစ် အပြာရောင်ကြာနယ်မြေပဲဖြစ်ဖြစ် သူတို့က ဒီနေရာတစ်လျှောက်မှာ ရှိလိမ့်မယ်”
လီယွင်ကျန်းက ကမ္ဘာအသစ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သည့်အလား မျက်လုံးပြူးသွားလေသည်။
လုကျိုးက စီးဝူယာ့၏ ကောက်ချက်ချမှုကို အံ့အားသင့်သွားမိ၏။ သူက ထိုသို့ တစ်ခါမှ မတွေးခဲ့ဘူးပေ။
စီးဝူယာ့ စကားအဆုံးတွင် စာပေကြယ်တာရာခန်းမက သုသာန်အလား တိတ်ဆိတ်သွား၏။
စီးဝူယာ့က သူ့ရှစ်စွင်း တိတ်ဆိတ်သွားသည်ကို မြင်သည့်အခါ သူ့ရှစ်စွင်းက အပြာရောင်ကြာနယ်မြေအကြောင်း ပြောသည့်အတွက် မကျေနပ်ဘူးဟုသာ ထင်ခဲ့မိသည်။ သူက ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်၏။
“ကျွန်တော်က ဒီလိုရဲတင်းတဲ့ ကောက်ချက်ချမှုမျိုးကို မလုပ်သင့်ပါဘူး”
လုကျိုးက ရှေးဟောင်းမြေပုံကို ကြည့်နေရင်း မုတ်ဆိတ်သပ်ကာ ပြောလိုက်သည်။
“မဟုတ်ဘူး။ မင်းရဲ့ ကောက်ချက်ချမှုက အကျိုးအကြောင်းသင့်တယ်။ ငါက မကျေနပ်စရာ မရှိဘူး။ ထပြီးတော့ ပြော”
“ဟုတ်ကဲ့”
လီယွင်ကျန်းက မနေနိုင်ဘဲ တလေးတစားဖြင့် ဝင်ပြောလိုက်သည်။
“ဆရာ … ဆရာရဲ့ ကောက်ချက်ချမှုက ကျွန်တော်ရဲ့အမြင်ကို ကျယ်စေခဲ့ပါတယ်”
လုကျိုးက ပြောလိုက်သည်။
“ဒီကိစ္စကို သေချာစောင့်ကြည့်ထား။ တကယ်လို့ တိုးတက်မှုအသစ်ရှိရင် ငါ့ကို ချက်ချင်း အကြောင်းကြား။ အဲဒါကလွဲရင် မင်းအတွက် တာဝန် ၂ခု ရှိတယ်”
“ရှစ်စွင်း ကျေးဇူးပြုပြီး ပြောပါ”
“ပထမဆုံး အနက်ရောင်ကြာနယ်မြေရဲ့ အနက်ရောင် မျှော်စင်အဖွဲ့အစည်းက အနီရောင်ကြာနယ်မြေရဲ့ မွေးဖွားဇယားချပ်သားရဲတွေကို သိမ်းပိုက်ဖို့ အစီအရင်တွေ သုံးထားတယ်။ သူတို့က သိပ်မကြာခင် ရွှေကြာနယ်မြေကိုပါ ပစ်မှတ်ထားလာမယ်လို့ ထင်တယ်။ ဒုတိယတစ်ခုက ကျောင်းယွဲ့ရဲ့ ကျင့်ကြံနှုန်းနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတယ်။ အဲဒါကို တိတ်တဆိတ် စစ်ဆေးကြည့်သင့်တယ်” လုကျိုးက ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ”
စီးဝူယာ့က သူ့ရှစ်စွင်း၏ အမိန့်မပါဘဲ အနက်ရောင်ကြာနယ်မြေကို လေ့လာဖို့ စီစဥ်ထားပြီးသား ဖြစ်၏။ သူ ရွှေကြာနယ်မြေသို့ မပြန်ခင် သူ့ရှစ်ကျဲနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် နယ်မြေအချင်းချင်းကြား ဆက်သွယ်နိုင်မည့် နည်းလမ်းကို ချန်ထားခဲ့သည်။ ထို့အပြင် သူက ဤနေရာတွင် ရောက်ရှိနေပြီဖြစ်ကာ ရှေ့တန်းသို့ ပြန်ပြေးသွားဖို့ မဖြစ်နိုင်ပေ။
လုကျိုးက ပြောလိုက်သည်။
“မင်း သွားလို့ ရပြီ”
“အဲဒါဆို ကျွန်တော် သွားလိုက်ပါအုံးမယ်” စီးဝူယာ့က ဦးညွတ်လိုက်၏။
လီယွင်ကျန်းက ရှေးဟောင်းမြေပုံကြောင့် ဆွဲဆောင်ခံနေရသည်ကို မြင်သည့်အခါ စာပေကြယ်တာရာခန်းမမှ ထွက်မလာခင် သူ့အား လက်တို့ခဲ့သည်။
၂ဦးသား ထွက်သွားပြီးသည့်နောက်တွင် လုကျိုးက စနစ်ကို ကြည့်လိုက်၏။
ကုသိုလ်ရမှတ် - ၁၆ ၃၂၀
လက်ကျန်သက်တမ်း - ၉၆၁ ၄၃၈ ရက်
အသုံးပြုပစ္စည်းများ - အဆင့်မြင့် အသေရိုက်ချက်ကတ် ၁ကတ်၊ ပစ်ချက်မဲ့ကတ် ၁ကတ်၊ အထိခိုက်ပြင်းကာကွယ်ကတ် ၅၈ကတ်(အလိုအလျောက်)၊ ရွှေရောင်ထိုက်ရွှီကြေးမုံ၊ အသွင်ပြောင်းကတ် ၂ကတ်၊ တောက်ပကျောက်တုံး ၁တုံး၊ မီးတောက် စိတ်ဝိညာဥ်ကျောက်တုံး ၃တုံး၊ အကြောင်းပြန်လှန်ကတ် ၇၇ကတ်
စီးတော်သားရဲများ - နတ်ခြင်္သေ့၊ ပိအန်း၊ ကျီလျန့်(အနားယူနေ)၊ ချုံးချီ၊ တန့်ကန်း
လက်နက် - အမည်မဲ့(အမည်မသိ)၊ ကျောက်စိမ်း မြင်းမြီးတုတ်(ကောင်းကင်အဆင့်)၊ တရားစီရင်ရေးစုတ်တံ (သာလွန် ကောင်းကင်အဆင့်)၊ ခရမ်းရောင် တောက်ပသံကျောက် (အလယ်အလတ် ပြိုင်ဘက်ကင်းအဆင့်)၊ လေအေးသုံး ခရင်းခွ(အခြေခံ ပြိုင်ဘက်ကင်းအဆင့်)၊ ချုပ်နှောင်ရေး စည်းတံဆိပ်(အလယ်အလတ် လွှမ်းမိုးအဆင့်)၊ နဂါးလင်းယုန် အမျက်ဒေါသ(အလယ်အလတ် ပြိုင်ဘက်ကင်းအဆင့်)၊ လျှပ်တပြတ် ချိတ်ကောက်(အလယ်အလတ် ပြိုင်ဘက်ကင်းအဆင့်)
လုကျိုးက ကျီလျန့်သည် အနားယူနေဆဲ ဖြစ်ကြောင်း သတိထားမိလိုက်သည်။ ထိုအရာမှ သူသည် ကျီလျန့်၏ စွမ်းရည်သည် မကြာခဏ အသုံးမပြုနိုင်ကြောင်း သိလိုက်ရသည်။ နတ်ခြင်္သေ့က အနားယူမှု ပြီးဆုံးသွားပြီ ဖြစ်၍ ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်၏။ နတ်ခြင်္သေ့ ရှိနေသရွေ့ သူက အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို ဖြည့်တင်းနိုင်လေသည်။
“မီးတောက် စိတ်ဝိညာဥ်ကျောက်တုံး ၃တုံး။ ငါက ကောင်းကင်စူးစမ်းရှာဖွေရေး ခုံရုံးရဲ့ ဝမ်တာ့ချွေ့ဆီမှာ ခရမ်းရောင် တောက်ပသံကျောက်ကို အဆင့်မြှင့်တင်ဖို့ ပြောရမယ်”
လုကျိုးက နောက်အဆင့်ကို စီစဥ်ရင်း သူ့ဘာသာသူ ရေရွတ်လိုက်သည်။
နဂို အဖိုးတန်သည့် ကောင်းကင်အဆင့်လက်နက်များသည် ယခုအခါ အသုံးမဝင်တော့ပေ။ မကြာခင် သူတို့က ထုဆစ်ရေးအသုံးပြုပစ္စည်းအဖြစ် အသုံးပြုခံရနိုင်ချေ ရှိသည်။
အမည်မဲ့မှလွဲ၍ သူ့ပိုင်ဆိုင်ထားမှုထဲ အမြင့်မားဆုံးအဆင့်က ချုပ်နှောင်ရေး စည်းတံဆိပ်သာ ဖြစ်၏။
ကျန်လက်နက်များက သူ့ထံ သိပ်အသုံးဝင်ဟန်မပေါ်ပေ။ အကြောင်းမှာ အမည်မဲ့က ပုံစံပြောင်းလဲနိုင်၍ ဖြစ်သည်။ ပုံမှန်အားဖြင့် ခရမ်းရောင် တောက်ပသံကျောက်တုံး မပါပေ။
ခရမ်းရောင် တောက်ပသံကျောက်ကို အဆင့်မြှင့်တင်ပြီးသည့်နောက်တွင် သူ့တပည့်များ၏ ကျင့်ကြံဆင့်ကို မြှင့်တင်ပေးဖို့ နည်းလမ်းကို စဥ်းစားပေးရမည်။ အထူးသဖြင့် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်ကို ဖြစ်၏။ သူက ကုသိုလ်ရမှတ်များ ရရှိဖို့ သူတို့၏ အကူအညီကို လိုအပ်ပေသည်။
ယခင်ကဲ့သို့ အသင်္ချေ အထွတ်အထိပ်တန်ဖိုးက မပြသသေးပေ။ မည်မျှကုန်ကျမည်ကို စဥ်းစားကြည့်၍ ရပေသည်။
ထို့နောက် လုကျိုးက ခရမ်းရောင် တောက်ပသံကျောက်ကို အသက်သွင်းကာ မျက်လုံးမှိတ်လိုက်ပြီး ကောင်းကင်ကျမ်းကို ဆင်ခြင်လိုက်သည်။
...
အချိန်ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း ၃ရက်တာ ကုန်ဆုံးသွားလေသည်။
မနက်စောစော
လုကျိုးက မျက်လုံးဖြည်းဖြည်းချင်း ပွင့်လာလေ၏။ သူက အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို အပြည့်အဝ ဖြည့်တင်းပြီးသွားပြီဖြစ်သည်။ သူ့စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာတို့က ယခင်ထက် ပိုမိုကောင်းမွန်လာသည်။
သူက ထကာ ရိုးရှင်းသည့် လေ့ကျင့်ခန်းတချို့ လုပ်ဆောင်လိုက်သည်။
ထိုစဥ် ကောင်းကင်သိုင်းပညာခုံရုံးမှ တပည့်တစ်ယောက်က ဦးညွတ်ကာ ခန်းမအပြင်ဘက်မှ ပြောလာလေသည်။
“လုချန်းပေ့ ကောင်းကင်လွန်းနဲ့ ရထားလုံးပျံတွေက တော်ဝင်ခုံရုံးကို သွားဖို့ အဆင်သင့် ဖြစ်နေပါပြီ”
“ကောင်းပြီ”
လုကျိုးက စာပေကြယ်တာရာခန်းမမှ ထွက်လာလေ၏။
လီယွင်ကျန်းက တာ့ထန်ကို ပြန်လည်ထိန်းချုပ်ပြီးသည်နှင့် သူက ရွှေကြာနယ်မြေနှင့် အနီရောင်ကြာနယ်မြေတို့ကို စုစည်းပြီး အနက်ရောင်ကြာနယ်မြေကို တိုက်ခိုက်ဖို့ လုပ်ဆောင်ရမည်။
တာ့ထန်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့က သူတို့အတွက် လိုအပ်နေ၏။
...
မိစ္ဆာဝေဟင်မျှော်နန်း၏ ကောင်းကင်လွန်းမှလွဲ၍ ကောင်းကင်သိုင်းပညာခုံရုံးက ကျန်သည့် ရထားလုံးပျံ ၂ခုကို ပြင်ဆင်ပေးထားခြင်းဖြစ်သည်။ လူအရေအတွက် များပြားသောကြောင့် ကောင်းကင်လွန်းတစ်ခုတည်းဖြင့် အားလုံးကို သယ်ဆောင်ဖို့ မလုံလောက်ပေ။
စီးဝူယာ့က လူတွေကို ၂ဖွဲ့ခွဲခဲ့သည်။ လုကျိုးနှင့် မိစ္ဆာဝေဟင်မျှော်နန်းအဖွဲ့သားများက ကောင်းကင်လွန်းကို စီးနင်းစဥ် ကျန်သူများကမူ ရထားလုံးပျံကို စီးနင်းကြသည်။
ကောင်းကင်သိုင်းပညာခုံရုံးနှင့် ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ လူများကမူ ကျန်ရစ်နေခဲ့၏။
သိပ်မကြာခင် လုကျိုးက ကောင်းကင်လွန်းအနီး ရောက်ရှိလာသည်။
မိစ္ဆာဝေဟင်မျှော်နန်း တပည့်များက ဦးညွတ်ကာ နှုတ်ဆက်လိုက်ကြသည်။
“ရှစ်စွင်းကို ဂါရဝပြုပါတယ်”
မုန့်ချန်းသုံ အပါအဝင် မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲများက တစ်ပြိုင်နက် နှုတ်ဆက်လိုက်ကြသည်။
“မျှော်နန်းသခင်ကို ဂါရဝပြုပါတယ်”
“လုချန်းပေ့ မင်္ဂလာပါ”
လုကျိုးက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ကောင်းကင်လွန်းဆီ ပျံသန်းလာလိုက်သည်။
“လောကဝတ်တွေ ပြောဖို့ မလိုဘူး”
“သွားကြစို့” စီးဝူယာ့က ပြောလိုက်သည်။
ထိုစဥ် ကျန်းမြို့စားကြီး ဝမ်ယွင်က အရေထူထူဖြင့် ပဲ့ထိန်းသည့် နေရာဆီ လျှောက်လှမ်းလာ၏။
“လုချန်းပေ့ ဒီလိုအလုပ်မျိုးကို ကျုပ်ဆီ အပ်ထားလိုက်ပါ”
အနီးနားတွင် ရပ်နေသည့် နျဲ့ချင်းယွင်က ပြောလိုက်သည်။
“ပဲ့ထိန်းဖို့ ခင်ဗျားအလှည့် ရောက်မယ်များ ထင်နေလား”
ဝမ်ယွင် “...”
ဝမ်ယွင်က လုကျိုး ရှေ့မှောက် ကောင်းကောင်းပြုမူပြီး သူ့သားနှင့် သူ့မြေးမတို့၏ အသက်ကို ကယ်တင်ဖို့ အခွင့်အရေးကို ဆက်တိုက်ရှာဖွေနေခဲ့သည်။ ယခု သူ့အားထုတ်မှုက အကျုံးမဝင်လေရာ သူ့မျက်နှာက ရှက်ရွံ့မှုဖြင့် အနီရောင်သမ်းလာလေသည်။
ဝမ်ယွင်က သူ့ဘာသာသူ တွေးလိုက်၏။
ထင်ထားတဲ့အတိုင်းပဲ သူက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ။ အဲဒီလို လူမျိုးကပဲ မြို့စားကြီးတွေနဲ့ ယှဥ်လိုက်ရင် ပဲ့ထိန်းဖို့ ပိုပြီးတော့ အရည်အချင်း ပြည့်မီတယ်။
သို့သော်လည်း ထိုစဥ် နျဲ့ချင်းယွင်က လက်ပြကာ ပြောလိုက်သည်။
“ညီအစ်ကိုယွီ ... “
ယွီကျန့်ဟိုင်က နျဲ့ချင်းယွင်ကို ကြည့်လိုက်ပြီး
“ခင်ဗျားက အမြင်ကောင်းသားပဲ။ ရွှေကြာနယ်မြေမှာရှိတဲ့ ကျုပ်ဂိုဏ်းရဲ့ အစောင့်အရှောက် ဖြစ်လာပါ့လား။ ငရဲဂိုဏ်းက ခင်ဗျားကို သေချာပေါက် စိတ်မပျက်စေပါဘူး”
နျဲ့ချင်းယွင်၏ အကြည့်များက တောက်ပလာကာ
“အဲဒီလိုဆိုတော့လည်း ကောင်းပါပြီ”
“ကောင်းပြီ” ယွီကျန့်ဟိုင်က တဲ့တိုးသာ ပြောလိုက်၏။
၂ဦးသားက သဟဇာတညီစွာ စကားဆက်ပြောနေကြသည်။
ဝမ်ယွင် “...”
ဝုတ် ဝုတ် ဝုတ်
“ခွေးလေး လာ ဝေးဝေးသွားမယ်” မင်ရှစ်ရင်က ချုံးချီကို ခေါ်ကာ တစ်ခြားတစ်ဘက်ဆီ လျှောက်လှမ်းသွား၏။
ထိုစဥ် ကောင်းကင်လွန်းက ဝေဟင်အထက် ဖြည်းဖြည်းချင်း မြင့်တက်လာသည်။
လုကျိုးက ကောင်းကင်လွန်းထဲတွင် ထိုင်ကာ တပည့်များကို ကြည့်လိုက်သည်။
တွမ့်မူရှန်းက ကုန်းပတ်ကို မှီကာ လှံကို ဆုံးဖြတ်ချက် ပြတ်သားသည့် အမူအရာဖြင့် ကြည့်နေလေ၏။
ယွီရှန်းရုန်၏ လက်ကမူ ဗလာကျင်းကာ တောင်တန်းတွေကို လိုက်ကြည့်နေသည်။
ခရုလေးကမူ လေထုထဲ တစ်ယောက်တည်း ရပ်နေလေ၏။ ထိုစဥ် သူမ တွေးနေသည်ကို မည်သူမှမှ မသိကြပေ။
ရှောင်ယွမ်အာ တစ်ယောက်တည်းကသာ စကားပြောရင်း အလုပ်ရှုပ်နေလေ၏။
လုကျိုးက ခေါင်းအသာ ယမ်းလိုက်သည်။ ထိုတပည့်များက ထူးကဲကာ သီးသန့်ဆန်လွန်းလှသည့်အတွက် သူ့အနေနှင့် သူတို့ကို သင်ကြားပေးဖို့ မလွယ်ကူလှပေ။
…
အခန်း (၈၉၇) သေရမှာမကြောက်တဲ့သူတွေ
ကျင့်ကြံခြင်း အရှိန်အရာတွင် မဟာလေဟာနယ် မျိုးစိတ်ကိုပိုင်ဆိုင်ထားသော တပည့်များသည် ရွှေကြာနယ်မြေနှင့် အနီရောင်ကြာနယ်မြေရှိ လူများထက် အလွန်ပေ၏။ ပြောင်းလဲရာတွင် အားအနည်းဆုံးဖြစ်သည့် တွမ့်မူရှန်းကတောင် နဝမမြောက်ပွင့်ချပ် ဖူးပွင့်ရန် ကြိုးစားနေပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူတို့၏အရှိန်သည် အနက်ရောင်ကြာနယ်မြေရှိ လူများနှင့်ယှဉ်လျှင် အတော်လေး အားနည်းနေသေးဆဲဖြစ်၏။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်သည် ရွှေကြာနယ်မြေ၌ ထိပ်တန်းအဆင့် သိုင်း ပညာရှင်များသော်ငြား ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူများရှိနေခြင်းကြောင့် အနီရောင်ကြာနယ်မြေတွင် ပိုအားနည်းနေသေးသည်။
မဟာလေဟာနယ်မျိုးစေ့
ယဲ့ကျန်း ဖျက်ဆီးတာ ခံလိုက်ရသည့် မှတ်ညဏ်သလင်း၏ အရေးပါဆုံးအစိတ်အပိုင်း ဖြစ်သည့် မဟာလေဟာနယ်မျိုးစေ့ ဟူသည်ကား အဘယ်နည်း။
သူ၏ ဗဟုသုတနှင့် အတွေ့အကြုံအရ လုကျိုးသည် အကြီးမြတ်ဆုံး အဂ္ဂိရက်ပညာရှင်ကတောင် ထိုကဲ့သို့ ဆန်းကြယ်သော ဆေးလုံးကို ဖန်တီးနိုင်မှာ မဟုတ်တာ ကြိမ်းသေသည်။ သူ့မှတ်ဉာဏ်သလင်းဆီမှ ရရှိထားသော အချက်အလက်များအရ ကျိထျန်းတောက်သည် အမည်မသိနေရာသို့ သွားခဲ့၏။ အမည်မသိနေရာသည် အမြဲတစေ တိမ်ဖုံးနေပုံရ၏။ အတော်လေးမှောင်မဲနေသောကြောင့် သူ များစွာမမြင်နိုင်ပေ။ ထိုစဉ်က ကျိထျန်းတောက်၏ ကျင့်ကြံဆင့်သည် သိပ်မမြင့်မားခဲ့ပေ။ သူသည် မဟာလေဟာနယ်မျိုးစေ့ကို ရရှိရန် လှည့်ကွက်တချို့ သုံးခဲ့တာပဲ ဖြစ်ရမည်။ မဟုတ်လျှင် ဘုံတစ်ထောင်လေပွေ သိုင်းပညာရှင်များ၏ မျက်စိရှေ့မှောက်၌ ထိုကဲ့သို့ တန်ဖိုးရှိသောအရာကို ယူနိုင်မှာမဟုတ်ပေ။
မဟာလေဟာနယ်မျိုးစေ့သည် အမှိုက်ဖြစ်ပြီး မဟာလေဟာနယ်ရှိ မည်သူကမှ အာရုံမစိုက်တာ ဖြစ်နိုင်၏။ သို့သော်ငြား ထိုဖြစ်နိုင်ခြေက အလွန်နိမ့်သည်။ လူတယောက်၏ ကျင့်ကြံသော ပါရမီကို မြှင့်တင်ပေးနိုင်သော ရတနာကို မည်ကဲ့သို့ အမှိုက်အဖြစ် သတ်မှတ်၍ ရမည်နည်း။ ထိုလူများသည် မဟာလေဟာနယ်မျိုးစေ့ကို ရှာနိုင်စွမ်းရှိတာ သိသာ၏။
ဤကိစ္စက ဒါကိုဖုံးကွယ်ထားနိုင်မယ်ဆိုရင် ဖုံးကွယ်ထားတာ ကောင်းဆုံးပဲ။ လုကျိုးသည် အစတုန်းက သူ၏ တပည့်များကို ပြောပြရန် ရည်ရွယ်ထားသည်။ သို့သော် ထိုအကြံဉာဏ်ကို ဖယ်ရှားလိုက်တော့သည်။
ထိုစဉ် သူက တွမ့်မူရှန်းကိုကြည့်ပြီး ခေါ်လိုက်၏။ "လောင်စန်း"
ဂျွတ်
နယ်ရှင်လှံက မြေကြီးထဲ ကျွံဝင်သွားေတာ့၏။
"ရှစ် ရှစ်စွင်း ကျွန်တော့်ကို ခေါ်လိုက်တာလား” တွမ့်မူရှန်းသည် နယ်ရှင်လှံကို အမြန်ကောက်ကိုင်လျက် မှင်သက်သွားတော့သည်။
"မင်းရဲ့ကျင့်ကြံမှု အခြေအနေဘယ်လိုလဲ” လုကျိုးက မေးလိုက်သည်။ ဆရာတစ်ယောက်သည် သူ့တပည့်၏ ကျင့်ကြံဆင်အကြောင်း မေးတာသဘာဝပဲဖြစ်၏။ အပြင်လူများအဖို့ မိမိ၏ကျင့်ကြံခြင်းအကြောင်း မေးတာ မျက်မှောင်ကျုံ့စရာ ဖြစ်၏။
တွမ့်မူရှန်းက အနေခက်စွာ ပြောလိုက်တော့သည်။
" ရှစ် ရှစ်စွင်း ကျွန် ကျွန်တော့် ပွင့် ပွင့်ချပ် ရှစ်လွှာ ရှိပါတယ်”
မည်သို့ပင်ဆိုစေ လုကျိုးက အလွန်ကျေနပ်နေသည်။ သူသည်တွမ့်မူရှန်း၏ ကျင့်ကြံခြင်းအတွက် ပါရမီနှင့် အရည်အချင်းကို အလွန်ရင်းနှီးသည်။ သူ၏တပည့်များအနက် တွမ့်မူရှန်း၏ ပါရမီနှင့် အရည်အချင်းက အနိမ့်ဆုံးဖြစ်သည်။ အချိန်ကြာမြင့်စွာကြိုးစားပမ်းစားကျင့်ကြံပြီးနောက် သူ့အတွက် ပွင့်ချက်ရှစ်လွှာ အဆင့်ရောက်ဖို့က မလွယ်ကူလှပေ။
သူ၏ ပထမနှင့် ဒုတိယတပည့် နဝမမြောက်ပွင့်ချပ် ဖူးပွင့်မည်ဆိုတာ မျှော်မှန်းထားပြီးသားဖြစ်သည်။ သူတို့သည် ပွင့်ချပ်ရှစ်လွှာအဆင့်၌ နှစ်ပေါင်းများစွာ ပိတ်ဆို့နေခဲ့ပြီး အတားအဆီး အတားအဆီး ကျိုးပြတ်သွားသည့်အချိန်တွင် သူတို့သည် နဝမမြောက်ပွင့်ချပ်ဖူးပွင့်ရန် အခွင့်အရေးကို အမြန်ဖမ်းဆုပ်ရန် ကြိုးပမ်းခဲ့၏။ သူတို့ ဒသမမြောက်ပွင့်ချပ် ဖူးပွင့်လျှင်တောင် အံ့သြစရာမရှိပေ။
ထိုအကြောင်းအရင်းကြောင့် သူသည် ပထမနှင့် ဒုတိယတပည့်အတွက် သူတို့ကျင့်ကြံမှုအခြေအနေကို စိတ်အနှောက်အယှက် မဖြစ်ပေ။ ခဏအကြာတွင် လုကျိုးသည် တွမ့်မူရှန်းဆီမှ အကြည့်လွှဲလျက် ပြောလိုက်သည်။ "လောင်စစ်"
ဝုတ် ဝုတ် ဝုတ်
လောင်ချီက ပြေးလာလျက် လုကျိုးရှေ့၌ လှည့်ပတ်နေေတာ့သည်။
မင်ရှစ်ရင် "..."
ဒီခွေးက ဘယ်လိုပြုမူရမလဲဆိုတာ တကယ်သိနေတာပဲ။
လုကျိုးသည် ချုံးချီကို ကြည့်လိုက်သည်။ ဤခွေးသည် ဤမျှနှစ်ဆကြီးလာလိမ့်မည်ဟု သူ မထင်ထားပေ။ ကောင်းကင်လွန်းကသာ လုံလောက်အောင်မကြီးလျှင် သူ့ဖာသာသူ ပျံသန်းရလိမ့်မည်။
မင်ရှစ်ရင်က သူ့ရှစ်စွင်းဆီ လျှောက်သွားလျက် ပြောလိုက်သည်။ "ရှစ်စွင်း"
"မင်းရဲ့ကျင့်ကြံမှု ဘယ်လိုလဲ”
မင်ရှစ်ရင်က ပြုံးလျက်ပြောလိုက်၏။ "တပည့်က ပွင့်ချပ်၉အလွှာအဆင့်မှာပါ”
"မင်းရဲ့ခွန်အားကို ဖုံးကွယ်ထားတာလာ”
မင်ရှစ်ရင်သည် သူ့ရှစ်စွင်း၏ စကားကို အမြန်ငြင်းလိုက်တော့သည်။
"တပည့် ဘာကိုမှမဖုံးကွယ်ထားပါဘူး။ အမြဲရိုးသားပါတယ်။ နေနဲ့လတို့က တပည့်ကို မျက်မြင်သက်သေ လုပ်ပေးနိုင်ပါတယ်”
ပြီးနောက် လုကျိုးသည် မင်ရှစ်ရင်ကို အာရုံမစိုက်တော့ပေ။ သူသည် တွမ့်မူရှန်း၏ နယ်ရှင်လှံကို ကြည့်ပြီးမေးလိုက်တော့၏။
"မင်းရဲ့လက်နက်ကို ပြန်ပြုလုပ်ဖို့ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးဆီ မသွားဘူးလား”
တွမ့်မူရှန်းက သူ၏ နယ်ရှင်လှံကို ဆက်လက်ကိုင်ထားလျက် ပြောလိုက်သည်။
"ဒါကိုပုံမသွင်းနိုင်သေးဘူး။ ဒါ့အပြင် သွန်းလုပ်တဲ့ကုန်ကြမ်းတွေက အင်မတန်မြင့်တယ်။ အခုလည်း ကောင်းတယ်လို့ ကျွန်တော်ထင်တယ်”
လုကျိုးသည် သူ့တပည့်များ၏ လက်နက်အကြောင်းစဉ်းစားလိုက်၏။ ယွီရှန်းရုန်၏ လက်နက်သည် ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံး၌ ရှိနေသေးပြီး တွမ့်မူရှန်းနှင့် ကျောင်းယွဲ့၏ လက်နက်က ကောင်းကင်အဆင့်တွင်ရှိကာ ခရုလေးတွင် လက်နက်နှစ်ခု ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းနှင့် လန်ထျန်းကျောက်စိမ်းပုလွေတို့ ရှိသည်။ သူမသည် လွှမ်းမိုးအဆင့်လက်နက် ပိုင်ဆိုင်ထားသော သူ၏ တစ်ဦးတည်းသော တပည့်လည်းဖြစ်၏။
သူတို့မြို့တော်သို့ ရောက်သောအခါ သူသည် သူ့တပည့်များကို သူတို့လက်နက်အကြောင်းပြောမည် သို့မဟုတ် ကောင်းကင်စူးစမ်းရှာဖွေရေး ခုံရုံးအားသူတို့လက်နက်များကိုပြန်ပုံသွင်းခိုင်းလိုက်မည်။ ပြီးနောက်သူသည် ယွီရှန်းရုန်ဆီ အာရုံရောက် သွား၏။ "လောင်အာ့"
ယွီရှန်းရုန်က သူ့ရှစ်စွင်းကို လှည့်ကြည့်လိုက်သည်။
လုကျိူးက မေးလိုက်၏။ "သက်တော်ရှည်ဓားကို ရုပ်လုံးပြန်သွင်းတာ ဘယ်လိုအခြေအနေရှိလဲ”
"ရှစ်စွင်း ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက အရည်အချင်းရှိတဲ့လူတွေနဲ့ ပြည့်နေတာလို့ ရှစ်စွင်း ပြောခဲ့ဖူးတယ်။ ဝမ်တာ့ချွေ့က ယုံကြည်ချက်ရှိတယ်။ သူက လေကြွားနေတဲ့ပုံတော့ မပေါ်ဘူး။ ၃လအတွင်း အပြီးသပ်ပေးမယ်လို့ ပြောတယ်” ယွီရှန်းရုန်က ပြန်ပြောလိုက်၏။
"သိပ်ကောင်းတယ်” လုကျိုးက ခေါင်းညိတ်လိုက်သည်။
ကျန်းအိုက်ကျန့်က အားကျစွာ ပြောလိုက်တော့၏။ "ဒုတိယသခင်လေး ခင်ဗျားက တကယ် ကံကောင်းတာပဲ။ အနက်များရဲ့ဓားက ကောင်းကင်အဆင့်ကနေ လွှမ်းမိုးအဆင့်ကို တိုက်ရိုက် ခုန်တက်သွားတော့မှာ။ ကျုပ်မှာလဲ လွမ်းမိုးအဆင့်ဓားတလက်ပိုင်ထားရင် ဘယ်လောက်ကောင်းမလဲ” ပြောနေစဉ် သူ၏နဂါးတေးသံကို ပွတ်လိုက်သည်။
"အဲလိုလည်းမဟုတ်ဘူး” ယွီရှန်းရုန်က ပြုံးပြီးပြောလိုက်သည်။ "လွှမ်းမိုးအဆင့်လက်နက်ကို ထုတ်လုပ်ဖို့က အင်မတန်ခက်ခဲတယ်။ ငါတို့မှာ ဝိညာဉ်ကျောက်တုံးရှိပေမဲ့ ကံပေါ်မူတည်သေးတယ်”
မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲလေးယောက်သည် ရုတ်တရက်ကြီး သူတို့လက်နက်များက အလွန်မကောင်းဟု ခံစားမိလိုက်သည်။ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက ဖန်တီးခဲ့သော လွှမ်းမိုးအဆင့် ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်း အကြောင်းတွေးမိသောအခါ ၎င်းက ဖန်တီးသမျှထဲ အကောင်းဆုံးဟု သူတို့ဆိုခဲ့တာတွေးမိသည်။ အဘယ်ကြောင့်များ ပြီးပြည့်စုံဆုံး လက်နက်ဟု သူတို့ ခေါ်ရသနည်း။
လုကျိုးသည် ခရုလေးကိုလှည့်ကြည့်လိုက်၏။ သူမကလေလာရာ၌ မတ်တပ်ရပ်နေဆဲဖြစ်ကာ အတွင်းနစ်နေ၏။ သူကလှမ်းခေါ်လိုက်သည်။ "ခရုလေး"
ခရုလေးက လှည့်လာ၏။ "ရှစ်စွင်း"
"မင်း တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာကစ။ ဒီတော့ မင်းရဲ့ဆရာတူတပည့်တွေနဲ့ အကြီးအကဲတွေကို သင့်တော်သလိုနှုတ်ဆက်ဖို့အခွင့်ရေးမရသေးဘူး” လုကျိုးက ပြောလိုက်၏။
သူမ၏ ကျင့်ကြံဆင့်နှင့် နောက်ခံက မြင့်သော်ငြား ခရုလေးသည် အငယ်ဆုံးနှင့် နောက်ဆုံးမှဝင်လာသည့် တပည့်ဖြစ်သည်။ ခရုလေးသည် မိစ္ဆာဝေဟင်မျှော်နန်း၏ ဂိုဏ်းသားများကို ရိုရိုသေသေနှုတ်ဆက်လိုက်သည်။
"နှုတ်ခွန်းဆက်ပါတယ် ရှစ်ရှိုးတို့၊ အကြီးကဲလေးယောက်ကိုနှုတ်ခွန်းဆက်ပါတယ်” ခရုလေးက ဦးညွှတ်လိုက်သည်။
လူတိုင်းက ပြန်လည်နှုတ်ဆက်လေ၏။
ထိုစဉ် စီးဝူယာ့သည် သူ၏အငယ်ဆုံးတပည့်လေးကို စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်လိုက်သည်။ သူသည်ကဗျာကို တွေးမိသွားပြီး ကဗျာထဲတွင်ပါသည့်နာမည်ကို မှတ်မိသွား၏။ "လော့ရှစ်ယင်လား"
"ချီရှစ်ရှိုး" ခရုလေးသည် အပြုံးဖျော့ဖျော့ဖြင့်ပြန်ပြောလိုက်သည်။
"လော့ရွှမ်းရဲ့ တေးသွားတွေကို မရေမတွက်နိုင်လောက်အောင် လေ့လာခဲ့ဖူးတယ်။ ဝိရောဓိဖြစ်စရာတွေ များလွန်းနေတာ။ ကမ္ဘာပေါ်မှာ လော့ရှစ်ယင်း ဆိုတာ မရှိတာသေချာတယ်။ ငါတစ်ဝက်ပဲ မှန်အားခန့်မှန်းနိုင်လိမ့်မယ်ဆိုတာ ဘယ်သူသိမှာလဲ”
ထိုစဉ် ယွီကျန့်ဟိုင်က ဝင်ပြောလိုက်၏။ "အင်း … မင်း ခန့်မှန်းတာတွေမမှားပါဘူး။ မြို့တော်ရောက်တာနဲ့ ပြောပြမယ်။ သေချာထိုင် အရှိန်တင်တော့မယ်”
ကောင်းကင်လွန်းသည် ညနေစောင်း၌ မြို့တော်သို့ ရောက်သွားလေ၏။ အလင်းများတောက်ပနေသည် အရပ်မျက်နှာရှိအစီအရင်နှင့် သင်္ကေတများကတောင် မီးအိမ်ကဲ့သို့တောက်ပနေသည်။
ဝှစ် ဝှစ် ဝှစ်
ထိုစဉ် ချပ်ဝတ်ဖြင့် စစ်သည် တစ်ဒါဇင်ခန့် ပျံသန်းလာပြီး ကောင်းကင်လွန်း၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်၏။ ယင်းကိုမြင်သောအခါ မြို့စားကြီးလေးဦးသည် ကောင်းကင်လွန်းထဲမှ ပျံသန်းလာပြီး စစ်သားများကို သူတို့၏အထောက်အထား တံဆိပ်များပြသလိုက်၏။
ချပ်ဝတ်စစ်သည်များ၏ အမူအရာသည် ရုတ်ခြည်းပြောင်းလဲသွားတော့သည်။ သူတို့အားလုံးက တညီတညွတ်တည်း ဦးညွတ်လိုက်၏။ "ထိုက်တောင်တန်းကို မမှတ်မိခဲ့တာအတွက်တောင်းပန်ပါတယ်။ မြို့စားကြီးတို့ကို လေးလေးစားစားကြိုဆိုပါတယ်”
လုကျိုးနှင့် ကျန်သည့်သူများ လှုပ်ရှားရန်မလိုအပ်ပေ။
မြို့စားကြီး လေးဦး ကောင်းကင်လွန်းထဲ ပြန်ရောက်လာပြီးနောက် ကျန်းမြို့စားကြီး ဝမ်ယွင်က ပြောလိုက်၏။ "လုချန်းပေ့၊ အရှင်မင်းကြီး … ကျွန်ေတာ်မျိုးရဲ့ နိမ့်ကျတဲ့ နေအိမ်မှာ လိုက်နေပါလား”
သူ့ကို မြို့တော်ဆီပြန်ခွင့်ပေးထားသော်ငြား ဤအဖိုးအိုက သူ့ကို အသက်ရှင်ခွင့်ပေးရန် ဆုံးဖြတ်ပေးနိုင်မှန်း သူ သိသည်။ ထို့အပြင် အဖိုးအိုပြုလုပ်သည့်အရာများကို အဖိုးအို ကိစ္စရပ်များဆောင်ရွက်ပုံကိုလဲ သူ ဖမ်းဆုပ် မိထား၏။ အဖိုးအိုက အလိုက်သင့်စီးမျောနေသည်ဟု ဆိုရပေ၏။ သူကြားထားပုံအရ အဖိုးအိုသည် အခြေအနေကို နားလည်သဘောပေါက်သည့်သူများကို အသိအမှတ်ပြုပြီး မည်သည့်အချိန်တွင်နောက်ဆုံးရမည် မည့်သည့်အချိန်တွင်ရှေ့တန်းမည်ဟု သိသည်သည့်လူများကို သဘောကျ၏။ သူသည် ကျန်သည့်မြို့စားကြီး ၃ ဦးနှင့်ယှဉ်လျှင် ဂရုတစိုက်မှတ်သားတတ်သည်။ ထို့ကြောင့် သူ့ကိုယ်သူတိတ်တစ်ဆိတ် သတိပေးနေပြီး အမှားမလုပ်မိအောင် သတိပေးနေသည်။ ယခုတော့ သူ မှန်ကန်သည့်အရာပြုလုပ်ခဲ့ကြောင်း သက်သေပြခဲ့သည်။
လုကျိုးက ပြန်မပြောပေ။
ထိုအစား လီယွင်ကျန်းက ပြောလိုက်၏။ "နန်းတော်ကိုပြန်မယ်”
"နားလည်ပါပြီ” ဝမ်ယွဲ့သည် တွေဝေမနေဘဲပြောလိုက်သည်။
ကောင်းကင်လွန်းသည် မြို့စားကြီးလေးဦး၏ဦးဆောင်မှုအောက်၌ နန်းတော်သို့ ဆက်လက်ပျံသန်းသွားသည်။
ကောင်းကင်လွန်းသည် တော်ဝင်နန်းတော်သို့ ရောက်သောအခါ ညရောက်နေပြီဖြစ်သည်။
လိုအပ်သောစီမံမှုများကို မိစ္ဆာဝေဟင်မျှော်နန်း၏ ဂိုဏ်းသားများအတွက် ပြုလုပ်ပေးပြီးနောက် စီးဝူယာ့နှင့် လီယွင်ကျန်းတို့သည် လုကျိုးကို ရှာရန်အတွက် ထိန်းသိမ်းရေးနန်းဆောင်ဆီ သွားလိုက်သည်။
စီးဝူယာ့ မပြောရသေးခင် လီယွင်ကျန်းက ပြောလိုက်၏။ "ဆရာဘိုးဘိုး မင်းအမိန့်တခုတုံ့ပြန်ပြီးပါပြီ။ အရပ်သားနဲ့အရာရှိတွေအားလုံး ပတ်လမ်းဆယ်ခုက မဟာစစ်သူကြီးရှစ်ဦးနဲ့ တမန်တော်တွေကို သဘတ်ခါကျ ရုံးတော်ဆီလာဖို့ ဆင့်ခေါ်ထားပါတယ်”
"ကောင်းပြီ" လုကျိုးသည် ပြန်ပြောလိုက်၏။
"ဒါဆို ကျွန်တော် သွားပါတော့မယ် ဆရာဘိုးဘိုး” သူ့ကိုယ်သူနှင့်ယှဉ်လျှင် လီယွင်ကျန်းသည် ဆရာဘိုးဘိုးက ဧကရဇ်တစ်ပါးနှင့် ပိုတူသည်ဟုခံစားမိသည်။
အဆုံးကျ စီးဝူယာ့နှင့် လီယွင်ကျန်းတို့သည် ခန်းမထဲ၌ ဘာမှလုပ်စရာမရှိတော့ပေ။ စကားစမြည်ပြောပြီးနောက် နှစ်ယောက်သား လှည့်ထွက်သွားတော့သည်။
စီးဝူယာ့သည် လီယွင်ကျန်းပေါ်ရှိ ဝန်ထုပ်ဝန်ပိုးများကို လေးလံနေတာကို မြင်တွေ့သောကြောင့် ပြောလိုက်တော့သည်။ "ရှစ်စွင်းက မင်းရဲ့ပလ္လင်ကို ယူသွားမှာကြောင့် ကြောက်နေတာလား။ သူသာ မင်းရဲ့ပလ္လင်ကိုလိုချင်တယ်ဆိုရင် မင်း အစောကတည်းက သေသွားလောက်ပြီဆိုတာသိထားသင့်တယ်။ မင်းကိုမသတ်ခင်မှာ မင်းကိုကူညီပေးဖို့ ဒီလိုလှုပ်ရှားသွားလာထက် သတ်လိုက်ရတာပိုလွယ်တယ်”
လီယွင်ကျန်းသည် စီးဝူယာ့၏ စကားကိုကြားသောအခါ တုန်လှုပ်သွားသည်။ သူကအမြန်ပြောလိုက်၏။
"သတိပေးတာကျေးဇူးတင်ပါတယ်ဆရာ"
"မင်းထင်သလိုမျိုး မရိုးရှင်းတဲ့ကိစ္စတွေ အများကြီးရှိတယ်” စီးဝူယာ့က ပြောလိုက်၏။
လီယွင်ကျန်းသည် ထိုသို့တွေးမိတာကို အပြစ်ရှိသလို ခံစားလိုက်ရသည်။ ခဏကြာတွင် သူက မေးလိုက်၏။ "ဆရာ သန်ဘက်ခါကို ယုံကြည်ချက်ရှိလား”
စီးဝူယာ့က ပြုံးပြီးမေးလိုက်၏။
"ငါပြောခဲ့တာ မေ့သွားပြီလား”
"အားနည်းတဲ့သူတွေက ပြောပိုင်ခွင့်မရှိဘူး” လီယွင်ကျန်းက ခေါင်းညိတ်လိုက်၏။ "ဒါပေမဲ့ ရုံးတော်လည်း သာမန်ပြည်သူတွေကြားထဲမှာ ဖြေရှင်းဖို့ ခက်ခဲ့တဲ့လူတစ်ယောက်ရှိတယ်”
"ဟမ်"
"ဖခမည်းတော်ကိုယ်တိုင်က သူအာဏာရှိနေတုန်း ဝန်ကြီးချုပ်ကျန်းယွမ်ရန်ရဲ့ ရာထူးကိုချီးမြှင့်ခဲ့တာ။ ကျန်းမိသားစုက စစ်သူကြီးငါးဦး မွေးထုတ်ခဲ့တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာတုန်းက တာ့ထန်ကို ကာကွယ်ဖို့ သူတို့တစ်ယောက်ပြီးတစ်ယောက် သေသွားပြီး တာ့ထန်ရဲ့ မဟာစစ်သူကြီး ရှစ်ဦးရဲ့ မိသားစုနဲ့ အဆက်အသွယ်ရှိတယ်။ သူက သေခြင်းတယောက်ကို ကြောက်တဲ့သူတစ်ယောက် မဟုတ်ဘူး။ သေတဲ့အထိတိုက်ခိုက်ဖို့ ဆုံးဖြတ်ထားရင် ကျွန်တော်တို့ ဘယ်လိုလုပ်သင့်လဲ။ကျွန်တော်တို့ သူ့ကို သတ်လိုက်ရင် လူတွေရဲ့စိတ်နှလုံးကို သေချာပေါက် ဆုံးရှုံးမှာ” လီယွင်ကျန်းက စိုးရိမ်ပူပန်စွာ ပြောလိုက်၏။
"မင်းက ဧကရာဇ်ပဲ” စီးဝူယာ့က တခွန်းချင်းဖိပြောလိုက်သည်။ ပြီးနောက် သူသည် လက်နက်ပစ်လျက် ထွက်သွားကာ လီယွင်ကျန်းက ထိန်းသိမ်း ရေနက်အပြင်ဖက်ခြမ်းတွင် ကျန်ရစ်ခဲ့တော့သည်။
လီယွင်ကျန်းက အတွေးနစ်နေလျက် ကြယ်စုံသောကောင်းကင်ကို ကြည့်လိုက်တော့သည်။
ယခုအခေါက်တွင် ညလေ၏ ထူးဆန်းသော အေငွ့အသက်က မရှိတော့ပေ။ ထိုအစား ပတ်ဝန်းကျင်၌ သွေးနံ့များ ပြန့်နေပြီး သွေးမုန်တိုင်း ဆင်းသက်သောမည်ပုံပေါက်နေသည်။