← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

Chapter 101

~

အခန်း ၁၀၁

~

အစောင့်များက လူစုခွဲရန် ​ပြောဆိုသဖြင့် လူအုပ်ကြီးက ပြန့်ကျဲသွား၏ ။

စစ်သည်တော်များ အလျင်အမြန်ရောက်လာကြပြီး ကျားပျံကြောင့် သေဆုံးခဲ့ရသူများ၏ အလောင်းကို ကောက်ကာ ပတ်ဝန်းကျန်အား ရှင်းလင်းရေး လုပ်ကြသည် ။

တဖြည်းဖြည်းဖြင့် ဘုရားဖူးများ ပြန်လည်ရောက်ရှိလာပြီး အရာအားလုံး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏ ။

ယုံဟဲ ဧကရာဇ်သည် အနည်းငယ်ဝမ်းနည်းသွားကာ လှည့်ထွက်လာခဲ့သည် ။

သူငယ်စဥ်က စစ်သူကြီးများနှင့် ဝန်ကြီးများ၏ သာမန်ပြည်သူများအတွက် စွန့်လွှတ်အနစ်နာခံမှူကို မြင်ဖူးသော်လည်း သာမန်လူတစ်ယောက်၏ သူရဲကောင်းဆန်မှုကို ယခုမှသာ မြင်ဖူးခြင်းဖြစ်သည် ။

အနှစ်လေးဆယ်ကြာပြီးနောက် သူရဲကောင်းများ ပျောက်ကွယ်ခါနီး ဖြစ်လာရသည် ။ ယခု ချောင်ပိုင်ဖူကို ကယ်တင်ရန် စွန့်စားလိုသော်လည်း အရာအားလုံးသာ အချည်းနှီးဖြစ်ခဲ့ရသည် ။

' နန်းတော်ကျရှုံးတော့မယ့် အချိန်မှာ သစ္စာရှိပြီး ဖြောင့်မတ်တဲ့ မျိုးစေ့ အနည်းငယ် ချန်ထားနိုင်ခဲ့ရင်ကို ငါကျေနပ်ပါပြီ..'

ယုံဟဲက ဧကရာဇ်က သက်ပြင်းချလိုက်ပြီး အိမ်အပြန်လမ်းသို့ ဖြေးညှင်းစွာ လျှောက်လှမ်းလာခဲ့သည် ။

" အရှင်မင်းကြီး.."

အစောင့်ချူးက...

" ကျွန်တော်မျိုး ပစ်လိုက်တဲ့ဓားက ရွှမ်ထျန်းဘုရားကျောင်းထဲ ဝင်သွားတာ.. သူတော်စင်မ ပြန်သွားတော့ အဲ့ဓားလည်း မရှိတော့ဘူး.. သူကောက်သွားတယ်ထင်တယ်.."

ယုံဟဲ ဧကရာဇ် ခဏတန့်သွား၏ ။ သူ ချူးရှင်းအား ဝင်ကယ်ရန် အမိန့်ပေးခဲ့စဥ်က ရွှမ်ထျန်းဘုရားကျောင်း သိသွားမည်ကို ထည့်သွင်းစဥ်းစားခဲ့သည် ။ သို့သော်လည်း အမှန်တကယ် သိရှိသွားသည့် အချိန်တွင်မူ နှလုံးသားထဲမှပင် လေးလံသည့် ဝန်ထုတ်ဝန်ပိုးကို ခံစားမိလိုက်၏ ။

" သက်သေဖြစ်သွားနိုင်ခြေရော ရှိလား.. "

ယုံဟဲဧကရာဇ်က တိုးတိုးလေး မေးလိုက်သည် ။

" ရှိပါတယ်.. "

" ဓားပျံက သာမန်ဓားတစ်ချောင်းဖြစ်ပေမဲ့ ငါးပျံအစောင့်တပ်တွေရဲ့ လျှို့ဝှက်သိုင်းဖြစ်တဲ့ ကြယ်ပျံလက်ကို သုံးပြီး ပစ်လိုက်တာပါ.. "

" တခြားအင်မော်တယ်တွေဆိုရင် သိမှာ မဟုတ်ဘူး.. ဒါပေမဲ့ ဝူချင်းရှင်းက ဝူကျိအသင်းဝင် ဖြစ်ဖူးတော့ ဒီသိုင်းကို မှတ်မိနိုင်ချေ ရှိပါတယ်.. "

ချူးရှင်း၏ အသံက ပြောနေရင်း ပိုတိုးလာ၏ ။ ယုံဟဲဧကရာဇ်သာ လျင်မြန်စွာ ဆုံးဖြတ်ချက်ချနိုင်ခဲ့ပါက ချောင်ပိုင်ဖူအား ကယ်တင်နိုင်မည်ဟု သူယုံကြည်ခဲ့သည် ။ သို့ရာတွင် ယုံဟဲဧကရာဇ်က အချိန်အတော်ကြာအောင် တွန့်ဆုတ်နေသဖြင့် ယခုတော့ ဖွတ်မရ ဓားမဆုံးလေပြီ ။

" ပြန်ရောက်မှ ဘယ်လိုဆက်လုပ်ရမလဲ ဆွေးနွေးကြတာပေါ့.. "

ယုံဟဲဧကရာဇ်က သက်ပြင်းချလိုက်ပြန်သည် ။

" ချောင်မိသားစုကိုလည်း စုံစမ်းရမယ်.. ကမ္ဘာကြီးက ဘယ်လိုအခြေအနေမျိုး ရောက်နေနေ ပုခုံးထမ်းထားဖို့က လူသားတွေရဲ့ တာဝန်ပဲတဲ့.. ဒီလို ဆောင်ပုဒ်မျိုးကို လက်ကိုင်ထားတဲ့ ချောင်မိသားစုမှာ ချောင်ပိုင်ဖူလိုမျိုး သိုင်းပညာရှင်တွေ ရှိသေးရင် သူတို့က အလားအလာရှိတဲ့ စစ်သည်တော်ကောင်းတွေ ဖြစ်လာနိုင်တယ်.. "

သူအရင်က တွန့်ဆုတ်မိသော်လည်း ယခုအခါတွင်မူ စိတ်ရှင်းရှင်းဖြင့် ပို၍ ဆုံးဖြတ်လာနိုင်သည် ။

………

ရွှမ်ထျန်းဘုရားကျောင်း၏ အနောက်ဘက်ရှိ တောင်တွင်...

ဝူချင်းရှင်းသည် သူမ၏ အိမ်သို့ ပြန်ရောက်ပြီးနောက် နှလုံးခုန်နှုန်းမြန်နေသဖြင့် ရင်ဘက်ကို လက်ဖြင့် ဖိထားနေရ၏ ။

' တော်သေးတာပေါ့ ဒီအဆင့်၆ သိုင်းပညာရှင်က သိုင်းသူတော်စင်လွှတ်လိုက်တာ မဖြစ်နိုင်ဘူး.. သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်းကို လေ့ကျင့်ထားရုံပဲ.. '

သိုင်းလောကတွင် သိုင်းသူတော်စင်အား မကြောက်သည့်သူမရှိ ။ ထိုအထဲတွင် သိုင်းသူတော်စင်၏ မွေးစားသမီး တဖြစ်လဲ တပည့်ဖြစ်ဖူးသူ ဝူချင်းရှင်းလည်း ပါဝင်၏ ။

ထို့ကြောင့် သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်း လေ့ကျင့်သူတစ်ယောက်ပေါ်လာချိန်တွင် သူမ အပြေးထွက်လာမိခြင်းပင် ။ တော်သေးသည်က မှားယွင်းသော သတိပေးချက် ဖြစ်နေ၍ပင် ။

' ဒီသိုင်း ကို လေ့ကျင့်ရဲတယ်လား.. ဒီလူလည်း အရူးပဲ.. သိုင်းသူတော်စိတ်ဝိညာဥ် ကျမ်းက ကောင်းတယ်ဆိုပေမဲ့ လေ့ကျင့်သူတိုင်း သိုင်းသူတော်စင်ရဲ့ လက်ထဲကနေ လွတ်မှာမှ မဟုတ်တာ.. '

ထိုသိုင်းကို လေ့ကျင့်သူတိုင်းသည် နောက်ဆုံးတွင် သိုင်းသူတော်စင်၏ အဟာရဖြစ်လာမည်ဖြစ်သည် ။ သူမ ကိုယ်တိုင်ပင် လွတ်ကင်းနိုင်မည်မဟုတ် ။ ထို့ကြောင့် သူမ သည် ဝူကျိအသင်းကို သစ္စာဖောက်ပြီး အင်မော်တယ်ဂိတ်ဆီသို့ ခိုလှုံခဲ့သည် ။

သိုင်းသူတော်စင်သည် ကြောက်မက်ဖွယ်ကောင်းသော်လည်း အင်မော်တယ်ဂိတ်ထဲသို့ ဝင်​ပြီး သူတော်စင်မအား သတ်ရဲမည်မဟုတ်ချေ ။

ဝူချင်းရှင်းသည် အင်မော်ဂိတ်သို့ စရောက်ပြီး သူတော်စင်မ ဖြစ်လာကတည်းက အပြင်သို့ သိပ်မထွက်ဘဲ ဂူအောင်းကျင့်ကြံခဲ့သည် ။ ပထမအချက်မှာ သိုင်းသူတော်စင်ကို ကြောက်၍ဖြစ်ပြီး ၊ ဒုတိယအချက်မှာ သူမသည် အင်မော်ဂိတ်၏ သူတော်စင်မ အဖြစ်ခန့်အပ်ခြင်းကို ခံခဲ့ရသော်လည်း ဤသည်က အင်မော်ဂိတ်၏ အလံတစ်ခု သို့မဟုတ် ကစားစရာ စစ်တုရင် အရုပ်လေးတစ်ခုသာဖြစ်သည် ။

ဝူချင်းရှင်းသည် သိုင်းသူတော်စင်၏ တပည့်တစ်ဦးဖြစ်သဖြင့် ကမ္ဘာပေါ်တွင် အလွန်ရှားပါးသော သိုင်းပါရမီနှင့် ကျင့်ကြံသည့်ပါရမီ နှစ်မျိုးလုံး ရှိသူဖြစ်၏ ။

သို့သော်လည်း ကျင့်ကြံသည့် လမ်းစဥ်ကို လျှောက်လှမ်းရာ၌ အချိန်များစွာ လိုအပ်ချေသည် ။ သူမတွင် ပါရမီ ရှိသော်လည်း နှစ်၃၀ နီးပါးသာ လေ့ကျင့်ခဲ့သဖြင့် သူမ၏ လက်ရှိခွန်အားမှာ သူတော်စင် အဆင့်အတန်းနှင့် ကိုက်ညီခြင်းမရှိ ။

ထို့ကြောင့် နေ့ရောညပါ ကြိုးစားကာ စစ်မှန်သည့် သူတော်စင်ဖြစ်လာနိုင်ရန် အားထုတ်နေ၏ ။

ဝူချင်းရှင်းက တွေးတောရင်း သူမ၏ လက်ကို အသာအယာလှုပ်လိုက်ရာ ဓားပျံတစ်ချောင်း ပေါ်လာသည် ။

'' ငါးပျံအစောင့်တပ်က လူတွေလား.. ဒါ ယန်ဧကရာဇ်နဲ့ နီးကပ်တဲ့သူဖြစ်နိုင်တယ်.. ယန်ဧကရာဇ်က အဆင့်၆ သိုင်းပညာရှင် တစ်ယောက်ကို ကယ်ချင်နေတာလား.. ''

ဝူချင်းရှင်းက တိုးတိုးလေး ရေရွတ်လိုက်ပြီး သူမ၏ လက်ကို တဖန်လှုပ်လိုက်ပြန်လျှင် စာပို့ကျောက်စိမ်းအဆောင်ပေါ်လာသည် ။

" အကြီးအကဲဆွန်း.. ယန်ဧကရာဇ်ရဲ့ ငါးပျံအစောင့်တပ်က ဟဲရန်မြို့မှာ ပေါ်လာပါတယ်.. "

ကျောက်စိမ်းက အနဲငယ်လင်းလက်ကာ တုန်ခါသွားပြီး စာတစ်ကြောင်း ပေါ်လာ၏ ။

" နားလည်ပြီ.."

ဝူချင်းရှင်းက ထိုစာကို ကြည့်ပြီး အနည်းငယ်စိတ်ပျက်သွား၏ ။

သို့ရာတွင် ကျောက်စိမ်းက တဖန်ပြန်၍ လင်းလက်လာပြန်သည် ။

" သူတော်စင်မလေး.. ကြိုးစားအားထုတ်ပြီး ကျင့်ကြံပါ.. အခြေခံထူထောင်ခြင်းအဆင့်ကို မြန်မြန် ချိုးဖျက်နိုင်အောင် ကြိုးစား.. "

ထိုမှသာ ဝူချင်းရှင်း သက်ပြင်းချနိုင်တော့သည် ။ မဟာယန်ဧကရာဇ်နှင့် ပက်သက်သည့် သတင်းဖြစ်၍ ဂိုဏ်းအား ပံ့ပိုးကူညီသည်ဟု ယူဆနိုင်ပြီး ကျင့်ကြံမှုအတွက် ဆေးအချို့ ရနိုင်မည်ဟု သူမ မျှော်လင့်နေသည် ။

Chapter 102

~

အခန်း ၁၀၂

~

နန်ကျိုး ပြည်နယ်...

ရွှမ်ထျန်းဂိုဏ်းသည် ချင်းမင်တောင်တန်း၏ အတွင်းတွင် တည်ရှိ၏ ။

ယခုအချိန်၌ ဂိုဏ်း၏ ခန်းမတွင် ဆံပင်ဖြူနေသော အကြီးအကဲများ ဆွေးနွေးနေကြလေသည် ။

" ခုလေးတင်ပဲ ဝူချင်းရှင်းဆီကနေ သတင်းရတယ်.. ဟဲရန်မြို့မှာ ဝိညာဥ်သန့်စင်ခြင်းအဆင့် ရှိတဲ့ ငါးပျံအ​​​စောင့် ပေါ်လာတယ်တဲ့.. "

အကြီးအကဲဆွန်းက ပြောလိုက်သည် ။

" ဟားဟား.. သတင်းကောင်းပဲ.. "

" ယုံဟဲဧကရာဇ် ဟဲရန်မြို့ကို ရောက်နေပြီလား.. သူ့ရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိရင် တခြားသူတွေကို လှည့်စားဖို့ ဒီလောက် လွယ်မှာ မဟုတ်ဘူး.. "

" ဟားဟား...ဟားဟား.."

အကြီးအကဲများက ရယ်လိုက်ကြ၏ ။

" အချိန်ဘယ်လောက်ကျန်သေးလဲ.. "

" တစ်လလား..လဝက်လားပဲ ဘာပဲ ဖြစ်ဖြစ်နီးနေပြီ လောစရာမှ မလိုတာ အေးဆေးပေါ့.. "

" ယန်ဧကရာဇ် ဒီရောက်နေတာကို တခြားဂိုဏ်းတွေ မသိအောင် ..ဂိုဏ်းခေါင်းဆောင်က ငါတို့ဂိုဏ်းရဲ့ရတနာ ထျန်းဝူ ကြေးမုံနဲ့ ကျိုးပြည်နယ်မှာ တခြားဂိုဏ်းတွေကို အယောင်ပြထားတုန်း ပဲ.."

" လဝက်ကြာပြီး နောက်လရဲ့ ပထမဆုံးနေ့မှာ ယန်ဧကရာဇ်က ငါတို့ အစီအစဥ်အတိုင်း ချင်မင်းတောင်ပေါ်တက်ပြီး ချင်းယွင်ဘုရားကျောင်းမှာ ဂါဝရပြုလိမ်မယ့်.. "

" ဧကရာဇ်ယုံဟဲက သာမန်ဘုရားဖူး အယောင်ဆောင်ပြီး ချင်းယွင်ဘုရားကျောင်းမှာ ရှိတဲ့ ငါတို့ရုပ်ထုတွေကို သုံးကြိမ်ဦးညွှတ်ပြီး ကိုးကြိမ် ဒူးထောက်လိမ့်မယ်.. "

" သူ ဒူးထောက်လိုက်တာနဲ့ ဒီကိစ္စက အောင်မြင်သွားပြီ.."

" ယန်ဧကရာဇ် ဒူးထောက်တဲ့ ပထမဆုံး ဂိုဏ်းအနေနဲ့ ငါတို့ ရွှမ်ထျန်းဂိုဏ်းက အင်မော်တယ်ဂိတ် ကိုးခုရဲ့ ခေါင်းဆောင်ဖြစ်ဖို့ အခွင့်အရေး ရလာနိုင်တယ်.."

ရွှမ်ထျန်းဂိုဏ်းသည် အင်အားကြီးသော်လည်း တခြားဂိုဏ်းရှစ်ခု ရှိနေပေသေးသည် ။ အင်မော်တယ်ဂိတ် ကိုးခုမှာ မစည်းလုံးကြချေ ။ မဟာယန်အင်ပါယာ နန်းတော်ထံမှ အကျိုးအမြတ်ရရှိရန် တိုက်ခိုက်နေကြ၏ ။

ယခုအချိန်တွင် ရွှမ်ထျန်းဂိုဏ်း၏ ခန်းမရှိ အကြီးအကဲများသည် ပျော်ရွှင်စွာ ရယ်မောနေကြလေသည် ။

" အဲ့ငတုံး ဧကရာဇ်က ဆုံးဖြတ်ချက်မချတက်ပေမဲ့ ငါတို့နဲ့ ပူးပေါင်းနေတာ ရယ်စရာကောင်းတယ်.. "

" အားသာချက်နဲ့ အားနည်းကိုတွက်ပြီး ငါတို့ ရွှမ်ထျန်းဂိုဏ်းကို ဦးညွှတ်လိုက်ရုံနဲ့ သူ့အတွက်အခွင့်အရေး ရမယ် ထင်နေရှာတာ.. "

အင်မော်တယ်ဂိတ်ကိုးခုသည် လွန်ခဲ့သည် နှစ်လေးဆယ်က မဟာယန်၏ ထိပ်တန်းစစ်သည် တစ်သိန်းအား ချေမှုန်းပြီး​နောက် မဟာယန်၏ ဧကရာဇ်အား ဖြုတ်ချနိုင်သော်လည်း ဖြုတ်မချခဲ့ ။

အကြောင်းအရင်းမှာ မလိုအပ်၍ပင် ။ အင်မော်တယ်များသည် လူသိရှင်ကြား အကြမ်းဖက်မှုနှင့် သတ်ဖြတ်မှုကို မလုပ်လိုကြ ။ သူတို့လိုအပ်သည်မှာ လူ့လောကရှိ အရင်းအမြစ်များနှင့် ကိုးကွယ်ယုံကြည်မှုစွမ်းအား သာဖြစ်သည် ။

ဤသည်က ​နောက်ဖေးခြံတွင် မျောက်အုပ်မွေးထားသည်နှင့် ဆင်တူ၏ ။ မျောက်တိုင်းသည် သူတို့၏ ပိုင်ဆိုင်မှုသာဖြစ်သည် ။

မျောက်ဘုရင်သည် အသီးအများဆုံးစားနိုင်ပြီး ​ကြိုက်ရာ မျောက်မနှင့် အတူအိပ်နိုင်သော်လည်း မျောက်အုပ်အပြစ်တင်မည်ဆိုလျှင် မျောက်ဘုရင်သာခံရပေမည် ။

ဤလောကတွင် ဖြစ်ပျက်သမျှသည် မဟာယန်ဧကရာဇ်ကို သာ အပြစ်တင်ခံရမည်ဖြစ်ပြီး လူထု၏ မကျေနပ်မှုများသည် နန်းတော်သို့သာ ပုံချမည်ဖြစ်သည် ။

အင်မော်တယ်များသည် သူတို့၏ ပုံရိပ်ကို ထိန်းသိမ်းပြီး လူထု၏ ကိုးကွယ်ယုံကြည်ရာအဖြစ် အမွှေးတိုင်စွမ်းအားကို ဆက်လက်ရိတ်သိမ်းနိုင်ကြသည် ။ ဤသည်က ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်ခြင်းပင် ။

ဒုတိယအကြောင်းရင်းမှာကား ရိုးရာယုံကြည်မှုဖြစ်သော ကံကြမ္မာကြောင့်ပင် ဖြစ်သည် ။

လူသားဧကရာဇ်ဟူသည်က ကောင်းကင်ဘုံမှ ပေးအပ်သော ကံကြမ္မာတာဝန်ကို ထမ်းဆောင်ထားရသဖြင့် သာမန်လူများလောက်ပင် အသက်မရှည်ဟု ဆိုကြသည် ။ ကျင့်ကြံသူများသည် ကောင်းကင်ဘုံကို ဖီဆန်နေသူများ ဖြစ်သဖြင့် ကံကြမ္မာဖြင့် မပက်သက်ချင်ကြ ။

" ယုံဟဲဧကရာဇ် ဟဲရန်မြို့ကို ရောက်ပြီဆိုတော့ ငါတို့ အစီအစဥ်က တဝက်လောက် အောင်မြင်သွားပြီလို့ ပြောလို့ရတယ်.. "

" ဒါပေမဲ့ ကိစ္စလေးတစ်ခု​တေ့ရှိသေးတယ်.. "

အကြီးအသဲဆွန်းက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည် ။

" သာမန် သိုင်းပညာရှင် တစ်ယောက်က ဟဲရန်မြို့က ဘုရားကျောင်းထဲ အတင်းဝင်ဖို့ ကြိုးစားရင်း သေသွားတယ်တဲ့..သာမန်သိုင်းပညာရှင်တစ်ယောက်က အရေးမကြီးပေမဲ့.. "

" သတိထားရမှာက ဧကရာဇ်ရဲ့ အတွေးကိုပဲ.. "

" သူက အဲ့ သိုင်းပညာရှင်ကို ကယ်ဖို့ ငါးပျံအစောင့်ကို ခိုင်းခဲ့တယ်လို့ သတင်းရထားတယ် ..ဒါ မကောင်းတဲ့ လက္ခဏာပဲ.. "

အကြီးအကဲများ တိတ်ဆိတ်သွားကြ၏ ။

" ယုံဟဲဧကရာဇ်က ငါတို့ ရွှမ်ထျန်းဂိုဏ်းရဲ့ အစီအစဥ်ကို ပူပေါင်းဆောင်ရွက်နေပေမဲ့ သူ့အတွင်းစိတ်က ဒူးမထောက်ချင်ဘူး .."

" အဲ့တာဆို ငါတို့ ဘာဆက်လုပ်ကြမလဲ.. အရင်အစီအစဥ်အတိုင်းပဲလား.. အားသုံးလိုက်ရမလား.. "

" အင်အားမသုံးနဲ့.. အရေးကြီးတဲ့ အချိန်ကို ရောက်နေပြီ ရှုပ်ထွေးအောင် လုပ်လို့မဖြစ်ဘူး.. "

" ယုံဟဲသာ တခြားဂိုဏ်းဘက် ပါသွားရင် ငါတို့ အစီအစဥ် ပျက်ဆီးသွားလိမ့်မယ်.. "

" သူကယ်ချင်ရင် ကယ်ပါစေ.. သာမန်သိုင်းပညာရှင် တစ်ယောက်ပဲကို ဘာမှ မဖြစ်ဘူး.. "

အကြီးအကဲများ အားလုံးက သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြ၏ ။

အကြီးအကဲဆွန်းသည် အနည်းငယ်ရှက်သွားဟန်ဖြင့်...

" ဒါပေမဲ့ ဝူချင်းရှင်း ပိုတဲ့ သတင်းအရ အဲ့လူ သေသွားပြီ.."

" သူ့ကို ဘယ်သူသတ်တာလဲ.. "

" ဝူချင်းရှင်ကိုယ်တိုင်သတ်လိုက်တာ.. "

အကြီးအကဲများက တစ်ယောက်ကို တစ်ယောက်ကြည့်ရင် တိတ်ဆိတ်သွားကြ၏ ။ ခဏအကြာတွင် သူတို့၏ မျက်လုံးထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်များ ပေါ်လာသည် ။

ဤသည်က တိုက်ဆိုင်လွန်းလှ၏ ။ သူတို့အတွက် ဝူချင်းရှင်း ဟူသည်က ရွှေတစ်ထောင်ပေးဝယ်ထားသော မြင်းရိုး တစ်ချောင်းနှင့်တူသည် ။ မြင်းရိုးသည် အဖိုးမတန်သော်လည်း ပြသချင်သည့် အတွက်သာဖြစ်သည် ။

" ဝူချင်းရှင်းကို သိုင်းသူတော်စင်အတွက် ငါးစာအဖြစ် သုံးခဲ့ပေမဲ့ သိုင်းသူတော်စင်က ပေါ်မလာဘူး.. "

" ဒါဆို သူက ဘာတန်ဖိုးမှ မရှိတော့ဘူးပေါ့.. "

" သူက သူ့ကိုယ်သူ တကယ့်သူတော်စင် ထင်နေတာလား မသိဘူး.. "

" ကြီးမားတဲ့ ရည်ရွယ်ချက်အတွက် စတေးစရာတော့ ရှိရမယ်.. "

ဝူချင်းရှင်းက သူမ၏ သတင်းစကားသည် အရင်းအမြစ် မရနိုင်ဘဲ အန္တရာယ်များသာ ရောက်လာတော့မည်ကိုမသိ ။

……………

လရောင်က မှိန်ဖျော့ဖျော့ တောက်ပနေသည် ။

ဟဲရန်မြို့မြောက်ဘက်ရှိ မှောင်မိုက်သောလမ်းကြားတစ်ခုတွင် သေးငယ်ပြီး ညစ်ပတ်ပေရေနေသော ကြောင်ပေါက်လေးတစ်ကောင်သည် အရိပ်ထဲတွင် လမ်းလျှောက်နေသည် ။

ဤကြောင်ပေါက်လေးသည် သာမန်ကြောင်ပေါက်လေးနှင့် တူသော်လည်း အလွန်နူးညံ့သိမ်မွေ့ဟန်ရှိ၏ ။

ပို၍ ထူးဆန်းသည်မှာ ကြောင်ပေါက်လေးသည် အရက်သမားတစ်ယောက်သဖွယ် ယိုင်ထိုးနေလေသည် ။

" ဂေ့..."

ကြောက်ပေါက်လေးက လေချဥ်တက်လိုက်ပြီး ထွက်လာသည့် သေမင်းစွမ်းအင် အခိုးအငွေ့များကြောင့် ပို၍ ယစ်မူးသွားသည် ။

သူ၏ ဘဝတစ်လျှောက်လုံးတွင် ဤမျှ သေခြင်းစွမ်းအင်ထူထပ်သူကို မမြင်ခဲ့ရဘူးပေ ။ ထိုမျှ အထိ သေခြင်းစွမ်းအင်များ ထူထပ်နေရခြင်းကို သူ မသိ ။ သူကား ကြောင်ပေါက်လေးတစ်ကောင်သာ ဖြစ်ချေသည် ။

သူက မနက်ခင်းအချိန်ကို စဥ်းစားရင် သူ၏ ကြောင်ဘဝကိုပင် သံသယဝင်မိသွားသည် ။ ထိုလူ သေလမ်းရှာနေသည်ကို သူတားချင်သော်လည်း သေမင်းစွမ်းအင် ထူထပ်နေသဖြင့် သူအားမသုံးနိုင်ပေ ။ ထို့နောက်တွင်တော့ သူ မသိတော့ ။ သေမင်းစွမ်းအင် ပြည့်အင့်သွားသဖြင့် သတိလစ်သွားခဲ့သည် ။

ကြောင်လေးက လမ်းကြားထဲတွင် ဆက်လျှောက်သွားနေစဥ်မှာပင် လရောင်က မြေပြင်ပေါ်သို့ ညင်သာစွာ ကျဆင်းလာပြီး အရာအားလုံးကို ငွေရောင်အလင်းနှင့် ဖုံးအုပ်သွားသည်ကို မြင်လိုက်ရ၏ ။

ထို့နောက် ရုတ်တရက် တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားသည် ။

သူ့ရှေ့တွင် လျို့ဝှက်ဆန်းကြယ်သော ပုံရိပ်တစ်ခု ပေါ်လာပြီး အလွန်ပြင်းထန်သည့် သေမင်းစွမ်းအင်များ ပေါ်လာပြန်လေသည် ။

ထိုပုံရိပ်သည် အသက်ခြောက်ဆယ်အရွယ် အဘိုး​​ကြီးတစ်ယောက်ဖြစ်၏ ။ မျက်နှာတွင် အရေးအကြောင်းများ ပေါ်နေသော်လည်း မျက်လုံးများက စူးရှနေပြီး ကြံ့ခိုင်တောင့်တင်းသော ခန္ဓာကိုယ်ကြောင့် အဘိုးကြီး တစ်ဦးနှင့် တူမနေပေ ။

' အသက်နဲ့ ဘဝ ဆိုတာ မတည်မြဲဘူးလား.. ငါ့အတွက်တော့ အကောင်းဆုံးပဲ.. '

သေဆုံးသွားပြီး ပြန်လည်ရှင်သန်လာသော ချောင်မူက ခပ်ဖျော့ဖျော့ပြုံးလိုက်သည် ။

သူ့စိတ်ထဲသို့ အာရုံစိုက်လိုက်လျှင်...

သေဆုံးမှုအကဲဖြတ်ချက်- A ( ကောင်းကင်ဘုံနှင့် နတ်ဘုရားများကို ဖီဆန်ပြီး လူသားများအတွက် မိမိကိုယ်ကို လောင်ကျွမ်းခြင်း )

သက်တမ်းသုံးစွဲမှု- ၁၆ နှစ်

ယခုအပတ်အတွက်အသက်လက်ကျန် - ၄/၅

လက်ရှိအသက်: ၆၀ နှစ်

ကျွမ်းကျင်မှုများ-

သက်ရှည် လက်သီး (အလယ်အလတ်အဆင့်)

ထပ်ဆင့်လှိုင်းခွန်အား(ဒုတိယအဆင့်- နှစ်ထပ်လှိုင်း)

သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်း(အလယ်အလတ်အဆင့်)

အဆုံးမဲ့သန့်စင်သောယန်ကျင့်စဥ်(တတိယအဆင့်)

စစ်ဘက်ဆိုင်ရာ လှံ (ကျွမ်းကျင်)

အရိပ်ပြောင်းလဲခြင်း ဓားသိုင်း (အလယ်အလတ်အဆင့်)

သံချောင်းခေါက် ကျွမ်းကျင်မှု (ကျွမ်းကျင်)

ရွှေရောင်ခေါင်းလောင်းဒိုင်း

သံချပ်ဝတ်(အလယ်အလတ်အဆင့်)

အရိပ်ခြေလှမ်း (အလယ်အလတ်အဆင့်)

ကောင်းကင်နတ်ဆိုးပြိုကွဲခြင်း(ကျွမ်းကျင်)

ခန္ဓာပြောင်းကျင့်စဥ် (ကျွမ်းကျင်)

………..

' အချိန်တွေ အများကြီး ကုန်သွားပြီး ငါ့အသက်တောင် ၆၀ ရှိသွားပြီ.. '

' အသက် ၁၅ နှစ်ကို ပြန်စဥ်းစားကြည့်ရင် ဘာမှ မကြာသေးသလိုပဲ.. '

ချောင်မူက ရှုပ်ထွေးနေသော ခံစားချက်များနှင့် လမ်းဘေးတွင် ရှိသော ကောက်ရိုးတဲတစ်လုံးထဲသို့ ဝင်ကာ ဘောင်းဘီကြိုးကို ဖြည်ကြည့်လိုက်သည် ။

သူ၏ နှလုံးသားထဲတွင် စိုးရိမ်ပူပန်နေသော ကိစ္စမှာ နောက်ဆုံးတွင် ပျောက်ကွယ်သွားလေပြီ ။

သံတုတ်ချောင်းသိုင်းဖြင့် ကျောက်တုံးလို မာကျောနိုင်ရုံသာမက အထက်အောက် ၊ ဘေးဘယ်ညာ လိုသလို လှုပ်ရှားနိုင်၏ ။

" ချီး ..အဘိုးကြီး ဟွမ်က အံ့အောဖို့ ကောင်းလိုက်တာ.. "

ချောင်မူက အဝေးတွင်ရှိသော ယန်မြို့ရှိ အဘိုးကြီးဟွမ်ထံသို့ လက်မအကြီးကြီး ထောင်ပြလိုက်၏ ။

All Chapters